← Chapters

အခန်း (၄၈၁၁-၄၈၁၅)

Vol. 244 Ch. 4811-4815

အခန်း (၄၈၁၁-၄၈၁၅)

Vol. 244 Ch. 4811-4815

Chapter 4811

ထန်ထိပ်သီးကျင့်ကြံသူများ၏ ရည်မှန်းချက်ပန်းတိုင်သည် အလွန်ရှင်းလင်းပေ၏။

လီကွမ်းပိနှင့် တခြားလူများသည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များကို ထိန်းချုပ်ထားပြီး တခြားသူများကမူ လုယွီ၏ ကျင့်ကြံခန်းဆီသို့ ပြေးဝင်သွားကြသည်။

"ဖယ်စမ်း..."

လုကျင်းရှန့်သည် လက်အတွင်းတွင် လှံကိုကိုင်ကာ လီကွမ်းပိနှင့် တိုက်ခိုက်ရင်း ဟိန်းဟောက်လိုက်သည်။

လုယွီ၏နောက်သို့ ပထမဆုံးလိုက်ခဲ့သော စစ်ဗိုလ်ချုပ်တစ်ဦးအနေဖြင့် လုကျင်းရှန့် ရရှိခဲ့သော ကျင့်ကြံမှုအရင်းအမြစ်များသည် ပုန်းကွယ်နဂါးစစ်တပ်တွင်ပင် အလွန်ရှားပါးသည်။

လုကျင်းရှန့်သည် မူလက ကျောင်းတော်သားတစ်ဦးဖြစ်သော်လည်း တစ်စုံတစ်ယောက်ကို စော်ကားမိသောကြောင့် သာမန်စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ်သို့ ရာထူးလျှော့ချခံခဲ့ရသည်။ သို့ရာတွင် သူ၏အရည်အချင်းသည် ကျန်ရှိနေဆဲပင်။

ကြီးမားသော အရင်းအမြစ်များ ရရှိပြီးနောက် လုကျင်းရှန့်သည် ယခုအချိန်၌ လန်ဝူရှင်းကဲ့သို့သော ထိပ်သီးပါရမီရှင်များကိုပင် ကျော်လွန်ကာ နယ်မြေသခင်နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။

"ဘန်း...ဘန်း....ဘန်း...."

လီကွမ်းပိသည် သူ၏လက်အတွင်းမှ ဓားဖြင့် လုကျင်းရှန့်နှင့် တိုက်ခိုက်နေစဉ်တွင် သူ၏လက်ကောက်ဝတ် ထုံကျင်မှုကို ခံစားလိုက်ရပြီး ကြီးမားသောတောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသည့်အလားပင်။

လုကျင်းရှန့်သည်မူ လှံကို နဂါးတစ်ကောင်အလား ဝှေ့ယမ်းနေသည်။ လှံ၏အရိပ်သည် နဂါးနှင့်တူသော အရိပ်တစ်ခု ထွက်ပေါ်လာပြီး နားကွဲလုမတတ် ကျယ်လောင်သော နဂါးဟိန်းသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

"ဒီလှံ..."

လီကွမ်းပိ၏ မျက်လုံးအတွင်းတွင် တည်ကြည်လေးနက်သော အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်။

သူ၏ကျင့်ကြံမှုအဆင့်သည် လုကျင်းရှန့်ကို ဖိနှိမ်ရန် လုံလောက်ပေ၏။

သို့ရာတွင် လုကျင်းရှန့် ပြသခဲ့သော စွမ်းအားသည် လီကွမ်းပိ၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။

"ဒါက မသေမျိုးတစ်ဝက်အဆင့် မှော်လက်နက်ပဲ...အဲဒီအဆင့်ကို မရောက်သေးပေမယ့် ဒါက အတူတူလောက်ပဲ"

လီကွမ်းပိ၏ မျက်လုံးအတွင်းတွင် တည်ကြည်လေးနက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဘုန်း..."

လုကျင်းရှန့်၏ ကျင့်ကြံနည်းစနစ်များသည် အလွန်ပြင်းထန်ပေ၏။

သူ၏ လှုပ်ရှားမှုပုံစံတစ်ခုချင်းစီသည် နတ်ဘုရားနဂါးတစ်ကောင်ကဲ့သို့ဖြစ်ပြီး အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်ကာ မရှုံးနိမ့်နိုင်သည့်အလားပင်။

ဤသည်မှာ ရှေးဟောင်းခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံနည်းဖြစ်ကာ ရှေးကျပြီး သန့်စင်သည်။ သူ၏ ရုပ်ခန္ဓာကိုယ်နှင့် မှော်လက်နက်၏ အားသာချက်များနှင့် ပေါင်းစပ်လိုက်ချိန်တွင် သူ၏ခွန်အားသည် အလွန်အစွမ်းထက်ပေ၏။

လီကွမ်းပိသည် ပေါ့ဆသွားသောကြောင့် သူ နောက်သို့လွင့်ထွက်သွားသည်။ သူ၏မျက်လုံးများအတွင်းတွင် အမျက်ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ငါက လုယွီကို မနိုင်ပေမယ့်၊ မင်းကိုတော့ နိုင်ရမယ်"

လီကွမ်းပိ ဒေါသထွက်သွားသည်။

ထို့နောက် သူ၏လက်ကို ဓားဖြင့် တစ်ချက်လှီးပြီး သွေးစီးကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

သွေးများသည် ဓားကို စိုစွတ်သွားပြီး ဓားတစ်လက်ဆုံး ချက်ချင်းဆိုသလိုပင် နှင်းခဲများဖြင့် ဖုံးလွှမ်းသွားကာ တဝီဝီမြည်သံများ ထွက်ပေါ်လာပေ၏။

လီကွမ်းပိ၏ နောက်တွင် မြင့်မားပြီး တန်ခိုးကြီးသော လီကျင်း၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်သည် လေထုအတွင်းတွင် မတ်တတ်ရပ်နေပြီး စေတီတစ်ဆူကို ကိုင်ဆောင်ကာ အောက်သို့ဖိနှိပ်လိုက်သည်။

လုကျင်းရှန့်သည်လည်း အရှုံးမပေးချေ။ သူနှင့် လီကွမ်းပိတို့သည် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲနေပြီး သူတို့ကြားရှိ လေထုမှ ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။

လုကျင်းရှန့်သည် ထိန်းချုပ်ခံထားရပြီး တခြား ပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ်များသည်လည်း ထပ်တူထပ်မျှပင်။

သို့ရာတွင် ထန်စစ်တပ်သည် ပုန်းကွယ်နဂါးစစ်တပ်၏ တပ်ရင်းတစ်ခုတည်းတွင် ဤမျှထိ အစွမ်းထက်သော စစ်သည်တော်များ ရှိနေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။

