အခန်း (၁၇၆)
Vol. 18 Ch. 176
🥝 Chapter 176
ချန်ယွမ် အနားသို့လျှောက်သွားပြီး သတိလစ်နေတဲ့ ရှုဝမ်ယီကို ခေါင်းတလားထဲမှဆွဲထုတ်ကာ မြေပြင်ပေါ်ဆောင့်ချလိုက်သည်။
"ရှုဝမ်ယီ၊ ထပြီး အကြွေးဆပ်စမ်း"
"မဟုတ်ရင် မင်းရဲ့ ဝိညာဉ်အမြုတေကို အခုပဲ ငါ ချေမှုန်းပစ်မယ်"
"!"
ရှုဝမ်ယီ ချက်ချင်းထထိုင်လိုက်သည်!
ဒိုင်လူကြီးစီနီယာအစ်မ : "?"
စုကျို အသာအယာရယ်မောလိုက်သည်။
"သတိလစ်ဟန်ဆောင်ရဲတယ်ပေါ့? နင် လမ်းတစ်ဝက်မှာတင် နိုးလာပြီး လဲ့ကျယ်တို့ သုံးယောက်ကို တစ်လမ်းလုံး သယ်ခိုင်းခဲ့တာပဲ"
"ရှုဝမ်ယီ၊ မင်း အခု ပြုတ်သွားပြီ"
"နောက်မှ ငါတို့ ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့် ငါးယောက်နဲ့ တိုက်တဲ့အခါ နင် ရှေ့ဆုံးကနေတိုက်ရမယ်"
ရှုဝမ်ယီ မျက်လုံးဖွင့်ကြည့်လိုက်ရာ မျက်နှာမှာဖြူလျော်နေသည် "?"
ဒိုင်လူကြီး စီနီယာအစ်မ : "...???"
[...]
[သူမက ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့် ငါးယောက်ကို ဘယ်လိုများတိုက်မှာလဲ? အိုကေ၊ ရှုဝမ်ယီကို သုံးမယ်ပေါ့၊ ဟားဟားဟား]
[စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ ရယ်နေရပြီ!]
[သူမက တကယ်စရိုက်ရှိတာပဲ!]
[စုကျို : ဘယ်သူက ဒါကိုအခြေခံတည်ဆောက်ခြင်းအဆင့်က ရွှေအမြုတေအဆင့်ကိုတိုက်တာလို့ ပြောလို့လဲ?]
[သူမသာ ရွှေအမြုတေအဆင့်တွေကို အလုံအလောက်ဖမ်းနိုင်ရင် ရွှေအမြုတေအဆင့်အဖွဲ့အားလုံးကို တကယ်ပဲ ခြေမှုန်းနိုင်လိမ့် မယ်...]
စုကျိုက ပိုးလယ်သမားတွေကိုကြိုးတစ်ပင် အမြန်ရက်ခိုင်းပြီး ရှုဝမ်ယီကိုချည်နှောင်လိုက်သည်။
"သွားကြစို့"
"ဒါက... အကြွေးဆပ်တာလား ဂျူနီယာညီမလေး?" ရှုဝမ်ယီ လှည့်မေးသည်။
စုကျိုက သူ့ကိုအေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး ချန်ယွမ် ကျောပေါ်ပြန်တက်လိုက်သည်။
"နင်က အခု အကျဉ်းသားပဲ၊ နားထောင်ရင် အသက်ချမ်းသာရာရမယ်"
ရှုဝမ်ယီ : "..."
မဟုတ်ဘူး၊ ဒါတိုက်ပွဲလေ၊ သူမက ဘာလို့ ဒီလောက်တောင်အလေးအနက်ထားနေရတာလဲ?!
"ညီမလေးစုကျို! ငါတို့ ရောက်ပြီ!"
