← Chapters

အခန်း (၄၉၃၁-၄၉၃၅)

Vol. 250 Ch. 4931-4935

အခန်း (၄၉၃၁-၄၉၃၅)

Vol. 250 Ch. 4931-4935

Chapter 4931

ဟန်လင်းအရာရှိများသည် အချင်းချင်း ကြည့်လိုက်ပြီး မှတ်တမ်းများကို စတင်၍ရေးသားလိုက်ကြသည်။

ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တိုက်ပွဲတစ်ပွဲပင်။ ထို့နောက ကျိုးတော်ဝင်မိသားစု၏ အင်အားသည် အကြီးအကျယ် လျော့နည်းသွားပြီး လုယွီ၏ အမည်သည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ ကျော်ကြားသွားပေမည်။

သို့ရာတွင် လူယွီသည် ဤလူများ၏ အတွေးများကို ဂရုမစိုက်ခဲ့ချေ။

သူသည် တိုက်ပွဲမြေပြင်၏ အပျက်အစီးများပေါ်တွင် ရပ်နေပြီး မျက်လုံးစုံမှိတ်ကာ အသက်ရှူသွင်းရှူထုတ်နေသည်။ သူ့ထံ တိုးဝင်လာသော စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏အသက်ရှူခြင်းနှင့်အတူ လိုက်ပါကာ သူ၏ကြွက်သားများနှင့် အရိုးများကို သန့်စင်ပေးပြီး သူ၏မူလဝိညာဉ်ကို သန်မာစေသည်။

လုယွီ၏ ဒဏ်ရာများသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပေ၏။

ပတ်ဝန်းကျင်ရှိ အရာရှိများနှင့် တောင်ဝင်အစောင့်တပ်များသည် ဤနေရာအနီးသို့ ချဥ်းကပ်မလာရဲကြချေ။

မည်သူမျှ နောက်ထပ်ကွယ်လွန်သူစိတ်ဝိညာဉ်တစ်ကောင် ဖြစ်မလာလိုကြပေ။

ထိုအချိန်မှာပင် လူကျင်းရှန့် စုန့်ချင်းဟူ ဖူကျစ်ရွှယ်နှင့်တခြားတပ်မှူးများသည် သူတို့၏လက်အောက်ငယ်သားများနှင့်အတူ ပြေးလာကြသည်။

မိုးကောင်းကင်ယံတွင်ရှိနေသော တော်ဝင်စစ်တပ်သည် အဝေးမှ ကြည့်နေသော်လည်း အနီးသို့ ချဥ်းကပ်မလာဝံ့ချေ။

တခြားဒေသခံစစ်တပ်များကို ဘေးဖယ်ထားလိုက်လျှင်ပင် မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်ကျော်ပြီး ရှင်သန်လာခဲ့သော ပုန်းကွယ်နဂါးစစ်တပ်မှ လူများသည် စစ်မြေပြင်ပေါ်မှ သတ်ဖြတ်ခြင်းနတ်ဘုရားများကဲ့သို့ ဖြစ်နေကြသည်။

ဤသို့သောလူတစ်စု အတူတကွ စုဝေးနေသည့်အချိန်တွင် သူတို့ထံမှ ထုတ်လွှတ်ထားသော သတ်ဖြတ်လိုခြင်းအရှိန်အဝါသည် တော်ဝင်စစ်တပ်၏စစ်သည်တော်များအားလုံးကို ထိတ်လန့်ကြောက်ရွံသွားစေရန် လုံလောက်သည်။

"ဒါက.. ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာလဲ"

လူအများသည် သူတို့၏ရှေ့မှ မြင်ကွင်းကို မြင်တွေ့ချိန်၌ လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြသည်။

သူတို့ရှေ့မှ မြေပြင်သည် လုံးလုံးလျားလျား ဖျက်ဆီးခြင်းခံထားရပြီး နေရာတိုင်းတွင် တွင်းပေါက်များကို မြင်တွေ့နိုင်သည်။ တချို့တွင်းပေါက်များမှ မီးလောင်ကျွမ်းနေသော ညှော်နံ့များပင် ထွက်ပေါ်နေသည်။

သူတို့သည် နေရာတိုင်းတွင် မီးလောင်ကျွမ်းနေသော အလောင်းများကို မြင်တွေ့နိုင်ပေ၏။ လူယွီသည် အလောင်းပုံကြီး၏အလယ်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ မတ်တတ်ရပ်နေသည်။

"အရှင်...."

လူကျင်းရှန့်နှင့် တခြားတပ်မှူးများသည် လူယွီကို အခိုင်အမာ ကာကွယ်လိုက်ကြသည်။

ဤသည်မှာ ဟုန်မင်ပွဲတော် (ထောင်ချောက်ဆင်ထားသော ပွဲတော်) ဖြစ်မည်ဟု သူတို့ ကြိုတင်ခန့်မှန်းမိကြသောကြောင့် သူတို့သည် လင်အန်းစီရင်စု၏အပြင်ဘက်တွင် တော်ဝင်စစ်တပ်နှင့် ရင်ဆိုင်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။

ဝမ်ကျန့်သည် တိုက်ခိုက်သည့်အချိန်၌ သူသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ချိတ်ပိတ်ထားရန် တစ်စုံတစ်ယောက်ကို ခိုင်းစေခဲ့သည်။ ထို့ကြောင့် ဤနေရာအတွင်း၌ မည်သည့်ကိစ္စများ ဖြစ်နေသည်ကို မည်သူမျှ မမြင်တွေ့နိုင်တော့ချေ။

သို့သော် ကောင်းကင်ဘုံမိုးကြိုးများ အသက်ဝင်လာသည်နှင့် လေဟာနယ်ကို ချိတ်ပိတ်ထားသော ဝင်္ကပါသည် ချက်ချင်းဖျက်ဆီးခြင်းခံလိုက်ရလေ၏။

လူများအားလုံးသည် ဤအသံကိုကြားချိန်တွင် ဤနေရာသို့ ချက်ချင်းပြေးလာကြသည်။

သို့ရာတွင် ဝမ်ကျန့် ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ်သည့်အချိန်မှ လုယွီ သူတို့အားလုံးကို သတ်ဖြတ်သည့်အချိန်အထိ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာပင် မပြည့်သေးချေ။

ဤလူများ ရောက်ရှိလာသည့်အချိန်၌ သူတို့မြင်လိုက်ရသည်မှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများနှင့် အရိုးများသာ ဖြစ်သည်။

"အရှင်ကျန်း...အရှင်ယန်...ခင်ဗျားတို့လည်း ဒီနေရာမှာ ရှိနေတာပါလား..."