ဤတပ်ရင်းတွင် နယ်မြေသခင် ဆယ့်ငါးဦးအထိ ရှိနေပေ၏။

အကယ်၍ ဤကဲ့သို့ ထိပ်သီးကျင့်ကြံသူများကို တာယွီစစ်တပ်တွင် ထားရှိပါက သူတို့သည် တပ်မှူးများဖြစ်လာနိုင်သည်။ သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ်တွင် သူတို့သည် စစ်ဗိုလ်ချုပ်အဖြစ်သာ တာဝန်ထမ်းဆောင်နိုင်သည်။

ပုန်းကွယ်နဂါးတပ်ရင်းတိုင်းတွင် ဤသို့သော စစ်တပ်အင်အားဖွဲ့စည်းပုံ မရှိချေ။

လုကျင်းရှန့်၏ တပ်ရင်းသည် ပုန်းကွယ်နဂါးစစ်တပ်၏ တပ်ရင်းများအနက် အဆင့်မြင့်ဆုံးတပ်အင်အားဖွဲ့စည်းပုံရှိသည်။

လုယွီသည် လုကျင်းရှန့်ကို ပုန်းကွယ်နဂါးစစ်တပ်၏ တပ်မှူးဖြစ်လာရန် ရည်ရွယ်၍ လေ့ကျင့်ပေးခဲ့သောကြောင့် သူ့အား အခွင့်အာဏာအတော်များများ ပေးအပ်ခဲ့သည်။ သူသည် လုကျင်းရှန့်အား တမင်သက်သက်ဖြစ်စေ မတော်တဆဖြစ်စေ စစ်ရေးကိစ္စတချို့ကို တာဝန်ယူစေခဲ့သည်။

ပုန်းကွယ်နဂါးစစ်တပ်မှ ထိပ်သီးစစ်ဗိုလ်ချုပ်များသည် ပုံမှန်အားဖြင့် သူတို့၏စစ်မှန်သောခွန်အားကို မပြသကြချေ။ အန္တရာယ်နှင့် ကြုံတွေ့ရသောအချိန်မှသာ သူတို့သည် သူတို့၏စစ်မှန်သောခွန်အားကို ပြသကြပေလိမ့်မည်။

"မင်းတို့ ဒီလူတွေကို ထိန်းထားလိုက်စမ်း...ငါ လုယွီကို သွားသတ်မယ်"

ကောင်းရှစ်ကျီးက အော်ဟစ်လိုက်သည်။

သူသည် သူ့ကို ဝန်းရံထားသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များကို လျစ်လျှူရှုပြီး ကျင့်ကြံခန်းထံသို့ တန်းတန်းမတ်မတ် သွားကာသူ၏ဓားဖြင့် အစွမ်းကုန် ဖြတ်ပိုင်းလိုက်သည်။

ဝုန်း....

ကျင့်ကြံခန်း၏ တံခါးသည် ချက်ချင်းပင် နှစ်ခြမ်းကွဲသွားပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခုက လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။

ကြီးမားသော သွေးချီစွမ်းအားတစ်ခုသည် ကျိုးပဲ့သွားသော တံခါး၏နောက်မှ ထွက်ပေါ်လာပြီး လေထုအတွင်းတွင် နဂါးနှင့် ကျားပုံရိပ်အဖြစ် ပေါင်းစပ်သွားသည်။

ခန့်ညားထည်ဝါသော ဖိအားတစ်ရပ် ရုတ်တရက် ကျဆင်းလာသဖြင့် ကောင်းရှစ်ကျီး၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားစေသည်။ သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် သတိထားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

Chapter 4812

ကျင့်ကြံခန်းတံခါးသည် ကျိုးပဲ့သွားသော်လည်း အတွင်း၌ ဝင်္ကပါတစ်ခု ပုန်းအောင်းနေဆဲပင်။

လုယွီသည် ထိုဝင်္ကပါ၏ အလယ်ဗဟိုတွင် ပလ္လင်ခွေထိုင်နေသည်။ သူ၏နံဘေးရှိ နတ်ဘုရားစမ်းရေအိုင်မှ စိတ်ဝိညာဉ်စွမ်းအားသည် လုံးဝ ကုန်ခမ်းသွားခဲ့ပြီး ထိုနေရာတွင် စိတ်ဝိညာဉ်ကျောက်တုံးများ တောင်ငယ်တစ်လုံးစာ ပမာဏဖြင့် အစားထိုးထားသည်။

တောက်ပသော ရွှေရောင်အလင်းတစ်တန်းကို လုယွီ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားပေ၏။ ထိုအရာသည် မျက်စိကျိန်းလောက်အောင် တောက်ပပြီး ရောင်စုံအလင်းတန်းများ ဖြာထွက်နေသည်။

လုယွီ၏နောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားတစ်ခု ထွက်ပေါ်လာပြီး ထိုအရာကို နတ်ဘုရားနဂါးကိုးကောင်က ဝန်းရံထားသည်။ ထိုနတ်ဘုရားနဂါးတစ်ကောင်စီတွင် တောက်ပသော မျက်လုံးတစ်စုံနှင့် ကြီးမားသော နဂါးစွမ်းအားများ ရှိသည်။ ဤသည်မှာ နဂါးကိုးကောင် အာဏာလုနေသည့်အလားပင်။

မျိုးဆက်သစ်များသည် ဤအမှတ်အသားကို မေ့လျော့နေကြလေပြီ။

သို့ရာတွင် အကယ်၍ ဤအမှတ်အသားကို ရှေးဟောင်းကောင်းကင်ဘုံနန်းတော်တွင် ထားရှိပါက ဤသည်မှာ အင်မော်တယ်များကို သေချာပေါက် ထိတ်လန့်တုန်လှုပ်စေပေမည်။

ဤသည်မှာ ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်၏ သင်္ကေတပင်။

လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံခဲ့သည်။

ထို့ကြောင့်ပင် လုယွီသည် ယခုခေတ်ကာလ၏ အတုအယောင်အင်မော်တယ်လမ်းဟောင်းကို မလိုက်ဘဲ ရှေးဟောင်းအစစ်အမှန်အင်မော်တယ်များ၏ လမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။

ကောင်းရှစ်ကျီးက လုယွီသည် အစစ်အမှန် အင်မော်တယ်လမ်းကြောင်းကို ကျင့်ကြံနေသည်အား မသိချေ။ သူသည် လုယွီကို ဤကဲ့သို့ အခြေအနေတွင် မြင်ရချိန်၌ အလွန်ဝမ်းမြောက်သွားသည်။

