← Chapters

အခန်း (၄၇၈၆-၄၇၉၀)

Vol. 243 Ch. 4786-4790

အခန်း (၄၇၈၆-၄၇၉၀)

Vol. 243 Ch. 4786-4790

Chapter 4786

အနီရောင်ဝတ်စုံဝတ် မိန်းမစိုးသည် ဒေါသထွက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"မင်းတို့ ပုန်ကန်မလို့လား.... ငါက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် စေလွှတ်လိုက်တဲ့ တော်ဝင်သံတမန်ပဲ"

တောက်ပနေမင်းစစ်သားများသည် မလှုပ်မယှက် မတ်တတ်ရပ်နေကာ သူတို့ရှေ့မှ မိန်းမစိုးအရာရှိများကို အေးစက်တင်းမာစွာ စူးစိုက်ကြည့်နေကြသည်။

"မင်းတို့ရဲ့အရှင်သခင်ကို နန်းတော်ဆီပြန်ခေါ်ဖို့ ဧကရာဇ်မင်းမြတ်က အမိန့်ထုတ်ထားတယ်... မင်းတို့က အမိန့်တော်ကို ဆန့်ကျင်မလို့လား"

အနီရောင်ဝတ်စုံဝတ် မိန်းမစိုးသည် ဒေါသကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်၏။

တောက်ပနေမင်းစစ်တပ်မှ စစ်သားများထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေဆဲဖြစ်ပြီး မလှုပ်မယှက် မတ်တတ်ရပ်နေကြသည်။

ဖူကျစ်ရွှယ်သည် တောက်ပနေမင်းကြယ်မြစ်ကို တာဝန်ယူပြီးနောက် လေဟာနယ်ဓားပြများကို သတ်ဖြတ်ပြီး နတ်ဆိုးဂိုဏ်းများကို ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် သူသည် တောက်ပနေမင်းကြယ်မြစ်မှ လူအများ၏ထောက်ခံမှုကို ရရှိခဲ့ပေ၏။

နည်းလမ်းများအရဆိုလျှင် ဖူကျစ်ရွှယ်နှင့် လုယွီတို့သည် လမ်းကြောင်းတစ်ခုတည်းကို လျှောက်လှမ်းခဲ့ကြပြီး သူတို့ ထိန်းချုပ်ရာဒေသရှိ စစ်ရေးနှင့် အုပ်ချုပ်ရေးအာဏာအားလုံးကို သိမ်းယူခဲ့ကြသည်။

သို့ရာတွင် ဖူကျစ်ရွှယ်သည် တော်ဝင်နန်းတွင်းကို ဆန့်ကျင်ရန် အစီအစဉ်မရှိခဲ့ပေ။ သူသည် ကွန်ဖြူးရှပ်ဂိုဏ်း၏ အကျင့်သီလကောင်းသော မိသားစုတစ်စုမှ ဆင်းသက်လာသူဖြစ်ပြီး ဆရာများ၏ ကျင့်ဝတ်ထုံးတမ်းဆိုင်ရာ သွန်သင်ချက်များသည် သူ၏အရိုးများအတွင်းတွင် စွဲကပ်နေလေပြီ။

ကျိုးယွမ်ယန်သာ ဤတစ်ကြိမ် လွန်လွန်ကျူးကျူး မလုပ်ခဲ့ပါက သူ ယခုကဲ့သို့ ပြုလုပ်မည် မဟုတ်ချေ။

စုန့်ချင်းဟူသည် သည်းမခံနိုင်တော့ဘဲ ပြေးထွက်လာကာ ဆဲဆိုလိုက်သည်။

"ငါတို့ ထန်စစ်တပ်နဲ့ တိုက်တုန်းက တော်ဝင်နန်းတွင်းကို အရိပ်တောင်မှ မတွေ့ရဘဲနဲ့... ဘာလို့ ဒီအချိန်ကျမှ ငါတို့ကို နောက်ဆုတ်ခိုင်းတာလဲ"

အနီရောင်ဝတ်စုံဝတ် မိန်းမစိုးက မျက်မှောင်ကြုတ်ပြီး ဒေါသတကြီး ပြောဆိုသည်။

"တော်ဝင်နန်းတွင်းက ကောင်းကင်ဘုံနယ်မြေရဲ့ ငြိမ်းချမ်းရေးအတွက် လုပ်နေတာ.... မင်းလို စစ်သားတစ်ယောက်က ဘယ်လိုလုပ်ပြီး နားလည်မှာလဲ... ထန်နဲ့ယွီမိတ်ဖွဲ့တာက အနာဂတ်အတွက်ပဲ....အရင်က အမုန်းတရားတွေကို ဖယ်ရှားပစ်ရမယ်...အရာအားလုံးကောင်းဖို့အတွက် ရန်ငြိုးတွေကို လွှတ်ချလိုက်တာက အကောင်းဆုံးပဲ"

"ခွေးမသား....မင်းတို့ရဲ့ ထန်ယွီမဟာမိတ်ဖွဲ့တာက အရေးမကြီးဘူး....ငါတို့ရဲ့ သေသွားတဲ့ စစ်သည်တော်တွေအတွက် မင်းတို့ ဘာလုပ်ပေးမှာလဲ"

စုန့်ချင်းဟူက ဟိန်းဟောက်လိုက်သည်။

အနီရောင်ဝတ်စုံဝတ် မိန်းမစိုးသည်လည်း ဒေါသထွက်သွားပြီး တုံ့ပြန်အော်ဟစ်လိုက်၏။

"စုန့်ချင်ဟူ...မင်းက ကြယ်မြစ်အုပ်ချုပ်သူအရှင် မဟုတ်တော့ဘူး....ငါ့ကို ရိုရိုသေသေ ပြောစမ်း"

စုန့်ချင်းဟူသည် အင်္ကျီလက်ကို ခေါက်တင်ပြီး ပြောဆိုသည်။

"ဘာလို့ ငါ့ကို သာမန်ပြည်သူအဖြစ် အဆင့်မလျှော့ချလိုက်တာလဲ...ဒါဆို ငါက တခြားသူတွေရဲ့ ထိန်းချုပ်မှုကို ခံစရာမလိုတော့ဘူး... ငါလည်း မင်းကို အားရပါးရ ထိုးလို့ရတာပေါ့"

သူတို့၏စကားများ ပို၍ပို၍ ပြင်းထန်လာသည်။

သို့ရာတွင် ထိုအချိန်မှာပင် ကျားလှောင်အိမ်တောင်ကြားခံတပ်၏ အပြင်ဘက်၌ တခြားမိန်းမစိုးတစ်ဦးသည် ရွှေတံဆိပ်ပြားတစ်ခုကိုကိုင်ပြီး လေထုအတွင်းတွင် အရှိန်ဖြင့် ပျံသန်းလာသည်။

"ဧကရာဇ်မင်းမြတ် အမိန့်တော်ရှိတယ်.... တာယွီစစ်တပ်မှ တပ်ဖွဲ့တွေအားလုံး ချက်ချင်း နန်းတော်ကို ပြန်လာရမယ်...ဘာနှောင့်နှေးကြန့်ကြာမှုကိုမှ ခွင့်မပြုဘူး"

