အခန်း (၄၇၇၆-၄၇၈၀)
Vol. 242 Ch. 4776-4780
Chapter 4776
တာယွီတော်ဝင်နန်းတွင်းတစ်ခုလုံးတွင် မျိုးရိုးအမည်မတူသည့် တစ်ဦးတည်းသော တော်ဝင်မိသားစုအနေဖြင့် ချိုင်မိသားစုထံတွင် အလွန်မြင့်မားသော အခွင့်အရေးများ ရှိသည်။
သာမန်မင်းသားများဖြစ်သော ချီဘုရင်နှင့် ယုဘုရင်တို့သည် စစ်ရေးအာဏာအစစ်အမှန်မရှိဘဲ နန်းတော်အစောင့်တပ်၏ သေးငယ်သော အစိတ်အပိုင်းကိုသာ ပိုင်ဆိုင်ခွင့်ရှိသည်။ ဒေသဆိုင်ရာအခွန်များကိုပင် လွှဲပြောင်းခွင့်အာဏာ မရှိချေ၏
သို့ရာတွင် ချိုင်မိသားစူကမူ ကွဲပြားခြားနားပေ၏။
ရေခဲဘုရင်ကြယ်မြစ်ကို ဘုရင်၏အမည်ဖြင့် မှည့်ခေါ်ထားခြင်းက ချိုင်မိသားစု မည်မျှထိ အားကောင်းသည်ကို ပြသနေသည်။
ချိုင်မိသားစုသည် အခွန်ကောက်ခံပိုင်ခွင့်သာမက စစ်သားများကို အမိန့်ပေးပိုင်ခွင့်လည်း ရှိသည်။ သူတို့ထံတွင် မြင့်မြတ်သော အဆင့်အတန်းလည်း ရှိသည်။ ရေခဲဘုရင်မျိုးဆက်အားလုံးနှင့် တာယွီဧကရာဇ်များသည် တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုများအဖြစ် ခေါ်ဝေါ်ကြပြီး ဧကရာဇ်နှင့်အမတ်များအဖြစ် မဆက်ဆံကြချေ။
ဤသည်မှာ တာယွီအင်ပါယာ၏ မဟာဘိုးဘေးမှ သတ်မှတ်ခဲ့သော သံမဏိစည်းကမ်းပင်။ ကျိုးယွမ်ယန်ပင်လျှင် ချိုင်လုံရှင်း၏ အခွင့်အရေးများကို ယာယီအားဖြင့် ဖျက်သိမ်းနိုင်ခြင်း မရှိပေ။
ချိုင်လုံရှန်း၏ စကားကို ကြားချိန်တွင် ရှယို့ရန်၏ မျက်နှာအမူအယာသည် ပြောင်းလဲသွားပြီးနောက် ဒေါသထွက်နေပုံရသည်။
လက်အောက်ခံတစ်ဦးအနေဖြင့် သူသည် မင်းသားတစ်ပါးကို မကောင်းပြောဆိုနိုင်ခြင်းမရှိသော်လည်း သူက သတိပေးလိုက်သည်။ "ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးက ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုပဲ... တကယ်လို့ အရှင်မင်းသားက ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် နောင်အနာဂတ်မှာ ကြီးမားတဲ့အမှားတစ်ခုကို ကျူးလွန်မိမှာ သေချာတယ်..."
ချိုင်လုံရှန်းက သူ့ကို တစ်ချက်ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"မင်းတို့ကမှ ကြီးမားတဲ့အမှားကို ကျူးလွန်ခဲ့တာ...တာယွီမင်းဆက်ကို တည်ထောင်ကတည်းက စစ်ပွဲမှာ သေဆုံးတဲ့ ဧကရာဇ်တွေရှိခဲ့ပေမယ့် ငြိမ်းချမ်းရေးရှာဖို့ သူတို့ရဲ့ နယ်မြေကို စွန့်လွှတ်ခဲ့တာမျိုး မရှိခဲ့ဘူး... မင်းတို့က တကယ့်ကို စံနမူနာတစ်ခု ချမှတ်ခဲ့တာပဲ"
ရှယို့ရန်၏ မျက်နှာသည် နီမြန်းသွားပြီး သူ ပြန်လည်ချေပလိုသော်လည်း စကားလုံးများ ရှာမတွေ့တော့ချေ။
"ထားလိုက်တော့....မင်းအခု ဆုတ်ခွာလို့ရပြီ..." ထိုအချိန်မှာပင် လီမီသည် မတ်တတ်ထရပ်ပြီး ရှယို့ရန်ကို သွားခွင့်ပြုလိုက်သည်။
သူသည် ကျားလှောင်အိမ်တောင်ကြားခံတပ်အပြင်ဘက်မှ ကောင်းကင်ကို ဖုံးလွှမ်း၍ မြေပြင်ကို ဖုံးအုပ်ထားသော အလွန်များပြားသည့် စစ်သားများကို ကြည့်ပြီး သက်ပြင်းရှိုက်လိုက်၏။
"ပြောရမယ်ဆိုရင် လုယွီ...မင်းက ငါ့ကို တကယ့်ကို ခေါင်းကိုက်စေခဲ့တယ်...မင်း ပေါ်လာတဲ့အချိန်ကစပြီး ငါ့တို့ရဲ့ ထန်အင်ပါယာကို ပြန်ပြီးအသက်သွင်းမယ့် အစီအစဉ်က အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်"
လုယွီက ပြောဆိုသည်။
"အခက်အခဲတွေ ဘယ်လောက်ထိ ရှိလဲဆိုတာ မင်း သိနေတယ်ဆိုရင်လည်း လက်လျှော့လိုက်တော့...တာယွီရဲ့ နယ်မြေထဲကနေ ဆုတ်ခွာသွားစမ်း....ဒါဆိုရင် ငါ မင်းကို အသက်ချမ်းသာပေးမယ်"
လီမီသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်၏။
"လုယွီ.... မင်းနဲ့ပတ်သက်ပြီး ငါ ဘာကို အမုန်းဆုံးလဲဆိုတာ မင်း သိလား.... မင်းက သေလုမျောပါးအခြေအနေမှာ ရောက်နေပေမယ့် အောင်ပွဲက မင်းလက်ထဲမှာ ရှိနေသလို ဟန်ဆောင်နေတယ်....မင်းက ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ချိုးဖျက်နိုင်လို့လား...မင်းရဲ့ စစ်တပ်က စားနပ်ရိက္ခာတွေ ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ..."
