← Chapters

အခန်း (၄၉၄၁-၄၉၄၅)

Vol. 250 Ch. 4941-4945

အခန်း (၄၉၄၁-၄၉၄၅)

Vol. 250 Ch. 4941-4945

Chaptet 4941

မင်ဘုရင်သည် ဗုဒ္ဓအရှင်၏ အမျက်ဒေါသကိုယ်ပွားပင်။

ကောင်းကင်ဘုံနယ်မြေမှ ဗုဒ္ဓများတွင် ပုံပန်းသွင်ပြင်နှစ်ခုရှိသည်။ တစ်ခုသည် နူးညံ့ပြီး ငြိမ်သက်သော ပုံရိပ်ဖြစ်ပြီး တခြားတစ်ခုမှာ ဒေါသထွက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ပင်။

ဤအချိန်တွင် ရှကွေ့ကျုံးသည် မင်ဘုရင်ဓမ္မပုံရိပ်ယောင်ကို ဖွဲ့စည်းခဲ့ပြီး သူသည် ဗုဒ္ဓ၏ အမျက်ဒေါသကို အသုံးပြု၍ သူ့ရှေ့မှ အရာအားလုံးကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုသည်။

ဝုန်း....ဝုန်း....

မင်ဘုရင်ဓမ္မပုံရိပ်ယောင် ထွက်ပေါ်လာသည်မှာ သေးငယ်သော ကိစ္စတစ်ရပ် မဟုတ်ချေ။ မိုးခြိမ်းသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများ ထွက်ပေါ်လာကာ လုယွီ၏ မီတာသုံးသောင်းကျော် မြင့်မားသော ရွှေရောင်ဓမ္မပုံရိပ်ယောင်ပင်လျှင် ထိခိုက်သွားသည်။ သူတို့နှစ်ဦးသည် မူလက တန်းတူအဆင့်၌ ရှိနေသော်လည်း ဤအချိန်တွင် ရှကွေ့ကျုံးသည် ဤနည်းလမ်းကို အသုံးပြု၍ အရှိန်အဝါအရ အသာစီးရရှိသွားခဲ့သည်။

လူတိုင်းသည် မင်ဘုရင်၏နောက်တွင် ဧရာမ အလင်းစက်ဝန်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ကြသည်။

ထိုအလင်းစက်ဝန်းပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတအက္ခရာများ ရေးထွင်းထားပြီး ဗုဒ္ဓပုံရိပ်သုံးထောင်လည်း ရှိနေသည်။ ရှကွေ့ကျုံးသည် ဗုဒ္ဓအရှင်ဖြစ်ပြီး သောင်းနှင့်ချီသော ဗုဒ္ဓဘုရားလောင်းများ ဘုန်းတော်ကြီးများနှင့် သန်းနှင့်ချီသော သက်ဝင်ယုံကြည်သူများထံမှ ကိုးကွယ်ယုံကြည်မှုစွမ်းအားကို နေ့စဥ်နေ့တိုင်း ရရှိနိုင်သည်။

"နမော ရှဗုဒ္ဓအရှင်...."

ထိုပုံရိပ်ယောင်များအားလုံးသည် ရှကွေ့ကျုံးအား ဝတ်ပြုသည့် ဗုဒ္ဓမှော်မန္တန်များကို ကျယ်လောင်စွာ ရွတ်ဆိုနေကြသည်။

ပြင်းထန်သော ကိုးကွယ်ယုံကြည်ခြင်းစွမ်းအားသည် ရှကွေ့ကျုံး၏ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်နှက်သွားစေပြီး သူ့ကို ရွှေရောင်အလင်းတန်းများဖြင့် တောက်ပစေခဲ့သည်။ သူ၏ပုံရိပ်သည် မြင့်မြတ်ပြီးတည်ကြည်ကာ လောကကြီးအတွင်းရှိ အရာအားလုံး၏ အစစ်အမှန်အရှင်သခင်အလားပင်။

"အား...."

အဝေးရှိ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်တချို့သည် စူးရှနာကျင်စွာ အော်ဟစ်နေကြသည်။

သူတို့၏စိတ်ဝိညာဉ်များ ထိခိုက်ဒဏ်ရာရရှိသွားပေ၏။ သူတို့သည် အလွန်ဝေးကွာသောနေရာ၌ ရှိနေသော်လည်း ပြင်းထန်သောဖိအားသည် သူတို့အပေါ် သက်ရောက်နေဆဲပင်။

ကျင့်ကြံဆင့်အားနည်းသော စစ်သည်တော်တချို့သည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။

သို့ရာတွင် ရှကွေ့ကျုံးသည် ယခုချိန်ထိ လှုပ်ရှားခြင်းပင် မပြုသေးချေ။ မင်ဘုရင်ဓမ္မပုံရိပ်ယောင် ထွက်ပေါ်လာမှု တစ်ခုတည်းနှင့်ပင် ဤမျှထိ အစွမ်းထက်နေလေပြီ။

"လူတိုင်း....စစ်မြေပြင်ကနေ ဝေးဝေးနေကြစမ်း.... အနားကို ကပ်မလာကြနဲ့....."

ဖူကျစ်ရွှယ်သည် အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏လက်အတွင်းတွင် ကျမ်းစာလိပ်တစ်ခု ပေါ်လာသည်။

ကွန်ဖြူးရှပ်တာအို၏ မြင့်မြတ်သော အရှိန်အဝါသည် လူတိုင်း၏နံဘေးပတ်လည်တွင် လှည့်ပတ်နေပေ၏။ အချိန်တခဏအတွင်းတွင် သောင်းနှင့်ချီသော ကွန်ဖြူးရှပ်ပညာရှင်များ၏ ကျမ်းစာရွတ်ဆိုသံများသည် ဗုဒ္ဓမှော်မန္တန်များ၏ အသံကို ဖုံးလွှမ်းသွားပြီး လူအများကို အနည်းငယ် နေသာသွားစေသည်။

လူများအားလုံး၏စိတ်နှလုံးသားများ အောက်ခြေထိရောက်အောင် လေးလံသွားသည်။ ရှကွေ့ကျုံး၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ သူတို့ တွေးထင်ထားသည်ထက် များစွာပို၍ကျော်လွန်နေလေပြီ။

"ဗုဒ္ဓဥပဒေသလား..... မင်းက ဥပဒေသကိုးခုကို ကျွမ်းကျင်ပိုင်နိုင်ထားတာပဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ရှကွေ့ကျုံးသည် တာအိုသခင်နယ်ပယ်သို့ ခြေချခဲ့သည်မှာ မကြာသေးဘဲ ဥပဒေသတစ်ခု နှစ်ခုကိုသာ ကျွမ်းကျင်မည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ရှကွေ့ကျုံး၏ အခြေခံအုတ်မြစ်သည် သူ တွေးထင်ထားသည်ထက် ပို၍ပင် နက်ရှိုင်းနေမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ဤကဲ့သို့စွမ်းအားသည် သူ စိတ်ဝိညာဉ်တောင်တွင် သတ်ဖြတ်ခဲ့သော ထျန်းဝမ်ဗုဒ္ဓထက်ပင် ပို၍အားကောင်းသည်။

