← Chapters

သားရဲဖမ်းပြိုင်ပွဲ

Vol. 27 Ch. 265

သားရဲဖမ်းပြိုင်ပွဲ

Vol. 27 Ch. 265

၎င်းမှာ တကယ့်ကို ရူးချင်စရာပင်။

ချန်ဟွိုက်အန်က ပေကျင်းကြက်သားလိပ်ကို တိုင်တည်ပြီး ကျိန်ဆိုလိုက်၏။

လီချင်းရန်က ငါ့အပေါ်မှာ ယူနန်ကျေးလက်တေးသံ လျို့ဝှက်ပညာရပ် တကယ်သုံးလိုက်တာပဲ။ “ရှင့်ရဲ့ xxx ကို တစ်ချက်လောက် ဆွဲလိုက်မယ်” ဆိုတဲ့ ပညာရပ်မျိုးပေါ့။

ဆုတ်ခွာရမယ်။ စစ်မြေပြင်ကနေ ချက်ချင်း ဆုတ်ခွာရမယ်။

အခုချက်ချင်းသာ ထွက်မသွားရင် ငါ့ရဲ့ တည်ကြည်လှတဲ့ ဆရာပုံရိပ်ကတော့ အဖတ်ဆယ်လို့ရမှာ မဟုတ်တော့ဘူး။

[ သင် ဂိမ်းထဲမှ ထွက်ခွာသွားပါပြီ ]

[ တစ်ကြိမ်သုံး အာရုံခံမိုးကာအင်္ကျီ ပျက်စီးသွားပါပြီ ]

[ ဂိမ်း၏ လုပ်ဆောင်ချက်အသစ်များကို ဖွင့်ရန်အတွက် ပုံရိပ်ယောင်ကောင်မလေးနှင့် နှစ်သက်မှု ရမှတ်ကို ဆက်လက်တိုးမြှင့်ပါ... သင်နှင့် ပုံရိပ်ယောင်ကောင်မလေး၏ နှလုံးသားချင်းဆက်နွှယ်မှု ရမှတ်မှာ ၁၀၅သို့ ရောက်ရှိသွားပါပြီ။ ရမှတ်၁၀၀ သုံးစွဲ၍ “ဟင်းလင်းပြင်ခရီးနှင်ခြင်း”ကို အသက်သွင်းနိုင်ပါသည် ]

ပစ္စည်းလေး ပျောက်ဆုံးသွားသည်ကို မြင်လိုက်သော် ချန်ဟွိုက်အန်လည်း ဘာမှမခံစားရသလို ဟန်မဆောင်နိုင်တော့ပေ။

သူသာ ဂိမ်းကို အတင်းအကျပ် ပိတ်မချခဲ့လျှင် ထိုမိုးကာအင်္ကျီက အနည်းဆုံး ၂၄နာရီခန့် ခံပေမည်။

ထိုအချိန်အတွင်း ဘယ်သူသိနိုင်မှာလဲ။ ကလေးတစ်ယောက်တောင် ရသွားနိုင်တယ်လေ။

“နှလုံးသားချင်းဆက်နွှယ်မှု ဆိုတာက ဘာကြီးလဲ။”

ချန်ဟွိုက်အန် ခဏလောက် စဉ်းစားကြည့်လိုက်သည်။

လီချင်းရန်၏ နှစ်သက်မှုရမှတ်နှင့် ပေါင်းစပ်ကြည့်လိုက်သော် သူ ချက်ချင်း နားလည်သွားသည်။

လက်ရှိ လီချင်းရန်နှင့် နှစ်သက်မှုရမှတ်က ♡♥၅ ဖြစ်သည်။ အမှတ် ၅မှတ်တည်း မဟုတ်ဘဲ ၂၀၅မှတ် ဖြစ်နေခြင်းပင်။ သို့သော် တိကျသော ပတ်သက်မှု အခြေအနေကိုတော့ ပြသခြင်း မရှိသေးပေ။

