← Chapters

အခန်း (၄၈၁၆-၄၈၂၀)

Vol. 244 Ch. 4816-4820

အခန်း (၄၈၁၆-၄၈၂၀)

Vol. 244 Ch. 4816-4820

Chapter 4816

ဂျိမ်း...ဂျိမ်း...ဂျိမ်း....

အထက်ကောင်းကင်ယံတခွင်လုံးကို တိမ်မည်းများ လွှမ်းခြုံထားသည်။

တိမ်တိုက်အလွှာများအတွင်း၌ တောက်ပသော ကောင်းကင်မိုးကြိုးသည် ရံဖန်ရံခါ ပေါ်လာပြီး ရံဖန်ရံခါ ပျောက်ကွယ်သွားသည်။

ဤသည်မှာ အင်မော်တယ်များ၏ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးပင်။

အင်မော်တယ်များသည် ကောင်းကင်ဘုံ၏ ကောင်းချီးကို ခံစားရပြီး လောက၏ အားသာချက်များကို ရရှိကြသည်။ ထို့ကြောင့် သူတို့သည် ကောင်းကင်တာအို၏ မနာလိုခြင်းကို ခံရပြီး သူတို့ကို သတ်ရန် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို အသုံးပြုသည်။

ကျင့်ကြံသူအနည်းစုကသာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး မဟာတာအိုကို ရရှိကြသည်။ အများစုမှာမူ အစွမ်းထက်သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးအောက်တွင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဘုန်း....

မိုးကြိုးတစ်စင်း မိုးကောင်းကင်ယံမှ ပစ်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် လုယွီ၏ခေါင်းထက်တွင် ဗုဒ္ဓဂိုဏ်း၏ အထွက်အထိပ်မှော်ရတနာဖြစ်သော မဟာရတနာခေါင်းလောင်းကြီး ထွက်ပေါ်လာသည်။

တောက်ပသော မိုးကြိုးသည် စပါးကြီးမြွေတစ်ကောင်ကဲ့သို့ လေထုအတွင်းတွင် လည်ပတ်ကာ မဟာရတနာခေါင်းလောင်းကြီးကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

မဟာရတနာခေါင်းလောင်းကြီးသည် ပြင်းထန်စွာ တုန်ခါစပြုလာပေ၏။ ခေါင်းလောင်းကြီး၏ မျက်နှာပြင်တွင် ထူထပ်သိပ်သည်းသော ရွှေရောင်အလင်းတန်းနှင့် မှော်သင်္ကေတအက္ခရာများဖြင့် ပြည့်နှက်နေပြီး နက်နဲသိမ်မွေ့ကာ နားလည်ရခက်သော ကျမ်းစာရွတ်ဆိုသံတစ်သံကို ဝိုးတဝါးထုတ်လွှတ်ထားသည်။

လုယွီသည် မသေမျိုးအဆင့် မှော်လက်နက်၏ ကာကွယ်မှုဖြင့် ထိခိုက်မှုမရှိသော်လည်း သူ၏နံဘေးပတ်ဝန်းကျင်သည် ထိခိုက်သွားလေ၏။

ဤအချိန်တွင် လုယွီရှိနေသော စစ်သင်္ဘောသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကြောင့် နှစ်ပိုင်းကျိုးသွားခဲ့သည်။ ဤအရာကို ပြင်ပလေဟာနယ်သံမဏိဖြင့် သွန်းလုပ်သော်လည်း ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကို တောင့်မခံနိုင်ချေ။

စစ်သင်္ဘောသည် အပိုင်းပိုင်းကျိုးပဲ့သွားပြီး အပျက်အစီးများ နေရာတိုင်းတွင် ရှိနေသည်။ စစ်သင်္ဘောတစ်ခုလုံး၏ ဝင်္ကပါများသည် လုံးဝ ပျက်စီးသွားပြီး မိုးကောင်းကင်မှ ပြုတ်ကျသွားသည်။

ပုန်းကွယ်နဂါးစစ်တပ်ဖြစ်စေ ထန်စစ်တပ်ဖြစ်စေ သူတို့အားလုံးသည် ဤအချိန်တွင် စစ်သင်္ဘောမှ ပြေးထွက်လာကြပြီး မိုးကောင်းကင်ယံရှိ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရှုနေကြသည်။

လူသားများအတွက် မိုးကြိုးသည် အခြိမ်းခြောက်နိုင်ဆုံးအရာပင်။

သေမျိုးများဖြစ်စေ ကျင့်ကြံသူများဖြစ်စေ သူတို့သည် မိုးကြိုးနှင့်ပတ်သက်လာလျှင် အလွန်သတိထားကြသည်။

"ဒါက ခရမ်းရောင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးပဲ....ရှောင်ကြစမ်း"

ထန်ထိပ်သီးကျင့်ကြံသူတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်ပြီး နောက်သို့လှည့်ထွက်သွားသည်။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို အဆင့်အမျိုးမျိုး ခွဲခြားထားသည်။

ယေဘုယျအားဖြင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် ခရမ်းရောင်ရင့်ရင့်အရောင်ရှိနေပါက သတိထားရပေမည်။

ဤသို့သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးမျိုးသည် ပုံမှန်အားဖြင့် အလွန်ဖျက်ဆီးအားပြင်းထန်သည်။ ကပ်ဘေးဒဏ်ကို ရင်ဆိုင်နေရသူနှင့် နီးကပ်နေသူများပင်လျှင် ထိုအရာ၏ သက်ရောက်မှုကို ခံရနိုင်သည်။

လုယွီကို ဝန်းရံထားသော ထန်ထိပ်သီးကျင့်ကြံသူအုပ်စုသည် သူတို့၏ သဘာဝရန်သူကို မြင်လိုက်ရသည့်အလား နောက်ဆုတ်သွားကြသည်။

ပြင်းထန်သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားသည်။

ထန်- ယွီ ကြားမှ တိုက်ပွဲပင်လျှင် ထိခိုက်သွားပေ၏။

စစ်မြေပြင်သည် အဆုံးမရှိသော မိုးကြိုးကန့်လန့်ကာကြောင့် နှစ်ပိုင်းကွဲသွားပြီး မည်သည့်ဘက်မှဖြစ်စေ လူများအားလုံး နောက်ဆုတ်နေကြသည်။

နတ်ဘုရားတံခါးသည် မိုးကြိုးလှိုင်းကြောင့် ပေါက်ကွဲသွားသော်လည်း ပုန်းကွယ်နဂါးစစ်တပ်မှ မည်သူမျှ အခွင့်အရေးယူ၍ ထွက်မပြေးကြချေ။ သူတို့သည် လုယွီကို ကာကွယ်လိုကြပြီး လူတိုင်း အသေခံတိုက်ခိုက်နေကြသည်။

