အခန်း (၄၇၆၁-၄၇၆၅)
Vol. 241 Ch. 4761-4765
Chapter 4761
"ဒီအသုံးမကျတဲ့ မင်းသားကို သင်ခန်းစာပေးသင့်တာ အချိန်အတော်ကြာနေပြီ"
လူရိုင်းစစ်သည်တော်တစ်ဦးက အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။
လုယွီက ယုံဘုရင်ကို သူတို့၏ရှေ့တွင် ဆူပူကြိမ်းမောင်းလိုက်ခြင်းမှာ သူတို့အတွက် အလွန်ကျေနပ်စရာကောင်းလှသည်။
လူရိုင်းစစ်သည်များအားလုံးသည် လုယွီကို လေးစားစွာဖြင့် ကြည့်လိုက်ကြ၏။
"အရှင်လု...ယုံဘုရင်က မင်းသားတစ်ပါးပဲလေ... ကျွန်တော်တို့ သူ့ကို တကယ်ပဲ ဒီလိုလုပ်လို့ရရဲ့လား"
လူရိုင်းစစ်တပ်မတော်မှ တပ်မှူးထံတွင် ကြောက်ရွံ့မှုအချို့ ရှိနေဆဲပင်။
သူသည် လူရိုင်းတစ်ဦးမဟုတ်ဘဲ နန်းတော်မှနေ၍ လူရိုင်းများကို ဦးဆောင်ရန် စေလွှတ်လိုက်သော စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။
အမှန်အားဖြင့် လူရိုင်းစစ်တပ်မှ စစ်သားကိုးဆယ်ရာခိုင်နှုန်းသည် လူရိုင်းများဖြစ်သော်လည်း အဓိကနေရာများရှိ အရာရှိအများစုသည် တော်ဝင်မြို့တော်မှ စေလွှတ်လိုက်သောလူများပင်။
ဤအရာရှိများအနက်မှ အများစုသည် ကျောင်းတော်သားများဖြစ်ကြသည်။ သူတို့၏ အရိုးများအတွင်းတွင် လေးစားမှုနှင့် ရိုသေမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို သယ်ဆောင်ထားဆဲပင်။ ထို့ကြောင့် သူတို့မှာ ယုံဘုရင်ကဲ့သို့သော တော်ဝင်မိသားစုဝင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်၌ ချုပ်တည်းနေပုံရသည်။
လုယွီသည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိချေ။ ယခင်ကတည်းက သူသည် ဤကိစ္စများကို ဂရုမစိုက်ခဲ့ပေ။
သူ ဤနေရာသို့ ရောက်လာချိန်တွင် ထန်စစ်တပ်ကို ဖျက်ဆီးရန်မှလွဲ၍ တခြားအရာများကို အမှုမထားချေ။ သူ၏လမ်းကို ပိတ်ဆို့သူမည်သူမဆို သူ၏ရန်သူ ဖြစ်လာပေလိမ့်မည်။
"မင်းတို့ ဒီနေရာကိုလာရတဲ့ ရည်ရွယ်ချက်ကို သတိရစမ်း....မင်းတို့ကို တားဆီးရဲတဲ့ ဘယ်သူမဆို စစ်ပွဲကို နှောင့်နှေးစေရင် သနားညှာတာမှုမရှိဘဲ သတ်ပစ်ရမယ်...ဘာပဲဖြစ်လာလာ ငါတာဝန်ယူမယ်"
လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
လူရိုင်းစစ်တပ်၏တပ်မှူးသည် တည်ကြည်လေးနက်သောအမူအယာဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ..."
သူ၏နောက်မှ လူရိုင်းစစ်တပ်သည် ရှေ့သို့ တိုးဝင်ကာ နန်းတော်တစ်ခုလုံးကို နေရာမလပ် စတင်ရှာဖွေလိုက်ကြ၏။
ပုန်းအောင်းပြီး ခုခံရန် ပြင်ဆင်နေသော ထန်စစ်သားတချို့လည်း ရှိသော်လည်း သူတို့အားလုံးမှာ လူရိုင်းစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
လုယွီသည် ထန်စစ်သားများအပေါ် စိတ်ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ခဲ့သော်လည်း သူ အလွန်စိတ်ပျက်သွားသည်။ ဤလူများသည် အမိန့်များကိုသာ လိုက်နာနေကြပြီး ကောင်းရှစ်ကျီး မည်သည့်နေရာ၌ ရှိနေသည်ကို မသိကြချေ။
သို့ရာတွင် သူ အတပ်ပြောနိုင်သည်မှာ ကောင်းရှစ်ကျီးသည် ဤနေရာ၌ ရှိမနေခဲ့ချေ။
"သူ ဒီမှာမရှိဘူး..."
လုယွီသည် ရုတ်တရက် မကောင်းသော နိမိတ်တစ်ခုကို ခံစားမိသည်။
ထိုအချိန်မှာပင် စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့တချို့သည် အဝေးမှ ပျံဝဲလာပြီး လုယွီ၏ လက်အတွင်းသို့ ကျရောက်လာသည်။
ဤစိတ်ဝိညာဉ်အဆောင်လက်ဖွဲ့များပေါ်မှ စာများသည် ကျန်းရီမှ လုယွီထံသို့ ရေးသားပေးပို့ခဲ့ခြင်းပင်။ ထိုအရာများပေါ်တွင် အတုအပကာကွယ်ရေး အမှတ်အသားများ ရှိနေသည်။
ပထမဆုံး အဆောင်လက်ဖွဲ့တွင် ကျန်းရီက ကောင်းကင်ကွန်ယက်အတွင်းသို့ သူလျှိုများ စိမ့်ဝင်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။ လက်ရှိတွင် သူသည် ကောင်းကင်ကွန်ယက်အတွင်းသို့ စိမ့်ဝင်နေခဲ့သော ထန်အင်ပါယာမှ သူလျှိုအားလုံးကို ရှာဖွေနေသည်။ ယခုချိန်၌ ကောင်းကင်ကွန်ယက်က ပေးပို့လိုက်သော သတင်းအချက်အလက်များကို အတည်ပြု၍ မရတော့ချေ။
