အခန်း (၄၈၇၁-၄၈၇၅)
Vol. 247 Ch. 4871-4875
Chapter 4871
နတ်ဘုရားတစ်ပါးကို ရင်ဆိုင်နိုင်ရန် မည်မျှထိ အားကောင်းရမည်နည်း။
အားပြင်းသော ဖိအားတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်မှ ကျဆင်းလာသည်။ ကျိုးပဲ့နေပြီးဖြစ်သော ဟယ်လန်တောင်သည် နောက်တစ်ကြိမ် ပြင်းထန်စွာ ပျက်စီးသွားသည်။ မရေမတွက်နိုင်သော ကြီးမားသည့် ကျောက်တုံးများသည် ပြိုကျပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပေ၏။
လုယွီသည် ဤနေရာနှင့် အလွန်နီးကပ်နေသည်။ ရုတ်ချည်းဆိုသလိုပင် သူသည် ဖိအားအရှိန်အဝါတစ်ရပ် ကျဆင်းလာသည်ကို ခံစားလိုက်ရပြီး သူ၏အရိုးများ အက်ကွဲစပြုလာသည်။
သူ့ထံတွင် သိုင်းအင်မော်တယ် ရုပ်ခန္ဓာကိုယ်ရှိသည်။ သူသည် အနည်းငယ် ခုခံနိုင်သေးသော်လည်း ပတ်ဝန်းကျင်ရှိ ပုန်းကွယ်နဂါးစစ်သားများသည် ထိုဖိအားကို မခုခံနိုင်တော့ချေ။
သူတို့အနက်မှအများစုသည် အဝေးတွင် ရှိနေသော်လည်း သူတို့၏ပါးစပ်များမှ သွေးများ အန်ထုတ်ပြီး သတိလစ်မေ့မျောသွားကြလေပြီ။
တာအိုသခင်နှင့် သာမန်ကျင့်ကြံသူများကြား ကွာဟချက်သည် နတ်ဘုရားများနှင့် သာမန်လူများအကြား ကွာဟချက်အလားပင်။ ဤသည်မှာ အနည်းငယ်သာ ကွာဝေးပုံရသော်လည်း ဖြည့်ဆည်း၍မရနိုင်သော သဘာဝချောက်ကမ်းပါးတစ်ခုကဲ့သို့ ဖြစ်နေသည်။
ဘုန်း....
ထိုအချိန်မှာပင် မင်းသားကူက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
သူ၏လက်အတွင်းမှ တောင်ဝှေးသည် ထက်ရှသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏လက်အတွင်းတွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး သူသည် လောကကြီးအတွင်းရှိ သူ၏အမိန့်ကို မနာခံသူများအား ခုတ်ပိုင်းလိုသည်။
ဓားကို ကိုင်ဆောင်ထားသော မင်းသားကူ၏ ဆံပင်ဖြူများသည် လေပြေနှင့်အတူ တဖျတ်ဖျတ်လူးလွန့်နေပြီး သူသည် ပြိုင်ဘက်ကင်း ဓားနတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။
ဘုန်း..
ထိုဓားချီသည် အထပ်များစွာပါသော ကျောက်ပြားစေတီကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ စေတီ၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ကြေမွှပျက်စီးသွားတော့မည့်အလားပင်။
သို့ရာတွင် ယန်ကျန့်သည် သူ၏လက်အတွင်းမှစုတ်တံကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ စုတ်တံနှင့် မင်အပိုင်းအစများသည် ပျံ့လွင့်လာပြီး အထပ်များစွာပါသော ကျောက်ပြားစေတီကို ထိတွေ့လိုက်ရာ ပျက်စီးသွားသော ကျောက်ပြားသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေ၏။
ကောင်းကင်နှင့်မြေပြင်သည် အရောင်မှိန်ဖျော့သွားပြီး တိမ်တိုက်များ လူးလွန့်နေသည်။
ဒေါင်...
ကျောက်ပြားစေတီသည် ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကဲ့သို့ ရှေ့သို့ တိုးဝင်သွားပြီး မင်းသားကူ၏ဓားချီကို ချိုးဖျက်လိုက်သည်။
ဤသည်ကိုမြင်ချိန်၌ မင်းသားကူသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူသည် သူ၏လက်အတွင်းမှ ဓားကို အကြိမ်ကြိမ် ဝှေ့ယမ်းပြီး ကျောက်ပြားပေါ်သို့ ကျရောက်သွားစေသည်။ ထိုအချိန်ကျမှသာ သူသည် ကျောက်ပြားကို ရပ်တန့်စေနိုင်ခဲ့သည်။
သို့ရာတွင် ကျောက်ပြားစေတီမှ ထုတ်လွှတ်သော စွမ်းအားသည်လည်း မင်းသားကူအပေါ် သက်ရောက်ခဲ့သည်။
မင်းသားကူသည် နေရာတွင် မတ်တတ်ရပ်နေဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်အတွင်ူမှ သွေးများ ယိုစီးကျနေသည်။ ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
သူ၏သွေးများသည် တစ်စက်ချင်းစီ ကျဆင်းနေပြီး လူတိုင်း၏စိတ်နှလုံးသားပေါ်သို့ ကျရောက်သွားသည့်အလားပင်။
"ကျိုးဟုန်ရွှမ်း...မင်းက ဆက်ပြီးတိုက်ခိုက်ချင်သေးတာလား"
ယန်ကျန့်၏အေးစက်စက်အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် နောက်ဆုံး၌ သူတို့၏အသိစိတ်များ ပြန်ဝင်လာကြသည်။ မင်းသားကူပင်လျှင် ရှုံးပွဲမရှိသူတစ်ဦး မဟုတ်ကြောင်း ထွက်ပေါ်လာသည်။
စစ်ပွဲစတင်ချိန်မှ ယခုအချိန်အထိ မင်းသားကူသည် စစ်တပ်အတွင်းတွင် အမြဲတစေ အသက်ဝိညာဉ်တစ်ခု ဖြစ်ခဲ့သည်။ သူ၏ တည်ရှိမှုကြောင့် စစ်တပ်အတွင်းမှ စစ်သားများအားလုံးသည် သူတို့ထံတွင် ကျောထောက်နောက်ခံတစ်ခု ရှိသည်ဟု ခံစားခဲ့ရသည်။
ဤသည်မှာ တည်ငြိမ်သော စစ်တပ်အသက်ဝိညာဉ်တစ်ခု၏ တည်ရှိမှုပင်။
သို့ရာတွင် ဤမြင်ကွင်းသည် မရေမတွက်နိုင်သော လူများကို မျှော်လင့်ချက်ကင်းမဲ့စေခဲ့သည်။
သူတို့သည် စစ်ပွဲကို အမှန်တကယ် အနိုင်ရခဲ့သော်လည်း အဆင့်မြင့် တာအိုသခင်တစ်ဦးသည် အခြေအနေကို ပြောင်းပြန်လှန်ပြီး အရာအားလုံးကို ပြောင်းလဲရန် လုံလောက်သည်။
"ငါ ဒီမှာ ရှိနေရင် မြေတစ်လက်မတောင်မှ မစွန့်လွှတ်ဘူး"
မင်းသားကူ၏ပါးစပ်မှ သွေးများ အန်ထွက်စပြုလာလေပြီ။ အစွမ်းထက်သော ဥပဒေသများသည် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံထားသော်လည်း ထိုအရာများသည် သူ၏ဒဏ်ရာများကို မကုသနိုင်ပေ။
မင်းသားကူသည် အသက်အလွန်အိုမင်းနေလေပြီ။
သူသည် လောကနှစ်ခုတောင်တန်းတွင် ရှိနေစဥ်၌ ကြီးမားသော အသက်စွမ်းအားပမာဏကို ကုန်ဆုံးခဲ့ပြီးဖြစ်သည်။ သူသည် တော်ဝင်မြို့တော်သို့ ဒဏ်ရာများ ကုသရန် ပြန်လည်ရောက်ရှိလာပြီးနောက် သူသည် တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေပြီး ပြင်ပသို့ ထွက်မလာခဲ့ချေ။
အကယ်၍ မင်းသားစုသည် တိုက်ပွဲတွင် မသေဆုံးခဲ့ဘဲ တာယွီ၏ထိပ်သီးကျင့်ကြံသူအမြောက်အများကို ရှန်လင်းလုံမှ ခေါ်ဆောင်သွားခဲ့ခြင်း မရှိပါက သူသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည် မဟုတ်ပေ။
ဤသည်မှာ သေခြင်းတရားကို စောင့်ဆိုင်းနေသော လူအိုကြီးတစ်ဦးသည် သူ၏ နောက်ဆုံးအသက်စွမ်းအားကို လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေသည်။
"ငါ ဆုတ်ခွာမှာ မဟုတ်ဘူး....မဆုတ်ခွာနဲ့..."
