အခန်း (၄၈၇၆-၄၈၈၀)
Vol. 247 Ch. 4876-4880
Chapter 4876
မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများသည် စစ်မြေပြင်ကို စူးစိုက်၍ ကြည့်နေကြ၏။
ကြယ်တာရာကောင်းကင်ယံတွင် မရေမတွက်နိုင်သော လူများသည် သူတို့၏နေအိမ်များကို စွန့်ခွာပြီး တင်းအန်းကြယ်နယ်မြေဆီသို့ ဦးတည်၍ သွားနေကြသည်။
သူတို့အနက် သာမန်ကျင့်ကြံမှုစွမ်းအားသာရှိ သော ကျင့်ကြံသူများအပြင် တံခါးပိတ်ကျင့်ကြံနေသော ကျင့်ကြံသူများလည်း ပါဝင်သည်။ ဤလူများသည် စစ်ပွဲ၏ ပရမ်းပတာအခြေအနေမှ ရှောင်ရှားနိုင်သော်လည်း ဤအချိန်တွင် သူတို့သည် စစ်မြေပြင်ဆီသို့ ဦးတည်၍ ပျံသန်းနေဆဲပင်။
"ဒီတိုက်ပွဲအတွက် လူတိုင်းမှာ တာဝန်ရှိတယ်... ငါ သွားရမယ်...."
ကျင့်ကြံသူတစ်ဦးက သူ၏မိတ်ဆွေများနှင့် ဆွေမျိုးများကို နှုတ်ဆက်လိုက်သည်။ လူတိုင်း၏ အကြည့်အောက်တွင် သူသည် ဓားပျံတစ်လက်ကို စီးနင်းပြီး မိုးကောင်းကင်ယံအတွင်းသို့ ခြေချလိုက်သည်။
ထိုလူနှင့်မလှမ်းမကမ်းတွင် ရှိနေသော ကျင့်ကြံသူတစ်ဦးသည် မကြာသေးမီက မွေးဖွားထားသော သူ၏နို့စို့အရွယ် ကလေးငယ်ကို နမ်းရှုံ့လိုက်သည်။ သူ့ဇနီးသည်၏ မျက်ရည်စက်လက်ဖြင့် ကြည့်နေသောအကြည့်အောက်တွင် သူသည် ဓားရှည်တစ်ချောင်းကို ကောက်ယူပြီး လိုက်ပါသွားသည်။
မရေမတွက်နိုင်သော လူများသည် လှုပ်ရှားနေကြသည်။ သူတို့သည် မှော်လက်နက်များကို ကောက်ယူပြီး တင်းအန်းကြယ်နယ်မြေဆီသို့ အပြေးသွားကြသည်။
တစ်ချိန်တည်းမှာပင် ဤသို့သော မြင်ကွင်းသည် နေရာအနှံ့အပြားတွင် ထွက်ပေါ်လာသည်။
သူတို့အနက် ပန်းပဲဆရာများ ဆိုင်ရှင်များ အရာရှိငယ်များ၊သားသတ်သမားများ အစရှိသဖြင့် လူတန်းစားမျိုးစုံ ပါဝင်သည်။
သူတို့သည် ယခင်က မည်သူမည်ဝါ ဖြစ်ခဲ့ပါစေ ယခုချိန်၌ သူတို့အားလုံးသည် စစ်သည်တော်များပင်။
ကျယ်ပြန့်သော ကြယ်တာရာကောင်းကင်ယံတွင် အားကောင်းသော နတ်ဘုရားစိတ်အာရုံအမြောက်အများသည် အချင်းချင်း ဆက်သွယ်နေကြ၏။
"အခု အခြေအနေတွေ ဒီလိုဖြစ်လာမှတော့ ငါတို့တွေက ဒီကိစ္စကနေ ရှောင်နေဦးမှာလား..." တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။
သို့ရာတွင် ဤမေးခွန်း ထွက်ပေါ်လာသည်နှင့် ခိုင်မာပြတ်သားသော အသံတစ်သံဖြင့် လျင်မြန်စွာ လွှမ်းခြုံခြင်းခံလိုက်ရသည်။
"တော်ဝင်နန်းတွင်းက ငါတို့ရဲ့နယ်မြေကို မလိုချင်ဘူး...ဒါဆို ငါတို့ကိုယ်တိုင်သွားပြီး တန်ပြန်တိုက်ခိုက်မယ်...ထန်အင်ပါယာက ငါတို့ရဲ့နယ်မြေတွေကို သိမ်းပိုက်ပြီး ငါတို့ကို ကျွန်ပြုချင်တယ်ဆိုရင် ငါ့အလောင်းပေါ်ကနေ နင်းလျှောက်သွားမှရမယ်"
"တပ်တွေ စေလွှတ်လိုက်စမ်း...ငါတို့အင်ပါယာကို ကျူးကျော်ဝင်ရောက်လာတာရဲ့ အဖိုးအခကို ထန်အင်ပါယာ သိစေရမယ်..."
"ဒါက ရှေးဟောင်းအလယ်ခေတ် မဟုတ်တော့ဘူး.... ထန်အင်ပါယာရဲ့ကံကြမ္မာက ပျောက်ကွယ်သွားတာ အချိန်အတော်ကြာနေပြီ...သူတို့ကို ဖျက်ဆီးပစ်ရမယ်...."
အသံများ ပို၍ကျယ်လောင်လာကာ ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။
တော်ဝင်မြို့တော်၏အပြင်ဘက်မှ ကြယ်နယ်မြေအရှင်များအားလုံး တညီတညွတ်တည်း တုံ့ပြန်ပြီး ပုန်းကွယ်နဂါးစစ်တပ်ကို စစ်ကူပေးရန် သူတို့၏စစ်တပ်များကို စေလွှတ်လိုက်ကြသည်။
တော်ဝင်နန်းတွင်း၏ တားမြစ်ချက်သည် ယခုချိန်၌ အသုံးမဝင်တော့ပေ။
မည်မျှပင် ဟန်ဆောင်နေပါစေ သဘောတူညီချက်စာချုပ်မှ ဆောင်ကြဉ်းလာသော ငြိမ်းချမ်းရေးသည် မည်မျှထိ အရှက်ရဖွယ်ကောင်းသည်ကို လူတိုင်း သိသည်။
မင်းသားကူ၏အိုမင်းသော ခန္ဓာကိုယ်သည် လူတိုင်း၏စိတ်နှလုံးသားအတွင်းမှ ထောက်တိုင်ကြီးကဲ့သို့ဖြစ်ပြီး သူတို့ကို ရဲရင့်စွာ ရှေ့သို့ တိုးရန် အားပေးနေသည်။
တာယွီကြယ်တာရာမြေပုံပေါ်တွင်...
