← Chapters

အခန်း (၄၇၉၆-၄၈၀၀)

Vol. 243 Ch. 4796-4800

အခန်း (၄၇၉၆-၄၈၀၀)

Vol. 243 Ch. 4796-4800

Chapter 4796

ဤဓားချီသည် အလွန်ရုတ်တရက်ဆန်စွာ ရောက်လာသဖြင့် ဝေ့မုန်ထင်ပင် မျှော်လင့်မထားမိခဲ့ချေ။

ရှမိသားစုမှကျင့်ကြံသူသည် ထိတ်လန့်တကြားဖြင့် ထွက်ပြေးသွားပေ၏။

ဝေ့မုန့်ထင်၏ရှေ့တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။

ထိုအမျိုးသားသည် ငါးပျံဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်လက်ကို ကိုင်ထားသည်။ သူသည် နောက်ကျောတွင် ဝတ်ရုံရှည်တစ်ထည် ခြုံလွှမ်းထားပြီး သူ၏မျက်နှာပေါ်တွင် ဆိုးညစ်သော အမူအယာတစ်ခု ရှိနေသည်။

"နင်ကရော ဘယ်သူလဲ... ငါက ရှထန်ကန်းကို သတ်မလို့ပဲ...ငါ့ကို မတားနဲ့"

ဝေ့မုန်ထင်က အေးစက်စက်အမူအယာဖြင့် ရိုင်းပြစွာ ပြောဆိုလိုက်၏။

ထိုအမျိုးသားက ပြောဆိုသည်။

"ငါက နဂါးအစောင့်တပ်ရဲ့တပ်မှူးအသစ် ရှရှင်းချွမ်ပဲ"

ပတ်ဝန်းကျင်မှ နတ်ဘုရားစိတ်အာရုံများ လှုပ်ခတ်လာပြီး အများစုသည် ပြန်ရုတ်သိမ်းသွားကြ၏။

"အံ့အားသင့်စရာမရှိပါဘူး.... ပန်းထိုးနဂါးအစောင့်တပ်က မကြာသေးခင်က သွေးသစ်လောင်းမှုကြီးတစ်ခု လုပ်ခဲ့ပြီးတော့ အစောင့်အများစုနေရာမှာ အစားထိုးခဲ့တယ်လို့ ငါ ကြားထားတယ်"

"တပ်မှူးသစ်ရဲ့ မျိုးရိုးနာမည်ကလည်း ရှပဲ... သူက ရှမိသားစုဝင်တစ်ယောက် ဖြစ်နေမလား"

"ကျွတ် ကျွတ်...ရှမိသားစုက ဒီလောက်အရေးကြီးတဲ့ ရာထူးနေရာကိုတောင် စိမ့်ဝင်နေပြီ...တော်ဝင်နန်းတွင်းက အရာရှိတွေရဲ့တစ်ဝက်လောက်က အခုဆို ရှမျိုးရိုး ဖြစ်နေလောက်ပြီ"

သတ္တိရှိသော လူတချို့သည် သူတို့၏နတ်ဘုရားစိတ်အာရုံများဖြင့် ဆက်လက်၍ စောင့်ကြည့်နေကြသည်။

ပန်းထိုးဝတ်ရုံဝတ် နဂါးအစောင့်တပ်သည် ဧကရာဇ်၏ယုံကြည်စိတ်ချရသူများဖြစ်သည်။ သူတို့သည် အရင်သတ်ပြီး နောက်မှ သတင်းပို့လေ့ရှိသည်။ တော်ဝင်အာဏာကြောင့် သူတို့ကို မြင်တွေ့သူတိုင်း ထိတ်လန့်ကြောက်ရွံ့ကြသည်။

"ဝေ့မိသားစုရဲ့ အကြီးဆုံးသခင်မလေးက ဘာလို့ ရုတ်တရက်ကြီး ဒီနေရာကို ရောက်လာတာလဲ"

"မင်း မသိဘူးလား...အရှင်လုက ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ ဝေ့မိသားစုရဲ့ အကြီးဆုံးသခင်မလေးကို ကယ်တင်ခဲ့တယ်လို့ ငါ ကြားတယ်...ဒီတစ်ခေါက် ဝေ့မိသားစုရဲ့ အကြီးဆုံးသခင်မလေးက အရှင်လုကို ကူညီဖို့ ရောက်လာတာပဲ"

"ရှထျန်းကန်းက ဘယ်သူမှ မထိရဲတဲ့ အရှင်လုကိုမှ သွားပြီးရန်စတယ်....အရှင်လုက ရှေ့တန်းက စစ်ပွဲမှာ နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ ဧကရာဇ်က သူ့ကို သစ္စာဖောက်တစ်ယောက်လို ဆက်ဆံခဲ့တယ်လို့ ငါ ကြားထားတယ်....ဒါက ရှထန်ကန်းကြောင့်ပဲ"

"မင်း အသံကို တိုးထားစမ်း... ဒီလိုကိစ္စမျိုးကို မင်းစိတ်ထဲမှာ သိထားရင် တော်ပြီ...ဘယ်သူ့ကိုမှ မပြောရဘူး..."

ပတ်ဝန်းကျင်မှ လူများသည် တက်ကြွစွာ ဆွေးနွေးနေကြသော်လည်း သူတို့သည် အလွန်သတိထားနေကြသည်။

ဝေ့မုန့်ထင်သည် ရှရှင်းချွမ်ကို အေးစက်စက်စိုက်ကြည့်ပြီး မေးမြန်းသည်။

"နင်က ငါ့ကို တားချင်တာလား"

ရှရှင်းချွမ်က အပြုံးနှင့် ပြောဆိုသည်။

"သခင်မလေးဝေ့...မင်းရဲ့အဆင့်အတန်းက မြင့်မြတ်တယ်....ဘာလို့ ဒီရှုပ်ထွေးမှုထဲမှာ ဝင်ပါချင်ရတာလဲ... ဝေ့မိသားစုကလည်း လုအဖွဲ့အစည်းရဲ့ ပုန်ကန်မှုမှာ ပါဝင်ချင်လို့လား"

ဝေ့မုန့်ထင်က ခက်ထန်တင်းမာစွာ တုံ့ပြန်သည်။

"ငါက ဝေ့မိသားစုကို ကိုယ်စားမပြုဘူး.... ငါက ရှထန်ကန်းတစ်ယောက်တည်းကိုပဲ သတ်ချင်တာ..နင် ငါ့ကို ဟန့်တားရင် နင့်ကိုလည်း ငါသတ်ပစ်မယ်..."

