အခန်း (၁၇၁)
Vol. 18 Ch. 171
🥝 Chapter 171
စုကျိုသည် မြေအောက်မြို့တော်ရှိ ရွှေအမြုတေအဆင့်အဖွဲ့များ တည်းခိုရာ တုန်းလိုင်တည်းခိုဆောင်သို့ ဝင်ရောက်ခဲ့သည်။
တည်းခိုဆောင်မန်နေဂျာက သူမကို ချက်ချင်းမှတ်မိသွားသည်။
"အရှင်သခင်လု၊ ဒီနေ့ပြိုင်ပွဲအတွက် ဘယ်လိုအကြောင်းကိစ္စကြောင့် ကြွရောက်လာတာပါလဲ"
စုကျိုကို မြင်လိုက်ရသည့်အခါ မန်နေဂျာသည် အံ့ဩမှုကိုမဖုံးကွယ်နိုင်တော့ပေ။
တုန်းလိုင်တည်းခိုဆောင်သည် ဝိညာဉ်ကုန်သည်အသင်း၏ပိုင်ဆိုင်မှုဖြစ်ပြီး ပြိုင်ပွဲဝင်အဖွဲ့များ နားခိုရာနေရာဖြစ်သည့်အတွက် မန်နေဂျာသည် ပြိုင်ပွဲစည်းကမ်းများကို ကောင်းကောင်းသိသည်။
ယနေ့သည် အခြေခံတည်ဆောက်ခြင်းအဆင့်တပည့်များက ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို အမဲလိုက်ရမည့်နေ့ဖြစ်သည် လိမ်လည်မှုကို တားဆီးရန်အတွက် ပါဝင်သည့်တပည့်အားလုံး၏ ဆက်သွယ်ရေးကျောက်တုံးများကို သိမ်းဆည်းထားသည်။
ပြိုင်ပွဲကွင်းပြင်ပမှ မည်သူ့ကိုမျှ ဆက်သွယ်ခြင်း သို့မဟုတ် အကူအညီတောင်းခံခြင်းကို ခွင့်မပြုထားပေ။
ဝိညာဉ်ပိုးဖလံဂေဟာမှ မဟာကျင့်ကြံသူ အရှင်သခင်လုကျိကျောင်း ကိုယ်တိုင်ရောက်လာသည်မှာ စည်းကမ်းနှင့် ညီပါရဲ့လား ?
မန်နေဂျာမှာ အံ့ဩနေသော်လည်း စားပွဲပေါ်ရှိ 'မှန်ကန်ခြင်း ရွှေချိန်ခွင်' ကို တစ်ချက်ကြည့်လိုက်သည်။
ချိန်ခွင်လျှာသည် လုံးဝညီမျှနေသည် — တရားမျှတပါသည်!
မည်သူမျှ စည်းကမ်းမဖောက်ဖျက်သေးဟု ဆိုလိုခြင်းလော…
"အင်း ငါ့ရဲ့ ဝိညာဉ်ပိုးဖလံဂေဟာက ရွှေအမြုတေအဆင့် တပည့်တွေကိုလာကြည့်တာပါ ပြီးတော့ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေကို အန္တရာယ်မပြုဖို့ သူတို့ကိုလာမှာတာ" ဟု စုကျိုက အတည်ပေါက်ပြောလိုက်သည်။
[...]
[...]
