← Chapters

အခန်း (၄၇၈၁-၄၇၈၅)

Vol. 242 Ch. 4781-4785

အခန်း (၄၇၈၁-၄၇၈၅)

Vol. 242 Ch. 4781-4785

Chapter 4781

လေထုအတွင်းတွင် ဧရာမပုံရိပ်ယောင်သုံးခုသည် ခမ်းနားထည်ဝါစွာ မားမားမတ်မတ်ရပ်တည်နေသည်။

လုယွီ၏ခန္ဓာကိုယ်အတွင်းမှ တာအိုအသံလှိုင်းများ ထွက်ပေါ်လာသည်။ ဤသည်မှာ လူသန်းပေါင်းရာနှင့်ချီ၍ လုယွီရှိနေသောနေရာသို့ ဦးညွှတ်နေသည့်အလားပင်။

"လုယွီက ဘာမှော်မန္တန်ကို ရွတ်ဆိုနေတာလဲ... ငါတောင်မှ ဒါကို ထွင်းဖောက်မမြင်နိုင်ဘူး"

လီမီ၏ မျက်လုံးများမှ အစိမ်းရောင်အလင်းတန်း ထုတ်လွှတ်ထားသည်။ သူ၏ကျောနောက်တွင် အဋ္ဌဂံပုံစံသင်္ကေတများ ပေါ်လာပြီး တစ်စုံတစ်ခုကို တွက်ချက်နေပုံရသည်။

ကောင်းရှစ်ကျီးကမူ အလွန်တည်ငြိမ်နေပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"အမတ်ချုပ်ကြီးက တစ်ခါက ပြောဖူးတယ်... အဆင့်မြင့် တာအိုသခင်တစ်ယောက် မပေါ်လာရင် ကျားလှောင်အိမ်တောင်ကြားခံတပ်ရဲ့ မြို့ကာကွယ်ရေးဝင်္ကပါကို ဘယ်သူမှ လှုပ်ခတ်အောင် လုပ်နိုင်မှာမဟုတ်ဘူး...လုယွီလို ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံ ပါရမီရှင်တစ်ယောက်တောင်မှ အဲ့ဒီအဆင့်ကို မရောက်နိုင်ဘူး"

သို့ရာတွင် ထိုသို့ပြောဆိုလိုက်သော်လည်း ကောင်းရှစ်ကျီးသည် သတိဖြင့်နေနေဆဲပင်။ သူသည် သူ၏မှော်စွမ်းအားကို အဆက်မပြတ် လှည့်ပတ်ထားပြီး ဤသည်မှာ စီးဆင်းနေသော မြစ်တစ်စင်းအလား သူ၏နံဘေးပတ်လည်တွင် ပေတစ်သိန်းအမြင့်ရှိသော အလင်းတန်းတစ်ခုကို ဖွဲ့စည်းထားသည်။

လုယွီသည် သူ၏မှော်စွမ်းအားများကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် စုစည်းခဲ့ပြီးနောက် သူ၏မျက်လုံးများရှေ့တွင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။

"သူတော်စင် နတ်ဘုရား အင်မော်တယ် ဗုဒ္ဓနဲ့ နတ်ဆိုး...."

လုယွီသည် မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။ ထိုမှော်မန္တန်၏ အရှိန်အဝါသည်သည် ကျယ်ပြန့်ပြီး အစွမ်းထက်ကာ သူ၏စကားလုံးများတွင် ဥပဒေသစွမ်းအားများ ရောယှက်နေသည်။

မမြင်နိုင်သော အားလှိုင်းတစ်ရပ်က ပတ်ဝန်းကျင်ကို လွှမ်းခြုံနေသည်။ လုယွီ၏ နောက်တွင် မီတာသောင်းပေါင်းများစွာ အချင်းရှိသော တောက်ပသည့် ရွှေရောင်အလင်းတန်းတစ်တန်း ရှိနေပေ၏။ ပုံရိပ်ယောင်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို လင်းထိန်စေသည်။

စစ်သူတော်စင်လု သူတော်စင်ကွမ်း တာအိုသူတော်စင်နှင့် အခြား စာပေသူတော်စင်များအားလုံးသည် ဧကရာဇ်သုံးပါး၏ နောက်တွင် ထွက်ပေါ်လာသည်။

သူတော်စင်များသာမက နတ်ဘုရားများနှင့် အင်မော်တယ်များ၏ ပုံရိပ်ယောင်များလည်း ထွက်ပေါ်လာပြီး လုယွီ၏နောက်တွင် စုစည်းနေသည်။ အားပြင်းသော ဖိအားအရှိန်အဝါတစ်ရပ် ရုတ်တရက် ကျဆင်းလာပေ၏။

သူ၏နောက်တွင် ဗုဒ္ဓပုံရိပ်ယောင်တစ်စုလည်း ပေါ်လာသည်။ သူတို့အနက်မှ အများစုသည် ယခင်က လုယွီ၏ ရန်သူများဖြစ်သော်လည်း ယခုချိန်တွင်မူ သူတို့သည် လုယွီ၏ အတွေးတစ်ချက်ဖြင့် စုစည်းခံထားရသည်။ သူတို့သည် လုယွီကို အမှုထမ်းရန် ဤနေရာတွင် ရှိနေကြခြင်းပင်။

အရှေ့ဘက်တွင် နတ်ဆိုးများ ဟိန်းဟောက်နေကြသည်။ ရှင်းလျှူ ယင်ကျိုး ကျူးလုံနှင့် တခြားနတ်ဆိုးဘိုးဘေးများသည် မိုးကောင်းကင်ယံအတွင်းတွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေကြသည်။ သူတို့၏အရှိန်အဝါများသည် အလွန်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းပေ၏။

ဤမြင်ကွင်းသည် လူတိုင်းကို နေရာတွင် ကြက်သေသေပြီး ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ လူတိုင်းသည် မိုးကောင်းကင်ယံမှ မြင်ကွင်းကို ကြည့်ပြီး မှင်သက်စွာ မတ်တတ်ရပ်နေကြသည်။ သူတို့၏ စိတ်များသည် ဗလာဟင်းလင်း ဖြစ်နေပေ၏။

လုယွီသည် ဤပုံရိပ်ယောင်များကြားတွင် ပလ္လင်ခွေထိုင်နေပြီး လောကကြီးအတွင်းရှိ အရာအားလုံး၏ အုပ်စိုးသူအရှင်အလားပင်။ ဤစိတ်ဝိညာဉ်များအားလုံးသည် သူ၏အမိန့်ကို နားထောင်ရပေမည်။

"လီမီ...ကောင်းရှစ်ကျီး...မင်းတို့ရဲ့ လုပ်ရပ်တွေအတွက် တန်ကြေးပေးဆပ်ရလိမ့်မယ်"

လုယွီ၏အသံ ထွက်ပေါ်လာသည်။

ကောင်းရှစ်ကျီး၏မျက်နှာ သုန်မှုန်သွားသည်။ သူသည် ခြိမ်းခြောက်မှုအရိပ်အယောင်တစ်ရပ်ကို ရှင်းရှင်းလင်းလင်း ခံစားမိလေ၏။

ဤအချက်သည် သူ့ကို အရှက်ရစေသဖြင့် ကောင်းရှစ်ကျီးက လှောင်ပြောင်ရယ်မောလိုက်သည်။

"လုယွီ....မင်း ဒီလှည့်ကွက်ကို ကစားပြီးတော့ ငါ့ကို တစ်ခုခုလုပ်နိုင်မယ်လို့ ထင်နေတာလား"

လုယွီသည် မည်သည့်စကားတစ်ခွန်းမျှ မပြောသော်လည်း သူ၏လက်အတွင်းမှ ဓားချီသည် လေထုကိုဖြတ်သန်းသွားကာ အလင်းတန်းတစ်တန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဝှစ်...."

