အခန်း (၄၈၅၆-၄၈၆၀)
Vol. 246 Ch. 4856-4860
Chapter 4856
ရှားပါးသော မြင်ကွင်းတစ်ခုသည် လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာပေ၏။
လူများအားလုံး ရိုသေစွာ ကိုးကွယ်ခဲ့သော ကြီးမားသော နတ်ဘုရားရုပ်ထုသည် ယခုအချိန်၌ မျက်နှာအသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအရာသည် အသွေးအသားကို ဝါးမြိုသော နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား သူ့အား ယုံကြည်သက်ဝင်သူများ၏ အရာအားလုံးကို အဆက်မပြတ် ဝါးမြိုနေသည်။
လူအမြောက်အများ၏ မျက်နှာများသည် ဖြူဖျော့နေပြီး သူတို့၏မျက်နှာများပေါ်တွင် အရေးအကြောင်းများပင် ထွက်ပေါ်လာသည်။ သူတို့၏ သက်တမ်းများသည် လျင်မြန်စွာ ယိုယွင်းစပြုလာပြီး သူတို့၏ခေါင်းများပေါ်တွင် ဆံပင်ဖြူများ ထွက်ပေါ်လာသည်။
"အား ....ဘာလို့ ငါ့ရဲ့ မှော်စွမ်းအားက ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာလဲ... ငါအခုလေးတင် ချိုးဖျက်ခဲ့တဲ့ ကျင့်ကြံဆင့်နယ်ပယ်တောင်မှ ပြန်ဆုတ်သွားတယ်"
"မဟုတ်ဘူး.... ဒါက မဖြစ်နိုင်ဘူး..."
လက်ရှိနေရာတွင် ရှိနေသော တာယွီအရာရှိများအားလုံးထံမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
သူတို့၏အဆင့်အတန်းသည် မြင့်မားပြီး သက်တောင့်သက်သာ နေထိုင်ခဲ့ကြသည်။ သူတို့သည် စစ်နတ်ဘုရားကို ဝတ်ပြုသောကြောင့် ယခုလက်ရှိကျင့်ကြံဆင့်ကို ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယခုချိန်၌ အမြဲတစေ ကြင်နာတတ်သော လီကျင်း၏နတ်ဘုရားရုပ်ထုသည် ရုတ်တရက် သူ၏ ကြီးမားသော ပါးစပ်ကို ဖွင့်ပြီး သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးကို ဝါးမြိုစပြုလာသည်။
အသက်အိုမင်းနေသော အရာရှိတချို့၏ သက်တမ်းများသည် အမှန်တကယ် စုပ်ယူခြင်းခံလိုက်ရပြီး သူတို့ကို ထိုနေရာတွင်ပင် သေဆုံးသွားစေခဲ့သည်။
"အဟွတ် အဟွတ် အဟွတ်...အရှင် လီ...ခင်ဗျား ဘာလုပ်လိုက်တာလဲ"
ကြယ်နယ်မြေအရှင်အန်းရန်သည် သွေးများ အဆက်မပြတ် အန်ထုတ်ရင်း ဖြူဖျော့သော မျက်နှာဖြင့် လီမီကို ကြည့်လိုက်သည်။
ဤအရာအားလုံးသည် လီမီ၏ လက်ချက်ဖြစ်နိုင်ချေ အလွန်များသည်။
လီမီသည် ထိုမှော်မန္တန်ကို ရွတ်ဆိုလိုက်သည့် အချိန်မှစ၍ ဤသို့သော ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
ထိခိုက်ခံရသူအားလုံးသည် အမှန်တကယ်ကိုပင် တာယွီပြည်သူများသာ ဖြစ်နေကြသည်။
နှိုင်းယှဉ်ကြည့်လျှင် သူတို့၏နံဘေးပတ်လည်ရှိ ထန်စစ်ဗိုလ်ချုပ်များသည် စိတ်ကျေနပ်နေပြီးပျော်ရွှင်နေပုံရသည်။
လီမီ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ကြယ်နယ်မြေအရှင်အန်းရန်ကို တင်းမာခက်ထန်စွာ ကြည့်လိုက်သည်။
"ကောင်းကင်နဲ့ မြေပြင်ကြားက အရာအားလုံးမှာ ကိုယ်ပိုင်ကံကြမ္မာ ရှိတယ်...မင်းက ပူဇော်အစ္စည်းတချို့ ဆက်သပြီးတော့ နတ်ဘုရားမန္တန်တွေ ရွတ်ဆိုရုံနဲ့ စစ်နတ်ဘုရားရဲ့မျက်နှာသာကို ရနိုင်မယ်လို့ ထင်နေတာလား...မင်း ငါ့ကို နောက်နေတာလား"
သူသည် သူ၏နံဘေးပတ်လည်ရှိ ပရမ်းပတာဖြစ်နေသော တာယွီအရာရှိများနှင့် စစ်ဗိုလ်ချုပ်များကို ကြည့်ပြီး ပြောဆိုလိုက်၏။
"ပြောရမယ်ဆိုရင် စစ်နတ်ဘုရားက မင်းတို့ကို ကောင်းချီးပေးဖို့အတွက် ပတ်ဝန်းကျင်က သဘာဝစွမ်းအားတွေကို အတင်းအကျပ် ထုတ်ယူလိမ့်မယ်... မင်းတို့က ဒါကို လက်ဆောင်လို့ တကယ်ကြီး ထင်နေကြတာလား... ဟား ဟား ဟား တကယ့်ကို ငတုံးငအတွေပဲ"
ဤသည်ကို ကြားချိန်တွင် ကြယ်နယ်မြေအရှင်အန်းရန်၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
စစ်နတ်ဘုရားရုပ်ထုကို တည်ထောင်ခဲ့စဥ်ကတည်းက တင်းအန်းကြယ်နယ်မြေတစ်ခုလုံးတွင် သဲများနှင့် ဖုန်များဖြင့် ပြည့်နှက်နေပြီး သစ်ပင်များ ညှိုးခြောက်ကာ နေရာတိုင်းတွင် ခြောက်ကပ်သော မြင်ကွင်းတစ်ခု ရှိနေသည်။
ဤသည်မှာ အထူးသဖြင့် လူသားများ အခြေချနေထိုင်သော နေရာများဖြစ်သဖြင့် နှစ်ပေါင်းများစွာကြာအောင် အငတ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည်။ နေရာအများစုတွင် မြေတစ်လက်မမျှ သီးပင်စားပင်များ စိုက်ပျိုးနိုင်ခြင်း မရှိချေ။
ဤှအရာများအားလုံးသည် သူတို့ တည်ထောင်ခဲ့သော စစ်နတ်ဘုရားရုပ်ထုကြောင့် ဖြစ်သလော....
