အခန်း (၁၇၇)
Vol. 18 Ch. 177
🥝 Chapter 177
ဆေးလုံးဂိုဏ်းတစ်ခုလုံးသည် မြေကြီးနှင့်တကွ စုကျိုတို့အဖွဲ့၏တူးထုတ် ယူဆောင်ခြင်းကိုခံလိုက်ရသည်။
စုကျိုတို့အဖွဲ့သည် ထိုမြေတုံးကြီးကို သယ်ဆောင်လျက်အရှိန်ဖြင့် ပြေးလာကြပြီး တည်းခိုဆောင်အပြင်ဘက်ရှိ တောင်ကုန်းမြင့်တစ်ခုပေါ်သို့ ဒုန်းခနဲမြည်အောင်ချလိုက်ကြသည်။
တူးထုတ်လာသည့် စတုရန်းပုံ မြေတုံးကြီးသည် တောင်ထိပ်ပေါ်တွင် အဆောက်အအုံတစ်ခုသဖွယ် အတိအကျ တည်ရှိသွားတော့သည်။
ဤလုပ်ရပ်သည် ကြည့်ရှုနေသော တပည့်များကိုသာမက စုကျို၏ အသင်းဖော်များနှင့် မဟာမိတ်ဖြစ်သော ဝိညာဉ်ကုန်သည်အသင်းကိုပါ အံ့ဩမှင်သက်သွားစေသည်။
လူတိုင်း ဆွံ့အသွားကြသည်!
"ဒိုင်လူကြီးစီနီယာအစ်မကို ဘယ်သူသွားခေါ်မလဲ" စုကျိုက လှည့်ကြည့်လိုက်သည်။
"အမွှေးတိုင်တစ်တိုင်စာ အချိန်ဆိုရင် လုံလောက်ရဲ့လား"
ဝိညာဉ်ကုန်သည်အသင်းမှ ညီမလေးရှန့်ကျောက်က စေတနာ့ဝန်ထမ်းအဖြစ် ရှေ့ထွက်လာသည် "ရပါတယ်၊ ကျွန်မကိုပဲ လွှတ်လိုက်ပါ၊ ဘာမှစိတ်မပူနဲ့!"
[ဒိုင်လူကြီးချုပ်ကြီး၊ ကြည့်လိုက်ပါဦး! ကျွန်တော်တို့ ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့်တွေကို ဖမ်းမိပြီမဟုတ်လား]
[သစ်သီးပင်တွေနဲ့လုပ်ထားတဲ့ လှောင်အိမ်ကြီးက တော်တော်ကြီးတာပဲ]
[စုကျို : +၅ ယောက် ဖမ်းမိ!]
"ဆေးလုံးဂိုဏ်းကစီနီယာတွေ ဘာလုပ်နေလဲဆိုတာကြည့်ရအောင်!" ဝေဖန်သုံးသပ်သူ ဝူချင်းချန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"သူတို့တွေ ဖမ်းခံလိုက်ရတာကိုတောင် မသိကြသေးပုံပဲ!"
[...]