ရှရှင်းချွမ်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ထင်ဟပ်နေဆဲပင်။ သူသည် ဝေ့မုန့်ထင်၏ နောက်သို့ကြည့်ပြီး ပြောဆိုလိုက်၏။

"ဒီနေ့တော့ သခင်မလေးဝေ့ရဲ့ ဆန္ဒ မပြည့်နိုင်တော့ဘူးထင်တယ်"

ဝေ့မုန့်ထင်၏နောက်တွင် အဘိုးအိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။

ထိုအဘိုးအို၏ပုံရိပ်က သူ၏လက်ကို မြှောက်ပြီး ဖမ်းဆုပ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ဝေ့မုန့်ထင်၏ ပုံရိပ်သည် လေဟာနယ်အတွင်းတွင် ချုပ်နှောင်ခံလိုက်ရသည်။

"အဘိုး.... ကျွန်မကို လွှတ်ပေးပါ"

ဝေ့မုန့်ထင်က အော်ဟစ်လိုက်သည်။

သို့ရာတွင် အဘိုးအို၏ပုံရိပ်သည် ဝေ့မုန့်ထင်ကို ရုန်းကန်ရန် မည်သည့်အခွင့်အရေးမျှ မပေးခဲ့ချေ။ သူသည် သူ၏လက်ကို ပြန်ရုတ်သိမ်းပြီး ဝေ့မုန့်ထင်ကို သူ၏အင်္ကျီလက်အတွင်းရှိ လေဟာနယ်ကမ္ဘာငယ်လေးအတွင်းသို့ ထည့်လိုက်သည်။

ရှရှင်းချွမ်က ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။

"ဝေ့မိသားစုဘိုးဘေးကို ဂါရဝပြုပါတယ်"

အဘိုးအို၏ပုံရိပ်က တည်ငြိမ်သောလေသံဖြင့် ပြောဆိုသည်။

"ဒီနေ့ ငါမလာခဲ့ဘူး... ငါ့မြေးမလေးလည်း မလာခဲ့ဘူး...မင်း နားလည်ရဲ့လား"

"ဟုတ်ကဲ့...ဒါက အမှန်ပါပဲ.... ကျွန်တော်တို့ ရှမိသားစုရဲ့ နတ်ဆိုးကျင့်ကြံသူက သူ့သေလမ်းသူရှာတာပါ....သခင်မလေးဝေ့နဲ့ ဘာမှမဆိုင်ပါဘူး"

ရှရှင်းချွမ်က ရိုသေလေးစားစွာ ပြောဆိုသည်။

ဝေ့မိသားစုဘိုးဘေးက ခေါင်းညိတ်လိုက်ကာ နောက်ထပ်အချိန်တခဏတွင် သူသည် မိုးကောင်းကင်အတွင်းသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်ရှိ နတ်ဘုရားစိတ်အာရုံများအားလုံး ပျောက်ကွယ်သွားပြီး လူများအားလုံးသည် ဆောင်းခိုနေသော ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြသည်။ မည်သူမျှ နတ်ဘုရားစိတ်အာရုံကို ထပ်မံ၍ ထုတ်လွှတ်ဝံ့ခြင်း မရှိတော့ပေ။

ဤလူသည် ဝေ့မိသားစုဘိုးဘေး ဓားရေအိုင်မြင့်မြတ်နယ်မြေ၏အရှင်သခင်ပင်။ သူသည်တာအိုသခင်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးလည်း ဖြစ်ပေ၏။

မည်သူမျှ မဆင်မခြင်လုပ်ဝံ့ခြင်း မရှိချေ။ တာအိုသခင်နယ်ပယ် ကျင့်ကြံသူတစ်ဦးရှေ့တွင် သူတို့သည် နတ်ဘုရားစိတ်အာရုံကို မည်သည့်အထိန်းအကွပ်မျှမရှိဘဲ ထုတ်လွှတ်၍မရချေ။

ဝေ့မုန့်ထင် ပျောက်ကွယ်သွားသည်နှင့် ပန်းထိုးဝတ်ရုံဝတ် နဂါးအစောင့်တပ်ဖွဲ့တစ်စုသည် ကျောင်းတော်သားများအားလုံးကို ချက်ချင်း ဝိုင်းရံလိုက်သည်။

ရှရှင်းချွမ်၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်သော အမူအယာဖြင့် အစားထိုးသွားသည်။

"ဒီလူတွေကို တော်ဝင်အကျဉ်းထောင်ကို ပို့ပြီး စစ်ဆေးမေးမြန်းကြစမ်း"

Chapter 4797

ကြီးကြပ်ရေးအရာရှိများနှင့် ကျောင်းတော်ငါးခုမှ ကျောင်းတော်သားများကို တော်ဝင်အကျဉ်းထောင်တွင် ချုပ်နှောင်ထားလိုက်သည်။

အချိန်တိုအတွင်းမှာပင် တော်ဝင်မြို့တော်တစ်မြို့လုံး ဆူညံပွက်လောရိုက်သွားသည်။ မရေမတွက်နိုင်သော လူများသည် လောကပျက်သုဥ်းသည့်နေ့ ရောက်လာသကဲ့သို့ ခံစားခဲ့ရပြီး ကြည်လင်သော မိုးကောင်းကင်တွင် မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေသည်။

တာယွီအင်ပါယာ၏ သမိုင်းစဥ်တလျှောက် အကြမ်းတမ်းဆုံး ဧကရာဇ်ပင်လျှင် ကျောင်းတော်သားများအပေါ် ဤကဲ့သို့ တစ်ကြိမ်တစ်ခါမျှ အရေးယူခြင်း မရှိခဲ့ပေ။

ဤကျောင်းတော်သားများသည် တာယွီကောင်းကင်ဘုံအင်ပါယာ၏ အနာဂတ်ဖြစ်သော်လည်း ဧကရာဇ်သည် သူတို့အပေါ် အရေးယူခဲ့သည်။ ဤသည်မှာ ကွန်ဖြူးရှပ်ဂိုဏ်းတစ်ဂိုဏ်းလုံးအပေါ် စစ်ကြေညာခြင်းနှင့် ညီမျှသည်။

ရှေးဟောင်းခေတ်မှ ယနေ့အထိ ကွန်ဖြူးရှပ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် အကျယ်ပြန့်ဆုံးဖြစ်သည်။

ကျင့်ကြံရေးမိသားစုများမှ တပည့်များသည် ငယ်စဉ်ကတည်းက ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံရုံသာမက စာအုပ်လေးအုပ်နှင့် ကျမ်းငါးကျမ်းကိုလည်း လေ့လာကြသည်။ ကွန်ဖြူးရှပ်ဂိုဏ်း၏ ကျမ်းစာများသည် လောကကြီး၏ တရားမျှတမှုအတွက်ပင်။ ဤအရာများသည် ကျင့်ကြံနည်းစနစ်များမှ သင်ကြားပေး၍မရသော အရာများဖြစ်ပေ၏။

တော်ဝင်ကြီးကြပ်ရေးအရာရှိများနှင့် ကျောင်းတော်ငါးခုမှ ကွန်ဖြူးရှပ်ပညာရှင်များသည် ချက်ချင်း အရေးယူဆောင်ရွက်ပြီး တော်ဝင်နန်းတော်သို့ ဦးတည်ကာ ဧကရာဇ်နှင့် တွေ့ဆုံရန် ကြံစည်ခဲ့ကြသည်။

သို့ရာတွင် ဧကရာဇ်သည် သူတို့ကို တွေ့ခွင့်မပြုခဲ့ပေ။ ဤလူများသည် တော်ဝင်နန်းတော်အပြင်ဘက်တွင် ရက်ပေါင်းများစွာ ခါးသည်းစွာ စောင့်ဆိုင်းခဲ့ကြသော်လည်း ကြည်လင်သော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သည့်အလား သတင်းတစ်ပုဒ်ကိုသာ ရရှိခဲ့ကြသည်။

