အခန်း (၄၉၀၆-၄၉၁၀)
Vol. 249 Ch. 4906-4910
Chapter 4906
ဘာ....
လူတိုင်း မှင်တက်သွားကြသည်။
သူတို့သည် ရှားပါးသော မျိုးစေ့တချို့ကို မြင်ဖူးကြသည်။ သို့ရာတွင် ထိုရှားပါးသော ရတနာမျိုးစေ့များသည် ပုံမှန်အားဖြင့် အလွန်တန်ဖိုးရှိပေ၏။ ထို့ပြင် ထိုအရာများသည် အလွန်အထွက်နှုန်းနည်းသည်။ ဥပမာအားဖြင့် နဂါးမြက်နှင့် တခြားသီးနှံများသည် အံ့ဖွယ်အာနိသင်များရှိသော်လည်း အလွန်ရှားပါးလှသည်။ စိုက်ပျိုးလျှင်ပင် တစ်ပင်တည်းသာ ကြီးထွားနိုင်သည်။
သို့ရာတွင် ဆန်စပါးကမူ မတူပေ။
ဤစပါးစေ့တွင် အကယ်၍ အံ့ဖွယ်အာနိသင်မျိုး အမှန်တကယ်ရှိပါက အမြောက်အများ စိုက်ပျိုးရပေမည်။
လုယွီ၏အဆိုအရ ထိုအရာသည် လူတစ်ဦး၏ ကိုယ်ခန္ဓာအင်အားကိုပင် တိုးမြှင့်ပေးနိုင်သည်။
အကယ်၍ ထိုသို့သော အာနိသင်အမှန်တကယ်ရှိပါက အစားအသောက်နှင့် အဝတ်အထည်ပြဿနာကို ဖြေရှင်းပေးနိုင်ရုံသာမက အနာဂတ်တွင် ကြယ်နယ်မြေများ၌ ထူးချွန်သူများကိုပင် မွေးထုတ်ပေးနိုင်ပေလိမ့်မည်။
"အရှင်....ကျွန်တော် မေးပါရစေ.... ဒီဆန်စပါးရဲ့ အထွက်နှုန်းက ဘယ်လောက် ရှိပါသလဲ"
ကြယ်နယ်မြေအရှင်တစ်ဦးက မေးမြန်းသည်။
"မှတ်တမ်းတွေအရဆိုရင် ဒီသီးနှံရဲ့ အထွက်နှုန်းက တစ်ဧကကို ကီလိုဂရမ်တစ်ထောင်ဝန်းကျင်လောက် ရှိတယ်"
လုယွီက ပြောဆိုသည်။
ကြယ်နယ်မြေအရှင်များအားလုံး ခေါင်းညိတ်လိုက်ကြသည်။ ဤသည်မှာ ကောင်းကင်ကိုဆန့်ကျင်နိုင်လောက်အောင် မြင့်မားသော အထွက်နှုန်း မဟုတ်ချေ။
လုယွီက ရုတ်တရက် ဖြည့်စွက်၍ ပြောဆိုသည်။
"ဒါပေမဲ့ နဂါးပျံဆန်က အရမ်းအာဟာရပြည့်ဝတယ်...အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်က ဆန်နှစ်ကျပ်သားစားရင် တစ်နေ့လုံး ဗိုက်မဆာဘူးဆိုတာ အာမခံနိုင်တယ်...အဲ့ဒါက သူရဲ့ခန္ဓာကိုယ်ကိုတောင် သန်မာစေပြီးတော့ သူ့အင်အားကို တိုးမြှင့်ပေးနိုင်တယ်..."
အမ်....
ပတ်ဝန်းကျင်၌ အံ့အားတသင့် ရေရွတ်သံများ ထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက်သည် ဤနှစ်ကျပ်သားစားလျှင် တစ်နေကုန် ဗိုက်မဆာတော့ဟု ဆိုသလော....
ဤသည်မှာ ကပ်ဘေးဒုက္ခကျရောက်နေသော ကြယ်နယ်မြေများအတွက် ကောင်းချီးမင်္ဂလာတစ်ခုပင်။
သူတို့၏လက်အတွင်းတွင် ကိုင်ထားသည်မှာ ဆန်စပါးမဟုတ်ဘဲ အသက်ကယ်ရတနာတစ်ခုနှင့် ပို၍တူသည်။
"ကျေးဇူးတင်ပါတယ် အရှင်"
ဤတစ်ကြိမ်တွင် ကြယ်နယ်မြေအရှင်များအားလုံးသည် လုံးလုံးလျားလျား ယုံကြည်လက်ခံသွားပေ၏။
နဂါးပျံဆန်ကိုသာ ထုတ်လုပ်နိုင်ပါက တော်ဝင်မြို့တော်နယ်မြေတစ်ခုလုံး၏ အလုံးစုံအင်အားသည် အသစ်စက်စက်အဆင့်တစ်ခုသို့ တက်လှမ်းသွားမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ဤသည်မှာ စစ်မှန်သော အကျိုးကျေးဇူးတစ်ခုဖြစ်ပြီး လက်ရှိအငတ်ဘေးကိုပင် လုံးလုံးလျားလျား ပြောင်းပြန်လှန်ပစ်နိုင်သည်။
ဤသည်နှင့်နှိုင်းယှဉ်ပါက လယ်ယာခွန်သည် မပြောပလောက်တော့ချေ။
ကြယ်နယ်မြေအရှင်များသည် နဂါးပျံဆန်စပါးမျိုးစေ့များနှင့်အတူ အလျင်အမြန် ထွက်ခွာသွားကြသည်။
"လူသားဧကရာဇ်...အဲ့ဒီတုန်းက လူတိုင်းကို နဂါးတစ်ကောင်လို ဖြစ်စေချင်တဲ့ ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျွန်တော် ကူညီပါရစေ.."
လုယွီသည် ကြယ်နယ်မြေအရှင်များ၏ ထွက်ခွာသွားသော ပုံရိပ်များကိုကြည့်ရင်း သူ၏စိတ်နှလုံးသားအတွင်းတွင် သက်ပြင်းရှည်တစ်ချက် ရှိုက်လိုက်သည်။
...
တော်ဝင်မြို့တော်....ကောင်းကင်ဘုံတံခါး...
