← Chapters

အခန်း (၁၇၂)

Vol. 18 Ch. 172

အခန်း (၁၇၂)

Vol. 18 Ch. 172

🥝 Chapter 172

တောက်ဟယ်ကမူ သူ့ ခါးရှိ ဝိညာဉ်ပိုးကောင်ဆီမှ ပိုးချည်များကို ဆက်တိုက်ထုတ်ယူနေပြီး ငွေရောင် ငါးမျှားကြိုးပေါင်း တစ်ရာနီးပါးကို ပြုလုပ်နေသည်။

ထို့ပြင် သူတို့သည် ငါးမျှားတံပစ်သည့် လှုပ်ရှားမှုများကို အကြိမ်ကြိမ် လေ့ကျင့်နေကြသည်။

တစ်ချိန်တည်းမှာပင် မူချင်းချိုးက သူ့လက်ထဲက ဆန်စပါးတွေကို အမြန်ရင့်မှည့်အောင်လုပ်နေသည် သူ့ မွေးရာပါ အရည်အချင်းကြောင့် တောက်ဟယ်စားရန်အတွက် စပါးစေ့များကို အမြဲထုတ်ပေးနိုင်သည်။

တောက်ဟယ်၏သစ်သားငါးမျှားတံ တစ်ရာနှင့် ငွေရောင်ကြိုးများသည် ပိုမိုရှည်လျားလာသည်။

လဲ့ကျယ်ကမူ လျှပ်စီးပုတီးစေ့ထဲတွင် လျှပ်စီးအားများကို သိုလှောင်ထားပြီးပြီဖြစ်သည်။

လိုကျားကတော့ မလှုပ်မယှက် ရပ်နေသော်လည်း သူ့ ဝိညာဉ်စွမ်းအင်များ စီးဆင်းနေမှုမှာ အမြင့်ဆုံးအခြေအနေမှာရှိနေသည်မှာ ထင်ရှားသည်။

[...]

[အကုန်လုံး အဆင်သင့်ဖြစ်နေပြီ!]

[စုကျိုရဲ့ အမိန့်ကိုစောင့်နေတာ ရှုဝမ်ယီတို့ အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ပေါ့]

[ရှုဝမ်ယီကတော့ စုကျိုရဲ့စကားကို အမှားကြီး မှားပြီး ဘာမှမသိဘဲ အေးဆေး လက်ဖက်ရည်သောက်နေတုန်းပဲ... ကျွန်တော်တော့ စကားတောင် မပြောနိုင်တော့ဘူး]

ဒါပေမဲ့ အခန်းထဲမှာတော့ ရှုဝမ်ယီက အေးဆေးဖြစ်နေရုံတင်မကဘဲ အခန်းတံခါးနဲ့ ခြံဝင်းတံခါးတွေကို ပြန်ပိတ်လိုက်တဲ့အခါ စိတ်အေးသွားပြီး သူတို့ရဲ့ အစီအစဉ်ကို စုကျိုကိုဖွင့်ပြောလိုက်သည်။

“ဆရာ၊ မနေ့က ကျွန်တော်တို့ ရွှေအမြုတေအဆင့် အဖွဲ့တွေက နတ်လက်နက်လမ်းစဉ်က အဖွဲ့ခေါင်းဆောင်နဲ့စကားပြောဖြစ်ပြီး သူ့ဆီက အကြံဉာဏ်တွေရခဲ့ပါတယ်”

“ကျွန်တော်တို့ တစ်ညလုံးအထဲမှာပဲ နေပြီး ခြံဝင်းအပြင်မှာ ဂိုဏ်းတစ်ခုစီအတွက် ကာကွယ်ရေးအစီအရင်တွေ တည်ဆောက် ထားပါတယ်”

“ဥပမာ အခု ကျွန်တော်တို့ ခြံဝင်းအပြင်မှာဆိုရင် ဝိညာဉ်ပိုးဖလံဂေဟာရဲ့အစွမ်းအထက်ဆုံး ရွှေအမြုတေအဆင့် ကာကွယ်ရေး အစီအရင်ဖြစ်တဲ့ မိုးတိမ်ပိုးထည် ကာကွယ်ရေးရှစ်သွယ်ရှိပါတယ်”

