အခန်း (၈၀)
Vol. 9 Ch. 80
🍼 Chapter 80
အန်းရန် လက်ညှိုးညွှန်ပြလိုက်သည့် ထိုအနီရောင်ဝတ်စုံနှင့် အလှပဂေးမှာ ယနေ့ပွဲ၌ လူပြောအများဆုံးသော သတင်းကြီးနှစ်ခုအနက် တစ်ခု၏ ာတ်လိုက်ဖြစ်သူ 'ချန်ရှောင်းရှောင်း' ပင်။
"သူဆိုတာ မင်း ဘယ်လိုသေချာနေတာလဲ?"
ဖူစစ်ချန် အန်းရန်ကို မယုံကြည်၍ မဟုတ်ဘဲ စူးစမ်းလိုစိတ်ဖြင့်သာ မေးလိုက်ခြင်းဖြစ်သည်။ ဤကဲ့သို့သော စုံစမ်းစစ်ဆေးမှုများ၊ ခွဲခြမ်းစိတ်ဖြာမှုများနှင့် တွေ့ကြုံရသည့်အခါတိုင်း သူ့ဦးနှောက်မှာ အလုပ် သိပ်မလုပ်ချင်တော့ပေ။
သူ့ထိုအားနည်းချက်ကို အန်းရန်လည်း ကောင်းကောင်းသိသည်။ အဓိကမှာ ဖူစစ်ချန်သည် ငယ်စဉ်ကတည်းက အကာအကွယ်ကောင်းကောင်းအောက်တွင် ကြီးပြင်းလာရသဖြင့် လောက၏ အမှောင်ဘက်ခြမ်းများကို များများစားစား မတွေ့ကြုံဖူးပေ။ ထို့ကြောင့် တစ်ခါတစ်ရံတွင် သူသည် အပြစ်ကင်းလွန်းကာ အနည်းငယ် တုံးအအ နိုင်လှသည်။
ယခင်က အန်းရန်သည် သူ့ထိုထူးခြားချက်ကို စွဲလမ်းမိရာမှ ဤအမျိုးသားအား တဖြည်းဖြည်း စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။ သူမကိုယ်တိုင်မှာ စိတ်ရှုပ်ထွေးမှုများသောသူ ဖြစ်သဖြင့် ရိုးရှင်းသောလူတစ်ဦးနှင့်သာ အတူရှိချင်ခဲ့သည်။ ထို့ပြင် ဖူစစ်ချန်သည် စိတ်သဘောထားကောင်းလှပြီး သူမ အားနည်းချက်အားလုံးကို သည်းခံနိုင်ရုံမက သူမဖြစ်တည်မှု တစ်ခုလုံးကိုလည်း တန်ဖိုးထားမြတ်နိုးသူဖြစ် သည်။
"လွယ်လွယ်လေးပါ"
ချစ်သူမှာ အ လွန်းနေသဖြင့် ရှင်းပြမနေလျှင် သူ့ဦးနှောက်မှာ ပိုရှုပ်ထွေးသွားပေလိမ့်မည်။
"ငါတို့မှာရှိတဲ့ သဲလွန်စတွေအရ တစ်ဖက်လူက မကြာသေးခင်ကမှ နိုင်ငံခြားကပြန်လာတယ်၊ အရင်က အန်တီချင်နဲ့ ပြဿနာရှိဖူးတယ်၊ ပြီးတော့ ဦးလေးဖူကို တစ်ဖက်သတ် ချစ်ခဲ့သူ ဖြစ်ရမယ်၊ ဒီအချက်သုံးချက်စလုံးနဲ့ ကိုက်ညီတဲ့သူက သိပ်မရှိဘူး၊ ပွဲထဲမှာ ချန်ရှောင်းရှောင်းအပြင် တခြား နှစ်ယောက်ပဲ ရှိတယ်"
"ဒါဆို ကျန်တဲ့ နှစ်ယောက်ကရော?"
