အခန်း (၄၈၂၁-၄၈၂၅)
Vol. 244 Ch. 4821-4825
Chapter 4821
သို့ရာတွင် လုယွီသည် သေဆုံးရမည်ကို ထိုင်စောင့်နေမည် မဟုတ်ချေ။
လုယွီသည် မျက်လုံးများကို စုံမှိတ်လိုက်ပြီး ထိုနေ့က ကြေကွဲဖွယ်ကောင်းသော မြင်ကွင်းကို ပြန်မြင်ယောင်လိုက်သည်။
လူသားစစ်တပ်ကြီးသည် အတူတကွ တိုက်ခိုက်ခဲ့ကြပြီး ကောင်းကင်ဘုံနယ်မြေသို့ လမ်းတလျှောက် သတ်ဖြတ်ပြီး ချီတက်ခဲ့ကြသည်။
မဟာတံတိုင်းကြီး လောကနှစ်ခုတောင်တန်းနှင့် နတ်ဆိုးနယ်မြေတို့တွင် သူတို့၏တည်ရှိမှု အရိပ်အယောင်များ နေရာတိုင်း၌ ရှိနေခဲ့ပေ၏။
သို့ရာတွင် ဤမျှကြီးကျယ်ခမ်းနားသော အင်ပါယာသည် ရှေးဦးသက်ရှိ၏ စကားတစ်ခွန်းကြောင့် ကျက်တီးမြေအဖြစ်သို့ လျော့ကျသွားခဲ့သည်။
"မင်းက ငါ့ကို သေစေချင်တာလား... ဒါဆို ငါ မင်းကို အရင်သေခိုင်းမယ်..."
ရူးသွပ်သော အတွေးတစ်ခုက လုယွီ၏ စိတ်အတွင်းတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ရှေးဟောင်းခေတ်မှစ၍ ကျင့်ကြံသူအားလုံးနီးပါးသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးနှင့် ရင်ဆိုင်ရချိနိ၌ သူတို့ကိုယ်သူတို့ ကာကွယ်ရန် ရွေးချယ်ကြပေမည်။
မိုးကောင်းကင်တာအို၏သြဇာအာဏာသည် ကြီးမားပြီး အစွမ်းထက်သည်။ ကျင့်ကြံသူတစ်ယောက်သည် ကပ်ဘေးမိုးကြိုးဒဏ်အောက်တွင် ရှင်သန်ရန် အခွင့်အရေးအနည်းငယ် ရရှိရန်အတွက် အလွန်အမင်း ရုန်းကန်ခဲ့ရသည်
ဤအချိန်မတိုင်မီ၌ လုယွီသည်လည်း မိုးကြိုးကပ်ဘေးဒဏ်ကို ကျော်လွှားရန် တူညီသောနည်းလမ်းကို ရွေးချယ်ခဲ့သည်။
သူ ပိုင်ဆိုင်သော မသေမျိုးအဆင့် မှော်လက်နက်များသည် သူ့ကို အခိုင်အမာ ကာကွယ်နိုင်ပြီး မိုးကြိုးကြောင့် ထိခိုက်ဒဏ်ရာရခြင်းမှ ကင်းလွတ်စေသည်။
သို့ရာတွင် ရှေးဦးသက်ရှိကို မြင်ပြီးနောက် လုယွီသည် ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက်မရှိတော့ချေ။
သူသည် ဤရှေးဟောင်းသက်ရှိကို သေစေချင်သည်။ အနည်းဆုံးအနေဖြင့် ဤရှေးဦးသက်ရှိသည် နာကျင်ဖွယ်ကောင်းသော တန်ကြေးကို ပေးဆပ်ရပေမည်။
အတွေးတစ်ချက်ဖြင့် လုယွီသည် မဟာရတနာခေါင်းလောင်းကြီးကို ထိန်းချုပ်ကာ မိုးကောင်းကင်ယံသို့ ပျံသန်းလိုက်သည်။
မိုးကြိုးလှိုင်းသံများ ပြင်းပြင်းထန်ထန် မြည်ဟီးလာပြီး အရပ်မျက်နှာအဘက်ဘက်မှ မိုးကြိုးသားရဲများသည် ဟိန်းဟောက်ကာ လုယွီ၏ လမ်းကို ပိတ်ဆို့လိုက်သည်။
"သူရူးနေလား...သူက မိုးကြိုးကပ်ဘေးကိုတောင် စိန်ခေါ်ရဲတယ်"
အဝေးမှ စောင့်ကြည့်နေသော ထန်ထိပ်သီးကျင့်ကြံသူများသည် ဤမြင်ကွင်းကို အံ့အားတသင့် စိုက်ကြည့်နေကြ၏။
ဤသည်မှာ လုံးလုံးလျားလျား မယုံနိုင်ဖွယ်ရာပင်။
သူတို့သည် မိုးကြိုးနှင့် ပို၍နီးကပ်လေလေ အန္တရာယ် ပို၍များလေလေပင်။
ဘုန်း...
နောက်ထပ် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးတစ်စင်းက ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်သို့ ရိုက်ခတ်လိုက်သည်။
ရှေးဟောင်းခေါင်းလောင်း တဝုန်းဝုန်းမြည်ဟီးသွားကာ မျက်နှာပြင်ပေါ်ရှိ ထောင်ပေါင်းများစွာသော မှော်သင်္ကေတအက္ခရာများသည် ပီပြင်ထင်ရှားနေလေပြီ။ အကယ်၍ ဤအရာသည် ရှေးဟောင်းမသေမျိုးအဆင့် မှော်လက်နက်သာ မဟုတ်ပါက ယခုအချိန်တွင် ကြေမွှပျက်စီးသွားပြီးဖြစ်ပေမည်။
ထိုအချိန်မှာပင် မိုးကောင်းကင်ယံရှိ ခရမ်းရောင်တာအိုစည်းတံဆိပ်သည် လုယွီ၏ စိန်ခေါ်မှုကို ခံစားမိပုံရသည်။ ထိုအရာမှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။
ထိုအလင်းတန်းများ စုဝေးကာ မီတာပေါင်းများစွာ မြင့်မားသော ဧရာမမိုးကြိုးနတ်ဘုရား ပုံရိပ်ယောင်တစ်ခုအဖြစ် လေထုအတွင်းတွင် ဖွဲ့စည်းသွားသည်။
ထိုမိုးကြိုးနတ်ဘုရား၏ ဆံပင်သည် ဖရိုဖရဲဖြစ်နေပြီး သူ၏မျက်လုံးများ အေးစက်နေသည်။ သူသည် တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ရှိပြီး သူ၏လက်အတွင်းတွင် လှံရှည်တစ်လက်ကိုင်ထားကာ ပန်းချီကားအတွင်းမှ ထွက်လာသည့်အလားပင်။
ဤသည်မှာ စစ်မှန်သော မိုးကြိုးနတ်ဘုရားမဟုတ်ဘဲ ရှေးဦးသက်ရှိမှ နည်းလမ်းတစ်မျိုးမျိုးဖြင့် ဖွဲ့စည်းထားသော တည်ရှိမှုတစ်ခုဖြစ်သည်။
"အိုး ဘုရားရေ...ကောင်းကင်ဘုံကပ်လေးမိုးကြိုးမှာ ဒီလိုပြောင်းလဲမှုမျိုး ရှိနိုင်ပါ့မလား"
"လုယွီက ဒီလိုတိုက်ခိုက်မှုကို နှိုးဆွပေးဖို့ ဘယ်လို ရူးသွပ်တဲ့အရာမျိုးကို လုပ်ခဲ့တာလဲ"
ဘုန်း....
