အခန်း (၄၈၄၁-၄၈၄၅)
Vol. 245 Ch. 4841-4845
Chapter 4841
"ဘုန်း...."
ကျန်းဖုန်းသည် နောက်သို့ ဆယ်မီတာကျော် အကွာထိ အတင်းအကြပ် တွန်းထုတ်ခံလိုက်ရသည်။
သူသည် ပလ္လင်၏ဦးတည်ရာမှ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ကျန်းဖုန်းသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး ပို၍ပင် အားနည်းသွားပုံရသည်။
စစ်မြေပြင်တွင် ကျန်းဖုန်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လေ၏။ သို့ရာတွင် သူသည် သူ့ကိုယ်ကို ကုသရန် အချိန်မရှိခဲ့ချေ။ သူသည် ချောင်ပေါင်၏ အလောင်းကို ဇာတိမြေသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်လိုခဲ့သည်။
ယခုချိန်၌ သူသည် ရုပ်ထု၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံလိုက်ရသောကြောင့် ကျန်းဖုန်း၏ ဒဏ်ရာများ ပို၍ပင် ပြင်းထန်သွားသည်။
"စစ်နတ်ဘုရားက သူရဲ့နတ်ဘုရားစွမ်းအားကို ပြသလိုက်ပြီ..."
"စစ်နတ်ဘုရားက ကျွန်တော့်ကို ကောင်းချီးပေးပါစေ...ကျေးဇူးပြုပြီး ကျွန်တော့်ကို ကောင်းချီးပေးပါ..."
"တစ်ယောက်ယောက် လာကြစမ်း...ဒီစစ်သားကောင်ကို မြန်မြန် ဆွဲထုတ်သွားကြ... စစ်နတ်ဘုရားကို ဒေါသမထွက်စေနဲ့..."
ပတ်ဝန်းကျင်ရှိ လူများအားလုံး ရိုသေလေးစားစွာဖြင့် ဒူးထောက်လိုက်ကြသည်။
လူတိုင်း ဒူးထောက်လိုက်ကြကာ ကျန်းဖုန်းတစ်ယောက်တည်းသာ မတ်တတ်ရပ်နေဆဲပင်။
"သတ်..."
ကျန်းဖုန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
သူသည် သူ၏ဓားကို မြှောက်ပြီး နောက်တစ်ကြိမ် ပြေးဝင်သွားသည်။
သို့ရာတွင် ဤတစ်ကြိမ်တွင် လီကျင်း၏ရုပ်ထုသည် ပို၍တောက်ပသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ပြီး ကျန်းဖုန်း၏ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်လိုက်သည်။
"ဘုန်း...."
ကျန်းဖုန်းသည် နောက်တစ်ကြိမ် လွင့်ထွက်သွားပြီး သူ၏လက်အတွင်းမှ ဓားပင်လျှင် နတ်ဘုရားအလင်းတန်းကြောင့် ကြေမွှပျက်စီးသွားသည်။
သူသည် အားတင်း၍မတ်တတ်ထရပ်ပြီး သူ၏ သွေးစွန်းနေသောလက်ကို နံရံတစ်ခုပေါ်တွင် တင်လိုက်သည်။ သွေးများသည် သူ၏လက်မောင်းမှ စီးကျလာပြီး သူ့ကို သွေးစွန်းနေသော လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားစေသည်။
"မင်းရူးနေလား....စစ်နတ်ဘုရားရုပ်ထုကို မရိုမသေလုပ်ရဲတယ်..."
"ငါ မင်းကို ပြောလိုက်မယ်...အစောင့်တပ်က မကြာခင် ရောက်လာတော့မယ်....မင်းလို အရူးက မကြာခင်မှာ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်"
ပတ်ဝန်းကျင်ရှိ လူများသည် ကျယ်လောင်စွာ အော်ဟစ်ပြီး ကျိန်ဆဲလိုက်ကြ၏။ တချို့လူများသည် ကျန်းဖုန်းကို ကြက်ဥပုပ်များ ဖိနပ်များဖြင့် ပစ်ပေါက်ကြသည်။
ကျန်းဖုန်းသည် စကားမပြောနိုင်တော့ပေ။ သူသည် ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေပြီး သူ၏မျက်လုံးများ နီမြန်းနေကာ သွေးများယိုစီးကျလုမတတ် ဖြစ်နေသည်။
ကျန်းဖုန်း၏ဒဏ်ရာများအားလုံးသည် ထန်စစ်တပ်နှင့် တိုက်ပွဲတွင် ရခဲ့သည်ကို မည်သူမျှ သိမည်မဟုတ်ချေ။
တာယွီ၏နဂါးအလံသည် အဝေးမှ မြို့တံခါးပေါ်တွင် တဖျပ်ဖျပ်လူးလွန့်နေဆဲဖြစ်သော်လည်း သူ့၏ပတ်လည်ရှိ လူများအားလုံး ထန်ဝတ်စုံများ ဝတ်ဆင်ထားပြီး လီကျင်းကို အရိုအသေပြုနေကြသည်။
"သတ်...."
ကျန်းဖုန်းသည် ရှင်းမပြခဲ့ချေ။
သူသည် လီကျင်း၏ ရုပ်ထုဆီသို့ ပြေးဝင်ခြင်းမပြုတော့ဘဲဘဲ ရုပ်ထု၏ရှေ့မှ စားပွဲခုံကို သူ၏ခေါင်းဖြင့် ဆောင့်လိုက်သည်။
ဤစားပွဲခုံပေါ်တွင် စစ်နတ်ဘုရားကို ကိုးကွယ်ရန် အသုံးပြုသော ပူဇော်ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ ယခုချိန်၌ ထိုအရာကို မှောက်လှန်ခြင်း ခံလိုက်ရသဖြင့် ထိုပစ္စည်းများအားလုံး နေရာအနှံ့ ပြန့်ကျဲသွားသည်။
လူအုပ်ကြီးသည် ချက်ချင်း ဒေါသထွက်သွားပေ၏။
သူတို့သည် စစ်နတ်ဘုရား လီကျင်း၏ ကောင်းချီးကို လက်ခံရယူရန် ဤနေရာသို့ လာခဲ့ကြသည်။
ကျန်းဖုန်းမှ ပြဿနာရှာနေခြင်းသည် သူတို့၏ အသက်ကို နှုတ်ယူခြင်းနှင့် တူညီသည်။
"အတူတူ တိုက်ခိုက်ကြစမ်း... ဒီအရူးကို ဖမ်းလိုက်...."
