← Chapters

အခန်း (၄၈၄၆-၄၈၅၀)

Vol. 246 Ch. 4846-4850

အခန်း (၄၈၄၆-၄၈၅၀)

Vol. 246 Ch. 4846-4850

Chapter 4846

"ဟုတ်ကဲ့ပါ အရှင်....ဒီလူတွေက တကယ့်ကို အရမ်းမိုက်မဲကြတာပဲ"

ကုန်သည်က တောင်းပန်သော အပြုံးဖြင့် ပြောဆိုလိုက်သည်။

ကြယ်နယ်မြေအရှင်အန်းရန်သည် ကျန်းဖုန်း၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ပြီး မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်ကာ သူ၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အမူအယာတစ်ရပ်ရှိနေသည်။

"စစ်နတ်ဘုရားပူဇော်ပွဲကို ပုံမှန်အတိုင်း ဆက်ပြီးကျင်းပမယ်....လုယွီက တစ်ယောက်တည်း တိုက်ခိုက်ရင် မကြာခင်မှာ ရှုံးနိမ့်သွားမှာပဲ.. ငါ သူ့ကို ကူညီဖို့ကတော့ စဉ်းတောင် မစဉ်းစားနဲ့...."

ကြယ်နယ်မြေအရှင်အန်းရန်က အေးစက်စက်ရယ်မောလိုက်သည်။ သူ၏ ဆုံးဖြတ်ချက်သည် အလွန်ပညာရှိသည်ဟု သူ ခံစားမိလေ၏။

သူ၏ပတ်လည်ရှိ လူများအားလုံး စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်ကြသည်။ စစ်နတ်ဘုရားပူဇော်ပွဲသည် ကြားဖြတ်အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရသော်လည်း ဆက်လက်၍ ကျင်းပနေဆဲပင်။

မြို့တစ်မြို့လုံး သီဆိုကခုန်ကာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင်...

ကြယ်တာရာကောင်းကင်အထက်တွင် စစ်တပ်နှစ်တပ်သည် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲနေကြ၏

ထန်စစ်သင်္ဘောအမြောက်အများအသည် ရပ်တန့်ရန် ရည်ရွယ်ချက်မျှမရှိဘဲ အရှိန်ဖြင့် ခုတ်မောင်းနေကြသည်။ သင်္ဘောကုန်းပတ်ပေါ်မှ အဆောက်အဦးများသည် ဆိုးရွားစွာ ပျက်စီးနေပြီး ထူထပ်သိပ်သည်းသော မီးခိုးငွေ့များ ထွက်ပေါ်နေသည်။

ထန်စစ်သင်္ဘောများ၏နောက်တွင် ပုန်းကွယ်နဂါးစစ်သင်္ဘောများသည် ထပ်ချပ်မကွာ လိုက်နေလေ၏။ ထိုစစ်သင်္ဘောများသည်လည်း ဆိုးရွားစွာ ပျက်စီးနေသဖြင့် မနည်းအမီလိုက်နေရသည်။

စစ်တပ်နှစ်တပ်လုံးသည် ကန့်သတ်ချက်သို့ ရောက်ရှိနေလေပြီ။ ဤအချိန်တွင် သူတို့သည် စိတ်ဆန္ဒများကို မှီခိုအားကိုး၍ တိုက်ခိုက်နေကြသည်။

လုယွီသည် ထန်ထိပ်သီးသူကျင့်ကြံသူသုံးဦးနှင့် တိုက်ခိုက်ပြီးဖြစ်သည်။ တာအိုမှော်နည်းစနစ်များသည် တဝုန်းဝုန်းမြည်ဟီးနေပြီး ပြင်းထန်သော တိုက်ခတ်သံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်နေသည်။

သူ၏ ပုံရိပ်သည် အလွန်လျင်မြန်ပေ၏။ သူ၏ လှုပ်ရှားမှုများသည် လျှပ်စီးကဲ့သို့ လျင်မြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထန်ထိပ်သီးကျင့်ကြံသူသုံးဦးနှင့် တိုက်ကွက်ပေါင်းရာနှင့်ချီ၍ တိုက်ခိုက်ခဲ့ပြီး အသာစီးရသည့် အခြေအနေ၌ ရှိနေသည်။

"ဘုန်း...."

လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ ထူထပ်သိပ်သည်းသော လက်သီးစွမ်းအားသည် သွေးချီစွမ်းအားများနှင့် ရောနှောကာ မိုးကောင်းကင်ကို ထိုးဖောက်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လုယွီရှေ့မှ ထန်ထိပ်သီးကျင့်ကြံသူသည် မှင်သက်သွားပေ၏။ သူသည် ခုခံကာကွယ်ရန်အတွက် သူ၏စွမ်းအားများအားလုံးကို အလျင်အမြန် အသုံးပြုလိုက်သည်။

သို့ရာတွင် လုယွီ၏စွမ်းအားသည် အဆုံးအစမရှိပုံရသည်။ သူ၏လက်သီးတစ်ချက်စီတိုင်းသည် အားအကောင်းဆုံးဖြစ်ပြီး ကွာခြားမှုမရှိပေ။

"ဘုန်း...."

သူ နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ တောင်တစ်လုံး ရုတ်တရက် ကျဆင်းသွားသည့်အလားပင်။

ဤလက်သီးစိတ်ဆန္ဒသည် နဂါးတစ်ကောင်ကဲ့သို့ ပူလောင်ပြင်းပြပြီး စူးရှသည်။ သူ့ရှေ့တွင်ထောင်နှင့်ချီသောတောင်များနှင့် သောင်းနှင့်ချီသောပင်လယ်များ ပိတ်ဆို့နေလျှင်ပင် သူ၏လက်သီးတစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်သည်။

လုယွီသည် လက်သီးချက်အမြောက်အများကို ထိုးနှက်လိုက်၏။ သူ၏လက်သီးတစ်ချက်ချင်းစီတွင် နတ်ဆိုးဆန်ပြီး ထက်ရှသော လက်သီးစိတ်ဆန္ဒတစ်ရပ် ပါဝင်ကာ ထန်ထိပ်သီးကျင့်ကြံသူသုံးဦးကို နောက်ဆုတ်ပြီး သွေးများအန်ထုတ်စေခဲ့သည်။

"လျှို့ဝှက်နည်းစနစ်ကို သုံးကြတော့"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

ထန်ထိပ်သီးကျင့်ကြံသူသုံးဦး၏ မျက်လုံးများအတွင်းတွင် ပြတ်သားမှုများ ထပ်ဟပ်လာသည်။

သူတို့၏ လျှို့ဝှက်နည်းစနစ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပုံရပြီး တောက်ပသော နတ်ဘုရားအလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ သူတို့၏နောက်တွင် ပေဆယ်နှင့်မြင့်မားသော လီကျင်း၏ပုံရိပ်ယောင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