"ဒါတွေအားလုံးက စစ်နတ်ဘုရားကို တစ်နှစ်ပတ်လုံး ဝတ်ပြုနေတဲ့ မင်းတို့အားလုံးကြောင့်ပဲ... မင်းတို့ရဲ့ မှော်စွမ်းအားနဲ့ သက်တမ်းကို ငါတို့ရဲ့စစ်တပ်က စစ်သားတွေဆီ လွှဲပြောင်းပေးလိမ့်မယ်.... မင်းတို့ရဲ့ အကူအညီနဲ့ ငါတို့စစ်တပ်က မကြာခင်မှာ အထွတ်အထိပ်ကို ပြန်ရောက်တော့မယ်"
လီမီက ပြုံးလိုက်သည်။
"ကျွန်တော့်ကို ကယ်ပါ... ကျွန်တော်က စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ထန်လူမျိုးပါ... ကျွန်တော်က သူတို့နဲ့ မတူဘူး"
ကုန်သည်သည် မတ်တတ်ရပ်ရန်ပင် အင်အားမရှိတော့ချေ။
သို့သော် အသက်ရှင်သန်ရန်အတွက် ကုန်သည်သည် လီမီ၏ခြေထောက်များဆီသို့ တွားသွားခဲ့သည်။
လီမီသည် သူ့ကို ကန်ထုတ်ပြီး အေးစက်စွာ ပြောဆိုလိုက်၏။
"မင်းက ထန်လူမျိုးဖြစ်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား..."
ချလွမ်...
လီမီ၏လက်အတွင်းမှ ဝိုင်အရက်ခွက်သည် မြေပေါ်သို့ ပြုတ်ကျပြီး ကြေမွှပျက်စီးသွားသည်။
ဤသည်မှာ အချက်ပြမှုတစ်ခုပင်။
မရေမတွက်နိုင်သော ထန်စစ်သားများသည် ပြေးဝင်လာပြီး ခုခံနိုင်စွမ်းအားလုံး ဆုံးရှုံးသွားသော တာယွီ၏ပြည်သူများကို သတ်ဖြတ်ခဲ့ကြသည်။
အချိန်တခဏအတွင်းတွင် သွေးများ နေရာအနှံ့ပြန့်ကျဲနေပြီး မြို့တစ်မြို့လုံး၌ ငိုကြွေးသံများဖြင့် ပြည့်နှက်နေသည်။
"ဒီသွေးနဲ့ ငါတို့တပ်က မနက်ဖြန် ရှေ့ဆက်ချီတက်မယ်"
လီမီသည် မျက်လုံးစုံမှိတ်ပြီး သူ၏နံဘေးပတ်လည်ရှိ အော်ဟစ်သံများကို ပျော်ရွှင်စွာ ခံစားနေသည်။
ထိုအချိန်မှာပင်...
သန်းခေါင်ယံအချိန်...တင်းအန်းကြယ်နယ်မြေပေါ်၌..
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ကြီးမားသည့် စစ်သင်္ဘောများသည် တင်းအန်းကြယ်နယ်မြေ၏ အပြင်ဘက်၌ နေရာယူထားသည်။
ပုန်းကွယ်နဂါးစစ်တပ်၏ အလံသည် လေထုအတွင်းတွင် တဖျတ်ဖျတ်လူးလွန့်နေပေ၏။ စစ်သားအမြောက်အများသည် တင်းအန်းကြယ်နယ်မြေတစ်ခုလုံး၏ ကောင်းကင်ဘုံတံခါးများအားလုံးကို ပိတ်ဆို့ထားပြီး ရေတစ်စက်မျှ မယိုစိမ့်နိုင်ချေ။
"အရှင်....တံခါးကိုစောင့်ကြပ်ဖို့ တာဝန်ယူထားတဲ့ ထန်စစ်တပ်ရဲ့တပ်ရင်းကို သတ်ဖြတ်ပြီးပြီ....ဒါ့ပြင် အဲ့ဒီလူတွေက ထန်ဧကရာဇ်ရဲ့ တော်ဝင်အစောင့်တပ်သားတွေပဲ...လီမီနဲ့ တခြားလူတွေက ဒီနေရာမှာ ရှိနေလောက်တယ်"
လူကျင်းရှန့်က ဝမ်းသာပျော်ရွှင်သော အမူအယာဖြင့် လျှောက်လှမ်းလာသည်။
ထန်စစ်တပ်သည် ဤတစ်ကြိမ်တွင် သူတို့၏လှည့်ကွက်များအတွက် ပြန်လည်ပေးဆပ်ရမည်ဟု မျှော်လင့်ထားမည် မဟုတ်ချေ။
ပုန်းကွယ်နဂါးစစ်တပ်၏ တပ်ရင်းများအားလုံး အလွန်စိတ်အားတက်ကြွနေသည်။
"ငါနဲ့အတူ လိုက်ခဲ့စမ်း.... ဒီတစ်ခါတော့ လီမီကို အနောက်ဘက်ကို ပြန်ပို့ရမယ့်အချိန်ပဲ"
လုယွီ၏မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
Chapter 4857
လီမီသည် ဝိုင်းရံပိတ်ဆို့မှုကို ဖြတ်သန်းပြီး တင်းအန်းကြယ်နယ်မြေသို့ အမှန်တကယ် ရောက်ရှိသွားကြောင်း သိရှိပြီးနောက် လုယွီသည် သူ၏လူများကို စုစည်းရန် ပြတ်သားစွာ အမိန့်ပေးခဲ့သည်။
သူသည် လီမီ၏ အစီအစဉ်ကို ခန့်မှန်းပြီးဖြစ်သည်။
လီမီကို လိုက်လံရှာဖွေရန် လုယွီသည် သူ၏ ထိပ်သီးတပ်ရင်းများ အားလုံးနီးပါးကို အသုံးပြုခဲ့ပြီး နောက်တန်းကို ဗလာဖြစ်စေခဲ့သည်။
လီမီသည်လည်း အခွင့်အရေးတစ်ခု ရှာတွေ့ခဲ့လေ၏။ သူသည် အခွင့်အရေးကိုယူ၍ လုယွီ၏ နောက်တန်းကို တိုက်ခိုက်ပြီး သူ့ကို ဝိုင်းရံရန် ကြံစည်ခဲ့သည်။
ထို့ပြင် ထောက်လှမ်းရေးသတင်းများအရ ထန်စစ်၏မြောက်ပိုင်းတပ်မမှ တပ်မှူးကောကျစ်ရီသည် သူ၏စစ်တပ်ကို ဦးဆောင်ပြီး သူတို့ကို စစ်ကူပေးရန် ရောက်ရှိလာလေပြီ။ ဤသည်မှာ အခြေအနေ ရှင်းလင်းကြောင်း အဓိပ္ပာယ်ရသည်။ သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်ကို နှစ်ဖက်စလုံးမှ ညှပ်တိုက်ရန် ကြံစည်ထားသည်မှာ သိသာထင်ရှားသည်။
လုယွီသည် သူ့အစီအစဥ်၏ အားသာချက် အားနည်းချက်များကို သိရှိထားသည်။ ဤသို့သော အချိန်မျိုးတွင် သူသည် တွေဝေနေ၍ မဖြစ်ချေ။
ကောင်းကင်ဘုံတံခါးမှ ထူထပ်သိပ်သည်းသော တိမ်လွှာများကို ဖြတ်သန်းပြီးနောက် ကြီးမားသော နယ်မြေတစ်ခုသည် လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာသည်။
"ကောင်းကင်ကွန်ယက်ကနေ သတင်းရထားတာတော့ ထန်စစ်တပ်က အန်တင်းစီရင်စုတစ်ခုလုံးကို သတ်ဖြတ်ခဲ့တယ်... စီရင်စုမြို့ထဲမှာ အလောင်းတွေ နေရာအနှံ့အပြားမှာ ရှိနေတယ်"
ကျန်းရီက အစီရင်ခံသည်။
"ထန်စစ်တပ်က ရူးနေတာလား..."