"နံ့စော်နေတဲ့ စစ်သား....မင်းက ဒါကို စစ်မြေပြင်လို့ ထင်နေတာလား... မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ရိုင်းပျဝံ့တာလဲ"
ပတ်ဝန်းကျင်ရှိ လူများသည် ရှေ့သို့ တိုးဝင်လာပြီး ကျန်းဖုန်းကို မြေပေါ်သို့ ဖိနှိပ်ကာ လက်သီးဖြင့် ထိုးပြီး ခြေဖြင့် ကန်ကြသည်။
အကယ်၍ ကျန်းဖုန်းသာ သူ၏ အထွတ်အထိပ်အခြေအနေတွင် ရှိနေပါက ဤလူတစ်စုကို ရိုက်နှက်ခြင်းသည် ဆန်မုန့်တစ်ခုစားသလောက် လွယ်ကူပေလိမ့်မည်။
သို့ရာတွင် ကြီးမားသော တိုက်ပွဲတစ်ခုကို ကြုံတွေ့ပြီးနောက် ကျန်းဖုန်း၏ခွန်အား ကုန်ဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူသည် မရေမတွက်နိုင်သော လူများ၏ ဖိနှိပ်ခြင်းကို ခံရပြီး အချိန်တခဏကြာမျှ မထနိုင်ဘဲ ဖြစ်နေသည်။
"ဘုန်း... ဘုန်း...ဘုန်း...."
လူအများထံမှ လက်သီးချက်များနှင့် ခြေကန်ချက်များသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ကျန်းဖုန်းသည် သူ၏ခေါင်းမှ သွေးထွက်လာသည်အထိ အရိုက်ခံရသည်။ သူ၏မျက်လုံးများပင် ဝေဝါးနေပေ၏။
ပတ်ဝန်းကျင်ရှိ လူများသည် အံ့ကြိတ်နေကြပြီး ကျန်းဖုန်းအပေါ် ရိုက်နှက်မှုကို လုံးဝလက်မလျှော့ခဲ့ကြချေ။ သူတို့အားလုံးသည် သူတို့၏ ခွန်အားကုန် အသုံးပြုခဲ့ကြသည်။
ကျန်းဖုန်းသည် စစ်မြေပြင်ပေါ်တွင် အတွင်းဒဏ်ရာများ ရရှိခဲ့ပြီးဖြစ်သည်။
ဤအချိန်တွင် လူအများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရပြီးနောက် သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထုတ်နေရပြီး သူ၏အရိုးအမြောက်အများ ကျိုးသွားသည်။
"ရပ်ကြစမ်း..."
ချမ်းသာကြွယ်ဝပုံရသော ကုန်သည်တစ်ဦးသည် လျှောက်လှမ်းလာပြီး ကျန်းဖုန်း၏အင်္ကျီဂုတ်ကို ဖမ်းဆွဲကာ ဆူပူကြိမ်းမောင်းလိုက်သည်။
"ငါက စစ်နတ်ဘုရားပွဲတော်ကို အထူးပြင်ဆင်ခဲ့တာ....မင်းက လာပြီး ပြဿနာရှာရဲတယ်... မင်းကို ဘယ်သူ ခိုင်းလိုက်တာလဲ..."
ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏လက်ကို မြှောက်ပြီး ကျန်းဖုန်းကို ရိုက်နှင်ရန် ဟန်ပြင်လိုက်၏။
သို့ရာတွင် ထိုအချိန်မှာပင် အဝေးမှ ဆူညံနေသော အသံများ ရုတ်တရက် ထွက်ပေါ်လာပြီး လူအုပ်ကြီးသည် ချက်ချင်းပြန့်ကျဲသွားသည်။
"ကြယ်နယ်မြေအရှင် ရောက်လာပြီ...ရှေ့ကလူတွေ လမ်းဖယ်ပေးကြစမ်း"
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကြယ်နယ်မြေအရှင် ရောက်ရှိလာကြောင်း ကြားသိချိန်တွင် ကုန်သည်၏မျက်နှာအမူအယာသည် အနည်းငယ် ပြောင်းလဲသွားပေ၏။
"ဒီနံ့စော်နေတဲ့စစ်သားကို နောက်ကို ဆွဲထုတ်သွားစမ်း... သူ ပြဿနာမရှာစေနဲ့"
ကုန်သည်က အမိန့်ပေးလိုက်သည်။
Chapter 4842
ကျန်းဖုန်းသည် အတင်းအကြပ် ဆွဲထုတ်သွားခြင်းခံလိုက်ရသည်။
သူသည် အလွန်ပင်ပန်းနေပြီဖြစ်ကာ လုံးလုံးလျားလျား အားအင်ကုန်ခမ်းနေသည်။ ပတ်ဝန်းကျင်ရှိ ရန်လိုသော လူအုပ်ကို ရင်ဆိုင်ရာတွင် သူထံ၌ ခုခံကာကွယ်ရန် ခွန်အားတစိုးတစိမျှ မရှိတော့ပေ။
ကျန်းဖုန်းကို အတင်းအကျပ် ဆွဲထုတ်သွားပြီးနောက် ကုန်သည်သည် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ချက်ချင်း ဖျစ်ညှစ်ထုတ်ပြီး အလျင်အမြန် ရှေ့သို့ တိုးကာ ကြိုဆိုလိုက်သည်။
သူသည် ဤစစ်နတ်ဘုရားပွဲတော်ကို စီစဉ်သူပင်။ ဤနေရာသို့ ကြယ်နယ်မြေအရှင် ရောက်ရှိလာခြင်းသည် သူ့အတွက် အလွန်ဂုဏ်ယူဖွယ်ရာ ကိစ္စတစ်ခုဖြစ်သည်။
နံဘေးမှ လူများသည်လည်း သူတို့၏မျက်နှာများပေါ်တွင် မျက်နှာချိုသွေးသော အပြုံးများ ရှိနေကြသည်။
ကြယ်နယ်မြေအရှင်သည် တင်းအန်းကြယ်နယ်မြေ၏ တစ်ဦးတည်းသော အုပ်စိုးရှင်ဟု ဆိုနိုင်ပြီး ဒေသခံဧကရာဇ်တစ်ပါး၏အရှိန်အဝါ ရှိသည်။
အကယ်၍ သူတို့သည် ကြယ်နယ်မြေအရှင်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပါက သူတို့အတွက် အလွန်အကျိုးရှိပေလိမ့်မည်။
"ကြယ်နယ်မြေအရှင် ရောက်ရှိလာတာကို ကြိုဆိုပါတယ်..."
