← Chapters

အခန်း (၄၉၃၆-၄၉၄၀)

Vol. 250 Ch. 4936-4940

အခန်း (၄၉၃၆-၄၉၄၀)

Vol. 250 Ch. 4936-4940

Chapter 4936

လုယွီသည် သူ့ရှေ့မှလူကို မြင်တွေ့ချိန်၌ သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများကို မထိန်းချုပ်နိုင်တော့ချေ။ သူ၏ တာအိုနှလုံးသားပင်လျှင် ပြင်းထန်စွာ တုန်ရီနေသည်။

ထိုလူသည် ခန့်ညားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာပေါ်တွင် အေးစက်ပြီး မာနကြီးသော အမူအယာတစ်ရပ် ရှိနေသည်။ သူ၏မျက်ခုံးနှစ်ခုကြားတွင် သာလွန်ထူးကဲသော အရှိန်အဝါတစ်ရပ် ရှိနေပေ၏။

ဤလူသည် နတ်ဘုရားအမတ်ကြီး ရှကွေ့ကျုံးပင်။

ရှကွေ့ကျုံးသည် လေဟာနယ်အတွင်းတွင် မတ်တတ်ရပ်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဗုဒ္ဓအလင်းတန်းများဖြင့် ထွန်းလင်းနေပြီး ရွှေရောင်အလင်းတန်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေသည်။ ပတ်ဝန်းကျင်တွင် ဗုဒ္ဓမန္တန်ရွတ်ဆိုသံများကို ကြားနေရကာ ထိုအရာများသည် သူ့ကို ပို၍မြင့်မြတ်တည်ကြည်ပြီး အစွမ်းထက်သောအရှိန်အဝါမျိုး ရရှိစေသည်။

သူသည် ကောင်းကင်ဘုံတံခါးကို ပိတ်ဆို့ထားသော တောင်မြင့်တစ်လုံးကဲ့သို့ ထိုနေရာတွင် မတ်တတ်ရပ်နေသည်။ သန်းနှင့်ချီသောစစ်သား၏ သတ်ဖြတ်လိုခြင်း အရှိန်အဝါသည် သူတစ်ယောက်တည်းဖြင့် ခြေဖျက်ခြင်းခံလိုက်ရသည်။ သူတစ်ယောက်တည်းဖြင့် စစ်တပ်တစ်တပ် ဖြစ်နိုင်ပြီး သူ၏ခန့်ညားထည်ဝါသော အရှိန်အဝါသည် အထက်ကိုးကောင်းကင်ဘုံကို ထိုးဖောက်ဝင်ရောက်သွားပေ၏။

လူအများ၏နတ်ဘုရားစိတ်အာရုံများ လှုပ်ခတ်စပြုလာကြသည်။ သူတို့သည် အဝေးမှကြည့်ရုံမျှဖြင့် ရှကွေ့ကျုံးထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့်စွမ်းအားကို ခံစားမိသည်။

ဤသည်မှာ နတ်ဘုရားတစ်ပါး သူတို့၏ရှေ့တွင် မတ်တတ်ရပ်နေသကဲ့သို့ ဖြစ်နေပြီး သူတို့ကို သူ့အား ဝတ်ပြုကိုးကွယ်လိုစိတ်များ ပေါက်ဖွားစေသည်။

လုယွီသည် ဤမျက်နှာကို မြင်တွေ့ချိန်၌ သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများကို မထိန်းချုပ်နိုင်တော့ဘဲ လုံးလုံးလျားလျား ပွင့်အံ့ထွက်လာသည်။

ထိုနေ့က သူသည် အောက်ဘုံမှ ပုရွက်ဆိတ်တစ်ကောင် ဖြစ်ခဲ့သည်။ သူသည် ကောင်းကင်ဘုံနယ်မြေမှ လာသော ရှကွေ့ကျုံးကို ရင်ဆိုင်ရာတွင် ကူကယ်ရာမဲ့ဖြစ်နေခဲ့လေ၏။

ထိုအချိန်တုန်းက ရှကွေ့ကျုံးသည် မြင့်မြတ်ပြီး အစွမ်းထက်ကာ သူ၏လက်ချောင်းများကို တစ်ချက်လှုပ်ခတ်ရုံဖြင့် သူ့ကို ဖိနှိပ်နိုင်သော စိတ်ဝိညာဉ်စွမ်းအားများ ပိုင်ဆိုင်ထားသည်။

လုယွီသည် သူ၏ရှေ့တွင် ကျီးချန်ယွီ သေဆုံးသွားခဲ့သည်ကို အကူအညီမဲ့စွာ ကြည့်နေခဲ့ရပြီး သူထံတွင် မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းမရှိခဲ့ချေ။

သူမ၏စိတ်ဝိညာဉ်သည် ရှကွေ့ကျုံး၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ထိုအချိန်က သူ၏စွမ်းအားများအားလုံးကို အသုံးပြုခဲ့သည့်တိုင် သူသည် ရှကွေ့ကျုံးကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ယခုချိန်၌ ရန်သူများ တဖန်ပြန်၍တွေ့ဆုံကြလေပြီ။

လုယွီသည် ရှကွေ့ကျုံး၏ရှေ့တွင် မတ်တတ်ရပ်နေပြီး လက်စားချေရန် ဟန်ပြင်လိုက်သည်။

ဤအမုန်းတရားသည် လုယွီ၏နှလုံးသားအတွင်းတွင် အမြဲတစေ ပုန်းအောင်းနေခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ မှေးမှိန်မသွားခဲ့ချေ။

ဤသည်မှာ ပုန်းအောင်းနေသောနဂါးသည် ချောက်နက်ကြီးတစ်ခုအတွင်းတွင် ရှိနေပြီး လှုပ်ရှားရန် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေသည့်အလားပင်။

ဤသည်မှာ ပုန်းကွယ်နဂါးစစ်တပ်ဟု အမည်ပေးခဲ့ခြင်း၏ မူလအစဖြစ်ပြီး လုယွီ သူ့ကိုယ်ကို သတိပေးခဲ့သောကိစ္စလည်း ဖြစ်သည်။

သူသည် စွမ်းအားကို တစတစ စုစည်းခဲ့သည်။ အောက်ဘုံမှ တက်လာခဲ့သော အညတရလူငယ်တစ်ဦးသည် မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ဘုံနယ်မြေရှိ မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်စေသော ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ဦး ဖြစ်လာခဲ့သည်။

သွေးပင်လယ်နှင့် အလောင်းတောင်များကို ဖြတ်ကျော်ပြီးနောက် သူတို့နှစ်ဦးသည် နောက်တစ်ကြိမ် တွေ့ဆုံခဲ့ရလေပြီ။ အနေအထားနှင့် ကျင့်ကြံဆင့်အရ လုယွီသည် ယခုချိန်၌ ရှကွေ့ကျုံး အလေးအနက်ထားရမည့်လူ ဖြစ်နေလေပြီ။

ရှကွေ့ကျုံးသည် သူ့ကို ရှာဖွေရန် မလာခဲ့လျှင်ပင် လုယွီသည် ရှကွေ့ကျုံးကို ရှာဖွေပြီး လက်စားချေရန် သွားမည်မှာ သေချာပေါက်ပင်။

