← Chapters

အခန်း (၄၈၀၆-၄၈၁၀)

Vol. 244 Ch. 4806-4810

အခန်း (၄၈၀၆-၄၈၁၀)

Vol. 244 Ch. 4806-4810

Chapter 4806

ထန်စစ်တပ်အတွင်းတွင် အရည်အချင်းရှိသူ အတော်များများ ရှိနေသည်။

သူတို့သည် ဆုတ်ခွာသွားသော်လည်း ထန်စစ်တပ်ထံတွင် လှည့်ကွက်များဖြင့် ပြည့်နှက်နေဆဲပင်။ တစ်ခါတစ်ရံ သူတို့သည် ချောင်းမြောင်းတိုက်ခိုက်ပြီး တစ်ခါတစ်ရံ လှည့်စားရန် ကြိုးစားကြသဖြင့် ပုန်းကွယ်နဂါးစစ်တပ်အား သူတို့နှင့် ရင်ဆိုင်ရသည်မှာ ပင်ပန်းနွမ်းနယ်စေသည်။

ပုန်ကွယ်နဂါးစစ်တပ်သည် ဤကဲ့သို့ အခြေအနေမျိုးကို တစ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ရသည်။

လုကျင်းရှန့်က ပြောဆိုသည်။

"တခြားတပ်ရင်းတွေကို သတင်းပို့လိုက်ပါ.... ဒီဘက်အရပ်ကို ဝိုင်းရံတာကို လက်လျှော့လိုက်တော့.... အစစ်အမှန် ထန်စစ်တပ်တပ်က တခြားဘက်ကနေ ဝိုင်းရံမှုကို ဖောက်ထွက်ဖို့ ရွေးချယ်နိုင်တယ်"

စစ်ဗိုလ်ချုပ်က အမိန့်ကိုလက်ခံပြီး သတင်းပို့လိုက်သည်။

လုကျင်းရှန့်သည် အသက်ပြင်းပြင်းရှိုက်ပြီး ကြယ်တာရာမြေပုံကို နောက်တစ်ကြိမ် ဖြန့်ကြည့်လိုက်၏။

ကြယ်တာရာမြေပုံပေါ်တွင် မရေမတွက်နိုင်သော မြှားခေါင်းများကို အမှတ်အသားပြုထားသည်။

ပုန်းကွယ်နဂါးစစ်တပ်ကို ကိုယ်စားပြုသော အနီရောင်မြှားခေါင်းများသည် ထန်စစ်တပ်ကို ကိုယ်စားပြုသော အပြာရောင်မြှားခေါင်းများကို တဖြည်းဖြည်း ဝိုင်းရံလာခဲ့သည်။ သူတို့ကို တစ်ချက်တည်းဖြင့် ဝါးမြိုလုနီးပါး ဖြစ်နေလေပြီ။

သူတို့ရှေ့မှ ထန်စစ်တပ်၏ တပ်ရင်းအနည်းငယ်ကိုသာ ရှင်းလင်းနိုင်လျှင် သူတို့သည် စစ်ပွဲကို အနိုင်ရပေမည်။

လုကျင်းရှန့်၏ မျက်လုံးထဲတွင် ပုံရိပ်တစ်ခုပြီးတစ်ခု ထင်ဟပ်လာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ထိုပုံရိပ်များသည် စစ်ပွဲတွင် ကျဆုံးသွားသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များပင်။

စစ်ပွဲသည် အမြဲတစေ ရက်စက်ကြမ်းကြုတ်ပေ၏။။ အသာစီးရနေသောဘက်ပင်လျှင် ရန်သူကို ဝါးမြိုရန်အတွက် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရသည်။

လမ်းတလျှောက်တွင် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်အမြောက်အများ စစ်မြေပြင်၌ ကျဆုံးခဲ့သည်။

ဤအချိန်တွင် မှန်သည်မှားသည်နှင့် မသက်ဆိုင်တော့ပေ။ ကြွင်းကျန်နေသည်မှာ သွေးကြွေးရန်ငြိုးပင်။

လုကျင်းရှန့်သည် မျက်လုံးစုံမှိတ်ကာ အချိန်တခဏခန့် အနားယူတော့မည့်အချိန်မှာပင် ရုတ်တရက် သတင်းပို့ရန် ထွက်သွားသော စစ်ဗိုလ်ချုပ်က ထိတ်လန့်တကြား ပြေးလာသည်။

"တပ်မှူးလု... ကျွန်တော်တို့ သတင်းပို့လို့ မရတော့ဘူးထင်တယ်"

ထိုစစ်ဗိုလ်ချုပ်က ပြောဆိုသည်။

"ဘာလို့လဲ"

လုကျင်းရှန့်က မျက်မှောင်ကြုတ်လိုက်သည်။

"လေးနာရီလောက်ကတည်းက ကျွန်တော်တို့က တခြားတပ်ရင်းကိုးခုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်"

စစ်ဗိုလ်ချုပ်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပေ၏။

လုကျင်းရှန့်က ဆူပူကြိမ်းမောင်းလိုက်သည်။

"ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘာလို့ အခုမှ လာပြောတာလဲ"

ကြိုတင်ညှိနှိုင်းထားမှုအရ တပ်ရင်းအသီးသီးသည် ချောမွေ့စွာ ဆက်သွယ်နိုင်ကြောင်း သေချာစေရန် တစ်နာရီတစ်ကြိမ် အချင်းချင်း ဆက်သွယ်ကြရသည်။

ယခုချိန်၌ သူတို့သည် လေးနာရီကြာ အဆက်အသွယ်ပြတ်တောက်နေပေ၏။ ဤသည်မှာ ခွင့်မလွှတ်နိုင်သော ကြီးမားသည့် အမှားတစ်ခုပင်။

စစ်ဗိုလ်ချုပ်က အလျင်အမြန် ရှင်းပြသည်။ "ကျွန်တော်တို့က စည်းကမ်းအတိုင်း စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့တွေ ပို့ခဲ့တယ်.. တခြားတပ်ရင်းတွေကလည်း သတင်းပို့ခဲ့ပါတယ်"

"ဒါပေမဲ့ ခုဏက ကောင်းကင်ကွန်ယက်ကလူတွေ စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့တွေကို သီးသန့်စစ်ဆေးကြည့်တော့ သင်္ကေတအတုအယောင်တွေ အများကြီး ထွက်ပေါ်လာတာတွေ့တယ်...ဒီစာတွေက သတင်းအတုတွေ ဖြစ်လိမ့်မယ်...ထန်စစ်တပ်က ငါတို့ကို တမင်သက်သက် ပို့ခဲ့တာပဲ"

လုကျင်းရှန့်က အလေးအနက်ထားသော လေသံဖြင့် မေးမြန်းသည်။

"လွန်ခဲ့တဲ့ လေးနာရီလောက်ကတည်းက တစ်ခုခုမှားနေခဲ့တာလား"

စစ်ဗိုလ်ချုပ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"အမှန်ပါပဲ...."