ဖူကျစ်ရွှယ်သည် နံဘေးတွင် မတ်တတ်ရပ်နေသော အမတ်ကြီးများကို ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

အတိတ်တွင် သူတို့သည် တော်ဝင်နန်းတော်၌ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော်လည်း ယခု သူတို့သည် အဖွဲ့နှစ်ဖွဲ့အဖြစ်သို့ ကွဲပြားသွားလေပြီ။

ယန်ရှန့်က ခါးသည်းသောအပြုံးနှင့် ရှင်းပြသည်။

"အတွင်းဝန်ချုပ် ဖူ...ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့...ကျွန်တော်တို့က ဧကရာဇ်ဆီကနေ အမိန့်တွေ လက်ခံရရှိတာကြောင့် ဒီကိုလာပြီး လုယွီကို မေးခွန်းနည်းနည်း မေးခဲ့တာပါ...ခုဏက ဖြစ်သွားခဲ့တဲ့ ကိစ္စအတွက်ကတော့ ကျွန်တော်တို့ လုံးဝမလှုပ်ရှားခဲ့ပါဘူး"

ဤအမတ်ကြီးများ၏ အဝတ်အစားများသည် သန့်ရှင်းသပ်ရပ်ပြီး သူတို့သည် ယခင်က တိုက်ခိုက်ခြင်းကို မကြုံတွေ့ခဲ့ရကြောင်း သိသာထင်ရှားသည်။

ယန်ရှန့်သည် လူများအားလုံးကို အစောပိုင်းက ဖြစ်ရပ်များအား ပြောပြချိန်တွင် သူတို့သည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြ၏။

"လူတစ်ယောက်တည်းက တော်ဝင်အကြီးအကဲတစ်ရာကျော်ကို တိုက်ခိုက်ပြီး သူတို့အားလုံးကို တကယ်ကြီး သတ်ဖြတ်နိုင်ခဲ့တာလား..."

စုန့်ချင်းဟူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာတစ်ရပ် ရှိနေသည်။

"ဒါ့ပြင် အဲ့ဒီလူအိုကြီး မိန်းမစိုး ဝမ်ကျန်းလည်း အသတ်ခံလိုက်ရတယ်....လုယွီရဲ့ အခုလက်ရှိစွမ်းအား တကယ့်ကို နားလည်ရခက်တယ်"

စစ်ဗိုလ်ချုပ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤသတင်းသည် ကြားရုံမျှဖြင့် တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။

သို့ရာတွင် ပတ်ဝန်းကျင်နေရာတဝိုက်သည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပြီး အလောင်းများကို နေရာအနှံ့အပြားတွင် မြင်တွေ့နိုင်သည်။ ဤသည်မှတဆင့် ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရှင်းပြရန် လုံလောက်သည်။

လုယွီသည် နိုးထလာပြီးနောက် လူတိုင်းသည် သူ့ကို ကြိုဆိုရန် အလျင်အမြန် ရှေ့သို့ တိုးလာကြသည်။

သို့ရာတွင် ဤအချိန်တွင်ပင် အဝေးမှနေ၍ လေဟာနယ်ကို ထိုးဖောက်ဝင်ရောက်လာသောအသံတစ်သံ ထွက်ပေါ်လာသည်။

အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာကာ သူမ၏ဆံပင်ရှည်များ ဖရိုဖရဲဖြစ်နေပြီး သူမ၏ဓားပျံသည် ကြယ်ပျံတစ်စင်းအလား လျှင်မြန်ပေ၏။

"လုယွီ..."

ဝေ့မုန့်ထင်သည် ဓားပျံတစ်စင်းပေါ်တွင် မတ်တတ်ရပ်နေသည်။ သူမ၏အဝတ်အစားများသည် စုတ်ပြတ်နေပြီး သူမ၏နှင်းကဲ့သို့ ဖြူဖွေးသော အရေပြားပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေသည်။

သူမသည် လုယွီ တော်ဝင်မြို့တော်သို့ မသွားမီ ဤနေရာသို့ ရောက်ရှိလာနိုင်ခဲ့သည်။

Chapter 4932

"ဝေ့မုန့်ထင်လား..."

လုယွီသည် သူမကို မြင်တွေ့ချိန်၌ အံ့အားသင့်သွားသည်။

သူတို့သည် ရှေးဟောင်းအပျက်အစီးနယ်မြေတွင် ခွဲခွာပြီးနောက် နောက်တစ်ကြိမ် မတွေ့ဆုံခဲ့ကြချေ။

ဝေ့မုန့်ထင်သည် အတောင်ပံများကို ဖြန့်ကျက်ပြီး ကောင်းကင်ယံတွင် ပျံဝဲနေသော မာနကြီးသော ဖီးနစ်ငှက်တစ်ကောင်အလားပင်။ ထိုအချိန်က လုယွီသည် အောင်မြင်မှုတချို့ ရရှိထားခဲ့သော်လည်း ဝေ့မုန့်ထင်သည် သူ့ကို လှောင်ပြောင်နေဆဲပင်။

လုယွီသည် မူလက သူတို့နှစ်ဦးကြားတွင် နောက်ထပ်ဆက်ဆံရေးမရှိတော့ဟု တွေးထင်ခဲ့သော်လည်း ဝေ့မုန့်ထင်သည် ဤအချိန်တွင် ရောက်လာလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

ထို့ပြင် ဝေ့မုန့်ထင်သည် ဒဏ်ရာအပြင်းအထန် ရရှိထားပေ၏။

နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခုသည် သူမ၏ပခုံးထက်တွင် ရှိနေသည်။

သူမ၏ဓားအင်မော်တယ် အဖြူရောင်ဝတ်စုံတွင် သွေးများဖြင့် နီမြန်းနေသည်။ ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ဝေ့မုန့်ထင်၏ ရှုပ်ပွနေသော ဆံပင်များသည် သူမ၏ ဖြူဖွေးသောနဖူးပေါ် ဖြာကျနေပြီး ကြေကွဲဖွယ်အလှတရား အရိပ်အယောင်တစ်ခုကို ထုတ်ဖော်ပြသနေသည်။

တစ်စုံတစ်ယောက်သည် သူမကို တားဆီးရန်အတွက် ရှေ့သို့ခြေတစ်လှမ်းတိုးရန် ဟန်ပြင်လိုက်သော်လည်း လုယွီက သူ၏လက်ကိုမြှောက်ကာ ဟန့်တားလိုက်သည်။

"လုယွီ..."