ဖူစစ်ချန် သိလိုဇောဖြင့် ဖြတ်မေး၏။
"တစ်ယောက်က အိမ်ထောင်ကျပြီး ကလေးတောင်ရနေပြီ၊ ပြီးတော့ သူ့လင်မယားကလည်း အရမ်းချစ်ကြတာ၊ သူက ဒီကို အမျိုးလာတွေ့ရုံတင်.. အရင်က အန်တီချင်နဲ့ အနည်း ငယ် စကားများခဲ့ဖူးရင်တောင်မှ အဲ့ဒါက ရေရှည်စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုအထိ ဖြစ်လာဖို့ မဖြစ်နိုင်ဘူး၊ သူက အရူးမှမဟုတ်တာ"
အမှန်တကယ်ပင် အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ ပြစ်မှုကျူးလွန်ရန် လုံလောက်သော ရည်ရွယ်ချက်မရှိသလို ရန်ငြိုးရန်စကလည်း ထိုမျှ မကြီးမားပေ။ ထို့ကြောင့် ကြင်နာတတ်သော ပုံစံရှိသည့် ထိုအမျိုးသမီးအား အန်းရန် ဦးစွာ ဖယ်ထုတ်လိုက်ခြင်း ဖြစ်သည်။
"နောက်တစ်ယောက်ကတော့..."
အန်းရန် စကားစရပ်လိုက်ပြီး မျက်နှာပေးမှာ အနည်းငယ် ထူးဆန်းသွားသည်။
"သူက အမျိုးသားတစ်ယောက် ဖြစ်နေလို့ပဲ"
သူတို့ရထားသည့် သဲလွန်စများအားလုံးမှာ အမျိုးသမီးဟု ညွှန်ပြနေသဖြင့် ထိုသူ မဖြစ်နိုင်ပေ။ ထို့ပြင် အန်းရန် စုံစမ်းကြည့်ချက်အရ ထိုအမျိုးသားမှာ အလွန်စိတ်ထား မွန်မြတ်ပြီး နှစ်စဉ် ကုသိုလ်ကောင်းမှုများလုပ်နေသူဖြစ် သည်။ မသန်စွမ်းကလေးသူငယ် ကူညီစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ကို တည်ထောင်ထားရုံမက ဝေးလံခေါင်သီသော ဒေသများတွင်လည်း စာသင်ကျောင်းပေါင်း ရာနှင့်ချီ ဆောက်လုပ်ပေးခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့သော သူသည် လူဆိုးဖြစ်လိမ့်မည်ဟု အန်းရန် မယုံကြည်ပေ။
ဖူစစ်ချန် : "..."
သူ့ပါးပါးမှာ ငယ်ငယ်ကတော်တော်ဆွဲဆောင်မှုရှိခဲ့တာပဲ၊ ကျားရော မရော အကုန်ကြွေစေတာပဲလား၊ ဟဲဟဲဟဲ...
ထိုအချိန်တွင် ဖူစစ်ချန် စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်ကို ရယ်မောခြင်းဖြင့်သာ ဖော်ပြနိုင်တော့သည်။
နောက်ဆုံး စစ်ထုတ်လိုက်သည့်အခါတွင်တော့ ချန်ရှောင်း ရှောင်းမှာ သံသယဖြစ်ဖွယ် အကောင်းဆုံးသူအဖြစ် ကျန်ရစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့် ကူးချင်ချင်တို့၏ ရန်ငြိုးမှာ အနက်ရှိုင်းဆုံး ဖြစ်ခဲ့သောကြောင့်ပင်။ ချစ်ရသူကို အလုခံရရုံမက မိမိကိုယ်တိုင်ပါ နေရပ်စွန့်ခွာကာ အဝေးသို့ထွက်သွားခဲ့ရသဖြင့် မည်သည့်အမျိုးသမီးမဆို ကူးချင်ချင်အား သေအောင် မုန်းတီးနေပေလိမ့်မည်။
"လူတော့ တွေ့ပြီ၊ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ?"