ရှရှင်းချွမ်သည် တော်ဝင်အကျဉ်းထောင်နောက်ဘက်မှ ကွင်းပြင်တွင် နက်ရှိုင်းသော ကျင်းများတူးခဲ့သည်။ သူသည် ကျောင်းတော်သားများကို ဦးဆောင်သော လူသုံးရာကျော်ကို သတ်ဖြတ်ခဲ့လေ၏။

သတ်ဖြတ်သည့်နေရာတွင် ရှရှင်းချွမ်သည် ကျောင်းတော်သားများအားလုံးကို ကြည့်ရှုစေခဲ့သည်။ သူတို့သည် မှော်စွမ်းအားများ ချိတ်ပိတ်ခံထားရသော ကျောင်းတော်သားခေါင်းဆောင်များ အရှင်လတ်လတ် မြေဝါများဖြင့် ဖုံးလွှမ်းခံရပြီး နောက်ဆုံးတွင် သေဆုံးသွားသည်ကို ကြည့်ရှုခဲ့ကြရသည်။

ထို့နောက် ရှရှင်းချွမ်သည် နှိပ်စက်ညှဉ်းပန်းမှုကို ထပ်မံအသုံးပြုပြီး တော်ဝင်အကျဉ်းထောင်ရှိ ကျောင်းသားများကို ပြင်းပြင်းထန်ထန် နှိပ်စက်ခဲ့သည်။

သူတို့အနက်မှ တချို့သည် နှိပ်စက်မှုကို မခံနိုင်ဘဲ နေရာမှာပင် သေဆုံးသွားကြသည်။ တချို့မှာမူ ရူးသွပ်သွားသည်အထိ နှိပ်စက်ခံရပြီး သူတို့၏ စိတ်များသည် ပုံမှန်မဟုတ်တော့ချေ။

စာပေသူတော်စင်သုံးဦးသည် တော်ဝင်မြို့တော်တွင် မရှိတော့ဘဲ အထူးသဖြင့် စာပေသူတော်စင် သောက်ရီသည် နွေဦးနှင့်ဆောင်းဦးကျမ်းစာပုံစံသို့ ပြောင်းလဲသွားခဲ့သည်။ သူသည် လောကတွင် မရှိတော့သဖြင့် ကျောင်းတော်ငါးခု၏ သြဇာလွှမ်းမိုးမှုသည် အဆုံးစွန်ဆုံးအဆင့်ထိ အားနည်းသွားခဲ့သည်။

တော်ဝင်ကျောင်းတော်သည်လည်း အလားတူ တင်းကြပ်စွာ ထိန်းချုပ်ခံရသည်။ တော်ဝင်ကျောင်းတော်တစ်ခုလုံးသည် တော်ဝင်အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသော ကျောင်းသားများအတွက် တိတ်ဆိတ်နေခဲ့ပြီး မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

"ရှရှင်းချွမ် မင်းသူတို့ကို ဘယ်လောက်ကြာကြာ ချုပ်ထားဦးမှာလဲ..."

နောက်ဆုံးတွင် ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးက ရှေ့ထွက်ပြီး ပြောဆိုခဲ့သည်။

သို့ရာတွင် နေ့လည်ခင်းအရောက်မှာပင် ရှရှင်းချွမ်သည် သူ၏လူများကို ခေါ်ဆောင်ကာ ထိုကွန်ဖြူးရှပ်ပညာရှင်ကို ဖမ်းဆီးပြီး တော်ဝင်အကျဉ်းထောင်တွင် ချုပ်နှောင်လိုက်သည်။

ထို့နောက် လူအများက ရှရှင်းချွမ်သည် ဧကရာဇ်၏လက်အောက်မှ ခွေးရူးတစ်ကောင်ဖြစ်ကြောင်း သိရှိသွားပေ၏။ သူသည် မည်သူ့ကိုမျှ ဂရုမစိုက်ချေ။

လူတိုင်းသည် ဆောင်းခိုနေသော ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်သွားပြီး မည်သူမျှ ထပ်မံစကားမပြောဝံ့တော့ပေ။ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခြင်းအပေါ် ဆန့်ကျင်မှုများသည်လည်း အားနည်းသွားခဲ့သည်။

မည်သူမျှ ထိုအကြောင်းကို ထပ်မံမပြောဝံ့တော့ပေ။ တစ်စုံတစ်ယောက်က တော်ဝင်နန်းတွင်းကို အပြစ်တင်ပြောဆိုပါက ချက်ချင်းဆိုသလိုပင် ရှရှင်းချွမ်၏ ရူးသွပ်သော တန်ပြန်တိုက်ခိုက်မှုကို ခံရပေမည်။

လမ်းများနှင့် လမ်းကြားများတွင် နဂါးအစောင့်တပ်မှ သတင်းပေးများဖြင့် ပြည့်နှက်နေသည်။ တော်ဝင်နန်းတွင်းအကြောင်း ပြောရဲသူတစ်ယောက်ယောက် အထူးသဖြင့် ရှထန်ကန်းကို စော်ကားရဲသူများအား တွေ့ရှိပါက ချက်ချင်း ဖမ်းဆီးပြီးသေဒဏ်ပေးရန် ပို့ဆောင်ခံရပေမည်။

ဤသွေးစွန်းသော နှိမ်နင်းမှုသည် ငါးရက်ကြာမြင့်သွားခဲ့သည်။

လူတိုင်း အဆုံးသတ်သွားပြီဟု တွေးထင်နေချိန်တွင် ရှရှင်းချွမ်သည် သူ၏လူများကို ဦးဆောင်ကာ တော်ဝင်ကျောင်းတော်နှင့် ကျောင်းတော်ငါးခု၏ စာကြည့်တိုက်များအတွင်းသို့ ပြေးဝင်သွားသည်။

ဤကျောင်းတော်ခြောက်ခုသည် တာယွီတော်ဝင်နန်းတွင်းသာမက ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် အဆင့်အမြင့်ဆုံး ကျောင်းတော်များပင်။ ထိုကျောင်းတော်များ၏ စာကြည့်တိုက်များအတွင်းတွင် မရေမတွက်နိုင်သော စာအုပ်များ ရှိသည်။

သို့ရာတွင် နဂါးအစောင့်တပ်သည် ဂရုမစိုက်ခဲ့ချေ။ သူတို့သည် အရပ်ဘက်အရာရှိအုပ်စုတစ်စုကို ခေါ်ဆောင်လာပြီး 'ကောင်းကင်ဘုံနယ်မြေသမိုင်း' နှင့် 'ရှေးဟောင်းအလယ်ခေတ် ကောင်းကင်ဘုံနယ်မြေသမိုင်း' ကဲ့သို့သော စာအုပ်များကို စတင်ရှာဖွေကြသည်။

ဤစာအုပ်များကို တော်ဝင်ကျောင်းတော်နှင့် ကျောင်းတော်ကြီးငါးခုမှ သူတို့၏ နေ့စဉ်သင်ကြားရေးအတွက် အသုံးပြုကြသည်။

ကောင်းကင်ဘုံနယ်မြေမှ ကျင့်ကြံသူများသည် စာမတတ်သူများ မဟုတ်ချေ။ သူတို့သည် တိုက်ခိုက်သတ်ဖြတ်တတ်ရုံသာမက စာပေကျမ်းဂန်များကိုလည်း ကောင်းစွာနှံ့စပ်ကြသည်။ ထို့ကြောင့် ထိုကျမ်းစာများသည် အခြေခံအကျဆုံး အရာများပင်။