ဤသတင်းသည် လုကျင်းရှန့်၏နှလုံးသားပေါ်သို့ မိုးကြိုးပစ်ချလိုက်သည့်အလားပင်။

လွန်ခဲ့သော လေးနာရီအကြာက သူတို့သည် ဤနေရာတွင် ထန်စစ်တပ်တစ်တပ် ပုန်းအောင်းနေကြောင်း သတင်းရရှိခဲ့သည်။

တစ်နည်းအားဖြင့် ထိုအချိန်က သတင်းပို့စာသည် ထန်စစ်တပ်၏ အစားထိုးခြင်းကို ခံခဲ့ရပြီးဖြစ်သည်။

ထန်မင်းဆက်မှသူလျှိုများသည် ကောင်းကင်ကွန်ယက်အတွင်းသို့ လွှမ်းမိုးနိုင်သော စိမ့်ဝင်မှုကို ပြုလုပ်ခဲ့သည်။

ယခုချိန်၌ ကျန်းရီ ကိုယ်တိုင် တာဝန်ယူနေသောကြောင့် သူလျှိုအမြောက်အများကို ဖော်ထုတ်နိုင်ခဲ့သည်။ သို့ရာတွင် ကောင်းကင်ကွန်ယက်နှင့် ပုန်းကွယ်နဂါးစစ်တပ်တွင် သူလျှိုများစွာ ပုန်းအောင်းနေဆဲပင်။

ဤအချိန်တွင် သူလျှိုများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည်။

သတင်းမှားတစ်ခုကြောင့် ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံး ပစ်မှတ်မှားတစ်ခုသို့ ဦးတည်သွားခဲ့လေ၏။

"ထန်စစ်တပ်က ဘာလို့ ငါတို့ကို ဒီလောက်ဝေးတဲ့နေရာထိ ဆွဲခေါ်နိုင်ဖို့ ကြိုးစားအားထုတ်ရတာလဲ"

လုကျင်းရှန့်သည် ကြယ်တာရာမြေပုံရှေ့တွင် လမ်းလျှောက်ရင်း တီးတိုးရေရွတ်လိုက်သည်။

ရုတ်တရက် သူ ထိတ်လန့်သွားသည်။

ကြယ်တာရာမြေပုံပေါ်တွင် ပုန်းကွယ်နဂါးစစ်တပ်ကို ကိုယ်စားပြုသော အနီရောင်မြှားခေါင်းများသည် အလွန်များပြားနေသည်မှာ အမှန်ပင်။

သို့ရာတွင် မြှားခေါင်းများအားလုံး၏ ရှေ့ဆုံးတွင် လုကျင်းရှန့်၏ တပ်ရင်းသာ ရှိနေသည်။

ကြယ်တာရာမြေပုံပေါ်တွင် ပုန်းကွယ်နဂါးစစ်တပ်မှ ထန်စစ်တပ်ကို ဝိုင်းရံထားပုံရသည်။ သို့ရာတွင် ထန်စစ်တပ်၏ ရှုထောင့်မှကြည့်လျှင် ဤသည်မှာ လုကျင်းရှန့်၏ တပ်ရင်းကို ထန်စစ်တပ်မှ ဝိုင်းရံထားခြင်းဖြစ်နေသည်။

သူတို့တပ်ရင်းတစ်ရင်းတည်း ရန်သူ့နယ်မြေအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်မိခြင်းပင်။

Chapter 4807

သို့ရာတွင် လုကျင်းရှန့်၏တပ်ရင်းတစ်ရင်းတည်းအတွက် ထန်စစ်တပ်သည် ဤမျှကြီးကျယ်ခမ်းနားသော လှုပ်ရှားမှုကို ပြုလုပ်ရန် လုံးဝမလိုအပ်ပေ။

လုကျင်းရှန့်သည် ရုတ်တရက် နောက်သို့လှည့်လှည့်ကာ လုယွီရှိနေသော ကျင့်ကြံခန်းကို ကြည့်လိုက်သည်။ သူ၏မျက်လုံးအတွင်းတွင် နားလည်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

စစ်ပွဲစတင်ကတည်းက လုယွီသည် အမြဲတစေ ရှေ့တန်းတပ်မှူးဖြစ်ခဲ့ပြီး ရှေ့တန်းတပ်ရင်းနှင့် အမြဲအတူရှိနေခဲ့သည်။

ဤသည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် လုယွီ၏တည်ရှိမှုကြောင့် ရှေ့တန်းတပ်များအားလုံး၏ စိတ်ဓာတ်သည် မြင့်မားနေပေ၏။

ထို့ပြင် ကျားလှောင်အိမ်တောင်ကြားခံတပ်မှ ထွက်ခွာခဲ့စဥ်ကတည်းက လုယွီသည် လုကျင်းရှန့်၏တပ်ရင်းတွင် နေထိုင်ခဲ့ပြီး ထွက်ခွာသွားခြင်းမရှိခဲ့ချေ။

ထန်စစ်တပ်သည် အကြောင်းပြချက်မရှိဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်ပေ။ သူတို့သည် ဤမျှကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ပြီး ပုန်းအောင်းနေသော သူလျှိုများကိုပင် ဖော်ထုတ်ခဲ့သည်။ သူတို့ထံတွင် ကြီးမားသော ပစ်မှတ်တစ်ခု ရှိရမည်။

ထိုပစ်မှတ်မှာ လုယွီသာ ဖြစ်ပေမည်။

ပုန်းကွယ်နဂါးစစ်တပ်သည် လီမီနှင့်ကောင်းရှစ်ကျီးတို့ကို သတ်ရန် အမြဲတစေ ကြိုးစားခဲ့သော်လည်း ထန်စစ်တပ်ကမူ ခေါင်းဆောင်ကို ဦးစွာဖမ်းဆီးရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

"တပ်ရင်းတစ်ခုလုံးကို ဒီနေရာကနေ ချက်ချင်းဆုတ်ခွာဖို့ အမိန့်ပေးလိုက်စမ်း"

ဤကဲ့သို့ အရေးကြီးသောအချိန်တွင် လုကျင်းရှန့်သည် တပ်မှူးတစ်ဦး၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားဆဲပင်။