ဖူစစ်ချန် မိခင်ဖြစ်သူကို နာကျင်အောင်လုပ်သည့် ထိုမိန်းမအား ချက်ချင်းပင် သွားသတ်ချင်နေသော်လည်း အသိ ဉာဏ်က သူ့ကို တားဆီးထားသည်။ အနည်းဆုံးတော့ ယခုအချိန်တွင် လက်ပါ၍မဖြစ်ပေ။
"ဒါတွေအားလုံးက ငါ့ရဲ့ တွေးဆချက်တွေပဲ ရှိသေးတယ်၊ သူလုပ်တာဆိုတဲ့ သက်သေ ငါတို့မှာ မရှိသေးဘူး"
အန်းရန် တုန်ရီနေသော ဖူစစ်ချန်၏ လက်အား ဆုပ်ကိုင်လိုက်ပြီး သူ့ကို အားပေးလိုက်သည်။
"ဒါကြောင့် အခုလောလောဆယ်တော့ ငါတို့ အခြေအနေကို စောင့်ကြည့်ရုံပဲ တတ်နိုင်ဦးမယ်"
ထိုမိန်းမသည် အန်တီချင်အား ဆက်လက် ရန်မူနေသမျှ တစ်နေ့နေ့တွင်တော့ အမှားတစ်ခုခု လုပ်မိမှာ အသေအ ချာပင်။ သူတို့ ထိုအချိန်ကျမှ မြေခွေးမြီးကို ဖမ်းဆွဲလိုက်ရုံသာ။
"နင်လည်း သတိထားမိမှာပါ၊ ဦးလေးဖူတို့လည်း အစီအ စဉ် စနေပြီဆိုတော့"
ပွဲထဲတွင် ပျံ့နှံ့နေသော ဒုတိယမြောက် ကောလာဟလမှာ 'ကူးချင်ချင် ပြန်လာပြီ' ဟူ၍ဖြစ်သည်။ ဤသည်မှာ လိမ် ညာမှုသက်သက်သာ ဖြစ်ကြောင်း ဖူစစ်ချန်နှင့် အန်းရန်တို့သာ သိသည်။ အစစ်အမှန် ချင်ချင်က ဘယ်မှမထွက်သွားဘဲ ရှိနေမှတော့ ပြန်လာစရာ အကြောင်းမှ မရှိဘဲ။
ထို့ကြောင့် ဖူဟန်တို့သည် မြွေကို တွင်းထဲမှထွက်လာအောင် ငါးစာချနေခြင်း ဖြစ်မည်ဟု အန်းရန် ခန့်မှန်းမိသည်။ သို့သော်လည်း လူအများရှေ့တွင် ပေါ်လာမည့် အန်တီချင် ဘယ်သူဖြစ်မလဲဆိုတာကိုတော့ စိတ်ဝင်စားစရာပင်။
အန်းရန် ချင်ချင်နှင့် ခြောက်ပုံ ခုနစ်ပုံခန့်ဆင်တူနေသော ဖူစစ်ချန် မျက်နှာအား မသိမသာ ကြည့်လိုက်မိပြီး၊ သူမ နှုတ်ခမ်းဖျားတွင် ထူးဆန်းသော အပြုံးတစ်ခုပေါ်လာသည်။ ထိုအကြည့်ကြောင့် ဖူစစ်ချန်မှာ ကျောချမ်းသွားတော့သည်။
နုနယ်သော တိရစ္ဆာန်လေးကဲ့သို့ အာရုံခံစားမှု ကောင်းလှသော သူသည် ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာကြည့်လိုက်ပြီး အန်းရန် နောက်ကွယ်သို့ တိုးဝင်လိုက်သည်။
"ငါ့ကို တစ်ယောက်ယောက်က လုပ်ကြံတော့မလို ဘာလို့ ခံစားနေရတာလဲ?"
အန်းရန် ချက်ချင်းအပြုံးကို ဖျောက်ပစ်ကာ မျက်စောင်ထိုးလိုက်ပြီး ဖူစစ်ချန်အား ဆွဲခေါ်သွားတော့သည်။
"သွားမယ်၊ လူကိုလည်း တွေ့ပြီဆိုတော့ ဦးလေးတို့ဆီ သွားပြီး အတူတူအကြံထုတ်ရအောင်"
"ဘာအကြံလဲ?"
"လူကို ဘယ်လို ကျင်းထဲဆွဲထည့်မလဲဆိုတဲ့ အကြံ"
"နင်တို့ လူကြီးတွေရဲ့စိတ်က တကယ်ကို မသန့်ရှင်းဘူးပဲ"
"နောက်တစ်ခေါက် ပြန်ပြောကြည့်စမ်း"
"ငါ နင့်ကို ချစ်တယ်လို့ ပြောတာပါ"
"..."