ကျန်းရီက သူသည် လုယွီအား ကျေနပ်ဖွယ်ကောင်းသော အဖြေတစ်ခုကို သေချာပေါက် ပေးမည်ဟု ထပ်ခါတလဲလဲ ကတိပေးခဲ့သည်။
အဆောင်လက်ဖွဲ့ပေါ်တွင် ရေးသားနိုင်သော အရာများမှာ အကန့်အသတ်ရှိသဖြင့် ကျန်းရီသည် အသေးစိတ်ကျကျ မဖော်ပြခဲ့ချေ။ သူသည် ကောင်းကင်ကွန်ယက်၏ ကိစ္စရပ်များကို ကြီးကြပ်ရန် ရှေ့တန်းသို့ သူကိုယ်တိုင်လာခဲ့မည်ဟု ရေးသားထားလေ၏။
ဒုတိယ အဆောင်လက်ဖွဲ့တွင် နောက်ဆုံးတိုက်ပွဲသတင်းများ ပါဝင်သည်။
ကောင်းရှစ်ကျီး လီမီ လီကွမ်းပိ ကဲရှုဟန်နှင့် တခြားသူများအားလုံ ကျားလှောင်အိမ် တောင်ကြားခံတပ်သို့ ရောက်ရှိနေကြလေပြီ။
ထန်စစ်တပ်၏ တပ်ရင်းဆယ့်ခြောက်ရင်းသည် ထိခိုက်သေဆုံးမှုများစွာ ခံစားခဲ့ရသော်လည်း သူတို့၏အဓိကတပ်အင်အားသည် ရှိနေဆဲပင်။ ဤအချိန်တွင် သူတို့သည် တာယွီဘက်မှ ပိတ်ဆို့မှုအလွှာများကို ထိုးဖောက်ကာ ကျားလှောင်အိမ်ခံတပ်သို့ ရောက်ရှိသွားပေ၏။
ဤသတင်းကို မြင်သည်နှင့် လုယွီသည် သူ အမှားကြီး မှားခဲ့ပြီဖြစ်ကြောင်း သိလိုက်သည်။
ကောင်းရှစ်ကျီး၏ ကိုယ်ရံတော်စစ်တပ်ဖြစ်စေ လမ်းကြောင်းများကို ပိတ်ဆို့ရန် တာဝန်ယူထားသော ထန်စစ်တပ်များဖြစ်စေ သူတို့အားလုံးသည် တာယွီစစ်တပ်မတော်ကို အချိန်ဆွဲထားသည့် နယ်ရုပ်များသာ ဖြစ်သည်။
သူတို့၏ ရည်မှန်းချက်သည် ထန်စစ်တပ်၏ အဓိကတပ်ကို ကျားလှောင်အိမ်ခံတပ်သို့ ချောမွေ့စွာ ရောက်ရှိသွားစေရန်ပင်။
"ငါ ဒါကို စောစောကတည်းက စဉ်းစားခဲ့သင့်တယ်"
လုယွီက ခေါင်းခါလိုက်သည်။
ကောင်းရှစ်ကျီး၏ အရည်အချင်းအရ သူအသက်လုပြေးလျှင်ပင် သူသည် သုံးဖက်သုံးတန် တောင်တန်းများဖြင့် ဝန်းရံထားသော ဤနေရာသို့ ထွက်ပြေးရန် မဖြစ်နိုင်ပေ။ ထိုသို့ပြုလုပ်ပါက သူသည် သူ၏ သင်္ချိုင်းကို သူကိုယ်တိုင် တူးနေသည်မှာ ထင်ရှားနေပေမည်။
ထိုကိုယ်ရံတော်စစ်သားများသည် အသေခံရန် ဆုံးဖြတ်ထားကြ၏။ သူတို့သည် တာယွီစစ်တပ်ကို နှောင့်နှေးစေပြီး ထန်စစ်တပ်ကို အခွင့်အရေးတစ်ခု ပေးလိုကြသည်။
"စစ်သားတွေအားလုံး ချက်ချင်းထွက်ခွာမယ်.... ထန်အခြေစိုက်စခန်းအားလုံးကို စွန့်လွှတ်ပြီး ကျားလှောင်အိမ် တောင်ကြားလမ်းဆီကို ဦးတည်ကြစမ်း"
လုယွီက အမိန့်ပေးပြီးနောက် ချန်းဖိန်ကြယ်နယ်မြေမှ ထွက်ခွာသွားခဲ့သည်။
ဝံပုလွေအုပ် စစ်နည်းဗျူဟာသည် စွမ်းအားပြည့်ကို ထုတ်ဖော်ပြသခဲ့သည်။ ထန်တပ်မတော်၏ ထောက်ပံ့ရေးသည် လုံးဝနီးပါးပျက်စီးသွားခဲ့ပေ၏။ ထန်စစ်တပ်သည် ကျားလှောင်အိမ်တောင်ကြားခံတပ်တွင် အချိန်အကြာမြင့်စွာ နေနိုင်မည် မဟုတ်ချေ။
လုယွီသည် အမှားလုပ်ခဲ့ပြီးဖြစ်သည်။ သူသည် ထိုအမှားကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်။
Chapter 4762
အမှန်အားဖြင့် ပုန်းကွယ်နဂါးစစ်တပ်သည် လုယွီ စိတ်ကူးထားသည်ထက် များစွာ ပို၍ လျင်မြန်သည်။
ထန်စစ်တပ်၏ အဟန့်အတားသည် ထိရောက်သော်လည်း ပုန်းကွယ်နဂါးစစ်တပ်သည် ပို၍ပင် လျင်မြန်စွာ ရှေ့သို့ တိုးလာခဲ့သည်။ တပ်ရင်းများအနက်မှ တစ်ခုသည် ကျားလှောင်အ်မ်တောင်ကြားခံတပ်ရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။
လူရိုင်းစစ်တပ်နှင့် တခြားဒေသခံစစ်တပ်များသည်လည်း လုယွီ၏ အမိန့်များကို လိုက်နာကြသည်။ သူတို့သည် ထန်စစ်တပ်၏ သေးငယ်သော ခံတပ်ငယ်များကို မနှောင့်ယှက်တော့ဘဲ ကျားလှောင်အိမ်တောင်ကြားခံတပ်ထံသို့ အစွမ်းကုန် တိုးဝင်တိုက်ခိုက်ကြသည်။
လုယွီ၏ ပျံသန်းနှုန်းသည် အလွန်လျင်မြန်ပေ၏။ သူ၏ သိုင်းအင်မော်တယ်ခန္ဓာကိုယ်ကြောင့် သူ၏ အမြင့်ဆုံးအရှိန်သို့ တွန်းတင်နိုင်ခဲ့ပြီး အဓိကစစ်တပ်ကို အလွန်လျင်မြန်စွာ လိုက်မီသွားသည်။
အဝေးတွင် ထန်စစ်တပ်မှ တပ်ဖွဲ့အချို့ တိုက်ခိုက်ရန် ပြင်ဆင်နေဆဲပင်။
ဤထန်စစ်တပ်၏တပ်ဖွဲ့များတွင် လူထောင်ပေါင်းများစွာရှိပြီး သူတို့သည် ချောင်းမြောင်းတိုက်ခိုက်ရာတွင် ထူးချွန်ကြသဖြင့် တာယွီစစ်တပ်တစ်တပ်လုံးကို မောပန်းစေသည်။
"ဘုန်း...."
