အခန်း (၄၈၆၁-၄၈၆၅)
Vol. 246 Ch. 4861-4865
Chapter 4861
"မင်း ငါ့ကို အရင်သတ်နိုင်တဲ့အထိ စောင့်လိုက်အုံး"
လီမီက သူ၏ မြင်းမြှီးယပ်တောင်ကို လှုပ်ခတ်ပြီး ရွတ်ဆိုလိုက်သည်။
"တာအိုနည်းစနစ်....လျှပ်စီးမီးတောက် ဆေးမီးဖို"
ကြီးမားသော ဆေးမီးဖိုတစ်လုံး ရုတ်တရက် ထွက်ပေါ်လာပြီး လုယွီကို ချက်ချင်းဝါးမြိုသွားသည်။ ထိုဆေးမီးဖိုအပေါ်တွင် ထူးဆန်းသော အမှတ်အသားငါးခုကို ထွင်းထုထားသည်။ ထိုအရာများစည် အစိမ်း အနီ အဖြူ အမည်းနှင့် အဝါရောင် မျက်နှာရှိသော တစ္ဆေဘုရင်များ ဖြစ်ကြသည်။ သူတို့၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာများ ရှိနေပြီး အဆောင်လက်ဖွဲ့များကို ထွေးထုတ်နေကြသည်။
ဘုန်း....
ဆေးမီးဖို၏ အဖုံးသည် ရုတ်တရက် ပိတ်သွားလေ၏။ ထိုပေါ်တွင် မှော်စွမ်းအားများ ပျံ့လွင့်နေသော အဆောင်လက်ဖွဲ့တစ်ခုကို ကပ်ထားသည်။ ထိုအဆောင်လက်ဖွဲ့တွင် 'နတ်ဘုရားများကို ဆင့်ခေါ်ခြင်း' ဟူသော စကားလုံးများ ရေးသားထားသည်။ ဤသည်မှာ အလွန်ရှေးကျပြီး နက်နဲသိမ်မွေ့သော တာအိုနည်းစနစ်တစ်ခုပင်။ ဤနည်းစနစ်သည် နတ်ဘုရားများ၏ စွမ်းအားကို ဆင့်ခေါ်ပြီး ဆေးမီးဖိုကို ဖိနှိပ်ရန် အသုံးပြုသည်။
လီမီသည် ဆေးမီးဖို၏ ဦးတည်ရာကို မျက်နှာမူပြီး မှော်မန္တန်တချို့ကို အဆက်မပြတ် ရွတ်ဆိုလိုက်သည်။
အချိန်တခဏအတွင်းမှာပင် ဆေးမီးဖိုသည် ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းစပြုလာပြီး လျှပ်စီးကြောင်းအနည်းငယ် ဖြာထွက်လာသည်။ ထိုဆေးမီးဖိုမှ တဒိန်းဒိန်းမြည်ဟီးသံများသည် နားကွဲလုမတတ် ကျယ်လောင်ပေ၏။
လီမီသည် သူ၏မှော်နည်းစနစ်များကို အသုံးပြုချိန်၌ ထိုအရာများအားလုံး ရှေးကျပြီး နက်နဲသိမ်မွေ့သည်။ တချို့နည်းစနစ်များသည် သူတော်စင်ကွမ်း၏ နည်းစနစ်များထက်ပင် ပို၍ ရှေးကျသည်။
ထန်စစ်တပ်မှ စစ်ဗိုလ်ချုပ်များအတွက် လီမီသည် အင်အားအကောင်းဆုံးတပ်မှူး ဖြစ်နေဆဲပင်။
သူသည် ဤမျှငယ်ရွယ်သော အရွယ်တွင် အမတ်ကြီးဘွဲ့ထူးကို ရရှိခဲ့သည်မှာ အံ့အားစရာမရှိပေ။
"လျှပ်စီးမှ မီးတောက်.... လောင်ကျွမ်းခြင်း..."
လုယွီသည် ဆေးမီးဖိုအတွင်းတွင် မီးဖြင့် လောင်မြိုက်ခြင်းခံနေရသော်လည်း မျက်တောင်ပင် မခတ်ခဲ့ချေ။
သူသည် လောင်ကျွမ်းနေသော မီးကြောင့် သူ၏ ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာသော နာကျင်မှုကို ခံစားမိသည်။ သို့ရာတွင် ဤခံစားချက်သည် ကောင်းကင်ဘုံကပ်ဘေးနှင့် နှိုင်းယှဉ်လျှင် အလွန်အလှမ်းကွာဟပေ၏။
လုယွီပါးစပ်အတွင်းမှ ဝါးမြိုခြင်းအားလှိုင်းတစ်ရပ် ထွက်ပေါ်လာပြီးပြီး သူ၏ခန္ဓာကိုယ်သည် စုပ်ဝဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်ရှိ ပြင်းထန်သော မီးတောက်များနှင့် လျှပ်စီးမိုးကြိုးများသည် သူ့ကို မထိခိုက်ရုံသာမက သူ၏ ဝါးမြိုခြင်းကိုပင် ခံလိုက်ရပြီး သူ၏ ကျင့်ကြံဆင့်ကို ခိုင်မာစေရန် ကူညီပေးခဲ့သည်။
နောက်ထပ်အချိန်တခဏတွင် လုယွီသည် လက်သီးတစ်ချက် ထိုးနှက်ပြီး ဆေးမီးဖိုကို ကြေမွှပျက်စီးသွားစေခဲ့သည်။
"လီမီ....မင်းမှာ ဒါပဲရှိတာလား...."
လုယွီက အေးစက်စက်အမူအယာဖြင့် အော်ဟစ်လိုက်သည်။
"ကောင်းကင်ဘုံဧကရာဇ်၏ ဂုဏ်သိက္ခာ....သက်ရှိအားလုံးကို လင်းထိန်စေခြင်း...."
လီမီသည် အံ့ကြိတ်ပြီး ကောင်းကင်ဧကရာဇ်ကြေးမုံမှန်ကို ဆင့်ခေါ်ကာ လုယွီကို ဖိနှိပ်ရန် နတ်ဘုရားလက်နက်၏ စွမ်းအားကို အသုံးပြုခဲ့သည်။
ဤနတ်ဘုရားလက်နက်၏ စွမ်းအားကို အထင်သေး၍မရချေ။ လူယွီ၏ လှုပ်ရှားမှုများသည် အလွန်နှေးကွေးသွားပြီး ရွှံ့နွံထဲတွင် ပိတ်မိနေသကဲ့သို့ ဖြစ်နေကာ သူ လမ်းလျှောက်ရန်ပင် မလွယ်ကူတော့ပေ။
"ငါက ကောင်းကင်ဘုံဧကရာဇ်ပဲ....မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဒီလိုလုပ်ရဲတာလဲ"
လုယွီ၏ စိတ်ဆန္ဒသည် ရုတ်တရက် ပွင့်အံ့ထွက်လာပြီး ကြီးမားသော ဖိအားတစ်ရပ်သည် ကောင်းကင်ဧကရာဇ်ကြေးမုံမှန်ပေါ်သို့ ကျဆင်းသွားသည်။
သူ့ထံတွင် ရွေးချယ်စရာမရှိပေ။ ကောင်းကင်ဘုံဧကရာဇ်၏စိတ်ဆန္ဒဖြင့် မသေမျိုးအဆင့် မှော်လက်နက်ကို ထိန်းချုပ်ခြင်းသည်မိုးကောင်းကင်ကို အလွန်အမင်းဆန့်ကျင်သော ကိစ္စပင်။
သို့ရာတွင် ဤလောကကြီးတွင် တစ်ဦးတည်းသော အစစ်အမှန် အင်မော်တယ်တစ်ယောက်အနေဖြင့် လုယွီသည် ကောင်းကင်ဘုံဧကရာဇ်၏ အမွေအနှစ်ကိုလည်း ရရှိခဲ့သည်။ ဤအရာသည် သူ့အား ကောင်းကင်ဘုံဧကရာဇ်၏ ဖိအားအရိပ်အယောင်တစ်ရပ်ကို တုပနိုင်စေခဲ့သည်။
မသေမျိုးအဆင့်မှော်လက်နက်သည် ထိခိုက်သွားပေ၏။ ကောင်းကင်ဧကရာဇ်ကြေးမုံမှန်၏ မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရားအလင်းတန်းများသည် ယခင်ကဲ့သို့ တောက်ပခြင်း မရှိတော့ချေ။
"ဒီလိုမျိုး နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီ.."
