အခန်း (၄၈၀၁-၄၈၀၅)
Vol. 243 Ch. 4801-4805
Chapter 4801
ရှထန်ကန်း၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
"ထောင်ထဲမှာ ချုပ်နှောင်ထားတဲ့သူတွေကို နောင်အနာဂတ်မှာ ဒုက္ခမကျန်အောင် ကွပ်မျက်ပစ်ရမယ်"
ကျိုးယွမ်ယန်က
မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလိုဆိုရင် လူအများကြီးကို သတ်လိုက်သလို ဖြစ်မသွားဘူးလား... ငါ ဒီလူတွေရဲ့ နာမည်တွေကို မြင်တယ်...သူတို့ထဲက တချို့က အထက်တန်းလွှာနဲ့မြင့်မြတ်တဲ့ မိသားစုတွေရဲ့သခင်လေးတွေပဲ...စာပေသူတော်စင်ရဲ့ အမည်ခံတပည့်တချို့လည်း ရှိသေးတယ်...အခု ငါတို့က သူတို့အားလုံးကို သတ်ပစ်လိုက်ရင် ငါက ကြီးမားတဲ့ ဆူပူမှုတွေကို ရင်ဆိုင်ရလိမ့်မယ်"
ရှထန်ကန်းက ခေါင်းခါလိုက်သည်။ "ဆန့်ကျင်ဘက်အနေနဲ့ ဒီအရာရှိက နည်းနည်းလေးတောင် နည်းသေးတယ်လို့ ခံစားရတယ်"
"အမ်"
ကျိုးယွမ်ယန် ကြက်သေသေသွားသည်။
"လုယွီက စာပေသူတော်စင်ရဲ့ တပည့်တစ်ယောက်ဖြစ်တာကြောင့် ကွန်ဖြူးရှပ်ဂိုဏ်းမှာ သူ့ရဲ့ အနေအထားက သာမန်မဟုတ်ဘူး...ဒါကြောင့် သူက နောက်လိုက်အများအပြားကို သူ့နောက်လိုက်ဖို့ ဆွဲဆောင်နိုင်တယ်...ငါတို့က လုယွီရဲ့ ဩဇာလွှမ်းမိုးမှုကို အဆုံးစွန်ဆုံးအဆင့်ထိ အားနည်းအောင်လုပ်ရမယ်"
"တော်ဝင်ကျောင်းတော်နဲ့ ကျောင်းတော်ငါးခုရဲ့ တပည့်အများစုက ကွန်ဖြူးရှပ်ဂိုဏ်းက တပည့်တွေပဲ...ဒီလူတွေအားလုံးက ခေါင်းမာတဲ့လူတွေပဲ....သူတို့က လုယွီကို သစ္စာစောင့်သိမယ်လို့ ကတိပြုထားကတည်းက ဧကရာဇ်ကို သစ္စာစောင့်သိဖို့ လုံးဝမဖြစ်နိုင်တော့ဘူး"
"ဒီအရာရှိက ဒီကျောင်းသားတွေအားလုံးကို ရှင်းပစ်ဖို့ ကြံစည်ထားတယ်....အကျဥ်းထောင်ထဲမှာ ချုပ်နှောင်တာဖြစ်ဖြစ် ပြည်နှင်ဒဏ်ပေးတာဖြစ်ဖြစ် သူတို့ကို ချန်ထားလို့မဖြစ်ဘူး....တစ်ချိန်တည်းမှာ ဧကရာဇ်ကို သစ္စာစောင့်သိတဲ့ ကျင့်ကြံသူတစ်စုကို ရွေးချယ်ပြီး ကျောင်းတော်ထဲကို ဝင်ခိုင်းမယ်....နောက်နန်းတွင်းစာမေးပွဲ ကျင်းပတဲ့အချိန်မှာ ဒီကျောင်းသားသစ်အုပ်စုကို ရုံးအသီးသီးမှာ ရာထူးနေရာတွေ ခန့်အပ်မယ်...လုအဖွဲ့အစည်းကို လုံးဝရှင်းလင်းပစ်မယ်"
ရှထန်ကန်းက ပွင့်ပွင့်လင်းလင်းနှင့် ယုံကြည်မှုရှိရှိ ပြောဆိုခဲ့သည်။ ဤအစီအစဉ်အတွက် သူ၏စိတ်အတွင်းတွင် အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တွက်ချက်ထားပြီးဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေပေ၏။
"ဒါပေမယ့် ဒါက ကွန်ဖြူးရှပ်ဂိုဏ်းတစ်ခုလုံး ရန်လိုလာမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ.....ငါ အခုမှ သတိရတယ်...အကြံပေးဟွမ်ကလည်း ကွန်ဖြူးရှပ်ဂိုဏ်းဝင်တစ်ယောက်ပဲ"
ကျိုးယွမ်ယန်က ဟွမ်ကျိချန်ကို ကြည့်လိုက်သည်။
ဟွမ်ကျိချန်က ရိုသေစွာ ပြောဆိုသည်။
"ဒီအရာရှိက ဧကရာဇ်ကို သစ္စာစောင့်သိတာပါ.... ကွန်ဖြူးရှပ်ဂိုဏ်းကို မဟုတ်ပါဘူး.."
ကျိုးယွမ်ယန်၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ရှထန်ကန်းက အပြုံးနှင့် ပြောဆိုလိုက်၏။
"တကယ်တော့ ဧကရာဇ်က လုံးဝစိတ်ပူစရာမလိုပါဘူး....ကွန်ဖြူးရှပ်ဂိုဏ်းက လုယွီကိုပဲ လေးစားတာ... ဒါပေမယ့် လုယွီသာ သေသွားရင် အရာအားလုံးက အချည်းနှီးဖြစ်သွားမှာပဲ"
"အရင်တုန်းက လုယွီက ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ သေချင်ယောင်ဆောင်ခဲ့တယ်... အဲ့ဒီတုန်းက ဘယ်လိုတွေဖြစ်လာလည်းဆိုတာ ဧကရာဇ်လည်း မြင်ခဲ့ပြီးသားပဲ... လုယွီအတွက် စကားပြောရဲတဲ့ ထိပ်သီးမိသားစုအနည်းစုကလွဲရင် တခြားကွန်ဖြူးရှပ်ဂိုဏ်းဝင်တပည့်တွေက ဆောင်းတွင်းက ပုစဉ်းရင်ကွဲကောင်တွေလို တိတ်ဆိတ်နေခဲ့ကြတယ်"
"လုအဖွဲ့အစည်းက အရမ်းအားနည်းတယ်... သစ်ပင်လဲရင် မျောက်တွေ ပြန့်ကျဲသွားသလိုပဲ... လုယွီသာ သေသွားရင် အဲ့ဒီပုန်ကန်သူတွေက လေထဲမှာ ပျောက်ကွယ်သွားမှာပဲ"
ကျိုးယွမ်ယန်၏ မျက်လုံးများ တောက်ပသွားသည်။
"မင်းဆိုလိုတာက လုယွီက သေဖို့ အလားအလာ အရမ်းများတယ်ပေါ့"
ရှထန်ကန်းသည် အခိုင်အမာ ပြောဆိုလိုက်၏။
"စစ်မြေပြင်မှာ စားနပ်ရိက္ခာထောက်ပံ့မှု မရှိဘူး... သူက ထန်စစ်တပ်ရဲ့ ဝိုင်းရံပိတ်ဆို့မှုထဲမှာ တစ်ယောက်တည်း ကျရောက်နေပြီ... ဒီတစ်ခါတော့ သူ သေချာပေါက် သေလိမ့်မယ်"
ကျိုးယွမ်ယန် အလွန်ဝမ်းမြောက်သွားသည်။ "မင်းသေချာလား...."
