← Chapters

အခန်း (၄၇၆၆-၄၇၇၀)

Vol. 242 Ch. 4766-4770

အခန်း (၄၇၆၆-၄၇၇၀)

Vol. 242 Ch. 4766-4770

Chapter 4766

"သံမည်းရွှေရဲ့မာကျောမှုက ပြင်ပလေဟာနယ်သံမဏိနက်ထက် အများကြီး အားနည်းတယ်... မြေကမ္ဘာအင်မော်တယ်တစ်ယောက်တောင် ဒါကို ဖျက်ဆီးနိုင်တယ်"

လူများအားလုံး စိတ်ဝင်စားသွားကြသည်။

ကျားလှောင်အိမ်တောင်ကြားခံတပ်သည် ခက်ခဲကြမ်းတမ်းသော်လည်း အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ထံတွင် သေစေနိုင်သော အားနည်းချက်ရှိနေသည့်အလား အားနည်းချက်တစ်ခုရှိနေသည်။

ဤအားနည်းချက်သည် အလွန်လျှို့ဝှက်သဖြင့် ကျားလှောင်ကန်တောင်ကြားခံတပ်ကို စောင့်ကြပ်နေသော စစ်သားအများစုပင်လျှင် ဤအကြောင်းကို မသိကြချေ။

တစ်ချိန်က ဌာနကြီးခြောက်ခုကို ထိန်းချုပ်ခဲ့ပြီး အုပ်ချုပ်ရေးဌာနတွင် အတွင်းဝန်ချုပ်ဖြစ်ခဲ့သော ဖူကျစ်ရွှယ်ကဲ့သို့ လူများသာ ဤကဲ့သို့သော လျှို့ဝှက်ကိစ္စရပ်များကို သိနိုင်ရန် လမ်းကြောင်းများ ပိုရှိပေလိမ့်မည်။

စုန့်ချင်းဟူက မျက်မှောင်ကြုတ်လိုက်သည်။

"မြို့တံခါးအပြင်ဘက်မှာ မြို့ကာကွယ်ရေးဝင်္ကပါလည်း ရှိသေးတယ်...အဲ့ဒါက တာအိုသခင်တစ်ယောက်ကိုတောင် ပိတ်ဆို့ဟန့်တားနိုင်တဲ့ ထိပ်သီးဝင်္ကပါပဲ...ငါတို့ ဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ"

ဖူကျစ်ရွှယ်က လုယွီကို ကြည့်လိုက်သည်။

"ဂျူနီယာညီလေး...မင်းက တပ်မှူးပဲ...မင်းဘယ်လို ဆုံးဖြတ်မှာလဲ"

လုယွီသည် လူတိုင်း၏ စကားများကို နားထောင်ပြီးနောက် သူ၏ စိတ်အတွင်းတွင် အကြမ်းဖျင်းအကြံဥာဏ်တစ်ခု ရှိနေသည်။

"မြို့တံခါးက မြို့ကို ဖောက်ထွင်းဖို့ သော့ချက်ပဲ... လူတိုင်း သတင်းမပေါက်ကြားဖို့ မှတ်ထားပါ... အကာအကွယ်ဝင်္ကပါကိစ္စကိုတော့ ငါကိုင်တွယ်မယ်"

လုယွီက ပြောဆိုသည်။

"ဟုတ်ကဲ့"

စစ်ဗိုလ်ချုပ်အားလုံး တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။

လူတိုင်း ဆွေးနွေးနေကြစဉ်မှာပင် ဗဟိုစစ်တဲ

၏အပြင်ဘက်တွင် ရုတ်တရက် အမြောက်သံများ ထွက်ပေါ်လာသည်။

ဘုန်း...ဘုန်း...ဘုန်း...

နားကွဲလုမတတ် ဆူညံသော စိတ်ဝိညာဉ်ကျောက်တုံးအမြောက် ပေါက်ကွဲသံများသည် မရေမတွက်နိုင်သော လူများ၏ အော်ဟစ်ငိုကြွေးသံများနှင့် ရောယှက်နေပေ၏။

"ဘာဖြစ်နေတာလဲ..."

"ထန်စစ်တပ် ရောက်လာတာလား"

စစ်ဗိုလ်ချုပ်အားလုံး မတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏ မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

တဲ၏ကန့်လန့်ကာကို ဆွဲဖွင့်ပြီး စစ်သားတစ်ဦး အပြေးအလွှားဝင်လာကာ ထိတ်လန့်တကြား ပြောဆိုသည်။

"အရှင်တို့....အပြင်မှာ..."

စုန့်ချင်းဟူသည် စိတ်မြန်လက်မြန်ရှိသူဖြစ်သဖြင့် အော်ငေါက်လိုက်သည်။

"အပြင်မှာ ဘာဖြစ်နေတာလဲ..."

ထိုစစ်သားက စိတ်တည်ငြိမ်အောင် ထိန်းသိမ်းပြီး ဖြည်းညှင်းစွာ ပြောဆိုသည်။

"ကျားလှောင်အိမ်တောင်ကြားခံတပ်က ညဘက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်... ကျွန်တော်တို့တပ်က ဖျက်ဆီးလိုက်ပါပြီ... ဒါပေမဲ့... သူတို့က ထန်စစ်တပ်ကလူတွေ မဟုတ်ကြဘူးနဲ့ တူတယ်...."

"ကျားလှောင်အိမ်ခံတပ်က လာတဲ့လူတွေက ထန်စစ်တပ်က မဟုတ်ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ...ငါ အပြင်ထွက်ပြီး ကြည့်လိုက်မယ်"

စုန့်ချင်းဟူက ခြေလှမ်းကျဲကြီးဖြင့် ထွက်သွားပြီး ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။

အပြင်ဘက်တွင် အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်နေသည်။

"အစ်ကို...ကျွန်တော်ပါ... ထပါအုံး"

"အဖေ...အမေ...မသေပါနဲ့..."

...