ပတ်ဝန်းကျင်တွင် မတ်တတ်ရပ်နေသော စစ်ဗိုလ်ချုပ်များသည် လုကျင်းရှန့်၏ မျက်နှာအမူအယာမှတဆင့် အခြေအနေ၏လေးနက်မှုကို ခံစားမိနိုင်သည်။

အမိန့်ကို လျင်မြန်စွာ ထုတ်ပြန်ခဲ့ပြီး ကြီးမားသော စစ်သင်္ဘောများသည် နောက်ကြောင်းပြန်လှည့်ကာ နတ်ဘုရားတံခါးထံသို့ ဦးတည်သွားကြသည်။

လေများသည် အရပ်မျက်နှာအဘက်ဘက်မှ တိုက်ခတ်လာပြီး လေပြင်းများ တဝီဝီမြည်ဟီးနေသည်။

မိုးကောင်းကင်ယံသည် ရုတ်တရက် မှင်ကဲ့သို့ မည်းနက်သွားပေ၏။ မည်းမှောင်သော တိမ်တိုက်များသည် မိုးကောင်းကင်ကို ဖုံးလွှမ်းသွားပြီး မမြင်နိုင်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်သည် ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံးကို လွှမ်းခြုံသွားသည်။

"နတ်ဘုရားတံခါး ပျောက်သွားပြီ...."

လုကျင်းရှန့်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် ကြယ်နယ်မြေများ၏ အပြင်ဘက်သို့သွားနိုင်သော ထွက်ပေါက်သည် လုံးလုံးလျားလျား ချိတ်ပိတ်ခံလိုက်ရလေပြီ။

ဤသည်မှာ သာမန်ရာသီဥတုဖြစ်စဉ်မဟုတ်ဘဲ မှော်စွမ်းအားတစ်မျိုးမျိုး၏ သက်ရောက်မှုဖြင့် ဤထွက်ပေါက်ကို ပိတ်ဆို့ထားခြင်းပင်။

နံဘေးတွင်ရှိနေသော စစ်ဗိုလ်ချုပ်တစ်ဦးက ထိတ်လန့်ကြောက်ရွံ့စွာ ပြောဆိုသည်။

"ကျွန်တော်တို့က နတ်ဘုရားတံခါးရဲဘအပြင်ဘက်မှာ စောင့်ကြပ်ဖို့ လူတချို့ထားခဲ့ပေမယ့် အခု သူတို့ကို ဆက်သွယ်လို့မရတော့ဘူး"

လုကျင်းရှန့် တုန်လှုပ်သွားသည်။ နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူသည် ရန်သူ၏ထောင်ချောက်ထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

"ဘာလို့ ဟန်ဆောင်နေသေးတာလဲ...ထွက်လာခဲ့ကြစမ်း"

လုကျင်းရှန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဟား ဟား ဟား...ငါ မျှော်လင့်ထားတဲ့အတိုင်း မင်းတို့အားလုံး ထောင်ချောက်ထဲ ကျလာတာပဲ....ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟဿမဖြစ်ခဲ့ဘူး"

တစ်စုံတစ်ယောက်က အေးစက်စွာရယ်မောပြီး လေထုအတွင်းသို့ ခြေတစ်လှမ်းလှမ်းကာ ပုန်းကွယ်နဂါးစစ်တပ်ရှေ့တွင် ပိတ်ဆို့လိုက်သည်။

ထိုလူသည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်အတွင်းတွင် မြင်းမြှီးယပ်တောင်ကို ကိုင်ဆောင်ထားသည်။ သူသည် ငယ်ရွယ်ချောမောပြီး ထူးချွန်သော ကျောင်းတော်သားတစ်ယောက်နှင့် တူညီပေ၏။

လုကျင်းရှန့်သည် တစ်ချက်ကြည့်ရုံဖြင့် ဤလူသည် သူတို့ လမ်းတလျှောက်လုံး ရှာဖွေနေခဲ့သော ထန်အင်ပါယာမှ ကျင်းဘုရင် လီမီဖြစ်ကြောင်း သိလိုက်သည်။

"လုယွီ ဘယ်မှာလဲ...ငါ သူ့ကို ငါ့လက်နဲ့ကိုယ်တိုင် ချေမှုန်းပစ်မယ်"

တခြားအမျိုးသားတစ်ဦးက ရွှေရောင်စစ်ရထားကို စီးနင်းလာသည်။ စစ်ရထားကိုဆွဲသော နဂါးမြင်း လေးကောင်သည် နားကွဲလုမတတ် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။ စစ်ရထားသည် လေဟာနယ်ကို ဖြတ်သန်းသွားလာချိန်၌ တဒုန်းဒုန်းမြည်သံများ ထွက်ပေါ်နေပေ၏။

ထိုစစ်ရတားပေါ်တွင် လက်တစ်ဖက်ပြတ်နေသော ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်တစ်ဦး ထိုင်နေသည်။ ဤလူသည် ကောင်းရှစ်ကျီးပင်။

ဤအချိန်တွင် ကောင်းရှစ်ကျီး၏ မျက်လုံးများအတွင်း၌ သွေးဆာမှု ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး ပုန်းကွယ်နဂါးစစ်တပ်ကို စိုက်ကြည့်နေသည်။ သူ့ကိုကြည့်ရသည်မှာ ရက်စက်ကြမ်းတမ်းသည့် ဝံပုလွေတစ်ကောင်နှင့် တူနေပေ၏။

အေးစက်သော ရယ်သံတစ်သံ နောက်မှလိုက်လာပြီး တခြားတပ်မှူးတစ်ဦးက အဝေးမှ လမ်းလျှောက်ထွက်လာသည်။

"လီကွမ်းပိ..."

လုကျင်းရှန့်၏စိတ်နှလုံးသား အလွန်လေးလံသွားသည်။

လီကွမ်းပိသည်လည်း လုယွီ၏တိုက်ခိုက်မှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သော်လည်း သူ ပြန်လည်သက်သာသွားလေပြီ။

လုကျင်းရှန့်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ မည်းမှောင်သော တိမ်တိုက်များအထက်တွင် ခန့်ညားသော ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ သူတို့တစ်ဦးချင်းစီသည် ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းပေ၏။

"လုယွီက သူ့ရဲ့ပြိုင်ဘက်ကို အထင်သေးလွန်းတယ်....သူက ငါတို့ထန်အင်ပါယာကို ဒီလောက်လွယ်လွယ်နဲ့ ကိုင်တွယ်လို့ရတယ်လို့ တကယ်ကြီး ထင်နေတာလား"