ရှထန်ကန်းက အပြုံးနှင့် ပြောဆိုသည်။
"ထန်အင်ပါယာမှာ အမဲလိုက်စာရင်းတစ်ခု ရှိတယ်...လုယွီက အဲ့ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရောက်နေပြီ.... သူက ထန်အင်ပါယာရဲ့ နံပါတ်တစ်ပစ်မှတ်ပဲ...ထန်အင်ပါယာက ဘာလုပ်မယ်ဆိုတာ ငါ မသိပေမယ့် သူတို့က ရှေးဟောင်းခေတ်က အားအကောင်းဆုံး အင်ပါယာပဲ... သူ့လို တက်သစ်စကြယ်ပွင့်တစ်ပွင့်ကို ကိုင်တွယ်ရတာ သူတို့အတွက် ဘာပြဿနာမှ မရှိနိုင်ဘူး"
လုယွီသည် အပြင်ဘက်တွင် စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်နေစဉ်၌ ဧကရာဇ်နှင့်သစ္စာရှိလူယုံများသည် သူ သေဆုံးသွားရန် ကြံစည်နေသည်ကို ပြင်ပလူများ စိတ်ကူးယဥ်ကြည့်နိုင်ရန်ပင် ခက်ခဲပေမည်။
ကျွီ....
ထိုအချိန်မှာပင် နန်းတော်၏ အဓိကတံခါးသည် ရုတ်တရက် တွန်းဖွင့်ခြင်းခံလိုက်ရလေ၏။
အနီရောင်ဝတ်စုံဝတ် မိန်းမစိုးတစ်ဦးသည် ခြေဖျားထောက်ပြီး ဖြည်းညှင်းစွာ ဝင်လာသည်။
"ဟမ့်.... မင်းက ဘယ်နန်းဆောင်ကလဲ... စည်းကမ်းတွေကို သိရဲ့လား....ငါက လူတွေကို ဝင်ခွင့်မပြုဘူးလို့ မပြောခဲ့ဘူးလား"
ဧကရာဇ်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
ရှထန်ကန်းက မတ်တတ်ထရပ်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။ "ဧကရာဇ် သတိထားပါ..ဒါက ပြင်ပမှော်မန္တန်တစ်ခုကို သုံးထားတာပဲ...သူ ပူးကပ်ခံထားရတယ်"
အနီရောင်ဝတ်စုံဝတ်မိန်းမစိုး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ထင်ဟပ်လာသည်။ သူသည် လက်ရှိနေရာတွင် ရှိနေသော လူအနည်းငယ်ကို ကြည့်ပြီး သူ၏အကြည့်သည် ကျိုးယွမ်ယန်ပေါ်သို့ ကျရောက်သွားသည်။
"ငါက ကောင်းကင်ကွန်ယက်ရဲ့ ထောင်စုမှူး ဟန်တာယိုပဲ..ငါ့အရှင်ရဲ့ အမိန့်အရ ဧကရာဇ်ကို သတင်းစကားပါးဖို့ လာခဲ့တာ...."
အနီရောင်ဝတ်စုံဝတ် မိန်းမစိုး၏ အသံသည် အလွန်အက်ရှရှ ဖြစ်နေပေ၏။
"ကောင်းကင်ကွန်ယက်လား... မင်းက လူယွီရဲ့ လူပဲ...သူက ဘာပြောခိုင်းလိုက်တာလဲ"
ဧကရာဇ်က အော်ဟစ်လိုက်သည်။
အနီရောင်ဝတ်စုံဝတ် မိန်းမစိုးက ပြောဆိုသည်။ "ငါ့ရဲ့အရှင်က သေသေချာချာ ပြောလိုက်တယ်...ကျိုးယွမ်ယန် နားထောင်စမ်း... ငါက အခု ထန်စစ်တပ်ကို အမြစ်ပြတ်သုတ်သင်ဖို့ လိုက်ပြီးရှာဖွေတော့မယ်... ငါ ပြန်လာတဲ့အချိန်မှာ ငါ့ရဲ့လုမိသားစုဝင်တစ်ယောက် သေနေတာကို ငါ သိလိုက်ရရင်၊ သူက မင်းကြောင့် မသေခဲ့ရင်တောင် ငါ မင်းအပေါ်မှာပဲ အပြစ်ပုံချမယ်.... ငါ ပြန်လာတဲ့အချိန်ကျရင် မင်းကို ကိုယ်လက်အင်္ဂါအပြည့်အစုံမကျန်ဘဲ သေအောင် လုပ်ပေးမယ်"
Chapter 4802
"ငါ မင်းကို သေချာပေါက် သတ်မယ်"
အနီရောင်ဝတ်စုံဝတ် မိန်းမစိုး၏ပါးစပ်မှ ဤစကားလုံးများ ထွက်လာသည်နှင့် လက်ရှိနေရာတွင်ရှိနေသော လူအားလုံး၏ မျက်နှာအမူအယာများသည် တစ်ချိန်တည်းမှာပင် ပြောင်းလဲသွားပေ၏။
မကြုံစဖူး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်သည် လူတိုင်း၏ ခေါင်းထက်တွင် လွှမ်းခြုံသွားသည်။ ဤသည်မှာ လုယွီကသာ ပြောနိုင်သည့်စကားဖြစ်ကြောင်း သူတို့ ကောင်းစွာသိရှိထားသည်။
ရှထန်ကန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ...လုယွီက ဧကရာဇ်ကိုတောင် ခြိမ်းခြောက်ရဲတယ်...."
ထိုအနီရောင်ဝတ်စုံဝတ်မိန်းမစိုးသည် နှစ်ကြိမ်အော်ဟစ်ရယ်မောလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ ရုတ်တရက် အဖြူရောင်သို့ပြောင်းလဲသွားပြီး သူ သတိလစ်သွားသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် ပူးကပ်နေသော စိတ်ဝိညာဉ်အမျှင်တန်းသည်လည်း ပျောက်ကွယ်သွားလေပြီ။
ဘုန်း...ဘုန်း...ဘုန်း...
ပြင်ပမှ အလျင်အမြန်ပြေးလာသော ခြေသံများ ကို ကြားလိုက်ရသည်။ တော်ဝင်အစောင့်များသည် စိတ်လှုပ်ရှားသော အမူအယာများဖြင့် ပြေးဝင်လာကြ၏။
ဤအစောင့်များအား ဦးဆောင်လာသော တော်ဝင်အစောင့်တပ်၏ စစ်ဗိုလ်ချုပ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အနီရောင်ဝတ်စုံဝတ် မိန်းမစိုးကို မြင်ချိန်၌ အလျင်အမြန် ဒူးထောက်လိုက်သည်။
ဒီအရာရှိ နောက်ကျသွားပါတယ်..ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ..."