မရေမတွက်နိုင်သော တော်ဝင်အစောင့်များသည် ဤနေရာကို စောင့်ကြပ်နေကြပြီး အမိန့်ကို စောင့်ဆိုင်းနေကြ၏။
အဝေးတစ်နေရာတွင် စစ်ဆေးရေးဂိတ်တစ်ခုကို တည်ဆောက်ထားပြီးဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ တော်ဝင်မြို့တော်မှ ထွက်ခွာခွင့်မပြုသလို ဝင်ရောက်ခွင့်လည်းမပြုပေ။ တော်ဝင်မြို့တော်တစ်ခုလုံးကို လုံးလုံးလျားလျား ပိတ်ဆို့ထားသည်။
ကျန်းယုချင်၏ဝေါယာဥ်သည် ကောင်းကင်ဘုံတံခါး၏ရှေ့တွင် ဟန့်တားခြင်းခံလိုက်ရသည်။
ကံကောင်းစွာဖြင့် ကျန်းယုချင်သည် ကြင်ယာတော်မီ၏ တံဆိပ်ပြားကို ပြသခဲ့သည်။ အခွင့်အာဏာကြီးမားသော ဤတော်ဝင်ကြင်ယာတော်၏ အဆင့်အတန်းနှင့် ခြိမ်းခြောက်မှုကြောင့် တော်ဝင်အစောင့်များသည် ကျန်းယုချင်ကို အမှန်တကယ် မတားဆီးဝံ့ကြချေ။ သူတို့သည် စစ်ဆေးခြင်းမပြုဘဲ သူမကို ဖြတ်သန်းခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။
ဝေါယာဥ်အတွင်းတွင် ကျန်းယုချင်နှင့် ဝေ့မုန်ထင်တို့သည် တစ်ချိန်တည်းတွင် သက်ပြင်းရှိုက်လိုက်ကြ၏။
သူမတို့သည် တော်ဝင်မြို့တော်မှ အောင်မြင်စွာ ထွက်ခွာနိုင်သမျှ ကာလပတ်လုံး အပြင်ဘက်မှ ကောင်းကင်ဘုံနယ်မြေသည် ကြီးမားကျယ်ပြန့်သည်။ သူမတို့သည် လုယွီကို အသိပေးရန် နည်းလမ်းတစ်ခုကို သေချာပေါက် ရှာတွေ့ပေလိမ့်မည်။
"အရှင်မင်းသမီး.... ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီးပါပြီ.... ကျေးဇူးပြုပြီး အမြန်ဆုံး ဖြတ်သန်းတော်မူပါ"
မြို့စောင့်တပ်မှူးက ရိုသေလေးစားစွာ ပြောဆိုသည်။
"နင့်ကို ဒုက္ခပေးရတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျန်းယုချင်၏ အေးစက်စက်အသံသည် ဝေါယာဥ်အတွင်းမှ ထွက်ပေါ်လာပေ၏။
အစောင့်တစ်ဆယ့်ရှစ်ယောက်သည် ဝေါယာဥ်ကို ဝန်းရံကာ ကောင်းကင်ဘုံတံခါးမှတဆင့် ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် အေးစက်သောအသံတစ်သံက ဝေါယာဥ်၏အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဧကရာဇ်က ဘယ်သူကိုမှ တော်ဝင်မြို့တော်ကနေ ထွက်ခွာခွင့်မပြုဘူးလို့ ပြောထားတာမဟုတ်လား...ဘာတွေ ဖြစ်နေကြတာလဲ..."
ဤအသံကိုကြားချိန်တွင် ကျန်းယုချင်နှင့် ဝေ့မုန်ထင်တို့၏ နူးညံ့သိမ်မွေ့သောခန္ဓာကိုယ်များသည် အနည်းငယ် တုန်ခါသွားပြီး တစ်ချိန်တည်းတွင် စိတ်လှုပ်ရှားသွားကြသည်။
သူတို့သည် ထိုအသံနှင့် အလွန်ရင်းနှီးပေ၏။
ယခုရောက်ရှိလာသူမှာ အမှန်တကယ်ကို ရှရှင်းချွမ်ပင်။
နဂါးအစောင့်တပ်၏တပ်မှူးသစ် ရှရှင်းချွမ်...
ရက်စက်သော အရာရှိတစ်ဦးဖြစ်သော သူသည် တော်ဝင်မြို့တော်တွင် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သည်။ လူအများသည် သူ၏အသံကိုကြားချိန်၌ ထိတ်လန့်တကြားဖြစ်သွားကြသည်။
မြို့စောင့်တပ်မှူးက အလျင်အမြန် ပြောဆိုသည်။
"အရှင် ဒါက မေပယ်မင်းသမီးပါ....သူက ကြင်ယာတော်မီရဲ့ အမိန့်တော်အရ..."
"ဝှစ်....."
ရှရှင်းချွမ်သည် နောက်ထပ်စကားတစ်ခွန်းမျှ မပြောတော့ချေ။ သူသည် ရှေ့သို့တိုးပြီး မြို့စောင့်တပ်မှူးကို သူ၏ဓားဖြင့် ခုတ်ပိုင်းကာ သတ်ပစ်လိုက်သည်။
"သူက ဘယ်သူပဲ ဖြစ်နေနေ ငါ ဂရုမစိုက်ဘူး... ဧကရာဇ်ရဲ့အမိန့်ကို ဆန့်ကျင်ဝံ့သူတိုင်းက သေလမ်းရှာနေတာပဲ"
Chapter 4907
အသားအတွင်းသို့ ဓားချက် ထိုးစိုက်ဝင်ရောက်သွားသောအသံကို ကြားလိုက်ရသည်။
မြို့စောင့်တပ်မှူးသည် အော်ဟစ်ရန်ပင် အခွင့်အရေးမရဘဲ ရှရှင်းချွမ်၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး သွေးများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းသွားပေ၏။
ပတ်ဝန်းကျင်မှ အစောင့်စစ်သည်တော်များသည် တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက် ကြည့်နေကြသော်လည်း မည်သူမျှ သူတို့ကို မတားဆီးကြပေ။
လူတိုင်း သိကြသည်မှာ ရှရှင်းချွမ်၏ လက်ရှိအဆင့်အတန်းနှင့် လှုပ်ရှားမှုတိုင်းသည် ဧကရာဇ်၏ ဆန္ဒကို ကိုယ်စားပြုသည်ဟူ၍ပင်။
သာမန်တပ်မှူးငယ်တစ်ဦးကို သတ်ခြင်းအား မဆိုထားနှင့် သူသည် တော်ဝင်စစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ဦးကို သတ်လျှင်ပင် မည်သူမျှ သူနှင့် ပြဿနာရှာဝံ့မည် မဟုတ်ချေ။
ရှပ်...ရှပ်....ရှပ်...
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ခြေသံများကိုသာ ကြားနေရသည်။
ပိုးထည်ဝတ်ရုံဝတ်ဆင်ထားသော ရှရှင်းချွမ်သည် ဝေါယာဥ်၏နံဘေးတွင် မတ်တတ်ရပ်လိုက်၏။
"မင်းသမီးက အပြင်ကိုသွားပြီး ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
ရှရှင်းချွမ်က မေးမြန်းသည်။
"ငါ ဘာလုပ်ချင်တယ်ဆိုတာကို နင့်ကို ရှင်းပြဖို့ လိုလို့လား"
ကျန်းယုချင်က အေးစက်စက်လေသံဖြင့် တုံ့ပြန်အဖြေပေးသည်။
"မေပယ်မင်းသမီး ဘာလုပ်လုပ် ကျွန်တော်ကဂရုမစိုက်ပါဘူး.... ဒါပေမဲ့ ဧကရာဇ်က ဘယ်သူမှ တော်ဝင်မြို့တော်ကနေ ခြေတစ်လှမ်းမခွာရဘူးလို့ အမိန့်ထုတ်ထားပြီးသားပါ...ကျေးဇူးပြုပြီး ပြန်လှည့်တော်မူပါ..."