ငိုရှိုက်သံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။

မရေမတွက်နိုင်သော တာယွီစစ်သားများသည် ထန်စစ်သားများကို ဝန်းရံထားကြ၏။

ဤထန်စစ်သားများသည် နံပါတ်ဆယ့်ခြောက်ကိုယ်ရံတော်တပ်၏ စံသတ်မှတ်ထားသော သံချပ်ကာများကို ဝတ်ဆင်ထားသော်လည်း သူတို့သည် စစ်သားများနှင့် မတူချေ။

လေထုအတွင်းတွင် သွေးနံ့များဖြင့် ပြည့်နှက်နေသည်။ သူတို့အနက်မှ အများစုသည် သေဆုံးနေကြပြီး အသက်ရှင်နေသူများမှာ သူတို့၏ အလောင်းများရှေ့တွင် ဒူးထောက်ကာ ငိုကြွေးနေကြသည်။

ဤလူများသည် ခြိမ်းခြောက်မှုတစ်ခု မဟုတ်နိုင်သည်မှာ သိသာထင်ရှားပေ၏။ တာယွီစစ်သားများသည် သူတို့ကို အကုန်မသတ်ဘဲ ဝန်းရံကာ စောင့်ကြပ်နေကြသည်။

စုန့်ချင်းဟူသည် ဒေါသတကြီး ထွက်လာသော်လည်း မည်သည့်အရာမျှ မလုပ်ခဲ့ပေ။ သူသည် ဤလူများထံမှ သတ်ဖြတ်လိုစိတ်တစ်စုံတစ်ရာ မခံစားရချေ။

လုယွီက သူ၏ လူများနှင့်အတူ ရောက်လာပြီးကင်းလှည့်နေသော စစ်ဗိုလ်ချုပ်တစ်ဦးကို မေးမြန်းလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ..."

ကင်းလှည့်စစ်ဗိုလ်ချုပ်က အလျင်အမြန် တုံ့ပြန်ပြောဆိုသည် ။

"အချိန်က အရမ်းမှောင်နေပြီးတော့ ဒီလူတွေက ထန်စစ်တပ်ရဲ့ သံချပ်ကာတွေ ဝတ်ထားတယ်... သူတို့က ကျားလှောင်အိမ်တောင်ကြားခံတပ်ကနေ ထွက်ပြေးလာကြတာ... လုံခြုံရေးအတွက် ကျွန်တော်တို့က အရင်ဦးအောင် တိုက်ခိုက်လိုက်တာပါ"

"အရှင်... ကျွန်တော်တို့အားလုံးက အရင်က ကျားလှောင်အိမ်တောင်ကြားမှာနေတဲ့ အရပ်သားတွေပါ...ကျွန်တော်တို့အားလုံးက တာယွီရဲ့လူတွေပါ"

ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ရစ်သော 'ထန်စစ်သား' အနည်းငယ်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသနားခံကြ၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လူအနည်းငယ်ကို မေးခွန်းများမေးပြီးမှ သူတို့အားလုံးသည် ထွက်ပြေးရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်ကို နားလည်သွားသည်။

ထန်စစ်တပ်သည် သူတို့၏နယ်မြေကို သိမ်းပိုက်ကာ သူတို့၏ ပစ္စည်းများကို ယူဆောင်သွားပြီး သူတို့တစ်ဦးချင်းစီကို သံချပ်ကာတစ်စုံစီပေး၍ ညသန်းခေါင်ယံတွင် ထွက်ပြေးစေခဲ့သည်။

ပုန်းကွယ်နဂါးစစ်တပ်သည် စခန်းချခါစသာ ဖြစ်သဖြင့် ညသန်းခေါင်ယံတွင် သေချာပေါက် ပြင်ဆင်ထားကြပေမည်။ သို့ရာတွင် သူတို့ကို စောင့်ကြိုနေသည်မှာ ရန်သူမဟုတ်ဘဲ လက်နက်မဲ့ အရပ်သားအုပ်စုတစ်စု ဖြစ်နေသည်။

Chapter 4767

"ခွေးမသားတွေ...ထန်စစ်တပ်မတော်က အရမ်းတရားလွန်တယ်"

"ဒါက စစ်မြေပြင်ပဲ....သူတို့က အရပ်သားတွေကို အမြှောက်စာအနေနဲ့ တကယ်ကြီး အသုံးပြုခဲ့တယ်"

ဘေးမှစောင့်ကြည့်နေသော ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံး စတင်၍ကျိန်ဆဲလိုက်ကြသည်။

စစ်တပ်နှစ်တပ်ကြား တိုက်ပွဲတွင် အရပ်သားများကို အနှောက်အယှက်မပြုရချေ။ ဤသည်မှာ နှစ်ဖက်စလုံး တိတ်တဆိတ် သဘောတူထားသော စည်းမျဉ်းတစ်ခုဖြစ်သည်။ သို့ရာတွင် ထန်စစ်တပ်က ဤစည်းမျဥ်းကို ဖောက်ဖျက်ခဲ့သည်။

လုယွီက လက်ရှိနေရာတွင်ရှိနေသော အရပ်သားများကို ကြည့်လိုက်သည်။ ဤလူများအနက် အသက်ရှင်ကျန်ရစ်သူများပင်လျှင် ဒဏ်ရာများ ရရှိထားပေ၏။

"ဒီနေရာကို လာခဲ့စမ်း"

လုယွီက ရုတ်တရက် လူတစ်ယောက်ကို လက်ညှိုးညွှန်လိုက်သည်။

ထိုလူသည် အလွန်ဝသဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ သံချပ်ကာသည် အလွန်ဖောင်းကားနေပုံရပေ၏။ သံချပ်ကာချပ်ပြားအမြောက်အများသည်လည်း ပွင့်ထွက်နေသည်။

"ကျွန်တော်လား...."

ထိုလူသည် သတိကြီးစွာထား၍ လျှောက်လှမ်းလာပြီး လုယွီကို ဦးညွှတ်လိုက်သည်။

"အရှင်ကို ဂါရဝပြုပါတယ်..."

"မင်းရဲ့လက် ငါ့ကိုပြစမ်း"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

ထိုလူက ခေါင်းကုတ်ပြီး တုံ့ပြန်အဖြေပေးသည်။

"ကျွန်တော်က ကျားလှောင်အိမ်ခံတပ်မှာ အလုပ်ကြမ်းလုပ်တာပါ...ကျွန်တော်ရဲ့လက်တွေက အရမ်းကြမ်းတမ်းတယ်...အရှင်ရဲ့ မျက်လုံးတွေကို ညစ်ပတ်မသွားစေချင်ဘူး"

လုယွီ၏မျက်နှာအမူအယာ ခက်ထန်တင်းမာနေသည်။ သူက စကားတစ်လုံးချင်း ပြောဆိုလိုက်၏။

"မင်းရဲ့လက်တွေကို ဖြန့်ပြီး ငါ့ကိုကြည့်ခိုင်းစမ်း"

တခြားစစ်သားများသည် လုယွီ၏ အသံပြောင်းလဲသွားသည်ကို ကြားပြီးနောက် ထိုလူကို ဝန်းရံလိုက်ကြသည်။

ထိုလူ၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားသော်လည်း သူ၏လက်ကို ဖြန့်ပြလိုက်ဆဲပင်။