လီမီ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏လက်ချောင်းများ အနည်းငယ် တုန်ရီသွားသည်။
ယခင်က သူတို့အားလုံး အတူပူးပေါင်းပြီး လုယွီကို တိုက်ခိုက်နေစဥ်တွင် ကောင်းကင်ဧကရာဇ်ကြေးမုံမှန်တွင် ထိုသို့သော ပြောင်းလဲမှုတစ်ခု ရှိခဲ့သည်။
ဤှသည်မှာ အမှန်တကယ်ကိုပင် လုယွီကြောင့်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
"တာအိုနည်းစနစ်.... ပျံသန်းနေသော ကောင်းကင်နှင့် မြေပြင်..."
လီမီသည် နောက်တစ်ကြိမ် တွေဝေခြင်းမရှိတော့ချေ။ သူသည် လေဟာနယ်ကို နင်းလျှောက်ပြီး ထွက်ခွာသွားရန် ဟန်ပြင်နေသည်။
ကောင်းကင်ဧကရာဇ်ကြေးမုံမှန်သည် လီမီ၏ လက်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။ သူ၏ပုံရိပ်သည် ချက်ချင်း ဝေဝါးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားသည်။
သူသည် မိုင်သုံးရာအကွာသို့ ရောက်ရှိသွားပေ၏။
လီမီသည် တင်းအန်းစီရင်စု၏ပြင်ပရှိ အလွန်ဝေးကွာသော ဟယ်လန်တောင်ပေါ်တွင် ထွက်ပေါ်လာသည်။
သို့ရာတွင် လီမီ တောင်ပေါ်တွင် ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်မှာပင် လုယွီ၏ အသံသည် သူ၏နားအတွင်းတွင် ပေါက်ကွဲထွက်လာပေ၏။
လီမီက ရုတ်တရက် လှည့်ကြည့်လိုက်ရာ လုယွီ၏ပုံရိပ်သည် မိုးကောင်းကင်ယံမှ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
"တာအိုနည်းစနစ်....တောင်နှင့် မြစ် ကာကွယ်ခြင်း..."
လီမီသည် ထိတ်လန့်တကြားဖြစ်သွားပြီး သူ၏မျက်နှာ ဖြူဖျော့သွားသည်။ သူသည် သူ၏လက်ဖြင့် လက်စည်းတံဆိပ်တစ်ခု ဖွဲ့စည်းလိုက်ရာ တောင်ထိပ်တစ်ခုလုံး ကြွလာသည်။ ကြီးမားသော တောင်သည် ရွေ့လျားစပြုလာပြီး ဧရာမကျောက်တုံးလူဘီလူးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ လီမီကို အခိုင်အမာ ကာကွယ်ထားသည်။
"ရှေးနတ်ဘုရား မိုးကောင်းကင်ကို ခြေဆောင့်နင်းခြင်း"
လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေသည်။ သူသည် မိုးကောင်းကင်မှ ခြေတစ်လှမ်း ဆောင့်နင်းလိုက်ရာ ဤအရာသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်သည်။
သူ၏ခြေလှမ်း ကျရောက်သွားသည်နှင့် ထိုက်တောင်ကြီး ပြိုကျလာသည့်အလားပင်။ ကောင်းကင်နှင့်မြေပြင် ပြိုကျသွားပြီး အရာအားလုံး ဖျက်ဆီးခြင်းခံလိုက်ရသည်။
ဘုန်း....ဘုန်း....
တောင်တစ်တောင်လုံးသည် လုယွီ၏ ခြေထောက်အောက်တွင် ကြေမွှပျက်စီးသွားပြီး ကျောက်စရစ်ခဲများ နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။ တောင်သည် အလယ်မှနေ၍ အက်ကွဲသွားပြီး လီမီ၏ ကြောက်လန့်နေသော မျက်နှာ ပေါ်လွင်လာသည်။
Chapter 4862
ခမ်းနားထည်ဝါသော ဟယ်လန်တောင်သည် ရုတ်တရက် ပြိုကျသွားပေ၏။
လီမီက အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ သူ၏စိတ်နှလုံးသားသည် ပြင်းထန်စွာ တုန်ခါစပြုလာပြီး သူ၏မျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်မှုသည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။
"လုယွီ....မင်းက အောက်ဘုံကနေ တက်လာတဲ့ နိမ့်ကျတဲ့ကောင်ပဲ... မင်းကငါ့ကို ဒီအခြေအနေအထိ တွန်းပို့ရဲတယ်.... ငါက ဂုဏ်သိက္ခာကြီးမားတဲ့ မိသားစုကနေ လာခဲ့တာ... ငါ့ဘိုးဘေးက အရင်မင်းဆက်ရဲ့ မဟာဆရာသခင်ဖြစ်ခဲ့တယ်.... ငါ့ကိုလည်း အမတ်ကြီးဘွဲ့ ချီးမြှင့်ခံခဲ့ရတယ်.. မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဒီလိုဆက်ဆံရဲတာလဲ"
လီမီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း စကားတွေ အများကြီး ပြောပြီးတော့... မင်းရဲ့ရှက်ဖို့ကောင်းတဲ့ အခြေအနေကို ရှောင်လွှဲချင်တာ မဟုတ်လား...လီကွမ်းပိနဲ့ ကောင်းရှစ်ကျီးတို့က မင်းရဲ့ နယ်ရုပ်တွေနဲ့ တူတယ်...သူတို့က မင်းရဲ့ရှေ့မှာ သေဆုံးသွားခဲ့တယ်....ဒါပေမယ့် မင်းမှာ ဘာစိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှ မရှိဘူး... ထန်အင်ပါယာရဲ့ အဆင့်မြင့်အမတ်ကြီးက ဘယ်တုန်းကစပြီးတော့ ဒီလောက်ထိ သူရဲဘောကြောင်သွားတာလဲ"
လုယွီက လှောင်ပြောင်ရယ်မောလိုက်သည်။
ထို့နောက် ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်သည် လုယွီ၏ မျက်လုံးများအတွင်းမှ ပွင့်အံ့ထွက်လာပေ၏။
လီမီနှင့်ကောင်းရှစ်ကျီးတို့သည် မြို့တံတိုင်းပေါ်တွင် ချင်ယွီကို အရှက်ခွဲခဲ့သော မြင်ကွင်းသည် သူ၏စိတ်အတွင်းတွင် ပီပြင်ထင်ရှားနေဆဲပင်။
လုယွီသည် ထန်စစ်တပ်၏ဗျူဟာမှူးများကို သတ်ဖြတ်ပြီး သူတို့ကို အမိန့်ပေးနိုင်စွမ်း ဆုံးရှုံးစေလိုသည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ သူသည် သူ၏ ကိုယ်ပိုင်ရန်ငြိုးအတွက် လက်စားချေလိုသည်။
လုယွီ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ခံစားမိချိန်၌ လီမီသည် ယနေ့၌ သူ လွတ်မြောက်ရန် လမ်းမရှိတော့ကြောင်း သိရှိသွားသည်။
သူသည် လေဟာနယ်ပြောင်းရွှေ့ခြင်း နည်းစနစ်ကို အသုံးပြုခဲ့သည့်တိုင် လုယွီကို မျက်ခြည်ဖျက်၍မရချေ။ လုယွီ၏ရှေ့တွင် သူ ထွက်ပြေးရန် ရွေးချယ်ခြင်းသည် အသုံးမဝင်ကြောင်း သိသာထင်ရှားသည်။
"တော်လောက်ပြီ...လုယွီ...မင်း ငါ့ကို ဒီနေ့ သတ်ဖို့က ဒီလောက်ထိ လွယ်မှာ မဟုတ်ဘူး..."
