← Chapters

အခန်း (၄၉၂၆-၄၉၃၀)

Vol. 250 Ch. 4926-4930

အခန်း (၄၉၂၆-၄၉၃၀)

Vol. 250 Ch. 4926-4930

Chapter 4926

ရှကွေ့မင်သည် သူ့ရှေ့မှ လူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို ကြည့်ရင်း ကြောက်ရွံ့လာသည်။

သူ၏အဆင့်အတန်းသည် ထူးခြားပြီး သူ၏ အရည်အချင်းသည်လည်း ထူးချွန်ပေ၏။ သူသည် ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသူဖြစ်သည်။ နောက်ခံမရှိဘဲ အစမှစတင်ခဲ့သော လုယွီကို သူ ကြည့်လိုက်သည်။ သူသည် အမြဲတစေ အစောင့်များဖြင့် ဝန်းရံနေခဲ့ပြီး ဤသို့သော အကျပ်အတည်းမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးပေ။

ရှကွေ့မင်သည် တော်ဝင်အကြီးအကဲများ ရှိနေသောကြောင့် လုယွီကို ဖြေရှင်းရန်မှာ ဆန်မုန့်တစ်ခု စားရသလောက် လွယ်ကူလိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ဤကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။ နောက်ဆုံးတွင် သူသည် လုယွီ၏ သတ်ဖြတ်ခြင်းကို ခံရတော့ပေမည်။

"မင်း ခုဏကပြောခဲ့တာကို ငါ့ရှေ့မှာ ထပ်ပြောရဲလား....မင်းသားကူနဲ့ စစ်သည်တော်တွေရဲ့ စတေးမှုက အလဟဿဖြစ်သွားတယ်လို့ မင်းပြောရဲလား"

လုယွီ၏ အသံသည် ပို၍ပို၍ ကျယ်လောင်လာပြီး မိုးကြိုးပစ်ခတ်သံအလားပင်။

"လုယွီ.... မင်း ဒီနေ့ သေချာပေါက် သေရမယ်"

ရှကွေ့မင်သည် ထိတ်လန့်ကြောက်ရွံ့ပြီး နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေသည်။

"ဒီနေ့သေရမှာက မင်းပဲ"

လုယွီက အော်ဟစ်ပြီး သူ၏လက်ဝါးကို မြှောက်လိုက်သည်။

ဘုန်း....

ရုတ်ချည်းဆိုသလိုပင် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ထွန်းလင်းသွားစေသည်။

ဝမ်ကျန်းသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူသည် အလျင်အမြန် ရှေ့သို့ထွက်လာပြီး တားဆီးလိုက်၏။

ထိုမိန်းမစိုးသည် ခြေတစ်လှမ်းရှေ့တိုးလိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးချီများသည် မီးခိုးငွေ့များကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူ၏ခွန်အားသည် တောင်တန်းများနှင့် မြစ်များကို ခြေမွှဖျက်ဆီးနိုင်စွမ်းရှိကာ သူသည် ရှေးဟောင်းသိုင်းသူတော်စင် အထွတ်အထိပ်အဆင့်တစ်ယောက်၏ ခွန်အားကို ပိုင်ဆိုင်ထားသည်။

သူသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ သူ၏ခွန်အားဖြင့် ခုခံလိုသော်လည်း လုယွီ၏ရွှေရောင်လက်ဝါး ပုံရိပ်ယောင်ကြီးကြောင့် သူသည် မီတာရာပေါင်းများစွာအကွာသို့ လွင့်ထွက်သွားပြီး ရေအတွင်းသို့ကျသွားသည်။

ဘုန်း....

ငြိမ်သက်နေသော ရေမျက်နှာပြင်တွင် ရုတ်တရက် ပြင်းထန်သောလှိုင်းများ ထလာသည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်ကျန်းသည် မြစ်ရေအတွင်းသို့ ပြုတ်ကျသွားပေ၏။ မာကျောသော မြေကြီးပေါ်သို့ ကျသွားပါက သူသည် ဤတစ်ကြိမ်တွင် ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်ဖွယ်ရှိသည်။

"ဟား ဟား ဟား...လုယွီ...မင်း ခုဏက မင်းရဲ့စွမ်းအားကုန် မသုံးနိုင်ခဲ့ဘူး... မင်း တကယ့်ကို ဒဏ်ရာအပြင်းအထန် ရထားတာပဲ.... မင်းက အားကုန်လုနီးပါး ဖြစ်နေမှာကို ငါ စိုးရိမ်တယ်.... မင်းရဲ့စွမ်းအားက ထူးချွန်ရင်တောင် မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ"

ဝမ်ကျန်းသည် ရေအတွင်းမှ ထွက်လာသော်လည်း သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ထင်ဟပ်နေသည်။

သူသည် အချိန်တခဏအတွင်းမှာပင် လုယွီ၏ အခြေအနေကို ထွင်းဖောက်မြင်ခဲ့သည်။

ထိုအချိန်က လုယွီ ရင်ဆိုင်ခဲ့ရသူမှာ အဆင့်မြင့်တာအိုသခင် ယန်ကျန့်ပင်။

မင်းသားကူသည် လုယွီ သေသွားစေနိုင်သော ထိုးနှက်ချက်များစွာကို တားဆီးပေးခဲ့သော်လည်း သူသည် ဒဏ်ရာအပြင်းအထန်ရခဲ့ဆဲပင်။

အဆင့်မြင့်တာအိုသခင်တစ်ယောက်သည် အလွန်အစွမ်းထက်ပေ၏။ လုယွီ၏ လက်ရှိအဆင့်အရ အများဆုံးအနေဖြင့် သူသည် တာအိုသခင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နိုင်သည်။

လုယွီသည် ကျားလှောင်အိမ်တောင်ကြားခံတပ်တွင် ရက်အနည်းငယ် အနားယူခဲ့သော်လည်း အသုံးမဝင်ခဲ့ချေ။

ဤသို့သော ဒဏ်ရာမျိုးသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာရန်အတွက် အချိန်ကြာမြင့်စွာ အနားယူရန် လိုအပ်သည်။

ဤအကြောင်းကြောင့် ကျိုးယွမ်ယန်သည် တော်ဝင်မြို့တော်သို့ လုယွီ ပြန်လာသောလမ်းတွင် တိုက်ခိုက်ရန် အလျင်အမြန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

"သူက အခု အားနည်းနေတဲ့အခြေအနေမှာ ရှိနေတယ်... အားလုံးပဲ အစွမ်းကုန်သုံးပြီး သူ့ကိုသတ်ကြစမ်း"