"သူတို့က တစ်လမ်းလုံး သတ်ဖြတ်လာခဲ့တာ... ပြည်တွင်းစစ် ဖြစ်ပွားမှာကို မကြောက်ဘူးလား"
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များသည် ထန်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် စိတ်ရှုပ်ထွေးနေကြ၏။
ဤသည်မှာ ကျင့်ကြံခြင်းအင်ပါယာတစ်ခု၏ လုပ်ဆောင်ချက်မျိုး မဟုတ်တော့ပေ။ သူတိူ့သည် ရူးသွပ်နေသော လေဟာနယ်ဓားပြတစ်စုနှင့် ပိုတူသည်။
လုယွီကမူ ဝမ်ကျိုးစီထံမှတဆင့် ထန်စစ်တပ်ဤနေရာသို့ လာရောက်ရခြင်း၏ အစစ်အမှန်ရည်ရွယ်ချက်သည် နယ်မြေကို သိမ်းပိုက်ရန်မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို ရှာဖွေရန်ဖြစ်ကြောင်း သိရှိခဲ့သည်။
သာမန်ပြည်သူများအတွက်မူ သူတို့သည် ထန်အင်ပါယာအတွက် မည်သည့်တန်ဖိုးမျှ မရှိချေ။ သူတို့အားလုံး အသတ်ခံလိုက်ရလျှင်ပင် ဤကိစ္စသည် တာယွီ၏ကံကြမ္မာစွမ်းအားကိုသာ ယိုယွင်းသွားစေပေမည်။
လုယွီနှင့်တခြားသူများသည် လမ်းတစ်လျှောက် အရှိန်ဖြင့် ချီတက်ခဲ့ကြပြီး မကြာမီမှာပင် တင်းအန်းစီရင်စုသို့ ရောက်ရှိလာကြသည်။
မြို့ပြင်တွင် မရေမတွက်နိုင်သော ထန်စစ်သင်္ဘောများသည် ရပ်တန့်ထားပြီး ထန်စစ်တပ်၏စစ်စခန်းသည် မိုင်ပေါင်းများစွာ ရှည်လျားပေ၏။
ဤသည်မှာ ထန်စစ်တပ်၏ အဓိကတပ်ဖွဲ့ပင်။
ဤအချိန်တွင် အန်တင်းစီရင်စု၌ မီးတောက်များသည် မိုးကောင်းကင်ယံထိ မြင့်တက်နေသည်။ ဤသည်မှာ မြေပြင်ပေါ်မှ ငရဲနယ်မြေတစ်ခု ဖြစ်နေလေပြီ။
နေရာတိုင်းတွင် တိုက်ပွဲကြွေးကြော်သံများ ရှိနေသည်။ ထန်စစ်သားများသည် အိမ်များအတွင်းသို့ တိုက်ခိုက်ဝင်ရောက်ပြီး သူတို့မြင်သမျှ လူတိုင်းကို သတ်ဖြတ်ကာ မည်သည့်သနားညှာတာမှုကိုမျှ မပြသခဲ့ပေ။
ဤအရာအားလုံးသည် ကြယ်နယ်မြေသခင်အန်းရန်ကြောင့်ပင်။
ထန်စစ်တပ်ကို မျက်နှာချိုသွေးရန်အတွက် ကြယ်နယ်မြေအရှင်အန်းရန်သည် တင်းအန်းစီရင်စုမှ အရာရှိများနှင့် စစ်ဗိုလ်ချုပ်များအားလုံးကို ပွဲတော်သို့ တက်ရောက်စေခဲ့သည်။
ရလဒ်အနေဖြင့် တင်းအန်းကြယ်နယ်မြေ၏ ကာကွယ်ရေးစစ်တပ်တစ်တပ်လုံးသည် သူတို့၏ ခေါင်းဆောင်များကို ဆုံးရှုံးလိုက်ရပြီး ပရမ်းပတာဖြစ်သွားသည်။
တစ်ချိန်က စစ်နတ်ဘုရားကို အရိုအသေပြုခဲ့သော လူတချို့သည် ယခုချိန်၌ သူတို့၏စွမ်းအားများအားလုံး လီကျင်းရုပ်ထု၏ အတင်းအကျပ် စုပ်ယူခြင်းကို ခံလိုက်ရသည်။ သူတို့သည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပြိုလဲကျသွားပြီး မတ်တတ်ရပ်ရန်ပင် အင်အားမရှိတော့ပေ။ သူတို့သည် ထန်စစ်သားများ သူတို့ရှေ့သို့ ရောက်ရှိလာပြီး သူတို့အားတိုက်ခိုက်သည်ကို အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"ငါ နောင်တရတယ်...ငါ လီကျင်းကို အရိုအသေမပြုသင့်ဘူး"
"ငါ လီကျင်းရဲ့ ရုပ်တုကို ရိုက်ချိုးချင်တယ်... အား..."
လူအများစုသည် သူတို့မသေမီ ကြောက်ရွံ့မှုနှင့် နောင်တတို့ကိုသာ ခံစားခဲ့ရသည်။
သို့ရာတွင် ထန်စစ်တပ်သည် ဤအရာများကို ဂရုမစိုက်ခဲ့ချေ။ သူတို့၏ဓားများဖြင့် ခုတ်ပိုင်းပြီး ဤလူများ၏အသက်ကို ချက်ချင်းနှုတ်ယူလိုက်သည်။
လူချမ်းသာကုန်သည်ကဲ့သို့ သူတို့ကိုယ်သူတို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထန်လူမျိုးအဖြစ်သတ်မှတ်ခဲ့ပြီး သနားညှာတာမှု တောင်းခံနေသော လူတချို့လည်း ရှိနေပေ၏။
"တပ်မှူး...ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ.... ကျွန်တော်တို့က ထန်စစ်တပ်ထဲကိုဝင်ဖို့ ဆန္ဒရှိပါတယ်...."
"ဟုတ်တယ်.... ငါတို့က အမှောင်ကို စွန့်လွှတ်ပြီး အလင်းကို ပူးပေါင်းဖို့ ဆန္ဒရှိတယ်....ငါတို့က ထန်အင်ပါယာအတွက် အမှုထမ်းဖို့ ဆန္ဒရှိတယ်..."