ဝေ့မုန့်ထင်သည် စကားပြောလိုက်သော်လည်း သူမ၏နှလုံးသား အလွန်လျင်မြန်စွာ ခုန်နေသည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။

'ငါ ...ဘာဖြစ်နေတာလဲ..ငါက သူ့ကိုတွေ့ဖို့ လာခဲ့တာပဲ... ဒါပေမယ့် ဘာလို့ ငါက သူ့ကို မြင်တဲ့အချိန်မှာ စကားမပြောနိုင် ဖြစ်နေတာလဲ'

သူမသည် လုယွီကို နောက်တစ်ကြိမ် မြင်တွေ့ချိန်၌ ရှေးဟောင်းအပျက်အစီးနယ်မြေတွင် ခွဲခွာခဲ့ခြင်းသည် သူမ၏စိတ်အတွင်းတွင် ပီပြင်ထင်ရှားနေဆဲပင်။

လုယွီသည် ရှန်းလျိုနတ်ဆိုးဘိုးဘေး၏ သွေးနီရောင်ပါးစပ်ကြီးဖြင့် ဝါးမြိုခြင်းခံခဲ့ရသည်။ ထို့နောက် သူတို့သည် ခွဲခွာခဲ့ရပြီး ဝေ့မုန်ထင်သည် ဝမ်းနည်းပူဆွေးသောအခြေအနေတွင် ရှိနေခဲ့သည်။

နောက်ပိုင်းတွင် သူမသည် လူယွီ မသေဆုံးကြောင်း ကြားသိချိန်၌ အလွန်ဝမ်းသာပျော်ရွှင်သွားပေ၏။ သို့ရာတွင် ဘိုးဘေး၏ အတင်းအကြပ် ကြီးကြပ်ကွပ်ကဲမှုကြောင့် သူမသည် ဝေ့မိသားစုမှ ထွက်ခွာရန် အခွင့်အရေးမရှိခဲ့ချေ။

ထိုအချိန်မှစ၍ ဝေ့မုန့်ထင်သည် လုယွီ မည်သည့်အရာများ လုပ်နေသည်ကို ဝေ့မိသားစုသတင်းပေးများ၏ တရားဝင်အစီရင်ခံစာများမှသာ သိရှိနိုင်ခဲ့သည်။

လုယွီ၏အသွင်အပြင်သည် မပြောင်းလဲခဲ့သော်လည်း သူ၏အမူအယာသည် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ တော်ဝင်အရှိန်အဝါကို ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။ သူသည် လူအုပ်အကြားတွင် မတ်တတ်ရပ်နေလျှင်ပင် သာမန်လူမဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။

မူလက ဝေ့မုန့်ထင်က သူမသည် လူယွီကို ယခင်ကဲ့သို့ တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် သူမသည် သူ့ကို နောက်တစ်ကြိမ် မြင်တွေ့ချိန်၌ ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုသို့သော ကြီးမားသည့်ဖိအားသည် သူမအပေါ်သို့ ကျရောက်လာပြီး သူမအား ကြောက်ရွံ့မှုကို ခံစားစေခဲ့သည်။

"မိန်းကလေးဝေ့....ဘာလို့ ငါ့ကို ရှာနေတာလဲ"

လုယွီက မေးမြန်းသည်။

လုယွီ၏စကားကို ကြားချိန်တွင် ဝေ့မုန်ထင်သည် နောက်ဆုံး၌ သူမ၏ စိတ်ခံစားချက်များကို ချိုးနှိမ်ပြီး သူမသိသမျှအရာအားလုံး သူ့ကို ပြောပြလိုက်၏။

"တစ်နည်းအားဖြင့် ပြောရရင် ဒီမှာရှိတဲ့ တော်ဝင်အကြီးအကဲတွေက အစစ်အမှန်လျှို့ဝှက်လက်နက်တွေ မဟုတ်ဘူးပေါ့....ဧကရာဇ်က ငါ့ကို ကိုင်တွယ်ဖို့ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်ကို ဖိတ်ခေါ်ထားတာလား..."

လုယွီသည် ဝေ့မုန်ထင်ထံမှ သတင်းများ ရရှိသွားသညိ။

သူတို့ရှေ့မှ ပွဲတော်သည် အယောင်ဆောင်တစ်ခုသာ ဖြစ်သည်။

အကယ်၍ လုယွီမှ ဤတော်ဝင်အကြီးအကဲများအားလုံးသည် ကျိုးယွမ်ယန်၏ လျှို့ဝှက်လက်နက်များဖြစ်သည်ဟု အမှန်တကယ်တွေးထင်ခဲ့ပြီး မည်သည့်ပြင်ဆင်မှုမျှ မရှိဘဲ တော်ဝင်မြို့တော်သို့ ဝင်ရောက်သွားပါက သူသည် ထောင်ချောက်တစ်ခုအတွင်းသို့ ကျရောက်နိုင်ချေ အလွန်များသည်။

ဤသည်မှာ အလွန်အရေးကြီးသော သတင်းတစ်ခုပင်။

စိတ်အားထက်သန်နေခဲ့သော ပုန်းကွယ်နဂါးစစိတပ်မှ စစ်ဗိုလ်ချုပ်များ၏ ခန္ဓာကိုယ်များမှ ချွေးစေးများ ထွက်လာကြသည်။

လူတိုင်းက ကျိုးယွမ်ယန်၏ တပ်ဖွဲ့များသည် ဤတိုက်ပွဲတွင် ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်ဟု တွေးထင်ခဲ့ကြသည်။ ဧကရာဇ်ဘက်တွင် သူတို့ကို ခုခံရန် အင်အားမရှိတော့ဟု ယူဆခဲ့ပေ၏။

ဝေ့မုန်ထင်က သတိပေးလိုသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။

"တကယ်တော့ နန်းတွင်းမှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီး ရှိနေသေးတယ်...သူတို့က လူတစ်ထောင်ကျော်လောက် ရှိတယ်....အရင်က မြင့်မြတ်နယ်မြေတွေရဲ့ အရှင်သခင်တချို့တောင်မှ တော်ဝင်နန်းတွင်းထဲမှာ ရှိနေတယ်...ကျိုးယွမ်ယန် ထိန်းချုပ်ထားတဲ့ အာဏာက နင် တွေးထားတာထက် အများကြီး ကျော်လွန်နေတယ်"

"ကျေးဇူးတင်ပါတယ်.... ဒါပေမယ့် ကျိုးယွမ်ယန်က ငါ့ကို ဘာမှကြံစည်မှာ မဟုတ်ဘူး"

လုယွီက အပြုံးဖြင့် သူမကို နှစ်သိမ့်လိုက်သည်။

ထို့နောက် လုယွီ၏အမိန့်နှင့်အတူ အလွန်ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားများသည် ဝေ့မုန့်ထင်ကို ရစ်သိုင်းလွှမ်းခြုံသွားပြီး သူမ၏ဒဏ်ရာများကို စတင်၍ကုသလိုက်သည်။

ဝေ့မုန့်ထင်သည် သူမ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာရုံသာမက သူမ၏ကျင့်ကြံဆင့်စွမ်းအားပင်လျှင် အနည်းငယ် တိုးတက်သွားသည်ကို အံ့အားသင့်တုန်လှုပ်ဖွယ် တွေ့ရှိလိုက်ရသည်။