တောက်ပသော အနီရောင်ပြိုင်ကားလေးမှာ လှပစွာ ဝေ့ဝိုက်ကွေ့လိုက်ပြီးနောက် ကူးမိသားစု အိမ်တော်ဟောင်းကြီး ရှေ့တွင် ရပ်တန့်သွားသည်။
ဖူစစ်ချန် ကားပေါ်မှ ပြေးဆင်းသွားပြီး လူခေါ်ဘဲလ်ကို 'တောင် တောင် တောင်' ဟူ၍ အဆက်မပြတ် နှိပ်လိုက်သည်။
"ဘယ်သူလဲ?"
သံတံခါးကြီး နောက်ကွယ်မှ အိုမင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
"ဦးလေးချင်... ကျွန်တော်ပါ"
လုံခြုံရေးဝတ်စုံ ဝတ်ထားပြီး အနီးကြည့်မျက်မှန် တပ်ထားသည့် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ထွက်လာသည်။ သူသည် မျက်မှန်ကို ပင့်တင်ကာ ဖူစစ်ချန်အား သေချာကြည့်ပြီးမှ မှတ်မိသွားသည်။
"ဪ... စစ်ချန်ကိုး"
ဖူစစ်ချန် ယခင်က မိခင်နှင့်အတူကူးအိမ်တော်သို့ ခဏ ခဏ လာဖူးသဖြင့် သူသည် ကူးချင်ချင်နှင့် ကူးလန်တို့အပြင် ဤအိမ်တော်ရှိ ဝန်ထမ်းများနှင့် ရင်းနှီးသူ သုံးဦးမြောက်ဖြစ်သည်။ ထို့ပြင် သူသည် နှုတ်ချိုကာ အမြဲပြုံးရွှင်နေပြီး ရုပ်ရည်လည်း ချောမောသဖြင့် လူတိုင်း၏ ချစ်ခင်မှုကို ရရှိထားသူ ဖြစ်သည်။ အိမ်တော်ဟောင်းထဲတွင် လှည့်ပတ်သွားလာနေလျှင် မိခင်ဖြစ်သူထက်ပင် နာမည်ကြီးနေတတ်သည်။
ထို့ကြောင့် လုံခြုံရေး အဘိုးအိုမှာ သူ့အား မှတ်မိနေခြင်း ဖြစ်သည်။ လုံခြုံရေးဟု ဆိုသော်လည်း ဦးလေးချင်၏ တကယ့်တာဝန်မှာ တံခါးစောင့်ပေးရန် ဖြစ်သည်။ ကူးအိမ်တော်ဟောင်းမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့် အဆောက်အအုံဟောင်းကြီး ဖြစ်သဖြင့် အချို့အရာများမှာ ခေတ်မီနည်းပညာများနှင့် မကိုက်ညီသေးပေ။
အနည်းဆုံးတော့ ဤတံခါးကြီးမှာ ဖူအိမ်တော်မှာလို ကားနံပါတ်ကို အလိုအလျောက်မှတ်မိပြီး ပွင့်သွားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သွားလာရေး လွယ်ကူစေရန်နှင့် ဝင်ထွက်သူများ စနစ်တကျ စီမံနိုင်ရန် ကူးမိသားစုမှ တံခါးစောင့် တစ်ဦး အထူးခန့်အပ်ထားခြင်း ဖြစ်သည်။
ဦးလေးချင်၏မိသားစုမှာ ဆင်းရဲသူများ မဟုတ်ပေ။ သူ့သားမှာပင် ကူးလုပ်ငန်းစု၏အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်သည်။ သို့သော် အဘိုးအိုမှာ အလုပ်မရှိဘဲ ပျင်းနေသဖြင့် အငြိမ်းစားယူပြီးနောက် အလုပ်တစ်ခုခုလုပ်ချင်သောကြောင့် ကူးအိမ်တော်တွင် တံခါးစောင့် လာလုပ်နေခြင်းဖြစ်သည်။
အိမ်တော်ဟောင်းမှာ တိတ်ဆိတ်အေးချမ်းသော်လည်း အခြားသော ဝန်ထမ်းများလည်း ရှိသဖြင့် အထီးကျန်ခြင်း မရှိပေ။ နေ့စဉ် အလုပ်ကလည်း ပေါ့ပါးကာ စကားပြောဖော်လည်း ရှိသည်၊ လစာလည်း ရသည်ဖြစ်ရာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။