ဤလူများသည် သူတို့၏ခေါင်းများကိုငုံ့ပြီး နှိမ့်ချရို့ကျိုးသော အမူအယာများကို ပြသကြသည်။ ထန်စစ်တပ်သည် သူတို့၏မိဘဆွေမျိုးများကို သတ်ဖြတ်ခဲ့ပြီးဖြစ်သော်လည်း သူတို့သည် ထန်စစ်သားများကို အပြုံးများဖြင့် ကြိုဆိုနေဆဲပင်။
"ငါ့တို့ထန်အင်ပါယာက သူရဲဘောကြောင်တဲ့သူတွေ မလိုအပ်ဘူး"
ထန်စစ်ဗိုလ်ချုပ်တစ်ဦးသည် ရှေ့သို့ ထွက်လာပြီး ဤလူအုပ်စုကို အဆုံးသတ်ရန် သူ၏ဓားကို မြှောက်လိုက်သည်။
လုယွီသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏စိတ်နှလုံးသားအတွင်းတွင် ဒေါသအရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။
ဤသည်မှာ ကျင့်ကြံခြင်းအင်ပါယာ၏ စစ်တပ်မဟုတ်ဘဲ ဓားပြတစ်စုနှင့် ပိုတူသည်။
"ရပ်စမ်း....မင်းက ဘယ်သူလဲ"
ထန်စစ်တပ်သည်လည်း လုယွီကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။
ညသည် မှောင်မည်းနေပြီး မီး၏အလင်းရောင် မှိန်ဖျော့နေသည်။
မှိန်ဖျော့သော မီးအလင်းရောင်အောက်တွင် လုယွီ၏နောက်၌ ပုန်းကွယ်စစ်သားများ၏ပုံရိပ်များ ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး....ရန်သူတွေ လာနေပြီ"
ထန်စစ်သားတစ်ဦးက အော်ဟစ်လိုက်၏။
Chapter 4858
"သတ်...."
လုယွီကအော်ဟစ်ပြီး တိုက်ခိုက်ရန် အစပြုခဲ့သည်။
သူ၏လက်ချောင်းများကို တစ်ချက်လှုပ်ခတ်ရုံဖြင့် ထောင်နှင့်ချီသော ဓားချီများသည် ဓားမိုးကဲ့သို့ ပွင့်အံ့ထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ရုတ်ချည်းဆိုသလိုပင် သွေးများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားပေ၏။ မရေမတွက်နိုင်သော ထန်စစ်သားများသည် အချိန်တခဏအတွင်းမှာပင် ခေါင်းဖြတ်သတ်ခြင်းခံလိုက်ရသည်။ သူတို့၏ အလောင်းများသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးချောင်းစီးနေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ထန်စစ်သားများသည် ပျံ့လွင့်နေသော ဓားချီများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ လူယွီသည် ထိုဓားချီများကို ထိန်းချုပ်ပြီး ဓားနတ်ဘုရားတစ်ပါးအလား မြေပြင်ပေါ်သို့ ဆင်းသက်လာပေ၏။
"မင်းတို့က တင်းအန်းကြယ်နယ်မြေက အစောင့်တပ် မဟုတ်ဘူး...မဟုတ်ဘူး..မင်းတို့က ပုန်းကွယ်နဂါးစစ်တပ်ပဲ"
ဤစစ်သားများကို ဦးဆောင်သော ထန်စစ်ဗိုလ်ချုပ်သည် ထိတ်လန့်တကြားဖြစ်သွားပြီး သူ၏မျက်နှာ ဖြူဖျော့သွားသည်။ သူသည် သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။
"သူတို့အားလုံးကို သတ်ပစ်စမ်း...."
လုယွီ၏ မျက်လုံးများသည် အေးစက်တင်းမာနေပြီး ရှေ့သို့ပြေးဝင်သွားသည်။
"သေစမ်း..."
ထန်စစ်ဗိုလ်ချုပ်သည် သူ၏ဓားကို ဝှေ့ယမ်းပြီး အော်ဟစ်လိုက်သည်။ ဤသည်မှာ နတ်ဘုရားပန်ဂုမှ မိုးကောင်းကင်ကို ဖြတ်တောက်သကဲ့သို့ဖြစ်ပြီး သူ၏အရှိန်အဝါသည် အကန့်အသတ်မရှိပေ။
သို့ရာတွင် လုယွီသည် ထိုဓားသွားကို တိုက်ရိုက် ရင်ဆိုင်ပြီး အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ သူ၏လက်သီးသည် နောက်ထပ်အချိန်တခဏတွင် ကျရောက်သွားပေ၏။။ လေဟာနယ် စုတ်ပြဲသွားသော အသံများသည် နားကွဲလုမတတ်ကျယ်လောင်ပြီး အရပ်မျက်နှာ အဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။ ဤအသံများသည် မိုးခြိမ်းသံများ အလားပင်။
ခရက်....ခရက်...ခရက်
ထန်စစ်ဗိုလ်ချုပ်၏လက်အတွင်းမှ ဓားရှည်သည် လုယွီ၏လက်သီးချက်ကြောင့် ကြေမွှပျက်စီးသွားပေ၏။
ထို့နောက် လုယွီ၏လက်သီးချက်သည် စစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်ပေါ်သို့ ထိုးနှက်မိသွားသည်။ ဤသည်မှာ အရှိန်မြင့်သော စစ်သင်္ဘောတစ်စင်း ရှေ့သို့ တိုးဝင်သွားသည့်အလားပင်။
ဘုန်း.....
ထန်စစ်ဗိုလ်ချုပ်၏အရိုးများ ကြေမွသွားပြီး သူ၏နှလုံးသား ကြေမွသွားကာ နေရာတွင်ပင် သေဆုံးသွားသည်။
"လီမီ.... ထွက်လာပြီး အသေခံစမ်း"
လုယွီ၏အသံသည် တင်းအန်းစီရင်စုအထက်မှ လေထုအတွင်းတွင် ပဲ့တင်ထပ်နေသည်။
စားသောက်ဆိုင်တွင်...
ဤအသံကို ကြားချိန်၌ လီမီသည် မျက်မှောင်ကြုတ်ပြီး သူ၏စိတ်နှလုံးသား ပြင်းထန်စွာ တုန်ခါသွားသည်။
"ဒါက လုယွီပဲ... သူဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
လီမီ ထိတ်လန့်တုန်လှုပ်သွားသည်။
တစ်ချိန်တည်းမှာပင် ထန်စစ်သားတစ်ဦးသည် အပြင်ဘက်မှ ပြေးဝင်လာပေ၏။ သူ့ကိုကြည့်ရသည်မှာ ထိတ်လန့်နေပုံရပြီး တုန်တုန်ရီရီဖြင့် ပြောဆိုသည်။
"အရှင် အပြင်မှာ ပုန်းကွယ်နဂါးစစ်သားတွေနဲ့ ပြည့်နေတယ်..... မြို့အပြင်ဘက်က စစ်စခန်းကို ပုန်းကွယ်နဂါးစစ်တပ်က တိုက်ခိုက်ခဲ့တယ်.... ငါတို့ဘက်မှာ ဆုံးရှုံးမှုတွေအများကြီးခံစားခဲ့ရတယ်"
ဘာလဲ....