ဝိညာဉ်ကုန်သည်အသင်းအခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ခေါင်းဆောင်ရှန့်ပုကျဲနောက်ဆုံးတော့ အပြေးအလွှား ရောက်လာသည်။
သူက ဝိညာဉ်ကုန်သည်အသင်းကရွှေငွေတွေ စီခြယ်ထားတဲ့ လှပတဲ့ဂျူနီယာညီမလေး လေးယောက်ကိုခေါ်လာခဲ့သည်။
"တောင်းပန်ပါတယ်၊ ငါတို့က နည်းနည်းလေးနေလို့ နောက်ကျသွားတယ် ညီမလေးစုကျို၊ မင်းကိုစောင့်ခိုင်းမိသွားပြီ~"
ရှန့်ပုကျဲသည် လဲ့ကျယ်ကဲ့သို့ပင် ရွှေအမြုတေအဆင့်သို့ ရောက်ရန် လက်တစ်ကမ်းအလိုမှာရှိနေပြီဖြစ်သည်။
သူ့ အရည်အချင်းမှာ [ချေးငှားခြင်းက ပြန်ဆပ်ခြင်းကို ဦးတည်စေရမည်] နှင့် [ပိုက်ဆံချေးပြီး ပြန်ဆပ်ရင် နောက်တစ်ခါ ထပ်ချေးလို့ရသည်] ဖြစ်သဖြင့် သူသည် အငှားချခြင်းတွင် ကျွမ်းကျင်သူဖြစ်သည်။
သူနှင့် ဝိညာဉ်ကုန်သည်အသင်းမှ အထွတ်အထိပ်အခြေခံတည်ဆောက်ခြင်းအဆင့် ဂျူနီယာညီမလေးလေးယောက် နောက်ကျခဲ့ သော်လည်းစုကျိုနှင့် အခြားသူများမှာ စိတ်မဆိုးကြပေ။
တခြား အကြောင်းရင်းမရှိပါဘူး။
သူတို့ ငါးယောက်လုံးဟာ ကလေးလက်မောင်းလောက်အထူရှိတဲ့ ရွှေဆွဲကြိုးအနည်းဆုံးတစ်ဆယ့်နှစ်ကြိုးစီ ဝတ်ဆင်ထားလို့ပါပဲ..
ရွှေနီရောင် ဆွဲကြိုးတစ်ခုစီမှာ ပတ္တမြားတွေ၊ စိမ်းပြာရောင် အင်္ကျီလက်ဝတွေ စီခြယ်ထားပြီး...
အင်္ကျီလက်ဝတစ်ခုစီမှာ သေးငယ်တဲ့ ကမ္ဘာငယ်တစ်ခုပါဝင်သည်။
စည်းကမ်းချက်အရ တစ်ယောက်ကို တတိယအဆင့်ဝိညာဉ်လက်နက် သုံးခုပဲသယ်ခွင့်ရှိသည်။
သူတို့တွေ ဒီလောက်များပြားတဲ့ ဟင်းလင်းပြင်ရတနာတွေကို သယ်လာတာက စည်းကမ်းနဲ့ မညီညွတ်သေးပေ။
ဘာလို့လဲဆိုတော့ ဒီဟင်းလင်းပြင်ကမ္ဘာတွေထဲမှာ ဝိညာဉ်ကျောက်တုံးတွေ၊ ရွှေတွေနဲ့ ရတနာတွေပဲ ပြည့်နေလို့ပင်။
ဝိညာဉ်လက်နက် တစ်ခုမှ၊ ဆေးလုံး တစ်လုံးမှ မပါပါဘူး။
စုကျိုကမူ သူတို့နောက်ကျတာကို သေချာပေါက်အပြစ်မတင်ပါဘူး။
ဒါက အရမ်းလေးလံလွန်းလို့ပါ..
သူတို့က ရွှေတောင်၊ ငွေတောင်ကြီးတွေကို သယ်လာတာလေ… မနက်ဖြန်မှ ရောက်လာရင်တောင် စုကျို ခွင့်လွှတ်ပေးမှာပါ၊ သူသာ အဲ့ဒီအလေးချိန်ကို သူတို့အစားထမ်းပေးနိုင်ရင် ကောင်းမှာပဲလို့တောင် တွေးမိသည်!