"ငါ့မှာ ကြင်ယာတော်မီရဲ့ တော်ဝင်အမိန့်တော် ရှိတယ်..."
"ဧကရာဇ်က ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပြုဘူးလို့ အမိန့်ပေးထားတယ်"
ရှရှင်းချွမ်သည် နေရာ၌ မလှုပ်မယှက် မတ်တတ်ရပ်နေဆဲပင်။
ဤအခိုက်အတန့်တွင် ဝေါယာဥ်အတွင်းရှိ ဝေ့မုန်ထင်သည် သူမ၏လက်ကို ဓားပေါ်သို့ တင်ထားပြီးဖြစ်သည်။
ကျန်းယုချင်သည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဝေ့မုန်ထင် မည်သည့်အရာအားလုပ်ရန် ကြံစည်နေသည်ကို သူမ သိရှိပြီးဖြစ်သည်။
နဂါးအစောင့်တပ်မှ ဤနေရာကို သိမ်းပိုက်လိုက်သည်နှင့် သူမတို့သည် ထွက်ခွာသွားရန်ကို မေ့လိုက်ရုံသာ တတ်နိုင်ပေမည်။
ယခုချိန်၌ သူမတို့ ပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူမတို့၏အသက်ကို စွန့်စား၍ တိုက်ခိုက်ပြီး အတင်းအကြပ် တိုးထွက်ခြင်းပင်။
ဝေ့မုန်ထင်သည် အလွန်ပြတ်သားပေ၏။ သူမသည် အန္တရာယ်ကျရောက်နေချိန်၌ ချက်ချင်းဆိုသလိုပင် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးလေပြီ။ ဤသည်မှာ သူမ၏ ဓားအင်မော်တယ်တစ်ယောက်ဟူသော ပင်ကိုအသိစိတ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျန်းယုချင်သည် သူမ၏လက်အတွင်းမှ ဓားကို ချထားရန် အမူအယာပြပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါက ကြင်ယာတော်မီအတွက် တရားဝင်အလုပ်လုပ်နေတာ....အရှင်ဧကရာဇ်ကလည်း ဒါကို သဘောတူလိမ့်မယ်လို့ ငါ ထင်တယ်...ငါ အခုချက်ချင်း တော်ဝင်အမိန့်တော်ကိုတောင်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"
ထိုသို့ပြောပြီးနောက် ကျန်းယုချင်သည် ကန့်လန့်ကာကို ဆွဲဖွင့်လိုက်ပြီး သူမ၏လက်အောက်ငယ်သားများအား တော်ဝင်နန်းတော်သို့ သွားရန် အချက်ပြလိုက်သည်။
အစောင့်များသည် အလျင်အမြန် ထွက်ခွာသွားသော်လည်း ရှရှင်းချွမ်သည် နေရာမှာ၌ မလှုပ်မယှက် မတ်တတ်ရပ်နေဆဲပင်။
"အရှင်ရှမှာ လုပ်ဆောင်ရမယ့်ကိစ္စတွေ အများကြီးရှိတယ်...ဒါကိုတောင် နင်က ဒီနေရာမှာ စောင့်နေဖို့ ပြင်ဆင်ထားတာလား"
ကျန်းယုချင်က အေးစက်သောအသံဖြင့် မေးမြန်းသည်။
ရှရှင်းချွမ်သည် ရုတ်တရက် ရယ်မောလိုက်၏။
"ဒီအရာရှိက ဒီနေ့ အားလပ်နေတယ်... ဒါကြောင့် ငါက ဒီနေရာမှာပဲနေပြီး ကောင်းကင်ဘုံတံခါးကို စောင့်ကြပ်တော့မယ်"
ကျန်းယုချင်သည် သူမ၏လက်သီးများကို မဆုပ်ဘဲ မနေနိုင်တော့ချေ။
သူမသည် မူလက ရှရှင်းချွမ် ထွက်ခွာသွားရန်အတွက် အချိန်ဆွဲရန် အစီအစဉ်တစ်ခုကို အသုံးပြုလိုသည်။ သို့ရာတွင် ဤအစီအစဉ်သည် အလုပ်မဖြစ်သည်မှာ သိသာထင်ရှားလှ၏။ ရှရှင်းချွမ်သည် တခြားအလုပ်များကို လျစ်လျူရှုပြီး ဤနေရာတွင် ဆက်လက်၍ စောင့်ဆိုင်းနေသည်။
သူမသည် မင်းသမီးတစ်ပါးသာဖြစ်သောကြောင့် သူမ အစောင့်များကို ခေါ်ခဲ့သည့်အကြောင်းအရင်းမှာ မီဖေးကို အသိပေးရန်ပင်။
သို့ရာတွင် မီဖေးသည် ဧကရာဇ်အပေါ် လွှမ်းမိုးနိုင်ပါ့မလော....
အကယ်၍ ဧကရာဇ်သည် လုယွီကို အမှန်တကယ် ဆန့်ကျင်လိုပါက သူသည် မည်သူ့မျက်နှာကိုမျှ ဂရုစိုက်မည်မဟုတ်ပေ။ မီဖေးကို မဆိုထားနှင့် တော်ဝင်မိသားစုမှ မင်းသားတစ်ပါးဖြစ်လျှင်ပင် ဧကရာဇ်သည် ဂရုစိုက်မည်မဟုတ်ချေ။
"ကျွန်တော် ရုတ်တရက် သိချင်စိတ် ဖြစ်လာတဲ့ ကိစ္စတစ်ခုရှိတယ်.... မင်းသမီးက ပုံမှန်အနေနဲ့ တော်ဝင်မြို့တော်မှာ သက်တောင့်သက်သာနေလေ့ရှိတယ်...အပြင်လောကက ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်နေတယ်... မင်းက မြို့ပြင်ကို ဘာသွားလုပ်မလို့လဲ...."
ရှရှင်းချွမ်က ရုတ်တရက် မေးမြန်းသည်။
"ငါ နင့်ကို ရှင်းပြဖို့ မလိုဘူးထင်တယ်....နင် သိချင်တယ်ဆိုရင် တော်ဝင်အမိန့်တော် ရောက်လာတဲ့အချိန်ထိ စောင့်လိုက်လေ"
ကျန်းယုချင်က အေးစက်စက် တုံ့ပြန်အဖြေပေးသည်။
ရှရှင်းချွမ်သည် အနည်းငယ်မျှ ကြောက်ရွံသွားခြင်း မရှိပေ။ သူသည် ရှေ့သို့တိုးလာပြီး ပြောဆိုလေ၏။
"မင်းသမီး...ဒီအရာရှိက မင်းရဲ့ဝေါယာဥ်ကို စစ်ဆေးချင်တယ်...ကျေးဇူးပြုပြီးတော့ မင်းကဆင်းလာပြီး စစ်ဆေးမှုကို လက်ခံတော်မူပါ..."
