အခန်း (၄၈၂၆-၄၈၃၀)
Vol. 245 Ch. 4826-4830
Chapter 4826
အကြီးအကဲကျန့်က သူ၏ခေါင်းကို မော့ကြည့်လိုက်ရာ လုယွီကို သူ၏အထက်ရှိ လေထုအတွင်းတွင် တွေ့လိုက်ရသည်။
အကြီးအကဲကျန့်သည် ဤမြင်ကွင်းကို မြင်ချိန်၌ ထိတ်လန့်သွားပေ၏။ သူသည် အစောပိုင်းက လုယွီကို အလစ်အငိုက်ဖမ်းကာ မဟာဖျက်ဆီးခြင်း အဆောင်လက်ဖွဲ့ဖြင့် ချေမှုန်းလိုခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ လုယွီ၏ တုံ့ပြန်မှုအရှိန်နှုန်းသည် အလွန်လျှင်မြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းသွားခဲ့သည်။
"ဘန်း..."
လုယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရှေးနတ်ဘုရား မိုးကောင်းကင်ကို ခြေဆောင့်နင်းခြင်း နည်းစနစ်ကို အသုံးပြုလိုက်သည်။
ဆူပွက်နေသော သွေးချီစွမ်းအားများ သူ၏ခန္ဓာကိုယ်မှ တလိမ့်လိမ့်ထလာသည်။ ဤသည်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဆင်းသက်လာသည်နှင့် တူညီနေပြီး ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားသည်။
အကြီးအကဲကျန့်၏ ခန္ဓာကိုယ်ပေါ်မှ မှော်စွမ်းအားအကာအကွယ်သည် ချက်ချင်းပင် ကြေမွှပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ မရေမတွက်နိုင်သော သွေးကြောများ ပြတ်တောက်သွားသည်။ သူ၏ အရေပြားမှ သွေးများစိမ့်ထွက်လာပေ၏။။
ဘုန်း....
လုယွီက လက်ဝါးကို မြှောက်ကာ အကြီးအကဲကျန့်၏ ရင်ဘတ်ကို ရိုက်လိုက်ပြီး သူ၏ နှလုံးသားကို ချက်ချင်း ကြေမွသွားစေသည်။
အကြီးအကဲကျန့်၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်ကာ မိုးကောင်းကင်ယံမှ ပြုတ်ကျသွားပြီး နေရာတွင်ပင် သေဆုံးသွားသည်။
ဤအကြီးအကဲကျန့်သည်လည်း ထန်အင်ပါယာမှ ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်ပြီး နယ်မြေသခင်နယ်ပယ် အဋ္ဌမအဆင့်တွင်ရှိကာ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို ပိုင်ဆိုင်ထားသည်။ သို့ရာတွင် လုယွီ၏ ရှေ့တွင် သူသည် ပြိုင်ဘက်မဟုတ်ချေ။။
လုယွီ၏ အမူအယာသည် အေးစက်နေပြီး ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်သည့်အလားပင်။ သူက နံဘေးပတ်လည်ကို ကြည့်ပြီး မေးမြန်းလိုက်သည်။
"ဘယ်သူရှိသေးလဲ...."
ထန်ထိပ်သီးကျင့်ကြံသူများအားလုံး စိတ်ပျက်လက်ပျက်ဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။
လုယွီ ကျင့်ကြံနေစဉ်တွင် သူတို့သည် သူ့ကို တိုက်ခိုက်သတ်ဖြတ်ရန် သတ္တိရှိခဲ့ကြသည်။
သို့ရာတွင် ယခုချိန်၌ လုယွီသည် အောင်မြင်စွာ ကျင့်ကြံဆင့် ချိုးဖြတ်နိုင်ခဲ့လေ၏။ သူတို့သည်လွှမ်းမိုးချုပ်ကိုင်ခြင်း ခံနေရသည်ဟု ခံစားရပြီး သူ့ကို တိုက်ခိုက်ရန် မဝံ့ရဲကြတော့ချေ။
"အတူတူ တိုက်ခိုက်ကြစမ်း...သူ့ကို အသက်ရှင်ဖို့ အခွင့်အရေးမပေးနဲ့"
လီမီက မျက်မှောင်ကြုတ်ပြီး အော်ဟစ်လိုက်သည်။
သူသည် တခြားထန်ထိပ်သီးကျင့်ကြံများ၏ မျက်နှာများပေါ်မှ တွေဝေတုံ့ဆိုင်းမှုများကို မြင်နိုင်ပေ၏။ သူတို့သာ ဤအချိန်တွင် ပြတ်သားစွာ မလုပ်ဆောင်နိုင်ပါက သူတို့၏ စိတ်ဓာတ်သည် ကျဆင်းသွားမည်မှာ အနှေးနှင့်အမြန်ပင်။
သူတို့သည် ဤတိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်ရပေမည်။
လီမီက သူ၏ လက်ချောင်းများဖြင့် လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းပြီး အော်ဟစ်လိုက်သည်။
"တာအိုနည်းစနစ်....စကြဝဠာအင်္သချေစစ်သည်တော် နည်းစနစ်.... လက်နက်တွေအားလုံးကို ထိန်းချုပ်ပြီး ငါ့အတွက် တိုက်ခိုက်စမ်း"
သူ၏ရှေ့တွင် လက်နက်ပေါင်း သောင်းနှင့်ချီ၍ ရှိနေပြီး ဓားများ လှံများနှင့် လှံရှည်များ ဖြစ်ကြသည်။ ထိုအရာများအားလုံးသည် လီမီ၏ ရှေ့တွင် ပျံဝဲနေပြီး တစ်ခုချင်းစီသည် လောကကြီးအတွင်းတွင် ရှားပါးသော မှော်ရတနာများ ဖြစ်ပေ၏။
ဤမှော်ရတနာများတွင် စစ်မှန်သော အကောင်အထည်မရှိပေ။ ထိုအစား လီမီ၏ မှော်နည်းစနစ်ဖြင့် ဖွဲ့စည်းထားသောကြောင့် မှော်ရတနာများ၏ ထက်ရှမှုကို ပိုင်ဆိုင်ထားသည်။
သူ၏ လက်ကို မြှောက်လိုက်ရုံဖြင့် ဤမျှ နက်နဲသိမ်မွေ့သော မှော်နည်းစနစ်ကို သုံးစွဲနိုင်သည့်အချက်သည် လက်ရှိနေရာတွင်ရှိနေသော လူအများကို တုန်လှုပ်ချောက်ချားသွားစေသည်။
"လီမီက ဒီလောက်ငယ်ရွယ်တဲ့အရွယ်နဲ့ အမတ်ကြီးဘွဲ့ ချီးမြှင့်ခံရတာ အံ့အားသင့်စရာ မရှိတော့ဘူး....သူ့ရဲ့ ရှေ့အလားအလာက အရမ်းကြီးမားတာပဲ...."