ပို၍ပို၍များပြားသော တိုက်ပွဲစိတ်ဝိညာဉ်များ ထွက်ပေါ်လာပြီး နဂါးမြင်းအုပ်စုကို ဝိုင်းရံထားသည်။
ဤတိုက်ပွဲစိတ်ဝိညာဉ်များသည် လူများအားလုံးထံတွင်ရှိနေသော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒ၏ရလဒ်ပင်။
ပြည်သူ့စိတ်ဆန္ဒသည် ရေကဲ့သို့ ပြည်သူ့စိတ်ဆန္ဒသည် ဓားသွားကဲ့သို့ပင်။
ဤရေသည် ကြီးမားသော သင်္ဘောတစ်စင်းကို မှောက်လှန်နိုင်သော နတ်ဆိုးဆန်သည့် လှိုင်းအဖြစ်သို့ ပြောင်းလဲနိုင်သည်။ ဤဓားသွားသည် ပေတစ်သောင်းရှည်သော ထက်ရှသည့် အရာအဖြစ်သို့ ပြောင်းလဲနိုင်ပြီး တိမ်တိုက်များကို ထိုးဖောက်ဝင်ရောက်နိုင်သည်။
ထန်အင်ပါယာအပေါ် တာယွီပြည်သူများ၏ဒေါသသည် ကောင်းကင်ဘုံ၏ ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီး ယန်ကျန့်၏ရှေ့တွင် ထွက်ပေါ်လာသည်။
ယန်ကျန့်သည် သူ၏နောက်ကျောကို ထောင်သောင်းချီသောလက်ညှိုးများနှင့် ထိုးနေသကဲ့သို့ ခံစားလိုက်ရပြီး သူ မျက်မှောင်များသည် ကြုတ်လိုက်သည်။
သူသည် မင်းသားကူနှင့် ရင်ဆိုင်နေရသည်မဟုတ်ဘဲ လူသန်းပေါင်းများစွာ၏ ဒေါသထွက်နေသော အကြည့်များနှင့် ရင်ဆိုင်နေရသည်ဟု ခံစားရလေ၏။
"ကျိုးဟုန်ရွှမ်း.... မင်း ဒဏ်ရာအပြင်းအထန် မရထားခဲ့ရင် ငါက မင်းရဲ့ ပြိုင်ဘက်မဟုတ်နိုင်မှာကို ငါ စိုးရိမ်မိတယ်"
ဤအချိန်တွင် ယန်ကျန့်ပင်လျှင် မင်းသားကူ၏လုပ်ဆောင်ချက်သည် သူ၏မျှော်လင့်ချက်များကို ကျော်လွန်သွားပြီဖြစ်ကြောင်း ဝန်ခံရပေမည်။
သို့သော် လက်တွေ့ဖြစ်ရပ်တွင် စိတ်ကူးယဥ်ဆန်မှုများ မရှိချေ။
မင်းသားကူသည် အသက်အိုမင်းနေသည်မှာ အမှန်ပင်။ သူသည် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိထားသော်လည်း အချိန်ကြာမြင့်စွာ တောင့်ခံနိုင်မည် မဟုတ်ပေ။
သူသည် နေဝင်ဆည်းဆာချိန်သို့ ရောက်နေသော လူအိုကြီးတစ်ယောက်အလားပင်။ သူသည် လောကကြီးတွင် အထက်ရှဆုံး ဓားသွားကို ပိုင်ဆိုင်သော်လည်း သူထံ၌ အားအင်ကုန်ခမ်းနေလေပြီ။
"ငါ မင်းကို မှတ်ထားမယ်...မင်း သေဆုံးပြီးတဲ့နောက်မှာ ငါကိုယ်တိုင် မင်းအတွက် သင်္ချိုင်းကျောက်စာတိုင်တစ်ခု ရေးထွင်းပေးမယ်"
ယန်ကျန့်သည် သူ၏စုတ်တံကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် အလွန်လျင်မြန်စွာ ရေးသားလိုက်၏။ ပြင်းထန်သော အရှိန်အဝါများရှိသည့် နောက်ထပ်စာလုံးဆယ်လုံးသည် လေထုအတွင်းတွင် ရပ်တန့်သည်။
ထိုစာလုံးဆယ်လုံးသည် ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားကာ လျှပ်စီးကဲ့သို့ တောက်ပပြီး လေနှင့်အတူ ရှေ့နောက်လူးလွန့်နေသည်။
စုတ်ချက်များသည် ဓားများကဲ့သို့ စူးရှပြီး ထက်ရှသော ဓားစိတ်ဆန္ဒတစ်ရပ် အလိုအလျောက် ပေါ်ပေါက်လာပေ၏။
လူတိုင်း၏နားများအတွင်းတွင် ခပ်အုပ်အုပ်မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာပြီးနောက် ပြင်းထန်သော လေပြင်းတစ်ရပ် တိုက်ခတ်လာကာ ထက်ရှသော ဓားချီတစ်လှိုင်းသည် တိမ်တိုက်များအတွင်းသို့ တန်းတန်းမတ်မတ် မြင့်တက်သွားသည်။
ဤဓားချီ၏အရှိန်အဝါသည် အလွန်အစွမ်းထက်ပြီး နံဘေးပတ်လည်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်နေသည်။
ဘုန်း....
ဤဓားချီသည် ပျံ့လွင့်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်တာရာမြေပုံပေါ်ရှိ သက်ရှိများအားလုံး ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး တိုက်ပွဲစိတ်ဝိညာဉ်အမြောက်အများ သတ်ဖြတ်ခြင်းခံလိုက်ရသည်။
Chapter 4877
ယန်ကျန့်သည် လုယွီ တိုက်ပွဲအတွင်းတွင် ပါဝင်လာခြင်းကြောင့် မည်သည့်စိတ်ခံစားမှု လှုပ်ခတ်သွားခြင်းမျှ မရှိခဲ့ချေ။
သူ၏မျက်လုံးများအတွင်းတွင် ဒေါသများ ကိန်းအောင်းနေသော်လည်း သူသည် သာမန်လူတစ်ဦးကဲ့သို့ ထုတ်ဖော်ပြသခြင်းမရှိပေ။ ထိုအစား ထိုဒေါသများသည် သူ၏စိတ်နှလုံးသားအတွင်းတွင် ပုန်းအောင်းနေပြီး အားကောင်းသော မှော်နည်းစနစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ယန်ကျန့်သည် စုတ်တံကို ကောက်ယူပြီး လေဟာနယ်အတွင်းတွင် နောက်ထပ်စာကြောင်းတစ်ကြောင်း ရေးသားလိုက်သည်။
'မြှားတစ်ချက်ပစ်ပြီး မြင်းတစ်ရာ လဲကျသည်'
သူ ထိုစာလုံးများကို ရေးဆွဲလိုက်ချိန်တွင် အဆုံးအစမရှိသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် ထိုအရာအတွင်း၌ ပုန်းအောင်းနေသည်။
အရပ်မျက်နှာအဘက်ဘက်၌ သွေးမြူခိုးများ မြင့်တက်လာပြီး လေထုကို ပြည့်နှက်သွားစေသည်။ ထို့နောက် ယန်ကျန့်၏စာလုံးများမှ သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်တစ်ဦး၏ပုံရိပ်ယောင် ထွက်ပေါ်လာကာ သူ၏လေးကို ဆွဲပြီး တာယွီ၏ကြယ်တာရာမြေပုံကို ချိန်ရွယ်လိုက်သည်။ သူသည် ရုတ်တရက် မြားတစ်စင်းကို ပစ်လွှတ်လိုက်ရာ ထိုအရာသည် လေထုအတွင်းတွင် ပေါက်ကွဲပြီး မြှားမိုးအဖြစ်သို့ ပြောင်းလဲကာ ကျဆင်းလာသည်။
ဝှစ်....ဝှစ်...ဝှစ်....