လီမီသည် မေးခွန်းနှစ်ခုကို ဆက်တိုက်မေးလိုက်ပြီး သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်သရော်ခြင်းများဖြင့် ပြည့်နှက်နေသည်။
သူ၏တာအိုဝတ်ရုံသည် သူ၏ ကျယ်လောင်သော ရယ်မောသံကြောင့် အနည်းငယ် တုန်ခါစပြုလာပြီး လီမီ၏ ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားသည်ပင် အနည်းငယ် လှုပ်ခတ်စပြုလာသည်။
"မင်း ကြောက်နေတယ်...."
လုယွီသည် လီမီ၏ အတွေးများကို တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်ပေ၏။
"မင်း ဘာကို ကြောက်နေတာလဲ... ပထမဆုံးအနေနဲ့ မင်းက မြို့ထဲက အရပ်သားတွေကို ထန်စစ်သားတွေအဖြစ် ဟန်ဆောင်ပြီး ထွက်ပြေးစေတယ်.... ပြီးတော့ မင်းက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ငှားပြီးတော့ ငါတို့ရဲ့စစ်စခန်းကို စုံစမ်းစစ်ဆေးဖို့ ကြံစည်ခဲ့တယ်....မင်းက နောက်ကွယ်မှာ ပုန်းနေပြီးတော့ မင်းကိုယ်မင်း ဗျူဟာမှူးတစ်ယောက်လို့ ထင်နေတယ်....တကယ်တော့ မင်းက ကြောက်တတ်တဲ့ လူတစ်ယောက်ပဲ"
လီမီ၏ မျက်နှာပေါ်မှ အပြုံးသည် အေးခဲသွားသည်။ သူသည် အံ့ကြိတ်ပြီး ပြောဆိုလိုက်၏။
"မင်း ဘာပြောလိုက်တာလဲ...."
"ငါပြောတာ မင်းက ငကြောက်တစ်ယောက်ပဲ... လီမီ.... မင်းကို ပါရမီရှင်လို့ ခေါ်ကြတယ်... မင်းငါနဲ့ တိုက်ခိုက်ရဲလား"
လုယွီက သူ၏မျက်လုံးများဖြင့် လီမီ၏ နောက်သို့ ကြည့်လိုက်သည်။ သူသည် ကျားလှောင်အိမ်တောင်ကြားခံတပ်၏ ခန့်ညားထည်ဝါသော မြို့တံတိုင်းကို မြင်လိုက်ရသည်။
"မင်းတို့ ထန်စစ်သားအားလုံး... မင်းတို့ ငါနဲ့ ထွက်တိုက်ဖို့ သတ္တိရှိလား...."
ထန်စစ်တပ်သည် တိတ်ဆိတ်သွားပေ၏။ လူယွီသည် ထန်စစ်သားများ၏ စိတ်ဓာတ်ကို နောက်တစ်ကြိမ် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဤထန်စစ်တပ်သည် မည်သို့ပင် မကျေမနပ်ဖြစ်နေပါစေ သူတို့အနက်မှ တစ်ဦးတစ်ယောက်မျှ ကျားလှောင်အိမ်တောင်ကြားခံတပ်မှ ထွက်လာပြီး လုယွီနှင့် တိုက်ခိုက်ဝံ့သူ မရှိချေ။
လီမီ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။
"လုယွီ.... တစ်ယောက်ယောက်က မင်းကို တွေ့ချင်နေပုံရတယ်"
လီမီသည် သူ့၏နောက်သို့ ကြည့်လိုက်၏။
စစ်သူကြီးတစ်ဦးသည် မြို့တံတိုင်းများနောက်မှ ထွက်လာသည်။ သူသည် ရုပ်ရည်ချောမောပြီး ခန့်ညားထည်ဝါသော အသွင်အပြင်ရှိသည်။ သူ၏ခန္ဓာကိုယ်ပေါ်၌ သံချပ်ကာဝတ်ဆင်ထားသော်လည်း သတ်ဖြတ်လိုခြင်း အရှိန်အဝါကို တစိုးတစိမျှ ထုတ်လွှတ်မထားချေ။ ထိုအစား သူ့ထံတွင် သူရဲကောင်းဆန်သော အရှိန်အဝါဖြင့် ပြည့်နှက်နေပေ၏။
ဤလူသည် ကောင်းရှစ်ကျီးပင်။
Chapter 4777
"လုယွီ... မင်း ငါ့ကို ရှာနေတယ်လို့ ငါ ကြားတယ်...လှည့်စားခံရတာ ဘယ်လိုခံစားရလဲ"
ကောင်းရှစ်ကျီးက အားရပါးရ ရယ်မောလိုက်သည်။
ဤအချိန်တွင် ထန်အင်ပါယာ စစ်နတ်ဘုရား၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေဆဲပင်။
ကောင်းရှစ်ကျီးသည် စစ်မြေပြင်တွင် လုယွီကြောင့် ဒဏ်ရာရရှိခဲ့ပြီး သူ၏ ကွမ်းရှန့်ပုံရိပ်ယောင်ပင်လျှင် ဖျက်ဆီးခံခဲ့ရသည်။
သို့ရာတွင် ထန်စစ်တပ်တွင် နတ်ဆေးသမားတော်တစ်ဦး ရှိသဖြင့် သူသည် ကောင်းရှစ်ကျီးကို တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာစေခဲ့သည်။
"ထန်စစ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ ကြေကွဲဖို့ကောင်းတဲ့ သေဆုံးမှုကလည်း အံ့အားသင့်စရာပါပဲ"
လုယွီက အမှုမထားသောလေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းရဲ့ ကိုယ်ရံတော်စစ်သားတွေ တစ်ယောက်မှ အသက်မရှင်ဘူး...သူတို့က ဖုန်းချန်ချင်းလိုပဲ သူတို့ရဲ့ စိတ်ဝိညာဉ်တွေ ပြန့်ကျဲသွားပြီ"
ဖုန်းချန်ချင်း၏ သေဆုံးမှုသည် ကောင်းရှစ်ကျီးအတွက် တားမြစ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ဖုန်းချန်ချင်းသည် ကောင်းရှစ်ကျီး၏ ကိုယ်ရံတော်စစ်သားဖြစ်ပြီး သူ၏ လက်အောက်မှ အစွမ်းထက်ဆုံး စစ်သူကြီးအဖြစ် အမြဲရှိခဲ့သည်။