လီကျင်းသည် သူ၏လက်အတွင်းတွင် စေတီတစ်ဆူကို ကိုင်ဆောင်ထားပြီး လေထုအတွင်းတွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။ သူသည် ထိုလူသုံးယောက်၏ မှော်စွမ်းအားကို မြှင့်တင်ပေးရန် နတ်ဘုရားမန္တန်များကို ကျယ်လောင်စွာ ရွတ်ဆိုနေပေ၏။

ဤနတ်ဘုရားစွမ်းအား၏ မြှင့်တင်မှုအောက်တွင် သူတို့သုံးယောက်၏မှော်စွမ်းအားများ အဆမတန် မြင့်တက်လာသည်။

လုယွီ၏ မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ထိုလူသုံးယောက်ကို ဆက်လက်၍ တိုက်ခိုက်လိုက်သည်။

သူ၏လက်သီးတစ်ချက်ချင်းစီသည် သတ်ဖြတ်ခြင်းလှုပ်ရှားမှုတစ်ခုပင်။ သူသည် သိုင်းအင်မော်တယ်တစ်ဦး၏စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ပြီး ထိန်ချန်ထားခြင်းမရှိချေ။

ယခင်က ဤလူသုံးဦးသည် တာယွီ၏သာမန်ပြည်သူများကို ခြိမ်းခြောက်မှုအဖြစ် အသုံးပြု၍ လုယွီကို ဆုတ်ခွာရန် အတင်းအကြပ် ကြံစည်ခဲ့ကြသည်။

လုယွီ၏ ငြင်းပယ်ခြင်းကို ခံရပြီးနောက် ဤလူသုံးဦးသည် တာယွီ၏ပြည်သူများအားလုံးကို ပြတ်သားစွာ သတ်ဖြတ်ပြီး ထွက်ခွာသွားခဲ့သည်။

မြေပြင်ပေါ်တွင် ယောက်ျား မိန်းမ အဘိုးအဘွားနှင့် ကလေးများ၏ အလောင်းများ ပြန့်ကျဲနေသည်။ သူတို့၏ အလောင်းများသည် ဆိုးဆိုးရွားရွားပျက်စီးနေပြီး သူတို့ အသက်ရှင်စဉ်က မည်သို့ပုံသဏ္ဌာန်ရှိသည်ကိုပြောရန် မဖြစ်နိုင်ပေ။

မြေပြင်ပေါ်တွင် ငရဲနယ်မြေကဲ့သို့ မြင်ကွင်းကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

"မင်းတို့အားလုံး သေသင့်တယ်"

လုယွီက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏လက်သီးချက်တွင် ကြယ်များကိုပင် ခြေမွှဖျက်ဆီးနိုင်သော အားလှိုင်းတစ်ရပ် ပါဝင်သည်။

ဤအချိန်တွင် လုယွီ၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ ဤသည်မှာ ရွှေရောင်နဂါးတစ်ကောင်မှ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်နေသည့်အလားပင်။ သူ လက်သီးတစ်ချက် ထိုးနှက်လိုက်တိုင်း နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

"ဘုန်း...."

ဤလက်သီးချက်အောက်တွင် အရပ်မျက်နှာအဘက်ဘက်ရှိ ကြယ်များ မှိန်ဖျော့သွားကာ ကောင်းကင်နှင့်မြေပြင်၏ အရောင်သည် ပြောင်းလဲသွားပေ၏။ လုယွီ၏ လက်သီးစွမ်းအားမှ သွေးနီရောင်အလင်းတန်းများကို ထုတ်လွှတ်ထားသည်။

"အား...."

ထန်ထိပ်သီးကျင့်ကြံသူတစ်ဦးသည် လုယွီ၏ လက်သီးချက်ကို ခံယူလိုက်ရသည်။ သူ၏နံဘေးပတ်လည်ရှိ နတ်ဘုရားအလင်းတန်းသည် ကြေမွပျက်စီးသွားပြီး မရေမတွက်နိုင်သော အရိုးများ ကျိုးသွားသည်။ သူ၏ရင်ဘတ်ပင်လျှင် ချိုင့်ဝင်သွားပြီး စစ်သင်္ဘောတစ်စင်းနှင့် ဝင်ဆောင့်မိလေ၏။

Chapter 4847

"ဘုန်း..."

ကြီးမားသော ထန်စစ်သင်္ဘောသည် ချက်ချင်း ကြေမွပျက်စီးသွားပြီး အပျက်အစီးများသည် မိုးကောင်းကင်တွင် နေရာအနှံ့ ပြန့်ကျဲသွားသည်။

ထန်ထပ်သီးကျင့်ကြံသူ၏ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သော ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သွေးများ ယိုစီးကျနေသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သော အရိုးများ ကျိုးသွားပြီး သူသည် မတ်တတ်ထရပ်ရန်ပင် အင်အားမရှိတော့ချေ။

တခြားသူများအားလုံး အံ့အားသင့်သွားကြသည်။ လုယွီ၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်ပြီး မည်သူကမျှ သူ့ကို မဖိနှိပ်နိုင်ပေ။

"သွားကြစို့"

တခြားထန်ထိပ်သီးကျင့်ကြံသူနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြတ်သားစွာ ထွက်ခွာသွားကြသည်။

ဤနေရာတွင် ဆက်လက်၍ တိုက်ခိုက်ခြင်းသည် အဓိပ္ပာယ်မရှိတော့ချေ။

သူတို့သည် လျှို့ဝှက်နည်းစနစ်များကို အသုံးပြုခဲ့ပြီး လီကျင်း၏ပုံရိပ်ယောင်ကို ကူညီရန် ဆင့်ခေါ်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

သူတို့သည် လုယွီကို ဆက်လက်၍တိုက်ခိုက်ပါက သေလမ်းရှာခြင်းသာ ဖြစ်ပေမည်။

"လူတွေအများကြီး သတ်ပြီးမှ ထွက်သွားချင်တာလား"

လုယွီ၏ အေးစက်သောအသံသည် ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။

ထန်ထိပ်သီးကျင့်ကြံသူနှစ်ဦးသည် တပြိုင်နက်တည်း ထိတ်လန့်တုန်လှုပ်သွားပေ၏။

ကြယ်များသည် တဖျပ်ဖျပ်လင်းလက်နေပြီး လုယွီသည် လေထုအတွင်းတွင် မတ်တတ်ရပ်နေကာ သူ၏အဝတ်အစားများ လူးလွန့်နေသည်။

သူ၏မှော်ရတနာအားလုံးသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ခုခံရင်း ရှေးဟောင်းသက်ရှိ၏စိတ်ဝိညာဉ်စွမ်းအား ခိုးယူခြင်းကို ခံခဲ့ရသဖြင့် လက်ရှိအချိန်တွင် ပြန်လည်အင်အားဖြည့်တင်းနေဆဲပင်။

လုယွီသည် သံမဏိလက်သီးတစ်စုံတည်းဖြင့် ထန်ထိပ်သီးကျင့်ကြံသူများအားလုံးကို ဖိနှိပ်နိုင်ခဲ့သည်။

"ဘုန်း..."