လီမီသည် ရုတ်တရက် တည်ငြိမ်သွားပေ၏။ သူ၏စိတ်နှလုံးသားအတွင်းတွင် ဒေါသ သို့မဟုတ် ကြောက်ရွံ့မှုများ မရှိတော့ပေ။ သူ၏မျက်လုံးများသည် ရေငြိမ်ကဲ့သို့ တည်ငြိမ်နေပြီး အချိန်တခဏအတွင်းတွင် သူသည် တခြားလူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။
သူသည် မိုးမြေနှင့် တသားတည်းဖြစ်သွားပုံရပြီး သူ၏ခန္ဓာကိုယ်သည် သဘာဝအတိုင်း ဖြစ်သွားသည်။ ညင်သာသောလေပြေတစ်ရပ်သည် သူ့ကို ဖြတ်သန်းတိုက်ခတ်သွားသော်လည်း အရိပ်မယောင်မကျန်ရစ်ဘဲ ထိုနေရာတွင် လူတစ်ဦးမျှ မရှိသည့်အလားပင်။
"သူက ဥာဏ်အလင်းပွင့်တဲ့ အခြေအနေကို ဝင်သွားပြီ"
လုယွီသည် ထိတ်လန့်တုန်လှုပ်သွားသွားပေ၏။
သာမန်လူတစ်ဦးသည် ဥာဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ဝင်ရောက်လိုလျှင် သူတို့သည် များသောအားဖြင့် အမွှေးတိုင်ထွန်းပြီး ရေချိုးသန့်စင်ကာ သူတို့၏ခန္ဓာကိုယ်နှင့်စိတ်ကို ငြိမ်သက်စေပြီးမှသာ သူတို့၏ ကျင့်ကြံမှုကို ဆောင်ရွက်ပေလိမ့်မည်။ တချို့မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ကျမ်းစာများ မရေးသားမီ မကြာခဏ ဆုတောင်းပြီး ကောင်းချီးများ တောင်းခံကြသည်။ သူတို့သည် စိတ်နှလုံးသားအတွင်းရှိ မတည်ငြိမ်မှုများကို နှိမ်နင်းပြီးမှသာ ကျမ်းစာများကို ရေးသားကြသည်။
ဤသည်မှာ ပုံမှန်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်ကာ ဥာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ဝင်ရောက်နိုင်သူ အလွန်နည်းပါးသည်။
ထိုကဲ့သို့ ဖြစ်လာသည်မှာ တစ်စုံတစ်ဦးသည် စိတ်ဆန္ဒကို အလွန်ကောင်းမွန်သောအဆင့်သို့ ကျင့်ကြံထားပြီး ထူးကဲသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့်ပင်။ သူတို့သည် မည်သည့်အချိန်မဆို ဥာဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ဝင်ရောက်နိုင်သည်။ သူတို့သည် အာရုံစူးစိုက်လိုက်သည်နှင့် သူတို့၏စိတ် ပျံ့လွင့်ခြင်းမရှိတော့ချေ။ အကယ်၍ သူတို့သည် အာရုံစိုက်မှုအားလုံးကို အရာတစ်ခုတည်းအပေါ်တွင် စုစည်းထားမည်ဆိုလျှင် များသောအားဖြင့် ကြိုးစားအားထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိပေလိမ့်မည်။
လီမီသည် ဥာဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ဝင်ရောက်ပြီးနောက် မန္တန်တစ်ခု ရွတ်ဆိုလိုက်သည်။
တောက်ပပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာပေ၏။ ထိုက်ကျိအဋ္ဌဂံပုံရိပ်တစ်ခုသည် လီမီ၏နောက်တွင် ပျံဝဲနေပြီး လျှို့ဝှက်ဆန်းကြယ်ကာ နားလည်ရခက်သည်။
ကြီးမားကျယ်ပြန့်ပြီး နက်နဲသိမ်မွေ့သော တာအိုသင်္ကေတများကို လီမီက သိပ်သည်းလိုက်သည်။ ထိုအရာများသည် သူ၏နံဘေးပတ်လည်တွင် ပျံဝဲနေပေ၏။ သူသည် နတ်ဘုရားသင်္ကေများအကြားတွင် ပလ္လင်ခွေထိုင်နေပြီး သူ့ထံမှနေ၍ အစွမ်းထက်ပြီး မြင့်မြတ်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ ရှေးဟောင်းတာအိုပညာရှင်များကဲ့သို့ သူသည်လည်း တာအိုနိယာမများကို ကျွမ်းကျင်သည်။ သူသည် လောကကြီးအတွင်းရှိ တာအိုနည်းစနစ်များအားလုံးကို ထိန်းချုပ်နိုင်သည်။
လုယွီရှေ့တွင် ပုံရိပ်ယောင်နယ်မြေတစ်ခု ထွက်ပေါ်လာသည်။
တာအိုဘုရားကျောင်းများသည် သူ့ကို ဝန်းရံထားပေ၏။ နံဘေးပတ်လည်ကို ကြည့်လိုက်လျှင် တာအိုဂိုဏ်း၏ အင်မော်တယ်များနှင့်နတ်ဘုရားများမှ သူ့ကို စိုက်ကြည့်နေသည်အား သူ မြင်နိုင်သည်။
မြင့်မြတ်ပြီး ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ရပ်သည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ ဤအစစ်အမှန် အင်မော်တယ်များသည် အသက်ဝင်လာသည့်အလားပင်။ သူတို့သည် သူတို့၏ ဖိအားအရှိန်အဝါကို လုယွီအပေါ်သို့ သက်ရောက်စေပြီး သူ့ကို လက်နက်ချကာ သူတို့ကို ကိုးကွယ်စေလိုသည်။
လုယွီသည် ဤသို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
သူသည် အချိန်တခဏအတွင်းမှာပင် ချိတ်ပိတ်ခြင်းခံလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ အင်မော်တယ်ပုံရိပ်များသည် ပို၍ပီပြင်ထင်ရှားလာပေ၏။ ကြီးမားကျယ်ပြန့်သော အင်မော်တယ်အလင်းတန်းသည် လုယွီကို လုံးလုံးလျားလျား ချိတ်ပိတ်ထားပြီး သူ့ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားသည်။