ဝမ်ကျန်းက အော်ဟစ်လိုက်သည်။

တခြားတော်ဝင်အကြီးအကဲများ ချက်ချင်း ရှေ့သို့ထွက်လာကြသည်။ သူတို့တစ်ဦးစီ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ သူတို့အားလုံးသည် လျှို့ဝှက်နည်းစနစ်များကို အသုံးပြုခဲ့ပေ၏။

ဤလျှို့ဝှက်နည်းစနစ်များကို အသုံးပြုသည်နှင့် သူတို့သည် သူတို့၏ လက်ရှိကျင့်ကြံဆင့်ထက် ကျော်လွန်သော စွမ်းအားကို ပြသနိုင်ပြီး အထွတ်အထိပ်အခြေအနေသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်။

ယေဘုယျအားဖြင့် သူတို့သည် တိုက်ပွဲ၏ နောက်ဆုံးအချိန်တွင်သာ လျှို့ဝှက်နည်းစနစ်များကို အသုံးပြုလေ့ရှိသည်။

သို့ရာတွင် ယခုအချိန်တွင် သူတို့အတွက် အခွင့်အရေးသည် အချိန်တခဏတာသာရှိပေ၏။ တော်ဝင်အကြီးအကဲများသည် ဤအခွင့်အရေးကို မဖြုန်းတီးလိုကြချေ။

ဘုန်း...ဘုန်း...

ဆယ်နှင့်ချီသော မှော်မန္တာန်များသည် လုယွီ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာသည်။ လုယွီ၏ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့်ပင် သူသည် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရသည်။

"သူမသေသေးဘူး...."

လူအများသည် ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏မျက်လုံးများ ပြူးကျယ်သွားပေ၏။

သူတို့သည် သူတို့၏မှော်မန္တာန်များကို အဆုံးစွန်ဆုံးအဆင့်ထိ ထုတ်လွှတ်ခဲ့ကြသည်။ လူအမြောက်အများ အတူပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသဖြင့် သူတို့မှော်မန္တာန်များ၏စွမ်းအားသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သည့် အဆင့်သို့ ရောက်ရှိနေလေပြီ။

သို့ရာတွင် ထိုသို့ဖြစ်နေသည့်တိုင် သူတို့သည် လုယွီကို တစိုးတစိမျှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။

ဤှကိစ္စကို သူတို့ စဉ်းစားတွေးတော၍ မရတော့ပေ။

တိုက်ခိုက်မှုများသည် ဆက်လက်၍ဖြစ်ပွားနေသော်လည်း လုယွီ၏ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းများ ဖြာထွက်နေဆဲပင်။ သူ၏ခန္ဓာကိုယ်သည် ကြံ့ခိုင်သန်မာကာ မရေမတွက်နိုင်သော ဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိသကဲ့သို့ ဖြစ်နေသည်။

"ငါ့မှာ ဧကရာဇ်အဆင့် မှော်လက်နက်တစ်ခု ရှိတယ်...ဒီတစ်ခါတော့ မင်း သေကိုသေရမယ်"

ဝမ်ကျန်းသည် အော်ဟစ်ပြီး သူ၏သိုလှောင်လက်စွပ်အတွင်းမှ မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်၏။

Chapter 4927

ထိုအရာသည် လက်တစ်ဝါးအရွယ်အစားသာရှိပြီး ကြေးနီရောင်ဖြစ်ကာ ရှေးဟောင်းအငွေ့အသက်တစ်ခုကို ပေးစွမ်းနိုင်သည်။

ဤသည်မှာ ကြေးနီတံဆိပ်ပြားတစ်ခုပင်။

ထိုတံဆိပ်ပြား၏ထိပ်တွင် မိုးကြိုးနတ်ဘုရားနှင့် လျှပ်စီးနတ်ဘုရားတို့၏ ပုံစံများကို ထွင်းထုထားသည်။ သူတို့သည် ဒေါသတကြီးအမူအယာဖြင့် စူးစိုက်ကြည့်နေကြသည်။ အနီးကပ်ကြည့်လျှင် တံဆိပ်၏ မျက်နှာပြင်ပေါ်တွင် အလင်းတန်းတစ်တန်း လင်းလက်နေသည်ကို တွေ့ရပေလိမ့်မည်။ ဤှသည်မှာ စီးဆင်းနေသော ရေကန့်လန့်ကာတစ်ခုက လွှမ်းခြုံထားသကဲ့သို့ဖြစ်ပြီး ထိုအရာ၏စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းပေ၏။ တံဆိပ်ပြား၏ အောက်ခြေတွင် စာလုံးကြီးတချို့ကို ထွင်းထုထားသည်။

"မိုးကြိုးငါးသွယ်...."

လုယွီသည် ဤတံဆိပ်ပြားကို မြင်ချိန်၌ ဤမှော်ရတနာ၏မူလအစကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။

ထိုက်ချန်ဧကရာဇ် မင်းသားဘဝတွင် ရှိနေစဉ်က ပုန်ကန်နေသော ဂိုဏ်းလေးခုကို ဖျက်ဆီးရန် အမိန့်ပေးခံခဲ့ရသည်။ ထိုဂိုဏ်းလေးဂိုဏ်းအနက်မှ တစ်ခုကို မိုးကြိုးငါးသွယ်မြင့်မြတ်နယ်မြေဟု ခေါ်သည်။

မိုးကြိုးငါးသွယ်မြင့်မြတ်နယ်မြေသည် တော်ဝင်နန်းတော်ကို လက်အောက်ခံမည်ဟု ဦးစွာကြေညာပြီး တော်ဝင်နန်းတော်၏ စစ်တပ်အတွက် လမ်းပြအဖြစ် အမှုထမ်းရန် ဆန္ဒရှိခဲ့သည်။ ထိုက်ချမ်ဧကရာဇ်မှာ သံသယမရှိဘဲ မိုးကြိုးငါးသွယ်မြင့်မြတ်နယ်မြေကို လမ်းပြစေခဲ့သည်။ မမျှော်လင့်ဘဲ ခရီးတစ်ဝက်တွင် မိုးကြိုးငါးသွယ်မြင့်မြတ်နယ်မြေသည် ရုတ်တရက် ပုန်ကန်ပြီး တခြားဂိုဏ်းများနှင့် မဟာမိတ်ဖွဲ့ကာ တော်ဝင်နန်းတွင်း၏ စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။