"သူ့ကို ခေါ်သွားကြစမ်း... မင်းတို့အားလုံး အခုချက်ချင်း ထွက်သွားကြစမ်း"
ကျိုးယွမ်ယန်သည် ဒေါသတကြီး အော်ငေါက်လိုက်၏။
သူ၏ဒေါသတကြီး အော်ငေါက်သံသည် နန်းတော်၏အထက်တွင် ပဲ့တင်ထပ်နေသည်။
တော်ဝင်အစောင့်တပ်မှ စစ်သားများအားလုံး ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲကောင်များကဲ့သို့ တိတ်ဆိတ်နေကြသည်။ သူတို့သည် ဧကရာဇ်၏ ဒေါသကို အမှန်တကယ် ခံစားမိသဖြင့် အနီရောင်ဝတ်စုံဝတ် မိန်းမစိုးကို အလျင်အမြန် ဆွဲထုတ်သွားကြသည်။
ရန်သူသည် တော်ဝင်နန်းတော်မှ မိန်းမစိုးတစ်ယောက်၏ခန္ဓာကိုယ်ကို အမှန်တကယ် ပူးကပ်ခဲ့သော်လည်း သူတို့သည် လုံးဝအာရုံမခံမိကြချေ။
တော်ဝင်အစောင့်တပ်မှ စစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်သည် တုန်ရီနေဆဲပင်။ သူ၏ အသက်မွေးဝမ်းကျောင်းမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း သူ သိသွားကာ ဒေါသထွက်နေသော ဧကရာဇ်၏ ကွပ်မျက်ခြင်းကိုပင် ခံရနိုင်ချေရှိသည်။
နန်းတော်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျိုးယွမ်ယန်က အော်ငေါက်လိုက်သည်။
"လုယွီရဲ့ လူတွေက နန်းတော်အလွှာလွှာကို ဖြတ်ပြီး ငါ့ဘေးကို ရောက်လာနိုင်တယ်.... နောက်တစ်ဆင့်မှာ သူတို့က ငါ့ကို ဓားနဲ့ထိုးစိုက်တော့မှာ မဟုတ်လား.. သူက ငါ့ကို ခြိမ်းခြောက်ရဲတယ်....ဘယ်လောက်တောင် အတင့်ရဲလိုက်လဲ"
ဧကရာဇ်၏ဒေါသတကြီး အော်ငေါက်သံနှင့်အတူ လေပြင်းတစ်ခုသည် ပတ်ဝန်းကျင်ကို ဖြတ်သန်းတိုက်ခတ်သွားပေ၏။
ပြင်းထန်သောလေသည် ပုလဲကုလားကာကို လွင့်စင်စေပြီး မရေမတွက်နိုင်သော ပုလဲလုံးများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ကောင်းကင်ဘုံ၏သားတော် ဒေါသထွက်နေချိန်တွင် မြေပြင်တပြင်လုံး တုန်ခါသွားသည်။
ရှထန်ကန်းနှင့် ဟွမ်ကျိချန်တို့သည် မြေပြင်ပေါ်တွင် အလျင်အမြန် ဒူးထောက်ပြီး ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲကောင်များကဲ့သို့ တိတ်ဆိတ်နေကြသည်။
"ငါ မစောင့်နိုင်တော့ဘူး... ငါ လုယွီကို ချက်ချင်း သေစေချင်တယ်"
ကျိုးယွမ်ယန်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။
ရှထန်ကန်းက ပြောဆိုသည်။
"ဧကရာဇ် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပါ...လုယွီရဲ့ သေဆုံးမှုသတင်းကို ရှေ့တန်းကနေ မကြာခင်မှာ ကြားရပါလိမ့်မယ်"
ကျိုးယွမ်ယန်က အေးစက်စက် ပြောဆိုလိုက်သည်။
"ငါ မစောင့်ချင်တော့ဘူး...မင်းရဲ့ ရှမိသားစုက လူတွေကို ချက်ချင်း ထွက်သွားခိုင်းပြီး လုယွီရဲ့ မိသားစုဝင်တွေအားလုံးကို ကွပ်မျက်ခိုင်းလိုက်စမ်း"
သူသည် လုယွီ၏ခြိမ်းခြောက်မှုကို မည်သည်ကြောင့် ဂရုစိုက်ရမည်နည်း။
"ဒါ့ပြင် အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်စမ်း....လုယွီကို ဥပဒေကို ဆန့်ကျင်တဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်အောင် လုပ်ပြီး တရားသူကြီးသုံးဦးကို အစွမ်းကုန် စုံစမ်းစစ်ဆေးခိုင်းလိုက်စမ်း"
ဒေါသထွက်နေသော ကျိုးယွမ်ယန်သည် ကျိုးကြောင်းဆင်ခြင်နိုင်မှု အနည်းငယ်ကင်းမဲ့နေလေပြီ။
လက်ရှိချိန်၌ လုယွီသည် အဝေးတွင် ရှိနေသည်။
တရားသူကြီးသုံးဦးသည် ဧကရာဇ်၏ အမိန့်တော်ကို လိုက်နာပြီး လုယွီကို ဖမ်းဆီးရန် အစွမ်းကုန် ကြိုးစားလျှင်ပင် သူတို့ထံ၌ မည်သည့်အရာမျှ လုပ်နိုင်စွမ်းမရှိပေ။
"ဒီအရာရှိက အမိန့်တော်ကို နာခံပါတယ်"
ရှထန်ကန်းနှင့် ဟွမ်ကျိချန်တို့သည် တစ်ချိန်တည်းမှာပင် သဘောတူလိုက်ကြ၏။
ယခုချိန်သည် ဧကရာဇ်နှင့် ငြင်းခုံရမည့် အချိန် မဟုတ်ချေ။
ထို့ပြင် ယခုချိန်၌ လုယွီကို ရာဇဝတ်သားတစ်ယောက်ဟု သတ်မှတ်ထားလေပြီ။ ဤအချိန်တွင် လုမိသားစုဝင်များကို ကိုင်တွယ်ခြင်းက ကျိုးကြောင်းဆီလျော်သည်ဟု ဆိုနိုင်ပေ၏။
ရှထန်ကန်း၏ ညွှန်ကြားချက်များအရ ရှရှင်းချွမ်သည် ပန်းထိုးနဂါးအစောင့်တပ်တစ်စုကို ဦးဆောင်ပြီး လုမိသားစုခြံဝင်းထဲသို့ ပြေးဝင်သွားကာ ဤနေရာတွင် ယာယီတည်းခိုနေသော လုယွီ၏မိသားစုဝင်အားလုံးကို ဖယ်ရှားပစ်ရန် ရည်ရွယ်သည်။
သို့ရာတွင် သူတို့သည် သူတို့၏ ပစ်မှတ်ကို လွဲချော်သွားပေ၏။
လုယွီ၏မိသားစုဝင်များအားလုံးကို လုမိသားစုက အထီးကျန်လူရိုင်းကမ္ဘာအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
အထီးကျန်လူရိုင်းကမ္ဘာသည် လုမိသားစုတွင် အရေးကြီးဆုံးနေရာဖြစ်ပြီး မိသားစု၏ အဓိကအချက်အချာနေရာပင်။ လုမိသားစုဝင်တစ်ဦးဖြစ်လျှင်ပင် သူတို့၏ အဆင့်အတန်း မြင့်မားခြင်းမရှိပါက ထိုနေရာအတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။