ဤသည်မှာ အသားမာများဖြင့် ဖုံးလွှမ်းနေသော ကြမ်းတမ်းသည့် လက်တစ်ဖက်ဖြစ်သည်။ သူသည် ကျားလှောင်အိမ်တောင်ကြားခံတပ်မှ ထွက်လာသဖြင့် သူမှာ အလွန်သနားဖွယ်ကောင်းသော အခြေအနေတွင် ရှိနေသည် သူ၏ လက်ဖဝါးနှစ်ဖက်လုံးတွင် ရွှံ့များ အညစ်အကြေးများဖြင့် ပြည့်နှက်နေသည်။

ထိုလူက သူသည် အလုပ်ကြမ်းသမားတစ်ဦးဖြစ်သည်ဟု ဆိုသောကြောင့် သူ၏ လက်များကြမ်းတမ်းသည်မှာ အလွန်ပုံမှန်ဆန်ပေ၏။

မြို့တော်မှ ဆင်းရဲသားရပ်ကွက်များတွင် ဤကဲ့သို့သော လူများ စုဝေးနေကြသည်။ ဤလူများတွင် အရည်အချင်းများစွာ မရှိကြပေ။ သူတို့၏ ကျင့်ကြံဆင့်သည် မမြင့်မားဘဲ တချို့သည် သာမန်သေမျိုးများ ဖြစ်ကြသည်။ သူတို့မှာ သူတို့၏အသက်မွေးဝမ်းကျောင်းအတွက် ရပ်တည်နိုင်ရန် ပင်ပန်းဆင်းရဲသော အလုပ်တချို့ကို လုပ်ကိုင်ကြသည်။

လုယွီက ထိုလူ၏လက်ဝါးများကို ကြည့်ပြီး ရုတ်တရက် မေးမြန်းလိုက်၏။

"မင်း ဓားသုံးတဲ့အချိန်ကျရင် မင်းရဲ့ဘယ်ဘက်လက်ကို ပုံမှန်သုံးတဲ့ပုံပဲ..."

ထိုလူ၏ဘယ်ဘက်လက်ဖဝါးတွင် နက်ရှိုင်းသော အသားမာတစ်ခု ရှိနေသည်။

ပတ်ဝန်းကျင်မှ စစ်သားများသည် ထိုအမာရွတ်မျိုးနှင့် အလွန်ရင်းနှီးကြသည်။ ဤသည်မှာ သူတို့သည် တစ်စုံတစ်ခုကို အချိန်အကြာကြီး ကိုင်ထားပါက ကျန်ရစ်ခဲ့မည့် အမှတ်အသားဖြစ်သည်။

ထိုလူသည် မကျေမနပ်ဖြင့် အော်ဟစ်လိုက်၏။

"အရှင်...ခင်ဗျားက လူကောင်းတစ်ယောက်ကို မှားယွင်းပြီး မစွပ်စွဲသင့်ဘူး...ကျားလှောင်အိမ်တောင်ကြားက စစ်မြို့တော်ဖြစ်ပြီးတော့ ကျွန်တော်တို့က ပုံမှန်အနေနဲ့ဆိုရင် အောက်ခြေအစေခံတွေပါ....စစ်အတွင်းမှာ အရန်စစ်သားတွေအဖြစ် ခေါ်ခံရချိန်မှာ ကျွန်တော်တို့က လေ့ကျင့်မှုတွေ အများကြီးလုပ်ရတယ်..ဒါကြောင့် ဒီလိုအမာရွတ်တွေ ကျန်ခဲ့တာက ပုံမှန်ပါပဲ"

လုယွီက အေးစက်စက်နှာမှုတ်ပြီး ရုတ်တရက် ထိုလူ၏လက်ချောင်းတစ်ချောင်းကို ညွှန်ပြလိုက်သည်။

"ဒါဆိုရင် မှော်ရတနာကြောင့် အပူလောင်ခံရတဲ့ ဒီအမာရွတ်ကလည်း လေ့ကျင့်မှုကနေ ကျန်ခဲ့တာလား"

"ဒီအမာရွတ်ကိုကြည့်ရင် မီးစွမ်းအားမှော်ရတနာကြောင့် ဖြစ်လိမ့်မယ်....တာယွီစစ်တပ်ထဲမှာ စစ်ဘက်အရာရှိတွေနဲ့ အဆင့်မြင်စစ်သားတွေကိုပဲ မှော်ရတနာတွေ တပ်ဆင်ထားတာ.... မင်းက ကျားလှောင်အိမ်ခံတပ်မှာ အလုပ်ကြမ်းတွေ လုပ်ခဲ့တယ် ဆိုမှတော့ မင်းမှာ မှော်ရတနာတွေ ရှိနိုင်မှာလား"

ဤစကားများကို ကြားချိန်၌ ထိုလူ၏မျက်ဆံများ ကျဥ်းမြောင်းသွားသည်။

ရုတ်တရက် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူသည် သူ ဝှက်ထားသော ဓားရှည်ကို ဆွဲထုတ်ကာ လုယွီထံသို့ ပြေးဝင်တိုက်ခိုက်လိုက်၏။

ဝှစ်...

အရာအားလုံးသည် အချိန်တခဏအတွင်း ဖြစ်ပျက်သွားသည်။

လုယွီ၏နံဘေးမှ စစ်သားများပင်လျှင် တုံ့ပြန်ချိန်မရလိုက်ပေ။

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။ သူသည် လက်ကိုမြှောက်ပြီး ထိုလူ၏ လက်အတွင်းမှ ဓားကို ဆုပ်ကိုင်လိုက်၏။

ထိုဓားရှည်သည် အလွန်ထက်ရှသော်လည်း လုယွီ၏လက်ဖဝါးနှင့် ထိတွေ့ချိန်တွင် သံပြားတစ်ချပ်ကို ထိုးမိသကဲ့သို့ သတ္တုအချင်းချင်းထိခတ်သံတစ်သံ ထွက်ပေါ်လာသည်။

ချွင်....

လုယွီက ပေါ့ပေါ့ပါးပါး ညှစ်လိုက်ရာ ဓားရှည်၏ဓားသွား ချက်ချင်းကြေမွှသွားသည်။

တစ်ချိန်တည်းမှာပင် လုယွီက ကျိုးပဲ့သွားသော ဓားသွားတစ်ခုကို သူ၏ လက်အတွင်းတွင် ကိုင်ကာ ထိုလူ၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။

သွေးများ နေရာအနှံ့ ဖြာကျသွားပြီး ထိုလူ၏ လည်ပင်းပေါ်တွင် သွေးစို့ဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။

"မင်း... မင်း..."

