အခန်း (၄၉၂၁-၄၉၂၅)
Vol. 249 Ch. 4921-4925
Chapter 4921
ဘုန်း...
တော်ဝင်အမိန့်တော်ကို ထုတ်ယူလိုက်သည့် အချိန်အခိုက်အတန့်တွင် လူတိုင်း၏စိတ်နှလုံးသားများအတွင်း၌ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သောအသံကြီး ချက်ချင်းမြည်ဟီးသွားသည်။
ပတ်ဝန်းကျင်ရှိ အရာရှိများ အလျင်အမြန် ဒူးထောက်လိုက်ကြပြီး သူတို့၏ မျက်လုံးထောင့်မှကြည့်လိုက်ရာ လုယွီသည် နေရာမှာပင် မလှုပ်မယှက်မတ်တတိရပ်နေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် လုယွီ၏အဆင့်အတန်းကို သတိရမိပေ၏။
သူသည် စာပေသူတော်စင်ဝမ်ရှန်း၏ တပည့်ပင်။
ဤအဆင့်အတန်းသည် အလွန်မြင့်မြတ်လွန်းသည်။
ယခင်က ထိုက်ချမ်ဧကရာဇ်သည် ဒူးထောက်အရိုအသေခြင်းကို ဖျက်သိမ်းပြီးနောက် လူအများသည် ထိုအကြောင်းကို များများစားစား မစဉ်းစားခဲ့ကြချေ။
သို့ရာတွင် ယခုချိန်၌မူ အရာရှိများအားလုံး ဒူးထောက်နေကြပြီး လုယွီ တစ်ဦးတည်းသာ မတ်တတ်ရပ်နေသည်။ အဆင့်အတန်းကွာခြားချက်သည် ချက်ချင်းဆိုသလိုပင် သိသာထင်ရှားလာပေ၏။
ဝမ်ကျန်း၏မျက်နှာအမူအယာသည်လည်း မကောင်းလှချေ။
သူသည် လုယွီကို ပြစ်တင်ရှုတ်ချလိုသော်လည်း သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ခံခဲ့ရသည့် အဖြစ်အပျက်များကို ပြန်သတိရလိုက်ချိန်၌ သူ့ကိုယ်သူ ချက်ချင်းထိန်းချုပ်လိုက်သည်။
စည်းမျဉ်းအရ စာပေသူတော်စင်၏ တပည့်များသည် မည်သူကိုမျှ ဦးညွှတ်အရိုအသေပြုရန် မလိုအပ်ပေ။ သူတို့သည် ဧကရာဇ်နှင့် ညီအစ်ကိုများဖြစ်ကြပြီး အဆင့်အတန်းအရ အမတ်ကြီးများနှင့် အတွင်းဝန်အရာရှိများထက် များစွာပို၍မြင့်မားသည်။
လုယွီသည် အမိန့်တော်ကို မတ်တတ်ရပ်၍ လက်ခံနေသည်။ ဤကိစ္စတွင် မည်သည့်အမှားအယွင်းမျှ မရှိသည့်အပြင် စည်းကမ်းအတင်းကြပ်ဆုံး ကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် အမှားတစ်ခုမျှ ထောက်ပြနိုင်မည်မဟုတ်ပေ။
ဝမ်ကျန်း၏မျက်နှာ သုန်မှုန်နေသည်။ သူသည် အမိန့်တော်ကိုဖြန့်ပြီး ကျယ်လောင်စွာ အော်ယဟစ်လိုက်၏။
"ဧကရာဇ် အမိန့်တော်....လုယွီက စစ်တပ်ကို တစ်ဦးတည်း တာဝန်ယူထားတယ်...သူက ဧကရာဇ်ရဲ့အမိန့်တွေကို လျစ်လျူရှုပြီးတော့ ပုန်ကန်ဖို့ ရည်ရွယ်ထားတယ် သူ့ကို ချက်ချင်းကွပ်မျက်ရမယ်...နှောင့်နှေးခြင်းမရှိစေရ"
လူတိုင်း အံ့အားသင့်သွားကြသည်။
လူအများစုသည် မှင်တက်ကာ နေရာမှာပင် ကြက်သေသေနေကြ၏။
သူတို့သည် လုယွီကို စစ်ဆေးမေးမြန်းရန် အမိန့်ပေးခံခဲ့ရသော်လည်း ဧကရာဇ်က သူ့ကို ဤနေရာတွင် ကွပ်မျက်ရန် အမှန်တကယ် ကြံစည်လိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ကြချေ။
အထူးသဖြင့် ဤသည်မှာ ထန်စစ်တပ် ချီတက်လာတော့မည့် အချိန်ပင်။ ဤအချိန်မျိုး၌ လုယွီကို သတ်ခြင်းသည် စစ်ဘက်ဆိုင်ရာတွင် ကြီးမားသော တားမြစ်ချက်တစ်ခုဖြစ်သည်။
လုယွီ စကားမပြောမီ ကျန်းကျင်းလုံက ဦးစွာ ရှေ့သို့တိုးထွက်လာသည်။
"လုယွီက ထန်စစ်တပ်ကို ခုခံဖို့ တပ်ကိုဦးဆောင်တာ ဘာအပြစ်ရှိလို့လဲ... မင်းတို့အားလုံးက လုယွီ ပုန်ကန်ဖို့ ကြံစည်နေတယ်လို့ ပြောကြတယ်... မင်းတို့မှာ ဘာသက်သေအထောက်အထားရှိလဲ"
ကျန်းကျင်းလုံက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
သူသည် စစ်ဘက်အရာရှိတစ်ဦးဖြစ်ပြီး စိတ်ဓာတ်ပြတ်သားကာ ဖြစ်စဥ်ကိုသာ ဂရုစိုက်သည်။ သူသည် ဝမ်ကျန်း၏အဆင့်အတန်းကို အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံခြင်း မရှိချေ။
ဝမ်ကျန်းက မျက်မှောင်ကြုတ်ကာ အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"သူက စစ်အာဏာကို ဆုပ်ကိုင်ထားပြီးတော့ တော်ဝင်အမိန့်ကို လျစ်လျူရှုတယ်....ဒါက ပုန်ကန်မှုပဲ"
ကျန်းကျင်းလုံသည် ဒေါသထွက်သွားပေ၏။
"ဒါက အခြေအမြစ်မရှိတဲ့ တော်ဝင်အမိန့်တော်တစ်ခုပဲ....ကျူးကျော်လာတဲ့ ထန်စစ်တပ်ကို ရင်ဆိုင်ဖို့ ငါတို့က စစ်အာဏာကိုမသုံးရင် တခြား ဘာကိုသုံးရမှာလဲ"
"ကျန်းကျင်းလုံ...မင်း နောက်ဆုတ်စမ်း....မင်းက ဧကရာဇ်ရဲ့အမိန့်ကို မနာခံဘူးလား"
စီမာယွင်က အလေးအနက်သောအသံဖြင့် အော်ဟစ်လိုက်သည်။
သို့ရာတွင် ကျန်းကျင်းလုံသည် တော်ဝင်အမိန့်တော်၏ရှေ့တွင် မတ်တတ်ရပ်နေဆဲပင်။