"လီမီ... မင်းက ငါ့ကို ချိတ်ပိတ်ဖို့ ဒီနည်းလမ်းကို သုံးချင်တာလား.... အိပ်မက်မက်နေလိုက်စမ်း"
လုယွီက အစစ်အမှန်အင်မော်တယ်တစ်ယောက်၏ အရှိန်အဝါကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။
သူသည် ရှေးဟောင်းအစစ်အမှန် ဧကရာဇ်တစ်ပါးပင်။ ကောင်းချီးပေးခံရသော ကောင်းကင်ဘုံနယ်မြေများတွင်ပင် သူ့ကို ယှဥ်ပြိုင်နိုင်သူ ရှိမည်မဟုတ်ချေ။
ရှေးဟောင်းကောင်းကင်ဘုံနန်းတော်သည် အဆင့်အတန်းအရ အလွန်တင်းကြပ်သည်။ လုယွီသည် နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ့ကိုချိတ်ပိတ်ထားသော အင်မော်တယ်ပုံရိပ်များ ချက်ချင်း ကြေမွှပျက်စီးသွားသည်ကို မြင်လိုက်ရသည်။
ဤသည်မှာ ယခင်က လုယွီသည် စစ်နတ်ဘုရားကို ဝတ်ပြုခဲ့စဉ်တွင် စစ်နတ်ဘုရားရုပ်တုသည် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ပြုတ်ကျသွားပြီး ကောင်းကင်ဘုံမှ မိုးကြိုးပစ်ခြင်းခံရသည့်အလားပင်။
သာလွန်သူများသည် နိမ့်ကျသူများကို မည်သည့်အချိန်မျှ ခေါင်းငုံ့မည် မဟုတ်ပေ။ လုယွီထက် အားနည်းသော ဤအစစ်အမှန်သောအင်မော်တယ်များသည် သူ့ကို တိုက်ခိုက်ဝံ့ပေ၏။ဤသည်မှာ သစ္စာဖောက်သော လုပ်ရပ်တစ်ခုပင်။
Chapter 4863
လုယွီသည် အစစ်အမှန်သော အင်မော်တယ်တစ်ယောက်၏ စွမ်းအားကို ထုတ်လွှတ်ပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်မှ ဖိအားသည် ချက်ချင်း လျော့နည်းသွားပေ၏။
တခြားတစ်ဖက်တွင်မူ လီမီ၏ မှော်စွမ်းအားလှုပ်ခတ်မှုများ အလွန်ပြင်းထန်နေသည်။ သူသည်လည်း တန်ပြန်သက်ရောက်မှုခဲ့ရကြောင်း သိသာထင်ရှားသည်။
"မင်းက တာအိုဂိုဏ်းက အင်မော်တယ်တွေရဲ့ ဖိနှိပ်မှုကို တကယ် ခုခံနိုင်တာလား..."
လီမီ၏မျက်နှာ အနည်းငယ် ဖြူဖျော့နေသည်။
သူသည် သူ၏ရင်ဘတ်အတွင်းမှ နာကျင်မှုကို အတင်းအကြပ်ဖိနှိပ်ပြီး အံ့တင်းတင်းကြိတ်ကာ မှော်မန္တန်များ ဆက်လက်၍ ရွတ်ဆိုလိုက်သည်။ ဤရွတ်ဆိုသံများသည် အလွန်ကြီးမားကျယ်ပြန့်ပြီး သန်းနှင့်ချီသောလူများသည် လီမီ၏နောက်သို့လိုက်ကာ ကျမ်းစာများကို ရွတ်ဆိုနေသည့်အလားပင်။
ဤသို့သော စွမ်းအားမျိုးသည် ကျမ်းစာများ၏ စွမ်းအားကို အဆုံးစွန်ဆုံးအဆင့်ထိ ထုတ်ဖော်အသုံးပြုထားခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများအားလုံးသည် သက်ရောက်ခြင်းခံလိုက်ရပြီး ပုံရိပ်ယောင်များ ဖွဲ့စည်းစပြုလာကာ လုယွီကို လုံးလုံးလျားလျားဝိုင်းရံထားသည်။
အစပထမတွင် အကျဥ်းထောင် ထို့နောက် ငရဲနယ်မြေနှင့် နောက်ဆုံးတွင် မီးပင်လယ်နှင့် ရေခဲတောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်မှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်နေသော်လည်း အမှန်အားဖြင့် ထိုသို့မဟုတ်ချေ။ ထိုအရာကြောင့် နာကျင်မှုကို ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။ မည်သည့်အပိုင်းက အစစ် မည်သည့်အပိုင်းက ပုံရိပ်ယောင်ဖြစ်သည်ကို ပြောနိုင်ရန် အလွန်ခက်ခဲပေ၏။
တရားစီရင်ရေးရုံးတော်၏ အကျဥ်းထောင်အတွင်းတွင် ပြစ်ဒဏ်တစ်မျိုး ရှိသည်။ ဤသည်မှာ အကျဉ်းသားကို ချည်နှောင်ပြီးနောက် ဒဏ်ရာတစ်ခု လှီးဖြတ်ပြီး နံဘေးတွင် ရေစက်ကျသံများကို ဖန်တီးထားသည်။ အချိန်အတော်ကြာမြင့်ပြီးနောက် ထိုအကျဥ်းသားသည် သူ၏နောက်ဆုံး အသက်တစ်ရှိုက်စာအချိန်သို့ ရောက်ရှိသွားပေမည်။ သူ၏ခန္ဓာကိုယ်သည် သေဆုံးပြီး သူ၏ တာအိုသည်လည်း ပျောက်ကွယ်သွားပေ၏။ ဤသည်မှာ အမှန်တကယ် သွေးထွက်လွန်၍ သေဆုံးခြင်းမဟုတ်ဘဲ ကြောက်လန့်၍ သေဆုံးခြင်းဖြစ်သည်။
လီမီ အသုံးပြုခဲ့သော နည်းလမ်းသည်လည်း ထပ်တူထပ်မျှပင်။
လုယွီကဲ့သို့သော ထိပ်သီးကျင့်ကြံသူတစ်ဦးအတွက်မူ သူသည် ကြောက်လန့်၍ သေဆုံးမည်မဟုတ်သော်လည်း သူ့အပေါ် ထိခိုက်စေမည်မှာ သေချာပေါက်ပင်။
ပြင်းထန်သော နာကျင်မှုသည် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မည်သည့်အချိန်မဆို သေဆုံးနိုင်သကဲ့သို့ ဖြစ်နေသည်။ သူသည် အန္တရာယ် မည်သည့်နေရာမှ ရောက်ရှိလာပြီး မည်သည့်အရာသည် အစစ် မည်သည့်အရာသည် ပုံရိပ်ယောင်ဖြစ်သည်ကို မသိနိုင်ချေ။
လုယွီသည် မျက်လုံးများကိုစုံမှိတ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော နာကျင်မှုလှိုင်းများကို ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"လီမီ.... မင်းက ငါ့ကို အထင်သေးလွန်းတယ်...."