သို့ရာတွင် ထိုသို့သော လူတစ်ဦးသည် လုယွီ စေလွှတ်လိုက်သော လီကျိုးစီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဤသည်မှာ ကောင်းရှစ်ကျီးအတွက် လုံးလုံးလျားလျား အရှက်ရဖွယ်ရာပင်။
"လုယွီ.... ငါမင်းကို ဒီနေ့ လူတစ်ယောက်နဲ့ တွေ့ခွင့်ပေးမယ်"
ကောင်းရှစ်ကျီး၏မျက်နှာပေါ်တွင် ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
သူသည် လက်ခုပ်တီးလိုက်ရာ သူ့နောက်မှ ထန်စစ်သားတစ်စုသည် ယိမ်းယိုင်နေသော အမျိုးသမီးတစ်ဦးကို တွန်းထုတ်ပြီး မြို့တံတိုင်းပေါ်သို့ တက်လာသည်။
ထိုအမျိုးသမီး၏ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး သူမသည် ပါးလွှာသော အဖြူရောင်ဝတ်ရုံတစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ သူမ၏ အဖြူရောင်ဝတ်ရုံပေါ်တွင် သွေးများစိုရွှဲနေသဖြင့် သူမကိုကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
ထန်စစ်တပ်၏ နည်းလမ်းများသည် အလွန်ကြမ်းတမ်းသည်။ သူတို့သည် ထိုအမျိုးသမီး၏ လက်မောင်းကို ဖမ်းဆွဲပြီး သူမကို မြေပေါ်သို့ တိုက်ရိုက် ဖိချလိုက်သည်။ အမျိုးသမီး၏ ဒူးမှ သွေးများယိုစီးကျလာသည်။
သူတို့၏နံဘေးပတ်လည်တွင် အေးစက်သောလေပြင်းများ တဝုန်းဝုန်း တိုက်ခတ်နေပေ၏။
အမျိုးသမီး၏ အဖြူရောင်အဝတ်အစားများသည် အဆက်မပြတ် လွင့်နေပြီး သူမ၏ အနက်ရောင်ဆံပင်များသည် အေးစက်သောလေနှင့်အတူ ရှေ့နောက် ယိမ်းခါနေသည်။
သူမသည် ချင်ယွီပင်။ ပုန်းကွယ်နဂါးစစ်တပ်၏ စစ်ဗိုလ်ချုပ်တစ်ဦးအနေဖြင့် သူမသည် နောက်တန်းမှ ထန်စစ်တပ်၏ ထောက်ပံ့ရေးသင်္ဘောများကို တိုက်ခိုက်ရန် တာဝန်ယူထားသော်လည်း ဖမ်းဆီးခြင်းခံခဲ့ရလေ၏။
ပုန်းကွယ်နဂါးစစ်တပ်၏ တစ်ဦးတည်းသော အမျိုးသမီးစစ်ဗိုလ်ချုပ်အနေဖြင့် ချင်ယွီသည် အမြဲတစေ ဉာဏ်ပညာရှိပြီး ရဲရင့်သည်။ သူမသည် လူတိုင်း၏ လက်ခံယုံကြည်မှုကို ရရှိခဲ့သည်။
သို့ရာတွင် ယခုချိန်၌ ချင်ယွီသည် ထန်စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သူမ၏ အဖြူရောင်အဝတ်အစားများပေါ်မှ သွေးစွန်းကွက်များသည် သူမ မည်သို့သော နှိပ်စက်မှုများကို ခံစားခဲ့ရသည်အား ပြသနေပေ၏။
ပတ်ဝန်းကျင်ရှိ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားအားလုံးသည် အရူးအမူး စတင်ကျိန်ဆဲလိုက်ကြသည်။ သို့ရာတွင် ဤအသံများသည် ကောင်းရှစ်ကျီး၏ နားအတွင်းသို့ ဝင်ရောက်သွားချိန်၌ သူ၏မျက်နှာပေါ်တွင် စိတ်အေးလက်အေးဖြစ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"ဒီမိန်းမကို ဖမ်းဖို့ ငါတို့ အတော်လေး အင်အားသုံးခဲ့ရတယ်"
ကောင်းရှစ်ကျီးက အပြုံးနှင့် ပြောဆိုသည်။
ချင်ယွီကို မြင်ချိန်၌ လုယွီသည် သူ သူမထံသို့ ပေးပို့ခဲ့သော သတင်းအချက်အလက်များသည် သူမ၏ လက်အတွင်းသို့ မရောက်ရှိခဲ့ကြောင်း သိရှိသွားလေပြီ။
ထန်စစ်တပ်၏ ထောက်လှမ်းရေးစနစ်သည် အလွန်ကျယ်ပြန့်ပြီး ကောင်းကင်ကွန်ယက်သည် ပြင်းထန်စွာ ပျက်စီးခဲ့ရသည်။
လုယွီ၏မျက်နှာအမူအယာသည် အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲပင်။ သူသည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများကို ရပ်တန့်ရန် အမူအရာပြပြီး ကောင်းရှစ်ကျီးကို အေးစက်စက် ကြည့်လိုက်သည်။
"မင်း ဘာသဘောလဲ..."
"ဒါက အရမ်းတရားမျှတတယ်....မင်းက ဖုန်းချန်ချင်းကို သတ်ခဲ့တယ်...ဒါကြောင့် ငါက သူ့ကို အလျော်ပေးခိုင်းမယ်... ဒါပေမယ့် စိတ်မပူနဲ့... ငါ သူ့ကို ဒီလောက်လွယ်လွယ်ကူကူ သေခွင့်ပေးမှာ မဟုတ်ဘူး"
ကောင်းရှစ်ကျီး၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ
သူ့နောက်မှ ထန်စစ်သားနှစ်ဦးသည် ချင်ယွီ၏အင်္ကျီအတွင်းသို့ လက်ထည့်ပြီး စတင်၍ပွတ်သပ်လိုက်ကြ၏။
ချင်ယွီက ခေါင်းငုံ့ထားသည်။ သူမ၏ခန္ဓာကိုယ်သည် ချိတ်ပိတ်ခံထားရသဖြင့် သူမ မလှုပ်ရှားနိုင်သော်လည်း သူမ၏ တုန်ရီနေသော ခန္ဓာကိုယ်သည် သူမ ခံစားခဲ့ရသော နာကျင်မှုကို ပြသနေဆဲပင်။
"လူယုတ်မာ..."