"ငါက တော်ဝင်နန်းတွင်းက အဆုံးမရှိတဲ့ ချောက်နက်ကြီးထဲကို ခြေချနေတာကို ထိုင်မကြည့်နိုင်ဘူး"
"မင်းက အတင့်ရဲလှချည်လား... ဧကရာဇ်ကိုတောင် မေးခွန်းထုတ်ရဲတယ်"
စီမာယွင် ဒေါသထွက်သွားသည်။ သူ၏အဝတ်အစားများ လေထုအတွင်းတွင် တဖျတ်ဖျတ်လူးလွန့်နေပြီး ပြင်းထန်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပေ၏။
စီမာယွင်သည် နယ်မြေသခင်အဆင့် ကျင့်ကြံသူတစ်ဦးပင်။
တစ်ချိန်တည်းမှာပင် ရှကွေ့မင်နှင့် ဝမ်ကျန်းတို့သည်လည်း သူတို့၏ ကိုယ်ပိုင်အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့သည်လည်း နယ်မြေသခင်များ ဖြစ်ပေ၏။
တော်ဝင်နန်းတော်၏ အမတ်ကြီးကိုးဦးအနကိ အရပ်ဘက်အရာရှိဖြစ်စေ စစ်ဘက်အရာရှိဖြစ်စေ သူတို့၏နေရာများကို လုံခြုံစေရန်အတွက် လုံလောက်သော အစွမ်းအစရှိရန် လိုအပ်သည်။
စီမာယွင်သည် အားနည်းပုံရသော်လည်း သူ၏ကျင့်ကြံဆင့်သည် မနိမ့်ကျချေ။
ဝှစ်...ဝှစ်...
ထိုအချိန်မှာပင် မရေမတွက်နိုင်သော အဖြူရောင်ဝတ်စုံဝတ်လူများသည် မုန်တိုင်းခန်းမဆောင်၏နံဘေးပတ်လည်တွင် ထွက်ပေါ်လာကြသည်။
ဤအဖြူရောင်ဝတ်စုံဝတ်လူများသည် ထူထပ်သိပ်သည်းစွာ စုစည်းနေကြပြီး လူအရေအတွက် တစ်ရာကျော်ရှိသည်။ သူတို့တစ်ဦးစီတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံဆင့်ရှိသည့် လူများဖြစ်ကြပြီး သူတို့၏အရှိန်အဝါများသည် ထူးခြားပေ၏။
သူတို့အားလုံး၏ အစွမ်းထက်သော အရှိန်အဝါများသည် ရောယှက်နေသဖြင့် ကောင်းကင်နှင့်မြေပြင်ပင် အရောင်ပြောင်းသွားသည်။ မုန်တိုင်းခန်းမဆောင်၏အထက်ရှိ မိုးကောင်းကင်ယံတွင် ရုတ်တရက် မည်းမှောင်သော တိမ်တိုက်များဖြင့် ပြည့်နှက်သွားပြီး မုန်တိုင်းတစ်ခု၏ နိဒါန်းအလားပင်။
"ငါ မဆုတ်ခွာဘူး....မင်းတို့အားလုံးက ထူးချွန်တဲ့အရာရှိတစ်ယောက်ကို ဒီလိုမျိုး ပစ်မှတ်ထားနေတာကို ငါ မကြည့်ရက်နိုင်ဘူး"
ကျန်းကျင်းလုံက ဒေါသတကြီး အော်ဟစ်ကာ သူ့ထံတွင် မည်သည့်ကြောက်ရွံ့မှုမျှ မရှိချေ။
"ဟမ့်...ဒါဆိုရင် မင်း အရင်သေလိုက်တော့"
စီမာယွင်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီး ကျန်းကျင်းလုံကို တိုက်ခိုက်ရန်အတွက် သူ၏လက်ကို မြှောက်လိုက်သည်။
သို့ရာတွင် ရုတ်တရက် ဘုန်းခနဲအသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ စီမာယွင်၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ပေါက်ကွဲသွားပြီး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်ရှိ အမတ်ကြီးများပေါ်သို့ သွေးများဖြာကျသွားပြီး သူတို့အားလုံးမှာ ကြက်သေသေနေကာ မည်သို့ဖြစ်ပျက်သွားသည်ကို မသိကြချေ။
"စီမာယွင် ပြောသွားတဲ့အထဲမှာ အမှားတစ်ခုရှိတယ်"
"ဒီလောကမှာ အကြီးမြတ်ဆုံးဖြစ်တဲ့ ကျိုးကြောင်းဆက်စပ်မှုနိယာမဆိုတာ မရှိဘူး"
လုယွီက သူ၏လက်ညှိုးကို ရုတ်သိမ်းပြီး သူ၏ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်သည်။
သူသည် သူ၏လက်ဝဲဘက်လက်ဖြင့် ချင်တော်ဝင်ကျောက်စိမ်းတံဆိပ်ကို ကိုင်ဆောင်ထားရာ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါက လေထုအတွင်းသို့ မြင့်တက်သွားသည်။
ဤသည်မှာ သောင်းနှင့်ချီသော အစစ်အမှန်နဂါးများ ဟိန်းဟောက်လိုက်သကဲ့သို့ မိုးကောင်းကင်ကို တုန်ခါသွားစေသည်။
"ဒီလောကမှာ ငါက အကြီးမြတ်ဆုံးပဲ"
Chapter 4922
လုယွီ၏အသံသည် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပေ၏။
ချင်တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏ အစွမ်းနှင့် ပေါင်းစပ်လိုက်ချိန်၌ လုယွီ၏ စကားများသည် ကောင်းကင်ဘုံ၏အမိန့်တော်အလားပင်။ သူ၏အသံသည် ကြီးမားကျယ်ပြန့်ပြီး အကန့်အသတ်မဲ့ကာ ရွှေရောင်နဂါးတစ်ကောင်၏ ဒေါသတကြီးဟိန်းဟောက်သံအလား ပတ်ဝန်းကျင်ရှိ လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
အစောပိုင်းက လုယွီသည် စီမာယွင်ကို သူ၏ လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခဲ့ပြီး အလောင်းပင် မကျန်ရစ်ခဲ့ချေ။။
သွေးမြူများက ပတ်ဝန်းကျင်၌ ပျံ့လွင့်နေပေ၏။ မုန်တိုင်းခန်းမဆောင်တစ်ခုလုံးအတွင်းတွင် ထူထပ်သိပ်သည်းသော သွေးနံ့များဖြင့် ပြည့်နှက်နေပြီး လူများကို ပျို့အန်ချင်စိတ်ဖြစ်စေသည်။
'သူ... သူ ဒီလိုနဲ့ပဲ သေသွားတာလား...'
