← Chapters

ကိုယ်ဖိရင်ဖိ သင်ကြားပေးခြင်း

Vol. 27 Ch. 264

ကိုယ်ဖိရင်ဖိ သင်ကြားပေးခြင်း

Vol. 27 Ch. 264

“တစ်ကြိမ်သုံး ကိုယ်လုံးပြည့် အာရုံခံမိုးကာအင်္ကျီ ဟုတ်လား။...” ချန်ဟွိုက်အန်က မျက်လုံးကို မှေးလိုက်သည်။ ထိုအရာက ထင်သလောက် မရိုးရှင်းကြောင်း သူ ခံစားမိသည်။

မိုးကာအင်္ကျီနှင့် ထီးက တစ်ခါတစ်ရံတွင် တူညီသော အဓိပ္ပာယ်ကို ဆောင်တတ်လေသည်။ ထီးဆိုသည်မှာလည်း... အင်း... ထီးအကြီးနှင့် ထီးအသေးကြားတွင် သိပ်ပြီး ထူးထူးခြားခြား ကွာခြားချက် မရှိလှပေ။

ထို့ကြောင့် နိဂုံးချုပ်ရလျှင် မိုးကာအင်္ကျီ = ထီးအသေးလေး(ကွန်ဒုံး)ပင်။

သို့သော် မေးခွန်းတစ်ခု ပေါ်လာ၏။

ထီးအသေးလေးကို ခေါင်းပေါ်မှာ ဆောင်းရမှာလား... ဒါမှမဟုတ် ခေါင်းထဲမှာ ဆောင်းရမှာလား။

လွန်ခဲ့သော တစ်ကြိမ်က နှစ်သက်မှုရမှတ် တိုးလာစဉ်က သူသည် ဆုလာဘ်အဖြစ် လက်အိတ် တစ်စုံကို ရရှိခဲ့သည်။

ထိုလက်အိတ်များက လက်တွေ့ကမ္ဘာမှ သူ၏လက်များကို ချင်းယွန်ဘုံထဲတွင် ခေတ္တခဏ ပုံပေါ်လာစေခဲ့သည်။ ထို့ကြောင့် ထိုမိုးကာအင်္ကျီလည်း ထိုနည်းတူပင် အလုပ်လုပ်ပေလိမ့်မည်။

အခုအချိန်တွင်လည်း သူက လီချင်းရန်ကို ပေးခဲ့ဖူးသော ကတိကို မည်သို့ တည်ရမည်ကို စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။

လိုချင်တာပြော။ ရစေရမယ်....

“ဟုတ်တယ်။ ငါ အခု ချင်းယွန်ဘုံကို ပြန်လာလို့ရပြီ။” အဖြေတစ်ခု ရရှိသွားပြီဖြစ်သောကြောင့် ချန်ဟွိုက်အန်က ချက်ချင်း စိတ်အေးသွားပြီး သူ၏ ပုံမှန်အေးအေးလူလူ အမူအရာသို့ ပြန်လည်၍ ရောက်သွားသည်။

“ဆရာ။ ကြာစိမ်းဓားသိုင်းကျမ်းက အကွက်တချို့ကို ကျွန်မ နားမလည်သေးဘူး ဖြစ်နေတယ်။” လီချင်းရန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ၏ ဝတ်စုံအောက်နားစလေးကို လိမ်နေမိသည်။ သူ လိမ်ပြောနေ၍လား သို့မဟုတ် ရှက်နေ၍လားမသိသော်လည်း ပန်းရောင်သန်းနေသော သူ၏ ပါးပြင်လေးများမှာ ပို၍ပင် နီမြန်းလာ၏။

ချန်ဟွိုက်အန် မျက်တောင်ခတ်လိုက်သည်။

ဘာဖြစ်ပြန်တာလဲ။

ဓားသိုင်းအကြောင်း ထပ်မေးပြန်ပြီလား။

အကယ်၍ သူ၏ ပုံရိပ်ယောင်သာဆိုလျှင် ဂိမ်းထဲမှ ဘာသာပြန်စနစ်ကို အသုံးပြုပြီး သူ ဖာထေးပြောဆိုနိုင်၏။

သို့သော် သူသာ ထိုမိုးကာအင်္ကျီကို ဝတ်လိုက်လျှင် ချင်းယွန်ဘုံထဲသို့ သူကိုယ်တိုင် ရောက်ရှိ၍ သွားမည် ဖြစ်သည်။ ထိုအခါကျလျှင် သူ မည်သို့ ဟန်ဆောင်ရမည်နည်း။