ထိုလူသည် သူ၏ လည်ပင်းကို အုပ်ကိုင်ပြီး မြေပြင်ပေါ်သို့ အားအင်မဲ့စွာ လဲကျသွားသည်။

တစ်ချိန်တည်းမှာပင် လူအုပ်အကြားမှ ရှည်လျားသော လေချွန်သံတစ်သံကို ကြားလိုက်ရသည်။ လူအနည်းငယ်သည် လူအုပ်အကြားမှ ပြေးထွက်လာပြီး ပတ်ဝန်းကျင်ရှိ တာယွီစစ်သားများထံသို့ တိုးဝင်တိုက်ခိုက်ကြသည်။

"မင်းတို့က ပြေးလွတ်နိုင်မယ်လို့ ထင်နေကြတာလား..."

လုယွီက လက်ညှိုးညွှန်လိုက်ရာ သူ၏လက်ညှိုးထိပ်မှ ဓားချီအမြောက်အများ ပွင့်အံ့ထွက်လာသည်။

Chapter 4768

အင်မော်တယ်သုတ်သင်ခြင်းဓားချီ...

အဖြူရောင်အလင်းတန်းများ အရပ်ရှစ်မျက်နှာသို့ ခေါက်တုံ့ခေါက်ပြန်သွားလာနေပြီး မျက်လုံးများရှိနေသည့်အလား ရန်သူများ၏အသက်များကို ရူးသွပ်စွာ ရိတ်သိမ်းနေသည်။

ဝှစ်...ဝှစ်...ဝှစ်...

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် လူငါးဆယ်ကျော် ချက်ချင်းသေဆုံးသွားသည်။

ထိုအချိန်မှာပင် ချိုင်လုံရှင်း ပြေးဝင်လာသည်။ သူသည်လည်း သူ၏စစ်စခန်းအတွင်းတွင် ထန်စစ်တပ်၏သံချပ်ကာဝတ်ထားသော အရပ်သားများကို တွေ့ရှိခဲ့သည်။

မြေပြင်တပြင်လုံးမှ အလောင်းများကို မြင်တွေ့ချိန်၌ ချိုင်လုံရှင်း ဒေါသထွက်သွားသည်။

"ထန်စစ်တပ်က ဘာသဘောလဲ...သူတို့က အရပ်သားတွေကို ထိခိုက်စေတယ်... ဒီအခြေခံလူ့ကျင့်ဝတ်ကိုတောင် သူတို့ နားမလည်ဘူးလား...."

လုယွီက ပြောဆိုသည်။

"ဒါက ထန်စစ်တပ်ရဲ့ မဟာဗျူဟာပဲ...သူတို့က သူလျှိုတချို့ကို ရောပြီးလွှတ်လိုက်တာ...အဲ့ဒီသူလျှိုတွေက လူအုပ်ထဲမှာ ရောနှောနေတယ်... ငါတို့သာ စိတ်ပျော့ပြီး ဒီလူတွေအားလုံးကို ဝင်ခွင့်ပြုလိုက်ရင် ဒီသူလျှိုတွေက စစ်တပ်ထဲကို ချောင်းမြောင်းဝင်လာပြီးတော့ အခွင့်အရေးကို စောင့်ပြီး တိုက်ခိုက်မှာကို ငါ စိုးရိမ်မိတယ်"

အဝေးမှ အရပ်သားများသည် လုယွီ၏ စကားကို ကြားချိန်တွင် သူတို့အားလုံး ဒူးထောက်လိုက်ကြ၏။

"အရှင်...ကျွန်တော်တို့ကို သက်ညှာပေးပါ... ကျွန်တော်တို့က သူတို့နဲ့ မတူပါဘူး...ကျွန်တော်တို့က တကယ့်ကို အရပ်သားတွေပါ"

"ဟုတ်ပါတယ်...ဟုတ်ပါတယ်...ကျွန်တော့်မှာ တာယွီအုပ်ချုပ်ရေးအဖွဲ့ရဲ့ အိမ်ထောင်စုမှတ်ပုံတင် လက်မှတ်ရှိပါတယ်... ကျွန်တော်တို့က ထန်စစ်တပ်ကလူတွေ မဟုတ်တာ သေချာပါတယ်"

ဤလူများအားလုံးသည် လုယွီ၏ သတ်ဖြတ်မှုကြောင့် ထိတ်လန့်ကြောက်ရွံ့သွားကြသည်။ သူတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး သူတို့၏မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ချိုင်လုံရှင်းက ထိုလူများကိုကြည့်ပြီး သက်ပြင်းရှိုက်လိုက်သည်။

"ဟူး...မင်း သူတို့ကို အသက်ရှင်ခွင့် ပေးသင့်တယ်"

ရေခဲဘုရင်သည် စေတနာကောင်းသော ဘုရင်တစ်ပါးဖြစ်ပြီး သူ၏ ပြည်သူများအပေါ် သနားကြင်နာကာ ရက်ရောသည်။ ရေခဲဘုရင်၏ သားတော်ဖြစ်သော ချိုင်လုံရှန်သည်လည်း ဤအချက်ကို အမွေဆက်ခံခဲ့သည်။

"အရှင့်သား စိတ်မပူပါနဲ့...ခုဏက ပုစွန်သေးသေးလေးတွေပဲ...တကယ့်ကျွမ်းကျင်သူတွေက ထွက်မလာသေးဘူး..."

လုယွီက ခေါင်းခါလိုက်ပြီး ရုတ်တရက် လူအုပ်အကြားမှ အဘိုးအိုတစ်ဦးကို ကြည့်လိုက်သည်။ "ဒီအခြေအနေရောက်မှတော့ မင်းက ဆက်ပြီးပုန်းနေဦးမှာလား"

"ဟူး..."