လူတိုင်း အံ့အားတသင့် ပြောဆိုလိုက်ကြသည်။ လီမီ ပြသလိုက်သော အစွမ်းသည် ကောင်းရှစ်ကျီးကိုပင် ကျော်လွန်သွားခဲ့သည်။
သောင်းနှင့်ချီသော မှော်ရတနာများမှ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ ဖြာထွက်နေကာ လောကကြီးကို ထွန်းလင်းတောက်ပစေသည်။
လီမီ လှုပ်ရှားသည်ကို မြင်ချိန်၌ တခြားလူများ သည်လည်း ချက်ချင်းဆိုသလိုပင် သူတို့၏ အပြင်းထန်ဆုံး နည်းစနစ်များကို စတင်အသုံးပြုလိုက်ကြသည်။
သူတို့၏နံဘေးပတ်လည် လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါစပြုလာပြီး လူတိုင်း အသက်ပြင်းပြင်းရှိုက်လိုက်ကြသည်။ ထိပ်တန်းကျင့်ကြံသူများအကြားမှ ပရမ်းပတာတိုက်ပွဲတစ်ခုသည် အင်ပါယာနှစ်ခု၏ စစ်မြေပြင်တွင်ပင် အလွန်ရှားပါးသည်။
"ဘုန်း...."
လုယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ မိုးခြိမ်းသံတစ်သံ လေထုအတွင်းတွင် မြည်ဟည်းသွားသည့်အလားပင်။
လုယွီနှင့် နီးကပ်သော မှော်နည်းစနစ်အနည်းငယ်သည် တိုက်ရိုက်ကြေမွှပျက်စီးသွားပြီး အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့ရာတွင် ကောင်းကင်ကို ဖုံးလွှမ်းထားသော မှော်ရတနာများနှင့် မှော်နည်းစနစ်များသည် မုန်တိုင်းတစ်ခုအလား လုယွီကို ဝန်းရံထားသည်။ ထိုအရာများတွင် လုယွီကို လုံးလုံးလျားလျား ရှင်းပစ်လိုသော အဆုံးမရှိသည့် သတ်ဖြတ်ခြင်းစွမ်းအား ရှိနေသည့်အလားပင်။
လုယွီ၏အမူအယာသည် တည်ငြိမ်အေးဆေးနေပေ၏။ သူသည် မှော်စွမ်းအားမုန်တိုင်းအတွင်းတွင် လျှောက်လှမ်းနေစဉ်၌ သူ၏ ခန္ဓာကိုယ်တွင် ထွန်းလင်းတောက်ပနေသော ရောင်စုံအလင်းတန်းများဖြင့် ဝန်းရံထားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သူသည် အစစ်အမှန်အင်မော်တယ် တစ်ယောက်ပင်။ သူသည် နှောင်းပိုင်းမျိုးဆက်များမှ အတုအယောင်အင်မော်တယ်များ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံနေရသော်လည်း သူသည် အစစ်အမှန်အင်မော်တယ်၏ ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှုကို ထိန်းသိမ်းထားဆဲဖြစ်သည်။
မှော်နည်းစနစ်များနှင့် မှော်ရတနာအားလုံးသည် သူ၏နံဘေးသို့ ကျရောက်လာပြီးနောက် တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားသည်။
"သူက မရှုံးနိမ့်နိုင်ဘူးလား... သူ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အားကောင်းနေတာလဲ..."
"သူက အဆင့်ငယ်တစ်ခုကိုပဲ ချိုးဖျက်ခဲ့တာ မဟုတ်လား... ဒီလောက်ထိ အစွမ်းထက်လာစရာ လိုလို့လား"
ထန်ထိပ်သီးကျင့်ကြံသူအားလုံး ရူးသွပ်သွားကြသည်။ သူတို့ရှေ့မှ မြင်ကွင်းမှာ သူတို့၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့လေပြီ။
ထိုအချိန်မှာပင် လုယွီက ရုတ်တရက် သူ၏ လက်ကို ဆန့်တန်းကာ မှော်လက်နက်မုန်တိုင်းအကြားမှ စိမ်းလန်းသောတောင်ထိပ်ဓားကို ဆုပ်ကိုင်လိုက်သည်။
Chapter 4827
ဤစိမ်းလန်းသောတောင်ထိပ်ဓား၏ ပိုင်ရှင်မှာ လီကွမ်းပိပင်။
လုယွီသည် သူ၏ မှော်ရတနာကို ဆုပ်ကိုင်သည်အား မြင်ချိန်၌ လီကွမ်းပိသည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏ လက်ကို မြှောက်ကာ အော်ဟစ်လိုက်သည်။
ပေါက်ကွဲစမ်း...."
သူသည် သူ၏ မှော်ရတနာကို ဖောက်ခွဲကာ လုယွီကို ပြင်းထန်စွာ ဒဏ်ရာရရှိစေပေမည်။
သို့ရာတွင် ကိစ္စများသည် သူ အလိုရှိသည့်အတိုင်း မဖြစ်ခဲ့ချေ။ လီကွမ်းပိ၏ အော်ဟစ်သံသည် စိမ်းလန်းသောတောင်ထိပ်ဓားကို မည်သည့်တုံ့ပြန်မှုမျှ မရှိစေခဲ့ချေ။
လုယွီက စိမ်းလန်းသောတောင်ထိပ်ဓားကို သူ၏ လက်အတွင်းတွင် ကိုင်ဆောင်လိုက်သည့်အချိန်တွင် ထိုအရာပေါ်မှ စိတ်ဝိညာဉ်အမှတ်အသားသည် ဖယ်ရှားခြင်းခံလိုက်ရလေ၏။
ဤဓားသည် ယခုချိန်မှစ၍ လုယွီ၏ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
လီကွမ်းပိ ထိတ်လန့်တုန်လှုပ်သွားသည်။
စိမ်းလန်းသောတောင်ထိပ်ဓားကို သန့်စင်ရန် သူသည် စွမ်းအားနှင့် ကြိုးစားအားထုတ်မှုများစွာကို အသုံးပြုခဲ့သည်။ သူ၏စိတ်ဝိညာဉ်အမျှင်တန်းတစ်တန်းကိုပင် ထိုဓားနှင့် ပေါင်းစပ်ခဲ့ပေ၏။
သို့ရာတွင် လုယွီသည် စိမ်းလန်းသောတောင်ထိပ်ဓားအား ချက်ချင်းထိန်းချုပ်သွားသဖြင့် ဤကိစ္စကို သူ လက်ခံရန် အလွန်ခက်ခဲလှသည်။
"ဓားကို ငါ့ဆီပြန်ပေးစမ်း"
လီကွမ်းပိက ရှေ့သို့တိုးပြီး ဓားကို လုယက်လိုက်သည်။
သို့ရာတွင် လုယွီက သူ့အား လက်သီးဖြင့် ထိုးနှက်လိုက်သည်။ လီကွမ်းပိသည် ချက်ချင်းဆိုသလိုပင် မီတာပေါင်းများစွာအကွာသို့ လွင့်ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ သံချပ်ကာသည် ကျိုးပဲ့တော့မည့်အလားပင်။
"မင်းတို့ ဒီကိုလာရဲရင် သေဖို့ ပြင်ဆင်ထားရမယ်...."
လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေပြီး သူ၏ဆံပင်ရှည်များ ဖရိုဖရဲဖြစ်နေသည်။ သူသည် သူ၏ ဓားကို ဝှေ့ယမ်းကာ လီကွမ်းပိထံသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်သည် တောက်ပပြီး ခံ့ညားထည်ဝါနေဆဲပင်။ သူ၏ကြီးမားပြီး အစွမ်းထက်သော မှော်စွမ်းအားသည် ဓားအတွင်းသို့ ပေါင်းစပ်သွားပေ၏။ လုယွီ ဓားကို လွှဲယမ်းလိုက်တိုင်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထောင်နှင့်ချီသော ဓားချီများ လည်ပတ်နေသည့်အလားပင်။ ထိုအရာများသည် နှိုင်းယှဉ်၍မရအောင် ထက်ရှပြီး လူများကို တုန်လှုပ်ချောက်ချားစေသည်။
ခရက်...ခရက်...ခရက်....
လီကွမ်းပိသည် သူ၏ ဦးရေပြား ထုံကျင်သွားသည်ကို ခံစားမိပေ၏။ သူသည် ထိုစွမ်းအားကို အတင်းအကြပ် တောင့်ခံနေရပြီးပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ သံချပ်ကာ အက်ကွဲစပြုလာသည်။
ပတ်ဝန်းကျင်မှ ထန်ထိပ်သီးကျင့်ကြံသူများသည် သူ့ကို ကယ်တင်လိုကြသော်လည်း လုယွီ၏ မျက်လုံးများအတွင်းတွင် သွေးရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ သူသည် သူ၏လက်အတွင်းမှဓားဖြင့် ပတ်ဝန်းကျင်မှ လူများထံသို့ ထိုးစိုက်လိုက်သည်။
ဝှစ်...ဝှစ်...
ထိုဓားချက်နှစ်ချက်သည် အလျင်စလို အကူအညီပေးရန် ပြေးဝင်လာသော ထန်ထိပ်သီးကျင့်ကြံသူ၏လည်ပင်းကို ထိမှန်သည်။ ထိုလူသည် နာကျင်မှုကြောင့် သူ၏လည်ပင်းကို ဆုပ်ကိုင်ကာ နေရာတွင်ပင် အသတ်ခံလိုက်ရသည်။
ဝှစ်....
လုယွီ နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်ပြီး ဓားချီစွမ်းအားသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ နောက်ထပ် ထန်ထိပ်သီးကျင့်ကြံသူတစ်ဦးသည် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ နေရာတွင်ပင် အသတ်ခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထန်ထိပ်သီးကျင့်ကြံသူလေးဦးသည် လုယွီ၏ လက်ချက်ဖြင့် သေဆုံးသွားပေ၏။
တခြားသူများမှာ လုယွီအနားသို့ပင် မကပ်နိုင်ကြပေ။
လီကွမ်းပိကို နောက်သို့ဆုတ်သွားစေပြီးနောက် လုယွီက အော်ဟစ်လိုက်သည်။
"ကောင်းရှစ်ကျီး.... မင်း ငါ့ကို သတ်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား..."
ကောင်းရှစ်ကျီးသည် အမှောင်ထုအတွင်းတွင် ပုန်းအောင်းနေပြီး သူ၏ မျက်လုံးများအတွင်းတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။သူသည် အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။
"လုယွီ မင်း စောင့်နေစမ်း... ငါက မင်းကို မသတ်နိုင်ရင်တောင် မင်းရဲ့ပတ်ဝန်းကျင်က လူတွေကို သတ်နိုင်တယ်.... မင်းရဲ့လက်အောက်ငယ်သားတွေကို သေချာကြည့်ထား... ငါ သူတို့ကို တစ်ယောက်ချင်းစီ ရှာပြီး အကုန်သတ်ပစ်မယ် .."
သူသည် လက်တစ်ဖက် ဆုံးရှုံးခဲ့ပြီးနောက် သူ၏ အထွတ်အထိပ်အခြေအနေတွင် မရှိတော့ချေ။
ကောင်းရှစ်ကျီး သူ၏အကန့်အသတ်ကို သိရှိပြီး သူသည် လုယွီ၏ ပြိုင်ဘက်မဟုတ်ကြောင်း သိထားသဖြင့် တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။
"ကံမကောင်းစွာနဲ့ ငါ မင်းကို ဒီအခွင့်အရေးမပေးဘူး..."
လုယွီက ရှေ့သို့ ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းသွားသည်။
သူ လှမ်းလိုက်သော ခြေတစ်လှမ်းချင်းစီတိုင်းသည် ကောင်းရှစ်ကျီး၏ နှလုံးသားကို ထိမှန်သော လျှပ်စီးတစ်ချက်အလားပင်။
ချင်ယွီ၏ သေဆုံးမှုသည် လုယွီ၏ စိတ်အတွင်းတွင် စွဲထင်နေဆဲဖြစ်သဖြင့် သူသည် ကောင်းရှစ်ကျီးကို မည်သည်ကြောင့် အလွတ်ပေးနိုင်မည်နည်း။
"သူ့ကို တားစမ်း...တာအိုမှော်နည်းစနစ် စစ်သည်တစ်ထောင်..."
လီမီက တာအိုနည်းစနစ်တစ်ခုကို သုံးစွဲလိုက်ရာ ပုံရိပ်ယောင်မှော်စစ်သည်တော်များ ထွက်ပေါ်လာပြီး လုယွီထံသို့ တိုးဝင်တိုက်ခိုက်ကြသည်။
"ပျောက်ကွယ်သွားစမ်း.."