သို့သော်လည်း တပည့် တစ်ယောက်က အကူအညီလိုနေချိန်တွင် လျစ်လျူရှုထားရန် ဆိုသည်မှာ ဆရာကောင်းတစ်ယောက်၏ အလုပ် မဟုတ်ပေ။

သူ့ရဲ့ “လိုအပ်ချက်”က အတုအယောင် ဖြစ်နေရင်တောင်မှပေါ့။

ငါ ဘယ်လိုသိတာလဲ ဟုတ်လား။

မှတ်တမ်းကို ပြန်ကြည့်လိုက်ရအောင်။

[ ကျင့်ကြံခြင်းနေ့စဉ်မှတ်တမ်း ]

(၁) ၁နာရီ ၁၅မိနစ်။ ဆရာ့ရဲ့ ခန္ဓာကိုယ်က နေကောင်းသွားပြီဆိုတော့ သူ အရင်လို အလုပ် မရှုပ်တော့ဘူး။ ငါ့ဆီကို သူ ခဏခဏ လာလည်လို့ ရပြီ။

(၂) ၁နာရီ ၁၈မိနစ်။ ဆရာ့ကို ဒီမှာ အကြာကြီးနေအောင် ဘယ်လိုလုပ်ရမလဲ။ ဓာသိုင်း အကြောင်း မေးရင် ကောင်းမလား။ ပထမအကွက် သုံးကွက်ကို ငါ တတ်ပြီးသား ဆိုပေမဲ့ပေါ့။ ဘာမှမသိသလို ဟန်ဆောင်နေရင်လည်း ဆရာက ငါ့ကို အသုံးမကျဘူးလို့ ထင်သွားမလား။ ဒါပေမဲ့ အရမ်းတတ်နေပြန်ရင်လည်း မဖြစ်ဘူး။ ဟူး... ခက်လိုက်တာ။

...

“အဟမ်း... ချင်းရန်။ ငါ အရင်လိုပဲ ရှင်းပြပေးရင် ဘယ်လိုလဲ။” အခြေအနေကို ထိန်းသိမ်းရန် ချန်ဟွိုက်အန်က အချိန်ဆွဲသည့် နည်းဗျူဟာကို သုံးလိုက်သည်။

အမှန်တကယ်တော့ လီချင်းရန်က ဓားသိုင်းအကြောင်း သူ့ကို အကူအညီတောင်းသည်ကို သူ သဘောကျသည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်ခြင်းက ကြာစိမ်းဓားသိုင်းကျမ်းအပေါ် သူ၏ နားလည်မှုကို ပိုမိုနက်ရှိုင်းစေသောကြောင့်ပင်။

သူ့ကို အထင်မကြီးလိုက်ပါနှင့်။ သူ၏ ပုံရိပ်ယောင်က ထိုဓားကွက်များကို ကျွမ်းကျင်စွာ အသုံးပြုနေခြင်းမှာ သူ အမှန်တကယ် နားလည်နေ၍ မဟုတ်။ ၎င်းမှာ ခလုတ်တစ်ခုကို နှိပ်ပြီး စွမ်းရည်ထုတ်လိုက်ခြင်းနှင့်သာ တူသည်။

လမ်းသရဲဂိမ်းလို ကွန်ဘိုများပင် စပ်နေစရာမလိုဘဲ နှိပ်လိုက်ရုံနှင့် ထွက်သွားခြင်း ဖြစ်သည်။ တကယ့် အပျော်တမ်း အဆင့်ပင်။

လီချင်းရန်က သူ့ကို ထပ်ပြီး အတင်းမတိုက်တွန်းတော့ဘဲ တွေဝေစွာ ခေါင်းညိတ်လိုက်သည်။

ချန်ဟွိုက်အန် သက်ပြင်းတစ်ချက်ကို ခိုးချလိုက်သည်။ ထိုမိုးကာအင်္ကျီကို အချိန်မရွေး သုံး၍ ရသည်။ ပထမဦးစွာ ထိုဓားသိုင်းသင်ကြားမှုကို အဆုံးသတ်ရပေမည်။

ခဏအကြာတွင် ဂိမ်းစနစ်၏ အကူအညီဖြင့် ရှင်းပြပြီးနောက်...