ထိုမိန်းမစိုးသည် မြေပြင်ပေါ်သို့ ဆင်းသက်မလာမီမှာပင် လေထုအတွင်းမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး လူတိုင်း ကြားလိုက်ရသည်။

နောက်ထပ် ရွှေတံဆိပ်ပြားတစ်ခုပင်။

စစ်မြေပြင်တွင် ဧကရာဇ်ကိုယ်တိုင် ရွှေတံဆိပ်ပေးပို့သည့် အခြေအနေသည် အလွန်ရှားပါးပေ၏။ များသောအားဖြင့် အလွန်အရေးကြီးအခြေအနေမျိုးတွင်သာ ဤကဲ့သို့ ပြင်းထန်သည့်အမိန့်ကို ပေးလေ့ရှိသည်။

ဆိုလိုသည်မှာ စစ်ဗိုလ်ချုပ်များနှင့် တပ်ဖွဲ့အားလုံးသည် ဧကရာဇ်၏ အမိန့်ကို ခြွင်းချက်မရှိ လက်ခံရမည်ဖြစ်ပြီး မဟုတ်ပါက ပုန်ကန်မှုမြောက်ပေမည်။

"ဧကရာဇ်က ရူးသွားပြီလား"

စစ်ဗိုလ်ချုပ်တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။

သူတို့သည် ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ထန်စစ်တပ်လည်း ရှုံးနိမ့်သွားလေပြီ။ ယခုချိန်၌ သူတို့သည် အောင်ပွဲခံပြီး နန်းတော်သို့ ပြန်သင့်သည့် အချိန်ပင်။

သူတို့သည် ထန်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းတော့မည်ဆဲဆဲတွင် ဧကရာဇ်က သူတို့ကို ချက်ချင်းပြန်လာရန် ပြင်းထန်စွာ အမိန့်ထုတ်ခဲ့သည်။

ဤကိစ္စကို မည်သူမျှ နားမလည်နိုင်ခဲ့ချေ။ စစ်သည်တော်တချို့၏ မျက်နှာများ နီမြန်းနေပြီး သူတို့၏လက်များအတွင်းမှ မှော်လက်နက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် အက်ကွဲလုမတတ် ဖြစ်နေသည်။

လေထုအတွင်းတွင် နောက်ထပ် ရွှေတံဆိပ်တစ်ခု ထပ်မံ၍ ပျံသန်းလာသည်။

"ဧကရာဇ်မင်းမြတ် အမိန့်တော်ရှိတယ်..... စစ်တပ်တစ်တပ်လုံး ချက်ချင်းပြန်လာရမယ်... ဘာနှောင့်နှေးကြန့်ကြာမှုကိုမှ ခွင့်မပြုဘူး"

ကျယ်လောင်ပြီး ပီပြင်ရှင်းလင်းသော အမိန့်သံသည် မိုးကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားပေ၏။

"စတုတ္ထမြောက် ရွှေတံဆိပ် ရောက်လာပြီ..."

"ပဉ္စမမြောက် ရွှေတံဆိပ် ရောက်လာပြီ...."

"ဆဋ္ဌမမြောက် ရွှေတံဆိပ် ရောက်လာပြီ..."

"သတ္တမမြောက် ရွှေတံဆိပ် ရောက်လာပြီ..."

...

မိုးကောင်းကင်ယံ၌ တော်ဝင်မြို့တော်ဘက်မှ အဆက်မပြတ် ပေးပို့သော ရွှေတံဆိပ်ပြားများ ရှိနေသည်။

နောက်ဆုံးတွင် ရွှေတံဆိပ်ပြားဆယ့်နှစ်ခုသည် လုယွီ၏ရှေ့တွင် ချိတ်ဆွဲထားသကဲ့သို့ ရပ်တန့်သွားသည်။

ထိုရွှေတံဆိပ်ပြား ဆယ့်နှစ်ခုအကြားတွင် ကြီးကျယ်ခမ်းနားပြီး အတိုင်းအဆမဲ့သော တော်ဝင်အခွင့်အာဏာသည် မေးခွန်းထုတ်ဖွယ်မရှိသော အရှိန်အဝါနှင့်အတူ တည်ရှိနေသည်။

ဤအချိန်အခိုက်အတန့်တွင် စစ်သည်တိုင်းသည် မကြုံစဖူးသောဖိအားကို ခံစားလိုက်ရသည်။

"ရွှေတံဆိပ်ပြား ဆယ့်နှစ်ခု ရောက်လာပြီ... မင်းတို့ မပြန်ဘူးဆိုရင်...မင်းတို့အားလုံး တော်ဝင်နန်းတွင်းကို ဆန့်ကျင်ပုန်ကန်မှုနဲ့ တရားစီရင်ခံရမယ်"

အမိန့်ပေးခဲ့သော မိန်းမစိုးများက အေးစက်စက် မျက်နှာအမူအယာများဖြင့် အော်ဟစ်လိုက်ကြသည်။

Chapter 4787

လုယွီက မေးမြန်းသည်။

ငါ မနာခံဘူးဆိုရင်ရော ဘာဖြစ်မလဲ"

အနီရောင်ဝတ်စုံဝတ် မိန်းမစိုးက အပြုံးနှင့် ပြောဆိုသညိ။

"လုယွီ....မင်းက ခေါင်းမာနေတုန်းပဲ.... ဒါပေမဲ့ ဧကရာဇ်က မင်း ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိပြီးသားပဲ....မင်းက တကယ့်ကို အမှောင်လမ်းကို လျှောက်လှမ်းဖို့ ကြံစည်နေတယ်ဆိုရင်တော့ မင်းကို ပုန်ကန်မှုနဲ့ သေဒဏ်ပေးရုံပဲရှိတော့တယ်"

ထိုစကားဆုံးသည်နှင့် အနီရောင်ဝတ်စုံဝတ် မိန်းမစိုးသည် လုယွီကို လက်ညှိုးထိုးပြီး အမိန့်ပေးလိုက်၏။

"ဒီလူက အဓိကတရားခံပဲ... သူ့ကို ဖမ်းလိုက်ကြစမ်း"

အနီရောင်ဝတ်စုံဝတ် မိန်းမစိုး၏နောက်မှ မိန်းမစိုးတစ်စုသည် ကြောက်မက်ဖွယ်ကောင်းသော အပြုံးများဖြင့် လုယွီထံသို့ လျှောက်လှမ်းလာကြသည်။

သို့ရာတွင် ထိုလူများ လှုပ်ရှားလိုက်သည့်အချိန်တွင် လုယွီ၏ လက်ဖျားမှ အေးစက်စက်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။

ထိုအေးစက်စက်အလင်းတန်းသည် တစ်ချက်လင်းလက်သွားပြီးနောက် ရှေ့မှ မိန်းမစိုးများ၏ လည်ပင်းတွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ပေါ်လာသည်။ ရုတ်ချည်းဆိုသလိုပင် သူတို့၏ ခေါင်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။

"ဘုတ်...ဘုတ်...."