ဤစကားလုံးများသည် အမတ်ကြီးများ၏ စိတ်အတွင်းတွင် ပဲ့တင်ထပ်နေသည်။
စီမာယွင်သည်လည်း ကျောင်းတော်သားတစ်ဦးဖြစ်ပြီး တော်ဝင်စာမေးပွဲတွင် ဒုတိယရရှိခဲ့သည်။ သူသည် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရလေ၏။
သူ ကျန်းကျင်းလုံကို တိုက်ခိုက်ရဲခြင်းမှာ သူ၏ကိုယ်ပိုင်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး ကျန်းကျင်းလုံကို နှိမ်နင်းနိုင်သောကြောင့်ပင်။ ထို့ကြောင့် သူ ကြောက်ရွံခြင်း မရှိချေ။
သို့ရာတွင် မျက်စိတစ်မှိတ်အတွင်းတွင် စီမာယွင် သေဆုံးသွားသည်။
သူ၏သေဆုံးမှုသည် မည်သို့ ဖြစ်သွားသည်ကို မသိလိုက်ရချေ။ ထို့ပြင် မည်သူမျှ လုယွီသည် သူ့ကို မည်ကဲ့သို့ တိုက်ခိုက်ခဲ့သည်အား ရှင်းလင်းစွာ မမြင်လိုက်ရချေ။
"လုယွီ....မင်းမှာ တကယ့်ကို အားကောင်းတဲ့နည်းစနစ်တွေ ရှိနေတာပဲ....မင်းက သဘာဝဥပဒေသကိုတောင် အသုံးချနိုင်တယ်... ငါ မမှားဘူးဆိုရင် မင်းက စည်းမျဥ်းဥပဒေသကို သုံးပြီးတော့ ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ်ပြီး စီမာယွင်ကို ဖယ်ရှားလိုက်တာ မဟုတ်လား.."
ဝမ်ကျန်း၏အသံ အေးစက်သွားပြီး သူ၏မျက်လုံးအတွင်းတွင် သွေးရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
သူသည် လက်နက်ကိုင်မိန်းမစိုးတစ်ဦးဖြစ်ပြီး တော်ဝင်စစ်တပ်၏ အစောင့်များကို ထိန်းချုပ်နိုင်သူဖြစ်သဖြင့် သူ၏စွမ်းအားသည် နက်နဲသိမ်မွေ့ပေ၏။
လုယွီသည် မည်သူမျှ မသိခင် တိုက်ခိုက်ခဲ့သည်။ လူအများစုသည် လုယွီ၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့သော်လည်း ဝမ်ကျန်းကမူ သူ မည်သို့ တိုက်ခိုက်ခဲ့သည်ကို ထွင်းဖောက်မြင်ခဲ့သည်။
"တော်လိုက်တဲ့ လုယွီ..မင်းက လောကမှာ အကြီးမြတ်ဆုံးလို့ ကြွေးကြော်ရဲတယ်လား... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ....အောက်ဘုံကတက်လာတဲ့ နိမ့်ကျတဲ့ကောင်က ငါတို့ကို တိုက်ခိုက်ရဲတာလား..."
ရှကွေ့မင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
တော်ဝင်မြို့တော်၏ ထိပ်သီးမိသားစုကြီးရှစ်စုအနက် ရှမိသားစုသည် သွေးမျိုးဆက်ကို အလေးအထားဆုံးပင်။
သူတို့၏အမြင်အရ အောက်ဘုံမှ တက်လာသူများသည် နောက်ဆုံးတွင် မည်သို့သော အောင်မြင်မှုမျိုးကို ရရှိစေကာမူ နိမ့်ကျသော သွေးမျိုးဆက်ရှိသူများသာ ဖြစ်သည်။
ထိုကဲ့သို့သော လူများသည် ကျွန်များ သို့မဟုတ် နိမ့်ကျသူများသာ ဖြစ်နိုင်သည်။ သူတို့နှင့် မြင့်မြတ်သော သွေးမျိုးဆက်ဖြင့် မွေးဖွားလာသူများကြားတွင် ကြီးမားသော ကွာခြားချက်ရှိသည်။ သူတို့သည် တစ်ဖက်နှင့်တစ်ဖက် ရောယှက်၍ မရနိုင်ပေ။
လုယွီသည် အောက်ဘုံမှ တက်လာသူတစ်ဦးသာဖြစ်သော်လည်း တော်ဝင်နန်းတော်၏ အမတ်ကြီးများကို တိုက်ခိုက်ရဲသည်။ ဤသည်မှာ ကောင်းကင်ဘုံပင် သည်းမခံနိုင်သော အရာဖြစ်ကြောင်း သိသာထင်ရှားသည်။
"အောက်ဘုံ... အထက်ဘုံ... မင်းတို့ ဘာမှနားမလည်ဘူး"
လုယွီက ခေါင်းခါလိုက်သည်။
လုယွီ ယခင်က ရှိနေခဲ့သော အောက်ဘုံတွင် ကောင်းကင်ဘုံနန်းတော်၏ အပျက်အစီးများ ရှိနေလေ၏။
ယခုချိန်၌ လူသားမျိုးနွယ် နေထိုင်သော ကောင်းကင်ဘုံနယ်မြေသည် ယခင်က သာမန်ဘုံတစ်ခုဖြစ်သည်။
ရှကွေ့မင်သည် မည်သည့်အရာကိုမှ နားမလည်ဘဲ အမြင်ကျဥ်းပြီး သူ၏သွေးမျိုးဆက်နောက်ခံအကြောင်း ပြောနေခြင်းမှာ ရယ်ရွှင်ဖွယ်ကောင်းသည်။
လုယွီက ပတ်ဝန်းကျင်ရှိ အမတ်ကြီးများကို ကြည့်လိုက်သည်။
"မင်းတို့လည်း ငါ့ကို ဆန့်ကျင်ချင်သေးလား...."
ယန်ရှန့်နှင့်တခြားလူများသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပေသည်။
သူတို့သည် ဧကရာဇ်မှ လုယွီကို အခက်တွေ့စေရန်အတွက် စေလွှတ်ခြင်းခံရသူများ ဖြစ်သော်လည်း သူ့ကို သတ်ဖြတ်ရန် မည်သည့်အမိန့်ကိုမျှ မရရှိခဲ့ချေ။ ဤသည်မှာ သူတို့ ကြိုတင်သိရှိထားသော ကိစ္စတစ်ရပ်မဟုတ်ချေ။
"ဒါက မင်းတို့ရဲ့ကိစ္စပဲ...ငါတို့အားလုံးက အရပ်ဘက်အရာရှိတွေပဲ... မင်းမှာ အပြစ်ရှိရင်တောင် ငါတို့က ဘာမှလုပ်မှာ မဟုတ်ဘူး...."