လေထုကို လျင်မြန်စွာထိုးခွင်းသွားသော အသံတစ်သံ ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားချီသည် ကြီးမားသော မြို့ကာကွယ်ရေးဝင်္ကပါနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

ကျားလှောင်အိမ်တောင်ကြားခံတပ်၏ ခိုင်ခံ့သော မြို့ကာကွယ်ရေးဝင်္ကပါတွင် ထူထပ်သိပ်သည်းစွာ လွှမ်းခြုံထားသော အဆောင်လက်ဖွဲ့များဖြင့် ပြည့်နှက်နေသည်။ ဤအရာသည် ဓားချီဖြင့် ခုတ်ပိုင်းခြင်းခံရသောကြောင့် ပြင်းထန်စွာ တုန်ခါစပြုလာပေ၏။

အလင်းလွှာအကာအကွယ်သည် တုန်ခါနေပြီး နောက်ထပ်အချိန်တခဏတွင် ကြေမွှသွားတော့မည့်အလားပင်။

ထန်စစ်သားများအားလုံး အံ့အားသင့်တုန်လှုပ်သွားကြသည်။

အစောပိုင်းက သူတို့သည် မည်သို့ပင် လှောင်ပြောင်ပြီး မောက်မာစွာ ပြုမူခဲ့ပါစေ သူတို့၏ အားကိုးရာမှာ မြို့ကာကွယ်ရေးဝင်္ကပါဖြစ်သည်။

အကယ်၍ ကြီးမားသော မြို့ကာကွယ်ရေးဝင်္ကပါ ကျိုးပေါက်သွားပါက ပြင်ပတွင်ရှိနေသည့် ဒေါသထွက်နေသော ပုန်းကွယ်နဂါးစစ်တပ်သားများသည် ဝင်ရောက်လာပြီး သူတို့ကို ဒေါသတကြီး စုတ်ဖြဲပေလိမ့်မည်။

ကြီးမားသော မြို့ကာကွယ်ရေးဝင်္ကပါကြီး၏ တုန်ခါမှုသည် လက်ဖက်ရည်တစ်ခွက်ဖျော်စပ်စာအချိန်ခန့် ကြာပြီးမှ ရပ်တန့်သွားသည်။

ဤသည်မှာ ယခင်က မဖြစ်ခဲ့ဖူးသော အရာပင်။

ယခင်က အင်အားကြီးမားသော တာယွီစစ်တပ်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရစဉ်ကပင် ဤသို့သော အခြေအနေမျိုး မဖြစ်ပွားခဲ့ဖူးချေ။

ဤအချက်မှတဆင့် လုယွီ မည်မျှထိ သန်မာအားကောင်းသည်ကို ပြသနေသည်။

ကောင်းရှစ်ကျီးနှင့်လီမီတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအယာများ ထင်ဟပ်လာသည်။

သို့ရာတွင် သူတို့ တုံ့ပြန်မှုမပြုနိုင်သေးမီမှာပင် လုယွီ၏စွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်တွင် နောက်တစ်ကြိမ် စုစည်းစပြုလာပေ၏။

Chapter 4782

"အရပ်လေးမျက်နှာရဲ့ တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒတွေအားလုံး ငါ့အတွက် စုစည်းစမ်း..."

လုယွီ၏ အသံသည် အလွန်တည်ငြိမ်သော်လည်း သူ၏စကားလုံးများတွင် အဆုံးအစမရှိသော ဒေါသများ ပါဝင်သည်ကို မည်သူမဆို ပြောနိုင်သည်။

ပတ်ဝန်းကျင်ရှိ စစ်မြေပြင်၌ရှိနေသော မရေမတွက်နိုင်သည့် တာယွီစစ်သားများ၏ ခန္ဓာကိုယ်များပေါ်တွင် သွေးနီရောင်အလင်းတန်းတစ်ခု ရှိနေပုံရသည်။ ထိုအရာများသည် တိမ်တိုက်များအတွင်းသို့ တိုးဝင်သွားပြီး လုယွီ၏ လက်ဝါးအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရသည်။

ဤသည်မှာ တချို့စစ်သားများထံတွင်သာ မြင်တွေ့နိုင်သော တိုက်ပွဲစိတ်ဆန္ဒတစ်ခုပင်။

ကျင့်ကြံသူတချို့ ကျင့်ကြံသော မှော်မန္တန်များသည် စစ်သားများ၏ တိုက်ပွဲစိတ်ဆန္ဒကို စုပ်ယူနိုင်သည်။ ဥပမာအားဖြင့် လီမီ အသုံးပြုခဲ့သော ချီယိုဝင်္ကပါကြီးပင်။ စစ်မြေပြင်ပေါ်ရှိ တိုက်ပွဲ ပို၍ပြင်းထန်လေလေ ချီယိုဝင်္ကပါကြီး ပို၍အားကောင်းလာလေလေပင်။

စစ်မြေပြင်တွင် သေဆုံးသော စစ်သားများ၏ စိတ်ဝိညာဉ်များတွင် တိုက်ပွဲစိတ်ဆန္ဒရှိပြီး သူတို့သည် တိုက်ပွဲစိတ်ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲနိုင်သည်။ သူတို့သည် ငရဲနယ်မြေသို့ ရောက်သွားလျှင်ပင် အားကောင်းသော ယင်ဝိညာဥ်ကဲ့သို့ တည်ရှိမှုများ ဖြစ်နေပေမည်။

"အရှင်လုက ငါတို့ရဲ့ တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒကို ချေးငှားချင်နေတာပဲ"

"ငါက အရှင်လုကို ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ချိုးဖျက်ပြီး ထန်စစ်တပ်က အဲ့ဒီလူယုတ်မာတွေကို သတ်ဖြတ်ဖို့ ထောက်ခံတယ်"

မရေမတွက်နိုင်သော စစ်သားများသည် တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။ သူတို့၏နောက်မှ စစ်ဗုံသံများနှင့်အတူ တိုက်ပွဲခေါ်သံများသည် မိုးကောင်းကင်ယံကို တုန်ခါသွားစေခဲ့သည်။

အဆုံးအစမရှိသော သွေးနီရောင် တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများသည် လုယွီ၏စုပ်ယူခြင်းကို ခံရပြီး လေထုအတွင်းတွင် ထက်ရှသော ဓားတစ်လက်အဖြစ် ဖွဲ့စည်းလိုက်သည်။

ရွှမ်းယွမ်နတ်ဘုရားဓား...