ခေါင်းပြတ်နေသော အလောင်းများသည် ယိမ်းယိုင်နေကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိုလူများနောက်မှ ရွှေတံဆိပ်ပြားများပေါ်ရှိ ရွှေရောင်တော်ဝင်အရှိန်အဝါပင်လျှင် ပျက်စီးသွားပြီး မည်သည့်အရာမျှ မရှိခဲ့သကဲ့သို့ ဖြစ်သွားသည်။

"ဘာ ရွှေတံဆိပ်လဲ...ငါ ကြားဖူးလို့လား..."

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒီလူတွေက တော်ဝင်အမိန့်အတုကို သယ်ဆောင်လာပြီးတော့ စစ်သည်တော်တွေရဲ့ စိတ်နှလုံးသားကို မငြိမ်မသက်ဖြစ်အောင် လုပ်တယ်...ဒါကြောင့် ငါ သူတို့ကို သတ်ပစ်လိုက်ပြီ"

သူသည် လူများအားလုံးကို ကြည့်ပြီး စကားတစ်လုံးချင်း ပြောဆိုလိုက်၏။

"ထန်စစ်တပ်က လွတ်မြောက်သွားလို့မရဘူး.... သူတို့ကို သွေးကြွေးပြန်ဆပ်ခိုင်းရမယ်..."

"သွေးကြေးပြန်ဆပ်ခိုင်းရမယ်"

စစ်သည်တော်များအားလုံး၏ မျက်လုံးများ တောက်ပသွားသည်။

မင်းတို့က ငါတို့နယ်မြေကိုလာပြီး ကျုးကျော်တိုက်ခိုက်ပြီးမှ ဘာလို့ ငြိမ်းချမ်းရေးယူရမှာလဲ....

သွေးကြွေးကို သွေးနဲ့ပဲ ဆပ်ရမယ်....

ဤအချိန်တွင် လုယွီသည် သာမန်ပြည်သူတစ်ဦး ဖြစ်နေလေပြီ။

သို့ရာတွင် တပ်မှူးများမှစ၍ သာမန်စစ်သားများအထိ စစ်သည်တော်များအားလုံး လုယွီကို အပြည့်အဝယုံကြည်ပြီး လေးစားကြသည်။

နန်းတော်အတွင်းတွင် နေထိုင်သော ကျိုးယွမ်ယန်ကိုမူ သူတို့ မေ့လျော့နေကြလေပြီ။

"ကောင်းလိုက်တာ....ဟား ဟား ဟား...လုယွီ မင်းက ယောကျ်ားပီသတယ်"

စုန့်ချင်းဟူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သူသည် ထိုမိန်းမစိုးများကို တိုက်ခိုက်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း နောက်ကြောင်းမအေးမှုများကို ထည့်တွက်ခဲ့ရသည်။ မမျှော်လင့်ဘဲ လုယွီသည် ထိုမိန်းမစိုးများကို သတ်ဖြတ်ခဲ့လေ၏။

ထိုမိန်းမစိုးများသည် တော်ဝင်အမိန့်တော်ကို သယ်ဆောင်လာသော်လည်း လုယွီက သူတို့ကို ပြတ်ပြတ်သားသား သတ်ပစ်ခဲ့သည်။

လုယွီက တည်ငြိမ်သောလေသံဖြင့် အမိန့်ပေးသည်။

"အရံတပ်ရင်းတွေနဲ့ အလယ်တပ်ရင်းတွေက ကျားလှောင်အိမ်တောင်ကြားမှာ တပ်စွဲပြီး ပြန်လည်ဖွဲ့စည်းကြစမ်း....နောက်တန်းစစ်တပ်တွေကို သယ်ယူပို့ဆောင်ရေးတပ်တွေဆီလွှတ်ပြီး နောက်တန်းထောက်ပံ့ရေးအတွက် တာဝန်ယူရမယ်.... စားနပ်ရိက္ခာအားလုံးကို ရှေ့တန်းတပ်တွေရဲ့ လက်ထဲမှာ စုစည်းပြီး တစ်နာရီအတွင်း တပ်တစ်တပ်လုံးကို ပြန်လည်ဖွဲ့စည်းပါ....ပြီးရင် ရှေ့ဆက်ချီတက်မယ်..."

"အောင်းကွမ်းရဲ့တပ်ရင်းက စီးရွှေတောင်ကြားခံတပ်ကနေ ထွက်ခွာပြီးတော့ နံပါတ်ဆယ့်ငါးနဲ့ဆယ့်ရှစ် တပ်ရင်းတွေနဲ့ ပူးပေါင်းပြီး ဟယ်လင်းကြယ်မြစ်နယ်စပ်ကနေ ထန်စစ်တပ်ကို ဝိုင်းရံရမယ်"

"တောက်ပနေမင်းစစ်တပ် ရေခဲဘုရင်စစ်တပ်နဲ့ လူရိုင်းနယ်စပ်စစ်တပ်ရဲ့ အဓိကတပ်ဖွဲ့တွေကို ရှေ့တန်းတပ်ထဲကို ထည့်သွင်းမယ်....စစ်သားတွေ ဒဏ်ရာပြင်းထန်တာများတဲ့ တပ်တွေကို နေရာမှာတင် ပြန်ဖွဲ့စည်းမယ်...စစ်သင်္ဘောအားလုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားပါ....သုံးရက်အတွင်းမှာ ထန်စစ်တပ်ရဲ့အရိပ်အယောင်ကို ငါ မြင်ချင်တယ်"

လုယွီသည် အမိန့်များကို စနစ်တကျ ထုတ်ပြန်ခဲ့လေ၏။

မည်သူမျှ ကန့်ကွက်ခြင်းမရှိဘဲ လုယွီ၏အမိန့်များကို စေ့စေ့စပ်စပ် ဆောင်ရွက်ခဲ့ကြသည်။

မြေပြင်ပေါ်မှ မိန်းမစိုးများ၏ အလောင်းများသည် အေးစက်မသွားသေးချေ။ စစ်သားတချို့သည် ထိုနေရာမှဖြတ်သွားရင်း သူတို့၏အလောင်းများပေါ်သို့ တံတွေးထွေးသွားကြသည်။

ကျားလှောင်အိမ်တောင်ကြားခံတပ်တွင် တာယွီစစ်တပ်သည် အရှိန်အပြည့်ဖြင့် လည်ပတ်နေသည်။ ခံတပ်၏ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ကင်းထောက်များကို စေလွှတ်ထားသည်။ လက်မှုပညာရှင်များ စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးအဖွဲ့များနှင့် ဆေးတပ်ဖွဲ့များအားလုံးသည် အထောက်အပံ့ပစ္စည်း အပြည့်အစုံတပ်ဆင်ပြီး လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းလိုက်ကြ၏။

ရှေ့တန်း၌ စစ်ရေးတင်းမာနေချိန်တွင်...