ယန်ရှန်တို့လူစု ပြတ်သားစွာ ထွက်ခွာသွားကြသည်။
သူတို့သည် အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်သောကြောင့် ဝင်ရောက်ပတ်သက်ရန် ဆန္ဒမရှိကြချေ။
သူတို့ မထွက်ခွာမီတွင် ယန်ရှန့်သည် ကျန်းကျင်းလုံကိုပင် အတင်းအကျပ် ဆွဲခေါ်သွားပြီး ဤလုပ်ဖော်ကိုင်ဖက်ကို ဝင်ရောက်ပတ်သက်ခွင့်မပြုရန် ရည်ရွယ်ခဲ့သည်။
ကျန်းကျင်းလုံက ခိုင်မာပြတ်သားစွာ ပြောဆိူသည်။
"တော်ဝင်နန်းတွင်းမှာ သစ္စာဖောက်တွေက ကောင်းစားနေပြီးတော့ သစ္စာရှိတဲ့လူတွေကို အကွက်ဆင်နေတယ်..ဒီလူအိုကြီးက သူတို့ကို လျစ်လျူရှုမထားနိုင်ဘူး"
ယန်ရှန်က သူ၏ခေါင်းကို ခါပြလေ၏။
"အရှင်ကျန်း... ခင်ဗျားလည်း လုယွီရဲ့ နည်းလမ်းတွေကို ရှင်းရှင်းလင်းလင်း မြင်ပြီးပြီပဲ... ခင်ဗျား ဒီမှာနေရင် လုယွီကို ဝန်ပိုအောင် လုပ်သလိုပဲဖြစ်လိမ့်မယ်.... ငါတို့ ဝင်မပါသင့်ဘူး"
ကျန်းကျင်းလုံသည် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။
ယနေ့တွင် လုယွီရှုံးနိမ့်ပါက ကျန်းကျင်းလုံ၏ လုပ်ရပ်များသည် သူ့အတွက် ဒုက္ခဖြစ်စေမည်မှာ သေချာပေါက်ပင်။
လူတချို့သည် သူတို့၏ လောင်းကြေးကို ဧကရာဇ်အပေါ် တင်ထားကာ လူတချို့ကမူ သူတို့၏ လောင်းကြေးကို လုယွီအပေါ် တင်ထားကြသည်။
Chapter 4923
ကျန်းကျင်းလုံသည်လည်း သူ၏လောင်းကြေးကို လုယွီအပေါ် တင်ထားသည်။
တော်ဝင်နန်းတော်၏အမတ်ကြီးတစ်ဦး ဖြစ်လာနိုင်သူတစ်ဦးသည် ကလေးတစ်ယောက်ကဲ့သို့ အစွန်းရောက်မည် မဟုတ်ချေ။
ကျန်းကျင်းလုံသည် လုယွီထံမှ မျက်နှာသာယူနေခြင်းဖြစ်သည်။ အနာဂတ်တွင် လုယွီသာ ဧကရာဇ်ကို အမှန်တကယ် ကျော်လွန်သွားပါက သူ၏လုပ်ရပ်ကြောင့် နောင်အနာဂတ်တွင် တော်ဝင်နန်းတွင်း၌ သူ နေရာတစ်နေရာရရှိရန် လုံလောက်ပေလိမ့်မည်။
လုယွီ ချောမွေ့စွာ အနိုင်ရရှိရန်အတွက် ကျန်းကျင်းလုံသည် သူ့ကို ဝန်မပိုစေဘဲ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။
အမတ်ကြီးများ ထွက်ခွာသွားသဖြင့် မုန်တိုင်းခန်းမဆောင်သည် ချက်ချင်း တိတ်ဆိတ်သွားပေ၏။
ပတ်ဝန်းကျင်ရှိမြစ်မှ စီးဆင်းနေသော ရေသံသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး တစ်စုံတစ်ခု၏ ဖုံးကွယ်ခြင်းကို ခံလိုက်ရသည့်အလားပင်။
ဤသည်မှာ ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော ပြင်းထန်သည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပင်။
ဘုန်း....
အဖြူရောင်ဝတ်စုံဝတ်လူ တစ်ရာကျော်သည် ပတ်ဝန်းကျင်မှ ထွက်လာကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး လူတို့၏စိတ်နှလုံးသားကို တုန်ရီစေသည်။
သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်ဝတ်စုံများပေါ်တွင် ရွှေရောင်နဂါးအမှတ်အသားများ ပန်းထိုးထားပြီး သူတို့၏ တော်ဝင်အဆင့်အတန်းကို ကိုယ်စားပြုနေသည်။
ဤလူများအားလုံးသည် တော်ဝင်အကြီးအကဲများ ဖြစ်ကြသည်။
သူတို့၏ ကျင့်ကြံဆင့်သည် အစွမ်းထက်ပြီး သူတို့အားလုံးသည် ကျိုးမိသားစုမှ အရင်းအမြစ်အမြောက်အများ အသုံးပြု၍ တော်ဝင်မိသားစုကို အမှုထမ်းရန် ပျိုးထောင်ခဲ့သော ကျင့်ကြံသူများဖြစ်ကြသည်။
သူတို့အနက်မှ မည်သူမဆို နာမည်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးပင်။ သူတို့အနက် တချို့သည် မြင့်မြတ်နယ်မြေများ၏မြင့်မြတ်သခင်များပင်ဖြစ်ကြပြီး ယခင်မင်းဆက်မှ တော်ဝင်အကြီးများလည်း ပါဝင်သည်။
ဤတစ်ကြိမ်တွင် ကျိုးယွမ်ယန်သည် လုယွီကို ဖယ်ရှားရန် သူ၏အရင်းအမြစ်အားလုံးကို အသုံးပြုခဲ့သည်။
တော်ဝင်နန်းတွင်း၏ တော်ဝင်အကြီးအကဲများအားလုံး ဤနေရာ၌ စုဝေးနေသည်။ လူတိုင်းသည် သူတို့၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ရာ အေးစက်စက် သတ်ဖြတ်လိုစိတ်ကြောင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်တိတ်ဆိတ်သွားသည်။