ဤသည်မှာ လုယွီ ယခင်က အသုံးပြုခဲ့သော နည်းစနစ်နှင့် တထပ်တည်းတူညီသည်။

လုယွီသည် အကာအကွယ်ဝင်္ကပါကြီးကို ချိုးဖျက်ရန် ဤနည်းစနစ်ကို ထပ်မံ၍အသုံးပြုလိုက်သော်လည်း ထိုအရာ၏စွမ်းအားသည် ယခင်ထက် တစ်ဆင့်တိုးမြင့်လာသည်။

ရွှမ်းယွမ်နတ်ဘုရားဓားသည် ပေတစ်ထောင်ရှည်ပြီး ထိုအရာသည် ယခင်ကဲ့သို့ မြင့်မြတ်သော ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေခြင်း မရှိတော့ချေ။ ထိုအစား ဓားပေါ်တွင် သွေးနီရောင်အလင်းတန်းဖြင့် ပြည့်နှက်နေသည်။

သွေးရောင်အလင်းတန်းများသည် ဓား၏ အစွန်းတလျှောက် ဖြာထွက်နေပြီး သွေးများဖြင့် စွန်းထင်းနေသည့်အလား ဖြစ်နေသည်။

ဓားထံမှ တုန်ခါသံများ ထွက်ပေါ်လာကာ ထူထပ်သိပ်သည်းသော သွေးနံ့သည် လေထုအတွင်းတွင် ပြည့်နှက်နေပေ၏။

ဤသည်မှာ တိုက်ပွဲစိတ်ဆန္ဒများဖြင့် စုစည်းထားသော ရွှမ်းယွမ်နတ်ဘုရားဓားပင်။

ပုန်းကွယ်နဂါးစစ်တပ်သာမက တောက်ပနေမင်းစစ်တပ် ရေခဲဘုရင်စစ်တပ်နှင့် လူရိုင်းနယ်စပ်စစ်တပ်တို့လည်း ပူးပေါင်းပါဝင်ထားသည်။

စုန့်ချင်းဟူနှင့် တခြားစစ်ဗိုလ်ချုပ်များပင်လျှင် သူတို့၏ တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒကို ထုတ်လွှတ်ပြီး နတ်ဘုရားဓားအတွင်းသို့ ပေါင်းစပ်လိုက်သည်။

လူဆယ်သန်းကျော်၏ အမုန်းတရား...

လူသန်းပေါင်းများစွာ၏ တိုက်ပွဲစိတ်ဆန္ဒ...

ထန်စစ်တပ်သည် ချင်ယွီကို သေသည်အထိ ညစ်ညမ်းစေခဲ့သဖြင့် လူတိုင်းကို ဒေါသထွက်စေခဲ့သည်။ လူတိုင်း၏ အာရုံကြောများသည် တင်းမာနေပေ၏။ သူတို့သည် ယခုချက်ချင်း ခံတပ်အတွင်းသို့ ဝင်ရောက်ပြီး ထန်စစ်သားများအားလုံးကို သတ်ဖြတ်ပစ်လိုကြသည်။

ဤဓား၏ထက်ရှမှုသည် လူတိုင်း၏နှလုံးသားကို ချိန်ရွယ်ထားသည်နှင့် တူညီကာ လောကကြီးအတွင်းရှိ အရာအားလုံးကို အစိတ်စိတ်အမွှာမွှာစုတ်ဖြဲတော့မည့်အလားပင်။

"ဒီလောက်ထိကြီးမားတဲ့ နည်းစနစ်ကို မင်းဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်တာလဲ"

လီမီ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သူသည် သူ၏လက်ချောင်းများဖြင့် တွက်ချက်ပြီးနောက် ဤအချိန်တွင် သူသည် တစ်စုံတစ်ခုကို ကြိုတင်ခန့်မှန်းခဲ့ပုံရပြီး သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ခါနေပေ၏။

"လူတိုင်း.... မြို့တံတိုင်းကနေ ဝေးဝေးနေကြစမ်း"

လီမီက နောက်သို့လှည့်ကြည့်ပြီး အော်ဟစ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လီမီက သူ၏အသံသည် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံအကြားတွင် နစ်မြုပ်သွားသည်ကို နားလည်သဘောပေါက်သွားသည်။

လုယွီသည် သွေးနီရောင် ရွှမ်းယွမ်နတ်ဘုရားဓားကို ထိန်းချုပ်ပြီး ကျားလှောင်အိမ်တောင်ကြားခံတပ်၏ မြို့တံတိုင်းကို ချိန်ရွယ်ကာ ထိုးစိုက်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားပြီး ရွှမ်းယွမ်နတ်ဘုရားဓား၏ ကျယ်လောင်သော လေတိုးသံကိုသာ ကြားနိုင်သည်။

ခရက်...ခရက်...

ကျားလှောင်အိမ်တောင်ကြားခံတပ်၏ အကာအကွယ်ဝင်္ကပါကြီးမှ နားကွဲလုမတတ်ကျယ်လောင်သော အက်ကွဲသံများ ထွက်ပေါ်လာသည်။

အဆောင်လက်ဖွဲ့သင်္ကေတများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာသော်လည်း ထိုအရာများအားလုံးသည် ရွှမ်းယွမ်နတ်ဘုရားဓား၏ ဓားချီဖြင့် ချက်ချင်းခြေမွှဖျက်ဆီးခြင်း ခံလိုက်ရသည်။

လူတိုင်း၏အကြည့်များအောက်တွင် ကျားလှောင်အိမ်တောင်ကြားခံတပ် အကာအကွယ်ဝင်္ကပါ၌ အက်ကွဲကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။

ထိုအရာသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အကာအကွယ်ဝင်္ကပါတစ်ခုလုံးတွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပျံ့နှံ့သွားသည်။

"မကောင်းတော့ဘူး...."