"ငါတို့က သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်ရမှာလား"

ကောင်းရှစ်ကျီး၏မျက်လုံးများသည် နီမြန်းနေပြီး သူ၏မျက်နှာပေါ်တွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် လုယွီနှင့် အလွန်နီးကပ်နေလေပြီ။

ဤအကွာအဝေးကိုသာ ကျော်ဖြတ်နိုင်လျှင် သူ လုယွီကို သတ်နိုင်ပေမည်။

သိုရာတွင် ထိုအချိန်မှာပင် လုယွီ၏နံဘေးတွင် မသေမျိုးအဆင့် မှော်လက်နက်များ ရုတ်တရက်ထွက်ပေါ်လာပြီး သူ၏စွမ်းအားကို အားပျော့သွားစေခဲ့သည်။

လီမီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါတို့ အခုချိန်မှာတိုက်ခိုက်ဖို့ မသင့်တော်ဘူး... ငါတို့ အခု မဆင်မခြင် တိုက်ခိုက်ရင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးရဲ့ ပစ်မှတ်ထားတာကို ခံရနိုင်တယ်"

တခြားထန်ထိပ်သီးကျင့်ကြံသူများသည်လည်း တိတ်ဆိတ်သွားကြ၏။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် သူတို့၏ကျင့်ကြံမှုအဆင့်ရှိ လူများအတွက်ပင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုပင်။

သူတို့သည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ရန်အတွက် အနည်းဆုံးအနေဖြင့် လုံလောက်သော ပြင်ဆင်မှုများ ကြိုတင်ပြုလုပ်ထားရပေမည်။

အကယ်၍ သူတို့သည် ခွင့်ပြုချက်မရှိဘဲ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများအတွင်းသို့ အတင်းအကြပ် ဝင်ရောက်သွားပါက လုံလောက်သော ပြင်ဆင်မှုများ မရှိသောကြောင့် ထိုအရာ၏ချေမှုန်းခြင်းကို ခံရပြီး အမှုန့်ဖြစ်သွားနိုင်သည်။

တချို့လူများသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ တိုက်ခိုက်မှုကို တမင်သက်သက် ရှောင်ရှားကြလေ၏။ သူတို့သည် ကျင့်ကြံဆင့်ကို ဖိနှိပ်ထားကာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်သည်။

သို့ရာတွင် ယခုအချိန်၌ လုယွီသည် ဤမျှကြီးမားသော ကောင်းကင်မိုးကြိုးကို နှိုးဆွပေးခဲ့လေရာ လူတိုင်းအား မွန်းကြပ်မှုကို ခံစားရစေသည်။

လီမီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"အခွင့်အရေးကို စောင့်ပြီး တိုက်ခိုက်ကြစို့...ဒီကောင်းကင်ဘုံကပ်ဘေးမိုးကြိုးက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး... သူက ဒါကို လွယ်လွယ်နဲ့တော့ ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး"

ကောင်းရှစ်ကျီးသည် နောက်သို့လှည့်ပြီး ပုန်းကွယ်နဂါးစစ်တပ်ကို ရက်စက်ကြမ်းတမ်းသောအမူအယာဖြင့် ကြည့်လိုက်သည်။

"သူတို့အားလုံးက လုယွီရဲ့ တောင်ပံတွေပဲ...ငါတို့ သူတို့ကို ဖြတ်တောက်ပစ်ရမယ်...လုယွီကို ဒီလောက်လွယ်လွယ်နဲ့တော့ လွတ်မြောက်ခွင့်မပေးနိုင်ဘူး"

ကောင်းရှစ်ကျီးသည် သူ၏ဓားကို နောက်တစ်ကြိမ် ဆင့်ခေါ်ပြီး အဝေးမှ ပုန်းကွယ်နဂါးစစ်သားများထံသို့ ပြေးဝင်သွားသည်။

Chapter 4817

"သူ့ကိုတားကြစမ်း..."

"သတိထားကြစမ်း..."

ရုတ်ချည်းဆိုသလိုပင် ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံး ပရမ်းပတာဖြစ်သွားသည်။

လုယွီကို စောင့်ကြည့်ရန် လူနှစ်ဦးသာ ကျန်ရစ်ခဲ့သည်။ တခြားထန်ထိပ်သီးကျင့်ကြံသူများများအားလုံးသည် ပုန်းကွယ်နဂါးစစ်တပ်နှင့် တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြသည်။

အချိန်တခဏအတွင်းတွင် မြေပြင်ပေါ်၌ အလောင်းများဖြင့် ပြည့်နှက်သွားပြီး သွေးများသည် စမ်းရေတွင်းတစ်ခုကဲ့သို့ ပန်းထွက်နေပေ၏။

အခြားတစ်ဖက်တွင် လုယွီသည် ပလ္လင်ခွေထိုင်ကာ ကောင်းကင်ဘုံ၏ မဟာတာအိုကို ကျင့်ကြံနေသည်။

ဤသည်မှာ သူ ယခင်က မကြုံတွေ့ခဲ့ဖူးသော အဆင့်တစ်ခုပင်။ သူ၏နံဘေးပတ်ဝန်းကျင်တွင် ရှေးဦးခေတ်ကာလမှ စွမ်းအားအလွှာတစ်လွှာဖြင့် လွှမ်းခြုံထားသကဲ့သို့ အမြဲတစေ ခံစားနေရသည်။

ထိုစွမ်းအားသည် ဤလက်ရှိခေတ်ကာလတွင် မရှိသော အရာပင်။

ရှီးလျန်ကြယ်နယ်မြေတွင် လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ရန် ကြံစည်ခဲ့သော်လည်း ရှေးဦးမူလဘူတစွမ်းအင်များ ကင်းမဲ့မှုကြောင့် သူ မအောင်မြင်ခဲ့ချေ။

ခွေးနက်ကြီးက လုယွီသည် ယခုခေတ်ကာလ၌ မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရပ်တန့်သွားမည်ဖြစ်ကာ ခြေတစ်လှမ်းပင် ရှေ့တိုးနိုင်တော့မည်မဟုတ်ဟု အတပ်ပြောဆိုခဲ့သည်။

သို့ရာတွင် နောက်ပိုင်း၌ လုယွီသည် ယင်ယန်ကျမ်းစာဖြင့် အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းကာ ရှေးဟောင်းခေတ်သို့ ရောက်ရှိသွားသည်။ သူသည် ရှေးဟောင်းမဟာတံတိုင်းကြီး၏ အစွန်းတွင် မူလဘူတစွမ်းအားကို ရရှိခဲ့ပြီး ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