ကျိုးယွမ်ယန်သည် အမှောင်ထုအတွင်းတွင် ပုန်းအောင်းနေသည်။ အကြောင်းအရင်းမှာ သူ့ထံတွင် တော်ဝင်အကြီးအကဲများ၏ ကာကွယ်မှုမရှိသောကြောင့် ကောင်းကင်ကွန်ယက်၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရမည်အား စိုးရိမ်သောကြောင့်ပင်။
ဤတော်ဝင်အကြီးအကဲများသည် အမှားအမှန်ကို ဂရုမစိုက်သည့်အပြင် လုယွီ မည်သို့သော စစ်ရေးအောင်မြင်မှုများ ပြုလုပ်ခဲ့သည်ကိုလည်း အရေးမစိုက်ကြချေ။
သူတို့၏အဆင့်အတန်းသည် အဆင့်မြင့်အစေခံအုပ်စုတစ်စုကဲ့သို့ဖြစ်ပြီး ဧကရာဇ်၏အမိန့်ကို အကြွင်းမဲ့နာခံကြသည်။
ဧကရာဇ်သည် တစ်စုံတစ်ယောက်ကို သတ်လိုက်ပါဟု သူတို့အား အမိန့်ပေးလိုက်သည်နှင့်ချက်ချင်းလုပ်ဆောင်ကြပေလိမ့်မည်။
"လုယွီ....မင်းက ထန်အင်ပါယာရဲ့ တာအိုသခင်နဲ့ တိုက်ခိုက်ခဲ့တာ မကြာသေးဘူး...ဒါကြောင့် မင်းအခု ဒဏ်ရာအပြင်းအထန် ရနေလိမ့်မယ်....မင်းက တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါးဖြစ်နေတဲ့ ပုံစံမျိုး ဟန်ဆောင်မနေစမ်းနဲ့... ဒီနေ့က မင်း သေရမယ့်နေ့ပဲ"
ရှကွေ့မင်က အော်ဟစ်လိုက်သည်။
ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ အဖြူရောင်ဝတ်ရုံဝတ် တော်ဝင်အကြီးအကဲများသည် ချက်ချင်းဆိုသလိုပင် လုယွီကို ဝန်းရံလိုက်ကြ၏။
ဤသည်မှာ လုယွီကို ဆန့်ကျင်သော ပွဲတစ်ပွဲပင်။
လုယွီသည် နတ်ဘုရားစိတ်အာရုံဖြင့် ဤလူများကို စစ်ဆေးလိုက်သည်။
သူ့ကို အံ့ဩစေသောအရာမှာ ဤတော်ဝင်အကြီးအကဲများအနက်မှ ထက်ဝက်နီးပါးသည် နယ်မြေသခင်များဖြစ်နေခြင်းပင်။
ပြင်ပလောကတွင် နယ်မြေသခင်တစ်ဦးကို ရှာဖွေတွေ့ရှိနိုင်ရန် အလွန်ရှားပါးသည်။
သို့ရာတွင် ဤနေရာ၌ နယ်မြေသခင်အမြောက်များ ရှိနေပြီး နယ်မြေသခင်နယ်ပယ် ပဉ္စမအဆင့် သို့မဟုတ် ထိုအဆင့်၏အထက်တွင် ရှိသော ကျင့်ကြံသူတချို့ပင် ရှိနေသည်။
"ကျိုးယွမ်ယန်က ငါ့ကို တကယ် အထင်ကြီးထားတာပဲ"
လုယွီက သက်ပြင်းရှိုက်လိုက်သည်။
"မင်းက လုယွီပဲ ဖြစ်ရမယ်...ဟုတ်တယ်မလား... ငါတို့က မင်းလို ကလေးတစ်ယောက်ကို ဖြေရှင်းဖို့အတွက် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာရမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး"
လူအိုကြီးတစ်ဦးသည် ရှေ့သို့ထွက်လာပြီး လုယွီကို လက်ညှိုးထိုးကာ ပြောဆိုသည်။
"အခုချက်ချင်း ဒူးထောက်ပြီး မင်းရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်စမ်း....ဒါဆိုရင် ငါတို့က မင်းကို တိုက်ခိုက်ရမယ့်ဒုက္ခတွေ သက်သာသွားလိမ့်မယ်"
"ဟမ့်..."
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်ပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။
လူအများသည် သူတို့၏မျက်နှာပေါ်တွင် လေပြေအေးလေး တိုက်ခတ်သွားသည်ကိုသာ ခံစားလိုက်ရသည်။ သူတို့ မတုံ့ပြန်နိုင်မီမှာပင် ထိုလူအိုကြီးသည် သူ၏လည်ပင်းကို ဆုပ်ကိုင်ကာ နာကျင်စွာဖြင့် မြေကြီးပေါ်သို့ လဲကျသွားပေ၏။ သူ၏ခေါင်းသည် ဖြတ်တောက်ခြင်း ခံလိုက်ရလေပြီ။
ဘာ...
လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။
လုယွီ အင်မော်တယ်သုတ်သင်ခြင်းဓားချီကို ထုတ်လွှတ်လိုက်သည့် အရှိန်နှုန်းသည် အလွန် လျှင်မြန်ပေ၏။ သူ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒနှင့်အတူ ထိုဓားချီသည် တစ်ဖက်လူထံသို့ ရောက်ရှိသွားပြီးဖြစ်သည်။
ဤသည်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမဆို ထိတ်လန့်တုန်လှုပ်စေနိုင်သော နည်းစနစ်တစ်ခုပင်။ ဤသည်မှာ မည်သည့် အပိုစကားများထက်မဆို ပို၍တိုက်ရိုက်ကျပြီး ထိရောက်သည်။
တော်ဝင်အကြီးအကဲများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့အားလုံးသည် နေရာမှာပင် ကြက်သေသေနေကြပြီး ရှေ့သို့တိုးဝံ့ခြင်း မရှိတော့ချေ။
ယခင်က သူတို့သည် လုယွီ၏ခေါင်းကို ဖြတ်ပြီး အောင်ပွဲခံရန် အော်ဟစ်ပြောဆိုခဲ့ကြသည်။
သို့ရာတွင် ယခုချိန်၌မူ မည်သူမျှ ထိုသို့မပြောရဲတော့ချေ။
Chapter 4924
"မင်းတို့ ငါ့ကို သတ်ချင်တယ်မဟုတ်လား... ဘာလို့ မတိုက်ခိုက်ကြတာလဲ.."