ရှည်လျားသော သက်ပြင်းချသံတစ်သံက လူတိုင်း၏ နားများအတွင်းတွင် ပဲ့တင်ထပ်သွားသည်။

အဘိုးအိုက သက်ပြင်းရှည်တစ်ချက်ချပြီး ဖြည်းညှင်းစွာ ထွက်လာသည်။

"အရှင်လုက နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်.... သူက ငါတို့ ဖုံးကွယ်ထားတဲ့ နည်းလမ်းတွေကို တစ်ချက်ကြည့်ရုံနဲ့ ထွင်းဖောက်မြင်နိုင်ခဲ့တယ်"

"အမှောင်အရိပ်သဲပျံ ကျင့်ကြံနည်းစနစ်.... မင်းက ထန်အင်ပါယာရဲ့ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ပဲ"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

စုန့်ချင်းဟူက မျက်လုံးပြူးပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အဘိုးကြီး... မင်းက ငါတို့စခန်းထဲကို လာရဲတယ်....မင်း အသက်မရှည်ချင်တော့ဘူးလား"

သူ၏စကား အဆုံးသတ်သွားသည်နှင့် ခြေတစ်လှမ်းရှေ့တိုးလိုက်ရာ သူ၏ မှော်စွမ်းအားများသည် ကျားတစ်ကောင်၏ ပုံရိပ်အဖြစ်သို့ စုစည်းသွားပြီး ဟိန်းဟောက်ကာ အဘိုးအိုကို စူးစိုက်ကြည့်နေသည်။

"ဟား ဟား ဟား....ငါက စစ်တုရင်ခုံပေါ်က နယ်ရုပ်တစ်ရုပ်ပဲ.... ငါတို့ရဲ့သခင်က တာယွီစစ်တပ်ရဲ့ကာကွယ်ရေး ဘယ်လောက်ထိ အားကောင်းလဲဆိုတာ ကြည့်ချင်ရုံပဲ"

အဘိုးအို၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။

သူ၏တိမ်စွဲနေသော မျက်လုံးနှစ်လုံးအတွင်းတွင် တောက်ပနေသော နေနှစ်စင်း ပုန်းအောင်းနေသည့်အလား အလင်းတန်းများ ဖြာထွက်လာသည်။

ပုံရိပ်ယောင် ရွှေ့ပြောင်းခြင်း...

ဤသည်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်သော မှော်နည်းစနစ်တစ်ခုပင်။ ဤနည်းစနစ်ဖြင့် တစ်စုံတစ်ယောက်သည် စိတ်ဝိညာဉ်၏စွမ်းအားကို အသုံးပြု၍ တခြားလူတစ်ဦး၏ ခန္ဓာကိုယ်ကို ငှားရမ်းကာ သူ လိုချင်သောအရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။

ဤအချိန်တွင် လီမီ၏ပုံရိပ်က အဘိုးအို၏ မျက်လုံးများအတွင်းတွင် ထွက်ပေါ်လာသည်။

"မင်း ထွက်မလာရဲတာနဲ့ သူတို့ကို မင်းအတွက် သေဖို့ လွှတ်လိုက်တာလား...ကောင်းရှစ်ကျီးက ငါနဲ့တိုက်ခိုက်ရဲသေးတယ်... ဒါပေမဲ့ မင်းကရော ဘယ်လိုလဲ"

လုယွီက ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး ရဲရင့်စွာ တိုက်ခိုက်လိုက်သည်။

သူ့ထံ၌ အပိုပြောစရာ စကားမရှိတော့ချေ။ ဤသည်မှာ လီမီက သူတို့၏ စစ်ရေးအခြေအနေကို စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။

အဘိုးအိုက ဟိန်းဟောက်ကာ ခုန်ထပြီး ထွက်ပြေးလိုသော်လည်း လုယွီက ချက်ချင်း တားဆီးဟန့်တားလိုက်သည်။

ဘန်း...ဘန်း...ဘန်း...

ဘန်း...

ပြင်းထန်သော တိုက်ခိုက်သံများ လေထုအတွင်းတွင် ကြားနေရသည်။ လုယွီနှင့် အဘိုးအိုတို့ တိုက်ခိုက်နေကြ၏။

ဤအဘိုးအိုမှာလည်း အသက်ကြီးသော်လည်း ချောမောခန့်ညားသော အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်နံဘေးပတ်လည်တွင် သွေးချီစွမ်းအားများ ဆူပွက်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်လွှာဖြင့် သွန်းလုပ်ထားသည့်အလားပင်။ သူ၏ ခန္ဓာကိုယ်မှ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်။

သို့ရာတွင် လုယွီ၏ အစွမ်းသည် အဘိုးအိုထက် ပို၍အားကောင်းပေ၏။ သူ၏လက်သီးချက်များအောက်တွင် အဘိုးအို၏လက်မှအရိုးများ ကျိုးသွားသည်။

ဘုန်း...

လုယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အဘိုးအို၏ခေါင်းကို ဖိထားလိုက်သည်။ ထို့နောက် ပြင်းထန်သော ဆွဲချက်တစ်ခုဖြင့် အဘိုးအို၏ ခေါင်းကို ဆွဲဖြုတ်လိုက်၏။

သွေးများ ပန်းထွက်လာပြီး ခေါင်းပြတ်နေသော အဘိုးအို၏အလောင်း မိုးကောင်းကင်မှ ပြုတ်ကျလာသည်။

Chapter 4769

"ဒီခေါင်းကို စစ်စခန်းတံခါးရှေ့မှာ ချိတ်ဆွဲထားလိုက်စမ်း"

လုယွီက အော်ဟစ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် စစ်သားတစ်ဦးက ခေါင်းညိတ်ပြပြီး အဘိုးအို၏ခေါင်းကို သယ်ထုတ်သွားသည်။

လုယွီက အဝေးမှ လူများကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"လာကြစမ်း....ဒီလူတွေကို ခွဲထုတ်ပြီး သူတို့ရဲ့ သက်သေအထောက်အထားတွေကို တစ်ယောက်ချင်းစီ စစ်ဆေးလိုက်စမ်း..."

စစ်သားအုပ်စုတစ်စုက ဤလူများကို ဝန်းရံကာ မြေကွက်လပ်တစ်နေရာတွင် ချိတ်ပိတ်လိုက်သည်။

ထိုလူများကို စစ်ဆေးရန် အထူးစစ်ဆေးရေးမှူးများ ရှိနေသည်။ စောစောက အပြောင်းအလဲအနည်းငယ်အပြီးတွင် သူတို့သည် အလွန်သတိထားပြီး စစ်ဆေးနေကြ၏။ ထန်စစ်တပ်မှသူလျှိုများ ချောင်းမြောင်းဝင်ရောက်လာမည်ကို သူတို့ စိုးရိမ်နေကြသည်။

ဖူကျစ်ရွှယ်က ထိုမြင်ကွင်းကိုကြည့်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"လီမီက ငါတို့ကို ဒီကိစ္စတွေ ကိုင်တွယ်ရတာနဲ့ မောပန်းစေချင်တာ....နောက်လာမယ့် တိုက်ခိုက်မှုက မရပ်တန့်တော့မှာကို ငါ စိုးရိမ်တယ်...."