ကြောက်မက်ဖွယ်ကောင်းသော မြားတစ်စင်းစီတိုင်းသည် တာအိုသခင်၏ စွမ်းအားပင်။ သူ၏စွမ်းအားသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်ပြီး သဲနှင့်ကျောက်စကျောက်နများ နေရာအနှံ့အပြားသို့ ပျံ့လွင်နေသည်။
မင်းသားကူသည် သူ၏လက်ကို ဆန့်တန်းပြီး ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများကို သူ၏လက်ဗလာဖြင့် ဖမ်းဆွဲလိုက်သည်။ လျှပ်စီး လေနှင့် မီး ဥပဒေသများအားလုံးသည် မင်းသားကူ၏ လက်ဝါးအတွင်းတွင် ထွက်ပေါ်လာပြီးပြီး မြှားအမြောက်အများကို ချက်ချင်းကြေမွှပျက်စီးသွားစေသည်။
ဘုန်း...ဘုန်း....ဘုန်း...
မြှားအမြောက်အများ ကြေမွှပျက်စီးသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လေစီးကြောင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပေ၏။
မင်းသားကူသည်လည်း အဆင့်မြင့်တာအိုသခင်တစ်ဦးပင်။ သူ ဒဏ်ရာပြင်းထန်စွာ ရရှိနေသည့်တိုင် ယန်ကျန့်၏တိုက်ခိုက်မှုကို ခုခံနိုင်သည်။
သို့ရာတွင် ယန်ကျန့်သည် ထိုနေရာတွင် ရပ်တန့်ရန် အစီအစဉ်မရှိချေ။ သူသည် သူ၏လက်အတွင်းမှဝံပုလွေစုတ်တံကိုမြှောက်ပြီး စုတ်ချက်များရေးဆွဲကာ ကြီးမားသောစာလုံးငါးလုံးကို ရေးသားလိုက်သည်။
နောက်ထပ် လူတစ်သောင်း ထွက်ပေါ်လာသည်။
ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများသည် ကြီးမားသော စာလုံးငါးလုံးအတွင်းသို့ ဝင်ရောက်သွားပြီး ထိုအရာများမှ စူးရှတောက်ပသော အနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ဤတစ်ကြိမ် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် ယခင်စာလုံးငါးလုံးထက် အဆတစ်ရာ ပို၍မြင့်မားသည်။
ဤသည်မှာ လှိုင်းအလွှာများအလားပင်။ လှိုင်းတစ်လှိုင်းသည် တက်လာပြီးနောက် ထပ်မံထွက်ပေါ်လာသောလှိုင်း၏ တိုက်ခိုက်မှုသည် ပို၍ပင် အားကောင်းပေလိမ့်မည်။
"ပစ်...."
ယန်ကျန့်က အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
မြှားမိုးသည် နောက်တစ်ကြိမ် ကျဆင်းလာပေ၏။ ဤမြှားတစ်စင်းစီတိုင်းသည် တစ်ချိန်တည်း ပစ်ခတ်နေသော စိတ်ဝိညာဉ်ကျောက်တုံးအမြှောက် တစ်ရာကျော်နှင့် နှိုင်းယှဉ်နိုင်သည်။ ထိုအရာ၏စွမ်းအားသည် အကန့်အသတ်မရှိဘဲ ကြယ်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးရန် လုံလောက်သည်။
ယခင်က ပြေးဝင်လာခဲ့သော ကျင့်ကြံသူများအားလုံး၏မျက်နှာများ ဖြူဖျော့သွားကြပြီး သူတို့ထံတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့ ရောက်ရှိလာသည့်အချိန်၌ သူတို့၏တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒသည် မြင့်မားနေသော်လည်း တာအိုသခင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့အားလုံး တုန်လှုပ်ချောက်ချားသွားပေ၏။
မင်းသားကူက ထိုမြှားများကို နောက်တစ်ကြိမ် တားဆီးလိုက်သည်။ သူသည် သူ၏လက်အတွင်းတွင် ဥပဒေသစွမ်းအားကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး မြားများကို ပိတ်ဆို့ဟန့်တားရန် သဘာဝမုန်တိုင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
လေ မိုး လျှပ်စီးနှင့် ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာသည်။ ဖျက်ဆီးခြင်းမုန်တိုင်းတစ်ရပ်သည် မင်းသားကူ၏ရှေ့သို့ ပျံ့လွင့်သွားသည်။ မြှားများသည် စွမ်အားများ ဆုံးရှုံးသွားပြီး အားအင်ချည့်နဲ့စွာ ပြုတ်ကျသွားသည်။
သို့ရာတွင် ဤလှုပ်ရှားမှုသည် ထပ်မံ၍လုပ်ဆောင်ရန် မင်းသားကူအတွက် မလွယ်ကူတော့ပေ။
မင်းသား၏ခန္ဓာကိုယ်သည် ပို၍ပို၍ယိမ်းယိုင်လာပြီး သူသည် ပြိုလဲကျသွားတော့မည့်အလားပင်။ သူ၏အဝတ်အစားများတွင် သွေးများဖြင့် စိုရွှဲနေပေ၏။
မြှားအမြောက်အများသည် သူ၏ကာကွယ်မှုကို ဖောက်ထွင်းပြီး တာယွီ၏ ကြယ်မြေပုံထံသို့ ရောက်ရှိတော့ပေမည်။
"ယန်ကျန့်.... မင်း ငါ့ရဲ့ထောင်ချောက်ထဲ ကျသွားပြီ"
လုယွီက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူသည် တာယွီကြယ်မြေပုံကို အလျင်အမြန် ထိန်းချုပ်ပြီး ယန်ကျန့်၏နံဘေးပတ်လည်ကို လွှမ်းခြုံလိုက်သည်။
ဤလှုပ်ရှားမှုသည် အလွန်လျင်မြန်ပေ၏။ ရုတ်ချည်းဆိုသလိုပင် ယန်ကျန့်သည် ကြယ်မြေပုံ၏ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။
ကြယ်များသည် ထွန်းလင်းတောက်ပနေကာ ယန်ကျန့်သည် ပြည်သူ့စိတ်ဆန္ဒဖြင့် ဖွဲ့စည်းထားသော အတားအဆီးတစ်ခုအတွင်းတွင် ပိတ်မိနေသည်။
"မင်းက ငါ့ကို ဒီလိုမျိုး ထောင်ချောက်ဆင်နိုင်မယ်လို့ ထင်နေတာလား...."
ယန်ကျန့်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ သူသည် စုတ်တံကို ကောက်ယူပြီး စတင်ရေးသားကာ သူ၏ အမြင့်မြတ်ဆုံးစွမ်းအားကို အသုံးပြု၍ အတားအဆီးကိုချိုးဖျက်ရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ထိုပြည်သူ့စိတ်ဆန္ဒသည် လုယွီ၏စိတ်ဆန္ဒနှင့် ပေါင်းစပ်သွားပုံရသည်။
ကျောက်စိမ်းစည်းတံဆိပ်တစ်ခုသည် လုယွီ၏ လက်အတွင်းတွင် ထွက်ပေါ်လာပေ၏။ ထိုအရာမှနေ၍ ခမ်းနားထည်ဝါသော ဧကရာဇ်အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။
ဤသည်မှာ ချင်အင်ပါယာ၏ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ပင်။
လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်နဂါးဝတ်ရုံတစ်ထည် ထွက်ပေါ်လာသည်။ သူသည်ချင်အင်ပါယာ၏ကံကြမ္မာကို အမွေဆက်ခံပြီး ဧကရာဇ်အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီးဖြစ်သည်။
"ရှေးဟောင်းခေတ်မှာ ချင်ရှိတယ်....ခေတ်အဆက်ဆက်ကနေတစ်ဆင့် ချင် ပြန်ပြီးထွက်ပေါ်လာတော့မယ်"
လုယွီ၏ စကားလုံးများသည် ကောင်းကင်ဘုံ၏ အမိန့်သံကဲ့သို့ဖြစ်ပြီး သူ၏ အစွမ်းထက်သောအသံသည် ကြယ်တာရာကောင်းကင်ယံ တခွင်လုံးအနှံ့ ပဲ့တင်ထပ်နေသည်။
သူသည် ပြည်သူ့စိတ်ဆန္ဒကို အသုံးပြု၍ ချင်အင်ပါယာ၏ဧကရာဇ် ဖြစ်လာသည်။
ပြည်သူ့စိတ်ဆန္ဒနှင့် သူတို့၏ တိုက်ပွဲစိတ်ဝိညာဉ်အားလုံးသည် ချင်အင်ပါယာ၏ လက်အောက်ခံများအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။
"ကောင်းကင်ဘုံသားတော်ရဲ့ အရှိန်အဝါလားလား...."