မိုးကြိုးလှံရှည်သည် ပြင်းထန်စွာ ကျရောက်လာပြီး ခေါင်းလောင်းတစ်ခုလုံး တုန်ခါသွားသည်။
နောက်ထပ်အချိန်တခဏတွင် မိုးကြိုးနတ်ဘုရားသည် သူ၏လက်ကို ဆန့်တန်းပြီး ခေါင်းလောင်းကို ဆွဲယူလိုက်သည်။
လူတိုင်း ထိတ်လန့်သွားကြသည်။
ဤအရာသည် မသေမျိုးအဆင့် မှော်လက်နက်ပင်။ ထိုအရာသည် လုယွီ၏ ထိန်းချုပ်မှုမှ လွယ်လင့်တကူ လွတ်မြောက်သွားပြီး မိုးကောင်းကင်ယံသို့ မြောက်တက်သွားပေ၏။
မဟာရတနာခေါင်းလောင်းကြီး၏ ကာကွယ်မှုမရှိတော့သဖြင့် လုယွီ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လေထုအတွင်းတွင် ပေါ်လွင်လာပြီး အဆုံးမရှိသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
"အား...."
လုယွီက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ပြင်းထန်သော နာကျင်မှုတစ်ခုသည် သူ၏စိတ်နှလုံးသားကို လွှမ်းခြုံသွားပေ၏။
မရေမတွက်နိုင်သော မိုးကြိုးများ လုယွီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။ ဤသို့ နာကျင်မှုမျိုးသည် အပိုင်းပိုင်းဖြတ်တောက်ခံရသကဲ့သို့ ဖြစ်ပြီး လူများကို သေချင်စိတ်ပေါက်စေသည်။
"ဒီနေ့ ငါ့ကို သတ်ဖို့ စိတ်ကူးတောင်မယဉ်နဲ့"
လုယွီသည် ဟိန်းဟောက်လိုက်ပြီးနောက် သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဒေါင်လိုက်မျက်လုံး၏ရှေ့သို့ ရောက်ရှိသွားသည်။
မိုးကောင်းကင်ယံရှိ လေဟာနယ်အတွင်းတွင်ဒေါင်လိုက်မျက်လုံးတစ်ခုသည် မောက်မာထောင်လွှားစွာ ရပ်တည်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။
ထိုဒေါင်လိုက်မျက်လုံးကို မိုးကြိုးများဖြင့် ရစ်သိုင်းလွှမ်းခြုံထားသည်။ ပတ်ဝန်းကျင်မှ မိုးကြိုးများသည် ဒေါင်လိုက်မျက်လုံး၏ အမိန့်ကို နာခံပုံရပြီး ထိုအရာများအားလုံး လုယွီထံသို့ ပြေးဝင်သွားကြသည်။
လုယွီ၏ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထွက်နေသည်။ ပြင်းထန်သော မိုးကြိုးများ၏ရိုက်ခတ်မှုသည် သူ၏ခန္ဓာကိုယ်အပေါ်သို့ ကြီးမားသော ဖိအားကို သက်ရောက်စေခဲ့သည်။
သူ၏အဝတ်အစားများတွင် သွေးများစိုရွှဲနေလေပြီ။ လုယွီ၏ အနက်ရောင်ဆံပင်သည် သူ၏ပခုံးပေါ်တွင် ဖရိုဖရဲကျနေပြီး သူကိုကြည့်ရသည်မှာ အလွန်ဆိုးရွားနေသည်။ သို့ရာတွင် သူ၏မျက်လုံးများအတွင်း၌ အဆုံးမရှိသော တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်နေဆဲဖြစ်ပြီး လူများကို ထိတ်လန့်ကြောက်ရွံ့စေသည်။
Chapter 4822
မည်သူကမျှ လုယွီကို အထင်မသေးကြချေ။
ပတ်ဝန်းကျင်ရှိ ခရမ်းရင့်ရောင် မိုးကြိုးများသည် မည်သူ့ကိုမဆို ပြာဖြစ်သွားစေရန် လုံလောက်သည်။
သို့ရာတွင် လုယွီသည် အရပ်မျက်နှာအဘက်ဘက်မှ မိုးကြိုးများ၏တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ သူသည် ဆိုးရွားသော အခြေအနေတွင် ရှိနေသော်လည်း သူ့ထံတွင် မကြုံစဖူးသော အရှိန်အဝါတစ်ရပ် ရှိနေဆဲပင်။
ရှေးဦးသက်ရှိများသည် ဤလောကကြီးအတွင်းတွင် တည်ရှိနေသည်မှာ အချိန်ကာလ မည်မျှထိကြာမြင့်ခဲ့ကြောင်း မသိနိုင်ချေ။
သူတို့သည် ရှေးဟောင်းခေတ်မှ နတ်ဆိုးများကို ထိန်းချုပ်နိုင်ခဲ့ပြီး ယခုအချိန်၌ သူတို့သည် ဤလောကကြီး၏ မိုးကောင်းကင်တာအိုကိုလည်း ထိန်းချုပ်နိုင်ပေ၏။
"ဘယ်သူမှ ငါ့လမ်းကို မတားဆီးနိုင်ဘူး.... ငါ့လမ်းကို ပိတ်ဆို့သူတိုင်း သေရမယ်"
လုယွီက အော်ဟစ်လိုက်သည်။
သူ၏ သွေးချီစွမ်းအားများသည် နဂါးတစ်ကောင်နှင့် တူညီနေကာ မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။ သူ၏ သွေးအနှစ်သာရ ရုပ်ခန္ဓာကိုယ်ခွန်အားနှင့် မှော်စွမ်းအားများအားလုံးကို အဆုံးစွန်ဆုံးအဆင့်ထိ စုစည်းထားပြီးဖြစ်သည်။
သူသည် ကောင်းကင်ဘုံနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား လေဟာနယ်အတွင်းတွင် မတ်တတ်ရပ်နေသည်။ လူတိုင်းသည် လုယွီ၏ အားကောင်းသော အရှိန်အဝါကို ခံစားမိပေ၏။ ဤအချိန်တွင် လူတိုင်း ထိတ်လန့်ကြောက်ရွံ့နေကြပြီး သူတို့သည် နတ်ဘုရားတစ်ပါးကို မြင်နေရသည့်အလားပင်။
"ဒါက လုယွီရဲ့ ခွန်အားအစစ်အမှန်ပဲ..."