လုယွီ၏အရှိန်အဝါ ပွင့်အံ့ထွက်လာပြီးနောက် အရပ်မျက်နှာအဘက်ဘက်သည် အသူရာကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ရောက်ရှိသွားသည့်အလားပင်။ သွေးနီရောင်နယ်မြေတစ်ခုသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပေ၏။

ရထားလုံးကိုဆွဲသော နဂါးမြင်းလေးကောင်လုံးဒူးထောက်ပြီး ငိုကြွေးမြည်တမ်းကြသည်။ သူတို့သည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါကို တောင့်မခံနိုင်ကြချေ။

"ရှကွေ့ကျုံး....မင်း ဒီကို လာခဲ့တယ်...မင်း သေဖို့ အဆင်သင့်ဖြစ်ပြီလား"

လုယွီ၏ အသံသည် အရိုးကွဲမတက်ချမ်းစိမ့်သော လေကဲ့သို့ဖြစ်နေပြီး အဆုံးအစမရှိသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

သူ၏စကားလုံးများမှတဆင့် သူ၏စိတ်နှလုံးသားအတွင်းရှိ သတ်ဖြတ်လိုစိတ်ကို သံသယဖြစ်ဖွယ်မရှိ ထုတ်ဖော်ပြသနေသည်။

"လုယွီ.... မင်းက အခု သာမန်ပြည်သူတစ်ယောက်ပဲ... ငါက တော်ဝင်နန်းတွင်းရဲ့ အမတ်ကြီးတစ်ယောက် ဖြစ်တဲ့အပြင် အခွင့်အာဏာကြီးမားတဲ့ စစ်ဘက်အရာရှိတစ်ယောက်ပဲ.... မင်း ငါ့ကို ဒီလိုပုံစံမျိုးနဲ့ စကားပြောရဲတာလား"

ရှကွေ့ကျုံးက အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။ သူ၏နောက်မှ မှော်မန္တန်ရွတ်ဆိုသံများသည် ပို၍ပင် ကျယ်လောင်လာပေ၏။ ဗုဒ္ဓ၏အလင်းတန်းများသည် တောက်ပနေပြီး ကြယ်တာရာကောင်းကင်တခွင်လုံးကို လင်းထိန်သွားစေနိုင်သည့်အလားပင်။

ထိုသို့သော ဖိအားအရှိန်အဝါကြောင့် လူအများကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

"နတ်ဘုရားအမတ်ကြီး....မင်း တစ်ယောက်တည်းနဲ့ ငါတို့ကို တားနိုင်မယ်လို့ ထင်နေတာလား"

စုန့်ချင်းဟူက အော်ဟစ်ပြီး ပျံသန်းလာသည်။

တစ်ချိန်တည်းမှာပင် ဖူကျစ်ရွှယ် ချိုင်လုံရှင်း ချင်လုရှန်း ကျန်းပေါင်ရှင်း လုကျင်းရှန့်နှင့် တခြားလူများအားလုံး ပျံသန်းလာပြီး လုယွီ၏နောက်သို့ ရောက်ရှိလာကြ၏။

ကျင့်ကြံသူတစ်ရာကျော်သည် လုယွီ၏နံဘေးတွင် ထူထပ်သိပ်သည်းစွာ မတ်တတ်ရပ်နေကြသည်။ သူတို့တစ်ဦးချင်းစီတိုင်းသည် လူများကို ကြောက်ရွံ့စေသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

ဤသည်မှာ လုယွီ၏ အခြေခံအုတ်မြစ်ပင်။

သူသည် တစ်ယောက်တည်း တစ်ကိုယ်တည်း တိုက်ခိုက်နေခြင်း မဟုတ်တော့ချေ။

သူ၏ယခင်ဘဝတွင် သူသည် အထီးကျန်ဝံပုလွေတစ်ကောင်ဖြစ်ခဲ့သော်လည်း ယခုချိန်တွင်မူ သူထံတွင် လောကကြီးကို တုန်လှုပ်စေနိုင်သော အခွင့်အာဏာရှိသည်။ သူ၏ခြေတစ်ချက်ဆောင့်ရုံဖြင့် လောကတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည်။

တော်ဝင်မြို့တော်၏ အစောင့်တပ်များထံမှ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့သည် သူတို့၏ တိုက်ခိုက်လိုစိတ်များအားလုံးကို ဆုံးရှုံးသွားခဲ့လေပြီ။ အကယ်၍ လုယွီသည် တိုက်ခိုက်မှုတစ်ခုကို စတင်ပါက တော်ဝင်မြို့တော်သည် သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။

Chapter 4937

ရှကွေ့ကျုံး၏ မျက်နှာအမူအယာသည်ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ သူသည် နံဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

"သူတို့လောက်နဲ့လား....."

အဆုံးသတ်တွင် ရှကွေ့ကျုံး၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ပျံ့နှံ့သွားသည်။

လက်ရှိနေရာတွင်ရှိနေသော နယ်မြေသခင်များသည် သူတို့၏ရင်ဘတ်များ တင်းကြပ်လာမှုကို ခံစားလိုက်ရပြီး ဧရာမတူကြီးတစ်လက်ဖြင့် ရိုက်နှက်ခြင်းခံရသည့်အလားပင်။

ဤစကားတစ်ခွန်းတည်းဖြင့် လုယွီ ထုတ်လွှတ်ခဲ့သော အရှိန်အဝါသည် ဖိနှိပ်ခြင်းခံလိုက်ရလေ၏။

"တာအိုသခင်...."

ဖူကျစ်ရွှယ်နှင့်တခြားသူများ၏ မျက်နှာများ အနည်းငယ် ဖြူဖျော့သွားသည်။

အတိတ်တွင် တော်ဝင်နန်းတွင်း၏ နတ်ဘုရားအမတ်ကြီးရှစ်ယောက်လုံးသည် နယ်မြေသခင်အဆင့်မှ ကျင့်ကြံသူများပင်။

အကယ်၍ သူတို့သည် အမှန်တကယ် တာအိုသခင် ဖြစ်လာပါက သူတို့သည် အမတ်ချုပ်ကြီးအဖြစ်သို့ ရာထူးတိုးမြှင့်ခံရပေမည်။ သူတို့သည် စစ်တပ်ကို ဦးဆောင်ရန် မလိုအပ်တော့ချေ။ အကြောင်းအရင်းမှာ သူတို့သည် တစ်ယောက်တည်းဖြင့် ရန်သူစစ်တပ်တစ်တပ်ကို ခုခံကာကွယ်နိုင်သောကြောင့်ပင်။

သို့ရာတွင် ရှကွေ့ကျုံး၏တိုးတက်မှုသည် အလွန်လျှင်မြန်ပေ၏။

သူသည် ဗုဒ္ဓဂိုဏ်းဝင်တစ်ဦးဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေရှိ အချမ်းသာဆုံး ရှမိသားစုမှ သူ့ကို အဆုံးအစမရှိသော အရင်းအမြစ်များ ပံ့ပိုးပေးသောကြောင့် သူ၏ကျင့်ကြံမှုသည် ခုန်ပျံကျော်လွှား၍ မြင့်တက်လာပေ၏။ သူသည် တာအိုသခင်နယ်ပယ်သို့ အမှန်တကယ်ကို တက်လှမ်းနိုင်ခဲ့သည်။

လုယွီ၏အမိန့်အောက်တွင် ပါရမီရှင်များစွာ ရှိသော်လည်း အဆုံးသတ်တွင် တာအိုသခင်တစ်ယောက်ကို တိုက်ခိုက်နိုင်သူမှာ လုယွီသာ ရှိသည်။

"နတ်ဘုရားအမတ်ကြီးရှ...."