“ဆရာ သိတဲ့အတိုင်းပဲ၊ ကျွန်တော်တို့ ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံမှုနဲ့ ဒီအစီအရင်ကို တည်ဆောက်ထား တာဆိုတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ငါးယောက်တင်မကဘူး ရွှေအမြုတေအဆင့် ငါးယောက်တောင်မှ ကိုယ်ထိလက် ရောက် ကျူးကျော်ဝင်ရောက်နိုင်မှာမဟုတ်ပါဘူး”

“ကျွန်တော်တို့ ခွင့်ပြုချက်မရှိဘဲ တစ်ယောက်ယောက်က ဒီအစီအရင်ထဲခြေတစ်လှမ်းပဲ နင်းမိတာနဲ့ ခြံဝင်းထဲက ပိုးထည်တွေက သူ့ကို အထုပ်လိုက်ဖြစ်အောင် ပတ်လိုက်ပြီး လေထဲမှာဆွဲထားလိုက်မှာပါ”

စုကျိုက မျက်ခုံးပင့်လိုက်ပြီး ခေါင်းကို အနည်းငယ်နောက်လှန်လိုက်သည်။

[...]

[စုကျို : အေးပါ၊ ငါ သိပြီ]

[စုကျို : ဒါက တော်တော် အစွမ်းထက်တာပဲ၊ ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါ စဉ်းစားလိုက်ဦးမယ်]

ဒါပေမဲ့ စုကျို ခေါင်းနောက်လှန်လိုက်တာကို မြင်လိုက်ရတဲ့အခါ ရှုဝမ်ယီမှာ ချက်ချင်းထိတ်လန့်သွားတော့သည်။

"ဟုတ်ပါတယ်၊ ဆရာ့ရဲ့ ထက်မြက်တဲ့ မျက်လုံးတွေကို ကျွန်တော်တို့ ဖုံးကွယ်လို့မရပါဘူး ကျွန်တော်တို့ အစီအရင်ကို အလျင်စလို တည်ဆောက်ခဲ့ရတာဆိုတော့ အားနည်းချက်တွေရှိနေပါတယ်၊ မပြီးပြည့်စုံသေးပါဘူး"

"မနေ့ညက ကျွန်တော်တို့ အရမ်းလောသွားခဲ့တယ် စီနီယာအစ်မနဲ့ ဂျူနီယာညီလေးတို့က အပြင်ဘက်အတွက် ပိုးထည် ဆယ့်ငါးလိပ်ပဲ ရက်နိုင်ခဲ့ကြတာ"

"ဒါကြောင့် ပုံမှန် မိုးတိမ်ပိုးထည် ကာကွယ်ရေးရှစ်သွယ်ထက် အလံတစ်ချောင်းလိုနေတာပါ"

စုကျိုကမူ ရှုဝမ်ယီကို အေးစက်စက်ကြည့်လိုက်သည်။

သူမ၏ လက်ချောင်းလေးများက စားပွဲကို အသာအယာခေါက်နေသည်။

‘ဟုတ်ပါတယ်၊ ရှင်တို့ ပြောတာ မှန်ပါတယ် ရှင်တို့ ပြင်ဆင်မှုက မလုံလောက်ဘူး တောင်စောင်းကမျှော်စင်က မြေပြင်ကနေ ထလာတာလေ ရှင်တို့ရဲ့ကာကွယ်ရေး အခြေခံကမခိုင်မာဘူး၊ ပြီးတော့ ရန်သူကိုလည်းလျှော့တွက်ခဲ့တယ်!’

ရှုဝမ်ယီ မျက်နှာ အနည်းငယ်နီသွားသည်။

"ဒီအခန်းရဲ့အထက်နားမှာရှိတဲ့ အားနည်းချက်ကို ကျွန်တော်တို့ နောက်မှပြန်ပြင်လိုက်ပါ့မယ်"

[...]

[စုကျို — အထဲဝင်ဖို့ လျှို့ဝှက်ချက် ရသွားပြီ!]