ချန်ဟွိုက်အန်က ပြဿနာကို ရှောင်လွှဲနိုင်ပြီဟု ထင်လိုက်စဉ်မှာပင် သူ၏ နောက်ကွယ်မှ လီချင်းရန်၏ ရှက်သွေးဖြာနေသော အသံကို ကြားလိုက်ရ၏။

“ဆရာ... တပည့်က ဉာဏ်နည်းပါတယ်။ ဆရာ့ရဲ့ ရှင်းပြချက်က အရမ်းစုံလင်ပေမဲ့... တပည့် နားမလည်သေးဘူး ဖြစ်နေတယ်။” သူက သူ့ကို မော့ကြည့်ရင်း သတ္တိမွေးကာ ပြောလိုက်သည်။ “ကျွန်မ နားလည်အောင် ကူညီပေးနိုင်မယ့် ပိုတိုက်ရိုက်ကျတဲ့ နည်းလမ်းမျိုး ရှိမလားလို့ပါ။”

ချန်ဟွိုက်အန် မျက်ခုံးတစ်ချက် ပင့်လိုက်၏။ “ရုတ်တရက် ဉာဏ်အလင်းပွင့်သွားတာမျိုးလား။”

“မ...မဟုတ်ပါဘူး။ အဲဒါမျိုး မဟုတ်ဘူး...” လီချင်းရန်က သူ၏လက်များကို ဝှေ့ယမ်းကာ အကြည့် လွှဲလိုက်ပြီး ပါးစပ်လေးကို အနည်းငယ် စူလိုက်သည်။

သူက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခြင်းမျိုးကို မလိုချင်ပေ။

ဘာလုပ်ငန်းစဉ်မှ မရှိဘဲ ရလဒ်က ချက်ချင်းထွက်လာမှာလား။ အဲဒါဆိုရင် ဘာထူးမှာလဲ။

ချန်ဟွိုက်အန်သည် သူ လျိုရှားတောင်ထွတ်ပေါ်က လရောင်ကို မျက်နှာမူကာ လက်ကလေး နှစ်ဖက်ကို နောက်ပစ်ထားသည်ကို ကြည့်နေမိသည်။

သူ၏ နူးညံ့လှသော အသံလေးက လေပြေနှင့်အတူ ပါလာသည်။ “ကျွန်မ ငယ်ငယ်က သိုင်းသင်တုန်းကဆိုရင် နားမလည်တာရှိရင် အမေက အမြဲတမ်း ကိုယ်တိုင်သင်ပေးတာ။ ကျွန်မရဲ့ ပုံစံကို သူကိုယ်တိုင် ပြင်ပေးတတ်တယ်။ အဲဒါက ဒီအတိုင်း ရှင်းပြတာထက် ပိုထိရောက်တယ်...”

ဩော်...

ချန်ဟွိုက်အန် နားလည်သွားလေပြီ။

သူက ငါ့ကို အနီးကပ် ကိုယ်တိုင် သင်ပေးစေချင်နေတာပဲ။

ငါ ဒါကို သဘောတူလို့ ရပါ့မလား။ အဲဒါက ပိုတောင် အန္တရာယ်မများဘူးလား။

“ဆရာ... ဆရာ ကျွန်မကို ဖုံးကွယ်ထားတာ တစ်ခုခု ရှိနေတာလား။” လီချင်းရန်က တောင်းပန် တိုးလျှိုးသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်သည်။

သူက... ငါ့ကို ကိုယ်တိုင် လမ်းမညွှန်ပေးချင်တာလား။

[ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း။ အရေးပေါ်အကူအညီ လိုနေပြီ ] ချန်ဟွိုက်အန်သည် လီချင်းရန်၏ အကြည့်နှင့် ဆုံလိုက်သောအခါ ချက်ချင်းပင် အရှုံးပေးလိုက်ပြီး အကူအညီကို ခေါ်ယူလိုက်သည်။

[ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း ပြီးဆုံးပါပြီ ]

[ ကစားသူရဲ့ ကြာစိမ်းဓားသိုင်းကျမ်း ပထမသုံးကွက်အပေါ် လက်ရှိနားလည်မှုက သင့်ရဲ့ ပုံရိပ်ယောင်ကောင်မလေးကို သင်ကြားပေးဖို့ လုံလောက်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိပါ ]