ယခုအချိန်၌ လုယွီသည် ရှေးဟောင်းအစစ်အမှန်ဗုဒ္ဓတစ်ပါး၏ မသေမျိုးအဆင့် မှော်လက်နက်များကို မတော်တဆ ရရှိခဲ့သည်။

ဤမသေမျိုးအဆင့်မှော်လက်နက်သည် ယခင်က အမြဲတစေ သီးခြားကမ္ဘာငယ်တစ်ခုအတွင်းတွင် ရှိနေခဲ့လေ၏။

လုယွီသည် ထိုအရာများအတွင်း၌ မူလဘူတစွမ်းအားများ ရှိနေသည်ကို တွေ့ရှိချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။

ဤသည်မှာ ဘဝတစ်သက်တွင်တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးကြီးပင်။

မိုးကြိုးပင်လယ်သည် တုန်ခါလာပြီး လုယွီ၏နံဘေးပတ်ဝန်းကျင်ကို မိုးကြိုးအိုင်တစ်အိုင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

တဖျစ်ဖျစ်မြည်နေသော မိုးကြိုးများသည် မဟာရတနာခေါင်းလောင်းကြီးကို တစ်ခုပြီးတစ်ခု ရိုက်ခတ်နေသည်။

ဗုဒ္ဓဂိုဏ်း၏ အမြင့်မြတ်ဆုံးရတနာသည် သမုဒ္ဒရာလှိုင်းလုံးများအကြားမှ ရွက်သင်္ဘောတစ်စင်းကဲ့သို့ ဖြစ်သည်။ ဤသည်မှာ တိမ်းမှောက်သွားနိုင်ပြီ ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။

ဘန်း.... ဘန်း...ဘန်း...

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် မည်းမှောင်သော တိမ်တိုက်များအကြားမှ ဆယ်နှင့်ချီပြီး ကျဆင်းလာသည်။ မိုးကောင်းကင်ယံရှိ တိမ်မည်းများသည် ပြင်းထန်သောမီးတောက်များကြောင့် လောင်ကျွမ်းသွားပုံရပြီး နီမြန်းသွားပေ၏။

သို့ရာတွင် ဤမျှပြင်းထန်သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးပင်လျှင် မဟာရတနာခေါင်းလောင်းကြီးကို မချိုးဖျက်နိုင်သေးချေ။

ရှည်လျားသော မှော်မန္တန်ရွတ်ဆိုသံသည် မဟာရတနာခေါင်းလောင်းကြီးမှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ ဤမျှကြာမြင့်စွာ မိုးကြိုးလှိုင်းများ၏ တိုက်ခိုက်ခြင်းကို ခံရသည့်တိုင် ဤမသေမျိုးအဆင့် မှော်ရတနာသည် မှိန်ဖျော့မသွားရုံသာမက ပို၍ပို၍ တောက်ပလာသည်။

"ကောင်းတယ်... အရှင် ကျင့်ကြံဆင့်ချိုးဖျက်ပြီးတာနဲ့ ဒါက မင်းတို့သေရမယ့်နေ့ပဲ"

လုကျင်းရှန့်၏ပါးစပ်မှ သွေးများအန်လိုက်ရသော်လည်း သူသည် ရယ်မောနေဆဲပင်။

ဤအချိန်တွင် ထန်ထိပ်သီးကျင့်ကြံသူများသည် ပုန်းကွယ်နဂါးစစ်တပ်ကို တိုက်ခိုက်နေကြ၏။

လုကျင်းရှန့်သည် လူသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရနေရသဖြင့် သူတစ်ယောက်တည်း ကိုင်တွယ်ရန် အနည်းငယ် ခက်ခဲနေသည်။

လီကွမ်းပိ၏ဒေါသများ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေလေပြီ။

"ငါတို့ မင်းကို အရင်သတ်မယ်....ပြီးရင် လုယွီကို သတ်မယ်..."

ထန်ထိပ်သီးကျင့်ကြံသူများအားလုံး သူတို့၏တိုက်ခိုက်မှုအရှိန်နှုန်းကို မြှင့်တင်လိုက်ကြသည်။

ပုန်းကွယ်နဂါးစစ်တပ်မှ ထိပ်သီးစစ်သည်တော်အမြောက်အများ ကျဆုံးသွားကြသည်။

သူတို့အနက်မှ အချို့သည် ခေါ်ယူသိမ်းသွင်းထားသူများဖြစ်ပြီး တချို့မှာမူ ထူးချွန်သော အရည်အချင်းရှိသောကြောင့် ကြီးမားသော အရင်းအမြစ်များဖြင့် ပျိုးထောင်ခံထားရသူများဖြစ်သည်။

သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်၏ အနာဂတ်တပ်မှူးများဖြစ်သော်လည်း ဤအမည်မသိကြယ်နယ်မြေပေါ်တွင် ကျဆုံးခဲ့ကြသည်။

မိုးကောင်းကင်ယံ တဖြည်းဖြည်း မည်းမှောင်လာသည်။ အရပ်မျက်နှာအဘက်ဘက်မှ လေများသည် အရိုးစိမ့်အောင် အေးစက်နေပြီး သွေးနံ့များသည် လေထုအတွင်းတွင် ပြည့်နှက်နေပေ၏။

စစ်ပွဲသည် အမြဲတစေ ရက်စက်ကြမ်းကြုတ်သည်။

ဘုန်း....

လူတိုင်း ပြင်းထန်သော တိုက်ပွဲအတွင်းတွင် နစ်မြုပ်နေစဉ်၌ မိုးကောင်းကင်ရှိ ကပ်ဘေးဒဏ်သည် နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော မိုးကြိုးများသည် အတူတကွ စုစည်းကာ မိုးကောင်းကင်ယံတွင် ကြီးမားသော ဒေါင်လိုက်မျက်လုံးတစ်လုံး ထွက်ပေါ်လာပြီး လူအများကို အထက်စီးမှ ငုံ့ကြည့်နေသည်။

စစ်မြေပြင်သည် ရုတ်တရက် ဆိုင်းငံ့ခြင်းခံလိုက်ရသည့်အလား ငြိမ်သက်သွားသည်။ မရေမတွက်နိုင်သော လူများသည် ကောင်းကင်ရှိ ဒေါင်လိုက်မျက်လုံးကို ထိတ်လန့်တကြား ကြည့်ရှုနေကြပြီး သူတို့သည် မသိစိတ်မှနေ၍ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

မည်သူမဆို ထိုဒေါင်လိုက်မျက်လုံးအောက်တွင် မကြုံစဖူးသော ခွန်အားမဲ့ခြင်းကို ခံစားလိုက်ရသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ...."