ယန်ကျန့်၏ တည်ငြိမ်သောအမူအယာ နောက်ဆုံးတွင် ပြောင်းလဲသွားသည်။
Chapter 4878
"မင်းရဲ့ ဧကရာဇ်အရှိန်အဝါက... တာယွီအင်ပါယာရဲ့အပိုင် မဟုတ်ဘူး...."
ယန်ကျန့်၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်သွားပေ၏။
ချင်အင်ပါယာသည် ရှေးဟောင်းခေတ်၏ နောက်ဆုံးအင်ပါယာဖြစ်ပြီး အင်အားအကောင်းဆုံးအင်ပါယာလည်း ဖြစ်သည်။
သူတို့သည် လမ်းတလျှောက် သတ်ဖြတ်ကာကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းခဲ့ပြီး နတ်ဆိုးနယ်မြေသို့ ခြေချခဲ့ကြသည်။ မြင့်မြတ်ပြီး အစွမ်းထက်သော နတ်ဆိုးဘိုးဘေးများကို သူတို့၏ရှေ့တွင် ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
ချင်အင်ပါယာ၏နဂါးသွေးကြောသည် ရှေးဦးသက်ရှိများ၏ ဖြတ်တောက်ခြင်းကို ခံခဲ့ရသော်လည်း အင်ပါယာ၏ကံကြမ္မာသည် ထာဝရတည်ရှိနေဆဲပင်။
ပြိုလဲလုနီးပါးဖြစ်နေသော တာယွီ၏ကံကြမ္မာသည် ချင်နှင့် မနှိုင်းယှဉ်နိုင်ချေ။
"မီးခိုးတွေ မြင့်တက်လာပြီးတော့ ချင်ပြည်သူတွေ ဒီနေရာမှာ ရှိနေကြတယ်...."
မိုင်တစ်သောင်းကျော်ရှည်လျားသော မဟာတံတိုင်းတစ်ခုသည် ကြယ်မြေပုံပေါ်တွင် ထွက်ပေါ်လာသည်။ စစ်ပွဲ၏ မီးတောက်များနှင့်မီးခိုးများသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။
လုယွီသည် ကြယ်မြေပုံကို ထိန်းချုပ်ပြီး သူ၏အတွေးတစ်ချက်တည်းဖြင့် ပြည်သူ့စိတ်ဆန္ဒများ ပြောင်းလဲသွားသည်။
နံဘေးပတ်လည်ကို ကြည့်လိုက်လျှင် သန်းနှင့်ချီသော သက်ရှိများသည် သူတို့၏အဝတ်အစားများကို ပြောင်းလဲကာ သူတို့၏သံချပ်ကာများကို ဝတ်ဆင်ပြီး သူတို့၏မှော်လက်နက်များကို ကောက်ယူခဲ့ကြသည်။
တလူလူထနေသော မီးခိုးငွေ့များကြားတွင် သံချပ်ကာဝတ် စစ်သားအုပ်စုများ ထွက်ပေါ်လာသည်။ သူတို့သည် ဓားများ သို့မဟုတ် လှံရှည်များကို ကိုင်ဆောင်ထားကြပြီး သူတို့၏မျက်နှာများသည် ရက်စက်ကြမ်းကြုတ်ပြီး ခန့်ညားထည်ဝါကြသည်။
မူလက ပရမ်းပတာဖြစ်နေသော ပြည်သူ့စိတ်ဆန္ဒသည် ရုတ်တရက် ပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်ကာ ကြမ်းတမ်းလာပေ၏။ လူတစ်ယောက်ချင်းစီတိုင်းသည် စစ်သားတစ်ဦးကဲ့သို့ဖြစ်ပြီး သူတို့ရှေ့မှ ရန်သူကို မောင်းထုတ်လိုကြသည်။
"အင်ပါယာအတွက်... ငါ့ရဲ့လှံကို ကိုင်မြှောက်မယ်..."
"အင်ပါယာအတွက်..... ငါ့ရဲ့ဓားကို ကိုင်မြှောက်မယ်..."
"အင်ပါယာအတွက်.... ငါ့ရဲ့သံချပ်ကာကို အသင့်ပြင်ထားမယ်..."
ရှေးဟောင်းစစ်သီချင်းသံသည် ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပြီး တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် တောက်ပစွာ ထွန်းလင်းနေပေ၏။
ထိုစည်းတံဆိပ်ပေါ်ရှိ...
"ကောင်းကင်ဘုံရဲ့အမိန့်တွေကို လက်ခံပြီးတော့... ထာဝရအသက်ရှည်ပြီး ထာဝရစည်ပင်သာယာပါစေ.."ဟူသော စာလုံးရှစ်လုံးသည် ပို၍ပင် နီမြန်းလာပုံရသည်။
"ဖိနှိပ်စမ်း..."
လုယွီသည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို သူ၏လက်အတွင်းတွင် ကိုင်ဆောင်ထားပြီး သူသည် အရပ်မျက်နှာအဘက်ဘက်ကို ထိန်းချုပ်နိုင်သော ဧကရာဇ်တစ်ပါးအလားပင်။
"စာပေတာအိုက တောင်တစ်လုံးနဲ့ တူပြီးတော့ စုတ်ချက်တွေက ရက်စက်ကြမ်းကြုတ်တယ်"
ယန်ကျန့်က သူ၏စုတ်တံကိုမြှောက်ပြီး ရေးသားလိုက်သည်။ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသော စာလုံးများသည် သူ၏ရှေ့တွင် ပျံဝဲနေပြီး မရေမတွက်နိုင်သော ကျမ်းစာများ ပျံ့လွင့်နေသည်။ သူသည် စာပေတာအို၏ဥပဒေသများကို အဆုံးစွန်ဆုံးအဆင့်ထိ အသုံးချခဲ့သည်။
ဘုန်း...