စားသောက်ဆိုင်အတွင်းမှ ထန်စစ်ဗိုလ်ချုပ်များအားလုံး မတ်တတ်ရပ်လိုက်ကြသည်။
လီကွမ်းပိ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားပေ၏။
"မဖြစ်နိုင်ဘူး.... ပုန်းကွယ်နဂါးစစ်တပ်က တော်ဝင်မြို့တော်ရဲ့ နယ်နိမိတ်နားမှာ မဟုတ်လား...သူ ဘာလို့ ရုတ်တရက်ကြီး ဒီနေရာမှာ ထွက်ပေါ်လာတာလဲ"
သူတို့၏အစီအစဥ်အရ လုယွီ၏တပ်ရင်းတစ်ရင်းတည်း ကျန်ခဲ့ရန် လှည့်ဖျားခြင်းခံရသင့်သည်။
သို့ရာတွင် လက်ရှိအခြေအနေသည် လူတိုင်း၏ မျှော်လင့်ချက်ထက် အများကြီး ကျော်လွန်နေသည်။
လီမီ၏အမူအယာသည် အလွန်ပျက်ယွင်းနေသော်လည်း သူသည် တည်ငြိမ်မှုကို အလျင်အမြန် ပြန်လည်ရရှိသွားခဲ့သည်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...တပ်ရင်းတွေအားလုံး ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ပြီး တင်းအန်းစီရင်စုကနေ အရင်ထွက်သွားမယ်"
လီမီသည် မတ်တတ်ထရပ်ပြီး အပြင်ဘက်သို့ လျှောက်လှမ်းသွားသည်။
ဘုန်း....
သို့ရာတွင် ထိုအချိန်မှာပင် စားသောက်ဆိုင်၏ သီးသန့်ခန်းတံခါးသည် ကန်ဖွင့်ခြင်းခံလိုက်ရပေ၏။
အပြင်ဘက်မှ ထန်အစောင့်စစ်သားများ၏အရိုးအဆစ်များ ကျိုးသွားပြီး သွေးများအန်ထုတ်ကာ အတွင်းသို့ လွင့်စင်လာကြသည်။ သူတို့သည် တစ်ဦးတစ်ယောက်မျှ အသက်မရှင်နိုင်တော့ချေ။
"မင်းတို့အားလုံး...မထွက်သွားနဲ့...ငါ မင်းတို့အားလုံးကို ဒီနေ့ ငရဲကို ပို့မယ်"
လုယွီက အခန်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာသည်။
"လုယွီ....တကယ်ကြီး မင်း ဖြစ်နေတာပဲ... မင်းက ငါ ဒီမှာရှိနေတယ် ဆိုတာကို တကယ်ကြိုတင်ခန့်မှန်းနိုင်တာပဲ... ငါ့ရဲ့ဘေးမှာ မင်းရဲ့ သူလျှိုတွေ ရှိနေပုံရတယ်....ဒါပေမယ့် မင်းက ငါတို့ကို ရုတ်တရက် တိုက်ခိုက်ရုံနဲ့ ငါတို့အားလုံးကို သတ်နိုင်မယ်လို့ ထင်နေတာလား... ဒါက စိတ်ကူးယဥ်အိပ်မက်တစ်ခုပဲ"
လီမီသည် လုယွီကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
လုယွီသည် သူ့ကို တုံ့ပြန်အဖြေပေးခြင်း မရှိခဲ့ပေ။ သူ၏မျက်လုံးများဖြင့် လူများအားလုံးကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။
လူတိုင်းသည် သူတို့၏ ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ ထိုအကြည့်သည် ရက်စက်ကြမ်းတမ်းသော သားရဲတစ်ကောင်မှ သူ၏သားကောင်ကို စိုက်ကြည့်နေသည့်အလားပင်။
"အရမ်းကောင်းတယ်...မင်းတို့အားလုံး ဒီနေရာမှာ ရှိနေမှတော့ ငါ မင်းတို့ကို လိုက်ရှာစရာမလိုတော့ဘူး"
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ပြီး ကြည့်လိုက်သည်။ သူ၏မျက်လုံးများအတွင်းမှ သူ၏သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားနိုင်တော့ချေ။
"မင်းက တော်တော်လေး လေကြီးတုန်းက..... အဲ့ဒီတုန်းက မင်းက ထန်ထပ်သီးကျင့်ကြံသူသုံးယောက်တည်းနဲ့ သွေးအန်တဲ့အထိ အရိုက်ခံခဲ့ရတယ်... မင်းက ကောင်းရှစ်ကျီးကို သတ်လိုက်ရုံနဲ့ ထင်ရာစိုင်းနိုင်ပြီလို့ တကယ်ကြီး ထင်နေတာလား"
လီကွမ်းပိက သူ၏ဓားကို ဆွဲထုတ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူ၏လက်အတွင်းတွင် နောက်ထပ်ဓားတစ်လက်ရှိနေသည်။ ဤသည်မှာ ခရမ်းရောင်ဓားတစ်လက်ဖြစ်ပြီး 'ခရမ်းရောင်နတ်ဘုရားဓား'ဟု ခေါ်သည်။
"မင်း ဒီဓားကို မလိုချင်တော့ဘူးလား"
လုယွီက မေးမြန်စသည်။
လီကွမ်းပိသည် ဒေါသထွက်သွားပေ၏။ သူသည် သူ၏ဓားကို ဆွဲထုတ်လိုက်သည်နှင့် ထက်ရှသော ဓားချီအလင်းတန်းတစ်ခုသည် ချက်ချင်း ပျံ့လွင့်သွားပြီး တောက်ပစွာ လင်းထိန်နေသည်။
Chapter 4859
လီကျင်း၏ရုပ်ထုသည် သူ့ကို အားကောင်းသော စွမ်းအားမြှင့်တင်မှုကို ပေးခဲ့လေ၏။
ဓားချီသည် နတ်ဘုရားအလင်းတန်းတစ်တန်းအလား အချိန်တခဏအတွင်းမှာပင် ရောက်ရှိလာသည်။
လီကွမ်းပိ၏ဓားသည် သူ၏နံဘေးပတ်လည်ရှိ နတ်ဘုရားအလင်းတန်းအားလုံးကို စုစည်းလိုက်သည်။ ဤသည်မှာ သူ အသုံးပြုရန်အတွက်ပင်။ ဤဓားသည် လီကျင်း၏နတ်ဘုရားစွမ်းအားအောက်တွင် ပို၍ပင် မရှုံးနိမ့်နိုင်ချေ။ အခန်း၏ ကြမ်းပြင်ပေါ်မှ အုတ်များသည် မြောက်တက်သွားပြီး လေပြင်းတစ်ရပ် ဖြတ်သန်းတိုက်ခတ်သွားသည်။
လုယွီ၏မျက်လုံးအကြည့်သည် တည်ငြိမ်နေပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ဤလက်သီးချက်သည် ပုံမှန်ဟု ထင်ရသော်လည်း ထိုအရာတွင် အဆုံးအစမရှိသော စွမ်းအားများ ပါဝင်ပြီး ကောင်းကင်ဘုံဧကရာဇ်တစ်ပါး ရောက်ရှိလာသည့်အလားပင်။ သူ၏လက်အတွင်းတွင် ကြယ်များကို ကိုင်ဆောင်ထားသည့်အလား စွမ်းအားကြီးမားကာ ဤလက်သီးချက်သည် လောကကြီးကို ပြောင်းပြန်လှန်နိုင်ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်သည်။
ဘုန်း....