လုယွီက သရော်တော်တော်အပြုံးဖြင့် ပတ်ဝန်းကျင်ရှိ လူများအားလုံးကို ကြည့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် တော်ဝင်အကြီးအကဲများ၏ မျက်နှာများ ပူနွေးလာပြီး သူတို့အား အကြိမ်ပေါင်းများစွာ ပါးဖြတ်ရိုက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့သည် တော်ဝင်နန်းတော်မှ အပြေးအလွှားလာခဲ့ကြပြီး လုယွီ၏ အသက်ကို ယူလိုခဲ့ကြသည်။ သို့ရာတွင် သူတို့ရောက်သည်နှင့် တပြိုင်နက် သူတို့အနက်မှတစ်ဦးသည် လုယွီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေ၏။
အဓိကအချက်မှာ လုယွီ မည်ကဲ့သို့ နည်းလမ်းကို အသုံးပြုခဲ့သည်အား သူတို့ မပြောနိုင်ခြင်းပင်။
ပထမဆုံး စီမာယွင် သေဆုံးသွားပြီးနောက် လူအိုကြီးသည် ခေါင်းဖြတ်သတ်ခြင်း ခံလိုက်ရသည်။ မည်သူမျှ ထိပ်ဆုံးမှဦးဆောင်သူ မဖြစ်လိုကြချေ။
"မင်းတို့က ကျိုးမိသားစုက ငွေတွေအများကြီးသုံးပြီးတော့ ငှားရမ်းထားတဲ့ တော်ဝင်အကြီးအကဲတွေပဲ...ဒါက မင်းတို့ရဲ့ဧကရာဇ်က ငါ့ကို ဆန့်ကျင်ဖို့ သုံးချင်တဲ့ နည်းလမ်းလား"
လုယွီက ပြုံးလိုက်ပြီး သူ၏မျက်လုံးတစ်စုံသည် လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှတောက်ပနေပေ၏။
သူသည် ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်နေဆဲဖြစ်ကာ ပတ်ဝန်းကျင်ရှိ တော်ဝင်အကြီးအကဲများ သူ၏လက်အောက်ခံများဖြစ်ပြီး သူသည် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသော ဧကရာဇ်ကဲ့သို့ ဖြစ်နေသည်။
"မင်းတို့အားလုံး အတူတူတိုက်ခိုက်ကြစမ်း....မင်းတို့အားလုံးကို သတ်ပြီးရင် ငါက ဧကရာဇ်ကိုတွေ့ဖို့ တော်ဝင်မြို့တော်ကို သွားရမယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ လုယွီ၏ရည်မှန်းချက်သည် တော်ဝင်နန်းတော်ရှိ ကျိုးယွမ်ယန်ပင်။
ဝမ်ကျန်းသည်လည်း စိတ်လှုပ်ရှားသွားပေ၏။ ယခုချိန်၌ ကျိုးယွမ်ယန်၏နံဘေးတွင် ထိပ်သီးကျင့်ကြံသူ များများစားစား မရှိချေ။ လုယွီသာ နန်းတော်သို့ ရောက်ရှိသွားပါက အကျိုးဆက်များမှာ စဉ်းစား၍ မရနိုင်ပေ။
"အားလုံးပဲ မကြောက်ကြနဲ့...သူက ဒဏ်ရာအပြင်းအထန်ရထားတယ်....သူ့ကို အတူတူသတ်ကြစို့"
ဝမ်ကျန်းက ရှေ့သို့ထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှ သွေးချီများ အရူးအမူးမြင့်တက်လာပြီး သူ၏အနီရောင်ဝတ်စုံကို ဖောင်းကားသွားစေသည်။ ထို့နောက် သူ၏လက်ကိုမြှောက်ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ဝုန်း...
သူ၏လက်သီးချက်သည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေသော မိုးကြိုးသံနှင့် တူညီကာ လူအများကို တုန်လှုပ်ချောက်ချားစေသော ခန့်ညားသည့်အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
ဤမိန်းမစိုးသည် ပုံမှန်အားဖြင့် သူ၏အစစ်အမှန်စွမ်းအားကို မပြသဘဲ ကျင့်ကြံဆင့်ကိုသာ ထုတ်ဖော်ပြသထားသည်။ အမှန်အားဖြင့် သူသည် သိုင်းသူတော်စင်အထွတ်အထိပ်အဆင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်၏ခွန်အားကို ပိုင်ဆိုင်ထားပေ၏။
သူ၏သွေးချီများမှ အစွမ်းထက်သောခွန်အားကို ဤလက်သီးအတွင်းသို့ ပေါင်းစပ်ထားလေရာ ထိုအရာ၏စွမ်းအားသည် တုန်လှုပ်ဖွယ်ကောင်းပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် ပုံပျက်သွားစေသည်။
သို့ရာတွင် ထိုအချိန်မှာပင် လုယွီက မတ်တတ်ထရပ်လိုက်သည်။
ထို့နောက် သူ၏လက်ကိုမြှောက်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ချက်ချင်းဆိုသလိူပင် ကြမ်းတမ်းသော အားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။
နောက်ထပ်ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပေ၏။ ဝမ်ကျန်း၏လက်သီးချက်သည် လုယွီ၏ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး လေထုအတွင်းတွင် ပျောက်ကွယ်သွားသည်။
"ဒါက ဘယ်လိုကျင့်ကြံဆင့်စွမ်းအားလဲ..."
လူအများ အံ့အားသင့်သွားကြသည်။
သူတို့သည် တော်ဝင်နန်းတွင်း၏ တော်ဝင်အကြီးအကဲများဖြစ်ပြီး ဝမ်ကျန်းမှာ အတွင်းနန်းတော်၏ တော်ဝင်စစ်ဆေးရေးမှူးဖြစ်သည်။ သူ၏စွမ်းအားသည် နက်နဲသိမ်မွေ့ပေ၏။
ဝမ်ကျန်းသည် အစွမ်းထက်သောကြောင့်လည်း တော်ဝင်နန်းတွင်းရှိ ထိပ်သီးကျင့်ကြံသူများကို ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်။
သို့ရာတွင် ထိုကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ဦးမှ ထုတ်လွှတ်လိုက်သော လက်သီးချက်သည် လုယွီ၏ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ချိုးဖျက်ခံလိုက်ရသည်။ လုယွီ၏စွမ်းအားသည် လူအများ စဉ်းစားတွေးတော၍ မရနိုင်သောအဆင့်သို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားလှ၏။
"သူက တစ်ယောက်တည်းပဲ... သူ့ကို အတူတူသတ်ကြစို့"
နယ်မြေသခင်တစ်ဦးက အော်ဟစ်ပြီးနောက် သူ၏လက်ကိုမြှောက်ကာ လုယွီထံသို့ ညွှန်ပြလိုက်သည်။ ဤသည်မှာ ကောင်းကင်ကို ဖုံးလွှမ်းပြီး နေရောင်ကို ပိတ်ဖုံးအုပ်ထားသော ကြီးမားသည့် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားသည်။
သို့ရာတွင် ရုတ်တရက် ထိုနယ်မြေသခင်သည် စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။
ဤှသည်မှာ လုယွီသည် သူ၏လက်ဝါးပုံရိပ်ယောင်ကို ချက်ချင်းချိုးဖျက်ပြီး သူ၏ရှေ့သို့ ရောက်ရှိလာသောကြောင့်ပင်။
လုယွီ၏လက်သီးတစ်ချက် ကျရောက်သွားကာ...