တာယွီစစ်တပ်မှ စစ်ဗိုလ်များ၏မျက်လုံးများ နီမြန်းသွားသည်။
ချင်ယွီသည် သူတို့နှင့်အတူ သေရေးရှင်ရေးတိုက်ပွဲများကို ဖြတ်သန်းခဲ့ပြီး သူတို့သည် ရဲဘော်ရဲဘက်များပင်။ သို့ရာတွင် ယခုချိန်၌ လူအမြောက်အများ၏မျက်စိအောက်တွင် သူသည် ထိုသို့သော အရှက်ခွဲခြင်းကို ခံစားခဲ့ရသည်။
"ကောင်းရှစ်ကျီး ဒါက စစ်မြေပြင်ပဲ... မင်းရဲ့ ဒေါသကို မိန်းမတစ်ယောက်အပေါ် ပုံမချနဲ့"
လုကျင်းရှန့်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကောင်းရှစ်ကျီးသည် ဂရုမစိုက်ပေ။
"မိန်းမတစ်ယောက်လား....သူက စစ်မြေပြင်ပေါ်မှာ ရှိနေပြီးတော့ သံချပ်ကာ ဝတ်ထားတယ်..... သူမက ရန်သူတစ်ယောက်ပဲ"
နှိပ်စက်ခံနေရသော ချင်ယွီသည် ရုတ်တရက် လုယွီကို မော့ကြည့်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ပြတ်သားသော အမူအယာတစ်ခု ရှိနေသည်။
သူမသည် ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာပေ။
သူမ၏အသံသည် ချိတ်ပိတ်ခံထားရသော်လည်း လုယွီသည် သူမ၏လှုပ်နေသောနှုတ်ခမ်းများမှတဆင့် သူမ မည်သည့်အရာအား ပြောနေသည်ကို နားလည်နေဆဲပင်။
ချင်ယွီက လုယွီကို သူမအတွက် စိတ်မပူရန် ပြောဆိုပြီး ထန်စစ်တပ်ကို ဆက်လက်၍ တိုက်ခိုက်စေလိုသည်။
လုယွီက ချင်ယွီကို ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ဒီနေ့ မင်းရဲ့အရှက်ရမှုအတွက်... ငါက ထန်စစ်သား သန်းပေါင်းများစွာရဲ့ အသက်ကိုယူပြီး လက်စားချေပေးမယ်"
Chapter 4778
ချင်ယွီသည် နှိပ်စက်ခံနေရသော်လည်း သူမ၏ မျက်လုံးများအတွင်းတွင် တည်ကြည်ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။
အေးစက်သောလေသည် စူးရှစွာ တိုက်ခတ်သည်။ လှပသော ပုံရိပ်တစ်ခုသည် ကျားများနှင့် ဝံပုလွေများကဲ့သို့သော ထန်စစ်သားများကြားတွင် ရှိနေပြီး သူမသည် အကူအညီမဲ့ပြီး အထီးကျန်နေပုံရသည်။
လုယွီ၏ နှလုံးသားအတွင်းတွင် ဒေါသဖြင့် ပြည့်နှက်နေသော်လည်း သူ၏မျက်နှာမှာမူ တည်ငြိမ်နေဆဲပင်။သူက ကောင်းရှစ်ကျီးကို ကြည့်လိုက်သည်။
"မင်း ဘယ်လိုတောင်းဆိုမှုမျိုးကို လိုချင်တာလဲ"
ကောင်းရှစ်ကျီးသည် ပြုံးပြီး သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအယာတစ်ရပ် ရှိနေသည်။
"မင်းက တာယွီရဲ့ သာမာန်ပြည်သူတစ်ယောက် ဖြစ်သွားပြီ.... မင်းမှာ ငါနဲ့ ညှိနှိုင်းဖို့ အရည်အချင်းရှိတယ်လို့ မင်း ထင်နေတာလား..."
"ငါက မင်းကို ငါ့ကို စော်ကားခဲ့တာရဲ့ အကျိုးဆက်တွေကို မြင်စေချင်တာပဲ..."
ကောင်းရှစ်ကျီးသည် သူ၏လက်ကို ဝှေ့ယမ်းပြီး သူ၏ လက်အောက်ငယ်သားများအား စတင်နိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်၏။
အနီးအနားရှိ ထန်စစ်သားများသည် ချက်ချင်းဆိုသလိုပင် ဆိုးညစ်သောအပြုံးများ ပြုံးလိုက်ကြသည်။ သူတို့အနက်မှတချို့ထံတွင် ရက်စက်ကြမ်းကြုတ်သော အမူအယာ ရှိနေသဖြင့် ပြင်ပမှ တာယွီစစ်သားများ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချင်ယွီသည် ထန်စစ်သားများ၏ တွန်းလှဲခြင်းကို ခံလိုက်ရပြီး မကြာမီမှာပင် စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"လူယုတ်မာ...."
လုကျင်းရှန့်သည် ချင်ယွီနှင့် အချိန်အကြာဆုံး အတူရှိခဲ့သူပင်။ ဤမြင်ကွင်းကို မြင်ချိန်၌ သူ၏မျက်လုံးများ နီမြန်းသွားပေ၏။
"တိုက်ခိုက်ကြစမ်း"
"တိုးဝင်ပြီး ထန်စစ်သားတွေအားလုံးကို သတ်ဖြတ်မယ်"
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များ အော်ဟစ်လိုက်ကြသည်။
သူတို့သည် လုံးလုံးလျားလျား ဒေါသထွက်နေကြလေပြီ။ ထန်စစ်တပ်၏ လုပ်ရပ်များသည် လူတိုင်း၏ အာရုံကြောများကို လှုံ့ဆော်ခဲ့သည်။
သူတို့သည် ကောင်းကင်ကို လွှမ်းခြုံ၍ မြေပြင်ကို ဖုံးအုပ်ထားသော စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များဖြင့် ကျားလှောင်အိမ်တောင်ကြားခံတပ်၏ မြို့ကာကွယ်ရေးဝင်္ကပါကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မာကျောသော မြို့ကာကွယ်ရေးဝင်္ကပါ၏ အလင်းလွှာပေါ်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
ကောင်းရှစ်ကျီးသည် ထိတ်လန့်သွားခြင်း မရှိပေ။ ကျားလှောင်အိမ်တောင်ကြားခံတပ်၏ ကာကွယ်ရေးဝင်္ကပါသည် သာမန်လူများ၏ စိတ်ကူးထက် များစွာကျော်လွန်နေသည်။ ထန်စစ်တပ်သည် ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ပထမဆုံး တိုက်ခိုက်စဉ်က ဤအရာကို ကြုံတွေ့ခဲ့ရသည်။ ထိုသို့မဟုတ်ပါက ကောင်းရှစ်ကျီးသည် သူ၏လူများကို သူနှင့်အတူ ခေါ်ဆောင်လာမည်မဟုတ်ချေ။ သူသည် ရှည်လျားသော လေဟာနယ်အာကာသအက်ကွဲကြောင်းကို ဖြတ်သန်းပြီး နောက်တန်းမှ တိုက်ခိုက်ခဲ့ရလေ၏။