ပတ်ဝန်းကျင်ရှိ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများ၏ တိုက်ပွဲဝင်စိတ်ဆန္ဒများ ဆင့်ခေါ်ခြင်းခံလိုက်ရသည်။ သူတို့သည် ဒေါသတကြီး ဟိန်းဟောက်ပြီး တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက် နေသည်။
သူတို့သည် အဆင့်မြင့် တာအိုသခင်တစ်ဦးနှင့် ရင်ဆိုင်နေရလျှင်ပင် မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။ သူတို့သည် သူတို့၏ နယ်မြေကို အလဟဿ ဆုံးရှုံးရန်ထက် စစ်မြေပြင်ပေါ်တွင် သေဆုံးရမည်ကို ပို၍လိုလားသည်။
"ဒါဆိုရင် ငရဲကို သွားလိုက်တော့"
ယန်ကျန့်၏ဒေါသများ ပွင့်အံ့ထွက်လာသည်။ သူ၏လက်အတွင်းမှ စုတ်တံကို ရွှေရောင်အလွှာတစ်လွှာဖြင့် ဖုံးအုပ်ထားပုံရသည်။ စုတ်တံထိပ်ဖျား ကျဆင်းသွားသည်နှင့် ရွှေရောင်စာလုံးများသည် လေထုအတွင်းတွင် ပျံဝဲနေပြီး အမြင့်မြတ်ဆုံး ဖိအားအရှိန်အဝါတစ်ရပ် ထုတ်လွှတ်ထားသည်။
သူသည် နောက်တစ်ကြိမ် ရေးသားလိုက်ရာ အထပ်များစွာပါသော ကျောက်ပြားစေတီ၏အထက်တွင် ပို၍ကြီးမားသော ကျောက်ပြားတစ်ခု ပျံဝဲသွားသည်။
Chapter 4872
"ဖန်းဖျင်က နဂါးငါးကောင်ဆွဲတဲ့ ငှက်မွှေးရထားလုံးကို စီးနင်းခဲ့တယ်....အဲ့ဒီနဂါးတစ်ကောင်ချင်းစီမှာ မတူညီတဲ့ အသွင်အပြင် ရှိကြသည်...ဖန်းဖျင်က အလံကို ရေးဆွဲခဲ့ပြီးတော့ စွမ်းအားကြီးမားတယ်....သူက ကြီးမြတ်တဲ့စစ်သူကြီးတစ်ဦးကဲ့သို့..."
နောက်ထပ်ရှေးကျပြီး ခန့်ညားထည်ဝါသော ကျောက်ပြားတစ်ခုသည် လေဟာနယ်အတွင်းတွင် စုစည်းသွားပေ၏။ ထိုအရာပေါ်တွင် ရွှေရောင်စာလုံးများကို အတန်းလိုက် ထူထပ်သိပ်သည်းစွာ ထွင်းထုထားသည်။ ထိုကျောက်ပြားသည် ခန့်ညားထည်ဝါပြီး အစွမ်းထက်သည်။
ဤကျောက်ပြား၏နံဘေးပတ်လည်တွင် ခပ်ဖျော့ဖျော့ အင်မော်တယ်အရှိန်အဝါတစ်ရပ် မျောလွင့်နေသည်။ ရောင်စုံတိမ်တိုက်များသည် တညီတညွတ်တည်း ပျံဝဲနေပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်နေပေ၏။
ဤသည်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့် အလားပင်။ အလင်းတန်းများသည် အဆုံးအစမရှိ တောက်ပနေပြီး အရှိန်အဝါသည် ခန့်ညားထည်ဝါသည်။ သူသည် သူ၏ အမြင့်မြတ်ဆုံးနတ်ဘုရားစွမ်းအားကို အသုံးပြု၍ သာမန်ပြည်သူများကို အပြစ်ပေးနေသည်နှင့် တူညီပေ၏။
"သွား...."
ယန်ကျန့်က စကားလုံးတစ်လုံးတည်းကိုသာ ရေရွတ်လိုက်သည်။
ကျောက်ပြားသည် တဝုန်းဝုန်းမြည်ဟီးလာပြီး ကျဆင်းလာကာ ထိုက်တောင်ကြီးကဲ့သို့ လေးလံပြီး ပြင်းထန်စွာ ပြုတ်ကျသွားသည်။ လေဟာနယ်ပင်လျှင် ပြိုကျပြီး ကြေမွှပျက်စီးသွားကာ မည်းမှောင်သော တွင်းနက်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
မင်းသားကူ၏ဆံပင်ဖြူများသည် လေပြင်းများနှင့်အတူ ရှေ့နောက်ယိမ်းခါနေသည်။ သူ၏ မှုန်ဝါးနေသော မျက်လုံးများသည် သွေးရောင်သန်းနေပြီး သူသည် တာအိုသခင်၏အမည်ဖြင့် မှော်မန္တန်တစ်ခု ရွတ်ဆိုကာ ပတ်ဝန်းကျင်ကို အမိန့်ပေးလိုက်သည်။
"ကောင်းကင်ဘုံရဲ့စိတ်ဆန္ဒ.... ပြည်သူရဲ့စိတ်ဆန္ဒ....."