လုယွီသည် ကောင်းရှစ်ကျီးကို တွေ့ရှိပြီးဖြစ်သဖြင့် တခြားသူများ၏ နှောက်ယှက်မှုကို မည်သည်ကြောင့် ခွင့်ပြုနိုင်မည်နည်း။
ဤအချိန်တွင် လုယွီ၏နံဘေးပတ်လည်တွင် အင်မော်တယ်စွမ်းအားများဖြင့် ဝန်းရံထားပြီးအလင်းတန်းများတောက်ပစွာ ဖြာထွက်နေကာ ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်တစ်ပါး လူလောကသို့ ဆင်းသက်လာသည့်အလားပင်။
တာအိုနည်းစနစ်များနှင့် မှော်ရတနာများအားလုံးသည် လုယွီ၏ ရှေ့တွင် အပိုင်းပိုင်းအစစများအဖြစ် ကြေမွှပျက်စီးသွားသည်။
"ငါ့ကို တားဆီးတဲ့လူတိုင်း သေရမယ်"
လုယွီ၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။
စိမ်းလန်းသောတောင်ထိပ်ဓားမှ သွေးများ ယိုစီးနေပြီး နောက်ထပ် ထန်ထိပ်သီးကျင့်ကြံသူသုံးဦးသည် လုယွီ၏ ဓားအောက်တွင် သေဆုံးသွားခဲ့ပေ၏။
ဤတစ်ကြိမ်တွင် လူတိုင်းသည် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
လုယွီ၏စွမ်းအားသည် မသေမျိုးအဆင့် မှော်လက်နက်များတွင် မူတည်နေခြင်းမဟုတ်ဘဲ သူ၏ ကိုယ်ပိုင်ပင်။
ကောင်းရှစ်ကျီး၏မျက်ခွံများ တုန်ခါစပြုလာပြီး သူသည် နောက်သို့လှည့်ကာ အဝေးမှ နတ်ဘုရားတံခါးဘက်သို့ စတင်၍လျှောက်လှမ်းလိုက်သည်။
သူသည် နောက်ဆုံးတွင် လုယွီမှ သူ့ကို အမှန်တကယ် သတ်ဖြတ်လိုသည်အား နားလည်သဘောပေါက်သွားလေပြီ။
ကောင်းရှစ်ကျီးသည် အလွန်လျင်မြန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားတံခါး၏ရှေ့သို့ ရောက်ရှိသွားသည်။
သို့ရာတွင် ထိုအချိန်မှာပင် လုယွီ၏ အသံသည် ကောင်းရှစ်ကျီး၏နားအတွင်းတွင် ပေါက်ကွဲထွက်လာသည်။
"လေဟာနယ် ချိတ်ပိတ်ခြင်း"
Chapter 4828
မိုးကောင်းကင်ယံသည် လုယွီ၏ အသံကို တုံ့ပြန်နေသည့်အလား တိမ်မြူခိုးများ ထွက်ပေါ်လာကာ နတ်ဘုရားတံခါးကို ဝန်းရံပြီး ဖုံးအုပ်လိုက်သည်။
ကောင်းရှစ်ကျီးသည် တိမ်မြူခိုးများအတွင်းသို့ ခြေချပြီးနောက် ချက်ချင်းဆိုသလိုပင် လမ်းပျောက်သွားပေ၏။ သူ၏ ကျင့်ကြံဆင့်သည် အားကောင်းပြီး သူ၏ နတ်ဘုရားစိတ်အာရုံသည် သာလွန်ထူးကဲသော်လည်း သူ မည်သည့်နေရာအား ဦးတည်သွားရမည်ကို မသိတော့ချေ။
လုယွီသည် ကောင်းရှစ်ကျီး၏နောက်သို့ လိုက်နေပြီး သူ၏ခန္ဓာကိုယ်သည် အင်မော်တယ်အလင်းရောင်ဖြင့် တောက်ပနေကာ သူသည် ကောင်းကင်ဘုံဧကရာဇ်တစ်ပါးအလားပင်။ သူ၏နံဘေးပတ်ဝန်းကျင်တွင် စစ်ဗုံသံများ မြည်ဟည်းနေပေ၏။
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်သည် လေထုအတွင်းတွင် ပျံ့လွင့်နေပြီး နောက်ဆုံး၌ ကောင်းရှစ်ကျီးထံတွင် စုစည်းသွားသည်။ ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် သူ အသတ်မခံရမချင်း ပျက်ပြယ်သွားမည် မဟုတ်ချေ။
"ငါ့လမ်းမှ ရပ်တဲ့လူတိုင်း သေရမယ်"
လုယွီ၏ သွေးချီစွမ်းအားများ တလိမ့်လိမ့်ထလာပြီး သူ၏မှော်စွမ်းအားများ မိုးကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။
လူတိုင်း မှင်တက်သွားကြသည်။ ထန်ထိပ်သီးကျင့်ကြံသူများသည် အားကောင်းသော ခြိမ်းခြောက်နိုင်မှုကို ခံစားလိုက်ရပြီး သူတို့၏ စိတ်နှလုံးသားများအတွင်း၌ တုန်လှုပ်ချောက်ချားသွားကြသည်။ သူတို့သည် လုယွီကို စေ့စေ့မကြည့်ရဲကြတော့ပေ။
ကောင်းရှစ်ကျီးသည် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
လုယွီသည် သူနှင့် အလှမ်းကွာဟနေသော်လည်း ကောင်းရှစ်ကျီးသည် လုယွီ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ရှင်းလင်းစွာ ခံစားမိသည်။
ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ကောင်းရှစ်ကျီး၏ခေါင်းထက်၌ လွှမ်းခြုံနေပြီး သူ့ကို မငြိမ်မသက်ဖြစ်စေကာ ရက်စက်ကြမ်းတမ်းသော သားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံနေရသည့်အလားပင်။
"ဘုန်း...."
လုယွီက လက်ကိုမြှောက်ပြီး သူ၏ မှော်စွမ်းအားကို အသုံးပြု၍ ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုကို ဖွဲ့စည်းလိုက်။ ထိုအရာသည် မိုးကောင်းကင်မှ ဆင်းသက်လာကာ ကောင်းရှစ်ကျီးထံ ဦးတည်ပြီး ပျံ့လွင့်သွားသည်။
ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် တောင်တစ်လုံးနှင့်တူညီကာ မရေမတွက်နိုင်သော သင်္ကေတအက္ခရာများဖြင့် ဖုံးလွှမ်းနေသည်။ ထိုအရာသည် လျှို့ဝှက်ဆန်းကြယ်ကာ ခန့်မှန်းရန်ခက်ခဲပြီး ကောင်းရှစ်ကျီးထံသို့ ကျလောက်လာချိန်တွင် အံ့အားသင့်ဖွယ်ကောင်းသော ဖိအားတစ်ရပ်ကို ထုတ်လွှတ်နေသည်။
ကောင်းရှစ်ကျီး၏စိတ်နှလုံးသား တုန်ခါသွားသော်လည်း သူသည် ဤကဲ့သို့ လက်မလျှော့နိုင်ချေ။ သူသည် ဒေါသတကြီး ဟိန်းဟောက်ကာ သူ၏မှော်စွမ်းအားများကို အကန့်အသတ်အဆင့်ထိ တွန်းပို့လိုက်သည်။
အစိမ်းရောင် မှော်စွမ်းအားလှိုင်းများသည် ကောင်းရှစ်ကျီး၏ ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာပြီး စစ်သူတော်စင်ကွမ်း၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်သည် လေထုအတွင်းတွင် မားမားမတ်မတ် ရပ်နေပြီး အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
သူတော်စင်ကွမ်းပုံရိပ်ယောင်သည် ဓားရှည်တစ်လက်ကို ဝှေ့ယမ်းကာ မိုးကြိုးပစ်သကဲ့သို့ အရှိန်ဖြင့် လက်ဝါးပုံရိပ်ယောင်ကြီးကို ခုတ်ပိုင်းလိုက်သည်။ နံဘေးပတ်ဝန်းကျင်မှ လေဟာနယ်သည် အက်ကွဲသွားကာ နားကွဲလုမတတ် ဆူညံသံများဖြင့် ပြည့်နှက်နေသည်။
သူတို့နှစ်ဦးသည် စတင်တိုက်ခိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် သူတို့၏ အပြင်းထန်ဆုံး နည်းစနစ်များကို အသုံးပြုလိုက်ကြသည်။
ဘုန်း....