"လုယွီ...မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ"
ကောင်းရှစ်ကျီး၏ မျက်လုံးများသည် ရူးသွပ်မှုဖြင့် လင်းလက်နေပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ထန်အင်ပါယာ၏ စစ်နတ်ဘုရားတစ်ဦးဖြစ်သည့်တိုင် သူသည် လုယွီ၏လက်အတွင်း၌ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသည်။ ဤသည်မှာ သူ့အတွက် ကြီးမားသော အရှက်ရဖွယ်ကိစ္စပင်။
ကောင်းရှစ်ကျီးသည် လုယွီကို ဒေါသထွက်စေနိုင်ခဲ့ခြင်းကြောင့် အလွန်စိတ်ကျေနပ်နေပေ၏။
"မင်းရဲ့ လက်အောက်ငယ်သားက တကယ့်ကို အားကောင်းတယ်...သူက အော်သံတစ်ချက်တောင် မထွက်ဘူး... ဒါပေမယ့် သူ ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ"
ကောင်းရှစ်ကျီး၏ မျက်လုံးများတွင် စူးရှသော သွေးရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
သူ့၏နောက်တွင် ဟစ်ကြွေးသံများ ထွက်ပေါ်နေသည်။ ချင်ယွီသည် မည်သို့သော နှိပ်စက်မှုကို ခံစားနေရသည်အား စိတ်ကူးကြည့်နိုင်ရန်ပင် ခက်ခဲပေ၏။
ဤဟစ်ကြွေးသံတိုင်းသည် ပုန်းကွယ်နဂါးစစ်တပ်ကို ရူးသွပ်စေသော လောင်စာတစ်ခုကဲ့သို့ ဖြစ်နေသည်။
နဂါးမြင်းစစ်တပ်မှ အဖွဲ့ဝင်အားလုံးနီးပါးသည် မြို့ကာကွယ်ရေးဝင်္ကပါကို အစွမ်းကုန် တိုက်ခိုက်နေကြသည်။
ကြီးမားသော မြို့ကာကွယ်ရေးဝင်္ကပါသည် အပြင်းထန်ဆုံး တိုက်ခိုက်မှုအောက်တွင် ရှိနေပေ၏။ ပြင်းထန်သော တိုက်ခိုက်မှုများသည် မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းထားလုနီးပါးပင်။
"ဟား ဟား ဟား....လုယွီ မင်း ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ချိုးဖျက်ဝင်လာလို့မရဘူး...ငါ ဒီမှာပဲ ရပ်နေတယ်...မင်းလာပြီး ငါ့ကို သတ်နိုင်လို့လား"
ကောင်းရှစ်ကျီးက အားရပါးရ ရယ်မောလိုက်ပြီး သူ၏မျက်လုံးများ တောက်ပနေသည်။
တံတိုင်းများပေါ်တွင်ရှိနေသော ထန်စစ်သားများသည်လည်း စတင်၍ ရယ်မောလိုက်ကြ၏။
သူတို့၏ မျက်လုံးများအတွင်းတွင် လက်စားချေလိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
လုယွီသည် သူတို့ကို ဤနေရာအထိ လိုက်လံတိုက်ခိုက်ခဲ့ပြီး ထန်စစ်တပ်၏စစ်အင်အားကို ဆုံးရှုံးစေခဲ့သည်။ မရေမတွက်နိုင်သော ထန်စစ်သားများသည် လုယွီ၏ လက်အတွင်းတွင် သေဆုံးခဲ့ကြသည်။
ယခုချိန်၌ လုယွီ ရှုံးနိမ့်သွားချိန်တွင် ထန်စစ်သားများ စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် သူတို့၏ လက်စားချေနိုင်ခြင်းအတွက် ပျော်ရွှင်ကြပြီး သူတို့၏ ရန်သူများကို တန်ကြေးပေးဆပ်စေခဲ့သည်။
ထန်စစ်တပ်၏နောက်မှ ဟစ်ကြွေးသံများ ရုတ်တရက် ရပ်တန့်သွားသည်။
အဝတ်အစားများ ဖရိုဖရဲနေသော ထန်စစ်သားတစ်ဦးသည် တံတိုင်းပေါ်သို့ ပြေးတက်လာပြီး ကျယ်လောင်စွာ ပြောဆိုသည်။
"တပ်မှူး ကောင်း...အဲ့ဒီမိန်းမ သေသွားပြီ..."
ကောင်းရှစ်ကျီးသည် အလေးမထားသော အမူအယာဖြင့် ပြောဆိုလိုက်၏။
ဒါက ပျင်းစရာကောင်းတယ်...မင်းတို့ ဖမ်းမိထားတဲ့ တာယွီစစ်သားတွေအားလုံးကို သတ်ပြီး သူတို့ရဲ့ ခေါင်းတွေကို ယူလာခဲ့စမ်း..."
"ဟုတ်ကဲ့"
စိတ်လှုပ်ရှားနေသော ထန်စစ်သားများသည် အလျင်အမြန် ပြေးဆင်းသွားပြီး မကြာမီ တာယွီစစ်သားများခေါင်းများကို တစ်လုံးပြီးတစ်လုံး ယူဆောင်လာကြသည်။
မြို့တံတိုင်းများပေါ်မှ ကျောက်တုံးများသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး အုတ်များကို အနီရောင် စွန်းထင်းသွားစေသည်။
တာယွီစစ်သားများအားလုံး ဒေါသထွက်နေကြသည်။
ထိုခေါင်းများသည် သူတို့၏ ရဲဘော်ရဲဘက်များဖြစ်သော်လည်း ယခုချိန်၌ ဤသို့ ဆက်ဆံခံနေရသည်။ ဤှသည်မှာ အလွန်ဆိုးရွားသော မြင်ကွင်းတစ်ခုပင်။
Chapter 4779
"မင်းတို့ တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မရှိချေ။ စစ်သူကြီးတစ်ဦးအနေဖြင့် သူသည် ပုံမှန်မဟုတ်သော ပျော်ရွှင်မှု သို့မဟုတ် ဒေါသကို မပြသခဲ့ပေ။
သို့ရာတွင် လူတိုင်းသည် လုယွီ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော ကြမ်းတမ်းသည့် ဖိအားကို ခံစားနေရလေပြီ။ နတ်ဆိုးဆန်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး သူတို့ကို အသက်ရှူရခက်ခဲစေသည်။
"မင်းတို့က ငါတို့ကို ဘာလုပ်နိုင်မှာလဲ"