လုယွီသည် သူ၏လက်ကိုမြှောက်ပြီး နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးနှက်လိုက်၏။

သူ၏လက်သီးစွမ်းအားသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး နေမင်းကြီးကိုထိုးဖောက်ဝင်ရောက်သွားသော သက်တံတစ်စင်းကဲ့သို့ လေထုအတွင်းတွင် ပုံရိပ်ထင်ဟပ်လာသည်။ ထိုအရာသည် ထန်ထိပ်သီးကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။

ထိုလူ၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီးနောက် ပေါက်ကွဲသွားပြီး သူ၏စိတ်ဝိညာဉ်သည်လည်း ပြန့်ကျဲသွားသည်။

သူ၏နံဘေးမှ ထန်ထိပ်သီးကျင့်ကြံသူသည် ချွေးစေးများ ထွက်လာပြီး အော်ဟစ်ကာ အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး အဝေးသို့ အရှိန်ဖြင့် ထွက်ခွာသွားသည်။

သူ၏တုံ့ပြန်မှုအရှိန်နှုန်းသည် အမှန်တကယ် လျင်မြန်သော်လည်း လုယွီ၏အရှိန်နှုန်းသည် ပို၍ပင် လျှင်မြန်ပေ၏။

သူ လှုပ်ရှားလိုက်သည်နှင့် လုယွီသည် သူ့ကို အမီလိုက်ပြီး သူ၏လည်ပင်းကို ဖမ်းဆွဲလိုက်သည်။

ခရက်...

အချိန်တခဏကြာပြီးနောက် အရိုးကျိုးသံကို ကြားလိုက်ရသည်။

လုယွီသည် ထိုထန်ထိပ်သီးကျင်ကြံသူ၏ လည်ပင်းကို ချက်ချင်းလိမ်ချိုးလိုက်ပြီး သူ့ကို ဆိုးဆိုးရွားရွား သေဆုံးစေခဲ့သည်။

"နောက်တစ်ယောက် သေသွားပြီ...."

"ထန်စစ်တပ်ရဲ့ ထိပ်သီးကျင့်ကြံသူတွေတောင် သေသွားပြီ.... ပြေးကြတော့.."

ထန်စစ်တပ်၏အသက်ဝိညာဉ်ကို ကိုယ်စားပြုသော မြေဝါရောင်နဂါးအလံသည် နံဘေးသို့ တိမ်းစောင်းသွားပေ၏။ ထန်စစ်တပ်သည် အရေးမသာသည့် အခြေအနေသို့ ကျရောက်နေပြီဖြစ်ပြီး တိုက်ခိုက်လိုစိတ် မရှိတော့ချေ။

သူတို့၏နောက်တွင် ရှိနေသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများ စတင်၍ အော်ဟစ်ကြွေးကြော်လိုက်ကြသည်။ ပုန်းကွယ်နဂါးစစ်သင်္ဘောများသည် လေထုကို ဆုတ်ဖြဲပြီး ထန်စစ်တပ်ရှိနေသောနေရာသို့ ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

အမြှောက်ဆန်အလင်းတန်းများ ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားသည်။

ထိုအလင်းတန်းများ၏ ထိမှန်ခြင်းခံခဲ့ရသော ထန်စစ်သင်္ဘောများသည် တစ်စင်းပြီးတစ်စင်း ပြုတ်ကျသွားပြီး မီးလောင်နေသည်။ မရေမတွက်နိုင်သော ထန်စစ်သားများသည် ဤကိစ္စကြောင့် သေဆုံးခဲ့ရသည်။

"သူတို့ကို ဝိုင်းထား... တစ်ယောက်မှ မလွတ်စေနဲ့..."

လုကျင်းရှန့်သည် အော်ဟစ်ပြီး သူ၏လှံရှည်သည် နဂါးတစ်ကောင်အလား ထွက်ပေါ်လာသည်။

အခြားတပ်မှူးများသည်လည်း သူတို့၏ ကိုယ်ပိုင်စစ်သားများကို ဦးဆောင်ပြီး စစ်မြေပြင်သို့ ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။

ထန်စစ်တပ်သည် ပုန်းကွယ်နဂါးစစ်တပ်၏ တိုက်ခိုက်မှုကို တားဆီးရန် သူတို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် တာယွီ၏သာမန်ပြည်သူများကို ဓားစာခံအဖြစ် မကြာခဏ အသုံးပြုပြီး ပုန်းကွယ်နဂါးစစ်တပ်ကို ဆုတ်ခွာရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။

လမ်းတလျှောက်တွင် အလောင်းများကို နေရာတိုင်းတွင် မြင်တွေ့ရပြီး သွေးပင်လယ်ဝေနေသည်။

ဤသည်မှာ မည်သည့်အချိန်မျှ ခွင့်လွှတ်၍မရနိုင်သော နက်ရှိုင်းစွာ စွဲငြိနေသည့် အမုန်းတရားပင်။

ကြယ်တာရာကောင်းကင်ယံတွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်။

ထန်စစ်တပ်သည် နောက်ဆုံးတွင် ပြိုလဲသွားပေ၏။ တချို့လူများသည် ဖိအားကို တောင့်မခံနိုင်တော့ဘဲ ပုန်းကွယ်နဂါးစစ်တပ်ထံသို့ လက်နက်ချလိုက်ကြသည်။

"ငါ စစ်သုံပန်းတွေ မလိုဘူး..."