တော်ဝင်မြို့တော်၌ တေးသံများ စည်ကားသိုက်မြိုက်နေသော အသံများဖြင့် သာယာနေဆဲပင်။

ဟုန်လဲ့ဘုရားကျောင်းနှင့် စာပေနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိများသည် ထန်အင်ပါယာ၏သံတမန်ကို နွေးထွေးပျူငှာစွာ ကြိုဆိုခဲ့ကြသည်။ သူတို့သည် တာယွီဘက်က စစ်ရှုံးနိမ့်သောနိုင်ငံ ဖြစ်သည့်အလား ရိုသေလေးစားစွာ ပြုမူခဲ့ပေ၏။

ဧကရာဇ်ကျိုးယွမ်ယန်အတွက် ငြိမ်းချမ်းရေးကို လိုအပ်နေသည်။ ထိုသို့ဖြစ်လာမှသာ သူသည် နေရာအသီးသီးမှ ကြယ်မြစ်အုပ်ချုပ်သူအရှင်များကို ကိုင်တွယ်ဖြေရှင်းပြီး အာဏာစုစည်းရန် အချိန်ရပေမည်။ ထို့ကြောင့် သူသည် ငြိမ်းချမ်းရေးရရှိရန် လုံလောက်သော တန်ဖိုးကို ပေးဆပ်ရန် လိုအပ်သည်။

နွေဦးနှင့် ဆောင်းဦးနှစ်...နဝမလ ဆယ့်လေးရက်နေ့....

ထန်နှင့်ယွီတို့သည် တော်ဝင်မြို့တော်၌ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

တာယွီတော်ဝင်နန်းတွင်းသည် ထန်သံတမန်ကို နန်းတွင်းအရာရှိအဖြစ် သတ်မှတ်ပြီး ကျိုးယွမ်ယန်သည် ထန်ဧကရာဇ်လီကျီးကို တော်ဝင်နောင်တော်အဖြစ် သတ်မှတ်ခဲ့သည်။

တာယွီတော်ဝင်နန်းတွင်းသည် ထန်အင်ပါယာကို နှစ်စဉ်နှစ်တိုင်း စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင် လျော်ကြေးပေးရပေမည်။ ထို့ပြင် တာယွီသည် ကျားလှောင်အိမ်တောင်ကြားခံတပ်၏ အနောက်ဘက်ရှိ ကြယ်နယ်မြေလေးဆယ့်တစ်ခုကို ထန်အင်ပါယာထံသို့ ပေးအပ်ခဲ့သည်။ ကျားလှောင်ကုန်းတောင်ကြားခံတပ်နှင့် စီးရွှေတောင်ကြားခံတပ်တို့တွင်လည်း တာယွီစစ်သားများ ကာကွယ်စောင့်ကြပ်ခြင်း မပြုလုပ်ရတော့ချေ။

Chapter 4788

စာချုပ်ပါအချက်အနေဖြင့် ထန်အင်ပါယာသည် တာယွီတော်ဝင်နန်းတွင်းကို မတိုက်ခိုက်ရန် ကတိပြုခဲ့ပြီး အင်ပါယာနှစ်ခုသည် ချစ်ကြည်ရင်းနှီးစွာ ပြန်လည်ဆက်ဆံရပေမည်။

"အင်ပါယာနှစ်ခုကြားမှာ ချစ်ကြည်ရင်းနှီးမှုကို မြင်ရတာ ဝမ်းသာပါတယ်....ဒါပေမဲ့ မင်းတို့ရဲ့စစ်တပ်က ငါတို့ကို လိုက်တိုက်နေတုန်းပဲလို့ ငါ ထင်တယ်...မင်းတို့ရဲ့ရိုးသားမှုကို ပြသဖို့ မင်းတို့ရဲ့စစ်တပ်ကို တိုက်ခိုက်တာ ရပ်ခိုင်းသင့်တယ် မဟုတ်လား"

ထန်စစ်သံတမန်က မောက်မာထောင်လွှားစွာ ပြောဆိုသည်။

ဟုန်လဲ့ဘုရားကျောင်းမှ အရာရှိတစ်ယောက်သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အလျင်အမြန် ပြောဆိုလိုက်၏။

"ဒါတွေအားလုံးက ပုန်ကန်သူတွေပါ.... ဧကရာဇ်မင်းမြတ်က သူတို့ကို သစ္စာဖောက်တွေအဖြစ် သတ်မှတ်ပြီးသားပါ...စိတ်ချပါ...ဒီလူတစ်စုကို ကျွန်တော်တို့က ကောင်းကောင်းကိုင်တွယ်ပါ့မယ်"

အင်ပါယာနှစ်ခု၏ အစည်းအဝေးကို တော်ဝင်နန်းတော်အတွင်းရှိ နန်းဆောင်တစ်ခုတွင် ကျင်းပခဲ့သည်။

ကျိုးယွမ်ယန်၏ ငြိမ်းချမ်းရေးကို မျှော်လင့်သော ယုံကြည်စိတ်ချရသူများမှလွဲ၍ တခြားအရာရှိများသည် သူတို့၏နောက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေကြသည်။

သူတို့သည် စာချုပ်ပေါ်ရှိ အချက်အလက်များကို ကြည့်ရင်း သူတို့၏မျက်လုံးများအတွင်းတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထိုလူများသည် နေရာတွင် ရပ်နေသော်လည်း သူတို့အနက်မှ အများစုသည် လက်သီးများကို ကြစ်ကြစ်ပါအောင် ဆုပ်ထားကြ၏။

ဤသည်မှာ အရှက်ရဖွယ်ရာကိစ္စပင်။

စစ်ပွဲ၏အောင်နိုင်သူဖြစ်သည့်တိုင် တာယွီတော်ဝင်နန်းတွင်းသည် ညှိနှိုင်းရေးစားပွဲ၌ ထန်အင်ပါယာကို ဦးညွှတ်ရိုကျိုးနေရသည်။

ထန်စစ်သံတမန်သည် မတ်တတ်ထရပ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် မထီမဲ့မြင်ပြုသောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"မြန်မြန်လုပ်ကြစမ်း....ထန်စစ်တပ်ရဲ့ စစ်ကူတပ်တွေ ရောက်လာနေပြီ...ငြိမ်းချမ်းရေးစာချုပ်ချုပ်ပြီးပေမဲ့ ဒီလူတစ်စုက ဒီလိုမျိုး ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင်တော့... ငါတို့ ထန်စစ်တပ်ရဲ့စစ်ကူတွေ ဘယ်အချိန် ရှေ့တန်းကို ရောက်လာမလဲဆိုတာ ငါအာမမခံနိုင်ဘူး"

ညှိနှိုင်းရေးတာဝန်ခံ အရာရှိတချို့သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြားဖြစ်သွားကြသည်။

"စိတ်ချပါ...ပုန်ကန်သူတပ်ကို ရပ်တန့်ဖို့ ကျွန်တော်တို့ သေချာပေါက် အမိန့်ပေးပါ့မယ်" ဟုန်လဲ့ဘုရားကျောင်းမှ ခေါင်းဆောင်အရာရှိက သူ၏ရင်ဘတ်ကိုပုတ်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုသည်။

ထန်စစ်သံတမန်သည် စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားပြီး ဟုန်လဲ့ဘုရားကျောင်းသည် ငြိမ်းချမ်းရေးစာချုပ်၏ရလဒ်များကို နန်းတော်သို့ အလျင်အမြန် သတင်းပို့ခဲ့သည်။

ထိုအချိန်တွင် နန်းတော်အတွင်းမှ ကျိုးယွမ်ယန်၏ ဒေါသတကြီးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