တော်ဝင်စစ်တပ်သည် ဆုံးရှုံးမှုကြီးမားခဲ့ပြီး ထိုက်ချမ်ဧကရာဇ်သည် သူ၏ကိုယ်ပိုင်စွမ်းအားကို မှီခိုအားထားကာကာ ဝန်းရံမှုမှ အတင်းအကြပ် ထိုးဖောက်ထွက်ခဲ့ရသည်။

ထို့နောက်တွင် ထိုက်ချမ်ဧကရာဇ်သည် မိုးကြိုးငါးသွယ်မြင့်မြတ်နယ်မြေကို သူကိုယ်တိုင်ဖျက်ဆီးခဲ့ပြီး ဂိုဏ်းအတွင်းရှိ လူများအားလုံးကို သတ်ဖြတ်ခဲ့သည်။ ဤှသည်ကို မကောင်းမှုအား အမြစ်ဖြတ်သုတ်သင်ခြင်းဟု မှတ်ယူနိုင်ပေ၏။ ဂိုဏ်းများနှင့် သူတို့၏ရတနာအားလုံးကို တော်ဝင်နန်းတွင်၏ အတွင်းနန်းတော်တွင် သိမ်းဆည်းခဲ့ပြီး မြင့်မြတ်နယ်မြေများကို လုံလုံးလျားလျား ရှင်းလင်းခဲ့သည်။

ဤမိုးကြိုးငါးသွယ်တံဆိပ်ပြားသည် မိုးကြိုးငါးသွယ်မြင့်မြတ်နယ်မြေ၏ အန္တိမမှော်ရတနာပင်။

ထိုအရာ၏စွမ်းအားသည် အလွန်ကြီးမားပြီး အထူးသဖြင့် ထိုက်ချမ်ဧကရာဇ်ထံမှ အားဖြည့်မှုကို ရရှိပြီးနောက် ပို၍ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလာပေ၏။

ထိုကဲ့သို့သော မှော်ရတနာကို တော်ဝင်မိသားစုကသာ ထိန်းချုပ်နိုင်သည်။ သာမန်အရာရှိများသည် ဧကရာဇ်ထံမှ ယာယီအသုံးပြုခွင့်ကိုသာ ရရှိနိုင်ပေမည်။

လုယွီကို သတ်ရန်အတွက် ကျိုးယွမ်ယန်သည် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ပြီး အဆုံးစွန်ဆုံးအထိ တွက်ချက်ခဲ့လေ၏။

ထိုတံဆိပ်ပြားမှ မိုးကြိုးလျှပ်စီးပင်လယ်ကြီး ထွက်ပေါ်လာကာ မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးတန်းများက လုယွီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူ့ကို နောက်သို့အဆက်မပြတ် ဆုတ်ခွာစေသည်။

"ဟား ဟား ဟား...ဒီအခွင့်အရေးကိုယူပြီး သူ့ကိုသတ်ပစ်စမ်း"

ဝမ်ကျန်းသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ အလွန်ဝမ်းသာသွားသည်။

အတွင်းနန်းတော်တွင် သိမ်းဆည်းထားသော မှော်ရတနာများသည် အမှန်တကယ်ကို အစွမ်းထက်ပေ၏။

ပြင်းထန်သော မိုးကြိုးလျှပ်စီးတန်းများက လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာပြီး သူသည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရသည်။

တော်ဝင်အကြီးအကဲများသည် နံဘေးပတ်လည်ကို ဝိုင်းရံထားကာ လုယွီအား နောက်ကွယ်မှ တိတ်တဆိတ်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။ သို့ရာတွင် လုယွီသည် အလွန်လျှင်မြန်စွာ တုံ့ပြန်ပြီး တန်ပြန်တိုက်ခိုက်မှုတစ်ခုကို ချက်ချင်းစတင်လိမ့်မည်ဟု သူတို့ တွေးထင်မထားခဲ့ကြချေ။

ဘုန်းခနဲအသံနှစ်သံနှင့်အတူ လုယွီကို တိုက်ခိုက်ရန် ကြိုးစားသော တော်ဝင်ကျင့်ကြံသူများ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

မိုးကြိုးငါးသွယ်တံဆိပ်ပြားမှ ထုတ်လွှတ်လိုက်သော ကောင်းကင်ဘုံမိုးကြိုးကို ကြည့်ပြီးနောက် လုယွီက မျက်မှောင်ကြုတ်လိုက်၏။

သူထံတွင် ဒဏ်ရာများရှိနေဆဲဖြစ်ပြီး သူသည် အကောင်းဆုံးအခြေအနေတွင် မရှိချေ။

ဤလူများနှင့် တိုက်ခိုက်ခြင်းသည် သူ၏မှော်စွမ်းအားများကို ပို၍ပို၍ကုန်ဆုံးသွားစေလိမ့်မည်။

"လုယွီ... ငါ ပြောခဲ့သလိုပဲ မင်းဒီနေ့ သေရမယ်" ရှကွေ့မင်သည် မိုးကြိုးငါးသွယ်တိုက်ခိုက်မှုနောက်ကွယ်တွင် ပုန်းအောင်းကာ ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာဖြင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

မိုးကြိုးလျှပ်စီး၏ တိုက်ခိုက်မှုအောက်တွင် လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများ တဖြည်းဖြည်း စုတ်ပြဲသွားပြီး သန်မာသော ကြွက်သားများကို ပေါ်လွင်သည်။

ထိုမိုးကြိုးလျှပ်စီးသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသော်လည်း သူ့ကို သိသာသော ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေနိုင်သေးချေ။ သို့ရာတွင် ထိုအရာသည် သူ၏မှော်စွမ်းအားကို အရူးအမူးဝါးမြိုနေပေ၏။

"အားလုံးပဲ....ငါတို့ မိုးကြိုးငါးသွယ်တံဆိပ်ပြားကို အတူတူထိန်းချုပ်ပြီးတော့ သူ့ကို ရှင်းပစ်ကြစို့"

ဝမ်ကျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

တော်ဝင်အကြီးအကဲများ၏ မျက်လုံးများ ချက်ချင်းဆိုသလိုပင် တောက်ပသွားကြသည်။ သူတို့အားလုံးသည် ရှေ့သို့ထွက်လာပြီး သူတို့၏ မှော်စွမ်းအားများကို မိုးကြိုးငါးသွယ်တံဆိပ်ပြားအတွင်းသို့ ထည့်သွင်းလိုက်ကြသည်။

ကြီးမားကျယ်ပြန့်သော မှော်စွမ်းအားပမာဏကို ရရှိပြီးနောက် မိုးကြိုးငါးသွယ်တံဆိပ်ပြားမှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး မိုးကြုးလျှပ်စီးများသည်လည်း ပို၍ပင် တောက်ပလာပေ၏။