ပုံရိပ်တစ်ခုက လှောင်ပြောင်လိုက်သည်။

"ငါ သူ့ကို သတ်ပြီးရင် သူရဲ့ခန္ဓာကိုယ်ကိုရုပ်သေးရုပ်အဖြစ် သန့်စင်ပစ်မယ်"

တခြားပုံရိပ်တစ်ခုက သရော်တော်တော် ပြောဆိုသည်။

"သူရဲ့ခန္ဓာကိုယ်ကို တစ်စစီဖြတ်တောက်တာက ပိုကောင်းတယ်...ဒါပေမဲ့ ငါတို့မှာ လူအများကြီးရှိနေတော့ သူ့ရဲ့ခန္ဓာကိုယ်က မလုံလောက်မှာ စိုးရိမ်ရတယ်"

အဝေးမှ နောက်ထပ်ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

လုကျင်းရှန့်သည် ဤမြင်ကွင်းကို ကြည့်မိလေလေ သူ၏စိတ်နှလုံးသား ပို၍အေးစက်လာလေလေပင်။ ထန်စစ်တပ်သည် ကြိုတင်ပြင်ဆင်လာသည်မှာ သိသာထင်ရှားလှ၏။ သူတို့သည် လုယွီ ဝင်ရောက်လာမည်ကို စောင့်ဆိုင်းရန်အတွက် ထောင်ချောက်တစ်ခုကို အထူးတလည် တည်ဆောက်ထားခဲ့သည်။

သို့ရာတွင် ယခုအချိန်၌ လုယွီသည် ကျင့်ကြံခန်းအတွင်းတွင် ကျင့်ကြံနေဆဲဖြစ်ပြီး ပြင်ပသို့ ထွက်မလာနိုင်ချေ။

Chapter 4808

လုယွီ တံခါးပိတ်ကျင့်ကြံခြင်းမပြုမီ သူသည် လုကျင်းရှန့်အား သူ့ကို မနှောင့်ယှက်ရန် အလွန်လေးနက်စွာ သတိပေးခဲ့သည်။

လုကျင်းရှန့်က လုယွီသည် သူ့ကျင့်ကြံမှု၏ အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိထားသည်။

ထိုသို့မဟုတ်ပါက ထန်စစ်တပ်ကို လိုက်လံချေမှုန်းနေစဉ်တွင် လုယွီသည် ဤကဲ့သို့ တံခါးပိတ်ကျင့်ကြံမည် မဟုတ်ချေ။

"တပ်ဖွဲ့အားလုံး...အသင့်အနေအထားပြင်ကြစမ်း"

လုကျင်းရှန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏အသံသည် စစ်သင်္ဘောအုပ်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဤအမည်မရှိသော ကြယ်နယ်ပေါ်ရှိ ပုန်းကွယ်နဂါးစစ်တပ်တွင် မိုစစ်သင်္ဘောတစ်စင်း နဝမလွှသွားစစ်သင်္ဘောဆယ်စင်းနှင့် ကျားစစ်သင်္ဘောဆယ့်ကိုးစင်း စုစုပေါင်း စစ်သင်္ဘောအစီးသုံးဆယ် ရှိသည်။

စစ်သင်္ဘောများစွာ ရှိပုံရသော်လည်း အများစုသည် ယခင်တိုက်ပွဲများတွင် ပြင်းထန်စွာ ပျက်စီးခဲ့သောကြောင့် အထွတ်အထိပ်အခြေအနေတွင် ရှိစဉ်ကဲ့သို့ တိုက်ခိုက်ရေးအင်အား မရှိတော့ချေ။

လုကျင်းရှန်၏ အော်ဟစ်သံကို ကြားချိန်တွင် စစ်သင်္ဘောများမှ ကျယ်လောင်သောအသံများ မြည်ဟီးလာပြီးရန်သူကို တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။

သို့ရာတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ်သည် သူတို့ကို ဝန်းရံနေဆဲဖြစ်ပြီး ပျောက်ကွယ်မသွားခဲ့ချေ။

ထန်စစ်တပ်မှ ထိပ်သီးကျင့်ကြံသူများသည် အမှောင်ထုအတွင်းမှ ထွက်ပေါ်လာပြီး တချို့သည် မျက်နှာပင်မပြကြပေ။ သူတို့သည် ထန်အင်ပါယာမှ စစ်ကူတပ်များဖြစ်သည်။

လုကျင်းရှန့်၏ မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေပြီး သူသည် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် သူ၏စိတ်နှလုံးသားသည် အလွန်လေးလံသွာပေ၏။

နောက်ဆုံးတွင် ထန်အင်ပါယာမှ ထိပ်သီးကျင့်သူနှစ်ဆယ့်ခြောက်ဦးသည် လေထုအတွင်းတွင် မတ်တတ်ရပ်နေကြသည်။

သူတို့အနက်မှ တချို့သည် ထန်စစ်တပ်၏ တပ်မှူးများ တချို့သည် တော်ဝင်နန်းတော်နှင့် ကောင်းကင်မူဝါဒရုံးတော်မှ အကြံပေးအရာရှိများဖြစ်ပြီး တချို့မှာမူ ထန်အင်ပါယာက စုဆောင်းထားသော ထူးဆန်းသည့် အရည်အချင်းရှိသူများပင်။ သူတို့အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်ထားပေ၏။

သူတို့အနက်မှ မည်သူမဆို ခြေတစ်ချက်ဆောင့်ရုံဖြင့် မုန်တိုင်းတစ်ခုကို နှိုးဆော်နိုင်ပြီး ကောင်းကင်ကို တုန်ခါစေနိုင်သော်လည်း သူတို့အားလုံး ဤနေရာတွင် စုဝေးနေကြသည်။

"မင်းနာမည်က လုကျင်းရှန့် မဟုတ်လာ.... ဒီမှာနေရင် သေလမ်းပဲရှိတယ်.... လုယွီနဲ့အတူ အသေမခံနဲ့....ငါနဲ့လိုက်ခဲ့စမ်း"

လီမီက ခပ်ဖျောဖျော့အပြုံးနှင့် ပြောဆိုသည်။

"လီမီ.... ကျားလှောင်အိမ်တောင်ကြားခံတပ်မှာ ငါတို့အရှင်ရဲ့ ရိုက်နှက်တာကို ခံရလို့ သွေးအန်ခဲ့တာကို မင်း မေ့သွားပြီလား"

လုကျင်းရှန့်က လှောင်ပြောင်လိုက်သည်။

"အရင်တုန်းက မင်းတို့ ဘာလို့ မျက်နှာမပြခဲ့ကြတာလဲ..... ဘာလို့ ငါတို့ရဲ့အရှင် ကျင့်ကြံနေမှ ထွက်လာကြတာလဲ.... မင်းတို့က လူအများကြီးခေါ်လာတယ်ဆိုတော့ မင်းတို့က ကြောက်နေကြပုံပဲ"