မကြာခင်မှာပင် ထုတ်လွှင့်ပြသနေသည့်ပုံရိပ်သည် သစ်သီးပင်လှောင်အိမ်၏အတွင်းဘက်သို့ ပြောင်းလဲသွားသည်
ဆေးလုံးဂိုဏ်း ခြံဝင်းအတွင်းရှိ လူငါးယောက်၏အခြေအနေကို မြင်တွေ့ရသည်
ရွှေအမြုတေအဆင့်နှောင်းပိုင်း ကျင့်ကြံသူငါးယောက်လုံးသည် အပြင်ဘက်က ကမောက်ကမဖြစ်မှုတွေကို လုံးဝမသိရှိကြပေ။ ကြက်တူရွေးပြောတဲ့ စကားတွေကိုကြားပြီးနောက် သူတို့တွေ ဖရဲသီးစားလိုက်၊ သူတို့ ညီလေး ညီမလေးတွေ လာတိုက်မလားလို့ ခဏလောက် စိုးရိမ်လိုက်ဖြစ်နေကြပေမယ့် မကြာခင်မှာပဲ အဲ့ဒီစိုးရိမ်မှုကိုဘေးဖယ်ထားလိုက်ကြသည်
ငါးယောက်လုံးဟာ တရားထိုင်တဲ့အပေါ်မှာ အာရုံစိုက်နေကြသည်။
သူတို့ရှေ့မှာတော့ မီးတောက်တွေလောင်ကျွမ်းနေပြီး အဖြူရောင် မြူခိုးတွေ ထွက်နေတဲ့ ခရမ်းရွှေရောင် ဆေးပေါင်းအိုးတွေ ရှိနေပြန်သည်။
ဒါကတော့ ကျင့်ကြံခြင်း မာစတာတစ်ယောက်ရဲ့ကိုယ်ပိုင်အသိစိတ်ပါပဲ။ တည်ငြိမ်အေးဆေးပြီး၊ ဘာကိုမှ မကြောက်ရွံ့ဘဲ၊ တခြားသူတွေ ဒါမှမဟုတ် ပြင်ပအရာတွေကြောင့် အလွယ်တကူ အာရုံမပျက်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ အစွမ်းကုန် အာရုံစိုက်ထားခြင်းပင်။
အထူးသဖြင့် ဆေးဖော်စပ်တဲ့ အတတ်ပညာမှာဆိုရင် စိတ်ကို တစ်ခုတည်းမှာထားဖို့က အရမ်းအရေးကြီးပါတယ်။
"ပြတင်းပေါက်အပြင်ဘက်က အရာအားလုံးကိုလျစ်လျူရှုနိုင်မှသာ ဆေးဖော်တဲ့မီးကို အာရုံစိုက်နိုင်မှာပါ။ အာရုံနည်းနည်း လွဲသွားတာနဲ့ မီးကိုမထိန်းနိုင်ဘဲ ဖြစ်သွားတတ်ပါတယ်။ ဆေးဖော်ဖို့လိုအပ်တဲ့ ထိပ်တန်းဝိညာဉ်ဆေးဖက်ဝင်အပင်တွေက အရမ်းကို နုနယ်ကြတာပါ။ ခဏလေးအာရုံပျက်သွားတာနဲ့ ဆေးပေါင်းအိုးတစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်" ဟု ဝူချင်းချန်းက သက်ပြင်းချရင်း ရှင်းပြသည်။
"ဒါကြောင့် လူတိုင်းသိကြတဲ့အတိုင်း ဆေးလုံးဂိုဏ်းရဲ့ တပည့်အဖြစ်လူတွေ့စစ်ဆေးတဲ့အခါမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ စမ်းသပ်မှု သုံးခု အမြဲပါလေ့ရှိတယ်၊ အဲ့ဒါတွေကတော့ စိတ်ရှည်မှု၊ တည်ငြိမ်မှုနဲ့ အာရုံစူးစိုက်မှုတို့ပါပဲ"
"ခုနစ်ရက်ဆက်တိုက် အာရုံမပျက်ဘဲ ဆေးဖော်တဲ့အပေါ်မှာပဲ အာရုံစိုက်ထားမယ်ဆိုရင် တခြားသူတွေ ဘာပြောနေလဲဆိုတာ တောင် သူတို့ သိမှာမဟုတ်ဘူး၊ ဒါဆေးလုံးဂိုဏ်းက တပည့်တိုင်းမှာရှိရမယ့် အရည်အချင်းပဲ"
[...]