"ဟား ဟား ဟား...လုယွီ မင်းက စစ်မြေပြင်မှာ တိုးတက်မှုလုပ်ဖို့ ရွေးချယ်ရလောက်အောင် မိုက်မဲလှချည်လား... ဒီနေ့က မင်းသေရမယ့်နေ့ပဲ"

ကောင်းရှစ်ကျီးက ရိုင်းပျစွာ အော်ဟစ်ရယ်မောလိုက်၏။

ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံမှုတွင် ချိုးဖျက်မှုများ ပြုလုပ်ချိန်၌ သူတို့၏အားအနည်းဆုံး အခြေအနေတွင် ရှိနေတတ်ကြသည်။

ထို့ကြောင့် ဤကဲ့သို့ အချိန်တွင် ကျင့်ကြံသူများစွာသည် သူတို့ကို ကာကွယ်ရန်နှင့် ချိုးဖျက်မှုဖြစ်စဉ်တွင် ထိခိုက်မှုမရှိစေရန်အတွက် ယုံကြည်စိတ်ချရသူတစ်ဦးကို ဓမ္မအစောင့်အရှောက်အဖြစ် ရွေးချယ်လေ့ရှိသည်။

သို့ရာတွင် ယခုအချိန် လုယွီ၏နံဘေးပတ်ဝန်းကျင်မှ အစောင့်များသည် ထန်စစ်တပ်၏ ထိန်းချုပ်ခြင်းကို ခံနေရသည်။

လုယွီ၏နံဘေးပတ်ဝန်းကျင်တွင် သူ့ကို ကာကွယ်ပေးနိုင်သူဟူ၍ မည်သူမျှ မရှိတော့ချေ

ဘုန်း...

ကောင်းရှစ်ကျီးသည် သူ၏ဓားဖြင့် လုယွီ၏နံဘေးပတ်ဝန်းကျင်မှ ဝင်္ကပါကြီးကို ခုတ်ပိုင်းလိုက်၏။

ဝင်္ကပါအတားအဆီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ပြိုကွဲလုနီးပါး ဖြစ်နေလေပြီ။

"မင်း ဒီလောက်ထိ အတင့်ရဲနေတာ အံ့အားသင့်စရာမရှိဘူး... ဒါဆို မင်းက ပြင်ဆင်ထားခဲ့တာပေါ့... ဒါပေမဲ့ ငါ့ရှေ့မှာတော့ ဒီပြင်ဆင်မှုတွေက အသုံးမဝင်ဘူး"

ကောင်းရှစ်ကျီး၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် အလွန်ပြင်းထန်နေပေ၏။

သူသည် သူ၏ဓားမှစွမ်းအားကို အဆုံးစွန်ဆုံးအဆင့်ထိ တွန်းပို့လိုက်သဖြင့် ဓားချီစွမ်းအားများ တဟုန်ထိုး မြင့်တက်လာသည်။

ထိုဓားချီစွမ်းအားများသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီ သူတော်စင်ကွမ်း၏ ပုံရိပ်သည် ကောင်းရှစ်ကျီး၏နောက်တွင် ထွက်ပေါ်လာသည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ရုတ်ချည်းဆိုသလိုပင် ကောင်းရှစ်ကျီး၏ ခွန်အားသည် အဆပေါင်းများစွာ တိုးလာပြီး သူ၏ဓားဖြင့် အစွမ်းကုန် ခုတ်ပိုင်းလိုက်သည်။

"ဘုန်း...."

ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သောအသံကြီး လေထုအတွင်းတွင် ပဲ့တင်ထပ်သွားသည်။

လုယွီသည် အလွန်ခိုင်မာသော အကာအကွယ်ဝင်္ကပါတစ်ခုကို တည်ဆောက်ထားသော်လည်း ကောင်းရှစ်ကျီး၏ဓားဖြင့် အားကုန်ခုတ်ပိုင်းလိုက်ချိန်တွင် ကွဲကြေသွားသည်။

သို့ရာတွင် ဝင်္ကပါကြီး ကွဲကြေသွားသည့်အချိန်တွင် မိုးပြာနဂါးတစ်ကောင်၏ ဒေါသတကြီးဟိန်းဟောက်သံသည် ကောင်းရှစ်ကျီး၏ နားအတွင်းတွင် ပဲ့တင်ထပ်သွားပေ၏။

မိုးပြာနဂါးလခြမ်းဓား ထွက်ပေါ်လာပြီး အပြာရောင်အလင်းတန်းများသည် လုယွီ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာကာ သူ့ကို အခိုင်အမာ ကာကွယ်ပေးထားသည်။

"လုယွီ... ငါမင်းကို သတ်မယ်"

လခြမ်းဓား ထွက်ပေါ်လာသည်ကို မြင်ချိန်၌ ကောင်းရှစ်ကျီး၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် ဒေါသရောထွေးနေသော အမူအယာတစ်ရပ် ချက်ချင်းထင်ဟပ်လာသည်။

ဤမိုးပြာနဂါးလခြမ်းဓားသည် သူ ပိုင်ဆိုင်သော မသေမျိုးလက်နက်ဖြစ်သည်မှာ ထင်ရှားသော်လည်း လုယွီမှ အတင်းအကြပ် ယူဆောင်သွားခဲ့သည်။

သူသည် လုယွီနှင့် ခြေတစ်လှမ်းအကွာတွင်သာ ရှိသော်လည်း ကောင်းရှစ်ကျီးသည် သူ၏ကိုယ်ပိုင် မသေမျိုးလက်နက်၏ တားဆီးခြင်းကို ခံနေရကာ ရှေ့သို့ အနည်းငယ်မျှမတိုးနိုင် ဖြစ်နေသည်။

ဘန်း...ဘန်း...ဘန်း...

တိမ်နှင့်မြူခိုးများသည် ကောင်းရှစ်ကျီး၏နံဘေးပတ်ဝန်းကျင်တွင် လှည့်ပတ်နေပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

မိုးကောင်းကင်ယံသည် ပြိုကျတော့မည့်ပုံရကာ လောကရှိ အရာအားလုံး ပြိုလဲသွားတော့မည့်အလားပင်။

တခြားထန်ထိပ်သီးကျင့်ကြံသူများသည်လည်း ပြေးဝင်လာကြသည်။ သူတို့၏ရည်မှန်းချက်ပန်းတိုင်သည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များနှင့် တိုက်ခိုက်ရန်မဟုတ်ဘဲ လုယွီကို အမြန်ဆုံး သတ်ရန်ပင်။

လီမီသည် လက်စည်းတံဆိပ်တစ်ခုဖွဲ့စည်းပြီး ကောင်းကင်ဧကရာဇ်ကြေးမုံမှန်ကို ဆင့်ခေါ်ကာ မိုးပြာနဂါးလခြမ်းဓားကို အခိုင်အမာ လှောင်ပိတ်လိုက်သည်။