မင်းသားကူ၏နောက်တွင် ကြီးမားကျယ်ပြန့်ပြီး နယ်နိမိတ်မရှိကျယ်ဝန်းသော တာယွီကြယ်တာရာမြေပုံတစ်ခု ထွက်ပေါ်လာသည်။
ထိုကြယ်တာရာမြေပုံပေါ်တွင် သက်ရှိများအားလုံး၏ ပုံရိပ်များ ရှိနေသည်။ ဤလူများထံတွင် စူးရှတောက်ပသော အကြည့်များ ရှိကြပြီး သူတို့၏စိတ်နှလုံးသားများအတွင်း၌ တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ အားကောင်းသော စိတ်ဆန္ဒများသည် လေထုအတွင်းတွင် စုဝေးနေပြီး ထိုအရာများသည် မင်းသားကူ၏အသုံးပြုခြင်းကို ခံလိုက်ရသည်။
ဤသည်မှာ နတ်ဘုရားများ၏ အမွှေးနံ့သာစွမ်းအားများနှင့် ကွဲပြားသည်။ သူသည် လူအများ၏ ပူဇော်ပသပြီး ဆုတောင်းခံရရန် မလိုအပ်ချေ။ လူတိုင်းသည် သူတို့၏အင်ပါယာကို ကာကွယ်ရန် ဆန္ဒရှိသရွေ့ သူတို့သည် မင်းသားကူကို တိုက်ခိုက်ရေးစွမ်းအားတချို့ ပေးနိုင်ပေလိမ့်မည်။
အရာရှိများမှ သာမန်ပြည်သူများအထိ ယောက်ျားမိန်းမဖြစ်စေ အသက်ကြီးကြီးငယ်ငယ်သည်ဖြစ်စေ ချမ်းသာဆင်းရဲဖြစ်စေ သူတို့အားလုံးသည် မင်းသားကူထံသို့ မမြင်နိုင်သော တိုက်ခိုက်ရေးစွမ်းအားတစ်ရပ်ကို ပေးပို့ထားကြသည်။
"မင်းက တာယွီအင်ပါယာရဲ့ ပြည်သူ့စိတ်ဆန္ဒကို ထိန်းချုပ်နိုင်တာလား"
ယန်ကျန့်က မျက်မှောင်ကြုတ်လိုက်သည်။
ယေဘုယျအားဖြင့် ပြည်သူ့စိတ်ဆန္ဒကို ဧကရာဇ်သာလျှင် ပိုင်ဆိုင်နိုင်သည်။
ဧကရာဇ်ကို ကောင်းကင်ဘုံ၏ သားတော်ဟု သိထားကြပြီး သူသည် ကောင်းကင်ဘုံ၏ ကိုယ်စားလှယ်ဖြစ်သည်။ ပြည်သူ့ဆန္ဒအားလုံးသည် ဧကရာဇ်ပိုင် ဖြစ်ရမည်။ ထိုအချိန်ကျမှသာ အင်ပါယာ၏ တည်ငြိမ်မှုကို သေချာစေနိုင်ပြီး ပြည်သူလူထု၏ ငြိမ်းချမ်းမှုကို အာမခံချက်ပေးနိုင်သည်။
သို့ရာတွင် ကျိုးယွမ်ယန်သည် အာဏာသိမ်းပိုက်ရန် မရိုးသားသော နည်းလမ်းများကို အသုံးပြုခဲ့ပြီး တာယွီ၏အကျိုးစီးပွားကိုပင် ရောင်းစားခဲ့သောကြောင့် ပြည်သူ့စိတ်ဆန္ဒအား လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့သည်။
နန်းတော်အတွင်း၌ နေထိုင်သော ကျိုးယွမ်ယန်နှင့် နှိုင်းယှဉ်လျှင် စစ်တပ်ကို တာဝန်ယူသော မင်းသားကူသည် ပြည်သူ့စိတ်ဆန္ဒ၏ ထောက်ခံမှုကို ပို၍ရရှိသည်မှာ သိသာထင်ရှားသည်။
ဤအချိန်တွင် ယန်ကျန့်သည် သူ မင်းသားကူနှင့် ရင်ဆိုင်နေရသည်မဟုတ်ဘဲ တာယွီအင်ပါယာမှ သန်းထောင်နှင့်ချီသော ပြည်သူများ၏စိတ်ဆန္ဒနှင့် ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရသည်။
ပြည်သူ့စိတ်ဆန္ဒသည် အလွန်အားကောင်းသောကြောင့် ကျောက်ပြားနှစ်ခုကို အခိုင်အမာ ချိတ်ပိတ်ထားပြီး ထိုအရာများကို နောက်ထပ်မရွေ့လျားနိုင်အောင် တားဆီးထားသည်။
"ကံမကောင်းစွာနဲ့ မင်းက ဧကရာဇ်မဟုတ်ဘူး...."
ယန်ကျန့်သည် အသက်ပြင်းပြင်းရှိုက်ပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
အကယ်၍ မင်းသားကူသည် ဧကရာဇ်ဖြစ်ခဲ့ပါက သူသည် ပြည်သူ့စိတ်ဆန္ဒကို လှုံ့ဆော်နိုင်ပြီး ယန်ကျန့်ကို ထိုအရာအတွင်းသို့ နစ်မြုပ်စေကာ မခုခံနိုင်အောင် ပြုလုပ်နိုင်သည်။
သို့ရာတွင် မင်းသားကူသည် မင်းသားတစ်ပါးသာ ဖြစ်သည်။ သူ၏ အဆင့်အတန်းသည် မြင့်မားသော်လည်း အမြင့်မားဆုံးအနေအထားသို့ မရောက်သေးချေ။
"ဖိနှိပ်...."
ယန်ကျန့်က လေထုအတွင်းတွင် နောက်တစ်ကြိမ် ရေးသားလိုက်ရာ ဆယ်ပေကျော်ရှည်လျားသော ကြီးမားသည့် ကျောက်ပြားတစ်ချပ်သည် ကျဆင်းလာပြီး ပြည်သူ့စိတ်ဆန္ဒကို ဖိနှိပ်လိုက်သည်။
ဘုန်း....
ပြင်းထန်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး မင်းသားကူနောက်မှ တာယွီကြယ်တာရာမြေပုံသည် လှုပ်ခတ်စပြုလာပေ၏။
အရပ်သားများ စစ်သားများ၊ အရာရှိများစသဖြင့် သက်ရှိများအားလုံးသည် ဖျက်ဆီးခြင်းခံရပြီး အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်မှာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့လာသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ရပ်ပင်။ မင်းသားကူသည်လည်း ကြီးမားစွာ ထိခိုက်သွားပေ၏။ သူ၏ အိုမင်းသောခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါစပြုလာပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာသည်။ သူ၏ စပါးကြီးမြွေဝတ်ရုံပင်လျှင် သွေးများဖြင့် နီမြန်းသွားသည်။
"ဒီကိစ္စကို အဆုံးသတ်ဖို့ အချိန်တန်ပြီ...."