"လုယွီ...မင်းကို ငါကိုယ်တိုင် တစစီ ဆွဲဖြဲပစ်မယ်"

ကျိုးယွမ်ယန်သည် ဒေါသထွက်နေသော သားရဲတစ်ကောင်အလား နန်းဆောင်အတွင်းတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

နန်းဆောင်၏ ကြမ်းပြင်ပေါ်တွင် သွေးအိုင်တစ်အိုင် ရှိနေပေ၏။ ကံဆိုးသော မိန်းမစိုးတစ်ဦးသည် ကျိုးယွမ်ယန်၏ မတော်တဆသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူ၏အလောင်းကို ဆွဲထုတ်သွားပြီးဖြစ်သည်။

နန်းတွင်းအစောင့်များသည် ထိတ်လန့်ကြောက်ရွံ့နေကြပြီး ဒေါသထွက်နေသော ဧကရာဇ်ကို မဆွပေးဝံ့ကြချေ။

"ဧကရာဇ်....အရှင်ရှနဲ့ အကြံပေးဟွမ်တို့ ရောက်လာပါပြီ"

ပြင်ပမှ မိန်းမစိုးတစ်ဦးက သတင်းပို့သည်။

"သူတို့နှစ်ယောက်ကို ဝင်ခိုင်းလိုက်စမ်း" ဧကရာဇ်၏အသံ ထွက်ပေါ်လာသည်။

ရှထန်ကန်းနှင့် ဟွမ်ကျိချန်တို့ ပြင်ပမှ ဝင်လာကြသည်။ ဤအချိန်အခိုက်အတန့်တွင် သူတို့၏ ရာထူးအဆင့်အတန်းသည် အလွန်မြင့်မားနေလေပြီ။

ဧကရာဇ်၏ ယုံကြည်စိတ်ချရသူများဖြစ်ကာ အထူးသဖြင့် စစ်အာဏာစုစည်းရေးအစီအစဉ်နောက်ကွယ်မှ ကြိုးကိုင်သူများအနေဖြင့် သူတို့နှစ်ဦးသည် လျင်မြန်စွာ ရာထူးတက်ခဲ့ကြသည်။ သူတို့သည် အုပ်ချုပ်ရေးအဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဧကရာဇ်နှင့် စကားပြောဆိုရန် နေ့စဉ်နေ့တိုင်း နန်းတော်သို့ ဝင်ထွက်နေကြသည်။

ယနေ့၏ တော်ဝင်နန်းတွင်းအခြေအနေသည် အလွန်ဆိုးရွားနေပေ၏။ သူတို့နှစ်ဦး ဝင်လာသည်နှင့် စာပေနှင့်ယဉ်ကျေးမှုအမတ်ကြီးကျန်းကျွင်းချန်က နံဘေးတွင် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက သူတို့နှစ်ဦးကို မျက်ရိပ်ပြလိုက်သည်။

ဧကရာဇ်သည် ကျယ်ဝန်းသော နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။ ဖယောင်းတိုင်မီးသည် မှိန်ဖျော့နေပြီး သူ၏နဂါးဝတ်ရုံပေါ်မှ ခြေသည်းကိုးချောင်းပါ နဂါးရုပ်ကသာ လင်းတစ်ချက် မှိန်တစ်ချက် ဖြစ်နေသည်။

"ဧကရာဇ်ကို ဂါရဝပြုပါတယ်"

သူတို့နှစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြ၏။

ကျိုးယွမ်ယန်၏ အကြည့်သည် အေးစက်နေပြီး ဟွမ်ကျိချန်ကို ကြည့်ကာ ခက်ထန်တင်းမာစွာပြောဆိုသည်။

"အကြံပေးဟွမ်...အဲ့ဒီသတင်းကို တွေ့ပြီးပြီလား...ငါကိုယ်တိုင် မိန်းမစိုးတစ်ယောက်ကို လွှတ်ပြီးတော့ ရွှေတံဆိပ်ပြားနဲ့ လုယွီရဲ့စစ်တပ်ကို ပြန်ခေါ်ခိုင်းခဲ့တယ်.... ဒါပေမဲ့ သူက စစ်တပ်ကို အမိန့်ပေးပြီးတော့ ငါကို ဂရုမစိုက်ဘူး..ဒါ့ပြင် ငါလွှတ်လိုက်တဲ့ လူအားလုံးကို သူက သတ်ပစ်ခဲ့တယ်...ပြောကြစမ်း....သူ့ရဲ့မျက်လုံးထဲမှာ ငါ ရှိသေးရဲ့လား"

ဟွမ်ကျိချန်နှင့် ရှထန်ကန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားပြောရန် အလျင်မလိုကြချေ။

ကျန်းကျွင်းချန်က နားလည်သဘောပေါက်သွားပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"မင်းတို့အားလုံး အပြင်ထွက်ကြတော့"

မတ်တတ်ရပ်နေသော နန်းတွင်းသူများနှင့် မိန်းမစိုးများသည် ချက်ချင်းပင် တန်းစီထွက်သွားပြီး နန်းဆောင်တံခါးများကို ပိတ်လိုက်ကြသည်။

ကျယ်ဝန်းသော ခန်းမအတွင်းတွင် ကျိုးယွမ်ယန်နှင့် သူ၏အမတ်ကြီးများသာ ကျန်ရစ်ခဲ့သည်။

ဟွမ်ကျိချန်က ရှေ့သို့တိုးပြီး ပြောဆိုလိုက်၏။

"အရှင်ဧကရာဇ် တကယ်တော့ ဒီအရာရှိက ဒါကို ကြိုတင်မျှော်လင့်ထားပြီးသားပါ။...လုယွီရဲ့ ပုန်းကွယ်နဂါးစစ်တပ်က သူကိုယ်တိုင် လေ့ကျင့်ပေးထားတာပါ.... ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့ရဲ့စစ်အာဏာကို ဘယ်တော့မှ လွှဲပြောင်းပေးမှာ မဟုတ်ပါဘူး"

Chapter 4789

ကျိုးယွမ်ယန်က တင်းမာခက်ထန်သောလေသံဖြင့် အော်ငေါက်လိုက်သည်။

"ဒီလိုဆိုမှတော့ မင်းက ဘာလို့ ငါ့ကို လုယွီရဲ့စစ်အာဏာကိုသိမ်းဖို့ အမိန့်ထုတ်ခိုင်းတာလဲ.... ရွှေတံဆိပ်ပြား ဆယ့်နှစ်ခု တပြိုင်နက်တည်း ဖျက်ဆီးခံရကြောင့် ငါက တော်ဝင်နန်းတွင်းက လူတွေအများကြီးရဲ့ လှောင်ရယ်စရာ ဟာသပြက်လုံးကြီး ဖြစ်သွားပြီ"

ဧကရာဇ်၏မကျေနပ်မှုကို လူတိုင်း သိရှိပေ၏။

ရွှေတံဆိပ်ပြားများသည် ဧကရာဇ်၏အာဏာကို ကိုယ်စားပြုသည်။ ထိုရွှေတံဆိပ်ပြားများ ဖျက်ဆီးခံလိုက်ရသည့်အပြင် တော်ဝင်အမိန့်တော်ကို ပို့ဆောင်သော မိန်းမစိုးများသည်လည်း လုယွီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဤသည်မှာ ကျိုးယွမ်ယန်၏ အာဏာကို ပြင်းထန်စွာ စိန်ခေါ်ခံရခြင်းပင်။