ဖူစစ်ချန်ကို မှတ်မိသွားပြီးနောက် ဦးလေးချင် ချက်ချင်းပင် တံခါးဖွင့်ပေးလိုက်သည်။ ဖူစစ်ချန် ကားကိုဖြည်း ဖြည်းချင်း မောင်းဝင်သွားစဉ် ဦးလေးချင် အနားသို့ တိုးလာကာ တိုးတိုးလေး သတိပေးလိုက်သည်။
"ဒီရက်ပိုင်း အိမ်ကို ဧည့်သည်တွေ အများကြီးလာနေတယ်၊ ကူးသခင်လေးက စိတ်သိပ်မကြည်သလိုပဲ၊ သတိ ထားဦးနော်"
ကူးသခင်လေး ဆိုသည်မှာ သူ့ဦးလေး (ကူးလန်) ပင်ဖြစ် တော့သည်။
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် ဦးလေးချင်"
လူကြီးသူမများ၏အဆူအဆဲ မခံရအောင် သတိပေးနေခြင်းမှန်း သိသဖြင့် ဖူစစ်ချန် ဦးလေးချင်အား ပြုံး၍ နှုတ်ဆက်ကာ ကားကို မောင်းဝင်သွားတော့သည်။
ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် လေးလံထိုင်းမှိုင်းနေသော အငွေ့အသက်များ ဆီးကြိုနေသည်။
အန်းရန်သည် 'သူငယ်ချင်း သေလည်း ကိုယ်မသေစေနဲ့' ဟူသော မူဝါဒကို ကိုင်စွဲကာ ဖူစစ်ချန် နောက်ကွယ်သို့ ပုန်းကွယ်လိုက်ပြီး တစ်ခုခုဖြစ်လျှင် သူ့ကိုသာ အရင် အဆူခံခိုင်းရန် ပြင်လိုက်သည်။
"ပါးပါး၊ ဦးလေး၊ ဦးလေးပိုင်... အားလုံး ရှိနေကြတာပဲနော်"
ဖူစစ်ချန် အခြေအနေကို မရိပ်မိသော အရိုးခံလေးဖြစ်သဖြင့် မိုင်းကွင်းထဲသို့ တည့်တည့် တိုးဝင်သွားတော့သည်။
ကူးလန် သူ့အား မျက်စောင်တစ်ချက် ထိုးလိုက်ပြီးနောက် အပေါ်ထပ်သို့ တန်းတက်သွားတော့သည်။ သူသည် အသုံးမကျသော အကြံများသာပေးတတ်သည့် ဤလူအုပ်စုကို ဆက်မတွေ့ချင်တော့ပေ။
"ငါ့ဦးလေးက ဘာဖြစ်တာလဲ? သေနတ်ဆေးတွေ စားထားတာလား?"
ဖူစစ်ချန် ဒေါသတကြီး ထွက်သွားသော ကူးလန်ကျောပြင်ကို ကြည့်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။
ဖူဟန်နှင့် ပိုင်ချီယွီတို့မှာ ဖူစစ်ချန်ကို အဖက်မလုပ်ကြပေ။ သူ့အား အဖက်လုပ်မည့် တစ်ဦးတည်းသောသူ ချင်ချင်မှာ ခေါင်းလေးစောင်းကာ စဉ်းစားလိုက်သည်။
"ဖြစ်နိုင်တာက ပါးပါးနဲ့ ဦးလေးပိုင်က အိမ်တော်ထိန်းအဘွား လုပ်ပေးထားတဲ့ တိတိရဲ့ ပူတင်းလေးတွေကို စားလိုက်လို့ ထင်တယ်"
"နင် ဘာတွေ တွေးနေတာလဲ? ပူတင်းက နင့်လက်ထဲမှာ ရှိနေရင် တခြားလူ လာစားဖို့အထိ အချိန်ရပါ့မလား?"
အခင်းဖြစ်ပွားရာနေရာ၌ မရှိခဲ့သော ဖူစစ်ချန်ပင်လျှင် အမှန်တရားကို ချက်ချင်းသိမြင်နိုင်သည်။ သူ့ဦးလေးမှာ ထိုမျှ ထက်မြက်သည်ကို ဤကိစ္စလေးကို ဘယ်လိုလုပ် မသိဘဲ နေပါမည်နည်း။
"... ဟွန့်!"