ထန်ထိပ်သီးကျင့်ကြံသူများအားလုံး တုန်လှုပ်ချောက်ချားသွားပေ၏။
ဖိတ်ခေါ်ခံထားရသော အကြံပေးအရာရှိတချို့သည် ယခင်က အလွန်လှောင်ပြောင်ခဲ့ကြပြီး၊ လုယွီတစ်ဦးတည်းကို လူအများဖြင့်ကိုင်တွယ်ခြင်းသည် တရားလွန်ချဲ့ကားခြင်းဟု တွေးထင်ခဲ့ကြသည်။
သို့ရာတွင် ယခုအချိန်၌ လုယွီ၏စွမ်းအားကို မြင်တွေ့ပြီးနောက် ထိုလူများအားလုံး စကားမပြောနိုင်တော့ချေ။
"သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ....သူက ကောင်းကင်ဘုံကပ်ဘေးဒဏ်ကို လွတ်မြောက်ပြီးတာတောင် မကျေနပ်သေးဘူးလား" တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။
"သူ ဘာလုပ်နေလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ....သူက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိတောင် စိန်ခေါ်ရဲတယ်....သူက သေလမ်းရှာနေတာပဲ..မင်းတို့ စောင့်ကြည့်နေကြ...မိုးကောင်းကင်တာအိုကတောင် နတ်ဘုရားပုံရိပ်ကို ပြသခဲ့ပြီ.... လုယွီရဲ့လုပ်ရပ်တွေက မီးထဲကို ဆီလောင်းထည့်တာနဲ့ ဘာမှမထူးဘူး... သူဒီတစ်ခါတော့ သေမှာပဲ"
ကောင်းရှစ်ကျီးက အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
လုကျင်းရှန့်က စိုးရိမ်တကြီး ပြောဆိုသည်။
"အရှင်...အန္တရာယ်ရှိတယ်...."
လုယွီ မည်သည့်အရာအား ကြံစည်နေသည်ကို မည်သူမျှ မသိကြချေ။
လုယွီသည် ဖန်းနန်းတော်တွင် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သော ချင်အင်ပါယာ၏ သမိုင်းကြောင်းကို ပြန်မြင်ယောင်နေပေ၏။
'လောကက ငါ့ကို ရယ်မောတယ် ငါ့ကို ကဲ့ရဲ့တယ် ငါ့ကို အနိုင်ကျင့်တယ် ငါ့ကို အရှက်ခွဲတယ် ဒါပေမဲ့ ငါ လုပ်ရမှာကိုတော့ လုပ်ကိုလုပ်ရမယ်... ငါ လိပ်ပြာသန့်သန့် နေချင်တယ်'
လုယွီ၏ လှုပ်ရှားမှုများသည် အလွန်လျှင်မြန်ပေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မိုးကြိုးဒေါင်လိုက်မျက်လုံး၏ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
"နှိမ်နင်းစမ်း.. "
ကျယ်လောင်သောအသံတစ်သံက လေဟာနယ်အတွင်းမှ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
ဤသည်မှာ ဧရာမတောင်ကြီးတစ်လုံး ရုတ်တရက် လုယွီ၏ခေါင်းပေါ်သို့ ကျရောက်လာသည့်အလားပင်။ လုယွီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြီးမားသော ဖိအားအောက်တွင် ရှိနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
လုယွီသည် နောက်ထပ်သွေးတစ်လုတ် အန်ထုတ်လိုက်သော်လည်း သူ၏မျက်လုံးများသည် ယခင်ကဲ့သို့ တောက်ပနေဆဲပင်။
သူသည် အတိတ်က နွားရိုင်းစီးအဘိုးအို၏ နည်းလမ်းများကို ပြန်လည်အမှတ်ရလိုက်သည်။ ထိုအဘိုးအိုများ၏စကားလုံးများသည် စစ်မှန်သော ဥပဒေသဖြစ်ပေ၏။ သူ၏ရိုးရှင်းသော စကားတစ်ခွန်းဖြင့် ချင်အင်ပါယာတစ်ခုလုံး၏ ကံကြမ္မာကို ဖြတ်တောက်နိုင်သည်။
ယခုအချိန်၌ ဤရှေးဟောင်းသက်ရှိ၏ စွမ်းအားသည် အလွန်အမင်း အားနည်းနေပေ၏။
ဤသည်မှာ နှိမ်နင်းမှုတစ်ခုဖြစ်သော်လည်း လုယွီသည် ဖိအားအရှိန်အဝါကို ခံစားနေရသည့်တိုင် သူ့အား ခြေမွှဖျက်ဆီးနိုင်ခြင်း မရှိခဲ့ချေ။
"မင်းရဲ့ ပုံရိပ်ကို ဒီနေရာမှာမထုတ်ဖော်သင့်ဘူး... မျက်လုံးတစ်လုံးပဲ ဖြစ်နေရင်တောင်မှ ဒီနေရာကို မင်း မလာသင့်ဘူး"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒီနေ့ မင်းရဲ့မောက်မာမှုအတွက် တန်ကြေးပေးဆပ်ရမယ်"
လုယွီ၏ ခန္ဓာကိုယ်ပေါ်တွင် သင်္ကန်းတစ်ထည် ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ထိုသင်္ကန်းသည် မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး ရှေးဟောင်းစွမ်းအားတစ်ရပ် ဝိုးတဝါး ထွက်ပေါ်နေသည်။ အရပ်မျက်နှာအဘက်ဘက်မှ မိုးကြိုးများသည် နောက်ဆုတ်သွားပြီး အနီးသို့ မချဉ်းကပ်နိုင်တော့ချေ။
ဤသည်မှာ မပျက်စီးနိုင်သောသင်္ကန်းဟူသည့် မသေမျိုးအဆင့် မှော်လက်နက်ပင်။ ဤသင်္ကန်းသည် အစစ်အမှန်ဗုဒ္ဓမှ လုယွီကို ချီးမြှင့်ခဲ့သော မသေမျိုးအဆင့် မှော်လက်နက်များအနက်မှ တစ်ခုလည်း ဖြစ်သည်။ လုယွီသည် ထိုအရာကို ဝတ်ဆင်ပြီးနောက် မိုးကြိုးများ မထွင်းဖောက်နိုင်တော့ပေ။
လူများအားလုံး ထပ်မံ၍ ထိတ်လန့်ကြောက်ရွံသွားကြသည်။ လုယွီ ပိုင်ဆိုင်ထားသော မသေမျိုးအဆင့် မှော်လက်နက်အရေအတွက်သည် အလွန်များပြားပေ၏။
"လုယူစမ်း....."