"နင် အတင့်ရဲလှချည်လား...."
ကျန်းယုချင်၏မျက်နှာ ခက်ထန်တင်းမာနေသည်။
"နင်က ရှမိသားစုရဲ့ခွေးတစ်ကောင်ပဲ... နင်က ငါ့ရဲ့ဝေါယာဥ်ကို စစ်ဆေးရဲတယ်လား... ဘယ်သူက နင့်ကို ဒီလိုသတ္တိမျိုး ပေးလိုက်တာလဲ"
"မင်းသမီးပြောတာ မှန်ပါတယ်..ဒီအရာရှိက တကယ့်ကို တခြားတစ်ယောက်က မွေးထားတဲ့ ခွေးတစ်ကောင်သက်သက်ပါပဲ..ဒါကြောင့်ဒီအရာရှိက တခြားသူတွေကို မကြောက်ဘူး...မင်းသမီးက ကျွန်တော့်ကို ဘာပဲပြောပြောဒီအရာရှိက အလေးအနက်ထားပြီး လုပ်ဆောင်ရလိမ့်မယ်"
ရှရှင်းချွမ်သည် လက်တစ်ဖက်ကို ဓားပေါ်တွင် တင်ထားပြီး တခြားလက်တစ်ဖက်ကို ရှေ့သို့ဆန့်တန်းကာ ဝေါယာဥ်၏ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။
ဝေါယာဥ်အတွင်းမှ မိန်းကလေးနှစ်ယောက်သည် အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။
ဝေ့မုန်ထင်က သူမ၏လက်ကိုမြှောက်ကာ ဓားရိုးကို ဆုပ်ကိုင်ထားသည်။ သို့ရာတွင် ထိုအချိန်မှာပင် ရုတ်တရက် ထွက်ပေါ်လာသော ကူချင်းသံက သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။
Chaptet 4908
ဤကူချင်းသံသည် သတ္တုနှင့်ကျောက်တုံး ထိခတ်သံကဲ့သို့ ကြည်လင်ပြတ်သားပြီး ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွားသည်။
စူးရှသော ကူချင်းသံသည် ဝေါယာဥ်ထံမှ ချက်ချင်းဆိုသလိုပင် ပျံ့လွင့်လာသည်။ ဝှစ်ခနဲအသံနှင့်အတူ ဝေါယာဥ်၏ကန့်လန့်ကာသည် ဖြတ်တောက်ခြင်း ခံလိုက်ရလေ၏။
ကျန်းယုချင်သည် ပထမဆုံး လှုပ်ရှားလိုက်သူပင်။ သူမသည် သူမ၏မှော်စွမ်းအားများကို ရှေးဟောင်းကူချင်းအတွင်းသို့ ထည့်သွင်းပြီး သူမ၏လက်ချောင်းဖြင့် ကူချင်းကြိုးများကို ညင်သာစွာ တီးခတ်လိုက်သည်။ ထက်ရှသော အသံလှိုင်းများသည် မကောင်းဆိုးဝါးစိတ်ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ရုတ်တရက် ထွက်ပေါ်လာသည်။
"မေပယ်မင်းသမီး... မင်းက ငါ့အပေါ် လှုပ်ရှားရဲလောက်အောင် သတ္တိရှိလှချည်လား..."
ရှရှင်းချွမ်သည် ဤသည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ သူသည် ကျန်းယုချင် တိုက်ခိုက်သည်ကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူ၏လက်တစ်ဖက်ဖြင့် ဓားကို ချက်ချင်းဆွဲထုတ်လိုက်ပြီး ဓားချက် ကျဆင်းလာသည်နှင့် အသံလှိုင်းတစ္ဆေကို ကြေမွှပျက်စီးသွားစေခဲ့သည်။
ရှရှင်းချွမ်သည် ပန်းထိုးနွေဦးဓားကို သူ၏လက်အတွင်းတွင် ကိုင်ဆောင်ထားသည်။ သူ၏သတ်ဖြတ်လိုစိတ်သည် ပြင်းထန်ပြီး သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် သွေးရောင်အလင်းတန်းများ တောက်ပနေပေ၏။
ထိုအတိုင်းအဆမဲ့ ကျယ်ပြန့်သော သွေးနီရောင်အလင်းနောက်တွင် အငြိုးကြီးစိတ်ဝိညာဉ်အုပ်စုတစ်စု ထွက်ပေါ်လာသည်။ ထိုအငြိုးကြီးစိတ်ဝိညာဥ်သည် သူတို့၏သွေးနီရောင်မျက်လုံးများကို ကျယ်လောင်စွာဖွင့်ထားကြပြီး ရက်စက်ကြမ်းတမ်း၍ ကြောက်မက်ဖွယ်ကောင်းသည်။
သူသည် ရှမိသားစု၏ရက်စက်သော အရာရှိတစ်ဦးပင်။ သူသည် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့ပြီး သူ၏လက်များတွင် သွေးများဖြင့် စွန်းထင်းနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သူ၏နှိပ်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများ၏ စိတ်ဝိညာဥ်များသည် မလွတ်မြောက်နိုင်ခဲ့ကြချေ။ ထိုစိတ်ဝိညာဥ်များသည် သူ၏အစွမ်းကို တိုးမြှင့်ရန်အတွက် မှော်ရတနာများအတွင်းတွင် ချုပ်နှောင်ခံထားရသည်။
ဤအချိန်အခိုက်အတန့်တွင် ရှရှင်းချွမ်သည် နဂါးအစောင့်တစ်ဦးနှင့် မတူတော့ချေ။ အစားထိုးအနေဖြင့် သူသည် တခြားလူများ၏အသက်ကို နှုတ်ယူရန်ရှာဖွေနေသော မြေအောက်လောကမှ သရဲတစ္ဆေတမန်တော်တစ်ဦးနှင့် တူညီနေသည်။ မည်သူမျှ သူ့ကို စေ့စေ့မကြည့်ဝံ့ကြချေ။
"ဝှစ်...."