လုယွီက ခေါင်းညိတ်လိုက်သည်။ သူသည် လီမီ၏ ရည်ရွယ်ချက်ကို ကောင်းစွာသိရှိပေ၏။

ထန်စစ်တပ်သည် တာယွီစစ်တပ်နှင့် ကွင်းပြင်တိုက်ပွဲတွင် မနိုင်နိုင်သော်လည်း သူတို့သည် ရပ်တန့်ရန် အစီအစဉ်မရှိပေ။ ထိုအစား သူတို့သည် တာယွီစစ်တပ်၏ အားနည်းချက်ကို ရှာဖွေရန် နည်းလမ်းတချို့ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

"ဒါပေါ့...ငါတို့က ထိုင်ပြီး သေဖို့စောင့်နေလို့မဖြစ်ဘူး... ငါ့အမိန့်ကို ဆင့်ဆိုလိုက်စမ်း...စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်တွေအားလုံးကို စုပုံပြီး ဒီည ကျားလှောင်အိမ်တောင်ကြားခံတပ်ကို အသံတွေ နားထောင်ခိုင်းလိုက်စမ်း"

လုယွီက ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

စုန့်ချင်းဟူက အော်ဟစ်ရယ်မောလိုက်၏။

"ဒီည ထန်စစ်တပ်က အများကြီးခံစားရမှာပဲ...."

လုယွီ၏အမိန့်များအတိုင်း မရေမတွက်နိုင်သော စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်များကို ရှေ့သို့ တွန်းပို့လိုက်ကြသည်။

ပုန်းကွယ်နဂါးစစ်တပ်သည် ဤတစ်ကြိမ်တွင် တခြား မည်သည့်အရာကိုမျှ ယူဆောင်လာခြင်း မရှိခဲ့သော်လည်း တိုက်ခိုက်ရေးလက်နက်များ အပုံလိုက်ကြီး ယူဆောင်လာခဲ့ကြသည်။ သူတို့သယ်ဆောင်လာသော လက်နက်အများစုမှာ တိုက်ခိုက်ရေးပစ္စည်းများပင်။

စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်များကို လျင်မြန်စွာ ပြင်ဆင်လိုက်ပြီးနောက် တဝုန်းဝုန်းထနေသော စိတ်ဝိညာဉ်စွမ်းအားများသည် အနက်ရောင်ပြောင်းဝများအတွင်းတွင် စုဝေးနေသည်။

ဘုန်း....ဘုန်း....ဘုန်း....

တုန်လှုပ်ဖွယ် ပေါက်ကွဲမှုတစ်ခု မြေပြင်ပေါ်တွင် ဖြစ်ပွားခဲ့သည်။

သောင်းနှင့်ချီသော စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များကို တစ်ချိန်တည်းတွင် ပစ်ခတ်လိုက်ကြသည်။ ထူထပ်သိပ်သည်းသော အမြှောက်ဆန်အလင်းတန်းသည် ကြယ်တာရာများပြည့်နေသော မိုးကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ကျားလှောင်အိမ်ခံတပ်ကို နေ့ခင်းဘက်ကဲ့သို့ ထွန်းလင်းတောက်ပနေစေသည်။

မိုင်သောင်းချီကျယ်ပြန့်သော ကျားလှောင်အိမ်ခံတပ်၏ နံဘေးပတ်လည်၌ ရွှေရောင်တောက်ပနေသော အတားအဆီးတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ကျားလှောင်အိမ်တောင်ကြားခံတပ်၏ မြို့ကာကွယ်ရေးဝင်္ကပါဖြစ်ပြီး အလွန်ခိုင်မာတောင့်တင်းသည်။

စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်ဆန်အလင်းတန်းတစ်တန်းစီသည် တောင်မြင့်ကြီးတစ်လုံးကို ချက်ချင်း ဖျက်ဆီးနိုင်သော်လည်း ရှေ့မှ မြို့အကာအကွယ်ဝင်္ကပါကြီး၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

ဝင်္ကပါကြီး၏ရွှေရောင်အလင်းတန်းကို ဝင်္ကပါခန်းမတစ်ရာကျော်မှ ထွက်ပေါ်လာသော အလင်းတိုင်များဖြင့် ဖွဲ့စည်းထားသည်။ ရံဖန်ရံခါ၌ ဝင်္ကပါကြီးမှ လျှို့ဝှက်နက်နဲသော စာသားများ ထွက်ပေါ်လာပြီး ခန့်မှန်း၍ မရနိုင်ချေ။

ဤသည်မှာ ဤဝင်္ကပါကြီးကို တည်ဆောက်ခဲ့သော ဝင်္ကပါပညာရှင်များမှ ချန်ထားခဲ့ခြင်းဖြစ်သည်။ ထိုဝင်္ကပါပညာရှင်များအားလုံးသည် မှော်စွမ်းအားလှိုင်းတစ်လှိုင်းကို ချန်ထားခဲ့ပြီး ဝင်္ကပါကြီးအတွင်းသို့ထည့်သွင်းကာ မဖျက်ဆီးနိုင်အောင် ပြုလုပ်ခဲ့သည်။

စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်မှ အားကောင်းသော အလင်းတန်းများကို ဝင်္ကပါကြီးက ပိတ်ဆို့ထားသဖြင့် မြို့အတွင်းသို့ ထွင်းဖောက်ဝင်ရောက်နိုင်ခြင်းမရှိချေ။

ထိုသို့ဆိုသည့်တိုင် ထန်စစ်တပ်သည် ကြီးမားသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရဆဲပင်။ စစ်သည်တော်တစ်ဦးချင်းစီသည် သူတို့၏ အိပ်စက်ခြင်းမှ နိုးထကာ သူတို့၏ လက်နက်များကို ကိုင်ဆောင်ပြီး မြို့ရိုးသို့ ရောက်လာကြသည်။

"ဟား ဟား ဟား...ထန်စစ်တပ် ထွက်လာပြီ...သူတို့ ဒီနေ့ ကောင်းကောင်းအိပ်ရတော့မှာ မဟုတ်ဘူး"

လူတိုင်း လက်ခုပ်တီးကာ အားပေးကြွေးကြော်လိုက်ကြသည်။

စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်ဆန်များက လေထုအတွင်းတွင် ပျံဝဲသွားသည်။ ဤကဲ့သို့သောအင်အားကြောင့် ဝင်္ကပါကြီး၏ အကာအကွယ်ဖြင့်ပင် ကျားလှောင်အိမ် တောင်ကြားလမ်းမှ လူတိုင်းကို ခြိမ်းခြောက်ခံရသည်ဟု ခံစားမိစေသည်။