ဤစကားများ ထွက်ပေါ်လာသည်နှင့် လုကျင်းရှန့်က လီမီ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ကြောင်း ဖော်ပြနေခြင်းပင်။

"အဲ့ဒီလိုဆိုရင်ရောဘာဖြစ်လဲ.... သူက တံခါးပိတ်ကျင့်ကြံပြီး ငါတို့ကို အခွင့်အရေးပေးခဲ့တာကိုပဲ အပြစ်တင်လိုက်စမ်း"

ကောင်းရှစ်ကျီး၏ အသံသည် ငရဲမှ တွားသွားတက်လာသော သရဲတစ္ဆေတစ်ကောင်နှင့်တူညီနေပေ၏။ သူ၏ ကျယ်လောင်သော အသံတွင် အဆုံးမရှိသော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

သူ၏လက်တစ်ဖက် ပြတ်တောက်သွားခဲ့သည်မှာ သူ့အတွက် လုံးလုံးလျားလျား အရှက်ရဖွယ်ရာပင်။ သူ လုယွီကို မသတ်နိုင်လျှင် သူ၏တာအိုနှလုံးသားသည် ငြိမ်သက်နိုင်မည်မဟုတ်ချေ။

"လုယွီ သေပြီးရင်....သူ့ရဲ့ဩဇာလွှမ်းမိုးမှု ပျောက်ကွယ်သွားပြီ.. သူ ဘယ်လိုသေခဲ့လဲဆိုတာကိုတော့ ဘယ်သူက ဂရုစိုက်မှာလဲ"

လီကွမ်းပိက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး လှောင်ပြောင်ရယ်မောလိုက်သည်။

ပတ်ဝန်းကျင်ရှိ ထန်ထိပ်သီးကျင့်ကြံသူတိုင်းတွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။

"ကြက်ကလေး ငှက်ကလေးတစ်အုပ်က ငါတို့ရဲ့အရှင်ကို ဆန့်ကျင်ဖို့ကြိုးစားနေတာလား....အိပ်မက်မက်နေလိုက်စမ်း"

လုကျင်းရှန့်သည် ရုတ်တရက် ရယ်မောလိုက်ပြီး သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင် တစိုးတစိမျှ မရှိပေ။

"မင်း ဘာတွေ ပြောနေတာလဲ... ငါတို့က မင်းတို့ကို ဝိုင်းထားတာ..မင်းက ငါတို့ကို ဘာနဲ့တိုက်ခိုက်မှာလဲ"

တစ်စုံတစ်ယောက်က လှောင်ပြောင်ရယ်မောလိုက်သည်။

မည်းမှောင်သော တိမ်တိုက်များအတွင်းတွင် ထောင်ပေါင်းများစွာသော ပုံရိပ်များ ရုတ်တရက် လင်းလက်သွားသည်။ သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်ကို ဝိုင်းရံထားသော ထန်စစ်တပ်ပင်။

ပုန်းကွယ်နဂါးစစ်တပ် မလွတ်မြောက်နိုင်စေရန် ဤထိပ်သီးကျင့်ကြံသူများမှ တာဝန်ယူထားရုံသာမက ထန်စစ်တပ်သည်လည်း နေရာအနှံ့အပြားမှ တပ်များကို စေလွှတ်ခဲ့သည်။

ယခင်က မဟာမိတ်တပ်သည် ငါးစာသာဖြစ်သည်။ သူတို့၏ရည်ရွယ်ချက်မှာ ပုန်းကွယ်နဂါးစစ်တပ်၏ အဓိကအင်အားကို ဤနေရာသို့ ဆွဲဆောင်ရန်ဖြစ်ပြီး အထူးသဖြင့် လုယွီကို ဤနေရာတွင် ထောင်ချောက်ဆင်ပြီး တစ်ချက်တည်းဖြင့် ချေမှုန်းရန်ပင်။

"မင်းတို့အားလုံးက ငတုံးတွေပဲ...ငါတို့ရဲ့အရှင်က ဒါကို မျှော်လင့်မထားဘူးလို့ မင်းတို့ တကယ်ကြီး ထင်နေတာလား"

လုကျင်းရှန့်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး၊ သူ့မျက်လုံးများအတွင်တွင် မောက်မာထောင်လွှားမှုများဖြင့် ပြည့်နှက်နေသည်။

"မင်းတို့ နောက်ဆုံးတော့ ထွက်လာကြပြီပဲ....လီမီနဲ့ကောင်းရှစ်ကျီး မင်းတို့နှစ်ယောက်က ပုန်းလျှိုးကွယ်လျှိုးနေခဲ့တာ အချိန်အတော်ကြာနေပြီ....ကံကောင်းချင်တော့ ငါတို့ရဲ့အရှင်က တမင်တကာ အားနည်းချက်တစ်ခုကို ဖော်ပြပြီး မင်းတို့ကို ထောင်ချောက်ထဲ ဆွဲခေါ်ခဲ့တာပဲ"

Chapter 4809

ပတ်ဝန်းကျင်ရှိ ထန်အင်ပါယာမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏ အရှိန်အဟုန်သည် ရုတ်တရက် ရပ်တန့်သွားပြီး မည်သူမျှ စကားမပြောတော့ချေ။

လုယွီသည် ယခင်တိုက်ပွဲအနည်းငယ်တွင် ဤလူများကို အကြွင်းမဲ့ခြိမ်းခြောက်နိုင်ခဲ့သည်။

ထန်အင်ပါယာ၏ စစ်နတ်ဘုရားဟု လူသိများသော ကောင်းရှစ်ကျီးပင်လျှင် လုယွီကို တိုက်ခိုက်ရန် တခြားသူများနှင့် မဟာမိတ်ဖွဲ့ရသည်။

သူတို့ တိုက်ခိုက်ရဲသည့် အဓိကအချက်မှာ လုယွီသည် တံခါးပိတ်ကျင့်ကြံနေပြီး မတိုက်ခိုက်နိုင်ဟု သတင်းရထားသောကြောင့်ပင်။

အကယ်၍ လုယွီသည် ဤကဲ့သို့ တမင်သက်သက်လုပ်ပြီး စောင့်ဆိုင်းနေခဲ့ပါက သူတို့သည် ထောင်ချောက်အတွင်းသို့ အလိုအလျောက် ဝင်ရောက်သွားခြင်းပင်။

"လုကျင်းရှန့်... မင်း ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာလား... ငါတို့ရဲ့သတင်းအချက်အလက်က ဘယ်တော့မှ မှားမှာမဟုတ်ဘူး"