ခုနက သူ ရုပ်ဖျက်တာကိုသာ မမြင်ခဲ့ရရင် ကျွန်တော်တောင် ယုံမိတော့မှာပဲ…
"ဒါဆိုရင်လည်း ကောင်းပါပြီ"
ဝိညာဉ်ပိုးဖလံဂေဟာ၏ကြင်နာမှုအပေါ် မန်နေဂျာမှာအလွန်စိတ်လှုပ်ရှားသွားသည်။
"ဒါဆိုရင် ကျွန်တော် အထဲကို လိုက်ပို့ပါ့မယ်"
စုကျို တည်ငြိမ်စွာပင် "ကောင်းပြီ" ဟု ဆိုလိုက်သည်။
သူမ တည်းခိုဆောင်ထဲကို တစ်ယောက်တည်း ဝင်သွားသည်မဟုတ်ပေ။ သူ့နောက်က တောက်ဟယ် အပါအဝင် လေးယောက်သည်လည်း အမြန်လိုက်ပါလာကြသည်။
သို့သော် သူတို့မှာ ဝေခွဲမရဖြစ်နေကြသည်။
"ညီမလေးစုကျိုက ဒီမှာမရှိဘူး" ဟု လုကျိကျောင်းအဖြစ် ရုပ်ဖျက်ထားသူက ဆိုသည်။
"ဒါဆို ငါတို့ ငါးယောက်အဖွဲ့က တစ်ယောက်လိုနေတာပေါ့"
မူချင်းချိုးသည် လယ်သမားအိုကြီးကဲ့သို့ ဝတ်ဆင်ထားပြီး ဘောင်းဘီကိုလည်းပင့်ဝတ်ထားသည် သူက အကဲခတ်အကောင်းဆုံး သူဖြစ်သည်
"ငါတို့ရဲ့ ထူးခြားမှုကို တစ်ယောက်ယောက် သတိထားမိသွားမလား"
တောက်ဟယ်က သူ့ငါးမျှားတံဖြင့် မျက်စိမှိတ်ထားသော လိုကျားကို ချိတ်လျက်မေးလိုက်သည်။
"ဟုတ်တယ် ခေါင်းတလားကော ဘယ်မှာလဲ ငါတို့ အဲ့ဒါကို သယ်လာတယ် မဟုတ်လား"
[...]
လဲ့ကျယ် မျက်မှောင်ကြုတ်လိုက်သည်။
"အရှိကိုအရှိအတိုင်း လုပ်ပါလို့ ညီမလေးစုကျို မှာထားတယ်လေ ထူးဆန်းတာတွေမလုပ်ကြနဲ့"
လိုကျားက မျက်စိမှိတ်ထားလျက်ပင် ခဏစဉ်းစားပြီးနောက်ပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင် ရှေ့က ထိပ်သီးတစ်ဆယ့်ခြောက်သင်း ပြိုင်ပွဲတုန်းက ရှင်တို့ ခေါင်းတလားငါးလုံးကို သယ်သွားခဲ့တာလေ"
လဲ့ကျယ် : "..."
မူချင်းချိုး : "..."
အခု ထိပ်သီးဆယ်သင်းပြိုင်ပွဲမှာ ရုတ်တရက် ခေါင်းတလားတွေမပါတော့ဘူးဆိုရင် အဖွဲ့ရဲ့ စရိုက်ကပြောင်းလဲသွားသလို ဖြစ်မနေဘူးလား ?
အဖွဲ့တစ်ခုရဲ့ ပုံစံနဲ့ တိုက်ခိုက်ရေးဗျူဟာက ရုတ်တရက်ကြီး ပြောင်းလဲမသွားသင့်ဘူး။
မဟုတ်ရင် တစ်ခုခုတော့ မှားနေပြီလို့ လူတွေ ထင်ကုန်လိမ့်မယ်။
လဲ့ကျယ်၏ နှုတ်ခမ်းများ လှုပ်ခတ်သွားသည်။
"ခေါင်းတလားက ဘယ်မှာလဲ"
မကြာခင်မှာပင် သူတို့ လေးယောက်သည် လုကျိကျောင်းအဖြစ်ရုပ်ဖျက်ထားသော စုကျိုနှင့် မန်နေဂျာနောက်သို့ ခေါင်းတလားတစ်လုံးကိုသယ်လျက် တုန်းလိုင်တည်းခိုဆောင်ထဲ ဝင်လာကြသည်။
"ဘာလို့ လေးယောက်တည်းလဲလို့ တစ်ယောက်ယောက်ကမေးလာရင် ညီမလေးစုကျို အထဲမှာ ရှိနေတယ်လို့ပဲ ပြောလိုက်ကြမလား"
"..."
"ရှင်းပြနေစရာမလိုပါဘူး လူတွေက သူတို့ဘာသာ ဆက်စပ်တွေးမိကြလိမ့်မယ်"
"ဟုတ်တယ် ဘာပဲဖြစ်ဖြစ် ခေါင်းတလားက ဘာကို ဆိုလိုတာလဲဆိုတာ ငါလည်း မသိဘူး" လဲ့ကျယ်က တွေးတောနေသည်။
[...]