ရှကွေ့ကျုံးသည် ရုတ်တရက် သူ၏လက်ကို မြှောက်ပြီး လုယွီရှိနေသောနေရာသို့ ဦးတည်၍ ဖိနှိပ်လိုက်၏။

အချိန်တခဏအတွင်းတွင် လုယွီသည် ပူလောင်သော နေတစ်စင်း သူ၏ရှေ့တွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ ကြည့်မိသော နေရာတိုင်းတွင် ကြီးမားကျယ်ပြန့်သော အဖြူရောင်နယ်မြေကြီးသာ ဖြစ်နေသည်။

ပုံမှန်မဟုတ်သော ပူပြင်းသည့်လေသည် လေဟာနယ်အတွင်းတွင် ပျံ့နှံ့စပြုလာပြီး လူများကို သေသည်အထိ လောင်ကျွမ်းစေမည့် ပြင်းထန်သော မီးတောက်အလားပင်။

ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ရှကွေ့ကျုံး၏ အကြွင်းမဲ့ထိန်းချုပ်ခြင်းကို ခံလိုက်ရလေ၏။

ဤသည်မှာ နယ်မြေအရှင်တစ်ဦး ထိန်းချုပ်နိုင်သော လေဟာနယ်နှင့် ကွဲပြားသည်။ တစ်ခုသည် ဩဇာအာလွှမ်းမိုးမှုဖြစ်ပြီး အခြားတစ်ခုမှာ ထိန်းချုပ်မှုပင်။ ထိုနှစ်ခုကြားတွင် အခြေခံကွာခြားချက်တစ်ခု ရှိနေသည်။

လုယွီသည် အတွေ့အကြုံမရှိသော ရွှယ်အင်မော်တယ်တစ်ယောက်သာ ဖြစ်နေပါက ရှကွေ့ကျုံးသည်် ဤလေဟာနယ်နယ်မြေအတွင်းတွင် အတွေးတစ်ချက်တည်းဖြင့် သူ့ကို ပြာအဖြစ်သို့ ကြေမွှပျက်စီးသွားစေနိုင်သည်ဟု ဆိုနိုင်သည်။

"သတ်....."

ရှကွေ့ကျုံး၏ အော်ဟစ်သံနှင့်တူ သူ၏နောက်မှ မင်ဘုရင်ဓမ္မပုံရိပ်ယောင်သည် သူ၏မှော်လက်နက်ကိုမြှောက်ပြီး လုယွီကို ထိုးစိုက်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်မှနေ၍ လေထုစုတ်ပြဲသွားသံများကို ကြားလိုက်ရသည်။ ဤသည်မှာ နားကွဲလုမတတ် ကျယ်လောင်ပေ၏။

"ရှကွေ့ကျုံး.... ငါ့ရဲ့တိုက်ခိုက်မှုကိုလည်း ခံယူလိုက်စမ်း"

လုယွီကလည်း အေးစက်စက် အော်ငေါက်လိုက်သည်။ သူ၏မှော်စွမ်းအားသည် အားကောင်းပြီး ပြင်းထန်သည်။ သူသည် သူ၏လက်ချောင်းကို ရှကွေ့ကျုံးထံသို့ ညွှန်ပြလိုက်ရာ သူ၏နောက်တွင် လူအိုကြီးတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။ ဤသည်မှာ ကောင်းကင်ဘုံဆရာသခင်ရှင်းပင်။

Chapter 4942

ဧရာမ ရှေးဟောင်းကောင်းကင်ဘုံဆရာသခင် ဓမ္မပုံရိပ်ယောင်သည် လေဟာနယ်အတွင်းတွင် မတ်တတ်ရပ်နေပေ၏။

ကောင်းကင်ဘုံဆရာသခင်သည် တာအိုဘာသာကို တည်ထောင်သူများအနက်မှ တစ်ဦးပင်။ ရှေးဟောင်းခေတ်တွင် သူသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်ခဲ့သည်။ သူ၏ကျင့်ကြံဆင့်သည် နားလည်ရခက်ပြီး သူ၏စွမ်းအားသည် အံ့အားသင့်စရာကောင်းသည်။

လုယွီသည် သူ၏လက်ချောင်းဖြင့် ညွှန်ပြပြီး သူ၏အမြင့်မြတ်ဆုံးစွမ်းအားဖြင့် ကောင်းကင်ဘုံဆရာသခင် ဓမ္မပုံရိပ်ယောင်ကို ဖွဲ့စည်းလိုက်သည်။ သူသည် ဤ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်၏ စွမ်းအားကို အသုံးပြု၍ အရပ်မျက်နှာအဘက်ဘက်ကို ဖိနှိပ်လိုသည်။

"မင်းတို့ရှမိသားစုက မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်.... ရှကွေ့ကျုံး....မင်းက အပြစ်မဲ့ပြည်သူတွေကိုတောင် သတ်ခဲ့တယ်...မင်းက အင်ပါယာအပေါ် သစ္စာစောင့်သိတဲ့ လူတွေကိုလည်း အကွက်ချကြံစည်ခဲ့တယ်...ဒါတောင် မင်းကိုယ်မင်း ဗုဒ္ဓအရှင်လို့ ခေါ်ရဲသေးတာလား...ငါ ထင်တဲ့အတိုင်းပဲ...အခုလက်ရှိ ဗုဒ္ဓဂိုဏ်းက အတုအယောင်ဗုဒ္ဓတွေချည်းပဲ...သူတို့မှာ အတုအယောင်တွေ ဟန်ဆောင်ကြင်နာမှုတွေနဲ့ ပြည့်နေတယ်.... ဒီနေ့ ငါက မင်းရဲ့ဟန်ဆောင်မျက်နှာဖုံးကို ဆွဲဖြဲပြီး မင်းကို အရင်သတ်မယ်....ပြီးရင် ငါက ဗုဒ္ဓဂိုဏ်းကို အမြစ်ပြတ်သုတ်သင်မယ်"

လုယွီ၏ အသံသည် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားကာ ကြောက်မက်ဖွယ်ကောင်းသော မင်ဘုရင်ဓမ္မပုံရိပ်ယောင်နှင့် ရင်ဆိုင်နေရသည့်တိုင် သူ ထိတ်ထိတ်ပျာပျာ ဖြစ်မသွားချေ။

ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံဆရာသခင် ဓမ္မပုံရိပ်ယောင်သည် သူ၏ဓားကို ဝှေ့ယမ်းပြီး ရှကွေ့ကျုံး၏နောက်တွင် မတ်တပ်ရပ်နေသော မင်ဘုရင်ဓမ္မပုံရိပ်ယောင်နှင့် တိုက်ခိုက်လိုက်သည်။

ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့သော ဂိုဏ်းနှစ်ဂိုဏ်းသည် ပြင်းထန်သောတိုက်ပွဲတွင် နောက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မိလေပြီ။

ဘုန်း....ဘုန်း...ဘုန်း.....