မျက်စိတစ်ဆုံးမြင်နိုင်သမျှ အကွာအဝေးထိ လုယွီရှိနေသော နေရာတဝိုက်လုံး မိုးကြိုးလျှပ်စီးပင်လယ်ဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့လေပြီ။

"လုယွီ...မင်းရဲ့မှော်စွမ်းအားတွေ ကုန်သွားတဲ့အချိန်မှာ မင်းက ငါတို့ကို တိုက်ခိုက်ဖို့ ဘာကိုသုံးနိုင်မလဲဆိုတာ ငါ ကြည့်ချင်တယ်"

ဝမ်ကျန်းက အော်ဟစ်လိုက်သည်။

သို့ရာတွင် လုယွီသည် ထိတ်ထိတ်ပျာပျာ ဖြစ်မသွားချေ။ ဝမ်ကျန်းနှင့်တခြားလူများ၏ စိုးရိမ်ပူပန်နေသော မျက်နှာများကို ကြည့်ပြီးနောက် လုယွီ၏ မျက်နှာပေါ်တွင် သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။

ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး သဘာဝလွန်ပုံရိပ်တစ်ခုလည်း ထွက်ပေါ်လာပေ၏။ ဤသည်မှာ မိုကောင်းကင်ယံတွင် ပျံသန်းနေသော ရှေးဟောင်းသူတော်စင်တစ်ပါးနှင့် တူညီနေပြီး သူ၏အရှိန်အဝါသည် အကန့်အသတ်မရှိချေ။

"ငါ မင်းတို့ကို ပြောဖို့မေ့သွားတယ်..ငါက အခု မွေးရာပါသူတော်စင်တစ်ပါးပဲ"

လုယွီ၏အသံသည် ကျယ်လောင်ပြီး ပီပြင်ရှင်းလင်းကာ သူသည် အရပ်မျက်နှာအဘက်ဘက်ရှိ မိုးကောင်းကင်ဥပဒေသများကို အမိန့်ပေးနေသည့်အလားပင်။ အကန့်အသတ်မရှိသော စိတ်ဝိညာဉ်စွမ်းအားများသည် လုယွီထံသို့ အရူးအမူး ပြေးဝင်လာသည်။

"ကောင်းကင်နဲ့မြေပြင်ရဲ့ စိတ်ဝိညာဉ်ချီတွေ... ငါ့အမိန့်ကို နာခံကြစမ်း"

Chapter 4928

လုယွီ၏အသံသည် တိမ်တိုက်များအကြားတွင် ပဲ့တင်ထပ်သွားသည်နှင့် စိတ်ဝိညာဉ်စွမ်းအားများသည် ဧကရာဇ်နှင့်တွေ့ဆုံသော လက်အောက်ခံများအလား သူ၏နံဘေးသို့ ရောက်ရှိလာကြသည်။

ယခင်က လီမီသည် စကားတစ်ခွန်းတည်းဖြင့် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေများကို သူ့အားကူညီရန် ဆင့်ခေါ်နိုင်ခဲ့သည်။ ဤသည်မှာ ကောင်းကင်ဘုံကိုဆန့်ကျင်သော နည်းစနစ်တစ်ခုပင်။

လုယွီ၏စွမ်းအားသာ လီမီထက် များစွာပို၍သာလွန်ခြင်းမရှိပါက သူသည် လီမီ၏လက်ချက်ဖြင့် သေဆုံးသွားနိုင်ဖွယ်ရှိသည်။

ဤှသည်မှာ မွေးရာပါသူတော်စင်တစ်ပါးဖြစ်ခြင်း၏ အားသာချက်ပင်။

သူတို့သည် ကောင်းကင်ဘုံ၏မျက်နှာသာပေးခြင်းကို ခံရသူများဖြစ်ပေ၏။ သူတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကောင်းကင်နှင့်မြေပြင်၏ ကောင်းချီးပေးခြင်းကို ခံရပေလိမ့်မည်။

လုယွီသည် မူလက သေမျိုးလူသားတစ်ဦးသာဖြစ်ပြီး သူ၏ပင်ကိုယ်အရည်အချင်းသည် အလွန်ထူးချွန်ခြင်း မရှိခဲ့ချေ။ သူသည် ကံကြမ္မာကောင်းများနှင့် အတွေ့အကြုံများကို အားကိုး၍သာ သူ၏ယခုလက်ရှိအဆင့်သို့ ကြီးထွားလာခဲ့သည်။

ယခုချိန်တွင်မူ လုယွီထံတွင် ထိုကဲ့သို့သော ပါရမီအရည်အချင်းတစ်ခု ရှိနေလေပြီ။

ဤသည်မှာ ပါရမီရှင်တစ်ဦး၏ ခံစားချက်ပင်။

အချိန်တခဏအတွင်းမှာပင် လုယွီသည် ကောင်းကင်နှင့်မြေပြင်၏ ကောင်းချီးပေးခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမည်သည့်အရာ လုပ်ဆောင်နေပါစေ သူ၏စိတ်သည် ရှင်းလင်းနေပြီး မည်သည့်အတားအဆီးမျှ မရှိတော့ချေ။

လုယွီသည် ရုတ်တရက် ခံစားချက်တစ်ခု ရရှိသွားသဖြင့် သူ၏လက်ကိုမြှောက်ကာ ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်၏။

သူ၏ခန္ဓာကိုယ်ပေါ်သို့ တိုက်ခိုက်နေသော ကောင်းကင်ဘုံမိုးကြိုး ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုအရာသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး လုယွီ၏ လက်ဝါးအတွင်းတွင် ပျံဝဲနေပေ၏။

လုယွီသည် မိုးကြိုးတစ်သောင်း၏အလယ်ဗဟိုတွင် ရှိနေသည်။ ကောင်းကင်ဘုံမိုးကြိုးသည် သူ့၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေသော်လည်း သူ့ကို ထိခိုက်အောင် မလုပ်နိုင်ချေ။

"သဘာဝသူတော်စင်...မင်းက သဘာဝအတိုင်း မွေးဖွားလာတဲ့ သူတော်စင်တစ်ပါးလား... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဝမ်ကျန်းသည် လုယွီ၏စကားကို ကြားချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဥပမာပေးရလျှင်လောကကြီးအတွင်းရှိ သန်းရာထောင်ချီသော သက်ရှိများအနက် သဘာဝအတိုင်း မွေးဖွားလာသော သူတော်စင်သည် တစ်ဦး သို့မဟုတ် နှစ်ဦးသာ ရှိနိုင်သည်။