“ညီမလေးစုကျို၊ ငါတို့ အခု ဘယ်နားရောက်နေပြီလဲ?”
ရှန့်ပုကျဲက မေးလိုက်ပြီးမှ စုကျို၏တုန်ယင်နေသော ညာဘက်လက်ကို သတိပြုမိသွားသည်။
“ဩော်၊ မင်းရဲ့ ဝိညာဉ်စွမ်းအင်တွေ ကုန်နေတာလား?”
“မင်းကို ပြန်လည်သက်သာလာအောင် ငါ ကူညီပေးရမလား?”
စုကျို ခေါင်းညိတ်လိုက်သည်။ ဒီရှန့်ပုကျဲက ရှန့်လိုင်လိုင်ရဲ့တစ်ဆယ့်နှစ်ယောက်မြောက် တပည့်အစစ်လေ…
မနေ့ညက သူမ သူ့ဆီကနေ ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀ လက်ခံခဲ့ပြီး ဝိညာဉ်ကုန်သည်အသင်း အခြေခံတည်ဆောက်ခြင်း အဆင့် အဖွဲ့နဲ့ ပူးပေါင်းဖို့သဘောတူခဲ့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုပုကျဲ” စုကျိုပြုံးပြလိုက်ပြီး ချန်ယွမ်ကို မြေပြင်ပေါ်ဆင်းခိုင်းလိုက်သည်။
ရှန့်ပုကျဲကမူ လက်ဝေ့ယမ်းပြပြီး အားမနာဖို့ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ မျက်စိမှိတ်လိုက်ပြီး လက်ဟန်တစ်ခုလုပ်ကာ ကောင်းကင်ကိုညွှန်ပြလိုက်သည်။
"ငါ့မှာ ရွှေတစ်သောင်းရှိတယ်၊ ဒီနေ့ ကောင်းကင်ဘုံဆီကနေ ညီမလေးစုကျိုရဲ့ အမြင့်ဆုံးဝိညာဉ်စွမ်းအင်ကို ငါ ချေးယူမယ်!"
ရွှတ်..
သူ့လည်ပင်းက ဆွဲကြိုးတစ်ပင်ဟာ ပြာအဖြစ်ပြောင်းလဲသွားသည် ဘုရားရေ စုကျို နှမြောလွန်းလို့ ရင်ကွဲလုနီးပါး ဖြစ်သွားသည်။ ဝိညာဉ်ကုန်သည်အသင်းက တကယ်ကို ချမ်းသာတာပဲ နောက်တစ်ခဏမှာတော့ စုကျိုဟာ ကောင်းကင်ကနေ ဆင်းသက်လာတဲ့ ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးကို ခံစားလိုက်ရသည်။ သူမဟာ ပေါကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင် ပင်လယ်ကြီးထဲမှာ ရေချိုးလိုက်ရသလို ခံစားရပြီး ချက်ချင်းပဲ အကောင်းဆုံး အခြေအနေကို ပြန်ရောက်သွားသည်။
"မင်းတို့ကော ပြန်လည်သက်သာဖို့လိုလား? တောက်ဟယ်၊ မူချင်းချူး?"
ရှန့်ပုကျဲက ပြုံးမေးသည်။
တောက်ဟယ်နှင့် မူချင်းချူး : "...အခုတော့ မလိုသေးပါဘူး"
သူတို့ ဘာလို့ ပြန်လည်သက်သာဖို့ ဝန်လေးနေကြတာလဲ သူတို့ဘာသာ တရားထိုင်တာကပိုကောင်းပါတယ်၊ သူတို့ကို ရွှေတောင်ကြီးတွေ မပေးပါနဲ့တော့!