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံဆရာသခင်နှင့် မင်ဘုရင်၏ ဓမ္မပုံရိပ်ယောင်များသည် လေဟာနယ်အတွင်းတွင် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြသဖြင့် အလွန်ကြီးမားသော သက်ရောက်မှုများ ဖြစ်ပွားလာခဲ့သည်။

ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် အက်ကွဲသွားပြီး ကြီးမားသော တွင်းနက်များ ထွက်ပေါ်လာသည်။ လေပြင်းများသည် တဝှီးဝှီးတိုက်ခတ်နေကာ ပြင်းထန်သော စွမ်းအားလှိုင်းများ ပျံ့နှံ့နေသည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေသော နေရာအနီးသို့ မည်သူမျှ မချဉ်းကပ်ရဲချေ။

လုယွီနှင့်ရှကွေ့ကျုံးတို့သည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ရန် မည်သည့်နည်းစနစ်ကိုမျှ မလိုအပ်တော့ပေ။ ဤသည်မှာ စွမ်းအားများသက်သက် သန့်စင်သောတိုက်ခိုက်မှုတစ်ခုပင်။

သူတို့သည် သူတို့၏ စွမ်းအားများအားလုံးကို အသုံးပြုခဲ့ကြပြီး သူတို့၏ရုပ်ခန္ဓာကိုယ်ခွန်အား မှော်စွမ်းအား ကျင့်ကြံဆင့်နယ်ပယ်တို့ ပါဝင်သည်။ သူတို့နှစ်ယောက်အနက်မှ တစ်ယောက်သာကျန်သည်အထိ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်ရပေမည်။

လုယွီ ဆင့်ခေါ်ခဲ့သော ကောင်းကင်ဘုံဆရာသခင်သည် လက်တစ်ဖက်ဖြင့် လက်စည်းသင်္ကေတတစ်ခု ဖွဲ့စည်းထားပြီး တခြားလက်တစ်ဖက်တွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားပေ၏။ သူသည် နက်ရှိုင်းပြီး အဆုံးအစမရှိသော တာအိုနည်းစနစ်အမျိုးမျိုးကို အသုံးပြုနေသည်။ တောက်ပသော တာအိုမှော်မန္တန်အလင်းတန်းသည် လေဟာနယ်အတွင်းတွင် ထွက်ပေါ်လာပေ၏။

ရှကွေ့ကျုံးထံတွင်မူ အကန့်အသတ်မရှိသော ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူသည် တော်ဝင်နန်းတော်၏ နတ်ဘုရားအမတ်ကြီးများအနက်မှ တစ်ဦးဖြစ်ပြီး ရှမိသားစု၏ မိသားစုခေါင်းဆောင်လည်း ဖြစ်သည်။ သူသည် အဆင့်အတန်းမြင့်မားပြီး အစွမ်းထက်သော်လည်း လူယွီကဲ့သို့ အောက်ဘုံမှ တက်လာခဲ့သော ပုရွက်ဆိတ်တစ်ကောင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ ဤသည်ကြောင့် သူသည် ရှက်ရွံ့မှုမှတဆင့် ဒေါသထွက်သွားပြီး မင်ဘုရင်၏ စွမ်းအားကို ပို၍မြှင့်တင်လိုက်သည်။

မင်ဘုရင်ဓမ္မပုံရိပ်ယောင်၏ နံဘေးပတ်လည်တွင် မီးတောက်တစ်ခု လောင်ကျွမ်းနေသည်။ ထိုပြင်းထန်သော မီးတောက်သည် မင်ဘုရင်၏စွမ်းအားကို ပို၍မြှင့်တင်ပေးခဲ့လေ၏။ မင်ဘုရင်ဓမ္မပုံရိပ်ယောင်သည် ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုပြီး သူ၏နောက်မှ သန်းရာနှင့်ချီသော ဗုဒ္ဓဂိုဏ်းဝင်များ၏ သက်ဝင်ယုံကြည်မှုစွမ်းအားများကို စုစည်းခဲ့သည်။ သူ၏လက်သီးချက်တိုင်းသည် တောင်တစ်လုံးကဲ့သို့ ခန့်ညားထည်ဝါပြီး အစွမ်းထက်သည်။

ဤသည်မှာ လူနှစ်ဦးကြားမှ တိုက်ပွဲတစ်ပွဲ မဟုတ်တော့ဘဲ ဧရာမစစ်တပ်နှစ်တပ် အချင်းချင်း တိုက်ခိုက်နေခြင်းနှင့် ပို၍တူညီသည်။

"ကောင်းပြီလေ.... လုယွီ...မင်းက ငါ့ကို တကယ့်ကို အံ့အားသင့်စေတယ်....အချိန်ဘယ်လောက် ကြာသေးလို့လဲ.... မင်းက ဒီအဆင့်ထိတောင် ကြီးထွားလာနိုင်ခဲ့တယ်....မင်းက လီမီနဲ့ ကောင်းရှစ်ကျီးတို့ကို သတ်နိုင်ခဲ့တာ အံ့အားစရာမရှိဘူး....ဒါ့ပြင် မင်းက ကြီးမားတဲ့ ကံကြမ္မာကောင်းရှိတဲ့ လူတစ်ယောက်လည်း ဖြစ်တယ်.... ငါ မင်းကို သတ်နိုင်သရွေ့... မင်းရဲ့ ကံကြမ္မာကို ငါ သိမ်းပိုက်နိုင်လိမ့်မယ်...ပြီးတော့ ဒီနေ့ကစပြီး ငါ့ကို ဘယ်သူမှ ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး"

ရှကွေ့ကျုံးထံတွင် လောဘ ဒေါသ အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ ဤအတွေးများသည် ဗုဒ္ဓကျင့်ကြံသူများ မပိုင်ဆိုင်သင့်သော်လည်း ရှကွေ့ကျုံးသည် ဗုဒ္ဓအရှင်အဆင့်သို့ ရောက်နေသောကြောင့် သာမန်ဗုဒ္ဓပညတ်ချက်များသည် သူ့ကို ချုပ်နှောင်မထားနိုင်တော့ချေ။

သူသည် သူ၏ကျင့်ကြံမှုကို အောင်မြင်ပြီးမြောက်ခဲ့ပြီး ကျွမ်းကျင်ပိုင်နိုင်သောအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ ဗုဒ္ဓဂိုဏ်း၏စည်းမျဉ်းစည်းကမ်းအားလုံးသည် သူ့ကို မထိခိုက်စေနိုင်ချေ။