အရှေ့မှ မှိန်နေသော နှလုံးသားပုံစံက ဟင်းလင်းပြင်ခရီးနှင်ခြင်းကို တစ်ကြိမ် သုံးပြီးသား ဖြစ်ကြောင်း ပြနေသည်။ ၎င်းမှာ သူ မိစ္ဆာဆဲလ်တွေကို တိုက်ခိုက်တုန်းက လီချင်းရန်က သူ့ကို လွတ်အောင် ကူညီပေးခဲ့စဉ်က ဖြစ်သည်။

အနောက်မှ လင်းနေသော နှလုံးသားပုံစံက သုံး၍ရနိုင်သော အကြိမ်ရေ တစ်ကြိမ် ရှိသေးကြောင်း ပြနေသည်။

နှစ်သက်မှုရမှတ် ၁၀၀တိုင်း တစ်ကြိမ် သုံးခွင့်ရခြင်းပင်။

“ဒါဆို လီချင်းရန်ကလည်း လက်တွေ့ကမ္ဘာကို လာဖို့ အခွင့်အရေး ရှိတာပေါ့။ သူရဲ့ ပုံရိပ်ယောင်ပဲ လာမှာလား၊ ဒါမှမဟုတ် ကိုယ်တိုင်ပဲ လာမှာလားတော့ မသေချာဘူး။” ချန်ဟွိုက်အန်က စောင်အောက်မှ သံသယဖြစ်ဖွယ်ရာ မို့မောက်နေသော နေရာကို ကြည့်ရင်း အတွေးနက်နေမိ၏။

ထူးဆန်းလှတဲ့ ဒီခေတ်သစ်ကမ္ဘာကြီးကို ကမ္ဘာငယ်လေး တစ်ခုအနေနဲ့ အေးဆေး ရှင်းပြလို့ ရတာပဲ။

ငါ့ရဲ့ လက်တွေ့ကျင့်ကြံမှုအဆင့်က ဘာလို့ ဒီလောက်ညံ့နေရတာလဲ ဆိုတဲ့အချက်ကိုတော့...

“ဩော် ဟုတ်သား။ ဒီကမ္ဘာမှာ ငါ့ရဲ့ ကျင့်ကြံမှုကို ဖိနှိပ်ထားခံရတယ်လို့ပဲ ပြောလိုက်ရုံပေါ့...”

ချန်ဟွိုက်အန်က လျို့ဝှက်နယ်မြေများအကြောင်း ရုတ်တရက် သတိရသွားသည်။

လျို့ဝှက်နယ်မြေများတွင် ကိုယ်ပိုင်စည်းမျဉ်းများရှိပြီး ပျံသန်းခြင်းကိုပင် တားမြစ်၍ ထားတတ်ကြသည်။

ဒါဆို ခေတ်သစ်ကမ္ဘာကြီးက ငါ့ရဲ့ ကျင့်ကြံမှုကို ဖိနှိပ်ထားတယ်ဆိုတာ ထူးဆန်းပါ့မလား။ မထူးဆန်းပါဘူး... လီချင်းရန်ကျတော့ ဘာလို့ အဖိနှိပ်မခံရတာလဲဆိုရင်... ကမ္ဘာကြီးရဲ့ ငြင်းပယ်မှု အကြောင်း ကြားဖူးလား။

သူက အရမ်းသန်မာလွန်းနေလို့ ပိုသန်မာလေ ကမ္ဘာကြီးရဲ့ ငြင်းပယ်မှုက ပိုကြီးလေပဲလေ။

လီချင်းရန်လို ရွှေရောင်အနှစ်သာရအဆင့်ပဲ ရှိသေးတဲ့သူကျတော့ ဘာမှမဖြစ်ဘူးပေါ့။

ဒီလိုသာဆိုရင်တော့ ဂိုဏ်းသားဆင့်ခေါ်မိန့်ကို သုံးရင်တောင် ပြဿနာ မရှိတော့ဘူး။ ဒီအကြောင်းပြချက်က တကယ့်ကို ခိုင်လုံသွားပြီ။

“လခွမ်းတဲ့မှ... ငါက တကယ့် ပါရမီရှင်ပဲ...”