ဤအသံသည် အေးစက်တင်းမာနေကာ အမြင့်မြတ်ဆုံး အရှိန်အဝါကို ပိုင်ဆိုင်ထားပုံရပြီး လုယွီ၏ခေါင်းပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။
ရုတ်ချည်းဆိုသလိုပင် မပျက်စီးနိုင်သော သင်္ကန်း၏အလင်းရောင်သည် ဝေဝါးပြီး မှိန်ဖျော့သွားသည်။
မိုးကြိုးလှိုင်းသည် လုယွီ၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ရိုက်ခတ်သွားပေ၏။ သူ၏အဝတ်အစားများသည် စုတ်ပြဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေသည်။
"မင်း မှော်မန္တန်တစ်ခုကို သုံးပြီးတိုင်း ပြန်ပြီးကောင်းမွန်လာဖို့ အချိန်လိုတယ်...ဒါက မင်းရဲ့အားနည်းချက်ပဲ"
မသေမျိုးအဆင့် မှော်လက်နက်တစ်ခု လုယွီ၏ လက်အတွင်းတွင် ထွက်ပေါ်လာသည်။ သူသည် သူ၏မှော်စွမ်းအားများကို ထိုအရာအတွင်းသို့ ထည့်သွင်းပြီး ရှေ့သို့ တွန်းပို့လိုက်သည်။
ထိုမသေမျိုးအဆင့် မှော်လက်နက်သည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပေ၏။ ထိုအရာသည် ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒဖြင့် အထက်သို့ ပျံသန်းသွားသည်။
ဤသည်မှာ အစစ်အမှန်ဗုဒ္ဓမှ လုယွီအား ပေးအပ်ခဲ့သော နောက်ဆုံး မသေမျိုးအဆင့် မှော်လက်နက်ပင်။
နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေး...
Chapter 4823
ရွှေရောင်အလင်းတန်းများသည် မိုးကောင်းကင်ယံတွင် ပြည့်နှက်နေပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
ဤသည်မှာ ရှေးဟောင်းအစစ်အမှန်ဗုဒ္ဓသည် လူ့လောကတွင် ပြန်လည်ထွက်ပေါ်လာသည့်အလားပင်။ ဗုဒ္ဓကျမ်းစာသံများ ထွက်ပေါ်နေကာ ရောင်စုံအလင်းတန်းများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ထူထပ်သိပ်သည်းသောကျမ်းစာစာလုံးများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံဝဲနေပြီး နဂါးများကဲ့သို့ ရှေ့နောက်လှည့်ပတ်နေကာ လောကတခွင်လုံးကို လင်းထိန်စေသည်။
ကြယ်နေများပေါ်တွင် သစ်ပင်ပန်းမန်များပွင့်လန်းလာပြီး သက်ရှိများအားလုံး ပြန်လည်ရှင်သန်လာကြသည်။ ဤသည်မှာ ရှေးဟောင်းအစစ်အမှန်ဗုဒ္ဓ၏ ပြန်လည်ထွက်ပေါ်လာခြင်းကို ကြိုဆိုနေသည့်အလားပင်။
နတ်ဆိုးနှိမ်နှင်းခြင်းတောင်ဝှေး၏ထိပ်ဖျားသည် တြိဂံပုံသဏ္ဍာန်ရှိပြီး အလယ်တွင် ဗုဒ္ဓဦးခေါင်းတော်သုံးခုကို ထွင်းထုထားသည်။ ဤအရာများအနက် တစ်ခုသည် ပြုံးနေသောမျက်နှာ တစ်ခုသည် ဒေါသထွက်နေသောမျက်နှာ တစ်ခုသည် ကြိမ်းမောင်းနေသောမျက်နှာပင်။ ဤအရာကို သာလွန်ထူးကဲသော ပစ္စည်းများဖြင့် သန့်စင်ထားပြီး ဗုဒ္ဓဂိုဏ်း၏ထိပ်သီးကျင့်ကြံသူ အမြောက်အများမှ အားဖြည့်ပေးထားသည်။ ဤအရာ၏ မျက်နှာပြင်တွင် မရေမတွက်နိုင်သော ကျမ်းစာစာလုံးများကို ရေးထွင်းထားပေ၏။
ကြီးမားကျယ်ပြန့်သော ကျမ်းစာရွတ်ဆိုသံများ လေထုအတွင်းတွင် ပဲ့တင်ထပ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးသည် ဒေါင်လိုက်မျက်လုံးအတွင်းသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။
ဘုန်း...ဘုန်း...ဘုန်း....
ရုတ်ချည်းဆိုသလိုပင် မိုးကြိုးမုန်တိုင်းများ လေမုန်တိုင်းများ စိတ်ဝိညာဉ်စွမ်းအားမုန်တိုင်းများနှင့် တခြားပေါက်ကွဲသံများ အတူတကွ ရောယှက်သွားပြီး နားကွဲလုမတတ် ဆူညံနေသည်။
နှစ်ဖက်စစ်တပ်မှ စစ်သားများသည် အဝေးတွင် ရှိနေသော်လည်း သူတို့သည် ကျယ်လောင်သော ပေါက်ကွဲသံ၏ သက်ရောက်မှုကို ခံနေရဆဲပင်။ ဤသည်ကြောင့် သူတို့ကို သွေးအန်ပြီး မူးဝေသွားစေသည်။
မိုးကောင်းကင်ယံသည် ပြိုကျတော့မည့်အလား ဖြစ်နေကာ တိမ်မည်းများသည် ရုတ်တရက် သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကောင်းကင်ယံမှ သွေးမျက်ရည်ကျနေသည့်အလားပင်။
နက်ရှိုင်းသော လေဟာနယ်အတွင်းမှ ဒေါသတကြီးဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ ဒေါင်လိုက်မျက်လုံးသည် ရုတ်တရက် ပိတ်သွားလေ၏။ ထို့နောက် သွေးစီးကြောင်းတစ်ကြောင်းသည် ဒေါင်လိုက်မျက်လုံးမှ ယိုစီးကျလာသဖြင့် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
လုယွီသည် အလွန်ခက်ခဲစွာဖြင့် ရှေ့သို့တိုးလာသည်။ နောက်ဆုံးတွင် သူသည် ဒေါင်လိုက်မျက်လုံးရှိ ရှေးဦးသက်ရှိကို ပြင်းထန်သောထိုးနှက်ချက်တစ်ခု ပေးနိုင်ခဲ့သည်။
နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးသည် အလွန်ထက်ရှပြီး ဒေါင်လိုက်မျက်လုံးအတွင်းသို့ အတင်းအကြပ် ထိုးဖောက်ဝင်ရောက်သွားသည်။ ဒေါင်လိုက်မျက်လုံးတစ်ခုလုံး ချက်ချင်း ပိတ်သွားပြီး ယခင်က ဖျက်ဆီးခြင်းစွမ်းအားသည် ပျောက်ကွယ်သွားပေ၏။