သူတို့၏မှော်နည်းစနစ်များ လေထုအတွင်တွင် တိုက်ခိုက်မိသွားပြီး ကျယ်လောင်သော အသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ ဤှသည်မှာ အစောပိုင်းက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးမှ ထွက်ပေါ်လာသော မိုးခြိမ်းသံအလား နားကွဲလုမတတ် ဆူညံသည်။
သူတော်စင်ကွမ်း၏ပုံရိပ်ယောင် တဖြည်းဖြည်း ဝေဝါးသွားပြီး ကောင်းရှစ်ကျီး၏ ပါးစပ်မှ သွေးများ ယိုစီးကျလာကာ သူ၏ မျက်လုံးများအတွင်းတွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။
ယခင်က စစ်မြေပြင်တွင် ကောင်းရှစ်ကျီးသည် သူတော်စင်ကွမ်း၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်ကာ လုယွီနှင့် တိုက်ခိုက်နိုင်ခဲ့သည်။
သို့ရာတွင် ယခုချိန်၌ ကောင်းရှစ်ကျီးသည် တူညီသော နည်းစနစ်ကို အသုံးပြုသည့်တိုင် လုယွီ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခံယူနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်သွားခဲ့သည်။
လုယွီသည် အဆင့်ငယ်တစ်ခုသာ ချိုးဖျက်ခဲ့ခြင်းဖြစ်သည်တိုင် သူသည် မည်သည်ကြောင့် ဤမျှထိ အစွမ်းထက်လာသနည်း။
"ကောင်းရှစ်ကျီးကို ကူညီပြီး လုယွီကို သတ်ကြစမ်း"
လီမီသည် စိုးရိမ်ပူပန်သွားပေ၏။
ကောင်းရှစ်ကျီးသည် ထန်အင်ပါယာ၏ စစ်နတ်ဘုရားဖြစ်သဖြင့် သူ့ကို အမှားအယွင်းဖြစ်ခွင့်မပြုနိုင်ချေ။
တခြားထန်ထိပ်သီးကျင့်ကြံသူများသည်လည်း နားလည်သဘောပေါက်သွားပြီး စတင်တိုက်ခိုက်လိုက်ကြသည်။
"အရှင်ကို တစ်ယောက်တည်း တိုက်ခိုက်ခွင့်မပြုနိုင်ဘူး...သွားကြစို့"
ပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ်များသည် သူတို့၏ တပ်များကို ဦးဆောင်ကာ တိုးဝင်တိုက်ခိုက်လိုက်သည်။
ထန်စစ်တပ်သည်လည်း ချက်ချင်းဆိုသလိုပင် တန်ပြန်တိုက်ခိုက်မှုကို စတင်လိုက်ကြ၏။ နှစ်ဖက်စလုံးသည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို နောက်တစ်ကြိမ် ဆင်နွှဲလိုက်ကြသည်။ သွေးများ နေရာအနှံ့ ပြန့်ကျဲနေကာ မိုးကောင်းကင်တစ်ဝက်ကို အနီရောင်ခြယ်ထားသည့်အလားပင်။
မကြုံစဖူးပြင်းထန်သော တိုက်ပွဲတစ်ပွဲ စတင်ခဲ့ပြီး ကြွင်းကျန်သော ထန်ထိပ်သီးကျင့်ကြံသူဆယ်ယောက်ကျော်သည် အတူတကွပူးပေါင်းကာ ပြင်းထန်သော သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
လုယွီသည် ဤသတ်ဖြတ်ခြင်းဝင်္ကပါအတွင်းတွင် ပိတ်မိနေပြီး သူ၏ အဝတ်အစားများသည် လေထုအတွင်းတွင် တလူလူလူးလွန့်နေကာ သူ၏ ပတ်ဝန်းကျင်ကို အထက်စီးမှ ကြည့်နေသည်။ သူသည် ဤထန်ထိပ်သီးကျင့်ကြံသူများကို အနည်းငယ်မျှ ဂရုမစိုက်ချေ။
"မင်းတို့အားလုံး သေသင့်တယ်...."
လုယွီ၏မျက်လုံးများအတွင်းမှ ပေတစ်သိန်းခန့်ရှည်လျားသော ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။
သူ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်စဥ်တွင် ထောင်နှင့်ချီသော ဥပဒေသများ ပြောင်းလဲသွားသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် ထိုဥပဒေသများစုဝေးသွားကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ကြေမွသွားစေသည်။
ထန်ထိပ်သီးကျင့်ကြံသူတစ်ဦးသည် ဤထိုးနှက်ချက်ကို တောင့်မခံနိုင်ဘဲ နေရာတွင်ပင် သေဆုံးသွားသည်။ သူ၏စိတ်ဝိညာဉ်ပင်လျှင် မလွတ်မြောက်နိုင်ဘဲ လုံးလုံးလျားလျား ပျက်စီးသွားပေ၏။
လုယွီသည် နောက်တစ်ကြိမ် လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ ထန်ထိပ်သီးကျင့်ကြံသူများအနက်မှ တစ်ဦးသည် ချက်ချင်းဆိုသလိုပင် အပိုင်းပိုင်းအစစများအဖြစ် ဆုတ်ဖြဲခံလိုက်ရပြီး နေရာတွင်ပင် သေဆုံးသွားသည်။
မည်သူမျှ လုယွီကို မတားဆီးနိုင်ချေ။ ကောင်းရှစ်ကျီး၏ ထိတ်လန့်တကြား အကြည့်အောက်တွင် လုယွီက သူ့ထံသို့ ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းသွားသည်။
Chapter 4829
လူများ အဆက်မပြတ် လဲကျသေဆုံးနေပြီး လေထုအတွင်းတွင် ပျို့အန်ချင်ဖွယ်ကောင်းသော သွေးနံ့များဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်နှင့်မြေပြင်အကြားတွင် ဝမ်းနည်းဖွယ်ကောင်းသော ပုလွေသံတစ်သံ မြည်ဟီးနေသည်။ ဤသည်မှာ လောကကြီး၏ မဟာတာအိုမှ သေဆုံးသွားသော ကျင့်ကြံသူများကို နှုတ်ဆက်နေသည့်အလားပင်။
ဗိုလ်တစ်ဦးအောင်ပွဲရဖို့ အရိုးတစ်သောင်း ဆွေးမြေ့ရသည်။
လုယွီအတွက် ဤမြင်ကွင်းမှာ ရင်းနှီးလှပေ၏။ သူသည် သူ၏ အတိတ်ဘဝတွင် ဤကဲ့သို့ သွေးပင်လယ်နှင့် အလောင်းတောင်များကြားမှ ထွက်ပေါ်လာခဲ့သည်။
လုယွီက ခြေတစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ ကြီးမားပြီး ပြင်းထန်သောသော ဖိအားတစ်ရပ်သည် လူတိုင်းထံသို့ တိုးဝင်လာပေ၏။ ဤသည်မှာ စစ်မှန်သော ရှေးဟောင်း ကောင်းကင်ဘုံဧကရာဇ်တစ်ပါး ဆင်းသက်လာသည့်အလားလူများ၏စိတ်နှလုံးသားအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။
"ဘုန်း..."