ချင်ချင် မကျေနပ်သဖြင့် ပါးလေးကို ဖောင်းလိုက်သည်။
နောက်တစ်စက္ကန့်တွင်တော့ ဖူစစ်ချန် အော်သံထွက်ပေါ် လာသည်။ သူ အန်းရန်၏ ရိုက်ခြင်းကို ခံလိုက်ရခြင်းပင်။
"ချင်... ချင်ချင်ကို စိတ်မကောင်းအောင် ထပ်လုပ်ရင် နင့်ကို ထပ်ရိုက်ဦးမှာ"
အန်းရန် ဖူစစ်ချန်အား မျက်စောင်ထိုးလိုက်သည်။
၎င်းမှာ သူမ၏ အန်တီချင်ဖြစ်သည်၊ ဘယ်သူမှ အနိုင် ကျင့်၍ မရပေ။ ယခု အန်တီချင်မှာ ကလေးလေးဖြစ်သွားပြီဖြစ်သဖြင့် သူမအပေါ် ငယ်စဉ်ကတည်းက ဂရုစိုက်ခဲ့သော လူကြီးသူမအား ပြန်လည် ကာကွယ်ပေးရန်မှာ သူမ တာဝန်ဟု အန်းရန် ခံယူထားသည်။
"ရန်မဖြစ်ပါနဲ့... ရန်မဖြစ်ပါနဲ့"
ချင်ချင်အမြန်ပြေးလာပြီး မျက်ခုံးလေးများ ကြုတ်ကာ ဖျန်ဖြေပေးတော့သည်။ တစ်ယောက်က သူမ သားဖြစ်ပြီး၊ တစ်ယောက်မှာ သမီးအရင်းလို ချစ်ရသူဖြစ်သဖြင့် ဘယ်သူ့ဘက်မှ ပါရမလဲ မသိ ဖြစ်နေရှာသည်။
"စိတ်ချပါ၊ တို့တွေက စနောက်နေတာပါ၊ ရန်ဖြစ်နေတာ မဟုတ်ပါဘူး"
အန်းရန် ဒူးထောက်ထိုင်ချလိုက်ပြီး ချင်ချင့် ပါးလေးကို ချစ်စနိုးဖြင့် ပုတ်လိုက်သည်။
ဖြူဝင်းနုနယ်သော ပါးဖောင်းဖောင်းလေးပေါ်တွင် လက် ချောင်းလေးဖြင့် ဖိလိုက်သည့်အခါ အချိုင့်လေးဖြစ်သွားပြီး လက်လွှတ်လိုက်သည်နှင့် ချက်ချင်း ပြန်ပြည့်တက်လာသည်မှာ အလွန်ချစ်စရာကောင်းလှသည်။
ချင်ချင်လည်း လိမ္မာလှသည်။ သူမအား ထိုသို့ လုပ်နေ သည်ကို မရှောင်ဘဲ ငြိမ်ငြိမ်လေး ခံနေရှာသည်။ ခဏကြာမှ လူတိုင်း သူမအားကြည့်နေသည်ကို သတိထားမိသွားသဖြင့် အန်းရန် ချောင်းဟန့်ကာလက်ကို မသိမသာ ပြန်ရုပ်လိုက်သည်။
ဒုက္ခပဲ... အန်တီချင်က အရမ်းချစ်ဖို့ကောင်းလွန်းလို့ သူမ မနေနိုင် ဖြစ်သွားမိသည်။
"မင်းတို့ လာတာ ဘာကိစ္စရှိလို့လဲ?"
ဖူဟန် မေးလိုက်၏။
ဒီရက်ပိုင်းတွင် သူတို့အားလုံး ကူးအိမ်တော်၌ နေထိုင်ကြခြင်းမှာ ဤနေရာသည် တိတ်ဆိတ်အေးချမ်းပြီး အနှောင့် အယှက် ကင်းသောကြောင့်သာမက ချင်ချင် အိမ်တော်ထိန်းကြီးကို ခွဲမသွားချင်သောကြောင့်လည်း ဖြစ်သည်။ ထို့ပြင် သူတို့သည် လုံခြုံသော ပတ်ဝန်းကျင်တွင် အစီအ စဉ်များတိုင်ပင်ရန် လိုအပ်သဖြင့် ရက်အနည်းငယ် ဆက်နေဖြစ်ခြင်းဖြစ်သည်။
"အန်တီချင်ကို ရန်မူနေတဲ့သူကို သမီးတို့ ရှာတွေ့ပါပြီ"
အန်းရန် ဖူစစ်ချန်အားအကြည့်ဖြင့် အချက်ပြလိုက်ရာ၊ သူတို့ ရှာဖွေတွေ့ရှိထားသည့် သက်သေများနှင့် သဲလွန်စများကို ဖူဟန်တို့ထံ ပေးအပ်လိုက်သည်။ ထိုအထဲတွင် ကူးချင်ချင်၏မူလဖုန်းလည်း ပါဝင်သည်။
"ပါး... တောင်းပန်ပါတယ်..."