ကုန်သည်သည် သူ၏လူများကို လမ်းပေါ်သို့ ခေါ်ဆောင်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကြီးကျယ်ခမ်းနားသော ယာဥ်တန်းတစ်ခု ရောက်ရှိလာပြီး လူသုံးရာကျော် ပါဝင်သည်။ အစေခံများ အထမ်းသမားများနှင့် အစောင့်များလည်း ရှိနေပေ၏။။ သူတို့သည် လူအင်အားများပြားပြီး အလွန်ခန့်ညားထည်ဝါပုံရသည်။
မြို့စောင့်တပ်သည်လည်း ကြယ်နယ်မြေအရှင်၏ လုံခြုံရေးကို သေချာစေရန်အတွက် လူအုပ်ကို ခွဲရန် စစ်သားများ စေလွှတ်ခဲ့သည်။
ရွှေ ငွေနှင့် ကျောက်မျက်ရတနာများ ထည့်သွင်းသွန်းလုပ်ထားသော ဝေါယာဥ်တစ်စီးသည် လူအုပ်ကြီး၏ အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာပြီး အလွန်လျှင်မြန်စွာ ရောက်ရှိလာကာ လူတိုင်း၏အကြည့်အောက်တွင် ရပ်တန့်သွားသည်။
ဤဝေါယာဥ်ကို သယ်ဆောင်လာသူများထံတွင် စိတ်အားထက်သန်သော အကြည့်များနှင့် သန်မာထွားကျိုင်းသော ကြွက်သားများ ရှိသည်။ သူတို့သည် ယခင်က သိုင်းပညာ ကျင့်ကြံဖူးသော ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေသည်။
ဤရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများသည် အများအားဖြင့် အလွန်ရှားပါးသော်လည်း သူတို့သည် ကြယ်နယ်မြေအရှင်အတွက် ဝေါယာဥ်ကို သယ်ဆောင်ရန် ဤနေရာတွင် ရှိနေကြသည်။
မော့ကြည့်နေသော လူတိုင်း၏ အကြည့်များအောက်တွင် တင်းအန်းကြယ်နယ်မြေအရှင်သည် ဖြည်းညှင်းစွာ ထွက်လာပေ၏။
"မင်းတို့အားလုံး အဆင်သင့်ဖြစ်ပြီလား..."
တင်းအန်းကြယ်နယ်မြေအရှင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ကုန်သည်သည် အလျင်အမြန် ပြုံးပြီး ပြောဆိုလိုက်သည်။
"အရှင်....စိတ်မပူပါနဲ့...အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီးသွားပါပြီ....ဒီတစ်ကြိမ်မှာ ယုံကြည်သူတွေ အများကြီးရှိနေပြီးတော့ အမွှေးတိုင်နဲ့ပူဇော်ပစ္စည်းတွေ အရမ်းများတယ်...စစ်နတ်ဘုရားက ငါတို့ကို သေချာပေါက် ချီးမြှင့်မှာပါ...."
ထိုအချိန်မှသာ တင်းအန်းကြယ်နယ်မြေအရှင်သည် စိတ်ကျေနပ်စွာဖြင့် သူ၏ခေါင်းကို ညိတ်လိုက်၏။
"မဆိုးဘူး....မင်း ဒါကို ကောင်းကောင်းလုပ်ရင် မင်းရဲ့ ဆုလာဘ်တွေက နည်းမှာမဟုတ်ဘူး"
တင်းအန်းကြယ်နယ်မြေအရှင်က ပြုံးလိုက်သည်။
ကုန်သည်သည် အလွန်ဝမ်းမြောက်သွားသည်။အကယ်၍ သူသည် ဤအခမ်းအနားကို အသုံးပြုပြီး ကြယ်နယ်မြေအရှင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ပါက နောင်တွင် သူ၏ စီးပွားရေးသည် တင်းအန်းကြယ်နယ်မြေပေါ်တွင် သေချာပေါက် အတားအဆီးမရှိ ဖြစ်လာပေလိမ့်မည်။
"အရှင်...ကျေးဇူးပြုပြီးတော့ ပထမဆုံး အမွှေးတိုင် ထွန်းညှိဖို့အတွက် ကြွပါ...."
ကုန်သည်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ့ဘေးမှ အစေခံသည် ချက်ချင်း နားလည်သွားပြီး ကြာမြင့်စွာကတည်းက မှောက်လှန်ခြင်းခံခဲ့ရသော ပူဇော်သက္ကာရများကို စီစဉ်လိုက်သည်။
ပထမဆုံး အမွှေးတိုင်သည် အရေးကြီးဆုံးပင်။
အကြောင်းအရင်းမှာ ဤလူသည် နတ်ဘုရားထံသို့ အမွှေးတိုင် ပထမဆုံး ပူဇော်သူဖြစ်သောကြောင့် နတ်ဘုရားထံမှ ကောင်းချီးရရှိရန် ဖြစ်နိုင်ချေမှာလည်း အမြင့်ဆုံးဖြစ်သည်ဟု အဓိပ္ပာယ်ရသောကြောင့်ပင်။
နံဘေးပတ်ဝန်းကျင်တွင် ယုံကြည်သူများစွာ ရှိသော်လည်း ပထမဆုံး အမွှေးတိုင်အတွက် အခွင့်အရေးကို ကြယ်နယ်မြေအရှင်ထံသို့ ပေးအပ်ရန် သူသည် ဤအချိန်တစ်လျှောက်လုံး သူတို့ကို တားဆီးထားခဲ့သည်။
"ကောင်းပြီလေ..."
တင်းအန်းကြယ်နယ်မြေအရှင်သည် ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းသွားပြီး ပလ္လင်၏ရှေ့သို့ ရောက်ရှိလာသည်။ သူသည် သူ၏စိတ်နှလုံးသားကို ငြိမ်သက်စေကာ ဆုတောင်းပြီးနောက် သူ၏လက်အတွင်းမှ အမွှေးတိုင်ကို ထွန်းညှိလိုက်သည်။
"ကျေးဇူးပြုပြီး စစ်နတ်ဘုရား ကောင်းချီးပေးပါ..."
တင်းအန်းကြယ်နယ်မြေအရှင်က ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။
သူ၏စကားဆုံးသည်နှင့် ကျင့်ကြံသူ အမြောက်အများသည် မတ်တတ်ရပ်ပြီး လီကျင်းနတ်ဘုရားကို ချီးကျူးသော ရှည်လျားပြီး ငြီးငွေ့ဖွယ်ကောင်းသည့် ကျမ်းစာများကို ရွတ်ဆိုနေကြသည်။
ပတ်ဝန်းကျင်နေရာတဝိုက်တွင် ကျမ်းစာရွတ်ဆိုသံများ ပဲ့တင်ထပ်နေသည်။
ဤလူများသည် စိတ်ရင်းမှန်သဖြင့် လီကျင်းနတ်ဘုရား၏စိတ်ကို အမှန်တကယ် ဆွဲဆောင်နိုင်ပုံရသည်။
ဝုန်း ဝုန်း...
လီကျင်း၏ရုပ်ထုသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါစပြုလာသည်။
တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်းသည် လီကျင်းရုပ်တု၏ကိုယ်ထည်မှ ပွင့်အံ့ထွက်လာပြီး နေတစ်စင်းကဲ့သို့ တောက်ပနေသည်။
"စစ်နတ်ဘုရားက သူရဲ့နတ်ဘုရားစွမ်းအားကို ပြသလိုက်ပြီ..."