လုယွီသည် အပိုစကားမပြောဘဲ အဝေးမှနေ၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ဤလက်သီးစိတ်ဆန္ဒသည် မိုင်ပေါင်းများစွာ ကျယ်ပြန့်ပေ၏။ အဝေးမှ ထန်တပ်ဖွဲ့သည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ လက်သီးစွမ်းအားဖြင့် ချက်ချင်းပင် သွေးမြူခိုးများအဖြစ်သို့ ပေါက်ကွဲသွားသည်။
သူ၏နောက်မှ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများသည် လုယွီကို ရိုသေလေးစားစွာဖြင့် ကြည့်လိုက်ကြ၏။ သူတို့၏ စစ်ဗိုလ်ချုပ်များသည်လည်း လူထောင်ပေါင်းများစွာကို အလွယ်တကူ ရင်ဆိုင်နိုင်ကြသည်။ သို့ရာတွင် သူတို့သည် လုယွီကဲ့သို့ တည်ငြိမ်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုံစံဖြင့် လူထောင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခြင်း မရှိချေ။
မကြာမီတွင် လုယွီသည် အလျင်စလို ရောက်လာသော ကျန်းရီကို မြင်တွေ့လိုက်သည်။
ကျန်းရီသည် ဤအချိန်တွင် ယခင်နှင့် လုံးဝကွဲပြားခြားနားသော လူတစ်ယောက်နှင့်တူနေသည်။ သူ၏ မျက်လုံးများသည် သွေးနီရောင်သန်းနေပြီး သူ၏ ဆံပင်များ ဖရိုဖရဲဖြစ်နေသည်။ သူသည် အလွန်သနားဖွယ်ကောင်းသော အခြေအနေတွင် ရှိနေပေ၏။
"ကျွန်တော် အပြစ်ရှိပါတယ်... အရှင်က ဒီလောက်အရေးကြီးတဲ့ အဖွဲ့အစည်းကို ကျွန်တော့်ကို ပေးခဲ့တာ... ဒါပေမဲ့ ကျွန်တော်က အမှားကြီး မှားခဲ့ပါတယ်"
လုယွီကို မြင်တွေ့ချိန်တွင် ကျန်းရီသည် ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ၏ အမှားကို ဝန်ခံရန် ခေါင်းငုံ့လိုက်သည်။
သူသည် အလွန်မာနကြီးသော လူတစ်ယောက်ပင်။ သူသည် သူ၏ စကားကို တည်သော လူတစ်ယောက်ဖြစ်ပြီး လောကကြီးတစ်ခုလုံး သူ၏ စစ်တုရင်ခုံဖြစ်သည်။ သူထံတွင် မာနထောင်လွှားသော သဘောထားရှိသည်။
သို့ရာတွင် ယခုချိန်တွင်မူ ကျန်းရီထံတွင်မာန်မာနများမရှိတော့ချေ။ သူ၏စိတ်နှလုံးသားအတွင်းတွင် ကြောက်ရွံ့မှုနှင့် မငြိမ်မသက်မှုများ ပြည့်နှက်နေသော်လည်း သူ၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားနိုင်ဆဲပင်။
လုယွီ၏ လက်အောက်ငယ်သားများတွင်လည်း အတွင်းရေးပဋိပက္ခများ ရှိနေသည်။
ဤသည်မှာ သိသိသာသာ မဟုတ်သော်လည်း ကျန်းရီသည် ထက်မြက်သော လူတစ်ယောက်ဖြစ်သဖြင့် သူသည် ထိုကိစ္စကို ခံစားမိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ကောင်းကင်ကွန်ယက်ကို ဖေးထျန်းကွမ်းကိုယ်တိုင် တည်ထောင်ခဲ့ပြီး သူတို့အနက်မှ အများစုသည် သူ၏ အမိန့်အောက်တွင် ရှိနေကြသည်။ ကျန်းရီသည် ရုတ်တရက် ဤအဖွဲ့အစည်းကို လွှဲပြောင်းယူလိုက်သဖြင့် သူ၏ လက်အောက်ငယ်သားများ မကျေမနပ်ဖြစ်မည်ကို ရှောင်လွှဲ၍မရချေ။
သို့ရာတွင် ယခုချိန်တွင်မူ ကောင်းကင်ကွန်ယက်အတွင်းသို့ သူလျှိုများ၏ စိမ့်ဝင်မှုအောက်တွင် ပုန်းကွယ်နဂါးစစ်တပ်ထံသို့ အတုအယောင် ထောက်လှမ်းရေးသတင်းများ ပေးပို့ခဲ့သည်။
သတင်းအချက်အလက်၏ ကိုးဆယ်ရာခိုင်နှုန်းသည် အစစ်ဖြစ်ပြီး ဆယ်ရာခိုင်နှုန်းမှာ အတုဖြစ်သည်။ သို့ရာတွင် ထိုအတုအယောင် သတင်းအချက်အလက် ဆယ်ရာခိုင်နှုန်းသည် ပုန်းကွယ်နဂါးစစ်တပ်ကို အလွန်အလုပ်ရှုပ်စေပြီး ထိရောက်မှုများများစားစား မရရှိခဲ့ချေ။
ပုန်းကွယ်နဂါးစစ်တပ်နှင့် ကောင်းကင်ကွန်ယက်မှ လူအများအပြားသည် ကျန်းရီအပေါ် အဆိုးမြင်မှတ်ချက်တချို့ ရှိနေကြသည်။
လုယွီက ကျန်းရီကို အချိန်အတော်ကြာကြည့်ပြီးနောက် ပြောဆိုလိုက်သည်။
"ဆရာကျန်း...မင်းက အရမ်းအလေးအနက်ထားလွန်းနေပြီ.... ထန်အင်ပါယာက သူလျှိုတွေကို ကာကွယ်ရတာ ခက်ခဲတယ်...အခု ကောင်းကင်ကွန်ယက်က ဒီလောက်ကြီးမားနေမှတော့ ပေါ့ဆမှုတချို့ ရှိနေမှာကို ရှောင်လွှဲမရဘူး..."
ကျန်းရီက အလျင်အမြန် ဦးညွှတ်ပြီး ပြောဆိုလိုက်၏။
"ဒါက ကျွန်တော့်ရဲ့ အရည်အချင်းမရှိမှုပါ... ကျွန်တော့်ကို အချိန်နည်းနည်းပေးပါ.... ကျွန်တော်က အရှင် စိတ်ကျေနပ်စေမယ့် အဖြေတစ်ခု သေချာပေါက် ပေးပါ့မယ်..."
လုယွီ၏မျက်နှာအမူအယာ တည်ငြိမ်နေပြီး သူသည် မည်သည့်စကားတစ်ခွန်းမျှ မဆိုဘဲ ကျန်းရီ၏ပခုံးကို ပုတ်လိုက်သည်။
"နောက်ပြီး မင်းကို ကိုင်တွယ်စေချင်တဲ့ အရေးကြီးကိစ္စတစ်ခုရှိတယ်"
လုယွီက ပြောဆိုသည်။
ကျန်းရီသည် ချက်ချင်း တက်ကြွသွားပြီး တုံ့ပြန်လိုက်၏။
"ပြောပါ အရှင်...."