ဖူစစ်ချန် နောင်တရနေသောပုံစံဖြင့် ချင်ချင့်ဖုန်းကိုမတော် တဆ မည်သို့ ရခဲ့ကြောင်း အကုန်အစင် ဝန်ခံလိုက်သည်။ ပြောပြီးနောက်တွင်တော့ ဖူဟန့် မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေမိသည်။
သူ အကုန်ဝန်ခံလိုက်ပြီဆိုမှတော့ ပါးက သူ့ကို အပြစ်ပေါ့ပေးမှာ မဟုတ်လား?
"မင်း အဲ့ဒီဖုန်းကို ရပြီးကတည်းက ငါ့ကို ဘာလို့ ချက်ချင်း မပြောတာလဲ?"
ဖူဟန် ထိုအချက်ကို ပိုအာရုံစိုက်နေသည်။
သားငယ်က သူ့ဘာသာ တိတ်တဆိတ် စုံစမ်းပြီး ဤမျှလောက်အထိ ရှာတွေ့ခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"အဲ့ဒါက... ပါးတို့က အမြဲတမ်း ကျွန်တော့်ကို အကုန်လျှို့ ဝှက်ထားကြတာလေ၊ ပါးပါးတို့ ဘာမှ မပြောမှာ စိုးလို့ ကျွန်တော့်ဘာသာ အမှန်တရားကို ရှာဖွေခဲ့တာပါ၊ ဘာပဲဖြစ်ဖြစ်..."
သူ အန်းရန်နှင့်အတူ လက်ခုပ်တီးတမ်း ကစားနေသော ချင်ချင်အား ငုံ့ကြည့်လိုက်ပြီး
"ကျွန်တော်လည်း မားကို ကာကွယ်ပေးချင်လို့ပါ"
ယခင်က သူ့တုံးအမှုကြောင့် မိခင်အပေါ် နာကျင်မှုများစွာ ပေးခဲ့ဖူးသဖြင့် ဖူစစ်ချန် နောက်တစ်ကြိမ် ထပ်မဖြစ်စေချင်တော့ပေ။ ထို့ပြင် ချင်ချင်အတွက် တစ်ခုခု လုပ်ပေးချင်သည်။
ချင်ချင် သူ့အား အလွယ်တကူ ခွင့်လွှတ်ပေးခဲ့သော်လည်း၊ အရွယ်ရောက်ပြီးသား မိခင်ဖြစ်သူကလည်း သူ့အပေါ် စိတ်ဆိုးမည် မဟုတ်သည်မှာ သေချာသော်လည်း ဖူစစ်ချန် စိတ်ထဲတွင်တော့ နောင်တရနေဆဲ ဖြစ်သည်။ စိတ်သက် သာရာရဖို့အတွက် မဟုတ်ဘဲ...
တကယ်တမ်းတွင် မိခင်ကို ကာကွယ်ပေးနိုင်သည့် အမျိုး သားတစ်ဦး ဖြစ်ချင်ရုံသာ။
သားငယ်၏ခိုင်မာသော စိတ်ဓာတ်နှင့် ထိုစိတ်ဓာတ်နောက် ကွယ်မှ နောင်တတရားတို့ကို မြင်တွေ့လိုက်ရသည့် ဖူဟန် သူ့ပုခုံးကို အသာအယာ ပုတ်ပေးလိုက်သည်။
"တောင်းပန်ပါတယ်သား... ပါး မင်းကို အမြဲအလေးမထား ခဲ့မိဘူး၊ နောက်ဆိုရင် မင်းရဲ့ မားကို ငါတို့ အတူတူကာကွယ်ကြတာပေါ့"