ကောင်းရှစ်ကျီးနှင့် လီမီတို့သည် ပြတ်ပြတ်သားသား ဆုတ်ခွာလိုက်ကြ၏။

သူတို့သည် နံဘေးပတ်လည်ရှိ ထန်စစ်သားများကိုပင် ဂရုမစိုက်ကြချေ။

အချိန်တခဏအကြာတွင် လုယွီသည် ရွှမ်းယွမ်နတ်ဘုရားဓား၏ နံဘေး၌ ထွက်ပေါ်လာသည်။

သူ့၏နံဘေးပတ်လည်တွင် အဆုံးအစမရှိ ကြီးမားကျယ်ပြန့်သော စွမ်းအားလှိုင်းတစ်ရပ်ရှိပြီး သူ့ကို ရွှေရောင်အလင်းတန်းများအကြားတွင် နစ်မြုပ်နေစေသည်။

ဧကရာဇ်သုံးပါး နတ်ဘုရားများ သူတော်စင်များ ဗုဒ္ဓများ နှင့် နတ်ဆိုးအားလုံးသည် သူတို့၏ စွမ်းအားများကို လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းထားသည်။

လုယွီသည် ရုတ်တရက် လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ ထိုလက်သီးစွမ်းအားသည် အက်ကွဲကြောင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြီးမားသော မြို့အကာအကွယ်ဝင်္ကပါကြီးသည် ချက်ချင်း ကြေမွှပျက်စီးသွားပေ၏။

Chapter 4783

ကျားလှောင်အိမ်တောင်ကြားခံတပ် ဝင်္ကပါကြီးသည် ကျိုးပေါက်သွားလေပြီ။ မြို့၏အပြင်ဘက်မှ တာယွီစစ်တပ်နှင့် မြို့အတွင်းမှ ထန်စစ်တပ်နှစ်ဖွဲ့လုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

လုယွီသည် အကာအကွယ်ဝင်္ကပါကြီးကို ချိုးဖျက်ခဲ့သော်လည်း သူသည် ထိုနေရာတွင် ရပ်တန့်ခြင်းမရှိဘဲ မြို့တံခါးကို ပြင်းထန်စွာ ကန်လိုက်သည်။

ဝုန်း...

ဖူကျစ်ရွှယ် ပြောခဲ့သည့်အတိုင်းပင် ဤမြို့တံခါးကို ပြင်ပလေဟာနယ် သံမဏိနက်ဖြင့် သွန်းလုပ်ထားခြင်း မဟုတ်ချေ။ ဤအရာသည် အပြင်ဘက်တွင်သာ ခိုင်ခံ့ပြီး အတွင်းဘက်တွင် အားနည်းသည်။

လုယွီသည် မည်သည့်အတားအဆီးကိုမျှ မခံစားခဲ့ရချေ။ သူ တစ်ချက်ကန်လိုက်သည်နှင့် သူ့ရှေ့မှ ဧရာမမြို့တံခါးကြီးသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပေ၏။

ဘုန်း

မြို့တံခါးသည် မြေပြင်ပေါ်သို့ ရိုက်ခတ်သွားပြီး ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။

ထူထပ်သိပ်သည်းသော ဖုန်မှုန့်တိမ်တိုက်တစ်ခုသည် တံခါးအောက်ခြေမှ ပျံ့နှံ့ထွက်ပေါ်လာပြီး မြေပြင်တပြင်လုံးကို ပြင်းထန်စွာ တုန်ခါစေခဲ့သည်။

ကျားလှောင်အိမ်တောင်ကြားခံတပ်နောက်တွင် လမ်းကိုပိတ်ဆို့ရန် နေရာယူထားသော ထန်စစ်သားအုပ်စုတစ်စု ရှိသည်။

ဤထန်စစ်သားများသည် တိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းထားလေ၏။ ရှေ့တန်းတွင် လူငါးသောင်းကျော်ရှိပြီး ပြွတ်သိပ်စွာ စုစည်းနေကြသည်။ သူတို့၏နောက်တွင် သောင်းနှင့်ချီသော ထန်စစ်သားများသည် မှော်လက်နက်များကို ကိုင်ဆောင်ပြီး မတ်တတ်ရပ်နေကြသည်။

လုယွီသည် အနည်းငယ်မျှ ကြောက်ရွံခြင်းမရှိချေ။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်ရှိ သွေးချီးစွမ်းအားများ ရုတ်တရက် အရူးအမူး မြင့်တက်လာသည်။

ဤသွေးချီစွမ်းအား၏အရှိန်အဝါသည် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေပေ၏။ လုယွီသည် သူ၏လက်ဝါးကို ဝှေ့ယမ်းပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ရွှေရောင်လက်ဝါးပုံရိပ်ယောင်တစ်ခု ပြင်းထန်စွာ ပျံ့လွင့်လာသည်။ ရုတ်ချည်းဆိုသလိုပင် လူတစ်ထောင်ကျော်သည် သွေးမြူများအဖြစ်သို့ ရိုက်နှက်ခံရပြီး ဆိုးဆိုးရွားရွား သေဆုံးသွားသည်။

"ငါ့ကို တားဆီးတဲ့သူတွေ သေရမယ်"

လုယွီ၏အသံနက်ကြီး ပွင့်အံ့ထွက်လာသည်။

သူ၏မျက်လုံးအကြည့်သည် ထွက်ပြေးနေသော လီမီနှင့် ကောင်းရှစ်ကျီးတို့ထံသို့ စူးစိုက်၍ ကျရောက်နေပြီး သူ ရှေ့သို့ တိုးဝင်သွားသည်။

ထန်စစ်သားအားလုံး ကြောက်ရွံ့သွားကြသည်။ သူတို့ဘက်တွင် အင်အားအမြောက်အများရှိသော်လည်း သူတို့သည် လုယွီ၏ သတ်ဖြတ်ခံရမည်ကို ထိတ်လန့်ကြောက်ရွံ့နေပေ၏။

ဘုန်း...ဘုန်း...ဘုန်း...

လုယွီသည် တိုက်ပွဲဝင်္ကပါအတွင်းသို့ တိုးဝင်သွားပြီး သိုးအုပ်အတွင်းသို့ ဝင်ရောက်သွားသော ဝံပုလွေတစ်ကောင်အလား အရူးအမူး သတ်ဖြတ်ပွဲတစ်ခုကို စတင်ခဲ့သည်။

မရေမတွက်နိုင်သောသွေးများ မြေပြင်ပေါ်တွင် စီးဆင်းနေသည်။ လုယွီသည် သူ၏အစွမ်းကုန် ထုတ်ဖော်အသုံးပြုခဲ့သည်။ ထိုထန်စစ်သားများသည် အလောင်းအပြည့်အစုံပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။ သူတို့အားလုံး နေရာတွင်ပင် သေဆုံးကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မပြည့်မီမှာပင် ထန်စစ်သားငါးသောင်းလုံး သတ်ဖြတ်ခြင်းခံလိုက်ရသည်။

အလောင်းများသည် တောင်တစ်လုံးကဲ့သို့ စုပုံနေပေ၏။ လုယွီသည် သွေးများကို နင်းပြီး သူ့ရှေ့မှ ထန်စစ်သားများကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

"တိုက်ပွဲဝင်္ကပါဖွဲ့စည်းပြီး သူ့ကို တားကြစမ်း"

ထန်စစ်ဗိုလ်ချုပ်တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထန်စစ်သားများအားလုံးသည် သူတို့၏လက်များဖြင့် လက်စည်းသင်္ကေတများဖွဲ့စည်းပြီး မှော်မန္တန်များ ရွတ်ဆိုလိုက်ကြသည်။ ကြီးမားသော မှော်စွမ်းအားများသည် လေထုအတွင်းတွင် စုစည်းနေပေ၏။