ယန်ကျန့်က အလွန်ပြင်းထန်သော အရှိန်အဝါနှင့်အတူ ခြေလှမ်းတစ်လှမ်းချင်း ရှေ့သို့လျှောက်လှမ်းလာသည်။
သို့ရာတွင် ထိုအချိန်တွင် လုယွီသည် ရုတ်တရက် လှုပ်ရှားလိုက်၏။
သူသည် နတ်ဘုရားသတ်ဓားချီကို ဆင့်ခေါ်ပြီး သူ၏အပြင်းထန်ဆုံးစွမ်းအားမှ ထောက်ပံ့မှုနှင့်အတူ တိမ်တိုက်များကို ထိုးဖောက်ဝင်ရောက်သွားပြီး ယန်ကျန့်ထံသို့ ပျံသန်းသွားသည်။
ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ တက်လှမ်းပြီးနောက် လုယွီ အသုံးပြုသော မှော်နည်းစနစ်များ ပို၍အားကောင်းလာသည်။ ဤဓားချီသည် ကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းသွားပြီး ပြင်းထန်စွာ ပျံ့နှံသွားသည်။
ဝှစ်....
ဤဓားချီသည် ခန့်ညားထည်ဝါပြီး ယန်ကျန့်ထံသို့ တိုးဝင်သွားပေ၏။
လက်ရှိနေရာတွင် ရှိနေသော လူများအားလုံး၏စိတ်နှလုံးသားများ တုန်ရီသွားကြသည်။
ယန်ကျန့်ပင်လျှင် လုယွီမှ သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟု တွေးထင်ထားခြင်းမရှိချေ။
Chapter 4873
"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ..."
ယန်ကျန့်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏အင်္ကျီလက်ကို လှုပ်ခတ်လိုက်သည်။
လေပြင်းတစ်ရပ်နှင့်အတူ သူသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ သူ၏လက်ဝါးရိုက်ချက် ကျရောက်သွားသည်နှင့် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားသတ်ဓားချီ ချက်ချင်းကြေမွှပျက်စီးသွားသည်။
နှစ်ဖက်အကြားတွင် ကျင့်ကြံဆင့်ကွာဟချက် အလွန်ကြီးမားသည်။
သို့ရာတွင် ထိုအချိန်မှာပင် လုယွီသည် ကြယ်ပျံတစ်စင်းအလား ရှေ့သို့ ပျံသန်းသွားပြီး အချိန်တခဏအတွင်းမှာပင် လီမီ၏နံဘေးသို့ ရောက်ရှိသွားသည်။
သူ၏ပစ်မှတ်သည် စွမ်းအားမြင့်မားပြီး ခွန်အားကြီးမားသော ယန်ကျန့်မဟုတ်ဘဲ လီမီ ဖြစ်သည်။
လီမီသည် သဘာဝသူတော်စင်တစ်ယောက်ဖြစ်ပြီး သူသည် အဆုံးအစမရှိသော ပါရမီနှင့် အနာဂတ်ကို ကိုယ်စားပြုသည်။ အကယ်၍ သူသည် မသေဆုံးဘဲ ကြီးထွားလာပါက နောင်အနာဂတ်တွင် မည်သူမျှ သူ၏ပြိုင်ဘက် ဖြစ်မည် မဟုတ်ချေ။
ဤသည်မှာ ယန်ကျန့်ကဲ့သို့သော တာအိုသခင်တစ်ဦးသည် စစ်ပွဲ၏စည်းမျဉ်းများကို ဆန့်ကျင်ပြီး သူ့ကို ကယ်တင်ရန် ထွက်ပေါ်လာရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်သည်။
"လုယွီ....အဟွတ်...အဟွတ်...အဟွတ်... မင်းက သေခြင်းတရားကို တောင်းဆိုနေတာပဲ"
လုယွီ ချဉ်းကပ်လာသည်ကို မြင်ချိန်၌ လီမီသည် ချောင်းတဟွတ်ဟွတ်ဆိုးပြီး သူ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။
သူ၏ဒဏ်ရာများသည် အလွန်ပြင်းထန်ပေ၏။ ကောင်းကင်ဧကရာဇ်ကြေးမုံမှန်သည် လေထုအတွင်းတွင် ပျံဝဲနေပြီး လုယွီ၏တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားထားသည်။
"ထွက်ပေါ်လာစမ်း..."
လုယွီက အော်ဟစ်လိုက်သည်။ သိုင်းအင်မော်တယ်တစ်ယောက်၏ခွန်အားသည် သူ၏ခန္ဓာကိုယ်မှ ချက်ချင်းပွင့်အံ့ထွက်လာပေ၏။
သူ၏လက်သီးချက်သည် သွေးချီများဖြင့် ပြည့်နှက်နေပြီး သူ၏လက်သီးစိတ်ဆန္ဒသည် နတ်ဆိုးဆန်သည်။ ဤသည်မှာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသော မိုးကြိုးတစ်စင်း ပစ်ခတ်လိုက်သည့်အလားပင်။
ဘုန်း.....
ကျယ်လောင်သောအသံသည် ပတ်ဝန်းကျင်နေရာတဝိုက်တွင် ပဲ့တင်ထပ်နေပေ၏။ ကောင်းကင်ဧကရာဇ်ကြေးမုံမှန်သည် ပြင်းထန်စွာ တုန်ခါစပြုလာပြီး ထိုအရာမှ ထုတ်လွှတ်ထားသော ခန့်ညားထည်ဝါသည့် အင်မော်တယ်အလင်းတန်းများ မှေးမှိန်သွားသည်။
လုယွီက နောက်တစ်ကြိမ် ထိုးနှက်လိုက်သည်။ ကောင်းကင်ဧကရာဇ်ကြေးမုံမှန်သည် ယိမ်းယိုင်သွားပြီး နံဘေးသို့ သွေဖည်သွားပေ၏။
"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ"
လီမီသည် သူ၏ ဦးရေပြား ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
ဤသည်မှာ မသေမျိုးအဆင့် မှော်လက်နက်ပင်။
သူသည် ကောင်းကင်ဧကရာဇ်ကြေးမုံမှန်ကို စတင်အသုံးပြုခဲ့စဥ်ကတည်းက မရှုံးနိမ့်ခဲ့သလောက်နီးပါးပင်။
သို့ရာတွင် သူသည် လုယွီ၏ဟန့်တားနှောက်ယှက်ခြင်းကို ခံခဲ့ရသည်။ သူသည် လူပုံသဏ္ဌာန်ယူထားသော မွန်းစတားအိုကြီးတစ်ကောင်ကဲ့သို့ဖြစ်ပြီး ကြီးမားသောစွမ်းအားနှင့် ခန့်ညားထည်ဝါသော အရှိန်အဝါကို ပိုင်ဆိုင်ကာ မသေမျိုးအဆင့်မှော်လက်နက်ကို တွန်းထုတ်ခဲ့သည်။
"လီမီ....ဒီနေ့ မင်းကို ဘယ်သူက ကယ်နိုင်မလဲဆိုတာ ကြည့်ကြရအောင်..."
လုယွီသည် ကောင်းကင်ဧကရာဇ်ကြေးမုံမှန်ကို တွန်းထုတ်ပြီး ခြေတစ်လှမ်းဖြင့် လီမီ၏ရှေ့သို့ ရောက်ရှိသွားသည်။
ဤတစ်ကြိမ်တွင် လီမီသည် တည်ငြိမ်နေနိုင်ခြင်း မရှိတော့ပေ။ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
လုယွီသည် သူ့ကို အမှန်တကယ် သတ်ဖြတ်နိုင်သည်။
"တာအိုနည်းစနစ်..."