"လုယွီက ဘာလုပ်လိုက်တာလဲ"
"သူ... သူက မိုးကောင်းကင်တာအိုကို ဒဏ်ရာရစေခဲ့တယ်"
ကြည့်ရှုနေသူများအားလုံး မှင်တက်သွားကြသည်။ သူတို့ရှေ့မှ မြင်ကွင်းသည် သူတို့၏နားလည်နိုင်မှုထက် ကျော်လွန်သွားခဲ့သည်။
ထန်ထိပ်သီးကျင့်ကြံသူတချို့သည် သူတို့၏မေးစေ့ပေါ်မှ မုတ်ဆိတ်မွှေးများကို ဆွဲနှုတ်လိုက်ကာ နာကျင်မှုကို ခံစားရသော်လည်း သူတို့သည် အံ့အားသင့်တုန်လှုပ်နေဆဲပင်။
မိုးကောင်းကင်တာအိုသည် မြင့်မြတ်ပြီး မည်သူမျှ မလှုပ်ခတ်နိုင်ချေ။
ဤသည်မှာ ကျင့်ကြံသူများအားလုံး၏ သဘောတူညီချက်ဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူများပင်လျှင် မိုးကောင်းကင်တာအို၏ အရှိန်အဝါကို ကြောက်ရွံ့ကြမည်။ ပုံမှန်အားဖြင့် သူတို့၏စွမ်းအားများကို ထုတ်ဖော်ဝံ့မည်မဟုတ်ဘဲ သူတို့ကိုယ်သူတို့ ဖုံးကွယ်ရန် နည်းလမ်းတချို့ကိုသာ အသုံးပြုကြလိမ့်မည်။
သို့ရာတွင် လုယွီမှ သူ၏ကောင်းကင်ဘုံကပ်ဘေးဒဏ်ကို ရင်ဆိုင်ခဲ့သည့်နည်းလမ်းသည် လူတိုင်းအား အမြင်ကျယ်စေခဲ့သည်။
လုယွီသည် ထိုသို့သော သတ္တိမျိုးကို မည်သည့်နေရာမှ ရခဲ့သနည်း။ သူသည် မိုးကောင်းကင်တာအိုကိုပင် တိုက်ခိုက်ဝံ့ပေ၏။
မိုးကောင်းကင်ယံအထက်တွင် ဟိန်းဟောက်သံများ ပို၍ပို၍ ကျယ်လောင်လာသည်။
ဤသည်မှာ ဆောင်းခိုနေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်သည် ရုတ်တရက် တစ်စုံတစ်ယောက်၏ လှုပ်နှိုးခြင်းကို ခံလိုက်ရသဖြင့် ဒေါသတကြီးဟိန်းဟောက်သံ ထွက်ပေါ်လာသည့်အလားပင်။
ရှေးဟောင်းသက်ရှိသည် ဒေါသထွက်သွားလေပြီ။ သူသည် လုယွီကို တိုက်ခိုက်ရန်အတွက် ဥပဒေသစွမ်းအားများကို ထပ်မံ၍ အသုံးပြုရန် ကြံစည်ခဲ့သည်။
သို့ရာတွင် လုယွီသည် သူ့အား ဤအခွင့်အရေးကို မည်သည်ကြောင့် ပေးမည်နည်း။ သူသည် သူ၏လက်ချောင်းကို မြှောက်ကာ "ပေါက်ကွဲစမ်း"ဟု အော်ဟစ်လိုက်သည်။
နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးသည် လုယွီ၏ အသံကို ကြားပြီးနောက် ပြင်းထန်စွာ တုန်ခါစပြုလာသည်။ ထူထပ်သိပ်သည်းသော ရွှေရောင်ကျမ်းစာစာလုံးများသည် တောက်ပစွာ လင်းလက်လာပြီး ပြင်းထန်သော စွမ်းအင်တစ်ရပ်က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
လုယွီသည် ဗုဒ္ဓ၏ ကျင့်ကြံနည်းများကို မသိသောကြောင့် သူသည် နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေး၏ အကြီးမားဆုံးစွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိချေ။
သို့ရာတွင် ဤသည်မှာ သူ့အား နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးကို စတေးခြင်းမှ မတားဆီးနိုင်ခဲ့ပေ။
လူတိုင်းသည် သူတို့၏အမြင်အာရုံ အဖြူရောင်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး လောကကြီးတခွင်လုံး လင်းထိန်သွားသည့်အလားပင်။ မျက်စိကျိန်းလောက်အောင် တောက်ပသော အဖြူရောင်အလင်းတန်းသည် သူတို့၏အမြင်အာရုံကို လုံးလုံးလျားလျား သိမ်းပိုက်သွားပြီး သူတို့သည် တခြားမည်သည့်အရာကိုမျှ မမြင်နိုင်တော့ချေ။
"သူ... သူက မသေမျိုးအဆင့် မှော်လက်နက်ကို တကယ်ကြီး ဖောက်ခွဲပစ်လိုက်တာပဲ..."
"လုယွီက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာ....မိုးကောင်းကင်မှာ ဘယ်လို တည်ရှိမှုမျိုး ပုန်းအောင်းနေတာလဲ"
လူတိုင်း အန္တရာယ်အတွင်းသို့ ကျရောက်နေကြသည်။ သူတို့သည် ကာကွယ်ရန်အတွက် မှော်နည်းစနစ်ကို အစွမ်းကုန်အသုံးပြုလိုက်ကြသည်။ တစ်ချိန်ီတည်းတွင် သူတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏။
မသေမျိုးအဆင့် မှော်လက်နက်၏ ပေါက်ကွဲမှုသည် သေးငယ်သောကိစ္စမဟုတ်ချေ။
ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် အမြင့်ဆုံးအရည်အသွေးရှိသော မှော်လက်နက်တစ်ခုအနေဖြင့် မသေမျိုးအဆင့် မှော်လက်နက်တိုင်းတွင် ပြင်းထန်သော ဖျက်ဆီးစွမ်းအားတစ်ရပ် ပါဝင်သည်။
တစ်ချိန်က မသေမျိုးအဆင့် မှော်လက်နက်တစ်ခုကို ပိုင်ဆိုင်သော လူတစ်ဦး ရှိခဲ့သည်။ သူ လိုက်လံသတ်ဖြတ်ခံနေရချိန်တွင် သူသည် ထိုမသေမျိုးအဆင့် မှော်လက်နက်ကို ဖောက်ခွဲပြီး ကြယ်နယ်မြေတစ်ခုလုံးကို အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲခဲ့သည်။
Chapter 4824
ဤဖျက်ဆီးအားသည် ထိတ်လန့်ဖွယ်ကောင်းပေ၏။
"ငါ သိပြီ...လုယွီက ငါတို့နဲ့အတူ သေချင်နေတာပဲ..."