ထိုကဲ့သို့သော ပါရမီအရည်အချင်းရှိသည့် မည်သူမဆို အနာဂတ်တွင် ကြီးမားသော အရာများကို သေချာပေါက် အောင်မြင်ပေလိမ့်မည်။ အကြောင်းအရင်းမှာ သူတို့ထက် အစွမ်းထက်သူများပင်လျှင် ကံကြမ္မာအရ သူတို့ကို မကျော်လွှားနိုင်သောကြောင့်ပင်။

လုယွီသည် သဘာဝသူတော်စင်တစ်ပါး ဖြစ်နေပါက သူ မည်သည်ကြောင့် မသိဘဲနေမည်နည်း။

သို့ရာတွင် လုယွီ ထုတ်ဖော်အသုံးပြုခဲ့သော နည်းလမ်းမှာ သူ၏နားလည်သဘောပေါက်မှုကို ကျော်လွန်သွားခဲ့လေပြီ။

ကောင်းကင်ဘုံမိုးကြိုးသည် မိုးကောင်းကင်တာအို၏ပြစ်ဒဏ်ပင်။

မိုးကြိုးငါးသွယ်တံဆိပ်ပြားသည် ရန်သူကို တိုက်ခိုက်ရန် ကောင်းကင်ဘုံမိုးကြိုးကို အမိန့်ပေးနိုင်သော အလံတစ်ခုအလားဖြစ်သည်။

သို့ရာတွင် ဤသည်မှာ တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်သည် အပေါ်တွင်လည်း မူတည်ပေ၏။

ဤသည်မှာ လူတစ်ယောက်သည် အမတ်ကြီးတစ်ဦးကို ညွှန်ပြနိုင်သော ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသော်လည်း ဧကရာဇ်ကိုမူ မညွှန်ပြနိုင်သည့်အလားပင်။

လုယွီသည် ယခုအချိန်၌ သဘာဝသူတော်စင်တစ်ပါးဖြစ်ကာ ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကိုဘခံရသော ကံကြမ္မာသားတော်ပင်။ မိုးကြိုးငါးသွယ်တံဆိပ်ပြားသည် သူ့ကို လုံးလုံးလျားလျား မထိခိုက်စေနိုင်ချေ။

"ကောင်းကင်ဘုံမိုးကြိုးက သူ့ရဲ့ထိန်းချုပ်မှုအောက်ကို ဘယ်လိုလုပ်ပြီး ရောက်သွားတာလဲ..."

တော်ဝင်အကြီးအကဲများသည် ဤမြင်ကွင်းကို မြင်ချိန်၌ သူတို့အားလုံး မှင်တက်သွားကြသည်။ သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ထိတ်လန့်ကြောက်ရွံမှုများ ချက်ချင်းပျံ့နှံ့သွားပေ၏။

သူတို့သည် လုယွီမှ သူ၏လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။

ဝုန်း...

ထူထပ်သိပ်သည်းသော မိုးကြိုးလျှပ်စီးများသည် လျှပ်စီးသားရဲတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ကျယ်လောင်သောအသံဖြင့် သူတို့ထံသို့ ပြေးဝင်လာသည်။

မိုးကြိုးလျှပ်စီးများသည် ချက်ချင်းဆိုသလိုပင် လူများအားလုံးကို လွှမ်းခြုံသွားပေ၏။

"အား....မကောင်းတော့ဘူး...မိုးကြိုးငါးသွယ်အကာအကွယ်..."

ဤသည်ကို မြင်တွေ့ချိန်တွင် ဝမ်ကျန်းသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး မိုးကြိုးငါးသွယ်တံဆိပ်ပြားဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

သူသည် သူ၏လုံခြုံရေးကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း သူ၏နံဘေးမှ တော်ဝင်အကြီးများကမူ အခြေအနေဆိုးရွားသွားသည်။

ဤလူများသည် အစောပိုင်းက မိုးကြိုးငါးသွယ်တံဆိပ်ပြား၏ နံဘေးပတ်လည်တွင် စုဝေးနေကြပြီး သူတို့၏မှော်စွမ်းးများအားလုံးကို ဤမှော်ရတနာအတွင်းသို့ ထည့်သွင်းခဲ့ကြသည်။ ထိုသို့ပြုလုပ်မှာသာ မှော်ရတနာ၏ အထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်ပြသနိုင်ပေမည်။

ယခုချိန်တွင်မူ ကောင်းကင်ဘုံမိုးကြိုးသည် ရုတ်တရက် လားရာပြောင်းလဲပြီး သူတို့ကို တိုက်ခိုက်ခဲ့သည်။ ဤလူများထံတွင် တုံ့ပြန်ရန် အချိန်မရှိခဲ့ချေ။

"လုယွီ... မင်း..."

ရှကွေ့မင်သည် စကားပြောလိုသော်လည်း သူသည် ကောင်းကင်ဘုံမိုးကြိုး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်မှော်စွမ်းအားသည် ချက်ချင်းပျောက်ကွယ်သွားပေ၏။

လုယွီသည် ခြေတစ်လှမ်းရှေ့တိုးပြီး သူ၏လည်ပင်းကို လက်ဖြင့် ဆုပ်ကိုင်လိုက်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။

"မင်းက ဘာပြောချင်သေးတာလဲ"

ဂျွတ်...

ကြည်လင်ပြတ်သားသောအသံနှင့်အတူ ရှကွေ့မင်၏လည်ပင်းရိုး ချက်ချင်းကျိုးသွားသည်။

သူ၏မျက်လုံးများသည် ပြူးကျယ်နေပြီးနောင်တများဖြင့် ပြည့်နှက်နေပေ၏။

ရှကွေ့မင်သည် လူအမြောက်အများကြားတွင် ဝှက်နေခဲ့သော်လည်း လုယွီမှ သူကို သတ်နိုင်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

Chapter 4929

ကောင်းကင်ဘုံမိုးကြိုးသည် ဟိန်းဟောက်ကာ လမ်းတလျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးနေသည်။

ခန့်ညားထည်ဝါသော ခန်းမသည် မိုးကြိုးလျှပ်စီးကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားပေ၏။

မုန်တိုင်းခန်းမဆောင်တစ်ခုလုံး ထိခိုက်ပျက်စီးသွားသည်။ ထိုအရာသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြိုကျသွားပြီး အပျက်အစီးပုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

လုယွီက ရှေ့သို့လျှောက်လှမ်းသွားသည်။ သူ၏လက်ညှိုးကို တစ်ချက်လှုပ်ခတ်လိုက်သည်နှင့် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးတန်းများ သူ၏အမိန့်ကို နာခံပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြေးဝင်သွားကြသည်။

ဘုန်း....ဘုန်း....