မသေမျိုးလက်နက်နှစ်ခုသည် စွမ်းအားချင်းညီနေပြီး လခြမ်းဓားသည် ကောင်းကင်ဧကရာဇ်ကြေးမုံမှန်၏ ချိတ်ပိတ်ထားမှုကို မထွင်းဖောက်နိုင်ခဲ့ချေ။

"ဒီအခွင့်အရေးကိုယူပြီး သူ့ကို သတ်လိုက်တော့"

လီမီက အော်ဟစ်လိုက်သည်။

Chapter 4813

တခြားထန်ထိပ်သီးကျင့်ကြံသူများသည် ဆိုင်းငံ့မနေဘဲ လုယွီထံသို့ ပြေးဝင်သွားကြသည်။

လုယွီသာ အသတ်ခံရလျှင် ဤတိုက်ပွဲ အဆုံးသတ်သွားပေလိမ့်မည်။

"ခွေးမသား...."

လုကျင်းရှန့်သည် ဒေါသကြောင့် သူ့၏ခေါင်း ပေါက်ကွဲတော့လုမတတ် ဖြစ်နေသည်။ သူသည် ပြေးဝင်သွားပြီး လုယွီကို ကယ်တင်လိုပေ၏။

သို့ရာတွင် လီကွမ်းပိသည် သူ့ကို ထိန်းချုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်။ သူသည် ခုခံကာကွယ်ရုံသာပြုပြီး မတိုက်ခိုက်ဘဲ လုကျင်းရှန့်ကို လုယွီထံ မရောက်နိုင်စေရန် အခိုင်အမာ ထိန်းချုပ်ထားသည်။

ဤအချိန်အခိုက်အနန့်တွင် ထန်ထိပ်သီးကျင့်ကြံသူ ဆယ်ယောက်ကျော်သည် တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြ၏။

သူတို့အားလုံးသည် ခြေတစ်ချက်ဆောင့်ရုံဖြင့် လောကတခွင်လုံးကို တုန်လှုပ်စေနိုင်သော အစွမ်းထက်တည်ရှိမှုကြီးများဖြစ်သည်။ သူတို့သည် လုယွီကို သတ်ရန် အစွမ်းကုန် တိုက်ခိုက်ကြသောကြောင့် သူတို့ပြသခဲ့သော စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ပုန်းကွယ်နဂါးစစ်တပ်မှ မရေမတွက်နိုင်သော စစ်သားများသည် ပတ်ဝန်းကျင်တွင် ပြေးလွှားနေကြပြီး သူတို့၏မျက်နှာများပေါ်တွင် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ သေလမ်းဖြစ်နေလေပြီ။ ပုန်းကွယ်နဂါးစစ်တပ်၌ ထိပ်သီးကျင့်ကြံသူများသည် တိမ်တိုက်များကဲ့သို့ များပြားသော်လည်း လုကျင်းရှန့်၏တပ်ရင်းသာ ဤကြယ်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ကျန်တပ်ရင်းများသည် အပြင်ဘက်တွင် ရှိနေကြသည်။ ထိုတပ်ရင်းများသည် အလွန်ဝေးကွာနေသောကြောင့် သူတို့အား လာရောက်ကူညီနိုင်ခြင်း ရှိမည်မဟုတ်ချေ။

ထန်ထိပ်သီးကျင့်ကြံသူများ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။ ဤသည်မှာ အရိုးကွဲမတတ် အေးစက်ပြီး ဒီရေလှိုင်းတစ်ခုနှင့် တူညီကာ မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်နေသည်။

ဘုန်း....

ထိုအချိန်မှာပင် ထိုက်အမ်းဓားသည် တောက်ပပြီး အေးစက်သော ဓားချီတစ်လှိုင်းကို ထုတ်လွှတ်လိုက်သည်။ ဓားချီသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး ထန်ထိပ်သီးကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို အတင်းကြပ် ပိတ်ဆို့လိုက်သည်။

ဤသည်မှာ ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်၏ မသေမျိုးအဆင့် မှော်လက်နက်ပင်။ ဤအရာသည် ရှေးဟောင်းခေတ်က ပြင်းထန်စွာ ပျက်စီးခဲ့သော်လည်း ဓား၏ထက်ရှမှုသည် ပျက်စီးမသွားချေ။

ဘုန်း...ဘုန်း...ဘုန်း...

ကျယ်လောင်သော အသံများစွာနှင့်အတူ ပြေးဝင်လာသော မှော်မန္တန်များအားလုံး ထိုက်အမ်းဓား၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

"အဲ့ဒီ မသေမျိုးအဆင့် မှော်လက်နက် ထပ်လာပြန်ပြီ"

ကောင်းရှစ်ကျီးသည် ပို၍ဒေါသထွက်လာပေ၏။

လုယွီထံမှ ရုတ်တရက် ထိုက်အမ်းဓား ထွက်ပေါ်သောကြောင့် အခြေအနေကို ပြောင်းပြန်လှန်ပြီး ထန်ထိပ်သီးကျင့်ကြံသူများကို ရှုံးနိမ့်အောင် လုပ်နိုင်ခဲ့သည်။

ထိုက်အမ်းဓားတွင် လက်နက်စိတ်ဝိညာဉ် မရှိသော်လည်း အတွင်း၌ ကောင်းကင်ဘုံဧကရာဇ်၏ စိတ်ဝိညာဥ်အမျှင်တန်းတစ်ခု ပုန်းအောင်းနေသည်။ ဤသည်မှာ မထင်မရှားသာဖြစ်သော်လည်း မည်သူမျှ မထီမဲ့မြင်ပြုဝံ့မည်မဟုတ်သော အစွမ်းထက်သည့် ဧကရာဇ်အရှိန်အဝါ ရှိသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏နံဘေး၌ မသေမျိုးအဆင့် မှော်လက်နက်အနည်းငယ် ထပ်မံ၍ ထွက်ပေါ်လာသည်။

ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်သော တော်ဝင်အရှိန်အဝါနှင့်အတူ လူသားဧကရာဇ်ဓားသည် ရုတ်တရက် ကျဆင်းလာပေ၏။

ဤအချိန်အခိုက်အတန့်တွင် ထန်စစ်တပ်နှင့် ပုန်းကွယ်နဂါးစစ်တပ် နှစ်ခုလုံးသည် သူတို့၏နှလုံးသားအောက်ခြေမှလာသော ဒူးထောက်အရိုအသေပြုလိုစိတ်ကို ခံစားလိုက်ရသည်။