ဝေ့မုန့်ထင်သည် စစ်သင်္ဘော၏ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်နေပြီး ဤမြင်ကွင်းကို အဝေးမှ ကြည့်လိုက်သည်။ သူမ၏စိတ်နှလုံးသားသည် အထိန်းအကွပ်မဲ့စွာဖြင့် ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။

ဧကရာဇ်သည် ထိပ်သီးကျင့်ကြံသူတစ်ဦးကို ဖိတ်ခေါ်မည်ဟု သူမ ကြိုတင်သိရှိထားပြီး ဖြစ်သော်လည်း ဤသည်မှာ နတ်ဘုရားအမတ်ကြီးရှ ဖြစ်နေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့မိချေ။

ဤနေရာတွင် ဖူကျစ်ရွှယ်ကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ဦးပင်လျှင် ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိသောကြောင့် သူမသည် ပို၍ပင်ကူကယ်ရာမဲ့နေသည်။

ဝေ့မုန်ထင်၏မျက်နှာသည် အနည်းငယ် ဖြူရော်နေပေ၏။ သူမသည် သူမ၏စိတ်နှလုံးသားအတွင်းတွင် လုယွီ တစ်စုံတစ်ခုဖြစ်မသွားစေရန် ဆုတောင်းလိုက်မိသည်။

"နတ်ဘုရားအမတ်ကြီးရှက တော်ဝင်မြို့တော်ကို ဒီလိုအချိန်မှာ လာရဲတယ်...သူက လုယွီအတွက် လာခဲ့ပုံရတယ်"

တော်ဝင်နန်းတော်အတွင်းတွင် မီဖေးသည် နူးညံ့သော ညောင်စောင်းတစ်ခုပေါ်တွင် ထိုင်နေပြီး နန်းတော်၏အပြင်ဘက်သို့ ကြည့်နေသည်။

"အရှင်မ....လုယွီ... သူက နတ်ဘုရားအမတ်ကြီးရှရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား"

ကျန်းယုချင်က စိုးရိမ်ပူပန်သော အမူအယာဖြင့် မေးမြန်းသည်။

မီဖေးသည် ကျန်းယုချင်၏အနက်ရောင်ဆံပင်ရှည်များကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူမသည် သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်၏။

"ဒီလူနှစ်ယောက်ကို ငါက ထွင်းဖောက်မမြင်နိုင်တော့ဘူး..."

"ဒါပေမယ့် နတ်ဘုရားအမတ်ကြီးရှက ရှန်လင်းလုံနဲ့ ပူးပေါင်းပြီးသွားပြီ...ဧကရာဇ်က သူ့ရဲ့ ရန်ငြိုးတွေကို စွန့်လွှတ်ပြီး ရှကွေ့ကျုံးကို တော်ဝင်မြို့တော်ရဲ့ ကောင်းကင်ဘုံတံခါးမှာ စောင့်ကြပ်ခိုင်းခဲ့တာကို ကြည့်ရင် သူ့မှာ စွမ်းရည်တချို့ ရှိခဲ့တယ်ဆိုတာ သိသာထင်ရှားတယ်.... ဒီတိုက်ပွဲက လုယွီက ဒါကို ကိုင်တွယ်နိုင်မလား မကိုင်တွယ်နိုင်ဘူးလား ဆိုတာပေါ်မှာ မူတည်လိမ့်မယ်"

ဤတိုက်ပွဲသည် အင်အားစုများအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

တော်ဝင်မြို့တော်ရှိ မရေမတွက်နိုင်သော အင်အားစုများသည် သူတို့၏နတ်ဘုရားစိတ်အာရုံများကို ဤနေရာသို့ စေလွှတ်ထားပြီးဖြစ်သည်။

လုယွီနှင့် နတ်ဘုရားအမတ်ကြီးရှ...

သူတို့နှစ်ဦးလုံးသည် ငယ်ရွယ်စဉ်မှာပင် နာမည်ကျော်ကြားခဲ့ကြပြီး သူတို့နှစ်ဦးလုံး၏ကျင့်ကြံဆင့်စွမ်းအားသည် အလွန်မြင့်မားပေ၏။

အတိတ်တွင် ထန်အင်ပါယာ၏တာအိုသခင်သည် လုယွီကို တိုက်ခိုက်ခဲ့ချိန်၌ မင်းသားကူမှ သူ့ကို ကာကွယ်ပေးခဲ့သည်။

သို့ရာတွင် ယခုချိန်၌ ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် လုယွီအား ကူညီပေးနိုင်မည့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ မရှိတော့ချေ။

"စီနီယာအစ်ကို...မင်းတို့အားလုံး ဆုတ်ခွာကြတော့....ဒါက ငါနဲ့သူ့ကြားက ရန်ငြိုးပဲ"

လုယွီက ဖူကျစ်ရွှယ်ကိုကြည့်ပြီး ပြောဆိုလိုက်သည်။

ဤကဲ့သို့ နက်ရှိုင်းသော ရန်ငြိုးကို သူကိုယ်တိုင် ဖြေရှင်းရမည်မှာ သဘာဝကျပေ၏။

"မင်းသတိထားရမယ်...."

ဖူကျစ်ရွှယ်က ရှကွေ့ကျုံးကို စူးစိုက်၍ကြည့်လိုက်သည်။ သူတို့သည် ယခင်က လုပ်ဖော်ကိုင်ဖက်များ ဖြစ်ခဲ့သော်လည်း သူသည် ယခုချိန်၌ ရှကွေ့ကျုံး၏ကျင့်ကြံဆင့်ကို ထွင်းဖောက်မမြင်နိုင်တော့ချေ။

ဤအချိန်တွင် ရှကွေ့ကျုံးသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော မွန်းစတားအိုကြီးတစ်ကောင်နှင့် တူညီနေပြီး နားလည်ရခက်သည်။

"လုယွီ.... မင်းက အောက်ဘုံကနေ တက်လာတဲ့ လူတစ်ယောက်ဆိုတာ ငါ သိတယ်...မင်းရဲ့ အဆင့်အတန်းက နိမ့်ကျတယ်.... မင်းက ဓလေ့ထုံးတမ်းစည်းကမ်းတွေကို မသိဘူး

.ဒါကြောင့် မင်း ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောနေလည်း ငါက စိတ်ထဲမထားဘူး... ငါ ဒီနေ့ မင်းကို ရွေးချယ်စရာနှစ်ခုပေးဖို့ လာခဲ့တာပဲ"

ရှကွေ့ကျုံး၏ အသံသည် ကြီးမားကျယ်ပြန့်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။