ရှုဝမ်ယီကတော့ လုကျိကျောင်းက အရမ်းကိုအစွမ်းထက်တယ်လို့ပဲ ခံစားနေရသည် တစ်ဖက်လူရဲ့ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံမှုကိုလည်း သူ မမြင်နိုင်သလို၊ ကာကွယ်ရေးအစီအရင်ရဲ့အားနည်းချက်တွေကိုလည်း သူ ဖုံးကွယ်လို့မရနိုင်ပေ။

လုကျိကျောင်း ပြောလိုက်တဲ့ စကားလုံးတိုင်းဟာ အဓိပ္ပာယ်တွေ အရမ်းလေးနက်တယ်လို့ သူ ခံစားရသည်။

တကယ်ကို မဟာကျင့်ကြံသူအဆင့်နဲ့ ထိုက်တန်လှပါသည်!

"ဆရာ၊ ဆရာက ကျနော်တို့ကို လာကြည့်ဖို့အတွက် ကျင့်ကြံမှုကိုလျှော့ချပြီး အခြေခံတည်ဆောက်ခြင်းအဆင့်အဖြစ် ယာယီပြောင်းလဲခဲ့ ရတာကို ကျွန်တော်တို့က စိတ်ပျက်အောင်လုပ်မိသွားတယ်"

ရှုဝမ်ယီ မတ်တပ်ရပ်ပြီး ကျန်အဖွဲ့ဝင်လေးယောက်နှင့်အတူ တောင်းပန်လိုက်ကြသည်။

"အစီအရင်ရဲ့အားနည်းချက်ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ မာနမတက်ပါဘူး!"

"အင်း" စုကျိုက လက်ကို မြှောက်ပြလိုက်သည်။

ထို့နောက် သူမက လက်ဟန်တစ်ခုလုပ်ကာ အခန်းထဲက အသံတွေကို အပြင်မထွက်အောင်ပိတ်ဆို့လိုက်သည်။

ရှုဝမ်ယီက အလွန်ဝမ်းသာသွားသည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ အသံလုံအောင်လုပ်ဖို့ ကျွန်တော်တို့မေ့သွားတယ် ကျွန်တော်တို့က အပြင်က ပြိုင်ပွဲဖြစ်စဉ်တွေကိုသိချင်လို့ အပြင်ကအသံတွေကို နားထောင်ချင်နေမိတာ"

စုကျိုကမူ လက်ဝေ့ယမ်းပြလိုက်သည်။

ရှုဝမ်ယီက ကျန်တဲ့လေးယောက်ကို လှည့်ပြီး ဘာသာပြန်ပေးပြန်သည်။

"ဆရာက ငါတို့ကို လမ်းညွှန်ပေးတာ ပြီးသွားပြီတဲ့"

စုကျို : "..."

သူမက ဒီလူ့ဦးနှောက်မှာ ပြဿနာရှိနေတယ်လို့သံသယဝင်မိပေမယ့် အခုအချိန်မှာတော့ ဆူလို့ မရသေးပေ။

စုကျို မျက်စိမှိတ်လိုက်ပြီး အင်္ကျီလက်ဝထဲက စာတစ်စောင်ကိုထုတ်လိုက်သည်

ထို့နောက် သူမက အင်္ကျီလက်ဝထဲမှာဝှက်ထားတဲ့ 'ဆက်သွယ်မှု မပြတ်တောက်စေရ' တတိယအဆင့်အဆောင်ကို အသက်သွင်းလိုက်သည်။

ခဏအတွင်းမှာပင် တခြားသူတွေ မမြင်နိုင်တဲ့ အနီရောင်ကြိုးလေးတစ်ပင်ဟာ သူမရဲ့ လက်ကောက်ဝတ်ကနေဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

အနီရောင်ကြိုးရဲ့ နောက်တစ်ဖက်ကတော့ အခန်းထဲက ဝိညာဉ်စွမ်းအင်တွေကို လှုပ်ခတ်သွားစေပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ တခြားလူတစ်ယောက်ကို ဆွဲထုတ်လိုက်သည်။ သူကတော့ ဝတ်စုံဖြူဝတ်ထားပြီး မှန်မျက်နှာဖုံးတပ်ထားတဲ့ မိစ္ဆာကြီးချန်ယွမ်ပင်။

သူ ပေါ်လာတဲ့အခါ အခန်းထဲက ရွှေအမြုတေအဆင့် တပည့်ငါးယောက်လုံးကြောင်သွားကြသည်။

ထို့နောက် သူတို့မျက်နှာထက် မနာလိုမှုနဲ့ အံ့ဩမှုတွေ ပြည့်နှက်သွားသည်။

"ဆရာ၊ ဆရာ့ရဲ့ ပိုးနတ်သားလေးက ကြီးလာပြီလား!?"