လုယွီသည် မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ချေ။ သူသည် စကားလုံးအနည်းငယ်သာ ပြောခဲ့သော်လည်း ဤမျှထိ အလွန်အစွမ်းထက်လိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။

Chapter 4933

"လုယွီ...နင့်ရဲ့ကျင့်ကြံဆင့်က အရမ်းနက်နဲသိမ်မွေ့နေမှာကို ငါ စိုးရိမ်မိတယ်"

ဝေ့မုန့်ထင်၏မျက်နှာပေါ်တွင် ခါးသည်းသော အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။

ထိုအချိန်တုန်းက သူမသည် လုယွီကို အထင်သေးခဲ့ကာ ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်း၌ ရှိနေစဉ်မှာပင် သူမသည် သူ့ကို လှောင်ပြောင်ခဲ့လေ၏။

ယခုချိန်၌မူ လူငယ်ပါရမီရှင်ဟု ခေါ်ဆိုခံရသော လူများသည် လုယွီ၏ရှေ့တွင် အရာမဝင်တော့ချေ။

လုယွီကို လူငယ်ပါရမီရှင်တစ်ဦးအဖြစ် မသတ်မှတ်နိုင်တော့ပေ။ သူသည် ထိပ်သီးတည်ရှိမှုကြီးအဆင့်သို့ တိုးတက်သွားခဲ့လေပြီ။ ကျားလှောင်အိမ်တောင်ကြားခံတပ်မှ တိုက်ပွဲသည် လုယွီ၏နာမည်ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သည်။

လုယွီသည် ဝေ့မုန့်ထင်ကို နှစ်သိမ့်ခဲ့သော်လည်း သူသည် တော်ဝင်မြို့တော်သို့ သွားမည့်ကိစ္စကို စွန့်လွှတ်ရန် ရည်ရွယ်ချက်မရှိခဲ့ချေ။

သူသည် ကျိုးယွမ်ယန်ထံမှ ဖြေရှင်းချက်တစ်ခုကို ရှာဖွေလိုသည်။

သူတို့နှစ်ဦးကြားမှ ရန်ငြိုးတွင် အင်ပါယာ၏ကံကြမ္မာ ပါဝင်ပတ်သက်နေပြီဖြစ်ပြီး သန်းနှင့်ချီသောသက်ရှိများ၏ အသက်များကိုပင် ထိခိုက်စေခဲ့သည်။

သူတို့ကြားတွင် ဖြေရှင်းရန် အချိန်တန်လေပြီ။

"လုယွီ...နင် သတိထားရမယ်...ဒါ့ပြင် ကျန်းမင်းသမီးကိုလည်း ဧကရာဇ်က ဒဏ်ရာရစေခဲ့တယ်....သူတို့က နင်နဲ့ နီးစပ်တဲ့လူတစ်ယောက်ကို သုံးပြီးတော့ နင့်ကို ခြိမ်းခြောက်နိုင်တယ်... နင့်ရဲ့စိတ်ကို ပြင်ဆင်ထားရမယ်"

ဝေ့မုန့်ထင်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

လုယွီသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နှလုံးသားသည် တုန်ခါသွားပေ၏။

သူ တော်ဝင်မြို့တော်သို့ မရောက်မီ ကျန်းယုချင်သည် သူ့ကြောင့် ဒဏ်ရာရသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

ကျန်းယုချင်သည် သူနှင့်အတူ အောက်ဘုံမှ တက်လှမ်းလာခဲ့သည်။ အကယ်၍ ကျိုးယွမ်ယန်သည် လုယွီ၏ အားနည်းချက်ကို ရှာဖွေလိုလျှင် သူသည် ကျန်းယုချင်မှ စတင်ပေလိမ့်မည်။

လုယွီသည် ကျိုးယွမ်ယန်မှ ထိပ်သီးကျင့်ကြံသူတစ်ဦးကို ရှာဖွေထားမည်ကို မကြောက်ရွံချေ။

အကြောင်းအရင်းမှာ သူသည် ယခုချိန်၌ သဘာဝအတိုင်း မွေးဖွားလာသော သူတော်စင်တစ်ယောက်ဖြစ်နေသောကြောင့်ပင်။ အတွေးတစ်ချက်ဖြင့် သူသည် သူ၏ဒဏ်ရာများကို ပြန်လည်ကောင်းမွန်လာစေပြီး သူ၏မှော်စွမ်းအားကို အချိန်တခဏအတွင်း ပြန်လည်ဖြည့်တင်းနိုင်သည်။

လုယွီသည် အချိန်တိုင်း သူ၏အထွတ်အထိပ်အခြေအနေတွင် ရှိနေသည်ဟု ဆိုနိုင်ပေ၏။

ဤသည်မှာ လူတစ်စုနှင့် တိုက်ပွဲတစ်ပွဲအပြီးတွင် လုယွီသည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီကို စုစည်းပြီး သူ၏မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် အမိန့်ပေးရန်သာ လိုအပ်သည့်အလားပင်။

ဤသည်မှာ ဆေးလုံးများ၏ ပြန်လည်ကုသနိုင်မှုထက် များစွာပို၍လျှင်မြန်သည်။

သို့ရာတွင် အားကောင်းသော ရန်သူများကို မကြောက်ခြင်းသည် ကိစ္စတစ်ရပ်ဖြစ်သော်လည်း အကယ်၍ ကျိုးယွမ်ယန်သည် လုယွီ၏မိသားစုဝင်များဖြင့် ခြိမ်းခြောက်ပါက သူ အခက်တွေ့သွားနိုင်သည်။

"ကျန်းရီကို ရှာပြီးတော့ အလုပ်တချို့ လုပ်ရမယ့်အချိန် ရောက်ပြီနဲ့တူတယ်"

လုယွီက တွေးတောလိုက်၏။

ထို့နောက် သူသည် ဝေ့မုန်ထင်ကို အနားယူရန်နေရာသို့ ပို့ဆောင်လိုက်သည်။ တော်ဝင်စစ်တပ်၏ ဖမ်းဆီးခြင်းမှ လွတ်မြောက်ရန် သူမသည် အစွမ်းကုန်အသုံးပြု၍ ပျံသန်းလာခဲ့သည်။

လုယွီက အသက်ရှင်ကျန်ရစ်သော အရာရှိများကို ကြည့်ပြီး ပြောဆိုလိုက်သည်။

"နောင်တစ်ချိန်မှာ မင်းတို့က ဘာလုပ်ဖို့ ကြံစည်ထားလဲ.....တော်ဝင်နန်းတော်ကို ပြန်ချင်လား..."