ချန်ဟွိုက်အန်က ကောက်ကျစ်သော အပြုံးတစ်ခုနှင့်အတူ လက်သီးနှစ်ဖက်ကို ပုတ်လိုက်သည်။

[ အုပ်ချုပ်ရေးမှူး... ကျွန်မ လာကြည့်တာ။ ပြီးတော့ အရေးကြီးတဲ့ သတင်းလည်း ပါတယ်... ]

ခုတင်ဘေးမှ ဖုန်းက ရုတ်တရက် မြည်လာသည်။

၎င်းမှာ လင်းလင်လင်၏ အသံပင်။

သူ မည်သည့်အချိန်က မက်ဆေ့ခ်ျ ပို့ထားမှန်း မသိပေ။

ချန်ဟွိုက်အန် အချိန်ကို ကြည့်လိုက်သော် မနက်လင်းခါနီး ဖြစ်နေလေပြီ။

သူ အခန်းထဲမှ ထွက်လာပြီး အကျဉ်းခန်း နံပါတ်(၀)၏ တံခါးမကြီးကို ဖွင့်လိုက်သည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ တံခါးနားမှ အရိပ်ထဲတွင် သနားစရာကောင်းအောင် ကွေးကွေးလေး အိပ်ပျော်နေသော ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။

သုညသုံးလုံးပင်။

ချန်ဟွိုက်အန်က ငယ်ရွယ်သေးသည့် အလယ်တန်းကျောင်းသူလေးကို ကြည့်ပြီး အနည်းငယ် အားနာသွားမိသည်။

တစ်ခါတစ်ရံမှာ သူက လင်းလင်လင်အပေါ် အရမ်းတင်းကျပ်ခဲ့မိသည်။

ဥပမာအားဖြင့် လေ့ကျင့်ရေးကွင်းကို အပတ်၅၀၀ အပိုပတ်ခိုင်းခြင်းမျိုးပင်။ ကျင့်ကြံသူအသစ် တစ်ယောက်အတွက်တော့ ၎င်းက အတော်လေး ပြင်းထန်လွန်း၏။

အမှန်အတိုင်းပြောရလျှင် မိစ္ဆာနှိမ်နင်းသူဗျူရို၏ ကျင့်စဉ်က တကယ့်ကို အသုံးမကျခြင်းပင်။

သူတို့ဆီတွင်ရှိသော “မူလသို့ပြန်” ဆိုသည့် အသက်ရှူကျင့်စဉ်သည် နာမည်ကသာ အဆန်း၊ ချင်းယွန်ဘုံမှ သူတော်စင်၊ ကောင်းကင်၊ မြေ၊ လျို့ဝှက်၊ အဝါရောင်၊ လူသား ဆိုသည့် အဆင့် ၆ဆင့်ထဲမှ အဝါရောင်အဆင့်ကိုပင် မီနိုင်ရန် ခဲယဉ်းလှသည်။

အဝေးကြီး ကြည့်နေစရာ မလိုပေ။

မိစ္ဆာလမ်းစဉ်စျေးဆိုင်ထဲမှာပင် တကယ့် မြေအဆင့် ကျင့်စဉ်များကို ဈေးနှုန်းအသင့်အတင့်နှင့် ရနိုင်လေသည်။

ဒီကလေးမလေးကို တစ်ခုခု ပြန်လုပ်ပေးဖို့ အချိန်တန်ပြီ။

ငါ့အတွက်လည်း ဘာမှ ကုန်ကျတာ မဟုတ်ပါဘူး။

ချန်ဟွိုက်အန်က အိပ်ပျော်နေသော လင်းလင်လင်ကို မချီပြီး ဆိုဖာပေါ်မှာ တင်ပေးလိုက်သည်။

ထိုကလေးမ မည်သည့်အရာများ ဝယ်လာမှန်း မသိပေ။

သူက ရတနာတစ်ခုလို တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ထား၏။

“ဟေ့... ထတော့။ မထရင် မင်းရဲ့ အရေးကြီးသတင်းက အမှိုက်ဖြစ်သွားတော့မယ်။”