"ငါတို့ ဝိညာဉ်ကုန်သည်အသင်းက ကျန်တဲ့ အဖွဲ့ဝင်လေးယောက်နဲ့ မိတ်ဆက်ပေးပါရစေ၊ သူတို့အားလုံးက ချေးငှားခြင်း အတတ်ပညာမှာ ကျွမ်းကျင်သူတွေပါ"
ရှန့်ပုကျဲက ဘေးသို့ တစ်လှမ်းဆုတ်ပေးလိုက်သည် သူမဘေးက လှပတဲ့ ဂျူနီယာညီမလေး လေးယောက်က စုကျိုတို့ကို ပြုံးပြကြသည်။
"ဂိုဏ်းထဲမှာ ငါတို့ရဲ့ဘွဲ့အမည်တွေကို မှတ်ရလွယ်ပါတယ်၊ အကုန်လုံးက ချေးငှားခြင်းနဲ့ပတ်သက်တာတွေချည်းပဲ"
"မန်လီ (အတိုးပြည့်)"
"ဝေ့လီ (အမြတ်လေး)"
"သို့ပေါင်အာ (ရတနာပုံ)"
"ရှန့်ကျောက် (အမြန်ဆပ်!)"
ရှန့်ကျောက်… စုကျို ဒီနာမည်ရဲ့အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်သွားသည်။
ပိုက်ဆံကို အမြန်ဆပ်!
စုကျိုကမူ ညီမလေး လေးယောက်ရဲ့လက်တွေကို ချက်ချင်းဆုပ်ကိုင်လိုက်သည်။
"ရှင်တို့နဲ့ ဒီထက်စောစော ဆုံခဲ့ရင်ကောင်းမှာပဲ"
သူမ နောက်ဆုံးတော့ သူနဲ့တူတဲ့သူတွေကို ရှာတွေ့သွားပြီ!
ဝိညာဉ်ကုန်သည်အသင်းက ငါးယောက်နဲ့ဆုံပြီးနောက် စုကျိုတို့အဖွဲ့ဟာ တစ်ဆယ့်တစ်ယောက်အထိတိုးပွားသွားသည်။
ချန်ယွမ် ခေတ္တထွက်ခွာသွားသည်။
စည်းကမ်းချက်အရ မိစ္ဆာကျွန်တွေကို ပြိုင်ပွဲထဲ ယူလာလို့မရပါဘူး။
သူမက ခုနတင် တတိယအဆင့်အဆောင်ကို သုံးပြီး ချန်ယွမ်ကို ယာယီခေါ်ယူခဲ့တာပါ။
"ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့် ငါးယောက်လုံးကို တစ်ပြိုင်နက် ဖမ်းဆီးဖို့ ကျွန်မတို့ရဲ့အစီအစဉ်ကို အကျဉ်းချုပ် ရှင်းပြပါရစေ"
စုကျို လူတိုင်းကို အချက်ပြလိုက်ပြီး သူ့အသံကို အမြန်ပေးပို့လိုက်သည်။
【…! ကျွန်မလည်း ကြားချင်တယ်】
【သူတို့အားလုံးကို တစ်ပြိုင်နက်ဖမ်းမယ်?】
ဝေဖန်သုံးသပ်နေသော ဝူချင်းချန်းကတော့ စုကျိုနောက်ကိုသာ လိုက်ချင်နေသည်။
သူမမှာ အရင်က အကြောင်းပြချက်မရှိခဲ့ပေ၊ လူတိုင်းက တခြားအဖွဲ့တွေရဲ့ ရှင်းပြချက်တွေကိုလည်း ကြားချင်နေမှာစိုးလို့ပါ၊ ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ။
သူမ ထုတ်လွှင့်မှုကို သေသေချာချာကြည့်လိုက်သည်။
"ဝိညာဉ်ပိုးဖလံဂေဟာနဲ့ ဝိညာဉ်ကုန်သည်အသင်းတို့ပူးပေါင်းပြီး ဆေးလုံးဂိုဏ်းကို တိုက်တော့မှာပါ"
"စုကျိုက အမြဲတမ်းအလုပ်လုပ်တာ မြန်တဲ့အတွက် ကျွန်မတို့ အဖွဲ့နှစ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အရင်ဆုံးအရေးပေါ် ထုတ်လွှင့်ပေးပါ့မယ်"
နောက်ပိုင်းမှာ ထုတ်လွှင့်မှုကိုကြည့်နေကြတဲ့ တပည့်တွေဟာ စုကျိုတို့အဖွဲ့က တကယ်ကိုမြန်တယ်ဆိုတာ သိလိုက်ရသည်။
သေသေချာချာမကြည့်ရင် နားလည်မည် မဟုတ်ပါပေ!