လုယွီက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

အမှန်အားဖြင့် လုယွီ အမိန့်ပေးရန် မလိုချေ။

ပုန်းကွယ်နဂါးစစ်သားများ၏မျက်လုံးများ နီမြန်းနေကာ ထန်စစ်သားများကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ ထိုထန်စစ်သားများ လက်နက်ချသည်ဖြစ်စေ မချသည်ဖြစ်စေ သူတို့သည် ဂရုမစိုက်ဘဲ သတ်ဖြတ်ခဲ့သည်။

ထန်စစ်တပ်သည် လျင်မြန်စွာ ရှုံးနိမ့်သွားပြီး ခေါင်းမာစွာ ခုခံနေသော လူအနည်းငယ် ရှိနေသေးသော်လည်း သူတို့သည်လည်း အဆုံးသတ်အချိန်သို့ ရောက်ရှိနေလေပြီ။

လုယွီသည် ထန်စစ်တပ်၏ ပင်မစစ်သင်္ဘောရှေ့သို့ ရောက်ရှိလာသည်။ ပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ် အမြောက်အများသည် ထန်စစ်ဗိုလ်ချုပ်တစ်ဦးကို ချုပ်နှောင်ထားပြီး မတ်တတ်ရပ်နေကြသည်။

"အရှင်....ထန်စစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်ကို ဖမ်းမိပါပြီ"

လုကျင်းရှန့်က ပြောဆိုသည်။

Chapter 4848

သူ့ရှေ့မှ ထန်စစ်သူကြီးသည် လူဝံတစ်ကောင်နှင့်တူညီကာ အရပ်မြင့်ပြီး သန်မာထွားကျိုင်းသည်။

သူသည် ဖိနှိပ်ခံထားရသော်လည်း ဧရာမလူဝံတစ်ကောင်ကဲ့သို့ မားမားမတ်မတ်ရှိနေဆဲပင်။အထူးသဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာကြောင့် သူသည် ပို၍ပင် သန်မာအားကောင်းပြီး ခြိမ်းခြောက်နိုင်ပုံရသည်။

သို့ရာတွင် လုယွီ ထွက်ပေါ်လာချိန်၌ ထိုထန်စစ်ဗိုလ်ချုပ်၏အရှိန်အဝါသည် ချက်ချင်း ဖိနှိပ်ခြင်းခံလိုက်ရလေ၏။

ငရဲကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ်သည် ထန်စစ်ဗိုလ်ချုပ်၏ခေါင်းပေါ်သို့ ကျရောက်လာသည်။

ထန်စစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားပြီး အဆုံးအစမရှိသော ကြောက်ရွံ့မှုသည် သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာတွင် ထွက်ပေါ်လာပေ၏။

"မင်းရဲ့ အထောက်အထားကို ပြောစမ်း"

လုယွီက မေးမြန်းသည်။

ထန်စစ်ဗိုလ်ချုပ်သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ခေါင်းငုံ့လိုက်သည်။

ထိုအသံသည် သူ့ မခုခံနိုင်သော လွှမ်းမိုးချုပ်ကိုင်နိုင်မှုကို ပေးစွမ်းနိုင်သည်။

"ငါက ထန်လက်ဝဲစစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်ဝူယွဲ့ပဲ"

ထန်စစ်ဗိုလ်ချုပ်က ပြောဆိုသည်။

"စစ်ဗိုလ်ချုပ် တစ်ယောက်ပဲလား..."

"ဟုတ်ကဲ့...."

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ သူ တွေးထင်ထားသည်နှင့် ကွဲပြားခြားနားပေ၏။

လုယွီ၏ အတွေးများအရ သူတို့သည် ထန်စစ်တပ်၏အဓိကတပ်ဖွဲ့ကို ရှာဖွေတွေ့ရှိသင့်လေပြီ။

သို့ရာတွင် ကိစ္စများသည် သူ၏ဆန္ဒများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဤနေရာတွင် ထန်စစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ယောက် ရှိသော်လည်း သာမာန်စစ်ဗိုလ်ချုပ်တစ်ယောက်သာ ဖြစ်သည်။

ထန်စစ်တပ်၏ အစောင့်တပ်ရင်း တစ်ဆယ့်နှစ်ရင်းတွင် ဒုတိယအဆင့် တပ်မှူးများဖြစ်သော ကောင်းရှစ်ကျီး လီကွမ်းပိနှင့် တခြားလူများ ရှိကြသည်။

ထိုလူများအောက်တွင် တတိယအဆင့်စစ်ဗိုလ်ချုပ်တစ်ဦးရှိပြီး တပ်ရင်းတစ်ရင်းကို စီမံအုပ်ချုပ်သည်။

ဤသည်မှာ တတိယအဆင့် စစ်ဗိုလ်ချုပ်တစ်ဦးသာဖြစ်သဖြင့် သူသည် ထန်စစ်တပ်၏ အဓိကတပ်ဖွဲ့ကို အမိန့်ပေးရန် မဖြစ်နိုင်ချေ။

လူယွီသည် မူလက ရန်သူ၏အဓိကတပ်ဖွဲ့ ဦးတည်နေသောနေရာကို တွက်ချက်ရန်အတွက် ကံကြမ္မာနည်းစနစ်ကို အသုံးပြုရန် ကြံစည်ခဲ့သည်။

သို့ရာတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော ထန်တာအိုသခင်သည် ဤအရာကို အချိန်ကြာမြင့်စွာကတည်းက ကြိုတင်ခန့်မှန်းထားပုံရပြီး သူ၏နံဘေးပတ်လည်ရှိ ကံကြမ္မာအမျှင်တန်းများကို ပရမ်းပတာဖြစ်အောင် လှုံ့ဆော်ခဲ့သည်။

ထို့ကြောင့် ကံကြမ္မာနည်းစနစ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး အရာအားလုံးကို တွက်ချက်နိုင်သော်လည်း လုယွီသည် ထန်စစ်တပ်၏ အဓိကတပ်ဖွဲ့ မည်သည့်နေရာ၌ ရှိသည်ကို မတွက်ချက်နိုင်သေးချေ။

"လီမီ ဘယ်မှာလဲ...."

လုယွီ၏ မျက်လုံးများအတွင်းတွင် ခရမ်းရောင်အလင်းတန်းတစ်တန်း လင်းလက်သွားသည်။

"ငါ မသိဘူး...."

ထန်စစ်ဗိုလ်ချုပ်က တုံ့ပြန်အဖြေပေးသည်။

"ထန်စစ်တပ်ရဲ့ အဓိကတပ်ဖွဲ့က ဘယ်နေရာမှာလဲ"

"ငါလည်း မသိဘူး....ငါ့ရဲ့ တာဝန်က ဒီနေရာမှာ ပုန်းကွယ်နဂါးစစ်တပ်ကို ထိန်းထားဖို့ပဲ"

ထိုထန်စစ်ဗိုလ်ချုပ်၏မျက်လုံးများအတွင်းတွင် ခရမ်းရောင်အလင်းတန်းများ လုံးလုံးလျားလျား လွှမ်းခြုံသွားပေ၏။

သူ၏စိတ်ဝိညာဉ်သည် လုယွီ၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။ သူသည် လုယွီ၏ မေးခွန်းများကို အမှန်အတိုင်းသာ ဖြေဆိုနိုင်သည်။

"အရှင်...လီမီက လှည့်ကွက်တွေနဲ့ ပြည့်နေတယ်....သူက တခြားတပ်ရင်းကို အာရုံလွှဲဖို့ တူညီတဲ့ လှည့်ကွက်ကို နောက်တစ်ခါ ထပ်သုံးချင်နေတာပဲ"