"ဂုဏ်ယူပါတယ် ဆရာ!"

[!]

စုကျို လက်ဝေ့ယမ်းပြလိုက်ပြီး ရှုဝမ်ယီကို လက်ညှိုးတစ်ချောင်းထောင်ပြလိုက်သည်။

ရှုဝမ်ယီ : "ဆရာက ငါတို့ကို မေးစရာ နောက်ထပ်တစ်ခုရှိသေးတာလား?"

စုကျို အမူအရာမရှိဘဲ ခေါင်းညိတ်လိုက်ပြီး စာသားတွေပါတဲ့ စာရွက်တစ်ရွက်ကို သူ့ဆီပစ်ပေးလိုက်သည်။

"ရှုဝမ်ယီ"

သူမရဲ့အသံက အလွန်အေးစက်နေသည်။ [လုကျိကျောင်းရဲ့ တည်ငြိမ်တဲ့ အသံအတိုင်း] နှစ်ပေါင်း တစ်သောင်းကြာ ခဲနေတဲ့ ရေခဲပြင်ကြီးလို မာကျောလှသည်။

"မင်း ငါ့တပည့် စုကျိုကို ပိုက်ဆံကြွေးတင်နေတာ အမှန်ပဲလား!"

ရှုဝမ်ယီ ရုတ်တရက် အေးခဲသွားသည် ဘာ?

ဆရာလု ဘာပြောလိုက်တာလဲ!?

သူ့ရဲ့သွေးတွေက ဦးခေါင်းအထက်အထိ တက်လာသလိုခံစားရပြီး နားလည်နိုင်စွမ်းတွေ ပျောက်ဆုံးသွားသလိုပင်။

သူ့ရဲ့ မဟာကျင့်ကြံသူအဆင့်ရှိတဲ့ ဆရာလုကျိကျောင်းဟာ စကားလုံးတွေ ဒီလောက်အများကြီးပြောဖူးလို့လား ?

စကားလုံး ဆယ့်လေးလုံးတောင် ရှိတာလေ! သူက ရှုဝမ်ယီကို တပည့်စုကျိုဆီမှာ ပိုက်ဆံကြွေးတင်နေလားလို့ မေးနေတာလား?

ဒါက မဟာကျင့်ကြံသူတစ်ဦးရဲ့ ဒေါသပဲ!

သူက စာကြောင်းတစ်ကြောင်းလုံးပြည့်အောင် ပြောလိုက်တာလေ!

ရှုဝမ်ယီ ဘာဖြစ်နေတယ်ဆိုတာကို သိလိုက်ရပြီး ချက်ချင်းမျက်နှာဖြူလျော်ကာ ထိတ်လန့်သွားသည်။

ကျန်တဲ့ အဖွဲ့ဝင်လေးယောက်လည်း ဆွံ့အသွားကြသည်။ သူတို့က ရှုဝမ်ယီ ဘာသာပြန်ပေးစရာမလိုဘဲ ဆရာ့စကားကို နားလည်သွားကြသည်။ ရှုဝမ်ယီက ဆရာ့ကို ဘယ်လောက်တောင် ဒေါသထွက်အောင်လုပ်ခဲ့လို့ ဆရာက ဘာသာပြန်စရာ မလိုတဲ့အထိ ပြောလိုက်ရတာလဲ!?

"ကျွန်တော်... ကျွန်တော်... ကျွန်တော်..."

ရှုဝမ်ယီက သူ့ရဲ့ အဖွဲ့ဝင်လေးယောက်ကို လှည့်ကြည့်လိုက်ရာ သူ့မျက်နှာမှာ အရှက်ရမှုနဲ့ ထိတ်လန့်မှုတွေကြောင့် နီလိုက် ဖြူလိုက် ဖြစ်နေသည်။

ရွှေအမြုတေအဆင့် အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ပြီးတော့ ဂိုဏ်းချုပ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ သူက အမြဲတမ်း ဩဇာရှိခဲ့သူပါ..

အခုတော့ လုကျိကျောင်းရဲ့ဆူပူမှုကို ခံလိုက်ရပြီဆိုတော့ သူ အဖွဲ့ကို ဘယ်လို ဦးဆောင်ရတော့မှာလဲ?