"နတ်ဘုရားက ငါတို့ရဲ့ အော်ဟစ်သံတွေကို ကြားသွားပြီ....သူက ငါတို့ကို ကောင်းချီးပေးတော့မယ်...."
လူများအားလုံးသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ဒူးထောက်လိုက်ကြသည်။
ကြယ်နယ်မြေအရှင်အန်းရန်ပင်လျှင် အလွန်စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ဒူးထောက်လိုက်၏။
လူတိုင်း၏အကြည့်အောက်တွင် ရွှေရောင်အမြူတေတစ်ခုသည် လီကျင်း၏လက်အတွင်းတွင် ပေါ်လာပြီး လူတိုင်း၏အထက်မှ လေထုအတွင်းတွင် ပျံဝဲနေသည်။
ရုတ်ချည်းဆိုသလိုပင် ရွှေရောင်အမြူတေသည် အက်ကွဲသွားပြီး အလင်းတန်းများသည် မိုးစက်များအလား လူတိုင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။
Chapter 4843
ဝှစ်..ဝှစ်..ဝှစ်..
ရွှေရောင်အလင်းတန်းများသည် လူများအားလုံး၏ခန္ဓာကိုယ်များ အတွင်းသို့ ဝင်ရောက်သွားသည်။
အချိန်တခဏကြာပြီးနောက် ရွှေရောင်အလင်းတန်းကို ဝါးမြိုခဲ့သူများသည် သူတို့၏ ကျင့်ကြံဆင့်စွမ်းအား မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
သူတို့အနက် အများစုထံမှ ဝမ်းသာအားရ ရယ်မောသံများ ထွက်ပေါ်လာသည်။
အဆုံးမရှိများပြားသော နတ်ဘုရားအက္ခရာများသည် လေထုအတွင်းတွင် မျောလွင့်နေသည်။ လီကျင်းစစ်နတ်ဘုရားရုပ်ထုသည် တောက်ပသော အလင်းတန်းများဖြင့် ထွန်းလင်းနေပေ၏။ အဝေးမှကြည့်လျှင်ပင် ဤရုပ်ထုကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
စစ်နတ်ဘုရားမှ ကောင်းချီးပေးနေလေပြီ။
ဤကောင်းချီးကို လက်ခံရရှိသူအားလုံးသည် ကြီးမားသော အကျိုးကျေးဇူးများ ရရှိခဲ့ကြသည်။ သူတို့၏ ကျင့်ကြံဆင့်စွမ်းအားသည် အလွန်မြင့်တက်သွားပြီး သူတို့ကို နှစ်အနည်းငယ်ကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံရမှုမှ သက်သာစေခဲ့သည်။
ဤကောင်းချီးရရှိသူများအနက် ကြယ်နယ်မြေအရှင်အန်းရန် ရရှိခဲ့သော အကျိုးကျေးဇူးများသည် အကြီးမားဆုံးပင်။
သူသည် ပထမဆုံးအမွှေးတိုင် ထွန်းညှိခဲ့သူဖြစ်ပြီး လီကျင်းစစ်နတ်ဘုရားရုပ်ထုနှင့် အနီးဆုံးဖြစ်သောကြောင့် ကောင်းချီးအများဆုံးရရှိခဲ့သည်။
မူလက ကြယ်နယ်မြေအရှင်အန်းရန်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်တွင်သာ ရှိသော်လည်း နတ်ဘုရား၏ အကူအညီဖြင့် သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ထို့ပြင် သူသည် ရွှယ်အင်မော်တယ်နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
ဤသည်မှာ လျင်မြန်သော တိုးတက်မှုတစ်ခုပင်။ တော်ဝင်မြို့တော်ရှိ ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေအများစုပင်လျှင် ဤကောင်းချီးစွမ်းအားနှင့် မနှိုင်းယှဉ်နိုင်ချေ။
"ဟား ဟား ဟား...."
ကြယ်နယ်မြေအရှင်အန်းရန်သည် လွတ်လပ်ပေါ့ပါးစွာ ရယ်မောလိုက်၏။
"ဂုဏ်ယူပါတယ် အရှင်...နတ်ဘုရားရဲ့ကောင်းချီးကြောင့် အရှင်က ပိုပြီးအစွမ်းထက်လာတော့မယ်"
ကုန်သည်သည် အခွင့်အရေးတစ်ခု ရှာတွေ့သွားသဖြင့် လျင်မြန်စွာ ပြေးလာကာ မျက်နှာချိုသွေးလိုက်သည်။
ကြယ်နယ်မြေအန်းရန်သည် စိတ်ကောင်းဝင်နေသဖြင့် ပြောဆိုလိုက်သည်။
"မင်းကောင်းကောင်းလုပ်ခဲ့တယ်...ဒီအခမ်းအနားကို ဆက်ပြီးလုပ်ဆောင်ဖို့ လိုသေးတယ်...ငါ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...အခမ်းအနားကို သုံးရက်တိတိ ကျင်းပမယ်....ငါက စစ်နတ်ဘုရားကို ငါတို့တင်းအန်းကြယ်နယ်မြေရဲ့စိတ်ရင်းကို ခံစားမိစေချင်တယ်"
"ဒါ့ပြင် နောက်ပိုင်းမှာ ငါက တင်းအန်းကြယ်နယ်မြေရဲ့ သံသတ္တုလုပ်ငန်းကို မင်းရဲ့ ကုန်သည်အဖွဲ့ကို ပေးမယ်...."
ကုန်သည်သည် အလွန်ဝမ်းမြောက်သွားပေ၏။
ကြယ်နယ်မြေထံမှ ဤကတိနှင့်အတူ နောင်တစ်ချိန်တွင် သူ စီးပွားရေးလုပ်ရန် များစွာပို၍အဆင်ပြေသွားပေလိမ့်မည်။
"ကြယ်နယ်မြေအရှင် စိတ်ချပါ...ကျွန်တော်က ဒီအခမ်းအနားကို ဂရုတစိုက် ကျင်းပမှာပါ"
ကုန်သည်က ခေါင်းငုံပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။
ပတ်ဝန်းကျင်တွင် သဟဇာတဖြစ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ထိုအချိန်မှာပင် အဝေးမှ လူအုပ်အကြား၌ ရုတ်တရက် အနှောင့်အယှက်တစ်ခု ထွက်ပေါ်လာသည်။
ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် ကုန်သည်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။
"သွားပြီး ကြည့်လိုက်ကြစမ်း...ဘာတွေ ဖြစ်နေတာလဲ"
ကုန်သည်က သူ၏အစောင့်များကို စေလွှတ်လိုက်သည်။
အစောင့်အနည်းငယ်သည် ရှေ့သို့ လျှောက်သွားပြီး ကြည့်ရှုရန် ပြင်ဆင်နေစဉ်မှာပင် အနက်ရောင်အရိပ်တစ်ခုသည် ရုတ်တရက် သူတို့ကို တိုက်ခိုက်ပြီး သူတို့အားလုံးကို မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။
ဤသည်မှာ ကျန်းဖုန်းပင်။
ကျန်းဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးများဖြင့် စိုရွှဲနေပြီး သူ၏လက်အတွင်းတွင် တုတ်ခိုင်သော သစ်သားတိုင်တစ်တိုင် ရှိနေသည်။
သူသည် ချုပ်နှောင်ခံထားရမှုမှ လွတ်မြောက်လာခဲ့ပေ၏။ သူသည် သစ်သားတိုင်တစ်တိုင် ဆွဲနှုတ်ပြီး လီကျင်း၏ရုပ်ထုထံသို့ အားကုန်ပစ်လွှတ်လိုက်သည်။
"အား...."