တော်ဝင်အကြီးများ၏စွမ်းအားသည် မြင့်မားသော်လည်း သူတို့သည် ကောင်းကင်ဘုံမိုးကြိုး၏စွမ်းအားထက် အနည်းငယ်နိမ့်ကျနေဆဲပင်။

လူများ ပို၍ပို၍သေဆုံးသွားကြသည်။ တချို့လူများ မှော်ရတနာများကို အသုံးပြု၍ တားဆီးရန် ကြိုးစားသော်လည်း ကောင်းကင်ဘုံမိုးကြိုးသည် အလွန်အစွမ်းထက်ပြီး ကောင်းကင်ဘုံမှ ပြစ်ဒဏ်ကဲ့သို့ ဖြစ်နေသည်။ သာမန်မှော်ရတနာတစ်ခုသည် ထိုစွမ်းအားကို မည်သို့ ခုခံနိုင်မည်နည်း။

ပြင်းထန်သော မိုးကြိုးလျှပ်စီးများအောက်တွင် တော်ဝင်အကြီးအကဲအမြောက်အများသည် မီးသွေးတုံးအဖြစ်သို့ ပြောင်းလဲသွားပေ၏။

မြေပြင်ပေါ်တွင် နက်ရှိုင်းသော ကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုကျင်းနက်ကြီးအတွင်းတွင် မရေမတွက်နိုင်သော အလောင်းများ ပြန့်ကျဲနေသည်။ သူတို့သည် ယခင်က မည်ကဲ့သို့ပုံစံမျိုး ရှိခဲ့သည်ကို မည်သူမျှ မပြောနိုင်တော့ချေ။

"လုယွီ...မင်းက လူတွေအများကြီးကို သတ်ခဲ့တယ်...မင်းက သစ္စာဖောက်တစ်ယောက်ပဲ...မင်းက ပုန်ကန်ချင်တာလား..."

ဝမ်ကျန်း၏ မျက်လုံးများ ပြူးကျယ်နေပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။

ဤသေဆုံးသွားသော တော်ဝင်အကြီးအကဲများအားလုံးသည် ကျိုးတော်ဝင်မိသားစုက အပင်ပန်းခံ၍ ပြုစုပျိုးထောင်ခဲ့သူများပင်။

သို့ရာတွင် ယခုချိန်တွင်မူ သူတို့သည် လုယွီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ဤတော်ဝင်အကြီးအကဲများကို တဖန်ပြန်၍ ပြုစုပျိုးထောင်ရန်မှာ အလွန်ခက်ခဲသော အလုပ်တစ်ခုပင်။

လုယွီက အေးစက်သောလေသံဖြင့် တုံ့ပြန်လိုက်၏။

"မင်းတို့ ငါ့ကို ဖယ်ရှားချင်တဲ့အချိန်ကတည်းက ဒီရလဒ်ကို မျှော်လင့်ထားသင့်တယ်"

မရေမတွက်နိုင်သော အလောင်းများ လုယွီ၏ ခြေထောက်အောက်တွင် စုပုံနေသည်။

လေပြေတစ်ချက် တိုက်ခတ်သွားပြီး လေထုအတွင်းတွင် မီးလောင်နံ့နှင့်အတူ ပြင်းထန်သော သွေးနံ့များဖြင့် ပြည့်နှက်နေသည်။

တော်ဝင်အကြီးအကဲ တစ်ရာကျော်အနက် တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်းမရှိပေ။ သူတို့အနက်မှတချို့သည် အလောင်းပင် ကြွင်းကျန်ခဲ့ခြင်း မရှိချေ။ ကောင်းကင်ဘုံမိုးကြိုး၏ တိုက်ခိုက်မှုအောက်တွင် သူတို့သည် မီးသွေးတုံးများအဖြစ်သို့ ပြောင်းလဲသွားလေရာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

"မင်းတစ်ယောက်ပဲ ကျန်တော့တယ်"

လုယွီက ဝမ်ကျန်းကို ကြည့်ပြီး သူ့ထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။

ယခုအချိန်တွင် သူသည် ငရဲနယ်မြေမှ အသက်တောင်းရန်လာသော ယင်စိတ်ဝိညာဉ်တမန်တစ်ပါးအလားပင်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် အလွန်ပြင်းထန်ပြီး အေးစက်ပေ၏။

"လုယွီ...မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး... ထန်စစ်တပ် ထပ်ပြီးတိုက်ခိုက်လာကတည်းက မင်းက အသုံးဝင်နေတုန်းပဲ... မင်းသာ ဧကရာဇ်ကို တောင်းပန်ရင် ဧကရာဇ်က မင်းကို သေချာပေါက် ခွင့်လွှတ်မှာပါ...မင်းက အခုငယ်သေးတယ်...အနာဂတ်မှာ မင်းအတွက် အခွင့်အရေးတွေ အများကြီးရှိလာလိမ့်မယ်.... မင်းက အမတ်ကြီးတစ်ယောက် ဒါမှမဟုတ် အမတ်ချုပ်ကြီးတောင် ဖြစ်လာနိုင်တယ်"

ဝမ်ကျန်း၏လေသံသည် ရုတ်တရက် ညင်သာသွားပေ၏။

ဤသည်မှာ စွမ်းအားကွာခြားချက်ပင်။

ဝမ်ကျန်းသည် သူ့ဘက်တွင် တော်ဝင်အကြီးအကဲများ ရှိနေစဉ်၌ လုယွီကို မသတ်နိုင်မချင်း လက်မလျှော့ဟူသော ပြတ်သားသည့် သဘောထားကို ပြသခဲ့သည်။

သို့ရာတွင် ယခုချိန်တွင်မူ လုယွီသည် တော်ဝင်အကြီးအကဲများအားလုံးကို သတ်ဖြတ်ခဲ့ရာ ဝမ်ကျန်း၏မျှော်လင့်ချက်များထက် ကျော်လွန်သွားခဲ့သည်။

ဝမ်ကျန်းသည် ပတ်ဝန်းကျင်ရှိ မိုးကြိုူလျှပ်စီးကို တားဆီးရန် မိုးကြိုးငါးသွယ်တံဆိပ်ပြားကိုသာ အသုံးပြုနိုင်သည်။ သူ၏နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာခဲ့ပေ၏။