ကောင်းကင်ဘုံဧကရာဇ်၏ ဖိအားနှင့် နှိုင်းယှဉ်ပါက လူသားဧကရာဇ်သည် လူသားမျိုးနွယ်အတွက် ပို၍သက်ရောက်မှုကြီးမားသည်။

သူသည် ရှေးဟောင်းခေတ်တွင် လူသားမျိုးနွယ်၏အရှင်သခင်ပင်။ လူသားဧကရာဇ်တိုင်းသည် ထိုက်တောင်မှ ဘွဲ့ချီးမြှင့်ခံခဲ့ရပြီး သူတို့သည် လူသားမျိုးနွယ်တစ်ခုလုံး၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။

သူတို့သည် မြူမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း သူတို့၏စွမ်းအား အကြွင်းအကျန်များသည် ရှိနေဆဲပင်။ သူတို့ကို အထင်သေး၍ မရချေ။

သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်သည်လည်း ထွက်ပေါ်လာသည်။ သူသည် လက်နက်စိတ်ဝိညာဉ်ပုံစံဖြင့် ထွက်ပေါ်လာကာ သေခြင်းနှင့်ရှင်ခြင်းကို ပြောင်းလဲစေသည်။ ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်တွင် အေးစက်သောလေများဖြင့် ပြည့်နှက်သွားပြီး စစ်မှန်သော ငရဲနယ်မြေသို့ ကျရောက်သွားသည့်အလားပင်။

ထက်မြက်သော ဓားသုံးလက်သည် လုယွီနောက်တွင် ရစ်ဝဲနေပေ၏။ ထိုအရာများသည် လုယွီ၏ယခင်ဘဝမှ မသေမျိုးအဆင့် မှော်လက်နက်သုံးခုဖြစ်သည့် ခေါင်းဖြတ်ဓား ယိုကျွင်းဓားနှင့် ယန်ကြွယ်ဓားတို့ပင်။

ဤအချိန်တွင် ထိုဓားများသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး လက်နက်စိတ်ဝိညာဉ်ပုံစံကို ထုတ်ဖော်ပြသထားသည်။

ခေါင်းဖြတ်ဓားသည် သတ်ဖြတ်သူ နတ်ဆိုးဘုရင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ယိုကျွင်းဓားသည် ငရဲဘုံကိုးထပ် နတ်ဆိုးဘုရင်အဖြစ်သို့ ပြောင်းလဲသွားပေ၏။

ယန်ကြွယ်ဓားသည် မီးလျှံနတ်ဆိုးဘုရင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤမသေမျိုးအဆင့် လက်နက်သုံးခုလုံးသည် နတ်ဆိုးလက်နက်များဖြစ်သည်။ ထိုအရာများသည် သွေးဆာပြီး ကြောက်မက်ဖွယ်ကောင်းကာ အရှိန်အဝါသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။

ဤအချိန်တွင် ကြီးမားသော နတ်ဆိုးဘုရင်သုံးယောက်သည် လုယွီ၏နောက်တွင် ထွက်ပေါ်လာပြီး သူ့ကို အခိုင်အမာ ကာကွယ်ပေးထားသည်။

"သူက ဒီလောက်များတဲ့ မှော်ရတနာတွေကို ဘယ်ကနေ ရခဲ့တာလဲ...."

ကောင်းရှစ်ကျီးသည် ထိတ်လန့်တုန်လှုပ်သွားပြီး တခြားထန်ထိပ်သီးကျင့်ကြံသူများသည်လည်း မသေမျိုးအဆင့် မှော်လက်နက်များ၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။

လက်ရှိ ကောင်းကင်ဘုံနယ်မြေတွင် ရှေးဟောင်းလက်နက်သန့်စင်နည်းများကို ဆုံးရှုံးသွားခဲ့သဖြင့် မသေမျိုးအဆင့် မှော်လက်နက်အားလုံးသည် ရှေးဟောင်းခေတ်မှ ဆင်းသက်လာခဲ့ခြင်းပင်။

ထို့ကြောင့် မသေမျိုးအဆင့် မှော်လက်နက်များသည် အစွမ်းထက်သော်လည်း အလွန်ရှားပါးသည်။

တချို့ထိပ်တန်းအင်အားစုများတွင်ပင် ထိုအဆင့်မှော်လက်နက်မျိုး တစ်ခုမှ မရှိနိုင်ချေ။

ယခုအချိန်၌ လုယွီတွင် မသေမျိုးအဆင့် မှော်လက်နက်လေးခု အမှန်တကယ် ရှိနေသည်။ ဤသည်မှာ လူအများ၏ နားလည်သဘောပေါက်မှုကို ကျော်လွန်သွားခဲ့လေပြီ။

"ဒါတွေက မှော်ရတနာတချို့ဖြစ်ပြီးတော့ သက်မဲ့အရာတွေပဲ...ငါတို့မှာ လူအများကြီးရှိတယ်.... မင်းတို့အားလုံး အဲ့ဒီမသေမျိုးအဆင့် မှော်လက်နက်တွေကို ထိန်းထားလိုက်စမ်း...ငါလုယွီကို သွားသတ်မယ်"

ကောင်းရှစ်ကျီးသည် အံ့ကြိတ်ကာ ဟိန်းဟောက်လိုက်ပြီး လုယွီကို ချက်ချင်း သတ်ဖြတ်လိုသည်။

Chapter 4814

ကောင်းရှစ်ကျီးနှင့် လီမီတို့သည် သူတို့၏ မသေမျိုးအဆင့် မှော်လက်နက်များကို ထုတ်ယူလိုက်ကြ၏။

လုယွီကို သတ်ရန်အတွက် သူတို့သည် အလွန်ကြီးကျယ်ခမ်းနားသော ဖွဲ့စည်းပုံတစ်ခုကို အသုံးပြုခဲ့ကြသည်။ သူတို့၏ မသေမျိုးအဆင့် မှော်လက်နက်များမှ ကြီးမားသော အရှိန်အဝါများသည် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။

ပတ်ဝန်းကျင်တွင် စူးရှနာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ တချို့လူများသည် စွမ်းအားမုန်တိုင်း၏ အလယ်ဗဟိုသို့ မတော်တဆ ခြေချမိပြီး အော်ဟစ်သံတစ်ချက်ဖြင့် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဤမြင်ကွင်းသည် မသေမျိုးအဆင့် မှော်လက်နက်များအကြားမှ တိုက်ပွဲတစ်ခု ဖြစ်လာသည်။

မသေမျိုးအဆင့် မှော်လက်နက်တစ်ခုစီသည် ရှေးဟောင်းဒဏ္ဍာရီတစ်ခုကို ကိုယ်စားပြုပေ၏။ မည်သည့်တစ်ခုမဆို အင်အားစုတစ်ခု၏ အစောင့်အရှောက်ရတနာ ဖြစ်လာနိုင်ပြီး အလွန်တန်ဖိုးရှိသည်။

လုယွီကို ဖယ်ရှားရန်အတွက် ထန်အင်ပါယာသည် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့ကြသည်။

ဤအချိန်တွင် လုယွီ၏ ခန္ဓာကိုယ်ပေါ်မှ နက်နဲသိမ်မွေ့သော အလင်းတန်းများ ပို၍တောက်ပလာသည်။

အင်မော်တယ်အလင်းတန်းတစ်တန်းသည် လုယွီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံသို့ မြင့်တက်သွားကာ တောက်ပစွာ လင်းလက်နေသည်။ စစ်မြေပြင်နှင့် မိုင်ပေါင်းများစွာ အကွာမှ လူများပင်လျှင် ဤထူးခြားသော မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

"ဒါက..."