လုယွီက ပြောဆိုသည်။
"ချင်ယွီဆီကို ချက်ချင်း သတင်းပို့လိုက်...သူ့ကို သူ့ရဲ့ စစ်ဆင်ရေးကို ရပ်ပြီး သူ့တပ်တွေကို စခန်းဆီ ပြန်ခေါ်လာဖို့ ပြောလိုက်...ငါ့အမိန့်ကို စောင့်နေရမယ်"
ကျန်းရီ၏မျက်လုံးများအတွင်း၌ တောက်ပသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် သူသည် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို ချက်ချင်း နားလည်သွားသည်။
"ဟုတ်ကဲ့ပါ အရှင်"
ကျန်းရီက ဦးညွှတ်ပြီး အလျင်စလို ထွက်ခွာသွားသည်။
စစ်မြေပြင်တစ်ခုလုံး ပရမ်းပတာဖြစ်နေသည်။ ယခုချိန်သည် သူ ဤပရမ်းပတာအခြေအနေကို ချိုးနှိမ်ရမည့်အချိန်ပင်။ သူသည် နောက်ထပ် နှောင့်နှေးကြန့်ကြာ၍ မဖြစ်တော့ချေ။
အခြားတစ်ဖက်တွင် လုယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထန်စစ်တပ်ကဲ့သို့ ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရသောအချိန်၌ သူသည် လှုပ်ရှားမှုတိုင်းကို သေချာစဉ်းစားရပေမည်။
တာယွီစစ်တပ်၏ အဓိကတပ်သည် အလွန်လျင်မြန်စွာ ရှေ့သို့ချီတက်သွားခဲ့သည်။ နှစ်ရက်အတွင်းမှာပင် သူတို့သည် ကျားလှောင်အိမ်တောင်ကြားခံတပ်၏ ပုံသဏ္ဌာန်ကို မြင်နိုင်ခဲ့လေပြီ။
ပုန်းကွယ်နဂါးစစ်တပ်သည် အချိန်မီ ရောက်ရှိခဲ့သော်လည်း သူတို့သည် ခံတပ်ကို ဝန်းရံရန် လူအင်အားမလုံလောက်ချေ။ ထို့ကြောင့် သူတို့သည် ခံတပ်ကိုဝန်းရံအတွက် အားဖြည့်တပ်များကို စောင့်ဆိုင်းရန် ရွေးချယ်ခဲ့ကြသည်။
Chapter 4763
"အရှင်လုကို ဂါရဝပြုပါတယ်"
တပ်မှူးချောင်ပေါင်က ဦးညွှတ်အရိုအသေပြုလိုက်သည်။
လုယွီက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ "လက်ရှိအခြေအနေအကြောင်း သတင်းပို့စမ်း"
ချောင်ပေါင်၏စစ်တပ်သည် ကျားလှောင်အိမ်တောင်ကြားခံတပ်သို့ ပထမဆုံး ရောက်ရှိခဲ့သည်။ သူတို့ ဤမျှထိ လျင်မြန်ရသည့် အကြောင်းရင်းမှာ တိုက်ဆိုင်မှုသက်သက်ကြောင့်ပင်။
ထန်စစ်တပ်မှ သတင်းအချက်အလက်များသည် အလွန်တိကျပေ၏။ တာယွီ၏စစ်ပွဲအောင်မြင်မှုစာရင်းမှ စစ်တပ်တိုင်းနီးပါး ထန်တပ်ဖွဲ့များ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရပေမည်။
ချောင်ပေါင်မှာ အစပိုင်းတွင် အတူတူပင်ဖြစ်သော်လည်း သူ ထန်စစ်တပ်၏ ခံတပ်ငယ်တစ်ခုထံသို့ သွားတော့မည့်အချိန်တွင် သူသည် ရုတ်တရက် တခြားသတင်းအချက်အလက်တစ်ခုကို လက်ခံရရှိခဲ့သည်။ ဤသည်မှာ ထန်စစ်တပ်၏ အဓိကတပ်သည် ကျားလှောင်အိမ်တောင်ကြားခံတပ်သို့ ရောက်ရှိနေခြင်းပင်။
ကောင်းကင်ကွန်ယက်၏ ထောက်လှမ်းရေးကွန်ယက်သည် သူလျှိုများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
သို့ရာတွင် လုယွီ၏ အမိန့်အောက်မှ အကြီးဆုံး ထောက်လှမ်းရေးအဖွဲ့အနေဖြင့် ကောင်းကင်ကွန်ယက်သည် လုံးဝအသုံးမကျသည်တော့ မဟုတ်ချေ။ သူလျှိုများ၏ ပိတ်ဆို့မှုအောက်တွင် တစ်စုံတစ်ယောက်က စစ်မှန်သော သတင်းပို့ချက်ကို ချောင်ပေါင်ထံသို့ ပေးပို့နိုင်ခဲ့ဆဲပင်။
ချောင်ပေါင်သည် ယခင်က သူတော်စင်ပင်လယ်ကြယ်နယ်မြေကို စောင့်ကြပ်သော စစ်ဗိုလ်ချုပ်ဖြစ်ခဲ့ပြီး လုကျင့်ရှန်းကဲ့သို့ပင် သူသည်လည်း လုယွီနှင့် ပူးပေါင်းခဲ့သော တာယွီ စစ်ဘက်အရာရှိတစ်ဦးဖြစ်သည်။
သူ၏ မြင့်မားသော စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုက သူ့ကို အလွန်ရှင်းလင်းစွာ သဘောပေါက်စေသည်။ ထန်စစ်တပ်သည် တာယွီစစ်တပ်ကို လမ်းလွဲစေရန် ကြိုးစားနေပြီး အဓိကတပ်ကို ကျားလှောင်အိမ်တောင်ကြားခံတပ်သို့ ခိုးဝင်နိုင်စေရန်ပင်။ ထို့ကြောင့် ချောင်ပေါင်သည် လျင်မြန်သော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ကာ သူ၏တပ်များကို ကျားလှောင်အိမ် တောင်ကြားခံတပ်သို့ အရှိန်အပြည့်ဖြင့် သွားရန် အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဤသတင်းကို လုယွီထံသို့ ပေးပို့ခဲ့လေ၏။
သို့ရာတွင် လုယွီသည် ချောင်ပေါင်ထံမှ သတင်းတစ်စုံတစ်ရာ မရရှိခဲ့ချေ။ ဤသတင်းပို့စာလွှာသည် လမ်းတစ်ဝက်တွင် ထန်တပ်မတော်၏ သူလျှိုများက လုယက်ခြင်းခံလိုက်ရပုံရသည်။
"ထန်စစ်တပ်က တပ်မှူးတွေအားလုံး ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ပြန်ရောက်သွားကြပြီ....ယခုချိန်မှာ ထန်စစ်တပ်တစ်တပ်လုံးက လီမီ၏ အမိန့်အောက်မှာ ရှိနေတယ်.... ကောင်းရှစ်ကျီး လီကွမ်းပိ ကဲရှုဟန်နဲ့ တခြားလူတွေအားလုံးက ဒီအချိန်တလျှောက်လုံး ဒဏ်ရာကုသနေကြတယ်...ရန်သူတွေရဲ့ကာကွယ်ရေးကအတော်လေးတင်းကြပ်တာကြောင့် ကျွန်တော်တို့ရဲ့ ကင်းထောက်တွေ မဝင်နိုင်ခဲ့ဘူး"
ချောင်ပေါင်က သတင်းပို့သည်။
လုယွီက မေးမြန်းသည်။
"ချင်ယွီအကြောင်း သတင်းရှိလား..."
ချောင်ပေါင်က ခေါင်းခါလိုက်၏။
"ချင်ယွီရဲ့ တပ်ဖွဲ့တွေနဲ့ ဆက်သွယ်လို့မရသေးဘူး...အရင်က ကျွန်တော်တို့က ကျားလှောင်အိမ် တောင်ကြားခံတပ်ထဲက သူလျှိုတွေကနေတဆင့် အချင်းချင်း ဆက်သွယ်နေခဲ့တာပါ.... ဒီအချိန်အတောအတွင်းမှာ ထန်စစ်တပ်က သူတို့ရဲ့ လုံခြုံရေးတွေကို တိုးမြှင့်လိုက်တယ်.... ကျွန်တော်တို့လည်း အချင်းချင်း ဆက်သွယ်လို့မရတော့ဘူး"
"တစ်ယောက်ယောက်ကို ထပ်ပြီးစုံစမ်းခိုင်းလိုက်စမ်း..."