"ကျိုးယွမ်ယန်နဲ့ ငါ့ကြားမှာ ညှိနှိုင်းစရာကိစ္စ ရှိသေးတယ်လို့ မင်းထင်လား"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

ကျိုးယွမ်ယန် ပုန်းကွယ်နဂါးစစ်တပ်ကို ဆုတ်ခွာရန် အမိန့်ပေးသည့် အချိန်အခိုက်အတန့်မှစ၍ သူနှင့်ကျိုးယွမ်ယန်ကြားမှ ပဋိပက္ခသည် ပြန်လည်သင့်မြတ်၍ မရနိုင်တော့ချေ။

ယခင်က လုယွီနှင့်ကျိုးယွမ်ယန်ကြားမှ ပဋိပက္ခသည် ရှမိသားစုကြောင့် အဓိကဖြစ်ပွားခဲ့ခြင်းပင်။

သို့သော် ယခုချိန်တွင်မူ ဤပဋိပက္ခမှာ လူသိရှင်ကြား ဖြစ်သွားခဲ့ပြီး သူနှင့်ကျိုးယွမ်ယန်ကြားတွင် တစ်ဦးသာ အသက်ရှင်နိုင်ပေမည်။

ဝမ်ကျန်းသည်လည်း ဤအကြောင်းကို စဉ်းစားမိပုံရသည်။

သူသည် လုယွီ၏မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ပို၍ပို၍ ပြင်းထန်လာသည်ကို တွေ့မြင်လိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် သူသည် ကျယ်လောင်စွာ အော်ဟစ်ပြီး နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးလိုက်တော့သည်။

ဤမိန်းမစိုးသည် သိုင်းသူတော်စင်တစ်ယောက် ဖြစ်သည်မှာ သိသာထင်ရှားလှ၏။ သူ၏ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်သည်နှင့် သူသည် ချက်ချင်းဆိုသလိုပင် အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ သူ၏လှုပ်ရှားမှုများကို လျှပ်စီးကဲ့သို့ မြန်ဆန်သည်ဟု ဆိုနိုင်သည်။

သူ၏အရှိန်မှာ မြန်ဆန်သော်လည်း လုယွီ၏ တုံ့ပြန်မှုသည် ပို၍မြန်ဆန်ပေ၏။

လုယွီက ရုတ်တရက် လက်မြှောက်ပြီး သူ၏လက်ငါးချောင်းဖြင့် မိန်းမစိုးထွက်ခွာသွားသော လားရာသို့ ဖိနှိပ်လိုက်သည်။

ရှေးဟောင်းကျင့်ကြံနည်းစနစ်...အရပ်ရှစ်မျက်နှာချိတ်ပိတ်ခြင်း...

Chapter 4930

ရုတ်ချည်းဆိုသလိုပင် ဝမ်ကျန်းသည် လေနံရံများဖြင့် ဝန်းရံခံရသကဲ့သို့ ခံစားလိုက်ရသည်။

ထိုလေနံရံများသည် သူ့ကို ကျဉ်းမြောင်းသော နေရာတစ်ခုတွင် လုံးလုံးလျားလျား ပိတ်ဆို့ထားသည်။

ဝမ်ကျန်း၏ အသက်စွမ်းအားနှင့် သွေးချီများ ပွင့်အံ့ထွက်လာပြီး သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ သူ၏လက်သီးများဖြင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပစ်မှတ်ထားပြီး ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

ဘုန်း.... ဘုန်း...ဘုန်း....

ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလာပြီးနောက် ပတ်ဝန်းကျင်နေရာတဝိုက်၌ နားအူလုမတတ် ကျယ်လောင်သောအသံများ ပဲ့တင်ထပ်နေသည်။

သို့ရာတွင် ဝမ်ကျန်းသည် သူ၏အစွမ်းကုန် ထုတ်သုံးခဲ့သော်လည်း သူ၏နံဘေးပတ်လည်ရှိ ချိတ်ပိတ်ထားမှုကို မချိုးဖျက်နိုင်ခဲ့ချေ။

"လုယွီ...မင်းမှာ ပြောစရာတစ်ခုခုရှိရင် ငါတို့ပြောလို့ရတယ်....မင်းမှာ တောင်းဆိုချင်တာရှိရင် ငါက ဧကရာဇ်ကို သတင်းစကားပါးပေးလို့ရတယ်"

ဝမ်ကျန်းသည် နောက်သို့ပြန်လှည့်ကြည့်ပြီး သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေသည်။

ဘုန်း...

လုယွီက လက်သီးတစ်ချက် ထိုးနှက်ပြီး ဝမ်ကျန်း၏ခေါင်းကို အစိတ်စိတ်အမွှာမွှာခြေမွှဖျက်ဆီးလိုက်သည်။

မြင့်မြတ်ပြီး ရက်စက်ကြမ်းတမ်းသော နတ်ဆိုးသားရဲဘိုးဘေးလေးကောင်၏ စွမ်းအားများကို လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းထားခဲ့သည်။ သိုင်းအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားသည် သိုင်းသူတော်စင်တစ်ယောက် ခံနိုင်ရည်ရှိမည့်အရာမျိုး မဟုတ်ချေ။

"မင်း ငါ့ကို ဘာမှပြောဖို့မလိုဘူး...ငါသာ ကျိုးယွမ်ယန်ကို တွေ့ချင်ရင် ငါကိုယ်တိုင် သွားရှာမယ်"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

ဝမ်ကျန်း၏ခေါင်းပြတ်နေသောအလောင်း ယိမ်းယိုင်ကာ မိုးကောင်းကင်ယံမှ ပြုတ်ကျသွားသည်။

ဒေါင်...