ထိုသို့ပြောဆိုပြီးနောက် ရှကွေ့ကျုံးသည် လက်ချောင်းနှစ်ချောင်း ထောင်လိုက်၏။

"ပထမဆုံးအနေနဲ့ ငါ မင်းအပေါ်မှာ စိတ်ဝိညာဉ်အမှတ်အသားတစ်ခု ခတ်နှိပ်မယ်...ဒီနေ့ကစပြီးတော့ မင်းက ငါ့ကို သစ္စာစောင့်သိရမယ်.. မင်းရဲ့ မှော်ရတနာအားလုံး ငါ့ကို ပေးရမယ်....မင်းရဲ့ စစ်တပ်နဲ့အာဏာကလည်း ဧကရာဇ်နန်းတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိသင့်တယ်.... ဒီနေ့ကစပြီး မင်းက သစ္စာစောင့်သိတဲ့ လက်အောက်ခံတစ်ယောက် ဖြစ်လာသင့်တယ်...ဒါဆိုရင် မင်းက နောင်တစ်ချိန်ကျရင် ဟုန်လဲ့ဘုရားကျောင်းမှာတောင် မင်းရဲ့နာမည်ကို ချန်ထားနိုင်လိမ့်မယ်"

"ဒုတိယအနေနဲ့ မင်းနဲ့ မင်းနောက်က လူတွေအားလုံး ငါ့ရဲ့ သတ်ဖြတ်တာကို ခံရမယ်... မင်းရဲ့ခန္ဓာကိုယ်နဲ့တာအို ပျက်စီးသွားပြီးတော့ မင်း ရဲ့ဝိညာဉ်လည်း လွင့်ပြယ်သွားမယ်....ဒါ့ပြင် မင်းပိုင်ဆိုင်တဲ့ အရာအားလုံးလည်း ပျောက်ကွယ်သွားလိမ့်မယ်..."

Chapter 4938

"ဒါကို ရွေးချယ်စရာလို့ ခေါ်တာလား...."

လုယွီက လှောင်ပြောင်သရော်သံဖြင့် ပြောလိုက်သည်။

"မင်းတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို သတ်နိုင်မယ်လို့ ထင်နေတာလား...."

ရှကွေ့ကျုံးသည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ပို၍ပင် အားကောင်းလာပေ၏။

"မင်းက လက်မခံချင်ရင်တောင် ဒါကို လက်ခံရလိမ့်မယ်.... မင်းနဲ့ မင်းနောက်က လူအုပ်စု...မင်းတို့အားလုံးက ကြက်တွေ ခွေးတွေပဲ...ငါ မင်းတို့အားလုံးကို အချိန်တခဏအတွင်းမှာ သတ်ဖြတ်နိုင်တယ်... လုယွီ မင်းက အောက်ဘုံကနေ တက်လာတဲ့ အောက်တန်းစားတစ်ယောက်ပဲ...မင်းက ဧကရာဇ်ရဲ့အာဏာကို မေးခွန်းထုတ်ရဲတယ်။ မင်းက မင်းရဲ့သေခြင်းတရားကို မင်းကိုယ်တိုင် တောင်းဆိုနေတာပဲ...."

ရှကွေ့ကျုံးက လုယွီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။

"ငါ နောင်တအရဆုံးကိစ္စက အတိတ်မှာ မင်းကို ငါ အစွမ်းကုန်ကြိုးစားပြီး မသတ်ခဲ့မိတာပဲ...နောင်အနာဂတ်မှာ ဒုက္ခတွေ ချန်ထားခဲ့ပြီး မင်းကို အခုအခြေအနေမျိုးထိ ကြီးထွားလာစေခဲ့တယ်...မင်းက နောက်ဆုံးမှာ ကောင်းကင်ဘုံနယ်မြေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့တယ်... မင်း ဒီအရာတွေအားလုံးကို လုပ်လိမ့်မယ်လို့ ငါသာ အစောကြီးက သိခဲ့ရင် မင်းကို ပြာမှုန်ဘဝကို ပြောင်းလဲပစ်ခဲ့မှာပဲ...မင်းရဲ့ စိတ်ဝိညာဉ်ကိုတောင်မှ ငါ အလွတ်ပေးမှာ မဟုတ်ဘူး.... မဟုတ်ရင် မင်းက လောကကြီးကို ပြောင်းပြန်လှန်ပစ်မှာကို ငါ စိုးရိမ်တယ်...ငါက လောကကြီးတစ်ခုလုံးအတွက် မင်းကို ရှင်းပစ်ရမယ်"

လုယွီက ရုတ်တရက် ရယ်မောပြီး ပြောဆိုသည်။

"ရှကွေ့ကျုံး... ဒီအခြေအနေမှာတောင် မင်းက ဖြောင့်မတ်မှန်ကန်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်နေတုန်းပဲ..ကျိုးယွမ်ယန်က အင်ပါယာကို အရှက်ရစေတဲ့ စာချုပ်တစ်ခုကို လက်မှတ်ထိုးခဲ့ကတည်းက ပြည်သူလူထုရဲ့ခံစားချက်ကို ဆုံးရှုံးခဲ့ပြီးပြီ...ငါ သူ့ကို ဒီနေ့ လာရှာတာက ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကို ထောက်ခံပြီး ပြည်သူလူထုရဲ့စိတ်ဆန္ဒကို လိုက်နာဖို့ပဲ....သူက ကောင်းကင်ဘုံရဲ့စိတ်ဆန္ဒကို နာခံရမယ်"

"ဒါ့ပြင် မင်းက ငါ လောကကြီးကို ပြောင်းပြန်လှန်မှာကို စိုးရိမ်တယ်လို့ မရှက်မကြောက် ပြောထွက်ခဲ့တယ်....ဒါဆိုရင် မင်းက ရှန်လင်းလုံကို နယ်မြေပိုင်းခြားဖို့ ဘာလို့တိုက်တွန်းခဲ့တာလဲ.... မင်းက မြောက်ပိုင်းဧကရာဇ်နဲ့ တောင်ပိုင်းဧကရာဇ်လို့ခေါ်တဲ့ အရာတွေကို ဖန်တီးခဲ့တယ်.... ရှန်လင်းလုံမှာ လူသားဧကရာဇ်ဓား မရှိတော့ကတည်းက ဧကရာဇ်ဖြစ်ခွင့်ကို ဆုံးရှုံးခဲ့ပြီးပြီ....မင်းက သူ့ကို ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့ ကူညီပေးချင်နေတုန်းပဲ...ပြောရမယ်ဆိုရင် မင်းကမှ အစစ်အမှန်ပုန်ကန်သူပဲ"

လုယွီသည် တိုက်ရိုက်ချေပလိုက်ပြီး ရှကွေ့ကျုံး၏ ပြင်းထန်သောအရှိန်အဝါကို တစိုးတစိမျှ မကြောက်ရွံချေ။

ယခုချိန်တွင် သူတို့နှစ်ယောက်အကြားတွင် ပခုံးချင်းယှဥ်၍ စကားပြောဆိုနိုင်လေပြီ။ သူတို့ပြောသော စကားလုံးတိုင်းသည် လေဟာနယ်အတွင်းတွင် ပြင်းထန်စွာ တိုက်ခိုက်နေသော ထက်ရှသည့် ဓားနှစ်လက်အလားပင်။