ထုတ်လွှင့်မှုထဲမှာတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ စုကျိုတို့အဖွဲ့ဟာဆွေးနွေးပြီးနောက် ရွှေအမြုတေအဆင့် တည်းခိုဆောင်ကို အမြန်ပြန်သွားကြသည်။
သူတို့ ချက်ချင်းဆေးလုံးဂိုဏ်း ခြံဝင်းကို တယ်လီပို့လုပ်လိုက်ကြသည်!
သေချာတာပေါ့၊ ဘယ်သူမှ ရှိမနေပါဘူး။
အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့အတော်များများဟာ နတ်လက်နက်လမ်းစဉ်က ဝေချန်ရှန်းရဲ့ လှုံ့ဆော်မှုကြောင့် နတ်လက်နက်လမ်းစဉ်က ရွှေအမြုတေအဆင့်အဖွဲ့တွေကို ဝိုင်းတိုက်နေကြသည်။
ဝေချန်ရှန်းတို့ ငါးယောက်က အဓိကတိုက်စစ်ဖြစ်ပြီး ဆေးလုံးဂိုဏ်းအခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့တွေကလည်း အများကြီး ကူညီပေးနေကြသည်။ စကားလုံးဝိညာဉ်ဂိုဏ်းအဖွဲ့တွေကလည်း လက်ကျန်တွေကိုယူဖို့ မျှော်လင့်နေကြသည်။
တခြား အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့လေးငါးဖွဲ့ကလည်း ဘေးကနေ ကြည့်နေကြပြီး အခွင့်ကောင်းယူဖို့ မျှော်လင့်နေကြတာ သိသာပါတယ်..
တခြားအဖွဲ့အချို့ကတော့ ရှုဝမ်ယီမရှိတော့တဲ့ ဝိညာဉ်ပိုးဖလံဂေဟာကို ဝိုင်းတိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
ရလဒ်ကတော့ သူတို့ဟာ ဝိညာဉ်ပိုးဖလံဂေဟာက ရွှေအမြုတေအဆင့်လေးယောက်နဲ့ [ရှုဝမ်ယီ မျိုးဆက် ၁ (နံပါတ် ၁ မှ ၅)] တို့နဲ့ ထိပ်တိုက်တွေ့ကုန်ကြသည်။
မြင်ကွင်းက တော်တော်လေး ဖရိုဖရဲရှုပ်ထွေးနေပြီး လူအများကြီးရဲ့အာရုံစိုက်မှုကို ရနေသည်။
အခြားတစ်ဖက်မှာတော့ ဆေးလုံးဂိုဏ်းရဲ့ရွှေအမြုတေအဆင့် ခြံဝင်းပတ်ပတ်လည်မှာတော့ လုံးဝတိတ်ဆိတ်ငြိမ်သက်နေသည်။
"စီနီယာအစ်ကိုမူ၊ စီနီယာအစ်မသို့ပေါင် ကျွန်မကို ကူညီပေးပါဦး" စုကျို အမြန်ပြောလိုက်သည်
"အင်း"
မူချင်းချူးက လက်ဟန်တစ်ခု အမြန်လုပ်လိုက်သည်။
"ဒီနေ့ဟာ အရာအားလုံးအတွက် ရိတ်သိမ်းချိန်ပါပဲ"
ခဏအတွင်းမှာပင် ဆေးလုံးဂိုဏ်းခြံဝင်းပတ်ပတ်လည် မီတာ တစ်ရာအတွင်းမှာ ကောင်းကင်ကို ဖုံးလွှမ်းသွားတဲ့ ရေတွက်လို့မရတဲ့ သစ်သီးပင်တွေ ပေါက်လာသည်။
ဒီသစ်ပင်တွေက ဝေးနေပေမယ့် ဆေးလုံးဂိုဏ်းခြံဝင်းကို အပြင်ကနေ မမြင်ရအောင် ဖုံးကွယ်လိုက်နိုင်သည်။
[?]