လူတိုင်း ထိတ်လန့်သွားကြသည်။

လုယွီ၏ နောက်တွင် ခမ်းနားထည်ဝါသော ပလ္လင်တစ်ခု ပေါ်လာသည်။ ပုံရိပ်တစ်ခု ပလ္လင်ပေါ်တွင် ထိုင်နေကာ သူ၏ဖိအားသည် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ခန့်ညားထည်ဝါလှ၏။

ဤပုံရိပ်ယောင် ထွက်ပေါ်လာပြီးနောက် အရပ်မျက်နှာအဘက်ဘက်မှ မိုးခြိမ်းသံနှင့်တူသည့်ကျယ်လောင်သော တဂျိမ်းဂျိမ်းမြည်သံများ ထွက်ပေါ်လာသည်။

လုယွီ၏ ကျက်သရေရှိသော ပုံပန်းသွင်ပြင်သည် သူ၏နောက်မှ ပုံရိပ်ယောင်နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ သူ၏ အားကောင်းသော လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါသည် လူများကို သူ့အား ဒူးထောက်အရိုအသေပြုလိုစိတ် ဖြစ်ပွားစေသည်။

ထူးဆန်းသော ကိုးထပ်နန်းတော်ပုံရိပ်တစ်ခုက မိုးကောင်းကင်ယံတွင် ထွက်ပေါ်လာပေ၏။

ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၏ ပုံရိပ်သည် လူတိုင်း၏ရှေ့တွင် တဖန်ပြန်၍ ထွက်ပေါ်လာသည်။

အင်မော်တယ်များသည် ရှေ့နောက်သွားလာကြနေပြီး မြင့်မြတ်သော သားရဲများသည် အော်ဟစ်နေကြကာ ရောင်စုံတိမ်တိုက်များ စုဝေး၍ မိုးကောင်းကင်ယံသို့ မြင့်တက်သွားကြသည်။

ထူးဆန်းသည့် ပုံရိပ်အမြောက်အများသည် သူတို့၏မျက်လုံးများအတွင်းသို့ ဝင်ရောက်လာပြီး မြင်သူတိုင်းကို မျက်စိကျိန်းစေသည်။ သူတို့သည် ထိုပုံရိပ်များကို စေ့စေ့ပင် ကြည့်ဝံ့ခြင်းမရှိချေ။

အင်မော်တယ်အလင်းတန်းသည် မိုးကောင်းကင်မှ ဆင်းသက်လာပြီး လုယွီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။ ဤသည်မှာ သူ၏သွေးကြောများနှင့်ရိုးတွင်းခြင်ဆီများကို သန့်စင်ခြင်းနှင့် အညစ်အကြေးများကို ဖယ်ရှားခြင်းတို့အား စတင်၍ပြုလုပ်သည်။ ထိုအရာသည် လုယွီ၏ ကျင့်ကြံဆင့်စွမ်းအားကို ပို၍သန့်စင်ပြီး နက်နဲသိမ်မွေ့စေသည်။

ဤသည်မှာ သူ၏ရုပ်ခန္ဓာကိုယ်ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ သူ၏မူလစိတ်ဝိညာဥ်ကို ပစ်မှတ်ထားခြင်းပင်။

ဤအချိန်တွင် လုယွီ၏မူလစိတ်ဝိညာဥ်သည် မိုးကောင်းကင်လှိုဏ်ဂူအတွင်းတွင် တိတ်တဆိတ် ပျံဝဲနေသည်။ ထိုအရာမှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ထားပေ၏။

ကြီးမားကျယ်ပြန့်ပြီး နက်နဲသိမ်မွေ့သော တာအိုအသံတစ်သံက မူလစိတ်ဝိညာဥ်မှ ထွက်ပေါ်လာသည်။ ထိုအရာသည် ကျယ်လောင်ပြီး ပီပြင်ရှင်းလင်းသောအသံပင်။

မူလစိတ်ဝိညာဉ်သည် ပို၍ပို၍အားကောင်းလာပြီး ထိုအသံသည် မြေအောက်လောကစိတ်ဝိညာဉ်နေရာတွင် အစားထိုးဝင်ရောက်ခဲ့သည်။

လုယွီသည် မြေအောက်လောကနတ်ဘုရား၏ လမ်းဟောင်းကို မလျှောက်တော့ဘဲ သူ ပိုင်ဆိုင်သော အသစ်စက်စက် ကျင့်ကြံမှုလမ်းစဉ်တစ်ခုကို လျှောက်လှမ်းခဲ့သည်။

ဘုန်း....

နောက်ထပ် ထူးဆန်းသော ပုံရိပ်တစ်ခုက လုယွီ၏ခေါင်းအထက်တွင် ထွက်ပေါ်လာပေ၏။

ဤသည်မှာ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၏ မြင်ကွင်းပင်။ ဤအချိန်တွင် ထိုမြင်ကွင်းသည် ပို၍ရှင်းလင်းလာသည်။ ခန်းမဆောင်များ နန်းတော်များ အင်မော်တယ်တောင်များနှင့် ကျွန်းများအားလုံး ထွက်ပေါ်လာသည်။

လုယွီသည် ကောင်းကင်ဘုံနန်းတော်၏ အလယ်ဗဟိုတွင် ပလ္လင်ခွေထိုင်နေပြီး ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်ကဲ့သို့ စကြဝဠာအတွင်းရှိ နတ်ဘုရားများနှင့် ဗုဒ္ဓအားလုံးကို သူ့အား အရိုအသေပြုစေသည်။