[ဒါက ဆန်းသစ်လိုက်တာ! သူတို့က ရွှေအမြုတေအဆင့်တွေကို တိုက်ဖို့လာတာလား ဒါမှမဟုတ် ဖျော်ဖြေပွဲလာလုပ်တာလား]
[ကျွန်တော်တော့ ဝိညာဉ်ပိုးဖလံဂေဟာကိုပဲ အားကိုးမိတယ်]
"ဘာလို့ ဒီလောက်တောင် လူသိရှင်ကြားလုပ်နေရတာလဲ"
ဝေဖန်သုံးသပ်နေသော ဝူချင်းချန်းရော၊ နောက်မှ တိတ်တဆိတ် လိုက်လာသော ဒိုင်လူကြီး ရှန့်ဝူချင်းပါတိတ်ဆိတ်သွားကြသည်
ကံကောင်းသည်မှာ စုကျိုနှင့်လဲ့ကျယ်တို့ တည်းခိုဆောင်ထဲဝင်လာခြင်းက မည်သည့်ဆူညံမှုမျှ မဖြစ်စေခဲ့ပေ။
တုန်းလိုင်တည်းခိုဆောင်က အလွန်ကျယ်သဖြင့် ခြံဝင်းတစ်ခုစီအတွက် သီးခြားတယ်လီပို့စနစ်များရှိသည်။
ဤသို့ မြန်ဆန်ပြီး မသိမသာဝန်ဆောင်မှုပေးနိုင်ခြင်းက တည်းခိုခဈေးကြီးရသည့် အဓိကအကြောင်းရင်းပင်။
"ဒီနေ့ လူတွေ တော်တော်တိတ်ဆိတ်နေတာပဲ"
စုကျိုကဆိုသည် သူ တယ်လီပို့ စနစ်ထဲဝင်လိုက်ပြီးနောက် တည်းခိုဆောင်အတွင်းရှိ ဂူတည်းခိုခန်း တစ်ဆယ့်ခြောက်ခု အပြင်ဘက်သို့ ရောက်လာသည်။
အပြင်သို့ ထွက်လိုက်သည်နှင့် အနီရောင် ပိုးထည်များဖြင့် တန်ဆာဆင်ထားပြီး ဆေးဆိုးသည့် စည်ပိုင်းကြီး ရှစ်ခုရှိသော ခမ်းနားသည့် ခြံဝင်းတစ်ခုက ကြိုဆိုနေသည်။
ခြံဝင်းတစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်နေသည်။
မည်သူမျှ နေထိုင်ပုံမရပေ။
လှုပ်ရှားသွားလာသူလည်း မရှိချေ။
ဒါမုန်တိုင်းမလာခင် ငြိမ်သက်နေသည့်အလား တင်းမာမှုများကို ကြိုတင်ဖော်ပြနေသကဲ့သို့ပင်။
"ဒီမှာပါပဲ" မန်နေဂျာက ပြုံးလိုက်သည်။
စုကျို ခေါင်းညိတ်လိုက်သည်
သူမက ဝိညာဉ်ပိုးဖလံဂေဟာ ရွှေအမြုတေအဆင့် အဖွဲ့၏တည်းခိုခန်းကို မေးမြန်းလိုက်ရာ မန်နေဂျာက ထိုအဖွဲ့ မထွက်သွားသေး ကြောင်း အချက်ပြရင်းလမ်းပြလိုက်သည်။
ရွှေအမြုတေအဆင့်ရှိသော စီနီယာအစ်ကို အစ်မများမှာ အလွန်သတိကြီးကြသည်။
စုကျိုကမူ ပြုံးလျက် အခြားအဖွဲ့များ၏တိတ်ဆိတ်နေသော ခြံဝင်းများကို ဝေ့ကြည့်လိုက်သည်။
ပြိုင်ပွဲကြောင့်လော သို့မဟုတ် မူလအပြင်အဆင်ကြောင့်လော မသိရသော်လည်း အဖွဲ့တစ်ခုစီ၏တည်းခိုခန်းများမှာ တစ်မူထူးခြားနေသည်။
နတ်လက်နက်လမ်းစဉ်၏ရွှေအမြုတေအဆင့် ခြံဝင်းမှာ ဓားနှင့် လှံအစအနများ ဝန်းရံထားပြီး အေးစက်စက် တောက်ပနေသည်