လီမီသည် ရှက်ရွံ့မှုကြောင့် ဒေါသထွက်စပြုလာသည်။

အကြောင်းအရင်းမှာ လုယွီအကြောင်း ပြောလိုက်ချိန်တွင် လူအများစု၏ သတ်ဖြတ်လိုစိတ်သည် ရုတ်တရက် လျော့ကျသွားပြီး အဆုံးမရှိသော ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားကြောင်း သူ ရှင်းရှင်းလင်းလင်း သိမြင်လိုက်သောကြောင့်ပင်။

လူတစ်ယောက်၏ နာမည်တစ်ခုတည်းဖြင့် မရေမတွက်နိုင်သော ထန်ထိပ်သီးကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်စေရန် လုံလောက်သည်။

ဤသည်မှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဖူးသော အရာပင်။

"မင်းမယုံရင် စမ်းကြည့်လို့ရတယ်"

လုကျင်းရှန့်က သရော်တော်တော် ပြောဆိုသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်နေပေ၏။

အစောပိုင်းက လုယွီကို သတ်မည်ဟု ခြိမ်းခြောက်ခဲ့သူများအားလုံးသည် ယခုချိန်၌ ဆောင်းခိုနေသော ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြသည်။

မည်သူမျှ ပထမဆုံး စတင်လုပ်ရှားသူ မဖြစ်လိုကြပေ။

သတင်းအချက်အလက်အရ လုယွီ တံခါးပိတ်ကျင့်ကြံနေသည်ဟု ဆိုသော်လည်း မတော်တဆကိစ္စတစ်ခုရှိနေလျှင် မည်သို့ပြုလုပ်ရမည်နည်း။

ကျားလှောင်ကုန်းတောင်ကြားခံတပ်မှ မြင်ကွင်းသည် သူတို့၏စိတ်များအတွင်းတွင် စွဲထင်နေဆဲပင်။ လုယွီသည် ကျားလှောင်အိမ်တောင်ကြားခံတပ်၏ တံခါးကို သူတစ်ယောက်တည်းဖြင့် ချိုးဖျက်ခဲ့သည်။ ဤသည်မှာ လူသားတစ်ဦး၏ခွန်အား မဟုတ်တော့ချေ။

သူတို့၏အဆင့်သို့ ရောက်ရှိနေသူများသည် သူတို့၏ ကြိုးစားအားထုတ်မှုမှ အောင်မြင်မှုအသီးအပွင့်များကို ပို၍ တန်ဖိုးထားကြပြီး လွယ်လင့်တကူ စွန့်စားမည်မဟုတ်ပေ။

"မင်း ဟန်ဆောင်လိမ်ညာနေတာပဲ...ငါတို့ မသိဘူးလို့ မင်း ထင်နေတာလား"

လီမီက ဒေါသတကြီး ပြောဆိုသည်။

"ငါ ပြောပြီးသားပဲ...မင်းတို့ စမ်းကြည့်လို့ရတယ် ငါတို့အရှင်က မင်းတို့ကို စောင့်နေတယ်ဘယ်သူ အရင်သေချင်လဲ"

လုကျင်းရှန့်က လှောင်ပြောင်ရယ်မောပြီး သူ၏လူများကို ထိုင်ခုံတစ်လုံး ယူလာခိုင်းလေသည်။

လုကျင်းရှန့်သည် မောက်မာထောင်လွှားစွာဖြင့် လျှောက်လှမ်းသွားပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ သူသည် လက်အတွင်းတွင် ထန်းရွက်ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ့ကိုကြည့်ရသည်မှာ မည်သည့်စိုးရိမ်ပူပန်မှုမျှ ရှိပုံမရချေ။

သူ၏တည်ငြိမ်မှုသည် ထန်ထိပ်သီးကျင့်ကြံသူများအားလုံးကို အနည်းငယ် ဇဝေဇဝါဖြစ်သွားစေသည်။

"ငါ မင်းကို မသတ်ရဲဘူးလို့ မင်း ထင်နေတာလား"

ကောင်းရှစ်ကျီးသည် သူ၏ကြွင်းကျန်သော လက်တစ်ဖက်မှ လက်ဖဝါးကို ဖြန့်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် အလင်းတန်းတစ်ခု လေထုအတွင်းတွင် စုစည်းလာပြီး ထက်ရှသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏မျက်လုံးများအတွင်းတွင် တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး သူထိုင်နေသော ရွှေရောင်စစ်ရထားသည် ပို၍ကျယ်လောင်စွာ တဒုန်းဒုန်းမြည်လာကာ မြင်းလေးကောင်သည် တညီတညွတ်တည်း ဟီလိုက်ကြသည်။

"ခဏနေအုံး... ဒါက ထူးဆန်းတယ်... ထောင်ချောက်တစ်ခုဖြစ်မှာကို စိုးရိမ်ရတယ်" တစ်စုံတစ်ယောက်က ကောင်းရှစ်ကျီးကို ဟန့်တားလိုက်သည်။

ထန်စစ်တပ်သည် ပြိုကွဲလုနီးပါးဖြစ်နေပြီး ကောင်းရှစ်ကျီးကဲ့သို့ တပ်မှူးများသည်သာ စစ်တပ်ကို တည်ငြိမ်စေသော သက်ရောက်ရှိသည်။

အကယ်၍ ကောင်းရှစ်ကျီးသာ စစ်ပွဲတွင် ကျဆုံးသွားပါက ထန်စစ်သားများ၏ စိတ်ဓာတ်သည် အဆုံးစွန်ဆုံးထိ ကျဆင်းသွားမည်။ ထိုအချိန်တွင် ထန်စစ်တပ်၏အထွတ်အထိပ်စွမ်းအားကို ပြန်လည်ရရှိရန် လွယ်ကူမည်မဟုတ်တော့ချေ။

လီမီက လုကျင်းရှန့်ကို ကြည့်လိုက်သည်။

"လုယွီက တံခါးပိတ်ကျင့်ကြံ မနေဘူးဆိုရင် ဘာလို့ သူ့ကို ထွက်မလာခိုင်းတာလဲ...သူငါတို့ကို သတ်ချင်နေတာ မဟုတ်လား....ငါတို့ အခုထွက်လာပြီလေ"

လုကျင်းရှန့်က ပြုံးလိုက်သည်။

"ငါတို့အရှင် ဘာလုပ်နေတယ်ဆိုတာ မင်းကို သတင်းပို့ဖို့ လိုလို့လား....အရှင်က ဆေးလုံးဖော်စပ်နေတာ ဖြစ်နိုင်တယ်... မင်းတို့သာ အရှင်ရဲ့ ဆေးဖော်စပ်တာကို လာနှောင့်ယှက်ရဲရင် မင်းတို့ ဆိုးဆိုးရွားရွား သေရလိမ့်မယ်"