[ သင့်တွင် လက်ရှိပိုင်ဆိုင်ထားသည်များမှာ ဓားဝိညာဉ်အမြစ် တစ်ခု၊ လျှပ်စီး စိတ်ဝိညာဉ်အမြစ် တစ်ခု၊ စစ်မှန်သောယန်ဓားရိုး၊ မဟာယင်ဓားရိုးနှင့် နဂါးဝိညာဉ်... ]

[ ထိုအရာများမှ တစ်ခုချင်းစီက သင့်ရဲ့ ပါရမီ၊ သိမြင်နိုင်စွမ်းနဲ့ သိုင်းပညာနားလည်မှုကို သိသိသာသာ မြင့်တက်စေပါတယ် ]

[ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း စနစ်အပေါ် အလွန်အကျွံ မမှီခိုပါနှင့် ]

[ ဂိမ်းကို ပျော်ပျော်ရွှင်ရွှင် ကစားပါ ]

ချန်ဟွိုက်အန်က ပေါ်လာသော စာတန်းကို ဖတ်ရင်း မျက်ရည်ပင် ဝဲချင်သွား၏။

ကစားသူများအား အကူအညီစနစ်အပေါ် အရမ်းမမှီခိုရန် တားမြစ်သော တစ်ခုတည်းသော ဂိမ်းက ယခုဂိမ်းသာ ဖြစ်ပေလိမ့်မည်။

တခြားဘယ်နေရာမှာမှ သူ ထိုအရာမျိုး မမြင်ဖူးပေ။

တောက်... ဒီဂိမ်းစနစ်ကတော့...

ဒါပေမဲ့ စနစ်ကပါ ငါ့ကို အာမခံပေးလိုက်ပြီဆိုတော့ကာ...

ချန်ဟွိုက်အန်၏ မျက်လုံးများက ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ဝင်းလက်သွားသည်။ သူ လီချင်းရန်ကို ပြန်ကြည့်လိုက်သည်။

“ငါ့မှာ ဘာလျို့ဝှက်ချက်မှ မရှိပါဘူး။ လုပ်စရာ နောက်ဆုံးကိစ္စတစ်ခုပဲ ကျန်တော့တယ်။ ငါ အခုပဲ ပြန်လာခဲ့မယ်။ ဒီမှာ စောင့်နေ။” ထို့နောက် သူက ဂိမ်းထဲမှ ထွက်လိုက်သည်။

တစ်ကြိမ်သုံး အာရုံခံမိုးကာအင်္ကျီကို ဝတ်ရမည့်အချိန် ရောက်လေပြီ...

လရောင်က ရေကဲ့သို့ စီးဆင်းကျလာပြီး ဝင်းလေးတစ်ခုလုံးကို အသာအယာ လွှမ်းခြုံထား၏။

အလယ်မှ ရေကန်ငယ်လေးထဲတွင် ကောင်းကင်မှ ကြယ်တာရာများက ရောင်ပြန်ဟပ်နေသည်။

လေပြေလေးတစ်ချက် အဝှေ့တွင် ရေမျက်နှာပြင်ပေါ်၌ လှိုင်းကြက်ခွန်းလေးများ ဖြစ်ပေါ်သွား၏။ မိန်းကလေးတစ်ယောက်၏ ရင်ထဲမှ လှုပ်ရှားမှုများကဲ့သို့ပင်။

ချန်ဟွိုက်အန်က ဝင်း၏ ထောင့်တစ်နေရာတွင် ရပ်နေသည်။ သူ၏ ဝတ်ရုံနက်မှာ လေထဲတွင် အနည်းငယ် လွင့်နေပြီး ညအမှောင်ထဲတွင် ခန့်ညားသော ပုံရိပ်တစ်ခု ဖြစ်နေ၏။

သူ၏ ကြေးခွံနက်ဓားမှာ ဘေးသို့ အနည်းငယ် စောင်းနေပြီး ဓားသွားပေါ်တွင် သူ၏ အရှေ့မှ ရပ်နေသော ရိုးရှင်းသည့် ဝတ်စုံဝတ်ထားသည့် မိန်းကလေး၏ ပုံရိပ် ထင်ဟပ်နေလေသည်။

“ဆရာ... ကျွန်မကို... ကျွန်မကို ထပ်သင်ပေးလို့ ရမလား။ ကျွန်မ မေ့သွားလို့...” လီချင်းရန်က နီမြန်းသော နှုတ်ခမ်းလေးကို ကိုက်ထားပြီး မျက်ဝန်းများက ဝေခွဲမရ ဖြစ်နေကာ မျက်ခုံး အကြားတွင် ရှက်သွေးများ ဖြာနေ၏။