ဤအချိန်တွင် ရှကွေ့ကျုံးထံ၌ ရည်မှန်းချက်ပန်းတိုင် တစ်ခုတည်းသာ ရှိပြီး ဤသည်မှာ လုယွီကို ဖယ်ရှားရန်ပင်။ သူသည် လုယွီ၏ကံကြမ္မာကောင်းနှင့် မှော်ရတနာများအားလုံးကို သိမ်းပိုက်လိုသည်။

"ဒါဆို မင်း ကြိုးစားကြည့်လို့ရတယ်"

လုယွီသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်။

သူ၏အသံသည် ကြီးမားကျယ်ပြန့်ပြီး နဂါးဟိန်းသံတစ်သံအလားပင်။

အတွေးတစ်ချက်ဖြင့် လုယွီသည် ကြီးမားသော ကောင်းကင်ဘုံဆရာသခင် ဓမ္မပုံရိပ်ယောင်ကို ထိန်းချုပ်ပြီး မင်ဘုရင်ဓမ္မပုံရိပ်ယောင်၏ရှေ့သို့ ရောက်ရှိသွားသည်။ ထို့နောက် သူသည် ကောင်းကင်ဘုံဆရာသခင် ဓမ္မပုံရိပ်ယောင်ကို ဖောက်ခွဲလိုက်၏။

လုယွီသည် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။ သူသည် တိုက်ပွဲစတင်ချိန်မှစ၍ သူ၏သတ်ဖြတ်ခြင်းလှုပ်ရှားမှုများကို အသုံးပြုခဲ့သည်။ သူသည် ဒဏ်ရာကို ဒဏ်ရာဖြင့် လဲလှယ်ရန် ပို၍သဘောကျပြီး ရှကွေ့ကျုံးကို တန်ကြေးပေးဆပ်ခိုင်းရပေမည်။

Chapter 4943

ခန့်ညားထည်ဝါသော ကောင်းကင်ဘုံဆရာသခင် ဓမ္မပုံရိပ်ယောင်သည် မင်ဘုရင်ဓမ္မပုံရိပ်ယောင်၏နံဘေးသို့ လျင်မြန်စွာ ရွေ့လျားသွားပြီးနောက် ပေါက်ကွဲသွားသည်။

ဘုန်း ....

အချိန်တခဏအတွင်းမှာပင် ပြင်းထန်သော ပေါက်ကွဲသံတစ်သံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပေ၏။

ပတ်ဝန်းကျင်ရှိ အရာအားလုံး အဖြူရောင်အလင်းတန်းဖြင့် ဖုံးအုပ်ထားပုံရသည်။ လူအများသည် တခြားမည်သည့်အရာကိုမျှ မမြင်နိုင်တော့ချေ။ ပြင်းထန်သော ပေါက်ကွဲသံတစ်သံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး မိုးကောင်းကင်ယံကို ထွင်းဖောက်သွားတော့မည့်အလားပင်။။

ရှကွေ့ကျုံးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"လုယွီ.... မင်း အတင့်ရဲလှ..."

သူ၏အသံ မဆုံးမီမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်သောပေါက်ကွဲမှု၏ ထိခတ်ခြင်းကိုခံလိုက်ရပြီး သူသည် အဖြူရောင်အလင်းတန်းများအကြားတွင် ချက်ချင်းနစ်မြုပ်သွားပေ၏။

"ဖူး...."

လုယွီ၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာသည်။ သူသည် ကောင်းကင်ဘုံဆရာသခင် ဓမ္မပုံရိပ်ယောင်ကို အတင်းအကြပ် ပေါက်ကွဲသွားစေခဲ့သဖြင့် သူကိုယ်တိုင်သည်လည်း တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ရွှမ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ထိုသို့သော နတ်ဘုရားမန္တန်ကို ထောက်ပံ့ရန် လုံလောက်သည်။ ထိုကြောင့် ဤသို့ပြုလုပ်ခဲ့သည့်တိုင် သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်း မရှိချေ။။

အော်ဟစ်သံတစ်သံသည် ပေါက်ကွဲမှုအတွင်းမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

ရှကွေ့ကျုံးသည် ပေါက်ကွဲမှု၏အလယ်ဗဟိုမှ ခြေလှမ်းတစ်လှမ်းချင်း ထွက်လာသည်။ သူ၏ပိုးထည်ဝတ်ရုံသည် အစိတ်စိတ်အမွှာမွှာ စုတ်ပြဲသွားပေ၏။ သူသည် ဆိုးရွားသော အခြေအနေတွင် ရှိနေသော သူတောင်းစားတစ်ဦးကဲ့သို့ ဖြစ်နေသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခန့်ညားထည်ဝါမှုသည် အနည်းငယ်မျှပင် လျော့ပါးမသွားခဲ့ချေ။

"လုယွီ....ငါ မှားသွားတယ်...ငါက မင်းကို လျှော့တွက်ခဲ့မိတယ်...မင်းလို ပုရွက်ဆိတ်တစ်ကောင်မှာ ဒီလိုစွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး...ဒါပေမယ့် မင်းက မင်းရဲ့နိမ့်ကျတဲ့ အဆင့်အတန်းနဲ့ ငါ့ ကို ထိခိုက်အောင် လုပ်ရဲတာက မင်း သေလမ်းရှာနေတာပဲ..ဒီနေ့ ငါက မင်းကို ဖယ်ရှားပစ်မယ်"

ရှကွေ့ကျုံး အလွန်ဒေါသထွက်နေသည်။ သူ၏ မင်ဘုရင်ဓမ္မပုံရိပ်ယောင်သည် အမှန်တကယ်ကို ဖျက်ဆီးခြင်းခံလိုက်ရလေ၏။

မင်ဘုရင်သည် ရှကွေ့ကျုံး၏ အမျက်ဒေါသပြယုဂ်ဖြစ်သည်။

သူ၏ဒေါသအားလုံးသည် မင်ဘုရင်ဓမ္မပုံရိပ်ယောင်အတွင်းသို့ ဝင်ရောက်သွားပြီး သူ၏စွမ်းအားကို ခိုင်မာစေသည်။

သို့ရာတွင် မင်ဘုရင်ဓမ္မပုံရိပ်ယောင်နှင့်ပင် ရှကွေ့ကျုံးသည် လုယွီကို မဖိနှိပ်နိုင်ခဲ့ချေ။ ထိုအစား လုယွီသည် မင်ဘုရင်ဓမ္မပုံရိပ်ယောင်ကို ဖျက်ဆီးခဲ့သဖြင့် ဤသည်မှာ ရှကွေ့ကျုံးကို မကြုံစဖူးသောဒေါသအား ခံစားစေခဲ့သည်။