နဂါးအစောင့်တပ်သည် လုရွှမ်အာကို ဖမ်းဆီးလိုသော်လည်း ကျန်းမိသားစုက ပို၍ရက်စက်ကြမ်းကြုတ်သည်။ သူတို့သည် လုရွှမ်အာကို စာပေသူတော်စင်ကျန်း၏အိမ်တော်တွင် နေထိုင်ခွင့်ပြုခဲ့သည်။
ဤနေရာသည် စာပေသူတော်စင်ကျန်းဟုန် နေထိုင်ခဲ့ဖူးသည့်နေရာပင်။
ဧကရာဇ်ကိုယ်တိုင် စာပေသူတော်စင်၏အိမ်တော်သို့ လာရောက်လျှင်ပင် သူသည် ဆန္ဒရှိသကဲ့သို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။
ဤသတင်းသည် နန်းတော်သို့ ရောက်ရှိသွားချိန်၌ ဒေါသထွက်နေသော ကျိုးယွမ်ယန်သည် မရေမတွက်နိုင်သော စားပွဲများနှင့် ကုလားထိုင်များကို ရိုက်ချိုးခဲ့သည်။ သူသည် လုံးလုံးလျားလျား အသိစိတ်ကင်းလွတ်သွားလေပြီ။
Chapter 4803
လုမိသားစုနှင့် ကျန်းမိသားစုတို့သည် သူတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး ဧကရာဇ်ကိုပင် စိန်ခေါ်နေခဲ့ကြသည်။
သာမန်နေ့တစ်နေ့သာဆိုလျှင် ကျိုးယွမ်ယန်သည် ထိပ်သီးမိသားစုများကို သေချာပေါက် သတိထားပေလိမ့်မည်။ သူသည် သူတို့ကို လွယ်လင့်တကူ မထိရဲပေ။
သို့ရာတွင် ယခုချိန်တွင်မူ အခြေအနေများ ကွဲပြားခြားနားသွားလေပြီ။
လုယွီသည် သူ့ကို သတိပေးရန် တစ်စုံတစ်ယောက်ကို စေလွှတ်ရဲပေ၏။ ကျိုးယွမ်ယန်သည် မကြုံစဖူးသော အကျပ်အတည်းတစ်ခုကို ခံစားနေရလေ၏။။
သူသည် ထိပ်သီးမိသားစုများနှင့် အယောင်ဆောင် ချစ်ကြည်ရင်းနှီးမှုများအားလုံးကို စွန့်လွှတ်လိုက်ရင် မည်သည့်အရာများ ဖြစ်လာမည်နည်း....
သူသည် ထီးနန်းသာ လက်လွှတ်ရလျှင်ပင် ဤထိပ်သီးမိသားစုတချို့ကို သူနဲ့အတူ ဆွဲခေါ်သွားနိုင်ပါက ပို၍ကောင်းမွန်ပေမည်။
"ဘယ်သူပဲဖြစ်ဖြစ်....အပြစ်သားတွေရဲ့ မိသားစုတွေကို ဖုံးကွယ်ရဲရင် သူတို့ကို အလားတူပြစ်မှုနဲ့ အပြစ်ပေးမယ်"
ကျိုးယွမ်ယန်က ဒေါသဖြင့် အံ့ကြိတ်ပြီး ပြောဆိုလိုက်သည်။
ဤစကားများ ထွက်လာသည်နှင့် တော်ဝင်နန်းတော်တစ်ခုလုံး ဆူညံသွားသည်။
ဤအချက်မှတဆင့် ဧကရာဇ်သည် လုမိသားစုနှင့် ကျန်းမိသားစုကဲ့သို့သော ထိပ်သီးမိသားစုများနှင့် သေသည်အထိ တိုက်ခိုက်လိုကြောင်း ညွှန်ပြနေပေ၏။
တစ်ချိန်တည်းမှာပင် ကျန်းမိသားစုသည်လည်း ဧကရာဇ်ဘေးတွင် သစ္စာဖောက်တစ်ဦး ရှိကြောင်း ကြေညာခဲ့သည်။ သူသည် ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို ထိခိုက်စေကာ ဧကရာဇ်၏ဆုံးဖြတ်ချက်ချမှတ်မှုတွင် အမှားများစွာ ပြုလုပ်စေခဲ့သည်။ ဤတစ်ကြိမ်သည် ခြွင်းချက်မဟုတ်ချေ။
ကျန်းမိသားစုသည် စာပေသူတော်စင်၏ မိသားစုဖြစ်ပြီး သူတို့သည် ဧကရာဇ်ကို ကြီးကြပ်ကွပ်ကဲသည့် အခန်းကဏ္ဍ၌ ပါဝင်သည်။ ယခုချိန်၌ ဧကရာဇ်သည် နန်းတွင်း၏ အုပ်ချုပ်ရေးကို စနစ်တကျ မကိုင်တွယ်နိုင်ဘဲ အမှားများစွာ ပြုလုပ်ခဲ့သဖြင့် သူ၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးခဲ့သည်မှာ ထင်ရှားသည်။ ကျန်းမိသားစုသည် ဧကရာဇ်ကို အမှားများ ဆက်လက်ပြုလုပ်ခွင့် မပေးနိုင်ချေ။
ကျန်းမိသားစု၏ ထည်ဝါခန့်ညားမှုနှင့် နှိုင်းယှဉ်လျှင် လုမိသားစုသည် များစွာပို၍ကြမ်းတမ်းပေ၏။
လုချန်းဆောင်သည် လုယွီ၏မိသားစုဝင်များ အထီးကျန်လူရိုင်းကမ္ဘာသို့ ဝင်ရောက်သွားစဥ်ကတည်းက သူတို့သည် ပင်မမိသားစု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီဟု ချက်ချင်း ထုတ်ပြန်ကြေညာလိုက်သည်။
လုယွီ၏ မိသားစုကို ဖမ်းဆီးရဲသူတိုင်းအား လုမိသားစုအပေါ် စစ်ကြေညာခြင်းအဖြစ် သတ်မှတ်ပေမည်။
လုမိသားစုသည် ရှေးဟောင်းအလယ်ခေတ်မှ ယခုအချိန်အထိ လက်ဆင့်ကမ်းဆင်းသက်လာခဲ့သည်။ သူတို့သည် မည်သည့်ခြိမ်းခြောက်မှုကိုမျှ မကြောက်ရွံချေ။
ဧကရာဇ်၏ သတိပေးချက်ပင်လျှင် တစိုးတစိမျှ အရေးမပါပေ။
ရှရှင်းချွမ်သည် နဂါးအစောင့်တပ်ကို လုမိသားစု၏ တံခါးဝသို့ ခေါ်ဆောင်လာခဲ့သည်။ သူတို့သည် လုမိသားစုဝင် ကျင့်ကြံသူတစ်စုနှင့် တိုးမိပြီး လမ်းပေါ်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
နောက်ဆုံးတွင် ရှရှင်းချွမ်သည် ဒဏ်ရာရသွားသော ပန်းထိုးနဂါးအစောင့်စစ်သားများကို ဦးဆောင်ပြီး ရှက်ရွံဖွယ်ကောင်းသော အခြေအနေဖြင့် ထွက်ခွာခဲ့ရသည်။
လုမိသားစုသည် စစ်သူတော်စင်မိသားစုတစ်စုပင်။ မိသားစုအတွင်းတွင် ထိပ်သီးကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများသဖြင့် နဂါးအစောင့်တပ်သည် ဤကိစ္စကို မကိုင်တွယ်နိုင်ခဲ့ချေ။