[ဘာတွေ ဖြစ်နေတာလဲ]
"ငါက မူချင်းချူးရဲ့အမြင့်ဆုံး ဝိညာဉ်စွမ်းအင်ကိုကောင်းကင်ဘုံဆီကနေ ငွေတစ်သောင်းနဲ့ချေးယူမယ်"
မူချင်းချူး ချက်ချင်းအကောင်းဆုံး အခြေအနေကိုပြန်ရောက်သွားပြီး သစ်သီးပင်တွေကိုဆက်တိုက်စိုက်ပျိုးတော့သည်။
အထပ်ထပ် အခါခါ၊ အဝိုင်းလိုက် အဝိုင်းလိုက်၊ သစ်တောကြီးတစ်ခုဟာ ဆေးလုံးဂိုဏ်း ခြံဝင်းတစ်ခုလုံးကိုဝန်းရံသွားသည်!
တစ်ချက်ကြည့်လိုက်ရင် ဆေးလုံးဂိုဏ်းခြံဝင်းကို မမြင်ရတော့ပါဘူး။
ဒီမှာ အခန်းတွေရှိခဲ့ဖူးပုံတောင် မရတော့ဘဲ အနည်းဆုံး ကီလိုမီတာ တစ်ရာလောက်အထိကျယ်ပြန့်တဲ့ သစ်ပင်ကြီးတွေပဲ ရှိနေတော့သလိုပါပဲ!
မူချင်းချူးကမူ ရပ်မသွားပေ။ ဆက်တိုက် ပေါက်လာတဲ့ သစ်သီးပင်တွေဟာ သူတို့ရဲ့အကိုင်းအခက်တွေကို ခြံဝင်းအထက် ကောင်းကင်ဆီကို ဖြည်းဖြည်းချင်းဆန့်ထုတ်လိုက်ပြီး သစ်သီးပင်တွေနဲ့လုပ်ထားတဲ့ အတုံးပုံစံဟင်းလင်းပြင်တစ်ခုကို ဖန်တီးလိုက်သည်!
"ငါက ကောင်းကင်ဘုံကနေ ဒုတိယအဆင့်ရှိတဲ့ အတုယူတတ်တဲ့ကြက်တူရွေး နှစ်ကောင်ကို ရွှေငါးရာနဲ့ချေးယူမယ်!"
ချက်ချင်းဆိုသလိုစီနီယာအစ်မ မန်လီရဲ့လက်ထဲမှာ ကြက်တူရွေးနှစ်ကောင်ပေါ်လာသည်။
စုကျိုက အဲ့ဒါတွေကို ယူလိုက်ပြီး [ဝေချန်ရှန်းရဲ့ ရိုးသားတဲ့ အသံ] ကိုတပ်ဆင်လိုက်သည်၊ ပြီးတော့ သူမ တည်းခိုဆောင် အဝင်ဝမှာ ဝေချန်ရှန်းနဲ့ ပြောခဲ့တဲ့ စကားတွေကို သူမဘာသာ မေးခွန်းထုတ်ပြီးပြန်ဖြေပြလိုက်သည်။
သူမက အတုယူတတ်တဲ့ ကြက်တူရွေးတွေကို သင်ပေးလိုက်သည်။
'ညီမလေးစုကျို... မင်း ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်အမှတ် ၁၀၀ ရသွားတာလဲ?'