လူသောင်းပေါင်းများစွာသည် သူတို့၏ မှော်စွမ်းအားကို စုစည်းကာ ထန်စစ်တပ်၏အထက်မှ လေထုအတွင်းတွင် နှိုင်းယှဉ်စရာမရှိအောင် နက်နဲသိမ်မွေ့သော တိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်သည်။

လုယွီသည် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ပြီး ယခင်အတိုင်း သူ၏လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် ပြင်းပြင်းထန်ထန် ပွင့်အံ့ထွက်လာပေ၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လူအုပ်အတွင်းသို့ တိုးဝင်သွားသော ထက်ရှသော ဓားတစ်လက်အလား ဖြစ်နေသည်။ မည်သူကမျှ သူ့ကို မတားဆီးနိုင်ချေ။

ကြီးမားသော တိုက်ပွဲဝင်္ကပါကြီးသည် ချက်ချင်း ကြေမွှပျက်စီးသွားပေ၏။ လုယွီ၏ လက်သီးချက် ကျရောက်သွားသောနေရာတွင် နောက်ထပ်လူတစ်ထောင်ကျော်သည် နေရာတွင်ပင် အသတ်ခံလိုက်ရသည်။ အားပြင်းသော စွမ်းအားသည် သူတို့၏ အသားများကို ကြေမွှသွားစေရုံသာမက သူတို့၏ အရိုးများကိုလည်း အမှုန်အမွှားများ ဖြစ်သွားစေသည်။

အစွမ်းထက်သော စစ်သူကြီးတချို့သည် သူ့ကို တားဆီးလိုသော်လည်း သူတို့သည် လုယွီ၏လက်အတွင်း၌ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားခဲ့သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် သွေးများ အန်ထုတ်ပြီး နေရာတွင်ပင် သေဆုံးသွားကြ၏။

"ကောင်းရှစ်ကျီး...လီမီ...မင်းတို့နှစ်ယောက် ငါ့ကို တိုက်ခိုက်ချင်နေတာ မဟုတ်ဘူးလား... ငါ လာပြီ"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူသည် ရှေ့သို့ ဆက်လက်၍ တိုက်ခိုက်သွားခဲ့ရာ သူ့ရှေ့မှ ထန်စစ်တပ်သည် သူ့ကို လုံးဝမတားဆီးနိုင်ချေ။ ထန်စစ်တပ်ဘက်တွင် မရေမတွက်နိုင်သော ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

အော်ဟစ်ငိုကြွေးသံများသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်နေပေ၏။ နောက်ထပ်ထန်စစ်သားငါးသောင်းသည် လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

"လုယွီ...."

ကောင်းရှစ်ကျီးသည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်သွားကာ သူ၏နဖူးပေါ်၌ သွေးကြောများ ထောင်ထလာသည်။

သို့ရာတွင် ထိုအချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်စွမ်းအားတစ်ရပ်သည် သူ့အား ရစ်သိုင်းလွှမ်းခြုံသွားပေ၏။

လေဟာနယ် ပြောင်းရွှေ့ခြင်း....

ထန်အင်ပါယာ၏ တာအိုသခင်သည် သူတို့နှစ်ဦးကို သူနှင့်အတူ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည်။

လုယွီသည် ဤကိစ္စကို ယခင်ကတည်းက ကြိုတင်ခန့်မှန်းထားသဖြင့် သူသည် ရှေ့သို့ ပျံသန်းသွားကာ လီမီနှင့် အနီးကပ်တိုက်ခိုက်လိုက်သည်။

လီမီသည် ရိုက်နှက်ခံရသောကြောင့် သူ၏ပါးစပ်မှ သွေးများအန်ထုတ်လိုက်ပြီး ခြေငါးလှမ်းခန့် နောက်ဆုတ်ပြီးနောက် ဒူးထောက်ရက်သား လဲကျသွားသည်။

ကောင်းရှစ်ကျီသည် လီမီကို ကယ်တင်ရန်အတွက် ရှေ့သို့ပြေးဝင်လာရန် ပြင်ဆင်နေသော်လည်း လုယွီ၏ မျက်လုံးများအတွင်းတွင် သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

ကောင်းရှစ်ကျီး၏ လက်မောင်းတစ်ဖက်သည် လုယွီ၏ ဆောင့်ဆွဲခြင်းကို ခံလိုက်ရပြီး သွေးများ ဖြာခနဲ ပန်းထွက်လာပေ၏။

ထို့နောက် သူတို့နှစ်ယောက်ကို လေဟာနယ်မှော်စွမ်းအားမှ ရစ်ပတ်လွှမ်းခြုံပြီး အဝေးသို့ ခေါ်ဆောင်သွားတော့သည်။

Chapter 4784

လုယွီသည် လျင်မြန်စွာဖြင့် လေ့ကျင့်ရေးကွင်းပြင်တစ်ခုသို့ ရောက်ရှိသွားသည်။

ဤနေရာသည် မြို့တံတိုင်းအောက်တွင် ရှိသည်။ မူလက ဤနေရာတွင် ထန်စစ်သားတစ်စု မတ်တတ်ရပ်နေသော်လည်း လုယွီသည် မြို့တံတိုင်းကို ချိုးဖျက်ပြီးနောက် သူ၏လက်သီးတစ်ချက်တည်းဖြင့် ဤထန်စစ်သားများအားလုံး အလောင်းအပြည့်အစုံမကျန်ဘဲ သေဆုံးသွားကြသည်။

အမျိုးသမီးအလောင်းတစ်လောင်းသည် မရေမတွက်နိုင်သော ထန်စစ်သားများ၏အလောင်းများကြားတွင် လဲလျောင်းနေသည်။

ထိုအမျိုးသမီးအလောင်းတွင် သွေးများ ရွှဲနစ်နေပေ၏။ သွေးများသည် သူမ၏ခန္ဓာကိုယ်အနှံ့ စွန်းထင်းနေပြီး သူမ၏ ဖြူဖွေးသော ကျောပြင်တွင် ကြာပွတ်ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

လုယွီသည် သူ၏ သိုလှောင်အိတ်အတွင်းမှ ဝတ်ရုံတစ်ထည်ကို ထုတ်ယူပြီး ချင်ယွီ၏ အလောင်းကို ဂရုတစိုက် ရစ်ပတ်လိုက်သည်။

သူသည် သူ၏မှော်စွမ်းအားများကို ချင်ယွီ၏ ခန္ဓာကိုယ်အတွင်းသို့ လွှဲပြောင်းပေးပြီး သူမ၏ ပြင်ပဒဏ်ရာအားလုံးကို ကုသပေးခဲ့သော်လည်း သူမသည် နိုးထမလာခဲ့ချေ။

သူမ၏စိတ်ဝိညာဉ် ပြန့်ကျဲသွားလေပြီ။

ထန်စစ်တပ်သည် အလွန်ယုတ်မာစွာ လုပ်ဆောင်ခဲ့ပြီး ချင်ယွီကို အလွန်အမင်း နာကျင်စွာဖြင့် သေဆုံးစေခဲ့သည်။