လုယွီက ပြောဆိုသည်။

"ငါတို့တပ်က စစ်သားတွေ သေချာအနားယူရမယ်...ငါတို့က အချိန်တိုင်း ငါတို့ရဲ့ အထွတ်အထိပ်အခြေအနေကို ထိန်းသိမ်းထားရမယ်...စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်က ဆက်ပြီး ပစ်ခတ်နေလိမ့်မယ်...ကျန်တဲ့လူတွေအားလုံး သွားပြီးအနားယူကြတော့"

နောက်ထပ်အချိန်တခဏတွင် လုယွီ၏ ကြည်လင်သောနှလုံးသား တာအိုမန္တန်ရွတ်ဆိုသံသည် စစ်စခန်းတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားပေ၏။

ဤအသံသည် အပြင်ဘက်မှ အမြှောက်သံများကိုပင် လွှမ်းမိုးသွားသည်။ တာယွီစစ်သားအများစုသည် ရှည်လျားသော ခရီးစဉ်ကြောင့် မောပန်းနေကြသဖြင့် သူတို့သည် လှဲလျောင်းပြီးနောက် ချက်ချင်းအိပ်ပျော်သွားကြသည်။

အဆုံးတွင် ကျင့်ကြံသူများသည်လည်း လူသားများပင်ဖြစ်သည်။ မည်သူမဆို အချိန်အကြာကြီး ပြင်းထန်သော တိုက်ပွဲတွင် ရှိနေပြီးနောက် မောပန်းမှုကို ခံစားရပေမည်။

ကြည်လင်သောနှလုံးသား တာအိုမန္တန်၏ အကူအညီဖြင့် လူတိုင်းသည် ချက်ချင်းဆိုသလိုပင် နှစ်ခြိုက်စွာအိပ်မောကျသွားပေ၏။

ကျင့်ကြံသူများအတွက် အနားယူခြင်းမှာ အလွန်အရေးကြီးသည်။ တစ်စုံတစ်ယောက်သည် ကောင်းမွန်စွာ အနားမယူနိုင်ပါက သူတို့၏ စိတ်ဓာတ် ကျဆင်းသွားမည်ဖြစ်ပြီး မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကောင်းကောင်းမလုပ်နိုင်တော့ချေ။

ချမ်းသာပြီး အာဏာရှိသော လူတချို့သည် သူတို့၏စိတ် လန်းဆန်းတက်ကြွစေရန်နှင့် နှစ်ခြိုက်စွာအိပ်စက်ရန် အိပ်မွေ့ချပညာရှင်များကို မကြာခဏ ဖိတ်ကြားလေ့ရှိပြီး သူတို့ကိုယ်သူတို့ အချိန်တိုင်း စွမ်းအင်အပြည့်ရှိသော အထွတ်အထိပ်အခြေအနေတွင် ရှိနေစေသည်။

Chapter 4770

သို့ရာတွင် လုယွီ၏ ကြည်လင်သောနှလုံးသား တာအိုမန္တန်သည် ထိုအိပ်စက်ခြင်းအထောက်အကူများထက် များစွာပိုကောင်းသည်။

ချိုင်လုံရှင်းက ပြောဆိုသည်။

"ငါက စစ်တပ်တစ်တပ်လုံးကို ကင်းလှည့်ဖို့ ငါ့ ရဲ့ လက်အောက်ငယ်သားတွေကို စီစဉ်ပြီးပြီ.... စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်တွေရဲ့ ဖိနှိပ်မှုနဲ့ဆိုရင် ထန်တပ်က ရှောင်တခင်တိုက်ခိုက်မှုတစ်ခုကို လုပ်နိုင်မှာမဟုတ်ဘူး"

လုယွီက ခေါင်းညိတ်လိုက်သော်လည်း သူက အခြားကိစ္စတစ်ခုကို စဉ်းစားမိသည်။

"စစ်ဘက်ထောက်ပံ့ရေး အရာရှိကို ခေါ်လိုက်စမ်း"

လုယွီက ပြောဆိုသည်။

မကြာမီမှာပင် စစ်ဘက်အရာရှိ ရောက်ရှိလာသည်။

ဤစစ်ဘက်အရာရှိသည် အရပ်ဘက်အရာရှိတစ်ဦးမဟုတ်ဘဲ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဒဏ်ရာရရှိခဲ့သောကြောင့် ပြင်ပတိုက်ပွဲများတွင် မပါဝင်နိုင်တော့ချေ။ သူသည် နောက်တန်းတွင် စစ်ဘက်အရာရှိအဖြစ်သာ ထောက်ပံ့ပေးနိုင်သည်။

"အရှင်တို့ကို ဂါရဝပြုပါတယ်.."

စစ်ဘက်အရာရှိမှာ အလွန်တည်ငြိမ်ပေ၏။ သူသည် အဆင့်မြင့်တပ်မှူးများကို မြင်နေရသောအချိန်မှာပင် တည်ငြိမ်နေဆဲပင်။

ဗဟိုစစ်တဲအတွင်းတွင် ပြည်နယ်အုပ်ချုပ်သူအရှင်များနှင့် ချိုင်လုံရှင်းတို့ ရှိနေသည်။

လုယွီက မေးမြန်းသည်။

"စစ်တပ်ရဲ့ ရိက္ခာတွေက ဘယ်လောက်ကြာကြာ ခံနိုင်အုံးမလဲ"

ဤသည်မှာ လုယွီ အလေးထားဆုံးကိစ္စပင်။

လီမီပြောဆိုသည့် စကားများအနက် တစ်ခွန်းသည် မှန်ကန်ပေ၏။ ပုန်းကွယ်နဂါးစစ်တပ်သည် ဤနေရာသို့ ခရီးရှည်ကြီး ချီတက်လာခဲ့ရသဖြင့် စားနပ်ရိက္ခာ အမြဲတစေ ပြဿနာတစ်ခု ဖြစ်ခဲ့သည်။

စစ်တပ်တွင် စားနပ်ရိက္ခာတချို့ ရှိသော်လည်း စစ်သားဆယ်သန်းကျော်ရှိသော ကြီးမားသည့်စစ်တပ်သည် နေ့စဉ်နေ့တိုင်း အစားအစာများစွာကို သုံးစွဲနေသည်။

ယခုခေတ်ကာလ ကျင့်ကြံသူများမှာ ရှေးဟောင်းခေတ်မှ အင်မော်တယ်များကဲ့သို့ မစားမသောက်ဘဲ နေ၍မရချေ။ အစာရှောင်ခြင်းမှာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူရုံသက်သက်ဆိုပါက သူတို့၏ခန္ဓာကိုယ်များ အလွန်အားနည်းသွားပေလိမ့်မည်။

စစ်ဘက်အရာရှိက ပြောဆိုသည်။

"စာရင်းတွေအရဆိုရင် စစ်တပ်ရဲ့စားနပ်ရိက္ခာသိုလှောင်မှုက စစ်တပ်ကို ထောက်ပံ့နိုင်ပါသေးတယ်..."

