← Chapters

အခန်း (၁၇၃)

Vol. 18 Ch. 173

အခန်း (၁၇၃)

Vol. 18 Ch. 173

🥝 Chapter 173

ရှုဝမ်ယီ နောက်ဆုံးတော့ လဲ့ကျယ်တို့ သုံးယောက် ဘာလို့ အပြင်မှာခေါင်းတလားကို သယ်နေကြလဲဆိုတာ သဘောပေါက်သွား သည်။

"ကျွန်တော်... ကျွန်တော် ပိုက်ဆံပြန်ဆပ်နိုင်ပါတယ်၊ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေ နည်းနည်းလိုနေသေးလို့... ကျွန်တော့်ကို ရှာဖို့ အချိန်နည်းနည်းလောက်ပေးပါ"

"ဩော်?"

စားပွဲမှာ တိတ်ဆိတ်စွာ ထိုင်နေတဲ့ စုကျိုဟာ ချန်ယွမ်ကတစ်ဆင့် နောက်ဆုံးမှာတော့ မျက်ခုံးပင့်လိုက်ပြီး စိတ်ဝင်တစား ကြည့်လိုက်သည်။

"မင်း ဒါကို ကိုယ်တိုင် ဆန္ဒရှိရှိလုပ်တာလား?"

သူမက ရှုဝမ်ယီဘက်ကိုလက်ဖြန့်ပြလိုက်ပြီး သူမရဲ့ လက်ညှိုးနဲ့ သူ့ကို အပေါ်တက်လာဖို့ အချက်ပြလိုက်သည်။

ရှုဝမ်ယီက ခေါင်းငုံ့ပြီး လျှောက်လာသည်။

တစ်ချိန်က ဝိညာဉ်စွမ်းအား သန့်စင်တဲ့နေရာမှာ အသုံးမကျတဲ့သူတစ်ယောက်က အခုလိုဩဇာရှိလာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ?

ကျင့်ကြံခြင်းလမ်းစဉ်ဟာ အင်အားအပေါ်မှာ မူတည်ပါတယ်…

အခု သူမမှာ အားကိုးစရာ ရှိနေပြီ၊ ဂိုဏ်းအသီးသီးက အကြီးအကဲတွေက သူမကိုတန်ဖိုးထားနေကြပြီ၊ သူ့ဆရာကတော့ ပျောက်ဆုံးနေတာကြာပြီလေ..

သူ ဘာတတ်နိုင်ဦးမှာလဲ?

မဟာကျင့်ကြံသူလုကျိကျောင်းကိုယ်တိုင်ကတောင် သူမကို ကာကွယ်ဖို့ ရောက်လာတာပဲ

သူက ရွှေအမြုတေအဆင့်ကျင့်ကြံသူ တစ်ယောက်တင်ပါ၊ မဟာကျင့်ကြံသူကို ဘယ်လိုများဆန့်ကျင်နိုင်မှာလဲ?

"ဘာ ? ကျွန်တော် ဝိညာဉ်ကျောက်တုံး ၂၃၈,၀၀၀ ကျော်ပဲ ကြွေးတင်နေတာ မဟုတ်ဘူးလား?"

ရှုဝမ်ယီ လျှောက်လာပြီး စုကျိုလက်ထဲက အကြွေးစာရွက်ကို ယူလိုက်သည်

သူက စုကျိုရဲ့ ညာဘက်လက်ကို ထိမိသွားတာကို သတိမထားမိဘဲ ၂၃၀,၀၀၀ ဆိုတဲ့ ပမာဏကိုပဲ အံ့ဩနေသည်

"အမာရွတ် ထိခိုက်မှုတွေလား?"

"စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ... အိပ်မက်ဆိုးတွေ..."

ရှုဝမ်ယီနှုတ်ခမ်းများ လှုပ်ခတ်သွားသည်။

သူ့စိတ်ထဲကဝေဝါးနေတဲ့ ခန္ဓာကိုယ်လေးဟာ အခုတော့ အတိုးကြီးစားတဲ့သူတစ်ယောက် ဖြစ်သွားပြီ…

ဒါ အရမ်းလွန်မနေဘူးလား ?

ဟမ် ?