ဟွမ်ကျီချန်၏ မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲဖြစ်ကာ သူသည် တိုက်ရိုက်အဖြေမပေးဘဲ တုံ့ပြန်မေးမြန်းလိုက်သည်။

"ဧကရာဇ်က ချိုင်မိသားစုက ဘယ်လိုမျိုး မျိုးရိုးမတူတဲ့ တော်ဝင်မိသားစု ဖြစ်လာပြီးတော့... သူတို့ရဲ့အဆင့်အတန်းက အရမ်းမြင့်မားပြီး မကျရှုံးဘဲ နေနိုင်ခဲ့တယ်ဆိုတာ သိပါသလား"

ကျိူးယွမ်ယန်က အေးစက်စက် နှာမှုတ်ပြီး ပြောဆိုသည်။

"ချိုင်မိသားစုရဲ့ဘိုးဘေးက ဧကရာဇ်နောက်လိုက်ပြီး မြောက်နဲ့တောင်မှာ တိုက်ပွဲဝင်ခဲ့တယ်...သူ့ရဲ့ ထူးချွန်တဲ့ စစ်ရေးအောင်မြင်မှုတွေကြောင့် သူ့ကို မင်းသားဘွဲ့ ချီးမြှင့်ခဲ့တာ.... ဒါက ငါတို့ ကျိုးမိသားစုရဲ့ ချီးမြှောက်မှုပဲ"

အိမ်ရှေ့စံတစ်ယောက်အနေဖြင့် ကျိုးယွမ်ယန်သည် ကောင်းကင်ဘုံနယ်မြေ၏ သမိုင်းစာအုပ်များစွာကို လေ့လာခဲ့ပေ၏။

"ဒါက လုံးဝမှန်ကန်တယ်လို့ ပြောလို့မရဘူး"

ဟွမ်ကျိချန်က ခေါင်းခါပြီး ပြောဆိုလိုက်၏။

"ဘိုးဘေးဧကရာဇ်ရဲ့ စာအုပ်တွေထဲက မှတ်တမ်းတွေအရ စကားလုံးအနည်းငယ်ရှိပေမယ့် လူတိုင်းက လျစ်လျူရှုခဲ့ကြတယ်....ချိုင်မိသားစုရဲ့ ဘိုးဘေးက သဘောတရားအရတော့ ဘိုးဘေးဧကရာဇ်ရဲ့ လက်အောက်ငယ်သားတစ်ယောက်ဖြစ်ပေမယ့်...အဲဒီအချိန်က တာယွီစစ်တပ်ထဲမှာ... စစ်ဗိုလ်ချုပ်တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ချိုင်မိသားစုရဲ့ အမိန့်ကို နာခံကြတယ်... အဲဒီအချိန်တုန်းက လူတိုင်းက ချိုင်မိသားစုကို တာယွီရဲ့ အနာဂတ်တော်ဝင်မျိုးနွယ်လို့တောင် ထင်ခဲ့ကြတယ်"

ကျိုးယွမ်ယန်၏ မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

တာယွီသမိုင်းစဥ်၏ ဤအပိုင်းကို သူ့အား မည်သူကမျှ မပြောပြခဲ့ဖူးပေ။

ဟွမ်ကျိချန်က ဆက်လက်၍ ပြောဆိုသည်။

"နောက်ပိုင်းမှာ ဧကရာဇ်ကောင်းကျူရဲ့အခွင့်အာဏာကို ပိုပြီးပေါ်လွင်စေဖို့.... ငါတို့က သမိုင်းရဲ့ ဒီအပိုင်းကို တမင်တကာ လျစ်လျူရှုခဲ့ကြတယ်.... တကယ်တော့ ချိုင်မျိုးနွယ်စုက ထီးနန်းတက်ချင်ခဲ့ရင် ဘိုးဘေးဧကရာဇ်က ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ ချိုင်မိသားစုက အခု ရေခဲဘုရင်ဖြစ်နေပြီး ငါတို့ကျိုးမိသားစုက တော်ဝင်မိသားစု ဖြစ်နေပြီ"

ကျိုးယွမ်ယန်က မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုသည်။

ဟွမ်ကျီချန်က အပြုံးနှင့် ရှင်းပြသည်။

"ဒါက ချိုင်မိသားစုရဲ့ ဘိုးဘေးက အင်အားကြီးပြီး အခွင့်အာဏာကြီးမားပေမယ့်...သူတို့မိသားစုမှာ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်တစ်ခု ရှိနေလို့ပဲ"

"ချိုင်မိသားစုက ရှေးဟောင်းရေခဲဖီးနစ်ငှက်ရဲ့ သွေးမျိုးဆက်ကို ရရှိထားပြီးတော့ ရေခဲကျင့်ကြံနည်းစနစ်တွေကို ရေထဲကငါးတစ်ကောင်လို ကျင့်ကြံနိုင်ခဲ့တယ်..သူ့ရဲ့စွမ်းအားက အံ့အားသင့်စရာကောင်းတယ်.... ဒါပေမဲ့ သူတို့ရဲ့ သွေးကြောတွေက ပြင်းထန်တဲ့စွမ်းအားကို အချိန်အကြာကြီး တောင့်မခံနိုင်တာကြောင့် သူတို့က ကြာရှည်မခံနိုင်ခဲ့ဘူး.... ဒါကြောင့် ချိုင်မိသားစုဝင်တိုင်းရဲ့အသက်က တိုတောင်းခဲ့တယ်.....တာယွီတော်ဝင်နန်းတွင်းကို စတင်တည်ထောင်တုန်းက အရာအားလုံးက ရှုပ်ထွေးနေတဲ့ အစပိုင်းပဲရှိသေးတယ်...အရာအားလုံးက လုပ်ဆောင်ဖို့ စောင့်ဆိုင်းနေချိန်မှာ သက်တမ်းတိုတဲ့ ဧကရာဇ်တစ်ပါးက ဒီအခြေအနေကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး"

ဤသည်မှာ ချိုင်မိသားစု၏ လျှို့ဝှက်ချက်ဖြစ်ပြီး လူအများစုသည် မသိကြချေ။ သို့ရာတွင် ဟွမ်ကျိချန်က ဤအရာများအားလုံးကို ပြောပြနိုင်ခဲ့သည်မှာ သူသည် ကြိုတင်ပြင်ဆင်ထားကြောင်း သိသာထင်ရှားသည်။

ကျိုးယွမ်ယန်၏မျက်နှာ ရှုံမဲ့သွားပြီး မေးမြန်းလိုက်၏။

"ဒါဆိုရင် ချိုင်မိသားစုက ထီးနန်းကို ဘိုးဘေးဧကရာဇ်ကို ပေးခဲ့တာလား"

ဟွမ်ကျိချန်က တုံ့ပြန်အဖြေပေးသည်။ "တိတိကျကျပြောရရင် ချိုင်မိသားစုမှာ တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး....သက်တမ်းတိုတဲ့ ဧကရာဇ်က နိုင်ငံရဲ့ကံကြမ္မာကို ထိခိုက်စေရုံတင်မကဘူး ချိုင်မိသားစုတစ်ခုလုံးကို ထာဝရပျက်စီးခြင်းထဲကို ကျရောက်သွားစေနိုင်တယ်"

"ဘိုးဘေးဧကရာဇ်က ထီးနန်းကို လွှဲယူခဲ့ပေမယ့် ချိုင်မိသားစုကို ထူးခြားတဲ့ အဆင့်အတန်းတစ်ခု ပေးခဲ့တယ်။....ဒါက ချိုင်မိသားစုရဲ့ အကျိုးအတွက်တင် မဟုတ်ဘဲနဲ့ ဘိုးဘေးဧကရာဇ်ကလည်း သူ့ကို ထောက်ခံဖို့ ချိုင်မိသားစု 'နာမည်' ကို လိုအပ်နေလို့ပဲ"

"နာမည်လား...."