[သူတို့ ဖမ်းခံရတာတောင် မသိကြဘူး... ဘယ်လောက်တောင် အားသာချက်ရှိလိုက်သလဲ]
[နေရောင်ကအမွှေးတိုင်အိုးပေါ် ကျရောက်တဲ့အခါ ခရမ်းရောင်မီးခိုးတွေထွက်လာလိမ့်မယ်၊ သူတို့က ခြံဝင်းအပြင်မှာ ဆေးပေါင်းအိုး ကိုးလုံး ချထားပြီး အဆိပ်ငွေ့တွေထုတ်လွှတ်ထားတာလေ၊ တခြားလူတွေက မီတာတစ်ရာအတွင်း မကပ်နိုင်ကြတော့ သူတို့ ကိုယ် သူတို့ ဘေးကင်းပြီလို့ ထင်နေကြတာ]
[သူတို့တွေ မီတာ တစ်ရာအတွင်းမှာတင် အကုန်ပါသွားတာလေ၊ ဟားဟားဟား]
[ဆေးလုံးဂိုဏ်း... ဟူး]
ဝူချင်းချန်း၏လှပသော မျက်လုံးများလင်းလက်သွားသည်။
"ရှီးရှန်ဆောင်က စုကျိုဟာ ဆေးလုံးဂိုဏ်းရဲ့ အာရုံစူးစိုက်မှုလွန်ကဲတာနဲ့ အစီအရင်တွေအပေါ် အလွန်အမင်း အားကိုးတာကို အခွင့်ကောင်းယူပြီး သူတို့အတွက် ဒီလိုပြောင်မြောက်တဲ့ တစ်ချက်တည်းနဲ့ ဖမ်းဆီးနိုင်တဲ့ ဗျူဟာကိုဆွဲခဲ့တာပဲဖြစ်ရမယ်"
"ရွှေအမြုတေအဆင့် ၁၆ သင်းထဲမှာ ရှီးရှန်ဆောင်နဲ့ သူမရဲ့ မဟာမိတ်ဝိညာဉ်ကုန်သည်အသင်းကို ဖယ်လိုက်ရင် ၁၄ သင်း ကျန်ပါသေးတယ်"
"ကျွန်မရဲ့ ခန့်မှန်းချက်မှန်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်၊ စုကျိုက ရှုယိဝမ်ကို အရင် ပစ်မှတ်ထားပြီး အခု ဆေးလုံးဂိုဏ်းကို ဆက်တိုက်တာပါ"
"သူမရဲ့ ဗျူဟာတွေနဲ့ အစဉ်လိုက် လုပ်ဆောင်မှုတွေ အားလုံးက သေသေချာချာ စဉ်းစားပြီး ဒီဇိုင်းဖော်ထားတာပါ"
ဝူချင်းချန်း စိတ်လှုပ်ရှားနေသည် "သူမ နောက်ထပ် ဘာဆက်လုပ်မလဲ၊ ဘယ်သူ့ကို ပစ်မှတ်ထားမလဲဆိုတာ ကျွန်မ တကယ် သိချင်နေပြီ"
[စုကျိုက ဒီပွဲမှာ သူမရဲ့ ပုံတူပွားနိုင်တဲ့ အရည်အချင်းကို အသုံးမပြုသေးဘူး ထင်တယ်]
[ဆေးလုံးဂိုဏ်းကတော့ ဘာမှမလုပ်ရသေးခင်မှာတင် လှောင်အိမ်ထဲ ရောက်သွားပြီ]
[တကယ်တော့ ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံးက တိုက်ခိုက်နိုင်စွမ်း ရှိနေကြတုန်းပဲ... ရွှေအမြုတေအဆင့် ကျင့်ကြံသူကို တည်းခိုဆောင်ကနေ ခေါ်ထုတ်သွားနိုင်တာနဲ့တင် ဖမ်းဆီးမှု အောင်မြင်တယ်လို့ ဘယ်သူမှ မပြောထားဘူးလေ]
[ဒီနေ့ အမဲလိုက်ပွဲက မြေအောက်မြို့တော် တစ်ခုလုံးနဲ့ သက်ဆိုင်တာ]
[ဆေးလုံးဂိုဏ်းအတွက် အခွင့်အရေး ရှိနေသေးသလား?]
[တကယ်လို့ ဆေးလုံးဂိုဏ်းက အခု အပြင်ထွက်လာပြီး စုကျိုကို ပြန်တိုက်ခိုက်မယ်ဆိုရင်...]