"ဘာလို့ ရှေးဟောင်းအလယ်ခေတ်က အမတ်ကြီးဝူမုနဲ့ သူ့ရဲ့အဖော်ကို လူသားမျိုးနွယ်ရဲ့ သူရဲကောင်းစာရင်းထဲမှာ ထည့်တာလဲ....ဒါက ရယ်စရာပဲ... ဒီစာအုပ်တွေကို ဘယ်သူက လုပ်ကြံဖန်တီးခဲ့တာလဲ.... ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး...အားလုံးကို မီးရှို့ပစ်လိုက်စမ်း"

ရှရှင်းချန်က ယုတ်မာကောက်ကျစ်စွာပြုံးပြီး သူ၏လက်အောက်ငယ်သားများကို စာအုပ်များအားမီးရှို့ရန် အမိန့်ပေးလိုက်သည်။

ကွန်ဖြူးရှပ်ပညာရှင်များ အပြေးအလွှားရောက်လာပြီး ငြင်းဆန်ကြ၏။

"အရှင်ရှ... ရှေးဟောင်းအလယ်ခေတ်ရဲ့ အမတ်ကြီးဝူမုက သူ့ရဲ့ဇာတိမြေကို ကျူးကျော်လာတဲ့ ရန်သူတွေကို နှိမ်နင်းခဲ့ပြီးတော့ သူ့ရဲ့အဖော်က ဝံပုလွေ ကျူးရွှီပဲ... သူတို့က လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ အကျိုးဆောင်ခဲ့တဲ့သူတွေပဲ.... ဘာလို့ သူတို့ကို လူသားမျိုးနွယ်ရဲ့ သူရဲကောင်းလို့ မခေါ်နိုင်တာလဲ"

ရှရှင်းချွမ်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"သူတို့က ကိုယ်ပိုင်စစ်သားတွေရှိတဲ့ စစ်သည်တော်နှစ်ယောက်ပဲ... အများဆုံးအနေနဲ့ သူတို့မှာ စစ်ရေးအရည်အချင်း နည်းနည်းရှိရုံလေးပဲ...ဒါကလည်း ကံကောင်းလို့ပဲ... ဒါ့ပြင် သူတို့က လူသားမျိုးနွယ်ရဲ့ ပြည်တွင်းစစ်မှာ ပါဝင်ခဲ့ပြီး သူတို့သတ်ခဲ့တဲ့သူတွေကလည်း လူသားတွေပဲ... သူတို့မှာ အရည်အချင်းရှိရင် သူတို့နှစ်ယောက်က အမြွှာတောင်ကုန်းကနေ ပြေးထွက်ပြီး တိုက်ခိုက်ကြမှာပေါ့။ ငါ့အမြင်မှာတော့ ဒီစစ်သည်တော်နှစ်ယောက်က မင်းတို့လို စာကြမ်းပိုးတွေကြောင့် နတ်ဘုရားလို တည်ရှိမှုကြီးတွေ ဖြစ်သွားတာ....မင်းတို့နားမလည်ရင် ဘာမှမပြောနဲ့"

ထိုသို့ပြောဆိုပြီးနောက် ရှရှင်းချွမ်က ပတ်ဝန်းကျင်မှ နဂါးအစောင့်တပ်ကို အမိန့်ပေးလိုက်၏။

"အစွမ်းကုန်ရှာဖွေကြစမ်း...တားဆီးရဲတဲ့သူတွေကို တစ်ယောက်မှ အရှင်မထားနဲ့...စာအုပ်တွေအားလုံးကို မီးရှို့ပစ်စမ်း"

Chapter 4798

မြင်ရခဲသော မြင်ကွင်းတစ်ခုက လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော စာအုပ်များကို မီးထဲသို့ ပစ်ချကာ မီးရှို့ခံလိုက်ရသည်။

ဤစာအုပ်များအနက်မှ အများစုကို နာမည်ကြီးပညာရှင်များက ဖန်တီးခဲ့ကြပြီး တချို့စာအုပ်များမှာမူ ကွန်ဖြူးရှပ်ဂိုဏ်းမှ အကြီးအကဲများက စုစည်းပြုစုခဲ့ကြပြီး အတိုင်းအဆမဲ့သော အသိပညာနှင့် ဗဟုသုတများ ပါဝင်သည်။

သို့ရာတွင် ယခုချိန်၌ ရှရှင်းချွမ်၏ စကားများကြောင့် ထိုအရာများအားလုံး ဖျက်ဆီးခံလိုက်ရသည်။

"ရူးနေပြီ....လုံးဝရူးနေပြီ...ဝူမုနဲ့ကျူးရွှီက စစ်နတ်ဘုရားတွေပဲ...စစ်တပ်က စစ်ဗိုလ်ချုပ်တွေတောင် နှစ်စဉ်နှစ်တိုင်း သူတို့ကို အရိုအသေပေးကြတယ်.... ဘာလို့ ဒီစာအုပ်တွေကို ဖျက်ဆီးရမှာလဲ"

"ငါ ဧကရာဇ်နဲ့ တွေ့ပြီး မင်းတို့လို ယုတ်မာတဲ့လူတွေရဲ့အကြောင်းကို တိုင်ကြားမယ်"

ကွန်ဖြူးရှပ်ပညာရှင်တချို့သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကြ၏။

သူတို့အတွက် ဤစာအုပ်များသည် သူတို့၏အသက်ကဲ့သို့ တန်ဖိုးရှိသော်လည်း ယခုချိန်၌ ပန်းထိုးနဂါးအစောင့်တပ်သည် ထိုအရာများကို ဖိနပ်များကဲ့သို့ စွန့်ပစ်ကာ မီးပုံအတွင်းသို့ ပစ်ချနေကြသည်။ ဤသည်မှာ လုံးဝ သည်းခံနိုင်ဖွယ်မရှိသော ကိစ္စတစ်ရပ်ပင်။

ရှရှင်းချွမ်က စိတ်မရှည်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်းတို့သဘောပဲ.... စာဖတ်တတ်ရုံပဲသိတဲ့ ကျောင်းတော်သားတစ်စုကများ မင်းတို့က ဧကရာဇ်ကို သတင်းပို့ရင်တောင် ငါ့ကို ဘာလုပ်နိုင်မှာလဲ"

သို့ရာတွင် ရှရှင်းချွမ် ထိုသို့ပြုလုပ်ရဲသဖြင့် သူသည် ရှမိသားစု၏ ညွှန်ကြားချက်ကို ရရှိထားပြီးဖြစ်ကြောင်း အကျိုးသင့်အကြောင်းသင့် ခန့်မှန်းမိသော လူတချို့လည်း ရှိနေသေးသည်။

မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းအလယ်ခေတ်မှ ဝူမုနှင့်ကျူးရွှီတို့သည် စစ်တပ်ကို ဦးဆောင်ပြီး ကြီးမားသော အောင်ပွဲရရှိခဲ့သည့် အဓိကပုဂ္ဂိုလ်များပင်။ သူတို့ကို စစ်နတ်ဘုရားကဲ့သို့ တည်ရှိမှုကြီးများဟု ခေါ်ဆိုနိုင်သည်။