သူ အရှက်ကွဲတော့မှာ သေချာသည်!

ရှုဝမ်ယီ စကားတွေ ထစ်နေသည်။

ဒါပေမဲ့ ချန်ယွမ်ကမူ အေးစက်စက်နဲ့ ချက်ချင်းဝင်ပြောလိုက်သည်။

"ရှုဝမ်ယီ၊ ဝိညာဉ်ကုန်သည်အသင်းက မဟာကျင့်ကြံသူအကြီးအကဲရှန့်လိုင်လိုင်က ဟန်တာယွမ်ဂိုဏ်းက ရွှယ်ရွေ့ကျင်ကို ကိုယ်တိုင်အပြစ်ပေးလိုက်တာကို မင်း သိလား"

ရှုဝမ်ယီ ရုတ်တရက် မော့ကြည့်လိုက်သည်။

"သူ ငါတို့တပည့် စုကျိုကိုတင်နေတဲ့အကြွေးက အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲတစ်ခုလုံးမှာ ပျံ့နှံ့သွားခဲ့ပြီး ဟန်တာယွမ်ဂိုဏ်းကို အရှက်ရစေခဲ့တယ်"

"ဒါ့အပြင် သူကိုယ်တိုင်လည်း စိတ်ဓာတ်မကောင်းဘူး၊ ဝိညာဉ်ကျောက်တုံး ၃၃၀,၀၀၀ ကြွေးတင်နေတာကို အကြွေးမဆပ်ဘဲ ထွက်ပြေးခဲ့တယ် သူက မနေ့ကတင်အပြစ်ပေးခံလိုက်ရပြီး တစ်ညတည်းနဲ့အကြွေးတွေ အကုန်ပြန်ဆပ်ခဲ့ရတယ်!"

"ရှုဝမ်ယီ၊ မင်းကော မင်းရဲ့ အမှားတွေကို ဘယ်လောက်အထိ ဖုံးကွယ်ထားဦးမှာလဲ!"

"ရွှယ်ရွေ့ကျင်လိုပဲ၊ မင်းလည်း မင်းရဲ့ အမှားတွေကို ရှောင်လွှဲဖို့ ကြိုးစားနေတာ၊ ဝိညာဉ်ပိုးဖလံဂေဟာက အဆင့်နိမ့်တပည့်တွေကို လိမ်ညာပြီး မင်း ကြီးပြားလာတဲ့အခါ ထွက်သွားရင် အပြစ်ပေးမှုကနေ လွတ်မြောက်နိုင်မယ်လို့ထင်နေတာလား!"

ချန်ယွမ်က ကျယ်လောင်စွာ ဆူပူလိုက်သည်။

ရှုဝမ်ယီ၏မျက်နှာမှာ လုံးဝဖြူလျော်သွားသည်။

အခန်းထဲက ကျန်တဲ့လေးယောက်လည်း တော်တော်လေးအံ့ဩပြီး အရှက်ရသွားကြသည်။

ဒါသူတို့ ကြားသင့်တဲ့ အရာလား ?

သူတို့ရဲ့ခေါင်းဆောင်ရှုဝမ်ယီက ဂိုဏ်းချုပ်ရဲ့တပည့်လေ သူတို့လိုဘာနောက်ခံမှမရှိတဲ့ သာမန်တပည့်တွေက သူတို့ဆရာ လုကျိကျောင်းက သူ့ကိုဆူနေတာကိုကြားနေရတာ အဆင်ပြေပါ့မလား?

ရှုဝမ်ယီသာ ဒေါသထွက်သွားပြီး သူတို့မျက်နှာကို မကြည့်ချင်တော့ဘူးဆိုရင် နောက်မှ သူတို့ကိုဒုက္ခပေးလာနိုင်သည်။

ကျန်တဲ့ လေးယောက်ဟာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခဏစဉ်းစားပြီးနောက်…

သူတို့က ချက်ချင်းဝင်ပြောပြီး အခန်းထဲကနေထွက်သွားကြသည်။

"ဆရာ၊ ကျွန်တော်တို့ အပြင်က ကာကွယ်ရေးအစီအရင်ကို သွားစစ်လိုက်ပါဦးမယ်"

သူတို့တွေ ရှုဝမ်ယီရဲ့အရှက်ရစရာ ကိစ္စတွေကိုမကြားရဲကြတော့ပါဘူး!