"ငါ့ရဲ့အဆင့်အတန်းက နိမ့်တယ်လို့ မင်း ပြောနေတာလား... မင်းက အပြင်လူတစ်ယောက်ပဲ.... မင်းက ဗုဒ္ဓဖြစ်ဖို့ ကျင့်ကြံရင်တောင်မှ မင်းက အပြင်လူ နတ်ဘုရားတစ်ပါးပဲ..ငါက ဧကရာဇ်တစ်ပါးဖြစ်ပြီးတော့ အလေးစားခံရဆုံးသူပဲ...အဆုံးမှာတော့ ငါ့ရဲ့အဆင့်အတန်းက မင်းထက် အများကြီး မြင့်တယ်....ရှကွေ့ကျုံး မဟုတ်မမှန်စကားတွေကိုပြောဖို့ မကြိုးစားနဲ့..... မင်းက ငါ မင်းကို အထင်သေးအောင်ပဲ လုပ်နိုင်လိမ့်မယ်"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

လုယွီ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ သူ၏နောက်တွင် နဂါးကိုးကောင်၏ပုံရိပ်ယောင်သည် လေဟာနယ်အတွင်း၌ မျောလွင့်နေပေ၏။ ကြီးမားကျယ်ပြန့် အစွမ်းထက်သော ဧကရာဇ်ချီစွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ပျံ့လွင့်နေသည်။

ဤအချိန်တွင် လုယွီသည် နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့်အလားပင်။ သူသည် ကောင်းကင်နှင့်မြေပြင်၏အလယ်တွင် ထိုင်နေပြီး လူများအားလုံးကို သူ့အား အရိုအသေပြုလိုစိတ်များ ပေါက်ဖွားလာစေသည်။

သူ့ကိုကြည့်နေသော နတ်ဘုရားစိတ်အာရုံများအားလုံးသည် ပြင်းထန်စွာ လှုပ်ခတ်စပြုလာကြ၏။

သူတို့သည် လုယွီ၏ခန္ဓာကိုယ်အတွင်းမှ ဧကရာဇ်တစ်ပါး၏ချီကို ခံစားမိပြီး သူတို့ကို ဒူးထောက်ပြီး အရိုအသေပြုလိုစိတ်များ ပေါက်ဖွားစေသည်။

"ဒါက... လူသားဧကရာဇ်ဓားရဲ့ စွမ်းအားလား..."

"လူသားဧကရာဇ်ဓားက လုယွီကို ရွေးချယ်ခဲ့တယ်.... သူက ဒီလောကကြီးရဲ့ တရားဝင်ဧကရာဇ်ပဲ...ရှကွေ့ကျုံးက လူယွီနဲ့ အဆင့်အတန်းချင်း ယှဉ်ပြိုင်ချင်ခဲ့တယ်....သူက ဒီကိစ္စရဲ့အတိမ်အနက်ကို မသိဘူး"

လူအများသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးလိုက်ကြ၏။

ထိုအသံများ ရှကွေ့ကျုံး၏ နားအတွင်းသို့ ဝင်ရောက်လာသည်။ အချိန်တခဏအတွင်းတွင် ရှကွေ့ကျုံးသည် ပို၍ပင် ဒေါသထွက်သွားသည်။

"မင်းက ပုန်ကန်သူတစ်ယောက်....ဧကရာဇ်လို့ ခေါ်ထိုက်လို့လား"

ရှကွေ့ကျုံးသည် သူ၏လက်ဝါးကို နောက်တစ်ကြိမ် ရိုက်ထုတ်လိုက်သည်။

သူ၏လက်ဝါးသည် ဗုဒ္ဓဂိုဏ်း၏ အမြင့်မြတ်ဆုံးနည်းစနစ်ဖြစ်သော နတ်ဆိုးနှိမ်နင်းခြင်းလက်ဝါးပင်။ သူ၏စွမ်းအားသည် အံ့အားသင့်စရာကောင်းပေ၏။ အထူးသဖြင့် ရှကွေ့ကျုံး ကိုယ်တိုင်သည် ဗုဒ္ဓတစ်ပါး ဖြစ်နေသောကြောင့်ပင်။ သူ့အား ကိုးကွယ်ယုံကြည်သူများသည် နှစ်ပေါင်းများစွာ သူ့အားဝတ်ပြုသော ဗုဒ္ဓမှော်ခမန္တန်များကို ရွတ်ဆိုကြသည်။ ဤသည်ကြောင့် သူ၏စွမ်းအားကို အလွန်မြင့်မားသောအဆင့်သို့ ရောက်ရှိစေခဲ့သည်။

ရှကွေ့ကျုံးသည် အရှက်ရမှုကြောင့် ဒေါသထွက်သွားသည်ကို မြင်ချိန်၌ လုယွီသည် သူ၏စိတ်အခြေအနေ အနည်းငယ် ပြောင်းလဲသွားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ၏စိတ်နှလုံးသားအတွင်းတွင် သူသည် ရှကွေ့ကျုံးကို နောက်တစ်ကြိမ် ဂရုစိုက်ရန် မလိုတော့ပေ။

သူသည် ဘဝလမ်းခရီးပေါ်မှ ရန်သူတစ်ဦးကို အနိုင်ယူခဲ့သည့်အလားပင်။ သူသည် ရန်သူကို ဖိနှိပ်ပြီးနောက် ဤရန်သူသည် သူ့အတွက် စိုးရိမ်စရာ မဟုတ်တော့ချေ။

Chapter 4944

တစ်စုံတစ်ယောက်၏ ရှေ့ခရီးလမ်းသည် ကြမ်းတမ်းပြီး ရှည်လျားသော်လည်း သူ အောင်နိုင်ခဲ့သည့် ပစ်မှတ်ကို ပြန်ကြည့်မိချိန်၌ သူ ယခင်က အလွန်ခက်ခဲသည်ဟု ထင်ခဲ့သော အရာများသည် ထိုမျှ ကြောက်မက်ဖွယ်မကောင်းတော့ချေ။

လုယွီ၏စိတ်အခြေအနေသည် ထပ်တူထပ်မျှပင်။

သူသည် ငရဲနယ်မြေ၏တာအိုသခင်ဖြစ်ခဲ့ပြီး ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေနိုင်ခဲ့သော လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူသည် ရှကွေ့ကျုံးကဲ့သို့ သာမာန်လူတစ်ယောက်ကို သူ အရေးမစိုက်တော့ချေ။

သို့ရာတွင် သူ တွေးနေသောအရာနှင့် သူ လုပ်ဆောင်နေသောအရာသည် ကွဲပြားခြားနားသော အရာနှစ်ခုပင်။