လီမီကလည်း ပြုံးလိုက်သည်။ သူသည် မြေပေါ်တွင် ဆက်၍ထိုင်နေပြီး ပွဲတစ်ပွဲကြည့်နေသကဲ့သို့ ပြုမူနေပေ၏။
သူ၏ရှေ့တွင် အဆုံးအစမရှိသော တာယွီစစ်တပ်သည် အရူးအမူး တိုက်ခိုက်နေသော်လည်း သူတို့သည် လီမီနှင့် ဆယ်မီတာခန့်အကွာတွင် ရပ်တန့်နေပြီး သူ၏အနီးသို့ လုံးဝမချဉ်းကပ်နိုင်ပေ။
ကျားလှောင်အိမ်တောင်ကြားခံတပ်၏ ကာကွယ်ရေးဝင်္ကပါသည် အလွန်အားကောင်းသည်ကို သိရှိထားသောကြောင့် လီမီနှင့် ကောင်းရှစ်ကျီးတို့သည် ဤမျှထိ ရဲတင်းစွာ ပြုမူနေပြီး လုယွီ ဝင်ရောက်လာမည်ကို မစိုးရိမ်ကြချေ။
"မင်းတို့က ဟန်ဆောင်နေတာပဲဆိုတာ ငါ သိတယ်...လီကွမ်းပိနဲ့ ကဲရှူဟန်က မင်းတို့နဲ့အတူ မရှိဘူး...ထန်စစ်တပ်က ဆုတ်ခွာနေတယ်..မင်းတို့နှစ်ယောက်တည်း ဒီမှာကျန်ခဲ့ပြီးတော့ ငါ့ကို ဒေါသထွက်အောင် လုပ်ဖို့ ကြိုးစားနေတာ မဟုတ်လား"
"မင်းက သတင်းအချက်အလက်တွေကို ကောင်းကောင်းကြီး သိနေသားပဲ.. ဒါပေမယ့် မင်း ငါတို့ကို တားနိုင်လို့လား"
လီမီက လှောင်ပြောင်ရယ်မောလိုက်သည်။
"ငါတို့နဲ့ ညှိနှိုင်းဖို့ တောင်းပန်ခဲ့တာ မင်းတို့ရဲ့တော်ဝင်နန်းတွင်းပဲ...အိုး ဟုတ်သားပဲ... ကျားလှောင်အိမ်တောင်ကြားခံတပ်က အခု ငါတို့ ထန်အင်ပါယာရဲ့ နယ်မြေပဲ....မင်းက တာယွီတော်ဝင်နန်းတွင်းရဲ့ကိုယ်စား တိုက်ခိုက်ပြီးတော့ ထန်အင်ပါယာကို စစ်ကြေညာနေပေမယ့်...လုယွီ အခု မင်းက သာမန်ပြည်သူတစ်ယောက်ပဲ....မင်းက စစ်တပ်ကို ဦးဆောင်ပြီး တခြားအင်ပါရဲ့ နယ်မြေကို တိုက်ခိုက်နေတာ... မင်းမှာ ဂုဏ်သတင်းကောင်း မရှိဘူး ... မင်းက ပုန်ကန်သူတစ်ယောက်ပဲ"
ကောင်းရှစ်ကျီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တိုက်ခိုက်နေသော တာယွီစစ်သားအားလုံးသည် သူတို့၏စိတ်နှလုံးသားအတွင်းတွင် ရှက်ရွံ့မှုတစ်ခု ငြိတွယ်သွားသည်ကို ခံစားမိပေ၏။
သူတို့သည် ရှေ့တန်းတွင် သွေးချောင်းစီးနေသော်လည်း တော်ဝင်နန်းတွင်းသည် သူတို့၏ နောက်ကွယ်တွင် ရန်သူအား နယ်မြေလျော်ကြေးပေးသည့် အရှက်ရဖွယ် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။
လူတိုင်းသည် ပြင်းထန်သော သစ္စာဖောက်ခံရခြင်းကို ခံစားနေရသည်။
လုယွီသည် ရှေ့သို့ လျှောက်လှမ်းသွားပြီး သူ၏အမူအယာ တည်ငြိမ်နေဆဲပင်။
"မင်းတို့နှစ်ယောက်က ငါ ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ချိုးဖျက်လို့မရဘူးလို့ ထင်နေတာလား"
"မင်း ကြိုးစားကြည့်လို့ရတယ်"
ကောင်းရှစ်ကျီးက အပြုံးနှင့် တုံ့ပြန်သည်။
လုယွီက သူ၏လက်ကို မြှောက်လိုက်ရာ ရှေးဟောင်းတံဆိပ်ပြားတစ်ခုသည် သူ့ရှေ့ရှိ လေဟာနယ်အတွင်းတွင် ထွက်ပေါ်လာသည်။ ထိုတံဆိပ်ပြားမှ ရွှေရောင်အလင်းတန်းများသည် လုယွီ၏နံဘေးပတ်လည်တွင် စုစည်းစပြုလာပေ၏။
ဤအချိန်တွင် လုယွီရပ်နေသော မိုးကောင်းကင်သည် ပူပြင်းသောနေလုံးကြီးဖြင့် လုံးဝဖုံးလွှမ်းသွားသည့်အလား မီးလောင်တော့လုမတတ် နီမြန်းနေသည်။ အဆုံးအစမရှိသော အေးစက်စက်လေပြင်းတစ်ရပ်သည် လုယွီ၏ နံဘေးပတ်လည်တွင် တိုက်ခတ်နေပြီး သူ၏အင်္ကျီလက်များကို တဖျတ်ဖျတ်လူးလွန့်နေစေသည်။
ကောင်းရှစ်ကျီးနှင့် လီမီတို့၏ မျက်နှာများပေါ်မှ အပြုံးများသည် တောင့်တင်းသွားပြီး ပြင်းထန်သော ကြောက်ရွံ့မှုသည် သူတို့၏စိတ်နှလုံးသားအတွင်းတွင် တိုးပွားလာသည်။
သို့ရာတွင် သူတို့နှစ်ဦးသည် ထန်စစ်တပ်၏ တပ်မှူးများဖြစ်သဖြင့် သူတို့သည် တစ်ခုခုမှားနေသည်ဟု ခံစားရလျှင်ပင် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားခြင်း မရှိချေ။
"အဆင်ပြေပါတယ်...သူ အကာအကွယ်ဝင်္ကပါကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"
လီမီက အာမခံလိုက်သည်။
သို့ရာတွင် သူ၏လက်ဖြင့် မြင်းမြှီးယပ်တောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်းမှတဆင့် သူ၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုကို ပြသနေသည်။
ထိုအချိနိမှာပင် အရှိန်အဝါကြီးမားသော ပုံရိပ်ယောင်များသည် လုယွီ၏နောက်တွင် ထွက်ပေါ်လာပေ၏။
လုယွီ၏မှော်စွမ်းအားများ စုစည်းမှုမှတဆင့် ဤပုံရိပ်များ ထွက်ပေါ်လာခြင်းပင်။ သူတို့တစ်ဦးချင်းစီသည် အစွမ်းထက်သော ပုံရိပ်များဖြစ်ပြီး အလွန်ကြီးမားသော အရှိန်အဝါများ ရှိကြသည်။ သူတို့၏ထွက်ပေါ်လာမှုသည် ကြယ်တာရာကောင်းကင်တစ်ခုလုံးကို တုန်ခါစေခဲ့သည်။
တာယွီစစ်သားအနည်းစုသည် ထိုပုံရိပ်များအနက်မှ တစ်ခုကို မှတ်မိသွားပြီး ကြက်သေသေနေကာ တချို့သည် တိုက်ရိုက် ဒူးထောက်လိုက်သည်အထိ ဖြစ်သွားလေ၏။
လူသားဧကရာဇ် ယင်ကျန့်...
ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်...
ထိုက်ချမ်ဧကရာဇ် ကျိုးထျန်းယင်....
ရှေးဟောင်းခေတ်မှ ယခုခေတ်ကာလအထိ လောကကြီးကို တုန်လှုပ်စေခဲ့သော ပြိုင်ဘက်ကင်း ဧကရာဇ်သုံးပါးကို လုယွီက ဤလောကကြီးအတွင်းသို့ နောက်တစ်ကြိမ် ဆင့်ခေါ်ခဲ့သည်။
"ကျားလှောင်အိမ်တောင်ကြားခံတပ်က မင်းတို့ကို မကာကွယ်နိုင်ဘူး..."
လုယွီ၏ အသံသည် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပေ၏။ လူတိုင်း၏အမြင်အာရုံအတွင်းတွင် ဧကရာဇ်များ၏ ပုံရိပ်များကိုသာ မြင်တွေ့နိုင်သည်။
ရှေးကျပြီး အစွမ်းထက်သော အမွေအနှစ်သုံးခုလုံးကို လုယွီက ဆက်ခံခဲ့သည်။ ချင်ယွီ၏ သေဆုံးမှုသည် လုယွီကို ဒေါသထွက်စေခဲ့သည်။ သူသည် လီမီနှင့် ကောင်းရှစ်ကျီးကို မသတ်နိုင်မချင်း လက်လျှော့မည်မဟုတ်ဟု ကျိန်ဆိုခဲ့လေ၏။ ထို့ကြောင့် သူသည် သူ၏ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ခဲ့သည်။
Chapter 4780
"အမြင့်မြတ်ဆုံး အင်မော်တယ်တာအို....အန္တိမအင်မော်တယ်တာအို.. ကိုးခုမှ တစ်ခုသို့ ပြန်သွားခြင်း..."
လုယွီသည် တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် တစ်စုံတစ်ခုသော ဉာဏ်အလင်းပွင့်မှုကို ရရှိသွားသကဲ့သို့ပင်။
သူသည် မိုးကောင်းကင်သို့ မြင့်မားစွာ ပျံတက်သွားသည်။ သူ၏ တောက်ပသော အဝါရောင်ပိုးထည်ဝတ်ရုံသည် လေပြင်းများအတွင်းတွင် တဖျတ်ဖျတ်လူးလွန့်နေပေ၏။ သူ၏နောက်မှ ဧကရာဇ်ပုံရိပ်ယောင်သုံးခုသည် လုယွီ၏ ပုံရိပ်ကို လုံးလုံးလျားလျား လင်းထိန်စေပြီး သူ့ကို တောက်ပနေစေသည်။
"တာအို...."
ဧကရာဇ်ပုံရိပ်ယောင်သုံးခုသည် သူတို့၏ လက်များကို တစ်ချိန်တည်း ဆန့်ထုတ်ပြီး လုယွီကို ချိန်ရွယ်ကာ သူတို့၏မှော်စွမ်းအားများကို သွန်းလောင်းလိုက်သည်။
အချိန်တခဏအတွင်းတွင် လောကကြီးအတွင်းရှိ အရာအားလုံးသည် လုယွီ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပုံပင်။ ဤအချိန်တွင် သူသည် လောကကြီးအတွင်းတွင် အကြီးမြတ်ဆုံးအရှင်ပင်။ သူ ပြောသည်မှာ မေးခွန်းထုတ်ရန်မလိုသော အမှန်တရားဖြစ်ပေ၏။
ဤသို့သော စွမ်းအားသည် လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်နေသည်။ ဤသည်မှာ လုယွီ၏ လက်ရှိကျင့်ကြံမှုနယ်ပယ် အကန့်အသတ်ထက်ပင် ကျော်လွန်နေသည်။
ပုန်းကွယ်နေသော ထန်အင်ပါယာ၏ တာအိုသခင်သည် တိုက်ခိုက်ခြင်းမပြုခဲ့ချေ။ အကြောင်းအရင်းမှာ တိတိကျကျပြောရလျှင် လုယွီသည် တာအိုသခင်တစ်ဦးမဟုတ်သောကြောင့် သူသည် စည်းမျဉ်းများကို မချိုးဖောက်နိုင်ခြင်းပင်။
သို့ရာတွင် လုယွီ ထုတ်သုံးလိုက်သော စွမ်းအားသည် သာမန် အစောပိုင်းအဆင့် တာအိုသခင်တစ်ဦးထက် ကျော်လွန်နေလေပြီ။
"ငါတို့ရဲ့အရှင်က တကယ် ဒေါသထွက်နေတာပဲ... ငါ သူ့ကို ဒီလိုပုံစံမျိုးနဲ့ တစ်ခါမှ မမြင်ဖူးဘူး..."
"သူ ချီအင်ပါယာကို တိုက်ခိုက်တုန်းကတောင် ဒီလို ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကို တစ်ခါမှ မသုံးခဲ့ဖူးဘူး...."