"သူက ရက်စက်တဲ့လူပဲ...သူ့ရဲ့မသေမျိုးအဆင့် မှော်လက်နက်ကိုတောင် ဖောက်ခွဲလိုက်တယ်" တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်ပြီး၊ သူ၏စိတ်နှလုံးသား တုန်ရီနေသည်။
မသေမျိုးလက်နက်တစ်ခု ရုတ်တရက် ပေါက်ကွဲသွားသည်။ ထိုအရာမှ ထုတ်လွှတ်လိုက်သော စွမ်းအားသည် ဤသေးငယ်သော အမည်မရှိကြယ်မှ တောင့်မခံနိုင်သောအရာဖြစ်သည်။
သို့ရာတွင် သူတို့သည် ဤအမည်မရှိသော ကြယ်နှင့်အတူ အတိုင်းအဆမဲ့သော ကြယ်မြစ်ကြီးအတွင်းတွင် မြှုပ်နှံခြင်းခံရနိုင်သည်။
"မသေမျိုးအဆင့် မှော်လက်နက်အားလုံးကို ထုတ်လိုက်စမ်း"
လီမီက အော်ဟစ်လိုက်သည်။
သူသည် ထိုတိုက်ခိုက်မှုကို ဦးဆောင်ခဲ့ကာ သူ၏လက်ချောင်းများကို ပူးကပ်ပြီး မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။ ကောင်းကင်ဘုံဧကရာဇ်မှန်သည် တဝုန်းဝုန်းမြည်လာပြီး ထန်အင်ပါယာမှ လူများကို ကာကွယ်ပေးလိုက်သည်။
တခြားကျင့်ကြံသူများသည်လည်း သူတို့၏မှော်ရတနာများကို ထုတ်ယူလိုက်ကြသည်။
နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးသည် ပေါက်ကွဲသွားပြီး ထွက်ပေါ်လာသောစွမ်းအားသည် ကောင်းကင်ကို ဖျက်ဆီးပြီး မြေပြင်ကို ပြိုကျစေရန် လုံလောက်လုနီးပါးပင်။
လုကျင်းရှန့်သည်လည်း ပုန်းကွယ်နဂါးစစ်တပ်ကို အဝေးသို့ ခေါ်ဆောင်သွားသည်။
သူတို့ထံတွင် မသေမျိုးအဆင့် မှော်လက်နက်များနှင့် မှော်ရတနာများစွာ မရှိသော်လည်း သူတို့ကို ကာကွယ်ရန် စစ်သင်္ဘောများ ရှိသည်။ စစ်သင်္ဘောများသည် သူတို့ရှေ့တွင် ရပ်တန့်သွားပြီး စစ်သင်္ဘောများ၏သံချပ်ကာများမှ တဝုန်းဝုန်းမြည်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။
သို့ရာတွင် နောက်ထပ်ဖြစ်လာသော ကိစ္စသည် လူတိုင်း၏ မျှော်လင့်ချက်များထက် ကျော်လွန်နေပေ၏။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် မိုးကောင်းကင်ယံတွင် ဆက်လက်၍ ပဲ့တင်ထပ်နေသော်လည်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ်၏ ပိတ်ဆို့ခြင်းကို ခံနေရပုံရပြီး အမှန်တကယ် မပေါက်ကွဲနိုင်ချေ။
ဤအချိန်တွင် လုယွီသည် ထိုအရာကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
သူသည် မိုးကောင်းကင်နှင့် အနီးဆုံးဖြစ်သဖြင့် ရှေးဟောင်းသက်ရှိများ၏ လမ်းကို ပိတ်ဆို့နေသော ကြီးမားသည့် အလင်းမျက်နှာပြင်တစ်ခု ရှိနေသေးသည်ကို သူ၏မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့သည်။
ဤအလင်းကန့်လန့်ကာများကို မရေမတွက်နိုင်သော ရှေးဟောင်းချိတ်စည်းတံဆိပ်များဖြင့် တည်ဆောက်ထားပေ၏။ ထိုအရာမှနေ၍ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သော အလင်းတန်းများကို ဝိုးတဝါး ထုတ်လွှတ်နေသည်။ ဤအလင်းတန်းများသည် မျက်စိကျိန်းလောက်အောင် တောက်ပသည်။
ရှေးဦးသက်ရှိသည် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သော်လည်း သူ တန်ပြန်လိုက်သော တိုက်ခိုက်မှုများသည် ထိုအလင်းမျက်နှာပြင်၏ ဝါးမြိုခြင်းကို ခံခဲ့ရသည်။
ဒေါသတကြီးဟိန်းဟောက်သံများ တစ်သံပြီးတစ်သံ ကြားလိုက်ရသော်လည်း သူသည် လုယွီကို ထိခိုက်အောင် မလုပ်နိုင်တော့ချေ။
"လူသားဧကရာဇ်..."
လုယွီက တီးတိုးရေရွတ်လိုက်သည်။
သူသည် အလင်းမျက်နှာပြင်ပေါ်မှ လူသားဧကရာဇ်၏ စွမ်းအားကို ခံစားမိသည်။
နောက်ဆုံး လူသားဧကရာဇ်သည် သူ၏ခန္ဓာကိုယ်ကို တန်ကြေးအဖြစ် အသုံးပြုကာ ရှေးဦးသက်ရှိများကို နှိမ်နင်းခဲ့သည်။
နွားစီးနေသော အဘိုးအိုတစ်ဦးတည်းသာမက ရှေးဦးသက်ရှိသတ္တဝါများ ပို၍ပင် ကျန်ရှိနေသေးသည်။ လူသားဧကရာဇ်ကြောင့် သူတို့သည် ကောင်းကင်ဘုံနယ်မြေကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
သူတို့သည် အမှောင်ထုအတွင်းတွင် ပုန်းအောင်းနေသော အရိပ်များကဲ့သို့ ဤလောကကြီးတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို စောင့်ကြည့်နေကြသည်။
လုယွီသည် ရှေးဟောင်းသက်ရှိကို ထိခိုက်စေနိုင်သော်လည်း ကန့်သတ်ချက်အမျိုးမျိုးကြောင့် ရှေးဟောင်းသက်ရှိသည် သူ့အား ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ဤသည်မှာ မမျှတသော တိုက်ပွဲတစ်ခုကဲ့သို့ ဖြစ်သော်လည်း လူသားဧကရာဇ်သည် ဤအတွက် မည်သို့သော တန်ကြေးကို ပေးဆပ်ခဲ့ရသည်အား လုယွီတစ်ဦးတည်းသာ သိသည်။
"နှစ်ပေါင်းတစ်သောင်းကြာပြီးတဲ့နောက်မှာတောင် မင်းက လူသားမျိုးနွယ်ကို ကာကွယ်နေတုန်းပဲ"
လုယွီက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။ သူ၏စိတ်နှလုံးသားအတွင်းတွင် ဖော်ပြရန်မစွမ်းသော ဝမ်းနည်းမှုတစ်ခု ရှိနေသည်။
လူသားမျိုးနွယ်၏ အနာဂတ်အတွက် သူ့ကိုယ်သူ စတေးခဲ့သည့် ထိုသို့သော ထိပ်သီးတည်ရှိမှုကြီးတစ်ဦး ရှိခဲ့သည်ကို မည်သူမျှ မသိကြပေ။