သူက စုရွှမ်ဓားကို ကိုင်ကာ သုံးလှမ်းခန့် အကွာတွင် ရပ်နေသည်။ သူ၏ လက်ကောက်ဝတ်မှာ အနည်းငယ် စောင်းနေပြီး ဓားကို ကိုင်ထားပုံမှာ ကြိုးပြတ်သွားသည့် စွန်တစ်ခု ကဲ့သို့ပင် ပျော့ခွေနေသည်။

ဆရာက သူ့ကို အသုံးမကျသော တပည့်ဟူ၍ ထင်သွားလျှင်ပင် သူ ဂရုမစိုက်တော့ပေ။ သူ လိုချင်သည်မှာ ခုနက ရရှိခဲ့သည့် နွေးထွေးမှုမျိုးသာ။

ချန်ဟွိုက်အန် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

“ခုနက သင်ထားတာကို အခုပဲ မေ့သွားတာလား။ နောက်ဆိုရင် ဓားကို ဘယ်လက်နဲ့ ကိုင်ရမလဲ ဆိုတာတောင် မေ့သွားဦးမယ်။” သူ၏ လေသံက ဆူပူနေသလို ရှိသော်လည်း ရေပေါ်မှ လှိုင်းလေးများကဲ့သို့ နူးညံ့နေလေသည်။

“တပည့်က ဉာဏ်နှေးလို့ပါ။ အဲဒါကြောင့် ဆရာ ကိုယ်တိုင်သင်ပေးဖို့ လိုတာပေါ့။” လီချင်းရန်က ချစ်စဖွယ် နှုတ်ခမ်းလေး စူလိုက်၏။

“ဆရာ ကျွန်မကို အခါပေါင်းများစွာ ပြခဲ့ပေမဲ့ ကျွန်မရဲ့ လက်ကောက်ဝတ်ကို ဘယ်လိုလှည့်ရမလဲ၊ ခါးကို ဘယ်မှာထားရမလဲဆိုတာ မမှတ်မိသေးဘူး...”

သူက ဟန်မကျသော ပုံစံတစ်ခု လုပ်ပြလိုက်ရာ ဓားဦးမှာ မြေကြီးနှင့် ထိလုနီးပါး ဖြစ်သွားသည်။

ဒါက ကြာစိမ်းဓားသိုင်းကျမ်း၏ အနှစ်သာရဖြစ်သော “ဓားက နှလုံးသားနောက်ကိုလိုက်၊ နှလုံးသားက ဓားနောက်ကိုလိုက်” ဆိုသည်နှင့် မိုင်ပေါင်းများစွာ ကွာဝေးနေ၏။

ချန်ဟွိုက်အန် သူကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။

သူက မျက်နှာကို တည်ထားသော်လည်း ရင်ထဲတွင်တော့ ကယောက်ကယက် ဖြစ်နေလေပြီ။

သူက တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။ “ကောင်းပြီ။ ငါ မင်းကို ထပ်သင်ပေးမယ်...”

ချန်ဟွိုက်အန် ရှေ့သို့ တိုးလာပြီး လီချင်းရန်၏ နောက်ဘက်တွင် ရပ်လိုက်သည်။

သင်းပျံ့သော ထင်းရှူးနံ့(တကယ်တမ်း ဆပ်ပြာနံ့)က လီချင်းရန်၏ နှာခေါင်းထဲသို့ တိုးဝင်၍ လာပြန်သည်။ လီချင်းရန်မှာ မူးဝေသွားသလို ခံစားလိုက်ရ၏။

နွေးထွေးသော အသက်ရှူသံက သူ၏လည်ပင်းကို လာထိသည်။

ထို့နောက် သန်မာပြီး နွေးထွေးသော လက်တစ်ဖက်က ဓားကိုင်ထားသော လက်ကောက်ဝတ်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ ကျန်လက်တစ်ဖက်က သူ၏ ခါးပေါ်မှာ ရှိနေ၏။

မိမိကို ဆရာ လာထိလိုက်သည့် ခဏမှာပင် လီချင်ရန်၏ ခြေထောက်များ ပျော့ခွေ၍ သွားသလို ခံစားလိုက်ရသည်။

“မတ်မတ်ရပ်... ကြည့်ပါဦး။ တစ်ကိုယ်လုံးက ပျော့ခွေနေတာပဲ... ခါးက ကျောက်စိမ်းလို တည်ငြိမ် နေရမယ်။ လက်တွေကတော့ နဂါးတစ်ကောင် လူးလွန့်နေသလို ဖြစ်ရမယ်...”