လုကျင်းရှန့်က ပြောဆိုသည်။

လမ်းတလျှောက်တွင် သူတို့သည် ထန်စစ်တပ်၏ အကြိမ်ပေါင်းများစွာ လှည့်စားခြင်းကို ခံခဲ့ရသည်။

သူတို့သည် ထန်စစ်တပ်ရှိနေသော နေရာသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း အဆုံးတွင် ဤသည်မှာ ထန်စစ်တပ်မှ တည်ထောင်ထားသော အယောင်ပြခံတပ်တစ်ခုသာဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။ အဆုံးသတ်တွင် သူတို့သည် သိသာထင်ရှားသော ရလဒ်များကို မရရှိခဲ့ချေ။

လုယွီသည် ခေါင်းခါယမ်းပြီး သူ၏လူများကို ထိုထန်စစ်ဗိုလ်ချုပ်အား ခေါင်းဖြတ်ကွပ်မျက်ရန် အမိန့်ပေးလိုက်သည်။

"လီကျိုးစီကို ခေါ်လာခဲ့စမ်း"

လုယွီက ပြောဆိုသည်။

မကြာမီမှာပင် တစ်စုံတစ်ယောက်က လီကျိုးစီကို ခေါ်လာခဲ့သည်။

လီကျိုးစီသည် သူ၏မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသော်လည်း သူသည် ပုန်းကွယ်နဂါးစစ်တပ်၏ စစ်ဗိုလ်ချုပ်သံချပ်ကာသို့ ပြောင်းလဲဝတ်ဆင်ထားပြီးဖြစ်သည်။

လုယွီက မေးမြန်းလိုက်၏။

"လီမီ ဘယ်သွားနေလဲဆိုတာ မင်း သိလား..."

လီကျိုးစီက သက်ပြင်းရှိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။

"အရှင်.... ကျွန်တော် ဖုန်းချန်ချင်းကို သတ်ခဲ့ကတည်းက ထန်စစ်တပ်ရဲ့ ထောက်လှမ်းရေးကွန်ယက်က ကျွန်တော့်ကို အဆက်အသွယ် ဖြတ်တောက်လိုက်ပြီ...လီမီက နောက်ထပ်ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာ ကျွန်တော် ဘာမှမသိဘူး...."

သူသည် လုယွီကို သူ၏အရှင်သခင်အဖြစ် ခေါ်ဝေါ်အသုံးပြုပြီး တခြားစစ်ဗိုလ်ချုပ်များနှင့် ကွဲပြားသည်။

လုယွီသည် လီကျိုးစီကို သစ္စာစောင့်သိသော ယုံကြည်သူတစ်ဦးအဖြစ်သို့ အတင်းအကြပ် ပြောင်းလဲရန် ဆင့်ခေါ်မှော်မန္တန်တစ်ခုကို အသုံးပြုခဲ့သည်။

သို့ရာတွင် ဤနည်းစနစ်သည် ကောင်းကင်ကို အလွန်ဆန့်ကျင်သည်။ အများအားဖြင့် နတ်ဆိုးကျင့်ကြံသူများသာ ဤအရာကို အသုံးပြုပြီး တန်ပြန်ဒဏ်များ ရရှိစေနိုင်သည်။

လုယွီသည် နတ်ဘုရားတစ်ပါးဖြစ်သဖြင့် သူသည် ဤတန်ပြန်ဒဏ်များကို ခုခံနိုင်သည်။ သို့ရာတွင် သူသည် ဤနည်းစနစ်ကို အလွန်အကျွံ မသုံးနိုင်ချေ။ ထိုသို့မဟုတ်ပါက သူ၏ကျင့်ကြံမှုကို ထိခိုက်စေပေလိမ့်မည်။

လီကျိုးစီသည် အချိန်တခဏမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။

"ဒါပေမယ့် ငါတို့ ဒီတစ်ခါ တိုက်ခိုက်ရခြင်းရဲ့ ရည်ရွယ်ချက်က တာယွီကို သိမ်းပိုက်ဖို့ မဟုတ်ဘူး"

"အမ်...."

လုယွီက မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

ထန်စစ်တပ်သည် ဤနေရာသို့ အင်အားအလုံးအရင်းဖြင့် ကျူးကျော်လာခဲ့သည်မှာ နယ်မြေကို သိမ်းပိုက်ရန် မဟုတ်လျှင် တခြားမည်သည်ကြောင့် ဖြစ်သနည်း။

Chapter 4849

"ငါတို့ မထွက်ခွာခင် ထန်ဧကရာဇ်က တာအိုသခင်ကို သူက နေရာတစ်ခုကို ရှာဖွေနေတယ်လို့ ပြောခဲ့တယ်...အဲ့ဒီနေရာကို ငါတို့ ရှာမတွေ့နိုင်ရင် ငါတို့က တာယွီအင်ပါယာကို သိမ်းပိုက်ပြီးတော့ ရှာဖွေရလိမ့်မယ်"

လီကျိုးစီက ပြောဆိုသည်။

ဤသည်မှာ လုယွီ ယခင်က မထိတွေ့ဖူးသော သတင်းအချက်အလက်ပင်။

ထန်အင်ပါယာ၏ ကြီးမားသော ကျူးကျော်တိုက်ခိုက်မှုသည် အမှန်အားဖြင့် နယ်မြေအတွက် မဟုတ်ပေ။

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းလိုက်သည်။

"သူက ဘယ်နေရာမှာ ရှာနေတာလဲ....."

လီကျိုးစီက ခေါင်းခါလိုက်သည်။

"ကျွန်တော် မသိဘူး....ကျွန်တော်တို့ကို တပ်မှူးတွေလို့ ခေါ်ပေမယ့် ကျွန်တော်တို့ရဲ့ လက်အောက်က စစ်တပ်တွေကိုပဲ ဦးဆောင်တာ.....အထက်လူကြီးတွေက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေအကြောင်း ကျွန်တော်တို့ မသိဘူး...."

ထန်စစ်တပ်သည် ဤကိစ္စကို လျှို့ဝှက်ထားရန် အလွန်ပြီးပြည့်စုံစွာ လုပ်ဆောင်ခဲ့သည်။

ကောင်းကင်ကွန်ယက်သည် အဓိကလျှို့ဝှက်ချက်များကို ရယူရန် ထန်အင်ပါယာသို့ သူလျှိုများကို အကြိမ်များစွာ စေလွှတ်ခဲ့သော်လည်း သူတို့အားလုံး လက်ဗလာဖြင့် ပြန်လာခဲ့ကြသည်။

ယခုအချိန်အထိပင် လုယွီသည် ထန်စစ်တပ်၏နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော တာအိုသခင်သည် မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးချေ။

"ထန်ဧကရာဇ်က မိုင်ထောင်ပေါင်းများစွာ အကွာကနေ တပ်တွေလွှတ်ပြီး မရေမတွက်နိုင်တဲ့ လူအင်အားနဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို သုံးစွဲခဲ့တာက နေရာတစ်ခုကို ရှာဖို့သက်သက်ပဲလား...."