"တော်ဝင်အစောင့်တပ်ကို လွှတ်ပြီး လုမိသားစုကို ဝိုင်းထားလိုက်စမ်း... တာယွီကောင်းကင်ဘုံအင်ပါယာကို ငါ အုပ်ချုပ်နေတာလား ဒါမှမဟုတ် ဒီထိပ်သီးမိသားစုတွေလားဆိုတာ ငါကြည့်ချင်တယ်"
စကြဝဠာခန်းမဆောင်တွင် ရှိနေသော ကျိုးယွမ်ယန်က အော်ငေါက်လိုက်သည်။
အသစ်ဖွဲ့စည်းထားသော တော်ဝင်အစောင့်တပ်နှင့် နဂါးအစောင့်တပ်ကို တော်ဝင်မြို့တော်ရှိ စစ်စခန်းများမှ ဆင့်ခေါ်ပြီး လုမိသားစုကို ရေတစ်စက်မျှ မယိုစိမ့်နိုင်အောင် တင်းတင်းကြပ်ကြပ် ဝိုင်းရံထားလိုက်သည်။
လူအများသည် ပုံမှန်မဟုတ်သော အရာတစ်ခုကို အာရုံခံမိလေ၏။
အစပထမတွင် ရှမိသားစုကို ကျောင်းတော်သားများက ဝိုင်းရံထားပြီး ယခုချိန်တွင် လုမိသားစုကို စစ်သားများက ဝိုင်းရံထားသည်။ ဤကဲ့သို့ ကိစ္စများသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။
တော်ဝင်မြို့တော်ရှိ အခြေအနေသည် ပြောင်းလဲသွားကာ လျှို့ဝှက်လှုပ်ရှားမှုများ မြင့်တက်နေသည်။ လူအများသည် လုမိသားစု မည်သို့တုံ့ပြန်မည်ကို ကြည့်ရှုလိုကြသည်။
သို့ရာတွင် တုံ့ပြန်မှုတစ်ခုအနေဖြင့် လုမိသားစုသည် တံခါးများအားလုံးပိတ်လိုက်ပြီး အဝင်အထွက်မရှိတော့ချေ။
ဤသည်မှာ အလျှော့ပေးလိုက်လျောမှုတစ်ခုဟု ထင်ရသော်လည်း အမှန်အားဖြင့် အင်အားစုနှစ်ခုကြားမှ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုပင်။
တော်ဝင်စစ်တပ်သည် လုမိသားစု၏ခြံဝင်းအတွင်းသို့ ခြေချလိုက်သည်နှင့် တော်ဝင်မိသားစုသည် လုမိသားစုနှင့် လုံးဝ ပြတ်စဲသွားလိမ့်မည်။ ထိုအချိန်ကျပါက သွေးချောင်းစီးမှုများ ဖြစ်ပွားလာပေလိမ့်မည်။
...
တော်ဝင်မြို့တော်တွင် မုန်တိုင်းတစ်ခု တိုက်ခတ်နေစဥ်၌...
ကျားလှောင်အိမ်တောင်ကြားခံတပ် အပြင်ဘက်ရှိ ကြယ်တာရာမြစ်အတွင်းတွင် စစ်သင်္ဘောတစ်စု ရှေ့သို့ ရွေ့လျားနေသည်ကို မြင်တွေ့နိုင်သည်။
ပုန်းကွယ်နဂါးစစ်တပ်၏ နဂါးနက်အလံသည် လေထုအတွင်းတွင် တဖျတ်ဖျတ်လူးလွန့်နေပေ၏။ မရေမတွက်နိုင်သော ပုန်းကွယ်နဂါးစစ်သားများသည် စစ်သင်္ဘောများ၏ ကုန်းပတ်များပေါ်တွင် မတ်တတ်ရပ်နေကြပြီး သူတို့ထံတွင် တည်ကြည်လေးနက်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
စစ်သားအများစု၏ ခန္ဓာကိုယ်များပေါ်တွင် သွေးများဖြင့် စွန်းထင်းနေဆဲပင်။ သူတို့သည် သူတို့ကိုယ်သူတို့ သန့်ရှင်းရေးလုပ်ရန် အချိန်မရှိကြပေ။
အစောပိုင်းက သူတို့သည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ဖြတ်သန်းခဲ့ရသည်။
ထန်စစ်တပ်သည် အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။ လမ်းတလျှောက်တွင် သူတို့သည် ထန်စစ်တပ်၏ အမျိုးမျိုးသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရကာ ခက်ခဲသော တိုက်ပွဲအနည်းငယ်ကို တိုက်ခိုက်ခဲ့ရသည်။ အလောင်းများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး နှစ်ဖက်စလုံး အထိအခိုက်အကျအဆုံးများခဲ့သည်။
ဤအချိန်တွင် သူတို့ တိုက်ခိုက်နေခြင်းသည် သူတို့၏ကိုယ်ပိုင်စိတ်ဆန္ဒများဖြင့်ပင်
ဤအချိန်တွင် တပ်မှူး၏ စစ်သင်္ဘောအတွင်း၌...
လုယွီသည် နတ်ဘုရားစမ်းရေအိုင်တစ်ခုအတွင်းတွင် ပလ္လင်ခွေထိုင်ကာ မျက်လုံးစုံမှိတ်ပြီး သူ၏စိတ်ကို ငြိမ်သက်စေသည်။ သူသည် သူ၏စိတ်အတွင်းမှ အာရုံပျံ့လွင့်စေသော အတွေးအားလုံးကို ဖယ်ရှားလိုက်၏။
Chapter 4804
အစောပိုင်းက ပုန်းကွယ်နဂါးစစ်တပ်သည် တိုက်ပွဲကြီးတစ်ပွဲကို တိုက်ခိုက်ခဲ့သည်။
သို့ရာတွင် လုယွီသည် မပါဝင်ခဲ့ချေ။
သူ အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့ကာ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူပြီးနောက် လုယွီ၏ မူလဝိညာဉ်သည် အတိုင်းအတာတစ်ခုအထိ အာဟာရဖြည့်တင်းခြင်းခံခဲ့ရသည်။ ထိုအရာသည် ပြောင်းလဲစပြုလာပြီး ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ တိုးတက်လာသည်။
ထိုသို့သော ပြောင်းလဲမှုသည် သေးငယ်သော ကိစ္စမဟုတ်ပေ။
ရှေးဟောင်းခေတ်တွင်ပင် အင်မော်တယ်တချို့သည် ရွှယ်အင်မော်တယ်နယ်ပယ်တွင် တစ်စုံတစ်ခုကို အောင်မြင်ရန် နှစ်ပေါင်းများစွာ ကျင့်ကြံရပေမည်။
လုယွီ၏ ပါရမီသည် ထူးကဲသော်လည်း ကောင်းကင်ဘုံကို ဆန့်ကျင်သည့်အဆင့်သို့ မရောက်သေးချေ။
သူ ဤမျှထိ လျင်မြန်စွာ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရခြင်း၏ အကြောင်းရင်းမှာ သူသည် ကြီးမားသော ကံကြမ္မာကောင်းများကို ရရှိခဲ့သောကြောင့်ပင်။
ကောင်းကင်ဘုံဧကရာဇ်၏ အမွေအနှစ်...လူသားဧကရာဇ်၏ အမွေအနှစ်နှင့် ချန်အင်ပါယာ၏ အမွေအနှစ်....