ချန်ဟွိုက်အန်၏ အသံမှာ နက်ရှိုင်းလှ၏။

၎င်းကို မည်သူမှ သင်ပေးထားခြင်း မဟုတ်ပေ။ ထိုသို့လုပ်ရမည်ဟု သူကိုယ်တိုင် ခံစားမိခြင်းသာ ဖြစ်သည်။

“ဓားက မင်းရဲ့ စိတ်ဆန္ဒနောက်ကို လိုက်ပါစေ၊ ပုံစံက မင်းရဲ့ အလိုအတိုင်း လှုပ်ရှား...”

လီချင်းရန်က ခေါင်းငုံ့ထားပြီး သူ၏ဆရာက ပုံစံပြင်ပေးသည်ကို ငြိမ်ခံနေ၏။

သူ၏ နွေးထွေးသော လက်များမှာ မီးကဲ့သို့ပင် ဖြစ်ပြီး ရင်ထဲကို ဖရိုဖရဲ ဖြစ်သွားစေသည်။

သူ၏ မျက်တောင်လေးများက ယပ်တောင်လေးတွေလို လှုပ်ခတ်နေပြီး နားရွက်လေးများဆီက ရှက်သွေးက လည်ပင်းအထိ ပျံ့နှံ့သွား၏။

ဓား၏ အရှိန်အဝါက လရောင်အောက်တွင် စီးဆင်းနေသော ရေကဲ့သို့ပင် ချောမွေ့သွားသည်။ ဓားအလင်းတန်းများမှာ ငွေရောင်မျှင်များကဲ့သို့ ဖိတ်စင်နေလေသည်။

“ခံစားမိလား။” ချန်ဟွိုက်အန်၏ အသက်ရှူသံက သူ၏ နားရွက်ကို လာထိသည်။

လီချင်းရန်က လှည့်မကြည့်ရဲဘဲ ခေါင်းကိုသာ ခပ်ဖျော့ဖျော့ ညိတ်ပြလိုက်ပြီး သူ၏ လက်ချောင်းလေးများက ဓားရိုးကို မသိစိတ်ဖြင့် ပွတ်သပ်နေမိသည်။

ရုတ်တရက် သူ ဟန်ချက်ပျက်သွားပြီး အနောက်သို့ ယိုင်သွားရာ ချန်ဟွိုက်အန်၏ ရင်ခွင်ထဲသို့ တည့်တည့် တိုးဝင်သွားတော့သည်။

“ဆ... ဆရာ... တောင်းပန်ပါတယ်... ကျွန်မ ဟန်ချက်ပျက်သွားလို့ပါ...” သူ မျက်နှာနီမြန်းလျက် မတ်မတ်ရပ်ရန် ကြိုးစားလိုက်သည်။

သို့သော် လရောင်အောက်မှ အရိပ်ထဲတွင် သူ၏ မျက်ဝန်းထဲ၌ လိမ္မာပါးနပ်သော အရိပ်အယောင် တစ်ခု ဝင်းခနဲ ပေါ်သွား၏။

ချန်ဟွိုက်အန်၏ လက်မောင်းမှာ မသိစိတ်ဖြင့် တင်းကျပ်သွားလေသည်။

သူ၏လက်က လီချင်းရန်၏ သေးကျင်သော ခါးပေါ်တွင် ခဏမျှ ရှိနေပြီးမှ ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။

ဒါက ဘာကြီးလဲ။ နွေးထွေးတဲ့ မုန့်လုံးလေးတစ်ခုက ငါ့ရဲ့ရင်ခွင်ထဲကို ပြည့်နှက်သွားသလိုမျိုးပဲ။

သို့သော် သူ ထိုနူးညံ့မှုကို ခံစားရန် ကြိုးစားရုံရှိသေး... အားလုံးက ပြီးဆုံးသွားလေပြီ။

လီချင်းရန်က ဓားအသိကို မည်မျှအထိ တတ်သွားကြောင်း မသိသော်လည်း...