လုယွီ၏ စစ်ပွဲစွမ်းဆောင်ရည်သည်လည်း သူတို့နှစ်ဦးနှင့် ဆင်တူပေ၏။

ရှမိသားစုသည် ဝူမုနှင့်ကျူးရွှီတို့ကြောင့် တချို့လူများ လုယွီကို အထင်ကြီးအားကျနေမည်ကို စိုးရိမ်နေသည်။ မည်သို့ပင်ဆိုစေကာမူ လုယွီ၏ နာမည်ဂုဏ်သတင်းသည် မိုးကောင်းကင်ယံပေါ်မှ နေမင်းကဲ့သို့ တောက်ပနေပေ၏။

"သူက ဒီလိုလုပ်တာ အသုံးဝင်တယ်လို့ ထင်နေတာလား... ငါတို့က ငတုံးငအတွေမဟုတ်ဘူး...သူတို့ရဲ့လှည့်စားတာကို ခံရမှာမဟုတ်ဘူး"

"မင်းရဲ့အသံကို တိုးထားစမ်း...မင်း မဆင်မခြင်ပြောရင် နဂါးအစောင့်တပ်က လူတွေ ရောက်လာလိမ့်မယ်"

ရှရှင်းချွမ်၏ သံမဏိလက်သီးနည်းလမ်းအောက်တွင် ကျမ်းစာပေါင်းတစ်သောင်းကျော် ပြာဖြစ်သွားခဲ့သည်။

ကွန်ဖြူးရှပ်ဂိုဏ်းမှ ကျင့်ကြံသူများသည် အလွန်ဒေါသထွက်သွားပြီ တိုင်ကြားစာများသည် နှင်းပွင့်များအလား တော်ဝင်နန်းတော်အတွင်းသို့ စီးဝင်လာသည်။

သို့ရာတွင် ကျိုးယွမ်ယန်သည် မည်သည့်စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ဤသည်မှာ သူသည် ရှရှင်းချွမ်၏ လုပ်ရပ်များကို တိတ်တဆိတ် သဘောတူထားသည့်အလားပင်။

စာအုပ်မီးရှို့ပွဲနှင့် ကွန်ဖြူးရှပ်ဝါဒကို ဖိနှိပ်ခြင်းသည် လျင်မြန်စွာ ပြီးဆုံးသွားပေ၏။ သို့ရာတွင် အကျဉ်းချခံထားရသော ကျောင်းသားအားလုံးကိုမူ လွှတ်ပေးခြင်း မရှိသေးချေ။

တစ်ချိန်တည်းတွင် ရှမိသားစုမှ တပည့်အမြောက်အများသည် ကျောင်းတော်အတွင်းသို့ ဝင်ရောက်လာပြီး ကြီးမားသောအရင်းအမြစ်များကို သိမ်းပိုက်လိုက်ကြသည်။ တချို့သည် စီနီယာကျောင်းတော်သားများပင် ဖြစ်လာပေ၏။

ဤအခြေအနေသို့အရောက်တွင် လူတိုင်း ရှမိသားစုသည် တာယွီတော်ဝင်မြို့တော်၏ နေရာတိုင်းကို လွှမ်းမိုးထားကြောင်း သိရှိသွားသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။

စီးပွားရေးလောကသည် ရှမိသားစု၏ တစ်ဦးတည်းမူပိုင်ခွင့်လုပ်ငန်းများဖြင့် ပြည့်နှက်နေသည်။

အုပ်ချုပ်ရေးလောကတွင် ရှထန်ကန်းသည် အုပ်ချုပ်ရေးအဖွဲ့၏ ဒုတိယအမတ်ကြီးနှင့် ဝန်ထမ်းရေးရာအမတ်ကြီးဖြစ်လာပြီး ရှမိသားစုမှ အရာရှိအမြောက်အများ ရာထူးတိုးမြှင့်ခံခဲ့ရသည်။

စစ်ဘက်တွင် တော်ဝင်အစောင့်တပ်လေးတပ်လုံးကို ရှမိသားစုက ထိန်းချုပ်ထားသည်။ နဂါးအစောင့်တပ်ကဲ့သို့သော အဓိကအဖွဲ့အစည်းကိုပင် ရှမိသားစုဝင်များက ထိန်းချုပ်ထားပေ၏။

ယခုချိန်၌ ရှမိသားစုသည် လောကကြီးတစ်ခုလုံးကိုပင် သိမ်းပိုက်လိုနေသည်။ သူတို့၏ ရိုင်းစိုင်းသော ရည်မှန်းချက်များသည် သိသာထင်ရှားလှ၏။

"ဘယ်သူက သစ္စာဖောက်လဲ...."

"ရှမိသားစုရဲ့ အာဏာက ကြောက်ဖို့ကောင်းလာပြီ....ဧကရာဇ်က ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်တတ်ဘူး...မကြာခင်မှာ ခါးသည်းတဲ့အကျိုးဆက်တွေကို ကြုံရလိမ့်မယ်..."

တစ်စုံတစ်ယောက်မှ ဧကရာဇ်ကို အကြံပြုလွှာ များပေးပို့ခဲ့သော်လည်း ထိုအရာများသည် ငြင်းပယ်ခံရခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ သိမ်းထားခံရခြင်းတို့ကို ကြုံခဲ့ရသည်။

ထိုအချိန်မှာပင် ရှရှင်းချွမ်သည် နောက်တစ်ဆင့် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့လေ၏။

နဂါးအစောင့်တပ်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ပြေးဝင်ကာ လုအဖွဲ့အစည်းဝင် ကျောင်းသားများကို ဖမ်းဆီးကြသည်။

အတိတ်တွင် လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပြီး လူအမြောက်အများက သူ၏စကားကို ယုံကြည်လက်ခံခဲ့ကြသည်။ သူတို့သည် သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုလိုကြသည်။

အထူးသဖြင့် သူ၏စကားများကြောင့် ဉာဏ်အလင်းပွင့်သွားသော လူအမြောက်အများ ရှိပေ၏။ ထိုအချိန်မှစ၍ သူတို့၏ကျင့်ကြံမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး အောင်မြင်မှုများ အလျင်အမြန် ရရှိခဲ့သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် လုအဖွဲ့အစည်းသည် အဖွဲ့ဝင်အများဆုံးဖြစ်သောကြောင့် သူတို့သည် ထိပ်ဆုံး၌ ရပ်တည်သည်။ ထိုလူများအားလုံး နဂါးအစောင့်တပ်၏ဖိနှိပ်မှုကို ခံစားခဲ့ရသည်။

မရေမတွက်နိုင်သော ကျောင်းတော်သားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တော်ဝင်အကျဉ်းထောင်သည် လူများဖြင့် ပြည့်ကျပ်နေလေပြီ။ သူတို့ကို သေဒဏ်ကျအကျဉ်းထောင်အတွင်းတွင်သာ ချုပ်နှောင်ထားနိုင်တော့သည်။

တော်ဝင်မြို့တော်၏အထက်တွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး လူတိုင်းသည် အန္တရာယ်အတွင်းကျရောက်နေကာ ထိတ်လန့်တုန်လှုပ်မှုများ စတင်၍ပျံ့နှံ့လာသည်။

Chapter 4799

လုအိမ်တော်...အထီးကျန်လူရိုင်းကမ္ဘာ...