ရှရှင်းချွမ်က သူ၏ဓားကို ခုတ်ပိုင်းလိုက်သည်။ ထိုဓားချီသည် မီတာပေါင်းများစွာ ရှည်လျားပြီး မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။
ထိုဓားချီနှင့်အတူ သွေးနီရောင်ဓားအလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ တုန်ခါသံလှိုင်းတစ်လှိုင်းနှင့်အတူ ထိုဓားချီသည် ချက်ချင်းဆိုသလိုပင် ကျရောက်လာပေ၏။
ကျန်းယုချင်သည် သူမ၏ကူချင်းတီးသံကို အသုံးပြု၍ ထိုဓားချီကို ပိတ်ဆို့ဟန့်တားလိုက်သော်လည်း သူမ၏မှော်စွမ်းအားသည် အလွန်အားကောင်းခြင်း မရှိချေ။ သူမသည် အချိန်တခဏသာ ပိတ်ဆို့ဟန့်တားနိုင်ခဲ့ပြီး သူမ၏မှော်စွမ်းအားများ လွင့်ပြယ်သွားသည်။
တခြားလူများအားလုံး မှင်တက်သွားကြသည်။ ရှရှင်းချွမ်သည် မင်းသမီးတစ်ပါးကို အမှန်တကယ် တိုက်ခိုက်ဝံ့လိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ကြချေ။
"သခင်မလေးဝေ့...နင် အရင်သွားတော့... ငါ သူ့ကို ထိန်းထားမယ်"
ကျန်းယုချင်က စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။
ဤသည်မှာ အရေးကြီးသော အချိန်အခိုက်အတန့်ပင်။
ဝေ့မုန်ထင်၏ပုံရိပ်သည် နောက်ဆုံးတွင် ထွက်ပေါ်လာပေ၏။
သူမက ကျန်းယုချင်ကို အံ့အားတသင့် ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကျန်းယုချင်သည် သူမကို ဤမျှထိ ကူညီခဲ့သည့်အကြောင်းအရင်းကို သူမ နားမလည်နိုင်ခဲ့ချေ။
"ငါ နင်နဲ့အတူ သူ့ကို သတ်မယ်"
ဝေ့မုန်ထင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူမသည် သူမ၏ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ထိုဓားရှည်သည် အေးစက်သောအလင်းတန်းများဖြင့် တောက်ပနေပေ၏။ သူမ ထုတ်လွှတ်လိုက်သော ဓားချီသည် ဖီးနစ်ငှက်တစ်ကောင်၏ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရှေ့သို့တိုးဝင်သွားသည်။
သူမတို့နှစ်ယောက်သည် တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြ၏။ သူမတို့၏စွမ်းအားသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေခဲ့သည်။
သို့ရာတွင် ရှရှင်းချွမ်၏ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် အလင်းဘီးဆယ်ခုကျော် ထွက်ပေါ်လာသည်။ ထိုအလင်းဘီးများသည် သွေးနီရောင်ဖြစ်ပြီး သူ၏စွမ်းအားကို မယုံကြည်နိုင်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိစေခဲ့သည်။
"မင်းတို့နှစ်ယောက်လုံး သေရမယ်"
ရှရှင်းချွမ်သည် သူ၏လက်ကိုမြှောက်ကာ ဓားချက်တစ်ချက် ထုတ်လွှတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
ဝှစ်....
ထက်ရှသောဓားချီသည် အရပ်မျက်နှာအဘက်ဘက်ကို လွှမ်းခြုံသွားပေ၏။
မိန်းကလေးနှစ်ယောက်အသုံးပြုခဲ့သော မှော်နည်းစနစ်များသည် တောင်တစ်လုံးကို ထိမိသကဲ့သို့ ချက်ချင်းပျက်ပြယ်သွားသည်။
ဤသည်မှာ တူညီသောအဆင့်တွင်ရှိသော တိုက်ပွဲတစ်ပွဲ မဟုတ်ချေ။
ရှရှင်းချွမ်သည် ရက်စက်သော အရာရှိတစ်ဦးဖြစ်သည့်အပြင် သူသည် ရှမိသားစုက ဂရုတစိုက်ရွေးချယ်ထားသော ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူသည် အရည်အချင်းရှိသူများနှင့် ပြည့်နှက်နေသော နဂါးအစောင့်တပ်ကို ကြီးကြပ်နိုင်မည်မဟုတ်ပေ။
"သွားကြစို့...."
ကျန်းယုချင်သည် သူမ၏နံဘေးရှိ အစောင့်များကို ခေါ်လိုက်ပြီး ဝေ့မုန့်ထင်၏လက်မောင်းကိုဆွဲကာ သူမကို နောက်သို့ဆွဲခေါ်လိုက်သည်။
"အခြေအနေက အရေးကြီးတယ်...ငါတို့နောက်ထပ် နှောင့်နှေးလို့ မရတော့ဘူး...နင် ငါ့ကိုရှာဖို့ လာခဲ့တဲ့အကြောင်းအရင်းကို မမေ့နဲ့"
ကျန်းယုချင်က အေးစက်တင်းမာစွာ ပြောဆိုသည်။
ဝေ့မုန့်ထင်သည် တိုက်ခိုက်လိုစိတ်ရှိနေသေးသော်လည်း ကျန်းယုချင်၏စကားများကို ကြားချိန်တွင် သူမ၏သတ်ဖြတ်လိုစိတ်သည် ချက်ချင်းပျောက်ကွယ်သွားပေ၏။
အမှန်တကယ်ကိုပင်....
သူမ ဤနေရာသို့ လာခဲ့သည်မှာ ရှရှင်းချွမ်နှင့် တိုက်ခိုက်ရန် မဟုတ်ချေ။
ဧကရာဇ်သည် လုယွီအတွက် ထောင်ချောက်တစ်ခု ဆင်ထားခဲ့ပေ၏။ လူအများသည် သတင်းအမှောင်ချခံထားရပြီး လူအနည်းငယ်သာ ထိုအကြောင်းကို သိကြသည်။
ဝေ့မုန့်ထင်သည် လုယွီထံတွင် သူ၏ကိုယ်ပိုင်ထောက်လှမ်းရေးကွန်ယက်ရှိသည်ကို သိသော်လည်း လုယွီသည် ထိုသတင်းကို ရမရအား သူမ အတပ်မပြောနိုင်ပေ။
အချိန်သည် မည်သူ့ကိုမျှ စောင့်ဆိုင်းခြင်းမရှိချေ။
လုယွီသာ ဧကရာဇ်၏ထောင်ချောက်အတွင်းသို့ အမှန်တကယ် ခြေချမိပါက အရာအားလုံးသည် အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
"သတိထား...."