လူတိုင်း ထိတ်လန့်သွားကြသည်။

သူတို့အနက်မှ အများစုသည် ရွှမ်အင်မော်တယ်နယ်ပယ်မှ နယ်မြေသခင်နယ်ပယ်သို့ တက်လှမ်းခြင်းတွင် အတွေ့အကြုံ ရှိကြသည်။ ဤအဆင့်ကိုတက်လှမ်းခြင်းတွင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်စေသည်။ ပုံမှန်အားဖြင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ နှစ်ခြင်းကို ခံယူပြီးမှသာလျှင် စစ်မှန်သော နယ်မြေသခင်တစ်ဦး ဖြစ်လာနိုင်သည်။

သို့ရာတွင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးပင်လျှင် လုယွီ၏နံဘေးပတ်လည်ရှိ မြင်ကွင်းကဲ့သို့ ကြီးကျယ်ခမ်းနားခြင်း မရှိချေ။

ဤသည်မှာ အင်မော်တယ်နန်းတော် အင်မော်တယ်များ မြင့်မြတ်သော သားရဲများနှင့် မင်္ဂလာရှိသောတိမ်တိုက်များ ဖြစ်သည်။

ဤမျှများပြားသော သဘာဝလွန်ပုံရိပ်များ စုစည်းနေသဖြင့် အလွန်ထူးခြားဆန်းကြယ်နေပေ၏။

ကောင်းကင်တာအိုတွင် မနာလိုစိတ်ရှိသည်။ ပုံမှန်အားဖြင့် အတုမရှိ ထူးချွန်သူများသာလျှင် သူတို့ ကျင့်ကြံဆင့်ချိုးဖျက်စဥ်ံ ဤသို့သော မြင်ကွင်း ထွက်ပေါ်လာလေ့ရှိသည်။

"ဒီထူးဆန်းတဲ့ သဘာဝလွန်ပုံရိပ်တွေ...ငါဘယ်တုန်းကမှ မမြင်ဖူးဘူး... ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒီထူးဆန်းတဲ့ သဘာဝလွန်ပုံရိပ်တွေထံက တချို့ကို မှတ်တမ်းတင်ထားတာ ရှိတယ်"

"လုယွီက ဘယ်လို ကံကောင်းမှုမျိုး ကြုံခဲ့ရတာလဲ....ဒါက ရိုးရှင်းတဲ့ ကျင့်ကြံဆင့်ချိုးဖျက်မှု တစ်ခုပဲ.... ဒါပေမဲ့ သူက ဒီလောက်ကြီးကျယ်တဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေနိုင်ခဲ့တယ်"

လူတိုင်း ထိတ်လန့်သွားကြသည်။ လုယွီနှင့် ရန်ငြိုးရှိသူများပင်လျှင် သူ၏ ကျင့်ကြံဆင့်ချိုးဖျက်မှုမြင်ကွင်းသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းကြောင်း ဝန်ခံရပေမည်။

Chapter 4815

ကောင်းကင်ဘုံနယ်မြေသည် ကြီးမားကျယ်ပြန့်သော်လည်း ကျင့်ကြံဆင့်ချိုးဖျက်မှုများတွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်စေသော ပါရမီရှင်များသည် လူတစ်သန်းတွင် တစ်ယောက်နီးပါးသာ ရှိသည်။

လုယွီသည်မူ လူသား စိတ်ဝိညာဉ် အင်မော်တယ်နှင့် သက်မဲ့အရာများကဲ့သို့သော ထူးဆန်းသည့် သဘာဝလွန်ပုံရိပ်အမျိုးမျိုးကို ပြသခဲ့သည်။ သူတို့သည် ယခင်က ဤကဲ့သို့ အရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ဤသဘာဝလွန်ပုံရိပ်တစ်ခုစီသည် အမွေအနှစ်တစ်မျိုးကို ကိုယ်စားပြုသည်။

လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်ကို ဆင့်ခေါ်နိုင်သည်မှာ သူသည် ဤအရာ၏ အမွေအနှစ်ကို ဆက်ခံပြီး အရှင်သခင်ဖြစ်လာကြောင်း ဖော်ပြနေသည်။

ဤအချိန်တွင် လုယွီသည် ပြင်ပလောကတွင် မည်သည့်အရာများ ဖြစ်နေသည်ကို မသိရှိချေ။

သူသည် ကျင့်ကြံမှုအခြေအနေသို့ ဝင်ရောက်နေပြီး သူ၏ကိုယ်ပိုင်ကျင့်ကြံမှုအတွင်းတွင် နစ်မြုပ်နေသည်။

သူ၏စိတ်အတွင်းတွင် နက်နဲသိမ်မွေ့သော ကျမ်းစာများစွာ ပဲ့တင်ထပ်နေသည်။ ထိုကျမ်းစာများစွာ၏ နက်နဲသိမ်မွေ့မှုများသည် လုယွီ၏ စိတ်အတွင်းတွင် ဖြတ်ပြေးသွားပေ၏။

လုယွီသည် ထိုကျမ်းစာများကို နားလည်သဘောပေါက်ပြီး သန့်စင်ရန်နှင့် သူ၏မူလစိတ်ဝိညာဉ်ကို အားကောင်းစေရန်အတွက် အချိန်အနည်းငယ်ပေးရန် လိုအပ်သည်။

ဤသို့သော အခြေအနေမျိုးသည် အလွန်ရှားပါးပေ၏။ ဤသည်မှာ မကြုံစဖူးသော 'ဉာဏ်အလင်းပွင့်ခြင်း' အခြေအနေပင်။

ဤအခြေအနေကို ရရှိရန်အတွက် ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် ကြိုတင်၍ ရေချိုးသန့်စင်ခြင်းပြုလုပ်ကာ စိတ်တည်ငြိမ်သော အခြေအနေတွင်သာ ကျင့်ကြံခြင်းကို ပြုလုပ်ကြသည်။ ထိုမှသာလျှင် သူတို့သည် ဤဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ဝင်ရောက်နိုင်ပေမည်။

ဤအခြေအနေတွင် တစ်စုံတစ်ယောက်၏ စိတ်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသော အတွေးများ မရှိဘဲ ရှင်းလင်းနေသည်။

တစ်စုံတစ်ယောက်သည် ဉာဏ်အလင်းပွင့်ခြင်းအခြေအနေကို ရရှိသွားသည်နှင့် ကျင့်ကြံခြင်းသည် အားထုတ်မှုတစ်ဝက်ဖြင့် အကျိုးရလဒ်နှစ်ဆနီးပါး ရရှိပေမည်။

လူတိုင်း ထိတ်လန့်တုန်လှုပ်နေစဉ်တွင် မိုးကောင်းကင်ယံ၌ ထူးဆန်းသော ဖြစ်စဉ်တစ်ခု ထပ်မံ၍ ထွက်ပေါ်လာသည်။

"ဘုန်း..ဘုန်း...ဘုန်း...."