ဆေးလုံးဂိုဏ်း၏ဂူအဝင်ဝမှာတော့ ခရမ်းရွှေရောင်ဆေးပေါင်းအိုးကြီး နှစ်လုံးရှိနေသည်။
ဝိညာဉ်တွက်ချက်ခြင်းလမ်းစဉ်နှင့် စကားလုံးဝိညာဉ်ဂိုဏ်း၏အခန်းများမှာတော့ ကောင်းကင်မှာ လွင့်ပျံနေသော စက္ကူများဖြင့် ပြည့်နှက်နေသည်။
တစ်ခုစီမှာ တိတ်ဆိတ်နေသော်လည်း အားလုံးကို ကာကွယ်ရေးအစီအရင်များဖြင့် ကာကွယ်ထားသည်။
"ဒီအဆင့်ကတော့ တကယ်ခက်လိမ့်မယ်"
စုကျိုနောက်မှ လိုက်လာသော မူချင်းချိုးသက်ပြင်းချသည်။
"ရွှေအမြုတေအဆင့်အဖွဲ့တွေ အကုန်လုံးက အထဲမှာ ဒီလို ကာကွယ်ပြီး ပုန်းနေကြလိမ့်မယ်လို့မထင်ခဲ့ဘူး"
"စီနီယာတွေက လမ်းပေါ်မှာသွားလာနေကြမှာ၊ ဒါမှ ရှုပ်ထွေးနေတုန်း ငါတို့ တိုက်ခိုက်လို့ရမှာလို့ထင်ခဲ့တာ"
ဧရိယာကျယ်ဝန်းလေလေ၊ မြေမျက်နှာသွင်ပြင်ကို သုံးပြီး ငါးယောက်ပါတဲ့ ရွှေအမြုတေအဆင့် အဖွဲ့တွေကို တစ်ယောက်ချင်း ခွဲထုတ်ပြီး တိုက်ခိုက်ရတာ လွယ်ကူလေလေဖြစ်သည်။
ဒါပေမဲ့ ဒီသားကောင်တွေက အထဲမှာငါးယောက်တစ်ဖွဲ့စီစုပြီး တံခါးကိုအပိတ်ခံထားကြရင် တိုက်ခိုက်ဖို့မလွယ်ကူပေ။
[ရှေးဟောင်း စစ်သေနင်္ဂဗျူဟာအတိုင်းပါပဲ မြို့ကိုတိုက်ဖို့က ခက်ပြီး ကာကွယ်ဖို့ကလွယ်တယ်]
[ရန်သူထက် ဆယ်ဆအစွမ်းထက်ရင် ဝိုင်းလိုက်ပါ၊ ငါးဆအစွမ်းထက်ရင် တိုက်ခိုက်ပါ အခုတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက်တော့ ကံဆိုးတာပဲ]
[အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် တစ်ခုတည်းသော နည်းလမ်းကတော့ မဟာမိတ်ဖွဲ့ဖို့ပါပဲ]
[ဂိုဏ်းတွေကြားမှာ ရန်ငြိုးတွေရှိနေကြတော့ ပူးပေါင်းဖို့က မလွယ်ဘူး]
[ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကို အပြင်ထွက်လာအောင်မျှားခေါ်ရမယ်၊ တစ်ယောက်ချင်းစီထွက်လာရင် ပိုကောင်းတာပေါ့]
[ဘယ်ရွှေအမြုတေအဆင့် ကျင့်ကြံသူက အရူးဖြစ်မှာလဲ]
ကြည့်ရှုသူများ အပြင်းအထန်ဆွေးနွေးနေကြစဉ်မှာပင် ဝိညာဉ်ပိုးဖလံဂေဟာ၏ပိတ်ထားသော တံခါးမှာ ပွင့်လာသည်။
အဖွဲ့ခေါင်းဆောင် ရှုဝမ်ယီသည် ပြတင်းပေါက်မှတစ်ဆင့် စုကျိုကို မြင်လိုက်ရသည့်အခါ ချက်ချင်းထိတ်လန့်သွားသည်။
"ဆရာ၊ ဆရာက ဘာလို့ ဒီကို ရောက်လာတာလဲ"
စုကျိုကို မြင်လိုက်ရသည့်အခါ သူသည် အံ့ဩဝမ်းသာသွားပြီး တံခါးကိုအလျင်အမြန်ဖွင့်လိုက်သည်!