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ.... ငါ့ရှေ့မှာ မင်းက ဘာလို့ ဒီလောက်ထိ စကားတွေအများကြီး ပြောနေတာလဲ....ငါက ဂုဏ်သိက္ခာကြီးမားတဲ့ မိသားစုကနေ လာခဲ့တာ... ငါက ငယ်ငယ်ကတည်းက ကဗျာတွေ ဖတ်ခဲ့ပြီးတော့ ကျမ်းစာတွေရဲ့အဓိပ္ပာယ်ကို ကျွမ်းကျင်တယ်... ဒါက မင်း စိတ်ကူးနိုင်တာထက် အများကြီးပိုပြီးတော့ အဆင့်မြင့်တယ်...မင်းက ဘာမှမသိဘူး... မင်းက ထိပ်သီးကျင့်ကြံသူဖြစ်လာတာနဲ့ အရာအားလုံးကို သိတယ်လို့ ထင်နေတာလား.... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ... အဆုံးမှာတော့ မင်းက ရေတွင်းထဲက ဖားသူငယ်တစ်ကောင်ပဲ"

ရှကွေ့ကျုံးက သူ့ကို ပြင်းထန်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။

လုယွီက သရော်တော်တော်လေသံဖြင့် တုံ့ပြန်လိုက်၏။

"ရှကွေ့ကျုံး....မင်း ဒီမှာ သူတော်စင်တစ်ယောက်လို ဟန်ဆောင်စရာမလိုဘူး...မင်းရဲ့ရှမိသားစု လုပ်ခဲ့တာတွေက ပြည်သူလူထုကို လှည့်စားနိုင်ပေမယ့် ငါ့ကိုတော့ မလှည့်စားနိုင်ဘူး..."

"ချီဘုရင်ကျိုးထုံက လောဘကြီးတယ် ဆိုပေမယ့် သူက တော်ဝင်နန်းတွင်းအတွက် ဘယ်လောက်ချန်ထားသင့်လဲဆိုတာ သိသေးတယ်....ဒါပေမယ့် မင်းရဲ့ ရှမိသားစုက လောဘကြီးပြီးတော့ တော်ဝင်ဘဏ္ဍာတိုက်အတွက် တစ်ပြားတစ်ချပ်မှတောင် မချန်ထားခဲ့ဘူး...တော်ဝင်နန်းတွင်းက ထိန်းချုပ်ထားတဲ့ စိတ်ဝိညာဉ်မိုင်းတွင်းတွေရဲ့ တစ်ဝက်ကျော်မှာ ဘယ်တစ်ခုက မင်းတို့ရှမိသားစုရဲ့ ဝေစုမရှိဘူးလဲ...ဆား သံ ကျောက်မီးသွေးနဲ့ ရွှေလုပ်ငန်းတွေကို မင်းတို့ရှမိသားစုက လက်ဝါးကြီးအုပ်ထားတယ် မဟုတ်လား....ဘဏ္ဍာတိုက်က ဒီနှစ်အနည်းငယ်အတွင်းမှာ ဘဏ္ဍာငွေ အလုံအလောက်မကောက်ခံနိုင်တာကြောင့် နှစ်တိုင်း အခွန်တွေကို တိုးမြှင့်ပြီး ကောက်ခံခဲ့တယ်.... မင်းက ဒီကိစ္စတွေကို တခြားလူတွေမသိအောင် လှည့်စားပြီး ဖုံးကွယ်ထားနိုင်မယ်လို့ တကယ်ကြီးထင်နေတာလား..."

"ဒါ့ပြင် ငါ အစကတော့ ဆန်စပါးကို တော်ဝင်နန်းတော်က ထိန်းချုပ်တယ်လို့ ထင်ခဲ့တယ်... မင်းရဲ့ရှမိသားစုက ဆန်စပါးကိုတောင် ဝင်ပြီးစွက်ဖက်ရဲလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး.... ဒေသခံအရာရှိတွေထဲက ဘယ်လောက်များများက မင်းရဲ့ ရှမိသားစုကလည်းဆိုတာ မင်းရဲ့ စိတ်ထဲမှာ သိမှာပါ....စစ်ပွဲရဲ့ ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူပြီး တချို့နေရာတွေမှာ အစားအသောက်ဈေးနှုန်းက အဆသုံးရာ တိုးမြင့်သွားခဲ့တယ်....အငတ်ဘေးက နေရာတိုင်းမှာ ရှိနေပြီးတော့ အလောင်းတွေက တောင်တစ်လုံးလို ပုံနေခဲ့တယ်.... ဒါက ရှမိသားစုရဲ့ဘဏ္ဍာငွေတွေကိုတော့ ဖောင်းကားစေခဲ့တယ်.... မင်းတို့ရှမိသားစုက လောကကြီးမှာ အကျင့်ပျက်ခြစားဆုံးပဲ...ဒီနေ့ ငါက မင်းရဲ့ရှမိသားစုကို ဖျက်ဆီးပြီးတော့ ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကို ရယူပေးမယ်"

လုယွီ လမ်းတလျှောက် မြင်တွေ့ခဲ့ရ ကြားသိခဲ့ရသည့် ကိစ္စများသည် ရှမိသားစုနှင့် နက်ရှိုင်းသော ဆက်နွယ်ပတ်သက်မှု ရှိနေခဲ့သည်။

ဥပမာအနေဖြင့် တင်းအန်းကြယ်နယ်မြေအရှင်ပင်။ သူသည် ထန်စစ်နတ်ဘုရားလီကျင်းကို အရိုအသေပြုရုံသာမက သူ လုယက်ခဲ့သော ဓနဥစ္စာ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုကိုပင် ရှမိသားစုထံသို့ ပေးအပ်ခဲ့သည်။

သူသည် ရှမိသားစု၏ ဂရုစိုက်မှုကြောင့် ကြယ်နယ်မြေအရှင်ရာထူးတွင် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်စွာ ဆက်လက်ရှိနေနိုင်ခဲ့ခြင်းဖြစ်သည်။

လုယွီသည် အနည်းငယ် ထိတ်လန့်တုန်လှုပ်မိပေ၏။ ရှမိသားစု၏လက်တံများသည် အင်ပါယာ၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းအားလုံးသို့ ရောက်ရှိနေလေပြီ။ သူတို့သည် တော်ဝင်နန်းတွင်းတွင် အခိုင်အမာနေရာယူထားသော ဖုတ်ကောင်များကဲ့သို့ဖြစ်ပြီး အင်ပါယာ၏သွေးများကို စုပ်ယူနေသည်။

Chapter 4939

လုယွီသည် ဤလောကကြီးအတွင်းတွင် အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော ကြီးမားသည့် အာဏာတစ်ခုနှင့် တိုက်ခိုက်နေခဲ့သည်။

သူသည် တော်ဝင်မြို့တော်နယ်မြေ၏ ကြယ်နယ်မြေလေးဆယ့်တစ်ခုတွင် လယ်ယာခွန်ကို လူသိရှင်ကြား ဖျက်သိမ်းခဲ့သဖြင့် ဤသည်မှာ ရှမိသားစုနှင့် တခြားအင်အားစုကြီးများ၏ အကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

ဤကိစ္စများကိူ မူလက အမှောင်အတွင်းတွင် ဖုံးကွယ်ထားခဲ့သည်။ ကျင့်ကြံသူများသည် ထာဝရအသက်ကို လိုက်စားကြပြီး သူတို့သည် သူတို့၏ဘဝတသက်တွင် ကျင့်ကြံခြင်းနှင့် မှော်ရတနာများအပေါ်တွင်သာ အာရုံစိုက်ကြသည်။ လူအနည်းစုသာ ကောင်းကင်ဘုံနယ်မြေ၏ လုံခြုံရေးကို ဂရုစိုက်ကြသဖြင့် ပြည်သူလူထုသည် ဒုက္ခရောက်နေပေ၏။

သို့ရာတွင် ယခုချိန်၌ လုယွီသည် ရှမိသားစု၏ မျက်နှာဖုံးကို ဆုတ်ဖြဲခဲ့သည်။ ရှမိသားစု အတိတ်က လုပ်ဆောင်ခဲ့သမျှအရာအားလုံး လူအများရှေ့တွင် ထုတ်ဖော်ပြသခြင်းခံလိုက်ရသည်။

"စပါးဈေးနှုန်း ဒီလောက်ထိတက်ရတာ အံ့အားသင့်စရာမရှိဘူး.... နောက်ကွယ်ကနေ ထိန်းချုပ်နေတာက ရှမိသားစုပဲ...."