လုယွီက အမိန့်ပေးလိုက်သော်လည်း သူသည် ခံတပ်ကို အလျင်စလို တိုက်ခိုက်ရန် အမိန့်မပေးခဲ့ပေ။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်တွင် ကျားလှောင်ကန် တောင်ကြားခံတပ်သည် ဧရာမလူဘီလူကြီးတစ်ကောင်အလား ကောင်းကင်နှင့် မြေပြင်အကြားတွင် ရပ်တည်နေသည်။
ဤဧရာမခံတပ်မြို့ကြီးသည် ရှေးဟောင်းအလယ်ခေတ်ကတည်းက တည်ရှိခဲ့ပြီး ဤသည်မှာ အတိတ်က စစ်ရေးကျွမ်းကျင်သူများအားလုံး ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရသော နေရာတစ်ခုဖြစ်သည်။
ထိုစဉ်က တာယွီ၏ မဟာဘိုးဘေးဖြစ်စေ ယခု ထန်စစ်တပ်ဖြစ်စေ သူတို့သည် အလစ်အငိုက်တိုက်ခိုက်ခြင်းဖြင့် အနိုင်ရခဲ့ကြသည်။ အလွန်နည်းပါးသော လူများသာ ထိပ်တိုက်တိုက်ခိုက်ခြင်းကို စတင်ခဲ့ကြပြီး ထိုသို့ပြုလုပ်ခြင်းအတွက် ပေးဆပ်ရသောတန်ကြေးသည် အလွန်ကြီးမားပေ၏။
စစ်ပွဲသည် တာအိုသခင်အဆင့်အောက်တွင် ကန့်သတ်ထားသည်။ နှစ်ဖက်စလုံးမှ တာအိုသခင်များသည် သူတို့၏ အခြေခံအုတ်မြစ်ကို ဖုံးကွယ်ထားသကဲ့သို့ ပြုမူကာ အလွယ်တကူ မလှုပ်ရှားကြချေ။
တာအိုသခင်အောက်မှ ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားသော စစ်တပ်တစ်တပ်သာ မြို့ကို တိုက်ခိုက်ရန် ရွေးချယ်ပါက သူတို့သည် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေမည်။
ကြယ်တာရာများပြည့်နေသော ကောင်းကင်တွင် ထန်စစ်တပ်ကို ဖျက်ဆီးရန် သူတို့၏အစီအစဉ်သည် မအောင်မြင်ခဲ့ပေ။ ကြွင်းကျန်သော ထန်စစ်တပ်သည် ဤဧရာမခံတပ်မြို့ကြီးအတွင်းတွင် ပုန်းအောင်းနေကြသည်။ သို့ရာတွင် ထန်စစ်တပ်သည် ကျားလှောင်အိမ်တောင်ကြားခံတပ်တွင် အချိန်အကြာကြီး နေမည်မဟုတ်ကြောင်း လုယွီက သိရှိထားသည်။ အထောက်အပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းသည် ဖြတ်တောက်ခြင်းခံလိုက်ရပြီး ဧရာမထန်စစ်တပ်သည် နေ့စဉ် ကြီးမားသော အရင်းအမြစ်ပမာဏကို သုံးစွဲနေသည်။ သူတို့သည် ကျားလှောင်အိမ်တောင်ကြားလမ်းကို စွန့်ခွာသွားမည်မှာ သေချာပေါက်ပင်။
သူတို့သည် ကျားလှောင်အိမ်တောင်ကြားခံတပ်ကို စွန့်ခွာသည်နှင့် တပြိုင်နက် ထန်စစ်တပ်၏ တိုက်ပွဲအစီအစဉ်သည် ရှုံးနိမ့်ကြောင်း ကြေညာရပေမည်။
စစ်ဘက်ဆိုင်ရာအမိန့်များသည် အလွန်လေးနက်ပေ၏။ ထန်စစ်တပ်၏ အနှောင့်အယှက်အားလုံးကို လျစ်လျူရှုပြီးနောက်တွင် တာယွီစစ်တပ်အသီးသီးသည် အလွန်လျင်မြန်စွာ ရှေ့သို့ချီတက်လာကြသည်။
တစ်ရက်အတွင်းမှာပင် ပုန်းကွယ်နဂါးစစ်တပ် ဒေသခံစစ်တပ်နှင့် တခြားစစ်တပ်များသည် ကျားလှောင်အိမ်တောင်ကြားခံတပ်အောက်တွင် စုရုံးရောက်ရှိလာကြသည်။
မိုင်တစ်ရာအတွင်း ပြည့်နှက်နေသော တပ်ရင်းများသည် သူတို့၏ အလံများကို ဝှေ့ယမ်းလိုက်ကြ၏။ စစ်ဗုံသံများနှင့်အတူ စစ်သားအားလုံး၏ အော်ဟစ်သံများသည် မိုးကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသည်။
လုယွီသည် တိုက်ပွဲဝင်ဝင်္ကပါကြီး၏ရှေ့သို့ ရောက်ရှိလာသည်။ သူ၏ မျက်လုံးအကြည့်သည် အဝေးမှ မိုင်သောင်းချီရှည်လျားသောသော တောင်ကြားခံတပ်ပေါ်တွင် ကျရောက်နေပေ၏။
ကျားလှောင်အိမ်တောင်ကြားခံတပ်၏ မြို့ရိုးပေါ်တွင် ထန်စစ်သားများ မတ်တတ်ရပ်နေကြသည်။ မရေမတွက်နိုင်သော မျက်လုံးအကြည့်များသည် လုယွီအပေါ်တွင် စူးစိုက်၍ကျရောက်နေသည်။
"အရှင်လု....လမ်းတလျှောက်က ရှုခင်းတွေ ဘယ်လိုနေလဲ"
လီမီက ရှေ့ထွက်လာပြီး ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
လုယွီက တုံ့ပြန်လိုက်၏။
"ကြယ်တာရာတွေက တောက်ပပြီး လှနေပေမယ့် ကံမကောင်းချင်တော့ ထန်အလောင်းတွေကြောင့် စွန်းထင်းသွားတယ်"
ဤစကားကို ကြားသည်နှင့် မြို့ရိုးများပေါ်တွင် မတ်တတ်ရပ်နေသော မရေမတွက်နိုင်သော ထန်စစ်သားများထံမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
Chapter 4764
ထန်စစ်တပ် စစ်ပွဲအစကတည်းက တားဆီး၍မရနိုင်ဖြစ်ခဲ့ပြီး မြို့တော်အတွင်းသို့ ကျူးကျော်ဝင်ရောက်နိုင်ရန် နီးကပ်နေလေပြီ။
သို့ရာတွင် လုယွီ ရောက်ရှိလာကတည်းက အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ပုန်းကွယ်နဂါးစစ်တပ်သည် ထန်စစ်တပ်ကို အကြွင်းမဲ့ အားသာချက်ဖြင့် ချေမှုန်းခဲ့သည်။ ထန်စစ်တပ်၏ ထိခိုက်သေဆုံးမှုများမှ ထက်ဝက်ကျော်မှာ အခြေခံအားဖြင့် ပုန်းကွယ်နဂါးစစ်တပ်၏တိုက်ခိုက်မှုမှ လာသည်။
လုယွီသည် ထန်စစ်တပ်၏မျက်လုံးအတွင်းမှ ဆူးငြောင့်ဖြစ်လာခဲ့သည်။
"လုယွီ...မင်းက ထန်အင်ပါယာရဲ့ အမဲလိုက်စာရင်းပေါ်က ထိပ်သီးပစ်မှတ်တွေထဲက တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်...တာယွီနန်းတွင်းက အသုံးမကျတဲ့လူတွေထက် မင်းက အများကြီးပိုအားကောင်းတယ်ဆိုတာ ငါ ဝန်ခံရမယ်..."
လီမီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဒါပေမဲ့ မင်းမှာ စားနပ်ရိက္ခာအများကြီး မကျန်တော့ဘူး မဟုတ်လား... မင်း စစ်သားအများကြီးကို ပြောင်းရွှေ့လာခဲ့တယ်...ဒါပေမဲ့ တာယွီတော်ဝင်နန်းတွင်းက မင်းကို ဆန်တစ်စေ့တောင် ပေးဖို့ ဆန္ဒမရှိဘူး... မင်းဘယ်လောက်ကြာကြာတောင့်ခံနိုင်မှာလဲ"
အေးစက်မှုတစ်ခုက တာယွီစစ်ဗိုလ်ချုပ်များအားလုံး၏ စိတ်နှလုံးသားများကို လွှမ်းခြုံသွားသည်။
တာယွီစစ်တပ်မတော်မှာ စားနပ်ရိက္ခာများ ကုန်ဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဤသည်မှာ စစ်တပ်၏ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်သင့်သော်လည်း ထန်အင်ပါယာမှ သူလျှိုများသည် တာယွီ၏စစ်တပ်အတွင်းတွင် ထည့်သွင်းထားခြင်းခံရသဖြင့် တာယွီ စစ်တပ်မတော်၏အားနည်းချက်များ ပေါ်လွင်သွားခဲ့သည်။
"ဟုတ်လို့လား...မင်းတို့ ထန်စစ်တပ်ကရော ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ"
လုယွီက တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။
လီမီ၏ မျက်နှာပေါ်မှအပြုံး တောင့်တင်းသွားပြီး သူ၏ပါးစပ် တဖြည်းဖြည်း ပိတ်သွားသည်။
ကျားလှောင်အိမ်တောင်ကြားခံတပ်သည် မူလက ထန်စစ်တပ်၏ ရှေ့တန်းစစ်မျက်နှာများအတွက် ပေါင်းကူးတံတားဖြစ်ပြီး ဤနေရာသို့ အချိန်မရွေး ဆုတ်ခွာလာနိုင်သည်။
သို့ရာတွင် လုယွီသည် ဝံပုလွေအုပ်နည်းဗျူဟာကို အသုံးပြု၍ နောက်တန်းမှ ထန်စစ်တပ်၏ သယ်ယူပို့ဆောင်ရေးသင်္ဘောကို တိုက်ခိုက်ခဲ့ပြီး ထန်တပ်မတော်၏ ထောက်ပံ့ရေးကို လုံးလုံးလျားလျား ဖြတ်တောက်ခဲ့သည်။
နှစ်ဖက်စလုံး၏စားနပ်ရိက္ခာ ကုန်ခမ်းတော့မည်ဖြစ်သဖြင့် သူတို့သည် ရေကုန်ရေခမ်း တိုက်ခိုက်ရုံသာ ကျန်တော့သည်။ သူတို့သာ ဆုတ်ခွာပါက သူတို့ လုံးလုံးလျားလျား ရှုံးနိမ့်သွားပေလိမ့်မည်။
"ဟား ဟား ဟား... ဒီလောက် စကားအပိုတွေ ပြောနေတော့လည်း ဘာထူးမှာလဲ...မင်းတို့တပ်က အခုချိန်မှာမောပန်းနေပြီ...စစ်တပ်တစ်တပ်လုံးက ပင်ပန်းနေပြီ.... ငါက မင်းတို့ကို ကြိုစောင့်နေပြီးတော့ ငါတို့စစ်တပ်ရဲ့ စိတ်ဓာတ်က အထွတ်အထိပ်ကို ရောက်နေတယ်...မင်းတို့က ငါ့ရဲ့ပြိုင်ဘက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" လီမီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မောက်မာထောင်လွှားသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"ဒီလောက်အပိုစကားတွေပြောလို့ ဘာထူးမှာလဲ... မင်းတို့ အောက်ဆင်းလာပြီး ငါနဲ့တိုက်ရဲလား"
လုယွီသည် ထိုစကားကို ပြောပြီးနောက် သူက မြို့ရိုးပေါ်တွင် ရပ်နေသော အဆင့်မြင့်ထန်စစ်ဗိုလ်ချုပ်များကို လက်ညှိုးညွှန်လိုက်သည်။ "မင်း...ပြီးတော့ မင်း...မင်းတို့ကို အတူတူတိုက်ခိုက်ခွင့်ပြုတယ်... မင်းတို့ မြို့ရိုးအပြင်ဘက်ကို ထွက်လာရဲလား"
ထန်စစ်စခန်းတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
လုယွီ၏ယခင်အောင်မြင်မှုများကို လူတိုင်း ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။
ထန်စစ်တပ်၏ စစ်နတ်ဘုရား ကောင်းရှစ်ကျီးပင်လျှင် သွေးအန်သည်အထိ အရိုက်ခံခဲ့ရပြီး လုယွီ၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့သည်။
မည်သူမျှ အပြင်ထွက်ရန် မဝံ့ရဲချေ။
တစ်ချိန်က ထန်စစ်တပ်တွင် ရဲရင့်သောစစ်သည်တော်များအဖြစ် လူသိများခဲ့သော ဤထန်စစ်ဗိုလ်ချုပ်များအားလုံး ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြသည်။
လီမီက မျက်မှောင်ကြုတ်လိုက်သည်။ သူအသုံးပြုခဲ့သော ဝင်္ကပါကြီးသည် လုယွီ၏ချိုးဖျက်ခြင်းကိုခံလိုက်ရပြီး သူသည်လည်း တန်ပြန်ဒဏ်ခံခဲ့ရသည်။
"အပိုစကားတွေ ထပ်မပြောနဲ့တော့ မင်းမှာ အရည်အချင်းရှိရင် တိုက်ခိုက်စမ်း..."