ယန်ရှန့်သည် ရှည်လျားသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်၏။

"အရာအားလုံးက အရှင်လုအပေါ်မှာ မူတည်ပါလိမ့်မယ်"

သူတို့ထံတွင် ရွေးချယ်စရာမရှိချေ။

သူတို့ တော်ဝင်မြို့တော်သို့ ပြန်ရောက်သွားလျှင်ပင် သူတို့သည် ကျိုးယွမ်

ယန်၏ ပြစ်တင်ဝေဖန်ခြင်းနှင့် သံသယဝင်ခြင်းတို့ကို ခံရနိုင်ချေရှိသည်။

ကျိုးယွမ်ယန်ကို ကြောက်ရွံနေရမည့်အစား သူတို့သည် သူတို့၏အစွမ်းအစများကို ပေးဆပ်ပြီး သူတို့၏လောင်းကြေးအားလုံးကို လုယွီအပေါ်တွင် ပုံအောလိုက်ခြင်းက ပို၍ကောင်းပေမည်။

"မင်းတို့အားလုံး လောလောဆယ် တပ်ထဲမှာ နေလို့ရပါတယ်...ဘာမှ စိတ်မပူနဲ့.... ငါက ဒီတစ်ကြိမ်မှာ ဧကရာဇ်နဲ့ ထိပ်တိုင်ရင်ဆိုင်မယ်...ငါက နန်းတွင်းအရာရှိတွေကို လှုပ်ရှားမှာ မဟုတ်ဘူး!

လုယွီက အပြုံးနှင့်ပြောဆိုလိုက်သည်။

ယန်ရှန့်နှင့်တခြားအရာရှိများသည် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်တုန်လှုပ်သွားကြသည်။

လူတိုင်းသည် မြေပြင်ပေါ်မှ အလောင်းများကို မြင်ချိန်၌ လုယွီ ပြောဆိုသည်မှာ လုံးလုံးလျားလျားအခြေအမြစ်မရှိဟု ခံစားလိုက်ရသည်။

ဤသည်မှာ ပွင့်လင်းသော ကြံစည်မှုတစ်ခုဖြစ်ပြီး မျက်နှာချင်းဆိုင် ခြိမ်းခြောက်ခြင်းဖြစ်သော်လည်း လူအများသည် စကားတစ်ခွန်းမျှ မပြောရဲကြချေ။ အကြောင်းအရင်းမှာ လုယွီထံတွင် သူတို့ခွန်းတုံ့မပြန်ဝံ့သောစွမ်းအား ရှိသောကြောင့်ပင်။

"အရှင်....တော်ဝင်စစ်တပ်ရဲ့တပ်မှူးတစ်ယောက် ရောက်လာပါတယ်..."

တစ်စုံတစ်ယောက်က သတင်းပို့သည်။

လုယွီသည် တော်ဝင်စစ်တပ်၏တပ်မှူးကို ဆင့်ခေါ်ခိုင်းခဲ့သော်လည်း ဤသည်မှာ သူ သိသော လူတစ်ဦးဖြစ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

"လုယွီ...နင်က တကယ့်ကို အစွမ်းထက်တယ်.... နင်က ဒီလို သေစေနိုင်တဲ့ အခြေအနေမျိုးကိုတောင် ဖြေရှင်းနိုင်ခဲ့တယ်... ငါက နင် ဒီလူတွေကို ဖြေရှင်းနိုင်မယ်ဆိုတာ သိတယ်...ဒါပေမယ့် နင် ဒီလောက်ထိ ပြတ်သားလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး"

သူရဲကောင်းဆန်သော အမျိုးသမီးတပ်မှူးတစ်ဦး လျှောက်လှမ်းလာသည်။

ဤအမျိုးသမီးတပ်မှူး၏ ခေါင်းပေါ်တွင် ထူထဲသော ကြေးနီသံခမောက်တစ်ခု ရှိနေသည်။ သူမသည် ထိုအရာကို ချွတ်လိုက်ချိန်၌ သူမ၏ အနက်ရောင်ဆံပင်များ ချက်ချင်ဖြာကျသွားပေ၏။ သူမ၏မျက်ခုံးတစ်စုံသည် ထက်ရှပြီး သူမအား ရဲရင့်ပုံပေါက်စေသည်။

သူမသည် နဂါးသိုင်းစစ်တပ်၏တပ်မှူး ယဲ့ဝမ်ရှုပင်။

Chapter 4934

တော်ဝင်မြို့တော် သံမဏိတံတိုင်းရှေ့တွင် ယဲ့ဝမ်ရှုသည် ပုန်းကွယ်နဂါးစစ်တပ်နှင့်အတူ ထန်စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။

ကံအကြောင်းမလှစွာဖြင့် ရှထန်ကန်း၏အမိန့်များအောက်တွင် တော်ဝင်အစောင့်တပ်များအားလုံးသည် စစ်မြေပြင်မှ ဆုတ်ခွာသွားကြ၏။ ယဲ့ဝမ်ရှု၏ နဂါးသိုင်းစစ်တပ်သည်လည်း ရှေ့တန်းမှ ထွက်ခွာရန် အတင်းအကြပ် ခိုင်းစေခြင်းခံခဲ့ရသည်။

သူမသည် တာယွီအင်ပါယာ၏ တစ်ဦးတည်းသော အမျိုးသမီးတပ်မှူးပင်။

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။

"တပ်မှူးယဲ့က သနားညှာတာမှုကို ပြသခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...."

တိုက်ပွဲစတင်ချိန်မှ ယခုအချိန်အထိ တော်ဝင်စစ်တပ်သည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ သူတို့သည် လုယွီနှင့်ပုန်းကွယ်နဂါးစစ်တပ်တို့ကို တိုက်ခိုက်ခဲ့ခြင်း မရှိချေ။

ယဲ့ဝမ်ရှုက အပြုံးနှင့် ပြောဆိုသည်။

"ကျေးဇူးတင်ရမှာက ငါပါ... ငါ့လက်အောက်ငယ်သားတွေရဲ့ အဆင့်ကို ငါ အသိဆုံးပဲ.... နင်ရဲ့ ပုန်းကွယ်နဂါးစစ်တပ်ကသာ တိုက်ခိုက်ခဲ့ရင် ငါတို့အားလုံး အသတ်ခံရမှာကို ငါ စိုးရိမ်တယ်"

လုယွီနှင့်ယဲ့ဝမ်ရှုတို့သည် အချိန်တခဏကြာမျှ စကားပြောပြီးနောက် သူသည် နောက်ဆုံးတွင် သူမ၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားသည်။

ယဲ့ဝမ်ရှုသည် မဆင်မခြင်ပြုမူတတ်သူတစ်ဦး မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် တာယွီတော်ဝင်နန်းတွင်း၏ ထိပ်သီးတပ်မှူး ဖြစ်လာနိုင်သူများအားလုံးသည် ဉာဏ်ကောင်းပြီး လျင်မြန်စွာ တွေးခေါ်နိုင်သူများ ဖြစ်ကြသည်။