သူ၏ယခင်ဘဝတွင် သူ ကြုံတွေ့ခဲ့ရသော ဒုက္ခဆင်းရဲများ မည်မျှရှိသည်ကို သူ ကောင်းစွာ သိရှိသည်။
သူသည် မရေမတွက်နိုင်သော အခက်အခဲများနှင့် အန္တရာယ်များကို ဖြတ်သန်းခဲ့ရသည်။ သူသည် အထွတ်အထိပ်သို့ မရောက်မီ သေခြင်းမှ မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ လွတ်မြောက်ခဲ့ရသည်။
ဤနေရာပတ်ဝန်းကျင်ရှိ နာကျင်မှုများသည် လူတစ်ဦးကို သေစေနိုင်လောက်သည်။ ဤမှော်မန္တန်ဖြင့် ထိမှန်ခြင်းခံခဲ့ရသူသည် သူ၏နှလုံးသားကို မြှားအစင်းတစ်သောင်းဖြင့် ထိုးဖောက်ခြင်း ခံရသကဲ့သို့ ခံစားရပြီး သတိလစ်လုနီးပါး ဖြစ်သွားပေမည်။
သို့ရာတွင် လုယွီသည် ဤနာကျင်မှုကို လျစ်လျူရှုပြီး လီမီကို သူ၏လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။
ရွှေရောင်အလင်းတန်းတစ်တန်း တောက်ပသွားပေ၏။ ဤသည်မှာ ထိုက်ယွမ်လက်ဝါးနည်းစနစ်ပင်။
ဘုန်း....
လီမီသည် မီတာတစ်ရာအကွာသို့ လွင့်ထွက်သွားသည်။ အကယ်၍ ကောင်းကင်ဧကရာဇ်ကြေးမုံမှန်၏ ကာကွယ်မှုသာ မရှိခဲ့ပါက သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
"ဘာလဲ...သေလုမျောပါးဖြစ်စေတဲ့ နာကျင်မှုတောင်မှ မင်းရဲ့စိတ်ကို မထိခိုက်နိုင်ဘူးလား...."
လီမီထံမှ ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး သူသည် မယုံနိုင်လောက်သော အရာတစ်ခုကို မြင်ခဲ့ရသည့်အလားပင်။
သူသည် ဤနည်းစနစ်ကို မည်သူ့ကိုမျှ မပြသခဲ့ဖူးဘဲ သူ၏အသက်ကို ကယ်တင်ရန် နောက်ဆုံးနည်းလမ်းအဖြစ် အမြဲတစေ အသုံးပြုခဲ့သည်။
သူသည် ထိုအရာကို အသုံးပြုလိုက်သည်နှင့် လူယွီကို အဆုံးအစမရှိသော နာကျင်မှုအတွင်းသို့ ကျရောက်စေနိုင်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ထိုအရာသည် လုယွီကို တစိုးတစိမျှ ထိခိုက်စေမည်မဟုတ်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။
လုယွီ၏မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအယာတစ်ရပ် ရှိနေပြီး သူ မျက်တောင်တစ်ချက်မခတ်ခဲ့ချေ။ သူသည် ခြေတစ်လှမ်းချင်း ရှေ့သို့ လျှောက်လှမ်းသွားပြီး သူ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် အားနည်းသွားခြင်းမရှိချေ။
"လီမီ... အရာအားလုံးက မင်းရဲ့ တွက်ချက်မှုတွေထဲမှာ ရှိနေတယ်လို့ မင်းထင်နေတာလား... မင်းဘယ်တုန်းကမှ မစဉ်းစားဖူးဘူးလား... ဘာလို့ ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်တည်းက မင်းကို လိုက်လံတိုက်ခိုက်နေလဲဆိုတာ မင်း တွေးကြည့်ဖူးလား "
လုယွီ၏မှော်စွမ်းအားများသည် အဆုံးစွန်ဆုံးအဆင့်ထိ သိပ်သည်းနေပြီး ခမ်းနားထည်ဝါသော တောင်တစ်လုံးကဲ့သို့ ဖြစ်နေသည်။ သူသည် လီမီ၏ရှေ့တွင် မားမားမတ်မတ်ရပ်နေပြီး ယိမ်းယိုင်ခြင်းမရှိ ရှုံးနိမ့်သွားခြင်း မရှိချေ။
"မင်း..."
လီမီသည် အချိန်တခဏမျှ စဉ်းစာတွေးတောပြီးနောက် သူ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားပေ၏။
သူသည် လုယွီကို ဖယ်ရှားလိုရုံသာဖြစ်သော်လည်း လုယွီဘက်တွင် ချိုင်လုံရှင်း ဖူကျစ်ရွှယ်နှင့် စုန့်ချင်းဟူတို့ ကျန်ရှိနေသေးသည်ကို သူ မေ့လျော့နေခဲ့သည်။
လုယွီ ကျားလှောင်အိမ်တောင်ကြားခံတပ်ကို သိမ်းပိုက်ပြီးသည့် အချိန်မှစ၍ ဤလူသုံးဦးသည် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။ လီမီပင်လျှငf ဤလူသုံးဦး၏ တည်ရှိမှုကို လျစ်လျူရှုခဲ့သည်။
လီမီ၏မျက်လုံးများ အေးစက်တင်းမာနေသည်။
"သူတို့သုံးယောက်လုံးက နောက်တန်းကို စောင့်ကြပ်နေတာပဲ.... လုယွီ မင်းက လွန်ခဲ့တဲ့ အရင်ကတည်းက နောက်တန်းကို ကြိုတင်ပြီး ကာကွယ်ခဲ့တာပဲ.... ငါ နားလည်ပြီ...ကဲရှူဟန်က ကျားလှောင်အိမ်တောင်ကြားခံတပ်ကို ဝင်တိုက်ခဲ့ရင်တောင်မှ သူက အသာစီးရမှာ မဟုတ်ဘူး"
"မင်း နားလည်သွားတာ ကောင်းတယ်...မင်း အခု မင်းရဲ့လမ်းကို သွားသင့်ပြီ"
လုယွီ၏ မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လီမီ၏ရှေ့သို့ ရောက်ရှိသွားသည်။
Chapter 4864
"မင်းက ငါ့ကို အနိုင်ရတော့မယ်လို့ ထင်နေတာလား...ပုံရိပ်ယောင်တွေက အသုံးမဝင်မှတော့ ငါက မင်းကို အနိုင်ယူဖို့ ငါ့ရဲ့အစစ်အမှန်စွမ်းအားကို သုံးမယ်"
လီမီက မိုးကောင်းကင်ယံသို့ လက်ညှိုးညွှန်လိုက်သည်။ သူ မည်သည့် မှော်မန္တန်အား ရွတ်ဆိုနေသည်ကို မည်သူမျှ မသိနိုင်သော်လည်း တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်းက သူ့ကို လွှမ်းခြုံသွားသည်။ ရွှေရောင်သံချပ်ကာအလွှာများသည် လေးလံသော သံချပ်ကာတစ်ခုအဖြစ် ဖွဲ့စည်းပြီး သူ့ကို အခိုင်အမာ ကာကွယ်ထားလေ၏။
"ကောင်းကင်ဘုံအရှင်....ကျွန်တော့်ကို ခင်ဗျားရဲ့ စွမ်းအားကို ချေးငှားပါ...."