['ရွှေအမြုတေအဆင့် ငါးယောက်' နဲ့ 'အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ဆယ်ယောက် + ရှုယိဝမ်' လား?]
အပြင်းအထန် ဆွေးနွေးမှုတွေ ဖြစ်လာပြီးနောက် ဆေးလုံးဂိုဏ်းအဖွဲ့အတွက် မျှော်လင့်ချက်လေး ရှိနေသေးတယ်ဆိုတာကို သူတို့ ချက်ချင်းသဘောပေါက်သွားကြသည်!
တကယ်လို့ ဆေးလုံးဂိုဏ်းက အစွမ်းကုန်တိုက်မယ်ဆိုရင် ရှုံးချင်မှ ရှုံးမှာပေါ့!
"ဆေးဖော်တာကို ရပ်လိုက်ကြစို့၊ အပြင်ထွက်ပြီး အမြန်စစ်ဆေးကြစို့!"
သူတို့ရဲ့ အော်ဟစ်သံတွေက အာနိသင်ရှိပုံရသည်
"ဂျောက်—"
သစ်သီးပင်တွေနဲ့လုပ်ထားတဲ့ လေလုံလှောင်အိမ်ကြီးကို အပြင်ဘက်ကနေ တစ်ယောက်ယောက်ကဖွင့်လိုက်သည်
"တောက်၊ ငါတို့ဖွင့်တာ မှားသွားပြီ၊ ဒါနောက်ဘက်ကြီးပဲ"
"ဆေးလုံးဂိုဏ်းခြံဝင်းရဲ့အဝင်ဝက ဟိုဘက်မှာ!"
စုကျို စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
သူတို့က ဆေးလုံးဂိုဏ်း ခြံဝင်းကိုသစ်ပင်တွေနဲ့ အရပ်လေးမျက်နှာလုံး ပိတ်ဆို့ထားတာဆိုတော့ ဘယ်ဘက်က အရှေ့တံခါးလဲဆိုတာ သူတို့ကိုယ်တိုင် မသိကြတော့ပေ
မူချင်းချိုး ချွေးပြန်သွားပြီး မှားဖွင့်လိုက်တဲ့ တံခါးကိုအမြန်ပြန်ပိတ်လိုက်သည်။
သူတို့တွေ ခြံဝင်းအဝင်ဝရှိမယ့်နေရာကို အမြန်ပတ်သွားကြပြီး ဒီတစ်ခါမှာတော့ မှန်ကန်တဲ့လမ်းကြောင်းကို နောက်ဆုံးမှာ ရှာတွေ့သွားသည်။
[...]
လိုကျားက သူ့ဓားကိုထုတ်ပြီး လှောင်အိမ်တံခါးကိုဖွင့်လိုက်သည်။
စုကျိုကမူ ရှေ့ဆုံးကနေ ဦးဆောင်ပြီးအထဲဝင်သွားသည်။
ရှုယိဝမ်ကတော့ ကြိုးနဲ့ အချည်ခံထားရပြီး သူမရဲ့ လက်ထဲမှာ ရှိနေသည်။
လဲ့ကျယ်တို့ လေးယောက်နဲ့ ရှန့်ပုကျဲတို့လေးယောက်က စုကျိုနောက်ကနေကပ်လိုက်လာကြသည်
[တိုက်ပွဲပုံစံလား??]
[စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ! စုကျိုက ဒီပွဲမှာ ပုံတူပွားစွမ်းအားကို မသုံးသေးဘူးလို့ ကျွန်တော် သိနေသားပဲ! သူမက တကယ် တိုက်တော့မှာလား!]
ဒါပေမဲ့ မကြာခင်မှာပဲ စုကျိုဟာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ နည်းလမ်းနဲ့ ပုံတူပွားစွမ်းအားကို သုံးလိုက်သည်။
သူမရဲ့ ညာဘက်လက်က ရှုယိဝမ်ရဲ့ရင်ဘတ်ရှိ ဒိုင်လူကြီးရေးထားတဲ့ 'ပြုတ်သွားပြီ' ဆိုတဲ့ စာသားကိုထိလိုက်သည်။
[?]