“အင်း... အုပ်ချုပ်ရေးမှူး...” လင်းလင်လင် မျက်လုံးပွတ်ရင်း နိုးလာသည်။ ချန်ဟွိုက်အန်ကို မြင်မြင်ချင်းမှာပဲ သူ ချက်ချင်း တက်ကြွသွားပြီး ခြောက်မျိုးစပ်ဆေးလုံး ဆယ်ဘူးကို ထုတ်ပြီး မြှောက်ပြလိုက်သည်။ “အုပ်ချုပ်ရေးမှူး၊ အရမ်း ပင်ပန်းနေမှာပဲ။ ကျွန်မ ဘာမှ သိပ်ပြီးတော့ မလုပ်ပေးနိုင်ပေမဲ့ ဒါလေးတွေကို လက်ခံပေးပါဦး။”

ခြောက်မျိုးစပ် ဆေးလုံး။ ဆေးဘူးပေါ်မှ နာမည်ကို မြင်သောအခါတွင် ချန်ဟွိုက်အန် မျက်နှာ ပျက်သွားသည်။

ဒါက ဘာကြီးလဲ။ ငါ့ရုပ်က ကျောက်ကပ်အားနည်းနေတဲ့သူနဲ့ တူလို့လား။ ငါက တစ်နေ့ကုန် အသက်စွမ်းအားတွေ ပြည့်နှက်နေတာလေ...

ဒါပေမဲ့လည်း ကလေးမလေးက စေတနာနဲ့ လုပ်ပေးတာပဲ။

သူက ကလေးပဲရှိသေးတာ။ ဘာသိမှာလဲ။

စိတ်တိုနေစရာ မလိုပါဘူး။

ချန်ဟွိုက်အန် ထိုဆေးဘူးများကို ယူပြီး အံဆွဲထဲ ထည့်ထားလိုက်သည်။

“နောက်ဆို ဒါတွေ ထပ်မဝယ်နဲ့တော့။ ငါ မလိုဘူး။”

“ဟုတ်ကဲ့။” လင်းလင်လင် ခေါင်းညိတ်လိုက်သည်။

သူ၏ စိတ်ထဲတွင်တော့ သူ အားကျခဲ့ရသော အဆင့်ဆင့် တက်လှမ်းလာသည့် လူစွမ်းကောင်းကြီး အတိုင်းပဲဟူ၍ တွေးနေမိသည်။

တကယ်ကို အံ့သြဖို့ကောင်းတယ်...

တကယ့် ဘုရင်ကြီးပဲ...

ရာစုနှစ်ချီ သက်တမ်းရှိနိုင်သော လျို့ဝှက်ဂိုဏ်းတွေက ဘိုးဘေးတွေနဲ့ ရင်ဆိုင်ရရင်တောင် သူက စိတ်ဓာတ်ရေးရာအရ အေးအေးဆေးဆေး အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။

တကယ့်ကို ခေတ်အဆက်ဆက် စံပြပုဂ္ဂိုလ်ကြီးပဲ...

မိစ္ဆာနှိမ်နင်းတွေအားလုံးအတွက် မျှော်လင့်ချက် ပြယုဂ်ကြီးပဲ...

“ကဲ... ပြောပါဦး။ ဘာအရေးကြီးသတင်းလဲ။” သူက မေးလိုက်သည်။

“ဩော် ဟုတ်သားပဲ... အဲဒါက သားရဲဖမ်းပြိုင်ပွဲ အကြောင်းပါ။ ခွန်းလွန် အင်မော်တယ်နန်းတော် အောက်က ချင်းဖုန်းဂိုဏ်းနဲ့ မဟာမိုးကြိုးကျောင်းတော်အောက်က မိုးကြိုးငယ်ကျောင်းတော် တို့ကနေ အခြား လျို့ဝှက်ဂိုဏ်း ဆယ်ဂိုဏ်းကျော်နဲ့ ပူးပေါင်းပြီး ပြုလုပ်တာပါ။”

လင်းလင်လင်က သူ၏ စကတ်အောက်မှ တောက်ပနေသော လက်ကမ်းစာစောင် တစ်ခုကို ထုတ်ပြီး ချန်ဟွိုက်အန်ကို ပေးလိုက်သည်။