လုယွီက ခေါင်းခါယမ်းလိုက်သည်။

သူ မယုံကြည်၍မဟုတ်ဘဲ ဤကိစ္စသည် အလွန်အဓိပ္ပါယ်မဲ့သောကြောင့်ပင်။

လီကျိုးစီသည် တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ဒီလက်အောက်ငယ်သားက မဆင်မခြင် စကားမပြောရဲပါဘူး....ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရရင် ဒါက အမှန်ဖြစ်လိမ့်မယ်"

လီကျိုးစီ၏ လေးနက်သော အမူအယာကို မြင်ချိန်၌ လုယွီ နောက်တစ်ကြိမ် တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူ သေချာစဉ်းစားကြည့်မိချိန်၌ လီကျီး၏ လုပ်ရပ်များအားလုံး အမှန်တကယ်ကို အနည်းငယ် ထူးဆန်းသည်။

အစပထမတွင် သူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို တိုက်ခိုက်ရန် တပ်များစေလွှတ်ခဲ့သော်လည်း လုယွီ ထွက်ပေါ်လာပြီးနောက် သူ အလျင်အမြန် လက်လျှော့ခဲ့သည်။

ယခုချိန်၌ သူသည် တော်ဝင်မြို့တော်ကို တိုက်ခိုက်ပြီးနောက် နယ်မြေတစ်ခုကို ရရှိပြီးနောက် ငြိမ်းချမ်းရေးယူသွားခဲ့သည်။

ထန်စစ်တပ်သည် အရပ်သားများကို သတ်ဖြတ်ပြီး မြို့များကို ဖျက်ဆီးခဲ့ကြသည်။ သူတို့သည် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ရန် ကြံစည်နေပုံမရပေ။ ထိုအစား သူတို့သည် တိုက်ပွဲကို အလျင်စလို အဆုံးသတ်ခဲ့သည်။

ဤသည်မှာ ကျင့်ကြံခြင်းအင်ပါယာတစ်ခုနှင့် မတူဘဲ ကြယ်တာရာဓားပြတစ်စုနှင့် ပို၍တူလေသည်။

သို့သော် ဓားပြများသည် ငွေရှာလိုခြင်းကြောင့်ဖြစ်သော်လည်း ထန်အင်ပါယာတွင် ငွေမရှားပေ။

ဤသည်ကြောင့် သူတို့ လိုချင်သည်မှာ တခြားအရာဖြစ်ပေမည်။

ဤသို့သော လျှို့ဝှက်ချက်မျိုးကို အဆင့်မြင့်စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော လီကျိုးစီပင်လျှင် မသိရှိသဖြင့် မည်မျှထိ အရေးကြီးသည်ကို ခန့်မှန်းကြည့်၍ ရနိုင်သည်။

"လီကျီး...မင်းက ဘာကိုလိုချင်တာလဲ"

လုယွီသည် ယခင်က လီကျီးကို မြင်တွေ့ခဲ့စဉ်က မြင်ကွင်းအား ပြန်လည်အမှတ်ရလိုက်သည်။

လီကျီးသည် ရှေးဟောင်းဧကရာဇ်တစ်ပါး ပြန်လည်ဝင်စားလာခြင်းပင်။

သူနှင့်အတူ ထန်အင်ပါယာ၏မျိုးဆက်များအားလုံး တဖန်ပြန်၍ ထွက်ပေါ်လာပေ၏။

သူတို့သည် အလယ်ခေတ်နှောင်းပိုင်းမှ စစ်ပွဲကို ရှောင်ရှားခဲ့ကြပြီး ဤအချိန်တွင် လောကကြီးအတွင်း၌ ရုတ်တရက် ပြန်လည်ပေါ်ထွက်လာခဲ့ကြသည်။ သူတို့သည် မည်သည့်အစီအစဉ်များ ကို ပြုလုပ်ခဲ့သည်အား မည်သူ သိနိုင်မည်နည်း။

ဤသည်မှာ ကြီးကျယ်ခမ်းနားသော အစီအစဉ်တစ်ခုပင်။ လုယွီသည် မူလက သူ၏အတိတ်ဘဝထက်ပို၍ သိရှိနေပြီဟု တွေးထင်ခဲ့သော်လည်း ယခုချိန်၌ သူ၏ရှေ့တွင် မြူခိုးများဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်ပုံရသည်။

"မင်း အရင်သွားလို့ရပြီ...."

လုယွီက ရုတ်တရက် ပြောဆိုလိုက်သည်။

"နောင်တစ်ချိန်မှာ မင်းရဲ့ မျက်နှာဖုံးကို ချွတ်ပြီး မင်းရဲ့အစစ်အမှန်မျက်နှာကို တခြားသူတွေကို ပြလိုက်တော့"

"ဒါ..."

လီကျိုးစီသည် တွေဝေသွားပေ၏။

"ဒီနေ့ကစပြီး မင်းက ပုန်းကွယ်နဂါးစစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်သွားပြီ... ငါ မင်းကို ရာထူးခန့်အပ်မယ်... လီကျီးက မင်းကို ပေးခဲ့တဲ့ မျိုးရိုးနာမည်ကို မေ့လိုက်တော့.... မင်းရဲ့ မူလနာမည် ဝမ်ကျုံးစီကိုပဲ ပြန်ပြီးအသုံးပြုပါ"

လုယွီက ပြောဆိုသည်။

ဝမ်ကျိုးစီ၏လက်များသည် တုန်ရီနေပြီး သူ၏မျက်နှာဖုံးကို ချွတ်လိုက်သည်။

"ကျွန်တော်က အမြင့်မြတ်ဆုံးနတ်ဘုရားအတွက် ဘာမဆို လုပ်ဖို့ ဆန္ဒရှိပါတယ်"

ဝမ်ကျိုးစီသည် လုယွီကို ဦးညွှတ်ပြီးနောက် ထွက်ခွာသွားလေ၏။

အခန်းအတွင်း၌ နောက်တစ်ကြိမ် တိတ်ဆိတ်သွားသည်။ လုယွီသည် သူ၏လက်အတွင်းတွင် ကြယ်မြေပုံကို ကိုင်ဆောင်ပြီး ထိုအရာပေါ်၌ မှတ်တမ်းတင်ထားသော တိုက်ပွဲအခြေအနေကို ကြည့်လိုက်သည်။