"ငါက စာရင်းပေါ်က နံပါတ်တွေကို မလိုချင်ဘူး...မင်းကိုယ်တိုင် ပြောစေချင်တယ်"

လုယွီက သူ၏စကားကို ကြားဖြတ်ပြောဆိုလိုက်သည်။

စစ်ဘက်ဆိုင်ရာ စာရင်းစာအုပ်ပေါ်တွင် ကွဲပြားခြားနားသော အရင်းအမြစ်ပမာဏများ ရှိနေသည်။

ထို့ပြင် စစ်ဘက်အရာရှိသည် တစ်ဦးတည်း မဟုတ်ချေ။ မှတ်တမ်းများကို မျှဝေ၍ ကိုင်တွယ်သော စစ်ဘက်အရာရှိသည် သုံးဦးထက်မနည်း ရှိနေပေ၏။ သူတို့၏မှတ်တမ်းများတွင် ကြီးမားသော လွဲချော်မှုတစ်ခု ရှိပါက သူတို့ကို

စုံစမ်းစစ်ဆေးပြီး တာဝန်ခံခိုင်းပေလိမ့်မည်။

လုယွီသည် ဤစာရင်းစာအုပ်ကို သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်ခဲ့ပြီးဖြစ်သော်လည်း သူ ကိုယ်တိုင်မေးမြန်းရန် ပြင်ဆင်နေဆဲပင်။

စစ်ဘက်အရာရှိက အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"လက်ရှိစားနပ်ရိက္ခာက သုံးရက်ပဲ ခံနိုင်မှာပါ..."

ပတ်ဝန်းကျင်တွင်ရှိနေသော လူများ၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအယာများ ထင်ဟပ်နေသည်။ သူတို့သည် စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သော်လည်း ဤကိန်းဂဏန်းကို ကြားပြီးနောက် သူတို့သည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။

သုံးရက်...

သူတို့သည် ဤသုံးရက်အတွင်း ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ထိုးဖောက်လိုလျှင်ပင် လုပ်နိုင်မည် မဟုတ်ချေ။

စုန့်ချင်းဟူက မေးမြန်းသည်။

"ပတ်ဝန်းကျင်က ကြယ်နယ်မြေအိမ်တော်တွေမှာ ထောက်ပံ့ရေးပစ္စည်းတွေ ရှိတယ်...သူတို့ဆီကနေ စစ်ရိက္ခာတွေ မစုဆောင်းနိုင်ဘူးလား"

လမ်းတလျှောက်တွင် သူတို့သည် ထန်စစ်တပ်မှ သိမ်းပိုက်ခဲ့သော ကြယ်နယ်မြေများစွာကို ပြန်လည်သိမ်းယူခဲ့ကြသည်။

ထန်စစ်တပ်သည် လျှပ်ပြက်သကဲ့သို့ အရှိန်ဖြင့် ချီတက်တိုက်ခိုက်ခဲ့သည်။ သူတို့သည် သိမ်းပိုက်ထားသော ကြယ်နယ်မြေများတွင် အချိန်အကြာကြီး တပ်စွဲထားရန် အစီအစဉ်မရှိခဲ့ပေ။ သူတို့သည် ခံတပ်ငယ်များ တည်ဆောက်ပြီး ကာကွယ်ရန်အတွက် တပ်ဖွဲ့တချို့ကိုသာ စေလွှတ်ခဲ့သည်။

တာယွီ၏စစ်တပ် ရှေ့သို့ တိုးဝင်တိုက်ခိုက်သည်နှင့်အမျှ ဤခံတပ်ငယ်များကို တစ်ခုပြီးတစ်ခု ဖယ်ရှားခြင်းခံလိုက်ရပြီး မူလက တာယွီပိုင်ဆိုင်ခဲ့သော နယ်မြေကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

စစ်ဘက်ထောက်ပံ့ရေး အရာရှိ၏ မျက်နှာပေါ်တွင် ခါးသည်းသော အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ထန်စစ်တပ်က ငါတို့ရိက္ခာပြတ်လပ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားခဲ့ပုံပဲ... သူတို့က နေရာအသီးသီးက ရိက္ခာတွေအားလုံးကို ယူဆောင်သွားခဲ့တာကြောင့် တချို့နေရာတွေမှာ အငတ်ဘေးတွေတောင် စဖြစ်လာခဲ့တယ်...သာမန်သေမျိုးတွေ တော်တော်များများ သေဆုံးသွားကြတယ်"

"သူတို့က ယူနိုင်တာတွေကို ယူသွားပြီးတော့ မယူနိုင်တာတွေကို ဖျက်ဆီးပစ်တယ်....ငါတို့ ထပ်ပြီးစုံစမ်းစစ်ဆေးကြည့်တော့ ကြယ်နယ်မြေတချို့ ပျက်စီးသွားတာကို တွေ့ခဲ့တယ်...စိုက်ပျိုးနိုင်တဲ့ နေရာအများစုကို မီးလောင်တိုက်သွင်းပြီးတော့ ကျက်တီးမြေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်...သာမာန်သေမျိုးတွေထဲက တချို့က သုံးယောက်ငါးယောက်အုပ်စုဖွဲ့ပြီး ထွက်ပြေးကြတယ်....ဒါပေမဲ့ သာမန်သေမျိုးတွေအတွက် နေရာအတော်များများက ငရဲလိုဖြစ်နေခဲ့တာ ကြာပြီ...အဲ့ဒါက လူတွေနေဖို့ နေရာ မဟုတ်တော့ဘူး"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလိုလုပ်တာကြောင့် သူတို့က ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို ခံယူရမှာ မကြောက်ကြဘူးလား"

ချိုင်လုံရှင်းက သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

"သူတို့အတွက်တော့ စစ်ပွဲနိုင်သရွေ့... ဘယ်လိုနည်းလမ်းတွေကိုပဲ သုံးရပါစေ အရေးမကြီးဘူး.... ဒါ့ပြင် သာမန်သေမျိုးတွေက သူတို့အတွက် ပုရွက်ဆိတ်တွေပဲ... သူတို့က ပုရွက်ဆိတ်တွေရဲ့ အသက်ကို ဂရုမစိုက်ဘူး"

All Chapters