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်သံသည် လူနှစ်ဦး၏အကြား၌ ထွက်ပေါ်လာသည်။
ပြင်းထန်သော နောက်ချန်အားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။ လုယွီသည် နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး လုံးလုံးလျားလျား ရွေ့လျားမသွားခဲ့ချေ။ သူ၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော နတ်ဘုရားအလင်းတန်းများ ရှိနေပြီး အလွန်စူးရှတောက်ပနေပေ၏။
နှိုင်းယှဉ်ကြည့်လျှင် လီကွမ်းပိသည် အလွန်ရှက်ရွံဖွယ်ကောင်းသော အခြေအနေတွင် ရှိနေသည်။ သူသည် နောက်သို့ ဆက်တိုက်ဆုတ်နေရကာ လက်သီးချက်မှစွမ်းအားကို အမှန်တကယ် ခံယူခဲ့ရသည်။ သူ့ထံတွင် စစ်နတ်ဘုရားလီကျင်း၏ နတ်ဘုရားစွမ်းအား ရှိသော်လည်း သူ၏ဓားသည် လုယွီအပေါ် မည်သည့်အစစ်အမှန် ထိခိုက်မှုမျှ မဖြစ်စေနိုင်ချေ။
"မင်းက အဆင့်ငယ်တစ်ဆင့်ပဲ ချိုးဖျက်ခဲ့တာ... ဒါပေမယ့် မင်းက အများကြီး ပိုအားကောင်းလာတယ်...."
လီကွမ်းပိ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ဤတစ်ကြိမ်တွင် သူသည် အစစ်အမှန်ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဟူသည်မှာ မည်သို့ဖြစ်သည်ကို နောက်ဆုံး၌ တွေ့မြင်လိုက်ရသည်။
လုယွီ စစ်မြေပြင်သို့ ပထမဆုံး ရောက်လာသည့်အချိန်၌ သူသည် လီမီနှင့်တခြားထန်ထိပ်သီးကျင့်ကြံသူနှစ်ဦးကို တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် လုယွီ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး သူ အနည်းငယ် ဒဏ်ရာရရှိသွားခဲ့သည်။
ယခုအချိန်၌ လုယွီ၏စွမ်းအားသည် ပို၍ပင် နားလည်ရခက်လာပေ၏။ သူသည် လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာရဲသဖြင့် သူ့ထံတွင် အားကိုးစရာတစ်ခုခု ရှိသည်ကို ညွှန်ပြနေသည်။
"မင်းတို့အားလုံး... အတူတူ တိုက်ခိုက်ကြစမ်း"
လုယွီက နံဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ခပ်ပြတ်ပြတ်လေသံဖြင့် ပြောဆိုလိုက်သည်။
တခြားထန်ထိပ်သီးကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စတင်၍ တိုက်ခိုက်လိုက်ကြသည်။
ပြင်းထန်သော မှော်စွမ်းအားလှိုင်းများသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပြီး အစွမ်းထက်သော အားလှိုင်းတစ်ရပ် ပျံ့နှံ့ထွက်ပေါ်လာကာ စားသောက်ဆိုင်၏ ခေါင်မိုးကို မှောက်လှန်သွားစေခဲ့သည်။ အုတ်များနှင့် အုတ်ကြွပ်များသည် နေရာအနှံ့ ပြန့်ကျဲသွားပြီး ကျိုးပဲ့နေသော ကျောက်စကျောက်နများ နေရာအနှံ့အပြားသို့ လွင့်စင်သွားသည်။
ဘုန်း....ဘုန်း...ဘုန်း...
အစွမ်းထက်သောသော မှော်မန္တန်များသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။
သို့ရာတွင် လုယွီ၏ အဝတ်အစားများသည် လေထုအတွင်းတွင် တဖျတ်ဖျတ်လူးလွန့်နေပြီး သူ တစိုးတစိမျှ မလှုပ်ရှားခဲ့ချေ။ သူ၏ခန္ဓာကိုယ်မှ သတ္တုအချင်းချင်းထိခတ်သံကို ကြားလိုက်ရပြီး သူ၏အရေပြားသည် ကြေးနီဖြင့် ပြုလုပ်ထားပြီး သူ၏အရိုးများသည် မကျိုးမပဲ့နိုင်သည့်အလားပင်။
သူ၏ရုပ်ခန္ဓာကိုယ် ကျင့်ကြံနည်းစနစ်များနှင့် သိုင်းအင်မော်တယ်အဆင့် ရုပ်ခန္ဓာကိုယ်တို့ကြောင့် လုယွီ၏ရုပ်ခန္ဓာကိုယ် ခိုင်ခံ့မာကြောမှုသည် မယုံနိုင်လောက်သော အဆင့်သို့ ရောက်ရှိနေလေပြီ။
ဤသည်မှာ သူတစ်ယောက်တည်းဖြင့် သူတို့အားလုံးကို တိုက်ခိုက်ရဲရခြင်း၏ အကြောင်းရင်းဖြစ်သည်။ သူတို့သည် မည်သည့်နည်းလမ်းကို အသုံးပြုပါစေ သူ့၏ အကာအကွယ်ကို ထွင်းဖောက်နိုင်မည် မဟုတ်ချေ။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."
လူတိုင်း၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေပြီး သူတို့ရှေ့မှ မြင်ကွင်းကို ကြောင်တောင်တောင်ဖြင့် စူးစိုက်၍ ကြည့်နေကြသည်။
ဤနေရာတွင် ထိုင်နိုင်သူများအားလုံးသည် ထန်စစ်တပ်မှ ထိပ်သီးစစ်ဗိုလ်ချုပ်များ ဖြစ်ကြသည်။
သူတို့ထံတွင် ကြီးကျယ်ခမ်းနားသော အဆင့်အတန်းများ ရှိရုံသာမက နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်လည်း ရှိကြပြီး သူတို့၏တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
ဤမျှထိများပြားသော ထိပ်သီးကျင့်ကြံသူများ အတူတကွ တိုက်ခိုက်သော်လည်း သူတို့သည် လုယွီကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ကြချေ။
နောက်ထပ်အချိန်တခဏတွင် လုယွီ၏ ပုံရိပ်သည် လူတိုင်း၏ အမြင်အာရုံအောက်မှ ပျောက်ကွယ်သွားသည်။
ဘုန်း...ဘုန်း...ဘုန်း...