…

"ဟူး ခေါင်းဆောင်တော့ တွေဝေနေပြီ"

ဝိညာဉ်ပိုးဖလံဂေဟာက ရွှေအမြုတေအဆင့်တပည့်လေးယောက် အပြင်ထွက်လာပြီး သက်ပြင်းချလိုက်ကြသည်။

"ဆရာ ဘာလို့ ဒီလောက် စောစောရောက်လာတာလဲဆိုတာ မဆန်းပါဘူး ထိပ်သီးဆယ်သင်း ပြိုင်ပွဲပြီးမှ ဒါကို ဆွေးနွေးမယ်ဆိုရင် ညီမလေးစုကျိုက တခြားဂိုဏ်းတွေဆီ ပါသွားလောက်ပြီ"

"ဟုတ်တယ်၊ ထိပ်သီးဆယ်သင်း အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ခေါင်းဆောင်တွေက အကုန်လုံးပါရမီရှင်တွေချည်းပဲ"

"ပြီးတော့ သူ့မှာ ရုပ်သေးတွေကို ပုံတူပွားနိုင်တဲ့ အရည်အချင်းလည်းရှိသေးတယ်…"

"ဟုတ်တယ်၊ သူက ရွှယ်ရွေ့ကျင် ကိုးယောက်ကို ပုံတူပွားခဲ့တယ်လို့ ကြားတယ်…"

လေးယောက်သား စကားသံတွေက တဖြည်းဖြည်းတိုးသွားသည်။

လေတစ်ချက်ဝေ့လိုက်တဲ့အခါ သူတို့ ကျောချမ်းသွားကြပြီး ခြံဝင်းအပြင်မှာ ခေါင်းတလား သယ်လျက်ရပ်နေတဲ့ လဲ့ကျယ်တို့ သုံးယောက်ကို တွေ့လိုက်ရသည်။

နေဦး…

ညီမလေးစုကျိုက ဘာလို့ ခေါင်းတလားထဲမှာ လှဲနေရတာလဲ ?

သူမရဲ့ အရည်အချင်းက အသေဟန်ဆောင်တာတင် မဟုတ်ဘူးလေ၊ ပုံတူပွားတာလေ…

ပုံတူပွားတာ… ပုံတူပွားတာ…

လေးယောက်သားအမူအရာတွေ ပြောင်းလဲသွားပေမယ့် လဲ့ကျယ်တို့ရဲ့ အရိုအသေပေးမှုကို ခံလိုက်ရတဲ့အခါ ချက်ချင်း စိတ်အေးသွားကြသည်။

မဖြစ်နိုင်ပါဘူး၊ ခုနက ဆရာလုကျိကျောင်းက အစစ်အမှန်ဆိုတာ သေချာပါတယ်!

ဒါက ပုံတူများလား…?

အင်း၊ မဖြစ်နိုင်တာ!

တပည့်တစ်ယောက်က ကိုယ့်ရဲ့မဟာကျင့်ကြံသူအဆင့်ရှိတဲ့ ဆရာ့ရုပ်သေးကို ပုံတူပွားဖို့ ဘယ်လိုလုပ်သတ္တိရှိရမှာလဲ?

ဒါ့အပြင် သူတို့ ရုပ်သေးပြပွဲကိုလည်း မြင်ဖူးသည်။

ရုပ်သေးက စကားမပြောနိုင်ပါဘူး။

ဆရာ့ရဲ့ စကားသံ၊ သူ့ရဲ့ တိုတိုတုတ်တုတ်ပြောတတ်တဲ့ပုံစံ၊ ပြီးတော့ ဘေးက ပိုးနတ်သားလေး — အခုတော့ ပိုးလူငယ်ပေါ့…

အကုန်လုံးက တကယ့်ဆရာလုနဲ့တူတူပါပဲ။

ရွှေအမြုတေအဆင့်လေးယောက်ရဲ့ ခေါင်းဆောင်စီနီယာအစ်မစုန့်တွမ်က လဲ့ကျယ်တို့ကို အသာအယာခေါင်းညိတ်ပြလိုက်သည်။

မကြာခင်မှာပဲ သူမက တောက်ဟယ်လက်ထဲက ငါးမျှားတံ အချောင်းပေါင်းရာနဲ့ချီကို သိချင်စိတ်နဲ့ ကြည့်လိုက်သည်။

"ဟင် ဂျူနီယာမောင်လေးတောက်၊ မင်း တိုက်ပွဲအတွက် ပြင်နေတာလား"

"မင်း ဘယ်အဖွဲ့နဲ့ရင်ဆိုင်ရမှာလဲ"

စီနီယာအစ်မစုန့်တွမ်က သိချင်စိတ်နှင့် မေးလိုက်သည်။

တောက်ဟယ်ကလည်း အသာအယာ ပြုံးလိုက်သည်။

"စီနီယာအစ်မ၊ ဒီမနက် အစောပိုင်းကတည်းက လူတိုင်းရဲ့ ကာကွယ်ရေးအစီအရင်တွေက အရမ်းတင်းကျပ်နေတယ်"

"ကျွန်တော်တို့ရဲ့ ပစ်မှတ်ကိုပြောပြဖို့ မကြောက်ပါဘူး"