သူ၏ အတိတ်ဘဝမှ မှတ်ဥဏ်များအပြင် ထိုအရာများအနက်မှတစ်ခုသည် ပုပ်သိုးသောအရာကို အံ့အားသင့်ဖွယ်ရာအဖြစ်သို့ ပြောင်းလဲနိုင်ပြီး အမှိုက်တစ်စကို မျက်စိတစ်မှိတ်အတွင်း ပါရမီရှင်တစ်ဦးအဖြစ်သို့ ပြောင်းလဲနိုင်သည်။
အရည်အချင်းအရဆိုလျှင် လုယွီသည် မွေးရာပါ သူတော်စင်တစ်ဦး၏ အဆင့်သို့ ရောက်ရှိနေလေပြီ။ ဤသည်မှာ ဒဏ္ဍာရီများတွင်သာ မှတ်တမ်းတင်ထားပြီး ထိုကဲ့သို့လူတစ်ယောက် မွေးဖွားကတည်းက ပိုင်ဆိုင်ထားသော အရာပင်။ သူသည် အရာအားလုံးကို သိရှိကာ ငယ်စဉ်ကတည်းက ကျင့်ကြံခဲ့ပြီး အဆုံးတွင် သာမန်လူများထက် သာလွန်သော တည်ရှိမှုတစ်ခု ဖြစ်လာပေမည်။
ဤအချိန်တွင် လုယွီသည် ပလ္လင်ခွေထိုင်ပြီး ကျင့်ကြံနေသည်။ သူသည် သူ၏စိတ်နှလုံးသားကို ငြိမ်သက်စေပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ တဝုန်းဝုန်းထနေသော စွမ်းအားများကို လည်ပတ်နေစေသည်။
ကြီးကျယ်ခမ်းနားသော မှော်စွမ်းအားများသည် လုယွီ၏ ဆန္ဒအတိုင်း လိုက်နာပြီး သူ၏ခန္ဓာကိုယ်အတွင်းတွင် အကြိမ်ကြိမ်လည်ပတ်ကာ နှိုင်းယှဉ်စရာမရှိလောက်အောင် သန့်စင်သွားစေသည်။
လုယွီ၏ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အစိမ်းရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ အရပ်မျက်နှာအဘက်ဘက်တွင် ထူးဆန်းသော ပုံရိပ်များ ပေါ်လာပြီး တောက်ပသော အတောင်ပံများပါသော ကြိုးကြာဖြူတစ်ကောင် သစ်သီးဆက်သနေသော မျောက်တစ်ကောင်နှင့် ကောင်းကင်တွင် ပျံသန်းနေသော နဂါးတစ်ကောင်ကဲ့သို့ အရာများပင်။ ဤသည်မှာ နှိုင်းယှဉ်စရာမရှိအောင် ခန့်ညားထည်ဝါသော မြင်ကွင်းတစ်ခုဖြစ်သည်။
ရွှယ်အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အခြေခံအုတ်မြစ်သည် အကြိမ်ကြိမ် သန့်စင်ခြင်းခံခဲ့ရပြီး အလွန်အမင်းတည်ငြိမ်သွားသည်။
သူ ဤခြေလှမ်းကို လှမ်းလိုက်သည်နှင့် သူသည် နဂါးတံခါးကို ကျော်ဖြတ်ပြီး ရှေးဟောင်းအစစ်အမှန် အင်မော်တယ်ဖြစ်လာကာ ရွှယ်အင်မော်တယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပေမည်။
ထိုအချိန်တွင် လုယွီ၏ မှော်စွမ်းအားသည် နောက်တစ်ဆင့် မြင့်တက်သွားပေမည်။
ထူထပ်သိပ်သည်းသော မဟာတာအိုကျမ်းစာစာလုံးများသည် လုယွီ၏နံဘေးပတ်လည်တွင် ပျံဝဲနေပေ၏။
ဤကျမ်းစာများသည် လုယွီ ကျင့်ကြံသော ကျင့်စဉ်များပင်။ ထိုအရာများတွင် လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာ ထိုက်ဟွာကျမ်းစာ ဘိုးဘေးနဂါးကျင့်ကြံခြင်းနည်းစနစ်နှင့် နက်နဲသိမ်မွေ့ပြီး နားလည်ရခက်သော တခြားနည်းစနစ်များစွာ ပါဝင်သည်။
သူ၏မူလစိတ်ဝိညာဥ်နှင့်ခန္ဓာကိုယ်မှ ကြီးမားကျယ်ပြန့်သော တာအိုအသံများ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး အခန်းတစ်ခန်းလုံး၏ နံရံများကို အဆက်မပြတ် တုန်ခါစေခဲ့သည်။
သို့ရာတွင် ဤသည်မှာ လုယွီ၏ ကိုယ်ပိုင်ကျင့်ကြံခန်းပင်။ အခန်းနံရံများကို အခိုင်မာဆုံးပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အလွန်ခိုင်ခံ့မာကျောသည်။ အပြင်ဘက်မှနေ၍ မည်သည့်အသံမျှ ကြားနိုင်မည် မဟုတ်ချေ။
လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာ၏ မှတ်တမ်းများအရ ရွှယ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် အနည်းဆုံး ဆယ်နှစ်ကြာမြင့်ပေမည်။
ဤအဆင့်နှစ်ဆင့်ကြားတွင် သဘာဝချောက်ကမ်းပါးတစ်ခုရှိပြီး ကျင့်ကြံသူအများစုကို ထောင်ချောက်ဆင်ထားသည်။
အခြားတစ်ဖက်တွင်မူ လုယွီသည် ယင်ယန်ကျမ်းစာ၏ လေဟာနယ်နှင့်အချိန်ကို ဖြတ်သန်းပြီး ရှေးဟောင်းခေတ်သို့ ရောက်ရှိကာ ထိုနေရာမှ မူလဘူတစွမ်းအားများကို အားကိုး၍ ရွှယ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့သည်မှာ တစ်နှစ်မျှသာ ရှိသေးသည်။
လုယွီ၏ ကျင့်ကြံမှုအရှိန်နှုန်းသည် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်တွင်ပင် အလွန်ရှားပါးပေ၏။
ဤအချိန်တွင် လုယွီထံ၌ ရုတ်တရက် မေးခွန်းတစ်ခု ရှိလာသည်။
သူ၏ ကျင့်ကြံမှုအရှိန်နှုန်းသည် အလွန်မြန်ဆန်သောကြောင့် သူပင်လျှင် သူ၏အခြေခံအုတ်မြစ် မတည်ငြိမ်မည်ကို စိုးရိမ်နေသည်။
"ရှေးဟောင်းအင်မော်တယ်တွေ မလုပ်နိုင်ရင် ငါက မလုပ်နိုင်တော့ဘူးလား..."