ဝေ့မုန့်ထင်၏ လှပသောမျက်လုံးများအတွင်းတွင် ခိုင်မာပြတ်သားမှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။ သူမသည် နောက်သို့လှည့်ထွက်ကာ ကောင်းကင်ဘုံတံခါးဆီသို့ ပျံသန်းသွားလေ၏။
Chapter 4909
ဝေ့မုန့်ထင်၏ဓားချီသည် ပျံ့နှံ့သွားပြီး ချက်ချင်းဆိုသလိုပင် လူအုပ်ကို ထိုးဖောက်သွားသည်။
ဝေ့မုန်ထင်၏ရှေ့တွင် သူမကို တားဆီးနိုင်သော တော်ဝင်စစ်သားတစ်ဦးမျှ မရှိချေ။ သူမသည် လမ်းတစ်လမ်းကိုဖွင့်ရန် အတင်းအကြပ် ဖိအားပေးလိုက်သည်။
"အသုံးမကျတဲ့ကောင်တွေ...သူ့ကို မြန်မြန်တားကြစမ်း"
ရှရှင်းချွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုအချိန်ကျမှသာ ပတ်ဝန်းကျင်မှ တော်ဝင်စစ်သားများသည် အသိဝင်လာကြပြီး ချက်ချင်းဆိုသလိုပင် ရှေ့သို့ပြေးဝင်သွားကြသည်။
ဝေ့မုန့်ထင်သည် နောက်သို့လှည့်ထွက်ကာ သူမ၏ဓားရှည်ကို လွှဲယမ်းလိုက်သည်။ ဓားချီစွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားပေ၏။
တော်ဝင်စစ်သားအမြောက်အများသည် နောက်သို့ဆုတ်ခွာသွားကြသဖြင့် ဝေ့မုန်ထင်သည် ကောင်းကင်ဘုံတံခါးမှတဆင့် ထွက်ခွာသွားရန် အခွင့်အရေးတစ်ခု ရရှိသွားလေပြီ။
"သူတို့နောက်ကို လိုက်ကြစမ်း... ဘယ်သူကိုမှ တော်ဝင်မြို့တော်ကနေ ထွက်သွားခွင့် မပြုဘူး"
ရှရှင်းချွမ်သည် ဒေါသထွက်နေပေ၏။ သူသည် သူ၏ဓားကို ဝှေ့ယမ်းကာ ရက်စက်ကြမ်းတမ်းသော စစ်နတ်ဘုရားတစ်ပါးအလား ရှေ့သို့ပြေးဝင်သွားသည်။
ကျန်းယုချင်၏နံဘေးရှိ အစောင့်ဆယ်ယောက်ခန့်သည် ရှရှင်းချွမ်၏ပြိုင်ဘက် မဟုတ်ချေ။ သူတို့သည် သူ၏ဓားချီဖြင့် ခုတ်ပိုင်းခံရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ကျန်းယုချင်၏စိတ်နှလုံးသားသည် တည်ငြိမ်နေပေ၏။
သူမက ထွက်ခွာသွားသော ဝေ့မုန်ထင်၏နောက်ကျောပြင်ကို ကြည့်လိုက်သည်။ သူမ၏နှလုံးသား နက်ရှိုင်းသောနေရာတွင် လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခု ပခုံးပေါ်မှ ချလိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
"လုယွီ...နင်က ငါ့ကို အမြဲတမ်းကူညီခဲ့တယ်... အခု... ငါက နောက်ဆုံးတော့ နင့်အတွက် ကိစ္စတစ်ခုကို လုပ်ပေးနိုင်ခဲ့ပြီ"
ကျန်းယုချင်၏ လက်ချောင်းများသည် ရပ်တန့်သွားခြင်း မရှိချေ။ သာယာသော တိုက်ပွဲသီချင်းသံသည် လေဟာနယ်အတွင်းတွင် ပဲ့တင်ထပ်သွားသည်။
သူမသည် ရှရှင်းချွမ်နှင့် တော်ဝင်အစောင့်အားလုံးကို သူမတစ်ယောက်တည်း၏စွမ်းအားဖြင့် တားဆီးလိုသည်။ သူမသည် ဝေ့မုန်ထင် ထွက်ခွာသွားနိုင်ရန်အတွက် အချိန်တစ်ခု ဖန်တီးပေးလိုပေ၏။
ထိုတိုက်ပွဲသီချင်းသည် ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်ကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည်။
တော်ဝင်စစ်သားများအားလုံး ရပ်တန့်သွားကြသည်။ သူတို့သည် အသံလှိုင်းများဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်၏ ချည်နှောင်ခြင်းကို ခံလိုက်ရပြီး ပြင်းထန်သော တိုက်ပွဲတစ်ပွဲအတွင်းတွင် ကျရောက်သွားပေ၏။
ကျန်းယုချင်၏ အနက်ရောင်ဆံပင်ရှည်များ လေထုအတွင်းတွင် ပျံ့လွင့်နေသည်။ သူမ၏သေးသွယ်သောလက်ဖြင့် ကူချင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏နူးညံ့သေးသွယ်သော ခန္ဓာကိုယ်သည် စစ်သားအမြောက်အများကို ရပ်တန့်စေခဲ့သည်။
"မင်းတို့အားလုံး ငါ့လမ်းကနေ ဖယ်ကြစမ်း"
ရှရှင်းချွမ်သည် ဒေါသထွက်နေပေ၏။
သူ၏မျက်လုံးများသည် သွေးရောင်နီမြန်းနေပြီး လူအုပ်ကို တွန်းတိုက်၍ ဖြတ်သန်းသွားသည်။ သူသည် သူ၏လက်အတွင်းမှ ဓားရှည်ကို မိုးကောင်းကင်ယံသို့ မြင့်မားစွာ မြှောက်လိုက်ရာ ထိုအရာအတွင်း၌ ကြီးမားသောစွမ်းအားတစ်ရပ် ပုန်းအောင်းနေသည့်အလားပင်။
ဘုန်း.....
ထိုဓားရှည်သည် ကြည်လင်သောကောင်းကင်မှ မိုးကြိုးတစ်ခုကဲ့သို့ ကျဆင်းလာပြီး ကျန်းယုချင်၏လက်အတွင်းမှကူချင်း ချက်ချင်းကျိုးပဲ့သွားသည်။
ကူချင်းကြိုးများ ပြတ်တောက်သွားပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော အသံလှိုင်းပုံရိပ်ယောင်များသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပေ၏။
နက်ရှိုင်းသော သွေးစို့ဒဏ်ရာတစ်ခုသည် ကျန်းယုချင်၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ ထိုဓားချီသည် သူမ၏အရိုးများအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်။ သူမ၏ခန္ဓာကိုယ်မှ သွေးများယိုစီးကျလာပေ၏။
"မင်းက တော်ဝင်အမိန့်တော်ကို ဆန့်ကျင်ရဲတယ်...ဒါက လုံးဝ သည်းမခံနိုင်စရာပဲ...မင်း အသတ်ခံရသင့်တယ်... မင်း အသတ်ခံရသင့်တယ်"
ရှရှင်းချွမ်သည် ရူးသွပ်သောအခြေအနေတွင် ရှိနေသည်။ သူသည် သူ၏ဓားကိုမြှောက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ဘုန်း....
ရှရှင်းချွမ်သည် နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်တော့မည့်အချိန်မှာပင် တောက်ပသောနတ်ဘုရားအလင်းတန်းတစ်တန်း အဝေးမှ တောက်ပလာသည်။ ဤသည်မှာ မိုးကောင်းကင်အတွင်းရှိ တောက်ပသောနေမင်းကြီးကဲ့သို့ဖြစ်ပြီး အဆုံးမရှိသော အမှောင်ထုကို ဖယ်ရှားလိုက်သည်။
ဖီးနစ်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ရွှေရောင်အလင်းတန်းများ တောက်ပနေသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာပြီး သူမထံတွင် ခမ်းနားထည်ဝါသော အမူအယာရှိသည်။
ထိုအမျိုးသမီးသည် ရှရှင်းချွမ်ကိုမြင်ချိန်၌ သူမ၏လက်ကိုမြှောက်ကာ အောက်သို့ဖိနှိပ်လိုက်သည်။ ရှရှင်းချွမ်သည် ချက်ချင်းဆိုသလိုပင် ကြိုးပြတ်သွားသော စွန်တစ်ခုအလား လွင့်ထွက်သွားကာ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။ သူသည် မြေပြင်ပေါ်တွင် မီတာတစ်ရာအကွာထိ အဆက်မပြတ် လိမ့်သွားသည်။
လူတိုင်း မှင်တက်သွားကြသည်။ သူတို့ရှေ့တွင် ထွက်ပေါ်လာသော အမျိုးသမီးသည် နဂါးအစောင့်တပ်၏တပ်မှူးကို လွယ်လင့်တကူ နှိမ်နင်းလိုက်ပေ၏။
"ကြင်ယာတော်မီကို အရိုအသေပြုပါတယ်..."