လုယွီတွင် ကြီးမားသော မှော်စွမ်းအား ရှိသော်လည်း သူသည် ချင်ယွီကို ပြန်လည်အသက်ရှင်လာအောင် မလုပ်နိုင်သေးချေ။

ပတ်ဝန်းကျင်၌ ပုန်းကွယ်နဂါးစစ်သားများ ပို၍ပို၍စုရုံးလာကြသည်။ လေထုအတွင်းတွင် လူများကို အသက်ရှူရခက်ခဲစေသော မွန်းကြပ်သည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

မည်သူမျှ ဒေါသတကြီး အော်ဟစ်ခြင်းမရှိသော်လည်း လူတိုင်း၏ မျက်လုံးများသည် နီရဲနေသည်။ သူတို့သည် ချင်ယွီ သေဆုံးချိန်က သူမ၏ ပြတ်သားမှုကို စောင့်ကြည့်ရုံမှအပ သူတို့ထံတွင် မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်း မရှိပေ။

"ငါတို့ ချင်ယွီအတွက် လက်စားချေရမယ်"

လုယွီက ချင်ယွီ၏ အလောင်းကိုပွေ့ပြီး နံဘေးပတ်လည်ကို ကြည့်လိုက်သည်။

"ငါ ထန်စစ်တပ်ကို သွေးကြွေးအတွက် တန်ကြေးပေးဆပ်စေချင်တယ်..."

လူတိုင်း၏အသက်ရှူသံများ လေးလံလာပြီး အားပြင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။

လုယွီသည် ချင်ယွီ၏အလောင်းကို သူ၏ သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်းသို့ ထည့်လိုက်သည်။ ထိုနေရာတွင် ချင်ယွီ၏ခန္ဓာကိုယ် မပုပ်မသိုးအောင် ထိန်းသိမ်းထားနိုင်သော နတ်ဘုရားစမ်းရေအိုင်တစ်ခု ရှိသည်။

"အရှင် ဒီသစ္စာဖောက်ကို ဖမ်းမိပါပြီ"

လူအုပ်ကြီးသည် ရုတ်တရက် ဘေးသို့ ဖယ်ပေးလိုက်ကြ၏။ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားအနည်းငယ်သည် ဒယိမ်းဒယိုင်ဖြစ်နေသော ရှယို့ရန်ကို တွန်းထုတ်ပြီး ရောက်လာကြသည်။

ရှယို့ရန်၏ခန္ဓာကိုယ်ပေါ်တွင် ဖုန်များဖြင့် ဖုံးလွှမ်းနေသည်။ သူ၏အရာရှိဝတ်ရုံပေါ်တွင် ဖုန်ထူသော ခြေရာအနည်းငယ် ရှိပြီး ဤှအရာများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ရှယို့ရန်နောက်တွင် စာပေနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိတစ်စုရှိပြီး သူတို့သည်လည်း ခေါင်းငုံ့ထားကြ၏။

"လုယွီ....ငါက ဧကရာဇ်ရဲ့လက်အောက်က အရာရှိပဲ....ငါ့ကို မြန်မြန်လွှတ်ပေးစမ်း..."

ရှယို့ရန်က အော်ဟစ်လိုက်သည်။

သူသည် သူ၏အခြေအနေကို သတိမပြုမိဘဲ နံဘေးပတ်လည်ရှိ ထန်စစ်သားများ၏ အလောင်းများကို ကြည့်လိုက်သည်။ သူသည် ဒေါသတကြီး ခြေဆောင့်ပြီး ပြောဆိုလိုက်၏။ "မင်း လုပ်ခဲ့တာတွေကို ကြည့်စမ်း... မင်း ဒီထန်စစ်သားတွေကို ဘာလို့သတ်လိုက်တာလဲ... တော်ဝင်နန်းတွင်းရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက မင်းကြောင့် ပျက်စီးတော့မယ်...မင်း ငါနဲ့အတူ တော်ဝင်နန်းတွင်းကို ပြန်လိုက်ခဲ့ပြီးတော့ ထန်အင်ပါယာရဲ့ သံတမန်ကို တောင်းပန်စမ်း"

လုယွီက သူ့ကို တစ်ချက်ကြည့်ပြီး ပြောဆိုသည်။

"ပါးရိုက်လိုက်စမ်း..."

စစ်သားတစ်ဦးသည် ချက်ချင်း လာပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ရှယို့ရန်၏မျက်နှာကို ပြင်းထန်စွာ ပါးဖြတ်ရိုက်လိုက်သည်။

ဖြောင်း....ဖြောင်း....

ဖြောင်း....

ရှယို့ရန်၏ မျက်နှာ ချက်ချင်းယောင်ကိုင်းသွားသည်။

သူသည် ဒေါသထွက်ပြီး အော်ငေါက်လိုက်၏။

"မင်း ငါ့ကို တိုက်ခိုက်ရဲတယ်...ငါ ဘယ်သူလဲဆိုတာ မင်းသိလား... မင်းကိုယ်မင်း အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင်လို့ ထင်နေတုန်းပဲလား...သာမန်လူတစ်ယောက်ဖြစ်ပြီးတော့ ပုရွက်ဆိတ်တစ်ကောင်ဆို တည်ရှိမှုက ငါ့ကို တိုက်ခိုက်ရဲတာလား..."

ဖြောင်း....

စစ်သားသည် ရှယို့ရန်ကို ပြင်းပြင်းထန်ထန် နောက်တစ်ကြိမ် ပါးဖြတ်ရိုက်လိုက်သဖြင့် သူ၏ ပါးစပ်အတွင်းမှ သွားများကို ကျွတ်ထွက်သွားစေသည်။

လုယွီမှ ရပ်တန့်ရန် အမိန့်မပေးသဖြင့် စစ်သားသည် သူ့ကို ဆက်လက် ရိုက်နှက်နေသည်။

ဤအချိန်တွင် ရှယို့ရန်၏ မှော်စွမ်းအားသည် ချိတ်ပိတ်ခံထားရသဖြင့် သူ မလှုပ်ရှားနိုင်ပေ။ သူသည် နာခံရို့ကျိုးစွာဖြင့် ရိုက်နှက်ခြင်းကို လက်ခံရုံသာ တတ်နိုင်သည်။

ဖြောင်း....ဖြောင်း...ဖြောင်း

ရိုက်ချက်ငါးဆယ်ကျော်အပြီးတွင် ရှယို့ရန်၏ မျက်နှာသည် ခရမ်းရောင်ပြောင်းသွားပေ၏။ သူသည် ခေါင်းငုံ့ပြီး သတိလစ်သွားကာ စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။