နှစ်ဖက်ကြား ပထမဆုံး တိုက်ခိုက်မှုဖလှယ်မှုရာတွင် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို အနည်းငယ် တုန်ခါသွားစေခဲ့သည်။ သို့ရာတွင် ထိုအရာသည် အနည်းငယ်မျှ နောက်ဆုတ်သွားခြင်း မရှိချေ။
လုယွီသည် အဆင့်မြင့်တာအိုသခင်တစ်ယောက်နှင့် အမှန်တကယ်ကို လက်ရည်တူယှဉ်ပြိုင်နိုင်ခဲ့သည်။
လူအုပ်ကြီးသည် သူတို့၏ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးမီမှာပင် လုယွီသည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို ဆုပ်ကိုင်ပြီး နောက်တစ်ကြိမ် ဖိနှိပ်လိုက်၏။
ပြင်းထန်ပြီး အစွမ်းထက်သော ဧကရာဇ်အရှိန်အဝါသည် ခမ်းနားထည်ဝါသော တောင်တစ်လုံးကဲ့သို့ ကျဆင်းလာပြီး သူ့ရှေ့မှ အရာအားလုံးကို ကြေမွှပျက်စီးသွားစေလိုသည်။
"ငါ အခု နားလည်ပြီ... မင်းက ငါ့ကို ဒီထောင်ချောက်ထဲ ကျလာအောင် တမင်တကာ လုပ်ခဲ့တာပဲ...ကျိုးဟုန်ရွှမ်းက မင်းသားတစ်ပါးဆိုပေမယ့် သူ့မှာ မင်းကို ထောက်ခံဖို့ တာအိုသခင်တစ်ယောက်ရဲ့ စွမ်းအား ရှိတယ်... ပြည်သူ့စိတ်ဆန္ဒရဲ့ ထောက်ခံမှုနဲ့ မင်းကဧကရာဇ်ရဲ့ ထီးနန်းပေါ်မှာ အခိုင်အမာ ထိုင်နိုင်တယ်.... ဧကရာဇ်ရဲ့အရှိန်အဝါနဲ့ ငါ့ကို ဆန့်ကျင်တိုက်ခိုက်တယ်.... မင်းမှာ တကယ့်ကို အစီအစဉ်ကောင်းတစ်ခု ရှိတာပဲ"
ယန်ကျန့်၏ မျက်နှာသည် တည်ကြည်လေးနက်သွားပြီး သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အဆင့်မြင့် တာအိုသခင်တစ်ယောက်ကို ဒီလောက် လွယ်လွယ်နဲ့ ကိုင်တွယ်လို့ရတယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"
"တာအိုဥပဒေသနှစ်ဆယ့်ခြောက်ခု... စာပေတာအိုဥပဒေတွေနဲ့ ကွန်ဖြူးရှပ်တာအိုဥပဒေသတွေပဲ မဟာတာအိုဥပဒေသတွေ ဖြစ်တယ်....ကျန်တာတွေက အသေးစားတာအိုတွေပဲ... ငါ ဒါကို ထွင်းဖောက်မမြင်နိုင်ဘူးလို့ မင်း ထင်နေတာလား"
လုယွီက ရှည်လျားသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ယန်ကျန့်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ ပရမ်းပတာဖြစ်နေသည်။
များသောအားဖြင့် သူကိုယ်တိုင် ထုတ်ဖော်အသုံးမပြုပါက တခြားလူများသည် တာအိုသခင်တစ်ယောက် ကျင့်ကြံသော ဥပဒေသအမျိုးအစားကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပေလိမ့်မည်။
ဤလောကကြီးအတွင်းတွင် မဟာတာအိုများနှင့် အသေးစားတာအိုများကြားတွင် ကွဲပြားခြားနားချက်တစ်ခုရှိသည်။ ဥပမာအနေဖြင့် ကွန်ဖြူးရှပ်တာအိုနှင့် စာပေတာအိုတို့သည် မဟာတာအိုများပင်။ ထိုအရာများသည် နှစ်ပေါင်းသောင်းနှင့်ချီ၍ လက်ဆင့်ကမ်းလာခဲ့သော မဟာတာအိုနိယာမများဖြစ်ကြပြီး မပျက်စီးနိုင်ဘဲ ထာဝရတည်ရှိကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ထို့ပြင် အသေးစားတာအိုတချို့ကို နားလည်သဘောပေါက်သူ နည်းပါးသည်။ ဤအမွေအနှစ်များ တည်ရှိသည်မှာ အချိန်အလွန်ကြာမြင့်ခြင်း မရှိသေးသည့်အပြင် အလွန်အစွမ်းထက်ခြင်းလည်းမရှိချေ။
အတိတ်တွင် အဆိပ်သခင်တစ်ယောက်သည် အဆိပ်ဥပဒေသကို ကျင့်ကြံပြီး တာအိုသခင်တစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် ထင်ရှားကျော်ကြားသော ကျင့်ကြံသူတစ်ယောက်၏ရှေ့သို့ ကြွားဝါရန် သွားခဲ့သည်။ သို့ရာတွင် ထိုကျင့်ကြံသူသည် သူ၏လက်ချောင်းများကို တစ်ချက်လှုပ်ခတ်ရုံဖြင့် အဆိပ်သခင်ကို ဖိနှိပ်နိုင်ခဲ့သည်။ အဆိပ်သခင်သည် ဤကိစ္စကို လက်မခံနိုင်ခဲ့ချေ။
သူသည် သူတို့နှစ်ယောက်၏ကျင့်ကြံဆင့် တန်းတူဖြစ်သည့်တိုင် ထိုကျင့်ကြံသူတွင် မည်သည်ကြောင့် ဤမျှထိ နက်နဲသိမ်မွေ့သောစွမ်းအား ရှိနေရသနည်းဟု မေးခွန်းထုတ်ခဲ့လေ၏။
ထိုကျင့်ကြံသူမှနေ၍ 'အဆိပ်ဥပဒေသက လှည့်ကွက်ငယ်လေးတစ်ခုပဲ'ဟုသာ တုံ့ပြန်အဖြေပေးခဲ့သည်။
အစမှ ယခုလက်ရှိအချိန်အထိ ယန်ကျန့်ချင်းသည် စာပေတာအိုဥပဒေသများကို အသုံးပြုနေခဲ့သည်။ သို့ရာတွင် သူ ကျင့်ကြံသော တခြားတာအိုဥပဒေသများသည် လုယွီ၏ ထွင်းဖောက်မြင်ခြင်းကို ခံခဲ့ရပြီးဖြစ်သည်။
"မင်းသားကူက ဒဏ်ရာအပြင်းအထန် ရထားတာကြောင့်သာ မဟုတ်ရင် မင်း အခုအချိန်မှာ အရိုးစုတစ်ခု ဖြစ်နေလောက်ပြီ"
Chapter 4879
ယန်ကျန့်၏ မျက်နှာသည် အေးစက်တင်းမာသွားသော်လည်း သူသည် ပြန်လည်ချေပခြင်း မရှိခဲ့ချေ။
လုယွီ ပြောခဲ့သည်မှာ အမှန်ပင်။ မင်းသားကူသည် တစ်ချိန်က လောကနှစ်ခုတောင်တန်းကို စောင့်ကြပ်ခဲ့သော ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။ သူသည် အဆင့်တူခြင်း ယှဥ်ပြိုင်ရာတွင် မည်သည်ကြောင့် ဤမျှထိ ဝမ်းနည်းကြေကွဲဖွယ်ကောင်းစွာ ရှုံးနိမ့်နိုင်မည်နည်း။
အမှန်အားဖြင့် လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်းတွင် မင်းသားကူ၏ဒဏ်ရာဟောင်းများသည် ထကြွလာပြီး သူ၏စွမ်းအားသည် ယခင်ထက် များစွာပို၍ အားနည်းသွားခြင်းကြောင့်ပင်။
ယန်ကျန့်သည် ယခင်က မင်းသားကူနှင့် သီးသန့် တိုက်ခိုက်ခဲ့ဖူးသည်။ သူသည် မင်းသားကူ၏ ဒဏ်ရာများ ပြင်းထန်ကြောင်း အတည်ပြုပြီးမှသာ ဤကဲ့သို့ လုပ်ရပ်မျိုးကို ပြုမူရဲခဲ့သည်။
"ဒါပေမယ့် ဒီလောကကြီးထဲမှာ 'တကယ်လို့' ဆိုတာ မရှိဘူး"
ယန်ကျန့်က အရေးမစိုက်သောလေသံဖြင့် ပြောဆိုသည်။
"အမှန်ပဲ....ဒီလောကကြီးမှာ 'တကယ်လို့'ဆိုတာ မရှိဘူး.... ဒါကြောင့် မင်း အခု ငါ့ရဲ့အတားအဆီးထဲမှာ ပိတ်မိနေတာပဲ"
လုယွီက အေးစက်တင်းမာစွာဖြင့် ယန်ကျန့်ကို စူးစိုက်၍ ကြည့်လေသည်။
"မင်းက အရင်က မင်းကိုယ်မင်း စာပေတာအိုဥပဒေသရဲ့ ဧကရာဇ်လို့ ပြောခဲ့တယ်.... ဒါပေမယ့် ဒီလောက်ပါပဲ....စာပေတာအိုသာမရှိရင် မင်းက သာမာန်တာအိုသခင်တစ်ယောက်ပဲ.... ဒါ့ပြင် ငါက ဒီလောကကြီးထဲမှာမှာ အမြင့်မြတ်ဆုံး ဧကရာဇ်အာဏာနဲ့ တော်ဝင်ဥပဒေသတွေကို ထိန်းချုပ်နိုင်တယ်.... လောကကြီးတစ်ခုလုံးက ဧကရာဇ်ရဲ့အပိုင်ပဲ....မင်းမှာ စာပေတာအိုဥပဒေသ ရှိနေရင်တောင် မင်း ငါ့ရဲ့အမိန့်တွေကို နားထောင်ရမယ်... မင်းငါ့ရဲ့ လှောင်ပိတ်တာကို ခံခဲ့ရကတည်းက ခုခံဖို့ကို မစဉ်းစားနဲ့တော့..."