သူ၏ဇာတ်လမ်းသည် မှောင်မိုက်ပြီး နေရောင်မရှိသော နတ်ဆိုးမြေကြီးအတွင်းတွင် မြှုပ်နှံခံခဲ့ရသည်။ ချင်အင်ပါယာ၏ ဂုဏ်ကျက်သရေသည်လည်း သဲဝါများဖြင့် ဖုံးလွှမ်းခံခဲ့ရလေ၏။
လုယွီသည် လူသားဧကရာဇ်နှင့် အဆက်အဆံများစွာ မရှိခဲ့သော်လည်း လူသားဧကရာဇ် ထွက်ပေါ်လာခဲ့သော နှစ်ကြိမ်စလုံးတွင် သူ အလွန်ထိတ်လန့်တုန်လှုပ်ခဲ့သည်။
လုယွီအတွက် လူသားဧကရာဇ်သည် အကြီးအကဲ ဆရာသခင်နှင့် လမ်းညွှန်ပေးသူဖြစ်သည်။ ဤသည်မှာ သူ့အား ဤလောက၏ အမှန်တရားကို ထိုးထွင်းမြင်နိုင်စေခဲ့ကာ သူ၏ယခင်ဘဝတွင် မကြုံတွေ့ခဲ့ဖူးသောအရာပင်။
မိုးကောင်းကင်ယံရှိ ပေါက်ကွဲသံသည် နားကွဲလုမတတ် ဆူညံနေသည်။
မသေမျိုးလက်နက်၏ ပေါက်ကွဲမှုစွမ်းအားသည် ကောင်းကင်ရှိ မိုးကြိုးဒေါင်လိုက်မျက်လုံးကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့သည်။ ရှေးဦးသက်ရှိသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေ၏။ သူ့ထံမှ ဒေါသတကြီးဟိန်းဟောက်သံအနည်းငယ် ထွက်ပေါ်လာပြီးနောက် သူ ဖိနှိပ်ခံလိုက်ရသည်။
မိုးကြိုးဒေါင်လိုက်မျက်လုံး ပျောက်ကွယ်သွားသည့်အချိန်တွင် အလင်းတန်းတစ်တန်းကတိမ်တိုက်များကို ဖြတ်သန်းပြီး လုယွီ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာသည်။
အဖြူရောင်ကြိုးကြာငှက်များသည် တစ်ချိန်တည်းတွင် ပျံသန်းနေကြပြီး အော်မြည်သံများ ထွက်ပေါ်နေသည်။ လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်သည် မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး အလင်းတန်းပေါင်း သောင်းနှင့်ချီ၍ ရှိသည်။ မိုးကောင်းကင်ယံရှိ ထူးဆန်းသော သဘာဝလွန်ပုံရိပ်များအားလုံးသည် လုယွီ၏နောက်သို့ ပြန်လည်ရောက်ရှိသွားပေ၏။ သူသည် ကောင်းကင်တွင် ကောင်းကင်ဘုံဧကရာဇ်ကဲ့သို့ ရပ်တည်နေပြီး စကြဝဠာနှင့် မိုးကောင်းကင်သည် သူ၏လက်အတွင်းတွင် ရှိနေသည့်အလားပင်။
အရပ်လေးမျက်နှာတွင် မသေမျိုးဗုံသံများကို ကြားနေရပြီး မှော်ခရုသင်းများ မှုတ်နေကြကာ ဤလောကကြီးသို့ နောက်ထပ်အစစ်အမှန်အင်မော်တယ်တစ်ဦး ရောက်ရှိလာခြင်းကို ကြိုဆိုနေကြသည်။
ဤနေ့တွင် လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ တက်လှမ်းခဲ့ပြီး "စစ်မှန်သောဧကရာဇ်"နယ်ပယ်သို့ ရောက်ရှိခဲ့သည်။
Chapter 4825
မရေမတွက်နိုင်သော လူများသည် မိုးကောင်းကင်ယံရှိ လူငယ်ကို မော့ကြည့်နေကြ၏။
လုယွီထံတွင် နတ်ဘုရားစွမ်းအားတစ်ခု ရှိနေပြီးသူ့ကို ကြည့်မိသော မည်သူကိုမဆို ထိတ်လန့်ကြောက်ရွံ့စေသည်။ အတိုင်းအဆမဲ့သော ထိတ်လန့်ကြောက်လန့်မှုသည် သူတို့၏စိတ်နှလုံးသားများအတွင်းတွင် မွေးဖွားလာသည်။
ဤသည်မှာ အစစ်အမှန်အင်မော်တယ်တစ်ဦးနှင့် ရင်ဆိုင်ရချိန်၌ အတုအယောင်အင်မော်တယ်တစ်ဦး ရရှိသော ခံစားချက်ပင်။
ပုန်းကွယ်နဂါးစစ်တပ်မှ အားပေးသံတစ်သံ ထွက်ပေါ်လာသည်။ လုကျင်းရှန့်နှင့် စစ်ဗိုလ်ချုပ်များအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် သူတို့၏လက်သီးများကို ဆုပ်ထားကြပြီး သူတို့၏မျက်နှာများတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
လုယွီသည် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး သူ၏စွမ်းအားသည် အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားကြောင်း သက်သေပြလိုက်သည်။ သူတို့အတွက် ဤသည်မှာ အလွန်ကောင်းမွန်သည့်အရာပင်။
နှိုင်းယှဉ်ကြည့်လျှင် ထန်ထိပ်သီးကျင့်ကြံသူများသည် တိတ်ဆိတ်ခြင်းသို့ ကျရောက်သွားကြသည်။
"ငါ့ကို ဘယ်သူ တိုက်ခိုက်ရဲလဲ"
လုယွီသည် လမ်းလျှောက်လာရင်း ထန်ထိပ်သီးကျင့်ကြံသူများကို အေးစက်စက် စူးစိုက်ကြည့်လိုက်သည်။
ထန်ထိပ်သီးကျင့်ကြံသူများ၏ မျက်လုံးများအတွင်းတွင် သူတို့ရှေ့မှ လူသည် လူငယ်တစ်ဦးမဟုတ်ဘဲ အချိန်ကြာမြင့်စွာ နာမည်ကျော်ကြားခဲ့သော မွန်းစတားအိုကြီးတစ်ယောက် တဖြည်းဖြည်း ချဉ်းကပ်လာသည့် အလားပင်။
သူ့ရှေ့တွင် ထန်ထိပ်သီးကျင့်ကြံသူ နှစ်ဆယ်ကျော် ရှိနေပြီး တစ်ဦးချင်းစီသည် မိုးထိမြင့်လုမတတ် မြင့်မားသည့် ကျင့်ကြံဆင့်စွမ်းအားရှိသော ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံသူများဖြစ်သည်။
သို့ရာတွင် သူတို့သည် လုယွီနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် သူ့အား ဝန်းရံနေရပုံမပေါ်ဘဲ သူ၏ ခြိမ်းခြောက်ခြင်းကို ခံနေသည့်အလားပင်။
ဝုန်း
မမြင်နိုင်သော ဖိအားတစ်ရပ် သူတို့အပေါ်သို့ ကျရောက်လာပြီး ထန်ထိပ်သီးကျင့်ကြံသူတချို့သည် ထိတ်လန့်တကြားဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကြသည်။
"ကောင်းရှစ်ကျီး....မင်း ငါ့ကို သတ်ချင်တယ်လို့ ပြောခဲ့တာ မဟုတ်လား..ငါ ဒီမှာပဲ...မင်း လုပ်လို့ရပြီ"
လုယွီသည် ကောင်းရှစ်ကျီးကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သူ၏မျက်လုံးအကြည့်သည် စူးရှနေကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"လုယွီ...."