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်တွင် ပျံ့လွင့်နေသော ကောင်းကင်ဧကရာဇ်ကြေးမုံမှန်သည် လုယွီထံသို့ ဦးတည်၍ ထွန်းလင်းတောက်ပလာသည်။
ဤသည်မှာ အဆုံးမရှိသောစွမ်းအားကို ပိုင်ဆိုင်ထားသော ရှေးဟောင်း မသေမျိုးအဆင့် မှော်လက်နက်တစ်ခုပင်။ ထိုအရာ၏စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းပြီး မည်သူတစ်ဦးတစ်ယောက်ကိုမဆို သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားစေနိုင်သည်။
ဤအချိန်တွင် လီမီသည် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ သူက သူ၏ လက်ချောင်းကို ဖြတ်လိုက်ရာ အစစ်အမှန်သွေးတစ်စက် ပျံ့လွင့်လာပြီး ကောင်းကင်ဧကရာဇ်ကြေးမုံမှန်ပေါ်သို့ ကျရောက်သွားသည်။
ဤသည်မှာ အစစ်အမှန်သွေးစက်ဖြစ်ပြီး အလွန်အဖိုးတန်သည်။ ဤသည်မှာ လူတစ်ဦး၏ စိတ်ဝိညာဉ်နှင့် ညီမျှသည်။
ဤအချိန်တွင် လူတိုင်းက လီမီ၏ အစစ်အမှန်သွေးစက်သည် ရွှေရောင်ဖြစ်သည်အား ထိတ်လန့်တုန်လှုပ်ဖွယ် ရှာဖွေတွေ့ရှိမိသည်။
ရွှေရောင်သွေးစက်သည် လေထုအတွင်းသို့ ရောက်ရှိသွားချိန်တွင် အောက်သို့ကျမသွားဘဲ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"သူက မွေးရာပါ သူတော်စင်တစ်ပါးပဲ..." တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
လူသားတိုင်းသည် အရာအားလုံးကို သိရှိပြီး မွေးဖွားလာသည် မဟုတ်ချေ။
သို့ရာတွင် သူတော်စင်များသည် အရာအားလုံးကို သိရှိပြီး မွေးဖွားလာကြသည်။ သူတို့သည် အစွမ်းထက်သော စိတ်ဝိညာဉ်ဖြင့် မွေးဖွားလာကြသည်။ တချို့လူများသည် တစ်လပြည့်အရွယ်တွင် စကားပြောနိုင်ပြီး တစ်နှစ်အရွယ်တွင် ကျင့်ကြံနိုင်သည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။
ဤလူများသည် သူတော်စင်များဖြစ်ရန် မွေးဖွားလာကြပြီး မည်သူမျှ လိုက်မမီနိုင်ချေ။
လုယွီပင်လျှင် သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကို ဆယ့်ခုနစ်နှစ်အရွယ်တွင်မှ နိုးထခဲ့သည်။
မွေးရာပါ သူတော်စင်များ၏ အစစ်အမှန်သွေးစက်သည် မြင့်မြတ်သောသွေးပင်။ ထိုအရာသည် အလွန်သန့်ရှင်းစင်ကြယ်ပြီး ယုတ်ညံ့သောသက်ရှိများ ချဥ်းကပ်န်ိုင်ရန် ခက်ခဲသည်။
အစစ်အမှန်သွေးစက်၏ အသက်သွင်းမှုအောက်တွင် ကောင်းကင်ဧကရာဇ်ကြေးမုံမှန် ပြင်းထန်စွာ တုန်ခါသွားသည်။ ကောင်းကင်နှင့် မြေပြင်ကို ဖျက်ဆီးနိုင်သော အရှိန်အဝါတစ်ရပ် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး လူများ၏စိတ်နှလုံးသားများကို တုန်ခါစေသည်။
"အရှင်ဧကရာဇ်က ဒီမသေမျိုးအဆင့် မှော်လက်နက်ကို လီမီကို ထိန်းသိမ်းဖို့ ပေးခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး...သူက ဒီမသေမျိုးအဆင့် မှော်လက်နက်ရဲ့ အကြီးမားဆုံးစွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်တယ်"
"လုယွီရဲ့ ခန္ဓာကိုယ်ပေါ်က မသေမျိုးလက်နက်တွေက ကပ်ဘေးမိုးကြိုးထဲမှာ ဝိညာဉ်စွမ်းအားတွေ ဆုံးရှုံးသွားပြီ..သူ သေမှာသေချာတယ်"
ထန်ထိပ်သီးကျင့်ကြံသူများအားလုံး၏ မျက်လုံးများအတွင်းတွင် တောက်ပသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပေ၏။
သူတို့သည် အောင်ပွဲ၏ မျှော်လင့်ချက်ကို နောက်တစ်ကြိမ် ရှာဖွေတွေ့ရှိခဲ့ကြသည်။ သူတို့သည် လုယွီ၏ ပြိုင်ဘက်မဟုတ်လျှင်ပင် သူတို့၏ မသေမျိုးအဆင့် မှော်လက်နက်များဖြင့် သူ့ကို သတ်ဖြတ်နိုင်ပေမည်။
ကောင်းကင်ဧကရာဇ်ကြေးမုံမှန်မှ အထွတ်အထိပ် နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်ထားပြီး ယခင်က ကောင်းကင်ဘုံဧကရာဇ် တစ်ပါးသည် လူ့လောကအတွင်းသို့ နောက်တစ်ကြိမ် ဆင်းသက်လာသည့်အလားပင်။ ထိုအရာ၏ ရက်စက်ကြမ်းတမ်းသော အရှိန်အဝါသည် ပတ်ဝန်းကျင်ကို လွှမ်းမိုးနေပြီး ကြယ်နယ်မြေများပေါ်မှ သက်ရှိများအားလုံးကို မသေမျိုးအဆင့် မှော်လက်နက်၏ ဖိအားအောက်တွင် တုန်ခါစေသည်။
"ဒါက မသေမျိုးအဆင့် မှော်လက်နက်ရဲ့ စစ်မှန်တဲ့ စွမ်းအားပဲ..."
လူတိုင်းသည် မိုးကောင်းကင်ယံတွင် အလင်းတန်းများ ဖြာထွက်နေသော ကောင်းကင်ဧကရာဇ်ကြေးမုံမှန်ကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ပုန်ကွယ်နဂါးစစ်တပ်မှ စစ်သားအမြောက်အများ အလွန်စိုးရိမ်နေကြသည်။ သူတို့သည် အစွမ်းကုန် တိုက်ခိုက်နေကြသော်လည်း သူတို့ရှေ့မှ ထန်စစ်တပ်သည် သူတို့ထက် အဆများစွာ ပို၍အားကောင်းပေ၏။ သူတို့သည် အစွမ်းကုန် တိုက်ခိုက်နေသော်လည်း လုယွီ၏အနီးသို့ မရောက်နိုင်ကြပေ။
"ဘုန်း..."