လူတိုင်း ထိတ်လန့်သွားကြပြီး ထန်ထိပ်သီးကျင့်ကြံသူများသည်လည်း ထပ်တူထပ်မျှပင်။

ထိုဒေါင်လိုက်မျက်လုံးသည် မိုးကြိုးဖြင့် ဖွဲ့စည်းထားကာ အရှိန်အဝါကြီးမားပြီး အတိုင်းအဆမဲ့ကာ သက်ရှိများ၏စိတ်ဝိညာဉ်များအားလုံးသည် သူ့အား လက်အောက်ခံရတော့မည့်အလားပင်

မိုးကြိုးဒေါင်လိုက်မျက်လုံးသည် သူ၏အကြည့်ကို လုယွီ၏ လားရာသို့ အနည်းငယ် ရွှေ့လိုက်သည်။

"ထူးဆန်းလိုက်တာ....ဘာလို့ ဒီလောကကြီးမှာအင်မော်တယ်တွေ ရှိနေရတာလဲ"

မိုးကောင်းကင်ယံမှနေ၍ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

Chapter 4818

မိုးကောင်းကင်ယံမှ ထွက်ပေါ်လာသောအသံသည် နက်နဲသိမ်မွေ့ပြီး ရှေးကျသည်။

ဤသည်မှာ ရှေးဟောင်း အသူရာချောက်နက်ကြီးအတွင်းမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေပြီး အဆုံးမရှိသော လွှမ်းမိုးချုပ်ကိုင်နိုင်မှု အရှိန်အဝါတစ်ရပ်ကို ပိုင်ဆိုင်ထားရာ မည်သူတစ်ဦးတစ်ယောက်မျှ ခုခံဝံ့ခြင်းမရှိပေ။

သက်ရှိများအားလုံး ခေါင်းငုံ့လိုက်ကြသည်။ နယ်မြေသခင် ကျင့်ကြံသူများပင်လျှင် ဤစွမ်းအား၏ရှေ့တွင် ခေါင်းငုံ့ထားရသည်။

"ဒါက ဘာကြီးလဲ"

လူတိုင်း၏ စိတ်အတွင်းတွင် အလွန်အမင်း ထိတ်လန်းတုန်လှုပ်နေကြ၏။ မိုးကောင်းကင်ယံရှိ ဒေါင်လိုက်မျက်လုံးကို ကြည့်ရင်း သူတို့ကိုယ်သူတို့ အလွန်သေးငယ်သည်ဟု ခံစားလိုက်ရသည်။

မိုးကောင်းကင်၏ နက်ရှိုင်းသော အတွင်းပိုင်းမှ ထွက်ပေါ်လာသော အသံသည် ရှေးဟောင်းဘာသာစကားတစ်ခုပင်။

တခြားကျင့်ကြံသူများသည် ဤအရာကို နားမလည်နိုင်သော်လည်း လုယွီကမူ ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။

လုယွီသည် ရုတ်တရက် ချွေးစေးများ ထွက်လာပြီး ဉာဏ်အလင်းပွင့်ခြင်းအခြေအနေမှ သူ့ကိုယ်သူ ဆွဲထုတ်လိုက်သည်။

မရေမတွက်နိုင်သော ထန်ထိပ်သီးကျင့်ကြံသူများမှ သူ့ကို တိုက်ခိုက်ခဲ့သော်လည်း သူတို့သည် လုယွီကို ဉာဏ်အလင်းပွင့်ခြင်းအခြေအနေမှ မထွက်စေနိုင်ခဲ့ချေ။ သို့ရာတွင် ဤအသံသည် ရုတ်တရက် လုယွီ၏ နားအတွင်းတွင် ပေါက်ကွဲသွားပြီး သူ့ကို ရုတ်တရက် နိုးထစေခဲ့သည်။

"ရှေးဦးခေတ်က သက်ရှိတွေ..."

လုယွီက တီးတိုးရေရွတ်လိုက်သည်။ သူ၏မျက်လုံးအတွင်းတွင် သတိကြီးစွာထားသည့် အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။

လက်ရှိ ကောင်းကင်ဘုံနယ်မြေတွင် တာအိုကျမ်းစာများရှိ မှတ်တမ်းများဖြစ်စေ စကားလုံးများ လက်ဆင့်ကမ်းခြင်းဖြစ်စေ သူတို့အားလုံးသည် မိုးကောင်းကင်တာအို၏ တည်ရှိမှုကို သိရှိကြပေမည်။

ဤသည်မှာ ရှေးခေတ်မှ ယနေ့အထိ ပျံ့နှံ့လာသော စကြဝဠာဥပဒေသတစ်မျိုးပင်။ ထိုအရာသည် အလွန်နက်နဲသိမ်မွေ့ပြီး မြင်နိုင်ခြင်း ထိတွေ့နိုင်ခြင်းမရှိသော်လည်း အမှန်တကယ် တည်ရှိနေသည်။

မိုးကောင်းကင်တာအို၏ တည်ရှိမှုဖြင့်သာလျှင် ကောင်းကင်ဘုံနယ်မြေနှင့် အောက်ဘုံများကို ခွဲခြားနိုင်ပြီး စိတ်ဝိညာဉ်ကို အကြိမ်များစွာ ပြန်ဝင်စားနိုင်ခြင်းမရှိစေရန် ထိန်းချုပ်ထားသည်။

စည်းမျဉ်းများကို မိုးကောင်းကင်တာအိုက သတ်မှတ်ပြီး ကြီးကြပ်ကွပ်ကဲသည်။

အပေါ်ယံအားဖြင့် ကျင့်ကြံသူများသည် မိုးကောင်းကင်တာအိုကို ဆန့်ကျင်ပြုမူကြသော်လည်း အမှန်မှာမူ သူတို့သည် စည်းမျဉ်းဘောင်တချို့နှင့်အညီ လုပ်ဆောင်နေကြခြင်းပင်။ အကယ်၍ သူတို့သည် ဤစည်းမျဉ်းဘောင်ကို ကျော်လွန်သွားပါက မိုးကောင်းကင်တာအို၏ အပြစ်ပေးခြင်းကို ခံရပေမည်။

"အစပိုင်းမှာ ငါက ရွှယ်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့ပေမယ့် ဒီလိုအရာမျိုး မရှိခဲ့ဘူး"

လုယွီသည် ယင်ယန်ကျမ်းစာဖြင့် အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်သည့် အခြေအနေအောက်တွင် သူ ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။ သူသည် ဤကိစ္စကို ရှေးဟောင်းခေတ်အတွင်းတွင် လုပ်ဆောင်ခဲ့လေ၏။

ထိုအချိန်က လူသားမျိုးနွယ်ကို လူသားဧကရာဇ်က အုပ်ချုပ်ခဲ့ပြီး သမိုင်းမတင်မီခေတ်မှ သက်ရှိသတ္တဝါများပင်လျှင် မည်သည့်ကိစ္စကိုမျှ မဆင်မခြင် မလုပ်ဝံ့ခဲ့ကြချေ။