ချန်ဟွိုက်အန် သိသည်မှာ သူ၏ အစစ်အမှန်ယန်ဓားအသိကတော့ ပေါက်ကွဲထွက်တော့မည် ဆိုသည်ကိုပင်။

“နောက်တစ်ခေါက်။” သူ၏အသံက တည်ငြိမ်နေဆဲပင်။

သို့သော် သူ၏ မျက်ဝန်းအောက်ခြေတွင်တော့ အပူရှိန်တစ်ခု စတင် တောက်လောင်နေပြီ ဖြစ်သည်။

လီချင်းရန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ပုံစံကို ပြန်ယူလိုက်သည်။ ယခုတစ်ခါတွင်တော့ သူ၏ လှုပ်ရှားမှုများက ချောမွေ့ပြီး အလွန်တရာ ကျော့ရှင်းလှ၏။ ယခင်ကနှင့် လုံးဝ မတူတော့ပေ။ ဓားအလင်းတန်းများက ရေကဲ့သို့ ကခုန်နေပြီး လရောင်အောက်တွင် ငွေရောင်ပိုက်ကွန်တစ်ခုကို ရက်လုပ်နေသလိုပင်။ အလွန်အမင်း လှပလွန်းလှ၏။

သူ အဆုံးသတ်လိုက်ပြီးနောက် ဆရာဖြစ်သူကို မော့ကြည့်လိုက်သည်။

“ဆရာ... ဒီတစ်ခါ ကျွန်မ လုပ်တာ အဆင်ပြေရဲ့လား။”

ချန်ဟွိုက်အန်က သူ့ကို အပြစ်မတင်ဘဲ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည်။ “မဆိုးဘူး။ ငါ့ရဲ့တပည့်နဲ့ တူလာပြီ။”

ကောင်းကင်နက္ခတ်တွက်ချက်ခြင်းက ပြောသည့်အတိုင်းပင် သူ၏ ဓားအပေါ် နားလည်မှုက လီချင်းရန်ထက် ပိုသာနေဆဲ ဖြစ်သည်။

သူက ထိုအချက်ကို သေချာ ပြန်လည်မစဉ်းစားမိခဲ့သဖြင့် သူ၏စွမ်းရည် တိုးတက်လာသည်ကို သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။

လီချင်းရန်က ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ သူ၏ စကတ်စလေးမှာ ညလေညင်းတွင် လွင့်နေ၏။ ပွင့်အာတော့မည့် ငုံကင်းလေးတစ်ခုကဲ့သို့ပင်။ သို့သော် တွန့်ဆုတ်နေ ဖြစ်၏။

သူက ဆရာဖြစ်သူကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများက ဝေဝါးနေပြီး နှုတ်ခမ်းလေးကို အသာအယာ ဖိထားသည်။

“ဒါဆို... ကျွန်မ ဒီတစ်ခါ တကယ်ကောင်းကောင်း လုပ်နိုင်ခဲ့တာဆိုတော့ ဆုရော ရဦးမှာလား။”

“ဆုထပ်လိုချင်သေးတာလား။” ချန်ဟွိုက်အန်ကလည်း ဓားကို သိမ်းလိုက်သည်။ “ပြောလေ။”

လီချင်းရန် တုံ့ဆိုင်းနေမိသည်။ သူ၏လက်ကလေးနှစ်ဖက်ကို အရှေ့မှာ ယှက်ထား၏။ သူ၏ အကြည့်ကို အောက်သို့ချထားပြီး ချန်ဟွိုက်အန်၏ မျက်လုံးများကို ရှောင်နေသည်။

“တပည့် လိုချင်တာက...” သူ၏အသံက ပိုပိုပြီး တိုးဝင်သွားကာ လေပြေလေး တစ်ခုလို ပျောက်ကွယ်တော့မတတ် ဖြစ်နေသည်။ “တပည့်... ဆရာ့ကို... ဖက်ထားပေးစေချင်တာ...”

နောက်ဆုံးစကားလုံးနှစ်လုံးမှာ ခပ်တိုးတိုးလေး ဖြစ်သော်လည်း ညပိုင်းက တိတ်ဆိတ်နေသဖြင့် ကြည်လင်ပြတ်သားစွာ ကြားလိုက်ရ၏။

ချန်ဟွိုက်အန်၏ လက်ချောင်းများ တောင့်တင်းသွားလေသည်။

ဒါက ဘာလိုလိုနဲ့ မြှူဆွယ်တဲ့ လှည့်ကွက်မျိုးလား။

ခုနကပဲ သူက အားမရသလိုမျိုး ထွက်ပြေးသွားခဲ့တာကို။

အခုကျတော့ သူ့ကိုယ်သူ ပြန်အပ်နေပြန်ပြီလား။ ဒီလိုမျိုး စိတ်ခံစားချက် အတက်အကျတွေက ငါ့ကို ရူးအောင် လုပ်နေတာပဲ။