ကျန်းဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူသည် အင်အားကုန် အသုံးပြုခဲ့ပြီးဖြစ်သည်။ သစ်သားတိုင်သည် လေထုကို ထိုးခွင်းသွားပြီး လီကျင်း၏ရုပ်ထုပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
"ဒေါင်..."
သတ္တုအချင်းချင်းထိခတ်သံ ထွက်ပေါ်လာကာနားကွဲလုမတတ် ကျယ်လောင်သည်။
လီကျင်း၏ရုပ်ထုသည် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရပြီး စေတီကို ကိုင်ဆောင်ထားသော လက်သည် ရုတ်တရက် ကျိုးသွားပေ၏။ ထိုလက်သည် ရုတ်တရက် လေထုအတွင်းမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"အား...."
ထိတ်လန့်တကြားအော်ဟစ်သံများသည် အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာပြီး ဖုန်မှုန့်များ တလိမ့်လိမ့်ထလာသည်။ လူများအားလုံးသည် ရှောင်တိမ်းလိုက်ကြပြီး အုတ်အစအနများ သူတို့အား ထိမှန်မည်ကို စိုးရိမ်နေကြသည်။
လီကျင်း၏ရုပ်ထုမှလက် ကြေမွသွားသည်နှင့် နတ်ဘုရားအလင်းတန်း ရုတ်တရက် ပျောက်ကွယ်သွားသည်။
ရုပ်တုပေါ်မှစွမ်းအားသည်လည်း ပျောက်ကွယ်သွားပြီး လူတိုင်းရှေ့တွင် အေးစက်သော လက်တစ်ဖက်ပြတ် ရုပ်ထုတစ်ခုသာ ရပ်နေခဲ့သည်။
ပတ်ဝန်းကျင်တွင် ငိုကြွေးသံများ ထွက်ပေါ်လာပြီး သူတို့၏ မိဘများကို ဆုံးရှုံးလိုက်ရသည့်အလားပင်။
"အဲ့ဒီအရူးပဲ...သူက ဒီလို တရားလွန်တဲ့လုပ်ရပ်မျိုးကို တကယ်ကြီး လုပ်ခဲ့တယ်..."
"ကြယ်နယ်မြေအရှင် ဒီနေမှာရှိနေတယ်... သူက တကယ့်ကို ဥပဒေမဲ့ လုပ်ခဲ့တာပဲ"
လူတိုင်း ဒေါသထွက်နေကြပြီး စတင်၍ကျိန်ဆဲလိုက်ကြသည်။
ကုန်သည်သည်လည်း ဒေါသထွက်နေပေ၏။ သူသည် ကျန်းဖုန်း ရုတ်တရက် ထွက်ပေါ်လာမည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။
ဤတစ်ကြိမ် စစ်နတ်ဘုရားပွဲတော်သည် အလွန်အရေးကြီးသည်။ သူသည် ကျန်းဖုန်းကို ဖျက်ဆီးခွင့်ပြုမည် မဟုတ်ပေ။
"ဒီအရူးကို သတ်ပစ်စမ်း"
ကုန်သည်က အော်ဟစ်လိုက်သည်။
အမှန်အားဖြင့် သူ အမိန့်ပေးရန် မလိုပေ။ အနက်ရောင်ပုံရိပ်အနည်းငယ်သည် ရှေ့သို့ ချက်ချင်း ပျံသန်းသွားပြီး ကျန်းဖုန်းကို တိုက်ခိုက်လိုက်သည်။
Chapter 4844
ဤလူများသည် ကြယ်နယ်မြေအရှင်၏ ကိုယ်ရံတော်များ ဖြစ်ကြသည်။
ကြယ်နယ်မြေအရှင်၏ ကိုယ်ရံတော်များသည် စစ်တပ်မှ ရွေးချယ်ထားသော လက်ရွေးစင်များဖြစ်သည်။ သူတို့ လှုပ်ရှားလိုက်သည်နှင့် စွမ်းအားများအားလုံးကို ဆုံးရှုံးလုနီးပါးဖြစ်နေသော ကျန်းဖုန်းကို ချုပ်နှောင်ထားပြီးဖြစ်ပေ၏။
ကြယ်နယ်မြေအရှင်အန်းရန်သည်လည်း အလွန်ဒေါသထွက်နေသည်။
သူသည် ရှေ့သို့ လျှောက်လှမ်းသွားပြီး ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"ဒီအရူးက ဘယ်ကလာတာလဲ...ဘာလို့ မင်းက စစ်နတ်ဘုရားရုပ်ထုကို တိုက်ခိုက်ခဲ့တာလဲ..."
ကျန်းဖုန်း၏ မျက်လုံးများသည် သွေးနီရောင်ပြောင်းသွားပြီး လီကျင်း၏ ရုပ်တုကို ကြည့်လိုက်သည်။ သူသည် ရုန်းကန်နေဆဲဖြစ်ပြီး ပြေးထွက်သွားကာ ရုပ်ထုကို လုံးလုံးလျားလျားဖျက်ဆီးလိုသည်။
သို့ရာတွင် သူ၏နံဘေးမှ အစောင့်များသည် သူ့ကို ဤအခွင့်အရေး ပေးမည်မဟုတ်ချေ။
အစောင့်အနည်းငယ်သည် ကြိုးများကို အသုံးပြု၍ ကျန်းဖုန်း၏ ခြေထောက်များကို တင်းတင်းကြပ်ကြပ် ချည်နှောင်ပြီး သူ့ကို ချက်ချင်းဖိနှိပ်လိုက်သည်။
"သူ... သူက ရန်သူပဲ...ငါ သူ့ကို ဖျက်ဆီးချင်တယ်"
ကျန်းဖုန်းသည် ဒေါသထွက်နေသော်လည်း သူ၏စကားလုံးများသည် ထစ်နေဆဲပင်။
သူ၏နံဘေးမှ တစ်စုံတစ်ယောက်က လှောင်ပြောင်ရယ်မောလိုက်သည်။
ကုန်သည်က ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းလို မိုက်မဲတဲ့လူတွေ ဘာလို့ အမြဲတမ်းပေါ်လာရတာလဲ....မင်းက ဘာအကြောင်းအရင်းကြောင့် ဒီလိုလုပ်တယ်ဆိုတာ မသိပုံပဲ...ဘာလို့ မင်းလို ငတုံးငအတစ်စုက အမြဲဒုက္ခလာပေးနေကြတာလဲ...."