ပြင်းထန်သော ဗုံတီးသံများကို ကြားလိုက်ရပြီး သာယာသော ခရုသင်းသံများ ရောယှက်နေပေ၏။

"မသေမျိုးစုဝေးဗုံ..မှော်ခရုသင်းသံတွေလား... သူက သူတော်စင်ဖြစ်တော့မှာလား..."

လူအများ၏ စိတ်နှလုံးသားများသည် တောင့်မခံနိုင်တော့ချေ။

ဤနေရာရှိ သဘာဝလွန်ပုံရိပ်တိုင်းသည် ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားသော သူတော်စင်တစ်ယောက် မွေးဖွားလာသည့် မြင်ကွင်းတစ်ခုပင်။

လက်ရှိ ကောင်းကင်ဘုံနယ်မြေတွင် သူတော်စင်အနည်းငယ်သာလျှင် သူတို့ သူတော်စင်ဖြစ်လာချိန်၌ ဤသို့သော သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာပေ၏။

အတိတ်ကတွင် ကျောင်းတော်၌ မဟာကွန်ဖြူးရှပ်ပညာရှင်ရီဟန်သည် တာအိုကိုရရှိပြီး သူတော်စင်ဘွဲ့ကို ချီးမြှင့်ခံရချိန်၌ မရေမတွက်နိုင်သော ကွန်ဖြူးရှပ်ပညာရှင်ကြီးများ ရှိနေခဲ့ကြသည်။ သူတို့သည် ပန်းချီဆွဲရုံသာမက ထိုအချိန်က ဖြစ်ပျက်ခဲ့သော မြင်ကွင်းကို မှတ်တမ်းတင်ရန် ကျမ်းစာများကိုလည်း ရေးသားခဲ့ကြသည်။

ယခုချိန်၌ လူတိုင်း၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာသော မြင်ကွင်းသည် ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသော မြင်ကွင်းပင်။

လက်ရှိခေတ်ကာလမှ ကျင့်ကြံသူအများစုသည် အလွန်အတွေ့အကြုံ ရင့်ကျက်ကြသည်။

သို့ရာတွင် ဤမြင်ကွင်းမျိုးသည် သူတို့၏စိတ်နှလုံးသားများအား အဆုံးမရှိသော အေးစက်မှုကို ဖြစ်ပေါ်စေပေ၏။

"ငါတို့ သူ့ကို ချောချောမွေ့မွေ့ အဆင့်ချိုးဖျက်ခွင့်မပေးနိုင်ဘူး... ဒီအခွင့်အရေးကိုယူပြီး သူ့ကို သတ်ပစ်ရမယ်..."

တည်ကြည်လေးနက်ပြီး ကြောက်ရွံ့ဖွယ်ကောင်းသော အမူအယာတစ်ရပ်က လီမီ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။

သူ့အား ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်သည်။

သို့ရာတွင် လီမီသည် သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်၏။ သူ ကျင့်ကြံဆင့်ချိုးဖျက်လျှင်ပင် ဤမျှထိ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို မဖန်တီးနိုင်ချေ။

ထို့ပြင် သူသည် လုယွီနှင့် ယခင်က တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။

လူငယ်တစ်ဦးအနေဖြင့် လုယွီပြသခဲ့သော ခွန်အားသည် လီမီကို တုန်လှုပ်စေခဲ့သည်။

ထန်ထိပ်သီးကျင့်ကြံသူများသည် လုယွီကို သတ်လိုသောစိတ်ဖြင့် အစွမ်းကုန် တိုက်ခိုက်နေကြ၏။

"ငါ့တို့ရဲ့ခေါင်းဆောင်ကို ထိခိုက်အောင် လုပ်ရဲလား..."

ပုန်းကွယ်နဂါးစစ်တပ်မှ နယ်မြေသခင်တချို့သည် အော်ဟစ်ကာ အစွမ်းကုန် ပြေးဝင်လာကြသည်။

သို့ရာတွင် ထန်ထိပ်သီးကျင့်ကြံသူများသည်လည်း အစွမ်းကုန်ထုတ်သုံးပြီး အင်အားကုန် တိုက်ခိုက်ကြရာ ထိုနယ်မြေသခင်များကို သွေးအန်ပြီး ကောင်းကင်မှ ပြုတ်ကျသွားစေသည်။

သူတို့အနက် ကောင်းရှစ်ကျီး၏တိုက်ခိုက်မှုသည် အရက်စက်ဆုံးပင်။

သူ၏လခြမ်းဓားသည် လုယွီ၏ ယူဆောင်ခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ ယခုအချိန်၌ သူသည် တခြားမသေမျိုးအဆင့် ဓားတစ်လက်ဖြင့် အစားထိုးတိုက်ခိုက်နေသည့်တိုင် သူ၏စွမ်းအားသည် တုန်လှုပ်ဖွယ်ကောင်းနေဆဲပင်။

သူနှင့်အတူ တိုက်ခိုက်နေသော ပုန်းကွယ်နဂါးဗိုလ်ချုပ်များတွင် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ်တချို့သည် ခြေလက်များပင် ပြတ်တောက်သွားခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေပေ၏။

ထန်ထိပ်သီးကျင့်ကြံသူများသည် မသေမျိုးအဆင့် မှော်လက်နက်များကြောင့် လုယွီ၏အနီးသို့ မချဉ်းကပ်နိုင်ခဲ့ကြချေ။

သို့ရာတွင် ဤသည်မှာ သူတို့ကို လုယွီ၏ ကျင့်ကြံဆင့်ချိုးဖျက်မှုကို ဖျက်ဆီးခြင်းမှ မတားဆီးနိုင်ခဲ့ပေ။ သူတို့အနက်မှ အချို့သည် သူတို့၏နတ်ဆိုးနည်းစနစ်များကို အသုံးပြုခဲ့ကြပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။

သူတို့သည် လုယွီ၏ ဉာဏ်အလင်းပွင့်ခြင်းအခြေအနေကို ချိုးဖျက်ရန်အတွက် သူတို့၏နည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်။

ကျင့်ကြံသူများ၏ ကျင့်ကြံဆင့်ချိုးဖျက်မှုဖြစ်စဉ်တွင် အကယ်၍ ဖျက်ဆီးခံရပါက ပေါ့ပါးလျှင်ပင် အတွင်းဒဏ်ရာများ ရရှိသွားပေမည်။ ပြင်းထန်ပါက ကျင့်ကြံဆင့်ချိုးဖျက်မှု မအောင်မြင်ဘဲ ထိုအချိန်မှစ၍ သူတို့၏ကျင့်ကြံဆင့်သည် ရပ်တန့်သွားပြီး မည်သည့်တိုးတက်မှုမျှ ရှိတော့မည်မဟုတ်ချေ။

All Chapters