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမရဲ့ လက်ဖျားမှာ မီးတောက်ငါးခု တောက်လာပြီး ဒိုင်လူကြီးလက်ရေးနဲ့ အတိအကျတူတဲ့ စာသားငါးခု ပေါ်လာသည်!
'ပြုတ်သွားပြီ!' ၅ ယောက်စာ
'ရွှေအမြုတေအဆင့် ထိပ်သီးဆယ်သင်း ပြိုင်ပွဲမှထွက်ခွာရပြီ!' ၅ ယောက်စာ
[???]
[သူမက ဆေးလုံးဂိုဏ်းဝင်တွေကို ပြုတ်သွားပြီလို့ တံဆိပ်လိုက်ခတ်တော့မှာလား?]
[ဆေးလုံးဂိုဏ်းက တကယ်တော့ မပြုတ်သေးပါဘူး၊ ကောင်းကင်မှာလည်း အမှတ်ပြောင်းလဲတဲ့ ကြေညာချက် မတက်သေးဘူးလေ၊ ဒါပေမဲ့ သူမက သူတို့ကိုလိမ်တော့မှာလား?]
"ဆေးလုံးဂိုဏ်းက စီနီယာတွေ"
စုကျို ပြုံးလိုက်ပြီး ဒိုင်လူကြီးရဲ စာသားအတု ငါးခုကို သူ့နောက်ကျောမှာ ဝှက်ထားလိုက်သည်
သူမ ခြံဝင်းထဲကို ကျယ်လောင်စွာအော်ပြောလိုက်သည်
"ထွက်လာခဲ့ကြတော့၊ ရှင်တို့ကို အခု ဖမ်းလိုက်ပြီ"
[...]
[ထွက်လာရင်တော့ တရားဝင်ပြုတ်သွားပြီပေါ့!]
[တကယ်လို့ မထွက်လာရင်တော့... မျှော်လင့်ချက် ရှိသေးတာပေါ့]
ဆေးလုံးဂိုဏ်း ခြံဝင်းထဲမှာ တိတ်ဆိတ်နေပြီးမှမကြာခင်မှာပဲ အထဲကနေ အံ့ဩတဲ့အသံထွက်လာသည်
"နောက်နေတာလား? ငါတို့ကို ဖမ်းလိုက်ပြီဟုတ်လား?"
"ငါတို့ကို လိမ်ဖို့ ကြိုးစားနေတာလား? မဖြစ်နိုင်တာ! ငါတို့ အထဲမှာပဲ ရှိနေတာ၊ တစ်ဖက်မှ မလှုပ်ဘူး!"
"နေရောင်အောက်က ခရမ်းရောင်မီးခိုး စကြဝဠာထဲကနေ ငါတို့ ထွက်လာအောင် မျှားခေါ်နေတာလား?"
"စီနီယာတို့ရေ၊ ပြတင်းပေါက်ကို ဖွင့်ပြီး အပြင်ကို ကြည့်လိုက်ပါဦး" စုကျိုက ရယ်မောလိုက်သည်။
"ညီမလေးစုကျို၊ ကျွန်မ ဒိုင်လူကြီးချုပ်ကြီးကို ရှာတွေ့ပြီ!"
"ဒိုင်လူကြီးချုပ်ကြီး၊ ကျွန်မတို့ ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့် ငါးယောက်လုံးကိုဖမ်းမိပါပြီ!"
ရှန့်ကျောက်က တကယ်မြန်ပါတယ်၊ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဒိုင်လူကြီးချုပ်ကြီးကိုခေါ်လာနိုင်ခဲ့သည်။
"ရွှေအမြုတေအဆင့်တွေကို ဖမ်းမိတယ်... ဒီလောက်မြန်မြန်" ဒိုင်လူကြီးချုပ်က အံ့ဩတကြီး ပြောလိုက်သည်။
ဆေးလုံးဂိုဏ်း ခြံဝင်းထဲက ကျင့်ကြံသူ ငါးယောက်လုံးပိုလို့တောင် အံ့ဩသွားကြသည်။
သူတို့တွေ ဒိုင်လူကြီးရဲ့ အသံကို ကောင်းကောင်းသိကြသည်။
ဒီဒိုင်လူကြီးချုပ်ဟာ ရွှေအမြုတေအဆင့် ပြိုင်ပွဲမတိုင်ခင် ပြိုင်ပွဲအားလုံးမှာ ပါဝင်ခဲ့တာလေ..