“ပြည်နယ်တစ်ခုစီရဲ့ မိစ္ဆာနှိမ်နင်းသူဗျူရိုက နေရာတစ်ခုစီ ရပါတယ်။ ကျန်တဲ့နေရာတွေကိုတော့ အထက်တန်းလွှာ မိသားစုတွေက ရတာပါ။ ပါဝင်ယှဉ်ပြိုင်ရုံနဲ့တင် အရင်းအမြစ်တွေ အများကြီး ရမှာပါ။ အဲဒါကြောင့် အုပ်ချုပ်ရေးမှူး စိတ်ဝင်စားလား မသိဘူး။”

ချန်ဟွိုက်အန် လက်ကမ်းစာစောင်ကို အမြန်ဖတ်ကြည့်လိုက်သည်။

လက်ရှိတွင် လျို့ဝှက်ဂိုဏ်းများက နေရာအနှံ့ ပေါ်လာနေသည်။ ဟွာကျုန်း ဒေသတွင်တော့ အကျော်ကြားဆုံးက ခွန်းလွန်အင်မော်တယ်နန်းတော်နှင့် မဟာမိုးကြိုးကျောင်းတော်တို့ ဖြစ်သည်။ သို့သော် ဝူတန်၊ အော်မေ့၊ ရှောင်လင် အစရှိသော ရင်းနှီးပြီးသား နာမည်များလည်း ပြန်ပေါ်လာကြသည်။

၎င်းတို့က အရင်လို ခရီးသွားဆွဲဆောင်သော နေရာများ မဟုတ်တော့ပေ။

တကယ့်ကို ကျင့်ကြံခြင်းဂိုဏ်းများ ဖြစ်လာကြလေပြီ။

ချင်းဖုန်းဂိုဏ်းကလည်း ထိုအထဲမှ တစ်ခုပင်။

သားရဲဖမ်းပြိုင်ပွဲ ဆိုသည်မှာ ဂိုဏ်းများက သတ်မှတ်ထားသော နယ်မြေအတွင်းမှ မိစ္ဆာများနှင့် ကျိန်စာသင့်ဝိညာဉ်များကို အမဲလိုက်ရခြင်း ဖြစ်သည်။ သတ်ဖြတ်နိုင်တဲ့ အရေအတွက်နဲ့ အဆင့်အတန်းပေါ် မူတည်ပြီး အဆင့်သတ်မှတ်မည် ဖြစ်ကာ ထိပ်ဆုံး၁၀၀က ဆုရမည် ဖြစ်သည်။

အနိမ့်ဆုံးအဆင့် ဆုကပင် လေပွေဆေးလုံး ဖြစ်သည်။

၎င်းက သာမန်လူများကို စိတ်ဝိညာဉ်ချီစွမ်းအား စတင်ခံစားမိစေရန် ကူညီပေးသော အခြေခံ ဆေးလုံးတစ်မျိုး ဖြစ်သည်။

သာမန်လူများအတွက်တော့ ၎င်းက အဖိုးတန်သော်လည်း...

ချန်ဟွိုက်အန်အတွက်တော့ လမ်းဘေးက အမှိုက်လိုပင်။

ထိပ်ဆုံး ၁၀ယောက် ဆုများထဲတွင်တော့ ကျင့်စဉ်များနှင့် အရိုးသန့်စင်ဆေးလုံးများ ပါဝင်ပြီး လျို့ဝှက်ဂိုဏ်းတစ်ခုခုတွင် လေ့ကျင့်ခွင့်ရနိုင်သည့် အခွင့်အရေးလည်း ပါသည်။

ထိပ်ဆုံး ၃ ယောက်က “ဆရာသခင်၏ လမ်းညွှန်မှု၊ စွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးခြင်း၊ အခြေခံအုတ်မြစ်အဆင့်သို့ သေချာပေါက် ရောက်ရှိစေခြင်း”ကို ရရှိမှာဖြစ်ကြောင်း စာစောင်တွင် ရေးထားသည်။

“ဒါက ယုံရခက်ခက်ပဲ။ ဒီလျို့ဝှက်ဂိုဏ်းတွေက အလကား ဆုတွေ ပေးနေတာလား။”