ဒါ့အပြင် သူတို့ဟာ မြေအောက်မြို့တော်က ရွှေအမြုတေအဆင့်နေရာမှာ ရှိနေကြပေမယ့် ဆရာလုကျိကျောင်း ပြောသလို ရွှယ်ရွေ့ကျင် အကြောင်းကိုလည်းကြားထားကြသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့က ဂျူနီယာညီမလေး စုကျိုက အရမ်းကိုအရည်အချင်းရှိပြီး သူမရဲ့ အဖွဲ့ကို ပထမဆုံးအ ကြိမ် ထိပ်သီးတစ်ဆယ့်ခြောက်သင်းစာရင်းထဲပို့ပေးနိုင်ခဲ့သလို၊ သူမမှာ မယုံနိုင်စရာကောင်းတဲ့ ပုံတူပွားနိုင်စွမ်း ရှိတယ်ဆိုတာ ကိုပေါ့!

ဆရာလုနဲ့ တခြားအကြီးအကဲတွေက စုကျိုကိုသေချာပေါက်တန်ဖိုးထားကြမှာပဲ!

သူတို့တွေ စုကျိုဘက်ကနေ ကာကွယ်ပေးပြီး ရှုဝမ်ယီကို ဆူတာက ပုံမှန်ပါပဲ..

ဒါ သူတို့ ဝင်ရှုပ်ရမယ့် ကိစ္စမဟုတ်ပေ။

သူတို့ လေးယောက် အဲ့ဒီလိုတွေးပြီး အခန်းထဲကနေအမြန်ထွက်သွားကြသည်။ သို့တိုင် သူတို့ တံခါးပိတ်ခါနီးမှာပဲ ချန်ယွမ်ရဲ့ ဆူပူသံကို အထဲကနေကြားလိုက်ရပြန်သည်။

"ရှုဝမ်ယီ၊ မင်း ဝိညာဉ်ပိုးဖလံဂေဟာမှာ ငါတို့တပည့် စုကျိုကိုလိမ်ညာခဲ့တဲ့ အရှက်မရှိတဲ့လုပ်ရပ်ကြောင့် ဝိညာဉ်ကုန်သည်အသင်း က မဟာကျင့်ကြံသူအကြီးအကဲက စုကျိုကို သူ့တပည့်အဖြစ်လက်ခံချင်နေတာကို မင်း သိလား"

ဒီစကားတွေက ရှုဝမ်ယီနဲ့ကျန်တဲ့ လေးယောက်ကိုပါ တုန်လှုပ်သွားစေသည်။

သူတို့ ဒါကို မသိခဲ့ကြပါဘူး..

"ငါတို့တပည့် စုကျိုက အရမ်းအရည်အချင်းရှိတယ်၊ စိတ်ထားကောင်းတယ်၊ ပြီးတော့ ဉာဏ်လည်းအရမ်းကောင်းတယ် ရာစုနှစ်တစ်ခုမှာ တစ်ယောက်ပဲပေါ်တဲ့ ပါရမီရှင်ပဲ! မနေ့က သူ ထိပ်သီးတစ်ဆယ့်ခြောက်သင်း ပြိုင်ပွဲမှာ နိုင်လိုက်တော့ ဂိုဏ်းအသီးသီးက သူ့ကို မျက်စိကျနေကြပြီ!"

"မင်းတို့ နှစ်ယောက်ရဲ့ မတရားတဲ့လုပ်ရပ်တွေ၊ အကြွေးမဆပ်တဲ့ လုပ်ရပ်တွေကြောင့် ငါတို့ဂိုဏ်းရဲ့ပုံရိပ်ကပျက်စီးနေရပြီ၊ အဲ့ဒါက တခြားဂိုဏ်းတွေအတွက် အခွင့်အရေးဖြစ်နေတာပဲ!"