လီမီသည် မိုးကောင်းကင်ယံသို့ လက်ညှိုးညွှန်ပြီး မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
ဖြောင်း....
သို့ရာတွင် လုယွီသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူ၏မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သည်။
လီမီသည် ပါးရိုက်ခြင်းခံလိုက်ရပြီး မြေပြင်ပေါ်၌ လူးလိမ့်သွားသည်။ သူသည် သတိလစ်မေ့မျောလုနီးပါး ဖြစ်သွားပြီး လုယွီ၏ လည်ပင်းညှစ်ခြင်းကို ခံလိုက်ရလေ၏။
"မင်း လုပ်ရဲလား..."
လုယွီ၏နောက်မှ ယန်ကျန့်၏ ဒေါသတကြီးအော်ငေါက်သံ ထွက်ပေါ်လာသည်။
"ငါက ဘာလို့ မလုပ်ရဲရမှာလဲ"
လုယွီသည် သူ၏လက်ကို ရုတ်တရက် လှုပ်ရှားလိုက်ပြီး လီမီ၏လည်ပင်းကို လိမ်ချိုးကာ နေရာတွင်ပင် သေဆုံးသွားစေခဲ့သည်။
လီမီ၏မျက်လုံးများ ပြူးကျယ်နေပြီး လုယွီကို မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။
သူသည် သဘာဝအတိုင်း မွေးဖွားလာသော သူတော်စင်တစ်ပါးဖြစ်ကာ ဤနေရာတွင် သေဆုံးသွားရမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ဖူးချေ။
ဤအချိန်အခိုက်အတန့်တွင် ညကောင်းကင်ယံ၌ လျှပ်စီးမိုးကြိုးများ တဝုန်းဝုန်းမြည်ဟီးနေပြီး ကောင်းကင်ဘုံတာအိုသည် ဤကိစ္စကြောင့် ဒေါသထွက်နေသည့်အလားပင်။
သူတော်စင်တစ်ပါး ကျဆုံးခြင်း...
ကောင်းကင်နှင့်မြေပြင်၏ ဝမ်းနည်းပူဆွေးမှု..
ထူးဆန်းသော သဘာဝလွန်ဖြစ်စဉ်များသည် အရပ်မျက်နှာအဘက်ဘက်တွင် ထွက်ပေါ်လာသော်လည်း လုယွီသည် မောက်မာထောင်လွှားပြီး ကြောက်ရွံ့ခြင်းမရှိချေ။။
"ချန်သည် ကောင်းကင်... အထက်နှင့်အောက် ကောင်းကင်နှင့်မြေပြင်..."
ဤအချိန်တွင် စကားတစ်ခွန်းသည် လုယွီ၏ နားအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤသည်မှာ ယခင်က စာပေသူတော်စင်ရီဟန် ပေးအပ်ခဲ့သော စွမ်းအားပင်။
လုယွီသည် အံ့အားသင့်သွားပေ၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသား နောက်တစ်ကြိမ် လည်ပတ်နေသည်ကို သူ ခံစားလိုက်ရသည်။
လီမီ၏စိတ်ဝိညာဉ်သည် ထွက်ပေါ်လာပြီးနောက် ရွှေရောင်လေစီးကြောင်းများ ဖြာထွက်လာကာ လုယွီ၏ဝါးမြိုခြင်းကို ခံလိုက်ရသည်။
"မဟုတ်ဘူး...ငါ့ကို ပြန်ပေး....ငါ့ကို ပြန်ပေးစမ်း"
လီမီ၏စိတ်ဝိညာဥ်သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်၏။
လီမီ၏ ပါရမီ ခွန်အား ကံကြမ္မာကောင်းအရိုးဖွဲ့စည်းပုံနှင့် မှော်စွမ်းအား...
ဤအရာအားလုံး လုယွီ၏ လုယက်ခြင်းကို ခံလိုက်ရသည်။
လီမီသည် မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်လိုက်သော်လည်း သူ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိပေ။ သူသည် သူ၏အရာအားလုံးကို လုယွီမှ ယူဆောင်သွားသည်အား ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"ငါ ဒါကို လက်မခံနိုင်ဘူး"
လီမီ၏စိတ်ဝိညာဉ်သည် နာကျင်မှုနှင့် မကျေနပ်မှုများဖြင့် ပြန့်ကျဲသွားပြီး သူသည် လုံးလုံးလျားလျား သေဆုံးသွားတော့သည်။
လုယွီကမူ သူ၏မျက်လုံးများအတွင်းတွင် တောက်ပသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ကံကြမ္မာလှိုင်းတစ်လှိုင်းသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပေ၏။ သူတော်စင်ရီ သင်ကြားခဲ့သော ကျမ်းစာသည် ကွန်ဖြူးရှပ်ဥပဒေသစွမ်းအားကို တိုးမြှင့်ရုံမျှ မရိုးရှင်းကြောင်း သူ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။
ဤသည်မှာ လုယွီကို သူ့ပြိုင်ဘက်၏ ကံကြမ္မာကောင်းနှင့်အရိုးအမြစ်ကို အတင်းအကြပ် ယူဆောင်သွားနိုင်သည်။
လုယွီ၏ခန္ဓာကိုယ်သည် တုန်ခါသွားပေ၏။ သူသည် သူ၏အနှစ်သာရများအားလုံးကို သန့်စင်ခြင်းခံလိုက်ရပြီး အသစ်တဖန်ပြန်လည်မွေးဖွားလာခဲ့သကဲ့သို့ပင်။ သူသည် သဘာဝသူတော်စင်တစ်ပါး ဖြစ်သွားလေပြီ။
Chapter 4874
"ငါက သဘာဝသူတော်စင်တစ်ယောက် ဖြစ်သွားပြီ...."
လုယွီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။ သူသည် ဤကဲ့သို့ကိစ္စမျိုး ဖြစ်ပွားလာလိမ့်မည်ဟု မျှော်လင့်မထားမိချေ။
စာပေသူတော်စင်ရီဟန် ရွတ်ဆိုခဲ့သော ပြောင်းလဲခြင်းကျမ်းစာသည် ထိုက်ကျိအမှတ်အသားနှင့် ဆက်စပ်နေပုံရသည်။ အထူးအခြေအနေများအောက်တွင် ဤကျမ်းစာသည် စကြဝဠာအတွင်းရှိ အရာအားလုံးကို ဝါးမြိုနိုင်သည်။
လုယွီ အောက်ဘုံ၌ ရှိနေစဉ်က ထိုက်ကျိအမှတ်အသားသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဉ်ကို ဝါးမြိုနိုင်ခဲ့သည်။
နတ်ဆိုးနယ်မြေတွင် ထိုက်ကျိအမှတ်အသားသည် နွားရိုင်တစ်ကောင် စီးနင်းထားသော လူအိုကြီး၏စွမ်းအားကို ဝါးမြိုနိုင်ပြီး လုယွီကို ရှေးဟောင်းသက်ရှိများ၏ ဖိအားအောက်တွင် ပုံမှန်အတိုင်း လှုပ်ရှားနိုင်စေခဲ့သည်။
ယခုချိန်၌ လီမီနှင့် ရင်ဆိုင်ရာတွင် လုယွီသည် လီမီ၏အရာအားလုံးကို အမှန်တကယ် ယူဆောင်နိုင်ပြီး သူ့၏ကိုယ်ပိုင်အဖြစ် ဖန်တီးနိုင်ခဲ့ပေ၏။
"အတိတ်က ထိုက်ဟွာကျမ်းစာက လုကျိုးရှောင်းကို ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်လို့ အမြဲတမ်း ပြောခဲ့တယ်...ပြီးတော့ လုကျိုးရှောင်က ငါ့ကြောင့် သေဆုံးသွားခဲ့တယ်...ငါက သူ့ရဲ့ကံကြမ္မာကိုလည်း လုယက်ခဲ့တာလား" နားလည်မှုအရိပ်အယောင်တစ်ရပ်သည် လုယွီ၏စိတ်နှလုံးသားအတွင်း၌ ရုတ်တရက် ဖြတ်ပြေးသွားသည်။
ဤအချိန်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ သန့်စင်သော စွမ်းအင်တစ်ရပ် တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ ကျင့်ကြံဆင့် စိတ်ဝိညာဉ်နှင့် သူ၏ရုပ်ခန္ဓာခွန်အားတို့သည် တစ်ချိန်တည်းမှာပင် အလျင်အမြန် မြင့်တက်လာပေ၏။
ဤမြင့်တက်မှုသည် အလွန်လျင်မြန်ပြီး လျှပ်ပြက်သည့်အလားပင်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူသည် ပြင်းပြင်းထန်ထန် ကျင့်ကြံရမည့် နှစ်ပေါင်းများစွာကို ချွေတာနိုင်ခဲ့သည်။
လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်အလယ်အလတ်အဆင့်သို့ မကြာသေးမီကမှ ဖောက်ထွက်ခဲ့သည်။ သူသည် နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်လိုလျှင် အနည်းဆုံးအနေဖြင့် အချိန်ကြာမြင့်စွာ ကျင့်ကြံရန် လိုအပ်ပေလိမ့်မည်။
ဤအချိန်တွင် သူ ရုတ်တရက် ရရှိခဲ့သော ကြီးမားသည့် စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏ ကျင့်ကြံဆင့်ကို ခုန်ပျံကျော်လွှား၍ တိုးတက်စေခဲ့သည်။
သို့ရာတွင် သူ၏မှော်စွမ်းအား တိုးတက်မှုသည် တာအိုဒုတိယအဆင့်တွင်သာ ရှိနေသေးသည်။
အရေးကြီးအဆုံးမှာ သူ၏မွေးရာပါပါရမီ ပြောင်းလဲမှုပင်။
လုယွီသည် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏စိတ်သည် နှိုင်းယှဉ်နိုင်ဖွယ်မရှိအောင် ကြည်လင်ပြတ်သားပြီး အံ့အားသင့်ဖွယ်ကောင်းသော အတွေးအခေါ်များစွာ ထွက်ပေါ်လာသည်။ ယခင်က သူ့ထံရှိနေသော မလိုလားအပ်သည့်အတွေးများ ပျောက်ကွယ်သွားပေ၏။
သူ ဉာဏ်အလင်းပွင့်သွားသည်နှင့် သူသည် သူတော်စင်တစ်ပါး ဖြစ်လာပေလိမ့်မည်။
ဤသည်မှာ ရှေးဟောင်းဗုဒ္ဓသည် ဗောဓိပင်အောက်တွင် တာအိုကို နားလည်ပြီး ဗုဒ္ဓဖြစ်လာသည့် နိယာမတရားပင်။
လုယွီသည် ဤလောကကြီးကို ပို၍ပီပြင်ရှင်းလင်းစွာ တွေ့မြင်နိုင်လေပြီ။ ဤလောကကြီး၏ လေ မိုးကြိုး ရေနှင့် မီး ဥပဒေသများသည် သူ့ကို အရာအားလုံး၏ သဘောသဘာဝကို နားလည်စေခဲ့သည်။
သူ၏စိတ်ဝိညာဉ်သည် ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး အချိန်ကြာမြင့်စွာ ရေငတ်နေသူတစ်ဦးသည် ရုတ်တရက် ချိုမြိန်သော စမ်းရေကို သောက်လိုက်ရသည့်အလားပင်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုအားလုံးသည် ပျောက်ကွယ်သွားပေ၏။
လုယွီ၏စိတ်ဝိညာဉ်သည် ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေလေပြီ။ ဤတစ်ကြိမ်တွင် သူ၏စိတ်ဝိညာဉ်သည် ပို၍တိုးတက်လာပြီး ရွှယ်အင်မော်တယ် နှောင်းပိုင်းအဆင့်သို့ ခြေတစ်လှမ်းချနိုင်ခဲ့သည်။ သူသည် တစ်ညလုံး မအိပ်ဘဲ နေနိုင်ပြီး မရေမတွက်နိုင်သော ကျင့်ကြံနည်းစနစ်များကို ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ နားလည်သဘောပေါက်နိုင်သည်။
သူ၏ အတိတ်ဘဝတွင်ဖြစ်စေ ဤဘဝတွင်ဖြစ်စေ လုယွီသည် သာမာန်ပါရမီအရည်အချင်းသာရှိသော လူသားတစ်ယောက်သာဖြစ်သည်။
အထူးသဖြင့် ဤဘဝတွင် လုယွီသည် သူ၏ အတိတ်ဘဝမှ မှတ်ဥာဏ်များကို ဆယ့်ခုနစ်နှစ်အရွယ်တွင်မှ နိုးထနိုင်ခဲ့သည်။ ဤသည်မှာ သူကျင့်ကြံရန် ကြီးမားသော အခွင့်အရေးတစ်ခုကို လက်လွတ်ဆုံးရှုံးခဲ့ရသည့်အလားပင်။
လုယွီ၏ပါရမီသည် သာမန်သာဖြစ်သော်လည်း သူထံတွင် သူ၏ယခင်ဘဝမှမှတ်ဥာဏ်များ ရှိသည်။ မရေမတွက်နိုင်သော မမျှော်လင့်သည့် အခွင့်အရေးများအပြင် နောက်ပိုင်းတွင် သူ၏ ကိုယ်ပိုင်ပါရမီကို ပြောင်းလဲပြီး ယနေ့ သူရရှိခဲ့သောအရာများကို အောင်မြင်နိုင်ခဲ့သည်။
သို့ရာတွင် ယခု လီမီ၏ပါရမီကို စုပ်ယူပြီးနောက် လုယွီသည် သဘာဝသူတော်စင်တစ်ပါး ဖြစ်လာလေပြီ။ သူသည် အစစ်အမှန် ပါရမီရှင်တစ်ဦးအဖြစ်သို့ ရောက်ရှိလာခဲ့သည်။
လူများတွင် မွေးရာပါ အသိပညာ မရှိကြသော်လည်း သူတော်စင်များကမူ ကွဲပြားခြားနားသည်။
သဘာဝအတိုင်း မွေးဖွားလာသော သူတော်စင်များသည် သူတို့ မွေးဖွားသည့်အခိုက်အတန့်မှစ၍ သူတို့၏ ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်နိုင်သည်။ အရပ်မျက်နှာအဘက်ဘက်မှ စိတ်ဝိညာဉ်စွမ်းအားများကို သူတို့အသုံးပြုရန်အတွက် သိမ်းပိုက်နိုင်ပေ၏။ တခြားကလေးများ ငိုကြွေးနေစဉ်တွင် သူတို့သည် တိမ်များကို စီးနင်းပြီး လျှပ်စီးမိုးကြိုးနှင့် မီးတောက်ကို ထိန်းချုပ်နေကြလေပြီ။ တချို့သူတော်စင်များသည် သူတို့မိခင်များ၏ဝမ်းဗိုက်အတွင်းတွင် သန္ဓေတည်စဥ်ကတည်းက စတင်၍ကျင့်ကြံကြသည်။ သူတို့၏ပါရမီအရည်အချင်းသည် နတ်ဆိုးဆန်ပေ၏။
လုယွီသည် ယခုချိန်၌ နတ်ဆိုးဆန်သော ပါရမီရှင်တစ်ဦး ဖြစ်နေလေပြီ။
သူ အသက်ရှူလိုက်ချိန်တိုင်း ယခင်ထက် အဆတစ်ရာကျော် ပို၍ စွမ်းဆောင်ရည်ရှိသည်ဟု သူ ခံစားမိသည်။
"ဒါက ပါရမီရှင်တစ်ယောက်ရဲ့ ခံစားချက်ပဲ...."