လုယွီသည် လီမီကို သတ်မည်ဟု ဆုံးဖြတ်ပြီးဖြစ်သည်။ သူသည် သူတို့ကို လုံးဝအလွတ်မပေးနိုင်ချေ။

ထန်အင်ပါယာ၏ အခြေခံအုတ်မြစ်သည် အလွန်နက်ရှိုင်းပေ၏။ သူ ဤလူများကို လွှတ်ပေးလိုက်လျှင် မကြာမီမှာပင် အသစ်စက်စက် ထန်စစ်တပ်တစ်တပ်သည် သူ၏ရှေ့တွင် ထွက်ပေါ်လာပေလိမ့်မည်။

လုယွီသည် ဤတိုက်ပွဲကို အခွင့်ကောင်းယူပြီး ထန်အင်ပါယာကို လုံးလုံးလျားလျား နှိမ်နင်းရန် ကြံစည်ထားသည်။ ထိုသို့ပြုလုပ်မှသာ သူတို့သည် တာယွီ၏ နယ်မြေသို့ နောက်တစ်ကြိမ် ခြေမချရဲတော့မည် မဟုတ်ပေ။

နက်ရှိုင်းစွာ စွဲငြိနေသော အမုန်းတရားကို သွေးဖြင့်သာ ဆေးကြောနိုင်သည်။

"သခင်ကြီး....ကျန်းရီက တွေ့ဆုံခွင့် တောင်းပါတယ်"

အပြင်ဘက်မှ အစောင့်တစ်ဦး၏ သတင်းပို့သံ ထွက်ပေါ်လာသည်။

Chapter 4850

"သူ့ကို ဝင်ခိုင်းလိုက်...."

လုယွီသည် သူ၏ခေါင်းကို မော့မကြည့်ဘဲ ပြောဆိုလိုက်သည်။

တံခါးပွင့်သွားပြီး အတွင်းသို့ ကျန်းရီ ဝင်လာသည်။

သူတို့ နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ အချိန်အနည်းငယ်သာ ကြာသေးသော်လည်း ကျန်းရီ၏ပုံပန်းသွင်ပြင် အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။

သူ၏ဦးရေပြားသည် ခြောက်ကပ်နေပြီး သူ၏မျက်နှာ ဖြူဖျော့နေပေ၏။ သူသည် ကိုယ်အလေးချိန်များစွာ ကျသွားပြီး သူ၏ခေါင်းပေါ်မှ ဆံပင်များပင်လျှင် ဖြူရော်သွားသည်။

ကျန်းရီသည် ပြေးဝင်လာပြီး မြေပြင်ပေါ်၌ ဒူးထောက်ကာ ဦးညွှတ်အရိုအသေပြုပြီးပြီး ပြောဆိုလိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်.... ဒါပေမယ့် ကျွန်တော်က အရှင်ကို အရိုအသေပြုဖို့ ဒီနေရာကို လာခဲ့တာပါ"

ဤတစ်ကြိမ်တွင် လုယွီသည် သူ့ကို မထခိုင်းခဲ့ပေ။

ကောင်းကင်ကွန်ယက်ကို ကျန်းရီထံသို့ လွှဲအပ်ပြီးနောက် လုယွီသည် သူ၏လူများကို ဦးဆောင်ပြီး ထန်စစ်တပ်နှင့် တိုက်ခိုက်ခဲ့သည်။

ဤတိုက်ပွဲသည် ကျန်းရီ၏ထိန်းချုပ်မှုအောက်မှ ကောင်းကင်ကွန်ရက်၏စွမ်းဆောင်ရည် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဟု ဆိုနိုင်သည်။

သို့ရာတွင် ဤတိုက်ပွဲ၌ ကောင်းကင်ကွန်ယက်သည် ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်။

ထန်စစ်တပ်သည် သူတို့၏စစ်တပ်အတွင်းသို့ ခိုးဝင်နေရုံသာမက လုယွီ၏နောက်လိုက်တချို့ပင်လျှင် ထန်အင်ပါယာမှ ဖြစ်ကြသည်။

လီမီသည် သူ၏လူများကို လုယွီအား တိုက်ခိုက်ရန် စေလွှတ်ချိန်၌ ထန်အင်ပါယာမှသူလျှိုများမှ သစ္စာဖောက်ခဲ့သောကြောင့် ကောင်းရှစ်ကျီးနှင့် တခြားသူများသည် လုယွီ၏ ကျင့်ကြံခန်းကို ပြတ်သားစွာ တိုက်ခိုက်ခဲ့ကြသည်။

ဤအချက်ကြောင့်ပင် လုကျင်းရှန့်၏ စစ်တပ်သည် ရန်သူ၏ ဝိုင်းရံပိတ်ဆို့မှုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

ကောင်းကင်ကွန်ယက်တွင် အားနည်းချက်များဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်ပေ၏။

ကောင်းကင်ကွန်ယက်၏ တပ်မှူးအနေဖြင့် ကျန်းရီသည် အပြစ်တင်ခံရခြင်းမှ မလွတ်မြောက်နိုင်ချေ။

"မင်း ခွင့်လွှတ်မှု တောင်းချင်ရင် ငါ ခွင့်လွှတ်ပေးနိုင်တယ်...ဒါပေမယ့် မင်းက

အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေတယ်...အနည်းဆုံးတော့ မင်းက ငါ့ကို ဖြေရှင်းချက်တစ်ခု ပေးရမယ်"

လုယွီက လျစ်လျူရှုသော လေသံဖြင့် ပြောဆိုလိုက်သည်။

ကျန်းရီက မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ပြောဆိုလိုက်၏။

"ကျွန်တော် လီမီရဲ့ တည်နေရာကို ရှာတွေ့ခဲ့ပါပြီ"

ထိုအချိန်ကျမှသာ လုယွီသည် သူ၏ခေါင်းကို မော့ပြီး ကျန်းရီကို ကြည့်လိုက်သည်။

"သူ ဘယ်မှာလဲ...."

"လီမီက ထွက်ပြေးဖို့ကို လုံးဝမကြံစည်ထားဘူး....ထန်စစ်တပ်ရဲ့ အဓိကတပ်ဖွဲ့က နောက်တန်းက ကြယ်နယ်မြေတွေထဲမှာ ပုန်းအောင်းနေပြီးတော့ ငါတို့ကို ဝိုင်းရံဖို့ ငါတို့ရဲ့ ဆုတ်ခွာလမ်းကြောင်းကို နောက်ကနေ ဖြတ်တောက်ပစ်ဖို့ ပြင်ဆင်နေတယ်"

ကျန်းရီသည် မတ်တတ်ထရပ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကြယ်မြေပုံပေါ်တွင် လီမီ၏ တည်နေရာကို ညွှန်ပြလိုက်သည်။

"ဒါဆို ဒါက သူ့ရဲ့ အစီအစဉ်ပေါ့..."