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်အုပ်စုသည် အံ့အားသင့်နေပေ၏။ သူတို့သည် အလွန်ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်တွင် တောင့်တင်းစွာ မတ်တတ်ရပ်နေကြသည်။
ပုန်းကွယ်နဂါးစစ်တပ်၏ စစ်ဗိုလ်ချုပ်များကြားတွင် ရှိနေသော လန်ဝူရှင်းသည် ထိုနေ့က စိတ်ဝိညာဥ်တောင်ပေါ်တွင် လုယွီ ပြသခဲ့သော စွမ်းအားကို ရုတ်တရက် သတိရသွားသည်။
ထိုနေ့က ဗုဒ္ဓအရှင်၏သွေးများသည် စိတ်ဝိညာဥ်တောင်၏ ထောင့်တစ်နေရာတိုင်းကို စိုရွှဲစေခဲ့သည်။ ဗုဒ္ဓဂိုဏ်းဝင်များသည် ထိုနေရာတွင် သွေးမြေကျခဲ့ပေ၏။။ ကောင်းကင်နှင့် မြေပြင်သည် လုယွီအတွက် ဝမ်းနည်းပူဆွေးနေခဲ့သည်။ သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလား မရေမတွက်နိုင်သော ဗုဒ္ဓဂိုဏ်းဝင်များ၏ အလောင်းများပေါ်တွင် မတ်တတ်ရပ်နေခဲ့သည်။
"သူတို့တော့ အဆုံးသတ်သွားပြီ"
လန်ဝူရှင်းသည် ခေါင်းခါယမ်းပြီး ရုတ်တရက် ကောင်းရှစ်ကျီးနှင့် လီမီကို သနားကရုဏာသက်သောအကြည့်ဖြင့် ကြည့်လိုက်၏။
ဤလူနှစ်ယောက်သည် ပြဿနာ၏ ပြင်းထန်မှုကို ရှင်းရှင်းလင်းလင်း မသိရှိကြသေးချေ။
တခြားတစ်ဖက်တွင် ဖူကျစ်ရွှယ် စုန့်ချင်းဟူနှင့် တခြားသူများသည်လည်း လုယွီ၏နောက်မှ ပုံရိပ်ယောင်များကို ထိတ်လန့်တုန်လှုပ်စွာ စူးစိုက်ကြည့်နေကြသည်။
"ဒါ... ကွယ်လွန်သူဧကရာဇ်ရဲ့ ဓမ္မပုံရိပ်ယောင်ပဲ...လူယွီက ကွယ်လွန်သူဧကရာဇ်ရဲ့ အမွေအနှစ်ကို ရခဲ့တာလား"
စုန့်ချင်းဟူက အသက်ပြင်းပြင်းရှိုက်လိုက်သည်။
လူတိုင်းသည် ကျိုးထျန်းယင်၏ အစစ်အမှန်အသွင်အပြင်ကို မမှတ်မိနိုင်သော်လည်း စုန့်ချင်ဟူကမူ သူ့ကို နက်ရှိုင်းစွာ အထင်ကြီးလေးစားခဲ့သူပင်။
ဤအချက်ကြောင့်ပင် စုန့်ချင်းဟူ၏စိတ်နှလုံးသားအတွင်းတွင် အလွန်ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
"အရှင်ဖူ...ကျန်တဲ့နှစ်ယောက်က ဘယ်သူတွေလဲဆိုတာ မင်း သိလား.."
ချိုင်လုံရှင်းက မေးမြန်းသည်။
ဖူကျစ်ရွှယ်သည် ခေါင်းမော့ပြီး လေထုအတွင်းမှ အစွမ်းထက်သော ပုံရိပ်ယောင်သုံးခုကို စိုက်ကြည့်လိုက်သည်။ အချိန်တခဏအကြာတွင် သူက ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်၏။ "အလယ်ကတစ်ယောက်က လေးဘက်လေးတန်က ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသတွေနဲ့ ပဲ့တင်ထပ်နိုင်ပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့လူပဲ...သူ့နောက်က နဂါးတွေ ဖီးနစ်ငှက်တွေ ချီလင်တွေရဲ့ ပုံရိပ်တွေကို ကြည့်လိုက်အုံး...ဒါက ရှေးဟောင်းအစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လိမ့်မယ်....ဒါ့ပြင် သူ့မှာ ကြီးမားပြီး အားကောင်းတဲ့ အမြင့်မြတ်ဆုံးအရှိန်အဝါလည်း ရှိတယ်.... ငါ ခန့်မှန်းတာတော့ သူက တာအိုကျမ်းစာတွေမှာ မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်ပဲ"
"ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်လား....သူက ရှေးဟောင်းခေတ်ကတည်းက ပျောက်ကွယ်သွားတာ မဟုတ်လား"
ချိုင်လုံရှင်းက ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုသည်။
ချိုင်မိသားစုသည် အသိပညာကြွယ်ဝပြီး ရှေးဟောင်းကျမ်းစာများကိုလည်း လေ့လာဖူးသည်။
ကောင်းကင်ဘုံနန်းတော်ပြိုလဲခြင်း အင်မော်တယ်များသေဆုံးခြင်း ရှေးဟောင်းလူသားများ၏ဆုတောင်းသံများ ရေပွက်များကဲ့သို့ ကြေမွှသွားခြင်း....
ဤအချိန်တွင် နတ်ဆိုးများ တိုက်ခိုက်နေပြီး လူသားမျိုးနွယ်သည် အစွမ်းကုန် တန်ပြန်တိုက်ခိုက်ခဲ့သောကြောင့် ကောင်းကင်ဘုံနယ်မြေတွင် ဤကုန်းမြေတစ်စိတ်တစ်ပိုင်း ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
ဤအရာအားလုံးကို တာအိုကျမ်းစာများအတွင်းတွင် မှတ်တမ်းတင်ထားသည်။
ဖူကျစ်ရွှယ်သည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်၏။
"ငါကလည်း ရှေးဟောင်းအချက်အလက်တွေကနေတဆင့် ခန့်မှန်းလိုက်တာ...ဒါပေမယ့် ဒီဝိုးတဝါးပုံရိပ်တွေက သာမန်မဟုတ်တာတော့ သေချာတယ်... ညီလေးလု ရထားတဲ့ ကံကြမ္မာကောင်းကြီးက ငါတို့ တွေးထင်ထားတာထက် ကျော်လွန်နေပုံပဲ...."
"ကျန်တဲ့တစ်ယောက်ကတော့..."
စစ်ဗိုလ်ချုပ်များအားလုံး၏ အကြည့်များသည် လူသားဧကရာဇ်ယင်ကျန့်၏ ပုံရိပ်ယောင်ပေါ်သို့ ကျရောက်သွားသည်။
ကျိုးထျန်းယင် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်တို့နှင့် နှိုင်းယှဉ်လျှင် ယင်ကျန့်၏ ပုံရိပ်သည် ထပ်တူထပ်မျှ အားကောင်းသော်လည်း သူ့ထံတွင် အထီးကျန်ဆန်ခြင်းနှင့် အဖော်မဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
သူ၏နောက်တွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်မရှိ ဥပဒေသများ၏ပဲ့တင်ထပ်မှု မရှိချေ။ လူတိုင်းသည် ဤသူမှာ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိသော်လည်း မည်သူမျှ သူ၏နောက်ခံကို မသိကြပေ။
"ဒီလူက ဘယ်သူလဲဆိုတာ ငါ တကယ် စဉ်းစားလို့မရဘူး..."