တော်ဝင်စစ်သားများအားလုံး ဒူးထောက်လိုက်ကြသည်။
လော့ရှန်နတ်ဘုရားခန်းမကို တော်ဝင်မြို့တော်တွင် အမြောက်အများ တည်ဆောက်ထားခဲ့သည်။
ထို့ကြောင့် ဤစစ်သားများသည် မီဖေး၏ မျက်နှာကို မှတ်မိကြပေ၏။
ဤသည်မှာ နတ်ဘုရားစာရင်းဝင်တစ်ယောက်၏ စွမ်းအားပင်။ မီဖေးသည် သူမ၏လက်ကို ဝှေ့ယမ်းရုံဖြင့် ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ဦးကို နှိမ်နင်းနိုင်သည်။
"မီဖေး..."
ရှရှင်းချွမ်၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာပြီး သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ထိုက်ချမ်ဧကရာဇ် သေဆုံးကတည်းက ဤအတုမရှိသော ကြင်ယာတော်မီသည် တိတ်ဆိတ်စွာနေထိုင်ခဲ့ပြီး ပြင်ပသို့ ထွက်လာသည်မှာ အလွန်ရှားပါးပေ၏။
သို့ရာတွင် မည်သူကမျှ သူမ၏ခွန်အားကို မေးခွန်းထုတ်ဝံ့ခြင်း မရှိချေ။
ထိုက်ချမ်ဧကရာဇ် သေဆုံးသွားကတည်းက အတိတ်မှ ကြင်ယာတော်များသည် အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ အသက်ရှင်နိုင်ခဲ့သူများသည် နည်းလမ်းများအရဖြစ်စေ စွမ်းအားအရဖြစ်စေ အလွန်ရက်စက်ပြီး အားကောင်းကြသည်။
ယခုချိန်၌ မီဖေး ရုတ်တရက် ထွက်ပေါ်လာချိန်တွင် သူမ၏နတ်ဘုရားစွမ်းအားသည် ကြီးမားကျယ်ပြန့်ပေ၏။ လက်ရှိနေရာတွင်ရှိနေသော တော်ဝင်အစောင့်များအားလုံးသည် သူတို့၏ဦးခေါင်းများကို ငုံ့ထားကြပြီး သူမအား စေ့စေ့မကြည့်ဝံ့ကြချေ။
Chapter 4910
လူအုပ်ကြီး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် မီဖေးက ရှေ့သို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာသည်။
သူမ၏ခြေလှမ်းများသည် ပေါ့ပါးပြီး မြန်ဆန်ခြင်း နှေးကွေးခြင်းမရှိချေ။ သို့ရာတွင် သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် မီတာပေါင်းများစွာ ရွေ့လျားသွားနိုင်သည်။
နတ်ဘုရားအလင်းရောင်သည် အရပ်မျက်နှာအဘက်ဘက်သို့ တောက်ပစွာ ထွန်းလင်းနေပေ၏။ သူမ၏ရှေ့မှ စစ်သားများသည် သူတို့၏နှလုံးသားများကို လွှမ်းခြုံနေသော မမြင်နိုင်သော ဖိအားတစ်ရပ်ကို ခံစားလိုက်ရပြီး သူတို့အား ဝပ်တွားအရိုအသေပြုလိုစိတ်များ ပေါက်ဖွားစေသည်။
ဤသည်မှာ အဆင့်မြင့်နတ်ဘုရားများ၏ လျှို့ဝှက်ဆန်းကြယ်မှုပင်။ သူမသည် နေရာတွင် မတ်တတ်ရပ်နေရုံဖြင့် လူအများကို လက်နက်ချစေရန် လုံလောက်သည်။
မီဖေးသည် ကျန်းယုချင်၏ရှေ့သို့ ရောက်ရှိလာပြီး သူမကို ပွေ့ချီလိုက်သည်။
ကျန်းယုချင်သည် ရှရှင်းချွမ်၏ဓားချီဖြင့် ခုတ်ပိုင်းခြင်း ခံခဲ့ရသည်။
ရှည်လျားသောဓားချီသည် ထက်ရှပြီး ကျန်းယုချင်၏ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ချန်ရစ်ခဲ့သည်။ သူမ၏ခန္ဓာကိုယ်မှ သွေးများ အဆင်မပြတ်စီးကျနေပြီး သူမသည် သတိလစ်မေ့မျောသွားလုနီးပါး အခြေအနေသို့ ရောက်ရှိနေလေပြီ။
"ကြင်ယာတော်မီ...ဒါက ဧကရာဇ်ရဲ့အမိန့်ပဲ... ဘယ်သူမှ တော်ဝင်မြို့တော်ကနေ ခြေတစ်လှမ်းမခွာရဘူး... မေပယ်မင်းသမီးက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ဒီအရာရှိက သူ့ကို စည်းကမ်းအတိုင်း အပြစ်ပေးခဲ့တာပါ"
ရှရှင်းချွမ်၏ခန္ဓာကိုယ်လုံးသည် တုန်ရီနေပေ၏။ ပြင်းထန်သော ကြောက်ရွံ့မှုကြောင့် သူ၏ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်လောက်အောင် တုန်ရီနေခြင်းပင်။
သို့ရာတွင် ထိုသို့ဖြစ်နေသော်လည်း ရှရှင်းချွမ်၏ မျက်လုံးများကို ကျယ်လောင်စွာဖွင့်ထားဆဲဖြစ်ပြီး ရူးသွပ်သောအကြည့်တစ်ခု ထင်ဟပ်နေသည်။
သူသည် အမှန်တကယ်ကို ရူးသွပ်သူတစ်ဦးပင်။ မည်သူမဆို မီဖေးကဲ့သို့သော အဆင့်မြင့်နတ်ဘုရားတစ်ပါးနှင့် မျက်နှာချင်းဆိုင်ရပါက ကြောက်ရွံ့မှုကို ခံစားရပေမည်။ သူတစ်ဦးတည်းသာလျှင် ဧကရာဇ်၏ အမိန့်များကို ဆက်လက်ဆုပ်ကိုင်ထားပြီး အခိုင်အမာ ပြောဆိုနေသည်။
ဝှစ်....