'...ကျွန်မက သူတို့အကျိုးအတွက် လုပ်ပေးတာပါ၊ ကျွန်မကိုတောင် မနိုင်ရင် ရွှေအမြုတေအဆင့် ဗိုလ်လုပွဲမှာ အန္တရာယ်တွေ့ရင် ဘယ်လိုလုပ်မလဲ?'
'ကျွန်မက ကြိုတင်ပြင်ဆင်ပေးတာပါ...'
'...စီနီယာအစ်ကိုဝေ၊ ရှင် ဘယ်လို ထင်လဲ?'
"...ကျေးဇူးတင်ပါတယ် ညီမလေးစုကျို...ကျွန်တော် အခု သဘောပေါက်သွားပါပြီ!"
စုကျိုက အဲ့ဒီ ကြက်တူရွေးနှစ်ကောင်ကို ဆေးလုံးဂိုဏ်းကို ဝန်းရံထားတဲ့ သစ်ပင်တွေဆီ အမြန်လွှတ်လိုက်သည်။
ထို့နောက် သူမက အပြင်ဘက်ဆုံး သစ်ပင်တွေပေါ်မှာ အသံလုံအဆောင်တွေကပ်လိုက်သည်။
ဒါမှ ဆေးလုံးဂိုဏ်းဟာအပြင်က အသံတွေကို မကြားရတော့ဘဲ သူမနဲ့ ဝေချန်ရှန်းတို့ရဲ့စကားတွေကိုပဲ ကြက်တူရွေးတွေကတစ် ဆင့် ကြားနေရမှာဖြစ်သည်။
"ဟင် ဒါက အဲ့ဒီလိုလား?"
"ဝိညာဉ်ပိုးဖလံဂေဟာက အဲ့ဒီကလေးတွေက ရှုဝမ်ယီကို ဖြုတ်ဖို့အထိတွေးထားတာလား?"
ထုတ်လွှင့်မှုမှာ ဆေးလုံးဂိုဏ်းအဖွဲ့ခေါင်းဆောင်ဟာ ခရမ်းရောင်မီးခိုး ကာကွယ်ရေးအစီအရင်ထဲမှာ ပုန်းနေတာကိုပြသနေသည်။
သူတို့တွေ စုကျိုနဲ့ ဝေချန်ရှန်းတို့ရဲ့ စကားတွေကို ချက်ချင်း ကြားလိုက်ရသည်။
သူတို့ လုံးဝ အာရုံစိုက်သွားကြသည်။
"တောက်.. ဝေချန်ရှန်းက စိတ်လှုပ်ရှားနေပြီ!"
"ငါတို့ ဆေးလုံးဂိုဏ်းကညီလေး ညီမလေးတွေလည်း စုကျိုရဲ့ဖျောင်းဖျတာကိုခံရပြီး ငါတို့ကို ပြန်တိုက်ကြမှာလား"
သူတို့ ဆွေးနွေးနေကြသည်။
စုကျိုက သူမရဲ့ အသင်းဖော်တွေကိုလက်ဟန်ပြလိုက်သည်။
"အမြန်လုပ်ကြ"
"ထပ်စစ်လိုက်ဦး၊ ဆေးလုံးဂိုဏ်းရဲ့အကြားနဲ့ အမြင်ကို ပိတ်ဆို့ထားပြီးပြီ"
"ထိလိုက်စမ်း—"
စုကျိုက ဆိုသည်။
ရှန့်ပုကျဲက အမြန်ပြောလိုက်သည်။
"ဒီနေရာမှာ တစ်နာရီကြာ လုံးဝတည်ငြိမ်နေဖို့အတွက် ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့လဲလှယ်မယ်!"
မြေပြင်တွေလှုပ်နေရင်တောင် ဘယ်သူမှသတိထားမိမှာ မဟုတ်ပါဘူး။ ဒါက ကောင်းကင်ဘုံဆီက ချေးယူထားတဲ့ [လုံးဝတည်ငြိမ်မှု] ပါပဲ!