[...]
[...]
[...]
"အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူက ရွှေအမြုတေအဆင့်ကိုတိုက်တာပဲ၊ မလိမ်ဘဲနဲ့ ဘယ်လိုလုပ်နိုင်မှာလဲ ကောင်းပြီ၊ ကောင်းပြီ"
"လေးနက်တယ်"
စုကျို တံခါးဝတွင်ရပ်လျက် ရှုဝမ်ယီကို အေးစက်စက်ကြည့်လိုက်သည်။
သူမက ခပ်ပြတ်ပြတ် စကားလုံးတစ်လုံးကို ဆိုလိုက်သည်။
"သင်ပြ"
【???】
ရှုဝမ်ယီလည်း ကြောင်သွားသည်။
သူသည် ရွှေအမြုတေအဆင့် ၇ ရှိပြီး ၎င်းမှာ ယခုနှစ် ပြိုင်ပွဲဝင်များထဲတွင် တော်တော်လေးမြင့်သည့်အဆင့် ဖြစ်သည်။
အသက် ကန့်သတ်ချက်မှာ ၅၀ ထက် မပိုရပေ။
ရှုဝမ်ယီမှာ ထိုကန့်သတ်ချက်နှင့် အတိအကျပင်။
အသက် ၅၀ တွင် ရွှေအမြုတေအဆင့် ၇ ထိ ရောက်ရှိခြင်းမှာ လူငယ်ပါရမီရှင်ဟု သတ်မှတ်နိုင်သည်။
သူသည် ဝိညာဉ်ပိုးဖလံဂေဟာ ဂိုဏ်းချုပ်၏တပည့်ဖြစ်သည် ဆရာဖြစ်သူ ပျောက်ဆုံးနေသည်မှာကြာပြီဖြစ်သော်လည်း သူသည် ရွှေအမြုတေအဆင့် စီနီယာများထဲတွင် ကိုယ်စားပြုလူတစ်ဦးဖြစ်သည်။
သူသည် လုကျိကျောင်း၏စကားအနည်းငယ်သာ ပြောတတ်သည့် ပုံစံကိုနေသားကျနေသည်။
လုကျိကျောင်းဘေးက ပိုးနတ်သားလေးရဲ့ ဘာသာပြန်ချက်ကိုလိုအပ်သည့် ဂျူနီယာတပည့်များနှင့် မတူဘဲ ရှုဝမ်ယီမှာ နားလည်နိုင်သည်။
စုကျိုက "သင်ပြ" ဟု ပြောလိုက်သည်ကို ကြားလိုက်သည်နှင့် သူသည် အလွန်ဝမ်းသာသွားကာ သူ့နောက်ရှိ အဖွဲ့ဝင် လေးယောက်ကို လှည့်ကြည့်လိုက်သည်။
"ဆရာက ဒီထိပ်သီးဆယ်သင်း ပြိုင်ပွဲက အရမ်းအရေးကြီးတယ်လို့ပြောတယ်၊ ပြီးတော့ ပြိုင်ပွဲရဲ့အဓိက အချက်တွေကို ငါတို့ကို သင်ပြဖို့ အထူးတလည်ကြွလာတာတဲ့"
"ဝါး ဆရာက ငါတို့ကို ဒီလောက်တောင်ဂရုစိုက်တာလား! ကျနော်တို့ သေချာပေါက် အစွမ်းကုန်ကြိုးစားမှာပါ!"
"ကောင်းတယ်! ငါတို့ သေချာပေါက်နိုင်မှာပဲ! ဆရာ့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင်!"