"သူတို့က ရန်သူတွေပဲ"
ကျန်းဖုန်းက ပြောဆိုသည်။
ချမ်းသာသော ကုန်သည်သည် သူ၏ခြေထောက်များကို ဆောင့်ပြီး ကျိန်ဆဲလိုက်သည်။
"ဘယ်လိုလုပ်ပြီး ရန်သူရှိနိုင်မှာလဲ... ဒါက အင်ပါယာနှစ်ခုကြားက စစ်ပွဲတစ်ပွဲပဲ.... ထန်အင်ပါယာက တိုးတက်ပြီး သာလွန်တယ်..ထန်စစ်တပ်က စည်းကမ်းရှိပြီးတော့ ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ဘူး...ဒါကြောင့် အင်ပါယာနှစ်ခုကြားမှာ ဘာအမုန်းတရားမှ မရှိသင့်ဘူး..."
အမုန်းတရား မရှိသင့်ဟု ဆိုသလော...
ကျန်းဖုန်းသည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ဖန်မြို့တွင် သူမြင်ခဲ့သော မြင်ကွင်းများကို ပြန်လည်မြင်ယောင်မိသည်။
မြို့တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်နေသည်။ အလောင်းများသည် နေရာတိုင်းတွင် ရှိနေပြီး အရိုးများ နေရာအနှံ့ ပြန့်ကျဲနေသည်။ မြို့အတွင်းတွင် အလောင်းများ၏အသွေးအသားကို စားသုံးသော ဝံပုလွေရိုင်းများဖြင့် ပြည့်နှက်နေပေ၏။
ချောင်မိသားစုတစ်ခုလုံးသည် သစ္စာစောင့်သိခဲ့ပြီး ပင်မခန်းမသည် ဗလာဖြစ်နေကာ ခန်းမ၏အလယ်တွင် ခေါင်းတလားတစ်လုံးသာ ရှိနေသည်။
တာယွီအင်ပါယာအတွင်းတွင် မည်သည့်အရာမျှ မဖြစ်ခဲ့သလော....
ထန်စစ်တပ်သည် မည်သည့်ရာဇဝတ်မှုကိုမျှ မကျူးလွန်ဟု ဆိုသလော...
"သူတို့ လူသတ်ခဲ့တယ်...."
ကျန်းဖုန်းက အလွန်တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
ကုန်သည်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဘာ လူသတ်တာလဲ...ငါ ဘာလို့ မမြင်ရတာလဲ.... ဒီနေရာမှာ မဟုတ်မမှန်စကားတွေ မပြောစမ်းနဲ့....."
"တော်လောက်ပြီ"
ကြယ်နယ်မြေအရှင်အန်းရန်က ရုတ်တရက် ရှေ့သို့လျှောက်လှမ်းလာသည်။
သူ၏မျက်နှာအမူအယာသည် အလွန်ဆိုးရွားနေပေ၏။
ကျန်းဖုန်းသည် စစ်နတ်ဘုရားရုပ်ထု၏လက်ကို ဖျက်ဆီးခဲ့သည်။ အကယ်၍ စစ်နတ်ဘုရားလီကျင်းသည် ဤအချက်ကြောင့် ဒေါသထွက်ပြီး သူ့ကို မည်သည့်ကောင်းချီးမျှ မပေးတော့ပါက သူ၏ ကျင့်ကြံဆင့်သည် ထပ်မံ၍ တိုးတက်နိုင်တော့မည် မဟုတ်ချေ။
"ငါက...ကြယ်နယ်မြေအရှင်အန်းရန်...မင်းရဲ့ သံချပ်ကာကို ငါ မြင်တယ်...မင်းက စစ်သားတစ်ယောက်လား...မင်း ဘယ်တပ်ကလဲ"
ကြယ်နယ်မြေအရှင်အန်းရန်သည် အလေးအနက်ထားသောအသံဖြင့် အော်ဟစ်လိုက်သည်။
ကျန်းဖုန်းသည် ဤစကားကို ကြားချိန်တွင် သူသည် သူ၏ခေါင်းကို ချက်ချင်းလှည့်ပြီး ကြယ်နယ်မြေအရှင်အန်းရန်ကို စိုက်ကြည့်လိုက်သည်။
ကြယ်နယ်မြေအရှင်အန်းရန်၏ စိတ်နှလုံးသား ရုတ်တရက် တုန်ခါသွားသည်။
ကျန်းဖုန်း၏မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ် ရှိနေသည်ကို သူ မြင်လိုက်ရသည်။
ထိုသတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကြောင့် ဤလူသည် သွေးပင်လယ်နှင့်အလောင်းတောင်ကြားမှ ထွက်လာခြင်းဖြစ်မှာ သေချာပေါက်ပင်။ သူသည် သားကောင်ကို အမဲလိုက်ထွက်လာသည့် ဝံပုလွေရိုင်းတစ်ကောင်အလားပင်။
ဤသို့သော အကြည့်မျိုးသည် တင်းအန်းကြယ်နယ်မြေ၏ အစောင့်စစ်သားများထံတွင် မရှိနိုင်ချေ။
"ငါတို့ကြယ်နယ်မြေအရှင်က မင်းကို မေးနေတယ်လေ...မြန်မြန်ပြောစမ်း"
အစောင့်တစ်ယောက်က ကျန်းဖုန်း၏တင်ပါးကို ကန်လိုက်သည်။
"ငါ မင်းကို လာရှာတာ..."
ကျန်းဖုန်းက ပြောဆိုသည်။
"ငါ့ကို ရှာနေတာလား..."
ကြယ်နယ်မြေအရှင်အန်းရန်သည် သူ၏မျက်ခုံးများကိုပင့်ပြီး ကျန်းဖုန်းကို အကဲခတ်လိုက်သည်။
"ဒါပေမယ့် ငါမင်းကို မသိဘူး"
နံဘေးတွင်ရှိနေသော ကုန်သည်သည်လည်း အေးစက်စက် လှောင်ပြောင်ရယ်မောလိုက်သည်။
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ..ငါတို့ ကြယ်နယ်မြေအရှင်ကို ရှာဖို့ မင်းမှာ အရည်အချင်းရှိတယ်လို့ ထင်နေတာလား...."
"ငါ့..ငါ့ရဲ့အရှင်က မင်းကို ရှာဖို့ လွှတ်လိုက်တာ...."