သူတို့ အသံကို မှတ်မိတယ်!
"ဘာ? ငါတို့ တကယ်ပဲ ပြုတ်သွားပြီလား? ဘယ်တုန်းကလဲ?"
ဆေးလုံးဂိုဏ်းခေါင်းဆောင်ဟာ မယုံနိုင်ဘဲ ပိတ်ထားတဲ့ တံခါးကို နောက်ဆုံးမှာ ဖွင့်လိုက်သည်။
ထို့နောက် သူ ဆွံ့အသွားသည်။
အပြင်ထွက်လိုက်တဲ့အခါ တစ်ခုခု မှားနေပြီဆိုတာ သူတို့ သိလိုက်ရသည်။ ကောင်းကင်ကြီးက လုံးဝ ဖုံးကွယ်ခံထားရပြီး နေရောင်ခြည် တစ်စက်မှ မဝင်နိုင်တော့ပေ။
သူတို့ မြင်နေရတဲ့ မိုးကုတ်စက်ဝိုင်း တစ်ခုလုံးမှာ သစ်ကိုင်းတွေနှင့်မှည့်နေတဲ့ သစ်သီးများဖြင့်ပြည့်နေသည်!
ရှီးရှန်ဆောင်ရဲ့ စိုက်ပျိုးရေး အတတ်ပညာလား?
သေသေချာချာ ကြည့်လိုက်တဲ့အခါ သစ်ကိုင်းတွေပေါ်မှာ အနီရောင်ပိုးထည်တွေ ဖုံးအုပ်ထားတာကို တွေ့လိုက်ရသည်။ ရှီးရှန်ဆောင်က သူတို့ကို တကယ်ပဲ ဖမ်းလိုက်ပြီလား?!
ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံး သူတို့ရဲ့အံ့ဩမှုကို မဖုံးကွယ်နိုင်ကြတော့ပေ။ သူတို့ အိမ်ထဲကနေ ခြံဝင်းထဲကို ထွက်လာကြပြီး ပိုလို့တောင် အံ့ဩသွားကြသည်။ အပြင်ထွက်လာပြီး သူတို့ရဲ့ ရွှေအမြုတေအဆင့်အမြင်အာရုံနဲ့ ကြည့်လိုက်တဲ့အခါမှပဲ စုကျိုတို့ရဲ့ နောက်ကွယ်မှာ ချောက်ကမ်းပါးကြီးရှိနေတာကို တွေ့လိုက်ရသည်!
"ဟုတ်ပါတယ် စီနီယာတို့၊ ရှင်တို့ ငါးယောက်လုံး ဒီနေရာမှာတင် မြေကြီးနဲ့တကွ တူးထုတ်ဖမ်းဆီးခြင်းခံလိုက်ရတာပါ"
စုကျိုအရှေ့မှာ ဒိုင်လူကြီးရဲ့လက်ရေးစာသား ငါးခုဟာ ဆေးလုံးဂိုဏ်းဝင်ငါးယောက်ရဲ့ ကော်လာတွေဆီကို ပျံသွားပြီး အသာအယာ ကပ်သွားကြသည်။
ဒီအရာက တိုက်ခိုက်နိုင်စွမ်း မရှိပါဘူး။
ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံး အံ့ဩလွန်းနေသဖြင့် စုကျိုပြောတဲ့ "တူးထုတ်ခံရသည်" ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ အချိန်ယူလိုက်ရသည်။
ဒီစာသားတွေ ဘယ်သူ့ဆီကလာသလဲဆိုတာကိုတောင် သူတို့ သတိမထားမိကြဘူး!