လီမီက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ပြင်းထန်သော စွမ်းအားတစ်ရပ်သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ကျဆင်းလာသည်။
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်မန္တန်တစ်ပုဒ်ဖြစ်ပြီး သမိုင်းမြစ်ရှည်ကြီးအတွင်းမှ အစွမ်းထက်သော စစ်သည်တော်များ၏ စိတ်ဝိညာဉ်များကို ရှာဖွေပြီး သူ့အပေါ်သို့ စွမ်းအားများ ကျရောက်လာစေရန် အသုံးပြုသည်။
ဤနည်းလမ်းဖြင့် သူသည် တိုတောင်းသော အချိန်ကာလအတွင်း အစွမ်းထက်သောစွမ်းအားကို ရရှိနိုင်သည်။ သို့ရာတွင် သူဆင့်ခေါ်နိုင်သော အစွမ်းထက်စစ်သည်တော်များ၏စိတ်ဝိညာဉ်များသည် သူ ရွတ်ဆိုလိုက်သည့် မှော်မန္တန်ပေါ်တွင် မူတည်ပေ၏။
ဤလောကကြီးအတွင်းတွင် နည်းစနစ်များ ချေးငှားရန် နည်းလမ်းများစွာ ရှိသော်လည်း တန်ပြန်သက်ရောက်မှုများလည်း ရှိသည်။
လျှို့ဝှက်နည်းစနစ်များကဲ့သို့ပင် တစ်စုံတစ်ယောက်သည် ကိုယ်ပိုင်မဟုတ်သော စွမ်းအားကို အတင်းအကျပ် ချေးငှားရန်အတွက် အဖိုးအခတစ်ခု ပေးချေရန် လိုအပ်ပေလိမ့်မည်။
သို့ရာတွင် လီမီ ဤတစ်ကြိမ် အသုံးပြုခဲ့သော မှော်မန္တန်သည် ကွဲပြားခြားနားပေ၏။ ဤအရာသည် အစွမ်းထက်ရုံသာမက ထိုအရာကို အသုံးပြုရန် နည်းလမ်းမှာလည်း အလွန်နက်နဲသိမ်မွေ့ပြီး နားလည်ရခက်ပုံရသည်။
လီမီ၏အရှိန်အဝါသည် ရုတ်တရက် အလွန်နက်နဲသိမ်မွေ့သွားပေ၏။
ယခင်က သူသည် တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏အရှိန်အဝါသည် နတ်ဘုရားတစ်ပါးကဲ့သို့ သိမ်မွေ့သည်။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရခက်ကာ စကားလုံးများဖြင့် ဖော်ပြ၍မရပေ။
ယခုအချိန်တွင်မူ လီမီသည် ဧကရာဇ်တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသည်။ ကောင်းကင်ဘုံကိုးထပ်နှင့် ငရဲကြီးဆယ်ထပ်သည် သူ၏အမိန့်များကို နာခံရပြီး လောကကြီးအတွင်းရှိ အရာအားလုံးသည် သူ၏အမိန့်များကို လိုက်နာရသည့်အလားပင်။
လုယွီသည် ဤစွမ်းအားကြောင့် လွင့်ထွက်သွားသည်။ သူ့ထံတွင် သိုင်းအင်မော်တယ်အဆင့် ရုပ်ခန္ဓာကိုယ် ရှိသော်လည်း သူသည် ခြေလှမ်းသုံးလှမ်း နောက်ဆုတ်လိုက်ရသည်။
"မင်းက ဘယ်သူ့ရဲ့စွမ်းအားကို ချေးငှားခဲ့တာလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ငါမင်းကို ပြောပြဖို့ ဝန်မလေးဘူး...ဒါက ငါတို့အင်ပါယာရဲ့ ဧကရာဇ် ထိုက်ကျုံးပဲ"
လီမီက အေးစက်စက် ရယ်မောလိုက်သည်။ သူ၏အသံသည် မရင့်ကျက်သည့်ပုံ မရှိတော့ဘဲ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေသည်။
ခြေသည်းကိုးချောင်းပါသော ရွှေရောင်နဂါးပုံစံ ရေးထွင်းထားသော ဝတ်ရုံတစ်ခုသည် သူ၏နောက်တွင် ပေါ်လာသည်။ ထိုနဂါးဝတ်ရုံ၏စွမ်းအားသည် ကြီးမားပြီး ထိုအရာသည် လီမီ၏ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်နေသော ရွှေရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ပင်လယ်လေးစင်းနှင့် ကန္တာရရှစ်ခုသည် ဧကရာဇ်၏စွမ်းအားအောက်တွင် နစ်မြုပ်နေပြီး လေဟာနယ်ပင်လျှင် ပြင်းထန်စွာ တုန်ခါစပြုလာသည်။
သာယာနာပျော်ဖွယ် တေးဂီတသံများက ညကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။ ထူးဆန်းသော ပုံရိပ်များသည် အရပ်မျက်နှာအဘက်ဘက်မှ ပေါ်လာပြီး ပတ်ဝန်းကျင်ကို နေ့အချိန်ကဲ့သို့ လင်းထိန်စေသည်။ ကောင်းကင်နှင့် မြေပြင်၏ဥပဒေသများသည် မမြင်နိုင်သော အားလှိုင်းတစ်ရပ်ဖြင့် ဆွဲငင်ခြင်းခံရပြီး ဧကရာဇ်၏အရှိန်အဝါဖြင့် ထိန်းချုပ်ခြင်းခံလိုက်ရသည်။
လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချုပ်နှောင်ခြင်း ခံလိုက်ရလေ၏။ သူသည် လေဟာနယ်အတွင်းတွင် ရပ်နေသော်လည်း ငရဲနယ်မြေ၏ နက်ရှိုင်းသောနေရာတွင် ရှိနေသည့်အလားပင်။ သူ လှမ်းလိုက်သော ခြေလှမ်းတိုင်း ကန့်သတ်ခြင်းခံလိုက်ရသည်။