အတိတ်က သူ အောက်ဘုံတွင် ရှိနေစဥ်၌ လုယွီသည် သူ၏စွမ်းအားများအားလုံးကို အသုံးပြုလျှင်ပင် သူသည် ထိုအချိန်က ရှကွေ့ကျုံးကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။

ထိုအချိန်က ရောက်ရှိလာသည်မှာ ရှကွေ့ကျုံး၏ကိုယ်ပွားပုံရိပ်ယောင်တစ်ခုသာ ဖြစ်ခဲ့သော်လည်း သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များကြား ကွာဟချက်သည် အလွန်ကြီးမားပေ၏။ မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူ၏ပြိုင်ဘက် မဟုတ်ခဲ့ချေ။

သို့ရာတွင် ယခုချိန်၌ အတိတ်က အဆင့်အတန်းမြင့်မားပြီး အစွမ်းထက်ခဲ့သော ရှကွေ့ကျုံးသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာ ရှိနေပေ၏။ သူ၏အဝတ်အစားများသည် စုတ်ပြတ်နေပြီး သူ့ထံ၌ တည်ငြိမ်မှုများ မရှိတော့ချေ။

ဤသည်မှာ စိတ်အခြေအနေ၏ သက်ရောက်မှုကို ခံရခြင်းပင်။ ထို့နောက်တွင် ရှကွေ့ကျုံးသည် လုယွီ၏စိတ်နှလုံးသားအတွင်းတွင် အမှတ်အသားတစ်ခုကို ချန်မထားနိုင်တော့ချေ။

လုယွီက ရှကွေ့ကျုံး၏လက်ဝါးရိုက်ချက်ကို ခံယူလိုက်သည်။ သူတို့နှစ်ဦးသည် လေဟာနယ်အတွင်းတွင် တိုက်ကွက်ပေါင်းရာနှင့်ချီ၍ တိုက်ခိုက်ခဲ့ကြပြီး သူတို့၏တိုက်ခိုက်မှုတိုင်းသည် အလွန်ပြင်းထန်ပေ၏။

လူအများ၏ နတ်ဘုရားစိတ်အာရုံများသည် သူတို့၏တိုက်ပွဲကို လိုက်မမီနိုင်တော့ချေ။ သူတို့ရှေ့မှတိုက်ပွဲသည် သူတို့၏နားလည်မှုထက် များစွာပို၍ကျော်လွန်နေလေပြီဖြစ်သည်။ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသာလျှင် ဤတိုက်ပွဲကို ဝိုးတဝါးမြင်တွေ့နိုင်ခဲ့သည်။

ရှကွေ့ကျုံးသည် ပို၍ပို၍ ဒေါသထွက်လာပေ၏။ သူ၏ ပြင်းထန်သောဒေါသသည် အစိုင်အခဲအဖြစ်သို့ပင် ရောက်ရှိလုဆဲဆဲ ဖြစ်နေလေပြီ။ သူသည် ဗုဒ္ဓတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားပြီး လုယွီကို စူးစိုက်ကြည့်နေသည်။ သူ၏ တိုက်ခိုက်မှုတိုင်းသည် ဖျက်ဆီးခြင်းစွမ်းအားဖြင့် ပြည့်နှက်နေပြီး သူသည် လူယွီကို အရှင်လတ်လတ် ကြေမွှပျက်စီးသွားစေတော့မည့်အလားပင်။

သို့ရာတွင် သူ၏ မင်ဘုရင်ဓမ္မပုံရိပ်ယောင်သည် ကျိုးပဲ့သွားခဲ့လေပြီ။ သူ့ထံတွင် အကန့်အသတ်မရှိသော ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း ထိုအရာကို အသုံးပြုရန် မည်သည့်နည်းလမ်းမျှ မရှိချေ။ အဆုံးသတ်တွင် သူသည် ရူးသွပ်လုဆဲဆဲအခြေအနေသို့ ကျရောက်သွားပေ၏။

"ဒေါသ....ရှကွေ့ကျုံး...မင်းလည်း အတိတ်က ငါခံစားခဲ့ရတာတွေကို ဒီနေ့ ပြန်ခံစားသင့်တယ်"

လုယွီသည် သူ၏စိတ်အတွင်းတွင် ကျီးချန်ယွီ၏ ပုံရိပ်ကို ပြန်လည်အမှတ်ရရင်း တီးတိုးရေရွတ်လိုက်သည်။

သူမသည် ရှကွေ့ကျုံး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ဤရန်ငြိုးသည် အလွန်ကြာမြင့်သွားပြီဖြစ်သော်လည်း လုယွီသည် ဤအကြောင်းကို တစ်ကြိမ်တစ်ခါမျှ မမေ့လျော့ခဲ့ပေ။

"ငါ မင်းကို သတ်ပြီးတဲ့နောက်မှာ မင်းရဲ့ ရှမိသားစုက လူတွေကို တစ်ယောက်ချင်းစီ စုံစမ်းစစ်ဆေးမယ်... ငါက အပြစ်မဲ့ပြည်သူတွေကို ခွဲခြားဆက်ဆံပြီး မဆင်မခြင်သတ်ဖြတ်မှာ မဟုတ်ဘူး... ရှမိသားစုဝင်တွေက ဘာအမှားမှ မကျူးလွန်ခဲ့ရင်... ငါ သူတို့ကို လွှတ်ပေးနိုင်တယ်....ဒါပေမယ့် သူတို့က အင်ပါယာရဲ့အကျိုးစီးပွားကို ထိခိုက်စေပြီးတော့ အုပ်ချုပ်ရေးမှာ ပရမ်းပတာဖြစ်အောင် လုပ်သရွေ့ ငါကမကောင်းမှုအမျိုးမျိုးကို ကျူးလွန်ခဲ့တဲ့ လူတွေအားလုံးကို ဖမ်းဆီးမယ်... မင်းရဲ့ သင်္ချိုင်းရှေ့မှာ သူတို့ကို ခေါင်းဖြတ်မယ်"

လုယွီက ရှကွေ့ကျုံးနှင့် တိုက်ခိုက်ရင်း အေးစက်စက် ပြုံးလိုက်သည်။

"ငါက မင်းတို့ရှမိသားစုရဲ့ ဓနဥစ္စာကိုလည်း ယူပြီးတော့ အသုံးပြုမယ်...မင်းတို့ရဲ့ စည်းစိမ်တွေအားလုံးကို ကယ်ဆယ်ရေးဌာန တည်ထောင်ဖို့ အသုံးပြုမယ်.... အထူးသဖြင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက်ပဲ...မင်းက အရပ်သားတွေကို အထင်သေးခဲ့တာ မဟုတ်လား... ငါက မင်းရဲ့ရှမိသားစု မြေအောက်ကမ္ဘာမှာ စည်းစိမ်တွေ လုယက်နေတာကို မင်းကို ကြည့်ခိုင်းမယ်...မင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို သာမန်ပြည်သူတွေကြားမှာ ဖြန့်ဝေပေးမယ်"