ထို့နောက် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
လုယွီ၏ လက်သီးစွမ်းအားသည် မြစ်ကို ဖြတ်ကူးနေသော ရက်စက်ကြမ်းတမ်းသည့် နဂါးတစ်ကောင်အလား လူအုပ်အတွင်းသို့ ပျံသန်းဝင်သွားသော ထက်ရှသော ဓားသွားနှင့် တူညီနေသည်။ သူ၏လက်သီးချက်တိုင်းသည် တောင်တန်းများနှင့် မြစ်များကို ဖျက်ဆီးနိုင်ပေ၏။
သီးသန့်ခန်းတစ်ခုလုံးသည် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားလေပြီ။ ထန်စစ်ဗိုလ်ချုပ်ဆယ်ယောက်ကျော်သည် လုယွီကို မယှဉ်နိုင်ကြပေ။ သူတို့သည် အော်ဟစ်ရန်ပင် အခွင့်အရေးမရဘဲ နေရာတွင်အသတ်ခံလိုက်ရသည်။
အလောင်းများ ပြည့်နှက်နေသော မြေပြင်ကို နင်းပြီး လုယွီသည် လီကွမ်းပိ၏ရှေ့သို့ ရောက်လာကာ အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ဒါက သေရေးရှင်ရေး တိုက်ပွဲတစ်ခုပဲ....ထန်စစ်တပ်ရဲ့ တပ်မှူးအနေနဲ့ မင်းက ထွက်ပြေးဖို့ စဉ်းစားမနေဘူး မဟုတ်လား...."
လီကွမ်းပိသည် ဒေါသထွက်သွားပြီး ချက်ချင်းဆိုသလိုပင် သူ၏တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်လိုက်သည်။
"လုယွီ...မင်းက လူငယ်လေးတစ်ယောက်ပဲ... ဒီလောက်ထိ မောက်မာမနေနဲ့..."
သူသည် စစ်နတ်ဘုရား၏အလင်းတန်းကို နောက်တစ်ကြိမ် ချေးငှားပြီး အနက်ရောင်မိုးကြိုးများသည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လွှမ်းခြုံနေပေ၏။။
ဤသည်မှာ နတ်ဘုရားအလင်းတန်း၏ ရလဒ်ပင်။ ဤစွမ်းအားသည် အလွန်ကြီးမားပြီး ကောင်းကင်နှင့်မြေပြင်ပင် တောင့်မခံနိုင်တော့သည့် အဆင့်သို့ ရောက်ရှိနေလေပြီ။ ထို့ကြောင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်ပြီး သူသည် မည်သည့်အချိန်မဆို သူ၏ခန္ဓာကိုယ်ကို သန့်စင်နိုင်သည်။
Chapter 4860
ဘုန်း...ဘုန်း...ဘုန်း...
သူတို့နှစ်ဦး တိုက်ခိုက်လိုက်သည်နှင့် ချက်ချင်းဆိုသလို ပြင်းထန်သော တိုက်ပွဲတစ်ပွဲအတွင်းသို့ ကျရောက်သွားသည်။
"နတ်ဘုရားဓားမှာ ဝိညာဉ်ရှိတယ်.... ဒါက ငါ့ရဲ့စစ်တပ်ကို စွမ်းအားမြှင့်တင်ဖို့ ကူညီပေးနိုင်တယ်....တောင်တန်းတွေနဲ့ စေတီတွေက နတ်ဘုရားစွမ်းအားတွေ စုစည်းပြီးတော့ အရပ်လေးမျက်နှာက နိမ့်ကျတဲ့သက်ရှိတွေကို ဖိနှိပ်ပေးပါ...."
ဤအချိန်တွင် လီကွမ်းပိသည် ဒေါသထွက်နေပေ၏။ သူသည် လီကျင်း၏ပုံရိပ်ယောင်ကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ လီကျင်း၏ပုံရိပ်ယောင်သည် လက်တစ်ဖက်တွင် ဓားတစ်ဖက် ကိုင်ထားပြီး တခြားလက်တစ်ဖက်၌ မျှော်စင်တစ်လုံးကို ကိုင်ဆောင်ထားသည်။ ဤပုံရိပ်ယောင်သည် ခန့်ညားထည်ဝါပြီး စူးရှတောက်ပနေသည်။
ဤပုံရိပ်ယောင်ပေါ်လာသည်နှင့် သမိုင်းမြစ်ရှည်ကြီးမှ ထွက်ပေါ်လာသော အလယ်ခေတ်မှ အစစ်အမှန် စစ်နတ်ဘုရားလီကျင်းအလားပင်။ သူ၏ဓားသည် လောကကြီးအတွင်းရှိ နတ်ဆိုးများအားလုံးကို သတ်ဖြတ်နိုင်ပြီး စေတီသည် နတ်ဆိုးများအားလုံးကို ဖိနှိပ်နိုင်သည်။
လိကွမ်းပိ၏အရှိန်အဝါသည် အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေလေပြီ။ ပြင်းထန်သော စွမ်းအားသည် မြေပြင်ကို တုန်ခါစေပြီး တောင်တန်းများကို အက်ကွဲသွားစေခဲ့သည်။ စားသောက်ဆိုင်တစ်ခုလုံးသည် နောက်ဆုံးတွင် ဤအဆင့်တိုက်ပွဲကို မခံနိုင်ဘဲ ပြိုကျသွားပေ၏။
စားသောက်ဆိုင်အတွင်းမှလူတိုင်းသည် တစ်ချိန်တည်းမှာပင် လေထုအတွင်းသို့ လွင့်ထွက်သုံးသော်လည်း ထိုအရှိန်အဝါသည် လျော့ကျသွားခြင်း မရှိသေးချေ
လုယွီသည် ရှောင်တိမ်းရန် အစီအစဉ်မရှိချေ။ သူ့ထံ၌ လက်သီးတစ်စုံသာ ရှိသော်လည်း လီကွမ်းပိကို သူ တစ်ယောက်တည်းဖြင့် တိုက်ခိုက်လိုသည်။
သူထံမှ ရှည်လျားသော အော်သံတစ်သံ ထွက်ပေါ်လာသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လာပေ၏။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လီကျင်း၏ပုံရိပ်ကို ဖမ်းဆွဲကာ သူ၏လက်ဗလာဖြင့် ဆုတ်ဖြဲလိုက်သည်။
ဘုန်း....