ဤကန့်သတ်ချက်သည် ယခင်က အင်မော်တယ်များ၏ ကန့်သတ်ချက်များထက် များစွာပို၍ အားကောင်းသည်။
"ထန်ထိုက်ကျုံးလား.... မကောင်းတော့ဘူး"
လုယွီက လီမီ၏ဝှက်ဖံသည် ထိုသို့သော တည်ရှိမှုကြီးတစ်ခု ဖြစ်နေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။
ကောင်းကင်ဘုံနယ်မြေရှိ ကြယ်နယ်မြေများအားလုံးမှ နတ်ဆိုးသားရဲမျိုးနွယ်များပင်လျှင် ဤဒဏ္ဍာရီလာ ဧကရာဇ်အကြောင်း ကြားဖူးကြသည်။
ဤသည်မှာ ထန်အင်ပါယာကို သမိုင်းမြစ်ရှည်ကြီးအတွင်းတွင် အမှန်တကယ် ဂုဏ်အဆင့်အတန်း မြင့်မားစေခဲ့သော တည်ရှိမှုကြီးပင်။ ထန်အင်ပါယာ၏ ထိုက်ကျုံးသည် ဓားတစ်လက်ကိုကိုင်ကာ သူ၏စွမ်းအားဖြင့် လေးဘက်လေးတန်ကို ဖိနှိပ်ခဲ့သည်။ ထိုက်ချမ်ဧကရာဇ်ကဲ့သို့ပင် သူသည်လည်း ထာဝရတည်မြဲသည့် ရွှေရောင်ခေတ်ကာလတစ်ခုကို အစပြုခဲ့သည်။
ထန်အင်ပါယာတွင် ထိုက်ကျုံးဧကရာဇ်၏ခေတ်ကာလ၌ ဂိုဏ်းအင်အားစုများမှ ပုန်ကန်ရန် မဆိုထားနှင့် လောကနှစ်ခုတောင်တန်း၏ပြင်ပမှ နတ်ဆိုးများပင်လျှင် ကြောက်ရွံ့မှုကြောင့် တိတ်ဆိတ်နေပြီး မတိုက်ခိုက်ရဲကြချေ။
ဧကရာဇ်ထိုက်ကျုံး၏ခေတ်ကာလအတွင်းတွင် နန်းတွင်းမှ မိန်းမစိုးများ၏ တစ်ဝက်ကျော်သည် ယခင်က ဂိုဏ်းအကြီးအကဲများနှင့် မြင့်မြတ်နယ်မြေများ၏အရှင်သခင်များဖြစ်ကြသည်။ သူတို့သည် ထန်ဧကရာဇ်ထိုက်ကျုံး၏ အာဏာနှင့် ဩဇာလွှမ်းမိုးမှုကို ကြောက်ရွံ့ကြပြီး သူတို့၏ ကိုယ်ပိုင်ဂိုဏ်းများကို ကာကွယ်ရန်အတွက် ကျေးကျွန်များအဖြစ် အမှုထမ်းရန် ရွေးချယ်ခဲ့ကြသည်။
ဤသည်မှာ စစ်မှန်သော ရွှေရောင်ခေတ်ကာလတစ်ခုပင်။ မည်သူမဆို သမိုင်းစာအုပ်များကို ဖွင့်ကြည့်မိကာ ဤအကြောင်းအရာများကို ဖတ်မိသည်နှင့် သူတို့အားလုံး စိတ်လှုပ်ရှားစွာ သက်ပြင်းချကြပေလိမ့်မည်။
ထန်ဧကရာဇ်ထိုက်ကျုံးသည် လုယွီ၏ အတိတ်ဘဝထက်ပင် ပို၍ရှေးကျသည်။ ထို့ကြောင့် လုယွီသည် ဤနာမည်ကို ကြားချိန်၌ ကြောက်ရွံ့မှုအရိပ်အယောင်တစ်ရပ်သည် သူ၏စိတ်နှလုံးသားအတွင်းတွင် ရုတ်တရက် ဖြတ်ပြေးသွားပေ၏။
သို့ရာတွင် ဤအတွေးသည် သူ၏စိတ်အတွင်းတွင် အချိန်တခဏမျှသာ တည်ရှိပြီး သူသည် လျင်မြန်စွာဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ထန်ဧကရာဇ်ထိုက်ကျုံးကိုယ်တိုင် ရောက်လာရင်တောင် ဘာဖြစ်လဲ... ငါက လူတိုင်းကို အနိုင်ယူချင်တယ်.... ဘယ်သူမှ ငါ့ကို မတားဆီးနိုင်ဘူး"
လုယွီသည် သူ၏စိတ်နှလုံးသားကို အကြိမ်ကြိမ်သန့်စင်လိုက်ပြီး သူ၏စိတ်ဆန္ဒသည် ခိုင်မာပြီး မယိမ်းမယိုင်တော့သည်အထိ ဖြစ်သွားသည်။ ထိုကြောက်ရွံ့မှုအရိပ်အယောင်သည်လည်း ပျောက်ကွယ်သွားပေ၏။
Chapter 4865
ဤအချိန်တွင် လုယွီ၏ စိတ်ဆန္ဒနှင့်စိတ်နှလုံးသားသည် ပဲ့တင်ထပ်မှုတစ်ခုအဖြစ်သို့ ရောက်ရှိသွားသည်။
သတ္တုအချင်းချင်းထိခတ်သံကို သူ၏ခန္ဓာကိုယ်အတွင်းမှ ကြားလိုက်ရပြီး နတ်ဆိုးဆန်သော အရှိန်အဝါတစ်ရပ် နောက်တစ်ကြိမ် မွေးဖွားလာသည်။
ဤပြောင်းလဲမှုသည် သေးငယ်သော ကိစ္စမဟုတ်ချေ။
ထိပ်သီးကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် သာမန်လူများသည် ကြောက်ရွံ့မှုကို မကြာခဏခံစားရသည်။ အချိန်တခဏကြာမှသာ သူတို့သည် သူတို့၏အသိစိတ် ပြန်လည်ရရှိသွားပြီး ခုခံရန် သတ္တိများ တဖြည်းဖြည်း ပေါက်ဖွားလာသည်။
သို့ရာတွင် လုယွီသည် ဤပြောင်းလဲမှုကို အချိန်တခဏအတွင်းမှာပင် ပြီးမြောက်ခဲ့သည်။ သူသည် ထန်ဧကရာဇ်ထိုက်ကျုံး၏ပုံရိပ်ယောင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ချိန်၌ ကြောက်မက်ဖွယ်ကောင်းသည်ဟု မခံစားရတော့ချေ။
သို့သော် လီမီသည် လုယွီ၏ စိတ်နေစိတ်ထား ပြောင်းလဲသွားမှုကို မသိခဲ့ချေ။
လုယွီ မလှုပ်မယှက် ရပ်နေသည်ကို မြင်ချိန်၌ လီမီသည် သူ ထိတ်လန့်တုန်လှုပ်သွားပြီဟု တွေးထင်ခဲ့သည်။ သူ၏မျက်နှာပေါ်တွင် သရော်တော်တော် အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာပေ၏။
"ထန်အင်ပါယာရဲ့ ထာဝရကံကြမ္မာ... ထာဝရတည်မြဲခြင်း...."