သို့ရာတွင် ယခုအချိန်၌ သူသည် ရွှမ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီး သူ၏အရှိန်အဟုန်သည် အလွန်ကြီးမားခဲ့သည်။ သူသည် ရှေးဦးခေတ်မှ သက်ရှိများကို နှိုးဆွပေးသကဲ့သို့ ဖြစ်သွားခဲ့လေ၏။

သူသည် ယခင်က အလွန်အားနည်းခဲ့သဖြင့် ဤတည်ရှိမှုကြီးများ၏ အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ခဲ့ချေ။ ယခုချိန်၌ သူသည် ရွှမ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့သဖြင့် သူ့အား နေရာတစ်ခုကို အုပ်စိုးသော အရှင်တစ်ဦးဟု ခေါ်ဆိုနိုင်ပြီး ထိုတည်ရှိမှုကြီးများ၏အာရုံစိုက်မှုကို ဆွဲဆောင်ရန် လုံလောက်သည်။

"ကောင်းကင်ဘုံနယ်မြေမှာ ရှေးဦးခေတ်က သက်ရှိတွေ ရှိနေသေးတာလား..."

လုယွီ၏စိတ်နှလုံးသား ပို၍ပို၍ လေးလံလာသည်။

ဤရှေးဟောင်းသက်ရှိများကို လူသားဧကရာဇ်များပင်လျှင် ရင်ဆိုင်နိုင်ခြင်းမရှိလေရာ လုယွီဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

ဘုန်း

ထိုအချိန်မှာပင် မိုးကောင်းကင်မှ တိမ်မည်းများအကြားတွင် ကျယ်လောင်သော မိုးခြိမ်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

လုယွီသည် အန္တရာယ်အငွေ့အသက်များ ချဥ်းကပ်လာသည်ကို ရုတ်တရက် ခံစားမိပေ၏။

သူသည် မသေမျိုးအဆင့် မှော်ရတနာ၏ ကာကွယ်မှုအောက်တွင် ပုန်းအောင်းနေသော်လည်း၊ အန္တရာယ်အငွေ့အသက်သည် အားမနည်းဘဲ ပို၍ပို၍ အားကောင်းလာသည်။

မိုးကောင်းကင်သည် ပြိုကျတော့မည့်အလား ဖြစ်နေသည်။ ခရမ်းရောင်တာအိုစည်းတံဆိပ်တစ်ခု လေထုအတွင်းတွင် ဆိုင်းငံ့နေပြီး အတိုင်းအဆမဲ့သော နက်ရှိုင်းသည့် အလင်းတန်းများ ဖြာထွက်လာကာ တိမ်တိုက်များကို လင်းထိန်စေသည်။

ရှေးဟောင်းအသံသည် ထွက်ပေါ်လာပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

သို့ရာတွင် ဤရှေးဦးသက်ရှိသည် သူ၏စိတ်ဆန္ဒကို ပြသပြီးဖြစ်သည်။

ဤလောကကြီးတွင် အစစ်အမှန်အင်မော်တယ်များ ရှိခွင့်မပြုချေ။

"ဒါက ကောင်းကင်ဘုံကပ်ဘေးဒဏ် ဟုတ်သေးရဲ့လား"

လူတိုင်းသည် ဆောင်းခိုနေသော ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြပြီး မုန်တိုင်းအောက်မှ ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေကြသည်။

လူတိုင်းသည် တိမ်မည်းများ မိုးကောင်းကင်ကို ဖုံးလွှမ်းနေသည်ကိုသာ မြင်နိုင်ပြီး မရေမတွက်နိုင်သော မိုးကြိုးများသည် တဂျိမ်းဂျိမ်းမြည်ဟီးနေပေ၏။ မဟာရတနာခေါင်းလောင်းကြီးသည် မိုးကောင်းကင်ယံတွင် ဆိုင်းငံ့နေပြီး ထိုအရာ၏မျက်နှာပြင်မှ ပြင်းထန်သော တုန်ခါမှုလှိုင်းများကို ထုတ်လွှတ်နေပြီး ကြေမွှပျက်စီးတော့မည့်အလား ဖြစ်နေသည်။

"လုယွီက အခုမှ အသက်ဘယ်လောက်ရှိသေးလို့လဲ... သူက တာအိုသခင်ကိုတောင် သတ်နိုင်တယ်ဆိုတဲ့အချက်က ကောင်းကင်ဘုံအတွက် လက်မခံနိုင်စရာဖြစ်နေပြီ...သူက မိုးကောင်းကင်တာအိုရဲ့ မနာလိုတာကို ခံနေရတာ....မကြာခင်မှာ သူ ဖျက်ဆီးခံရလိမ့်မယ်"

ထန်ထိပ်သီးကျင့်ကြံသူတစ်ဦးက ပြောဆိုသည်။

"ငါတို့ ဘာမှလုပ်စရာမလိုဘဲ သူက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကြောင့် အသတ်ခံရတော့မယ်ထင်တယ်...ခုဏက ပြောသွားတဲ့သူက မိုးကောင်းကင်တာအိုရဲ့ စိတ်ဆန္ဒဖြစ်လိမ့်မယ်"

တခြားအဘိုးအိုတစ်ဦးက သက်ပြင်းရှိုက်လိုက်သည်။

အထူးသဖြင့် ကောင်းရှစ်ကျီးသည် အလွန်စိတ်လှုပ်ရှားနေပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"လုယွီ မင်း ဒီနေ့ ဒီနေရာမှာ သေရမှာက မင်းရဲ့ကံကြမ္မာပဲ... ကံမကောင်းစွာနဲ့ ငါ မင်းကို မသတ်နိုင်ခဲ့ဘူး...မကြာခင်မှာ မင်းရဲ့မိသားစုကို ငါလက်စားချေမယ်"

Chapter 4819

ထန်ထိပ်သီးကျင့်ကြံသူများအားလုံး မိုးကြိုးမုန်တိုင်း၏ အလယ်ဗဟိုမှ ရှောင်တိမ်းနေကြသည်။

သူတို့က လုယွီသည် ဤမိုးကြိုးမုန်တိုင်းကို မလွတ်မြောက်နိုင်ဟု ယူဆထားသောကြောင့် သူတို့သည် နံဘေးမှ စောင့်ကြည့်ရန် ရွေးချယ်ခဲ့ကြသည်။

ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းသည် ကောင်းကင်တာအို၏ အစွမ်းထက်သော ဖိအားအရှိန်အဝါနှင့် ရောယှက်နေပြီး လူများကို အသက်ရှူမဝအောင် ဖိနှိပ်ထားသည်။

"အရှင် အန္တရာယ်ကျရောက်နေပြီ...ငါတို့ ဘာလုပ်သင့်လဲ..."

ပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ်များ၏ မျက်လုံးများသည် နီမြန်းနေသော်လည်း သူတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမည်အား မသိတော့ချေ။

ကောင်းကင်တာအို၏ ကြီးမားသော ဖိအားအောက်တွင် မတ်တတ်ရပ်နေနိုင်ရန်ပင် သူတို့အတွက် အလွန်ခက်ခဲနေလေပြီ။

လုယွီကို ကယ်တင်ရန် မဆိုထားနှင့် မိုးကြိုးပင်လယ်နှင့် နီးကပ်သွားသူတိုင်းသည် ချက်ချင်း အသတ်ခံရပြီး မိုးကြိုးကြောင့် အမှုန်အမွှားဖြစ်သွားပေလိမ့်မည်။

"အဲဒီကို မသွားနဲ့...ကင်းထောက်တွေကို ပြင်ဆင်ခိုင်းလိုက်... မိုးကြိုးတွေ ပျောက်ကွယ်သွားတာနဲ့အကူအညီတောင်းတဲ့ အချက်ပြသင်္ကေတကို ချက်ချင်း လွှတ်လိုက်တော့"

"ဒါ့ပြင် ကျန်တဲ့လူတွေ အတူတူစုဝေးပြီးတော့ ထန်စစ်တပ်က တိုက်ခိုက်တာကို တားဆီးကြစမ်း"

ဤအချိန်တွင် လုကျင်းရှန့်သည် တပ်မှူးတစ်ဦးအဖြစ် သူ၏အရည်အချင်းကို ပြသပြီးဖြစ်သည်။ အရေးကြီးသောအချိန်တွင် သူသည် သူ၏ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားဆဲပင်။

သူသည် အမိန့်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့လေ၏။ ပုန်းကွယ်နဂါးစစ်တပ်သည် လျင်မြန်စွာဖြင့် ကာကွယ်ရေးဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်သည်။

လီမီက လှောင်ပြောင်ရယ်မောလိုက်၏။

"အသုံးမဝင်ပါဘူး... လုယွီသေသွားတာနဲ့၊ သူတို့က ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူး"

ကောင်းရှစ်ကျီးက လေသံတိုးတိုးဖြင့် အမိန့်ပေးသည်။

"စစ်သားတွေအားလုံး...သူတို့ကို ဝိုင်းထားလိုက်စမ်း...လုယွီ သေသွားတာနဲ့ တိုက်ခိုက်မယ်...တစ်ယောက်မှ လွတ်မသွားစေနဲ့"

သူသည် လုယွီကို ကိုယ်တိုင် မသတ်နိုင်သောကြောင့် သူ၏ပစ်မှတ်ကို တခြားသူများအပေါ်သို့ ပြောင်းလိုက်သည်။

ထန်အင်ပါယာ၏ နာမည်ကြီးစစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည့်တိုင် ကောင်းရှစ်ကျီးသည် လက်ရှိတွင် ရူးသွပ်နေသောအခြေအနေ၌ ရှိနေပေ၏။

မည်သူမျှ ဤကိစ္စများကို ဂရုမစိုက်ကြပေ။ သူတို့၏မျက်လုံးများသည် မိုးကောင်းကင်ယံရှိ ရှေးဟောင်းကြေးဝါခေါင်းလောင်းပေါ်တွင် စုစည်းနေသည်။

လုယွီသည် ရွှမ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်လိုသော်လည်း သူသည် ကောင်းကင်တာအို၏ မနာလိုခြင်းကိုခံရကာ အဆုံးမရှိသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများကို ဆင်းသက်လာခဲ့သည်။

ကောင်းကင်တွင် ပျံဝဲနေသော ခရမ်းရောင်တာအိုတံဆိပ်သည် ကောင်းကင်တာအို၏ ဆန္ဒကို ကိုယ်စားပြုသည်။ ၎င်းသည် အရာအားလုံးကို ဖျက်ဆီးလိုသည်။

လူတိုင်းသည် ကောင်းကင်တာအိုက မနာလိုဖြစ်သည်ဟုသာ ထင်ကြသော်လည်း၊ လုယွီတစ်ဦးတည်းသာလျှင် သူသည် ထိုထင်ယောင်ထင်မှားဖြစ်စေသော ကောင်းကင်တာအိုနိယာမကို ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ၊ ရှေးဦးသတ္တဝါတစ်ဦး ဖြစ်နိုင်ခြေအလွန်များကြောင်း ရှင်းရှင်းလင်းလင်း သိသည်။

ရှေးဦးခေတ်မှ သက်ရှိသတ္တဝါများသည် စစ်မှန်သောမသေမျိုးများ တည်ရှိနေခြင်းကို ခွင့်မပြုခဲ့ပေ။

သူတို့သည် ကောင်းကင်ဘုံနန်းတော်တစ်ခုလုံးကို ဖျက်ဆီးခဲ့ပြီး၊ ကောင်းကင်ဘုံဧကရာဇ်မြို့တော်ပင်လျှင် အသတ်ခံခဲ့ရသည်။ မာရ်နတ်ဘိုးဘေးသည် သူတို့လက်ထဲမှ စစ်တုရင်ရုပ်တစ်ရုပ်သာ ဖြစ်သည်။

လုယွီသည် ဤကမ္ဘာ၏ အမှန်တရားကို ထိုးထွင်းမြင်နိုင်ခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသော်လည်း၊ သူ့ရှေ့တွင် မြူခိုးများစွာ ရှိနေသေးပြီး၊ သူ၏အမြင်အာရုံကို ပိတ်ဆို့ကာ သူ၏အမြင်ကို မှုန်ဝါးစေသည်။

လုယွီသည် ဤသည်ကို လက်မခံလိုပေ။ သူသည် ရှေးဟောင်းမသေမျိုးများကဲ့သို့ မြူမှုန်အဖြစ်သို့ ပြောင်းလဲသွားပြီး၊ နောက်ဆုံးတွင် သမိုင်းမြစ်ရှည်ကြီးထဲတွင် သေဆုံးသွားရန် မလိုလားပေ။

"လက်ရှိ ကောင်းကင်ဘုံနယ်မြေကို မင်းတို့ အုပ်ချုပ်သင့်တာ မဟုတ်ဘူး"

လုယွီသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် ဗုဒ္ဓတစ်ဆူကဲ့သို့ ဖြစ်ပြီး၊ သူ၏ကြမ်းတမ်းသော စွမ်းအင်သည် အတုမရှိပေ။

လူသားဧကရာဇ် သေဆုံးသွားသည့် မြင်ကွင်းသည် သူ့စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်သည်။