ဤသည်မှာ လုမိသားစု၏ ထိပ်တန်းလျှို့ဝှက်နေရာတစ်နေရာဖြစ်ပြီး ရှောင်မိသားစု၏ စိတ်ဝိညာဉ်မီးနယ်မြေနှင့် တူညီသည်။ ဤနေရာသည် ထိပ်သီးအစွမ်းထက် တည်ရှိမှုကြီးတစ်ဦးမှ အထူးသီးသန့်ဖန်တီးထားသော ကမ္ဘာငယ်လေးတစ်ခုပင်။

အထီးကျန်လူရိုင်းကမ္ဘာ၏ အတွင်းပိုင်းတွင် လုမိသားစုမှ မရေမတွက်နိုင်သော မိသားစုဝင်များသည် ရှေးဟောင်းခန်းမတစ်ခု၌ စုရုံးနေကြသည်။

ဤနေရာသို့ ဝင်ရောက်နိုင်သူများသည် လုမိသားစု၏ အဓိကအဖွဲ့ဝင်များဖြစ်ကြပြီး မိသားစုခွဲအသီးသီးမှ ဘိုးဘေးများနှင့် အကြီးအကဲများ ပါဝင်သည်။

မြင့်မားသော ကျောက်ရုပ်တုကြီးတစ်ခုသည် ခန်းမအတွင်းတွင် မားမားမတ်မတ်ရပ်နေပြီး လူ့လောကရှိ နတ်ဘုရားခန်းမတစ်ခုကဲ့သို့ ခမ်းနားထည်ဝါနေသည်။

လုချန်းဆောင်သည် ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်နေပြီး သူ၏နံဘေးတွင် လုချင်းချန် လုကျိုးတင်းနှင့် လုမိသားစုမှ တခြားအဆင့်မြင့်အကြီးအကဲများ ရှိနေပေ၏။

လူတိုင်း၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သော အမူအယာများ ရှိနေသည်။

"ငါတို့ လုယွီကို ကာကွယ်သင့်လား... ဒါမှမဟုတ် တော်ဝင်နန်းတွင်းကို ကာကွယ်သင့်လား"

လုကျိုးတင်းသည် တိတ်ဆိတ်မှုကို ဖြိုခွဲကာ ပထမဆုံး စကားစလိုက်သည်။

သူသည် လုမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်ပြီး အမည်ခံအားဖြင့် လုမိသားစုတစ်ခုလုံးကို ထိန်းချုပ်ထားသူပင်။

လုမိသားစုမှ အကြီးအကဲတစ်ဦးက အလေးအနက်ထားသော လေသံဖြင့် ပြောဆိုသည်။

"တော်ဝင်နန်းတွင်းကို ကာကွယ်တာက ပိုကောင်းပါတယ်...တာယွီက နှစ်ပေါင်းရာနဲ့ချီကြာအောင် တည်ရှိခဲ့ပြီးတော့ မုန်တိုင်းလှိုင်းလုံးတွေအားလုံးကို ဖြတ်ကျော်ခဲ့ပြီးပြီ....ကျိုးတော်ဝင်မိသားစုက အခိုင်အမာရပ်တည်နိုင်ပြီးတော့ ကြီးကျယ်ခမ်းနားနေတုန်းပဲ....လုယွီကတော့ တက်သစ်စကြယ်တစ်ပွင့်ပဲ....သူ့ရဲ့အခြေခံအုတ်မြစ်က မတည်ငြိမ်ဘူး...သူကို တာယွီတော်ဝင်နန်းတွင်းနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရဘူး"

"ငါထင်တာတော့ ငါတို့ လုယွီကို ကာကွယ်သင့်တယ်....ဘာပဲဖြစ်ဖြစ် သူက လုမိသားစုရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး ငါတို့က သူ့ရဲ့မျိုးနွယ်ပဲ... ဒီအချိန်မှာ သူ့ကို ငါတို့ ကူညီသင့်တယ်"

တခြားအကြီးအကဲတစ်ဦးက ပြောဆိုသည်။

စိတ်တိုလွယ်သော အကြီးအကဲတစ်ဦးက အေးစက်သောအသံဖြင့် အော်ဟစ်သည်။

"သူက မိသားစုခွဲက တပည့်တစ်ယောက်သက်သက်ပဲ....အရင်တုန်းက ပဉ္စမသခင်ကြီးကတောင် သူ့ကို ငါတို့လုမိသားစုကို ဖိတ်ခေါ်ခဲ့သေးတယ်....ဒါပေမဲ့ သူက မဆိုင်းမတွ ငြင်းပယ်ခဲ့တယ်....အခု သူက တပ်တွေကို အလျင်စလို ဦးဆောင်နေတော့ ထန်စစ်တပ်ရဲ့ ထောင်ချောက်ထဲ ကျရောက်ဖို့က အချိန်ကာလတစ်ခုပဲ လိုတော့တယ်..သူ ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး"

လူအုပ်ကြီးသည် တက်ကြွစွာ ဆွေးနွေးနေကြ၏။

သို့ရာတွင် လူအများစုသည် လုယွီကို အထင်မကြီးကြသည်မှာ သိသာထင်ရှားသည်။

လုချန်းဆောင်နှင့် လုချင်ချန်းတို့သည် ဘာမှမပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေကြသည်။

မျိုးဆက်ဟောင်းမှ ကျန်ရှိနေသော အကြီးအကဲနှစ်ဦးအနေဖြင့် သူတို့သည် လုမိသားစုတွင် အဓိကကျသော နေရာတစ်ခု၌ ရှိသည်။

"မဟာအကြီးအကဲတို့... ခင်ဗျားတို့နှစ်ယောက်ကရော ဘယ်လိုထင်လဲ"

လုကျိုးတင်းက သူတို့နှစ်ဦးကို ကြည့်လိုက်သည်။

လုချင်းချန်သည် သူ၏လက်များကို ရင်ဘတ်ရှေ့တွင် ယှက်ထားပြီး တည်ငြိမ်သောလေသံဖြင့် ပြောဆိုသည်။

"လုယွီက ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ငါ့ရဲ့အသက်ကို ကယ်ခဲ့တယ်...ဒါကြောင့် ငါ သူ့ကို ထောက်ခံရမယ်"

အခြား လုမိသားစုဝင်များ၏ ပါးစပ်များ တွန့်သွားကြသည်။

သူတို့ စကားပြောနေကြချိန်တွင် သူတို့သည် လုမိသားစု၏အကျိုးအတွက် ပြောနေကြခြင်းဖြစ်သည်။ သူတို့သည် သူတို့၏ ပုဂ္ဂိုလ်ရေးဆက်ဆံရေးများအကြောင်းကို တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ကြပေ။

လုမိသားစု၏ ပဉ္စမသခင်ကြီးသာလျှင် ဤမျှ တိုက်ရိုက်ဆန်ပြီး ရိုးရှင်းသောနည်းလမ်းဖြင့် စကားပြောဆိုဝံ့သည်။ သူသည် မည်သည့်အရာကိုမျှ ကြောက်ရွံခြင်း မရှိခှေ။

"ပဉ္စမအရှင်... ဒါက ငါတို့လုမိသားစုရဲ့ အနာဂတ်အတွက်ပဲ...မင်းက ပုဂ္ဂိုလ်ရေးဆက်ဆံရေးတွေအပေါ် အခြေခံပြီး မဆုံးဖြတ်တာက ပိုကောင်းလိမ့်မယ်"