လုယွီ၏စိတ်နှလုံးသားအတွင်းတွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ အချက်တစ်ချက်သာဖြစ်ပြီး သဘာဝသူတော်စင်တစ်ပါးဖြစ်ခြင်း၏ အကျိုးကျေးဇူးများသည် ဤမျှသာ မဟုတ်ချေ။
လီမီသည် ခြေလှမ်းတစ်ဝက်တာအိုသခင်နယ်ပယ်သို့ ချိုးဖျက်ရန် အချိန်တခဏသာယူခဲ့ရပြီး ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးပင်လျှင် သူ့ကို တိုက်ခိုက်ရန် ဆန္ဒမရှိပေ။ ဤသည်မှာ သဘာဝသူတော်စင်တစ်ပါးဖြစ်ခြင်း၏ အကျိုးကျေးဇူးများကို ပြသရန် လုံလောက်သည်။
သူသည် ကောင်းကင်ဘုံ၏ကောင်းချီးပေးမှုကို ခံရပြီး စိတ်ဝိညာဉ်အားလုံး၏ ကာကွယ်ခြင်းကို ခံရသည်။
"ကံမကောင်းစွာနဲ့ ဒီအရာအားလုံးက အခု ငါ့ရဲ့အပိုင်ပဲ"
လုယွီက သူ၏လက်ကို မြှောက်လိုက်ရာ ရွှေရောင်မီးတောက်တစ်ခု ချက်ချင်းပျံ့လွင့်သွားသည်။
လီမီ၏ခန္ဓာကိုယ်သည် ချက်ချင်းလောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
Chapter 4875
အဝေးတွင် ယန်ကျန့်နှင့်မင်းသားကူတို့သည် တိုက်ခိုက်နေကြ၏။
ယန်ကျန့်သည် သူ၏ရှေ့တွင် လီမီ သေဆုံးသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ လုယွီ၏မီးရှို့မှုကြောင့် လီမီ၏အလောင်းပင်လျှင် ပြာအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
"ကောင်လေး...မင်းက သေခြင်းတရားကို တောင်းဆိုနေတာပဲ...."
ယန်ကျန့်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ကာကွယ်မှုအောက်တွင် လုယွီသည် လီမီကို သတ်ဖြတ်နိုင်ခဲ့ပေ၏။ ဤသည်မှာ သူ၏မျက်နှာကို ပါးဖြတ်ရိုက်သည့်အလားပင်။
သူ၏လက်အတွင်းရှိ စုတ်တံနှင့်မင်သည် လေဟာနယ်အတွင်းသို့ ကျဆင်းသွားပြီး သွေးနီရောင်စုတ်ချက် တစ်ဆယ့်ရှစ်ချက်စုစည်းကာ 'သတ်'ဟူသော စာလုံးအဖြစ် ဖွဲ့စည်းပြီး လုယွီထံသို့ ပျံသန်းသွားသည်။
သတ်... သတ်..သတ်...
လေထုအတွင်းတွင် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော တိုက်ပွဲကြွေးကြော်သံများကို ကြားလိုက်ရသည်။
ထောင်နှင့်ချီသောစစ်သားများသည် ဤစာလုံးအတွင်းသို့ ပေါင်းစပ်သွားပြီး လုယွီကို တိုက်ခိုက်နေသည့်အလားပင်။
လေထုအတွင်းတွင် သတ်ဖြတ်လိုခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ ဤသည်ကို မြင်တွေ့ချိန်၌ မင်းသားကူသည် တိုက်ခိုက်ရန် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
တာယွီ၏ကြယ်တာရာမြေပုံပေါ်ရှိ သက်ရှိများအားလုံး ကြေမွှပျက်စီးသွားခဲ့သည်။ မင်းသားကူ၏ ဝတ်ရုံသည် သွေးများဖြင့် နီမြန်းသွားပြီး သူ့၏ပုံပန်းသွင်ပြင်သည် တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။
"လုယွီ....မင်း လီမီကို သတ်ဖြတ်တာက ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တာပဲ...သဘာဝသူတော်စင်တစ်ပါးက လူသားမျိုးနွယ်ရဲ့ အနာဂတ်ရဲ့ အခြေခံအုတ်မြစ် ဖြစ်လာဖို့ ကံကြမ္မာပါလာတယ်...ဒါပေမယ့် အခု မင်းက ဒါကို ဖျက်ဆီးခဲ့တယ်... လောကကြီးက မင်းကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး"
ယန်ကျန့်ချင်းသည် ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်ရာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေခဲ့သည်။
"ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ...သူက တခြားသူတွေကို သတ်ဖြတ်နိုင်ပေမယ့်... တခြားလူတွေက သူ့ကို မထိနိုင်ဘူးလား.... အစစ်အမှန်သူတော်စင်တစ်ပါးတောင်မှ သတ်ဖြတ်ခံရနိုင်တယ်.....သူက ငါ့ရဲ့လက်ထဲမှာ သေဆုံးခဲ့တယ်.... ဒါက သူ့ရဲ့ ကံကြမ္မာပဲ.... သူက သူ့ရဲ့တပ်တွေနဲ့ တာယွီကို ကျူးကျော်ဝင်ရောက်လာကတည်းက သူရဲ့အသက်ကို ဆုံးရှုံးခံဖို့ ပြင်ဆင်ထားရမယ်...."