ကောင်းရှစ်ကျီး၏ မျက်လုံးများအတွင်းတွင် ဒေါသအရိပ်အယောင်တစ်ခု ထင်ဟပ်လာပြီး သူသည် သူ၏ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း သူ မတိုက်ခိုက်သေးချေ။
သူသည် မာနကြီးသော်လည်း မိုက်မဲသူမဟုတ်ပေ။ လုယွီ၏ကျင့်ကြံဆင့်စွမ်းအားသည် နောက်တစ်ဆင့်သို့ သေချာပေါက် တက်လှမ်းသွားပြီကို သူ ကောင်းစွာသိရှိပေ၏။
သူတို့သည် လုယွီကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ သူသည် ကျင့်ကြံမှုအလယ်တွင် ရှိနေပြီး မတုံ့ပြန်နိုင်သောကြောင့်ပင်။
ယခုချိန်၌ လုယွီသည် သူ၏ကျင့်ကြံမှုအခြေအနေမှ နိုးထလာခဲ့သည်။ လူတိုင်းသည် သူ့ထံမှ အဆုံးမရှိသော ဖိအားကို ခံစားနိုင်သည်။ သူတို့သည် ယခင်ကဲ့သို့ တည်ငြိမ်မှုမရှိတော့ချေ။
"သူက တစ်ယောက်တည်းပဲ....သူက ခုလေးတင် ကျင့်ကြံဆင့် ချိုးဖျက်ခဲ့တာ..... သူ့ရဲ့ကျင့်ကြံဆင့်နယ်မယ်က တည်ငြိမ်သေးမှာမဟုတ်ဘူး.... ငါတို့ ဒီအခွင့်အရေးကိုယူပြီး သူ့ကို သတ်နိုင်တယ်"
ထန်ထိပ်သီးကျင့်ကြံသူတစ်ဦး ရှေ့သို့ထွက်လာသည်။
ဤသည်မှာ ထန်တော်ဝင်နန်းတော်မှ အကြံပေးအရာရှိတစ်ဦးပင်။ သူသည် ယခင်က တိုက်ပွဲတွင် မပါဝင်ခဲ့ဖူးဘဲ စစ်ကူတပ်အဖြစ် ရှေ့တန်းသို့ ပြောင်းရွှေ့ခံထားရသူဖြစ်သည်။
"အကြီးအကဲကျန့် သတိထားပါ....အဲ့ဒီကောင်လေးရဲ့ ခွန်အားက ထူးဆန်းတယ်"
လီမီက သတိပေးလိုက်သည်။
"အကြီးအကဲကျန့်" ဟုခေါ်သော အဘိုးအိုက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"သူ့ရဲ့မသေမျိုးအဆင့် မှော်လက်နက်တွေက စွမ်းအားတွေ ဆုံးရှုံးသွားပြီ...အခုက သူ့ကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲ... သူက သူ့ရဲ့မသေမျိုးအဆင့် မှော်လက်နက်တွေရဲ့ စွမ်းအားကိုပဲ အားကိုးနေတာ... မသေမျိုးအဆင့် မှော်လက်နက်မရှိတော့တဲ့ ကောင်လေးတစ်ယောက်က ဘာမှမဟုတ်ဘူး"
အကြီးအကဲကျန့်၏ စကားများတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေပြီး သူ့ထံ၌ လုယွီအပေါ် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
လုယွီ ချဉ်းကပ်လာသည်ကို မြင်ချိန်တွင် သူ၏မောက်မာထောင်လွှားသော မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ် ရုတ်တရက် ဖြတ်ပြေးသွားသည်။ သူသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်အတွင်းတွင် အဆောင်လက်ဖွဲ့တစ်ခု ထွက်ပေါ်လာသည်။ သူသည် သူ၏မှော်စွမ်းအားများကို ထိုအရာအတွင်းသို့ ထည့်သွင်းပြီး ထုတ်လွှတ်လိုက်သည်။
ထိုစိတ်ဝိညာဉ်အဆောင်လက်ဖွဲ့သည် အနက်ရောင်ဖြစ်ပြီး ထူထပ်သိပ်သည်းသော သွေးချီများဖြင့် ဝန်းရံထားသည်။ ဤအရာသည် ဓားအိမ်မှ လောလောလတ်လတ် ထုတ်ထားသော ထက်ရှသည့် ဓားတစ်လက်နှင့်တူသည်။
ဤသည်မှာ အထွတ်အထိပ်အဆင့် မဟာဖျက်ဆီးခြင်းအဆောင်လက်ဖွဲ့ပင်။
ဤအရာနှင့်တူညီစွာ မဟာမိုးမြေအဆောင်လက်ဖွဲ့ မဟာမီးလျှံအဆောင်လက်ဖွဲ့ မဟာအေးခဲအဆောင်လက်ဖွဲ့ စသည်တို့အားလုံးသည် အထွတ်အထိပ်အဆင့်တွင် ပါဝင်သည်။ ထိုအရာကို တာအိုသခင်တစ်ဦး၏ စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ခုနှင့် ပေါင်းစပ်ထားပေ၏။
ဤအဆောင်လက်ဖွဲ့သည် ထိုတိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်သည်။ ထိုအရာသည် မသေမျိုးအဆင့် မှော်လက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သော်လည်း ပုံမှန်အားဖြင့် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ထို့ပြင် သန့်စင်နည်းသည် အလွန်ခက်ခဲသောကြောင့် ထိုအဆောင်လက်ဖွဲ့မျိုးသည် အလွန်ရှားပါးပေ၏။
"သူက အဆောင်လက်ဖွဲ့ကို တကယ်ကြီး သုံးခဲ့တာပဲ...ယုတ်မာလိုက်တာ....."
"အဘိုးကြီး... မင်းမှာ အရည်အချင်းရှိရင် ဘာလို့ ငါနဲ့ ထိပ်တိုက်မတိုက်ခိုက်တာလဲ"
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်စုက ကျိန်ဆဲလိုက်ကြသည်။ ဤအဘိုးအိုသည် အလွန်အမင်း အရှက်မရှိချေ။
ဤသည်မှာ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အဆောင်လက်ဖွဲ့သည် လုယွီ၏ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
သို့ရာတွင် ထိုအချိန်မှာပင် လုယွီ၏ ပုံရိပ်သည် သူ မတ်တတ်ရပ်နေသောနေရာမှ ပျောက်ကွယ်သွားသည်။
"အမ်..."
အကြီးအကဲကျန့် တုန်လှုပ်ချောက်ချားသွားသည်။ သူသည် သူ၏ဦးခေါင်းအထက်မှ ပြင်းထန်သောလေလှိုင်းတစ်ရပ် လာနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
Thank For Reading.