လီမီသည် ကျဉ်းထဲကျပ်ထဲ ရောက်သွားလေ၏။

သူသည် ပတ်ဝန်းကျင်ရှိ ထန်တပ်မှူးများကို ကြည့်လိုက်သည်။ ဤလူများသည် ထန်စစ်တပ်၏ ထူးချွန်သူများဖြစ်သောကြောင့် သူသည် မည်သည့်စွန့်စားမှုကိုမျှ မပြုလုပ်နိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ လီမီသည် ကောင်းကင်မူဝါဒရုံးတော်မှ အကြံပေးအရာရှိများကို အမိန့်မပေးနိုင်ပေ။

အချိန်တခဏအကြာတွင် ဆိုင်းငံ့နေသောအခြေအနေ ပြေလည်သွားမည်ဟု မည်သူမျှမျှော်လင့်မထားခဲ့ချေ။

ပုန်းကွယ်နဂါးစစ်တပ်မှ လက်ထောက်စစ်ဗိုလ်ချုပ်တစ်ဦးသည် ရုတ်တရက် လုကျင်းရှန့်၏နောက်မှ ပြေးတက်လာသည်။

ဤလက်ထောက်စစ်ဗိုလ်ချုပ်သည် မူလက နောက်တန်းကို စောင့်ကြပ်ရန် တာဝန်ယူထားသူပင်။ ဤအချိန်တွင် သူသည် ရုတ်တရက် နောက်တန်းမှ ပတ်၍ ကုန်းပတ်ပေါ်သို့ ရောက်ရှိလာသည်။

"တပ်မှူးတို့...ကျေးဇူးပြုပြီး သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားမထောင်ကြပါနဲ့... ဒါက ဟန်ဆောင်နေတာပါ.... လုယွီက တံခါးပိတ်ကျင့်ကြံနေတာ ရက်တွေအများကြီး ကြာနေပါပြီ...သူ ပြင်ဆင်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

ထိုလက်ထောက်စစ်ဗိုလ်ချုပ်က အော်ဟစ်လိုက်၏။

Chapter 4810

ထိုစကားများ ထွက်ပေါ်လာချိန်တွင် လူတိုင်း ထိတ်လန့်သွားကြသည်။

အလျင်မြန်ဆုံး တုံ့ပြန်နိုင်သူမှာ လက်ထောက်စစ်ဗိုလ်ချုပ်၏နံဘေးရှိ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်ပင်။ သူက ဒေါသတကြီးဖြင့် ပြောဆိုသည်။

"ဒါက ထန်စစ်တပ်ရဲ့ သူလျှိုပဲ...သူ့ကို သတ်လိုက်စမ်း"

လမ်းတလျှောက်တွင် သူတို့သည် စစ်ရေးလျှို့ဝှက်ချက်များကို မရေမတွက်နိုင်အောင် ပေါက်ကြားစေခဲ့ပြီး ထန်စစ်တပ်ကို ကြိုတင်ပြင်ဆင်စေခဲ့သည်။ သူတို့သည် ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း သို့မဟုတ် ရန်သူများ ထွက်ပြေးသွားခြင်းတို့ကို ကြုံတွေ့ခဲ့ရလေ၏။

ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများသည် ဤသူလျှိုကို အရိုးထဲစွဲအောင် မုန်းတီးနေကြသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူတို့သည် သူ့ကို တစစီ ဆွဲဖြဲချင်နေကြသည်။

လုကျင်းရှန့်သည် မူလက ထန်ထိပ်သီးကျင့်ကြံသူများကို ထိန်းထားခဲ့သော်လည်း သူသည် ဤသူလျှိုကြောင့် ပရမ်းပတာဖြစ်သွားမည်ဟု မျှော်လင့်မထားခဲ့ချေ။

"ဟား ဟား ဟား...ငါက ထန်အင်ပါယာအပေါ် သစ္စာရှိတယ်...ငါ ဒီနေ့သေရတာ ငါ့ရဲ့နာမည်နဲ့ထိုက်တန်တယ်"

သူလျှိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ရုတ်တရက် သူ၏ပါးစပ်မှ သွေးအန်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ ဤနေရာသို့မလာမီ သူသည် အဆိပ်ကို မြိုချထားပြီးဖြစ်ပြီး သူ၏လည်ချောင်းမှ သွေးကြောများကို ပြတ်တောက်သွားစေခဲ့သည်။

ပတ်ဝန်းကျင်မှ စစ်သားများ ပြေးလာချိန်တွင် နောက်ကျသွားခဲ့လေပြီ။

"လုကျင်းရှန့်....ဒါဆို မင်းက လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ပြီး အချိန်ဆွဲဖို့ ကြိုးစားနေတာကိုး...ဒါက အရမ်းကောင်းတဲ့ လှည့်ကွက်ပဲ... ဒီနေ့ မင်းနဲ့ မင်းရဲ့အရှင် အသက်ရှင်ဖို့ စိတ်မကူးနဲ့"

လီမီ၏ နဖူးပေါ်မှ သွေးကြောများ ဖောင်းကားလာပြီး သူ အလွန်ဒေါသထွက်နေသည်။

ထန်ဧကရာဇ်မှ ခန့်အပ်ထားသော ထူးချွန်သူတစ်ဦးအနေဖြင့် လီမီသည် ဉာဏ်ထက်မြက်မှုဖြင့် လူသိများသည်။

သူသည် အမြဲတစေ တခြားသူများကို အရူးလုပ်ခဲ့သူဖြစ်သော်လည်း ယခုချိန်၌ သူသည် လုယွီ၏လက်အောက်မှ စစ်ဗိုလ်ချုပ်တစ်ဦး၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည်။

"ဘာမှပြောစရာမလိုတော့ဘူး၊ သတ်ပစ်လိုက်စမ်း"

မည်းမှောင်သော တိမ်တိုက်များအကြားမှ အဘိုးအိုတစ်ယောက်၏ပုံရိပ် ပြေးဆင်းလာသည်။

တစ်စုံတစ်ယောက်က လှုပ်ရှားလိုက်သည်နှင့် တခြားထိပ်သီးကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။ သူတို့၏ အားကောင်းသော အရှိန်အဝါများသည် တိမ်တိုက်များအတွင်းသို့ မြင့်တက်သွားသည်။

"ဘုန်း...ဘုန်း...ဘုန်း...."