လီမီက အေးစက်စက်အော်ငေါက်ပြီး လှည့်ထွက်သွားသည်။
မြို့ရိုးပေါ်တွင် ထန်စစ်သည်တော်များ၏ စိတ်ဓာတ် အလွန်ကျဆင်းနေသည်။
စစ်မြေပြင်တွင် ပုန်းကွယ်နဂါးစစ်သည်တော်များ၏ စိတ်ဓာတ်သည် အထွတ်အထိပ်သို့ ရောက်နေပြီး လူအများအပြားသည် တိုက်ခိုက်ရန် တောင်းဆိုနေကြ၏။
လုယွီသည် စိတ်ကောင်းဝင်နေခြင်း မရှိပေ။ သူသည် ဗဟိုစစ်တဲသို့ သွားကာ ချက်ချင်းပင် စစ်ဗိုလ်ချုပ်များကို ဆွေးနွေးရန် ဆင့်ခေါ်လိုက်သည်။
"အခုလတ်တလောမှာ ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ထိုးဖောက်ဖို့ နည်းလမ်းနှစ်ခုပဲရှိတယ်...တစ်ခုက အတင်းအကြပ် တိုးဝင်တိုက်ခိုက်တာ...နောက်တစ်ခုက ကောင်းရှစ်ကျီးဆီကနေ သင်ယူပြီးတော့ ပတ်ဝန်းကျင်က လေဟာနယ်အက်ကွဲကြောင်းတွေကို ဖြတ်သွားတာပဲ"
စုန့်ချင်းဟူက ပြောဆိုသည်။
လုယွီက ခေါင်းခါလိုက်သည်။
"လေဟာနယ်အက်ကွဲကြောင်းတွေကို ဖြတ်သွားတာက အရမ်းအန္တရာယ်များတယ်...ဒါ့ပြင် ထန်စစ်တပ်က အဲ့ဒီအတွက် ပြင်ဆင်ထားမှာ သေချာတယ်...ငါတို့ ဖြတ်သွားနိုင်ရင်တောင် ငါတို့ရဲ့ အလစ်အငိုက်တိုက်ခိုက်မှုက အောင်မြင်ဖို့ အရမ်းခက်ခဲလိမ့်မယ်"
လုယွီသည် လေဟာနယ်အက်ကွဲကြောင်းများ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို ကောင်းစွာသိသည်။
တာအိုသခင်နယ်ပယ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်ပင် ထိုလေဟာနယ်အက်ကွဲကြောင်းများ၏ အနက်ရှိုင်းနေရာများသို့ ဝင်သွားပါက လမ်းပျောက်သွားနိုင်သည်။
ကျင့်ကြံသူအမြောက်အများသည် လေဟာနယ်အက်ကွဲကြောင်းများအတွင်းတွင် ထောင်ချောက်မိကာ မှောင်မည်းနေသောနေရာ၌ ကူကယ်ရာမဲ့စွာ လှည့်လည်သွားလာကြပြီး အဆုံးတွင် သူတို့၏ အသက်များ ဆုံးရှုံးသွားကြသည်။
ထိုနေရာများတွင် မကြာခဏဆိုသလို လေဟာနယ်မုန်တိုင်းများ ပေါ်ပေါက်တတ်သည်။ ကြမ်းတမ်းသောမုန်တိုင်းများ တိုက်ခတ်လာပြီး လူများကို ချက်ချင်းပင် အပိုင်းပိုင်းအစစများအဖြစ် ဖြတ်တောက်သွားသည်။ သူတို့၏ စိတ်ဝိညာဉ်များပင် မလွတ်မြောက်နိုင်ပေ။
Chapter 4765
"ထိပ်တိုက်တိုက်ခိုက်မှုရင်ရော ဘယ်လိုအခြေအနေ ရှိလဲ"
လုယွီက မေးမြန်းသည်။
ဖူကျစ်ရွှယ်က ပြောဆိုသည်။
"ကျားလှောင်အိမ်တောင်ကြားခံတပ်ရဲ့ တံတိုင်းတွေက မပျက်စီးနိုင်လုနီးပါးပဲ... မင်းက ဘယ်လိုအင်အားမျိုးကို သုံးပြီး ဖျက်ဆီးဖို့ စီစဥ်ထားလဲ"
လုယွီက မျက်ခုံးပင့်လိုက်သည်။
"စီနီယာအစ်ကို...ဒါက ဘာကို ဆိုလိုတာလဲ"
ဖူကျစ်ရွှယ်က ခါးသည်းသောအပြုံးနှင့် ပြောဆိုလေ၏။
"ဒီတံတိုင်းကို လောကနှစ်ခုတောင်တန်းရဲ့ စံနှုန်းတွေအတိုင်း တည်ဆောက်ခဲ့တာ...ဒီခံတပ်ကို တည်ဆောက်ဖို့ ကောင်းကင်ဘုံနယ်မြေတခွင်လုံးက အကောင်းဆုံး လက်မှုပညာရှင်တွေနဲ့ ထိပ်သီးဝင်္ကပါပညာရှင်တွေကို သုံးခဲ့ရုံတင်မကဘူး... ယန်ဂိုဏ်းရဲ့ဧကရာဇ်နဲ့ စာပေသူတော်စင်တွေကိုယ်တိုင် ပါဝင်အားဖြည့်ခဲ့တယ်...ဒါက ကျားလှောင်အိမ်တောင်ကြားခံတပ်ရဲ့ မှော်စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ခဲ့တယ်"
လူတိုင်းသည် ဤသတင်းကို ကြားချိန်၌ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ယန်ဂိုဏ်း၏ဧကရာဇ်သည် ထိုက်ချမ်ဧကရာဇ်ပင်။
ကျားလှောင်အိမ်တောင်ကြားခံတပ်၏ တံတိုင်းများ မည်မျှထိ ခိုင်မာသည်ကို မည်သူမျှ မသိနိုင်ပေ။
သို့ရာတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် စာပေသူတော်စင်များ၏ စွမ်းအားများဖြင့် ထောက်ပံ့ထားခြင်းကြောင့် ဤတံတိုင်းများ၏ ခိုင်မာမှုသည် လူတိုင်း၏တွေးတောနိုင်စွမ်းထက် များစွာပို၍ကျော်လွန်သွားမည်ကို ခန့်မှန်း၍ရနိုင်သည်။
ကျားလှောင်အိမ်တောင်ကြားခံတပ်သည် မူလက တော်ဝင်မြို့တော်ကို ကာကွယ်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တည်ဆောက်ခဲ့သူများပင်လျှင် တစ်နေ့တွင် ဤမြို့တံတိုင်းသည် တာယွီစစ်တပ်အတွက် အတားအဆီးတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားမိမည် မဟုတ်ချေ။
"ဒါပေမယ့် ကျားလှောင်ကန်တောင်ကြားခံတပ်မှာ အားနည်းချက်တစ်ခု ရှိနေတယ်"
ဖူကျစ်ရွှယ်က ရုတ်တရက် ပြောဆိုသည်။
"ကျားလှောင်အိမ်တောင်ကြားခံတပ်က အဓိကအနေနဲ့ ပြင်ပရန်ကို ကာကွယ်ဖို့ ရည်ရွယ်ထားတယ်...ဒါကြောင့် ခံတပ်ရဲ့ တော်ဝင်မြို့တော်ဘက်ခြမ်းမှာ ကာကွယ်ရေးက အရမ်းမမြင့်ဘူး... အဲ့ဒီအားနည်းချက်က မြို့တံခါးပေါ်မှာ ပေါ်လွင်လာတယ်"
မြို့တံခါးဟု ဆိုသလော....