"ချိုင်မိသားစုက နာမည်ကြီးလာတာနဲ့အတူ ဘိုးဘေးဧကရာဇ်လည်း တည်တည်ငြိမ်ငြိမ် နေနိုင်လိမ့်မယ်"

ဟွမ်ကျိချန်က ဆက်လက်၍ ပြောဆိုသည်။

"ချိုင်မိသားစုက သာမန်မင်းသားတွေထက် အများကြီးသာလွန်တဲ့ အထူးအခွင့်အရေးတွေ ရခဲ့တာကြောင့် ရေခဲဘုရင်ကြယ်မြစ်က နိုင်ငံတစ်ခုလို ဖြစ်နေခဲ့တယ်.....ဒါကြောင့် ချိုင်မိသားစုလက်အောက်က စစ်ဗိုလ်ချုပ်တွေက စိတ်အေးလက်အေး နေနိုင်ခဲ့တယ်... ဘိုးဘေးဧကရာဇ်ကတော့ ပွင့်ပွင့်လင်းလင်းနဲ့ တည်တည်ငြိမ်ငြိမ် ထီးနန်းပေါ်မှာ ထိုင်နိုင်ခဲ့တယ်"

"အခုလည်း လုယွီက အတူတူပဲ...သူက ချီအင်ပါယာနဲ့ ထန်စစ်တပ်ကို ဖျက်ဆီးခဲ့တာကို ဘေးဖယ်ထားလိုက်ရင်တောင်.. တော်ဝင်မြို့တော်မှာတင် ကျောင်းတော်သားလူငယ်တွေရဲ့ ထက်ဝက်လောက်က သူ့ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုကြတယ်...သူက စာပေသူတော်စင်ရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ထောက်ခံမှုလည်း ရှိတယ်....လုမိသားစု ဝေ့မိသားစုနဲ့ တခြားထိပ်သီးမိသားစုတချို့က သူ့ကို ထောက်ခံခဲ့ကြတယ်... သူက တရားမျှတမှုနဲ့ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားတယ်... ဒါကြောင့် အချိန်မတိုင်ခင် သူ့ကို ငါတို့ မထိသင့်ဘူး"

Chapter 4790

ဟွမ်ကျိချန်သည် အရှေ့နန်းတော်၏ အရာရှိတစ်ဦးဖြစ်ခဲ့ပြီး ကျောင်းတော်သားတစ်ယောက်ဖြစ်ကာ အသိပညာကြွယ်ဝသူပင်။

သူသည် ကျိူးယွမ်ယန်၏ မေးခွန်းကို တိုက်ရိုက်အဖြေမပေးဘဲ သူ လုပ်ရသည့် အကြောင်းရင်းကို ရှင်းပြရန် ရှေးဟောင်းကျမ်းစာများကို အသုံးပြုခဲ့သည်။

"အခု ဧကရာဇ်မင်းမြတ်က ရွှေတံဆိပ်ပြား ဆယ့်နှစ်ခုကို စေလွှတ်လိုက်တော့ မင်းကြီးက လုယွီနဲ့ သူ့လူတွေကို အလျှော့ပေးလိုက်တယ်ဆိုတာ သက်သေပြလိုက်တာပဲ..... ဒါပေမဲ့ လုယွီနဲ့ သူ့လူတွေက တကယ်တမ်းကျတော့ ကျေးဇူးမတင်တဲ့အပြင် တော်ဝင်မိန်းမစိုးတွေကိုတောင် သတ်ပစ်ခဲ့တယ်....သူတို့က ကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်ပြီးသွားပြီ.... ဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ် ဒီလိုရာဇဝတ်မှုမျိုးက သူတို့ရဲ့ မျိုးဆက်ကိုးဆက်လုံးကို သတ်ပစ်ဖို့ လုံလောက်တယ်"

ဟွမ်ကျိချန်က အပြုံးဖြင့် ဆက်လက်ပြောဆိုသည်။

"ဧကရာဇ်မင်းမြတ်က မျက်နှာပျက်သွားပုံရပေမယ့်....တကယ်တော့ ငါတို့က လုယွီရဲ့ တရားမျှတမှုနဲ့ ဂုဏ်သတင်းကို ချိုးဖျက်ပြီးသွားပြီ..... သူ့မှာ စစ်ပွဲအောင်မြင်မှုတွေ ဘယ်လောက်ပဲရှိရှိ သူက အမိန့်မနာခံဘဲ မောက်မာပြီး အာဏာရှင်ဆန်တဲ့ လူတစ်ယောက်ပဲ....အခု သူ့ကို ရှင်းပစ်လိုက်ရင် ငါတို့မှာ တရားမျှတတဲ့အကြောင်းပြချက် ရှိသွားပြီ"

"ဒါဆိုရင်... မင်းရဲ့အစီအစဉ်က ဒီလိုကိုး..."

ကျိုးယွမ်ယန်သည် တစ်စုံတစ်ခုကို တွက်ချက်နေသကဲ့သို့ သူ၏မျက်လုံးများကို မှေးစင်းလိုက်သည်။

ဟွမ်ကျိချန်သည် ရုတ်တရက် မြေပြင်ပေါ်တွင် ဝပ်တွားလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ဧကရာဇ်မင်းမြတ်ရဲ့ ဘေးမှာ မျက်စိနဲ့နားတွေ အများကြီးရှိပါတယ်....ဒီကိစ္စသာ ပေါက်ကြားသွားရင် လုယွီက ကြိုတင်သိသွားပြီး တန်ပြန်နည်းလမ်းတွေ စဉ်းစားမိမှာကို ဒီအရာရှိက စိုးရိမ်မိပါတယ်... မတတ်သာလို့ ဒီအစီအစဉ်ကို ဧကရာဇ်မင်းမြတ်မသိအောင် ဖုံးကွယ်ထားခဲ့ရပါတယ်... ဧကရာဇ်မင်းမြတ်က ငါ့ကို အပြစ်ပေးတော်မူပါ"

ကျိုးယွမ်ယန်က နဂါးပလ္လင်ပေါ်မှ ငုံ့ကြည့်ပြီး မေးမြန်းသည်။

"ဒီအခြေအနေမှာ မင်း ဘာဆက်လုပ်ဖို့ ကြံစည်ထားလဲ"

"အရမ်းရိုးရှင်းပါတယ်....ဒီအရာရှိက တန်ပြန်နည်းလမ်းတွေကို ပြင်ဆင်ထားပြီးသားပါ..."