ယန်ကျန့်က ပြုံးလိုက်သည်။
"မင်းက တာအိုသခင်တစ်ယောက်တောင် မဟုတ်သေးဘူး... မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို သင်ပြပေးရဲတာလဲ"
"ငါ့အတွက်တော့ ငါ့ရဲ့ လက်ရှိကျင့်ကြံဆင့်နယ်ပယ်က မင်းလောက် မမြင့်မားပေမယ့် ချင်အင်ပါယာရဲ့နယ်မြေထဲမှာ မင်း ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး...."
လုယွီ၏ အသံသည် ကြီးမားကျယ်ပြန့်ပြီး မြင့်မြတ်ကာ ကောင်းကင်ဘုံ၏အသံနှင့် တူညီနေပေ၏။
ဤသည်မှာ ဧကရာဇ်၏အခွင့်အာဏာပင်။
ဧကရာဇ်သည် သူ၏နယ်မြေတွင် အမြင့်မြတ်ဆုံး ကံကြမ္မာစွမ်းအား၏ကောင်းချီးကို ရရှိသည်။
ဤသည်မှာ ထန်အင်ပါဟာ၏ဧကရာဇ်ဟောင်းလီရှုကဲ့သို့ပင်။ သူသည် စစ်ဘုရင်၏ ပုန်ကန်မှုကို ကြုံတွေ့ခဲ့ရသည်။ ပုန်ကန်သူစစ်တပ်သည် မြို့တော်အထိ တစ်လမ်းလုံး တိုက်ခိုက်ခဲ့သော်လည်း ချန်အန်းမြို့တွင် လီရှုသည် မရှုံးနိမ့်နိုင်သလောက်နီးပါးပင်။
လုယွီသည် ပြည်သူ့စိတ်ဆန္ဒကို အသုံးပြု၍ ချင်အင်ပါယာ၏ပြည်သူ့စိတ်ဆန္ဒအဖြစ်သို့ ပြောင်းလဲပြီး ချင်တော်ဝင်ကျောက်စိမ်းတံဆိပ်၏ စွမ်းအားကို အသုံးပြု၍ ယန်ကျန့်ကို ဖိနှိပ်နေသည်။
"ဖိနှိပ်စမ်း...."
လုယွီသည် တခြားမည်သည့်စကားမျှမပြောဘဲ သူ၏လက်ကို အောက်သို့ ဖိနှိပ်လိုက်သည်။
တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် အင်မော်တယ်အလင်းတန်းများဖြင့် တောက်ပနေပေ၏။ ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်သော ဧကရာဇ်အရှိန်အဝါတစ်ရပ် ရုတ်တရက် ကျဆင်းလာသည်။
ယန်ကျန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် သူ၏လက်ကို မြှောက်ပြီး စုတ်ချက်တစ်ဆယ့်ကိုးချက်ကို အသုံးပြု၍ 'ဖိနှိပ်'ဟူသော စကားလုံးကို ရေးသားကာ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏ စွမ်းအားကို ခုခံရန် ကြိုးပမ်းခဲ့သည်။
ဘုန်း...
အင်အားနှစ်ရပ်သည် ပြင်းထန်စွာ ဖီလာဆန့်ကျင်ထိတွေ့မိလေ၏။ ယန်ကျန့်သည် အမှန်တကယ်ကို ခြေနှစ်လှမ်းနောက်ဆုတ်သွားပြီး သူ၏ပါးစပ်မှ သွေးများ စီးကျလာသည်ကို မြင်တွေ့သဖြင့် လူများအားလုံး အံ့အားသင့်သွားသည်။
အဆင့်မြင့်တာအိုသခင်တစ်ဦးသည် အမှန်တကယ်ကို ရှုံးနိမ့်သွားခဲ့သည်။
သူသည် လုယွီကို ရှုံးနိမ့်သွားခဲ့ပေ၏။
"အိုး ဘုရားရေ.... ငါ အမြင်မှားနေတာလား..."
"လုယွီ... သူက လူသားတစ်ယောက်တောင် ဟုတ်ရဲ့လား.... ဒါက သူရဲ့အသက်အရွယ်နဲ့ ထုတ်သုံးနိုင်တဲ့ စွမ်းအားမျိုးလား"
မရေမတွက်နိုင်သော လူများ ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့ မြင်တွေ့ခဲ့သောအရာကို သူတို့ မယုံနိုင်ကြချေ။
ပုန်းကွယ်စစ်တပ်မှ စစ်သားများပင်လျှင် ကြက်သေသေနေကြသည်။ သူတို့သည် ဤကဲ့သို့ ဖြစ်လာမည်ကို မျှော်လင့်မထားမိကြပေ။
"နောက်တစ်ကြိမ် ဖိနှိပ်စမ်း"
လုယွီသည် သူ၏လက်အတွင်းတွင် တော်ဝင်ကျောက်စိမ်းတံဆိပ်ကို ကိုင်ဆောင်ပြီး နောက်တစ်ကြိမ် ဖိနှိပ်လိုက်သည်။
ဤတော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် ယခင်က ရှန်းလျိုမဟာနတ်ဆိုးဘိုးဘေးကို သေသည်အထိ ရိုက်နှက်ခဲ့သည်။
ယခုချိန်၌ ထိုအရာသည် လုံလောက်သော ပြည်သူ့စိတ်ဆန္ဒကို စုပ်ယူပြီးဖြစ်သောကြောင့် တော်ဝင်ကျောက်စိမ်းတံဆိပ်၏စွမ်းအားသည် ပို၍ပင် ကြီးမားလာပေ၏။ ထိုအရာမှနေ၍ အကန့်အသတ်မရှိသော ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ ယန်ကျန့်အပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
ဘုန်း....