လုယွီသည် အေးစက်စက် အော်ငေါက်လိုက်ပြီး အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိချေ။
တခြားသူများသည် ဤအဆင့်မြင့် တာအိုသခင်၏ ဖိအားကို ကြောက်ရွံ့နိုင်သော်လည်း လုယွီသည် တစ်ချိန်က သူ့ထက်ပို၍အားကောင်းသော အထွတ်အထိပ်အဆင့် တာအိုသခင်တစ်ယောက် ဖြစ်ခဲ့သည်။ ဤသို့သော အခြေအနေမျိုးကို သူ အကြိမ်များစွာ မြင်တွေ့ပြီးဖြစ်သဖြင့် သူ့ထံ၌ ထိတ်လန့်ကြောက်ရွံခြင်းမရှိပေ။
လုကျိုးရှောင်းကဲ့သို့ ကောင်းကင်ဘုံ၏ရွေးချယ်ခံတစ်ဦးပင်လျှင် သတ်ဖြတ်ခြင်းခံရနိုင်သည်။ လီမီကို မည်သည်ကြောင့် မသတ်ဘဲနေရမည်နည်း။
"ဘယ်လို ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ငြင်းခုံမှုလဲ.... ဒီနေ့ ငါက မင်းနဲ့ကျိုးဟုန်ရွှမ်းတို့ကို အတူတူ သုတ်သင်ပစ်မယ်"
ယန်ကျန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏စုတ်တံသည် မြွေကဲ့သို့ ရွေ့လျားသွားပြီး စကားလုံးဆယ်လုံးသည် လေဟာနယ်အတွင်းသို့ ပျံ့လွင့်သွားပေ၏။
နဂါးမြင်းပုံရိပ်ယောင်များသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားကာ အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
ကြီးမားသော စကားလုံးဆယ်လုံးသည် မြင်းတစ်သောင်း ပြေးလွှားနေသော မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမြင်းတစ်ကောင်စီတိုင်းသည် အလုံးအရပ်မြင့်ပြီး တုတ်ခိုင်သန်မာကာ နဂါးအကြေးခွံများပါရှိသည်။ သူတို့၏ခေါင်းပေါ်တွင် ချိုတစ်ချောင်းရှိပြီး သူတို့အားလုံးသည် နဂါးမြင်းများ ဖြစ်ကြသည်။
နဂါးမြင်းများသည် ရိုင်းစိုင်းသော ဟိန်းဟောက်သံများကို ထုတ်လွှတ်ပြီး မင်းသားကူ၏နောက်မှ တာယွီကြယ်တာရာမြေပုံထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
ကြယ်မြေပုံအတွင်းမှ သက်ရှိအားလုံးအနက်ယောက်ျားမိန်းမ အသက်ကြီးကြီးငယ်ငယ် မခွဲခြားဘဲ သူတို့၏ပြည်သူ့စိတ်ဆန္ဒများအားလုံး ချက်ချင်းဖျက်ဆီးခြင်း ခံလိုက်ရသည်။
မင်းသားကူသည် သူ၏လက်ကို မြှောက်ပြီး လက်ခုပ်တီးလိုက်သည်။ ကြီးမားသော ဖိအားတစ်ရပ် ရုတ်တရက် ကျဆင်းလာပြီး ရှေ့တန်းမှ ပြေးဝင်လာသော နဂါးမြင်းထောင်ပေါင်းများစွာကို အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားစေသည်။
သို့ရာတွင် စာလုံးများဖြင့် ဖွဲ့စည်းထားသော နဂါးမြင်းများသည် အဆုံးအစမရှိသကဲ့သည့်အလားပင်။ မင်းသားကူသည် နဂါးမြင်းအသုတ်တစ်သုတ် သတ်ဖြတ်ပြီးနောက် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါရှိသည့် နောက်ထပ် နဂါးမြင်းအမြောက်အများ ထပ်မံ၍ ထွက်ပေါ်လာသည်။
မင်းသားကူ၏နောက်မှ တာယွီကြယ်တာရာမြေပုံသည် ဆိုးရွားစွာ ပျက်စီးသွားသည်။ မရေမတွက်နိုင်သော သက်ရှိများသည် နဂါးမြင်းများ၏ ခြေမွှသွားခြင်းကို ခံလိုက်ရပြီး အဆောက်အအုံများသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ပြည်သူ့စိတ်ဆန္ဒသည် အားကောင်းသော်လည်း အကြွင်းမဲ့စွမ်းအားရှေ့အရောက်တွင် ခုခံကာကွယ်နိုင်စွမ်းမရှိချေ။
ရုတ်ချည်းဆိုသလိုပင် မင်းသားကူ ဝတ်ဆင်ထားသော ဝတ်ရုံသည် ပို၍ပင် နီမြန်းသွားသည်။
သူ၏ဝတ်ရုံမှ သွေးများ အဆက်မပြတ် ယိုစီးကျနေသဖြင့် လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
သူ၏ အိုမင်းသောခန္ဓာကိုယ်သည် တိုင်တစ်တိုင်ကဲ့သို့ လေထုအတွင်းတွင် မတ်တတ်ရပ်နေပြီး တိုးဝင်လာသော ဖိအားများအားလုံးကို ပိတ်ဆို့ဟန့်တားထားသည်။
"တော်ဝင်မင်းသား ကူ...."
ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံးသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့၏စိတ်နှလုံးသားများ ဝမ်းနည်းမှုကြောင့် လောင်ကျွမ်းသွားသည်။
တော်ဝင်မင်းသားကူ ငယ်ရွယ်စဉ်က သူသည် လူသားမျိုးနွယ်အတွက် ကြိုးပမ်းအားထုတ်ခဲ့ပြီး လောကနှစ်ခုတောင်တန်းကို တာဝန်ယူစောင့်ကြပ်ခဲ့သည်။ ယခုချိန်၌ သူ အိုမင်းလာချိန်တွင် သူ၏ကြွင်းကျန်သောဘဝသက်တမ်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေသင့်သည်။ သို့ရာတွင် သူသည် သွေးစွန်းနေသော စစ်မြေပြင်တွင် ရှိနေဆဲပင်။
"မင်းသားကူက ဇာတိမြေအတွက် တိုက်ခိုက်နေတာပဲ...ငါတို့ သူ့ကို ကူညီသင့်တယ်...."
လုကျင်းရှန့်သည် အော်ဟစ်လိုက်၏။
"စစ်သားတွေအားလုံး... ငါနဲ့အတူ လိုက်ပါပြီးတော့ မင်းတို့ရဲ့ တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြစမ်း"
ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော စစ်သားများသည် တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။
သူတို့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။
ကောင်းကင်ဘုံ၏ဆန္ဒ... ပြည်သူ့စိတ်ဆန္ဒ.... တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒ...
မင်းသားကူ၏နောက်မှ တာယွီကြယ်တာရာမြေပုံပေါ်တွင် တိုက်ပွဲစိတ်ဝိညာဉ်အုပ်စုတစ်စု ပေါ်လာပြီး အပြေးဝင်လာသော နဂါးမြင်းတစ်သောင်းနှင့် တိုက်ခိုက်လိုက်သည်။