ဟွမ်ကျိချန်၏ အသံသည် ရုတ်တရက် ခြင်တစ်ကောင်၏အသံကဲ့သို့ တိုးညှင်းသွားသည်။

သူသည် လက်ရှိတွင် အသံပေးပို့နေသောကြောင့် တခြားမည်သူမျှ မကြားနိုင်ချေ။

ကျိုးယွမ်ယန်၏ မျက်နှာအမူအယာသည် တစ်ခါတစ်ရံ ထိတ်လန့်တုန်လှုပ်နေပြီး တစ်ခါတစ်ရံ ဝမ်းမြောက်နေကာ နောက်ဆုံးတွင် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"မင်းက အင်ပါယာရဲ့ အဓိကထောက်တိုင်ကြီးပဲ....မင်းရဲ့အကူအညီနဲ့ တာယွီအင်ပါယာကို ငါပြန်တည်ဆောက်မယ်"

ကျိုးယွမ်ယန်က ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ပြောဆိုသည်။

ဟွမ်ကျိချန်က အလျင်အမြန် ပြောဆိုသည်။

"အရှင်ဧကရာဇ်က မြှောက်စားလွန်းနေပါပြီ...ဒါက ငါနဲ့ မထိုက်တန်ပါဘူး"

"ငါက မင်းကို ထိုက်တန်တယ်လို့ပြောရင် မင်းက ငါ့အင်ပါယာရဲ့ သူရဲကောင်းပဲ...ယန်ရှို့ရီက အသက်ကြီးနေပြီ.... သူ့ရဲ့အသက်အရွယ်နဲ့ မှုန်ဝါးတဲ့အမြင်အာရုံက တော်ဝင်နန်းတွင်းရဲ့ အဓိကထောက်တိုင်ဖြစ်ဖို့ မလုံလောက်ဘူး.... မနက်ဖြန်ကျရင် ငါက မင်းကို တော်ဝင်နန်းတော်ရဲ့ အတွင်းဝန်ချုပ်အဖြစ် ခန့်အပ်ကြောင်း ကြေညာမယ်... မင်းက ငါ့ရဲ့ ပထမဆုံးလက်ထောက်ပဲ"

ကျိုးယွမ်ယန်က ချက်ချင်းဆုံးဖြတ်လိုက်သည်။

ဟွမ်ကျိချန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ သူသည် ကျေးဇူးတင်ကြောင်းပြရန် အလျင်အမြန် ဒူးထောက်လိုက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးကာ ကျိုးယွမ်ယန်အပေါ် သစ္စာစောင့်သိကြောင်း ကျိန်ဆိုခဲ့သည်။

"ထပ်ပြောရရင်...ထန်အင်ပါယာနဲ့ ငြိမ်းချမ်းရေးယူတဲ့ကိစ္စကို သေချာစဉ်းစားဖို့လိုတယ်...အမတ်ကြီးရှ ဒီအချိန်မှာ မင်းကိုပဲ အားကိုးရတော့မယ်"

ကျိုးယွမ်ယန်က ရှထန်ကန်းကို ကြည့်လိုက်သည်။

ရှထန်ကန်းသည် ခါးညွတ်ကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။

"ဧကရာဇ်မင်းမြတ်... ငါ့ရဲ့ ရှမိသားစုမှာ ရက်စက်ကြမ်းတမ်းတဲ့အရာရှိတစ်ယောက် ရှိတယ်.... အရေးအကြီးဆုံးအချိန်မှာ နှိပ်စက်ညှဉ်းပန်းမှုကို အသုံးပြုတာက လူတိုင်းကို ခြောက်လှန့်ဖို့ လုံလောက်ပြီး သူတို့ကို ပုန်ကန်ဖို့အတွေးတွေ မဝင်အောင် တားဆီးနိုင်တယ်"

ဟွမ်ကျိချန်ကလည်း ထောက်ခံလိုက်၏။

"အမှန်ပဲ...အပြင်လောကမှာ ထန်အင်ပါယာနဲ့ ငြိမ်းချမ်းရေးယူတာနဲ့ပတ်သက်ပြီးတော့ အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေရှိနေပါတယ်...အခု လူတွေက မကျေမနပ်ဖြစ်နေကြတော့ ဒီအရာရှိက ကြာလာရင် ပြဿနာကြီးတစ်ခု ဖြစ်လာမှာကို စိုးရိမ်မိတယ်"

ကျိုးယွမ်ယန်က မလိုလားစွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဒီလူတွေက ငါ့ရဲ့ ကြိုးစားအားထုတ်မှုကို နားမလည်ကြဘူး...အမတ်ကြီးရှ ဒီကိစ္စအတွက် မင်းကိုပဲ အားကိုးရတော့မယ်...နောက်ကွယ်ကနေ မီးထိုးပေးနေတဲ့လူတွေကို ရှင်းပစ်လိုက်ပါ"

...

မှောင်မိုက်သော ကြယ်တာရာကောင်းကင်တွင် ကြယ်များ တိတ်တဆိတ် တောက်ပနေသည်။

ကြီးမားသည့် သယ်ယူပို့ဆောင်ရေးသင်္ဘော အမြောက်အများသည် ကြယ်တာရာကောင်းကင်ယံကို လျင်မြန်စွာ ဖြတ်သန်းသွားလာနေကြသည်။

ထိုသယ်ယူပို့ဆောင်ရေးသင်္ဘောများပေါ်တွင်အလံတစ်ခုကို ချိတ်ဆွဲထားပြီး ရှင်းလင်းသော နဂါးနက်ပုံစံတစ်ခုကို ရေးဆွဲထားသည်။ ဤသည်မှာ အစစ်အမှန်နဂါးတစ်ကောင်မှ မိုးကောင်းကင်သို့ကြည့်ပြီး ဟိန်းဟောက်နေသည့်ပုံပင်။

ဤသည်မှာ ပုန်းကွယ်နဂါးစစ်တပ်၏ နောက်တန်းသယ်ယူပို့ဆောင်ရေးတပ်ရင်းပင်။

ရှည်လျားသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ တော်ဝင်မြို့တော်ရှေ့တန်းစစ်မျက်နှာစာအထိ တည်ရှိနေသည်။

လုယွီကို သေလမ်းသို့ တွန်းပို့ရန်အတွက် ကျိုးယွမ်ယန်သည် ထောက်ပံ့မှုအားလုံးကို ဖြတ်တောက်ခဲ့သည်။ သို့ရာတွင် ဤကိစ္စသည် ပုန်းကွယ်နဂါးစစ်တပ်ကို မတားဆီးနိုင်ခဲ့ချေ။ ဖေးထျန်းကွမ်းနှင့်တခြားသူများ၏ စီစဉ်မှုအောက်တွင် ရှည်လျားသော ထောက်ပံ့ရေးလမ်းကြောင်းတစ်ခုကို လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့သည်။

All Chapters