အစောပိုင်းက ယဲ့ဝမ်ရှုသည် အခြေအနေကို မရှင်းလင်းသောကြောင့် ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။

ထိုအချိန်တွင် လုယွီသည် ဝမ်ကျန်း ရှကွေ့မင် စီမာယွင်နှင့် တော်ဝင်အကြီးအကဲများအားလုံးကို သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် အောင်ပွဲတစ်ခုကို ရရှိခဲ့လေ၏။

ယဲ့ဝမ်ရှုသည် ဤအချိန်တွင် သူမကိုယ်သူမ ထုတ်ဖော်ပြသခြင်းသည် အဓိပ္ပာယ်တစ်လွှာကို ဖုံးကွယ်ထားပြီး ဤသည်မှာ လုယွီအပေါ် သူ၏သစ္စာစောင့်သိမှုကို ကြေညာရန်ပင်။

ထို့ပြင် ယဲ့ဝမ်ရှုသည် ရောက်ရှိလာပြီးနောက် လုယွီကို သတင်းတစ်ခု ပေးခဲ့သည်။

ရှထန်ကန်းသည် ရှေ့တန်း၏ကြီးကြပ်ကွပ်ကဲသူပင်။

သူသည် ကျိုးယွမ်ယန်၏ မျက်နှာသာပေးခြင်းကို ခံရသောကြောင့် ဤအချိန်အခိုက်အတန့်တွင် တော်ဝင်စစ်တပ်၏ နံပါတ်တစ်တည်ရှိမှုကြီး ဖြစ်လာခဲ့သည်။

သို့ရာတွင် ရှထန်ကန်းသည် အလွန်သူရဲဘောကြောင်ပြီး လုယွီနှင့် တိုက်ရိုက်ရင်ဆိုင်ဝံ့ခြင်းမရှိချေ။ ထိုအစား သူသည် တော်ဝင်မြို့တော်အနီးမှ မြို့တစ်မြို့တွင် ပုန်းအောင်းနေပြီး မည်သည့်အချိန်မဆို ထွက်ပြေးရန် အဆင်သင့်ဖြစ်နေသည်။

"သူက ထွက်လာရဲသေးတာလား"

လုယွီ၏မျက်လုံးများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

ရှထန်ကန်း၏ ဆုတ်ခွာရန်အမိန့်ကြောင့် တော်မြို့တော်၏ သံမဏိတံတိုင်းတွင် ကြီးမားသော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပြီး ပုန်းကွယ်နဂါးစစ်တပ်သည် ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရလေ၏။

ထို့ပြင် ရှထန်ကန်းသည် ကျိုးယွမ်ယန်၏နောက်သို့ လိုက်ပါခဲ့ပြီး လုယွီကို ထိခိုက်စေရန် အကြံအစည်များစွာကို ပေးအပ်ခဲ့သည်။

လုယွီသည် ဤလူကို အသက်ရှင်ခွင့် မပေးနိုင်ချေ။

ရှထန်ကန်း၏ သတင်းကို သိရှိပြီးနောက် လူယွီသည် လူကျင်းရှန့်အား စစ်တပ်ကိုဦးဆောင်ပြီး တော်ဝင်မြို့တော်သို့သွားရန် အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်ကမူ ရှထန်ကန်းကို ရှာဖွေရန် သူတစ်ယောက်တည်း သွားခဲ့သည်။

တော်ဝင်မြို့တော်နယ်မြေ... ရှင်းချန်တောင်ကြားခံတပ်...

ဤခံတပ်သည် တော်ဝင်မြို့တော်နှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး များသောအားဖြင့် အစောင့်အကြပ် တစ်သောင်းခန့်သာ ရှိသည်။ ဤသည်မှာ ထင်ရှားပေါ်လွင်မှုမရှိသော ခံတပ်ငယ်တစ်ခုပင်။

ညဉ့်နက်နေပြီဖြစ်သောကြောင့် အမှောင်ထုကြီးသည် ခံတပ်ကို လွှမ်းခြုံထားပေ၏။

လုယွီသည် ခံတပ်ရှေ့သို့ ရောက်ရှိလာပြီး ခြေတစ်လှမ်းတည်းဖြင့် အကာအကွယ်ဝင်္ကပါကို ကြေမွှပျက်စီးသွားစေခဲ့သည်။

"စခန်းထဲကို ကျူးကျော်ဝင်ရောက်လာရဲတာ ဘယ်သူလဲ...."

အရာရှိဝတ်ရုံ ဝတ်ဆင်ထားသော ရှထန်ကန်းသည် ဒေါသတကြီးဖြင့် လေထုအတွင်းသို့ ပျံသန်းလိုက်သည်။

သူ၏နောက်သို့ လိုက်ပါခဲ့သော တခြားတာယွီစစ်ဗိုလ်ချုပ်အနည်းငယ်သည် သူ၏ လက်အောက်ငယ်သားများဖြစ်သည်။

"မင်း လား...."

ရှထန်ကန်းသည် လုယွီကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"ရှထန်ကန်း...ငါ မင်းကို ဒီနေ့ တမလွန်ခရီးကို ပို့ပေးဖို့ လာခဲ့တာပဲ"

လုယွီက တဲ့တိုးဆန်စွာ ပြောဆိုလိုက်သည်။

ရှထန်ကန်းသည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်သွားသည်။ သူသည် အော်ဟစ်ပြီး တန်ပြန်တိုက်ခိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် ရှထန်ကန်း၏နံဘေးမှ စစ်ဗိုလ်ချုပ်များသည်လည်း လုယွီကို သူတို့၏မှော်နည်းစနစ်များဖြင့် တိုက်ခိုက်လိုက်ကြသည်။

အချိန်တခဏအတွင်းမှာပင် ညကောင်းကင်ယံသည် မရေမတွက်နိုင်သော မှော်နည်းစနစ်များ၏ အလင်းတန်းများဖြင့် လင်းထိန်သွားသည်။

သို့ရာတွင် လုယွီသည် သူ့ရှေ့မှ မှော်နည်းစနစ်များကို လျစ်လျူရှုခဲ့သည်။ သူသည် သူ၏လက်ကိုမြှောက်ပြီး လက်ညှိုးညွှန်လိုက်ရာ သူ၏လက်ချောင်းထိပ်မှ ထက်ရှသော ဓားချီတစ်လှိုင်း ထွက်ပေါ်လာသည်။

ဝှစ်.....