လုယွီသည် အသက်ပြင်းပြင်းရှိုက်လိုက်၏။

လီမီသည် အမှန်တကယ်ကို လောကကြီးအတွင်းတွင် ရှားပါးသော ပါရမီရှင်တစ်ဦးပင်။ သူသည် သဘာဝသူတော်စင်တစ်ဦးဖြစ်သည်မှာ အံ့အားသင့်ဖွယ်ရာ မရှိချေ။

သာမန်လူများဆိုလျှင် ယခုအချိန်တွင် ရှုံးနိမ့်သွားသောကြောင့် ဆုတ်ခွာသွားပြီး ဖြစ်ပေမည်။

သို့ရာတွင် လီမီသည် တန်ပြန်တိုက်ခိုက်မှုတစ်ခုကို စတင်လိုသည်။ သူ့ထံတွင် ကြီးမားသော တိုက်ခိုက်လိုစိတ် ရှိသည်ဟု ဆိုနိုင်ပေ၏။

"မင်း သေချာလား"

လုယွီက မေးမြန်းလိုက်သည်။

ကျန်းရီ၏ မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအယာတစ်ရပ်ရှိနေသည်။ "ကျွန်တော်က ကျွန်တော့်ရဲ့ ခေါင်းကို အာမခံချက်အဖြစ် သုံးဖို့ ဆန္ဒရှိပါတယ်...ဒီတစ်ခါတော့ ကျွန်တော်အမှားလုပ်မှာ မဟုတ်ဘူး...."

သူလျှိုစစ်ပွဲသည် နောက်ကွယ်တွင် ဆောင်ရွက်ခဲ့ရပြီး မည်သူမျှ ထာဝရအောင်နိုင်သူ မဟုတ်ပေ။

ရန်သူများသည် အကြိမ်များစွာ အနိုင်ရခဲ့ပြီး ကျန်းရီသည် ဤသည်ကို အမြဲတစေ သည်းခံနေခဲ့ရသည်။ နောက်ဆုံးတွင် သူသည် ရန်သူ၏ သေစေနိုင်သော အားနည်းချက်ကို ရှာတွေ့ခဲ့လေ၏။

လုယွီက ခေါင်းညိတ်လိုက်သည်။

"ငါ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...တပ်ရင်းတွေအားလုံး အရှိန်အပြည့်နဲ့ ချီတက်မယ်"

...

တင်းအန်းကြယ်နယ်မြေ..

ကြယ်နယ်မြေအရှင်အိမ်တော်၏ အပြင်ဘက်တွင် သီဆိုကခုန်သံများနှင့် အခမ်းအနားကို ဆက်လက်၍ ကျင်းပနေသည်။

စစ်နတ်ဘုရားလီကျင်း၏ ကောင်းချီးပေးမှုများကို ကြုံတွေ့ပြီးနောက် ဤနေရာသည် ပို၍ပင် သက်ဝင်လှုပ်ရှားလာပေ၏။

စစ်နတ်ဘုရားအပေါ် သူ၏ရိုးသားမှုကို ဖော်ပြရန် ကြယ်နယ်မြေအရှင်အန်းရန်သည် အုပ်ချုပ်ရေးရုံးတော်များအားလုံးကို အားလပ်ရက်သုံးရက်ပေးကြောင်း ကြေညာခဲ့သည်။ အုပ်ချုပ်ရေးအရာရှိများအားလုံးသည် ဤနေရာတွင် စုဝေးပြီး စစ်နတ်ဘုရား လီကျင်းကို အရိုအသေပြုကြပေမည်။

စစ်နတ်ဘုရားပွဲတော်သည်လည်း ပို၍ပင် သက်ဝင်လှုပ်ရှားလာသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် လူပင်လယ်ကြီး ရှိနေသည်။ လီကျင်း၏ ရုပ်တုရှေ့မှ အမွှေးတိုင်မီးတောက်သည် အဆုံးအစမရှိဘဲ နံဘေးပတ်လည်တွင် အမွှေးနံ့သာမြူခိုးများ ရစ်ဝဲနေသည်။

မည်သည့်မှားယွင်းမှုမှ မရှိကြောင်း သေချာစေရန် ကုန်သည်သည် ရုပ်ထု၏ရှေ့တွင် သူကိုယ်တိုင် စောင့်ကြပ်နေသည်။

သူသည် ကြယ်နယ်မြေအရှင်ကို မျက်နှာချိုသွေးရန် ဤသို့လုပ်ဆောင်နေခြင်း ဖြစ်ပေ၏။

မည်သို့ပင်ဆိုစေကာမူ သူ၏အနာဂတ်စီးပွားရေးသည် ကြယ်နယ်မြေအရှင်၏ဂရုစိုက်မှုကို အားကိုးရပေမည်။

"သခင်ကြီး...ပြဿနာရှာဖို့ နောက်တစ်ယောက် ထပ်ရောက်လာပြန်ပြီ...."

ထိုအချိန်မှာပင် အစေခံတစ်ဦးသည် အလျင်အမြန် ပြေးလာပေ၏။

ကုန်သည်က စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်သည်ေ။

"မင်း ငါ့ကို ဘာလို့ လာပြောနေတာလဲ.... မင်းရဲ့လူတွေကို ခေါ်ပြီး သူတို့ကို ရိုက်ထုတ်လိုက်လေ"

မည့်သည့်မှားယွင်းမှုမရှိစေရန် သူသည် ငွေအမြောက်အများ သုံးစွဲပြီး လူမိုက်တစ်စုကို ငှားရမ်းခဲ့သည်။

ဤအချိန်တွင် မည်သူမျှ စစ်နတ်ဘုရားရုပ်တုကို ဖျက်ဆီးရန် စဉ်းစားနိုင်တော့မည် မဟုတ်ချေ။

အစေခံ၏မျက်နှာပေါ်တွင် တွေဝေတုံ့ဆိုင်းမှုများဖြင့် ပြည့်နှက်နေသည်။

"ဒါပေမယ့်... အဲ့ဒီလူက ကျိုးဟောင်...သူက ဂုဏ်သိက္ခာကြီးမားတဲ့ ကွန်ဖြူးရှပ်ပညာရှင်ကြီးတစ်ယောက်ပဲ....သူ့ကို သတ်ဖို့ ငါတို့အတွက် မလွယ်ဘူး..."

ကုန်သည်သည် မျက်မှောင်ကြုတ်ပြီး နှာခေါင်းရှုံ့လိုက်၏။

"ငါ့ကို အဲ့ဒီနေရာဆီ ခေါ်သွားစမ်း...."

All Chapters