ရှေးခေတ်မှ လာသော ဝမ်းနည်းဖွယ်အသံသည် သူ့နားထဲတွင် ရှိနေဆဲကဲ့သို့ ဖြစ်သည်။ လုယွီ၏ နှလုံးသားသည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။

မဟာချင်မင်းဆက်သည် ဤရှေးဟောင်းသတ္တဝါများ၏ တည်ရှိမှုကြောင့် သဲဝါများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လုယွီသည် သူ့စိတ်ထဲတွင် ဝမ်းနည်းမှုနှင့် ဒေါသကို ခံစားလိုက်ရသည်။ သူသည် ဤရှေးဟောင်းသတ္တဝါများရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ဖြစ်နေဆဲဖြစ်သော်လည်း၊ သူသည် ဘယ်သောအခါမှ ထိုင်စောင့်ပြီး သေဆုံးမည်မဟုတ်ပေ။

မဟာရတနာခေါင်းလောင်းသည် လုယွီ၏ စိတ်ခံစားမှုများကို ခံစားမိသည်။ ကြေးဝါခေါင်းလောင်း၏ မျက်နှာပြင်မှ မိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သောအသံကို ထုတ်လွှတ်လိုက်ပြီး ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများသည် ရွှေရောင်အလင်းဖြင့် တောက်ပနေပေ၏။

ခေါင်းလောင်း၏အထက်ရှိ မိုးကောင်းကင်ယံတွင် ပလ္လင်ခွေထိုင်နေသော ဗုဒ္ဓတစ်ဆူ၏ မထင်မရှားပုံရိပ်တစ်ခု ရှိနေပြီး သူ၏မျက်လုံးများ တောက်ပနေသည်။

ထိုဗုဒ္ဓ၏နောက်တွင် တောက်ပသော အလင်းစက်ဝန်းတစ်ခု ရှိနေသည်။ ဤသည်မှာ နတ်ဘုရားဆန်ပြီး ကြီးကျယ်ခမ်းနားကာ ခန့်ညားထည်ဝါသည်။

ထိုအချိန်မှာပင် မိုးကောင်းကင်ယံရှိ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် နောက်ဆုံးတွင် စုစည်းသွားပေ၏။

ထောင်ပေါင်းများစွာသော ကောင်းကင်မိုးကြိုးများကို အားလှိုင်းတစ်မျိုးက ထိန်းချုပ်ကာ လေထုအတွင်းတွင် စုစည်းပြီး၊ ကျား၊ ကျားသစ်နှင့် ဝံပုလွေပုံစံများအဖြစ် ဖွဲ့စည်းသွားသည်။

မရေမတွက်နိုင်သော ရက်စက်ကြမ်းတမ်းသည့် သားရဲများ စုဝေးကာ ဟိန်းဟောက်နေကြသည်။

Chapter 4820

မိုးကြိုးသားရဲများသည် ဟိန်းဟောက်ကာ စုဝေးနေကြ၏။

မိုးကောင်းကင်ယံသည် စုတ်ပြဲသွားသည့်အလားပင်။ ဧရာမ မိုးကြိုးသားရဲများသည် တဖြည်းဖြည်း ပီပြင်ထင်ရှားလာပြီး လုယွီထံသို့ ပြေးဝင်သွားကြသည်။

ဝုန်း.....ဝုန်း....ဝုန်း...

နားကွဲလုမတတ် ကျယ်လောင်သော အသံများစွာ ထွက်ပေါ်လာသည်။ မဟာရတနာခေါင်းလောင်းကြီးသည် မသေမျိုးအဆင့် မှော်လက်နက်၏ အရှိန်အဝါကို ပိုင်ဆိုင်ထားသော်လည်း ပြင်းထန်စွာ တုန်ခါစပြုလာပေ၏။

ဤမိုးကြိုးများတွင် အလွန်ထူထပ်သိပ်သည်းသော စွမ်းအားများ ရောယှက်နေသည်။

မဟာရတနာခေါင်းလောင်းကြီးသည် မိုးကြိုးရိုက်ခတ်မှုကို ခုခံနိုင်သော်လည်း အတွင်း၌ ရောယှက်နေသော ကြီးမားသည့် စွမ်းအားများကို မတားဆီးနိုင်ခဲ့ပေ။

လုယွီသည် ရှေးဟောင်းခေါင်းလောင်းအတွင်း၌ ရှိနေသော်လည်း သူသည် ပြင်ပလောကမှ စွမ်းအားလှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံနေရဆဲပင်။

ပြင်းထန်သောသော စွမ်းအားလှိုင်းများသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်လာသည်။

ဤသည်မှာ လုယွီထံ၌ သိုင်းအင်မောတယ်အဆင့် ရုပ်ခန္ဓာကိုယ်ရှိနေသောကြောင့်သာ တောင့်ခံနိုင်ခြင်းဖြစ်သည်။ အကယ်၍ တခြားကျင့်ကြံသူတစ်ဦးဖြစ်ပါက သိုင်းသူတော်စင်အဆင့်ဖြစ်လျှင်ပင် သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေလိမ့်မည်။

"ငါတို့အရှင် ကျင့်ကြံဆင့်ချိုးဖျက်ဖို့ ဘာလို့ ဒီလောက်ထိ ခက်ခဲရတာလဲ"

"ကောင်းကင်ဘုံက ထူးချွန်သူတွေကို မနာလိုဖြစ်တယ်....မိုးကောင်းကင်တာအိုက အရည်အချင်းရှိသူကို မနာလိုဖြစ်တယ်..."

ပုန်းကွယ်နဂါးစစ်တပ်မှ မရေမတွက်နိုင်သော လူများသည် ဝမ်းနည်းစွာ အော်ဟစ်လိုက်ကြ၏။

သူတို့သည် လုယွီ၏ လက်ရှိဒုက္ခကို စာနာနားလည်နိုင်သည်။ အကယ်၍ သူ့နေရာတွင် သူတို့သာဖြစ်ပါက တစိုးတစိမျှ တောင့်ခံနိုင်မည် မဟုတ်ချေ။

အခြားတစ်ဖက်တွင် ထန်ထိပ်သီးကျင့်ကြံသူများအားလုံး တိတ်ဆိတ်နေကြသည်။

လီကွမ်းပိသည် အသက်ပြင်းပြင်းရှိုက်ပြီး အချိန်တခဏကြာပြီးနောက် သက်ပြင်းချလိုက်သည်။

"အတိတ်က ဒီလောကကြီးထဲမှာ အမြင့်မြတ်ဆုံး ပါရမီရှင်တွေ ရှိတယ်ဆိုတာ ငါဝန်မခံခဲ့ဘူး....ဒါပေမဲ့ အခု သူ့ကို မြင်လိုက်တော့ ငါက အရမ်းအမြင်ကျဉ်းခဲ့တယ်ဆိုတာ သိလိုက်ရတယ်"