နက်နဲသိမ်မွေ့သော အလင်းတန်းတစ်တန်းသည် ကောင်းကင်ဧကရာဇ်ကြေးမုံမှန်မှ ပွင့်အံ့ထွက်လာသည်။
ထိုအလင်းတမ်းသည် အလွန်တောက်ပပြီး မျက်စိကျိန်းလောက်အောင်ပင်။ ပြင်းထန်သော အလင်းတန်းတစ်တန်းသည် မသေမျိုးအဆင့် မှော်လက်နက်မှ ထွက်ပေါ်လာပြီး လုယွီထံသို့ တိုးဝင်လာသည်။
အလင်းတန်း ဖြတ်သန်းသွားရာနေရာတိုင်းတွင် လေဟာနယ် အက်ကွဲသွားပြီး သိသာထင်ရှားသော လေဟာနယ်အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
သို့ရာတွင် ရုတ်တရက် လုယွီက အသံတစ်သံကို ထုတ်လွှတ်လိုက်သည်။ သူက ကောင်းကင်ဧကရာဇ်ကြေးမုံမှန်ကို ကြည့်လိုက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါတစ်ရပ်က သူ၏ ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ထွက်ပေါ်လာသည်။
ဤသည်မှာ အစစ်အမှန်ရှေးဟောင်း ကောင်းကင်ဘုံဧကရာဇ်မှ လောကကြီးကို အမိန့်ပေးနေသည့်အလားပင်။
ကောင်းကင်ဧကရာဇ်ကြေးမုံတော်သည် ကြီးမားသော သက်ရောက်မှုကို ခံလိုက်ရလေ၏။ ထိုအရာသည် ပြင်းထန်စွာ တုန်ခါစပြုလာပြီး မူလအနေအထားမှ သွေဖည်သွားသည်။
လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်တော့မည့် နက်နဲသိမ်မွေ့သော အလင်းတန်းသည် ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
"ဘာဖြစ်တာလဲ..."
လီမီ ထိတ်လန့်တုန်လှုပ်သွားသည်။
နံဘေးတွင် ရပ်နေသော ထန်ထိပ်သီးကျင့်ကြံသူများသည်လည်း ဤသည်ကို မျှော်လင့်မထားခဲ့ကြချေ။
သူတို့အနက်မှတချို့သည် အချိန်မီ မရှောင်တိမ်းနိုင်သဖြင့် ကောင်းကင်ဧကရာဇ်ကြေးမုံမှန်တော်၏ အလင်းတန်းများဖြင့် ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။
Chapter 4830
ဘန်း....ဘန်း... ဘန်း...
ပေါက်ကွဲသံများ လေထုအတွင်းတွင် ဆက်တိုင်ပဲ့တင်ထပ်သွားပြီး ထန်ထိပ်သီးကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံသော အမူအယာများ ထင်ဟပ်လာသည်။ သူတို့သည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ထန်ထိပ်သီးကျင့်ကြံသူငါးဦး ချက်ချင်း သေဆုံးသွားသည်။
ဤသည်မှတဆင့် မသေမျိုးအဆင့် မှော်လက်နက်တစ်ခု၏စွမ်းအားကို မြင်တွေ့နိုင်သည်။ ဤှသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။ အလွန်မြင့်မားသော ကျင့်ကြံဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးပင်လျှင် မသေမျိုးအဆင့် မှော်လက်နက်တစ်ခုရှေ့တွင် အသေးအမွှားပင်။
လီမီက ကောင်းကင်ဧကရာဇ်ကြေးမုံမှန်ကို သိမ်းဆည်းလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် လီမီသည် ရုတ်တရက် ကောင်းကင်ဧကရာဇ်ကြေးမုံမှန်အပေါ် သူ၏ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားသည်ကို ခံစားလိုက်ရသည်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
လီမီ၏နောက်ကျောပေါ်တွင် ချွေးစေးများ ထွက်လာသည်။
ကောင်းကင်ဧကရာဇ်ကြေးမုံမှန်သည် ထန်အင်ပါယာ၏ အလွန်အရေးကြီးသော မသေမျိုးအဆင့် မှော်လက်နက်တစ်ခုဖြစ်ပြီး ထိုအရာကို ဆုံးရှုံးခံ၍ မဖြစ်ချေ။
ထန်ဧကရာဇ်သည် ထိုအရာကို လီမီထံသို့ ပေးအပ်ထားသော်လည်း သူ ပိုင်ဆိုင်ခြင်း မရှိသေးချေ။ လီမီသည် ထိုအရာကို လက်လွတ်ဆုံးရှုံးသွားပါက သူ၏ကံကြမ္မာ အလွန်ဆိုးရွားသွားပေမည်။
ကောင်းရှစ်ကျီး၏ မိုးပြာနဂါးလခြမ်းဓားသည် သူ၏ မိသားစုအစဥ်အဆက် လက်ဆင့်ကမ်းလာသော မသေမျိုးအဆင့် မှော်လက်နက်တစ်ခုဖြစ်သည်။ သူသည် ထိုအရာကို ဆုံးရှုံးခံနိုင်သော်လည်း လီမီကမူ ဆုံးရှုံးခံ၍မဖြစ်ချေ။
"ကောင်းရှစ်ကျီး....မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး"
လုယွီက ဟိန်းဟောက်လိုက်ပြီး သူ၏အသံသည် မိုးခြိမ်းသံအလားပင်။
စိမ်းလန်းသောတောင်ထိပ်ဓားကို လက်အတွင်းတွင် ကိုင်ဆောင်ရင်း လုယွီသည် ရှေးဟောင်း ကောင်းကင်ဘုံဧကရာဇ်အဖြစ်သို့ ပြောင်းလဲသွားကာ မိုးကြိုးပစ်ခတ်သကဲ့သို့ ခွန်အားဖြင့် ခုတ်ပိုင်းလိုက်သည်။
သူ၏ လက်အတွင်းမှ စိမ်းလန်းသောတောင်ထိပ်ဓားမှာ မသေမျိုးအဆင့် မှော်လက်နက်မဟုတ်ချေ။
ဓားသည် ပြင်းထန်စွာ တုန်ခါနေပြီး လုယွီ၏ စွမ်းအားကို တောင့်မခံနိုင်သည့်အလားပင်။ လုယွီ၏ဓားချက်သည် မိုးကောင်းကင်ယံကို ဆုတ်ဖြဲသွားလုနီးပါးပင်။ ဖျက်ဆီးခြင်းချီစွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေပြီး လူများ၏စိတ်နှလုံးသားများကို အထိန်းအကွပ်မဲ့စွာ တုန်ခါစေသည်။
မည်သူမျှ သူ့ကို တားဆီးဝံ့ခြင်း မရှိတော့ပေ။
သူ့ကို ဝန်းရံထားခဲ့သော ထန်သိပ်သီးကျင့်ကြံသူများပင်လျှင် ဤအချိန်တွင် ကြောက်လန့်တကြား ဖြစ်နေကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ထင်ဟပ်နေပြီး သူတို့၏စိတ်နှလုံးသားများအတွင်းတွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။
"သူ့ကို ဘယ်သူက တားဆီးနိုင်ဦးမှာလဲ"
လူတိုင်းထံတွင် ဤကဲ့သို့ အတွေးမျိုး ရှိနေကြသည်။
"ဘန်း...."