ထိုနယ်မြေသခင်၏အရိုးများ ကြေမွှပျက်စီးသွားသည်။ သူ၏ပါးစပ်မှ သွေးများကို အဆက်မပြတ်အန်ထုတ်ပြီး သူသည် မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွားပေ၏။
"သူက လက်သီးတစ်ချက်တည်းနဲ့ ဘယ်လို သေသွားတာလဲ"
တခြားတော်ဝင်အကြီးအကဲများသည် နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ခံစားရပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။
လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။ ဤလူများအနက်မှတစ်ဦးကို သတ်ဖြတ်ပြီးနောက် သူသည် နောက်ထပ်တော်ဝင်အကြီးအကဲတစ်ယောက်ထံသို့ ချက်ချင်းရောက်ရှိသွားသည်။
ထိုတော်ဝင်အကြီးအကဲသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။ သူသည် လုယွီကို တားဆီးရန် အလျင်အမြန် ကြိုးစားလိုက်သည်။ သို့ရာတွင် လုယွီ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် သူ့ထံသို့ ချက်ချင်းရောက်ရှိလာသည်။ သူ ရှောင်တိမ်းရန်အတွက် အချိန်မရှိတော့ပေ။
ဘုန်း....
တိုက်ခိုက်မှုတစ်ခုတည်းဖြင့် လုယွီ၏လက်သည် ထိုလူ၏ ခေါင်းပေါ်သို့ ဖိနှိပ်ထားပြီးဖြစ်သည်။
သူ၏လက်ကို သာမာန်ကာလျှံကာ ဖိနှိပ်လိုက်သည်နှင့် ထိုတော်ဝင်အကြီးအကဲ၏ခေါင်း ချက်ချင်းကြေမွှပျက်စီးသွားပြီး သွေးများဖြာကျလာသည်။ ဤမြင်ကွင်းသည် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။
သူတို့ တိုက်ခိုက်ခဲ့သည်မှာ အချိန်အနည်းငယ်သာ ရှိသေးသော်လည်း နောက်ထပ်တော်ဝင်အကြီးအကဲတစ်ဦး သေဆုံးသွားခဲ့လေပြီ။
ကြွင်းကျန်သောလူများ၏ နှလုံးခုန်နှုန်းများ အလွန်အမင်း လျှင်မြန်နေပြီး သူတို့၏မျက်လုံးများမှာ မှိန်ဖျော့နေသည်။ သူတို့၏ရှေ့တွင် မြင်တွေ့နေရသောအရာကို သူတို့ မယုံကြည်နိုင်ကြချေ။
Chapter 4925
"လုယွီ..မင်းက ပုန်ကန်ဖို့ ကြံစည်နေတာပဲ... တော်ဝင်မိသားစုရဲ့ တော်ဝင်အကြီးအကဲတွေကိုတောင် တိုက်ခိုက်ရဲတယ်....မင်းက တော်တော်လေး အတင့်ရဲတာပဲ"
ရှကွေ့မင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း သူသည် တော်ဝင်အကြီးအကဲများ၏နောက်တွင် ပုန်းအောင်းနေသည်။
လုယွီက အေးစက်စက် အော်ဟစ်လိုက်သည်။
"မင်းတို့မှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီးရှိတယ်...ထန်စစ်တပ် ကျူးကျော်လာတုန်းက မင်းတို့တွေ ဘယ်ရောက်နေလဲ....ရှေ့တန်းမှာ မရေမတွက်နိုင်တဲ့လူတွေ သေဆုံးခဲ့တယ်..မင်းတို့ဘယ်ရောက်နေလဲ.... မင်းတို့က ပြင်ပရန်သူကို အရှုံးပေးအညံ့ခံတယ်...ဒါပေမဲ့ ကိုယ့်အချင်းချင်းကို ဖြေရှင်းဖို့ကျတော့ ပြင်းထန်တဲ့နည်းလမ်းတွေကို ကျင့်သုံးကြတယ်...."
ဤထိပ်သီးကျင့်ကြံသူများအားလုံးသာ ရှေ့သို့ထွက်လာပါက ထန်စစ်တပ်သည် ဤမျှထိ လျင်မြန်စွာ ချီတက်လာနိုင်မည် မဟုတ်ချေ။
ကံမကောင်းစွာဖြင့် ကျိုးယွမ်ယန်သည် ဤထိပ်သီးကျင့်ကြံသူများကို အတွင်းနန်းတော်တွင် ထားရှိခြင်းကို ပို၍နှစ်သက်ပြီး သူတို့ကို စစ်ပွဲတွင် ပါဝင်ခွင့်မပြုပေ။
"မင်းဘာသိလို့လဲ... မင်းတို့လို နိမ့်ကျတဲ့လူမျိုးတွေ ဒီမှာ ရှိနေလို့ ထန်အင်ပါယာကို စိတ်မကျေမနပ် ဖြစ်စေတာပဲ.... ငါတို့က မင်းကို ထန်စစ်တပ်နဲ့ တိုက်ခိုက်ခိုင်းတာမဟုတ်ဘူး....မင်းက တပ်တွေကို ဒီနေရာဆီ ဦးဆောင်ပြီး ခေါ်လာခဲ့တာပဲ.. တကယ်လို့ မင်း သေသွားခဲ့ရင်တောင် ဘာအကျိုးမှမရှိဘူး"
ရှကွေ့မင်သည် လူအုပ်၏နောက်ကွယ်တွင် ပုန်းအောင်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ရှကွေ့မင်၏ပါးစပ်မှ ရန်စစကားများ အဆက်မပြတ် ပြောဆိုနေသော်လည်း သူသည် လုယွီ၏သတ်ဖြတ်လိုစိတ်ကို ခံစားမိပုံရသည်။ သူသည် လူအုပ်၏နောက်ကွယ်တွင် ပုန်းအောင်း၍သာ နေဝံ့ပေ၏။
လုယွီသည် ရှကွေ့မင်၏စကားများကို ကြားချိန်တွင် ရှေ့တန်းရှိတိုက်ပွဲ၌ ကျဆုံးသွားသူများကို ရုတ်တရက် သတိရလိုက်သည်။
သူတို့သည် အင်ပါယာအတွက် သေသည်အထိ တိုက်ပွဲဝင်ခဲ့ကြသည်။
ရှကွေ့မင်နှင့်တခြားသူများမှာမူ ရာထူးကြီးမားပြီး အာဏာကို ကိုင်စွဲထားကြသည်။ သို့ရာတွင် သူတို့သည် ရိုင်းစိုင်းစွာ ပြောဆိုကြပြီး သူတို့၏ စကားများတွင် တိုက်ပွဲ၌ ကျဆုံးသွားသော စစ်သည်များကို မထီမဲ့မြင်ပြုခြင်း လှောင်ပြောင်သရော်ခြင်းများဖြင့် ပြည့်နှက်နေသည်။
"မင်း နောက်တစ်ခေါက် ထပ်ပြောစမ်း"
လုယွီက ခြေတစ်လှမ်းရှေ့တိုးပြီး ရှကွေ့မင်ထံသို့ ပြေးသွားသည်။
ရှကွေ့မင်၏ရှေ့တွင် သူ့ကို ကာကွယ်ပေးနေသော တော်ဝင်အကြီးအကဲဆယ့်ငါးဦးရှိသည်။