သူတို့သည် ဆန့်ကျင်ဘက်ဘက်တွင် ရှိနေသော်လည်း ထန်ထိပ်သီးကျင့်ကြံသူများအားလုံးသည် လုယွီ၏ အရည်အချင်း အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း ဝန်ခံရပေမည်။

သူသည် ကျိုးမိသားစု၏ ဘိုးဘေးကို သတ်ခဲ့နိုင်ခဲ့ခြင်းမှာ သူ၏အရည်အချင်းကြောင့်ဖြစ်သည်။

အကယ်၍ သူ၏ မိုးကောင်းကင်ကို ဆန့်ကျင်သော အရည်အချင်းကြောင့်မဟုတ်ပါက သူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးမိုးကြိုးကပ်ဘေးကို နှိုးဆွပေးနိုင်မည်မဟုတ်ချေ။

ဤမိုးကြိုးကပ်ဘေးသည် ကြီးမားကျယ်ပြန့်ပြီး အားကောင်းသည်။ ကောင်းကင်တာအိုပင်လျှင် အရိပ်အယောင် ပြသလာခဲ့သည်။ သူသည် လုယွီကို ဖယ်ရှားပစ်ရန် ကြံရွယ်ထားပုံပင်။

ဤသို့သော အရည်အချင်းသည် မည်မျှထိ ကြောက်မက်ဖွယ် ကောင်းသနည်း...

"ကံကောင်းစွာနဲ့ သူ သေတော့မယ်...." တစ်စုံတစ်ယောက်က ပြောဆိုသည်။

"အမှန်ပဲ...သူက သေတော့မှာ..အရမ်းကောင်းတယ်....သေသွားတဲ့သူတွေက အတိတ်မှာ ဘယ်လောက်ပဲ ထူးချွန်ခဲ့ပါစေ...နောက်ဆုံးမှာ ဘာမှကျန်ခဲ့မှာ မဟုတ်ဘူး"

ကောင်းရှစ်ကျီးက လှောင်ပြောင်ရယ်မောလိုက်သည်။

လက်ရှိနေရာတွင်ရှိနေသော လူတိုင်း၏ အကြည့်များအောက်တွင် ထောင်ပေါင်းများစွာသော မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော မိုးကြိုးသားရဲများသည် လုယွီကို ဝန်းရံထားပြီးဖြစ်သည်။

မဟာရတနာခေါင်းလောင်းကြီးသည် ကြီးမားသော တုန်ခါသံကို ထုတ်လွှတ်ကာ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်မှ မိုးကြိုးသားရဲများကို လွင့်ထွက်သွားစေသည်။

သို့ရာတွင် ထိူမိုးကြိုးသားရဲများသည် အဆုံးမရှိပုံရပြီး ကောင်းကင်ကို ဖုံးလွှမ်းကာ မြေပြင်ကို လွှမ်းခြုံပြီး လုယွီကို ဝန်းရံထားလေရာ ဤမသေမျိုးအဆင့် မှော်လက်နက်ကို ခုခံရန် ခက်ခဲစေသည်။

ဝုန်း...ဝုန်း...ဝုန်း...

လုယွီ၏နောက်မှ မရေမတွက်နိုင်သော မသေမျိုးအဆင့် မှော်လက်နက်များမှ တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာသည်။

လူသားဧကရာဇ်ဓား ထိုက်အမ်းဓား သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် မိုးပြာနဂါးလခြမ်းဓားနှင့် ဆေဘာဓားသုံးလက်တို့သည် တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်လွှတ်ကာ တိမ်တိုက်များအတွင်းသို့ ထိုးဖောက်သွားသည်။

ကောင်းကင်ရှိ ဒေါင်လိုက်မျက်လုံးသည် အနည်းငယ် ကျဥ်းမြောင်းသွားပေ၏။

"ဆုတ်ခွာကြစမ်း"

မိုးကောင်းကင်ယံမှ အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံသည် တော်ဝင်အမိန့်တော်တစ်ခုကဲ့သို့ ဖြစ်ပြီး သူ၏စကားလုံးများသည် အကြွင်းမဲ့အာဏာရှိကာ မေးခွန်းထုတ်ဖွယ်မရှိပေ။

ပတ်ဝန်းကျင်ရှိ မိုးကောင်းကင်တာအို၏ ဥပဒေသများသည် ရုတ်တရက် သက်ရောက်မှုခံလိုက်ရသည့်အလားပင်။ ဤသည်မှာ အစေခံများသည် သူတို့သခင်၏ အမိန့်ကို ကြားလိုက်ရသကဲ့သို့ ဖြစ်နေပြီး မသေမျိုးအဆင့် မှော်လက်နက်များ၏စွမ်းအားကို ထိန်းချုပ်နေကြသည်။

တစ်ချိန်တည်းတွင် ကြည်လင်သော မိုးကောင်းကင်မှနေ၍ ခရမ်းရင့်ရောင် မိုးကြိုးသည် ကျယ်လောင်သော တဂျိမ်းဂျိမ်းမြည်သံဖြင့် ဆင်းသက်လာသည်။

မိုးကြိုးပင်လယ်နှင့် မိုးကြိုးလှိုင်းများသည် မြွေများကဲ့သို့ တဝီဝီမြည်ဟီးနေပေ၏။

ဘုန်း....ဘုန်း....ဘုန်း

မိုးကြိုးလှိုင်းများ၏ လွှမ်းခြုံခြင်းကို ခံရပြီးနောက် မှော်လက်နက်အားလုံးသည် စွမ်းအားများအားလုံး ဆုံးရှုံးသွားသည့်အလားပင်။ ထိုအရာများ၏မျက်နှာပြင်သည် မှိန်ဖျော့သွားပြီး မြေပေါ်သို့ ပြုတ်ကျသွားသည်။

ထိုအရာများ၏လက်နက်စိတ်ဝိညာဥ်များကို ယာယီအားဖြင့် ဖယ်ရှားခံလိုက်ရသည်။ ထိုမှော်လက်နက်များ ပြန်လည်ကောင်းမွန်ရန် အချိန်ကြာမြင့်စွာ လိုအပ်ပေလိမ့်မည်။

လုယွီ ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် ဤသို့သော နည်းလမ်းကို ယခင်က မြင်တွေ့ဖူးပေ၏။

နတ်ဆိုးနယ်မြေ၏ နက်ရှိုင်းသော အတွင်းပိုင်းသို့ သူ ရောက်နေစဉ်၌ နွားစီးနေသော အဘိုးအိုသည် ချင်အင်ပါယာ၏ ကံကြမ္မာကို ယူဆောင်သွားရန် ဤကဲ့သို့ နည်းလမ်းကို အသုံးပြုခဲ့သည်။

All Chapters