လေးညှို့မှ ထွက်ခွာသွားသော ထက်ရှသည့် မြှားတစ်စင်းအလား ထိုဓားချီသည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး အချိန်တခဏအတွင်းမှာပင် ရောက်ရှိလာသည်။

ဝှစ်ဟူသောအသံနှင့်အတူ ရှထန်ကန်း၏ နဖူးသည် ဓားချီ၏ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူသည် မီတာရာပေါင်းများစွာအကွာသို့ လွင့်ထွက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် မိုးကောင်းကင်ယံမှ ပြုတ်ကျသွားပေ၏။

"အရှင်ရှ သေသွားပြီ....အရှင်ရှ သေသွားပြီ..."

ခံတပ်အတွင်းမှ မရေမတွက်နိုင်သော စစ်သားများ၏ ထိတ်လန့်တကြားအသံများကို ကြားလိုက်ရသည်။

ရှထန်ကန်း၏နောက်သို့ လိုက်ပါခဲ့သော စစ်ဗိုလ်ချုပ်များပင်လျှင် ကြက်သေသေနေကြပြီး မည်သို့ဆက်လုပ်ရမည်ကို မသိကြတော့ချေ။

Chapter 4935

လုယွီသည် သူတို့ကို လျစ်လျူရှုပြီး နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားသည်။

မည်သူမျှ လူယွီကို မတားဆီးဝံ့ချေ။ သူတို့သည် ရှထန်ကန်း၏အလောင်းကို သိမ်းဆည်းပြီးတော်ဝင်မြို့တော်သို့ သတင်းပို့ရန်သာ တတ်နိုင်တော့သည်။

မကြာမီမှာပင် ရှထန်ကန်းသည် လုယွီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် သတင်းသည် တော်ဝင်မြို့တော်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ရှထန်ကန်း၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော လူတချို့သည် ဝမ်းသာအားရ ကြွေးကြော်လိုက်ကြ၏။ လုယွီသည် သူတို့၏စိတ်နှလုံးသားများအတွင်းတွင် နတ်ဘုရားကဲ့သို့သော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့လေပြီ။

မကြာမီမှာပင် နောက်ထပ် အရေးကြီးသော သတင်းတစ်ခု ရောက်ရှိလာသည်။

ဧကရာဇ်သည် လုယွီအတွက် အခမ်းအနားတစ်ခုကို ဟန်ပြကျင်းပကာ တော်ဝင်အကြီးအကဲအမြောက်အများကို စေလွှတ်ခဲ့ပြီး သူထောင်ချောက်အတွင်းသို့ ဝင်ရောက်လာရန် စောင့်ဆိုင်းနေသည်ဟူသော ကောလာဟလများ ထွက်ပေါ်လာပေ၏။

မမျှော်လင့်ဘဲ ထိုလူများသည် လုယွီကို မသတ်နိုင်ခဲ့ကြချေ။ ထိုအစား သူတို့သည် လူယွီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ သူတို့အနက်မှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်းမရှိချေ။

လင်အန်းကြယ်နယ်မြေပေါ်တွင် ဖြစ်ပွားခဲ့သော ကိစ္စကို တော်ဝင်နန်းတွင်းမှ တိတ်တဆိတ် သတင်းအမှောင်ချထားခဲ့သည်။

သို့ရာတွင် ကျန်းရီ၏ညွှန်ကြားချက်များအရ ကောင်းကင်ကွန်ယက်သည် ဤဖြစ်စဥ်တစ်ခုလုံးကို ပျံ့နှံ့စေခဲ့သည်။

အချိန်တခဏအတွင်းတွင် တော်ဝင်မြို့တော်သည် ဆူညံပွက်လောရိုက်သွားပေ၏။

"လုယွီက အရမ်းအစွမ်းထက်တယ်... ဘယ်သူက သူ့ကို နှိမ်နင်းနိုင်မှာလဲ..."

"ထန်အင်ပါယာရဲ့ တာအိုသခင်တောင်မှ လုယွီကို မသတ်နိုင်ခဲ့ဘူး....ဧကရာဇ်က ဒီလိုတည်ရှိမှုမျိုးကို တော်ဝင်အကြီးအကဲတစ်စုတည်းနဲ့ ဖယ်ရှားချင်ခဲ့တယ်.....ဒါက တကယ့်ကို စိတ်ကူးယဥ်ဆန္ဒတစ်ခုပဲ..."

ထိုသတင်း ပျံ့နှံ့သွားချိန်၌ လူတချို့မှာ အံ့အားသင့်ပြီး တချို့ကမူ လှောင်ပြောင်သရော်ကြသည်။

ပိုင်းခြားသိမြင်နိုင်စွမ်းရှိသည့် လူများကမူ ကျိုးယွမ်ယန်၏ထီးနန်းသည် အန္တရာယ်အတွင်းသို့ ကျရောက်နေပြီဖြစ်ကြောင်း ခန့်မှန်းပြီးဖြစ်သည်။

သူသည် တော်ဝင်မြို့တော် ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့စဥ်ကတည်းက ပြည်သူလူထု၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့သည်။

သူသည် လုယွီကို ဖိနှိပ်ရာတွင် ရှုံးနိမ့်ပြီး အရာရှိများ၏စိတ်နှလုံးသားကို ဆုံးရှုံးခဲ့သည်။

တော်ဝင်နန်းတွင်းအရာရှိများသည် ဧကရာဇ်၏ နည်းလမ်းများ ကျရှုံးခဲ့ပြီး သူ၏လူယုံများပင်လျှင် လုယွီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်အား မြင်တွေ့ချိန်၌ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။

ထိုညတွင် တရားစီရင်ရေးရုံးတော်နှင့် တရားရေးဝန်ကြီးဌာနတို့တွင် ကြီးမားသော ထောင်ဖောက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

တော်ဝင်နန်းတွင်းမှ ချုပ်နှောင်ထားသော လုအဖွဲ့အစည်းဝင် လူအမြောက်အများ လွတ်မြောက်သွားပေ၏။ အကျဥ်းထောင်များကို စောင့်ကြပ်ရန် တာဝန်ယူသော ထောင်စောင့်များသည် ထိုနေ့တွင် အလှုပ်ရှုပ်နေသောကြောင့် သူတို့ကို များစွာဂရုမစိုက်ခဲ့ကြချေ။

နဂါးအစောင့်တပ်၏ အကျဥ်းထောင်မှလွဲ၍ လုအဖွဲ့အစည်းဝင်အားလုံးနီးပါးသည် တမင်သက်သက်ဖြစ်စေ မတော်တဆဖြစ်စေ လွတ်မြောက်လာကြသည်။

နောက်တစ်နေ့၌...