လုကျိုးတင်းက ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် သူ့ကို သတိပေးလိုက်၏။

လုချင်းချန် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လုယွီကို ဆန့်ကျင်သောလူများကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

"ငါ မင်းတို့ကို တစ်ခုမေးမယ်...မင်းတို့ တကယ့်ကို ကျိုးယွမ်ယန်က လုယွီရဲ့ ပြိုင်ဘက်ဖြစ်နိုင်မယ်လို့ ထင်နေတာလား"

လုမိသားစုဝင်များ တိတ်ဆိတ်သွားကြသည်။

တာယွီတော်ဝင်နန်းတွင်းသည် ကျိုးယွမ်ယန်၏ မျိုးဆက်သို့ ရောက်ချိန်တွင် သူသည် ဆယ့်လေးဆက်မြောက် ဧကရာဇ်ဖြစ်နေလေပြီ။

သို့ရာတွင် ကျိုးယွမ်ယန်၏လက်ထက်မတိုင်မီ ရှန်လင်းလုံပင်လျှင် မြေကိုပေးအပ်၍ လျော်ကြေးပေးပြီး သူမ၏အင်ပါယာကို ရောင်းချခဲ့ခြင်းမရှိခဲ့ပေ။

ကျိုးယွမ်ယန်သည် လောကကြီး၏ ဆန္ဒကို ဆန့်ကျင်ပြီး လူထု၏စိတ်ဓာတ်ကို လုံးဝ ဆုံးရှုံးစေခဲ့သည်ဟု ဆိုနိုင်သည်။

ဆန့်ကျင်ဘက်အားဖြင့် လုယွီ၏ လူကြိုက်များမှုသည် အလွန်မြင့်မားပေ၏။ တချို့လူများက သူ့ကို စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဆက်ဆံနေကြလေပြီ။

"ဘာပဲဖြစ်ဖြစ်...ကျိုးယွမ်ယန်က ဧကရာဇ်ပဲ.... သူက လုယွီကို ကိုင်တွယ်ချင်ရင် ဒါက လုံးဝ တရားမျှတတယ်"

လုမိသားစုဝင်တစ်ဦးက မကျေမနပ်ဖြင့် ပြောဆိုသည်။

လုချင်းချန်က လှောင်ပြောင်ရယ်မောလိုက်သည်။

"လုယွီမှာ လူသားဧကရာဇ်ဓား ရှိတယ်...လုယွီက မိန်းမစိုးတွေကို သတ်ပြီးနောက်မှာ ကွန်ဖြူးရှပ်ဂိုဏ်းက ဘာလို့ သူ့ကို အပြစ်မတင်ခဲ့တာလဲ... ဒါက တခြားတစ်ဖက်မှာ နတ်ဘုရားလက်နက်ရဲ့ အသိအမှတ်ပြုမှု ရှိနေလို့ပဲ....ဒါက လုံးဝ တရားမျှတတယ်.... ဒါကြောင့်မလို့ ဧကရာဇ်က စိုးရိမ်နေတာ... သူက လုယွီရဲ့အရည်အချင်းကို ကြောက်နေတာကြောင့် သူ့ကိုသတ်ချင်တာပဲ"

"ဒါက ထီးနန်းအတွက် တိုက်ပွဲပဲ...."

အကြီးအကဲတချို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ငါ့အမြင်တော့...ငါတို့ ကြားနေဖို့ ရွေးချယ်လိုက်ရင် မကောင်းဘူးလား...."

Chapter 4800

ထီးနန်းအတွက် ရုန်းကန်လှုပ်ရှားမှုသည် အမြဲတစေ သွေးထွက်သံယိုများပြီး ရက်စက်ကြမ်းကြုတ်သည်။

လုမိသားစုသည် သက်တမ်းကြာရှည်စွာ ဆင်းသက်လာသော ထိပ်သီးမိသားစုဖြစ်သော်လည်း ဤကိစ္စတွင် သတိမထားပါက ကျရှုံးသွားရန် အလွန်အလားအလာရှိသည်။

တချို့အကြီးအကဲများသည် အစွမ်းထက်သော်လည်း သူတို့သည် ကိစ္စများလုပ်ဆောင်ရာတွင် သတိထားခြင်းနှင့် ဆင်ခြင်ခြင်းတို့ကို အာရုံစိုက်နေဆဲပင်။ သူတို့သည် စွန့်စားရန် မလိုလားကြချေ။

"ကြားနေမယ်တဲ့လား... ဒါက ဘယ်သူ့ကိုမှ မထောက်ခံဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ...ရလဒ်ထွက်လာတာနဲ့ ငါတို့လုမိသားစုက ပိုပြီး ဆိုးဆိုးရွားရွား အဆုံးသတ်ရလိမ့်မယ်"

လုချင်းချန်က အေးစက်သော အပြုံးဖြင့် ပြောဆိုသည်။

ထိပ်ဆုံးထိုင်ခုံတွင် ထိုင်နေသော လုချန်းဆောင်က ရုတ်တရက် ညင်သာစွာ ချောင်းဆိုးလိုက်သည်။ မည်သူမျှ စကားတစ်ခွန်း မပြောကြတော့ချေ။

"ရှမိသားစုက လုယွီရဲ့မိသားစုကို တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းကို ငါ ခုလေးတင်ရတယ်....ခုနကပဲ နဂါးအစောင့်တပ်သားတစ်စုက လမ်းတွေထဲ ပြေးဝင်ပြီး လုယွီရဲ့ ဝမ်းကွဲတစ်ယောက်ကို ခေါ်သွားတယ်"

လုချန်းဆောင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

အတိတ်ကာလတွင် ချီအင်ပါယာသည် အောက်ဘုံမှ လုယွီ၏ ဆွေမျိုးများကို ဖမ်းဆီးရန် ကြံစည်ခဲ့သည်။

လုမိသားစုနှင့် ကောင်းကင်ကွန်ယက်တို့သည် တစ်ချိန်တည်းတွင် လှုပ်ရှားခဲ့ကြ၏။ မိသားစုဝင်များ၏ တစ်စိတ်တစ်ပိုင်းကို ကောင်းကင်ကွန်ယက်က ကယ်တင်ခဲ့ပြီး ကျန်မိသားစုဝင်များသည် တော်ဝင်မြို့တော်ရှိ လုမိသားစုသို့ ရောက်ရှိလာခဲ့ကြသည်။

လုယွီကြောင့် ဤမိသားစုဝင်များကို လုမိသားစုက ကောင်းစွာစီစဉ်ပေးခဲ့ပြီး ကြီးမားသော ဧည့်ဝတ်ကျေပွန်မှုဖြင့် ဆက်ဆံခဲ့သည်။

အကြီးအကဲတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုသည်။

"ဘာပဲဖြစ်ဖြစ်....လုယွီရဲ့မိသားစုဝင်တွေက ငါတို့ လုမိသားစုရဲ့ မိသားစုခွဲတစ်ခုပဲ...အဲ့ဒီ တော်ဝင်နန်းတွင်းက ခွေးမသားတွေက ဘယ်လိုများ ပြောင်ပြောင်တင်းတင်း လုပ်ရဲတာလဲ"