မီဖေးက သူမ၏လက်ချောင်းများကို ရှရှင်းချွမ်ထံသို့ ညွှန်လိုက်သည်။
ရှရှင်းချွမ်သည် ချက်ချင်းဆိုသလိုပင် စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် ပြင်းထန်သောမီးတောက်များ လောင်ကျွမ်းနေသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူသည် မီးတောက်များဖြင့် လောင်ကျွမ်းသွားခဲ့ပြီး အရိုးများပင် မကျန်ခဲ့ချေ။
ပတ်ဝန်းကျင်နေရာတဝိုက်မှ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။ နဂါးအစောင့်များပင်လျှင် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်သော ရှရှင်းချွမ်သည် မီဖေး၏လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားခဲ့သည်။
"ကြင်ယာတော်မီ... မင်း ဒီလိုလုပ်တာက တရားလွန်သွားပြီ"
တော်ဝင်မြို့တော်အတွင်းမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
မီဖေးသည် လှည့်ကြည့်ခြင်းပင်မပြုဘဲ အေးစက်စက်လေသံဖြင့် တုံ့ပြန်လိုက်၏။
"ဒီခွေးက ငါ့ရဲ့မိသားစုဝင်ကို စော်ကားခဲ့တယ်... မင်း မကျေနပ်ရင် မင်းကိုယ်တိုင် လာခဲ့လေ"
တော်ဝင်မြို့တော်ဘက်မှ နောက်ထပ်အသံထွက်မလာတော့ဘဲ သူသည် မီဖေးကို အလွန်ကြောက်ရွံ့နေပုံရသည်။
တခြားလူများအားလုံး ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ အကြောင်းအရင်းမှာ ထိုအသံသည် ရှအိမ်တော်၏လားရာမှ ထွက်ပေါ်လာသည်မှာ သိထာထင်ရှားသောကြောင့်ပင်။
ရှရှင်းချွမ်သည် ရှမိသားစု၏ တိုက်ရိုက်သွေးမျိုးဆက်တစ်ယောက်ဖြစ်ကာ သူသည် နေရာမှာပင် အသတ်ခံခဲ့ရသော်လည်း ရှမိသားစုသည် ဤကိစ္စကို ရှေ့မဆက်ဝံ့ချေ။ ဤသည်မှတဆင့် မီဖေး၏ သြဇာအာဏာလွှမ်းမိုးမှုသည် မည်မျှထိအားကောင်းသည်ကို ပြသရန် လုံလောက်ပြီး ရှမျိုးနွယ်စုပင်လျှင် သူမကို ကြောက်ရွံ့နေသည့်အဆင့်သို့ ရောက်ရှိနေလေပြီ။
မီဖေးက ညင်သာစွာ လက်ညှိုးညွှန်လိုက်ရာ ကြီးမားကျယ်ပြန့်သော နတ်ဘုရားအလင်းတန်းတစ်တန်းက ကျန်းယုချင်ကို လွှမ်းခြုံသွားသည်။ သူမ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် ချက်ချင်းဆိုသလိုပင် ပြန်လည်ကောင်းမွန်သွားပေ၏။
"အရှင်မ..."
ကျန်းယုချင်သည် ဖြည်းညှင်းစွာ နိုးထလာပြီး မီဖေးကို ကြည့်လိုက်သည်။
"ကျွန်မ သူ့ကို မတွေ့ချင်ဘူး"
မီဖေး၏မျက်ခုံးများ မြင့်တက်သွားသည်။
"နင် စဉ်းစားပြီးပြီလား"
"ကျွန်မ စဉ်းစားပြီးပါပြီ...သူက အန္တရာယ်ကျရောက်နေတုန်းပဲ...ကျွန်မ သူ့ကို အနှောင့်အယှက်ဖြစ်အောင် သူ့အနားကို ချဉ်းကပ်ဖို့လောက်ထိ အတ္တမကြီးသင့်ဘူး... ဒါ့ပြင် သူသာ ကျွန်မကို မကူညီခဲ့ရင် ကျွန်မ ဒီအဆင့်ထိ ရောက်လာမှာမဟုတ်ဘူး...ကျွန်မ သူ့အပေါ် အကြွေးတင်နေတယ်"
ကျန်းယုချင်သည် အနိုင်ကျင့်ခံရသော ကလေးတစ်ဦးအလား မီဖေး၏လက်မောင်းများအတွင်းတွင် ကွေးကွေးလေး နေလိုက်သည်။
"ဝေ့မုန့်ထင်သာ လုယွီကို ရှာဖို့သွားခဲ့ရင် အချိန်မီအကူအညီပေးတာနဲ့ ဘာမှမထူးဘူး...နင် ဒီအခွင့်အရေးကို လွဲချော်သွားရင် လုယွီရဲ့နှလုံးသားထဲမှာ နင် ဘယ်တော့မှ ဝေ့မုန်ထင်ကို မနိုင်တော့ဘူးဆိုတာ နင် ကောင်းကောင်းသိမှာပါ"
မီဖေးက တိုးညှင်းသောလေသံဖြင့် ပြောဆိုသည်။
ကျန်းယုချင်က ခေါင်းခါယမ်းလိုက်သည်။
"အရှင်မ....ကျွန်မ မျက်နှာသာလုတိုက်ခိုက်တဲ့ နည်းလမ်းတွေကို မလုပ်ချင်ဘူး... လုယွီရဲ့ ကျွန်မအပေါ်ထားတဲ့ ခံစားချက်တွေ ဘယ်လိုပဲဖြစ်နေနေ....ကျွန်မက ယောက်ျားတစ်ယောက်ရဲ့နှလုံးသားကို ဖမ်းစားဖို့ ဒီနည်းလမ်းတွေကို မသုံးချင်ဘူး"
ထိုစကားကိုပြောဆိုပြီးနောက် ကျန်းယုချင်က သူမ၏ခေါင်းကို အောက်သို့ငုံ့ပြီး တီးတိုးရေရွတ်လိုက်သည်။
"ကျွန်မက သူ့လောက် မထူးချွန်ဘူး.... လုယွီရဲ့ဘေးမှာ တိုက်ခိုက်တဲ့နေရာမှာ အရည်အချင်းရှိတဲ့ ဇနီးတစ်ယောက် လိုအပ်နေတယ်"
ကျန်းယုချင်ကို ဤကဲ့သို့မြင်တွေ့ချိန်တွင် မီဖေးသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"မိုက်မဲတဲ့ကောင်မလေး...ဒီအရှင်မက လုယွီကို မျက်နှာလုပ်ဖားယားဖို့ နင့်ကို လိုအပ်တယ်လို့ တကယ်ကြီး ထင်နေတာလား...နင်က ငါတို့ကျန်းမိသားစုရဲ့ သွေးမျိုးဆက်...ငါ့ရဲ့ဂျူနီယာပဲ... ငါက နင်ရဲ့ပျော်ရွှင်မှုအတွက် စဉ်းစားပေးနေတာပဲ"
"မေ့လိုက်တော့... အရာအားလုံးက... ကောင်းကင်ဘုံရဲ့ဆန္ဒအပေါ်မှာ မူတည်လိမ့်မယ်"