“အဟမ်း... အဲဒါက သိပ်ပြီး အလွန်အကျွံ တောင်းဆိုတာတော့ မဟုတ်ပါဘူး။” ချန်ဟွိုက်အန်က ရင်ထဲမှ မျှော်လင့်ချက်နှင့် ပြုံးချင်စိတ်ကို ဖုံးကွယ်ရန် မျက်နှာကို ခပ်တည်တည် လုပ်လိုက်သည်။

သူက လက်နှစ်ဖက်ကို ဖွင့်လိုက်၏။ “လာခဲ့လေ။”

“ဟီးဟီး...” လီချင်းရန်က ပေါ့ပေါ့ပါးပါးပင် ရှေ့သို့ တိုးလာသည်။

သူ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ ချန်ဟွိုက်အန်၏ သန်မာသော ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

သူက ပါးကို ချန်ဟွိုက်န်၏ ပခုံးပေါ်တွင် မှီထားပြီး ရနံ့ကို အားပါးတရ ရှူရှိုက်နေမိသည်။

ဒီသင်းပျံ့နေတဲ့ သစ်သားနံ့လေး... တကယ်ကို ကောင်းလိုက်တာ။

အကယ်၍ သူသာ ခေတ်သစ်ကမ္ဘာကို ရောက်ဖူးလျှင် ၎င်းမှာ ဆပ်ပြာနံ့ ဆိုသည်ကို သိသွားပေလိမ့်မည်။

“ဆရာ...” လီချင်းရန်၏ အသံလေးမှာ နူးညံ့နေပြီး သက်ပြင်းတစ်ချက်နှင့်အတူ ပါလာသည်။ တိမ်တွေကြားက လရောင်လေးလိုပင်။ “ဆရာ့ရင်ခွင်ထဲမှာ ရှိနေရတာ တကယ် ကောင်းတာပဲ...”

ချန်ဟွိုက်အန် ခန္ဓာကိုယ် တောင့်တင်းသွား၏။

ထို့နောက် ဖြည်းဖြည်းချင်း ပြန်လည်၍ ဖြေလျှော့လိုက်သည်။

သူ၏လက်များကို မည်သည့်နေရာတွင် ထားရမှန်း မသိဖြစ်နေသော်လည်း ခဏအကြာတွင် လီချင်းရန်၏ သေးသွယ်သော ခါးလေးပေါ်သို့ အသာအယာ တင်လိုက်၏။

လရောင်က ဝင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ကမ္ဘာကြီး တိတ်ဆိတ်နေ၏။

သူတို့နှစ်ဦးတည်း အသက်ရှူသံများ ယှက်နွယ်နေသည်။

“ဆရာ... ဆရာ့ခါးမှာ ဓားဘယ်နှစ်လက် ချိတ်ထားတာလဲ။” ခဏအကြာတွင် လီချင်းရန်က ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“တစ်လက်တည်းလေ။ ဘာလို့လဲ။”

“ဒါဆိုရင်...” သူ၏ လက်ကလေးက လီချင်းရန်၏ ခါးဆီသို့ လျှောကျသွား၏။

ချန်ဟွိုက်အန် တကိုယ်လုံး တောင့်သွားပြီး ချက်ချင်း နောက်သို့ သုံးလှမ်းခန့် ခုန်ဆုတ်လိုက်သည်။

“အဟမ်း...ငါ့ခန္ဓာကိုယ်က နေမကောင်းချင်သလို ဖြစ်လာလို့။ ဒီနေ့ သင်ခန်းစာက ဒီမှာ ပြီးပြီ။ ငါ သွားတော့မယ်...”

စကားပင် မဆုံးသေးခင်မှာပင် သူက ဝုန်းခနဲ ကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံတက်၍ သွားတော့သည်။

“အဲ...ဆရာ။” လီချင်းရန်က သူ၏လက်ကလေးကို ဆန့်ထုတ်လိုက်သည်။

သို့သော်လည်း လရောင်ရှိသော ညကောင်းကင်ယံတွင် ကောင်းကင်ကို ခွင်းသွားသည့် ငွေရောင် ဓားအလင်းတန်း တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

...

All Chapters