"တော်ဝင်နန်းတော်က အရာရှိအများစုကို မကြာသေးခင်က ရာထူးတိုးမြှင့်ပေးခဲ့တယ်လို့ ငါကြားတယ်.... သူတို့အများစုက မျိုးရိုးနာမည်ရှ ရှိကြတယ်....အစကတော့ ဒါက တိုက်ဆိုင်မှုတစ်ခုလို့

ငါ ထင်ခဲ့ပေမယ့် တကယ်တမ်းကျ ရှမိသားစုရဲ့လက်ချက် ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

"ဒီတော်ဝင်နန်းတွင်းက မျိုးရိုးနာမည်ရှကိုပြောင်းလဲသွားတော့မယ်လို့ ငါ စိုးရိမ်မိတယ်"

တော်ဝင်မြို့တော်မှ လူတစ်ဝက်နီးပါးသည် ဤတိုက်ပွဲကို အဝေးမှ ကြည့်နေကြ၏။

သူတို့သည် လုယွီ ပြောဆိုသည်ကို ကြားချိန်၌ သူတို့အားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤအချိန်ကျမှသာ ရှမိသားစုသည် အင်ပါယာ၏အကျိုးစီးပွားများကို တိုက်စားခဲ့ပြီးဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်သွားသည်။

လုယွီ ပြောခဲ့သည့်အတိုင်းပင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း အမြောက်အများသည် ရှမိသားစု၏ လက်ဝါးကြီးအုပ်ခြင်းကို ခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

တချို့နေရာများတွင် အုပ်ချုပ်ရေးအဖွဲ့သည် သူတို့၏အခွင့်အာဏာကို လုံးလုံးလျာလျား ဆုံးရှုံးခဲ့ပြီး ရှမိသားစု၏ အကြွင်းမဲ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ဤကိစ္စများသည် များသောအားဖြင့် ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲသော်လည်း အမှန်တရားကို ထုတ်ဖော်ပြသလိုက်သည်နှင့် လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။

"လုယွီ.....မင်းက သေခြင်းတရားကို တောင်းဆိုနေတာပဲ"

ရှကွေ့ကျုံးသည် ဤစကားများကိုကြားချိန်တွင် သူ၏တည်ငြိမ်မှုကို ထိန်းမထားနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ရှကွေ့ကျုံးနောက်တွင် မီတာတစ်သောင်းကျော်မြင့်သော ကြီးမားသည့် ဗုဒ္ဓပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ကာ ကြီးမားကျယ်ပြန့်ပြီးအရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။

ရွှေရောင်အလင်းတန်းအောက်တွင် ရှိနေသော ရွှီကွေ့ကျုံး၏ခန္ဓာကိုယ်ကို ရွှေရောင်အလွှာတစ်လွှာဖြင့် ဖုံးအုပ်ထားပုံရပြီး သူ၏အရှိန်အဝါသည် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။

သူသည် အစစ်အမှန်ဗုဒ္ဓတစ်ပါးကဲ့သို့ဖြစ်ပြီး သူ၏ဖိအားအရှိန်အဝါသည် အလွန်အားကောင်းသောကြောင့် လူအများသည် အထိန်းအကွပ်မဲ့စွာဖြင့် ထိတ်လန့်ကြောက်ရွံ့နေကြသည်။ သူတို့သည် သူ့ကို လက်နက်ချအညံ့ခံလိုစိတ်အား မထိန်းချုပ်နိုင်တော့ချေ။

တော်ဝင်မြို့တော်၏ ကောင်းကင်ဘုံတံခါးသည် အကန့်အသတ်မရှိသော ဗုဒ္ဓအလင်းတန်းများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းသွားလေပြီ။ ရှကွေ့ကျုံးသည် ထိုဗုဒ္ဓအလင်းတန်း၏ထိပ်တွင် ပလ္လင်ခွေထိုင်နေပြီး လက်တစ်ဖက်ဖြင့် လက်စည်းတံဆိပ်များ ပြုလုပ်ကာကာ တခြားလက်ကိုဖြန့်ပြီး လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းထားသည်။ ဤသည်မှာ သူသည် အထက်မိုးကောင်းကင်နှင့် အောက်မြေပြင်တွင် အမြင့်မြတ်ဆုံးဖြစ်သည်ဟု အဓိပ္ပါယ်သက်ရောက်သည့်အလားပင်။

"ဒါက ရှကွေ့ကျုံးရဲ့ စွမ်းအားပဲ...သူ ဗုဒ္ဓဂိုဏ်းကို ပထမဆုံး ပူးပေါင်းပြီး ကျင့်ကြံတုန်းက သူက ဗုဒ္ဓကျင့်ကြံနည်းစနစ်တွေရဲ့ အစစ်အမှန်အနှစ်သာရကို နားလည်သဘောပေါက်ခဲ့တယ်....လက်ရှိမှာ ရှကွေ့ကျုံးက ဗုဒ္ဓအရှင်အဆင့် ရောက်နေမှာကို ငါ စိုးရိမ်တယ်"

လူတိုင်း အလွန်ထိတ်လန့်တုန်လှုပ်သွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်တွေ့ရသည့်အလားပင်။

"ဒီနေ့ မင်းနဲ့ငါ နှစ်ယောက်ထဲက တစ်ယောက်သေရမယ်"

လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေသည်။ တစ်ချိန်တည်းမှာပင် နတ်ဆိုးဆန်သောသွေးချီများ သူ၏ခန္ဓာကိုယ်အတွင်းမှ ပွင့်အံ့ထွက်လာပေ၏။

သူသည် သိုင်းအင်မော်တယ်တစ်ဦး၏ ရုပ်ခန္ဓာကိုယ်ခွန်အားကို အပြည့်အဝ ထုတ်လွှတ်ခဲ့သည်။ သူ၏နောက်တွင် မီတာသုံးသောင်းမြင့်မားသော မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ် ရွှေရောင်ဓမ္မပုံရိပ်ယောင်ကြီး ထွက်ပေါ်လာကာ ဗုဒ္ဓပုံရိပ်ယောင်ကြီးနှင့် ရင်ဆိုင်နေသည်။

ဧရာမပုံရိပ်ယောင်နှစ်ခုသည် မိုးကောင်းကင်ယံတွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေကြသည်။ သူတို့တစ်ဦးချင်းစီတိုင်းသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။

"ရှေးဟောင်းကျင့်ကြံနည်းစနစ်....ထိုက်ယွမ်လက်ဝါး..."