"တစ်လှမ်းချင်းစီလှမ်းတဲ့ ခြေလှမ်းတိုင်းက စုစည်းမှု ဖွံ့ဖြိုးမှုတွေနဲ့ ပြည့်နှက်နေပြီးတော့ အချိန်တန်ရင် ရေက သဘာဝအတိုင်း စီးဆင်းတယ်...ရှေးဟောင်းအင်မော်တယ်တွေက ရှုံးပွဲမရှိတာ မဟုတ်ဘူး...ဒါကြောင့် ငါက သူတို့ရဲ့ လမ်းဟောင်းကို လျှောက်လို့မဖြစ်ဘူး"
သူ၏စိတ်နှလုံးသားအတွင်းတွင် အကြိမ်ကြိမ် စဥ်းစားတွေးတောပြီးနောက် လုယွီ၏ ယုံကြည်ချက်သည် ပို၍ပို၍ ခိုင်မာလာပေ၏။
ကျင့်ကြံခန်း၏ အပြင်ဘက်၌.....
ကြီးမားသော ပုန်းကွယ်နဂါးစစ်တပ်သည် လူသူကင်းမဲ့သော ကြယ်နယ်မြေတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။
ဤနေရာတွင် တောအုပ်များဖြင့် ပြည့်နှက်နေပြီး မည်သူမျှ မရှိပေ။
လူသူကင်းမဲ့သော တောအုပ်အတွင်းတွင်ရှိသည့် ထူးဆန်းသော သားရဲအချို့သည် ဧရာမ စစ်သင်္ဘော ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ ပုန်းအောင်းနေကြပြီး အနီးသို့ မချဉ်းကပ်ဝံ့ကြချေ။
စစ်ဗိုလ်ချုပ်တစ်ဦးက လုကျင်းရှန့်ထံသို့ လျှောက်လှမ်းလာပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"တပ်မှူးလု... ဒါက တုန်းချန်အိမ်တော်ပိုင်ဆိုင်တဲ့ နာမည်မရှိတဲ့ ကြယ်နယ်မြေတစ်ခုပါ"
"ကင်းထောက်တွေရဲ့ သတင်းအရဆိုရင် ထန်စစ်တပ်ရဲ့ လက်ဝဲစစ်သည်တော်အစောင့်တပ်က နံပါတ်ခြောက်တပ်ရင်းက ဒီနေရာမှာ ပုန်းအောင်းနေတယ်"
Chapter 4805
"ကင်းထောက်တွေကို ဆက်ပြီး စုံစမ်းစစ်ဆေးခိုင်းလိုက်စမ်း.... ငါတို့ ဒါကို သေသေချာချာ စုံစမ်းစစ်ဆေးရမယ်"
လုကျင်းရှန့်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
"ဟုတ်ကဲ့..."
စစ်ဗိုလ်ချုပ်က အမိန့်ကို လက်ခံပြီး အလျင်အမြန် ထွက်ခွာသွားသည်။
လုကျင်းရှန့်သည် ကုန်းပတ်ပေါ်မှ လက်ရန်းသို့ လျှောက်လှမ်းလာပြီး အဝေးကို ငုံ့ကြည့်လိုက်၏။
မျက်စိတစ်ဆုံးအကွာအဝေးထိ ပတ်ဝန်းကျင်တွင် မြင့်မားသော တောင်တန်းများဖြင့် ပြည့်နှက်နေပြီး သူ၏မျက်လုံးရှေ့တွင် ကျယ်ပြန့်ပြီး အဆုံးမရှိသော တောအုပ်တစ်ခုကိုသာ မြင်တွေ့နိုင်သည်။
ဤနေရာသည် လူသူကင်းမဲ့သော ကြယ်နယ်မြေတစ်ခုဖြစ်ကာ စိတ်ဝိညာဉ်စွမ်းအား ကျဲပါးပြီး အရင်းအမြစ် အလွန်နည်းပါးသည်။ သာမန်သေမျိုးများပင်လျှင် ဤနေရာတွင် နေထိုင်ရန် ရွေးချယ်မည် မဟုတ်ပေ။
ကောင်းကင်ဘုံနယ်မြေတွင် ဤသို့သော ကြယ်နယ်မြေအမြောက်အများ ရှိနေသည်။
များသောအားဖြင့် တော်ဝင်နန်းတော်သည် ထိုသို့သော ကြယ်နယ်မြေများအတွက် အုပ်ချုပ်ရေးရုံးတော်တစ်ခုကို တည်ထောင်မည်မဟုတ်ပေ။ ထိုအစား ဤနေရာများကို နန်းတွင်းအတွက် အကျိုးရှိအောင် အသုံးပြုပေမည်။ ဥပမာအားဖြင့် ဤနေရာများကို စစ်သားသစ်များအတွက် လေ့ကျင့်ရေးကွင်းများ သို့မဟုတ် ရာဇဝတ်သားများကို အကျဉ်းချရန် ထောင်များအဖြစ် အသုံးပြုပေမည်။
လုကျင်းရှန့်သည် သူ့ရှေ့မှ မြင်ကွင်းကြောင့် စိတ်ရှုပ်ထွေးသွားခြင်း မရှိချေ။
လမ်းတလျှောက်တွင် ထန်စစ်တပ်သည် ပုန်းကွယ်နဂါးစစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် အကြိမ်များစွာ ရွေးချယ်ခဲ့သည်။
ဤကြယ်နယ်မြေပေါ်ရှိ အရာအားလုံးသည် တောနက်ကြီးများအတွင်းတွင် ရှိနေပြီး ကြယ်မြေပုံပေါ်တွင် ဤနေရာအကြောင်း မှတ်တမ်းမရှိပေ။ သူတို့ ဤနေရာတွင် တိုက်ခိုက်ပါက ပုန်းကွယ်နဂါးစစ်တပ်သည် အလွန်အားနည်းသော အခြေအနေ၌ ရှိနေပေမည်။
ထိုစစ်ဗိုလ်ချုပ်သည် ထွက်ခွာသွားသည်မှာ အချိန်ကြာမြင့်ခြင်းမရှိချေ။ မကြာမီမှာပင် သူသည် ချိုင့်ဝှမ်းတစ်ခုအတွင်းတွင် ထန်စစ်တပ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ဤထန်စစ်တပ်သည် ဒဏ်ရာရထားသော စစ်သားများ ဖြစ်ပုံရပေ၏။ သူတို့သည် ထူထပ်သိပ်သည်းသော တောအုပ်များအတွင်းတွင် ပုန်းအောင်းပြီး အနားယူနေကြသည်။
"စစ်သင်္ဘောတွေ ပျံသန်းကြတော့...ငါတို့က အကျဉ်းသားတွေ မလိုဘူး....သူတို့အားလုံးကို သတ်ပစ်စမ်း"
လုကျင်းရှန့်က တွေဝေခြင်းမရှိဘဲ အမိန့်ပေးလိုက်သည်။
တိုက်ပွဲအားလုံးကို လျင်မြန်စွာ အဆုံးသတ်ရပေမည်။
စားနပ်ရိက္ခာ ချို့တဲ့မှုကြောင့် လူရိုင်းစစ်တပ်တောက်ပနေမင်းစစ်တပ်နှင့် ရေခဲဘုရင်စစ်တပ်တို့သည် တိုက်ခိုက်ခြင်းကို ရပ်တန့်ပြီး သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးအဖွဲ့များအဖြစ် တာဝန်ယူခဲ့ရသည်။