လုယွီသည် ရှယို့ရန်၏နောက်ရှိ စာပေနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိအုပ်စုကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါ နားမလည်တဲ့ အချက်တစ်ချက်ရှိတယ်.... ထန်စစ်တပ်က သိသိသာသာ ရှုံးနိမ့်သွားပြီ...ဘာလို့ မင်းတို့က ငြိမ်းချမ်းရေးယူပြီးတော့ ရန်သူတွေဆီ ငါတို့ရဲ့ပိုင်နက်နယ်မြေကို ပေးအပ်ချင်ရတာလဲ"

"မင်းတို့လည်း မျက်မြင်တွေ့ခဲ့ကြတာပဲ...တာယွီစစ်သား ဘယ်လောက်ထိများများ ထန်စစ်တပ်ရဲ့ လက်ထဲမှာ သေဆုံးခဲ့လဲဆိုတာ မင်းတို့ သိလား.... ဒါက နက်ရှိုင်းတဲ့ အမုန်းတရားပဲ...မင်းတို့က မကြားချင် မမြင်ချင်ဟန်ဆောင်ခဲ့ကြတာလား"

စာပေနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိများသည် ခေါင်းငုံ့ပြီး သူတို့၏မျက်နှာများပေါ်တွင် ရှက်ရွံ့သောအမူအယာများ ထင်ဟပ်လာသည်။

အချိန်တခဏကြာပြီးနောက် စာပေနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောဆိုသည်။

"အရှင်လု....ခင်ဗျားလုပ်ခဲ့တာ မှန်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်....ထန်စစ်သားတွေကို သတ်တာကလည်း ကျွန်တော်တို့ရဲ့ ဒေါသကို ပြေလျော့စေပါတယ်... ဒါပေမယ့် တော်ဝင်နန်းတွင်းက အာဏာပိုကြီးတာကြောင့် ကျွန်တော်တို့က အမိန့်အတိုင်း လိုက်နာရတာပါ"

Chapter 4785

ဤအရာရှိများသည် နံဘေးပတ်လည်တွင် ပြန့်ကျဲနေသော သွေးသံတရဲရဲမြင်ကွင်းကို မကြည့်ရဲကြချေ။

သူတို့သည် တော်ဝင်နန်းတွင်းတွင် အသံကျယ်ကျယ်ဖြင့် ပြောဆိုနေသော်လည်း ရှေ့တန်းမှ စစ်သားများ၏ဒုက္ခကို သူတို့ မမြင်ကြချေ။

လုအဖွဲ့အစည်း၏ လွှမ်းမိုးမှုသည် အလွန်ကြီးမားပေ၏။ တော်ဝင်မြို့တော်တွင် လုယွီကို ထောက်ခံသော လူအမြောက်အများရှိသည်။ လူယွီသည် ထန်စစ်တပ်ကို အနိုင်ယူခဲ့သည့် ဒဏ္ဍာရီသည် နေရာတိုင်းတွင် ပျံ့နှံ့နေသည်။

ဤအချက်သည် အရာရှိများစွာကိုလည်း လွှမ်းမိုးခဲ့သည်။ တရားစီရင်ရေးဌာနသုံးခုနှင့် ဌာနကြီးခြောက်ခုမှ မရေမတွက်နိုင်သော အရာရှိများအတွင်းတွင် လူတော်များများသည် လုအဖွဲ့အစည်းကို ပြောင်ပြောင်တင်းတင်းရောတိတ်တဆိတ်ပါ သစ္စာခံထားကြသည်။

ကျိုးယွမ်ယန်သည် သူ၏ဧကရာဇ်အာဏာနှင့် အရာအားလုံးကို ထိန်းချုပ်နိုင်သည်ဟု ထင်ခဲ့သော်လည်း သူသည် ပြည်သူလူထု၏ ထင်မြင်ချက်များကို လျစ်လျူရှုခဲ့သည်။

လုယွီသည် ပုန်းကွယ်နဂါးစစ်တပ်ကို ဦးဆောင်ပြီး ထန်စစ်တပ်ကို အနိုင်ယူခဲ့ရာ ဤသည်မှာ ပြည်သူလူထု၏ထောက်ခံမှုများကို ရရှိခဲ့သည်။ လူအမြောက်အများသည် ဝမ်းသာပျော်ရွှင်စွာဖြင့် သူ့ကို အားပေးကြလေ၏။

"သူ့ကိုခေါ်ပြီး စစ်မြေပြင်ကနေ ထွက်သွားကြစမ်း"

လုယွီသည် သေလုမျောပါးဖြစ်နေသော ရှယိုရန်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

စာပေနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိများသည် အရပ်မျက်နှာအဘက်ဘက်မှ စုဝေးလာသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကို တောင့်မခံနိုင်ကြပေ။ သူတို့သည် ရှယိုရန်ကို သူတို့နှင့်အတူ အလျင်အမြန် သယ်ဆောင်သွားပြီး ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။

ဤလူများသည် မြို့မှထွက်ခွာသွားပြီးနောက် သူတို့သည် မိန်းမစိုးအရာရှိအုပ်စုတစ်စုနှင့် တိုးမိလေ၏။

ဤမိန်းမစိုးအရာရှိများသည် အနီရောင်ဝတ်ရုံများ ဝတ်ဆင်ထားပြီး တိမ်မြူခိုးများကို နင်းကာ လေထုအတွင်းသို့ ခြေချလိုက်ကြသည်။ သူတို့တစ်ဦးချင်းစီတိုင်းတွင် နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်နှင့် ဂုဏ်သိက္ခာကြီးမားသော အဆင့်အတန်းရှိသည်။

သူတို့၏မျက်နှာများပေါ်တွင် မောက်မာထောင်လွှားသော အမူအယာများ ရှိနေသည်။ သူတို့သည် စာပေနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိများကို လှည့်ကြည့်ခြင်းပင်မပြုဘဲ ကျားလှောင်အိမ်တောင်ကြားခံတပ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။

ယဥ်ကျေးမှုရေးရာ အုပ်ချုပ်ရေးအဖွဲ့..

ဤသည်မှာ အတွင်းနန်းတော်တွင် အားအကောင်းဆုံး အဖွဲ့အစည်းဖြစ်သောကြောင့် ယဥ်ကျေးမှုရေးရာဌာနမှ မိန်းမစိုးများကို တော်ဝင်နန်းတွင်း၏ အရာရှိများပင်လျှင် ယဉ်ယဥ်ကျေးကျေး ဆက်ဆံရသည်။

စစ်မြေပြင်ပေါ်တွင် သူတို့ ရုတ်တရက် ထွက်ပေါ်လာခြင်းသည် ဧကရာဇ်၏ ဆန္ဒကို ကိုယ်စားပြုသည်။

ဦးဆောင်သူမှာ ယဥ်ကျေးမှုရေးရာဌာနမှ မိန်းမစိုးချုပ်ကြီး ကျန်းကျွင့်ချန်မဟုတ်ပေ။ ထိုအစား သူ စေလွှတ်လိုက်သော အနီရောင်ဝတ်စုံဝတ် မိန်းမစိုးများ ဖြစ်သည်။ သူတို့ထံတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အခွင့်အာဏာရှိပေ၏။