လုယွီသည် သူ၏ရွှေရောင်ဓမ္မပုံရိပ်ယောင်၏စွမ်းအားကို အသုံးပြုပြီး လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်။ ကြီးမားသော မှော်စွမ်းအား လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် ကောင်းကင်ကို လွှမ်းခြုံပြီး နေရောင်ကို ပိတ်ဖုံးသွားကာ ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။

ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသတ်မရှိသော စွမ်းအားသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး လေဟာနယ်ကို တစ်လက်မချင်း ဆုတ်ဖြဲသွားပေ၏။ မရေမတွက်နိုင်သော အနက်ရောင် လေဟာနယ်အက်ကွဲကြောင်းများသည် လူတိုင်း၏မျက်လုံးများရှေ့တွင် ထွက်ပေါ်လာသည်။

လုယွီသည် သိုင်းအင်မော်တယ်နယ်ပယ် ပြီးပြည့်စုံခြင့်အဆင့် ကျင့်ကြံသူတစ်ဦးပင်။ ဤအချိန်တွင် သူသည် သူ၏ခွန်အားအားလုံးကို ထုတ်လွှတ်ပြီး တစ်ချိန်တည်းမှာပင် ရွှယ်အင်မော်တစ်ယောက်၏စွမ်းအားဖြင့် ရောယှက်အသုံးခဲ့သည်။ သူ၏စွမ်းအားသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးတော့မည့်အလားပင်။

ဤလက်ဝါးရိုက်ချက်ကို ရိုက်ထုတ်လိုက်သည့်အချိန်၌ လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းတွင် ဖိနှိပ်ထားခဲ့သော ဒေါသများကို နောက်ဆုံးတွင် ထုတ်လွှတ်နိုင်ခဲ့သည်။

ဤသည်မှာ သူ၏စိတ်နှလုံးသားအတွင်းတွင် ကိန်းအောင်းနေသော ရန်သူတစ်ဦး ရှိနေပြီး ရုတ်တရက် ထိုလူ့ကို ရင်ဆိုင်လိုက်ရသည့်အလားပင်။ ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများ ပွင့်အံ့ထွက်လာပြီး သူ၏ပြိုင်ဘက်ကို လုံးလုံးလျားလျား သတ်ဖြတ်လိုသည်။

"နိမ့်ကျတဲ့ကောင်.... မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်....ငါက ဗုဒ္ဓအရှင်အဆင့်ထိ ကျင့်ကြံပြီးသွားပြီ.... ငါ မင်းကို ပုရွက်ဆိတ်တစ်ကောင်ကို ညှစ်သတ်သလို လွယ်လွယ်ကူကူ သတ်နိုင်တယ်"

ရှကွေ့ကျုံးက လှောင်ပြောင်ရယ်မောလိုက်သည်။

Chapter 4940

ရှကွေ့ကျုံးထံတွင် မောက်မာပိုင်ခွင့် ရှိသည်။

သူ၏ပါရမီအရည်အချင်းသည် ထူးချွန်ပြီး သူသည် သဘာဝသူတော်စင်တစ်ပါးလောက် မမြင့်မားသော်လည်း လောကကြီးအတွင်းတွင် အကောင်းဆုံးဖြစ်နေဆဲပင်။

ဤအချိန်တွင် ရှကွေ့ကျုံးသည် သူ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြသခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် ကြီးမားသော ဖိအားတစ်ရပ်သည် ပတ်ဝန်းကျင်နေရာတဝိုက်ကို လွှမ်းခြုံသွားပြီး နတ်ဘုရားတစ်ပါးသည် သေမျိုးလောကအတွင်းသို့ ရောက်ရှိလာသည့်အလားပင်။

အမြင့်မြတ်ဆုံးဗုဒ္ဓအလင်းတန်းသည် ရှကွေ့ကျုံး၏ခန္ဓာကိုယ် နံဘေးပတ်လည်၌ တောက်ပနေသည်။ သူသည် သူ၏လက်ကိုမြှောက်ပြီး လက်ဝါးကို ရှေ့သို့တွန်းထုတ်ကာ မဟာအကြောက်အလန့်မဲ့စည်းတံဆိပ်ကို ဖွဲ့စည်းလိုက်သည်။

ဤစည်းတံဆိပ် ထွက်ပေါ်လာသည့်အချိန်၌ တော်ဝင်မြို့တော်၏ ကောင်းကင်နှင့်မြေပြင်ကြားတွင် ပဲ့တင်ထပ်နေသော ဗုဒ္ဓအန္တန်ရွတ်ဆိုသံများကို ကြားနိုင်ပြီး မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေသည်။

ဤသည်မှာ ဗုဒ္ဓအရှင်တစ်ပါးကိုယ်တိုင် ဤနေရာတွင် တရားဟောရန် ရောက်ရှိလာပြီး သက်ရှိအားလုံးကို ပြောင်းလဲစေလိုသည့်အလားပင်။ သူသည် လူအများကို သူတို့၏လက်နက်များအား ချထားရန် တိုက်တွန်းကာ နေရာတွင်ပင် ဗုဒ္ဓဂိုဏ်းဝင်များ ဖြစ်လာစေလိုသည်။

အကယ်၍ စိတ်ဆန္ဒမခိုင်မာသူတစ်ဦးသာဖြစ်လျှင် ဤကဲ့သို့ စည်းတံဆိပ်နှင့် ကြုံတွေ့ရပါက သူသည် လွယ်လွယ်ကူကူ စိတ်လှုပ်ရှားသွားပြီး ရှကွေ့ကျုံးကို ကျေးဇူးတင်မိပေလိမ့်မည်။ သူတို့သည် အတိတ်တွင် နက်ရှိုင်းစွာ စွဲငြိနေသော အမုန်းတရားများရှိသည့် ရန်သူများဖြစ်လျှင်ပင် သူသည် ဤအချိန်တွင် အခြားတစ်ဖက်ကို ဗုဒ္ဓအဖြစ် ရှုမြင်ပေလိမ့်မည်။ သူ့ထံတွင် ရိုသေလေးစားမှု နှိမ့်ချရိုကျိုးမှုတို့ဖြင့် ပြည့်နှက်နေပေမည်။

"မင်း ငါ့ကို တရားပြချင်တာလား...ငါက ဗုဒ္ဓတစ်ပါးကိုတောင် သတ်ခဲ့ပြီးပြီ...မင်းအဆင့်နဲ့ မလုံလောက်သေးဘူး"

လုယွီ၏မျက်လုံးများသည် လျှပ်စီးကဲ့သို့ စူးရှတောက်ပပြီး သူ၏အနက်ရောင်ဆံပင်များသည် ရေတံခွန်ကဲ့သို့ ဖြာကျလာပေ၏။ သူသည် နတ်ဆိုးနတ်ဘုရားတစ်ပါးအလားပင်။

ရှကွေ့ကျုံးက အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။

"မင်းက အောက်ဘုံကနေ တက်လာတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ.... မင်း ဒီလောက်ထိ မရှက်မကြောက် ကြွားဝါရဲတယ်...မင်းက ဗုဒ္ဓတစ်ပါးကို တကယ်ကြီး သတ်နိုင်မှာလား..."