မိုးကြိုးငါးသွယ်တံဆိပ်ပြားသည် ဝမ်ကျန်းအလောင်းမှ လွင့်ထွက်လာပြီး မြေပြင်ပေါ်သို့ ကျသွားသည်။ လုယွီသည် သူ၏လက်ကိုမြှောက်ပြီး ထိုအရာကို ဆင့်ခေါ်လိုက်၏။

ထိုအရာမှ ထုတ်လွှတ်ထားသော မိုးကြိုးလျှပ်စီးများကို လုယွီက စုပ်ယူလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် စွမ်းအားဖြည့်တင်းကာ သန့်စင်နေသည်။

လုယွီသည် ရှေးဦးခေတ်မှ ရက်စက်ကြမ်းတမ်းသည့် သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူသည် မိုးကြိုးလျှပ်စီးအမျိုးမျိုးကို ဝါးမြိုကာ သူ့ကိုယ်ကို အားဖြည့်နိုင်ပေ၏။ မိုးကြိုးလျှပ်စီးသည် သူ့ကို မထိခိုက်စေဘဲ ကြီးမားသော အားဖြည့်ဆေးတစ်ခွက်သာ ဖြစ်လာပေလိမ့်မည်။

လုယွီက သူ၏လက်ကိုမြှောက်ပြီး မိုးကြိုးငါးသွယ်တံဆိပ်ပြားကို တို့ထိလိုက်သည်။ တံဆိပ်ပြားပေါ်ရှိ စိတ်ဝိညာဉ်အမှတ်အသားသည် ပျောက်ကွယ်သွားပြီး ဖျက်ဆီးခြင်းခံလိုက်ရတော့သည်။

ဤမှော်ရတနာသည် လုယွီတစ်ဦးတည်း၏ ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။

"ဝမ်ကျန်း ပြောတာ တစ်ခုတော့မှန်တယ်...ငါ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် အစစ်အမှန်ထိပ်သီးကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရရင် ငါ ဒုက္ခရောက်လိမ့်မယ်"

လုယွီသည် စိတ်လှုပ်ရှားသွားပြီး ချက်ချင်းဆိုသလိုပင် မှော်မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုကာ ကောင်းကင်နှင့်မြေပြင်၏ စိတ်ဝိညာဉ်ချီများကို အမိန့်ပေးလိုက်သည်။

ထို့နောက် သူ၏ပါးစပ်ကိုဖွင့်ဟပြီး ထိုစိတ်ဝိညာဥ်စွမ်းအားများကို ဝါးမြိုလိုက်သည်။ ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအား သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး သူ၏မရီဒါန်းများ ခြေလက်များနှင့် အရိုးအဆစ်များကို စတင်၍ ဆေးကြောသန့်စင်ခဲ့သည်။

သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအားလုံး စိတ်ဝိညာဉ်စွမ်းအားများဖြင့် အားဖြည့်တင်းခြင်းကို ခံလိုက်ရသည်။ စိတ်ဝိညာဉ်စွမ်းအားများသည်မြစ်တစ်စင်းအလား သူ့ထံသို့ စီးဝင်လာပြီး သူ၏ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနေသည်။

အဝေးတွင် ယန်ရှန့် ကျန်းကျင်းလုံနှင့် တခြားအမတ်ကြီးများသည် သူတို့မြင်တွေ့ရသောအရာကြောင့် ကြက်သေသေနေကြသည်။

"တော်ဝင်မိသားစုရဲ့ တော်ဝင်အကြီးအကဲတွေအားလုံး သေသွားပြီ.."

"ကြီးမားတဲ့တိုက်ပွဲတစ်ခု ဖြစ်လိမ့်မယ်လို့ ငါထင်ခဲ့တာ...ဒါပေမဲ့ ခဏလေးပဲရှိသေးတယ်... သူတို့အားလုံး သေကုန်ပြီ"

"အဲ့ဒီလူအိုကြီး မိန်းမစိုးဝမ်ကျန်းက ကျင့်ကြံဆင့်ကို နက်နဲသိမ်မွေ့တဲ့အဆင့်ထိ ကျင့်ကြံထားတာ....ဒါပေမဲ့ လုယွီရဲ့လက်သီးတစ်ချက်တည်းနဲ့ သေသွားတယ်"

ယခုအချိန်တွင် အမတ်ကြီးများအားလုံး နေရာမှာပင် မှင်တက်နေကြပြီး သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကာ အသက်ရှူနှုန်းများပင် မမှန်တော့ချေ။

သူတို့သည် ထိုလူအုပ်စု လုယွီရှေ့တွင် သေဆုံးသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ကြသည်။

အလောင်းများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး သွေးများ မြစ်ပြင်ကဲ့သို့ စီးဆင်းနေသည်။ လေထုအတွင်းတွင် ပြင်းထန်စွာ မီးလောင်ကျွမ်းနေသည့် အသားညှော်နံ့များဖြင့် ပြည့်နှက်နေပေ၏။

လုယွီအကြောင်း ကောလာဟလများသည် တစ်ဆင့်စကားများသာဖြစ်ပါက သူတို့ရှေ့တွင် မြင်တွေ့ရသော ကိစ္စသည် သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသောအရာပင်

ဤသည်ကို အတုလုပ်၍ မရချေ။

"ငါတို့... လုယွီကို ငါတို့ရဲ့ရန်သူအဖြစ် သတ်မှတ်အုံးမှာလား..."

အမတ်ကြီးတစ်ဦးက ခါးသည်းသော အပြုံးဖြင့် ပြောဆိုသည်။

တခြားအမတ်ကြီးများအားလုံး အချင်းချင်းကြည့်လိုက်ကြပြီး သူတို့အားလုံး၏မျက်နှာများပေါ်တွင် ခါးသည်းမှုများ ထင်ဟပ်နေသည်။

မုန်တိုင်းခန်းမဆောင်ရှေ့မှ ဤကြိုဆိုပွဲသည် ဧကရာဇ်၏ အစွမ်းထက်ဆုံး နောက်ဆုံးဝှက်ဖဲဖြစ်သည်ကို လူတိုင်း တွေ့မြင်နိုင်သည်။

ထိုကဲ့သို့သော နောက်ဆုံးဝှက်ဖဲသည် လုယွီကို မဖယ်ရှားနိုင်ဘဲ ထိုတော်ဝင်အကြီးအကဲများသာ သူ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေ၏။ သူတို့အနက်မှ တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့ပေ။

အမတ်ကြီးများ၏စိတ်နှလုံးသားများအတွင်းမှ ချိန်ခွင်လျှာသည် လုယွီ၏ဘက်သို့ စတင်၍တိမ်းစောင်းလာခဲ့သည်။

စစ်ရေးအမတ်ကြီး ကျန်းကျင်းလုံသည် အလွန်စိတ်လှုပ်ရှားနေကာ သူ၏မျက်လုံးများ တောက်ပနေသည်။ သူသည် မှန်ကန်သောဘက်ကို လောင်းကြေးထပ်နိုင်ခဲ့ပေ၏။

လုယွီသာ အသာစီးရသွားပါက သူ၏ယနေ့စွမ်းဆောင်ရည်ဖြင့် အနာဂတ်တွင် သူ၏နံဘေးရှိ လူများသည် အကျိုးအမြတ်များစွာ ရရှိနိုင်ပေလိမ့်မည်။

All Chapters