စစ်ဗိုလ်ချုပ်အများစု၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်သော အမူအယာများ ရှိနေသည်။
"အရှင်ဖူ...မြို့တံခါးတွေက မြို့တစ်မြို့ရဲ့ ကာကွယ်ရေးသော့ချက် ဖြစ်လေ့ရှိတယ်...ဘာလို့ ဒီလို အားနည်းချက်မျိုးက မြို့တံခါးပေါ်မှာ ပေါ်လာတာလဲ"
ချောင်ပေါင်က မယုံကြည်နိုင်စွာဖြင့် ခေါင်းခါလိုက်သည်။
ဖူကျစ်ရွှယ်က ပြောဆိုသည်။
"ကျားလှောင်အိမ်တောင်ကြားခံတပ်ရဲ့ မြို့ရိုးတွေက အသေတည်ဆောက်ထားတာ...သူတို့ကို တာယွီတော်ဝင်နန်းတော် မတည်ထောင်သေးတဲ့အချိန်ကတည်းက အဲ့ဒီနေရာမှာ တည်ဆောက်ခဲ့တာ.... ပြီးတော့ ဧကရာဇ်တွေနဲ့ သူတော်စင်တွေက စွမ်းအားတွေရဲ့ ကောင်းချီးပေးမှုနဲ့ အဲ့ဒီတံတိုင်းတွေက အရမ်းခိုင်မာတောင့်တင်းတယ်... ဒီတံတိုင်းတွေကိုလှုပ်ခတ်စေဖို့က တကယ့်ကို အရမ်းခက်ခဲတယ်"
"ဒါပေမဲ့ မြို့တံခါးတွေက အရှင်ပဲ... မြို့တံခါးတွေကို ပြင်ပလေဟာနယ်သံမဏိနဲ့ လုပ်ထားပြီးတော့ အရမ်းခိုင်မာတောင့်တင်းပေမဲ့ အချိန်အကြာကြီးကြာလာရင် ပွန်းပဲ့သွားမှာပဲ...ဒါကြောင့် မြို့တံခါးကို အစားထိုးရတယ်"
ချောင်ပေါင်က မေးမြန်းသည်။
"ဒါတောင်မှ မြို့တံခါးတွေက ထိုးဖောက်ရလွယ်မှာ မဟုတ်ဘူး...ကျွန်တော် ကြားဖူးတာက ဒီအဆင့်တစ် တောင်ကြားခံတပ်ရဲ့ မြို့တံခါးတွေအားလုံးကို လက်မှုဝန်ကြီးဌာနက မဟာလက်မှုပညာရှင်ကြီးတွေက သွန်းလုပ်ခဲ့တာ.... တံခါးတိုင်းမှာ နံပါတ်တစ်ခုရှိတယ်...တံခါးတွေ ပျက်စီးသွားရင် ဒါတွေကို လုပ်ခဲ့တဲ့ မဟာလက်မှုပညာရှင်ကြီးတွေ အပြစ်တင်ခံရလိမ့်မယ်"
"အမှန်ပဲ...ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျားလှောင်အိမ်တောင်ကြားခံတပ်က လက်မှုဝန်ကြီးဌာနကို မြို့တံခါးကို အသစ်သွန်းလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်...ဘာလို့လဲဆိုတော့ တံခါးကို ပြုပြင်မထားခဲ့တာ အချိန်အတော်ကြာနေလို့ပဲ...လက်မှုဝန်ကြီးဌာနက မပေါ့ဆရဲခဲ့ဘူး... ငွေပေးချေမှုကို လက်ခံရရှိပြီးနောက် သူတို့ ချက်ချင်း အလုပ်စတင်ခဲ့တာနဲ့ သူတို့က တံခါးကို ပြန်တည်ဆောက်ပြီးတော့ တစ်လခွဲ အချိန်ယူခဲ့တယ်"
ဖူကျစ်ရွှယ်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်သည်။
"ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက တံခါးကို တာဝန်ယူခဲ့တဲ့ လက်မှုပညာရှင်က ငွေကိုယူပြီးတော့ ပြင်ပလေဟာနည်သံမဏိနက်ကို သံမည်းရွှေနဲ့ လဲလှယ်ခဲ့တယ်....ကျန်တဲ့ပစ္စည်းတွေကိုလည်း အများကြီး လျှော့ချခဲ့တယ်... ဒါကြောင့် ဒီတံခါးက ငါတို့ တွေးထားသလောက် အရမ်းမခိုင်မာဘူး"
"ဒီလိုကိစ္စမျိုး တကယ်ကြီး ရှိခဲ့တာလား"
လူများအားလုံးက အံ့အားတသင့် ရေရွတ်လိုက်ကြသည်။
ကျားလှောင်အိမ်တောင်ကြားလမ်းသည် တော်ဝင်မြို့တော်၏ လုံခြုံရေးနှင့် သက်ဆိုင်သော အရေးကြီးသည့် ခံတပ်မြို့တစ်မြို့ဖြစ်သည်။
တစ်စုံတစ်ယောက်သည် ဤနေရာတွင် သူ၏ လက်ကို ဆန့်တန်းရဲခဲ့သလော...
ဖူကျစ်ရွှယ်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"တာယွီအင်ပါယာ တည်ထောင်ကတည်းက ကျားလှောင်အိမ်တောင်ကြားခံတပ်က ဘယ်တော့မှ တိုက်ခိုက်မခံရဘူး... အတွင်းဘက်ကနေဆို ပိုတောင်ဆိုးသေးတယ်...ဒါကြောင့် ဒီမြို့တံခါးက အမြဲတမ်း ဟာကွက်တစ်ခု ဖြစ်ခဲ့ပြီးတော့ လက်မှုဝန်ကြီးဌာနက အရာရှိတွေအတွက် မျိုးဆက်တိုင်းမှာ ငွေရှာတဲ့ သစ်ပင်အဖြစ် သတ်မှတ်ခံခဲ့ရတယ်"
အတိတ်က အကြောင်းများကို သိနေခဲ့သော စစ်ဘက်အရာရှိတချို့မှာမူ အံ့အားသင့်ပုံမရချေ။
လုယွီက ပြောဆိုသည်။
"ပြင်ပလေဟာနယ်သံမဏိနက်က သံမည်းရွှေထက် ပိုတန်ဖိုးကြီးတယ်... အပိုင်းအစတစ်ခုကတင် တန်ဖိုးကြီးတယ်....လက်မှုပညာရှင်တစ်ယောက်က ဒီပြင်ပလေဟာနယ်သံမဏိနက်တွေကို လောဘတက်တာက ဖြစ်နိုင်တယ်...ဒါက သူ့ရဲ့ ဆယ်စုနှစ်တွေအများကြီး စုဆောင်းရမယ့်လစာကို ထေမိဖို့ လုံလောက်တယ်...ဒါကြောင့် သူ့က စွန့်စားမှာပဲ"
"အမှန်ပဲ"
ဖူကျစ်ရွှယ်က ပြောဆိုသည်။
"ငါက ဝန်ထမ်းရေးရာဌာနကို တာဝန်ယူတုန်းက ဒီကိစ္စတွေကို ကောင်းကောင်းသိခဲ့တယ်... နောက်ပိုင်းမှာ လက်မှုဝန်ကြီးဌာနရဲ့ မဟာလက်မှုပညာရှင်က ကြီးမားတဲ့ လာဘ်စားမှုကို လုပ်ခဲ့တာကြောင့် တရားစီရင်ရေးဌာနရဲ့ စုံစမ်းစစ်ဆေးတာကို ခဲ့ရတယ်... တံခါးတည်ဆောက်ဖို့ သုံးခဲ့တဲ့ငွေကတော့ သေးငယ်တဲ့ကိစ္စတစ်ခုပဲ...ဘယ်သူမှ ဒီကိစ္စကို လိုက်စုံစမ်းနေမှာ မဟုတ်ဘူး"
Thank For Reading.