"ဒါက ဝိညာဉ်ပိုးဖလံဂေဟာ ရွှေအမြုတေအဆင့်အဖွဲ့ခေါင်းဆောင် နတ်လက်နက်လမ်းစဉ် ရွှေအမြုတေအဆင့်အဖွဲ့ရဲ့ ဘေးခြံဝင်းပါပဲ"

"ဘုရားရေ၊ မင်းတို့ တကယ်သတ္တိရှိတာပဲ"

စုန့်တွမ် အံ့ဩသွားသည်။

"မင်းတို့က နတ်လက်နက်လမ်းစဉ်ရဲ့ အစွမ်းအထက်ဆုံးအဖွဲ့ကို သွားတိုက်မလို့လား... ဟင် ? ဘာ-ဘာပြောလိုက်တာ"

တောက်ဟယ်က ပြုံးပြီးစိတ်ရှည်လက်ရှည် ထပ်ပြောလိုက်သည်။

"နတ်လက်နက်လမ်းစဉ်ရဲ့ ဘေးက ဝိညာဉ်ပိုးဖလံဂေဟာရွှေအမြုတေအဆင့် အဖွဲ့ခေါင်းဆောင် ရှုဝမ်ယီပါ"

"ဟုတ်တယ်၊ သူက ကျွန်တော်တို့ရဲ့ ပစ်မှတ်ပါပဲ"

"တောင်းပန်ပါတယ် စီနီယာအစ်မ!"

ဒုန်းခနဲ အသံနှင့်အတူ…

သူက သူ့ရဲ့ပေတစ်ရာရှည်တဲ့ ငါးမျှားတံကို စုန့်တွမ်တို့နောက်ရှိ ခြံဝင်းခေါင်မိုးပေါ်ကို လွှဲပစ်လိုက်သည်!

အဲ့ဒါက ခေါင်မိုးပေါ်ကိုကျသွားသည်။ အစီအရင်ရဲ့ အားနည်းချက်တည့်တည့်ပင်။

"လက်နက်ဖြုတ်"

လိုကျား မျက်စိမှိတ်လျက် သူ့လက်နှစ်ဖက်ကို စုလိုက်သည်။

"နင်တို့ ရူးနေတာလား! ရပ်လိုက်စမ်း!"

စုန့်တွမ်နောက်က တတိယအစွမ်းအထက်ဆုံး ရွှေအမြုတေအဆင့်အဖွဲ့ဝင် ကျိုးဟန်ဖေးက ဒေါသတကြီး အော်လိုက်သည်။

ဒါပေမဲ့ နောက်ကျသွားပါပြီ လျှပ်စီးအချို့ကလဲ့ကျယ်ရဲ့ လက်ထဲမှာ တဖျတ်ဖျတ် လင်းလာပြီး ရွှေအမြုတေအဆင့်လေးယောက်ကို ချက်ချင်းဝန်းရံလိုက်သည်!

အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ယောက်တည်းက ရွှေအမြုတေအဆင့် လေးယောက်ကို တားဆီးဖို့မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ — သူက သူတို့ကို မျက်စိကွယ်အောင်လုပ်နိုင်ပါတယ်!

စုန့်တွမ်နဲ့ သူ့အဖွဲ့ဝင်တွေဟာ ရုတ်တရက် လျှပ်စီးတွေကြားမှာ မျက်စိကျိမ်းသွားကြပြီး ပတ်ဝန်းကျင်ကိုမမြင်ရတော့ဘဲ သူတို့ရဲ့ ဝိညာဉ်အာရုံနဲ့ပဲ ခံစားနိုင်တော့သည်။

ဒါပေမဲ့ မူချင်းချူးက ချက်ချင်းပဲ မျိုးစေ့တွေ ချလိုက်ပြီး သူတို့ပတ်ပတ်လည်မှာ သစ်သားဝိညာဉ်တွေ ချက်ချင်းပေါက်လာကာ သူတို့ရဲ့ ဝိညာဉ်အာရုံကို လယ်ကွင်းပြင်ကြီးထဲမှာနစ်မြုပ်သွားစေသည်!

"တောက် ဘာလို့ အချင်းချင်းပြန်တိုက်နေကြတာလဲ!"