"သူတို့ အားလုံးက စုကျိုကိုဝိညာဉ်ပိုးဖလံဂေဟာကနေထွက်ပြီး သူတို့ဆီဝင်ဖို့ ဖျောင်းဖျနေကြတယ်"

ချန်ယွမ့်အသံမှာ ဒေါသထွက်နေသည်။

"မနေ့ညက တစ်ဆယ့်ခြောက်သင်းအဆင့်ပဲ ရှိသေးတာ"

"ဒီနေ့စုကျိုက သူ့အဖွဲ့ကို ထိပ်သီးဆယ်သင်းစာရင်းထဲ ပို့ပေးလိုက်ရင်ကော ? ရှုဝမ်ယီ၊ မင်းက မင်းကတိကို ဖျက်ပြီး အကြွေးမဆပ်ဘဲနေဦးမှာလား၊ ပြီးတော့ စီနီယာတစ်ယောက်အနေနဲ့ မင်းရဲ့ ပါရမီရှင် ဂျူနီယာညီမလေးကို အတင်းနှင်ထုတ်ဦးမှာ လား?!"

"ဝိညာဉ်ပိုးဖလံဂေဟာက စုကျိုကိုလက်လွှတ်လိုက်ရရင် မင်း အဲ့ဒီအကျိုးဆက်ကို ခံနိုင်မှာလား?!"

ချန်ယွမ်၏ထပ်ခါတလဲလဲ မေးခွန်းထုတ်မှုတွေကြားမှာ ရှုဝမ်ယီဟာ နောက်ကိုတစ်လှမ်းချင်း ဆုတ်သွားတော့သည်။

ကျန်တဲ့ လေးယောက်လည်း မျက်နှာပျက်သွားကြသည်။

ရှုဝမ်ယီ ဒီအကျိုးဆက်ကို မခံနိုင်ပါဘူး!

ပါရမီရှင်တွေကို ရှာဖို့က ခက်ခဲလှသည်။

ဝိညာဉ်ပိုးဖလံဂေဟာမှာ အသစ်ပေါ်လာတဲ့ ပါရမီရှင် ဂျူနီယာညီမလေးတစ်ယောက် ရှိတာက တကယ့်ကို ရှားပါးတဲ့ ကိစ္စပါ။

သူမကို အလုခံလိုက်ရမှာလား? ဒီလို လူဆိုးတစ်ယောက်ကြောင့်နဲ့ပေါ့..

လူတိုင်းက ရှုဝမ်ယီကို စိုက်ကြည့်လိုက်ကြသည်။

"ကျွန်တော်... ကျွန်တော်... ကျွန်တော် ပိုက်ဆံပြန်ဆပ်ပါ့မယ်"

ရှုဝမ်ယီ ထိတ်လန့်သွားတာ သိသာပါတယ်၊ သူ ဒီကိစ္စကို မှတ်မိနေတာပါ၊ မေ့နေတာ မဟုတ်ပါဘူး သူက အကြွေးမဆပ်ချင်လို့ ရည်ရွယ်ချက်ရှိရှိလုပ်နေတာပါ..

သူ့ရဲ့ မူလအစီအစဉ်မှာတော့ ပထမထပ်မှာရှိတဲ့ ဂျူနီယာညီမလေးက အပေါ်ထပ်တွေကို မတက်နိုင်ဘူးလို့ထင်ခဲ့တာပါ

သူမက သူ့ကို မြင်နိုင်မှာမဟုတ်သလို အကြွေးလည်း တောင်းနိုင်မှာမဟုတ်ဘူးလို့ပေါ့

သူမရဲ့ ကျင့်ကြံမှုကနိမ့်တယ်၊ ဘယ်သူမှ သူမ စကားကိုနားထောင်မှာ မဟုတ်ဘူး သူမအတွက် ဘယ်သူကတရားမျှတအောင် လုပ်ပေးမှာလဲ?

ဂိုဏ်းချုပ်ရဲ့တပည့်တစ်ယောက်က ဝိညာဉ်ကျောက်တုံးတွေမရှိဘူးဆိုတာ၊ ဝိညာဉ်စွမ်းအားသန့်စင်နေတဲ့ အဆင့်က ဂျူနီယာညီမလေးကို အခွင့်အရေးယူပြီး အရင်းအမြစ်တွေကို ခိုးယူတယ်ဆိုတာကို ဘယ်သူကယုံမှာလဲ?

"ဆရာ၊ ညီမလေးစုကျိုက... အပြင်က ခေါင်းတလားထဲမှာလား ?"

All Chapters