နဂါးမြင်းတပ်ရင်းက ချက်ချင်း တန်ပြန်တိုက်ခိုက်လိုက်သည်။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များမှ အမြှောက်ဆန်မီးတောက်များကို ပစ်လွှတ်လိုက်သည်။

ကံကောင်းစွာဖြင့် လုကျင်းရှန့်သည် နဂါးမြင်းစစ်တပ်၏ ပြင်ဆင်မှုများ ပြုလုပ်နိုင်စေရန်အတွက် အချိန်ခဏတာ ဆွဲထားပေးနိုင်ခဲ့သည်။

စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များသည် ပြေးဝင်လာသော ထိပ်သီးကျင့်ကြံသူသူများကို ပစ်မှတ်မထားဘဲ သူတို့၏နောက်မှ ထန်စစ်တပ် တပ်မကို ပစ်မှတ်ထားလိုက်သည်။

စိတ်ဝိညာဉ်ကျောက်တုံးအမြှောက် တစ်ရာကျော် တပြိုင်နက်တည်း ပစ်ခတ်လိုက်၏။ အချိန်တခဏကြာပြီးနောက် မိုးကောင်းကင်ယံတွင် အမြှောက်ဆန်မီးတောက်များဖြင့် ပြည့်နှက်နေသည်။ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များမှ ဖျက်ဆီးအားပြင်းထန်သည့် အလင်းတန်းများ နေရာတိုင်းတွင် တောက်ပနေသည်။

ယခင်က သူတို့ကို ဝိုင်းရံထားသော ထန်စစ်တပ်သည် တုံ့ပြန်ရန်ပင် အချိန်မရခဲ့ချေ။ ထန်စစ်တပ်၏ အကာအကွယ်အလွှာ ပျက်စီးသွားပြီး အမြှောက်ဆန်မီးတောက်များဖြင့် ဖောက်ထွင်းဝင်ရောက်သွားကာ မရေမတွက်နိုင်သော ထန်စစ်သားများ သေဆုံးသွားကြသည်။

"အခု ထိုးဖောက်ပြီး ထွက်ကြစမ်း"

လုကျင်းရှန့်က အော်ဟစ်လိုက်သည်။

စစ်သင်္ဘောအားလုံးသည် ဤအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ စစ်သင်္ဘောကို ထိန်းချုပ်နေသူများသည် အစွမ်းကုန်ထိုးဖောက်လိုက်ကြပြီး စစ်သင်္ဘောများ၏အောက်မှ မရေမတွက်နိုင်သော ဝင်္ကပါများသည် အလင်းတန်းများဖြင့် လင်းလက်တောက်ပနေပေ၏။

သူတို့ ဝိုင်းရံခံရသည့်အချိန်မှစ၍ လုကျင်းရှန့်သည် ဤထန်ထိပ်သီးကျင့်ကြံသူများနှင့် တိုက်ခိုက်လိုပါက သူတို့သည် လုံးဝ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း သိရှိထားသည်။

တဖြည်းဖြည်း သတ်ဖြတ်ခံရမည့်အစား စောစောစီးစီး အစီအစဉ်များချပြီး အခွင့်အရေးကို အသုံးချကာ ထွက်ပြေးခြင်းက ပိုကောင်းသည်။

ဒုန်း...ဒုန်း...

ကြီးမားသော စစ်သင်္ဘောများသည် တဒုန်းဒုန်းမြည်သံများဖြင့် ရှေ့သို့တိုးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားတံခါးအနီးသို့ ရောက်ရှိသွားခဲ့သည်။

"မင်းတို့ ထွက်သွားချင်သေးတာလား...ဘယ်ကိုပြေးချင်လို့လဲ"

လီမီက အေးစက်စက် ရယ်မောလိုက်သည်။

သူသည် သူ၏လက်ချောင်းများဖြင့် လက်စည်းတံဆိပ်တစ်ခုဖွဲ့စည်းပြီး သူ၏လက်အတွင်းမှ မြင်းမြှီးယပ်တောင်ကို စစ်သင်္ဘောအုပ်စုရှေ့သို့ ညွှန်ပြလိုက်သည်။

"တာအိုမှော်စွမ်းအား....တောင်တစ်လုံးရဲ့နောက်ကွယ်မှာ နောက်ထပ် တောင်တစ်လုံးရှိနေတယ်...."

တောင်တစ်လုံးပြီးတစ်လုံး စစ်သင်္ဘောအုပ်စုရှေ့တွင် ထွက်ပေါ်လာသည်။

ဤတောင်များသည် မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း မသိရသော်လည်း ထိုအရာများသည် ပုံရိပ်ယောင်များမဟုတ်ပေ။ ထိုအရာများသည် အစစ်အမှန်တောင်များပင်။

ဤအမည်မရှိသော ကြယ်နယ်မြေနှင့် မနီးမဝေးတွင် တည်ရှိနေသော တောင်တန်းတစ်ခု ရုတ်တရက် ပျောက်ကွယ်သွားသည်။ လီမီသည် ထိုအရာကို သူ၏ အားစွမ်းသော မှော်နည်းစနစ်ဖြင့် ဆင့်ခေါ်လိုက်ခြင်းပင်။

နယ်မြေသခင်တစ်ဦး၏ အဆင့်သို့အရောက်တွင် တောင်များကိုရွှေ့ပြောင်းပြီး ပင်လယ်များကို လှန်မှောက်ခြင်းစသည့် အရာရာတိုင်းကို စွမ်းဆောင်နိုင်ပေ၏။

လမ်းကြောင်းဖွင့်ရန် တာဝန်ယူထားသော ရှေ့ဆုံးမှ ကျားစစ်သင်္ဘောနှစ်စင်းသည် တောင်တန်းနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။ ထိုစစ်သင်္ဘောများပေါ်မှ စစ်သားအမြောက်အများသည် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

"စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်တပ် လမ်းဖွင့်စမ်း....မင်းတို့ရဲ့အစွမ်းအကုန်သုံးပြီး ဖောက်ခွဲပစ်စမ်း"

လုကျင်းရှန့်က စိုးရိမ်ပူပန်တကြီး အမိန့်ပေးလိုက်သည်။

ဤနေရာတွင် အချိန်တခဏကြာခန့် ဆက်နေရပါက သူတို့၏အသက် ဆုံးရှုံးသွားနိုင်ချေ ရှိသည်။

"မင်း ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး စိတ်ပူသင့်တယ်"

ထက်ရှသော ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသော လီကွမ်းပိသည် ရုတ်တရက် လုကျင်းရှန့်၏နောက်တွင် ထွက်ပေါ်လာသည်။

All Chapters