ဤစကားများကို ကြားချိန်တွင် ရှကွေ့ကျုံးသည် ဒေါသထွက်သွားသည်။ သူသည် လက်သီးချက်များကို ဆက်တိုက်ထိုးနှက်လိုက်ကာ လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါသွားပေ၏။

သို့ရာတွင် သူ ရင်ဆိုင်နေရသည်မှာ သိုင်းအင်မော်တယ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင်။

အတိတ်တွင် သိုင်းအင်မော်တယ်မုန့်ယီသည် နတ်ဆိုးဘိုးဘေးများနှင့် တိုက်ခိုက်နိုင်သောစွမ်းအား ရှိခဲ့သည်။ လုယွီသည်လည်း ရှကွေ့ကျုံးကို တိုက်ခိုက်နိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားပေ၏။

"လုယွီ....မင်းက ဒီလောက်ထိ အားနည်းနေတာတောင် မရှက်မကြောက် ကြွားဝါနိုင်သေးတာလား.... မင်းက ငါ့ကိုတောင် သတ်ချင်သေးတယ်"

ရှကွေ့ကျုံးက ဒေါသတကြီး အော်ငေါက်လိုက်သည်။

သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။

"ချောင်ပိတ်မိနေတဲ့ သားရဲက ရုန်းကန်နေတာပါလား....ရှကွေ့ကျုံး ငါက မင်းကို ငါ့ရဲ့လက်ကို လှန်လိုက်သလိုမျိုး လွယ်လွယ်ကူကူ သတ်နိုင်တယ်"

ဤစကားများကို ကြားချိန်တွင် ရှကွေ့ကျုံး၏မျက်နှာ သုန်မှုန်သွားသည်။

လုယွီ၏ စကားလုံးများသည် အောင်ပွဲအတွက် ယုံကြည်မှုရှိကြောင်း သူ ခံစားမိသည်။

ဤကဲ့သို့ ခံယူချက်သည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိသင့်သော်လည်း နှစ်ဦးကြား အဆင့်အတန်းသည် ပြောင်းလဲသွားပုံရသည်။ လုယွီသည် သူ့ထက် ခေါင်းတစ်လုံး မြင့်နေသကဲ့သို့ ဖြစ်နေပေ၏။

ရှကွေ့ကျုံး၏မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး ရုတ်တရက် ပြုံးလိုက်သည်။

"လုယွီ....မင်း ဘာကို အားကိုးနေလဲဆိုတာ ငါသိတယ်... မင်းတစ်ယောက်တည်း ရှေးဟောင်းအမွေအနှစ်ကို ရခဲ့တယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"

Chapter 4945

ယခုချိန်၌ အခြေအနေများ ဤမျှအဆင့်ထိ ရောက်ရှိလာသောကြောင့် ရှကွေ့ကျုံးသည် လူယွီ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်၏။

လုယွီတို့လူစု ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာချိန်၌ သူတို့အားလုံးသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

ထိုအချိန်တွင် လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့သည်။

ဤသည်မှာ ကြီးမားသော ကိစ္စတစ်ရပ်ပင်။ ထိုအချိန်တုန်းက ဤကိစ္စကို မြင်တွေ့ခဲ့သော လူအမြောက်အများ ရှိခဲ့သည်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို လှုပ်ခတ်သွားစေပေမည်။ တံခါးပိတ်ကျင့်ကြံခဲ့သော မွန်းစတားအိုကြီးများသည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဘဲ လုယွီကို လာရောက်သတ်ဖြတ်ပြီး အမွေအနှစ်ကို လုယက်ကြပေမည်။

သို့ရာတွင် စာပေသူတော်စင်ရီဟန်သည် ထိုကိစ္စကို ကြားဝင်စွက်ဖက်ခဲ့လေ၏။ သူသည် လုယွီအတွက် ဤကိစ္စကို ဖုံးကွယ်ထားရန် နည်းလမ်းတချို့ကို အသုံးပြုခဲ့သည်။

တောအုပ်အတွင်းတွင် အလွန်မြင့်မားစွာ ရပ်တည်နေသော သစ်ပင်တစ်ပင်သည် သေချာပေါက် ဖျက်ဆီးခြင်းခံရပေလိမ့်မည်။ သို့ရာတွင် လုယွီ၏ပျိုးပင်သည် လိမ္မာပါးနပ်စွာဖြင့် ကာကွယ်ခြင်းခံခဲ့ရသည်။

ယခုချိန်၌ ရီဟန်သည် ဤကိစ္စကို ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ချေ။ ရှကွေ့ကျုံးသည် အမှန်တရားကို ထုတ်ဖော်ပြောဆိုလိုက်ချိန်၌ ကောင်းကင်ဘုံနယ်မြေရှိ လူတိုင်းသည် လုယွီထံတွင် ရှေးဟောင်းအမွေအနှစ်တစ်ခု ရှိနေကြောင်း သိရှိသွားပေလိမ့်မည်။

သို့ရာတွင် သူတို့သည် ဤအကြောင်းကို သိနေလျှင်ပင် လူအများစုသည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

လုယွီ၏ လက်ရှိအစွမ်းအစနှင့် သူ့ကို ယှဉ်ပြိုင်နိုင်သူ အလွန်နည်းပါးလေရာ သူ့ထံမှ ရှေးဟောင်းအမွေအနှစ်ကို လုယက်ရန်မှာစိတ်ကူးယဥ်အိပ်မက်တစ်ခုသာ ဖြစ်ပေမည်။

အမှန်အားဖြင့် ပေးဆပ်ရမည့်တန်ကြေးကို မစဉ်းစားဘဲ လုယွီ၏အမွေအနှစ်ကို ကြံစည်မည့် တာအိုသခင်တချို့ ရှိလာနိုင်သည်။ သို့ရာတွင် သူတို့သည် အကျိုးဆက်များကို ထည့်သွင်းစဉ်းစားရပေမည်ဖြစ်သည်။ သူတို့ရှေ့တွင် ယန်ကျန့်၏အဖြစ်ဆိုး ရှိနေသဖြင့် မည်သူမျှ ထာဝရအသက်ကို လိုက်စားရင်း သေဆုံးလိုမည် မဟုတ်ချေ။

"လုယွီ....မင်းက ရှေးဟောင်းအမွေအနှစ်တစ်ခုကို ရရှိခဲ့ပေမယ့် ဒါက ရတနာတစ်ခုကို ဖြုန်းတီးတာပဲ....မင်းရဲ့ လက်ရှိကျင့်ကြံမှုနယ်ပယ်ကို ကြည့်စမ်း... ဒါက ငါ့နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ....ငါ့ရဲ့ကံကြမ္မာကောင်းက မင်းထက် အဆတစ်ရာ ပိုကြီးမားတယ်... မင်းက ဒီနေ့ ငါ့လက်ထဲမှာ သေဆုံးဖို့ ကံကြမ္မာပါလာတာပဲ..."