လုချန်းဆောင်သည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။

"ဧကရာဇ်က စိုးရိမ်နေပြီ....သူက လုယွီရဲ့ အင်အားစုတွေကို အမြန်ဆုံး ချေမှုန်းပစ်ချင်နေတယ်....မဟုတ်ရင် လုယွီက တော်ဝင်မြို့တော်ကို ပြန်ရောက်လာတာနဲ့ အဲ့ဒါက သူ့ထီးနန်းဆုံးရှုံးမယ့်နေ့ပဲ"

လူများအားလုံး စိတ်ဓာတ်ကျနေကြသည်။ ကျိုးယွမ်ယန်တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။

လုယွီ၏ သြဇာလွှမ်းမိုးမှုကို အဆုံးစွန်ဆုံးအဆင့်ထိ အားနည်းစေခြင်းဖြင့်သာ သူသည် သူ၏ထီးနန်းကို လုံခြုံအောင် ထိန်းသိမ်းထားနိုင်ပေမည်။

"ဧကရာဇ်က ကျောင်းတော်ငါးခုကို တိုက်ခိုက်ရဲတာ အံ့အားသင့်စရာမရှိဘူး....သူက တခြားသူတွေကို ဂရုမစိုက်တော့ဘူး... လုယွီကို ဖယ်ရှားနိုင်သမျှကာလပတ်လုံး သူက စာပေသူတော်စင်ကို စော်ကားဖို့တောင် တွန့်ဆုတ်မှာမဟုတ်ဘူး"

အကြီးအကဲတစ်ဦးက နားလည်သဘောပေါက်သွားသည်။

"ငါ့မှာ ကျန်းမိသားစုနဲ့ ပတ်သက်တဲ့ စာတစ်စောင်ရှိတယ်"

လုချန်းဆောင်ကစာတစ်စောင်ကို ထုတ်ယူလိုက်ပြီး ပြောဆိုသည်။

"လုယွီရဲ့ ဝမ်းကွဲညီမဖြစ်တဲ့ လုရွှမ်အာက ကျန်းမိသားစုရဲ့ ဧည့်သည်တစ်ယောက်ပဲ...အခု ကျန်းမိသားစုက လုရွှမ်အာကို အသေခံကာကွယ်မယ်လို့ ကြေညာလိုက်ပြီ"

လုမိသားစုဝင်များအားလုံး တိတ်ဆိတ်သွားကြသည်။

ကျန်းမိသားစု၏ မိသားစုခေါင်းဆောင်ကျန်းဟောင်သည် လုယွီနှင့် အလွန်ရင်းနှီးပေ၏။

သို့ရာတွင် ကျန်းမိသားစုက လုယွီအတွက် ဧကရာဇ်ကို ပေါ်တင်စိန်ခေါ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ချေ။

"ကျန်းမိသားစုက မျိုးရိုးမတူတာတောင် သူတို့က လုယွီရဲ့ မိသားစုကို ကာကွယ်ပေးနိုင်တယ်... ငါ့တို့လုမိသားစုက အဲ့ဒါကို မလုပ်နိုင်ဘူးလား"

လုချန်းဆောင်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ လေသံမာမာဖြင့် ပြောဆိုသည်။

"ငါတို့လုမိသားစုက မိသားစုဝင်ကိုတောင် မကာကွယ်နိုင်ရင်....နှစ်ပေါင်းထောင်ချီ ဆင်းသက်လာတဲ့ ကြီးမြတ်တဲ့မိသားစုတစ်ခုကို တည်ထောင်ရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"

ဤစကားများသည် သူ၏သဘောထားကို ထုတ်ဖော်ပြသလိုက်ခြင်းပင်။

နောက်ဆုံးတွင် လုမိသားစုသည် လုယွီအပေါ် လောင်းကြေးထပ်လိုက်သည်။

...

တော်ဝင်မြို့တော်...တော်ဝင်နန်းတော်...

ဧကရာဇ်ကျိုးယွမ်ယန်သည် ပွပွချောင်ချောင် ပိုးထည်ဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ပြီး ဟွမ်ကျန့်ချန်နှင့် ရှထန်ကန်းတို့ကို ဆင့်ခေါ်လိုက်သည်။

ဤရက်အနည်းငယ်အတွင်း သူတို့နှစ်ဦးသည် နန်းတော်ခန်းမအတွင်းတွင် နေထိုင်ပြီး ဧကရာဇ်နှင့် အရေးကိစ္စများဆွေးနွေးရန် နန်းတော်သို့ အချိန်မရွေး ဆင့်ခေါ်ခံရသည်။

ဤသည်မှာ ကြီးမားသော မျက်နှာသာပေးမှုဖြစ်ပြီး ဆိုလိုသည်မှာ သူတို့နှစ်ဦးသည် ဧကရာဇ်၏ အချစ်တော်အရာရှိများ ဖြစ်နေခြင်းပင်။

"အမတ်ကြီးရှ...မင်းရဲ့ ရှမိသားစုက မကြာသေးခင်က ကျောင်းသားတစ်စုရဲ့ တိုက်ခိုက်တာကို ခံရတယ်လို့ ငါ ကြားတယ်... တံခါးမကြီးတောင် ကျိုးသွားတယ်.... ဘယ်သူမှ ထိခိုက်ဒဏ်ရာရမသွားဘူး မဟုတ်လား"

ကျိုးယွမ်ယန်၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နေပြီး နွေဦးလေညှင်းကဲ့သို့ အေးမြသောခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

ဤသို့သောလူတစ်ဦးသည် ရက်အနည်းငယ်အကြာက ဒေါသကြောင့် မိန်းမစိုးတစ်ဦးကို လက်ဗလာဖြင့် ရိုက်သတ်ခဲ့သည်ဟု စိတ်ကူးကြည့်ရန် ခက်ခဲသည်။

ရှထန်ကန်းက တည်ငြိမ်စွာ ပြောဆိုသည်။

"ဒါက အိမ်တော်ကအစေခံတချို့ ဒဏ်ရာရသွားရုံပါပဲ....ဒီအရာရှိက ရှရှင်းချွမ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ပြောထားပြီးပါပြီ"

ကျိုးယွမ်ယန်က မေးမြန်းသည်။

"ဒီနေ့ပို့လိုက်တဲ့ အသနားခံစာတွေထဲက အများစုမှာ အကျဉ်းချခံထားရတဲ့ ကျောင်းသားတွေကို လွှတ်ပေးဖို့ ငါ့ကို တောင်းဆိုထားတယ်...အမတ်ကြီးရှ ဘယ်လိုထင်လဲ"

"လုံးဝမဖြစ်နိုင်ဘူး..."

ရှထန်ကန်းက တင်းမာသောလေသံဖြင့် တုံ့ပြန်သည်။

"ဒီအရာရှိရဲ့ စကားတွေအတွက် ခွင့်လွှတ်ပါ....အဲ့ဒီ လူတစ်စုက လုယွီအပေါ် သစ္စာစောင့်သိကြတယ်....သူတို့ရဲ့ ရှေ့အလားအလာက မြင့်မားတယ်....သူတို့သာ လုယွီရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားရင် ဒါက ကြောက်ဖို့ကောင်းတဲ့ အင်အားတစ်ခုဖြစ်လာလိမ့်မယ်...ငါတို့က သူတို့ကို ခုကတည်းက ကြိုပြီးသတ်ပစ်ရမယ်"

All Chapters