လုယွီ ထုတ်လွှတ်လိုက်သော ဓားချီသည် ပြိုင်ဘက်ကင်းပြီး ကောင်းကင်နှင့်မြေပြင်ကို ခြေမွှဖျက်ဆီးတော့မည့်အလား ကျရောက်လာပေ၏။
ကောင်းရှစ်ကျီးသည် သူ၏ ဦးရေပြား ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ သူသည် သူ၏ မသေမျိုးအဆင့် မှော်သံချပ်ကာကို ဆင့်ခေါ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် သူသည် သူ့ကို အားဖြည့်ရန် သူတော်စင်ကွမ်း၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်ခဲ့သည်။
"နွေဦးဆောင်းဦးရဲ့ ဖြောင့်မတ်တဲ့ အကြောင်းပြချက်... စစ်သူတော်စင်က လေထုထဲမှာ ရှိနေတယ်"
ကောင်းရှစ်ကျီး၏အသံသည် သူတော်စင်ကွမ်းပုံရိပ်ယောင်၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
ဘုန်း...ဘုန်း...ဘုန်း...
ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်မှ သွေးချီစွမ်းအားများ တလိမ့်လိမ့်ထလာပြီး သူကျင့်ကြံသော ကောင်းကင်ဘုံတာအိုကျင့်စဉ်၏ ဥပဒေများမှလွှမ်းမိုးမှုကို ခံခဲ့ရပုံရသည်။
ကောင်းရှစ်ကျီးသည် ရှေးဟောင်းအလယ်ခေတ်မှ စစ်သူတော်စင် ကွမ်းယွင်ချန်၏ အမွေအနှစ်ကို ရရှိခဲ့သည်။ ယခုချိန်၌ သူ စွမ်းအားကုန် ထုတ်လွှတ်လိုက်ချိန်တွင် ကြယ်တာရာများပြည့်နေသော မိုးကောင်းကင်သည် သူ၏ အဆုံးမရှိသော တိုက်ခိုက်လိုစိတ်ဖြင့် လွှမ်းမိုးခြင်းခံရပုံပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် စစ်မြေပြင်၏ အလယ်သို့ ရောက်ရှိလာခဲ့ပေ၏။
သို့ရာတွင် လုယွီ၏ဓားချီသည် သူ့ထံသို့ ကျရောက်လာဆဲပင်။
ကောင်းကင်ဘုံဧကရာဇ်၏ဓားသည် မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ရန်သူများအားလုံးကို ခုတ်ပိုင်းပေလိမ့်မည်။ ထိုလူများတွင် အသက်ရှင်သန်နိုင်ရန် အခွင့်အရေးမရှိချေ။
လူများအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
ရှေးဟောင်းအလယ်ခေတ်မှ သူတော်စင်ကွမ်း၏ ပုံရိပ်ယောင်မှလည်း အစွမ်းထက်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
အဖျက်စွမ်းအားကြီးမားသော အရှိန်အဝါနှစ်ရပ်သည် လေထုအတွင်းတွင် ပြင်းထန်စွာ ထိတွေ့သွားသည်။ ပြင်းထန်သော အားလှိုင်းတစ်ရပ် ပျံ့နှံ့လာပြီး မိုးကောင်းကင်ယံသည် ဆုတ်ဖြဲခံရတော့မည့်အလားပင်။
သူတော်စင်ကွမ်း၏ပုံရိပ်ယောင်သည် ကောင်းကင်ဘုံဧကရာဇ်ဓားချီကို တောင့်မခံနိုင်ဘဲ ချက်ချင်း ကြေမွှပျက်စီးသွားသည်။
လုယွီသည် မသေမျိုးအဆင့် မှော်လက်နက်ကို အသုံးပြုရန် မလိုအပ်ဘဲ အတိတ်မှ ကောင်းကင်ဘုံဧကရာဇ်၏ နည်းစနစ်ကို အသုံးပြုနိုင်သည်။
ဤသည်မှာ ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုသာဖြစ်ပြီး ကောင်းကင်ဘုံဧကရာဇ်၏ နည်းစနစ်မှ အထွတ်အထိပ်အဆင့်တွင် မရှိချေ။ သို့ရာတွင် လုယွီ၏ လက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် သူသည် ထိုနည်းစနစ်၏ပုံစံတစ်ခုကို ပုံဖော်နိုင်နေပြီ။
ရှေးဟောင်း ရွှယ်အင်မော်တယ် အလယ်အလတ်အဆင့် ကျင့်ကြံသူများသည် စစ်မှန်သောဧကရာဇ်ဟု လူသိများခြင်းမှာ တာအိုကျင့်ကြံနည်းစနစ်ကို ရရှိခဲ့သူများကြားတွင် ထူးချွန်သောကြောင့်ပင်။ သူသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်၏ လှုပ်ရှားမှုများကိုပင် ပုံဖော်နိုင်သည်။
ကောင်းရှစ်ကျီး ထန်အင်ပါယာ၏ စစ်နတ်ဘုရားဖြစ်ပြီး သူထံတွင် ကိုယ်ပိုင်မာန်မာနရှိသည်။
သို့ရာတွင် သူ့ထံမှ နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ဦးရေပြားတွင် သွေးများဖြင့် ဖုံးလွှမ်းသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ သံချပ်ကာကြေးခွံများ ဆက်တိုက်ကြွေကျသွားကာ သူ၏ မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပေ၏။
သူသည် သူ၏စိတ်ဝိညာဉ်ကို သူတော်စင်ကွမ်းပုံရိပ်ယောင်နှင့် ချိတ်ဆက်ထားခဲ့သည်။ ထို့ကြောင့် သူတော်စင်ကွမ်းပုံရိပ်ယောင်၏ ပျက်စီးမှုသည် သူ့ကိုလည်း တန်ပြန်သက်ရောက်စေခဲ့သည်။
လုယွီ နောက်တစ်ကြိမ် ရှေ့သို့ ခြေလှမ်းကာ ကောင်းရှစ်ကျီးကို ကယ်တင်လိုသော လူများကို တိုက်ခိုက်လိုက်သည်။ သူသည် သူ၏ ဓားကို လေထုအတွင်းသို့ ခုတ်ပိုင်းလိုက်ရာ မြေပြင်ပေါ်၌ နက်ရှိုင်းပြီးရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခု ကြွင်းကျန်ခဲ့သည်။
"ဒီမျဉ်းက နယ်နိမိတ်စည်းပဲ...ဒီနေရာသို့ ဖြတ်ကျော်လာရဲတဲ့ ဘယ်သူမဆို သေရမယ်"