နောက်တန်းမှ အရာရှိအားလုံးသည် တော်ဝင်နန်းတော်မှ စားနပ်ရိက္ခာများကို ထိန်းချုပ်ထားပြီးပြီး ရှေ့တန်းမှ စစ်တပ်များသို့ မပေးရန် အမိန့်များကို လက်ခံရရှိခဲ့သည်။
မိုင်ထောင်ပေါင်းများစွာ အကွာတွင် တည်ဆောက်ခဲ့သော ပုန်းကွယ်နဂါးစစ်တပ်၏ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပင်လျှင် တော်ဝင်နန်းတွင်း၏ ဖြတ်တောက်ခြင်းကို ခံခဲ့ရသည်။
ချိုင်လုံရှင်းသည် ကူကယ်ရာမဲ့ဖြစ်သွားကာ ရေခဲဘုရင်ကြယ်မြစ်မှ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်တစ်ခု တည်ဆောက်ရန် အမိန့်ပေးရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိတော့ချေ။
ရှေ့တန်းတွင် ပုန်းကွယ်နဂါးစစ်တပ်သာ ကျန်ရစ်ခဲ့သည်။
စစ်တပ်စားနပ်ရိက္ခာသိုလှောင်မှုသည် နေ့စဉ်နှင့်အမျှ ကျဆင်းနေသည်။ ပုန်းကွယ်နဂါးစစ်တပ်သည် ထန်စစ်တပ်ကို အမြန်ဆုံး ဖျက်ဆီးရပေမည်။ ထိုသို့မဟုတ်ပါက သူတို့သည် မကြာမီမှာပင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေမည်။
အဝေးတွင် တိုက်ပွဲသည် အလွန်လျင်မြန်စွာ စတင်ခဲ့သည်။
ပုန်းကွယ်နဂါးစစ်တပ်၏ ပြင်းထန်သော လက်နက်စွမ်းအားအောက်တွင် ထန်စစ်သားများအားလုံး ချက်ချင်း သုတ်သင်ခြင်းခံလိုက်ရသည်။ သူတို့အနက်မှ တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့ချေ။
သို့ရာတွင် မကြာမီမှာပင် စစ်သူကြီးသည် အလျင်အမြန် ပြေးလာလေ၏။ သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
"တပ်မှူးလု တစ်ခုခုမှားနေပြီ"
ထိုစစ်ဗိုလ်ချုပ်၏ လက်အတွင်းတွင် အလောင်းတစ်လောင်း ရှိနေသည်။
ဤအလောင်းသည် ထန်စစ်တပ်၏ လက်ဝဲအစောင့်တပ်မှ စစ်ဗိုလ်ချုပ်သံချပ်ကာကို ဝတ်ဆင်ထားပြီး ထိုအရာသည် တောက်ပသော အရောင်အသွေး ရှိနေသေးပေ၏။
လုကျင်းရှန့်က မျက်မှောင်ကြုတ်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ..."
စစ်ဗိုလ်ချုပ်က ပြောဆိုသည်။
"ငါတို့ ကောင်းကင်ကွန်ယက်က လူတွေနဲ့ ဆက်သွယ်ပြီး ဒီလူရဲ့ အထောက်အထားကို ရှာဖွေကြည့်ခဲ့တယ်... သူက ထန်လက်ဝဲအစောင့်တပ်ရဲ့ စစ်ဗိုလ်ချုပ် မဟုတ်ဘူး...တစ်ချိန်တုန်း တုန်းချန်အိမ်တော်ကို စောင့်ကြပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ပဲ"
လုကျင်းရှန့်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ထန်နှင့်ယွီစစ်ပွဲအတွင်းတွင် တာယွီ၏ ကြယ်နယ်မြေအိမ်တော် အမြောက်အများသည် ထန်စစ်တပ်ကို မတားဆီးနိုင်ဘဲ လက်နက်ချရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရသည်။
ဤလက်နက်ချစစ်တပ်များသည် မဟာမိတ်စစ်တပ်တစ်တပ်ကို ဖွဲ့စည်းပြီး စစ်ပွဲတွင် ထန်စစ်တပ်ကို ကူညီခဲ့သည်။
သို့ရာတွင် ဤစစ်တပ်များကို ခွဲခြားရန် လွယ်ကူသည်။ သူတို့သည် တာယွီစစ်တပ်၏ သံချပ်ကာကို ဝတ်ဆင်ထားဆဲဖြစ်ပြီး သူတို့၏လက်မောင်းများတွင် အနက်ရောင်အဝတ်စကိုသာ ချည်နှောင်ထားသည်။
မဟာမိတ်စစ်တပ်မှ စစ်သားတစ်စုသည် ထိပ်တန်းထန်စစ်တပ်၏ သံချပ်ကာကို ဝတ်ဆင်ရန် အရည်အချင်းမရှိပေ။
ဤအချိန်တွင် ကောင်းကင်ကွန်ယက်မှ ကင်းထောက်များသည် တစ်ယောက်ပြီးတစ်ယောက် သတင်းများ ပေးပို့လာကြသည်။ ဤကြယ်နယ်မြေပေါ်မှ စစ်သားအားလုံးနီးပါးသည် မဟာမိတ်စစ်တပ်မှ ဖြစ်ပေ၏။
မဟာမိတ်စစ်တပ်သည် ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။ ဤအဖွဲ့မှ စစ်သားများသည် သူတို့၏ တိုက်ခိုက်လိုစိတ်ကို ဆုံးရှုံးခဲ့ကြသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ တိုက်ပွဲအတွင်းတွင် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်၌ ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်ကြသည်။
"ငါတို့ လှည့်စားခံလိုက်ရပြီ"
လုကျင်းရှန့်သည် သူ၏လက်သီးဖြင့် သင်္ဘောလက်ရန်းပေါ်သို့ ပြင်းထန်စွာ ထုလိုက်သည်။
လုယွီသည် ယခုအချိန်တွင် တံခါးပိတ်ကျင့်ကြံနေပြီး ပုန်းကွယ်နဂါးစစ်တပ်မတော်တစ်တပ်လုံးသည် သူ၏လက်အတွင်းတွင် ရှိနေသည်။ လူကျင်းရှန့်သည် ယခုချိန်၌ ပုန်းကွယ်နဂါးစစ်တပ်၏ စစ်သူကြီးပင်။
Thank For Reading.