ကြီးမားပြီး မြင့်မြတ်သော လီကျင်း၏ပုံရိပ်ယောင်သည် လုယွီ၏ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီးနောက် နှစ်ခြမ်းကွဲသွားသည်။
နတ်ဘုရားဆန်ပြီး ခန့်ညားထည်ဝါသော စေတီသည် လုယွီ၏အနီးသို့ မရောက်မီမှာပင် သူ၏လက်သီးချက်ဖြင့် ကြေမွှပျက်စီးသွားပေ၏။
"ရှေးဟောင်းအလယ်ခေတ်က လီကျင်း ရောက်လာရင်တောင် ငါ သူ့ကို သတ်ပစ်မယ်"
လုယွီ၏ အေးစက်သောအသံကို ကြားလိုက်ရသည်။ နောက်ထပ်အချိန်တခဏတွင် လုယွီသည် ချက်ချင်း လီကွမ်းပိရှေ့တွင် ပေါ်လာပြီး သူ၏ဝမ်းဗိုက်ကို ရိုက်နှက်လိုက်သည်။
လီကွမ်းပိသည် ဆယ်မီတာကျော်အကွာသို့ လွင့်ထွက်သွားပြီး ထူထပ်သော နံရံတစ်ခုကို ဆောင့်မိပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
"လုယွီ...."
လီကွမ်းပိက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကောင်းရှစ်ကျီးကဲ့သို့ပင် သူသည်လည်း ထန်အင်ပါယာ၏ ဒဏ္ဍာရီလာစစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ သူသည် တစ်ချိန်က ထင်ရှားသော စစ်ရေးအောင်မြင်မှုများကို ရရှိခဲ့ပြီး အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သို့ရာတွင် သူသည် လုယွီ၏လက်အတွင်း၌ အပြတ်အသတ် ရှုံးနိမ့်ခဲ့လေ၏။
လုယွီ၏လက်အတွင်းတွင် သူသည် ခုခံနိုင်စွမ်းမရှိဘဲ လျင်မြန်စွာ ဖိနှိပ်ခြင်းခံခဲ့ရသည်။
လီကွမ်းပိသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော အရိုးများ ကျိုးသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ပါးစပ်မှ သွေးများ ဆက်တိုက်အန်ထွက်နေသည်။ သူ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိသာထင်ရှားလှ၏။
ပတ်ဝန်းကျင်ရှိ ပုန်းကွယ်နဂါးစစ်သားများသည် ပြေးလာပြီး လီကွမ်းပိကို ထိန်းချုပ်လိုက်ကြသည်။
"အရှင်....သူ့ကို ဘာလုပ်ရမလဲ"
လုကျင်းရှန့်က အော်ဟစ်မေးမြန်းသည်။
"သတ်...."
လုယွီသည် စကားလုံးတစ်လုံးတည်းဖြင့်သာ တုံ့ပြန်အဖြေပေးလေ၏။
"ဟုတ်ကဲ့...."
လုကျင်းရှန့်သည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး သူ၏ဓားရှည်ကို ဆွဲထုတ်ကာ လီကွမ်းပိ၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။
သွေးများ ပန်းထွက်လာပြီးနောက် လီကွမ်းပိ၏ ခေါင်းသည် နံဘေးသို့ လိမ့်သွားပြီး သူ၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လဲကျသွားသည်။
နောက်ထပ် ထန်တပ်မှူးတစ်ယောက် ကျဆုံးသွားလေပြီ။
မိုးကောင်းကင်ယံတွင် မိုးခြိမ်းသံများ တဂျိမ်းဂျိမ်းမြည်ဟီးနေသည်။
စားသောက်ဆိုင်တွင် ရှိနေသည့် တခြားထန်စစ်ဗိုလ်ချုပ်များအားလုံး သေဆုံးသွားပြီး လီမီတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
လုယွီက နံဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"ကဲရှူဟန် ဒီမှာမရှိဘူး...မင်းတို့က လူခွဲနေပုံရတယ်.....ဒါက ထန်စစ်တပ်ရဲ့ အဓိကတပ်ဖွဲ့ မဟုတ်ဘူး...."
"မင်းခန့်မှန်းတာ မှန်တယ်"
လီမီသည် ထိတ်လန့်ခြင်းမရှိပေ။ သူက အပြုံးနှင့် ပြောဆိုသည်။
"ကဲရှူဟန်က တပ်တွေကို ခေါ်သွားပြီ.... သူတို့က အခုလောက်ဆို ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ရောက်နေလောက်ပြီ...စစ်ဗိုလ်ချုပ်ကောက မြောက်ဘက်ကနေ ရောက်လာခဲ့ပြီးတော့ စစ်ကူတပ်တွေက မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်.... နှစ်ဖက်စလုံးက ညှပ်ပြီးတိုက်ခိုက်မှုအောက်မှာ လုယွီ မင်း ရှုံးနိမ့်ရမယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး"
"အဆင်ပြေပါတယ်.... ငါ မင်းကို အရင်သတ်မယ်"
လုယွီက ခြေလှမ်းတစ်လှမ်းချင်း ရှေ့သို့တိုးကာ လီမီထံသို့ လျှောက်လှမ်းသွားသည်။
လီမီက ရယ်မောလိုက်သည်။
"လုယွီ... မင်း ငါ့ကို သတ်လိုက်ရင်တောင် အသုံးမဝင်ဘူး....ဘယ်သူမှ မင်းကို ကူညီမှာ မဟုတ်ဘူး....အဲ့ဒီလီကျင်းရဲ့ ရုပ်ထုကို မင်းမြင်လား...ဒါကို ဒီနေရာက ကြယ်နယ်မြေအရှင်က ငါတို့ထန်အင်ပါယာအတွက် တည်ဆောက်ခဲ့တာ.... လူတွေအများကြီးက ထန်အင်ပါယာရဲ့ စိတ်ပိုင်းဆိုင်ရာ လှည့်စားတာကို ခံရဖို့ ပိုနှစ်သက်ပြီးတော့ မင်းကို အသိအမှတ်မပြုဘူး.... လုယွီ မင်းကိုယ်မင်း အရမ်းသနားစရာကောင်းတယ်လို့ မထင်ဘူးလား"
လုယွီ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိဘဲ တင်းမာခက်ထန်စွာ ပြောဆိုလိုက်၏။
"ငါ တော်ဝင်နန်းတွင်းကို ပြန်ပြီးမဖွဲ့စည်းနိုင်ခင်မှာ... မင်းကို အရင်သတ်မယ်..."
လီမီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
သူသည် လုယွီ၏ စိတ်ဆန္ဒကို ထိခိုက်စေရန် စကားလုံးအနည်းငယ်ကို အသုံးပြုခဲ့သည်။ သို့ရာတွင် လုယွီ၏ စိတ်ဆန္ဒသည် တစိုးတစိမျှ ယိမ်းယိုင်သွားခြင်း မရှိချေ။ လုယွီသည် သူ့ကို သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားပေ၏။