လုယွီသည် သူတို့ထံသို့ ပြေးလာသည်ကို မြင်တွေ့ချိန်၌ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ် သူတို့ထံသို့ တိုးဝင်လာသည်ကို ချက်ချင်းခံစားမိပေ၏။
ဤသို့သော ဖိအားအရှိန်အဝါသည် သူတို့၏ ခေါင်းထက်သို့ ထိုက်တောင်ကြီး ပြိုကျလာသည့်အလားပင်။ အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်သည် သူတို့ကို ဖိနှိပ်ထားပြီး အသူရာငရဲနယ်မြေနှင့် တူညီနေသည်။
"သူ့ကို မြန်မြန်တားကြစမ်း"
ရှကွေ့မင်၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သော အမူအယာတစ်ရပ် ထင်ဟပ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အမှန်အားဖြင့် သူ အပိုစကားပြောရန် မလိုအပ်ချေ။ ထိုတော်ဝင်အကြီးအကဲများသည် သူတို့ထံသို့ ရောက်လာသော ဖိအားအရှိန်အဝါကို ခံစားမိပြီးဖြစ်သည်။
တော်ဝင်အကြီးအကဲဆယ့်ငါးဦးသည် ပူးပေါင်းလိုက်ကြပြီး အချိန်တခဏအတွင်းမှာပင် သူတို့၏မှော်မန္တာန်များမှ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ မှော်စွမ်းအားလှိုင်းများ နေရာအနှံ့အပြားတွင် ပဲ့တင်ထပ်နေပေ၏။
တော်ဝင်အကြီးအကဲတချို့သည် ဧကရာဇ်အဆင့်ရှိသော မှော်ရတနာများကို ပိုင်ဆိုင်ထားကြသည်။ ယခုအချိန်တွင် သူတို့အားလုံးသည် သူတို့၏မှော်စွမ်းအားကို အဆုံးစွန်ဆုံးအထိ လှည့်ပတ်ပြီး သူတို့၏ လက်အတွင်းမှ မှော်ရတနာများကို တောက်ပသော အလင်းတန်းများဖြင့် လင်းလက်သွားစေသည်။
အချိန်တခဏအတွင်းမှာပင် သူတို့ရှေ့မှ လေဟာနယ်တွင် အတားအဆီးတစ်ခု ဖွဲ့စည်းသွားပြီး သူတို့သည် လုယွီကို ပိတ်ဆို့ဟန့်တားရန် ကြိုးစားနေကြ၏။
သို့ရာတွင် ဤအရာများအားလုံးသည် အချည်းနှီးပင်။
လုယွီသည် လူသားအသွင်ယူထားသော နတ်ဆိုးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး သူ၏ရှေ့မှ အတားအဆီးကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်။
ရှည်လျားသော လေရှုသွင်းသံတစ်သံသည် လုယွီ၏နှာခေါင်းမှ ထွက်ပေါ်လာပြီး အစစ်အမှန်နဂါးတစ်ကောင်၏အသက်ရှုသံအလား လူများအားလုံးကို ထိတ်လန့်ကြောက်လန့်သွားစေသည်။
ထို့နောက် လုယွီ၏ လက်ယာဘက်လက်မောင်းပေါ်တွင် သွေးကြောများ ထောင်ထလာပြီး သူ၏လက်တွင် အကန့်အသတ်မရှိသော အားလှိုင်းတစ်ရပ် ပုန်းအောင်းနေသည့်အလားပင်။
ထို့နောက် လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ကျွံ့ဝင်သွားပုံရပြီး ကျယ်လောင်သော အသံတစ်သံသည် လူများအားလုံး၏နားများအတွင်းတွင် ပဲ့တင်ထပ်သွားပေ၏။
ဘုန်း....
လုယွီသည် လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ ကောင်းကင်ပြိုကျပြီး မြေပြင်အက်ကွဲသွားတော့မည့်အလားပင်။
ယခုအချိန်တွင် သူ၏ရှေ့၌ မြင့်မားသော တောင်တစ်လုံး ပိတ်ဆို့နေလျှင်ပင် ထိုအရာသည် လုံးလုံးလျားလျား ကြေမွသွားနိုင်ဖွယ်ရှိသည်။
လုယွီကို တားဆီးရန် ကြိုးစားနေသော တော်ဝင်အကြီးအကဲများသည် သူတို့၏ နားများအတွင်းတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကိုသာ ကြားလိုက်ရသည်။ သူတို့အနက်မှ ခြောက်ဦးသည် နေရာမှာပင် သေဆုံးသွားပြီး သူတို့၏ အရိုးများပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။
တော်ဝင်အကြီးအကဲတစ်ယောက်သည် ခန့်ညားထည်ဝါသော စေတီမှော်ရတနာတစ်ခုကို ဆင့်ခေါ်ပြီး ထိုအရာပေါ်သို့ မရေမတွက်နိုင်သော တာအိုနည်းစနစ်များကို ထုတ်လွှတ်လိုက်သည်။
သို့ရာတွင် အချိန်တခဏအတွင်းမှာပင် လုယွီသည် သူ၏ရှေ့သို့ ရောက်ရှိသွားပေ၏။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏လက်သီးကို လက်သည်းအဖြစ် ပြောင်းလဲလိုက်ပြီး မိုးပြားနဂါး ကောင်းကင်ကိုဆုတ်ဖြဲခြင်း နည်းစနစ်ဖြင့် စေတီကို ရိုက်နှင်လိုက်သည်။
လေဟာနယ်အတွင်းမှ မိုးပြာနဂါး၏ ဒေါသတကြီးဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ စေတီပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာပြီး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပေ၏။
"အား..."
စေတီမှော်ရတနာကို ထိန်းချုပ်သော တော်ဝင်အကြီးအကဲသည် စူးရှနာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏လည်ပင်းကို လုယွီက လိမ်ချိုးလိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
လုယွီသည် လောလောလတ်လတ် ငရဲနယ်မြေမှ ထွက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး အသက်များကို အဆက်မပြတ် ရိတ်သိမ်းနေသည်။
Thank For Reading.