ဒါပေမဲ့ ဒီအချိန်မှာ သူတို့ သူတို့ရဲ့ကော်လာတွေကို ငုံ့ကြည့်လိုက်ကြသည်
စာသားတွေကို မြင်လိုက်ရတဲ့အခါ သူတို့ ခေတ္တအေးခဲသွားကြသည်
[ပြုတ်သွားပြီ!]
[ရွှေအမြုတေအဆင့် ထိပ်သီးဆယ်သင်း ပြိုင်ပွဲမှ ထွက်ခွာရပြီ!]
"!"
ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံးအမူအရာများအေးခဲသွားသည် သူတို့ခံစားချက်တွေက ဖော်ပြလို့မရအောင် ရှုပ်ထွေးနေသည်။
ဒါတွေအားလုံးက အရမ်းမြန်လွန်းတယ်၊ အရမ်းအံ့ဩဖို့ကောင်းလွန်းတယ်၊ ပြီးတော့ အရမ်းမျှော်လင့်ချက်မဲ့လွန်းတယ်။
ခဏအတွင်းမှာပဲ ခုနကကြောင်အနေမှုတွေနဲ့ အံ့ဩမှုတွေဟာ ဝမ်းနည်းမှု၊ ဆုံးရှုံးမှုနဲ့ အားကိုးရာမဲ့မှုတွေအဖြစ်ပြောင်းလဲသွား သည်။
သူတို့ ရင်ဘတ်ပေါ်က 'ပြုတ်သွားပြီ' ဆိုတဲ့ စာသားကို ငေးကြည့်နေမိကြပြီး လည်ချောင်းထဲမှာ တစ်ဆို့နေကာ စကားပင် မပြောနိုင်တော့ပေ!
ရွှေအမြုတေအဆင့် ၆ ကနေ ၉ အထိ ရှိကြတဲ့ သူတို့ ငါးယောက်လုံးဟာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် လက်မှာ ဒီလောက်အရှက်ရစရာကောင်းအောင် ရှုံးသွားရတယ်တဲ့!
မယုံနိုင်စရာပဲ!
ဒီပြိုင်ပွဲမှာ ပါဝင်တဲ့သူတိုင်းဟာ ပါရမီရှင်တွေချည်းပါပဲ…
ဆေးဖော်စပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ တိုက်ခိုက်တဲ့နေရာမှာပဲဖြစ်ဖြစ် သူတို့ ငါးယောက်လုံးဟာ သူတို့ဂိုဏ်းရဲ့ ဂုဏ်ယူရတဲ့သူတွေပါ
သူတို့ဟာ အမြဲတမ်း လူအများရဲ့ အားကျမှုကို ခံရတဲ့သူတွေလေ..
ဒါပေမဲ့ အခုတော့... အခန်းထဲမှာ ထိုင်နေရင်းနဲ့တင် ရှုံးသွားရတာလား?
တိုက်တောင် မတိုက်ရသေးဘူးလေ!
"ဟူး ဆေးလုံးဂိုဏ်းက စီနီယာတို့အတွက် ကျွန်မလည်း စိတ်မကောင်းပါဘူး"
စုကျို သက်ပြင်းချလိုက်သည်။
သူမ ရှေ့ကို တစ်လှမ်းတိုးလိုက်ပေမယ့် ဆေးပေါင်းအိုးကထွက်နေတဲ့ ခရမ်းရောင်မီးခိုးတွေရဲ့ အကွာအဝေးအပြင်ဘက်မှာပဲ ရပ်လိုက်သည်။
"ကိုယ့်ခြံဝင်းထဲမှာပဲ ပုန်းနေပြီး ဒီပြိုင်ပွဲကို ရင်ဆိုင်ဖို့ ရှင်တို့ကို ဘယ်သူက အကြံပေးခဲ့တာလဲ"
စုကျို လက်ဖြန့်ပြလိုက်ပြီး သူတို့အတွက်စာနာနေသည့် အမူအရာလုပ်လိုက်သည်!