ရှုဝမ်ယီနှင့် အဖွဲ့ဝင် လေးယောက်လုံးမှာ အလွန်ဝမ်းသာသွားကြပြီး စုကျိုကို အရိုအသေပေးကာ အထဲသို့ အမြန်ဖိတ်ခေါ် လိုက်ကြသည်။
ဝေဖန်သုံးသပ်နေသော ဝူချင်းချန်းမှာ စတုရန်းအဆင့် ကိုယ်ပျောက်အဆောင်ကိုသုံးထားသဖြင့် လူတိုင်း၏အာရုံခံစားမှုကို ဖုံးကွယ်ထားနိုင်သည် သူမမှာ ယခုအချိန်တွင် ဆွံ့အသွားသည်။
"ဒါဆိုရင် စကားလုံးနှစ်လုံးတည်းမှာ အဓိပ္ပာယ်တွေ အများကြီးရှိနေတာပေါ့"
[ဝိညာဉ်ပိုးဖလံဂေဟာရဲ့ဂိုဏ်းချုပ်က တကယ်ပဲ ဒီလိုစကားပြောတာလား]
[သတိထားကြပါဦး တကယ့်ဂိုဏ်းချုပ်ဆိုရင်တော့ ကိစ္စမရှိပေမဲ့ ဒါက အတုလေ! ဒီလိုမျိုး အဓိပ္ပာယ်ပြန်လိုက်တာ တကယ်ပဲ အဆင်ပြေရဲ့လား]
[စုကျိုရဲ့ 'သင်ပြ' ဆိုတာက 'ထိပ်သီးဆယ်သင်း ပြိုင်ပွဲက ဒီလောက်အရေးကြီးတာကို မင်းတို့ကို ငါ စုကျိုက သင်ခန်းစာလာပေး တာ' မဟုတ်ဘူးလား]
[...]
[ကယ်ကြပါဦး!]
အဖွဲ့ခေါင်းဆောင်ရှုဝမ်ယီကမူ အဲ့ဒီအဓိပ္ပာယ်ကို မစဉ်းစားမိပေ။ သူက စုကျိုကို ထိုင်ခုံပေးကာ ကျန်တဲ့အဖွဲ့ဝင်တွေကို လက်ဖက်ရည် တိုက်ခိုင်းပြီး ထိုင်ခုံနဲ့ စားပွဲတွေကို သုတ်ခိုင်းတော့သည်။
ဖားရတာမှာတော့ တကယ့်ကို ကျွမ်းကျင်သူတွေပါပဲ…
"ဟင်"
ရှုဝမ်ယီသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်သဖြင့် တံခါးဝရှိလဲ့ကျယ်တို့ သုံးယောက်နှင့် သူတို့ သယ်လာသော ခေါင်းတလားကို ချက်ချင်းသတိပြုမိသွားသည်။
ရှုဝမ်ယီက ခဏရပ်လိုက်ပြီးမှ သတိကြီးစွာဖြင့်မေးလိုက်သည်။
"ဆရာလု၊ ဂျူနီယာညီလေး လဲ့ကျယ်တို့က ဘာဖြစ်လို့လဲ"
သူက လဲ့ကျယ်ကို သိသည်။ သူကား အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ရွှေအမြုတေအဆင့်သို့ရောက်ရန် လက်တစ်ကမ်းအလိုမှာ ရှိနေသူဖြစ်သည်။
လျှော့တွက်၍မရပေ။
"နေခဲ့"
"စောင့်"
စုကျိုထိုင်လိုက်ပြီး ရှုဝမ်ယီကမ်းပေးသော လက်ဖက်ရည်ကိုမှုတ်သောက်လျက် စကားလုံးနှစ်လုံးကို ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
[သူတို့က အပြင်မှာနေပြီး မင်းကို တိုက်ဖို့ အခွင့်အရေးစောင့်နေကြတာ]
"ဩော်"
ရှုဝမ်ယီက ကျန်တဲ့ အဖွဲ့ဝင် လေးယောက်ဘက် လှည့်လိုက်သည်။
"ဆရာက ငါတို့ကို ဝင်မရှုပ်နဲ့လို့ပြောတာ သူတို့ကအပြင်မှာနေပြီး တခြားအဖွဲ့တွေ အားနည်းချက်ပြလာမှာကို စောင့်နေကြတာတဲ့"
[...]
[ဟင်...]
ဝေဖန်သုံးသပ်နေသော ဝူချင်းချန်းသည် အပြင်ဘက်ရှိ လဲ့ကျယ်တို့ အဖွဲ့ကိုပြသပေးလိုက်သည်။