ယန်ကျန့် နောက်တစ်ကြိမ် ဆုတ်ခွာလိုက်သည်။ သူ၏လက်အတွင်းမှ စုတ်ချက်များသည် ရပ်တန့်သွားခြင်း မရှိခဲ့သော်လည်း ပျံ့လွင့်သွားသော စာလုံးများအားလုံးသည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏ ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ဘုန်း....ဘုန်း...ဘုန်း...
ကြီးမားသော စာလုံးများသည် တစ်လုံးပြီးတစ်လုံး ကြေမွှပျက်စီးသွားပြီး ကြမ်းတမ်းသော စွမ်းအင်တစ်ရပ် ပျံ့နှံ့ထွက်ပေါ်လာကာ ပြင်းထန်သောလေပြင်းများ တိုက်ခတ်လာသည်။
"ဒီအခွင့်အရေးကိုယူပြီး သူ့ကို သတ်ရမယ်..."
"အောင်ရမယ်.... အောင်ရမယ်...."
မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော ကြွေးကြော်သံများကို ပတ်ဝန်းကျင်နေရာတဝိုက်မှ ကြားလိုက်ရသည်။
သန်းရာနှင့်ချီသောလူများ၏ မျက်လုံးအကြည့်များသည် ဤတိုက်ပွဲအပေါ်တွင် စူးစိုက်၍ ကျရောက်နေသည်။
လုယွီသည် အဆင့်မြင့် တာအိုသခင်တစ်ဦးကို အမှန်တကယ် ဖိနှိပ်နိုင်ပြီး သူ့ကို အဆက်မပြတ် ဆုတ်ခွာရန် အတင်းအကြပ် ခိုင်းစေနေသည်။ ဤသည်မှာ လောကကြီးအတွင်းတွင် ရှားပါးသော အံ့အားသင့်ဖွယ် ကိစ္စတစ်ရပ်ပင်။
တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏ ဖိအားအောက်တွင် ယန်ကျန့်သည် အဆက်မပြတ် ဆုတ်ခွာရန် အတင်းအကြပ် ခိုင်းစေခြင်းခံရပြီး သူ့ကို တန်ပြန်တိုက်ခိုက်ရန် မည်သည့်အခွင့်အရေးမျှ မပေးခဲ့ပေ။
လူတိုင်း စိတ်လှုပ်ရှားနေကြသည်။
သူတို့သည် ဤတိုက်ပွဲကို နောက်ဆုံးတွင် အနိုင်ရတော့ပေမည်။
သို့ရာတွင် ထိုအချိန်မှာပင်...
မိန်းမစိုးတစ်ဦးသည် လူအုပ်အတွင်းမှ အလျင်အမြန် တိုးထွက်လာပြီး စူးရှကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။
"ဧကရာဇ်က အမိန့်တော် ထုတ်ပြန်လိုက်တယ်....တော်ဝင်မင်းသားကူက အပြင်လောကက မိတ်ဆွေတွေနဲ့ ပဋိပက္ခမဖြစ်ရဘူး...မဟာမိတ်တွေကို ဖော်ဖော်ရွေရွေ ဆက်ဆံရမယ်...စစ်ပွဲမစတင်ရဘူး...."
တော်ဝင်အမိန့်တော်ပြန်တမ်းတစ်ခုသည် မိန်းမစိုး၏လက်အတွင်းမှ လေထုအတွင်းသို့ ပျံ့လွင့်သွားသည်။
'ဧကရာဇ်၏မြင့်မြတ်သော စကားလုံးများကို မနာခံ၍မရ'
အချိန်တခဏအတွင်းမှာပင် လုယွီ ဆုပ်ကိုင်ထားခဲ့သော ပြည်သူ့စိတ်ဆန္ဒသည် ပျောက်ကွယ်သွားပြီး တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏စွမ်းအားသည်လည်း ဆုံးရှုံးသွားသည်။
ယန်ကျန့်က အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ လုယွီ၏ တော်ဝင်ကျောက်စိမ်းတံဆိပ်မှစွမ်းအားများ ဆုံးရှုံးသွားသည်ကို သူ မြင်တွေ့ချိန်၌ သူသည် 'သတ်' ဟူသော စာလုံး သုံးဆယ့်ခြောက်လုံး ရေးသားပြီး လုယွီထံသို့ ပျံသန်းသွားစေသည်။
Chapter 4880
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို အလင်းအကာအကွယ်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလိုက်၏။
ဘုန်း...ဘုန်း...ဘုန်း
'သတ်'ဟူသော စာလုံးများသည် ဧရာမသားရဲတစ်ကောင်၏ တိုက်ခိုက်မှုအလားပင်။ ထိုအရာများသည် အကန့်အသတ်မရှိသောစွမ်းအားဖြင့် လုယွီထံသို့ တိုးဝင်လာသည်။
လုယွီသည် မိုးကြိုးဖြင့်ပစ်ခတ်ခြင်း ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏လက်နှစ်ဖက်လုံး နာကျင်ပြီး သူ၏ရင်ဘတ် မွန်းကြပ်နေသည်။ သူ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
"အရှင်...."
"အရှင်လု....."
မရေမတွက်နိုင်သောလူများသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
ယန်ကျန့်ထံမှ ထုတ်လွှတ်လိုက်သော ဖိအားအရှိန်အဝါသည် အလွန်ကြီးမားပြီး သူတို့၏နံဘေးပတ်လည်ရှိ အတားအဆီးကိုပင် တိုက်ရိုက်ချိုးဖျက်သည်။ သူတို့သည် ရှေ့သို့ တိုးပြီး လုယွီကို ကူညီပေးလိုသော်လည်း ထိုနေရာသို့ လျှောက်လှမ်းသွားရန်ပင် အင်အားမရှိကြပေ။
လူတိုင်းသည် အသာစီးရရှိပြီးဖြစ်သော လုယွီသည် သွေးအန်ပြီး မိုးကောင်းကင်ယံမှ ပြုတ်ကျသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"ငါ့ကို ဒီအခြေအနေအထိ တွန်းပို့နိုင်တဲ့အတွက်မင်းတို့နှစ်ယောက်က အရမ်းတော်တယ်....ငါ ဒီနေ့ ထိုးထွင်းသိမြင်မှုတချို့ ရရှိခဲ့တယ်...နောင်တစ်ချိန်ကျရင် မင်းတို့အတွက် သင်္ချိုင်းကျောက်တိုင်တွေကို ငါကိုယ်တိုင် သေချာပေါက် ထွင်းထုပေးမယ်"
ယန်ကျန့်၏ မုတ်ဆိတ်နှင့်ဆံပင်များသည် လေထုအတွင်းတွင် တဖျတ်ဖျတ်လူးလွန့်နေပြီး သူ၏အဝတ်အစားများသည် လေထုအတွင်း၌ လှုပ်ခတ်နေသည်။
မင်းသားကူသည် ရှေ့သို့ချက်ချင်းတိုးသွားပြီး ယန်ကျန့်နှင့် တိုက်ခိုက်လိုက်သည်။ နားကွဲလုမတတ် ကျယ်လောင်သော အသံများသည် လေထုအတွင်းရှိ နေရာတိုင်းတွင် ကြားနေရသည်။
တာအိုသခင်များကြားမှ တိုက်ပွဲသည် လောကကြီးကို တုန်ခါစေသည်။ ဤသည်မှာ တင်းအန်းကြယ်နယ်မြေတစ်ခုလုံး၏ မိုးကောင်းကင်ကို ဆုတ်ဖြဲသွားတော့မည့်အလားပင်။
လူတိုင်းသည် မင်းသားကူ၏ခန္ဓာကိုယ်မှ သွေးများ ယိုစီးကျနေသည်ကို မြင်တွေ့နိုင်ပေ၏။
လူအမြောက်အများ၏ မျက်လုံးများအတွင်းတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
သူတို့သည် ထန်အင်ပါယာ၏တပ်ဖွဲ့များကို အကြွင်းမဲ့ဖျက်ဆီးနိုင်ရန် အနည်းငယ်သာ အလှမ်းကွာဟတော့သည်။
မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ဝမ်းနည်းပူဆွေးမှုသည် လူတိုင်း၏စိတ်နှလုံးသားများအတွင်းတွင် ပျံ့နှံ့သွားသည်။ အကယ်၍ လုယွီနှင့် ကူဘုရင်သာ မရှိခဲ့ပါက ယန်ကျန့်သည် လူတိုင်းကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။
"မင်းသားကူ မြန်မြန်ရပ်လိုက်တော့... သူက တော်ဝင်နန်းတွင်းရဲ့ ဂုဏ်သရေရှိဧည့်သည်တော်တစ်ယောက်ပဲ...."