ကျန်းဖုန်းသည် သူ၏ အနည်းငယ် တုန်ရီနေသော လက်ကို အသုံးပြု၍ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
သူ၏ သွေးများ ဖုန်များဖြင့် ဖုံးလွှမ်းနေသော လက်ပေါ်တွင် ခန့်ညားထည်ဝါသော တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာသည်။
ထိုတံဆိပ်ပြားပေါ်တွင် ကောင်းကင်သို့ဦးတည်၍ ဟိန်းဟောက်နေသော နဂါးတစ်ကောင်၏ပုံရိပ်ကို ထွင်းထုသည်။ ဤထွင်းထုထားမှုသည် အသက်ဝင်ပြီး အလွန်ထူးခြားသည်။
"ဒါက ဘာလဲ...ကြည့်ရတာတော့ နည်းနည်းလှသားပဲ"
ကုန်သည်က ထိုတံဆိပ်ပြားကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်ရယ်မောလိုက်သည်။
သူသည် တော်ဝင်နန်းတွင်း၏ တရားဝင်တံဆိပ်ပြားကို မြင်ဖူးပေ၏။
ဤတံဆိပ်ပြားသည် တာယွီတော်ဝင်နန်းတွင်း၏ တရားဝင်တံဆိပ်ပြားတစ်ခု မဟုတ်ချေ။
သူ့ရှေ့မှ ဤစစ်သားသည် ရူးသွပ်သွားသလော....
ထိုစစ်သားသည် ကြယ်နယ်မြေအရှင်ကို လှည့်စားရန်အတွက် ထိုသို့သော အရာမျိုးကို အသုံးပြုရန်ပင် ကြံစည်ဝံ့သည်ဟု သူ တွေးမိသည်။
Chapter 4845
"မင်း ဒူးထောက်ပြီး ငါတို့ ကြယ်နယ်မြေအရှင်ကို တောင်းပန်လိုက်စမ်း...မင်းက ဒီနေ့ ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်...ငါ မင်းကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး"
ကုန်သည်သည် ကျန်းဖုန်းကို လက်ညှိုးထိုးပြီး ဒေါသဖြင့် အံ့တင်းတင်းကြိတ်ကာ အော်ငေါက်လိုက်သည်။
ကျန်းဖုန်းသည် စကားတစ်ခွန်းမျှ မပြောဘဲ ကြယ်နယ်မြေအရှင်အန်းရန်ကိုသာ ဆက်လက်၍ စူးစိုက်ကြည့်နေသည်။
"ခွေးမသား...ကြောင်တောင်တောင် မလုပ်နဲ့... မင်းနားမကြားဘူးလား"
ကုန်သည်သည် အနည်းငယ် စိတ်မရှည်ဖြစ်လာပြီး ကျန်းဖုန်း၏အင်္ကျီဂုတ်ကို ဖမ်းဆွဲရန် ရှေ့သို့ တိုးသွားသည်။
"ရပ်..."
ရုတ်တရက် ကြယ်နယ်မြေအရှင်အန်းရန်သည် ဒေါသတကြီး အော်ဟစ်ပြီး ကုန်သည်၏စကားများကို ကြားဖြတ်ဟန့်တားလိုက်သည်။
"အရှင်..." ကုန်သည်သည် ထိတ်လန့်တကြား ထခုန်ပြီး နောက်သို့အလျင်အမြန် ဆုတ်သွားသည်။
သူသည် ကြယ်နယ်မြေအရှင်အန်းရန်၏ မျက်နှာအမူအယာ ချက်ချင်း တည်ကြည်လေးနက်သွားသည်ကို မြင်လိုက်ရသည်။
အန်းရန်သည် ယခင်က မောက်မာသော အမူအယာကို ဖယ်ရှားပြီး ရှေ့သို့ လျှောက်လှမ်းသွားကာ ကျန်းဖုန်း၏ လက်အတွင်းမှ ပုန်းကွယ်နဂါးတံဆိပ်ပြားကို တည်ကြည်လေးနက်စွာ ကိုင်လိုက်သည်။
"ဒါဆို မင်းက ပုန်းကွယ်နဂါးစစ်တပ်ကပေါ့..... အရှင်လုယွီက မင်းကို လွှတ်လိုက်တာလား"
အန်းရန်က လေသံတိုးတိုးဖြင့် ပြောဆိုသည်။
"ဟုတ်တယ်"
ကျန်းဖုန်းက တုံ့ပြန်သည်။
ကုန်သည်၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။ သူသည် ကြောက်လန့်လွန်းသဖြင့် မြေပေါ်သို့ လဲကျသွားပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။
ပတ်ဝန်းကျင်သည် ချက်ချင်း တိတ်ဆိတ်သွားပေ၏။
ကျန်းဖုန်းကို သတ်ရန် အော်ဟစ်နေခဲ့သော လူအုပ်ကြီးသည် ဤအချိန်အခိုက်အတန့်တွင် ရုတ်တရက် စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်သည်။
ကျန်းဖုန်းသည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားတစ်ဦးပင်။
လူအများ၏စိတ်နှလုံးသားအတွင်းတွင် ထန်စစ်တပ်သည်
ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေလေပြီ။
ပုန်းကွယ်နဂါးစစ်တပ်မှာမူ ထန်စစ်တပ်ကို ရှုံးနိမ့်ပြီး ရှက်ရွံဖွယ်ကောင်းသော အခြေအနေဖြင့် ထွက်ပြေးစေခဲ့သည်။ သူတို့သည် ပြည်သူလူထုကြားတွင် နတ်ဘုရားအဖြစ်သို့ ရောက်ရှိနေလေပြီ။
အစောပိုင်းက သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားတစ်ဦးကို ဝိုင်းရံတိုက်ခိုက်ခဲ့သည်။
ယခင်က ကျန်းဖုန်းကို ရိုက်နှက်ခဲ့သော လူတချို့သည် တိတ်တဆိတ် ထွက်ခွာသွားကြပြီး သူသည် သူတို့အား လက်စားပြန်ချေမည်ကို ကြောက်ရွံ့နေကြသည်။
သို့ရာတွင် ကျန်းဖုန်းသည် ထိုလူများကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်။
"အ...အရှင်က မင်းကို တပ်တွေလွှတ်ပြီး ကူညီစေချင်တယ်လို့ ပြောတယ်...."