လီမီက ရှည်လျားသော အော်ဟစ်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။ ထန်ဧကရာဇ်ထိုက်ကျုံး၏ စွမ်းအားသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် ရောယှက်နေပြီး သူ့ကို တိုတောင်းသော အချိန်ကာလအတွင်း တာအိုသခင်တစ်ယောက်၏စွမ်းအားကို ရရှိစေခဲ့သည်။
လီမီ၏လက်ဝါးအောက်တွင် လေဟာနယ်သည် တစ်လက်မချင်း ပြိုကျသွားပြီး ကျင်းနက်ကြီးများ ထွက်ပေါ်လာသည်။ ပြင်းထန်ပြီး ကြမ်းတမ်းသော ချီစွမ်းအားသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေပေ၏။
ဧကရာဇ်၏ခန့်ညားထည်ဝါမှုသည် ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်ကာ တောင်တန်းများနှင့် မြစ်များကို ထိန်းချုပ်နိုင်သည်။
လီမီသည် ထန်ဧကရာဇ်ထိုက်ကျုံး၏ စွမ်းအားကို ချေးငှားခဲ့သော်လည်း သူသည် သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုသာ အသုံးပြုခဲ့သည်။ သူသည် ထိုစွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်ချေ။
သို့ရာတွင် ဤသည်မှာ လုံလောက်နေလေပြီ။
ရှေးဟောင်းအလယ်ခေတ်၏ ထိပ်သီးကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် သူ့စွမ်းအား၏ဆယ်ရာခိုင်နှုန်းကိုသာ ထုတ်လွှတ်လျှင်ပင် ကောင်းကင်ကို ဖျက်ဆီး၍ မြေပြင်ကို ပြိုလဲစေရန် လုံလောက်သည်။
"ဒါလည်း ကောင်းတာပဲ...ငါက ဒီဒဏ္ဍာရီလာ ထန်ဧကရာဇ်နဲ့ တိုက်ခိုက်နိုင်တယ်"
လုယွီသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် မိုးကြိုးများ ဖြာထွက်လာသကဲ့သို့ ဖြစ်နေသည်။
လီမီသည် သူ၏စိတ်နှလုံးသားအတွင်းတွင် ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် လုယွီ အရှုံးပေးသွားပြီဟု တွေးထင်ခဲ့သော်လည်း လုယွီထံတွင် ဤမျှထိ အားကောင်းသော တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒတစ်ရပ် ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
"သူမှာ တိုက်ခိုက်လိုစိတ် ရှိနေရင် ဘာဖြစ်လဲ.... ဧကရာဇ်ထိုက်ကျုံးရဲ့စွမ်းအားအောက်မှာ မင်းက ပြာဖြစ်သွားဖို့ကို စောင့်နေလိုက်စမ်း"
လီမီက လှောင်ပြောင်ရယ်မောလိုက်သည်။
"ဘုန်း...."
လုယွီသည် သူ၏လက်ကိုမြှောက်ပြီး ကျောက်စိမ်းစည်းတံဆိပ်တစ်ခုကို မြှောက်လိုက်သည်။
သူသည်လည်း အစွမ်းထက်သော ဧကရာဇ်တစ်ပါး၏ အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ခဲ့ပေ၏။ သန်းနှင့်ချီသော သက်ရှိများသည် သူ့ရှေ့တွင် အညံ့ခံခဲ့ကြပြီး သူသည် ကံကြမ္မာ၏ အရှင်သခင်ဖြစ်ကာ သက်ရှိအားလုံး၏ အုပ်စိုးသူအရှင်သခင်ပင်။
ဤသည်မှာ ချင်အင်ပါယာ၏ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ပင်။
လုယွီသည် ထီးနန်းကို ရရှိပြီးနောက် ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
ပြင်းထန်သော ဧကရာဇ်အရှိန်အဝါတစ်ရပ်သည် လုယွီ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပေ၏။ ဤသည်မှာ မြင့်မြတ်ကာ ခန့်ညားထည်ဝါပြီး အစွမ်းထက်ကာ သက်ရှိများအားလုံးကို နှိမ်နင်းနိုင်သည်။
ဘုန်း....
လုယွီနှင့်လီမီတို့သည် ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖလှယ်ခဲ့ကြသည်။ သူတို့နှစ်ဦးလုံးသည် နောက်သို့ ခြေလှမ်းအနည်းငယ်စီ ဆုတ်လိုက်ကြ၏။
လီမီက ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်သည်။
"မင်းမှာ ဧကရာဇ်အရှိန်အဝါက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"
သူသည် ကောင်းကင်ဘုံအရှင်၏ အကူအညီဖြင့်ထန်ဧကရာဇ်ထိုက်ကျုံး၏စွမ်းအားကို ချေးငှားခဲ့သော်လည်း အမှန်အားဖြင့် လီမီသည် ဧကရာဇ်တစ်ပါး မဟုတ်ချေ။ သူထံတွင် ဧကရာဇ်၏အရှိန်အဝါရှိသည်မှာ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို ဆင့်ခေါ်ခဲ့သောကြောင့်ပင်။
"ဒါက ပြင်ပစွမ်းအားကို ချေးငှားတာပဲ... လီမီ ငါမင်းကို ဒီနေ့ သေချာပေါက် သတ်မယ်"
လုယွီ၏ ကြီးမားကျယ်ပြန့်သော အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
သူသည် စစ်မှန်သော ဧကရာဇ်ဖြစ်ပြီး မဟာချင်အင်ပါယာ၏ တရားဝင်အမွေဆက်ခံသူပင်။
ချင်အင်ပါယာနှင့်ထန်အင်ပါယာတို့သည် ရှေးဟောင်းခေတ်၏ ပြိုင်ဘက်ကင်း အင်ပါယာများဖြစ်ကြသည်။
ဤသည်မှာ ကြယ်တာရာကောင်းကင်ယံတွင် နှစ်ဖက်အင်ပါယာကြား ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းပင်။
တိုက်ပွဲစတင်သည်နှင့် နားလည်သဘောပေါက်မှုအရိပ်အယောင်တစ်ရပ်သည် လုယွီ၏စိတ်နှလုံးသားအတွင်း၌ ရုတ်တရက် ဖြတ်ပြေးသွားပေ၏။
ထန်ဧကရာဇ် ထိုက်ကျုံးသည် လောကကြီးတခွင်တွင် ကျော်ကြားပြီး သက်ရှိများသည် သူ၏နာမည်ကို ကြားရုံဖြင့် ကြောက်ရွံ့တုန်လှုပ်ကြသည်။
သို့ရာတွင် လီမီသည် ဧကရာဇ်ထိုက်ကျုံး၏ စိတ်ဝိညာဉ်ကို ဆင့်ခေါ်ခဲ့သော်လည်း သူသည် လုယွီကို အနိုင်ယူနိုင်သေးချေ။
"ဟုတ်တယ်...သူကလည်း လူတစ်ယောက်ပဲ... ရှေးဟောင်းခေတ်က ကောင်းကင်ဘုံဧကရာဇ်တောင်မှ ရှေးဟောင်းသက်ရှိတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်.... ငါတို့ထက် ပိုထူးချွန်တဲ့လူတွေ အမြဲတမ်းရှိတယ်....သူတို့ရဲ့နာမည်ဂုဏ်သတင်းက ကြီးမားပေမယ့် သူတို့က မရှုံးနိမ့်နိုင်တာ မဟုတ်ဘူး"
လုယွီသည် ပို၍စဉ်းစားမိလေလေ သူ၏အတွေးများ ပို၍ရှင်းလင်းလာလေလေပင်။ သူသည် ဉာဏ်အလင်းပွင့်မှုကို ရရှိခဲ့သကဲ့သို့ ဖြစ်သွားကာ သူ၏တိုက်ခိုက်မှုများ ပို၍ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။
ပြင်းထန်သော တိုက်ပွဲအောက်တွင် လီမီ၏ အမူအယာသည် တဖြည်းဖြည်း တည်ကြည်လေးနက်လာပေ၏။ သူသည် တစတစ အခက်တွေ့လာသည်ကို ခံစားလိုက်ရသည်။
ဧကရာဇ်၏အရှိန်အဝါသည် ဒီရေလှိုင်းကဲ့သို့ဖြစ်ပြီး မှော်မန္တန်များသည် ကြယ်အလင်းရောင်ကဲ့သို့ တောက်ပနေသည်။ သို့ရာတွင် သူတို့နှစ်ဦးသည် လေထုအတွင်းရှိ ပြင်းထန်သော တိုက်ပွဲ၌ ပိတ်မိနေပြီး တစ်ယောက်ကိုတစ်ယောက် မည်သို့မျှ မလုပ်နိုင်ချေ။
Thank For Reading.