"မင်း ငရဲကို ရောက်သွားရင် အလိုလိုသိသွားလိမ့်မယ်"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် ထိုက်ယွမ်လက်ဝါးပုံရိပ်ယောင်ကြီးသည် ရှကွေ့ကျုံးထံသို့ ရောက်ရှိသွားလေပြီ။

အစွမ်းထက်သော လက်ဝါးပုံရိပ်ယောင်နှစ်ခုသည် လေဟာနယ်အတွင်းတွင် ပြင်းထန်စွာ ထိတွေ့သွားပြီး နားကွဲလုမတတ် ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

ဘုန်း.....

ကြီးမားသောစွမ်းအားကြောင့် ပြင်းထန်သည့် လေပြင်းတစ်ရပ် ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။

တော်ဝင်မြို့တော်၏အစောင့်တချို့သည် ဤအချိန်တွင် ကောင်းစွာမတ်တတ်မရနိုင်ကြတော့ဘဲ လေပြင်းများကြောင့် မြေပြင်ပေါ်သို့ လွင့်ထွက်သွားကြသည်။

သူတို့အားလုံး၏မျက်နှာများ ဖြူဖျော့နေပြီး သူတို့သည် ဤနေရာတွင် ထပ်မံ၍ မနေရဲကြတော့ပေ။ သူတို့သည် အလျင်အမြန် မတ်တတ်ထရပ်ပြီး ထွက်ခွာသွားကြ၏။

လုယွီ၏နောက်မှ ထိပ်သီးကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင်လည်း ထိတ်လန့်တုန်လှုပ်သော အမူအယာများ ထင်ဟပ်လာပြီး ထိုစွမ်းအားကို ပိတ်ဆို့ဟန့်တားရန် မှော်မန္တန်များကို ရွတ်ဆိုလိုက်ကြသည်။

ဤလူနှစ်ဦးကြားမှတိုက်ပွဲသည် သူတို့ တွေးထင်ထားသည်ထက် များစွာပို၍ ကျော်လွန်နေလေပြီ။ ဤသည်မှာ တိုက်ခိုက်မှုတစ်ခုမျှသာဖြစ်သော်လည်း ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော သက်ရောက်မှုတစ်ခုကို ထုတ်လွှတ်ပေးနိုင်ခဲ့သည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင်လျှင် ပြိုလဲလုဆဲဆဲ ဖြစ်နေလေပြီ။

ဘုန်း....ဘုန်း...ဘုန်း..

ထိပ်သီးကျင့်ကြံသူတချို့သည် နောက်ချန်အားလှိုင်းများ၏ ထိခတ်ခြင်းကို ခံခဲ့ရသည်။ သူတို့၏မျက်နှာများ ချက်ချင်း ဖြူဖျော့သွားပြီး သူတို့၏ပါးစပ်ထောင့်များမှ သွေးများ ယိုစီးကျလာသည်။ သူတို့သည် အမှန်တကယ်ကို ဒဏ်ရာအပြင်းအထန် ရရှိသွားပေ၏။

"အရမ်း အစွမ်းထက်တယ်... ဒီနှစ်ယောက်က အရမ်းအစွမ်းတယ်... ငါတို့ ဒီတိုက်ပွဲမှာ ဝင်ပြီးစွက်ဖက်လို့မရဘူး.... နောက်တန်းက တပ်တွေကို မြန်မြန်ဆုတ်ခွာခိုင်းလိုက်တော့....ဒီနားကို ကပ်မလာစေနဲ့..."

လုကျင်းရှန့်က ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်သည်။

ဤအချိန်တွင် သူသည် ယန်ကျန့်နှင့်လုယွီအကြားရှိ တိုင်ပွဲမြင်ကွင်းကို ပြန်လည်အမှန်ရသွားသည်။

သို့ရာတွင် ထိုအချိန်တုန်းက မင်းသားကူသည် ပတ်ဝန်းကျင်တွင် အတားအဆီးတစ်ခုကို တည်ဆောက်ခဲ့သောကြောင့် လူအများသည် ထိုစွမ်းအားကို သိသိသာသာ မခံစားခဲ့ရချေ။

ယခုချိန်၌ သူတို့သည် တာအိုသခင်အဆင့်၏ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသဖြင့် လူတိုင်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် ဤတိုက်ပွဲကို တစ်ချက်ကြည့်ရုံမျှဖြင့် သူတို့၏ဘဝတသက်စာလုံး ထိတ်လန့်ကြောက်ရွံ့နေစေရန် လုံလောက်သည်ဟု ခံစားမိလေ၏။

ပြင်းထန်သော တုန်ခါမှုကြီး လွှမ်းခြုံသွားပြီးနောက် အားကောင်းသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်နှစ်ခုသည် လေဟာနယ်အတွင်းတွင် တဖြည်းဖြည်း ပြန့်ကျဲသွားသည်။ သူတို့သည် လက်ရည်တူယှဥ်ပြိုင်နိုင်သော ပြိုင်ဘက်များပင်။

"ဒါက တကယ့်ကို ငါ ပျိုးထောင်ခဲ့တဲ့ ဘေးအန္တရာယ်တစ်ခုပဲ... မင်းက ဒီအခြေအနေအထိတောင် ကျင့်ကြံထားနိုင်တာပဲတယ်...ကြည့်ရတာ ငါ မင်းကို ထပ်ထားလို့ မရတော့ဘူး....ဒီနေ့ ငါမင်းကို သုတ်သင်ရမယ်"

လုယွီ မသေသွားသည်ကို မြင်တွေ့ချိန်၌ ရှကွေ့ကျုံးသည် သူ၏စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ ဒေါသထွက်သွားသည်။ သူ၏မျက်နှာပေါ်တွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပေ၏။

သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တုန်ခါသွားပြီး မြေနဂါးတစ်ကောင် လူးလိမ့်သွားသည့်အလားပင်။

ရှကွေ့ကျုံးသည် သူ၏လက်ယာလက်ကို အောက်သို့ဖိနှိပ်ပြီး သူ၏လက်ချောင်းကို မြေပြင်ပေါ်သို့ ညွှန်ပြလိုက်သည်။

"ဉုမ်... အို... အို...နတ်ဘုရား ချိတ်ပိတ်ခြင်း...."

ရှည်လျားပြီး ဆွဲငင်သော မှော်မန္တန်ရွတ်ဆိုသံသည် ရှကွေ့ကျုံးထံမှ ထွက်ပေါ်လာသည်။

ဤသည်မှာ နတ်ဆိုးနှိမ်နင်းခြင်းမှော်မန္တန်ဖြစ်ပြီး လောကကြီးအတွင်းရှိ နတ်ဆိုးများအားလုံးကို နှိမ်နင်းမည်ဟူသော အဓိပ္ပာယ်ရသည်။

ရှကွေ့ကျုံး၏နောက်ရှိ တောက်ပသော ဗုဒ္ဓအလင်းတန်းများသည် မင်ဘုရင်၏ဓမ္မပုံရိပ်ယောင်ကြီးအဖြစ်သို့ ဖွဲ့စည်းသွားပြီး မီတာတစ်သောင်းကျော် မြင့်မားသည်။ ထိုပုံရိပ်ယောင်သည် လုယွီကို ဒေါသတကြီး စူးစိုက်ကြည့်နေပေ၏။ ထိုပုံရိပ်ယောင်ကြီး၏လက်အတွင်းတွင် အစွမ်းထက်သော မှော်လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။

All Chapters