ချန်ဟွိုက်အန်က ကောင်းကင်မှ မုန့်များ ကျလာလိမ့်မယ်လို့ မယုံကြည်ပေ။

အကယ်၍ အရိုးသန့်စင်ဆေးလုံးများသာ ဆိုလျှင် သူ ဂရုစိုက်မည် မဟုတ်ပေ။

အဂ္ဂိရတ်ဂိုဏ်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းတို့ကို သကြားလုံးလို စား၍ ရနိုင်ပေသည်။

ကျင့်စဉ်တွေလား။ စိတ်ပျက်စရာပဲ။ ဓားကျောင်းတော်ရဲ့ ကျမ်းတိုက်ထဲမှာ လျို့ဝှက်ကျင့်စဉ်တွေ အပြည့်ရှိနေတာ။ ငါက အကောင်းဆုံးတွေကိုတောင် ရထားပြီးသား။

ဒါပေမဲ့...

အခြေခံအုတ်မြစ်အဆင့်ကို သေချာပေါက် ရောက်စေမှာတဲ့။

ချန်ဟွိုက်အန် အနည်းငယ် စိတ်ဝင်စားသွားသည်ဟု ဝန်ခံရပေမည်။

မှန်ပေသည်။ သူက ဒန်တျန်မှလွဲ၍ ကျန်သော ပါရမီများက အမြင့်ဆုံးတွင် ရှိနေ၏။

လက်ရှိတွင် သူ၏ ကျင့်ကြံမှုကို နှောင့်နှေးစေသည်မှာ ပတ်ဝန်းကျင် အခြေအနေပင်။

ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွဆီမှ တစ်နေ့လုံးရ‌သော စိတ်ဝိညာဉ်ချီစွမ်းအားက တစ်နာရီပင် လေ့ကျင့်ရန် မလုံလောက်ပေ။

သူက ဝိညာဉ်ကျောက်တုံးတွေကို ထင်းလိုမျိုး သုံးနေရလေသည်။

ရူးချင်စရာပဲ မဟုတ်လား။

ထို့ပြင် သူက ဓားရိုး နှစ်မျိုးလုံး ပိုင်ဆိုင်ထား၍လား၊ ခန္ဓာကိုယ် သန့်စင်မှုကြောင့်လား မသိသော်လည်း သူ၏ဒန်တျန်က အောက်ခြေမရှိသော တွင်းနက်ကြီးလို ဖြစ်နေ၏။

သူ တွက်ချက်ကြည့်လိုက်သော် လီချင်းရန်က ကျင့်စဉ်တစ်ဆင့် ပြီးရန်အတွက် စိတ်ဝိညာဉ် ချီစွမ်းအင် ၁ယူနစ် လိုအပ်သည်ဆိုလျှင် သူက ၁၀၀ လိုအပ်သည်။

သူ၏ လက်ရှိအဆင့်က ချီစွမ်းအင်သန့်စင်ခြင်း ပဉ္စမအဆင့် ဖြစ်သည်။

အခြေခံအုတ်မြစ်အဆင့်ကို တက်လှမ်းရန် ကုန်ကျမည့် ဝိညာဉ်ကျောက်တုံး အရေအတွက်ကို အသာထား။ အချိန်ကတင် တစ်လနီးပါး ကြာမြင့်လိမ့်မည်။

ချင်းယွန်ဘုံတွင် ထိုအချိန်က ကမ္ဘာကြီး၏ တစ်ဝက်လောက် ပြောင်းလဲသွားရန် လုံလောက်သော အချိန်ပင်။

ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ။

“ဒါက တကယ့်ကို ကောင်းမယ့်ပုံပဲ။ ငါ့မှာလည်း အခုလောလောဆယ် အရေးကြီးတာ ဘာမှ မရှိသေးဘူး။ ငါ ဝင်ပြိုင်မယ်။” ချန်ဟွိုက်အန် ခေါင်းညိတ်ပြီး မေးလိုက်သည်။ “ဒါနဲ့ ဘယ်လို စာရင်းသွင်းရမှာလဲ။”

“ဟီးဟီး...” လင်းလင်လင်က လျှာလေးထုတ်ပြလိုက်သည်။ “ကျွန်မတို့ ရှင့်ကို စာရင်းသွင်း ပေးပြီးသားပါ...”

ချန်ဟွိုက်အန်- “...”

လျို့ဝှက်နံပါတ်ကော...

...

All Chapters