ရှကွေ့ကျုံးသည် လုယွီ၏ အမွေအနှစ်ကို ထုတ်ဖော်ပြောဆိုခဲ့သောကြောင့် သူ့ထံတွင် ဤကိစ္စကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခု ရှိနေပြီးဖြစ်ပေမည်။

"ငါ့ရဲ့အမွေအနှစ်က ရှေးဟောင်းဗုဒ္ဓဂိုဏ်းကနေ လာခဲ့တာ... မဟာဗုဒ္ဓအရှင်ကိုတောင် ငါ့ရဲ့ စီနီယာအစ်ကိုလို့ ယူဆနိုင်တယ်... ငါ့ရဲ့အဆင့်အတန်းက မင်း တွေးတောနိုင်တာထက် အများကြီး ကျော်လွန်တယ်....မင်းမှာ ရှေးဟောင်းအမွေအနှစ်တစ်ခု ရှိပေမယ့် မင်းက အနာဂတ်မျိုးဆက်သစ်က လူငယ်လေးတစ်ယောက်ပဲ....မင်းက အမွေအနှစ်ရဲ့နောက်ကွယ်က နက်နဲသိမ်မွေ့မှုတွေကို အပြည့်အဝ နားမလည်ဘူး....မင်းက ဘယ်လောက်တောင် အဆင်အခြင်မဲ့ပြီး အရင်းအမြစ်တွေကို ဖြုန်းတီးလိုက်လဲ"

ရှကွေ့ကျုံး၏ အသံသည် ဖြည်းညင်းစွာ ထွက်ပေါ်လာသော်လည်း ဤသည်မှာ ရှေးဟောင်းခေတ်မှ ထွက်ပေါ်လာသော ကျမ်းစာရွတ်ဆိုသံများအလားပင်။

ရှကွေ့ကျုံး၏နောက်တွင် ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာကာ ပလ္လင်ခွေထိုင်နေသည်။ ထိုဗုဒ္ဓပုံရိပ်ယောင်သည် သူ၏လက်များဖြင့် လက်စည်းတံဆိပ်များကို ဖွဲ့စည်းနေပေ၏။ သူသည် အလွန်အမင်းရှေးကျပြီး လက်ရှိဗုဒ္ဓအရှင် မဟုတ်ချေ။

"ရှေးဟောင်းဗုဒ္ဓဂိုဏ်း...."

လုယွီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ဤသည်မှာ သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့မိသော အရာပင်။

သူ ရရှိခဲ့သော သတင်းအချက်အလက်များအရ ရှကွေ့ကျုံး ဗုဒ္ဓဂိုဏ်းသို့ ပူးပေါင်းခဲ့ခြင်းမှာ ယခုလက်ရှိဗုဒ္ဓဂိုဏ်းနှင့် ဖြစ်သည်။

ထို့ပြင် ခွေးနက်ကြီး၏စကားများအရ ရှေးဟောင်းဗုဒ္ဓဂိုဏ်းသည် အစစ်အမှန်ဗုဒ္ဓဂိုဏ်းပင်။

ရှကွေ့ကျုံးသည် ရှေးဟောင်းဗုဒ္ဓကျင့်ကြံနည်းစနစ်များကို ကျင့်ကြံခဲ့သဖြင့် သူ ထုတ်ဖော်အသုံးပြုနိုင်သော စွမ်းအားကို နှောင်းပိုင်းမျိုးဆက်များမှ အတုအယောင်အင်မော်တယ်များနှင့် နှိုင်းယှဉ်၍မရပေ။

"ငါ ပြောတဲ့အတိုင်း..."

ရှကွေ့ကျုံးက ရုတ်တရက် စကားပြောဆိုလိုက်သည်။ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပေ၏။

တစ်ချိန်တည်းမှာပင် လောကကြီးတခွင်လုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ဤသည်မှာ ကောင်းကင်နှင့်မြေပြင် ပြိုလဲကျကာ နေနှင့်လ ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး အရာအားလုံး ပြောင်းလဲနေသည့်အလားပင်။

ရှကွေ့ကျုံး၏ပါးစပ်မှ ရှေးဟောင်းဗုဒ္ဓကျမ်းစာ ရွတ်ဆိုသံတစ်သံ ထွက်ပေါ်လာသည်။ ဤဗုဒ္ဓကျမ်းစာသည် လက်ရှိဗုဒ္ဓကျမ်းစာနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။ ဤကျမ်းစာ၏အသံထွက်ပင်လျှင် ရှေးဟောင်းဘာသာစကားဖြင့် ရွတ်ဆိုခြင်းဖြစ်ပေ၏။

ရှည်လျားပြီး သာယာနာပျော်ဖွယ် ကျမ်းစာရွတ်ဆိုသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ လူအများသည် ဤအသံကို ကြားချိန်၌ ချက်ချင်းဆိုသလိုပင် သူတို့၏မှော်လက်နက်များကို ချထားပြီး သူတို့၏ခေါင်းများကိုငုံ့ကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။ သူတို့၏မျက်လုံးများမှ မျက်ရည်များ ယိုစီးကျလာပြီး သူတို့၏ပြစ်မှုများကို ဝန်ခံလိုက်ကြ၏။

ဗုဒ္ဓ၏အလင်းတန်းသည် ပတ်ဝန်းကျင်၌ ထွန်းလင်းနေသည်။ ရှကွေ့ကျုံးသည် ဤလောကကြီးတွင် တစ်ဦးတည်းသော အစစ်အမှန်ဗုဒ္ဓဖြစ်နေသည့်အလားပင်။ သူသည် သက်ရှိအားလုံးကို ကယ်တင်ပြီး ကိုယ်ကျင့်တရားကောင်းမွန်မှုကို အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့စေလိုသည်။

ရှကွေ့ကျုံးသည် ထျန်းဝမ်ဗုဒ္ဓထက် များစွာပို၍အစွမ်းထက်သည်ကို လုယွီ ယခင်ကတည်းက သိရှိခဲ့ပြီးဖြစ်သည်။

ထျန်းဝမ်ဗုဒ္ဓသည် ဗုဒ္ဓ၏တာအိုကို ချေးငှားပြီး အမွှေးနံ့သာစွမ်းအားများကို စုစည်းကာ သူ့ကိုယ်ကို အစွမ်းထက်စေခဲ့သည်။ ထို့ကြောင့် သူသည် အစွမ်းထက်သော်လည်း ဗုဒ္ဓအရှင်သုံးထောင်အနက် ထူးချွန်သူမဟုတ်ခဲ့ချေ။

Thank For Reading.

All Chapters