မိန်းမစိုး၏စကားမဆုံးမီမှာပင် တစ်စုံတစ်ယောက်သည် သူ့ကို စတင်၍ ရိုက်နှက်လိုက်၏။
လူများအားလုံး၏ စိတ်နှလုံးသားများအတွင်းတွင် ပြင်းထန်သော အမုန်းတရားတစ်ခု ရှိနေပြီး ဤမိန်းမစိုးကိုသာမက တော်ဝင်နန်းတွင်း၏ ဧကရာဇ်အတွက်လည်း ဖြစ်သည်။
တော်ဝင်နန်းတွင်းသည် စောလွန်း နောက်ကျလွန်းခြင်း မရှိဘဲ သူတို့သည် လုယွီ အသာစီးရကာ ယန်ကျန့်ကို လုံးဝဖိနှိပ်တော့မည့် အချိန်အထိ စောင့်ဆိုင်းပြီးမှ လှုပ်ရှားခဲ့လေ၏။
"ဒီမိန်းမစိုးကို သတ်ပစ်စမ်း"
လုကျင်းရှန့်၏မျက်လုံးများ နီမြန်းနေသည်။ သူသည် သူ၏ဓားကို ဆွဲထုတ်ပြီး ရှေ့သို့ပြေးဝင်သွားသည်။
သူ မည့်သည့်စကားကိုမျှ ပြောဆိုရန် မလိုပေ။ ပတ်ဝန်းကျင်ရှိ လူများသည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ မိန်းမစိုးထံသို့ တိုးဝင်သွားလေ၏။
"မင်းတို့ ဘာလုပ်နေကြတာလဲ... ငါ... ငါက ဧကရာဇ်ရဲ့သံတမန်ပဲ....."
မိန်းမစိုး၏ အသံသည် လူအုပ်အကြားတွင် အလျင်အမြန် နစ်မြုပ်သွားခဲ့သည်။
ဘာဧကရာဇ်သံတမန်လဲ....
ဘာတော်ဝင်အမိန့်တော်လဲ..
သူတို့သည် ဤကိစ္စများကို ဂရုမစိုက်တော့ပေ။
တော်ဝင်အမိန့်တော်ကို ယူဆောင်လာခဲ့သော မိန်းမစိုးသည် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခြင်းခံရပြီး သူသည် မရှုမလှ သေဆုံးသွားခဲ့သည်။
ဤမိန်းမစိုး၏နောက်သို့ လိုက်လာခဲ့သော တခြားမိန်းမစိုးများသည်လည်း သတ်ဖြတ်ခြင်းခံလိုက်ရပြီး တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိချေ။
သို့ရာတွင် လူများအားလုံး၏စိတ်များအတွင်းမှ ဒေါသများသည် မပြေပျောက်သေးပေ။
သူတို့သည် တော်ဝင်နန်းတော်မှ ဧကရာဇ်၏အကြောင်းကို စတင်၍စဉ်းစားလိုက်ကြ၏။
နဂါးပလ္လင်ပေါ်တွင်ထိုင်ပြီး ကြီးမားသောအာဏာကို ကိုင်ဆောင်ထားသော ဧကရာဇ်....
ဧကရာဇ်သည် နန်းတော်၏နက်ရှိုင်းသောနေရာမှ အတွင်းနန်းတော်တွင် နေနေပြီး ရန်သူကို မျက်နှာချိုသွေးရန် သူတို့၏နယ်မြေကို အခြားသူများထံသို့ လွယ်လင့်တကူ စွန့်လွှတ်နိုင်သည်။
သူတို့ကမူ ထိုသို့သော လူတစ်ဦးအတွက် စစ်မြေပြင်တွင် သေသည်အထိ တိုက်ခိုက်နေကြရသည်။
"ငါတို့က ဧကရာဇ်အတွက် တိုက်ခိုက်ခဲ့တာပဲ.... သူက ငါတို့ကို ဘာလို့ ဒီလိုဆက်ဆံတာလဲ..." တစ်စုံတစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ထန်တွေက ငါတို့ရဲ့နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ဖြတ်ခဲ့ပေမယ့် တော်ဝင်နန်းတွင်းက သူတို့အတွက် စကားပြောပေးနေတုန်းပဲ"
လူတိုင်း၏ မျက်လုံးများ နီမြန်းသွားသည်။
သူတို့သည် ဝမ်းနည်းပူဆွေးပြီး ဒေါသထွက်ကာ မျှော်လင့်ချက်ကင်းမဲ့နေကြသည်။ သူတို့သည် မိန်းမစိုးအရာရှိများကို သတ်ဖြတ်ခဲ့သော်လည်း အခြေအနေတစ်ခုလုံးကို မလွှမ်းမိုးနိုင်သေးချေ။
"အင်ပါယာအတွက် တိုက်ခိုက်မယ်....ဧကရာဇ်အတွက် မဟုတ်ဘူး"
လုကျင်းရှန့်က မိန်းမစိုး၏ခေါင်းကို မြှောက်ပြီး အော်ဟစ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လူများသည်လည်း ဒေါသတကြီး ကြွေးကြော်သံများဖြင့် တုံ့ပြန်ခဲ့ကြလေ၏။
ဧကရာဇ်၏သံတမန်ကို ခေါင်းဖြတ်ခြင်း....
တော်ဝင်အမိန့်တော်ကို ဆန့်ကျင်ခြင်း....
သူတို့သည် စည်းမျဥ်းဥပဒေများကို ချိုးဖောက်ပြီးဖြစ်သည်။
သို့ရာတွင် လူများအားလုံး၏ စိတ်နှလုံးသားများအတွင်းတွင် ဒေါသများ ကြီးစိုးသည်။
ကောင်းကင်နှင့်မြေပြင်သည် အမှောင်ကျနေပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများကို အရပ်မျက်နှာအဘက်ဘက်တွင် ကြားနိုင်သည်။
ပြည်သူလူထု၏စိတ်နှလုံးသားများသည် သူတို့၏နောက်တွင် ရှိနေပြီး ပြည်သူလူထု၏မကျေနပ်မှုသည် မိုးကောင်းကင်ယံသို့ လျှံတက်သွားသည်။
တာယွီကောင်းကင်ဘုံအင်ပါယာ၏ ကံကြမ္မာစွမ်းအားသည် တဖြည်းဖြည်း ယုတ်လျော့လာပေ၏။