စုကျို ခေါင်းညိတ်လိုက်သည်။
"လုံးဝကို စိတ်ချရပြီ"
[?]
[သူတို့ ဘာလုပ်နေကြတာလဲ]
"ကောင်းပြီ၊ ဆေးလုံးဂိုဏ်းအဆောက်အဦးတစ်ခုလုံးကို တူးထုတ်လိုက်ကြ!"
စုကျို ခေါင်းညိတ်လိုက်သည်။
"အကုန်လုံးကို ယူသွားကြစို့!"
[!!]
[...?]
"ဓားထုတ်!" "
ငါ့ရဲ့စစ်ဗျူဟာစွမ်းအားကို ချေးသုံးစမ်း!"
"ဘာမှမကျန်စေနဲ့ အကုန်ချိတ်စမ်း!"
"လျှပ်စီးဓား!"
ဖြောက်!
ကီလိုမီတာ တစ်ရာရှည်တဲ့ သစ်တောကြီးဝန်းရံထားပြီး အလယ်မှာ ဆေးလုံးဂိုဏ်းခြံဝင်းရှိတဲ့ မြေတုံးကြီးဟာ ကွဲထွက်သွားပြီး ပွင့်ထွက်သွားသည်!
"ရှုဝမ်ယီ" စုကျို တိုးတိုးလေးခေါ်လိုက်သည်။
ရှုဝမ်ယီ : "..."
သူ ရှေ့တက်လာပြီး သူ့ရဲ့ ရွှေအမြုတေအဆင့် ၇ စွမ်းအားနဲ့ သူ့ရဲ့ အစွမ်းထက်ဆုံး တိုက်ကွက်ဖြစ်တဲ့ "မြေပြင်နဲ့ ကောင်းကင်ကို ဖုံးလွှမ်းခြင်း!" ကို ထုတ်သုံးလိုက်သည်
ဝူးခနဲအသံနှင့်အတူ သူ့လက်ထဲက ရေတွက်လို့မရတဲ့ ပိုးထည်တွေဟာ မြေတုံးကြီးတစ်ခုလုံးကို မ လိုက်ကြသည်!
အထဲက ဆေးလုံးဂိုဏ်း ခြံဝင်းလေးဟာ ဒီမြေတုံးကြီးပေါ်မှာ သေးငယ်တဲ့ အဆောင်လေးတစ်ခုလိုဖြစ်နေသည် ဆေးလုံးဂိုဏ်းက လူတွေဟာ စုကျိုနဲ့ အရမ်းဝေးနေတဲ့အတွက် သူမရဲ့တိုက်ခိုက်မှုကို သူတို့ရဲ့ ဝိညာဉ်အာရုံနဲ့မသိနိုင်ကြပါဘူး။
သူတို့တွေ အခေါ်ခံလိုက်ရတယ်ဆိုတာကိုလည်း သူတို့ မသိနိုင်ကြပါဘူး!
"သွားကြစို့၊ သားကောင်ကို သွားအပ်ရအောင်!"
စုကျို ရှုဝမ်ယီကို အဲ့ဒီမြေတုံးကြီးကိုရှေ့ကို ဆွဲသွားဖို့ခိုင်းလိုက်သည်။
ချေးယူထားတဲ့ ဒုတိယအဆင့် ကောင်းကင်ဘုံမြင်း တစ်ဆယ့်နှစ်ကောင်နဲ့ နွားအုပ်ကြီးကလည်း အနောက်ကနေအမြန်လိုက်ပါပြီး ဆွဲသွားကြသည်! တိုက်ပွဲအလယ်မှာ ရှိနေကြတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူအားလုံးဟာ ရပ်လိုက်ကြပြီး ဘေးကိုငဲ့ကြည့်ကာ မော့ကြည့်လိုက်ကြသည်။
"???"
"ဒါဒါ ဘာကြီးလဲ"
"ဒါ ဘာကြီးလဲ?!"
[……]
[……]
[…………]