"မဟုတ်ပါဘူး၊ ဒါ အချင်းချင်းတိုက်တာ မဟုတ်ပါဘူး"

စုန့်တွမ်နဲ့ သူ့အဖွဲ့ဝင်တွေဟာ လျှပ်စီးတွေကိုကျင့်သားရသွားပြီး သူတို့နောက်က ကြည်လင်တဲ့ အမျိုးသမီးအသံကို ကြားလိုက်ရတဲ့အခါ အံ့ဩသွားကြသည်။

သူတို့နောက်က တည်းခိုခန်းမှာ ခေါင်မိုးက ပွင့်နေသည်။

ငါးမျှားကြိုးပေါင်း ရာနဲ့ချီဟာ ကြိုးတွေလိုမျိုး လုကျိကျောင်းနဲ့ ရှုဝမ်ယီရဲ့ခန္ဓာကိုယ်တွေကို ဆွဲထားကြသည်။

ဒါပေမဲ့ ဒီလုကျိကျောင်းက အမျိုးသမီးတစ်ယောက်ဖြစ်နေသည်!

သူမက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လုကျိကျောင်းရဲ့အရေခွံကို ခေါင်းကနေခြေအထိ ဇစ်ဆွဲဖွင့်လိုက်ရာ အထဲမှာ တောက်ပတဲ့ အဝါနုရောင်ဝတ်စုံကို ဝတ်ထားပြီး လှပတဲ့မျက်နှာရှိတဲ့ စုကျိုပေါ်လာသည်။

"ပုံတူပွားစမ်း — ရှုဝမ်ယီ ကိုးယောက်"

စုကျိုရဲ့အနီရောင် နှုတ်ခမ်းလွှာလေးတွေ အသာအယာပွင့်ဟသွားသည်။

ချက်ချင်းပဲ သူမရဲ့အင်္ကျီလက်မှာ လွင့်ပျံသွားပြီး လေထဲမှာ 'ရှုဝမ်ယီ' ကိုးယောက်ပေါ်လာသည်။

တကယ့် ရှုဝမ်ယီနဲ့အတူ သူတို့အားလုံးကို တောက်ဟယ်ရဲ့ငါးမျှားတံနဲ့ ဆွဲတင်လိုက်သည်!

စုကျို ပြုံးလျက် စုန့်တွမ်ကိုငုံ့ကြည့်လိုက်သည်။

"စီနီယာအစ်မစုန့်၊ ကျွန်မ ရှုဝမ်ယီ တစ်ယောက်ပဲယူသွားပြီး ရှင်တို့ကို ငါးယောက်ပြန်ပေးပါ့မယ်"

"ဒါကို ဘယ်လိုဖြစ်ပြီး အချင်းချင်းတိုက်တာလို့ ပြောလို့ရမှာလဲ"

ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက်

တောက်ဟယ်က ငါးမျှားတံကိုအမြန်လွှဲလိုက်ရာ ရွှေအမြုတေအဆင့်အတု 'ရှုဝမ်ယီ' ငါးယောက် မြေပြင်ပေါ်လဲကျသွားသည်

ရွှေအမြုတေအဆင့်အတု ငါးယောက်ဟာ ရွှေအမြုတေအဆင့်အစစ် ရှုဝမ်ယီတစ်ယောက်နဲ့ ညီမျှပါတယ်!

"ဒါက အချင်းချင်းတိုက်တာ မဟုတ်ပါဘူး တစ်ယောက်ချင်းလဲလှယ်တာပဲ၊ ဘယ်သူမှမရှုံးပါဘူး ဟုတ်တယ်မလား"

စုကျို ပြုံးလိုက်သည်။

ထို့နောက် သူမ ကျန်တဲ့ ရှုဝမ်ယီ ရုပ်သေးလေးယောက်ကို ဖောက်ခွဲလိုက်သည်!

"အား—!"

တကယ့် ရှုဝမ်ယီသည် သူ့ကိုယ်ပိုင်ဖောက်ခွဲမှု ဒဏ်ကြောင့် ချက်ချင်းသတိလစ်သွားသည်!

ရုပ်သေးက အန္တရာယ်မပေးနိုင်ပေမယ့်..

နာကျင်မှုကတော့ အစစ်အမှန်ပါပဲ

"သွားစို့!"

စုကျို တိုးတိုးလေး အော်လိုက်သည်။

တောက်ဟယ်ကမူ သတိလစ်နေတဲ့ ရှုဝမ်ယီကိုအမြန်ဆွဲယူပြီး အလွတ်ဖြစ်နေတဲ့ ခေါင်းတလားထဲထည့်လိုက်သည်။

သူတို့လေးယောက်လုံး ထိုအခေါင်းတလားအား အမြန်သယ်သွားကြသည်!

ချန်ယွမ်ကမူ မြေပြင်ကိုခြေဖျားနှင့် အသာအယာထိပြီး စုကျိုကို သူ့ကျောပေါ်မှာပိုးလျက် အမြန်နောက်ဆုတ်သွားကြသည်။

စုန့်တွမ်နဲ့ ကျန်တဲ့သုံးယောက် : "…!"

【! ! ! 】

【……】

【……အံ့ဩမှင်သက်သွားပြီ】

All Chapters