ကျန်းဖုန်းသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားလုံးအနည်းငယ် ပြောလိုက်သည်။ သူသည် အင်အားအများစုကို အသုံးပြုခဲ့ပြီးဖြစ်သည်။
တင်းတန်းကြယ်နယ်မြေ၏ အဓိကစစ်ဗိုလ်ချုပ်က ရှေ့သို့ထွက်လာပြီး တံဆိပ်ပြားကို စစ်ဆေးလိုက်၏။ ဤသည်မှာ လုယွီ၏ တံဆိပ်ပြားဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။
"ငါမှာ မင်းတို့ကို ကူညီဖို့ ရည်ရွယ်ချက်ရှိတယ်.... ဒါပေမယ့် တော်ဝင်နန်းတွင်းက ထန်အင်ပါယာနဲ့ ပူးတွဲသဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးပြီးသွားပြီ....ငါတို့က အခု မဟာမိတ်တွေပဲ....တော်ဝင်နန်းတွင်းက အခွင့်အာဏာမရှိဘဲ တပ်တွေစုစည်းတာကို ခွင့်ပြုမှာ မဟုတ်ဘူး"
အန်းရန်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"အရှင်က မင်း လိုက်နာမှုမရှိရင် အကျိုးဆက်တွေကို ခံရလိမ့်မယ်လို့ မှာလိုက်တယ်"
ကျန်းဖုန်းက ပြောဆိုသည်။
အန်းရန်၏မျက်နှာအမူအယာသည် အနည်းငယ် ပြောင်းလဲသွားပေ၏။
လုယွီသည် တော်ဝင်နန်းတွင်း၏ တော်ဝင်သံတမန်တစ်ဦးကိုပင် သတ်ရဲသည်။ သူ့ကဲ့သို့ နိမ့်ကျသော ကြယ်နယ်မြေအရှင်တစ်ယောက်ဆိုလျှင် ထည့်သွင်းပြောဆိုရန်ပင် မလိုချေ။
"ကျေးဇူးပြုပြီးတော့ အရှင်ကို ငါက တပ်တွေလွှတ်ပြီး ကူညီမယ်လို့ ပြောပေးပါ"
အန်းရန်က အပြုံးနှင့် ပြောဆိုလိုက်သည်။
ကျန်းဖုန်းသည် ခေါင်းညိတ်ပြီး လီကျင်း၏ရုပ်ထုကို လက်ညှိုးညွှန်လိုက်သည်။
"ဒါကို ချန်ထားလို့ မဖြစ်ဘူး..."
"စိတ်မပူပါနဲ့...ငါတို့ နောက်မှ ဒါကိုဖြိုဖျက်လိုက်မယ်"
အန်းရန်က အပြုံးနှင့် ပြောဆိုလိုက်၏။
ထိုအချိန်ကျမှသာ ကျန်းဖုန်းသည် လက်လျှော့ပြီး ဒယိမ်းဒယိုင်ဖြင့် ထွက်ခွာသွားသည်။
ပတ်ဝန်းကျင်တွင်ရှိနေသော လူများအားလုံးသည် သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး လမ်းကြောင်းတစ်ခု အလျင်အမြန် ဖွင့်ပေးလိုက်သည်။
ကျန်းဖုန်းသည် ဤလူတစ်စုနှင့် ငြင်းခုံရန် အစီအစဉ်မရှိချေ။ သူ၏လက်အတွင်းတွင် တာဝန်များ ကျန်ရှိနေသေးသည်။
ပတ်ဝန်းကျင်တွင် ကြယ်နယ်မြေအိမ်တော်များ ရှိနေသေးသောကြောင့် သူသည် ဤသတင်းကို လက်ဆင့်ကမ်းပို့ဆောင်ရပေမည်။
ကျန်းဖုန်း ထွက်ခွာသွားသည်ကို မြင်ပြီးမှသာ လူအုပ်ကြီးသည် တုန်လှုပ်ချောက်ချားနေရာမှ ပြန်လည်ကောင်းမွန်လာသည်။
ကြယ်နယ်မြေအရှင်အန်းရန်၏ အမူအယာသည်လည်း အလျင်အမြန် သုန်မှုန်သွားပေ၏။
"အားလုံးပဲ....စစ်နတ်ဘုရားလီကျင်းရဲ့ ရုပ်တုကို ပြင်ဆင်ကြစမ်း... ငါ ဒါကို အသစ်အတိုင်း ပြန်ပြီးကောင်းမွန်စေချင်တယ်"
အန်းရန်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်သည်။
ကုန်သည်သည် မတ်တတ်ထရပ်ပြီး ထိတ်လန့်ကြောက်ရွံသော အမူအယာဖြင့် ပြောဆိုလေ၏။
"ကြယ်နယ်မြေအရှင်....ပုန်းကွယ်နဂါးစစ်တပ်က တကယ်ကြီး ဒီနေရာကို လူလွှတ်ခဲ့တယ်... ငါတို့က စစ်နတ်ဘုရားလီကို ဆက်ပြီးအရိုအသေပြုနေမယ်ဆိုရင်.... ဒါက... အဲ့ဒီလူကို ဒေါသထွက်စေမယ် မဟုတ်လား"
သူသည် လုယွီ၏ အမည်ကို တိုက်ရိုက်ခေါ်ဆိုဝံ့ခြင်း မရှိချေ။
ကြယ်နယ်မြေအရှင်အန်းရန်က သရော်တော်တော် ရယ်မောလိုက်သည်။
"မင်းက ဘာကို ကြောက်နေတာလဲ....ငါတို့က တော်ဝင်နန်းတွင်းရဲ့ တောင်းဆိုချက်အတိုင်း လုပ်ဆောင်နေတာ... လုယွီ ရောက်လာရင်တောင် ဘာဖြစ်လာမှာမလို့လဲ"
"ဒါပေမယ့်..."
ကုန်သည် တွေဝေတုံ့ဆိုင်းနေသည်။
"လုယွီက စစ်သည်တော်တစ်ယောက်ပဲ...သူက တော်ဝင်စာမေးပွဲမှာ ထိပ်သီးကျောင်းတော်သားတစ်ယောက်အနေနဲ့ ထွက်ပေါ်လာခဲ့ပေမယ့်... သူက စစ်သားတွေနဲ့ အချိန်အကြာကြီးနေထိုင်ခဲ့တာကြောင့် သူ့ရဲ့ အတွေးအခေါ်တွေက အရမ်းတင်းမာခက်ထန်တယ်"
"နောင်တစ်ချိနိမှာ ငါတို့က ထန်အင်ပါယာနဲ့ ပူးပေါင်းလုပ်ဖို့အတွက်...ထန်ယွီရဲ့ ချစ်ကြည်ရင်းနှီးမှုက အနာဂတ်ရဲ့ လမ်းကြောင်းဖြစ်လိမ့်မယ်...."
"တော်ဝင်နန်းတွင်းဘက်က စစ်ရှုံးနိမ့်သွားတဲ့ အကြောင်းအရင်းက အမြင်ကျဥ်းတဲ့ ဒီလူတွေ တည်ရှိနေမှုကြောင့်ပဲ...မင်း စောင့်ကြည့်နေစမ်း.... လုယွီက မကြာခင်မှာပဲ ရှုံးနိမ့်သွားလိမ့်မယ်"
Thank For Reading.