တော်ဝင်မြို့တော်၏အစောင့်များ နံနက်ခင်းတွင် ကင်းအလှည့်အပြောင်းလုပ်ချိန်၌ သူတို့၏တသက်တွင် မေ့နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

အနက်ရောင်တိမ်တိုက်တစ်ခုသည် တော်ဝင်မြို့တော်ကို ဖုံးလွှမ်းထားပေ၏။

ထိုအနက်ရောင်တိမ်တိုက်အတွင်းတွင် အင်အားကြီးမားသော စစ်တပ်တစ်တပ် လျင်မြန်စွာ ချီတက်နေသည်။ စစ်သည်တော်တစ်ဦးချင်းစီတိုင်းတွင် သန်မာသောခန္ဓာကိုယ်နှင့် ပြင်းထန်သောသတ်ဖြတ်လိုစိတ်တို့ ရှိကြသည်။ သူတို့၏အမူအယာများသည် တည်ကြည်ပြတ်သားပြီး ဆုံးဖြတ်ချက်ခိုင်မာသည်။

ဒီရေသည် တောင်တန်းများနှင့် မြစ်များကို ဝါးမြိုလိုက်သည့်အလား ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ စစ်တပ်ကြီးသည် ရောက်ရှိလာပြီး မြို့တော်တစ်မြို့လုံးကို တုန်ခါစေခဲ့သည်။

ဤစစ်တပ်၏နောက်တွင် အဆုံးအစမရှိသော စစ်သင်္ဘောများရှိနေကာ အလံများကို လွှင့်ထူထားပြီး စစ်ဗုံသံများကို ကြားနေရသည်။

"ပုန်းကွယ်နဂါးစစ်တပ် ရောက်လာပြီ.... အချက်ပေးခေါင်းလောင်းကို မြန်မြန်တီးလိုက်စမ်း"

မြို့စောင့်စစ်သားများသည် ထိတ်တုန်လှုပ်လှုပ်သွားပေ၏။

သူတို့သည် ဤကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း ဤမျှကြီးမားသော စစ်တပ်ကြီးကို မြင်တွေ့ချိန်၌ သူတို့သည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။

သူတို့ရှေ့မှ စစ်တပ်သည် သွေးပင်လယ်နှင့် အလောင်းတောင်ကြားမှ ထွက်လာခဲ့သည်။ ထိုစစ်သည်တော်များ၏သတ်ဖြတ်လိုစိတ်သည် ဓားကို ကိုင်ဆောင်ထားသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး သူတို့ကို ကြီးမားသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။

ပုန်းကွယ်နဂါးတပ်သည် တော်ဝင်မြို့တော်ရှိ ကောင်းကင်ဘုံတံခါးရှေ့တွင် ရပ်တန့်သွားပေ၏။ ထို့နောက် သန်းနှင့်ချီသောစစ်သားများစုစည်း၍ အားကောင်းသော တိုက်ပွဲဝင်ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်သည်။

"ငါ ဒီနေ့ တော်ဝင်မြို့တော်ကိုလာတာ ဧကရာဇ်ကို ရှာဖို့ပဲ... ငါ့ရဲ့လမ်းကို ပိတ်ဆို့သူတိုင်း သေရမယ်"

လုယွီသည် ကောင်းကင်ဘုံတံခါးထံသို့ တစ်ယောက်တည်း လျှောက်လှမ်းသွားသည်။

အေးစက်သော လေပြင်းတစ်ရပ်သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းတိုက်ခတ်နေပေ၏။ တော်ဝင်မြို့တော်ကို စောင့်ကြပ်နေသော စစ်သားများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို တားဆီးရန်အတွက် ရှေ့သို့ ခြေတစ်လှမ်းမတိုးရဲချေ။

မရေမတွက်နိုင်သော နတ်ဘုရားအာရုံများ ပျံ့လွင့်လာသည်။ သူတို့အနက်မှ အများစုသည် လုယွီ၏အနီးသို့ မချဉ်းကပ်ရဲကြသော်လည်း သူတို့သည် ဤသမိုင်းဝင်အခိုက်အတန့်ကို မျက်မြင်တွေ့ရန် သူတို့၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ထားကြဆဲပင်။

ကောင်းကင်ဘုံတံခါးရှေ့တွင် ရထားလုံးတစ်စီး ရပ်ထားသည်။

ဤရထားလုံးကို နဂါးမြင်းလေးကောင်ဆွဲကာ အလွန်ခန့်ညားထည်ဝါပြီး ရွှေရောင်နဂါးပုံစံများဖြင့် အလှဆင်ထားသည်။

ထိုနေရာတွင် ရထားလုံးတစ်စီးတည်းကိုသာ ရပ်တန့်ထားပေ၏။ ရထားလုံးကို ဆွဲနေသော နဂါးမြင်းများသည် အမှန်တကယ်ကို နတ်ဆိုးဧကရာဇ်အဆင့်တွင် ရှိနေသည်။ ထိုနဂါးမြင်းများမှ နားကွဲလုမတတ် ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး အလွန်ကြီးကျယ်ခမ်းနားသည်။

"လုယွီ...ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့ကြပြီ..."

ရထားလုံး၏လိုက်ကာ ပွင့်သွားပြီး ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားကာ ရွှေရောင်သရဖူဆောင်းထားသော လူတစ်ဦး ထွက်လာသည်။

သူ၏မျက်လုံးများသည် စူးရှတောက်ပနေပြီး သူ၏အရှိန်အဝါသည် တည်ငြိမ်နေပေ၏။ သူ၏ ခန္ဓာကိုယ် နံဘေးပတ်လည်တွင် အမြင့်မြတ်ဆုံးရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး သူ့၏နောက်တွင် အလင်းဘီးကြီးတစ်ခု ရှိနေသည်။ မှော်သင်္ကေတအမြောက်အများသည် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လှည့်ပတ်နေပြီး မှော်မန္တန်ရွတ်ဆိုသံများ လေထုအတွင်းတွင် ပဲ့တင်ထပ်နေသည်။ သူသည် အလွန်ခန့်ညားထည်ဝါကာ မိုးကောင်းကင်ယံမှ နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး မည်သူမျှ သူ့ကို စေ့စေ့မကြည့်ဝံ့ချေ။

ဤလူ ထွက်လာသည်ကို မြင်တွေ့ချိန်၌ လုယွီသည် နောက်ဆုံးတွင် သူ၏တည်ငြိမ်မှုကို မထိန်းနိုင်တော့ချေ။ သူ၏မျက်လုံးအတွင်းမှ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ပွင့်အံ့ထွက်လာပေ၏။

လုယွီ၏ ဒေါသနှင့်သွေးချီများသည် ဤအချိန်တွင် လုံးလုံးလျားလျား ပွင့်အံ့ထွက်လာကာ မီးတောင်ပေါက်ကွဲပြီး ငရဲနယ်မြေ ပေါ်ထွက်လာသကဲ့သို့ပင်။

သူသည် သူ့ရှေ့မှလူကို စူးစိုက်ကြည့်ပြီး အံ့ကြိတ်ကာ စကားလုံးသုံးလုံးကို အော်ဟစ်လိုက်သည်။

"ရှ ကွေ့ ကျုံး..."

All Chapters