ဤမိန်းမစိုးများသည် အတွင်းနန်းတော်တွင် သက်တောင့်သက်သာ နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူတို့သည် ကျားလှောင်အိမ်တောင်ကြားခံတပ်သို့ ရောက်သည်နှင့် မြေပြင်ပေါ်တွင် အလောင်းများ ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။ လေထုအတွင်းတွင် စူးရှသော သွေးနံ့များဖြင့် ပြည့်နှက်နေပြီး သူတို့ကို မျက်မှောင်ကြုတ်စေခဲ့သည်။ သူတို့သည် လက်ကိုင်ပဝါများကို လျင်မြန်စွာ ထုတ်ယူပြီး သူတို့၏နှာခေါင်းများကို ဖုံးအုပ်လိုက်ကြ၏။

တာယွီစစ်သားများသည် ဤမိန်းမစိုးများတွင် အားကောင်းသောနောက်ခံများ ရှိသည်ကို သိရှိသဖြင့် သူတို့ကို မတားဆီးခဲ့ကြချေ။

ဤမိန်းမစိုးအုပ်စုသည် လူအုပ်ကို ချောမွေ့စွာ ဖြတ်သန်းသွားပြီးနောက် လူအုပ်အလယ်မှ လုယွီကို မြင်လိုက်ရသည်။

"ဧကရာဇ်က အမိန့်တော်ချမှတ်ထားတယ်...တော်ဝင်နန်းတွင်းက ထန်အင်ပါယာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးသွားပြီ.... ကောင်းကင်ဘုံနယ်မြေက ငြိမ်းချမ်းပြီးတော့ စစ်မက်တွေ မရှိတော့ဘူး... အရာရှိတွေအားလုံး ချက်ချင်း တာဝန်ကျနေရာတွေကို ပြန်သွားကြစမ်း.... မနာခံသူတွေကို ဥပဒေအရ အပြစ်ပေးမယ်...နှောင့်နှေးမှုတွေကို ခွင့်မပြုဘူး"

အနီရောင်ဝတ်စုံဝတ် မိန်းမစိုးတစ်ယောက်သည် တော်ဝင်အမိန့်တော်၌ ပါဝင်သောအကြောင်းအရာများကို အသံကုန် အော်ဟစ်လိုက်သည်။

အနီရောင်ဝတ်စုံဝတ်မိန်းမစိုး၏ လက်အတွင်းတွင် 'ဧကရာဇ်အမိန့်တော်....ငြင်းဆန်ခွင့်မရှိ' ဟူသော စကားလုံးများ ထွင်းထုထားသည့် ရွှေတံဆိပ်ပြားတစ်ခု ရှိသည်။

ဤသည်မှာ တော်ဝင်နန်းတွင်းမှနေ၍ စစ်တပ်များနှင့် စစ်ဗိုလ်ချုပ်များကို ရွှေ့ပြောင်းရန် အထူးအသုံးပြုသော ရွှေတံဆိပ်တစ်ခုပင်။ ဤရွှေတံဆိပ်ပြားသည် အရေးကြီးဆုံး စစ်ရေးအမိန့်ဖြစ်ပြီး မနာခံသူတိုင်းသည် ကြီးလေးသော သစ္စာဖောက်မှု ရာဇဝတ်မှုတို့ကို ကျူးလွန်ခြင်းဖြစ်သည်။

ဖူကျစ်ရွှယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ထန်စစ်တပ်က မပျက်စီးသေးဘူး...ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းနိုင်မှာလဲ....ငါတို့အခု ဆုတ်ခွာလိုက်ရင် ထန်စစ်တပ်က နောက်တစ်ခါ ပြန်လာလိမ့်မယ်.... အဲ့ဒီအချိန်ကျရင် တော်ဝင်မြို့တော်က ခြိမ်းခြောက်ခံနေရအုံးမှာပဲ....တာယွီအင်ပါယာတစ်ခုလုံးကိုလည်း ကြီးမားတဲ့ အန္တရာယ်ကျရောက်လာလိမ့်မယ်.... မင်းတို့ ဒါကို မသိကြဘူးလား"

ဖူကျစ်ရွှယ်သည် ကောင်းမွန်သော အကျင့်စရိုက်ရှိပြီး သူ၏စိတ်ခံစားချက်များကို သူ၏မျက်နှာပေါ်တွင် တစ်ကြိမ်တစ်ခါမျှ မပြသခဲ့ချေ။ သို့ရာတွင် ယခုချိန်၌ သူ အလွန်အမင်း ဒေါသထွက်နေသည်။

အနီရောင်ဝတ် မိန်းမစိုးက လှောင်ပြောင်ရယ်မောပြီး ပြောဆိုလေ၏။

"အရှင် ဖူ... အိုး မဟုတ်ဘူး... သေရည်ဆက်အရာရှိဖူ....မင်းရဲ့ အဆင့်အတန်းကို မှတ်ထားပါ....မင်းက လူငယ်တွေကို ကြီးကြပ်ပြီး သင်ကြားဖို့ တော်ဝင်နန်းတွင်းကို ပြန်သွားသင့်တယ်.... ဒီမှာ စစ်ရေးကိစ္စတွေ ဆွေးနွေးနေတာက မင်းရဲ့ကိစ္စ မဟုတ်ဘူး"

"တာယွီရဲ့အရေးကိစ္စတွေအတွက် ပြည်သူပြည်သားတိုင်းမှာ တာဝန်ရှိတယ်...ဒါ့ပြင် ဒါက အင်ပါယာရဲ့လုံခြုံရေးနဲ့ သက်ဆိုင်တယ်..ထန်စစ်တပ်က ငါတို့ရဲ့နယ်မြေတွေကို လောဘတကြီး ကြည့်နေတယ်...ငါဘာလို့ ဝင်မပြောဘဲ နေရမှာလဲ..."

ဖူကျစ်ရွှယ်က တုံ့ပြန်သည်။

အနီရောင်ဝတ်စုံဝတ် မိန်းမစိုးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းကိုယ်မင်း အရင်လို ဝန်ကြီးအဖွဲ့ရဲ့ အတွင်းဝန်ချုပ်လို့ ထင်နေတာလား....သာမန်စတုတ္တအဆင့် အရာရှိတစ်ယောက်ကများ..ငါ့ရဲ့ကိစ္စတွေမှာ ဝင်မရှုပ်နဲ့"

ချွင်..ချွင်... ချွင်...

ရုတ်တရက် ဓားများကို ဓားအိမ်အတွင်းမှ ဆွဲထုတ်သံများကို အဝေးမှ ကြားလိုက်ရသည်။

တောက်ပနေမင်းစစ်တပ်မတော်မှ စစ်ဗိုလ်ချုပ်တစ်စုသည် အနီရောင်ဝတ်စုံဝတ်မိန်းမစိုးကို ဝန်းရံလိုက်ပြီး သူတို့၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

Thank For Reading.

All Chapters