← Chapters

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း (၁၇၈)

Vol. 18 Ch. 178

🥝 Chapter 178

"ဆေးလုံးဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီး ရှိပါတယ်။ တကယ်လို့ ကျွန်မတို့ ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင် အခြေခံတည် ဆောက်ခြင်းအဆင့်ဖြစ်တဲ့ ကျွန်မတို့က ရွှေအမြုတေအဆင့်ရှိတဲ့ ရှင်တို့ကို ဘယ်လိုလုပ်နိုင်မှာလဲ"

"စီနီယာတို့ တကယ်မိုက်မဲခဲ့တာပဲ!"

"ဘာလို့ အထဲမှာပဲ နေခဲ့တာလဲ? ကျွန်မသာ အခွင့်အရေးရရင် ရှင်တို့ ခြံဝင်းကိုပိတ်ဆို့ပြီး ရှင်တို့ကိုပါ ဆေးဖော်စပ်သလိုမျိုး မြေကြီးနဲ့တကွ တူးယူသွားမှာပေါ့!"

"အဲ့ဒီလိုဆိုရင် ရှင်တို့အားလုံး ကျွန်မလက်ထဲမှာအပြတ်ရှင်းခံရမှာ မဟုတ်ဘူးလား"

စုကျိုက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်>

"ကျွန်မ တကယ်ပဲ စိတ်မကောင်းပါဘူး၊ ရှင်တို့ကို ဒီလိုလုပ်ဖို့ ဘယ်သူက သင်ပေးခဲ့တာလဲ?" "

!!!"

ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံး ချက်ချင်းမျက်လုံးပြူးသွားကြသည်

ဟုတ်သားပဲ!

ဒီဂျူနီယာညီမလေးပြောတာ မှန်တယ်!

သူတို့ ဒီလောက်အထိ စိတ်ပျက်နေဖို့မလိုပါဘူး... သူတို့ ဘယ်လိုလုပ် ဒီလိုအဖမ်းခံလိုက်ရတာလဲ!

အခုတောင်မှ ထိပ်တိုက်တွေ့ရင် သူတို့ ငါးယောက်ဟာ အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ဆယ်ယောက်ကိုတောင် မကြောက်ဘဲ ရင်ဆိုင်နိုင်တာလေ!

ဒါပေမဲ့... ဘယ်သူက သူတို့ကို အခန်းထဲမှာပုန်းနေဖို့ သင်ပေးခဲ့တာလဲ?

အခုတော့ သူတို့ အကုန်လုံး သယ်ဆောင်သွားခြင်းခံလိုက်ရပြီ...

ဆယ်နှစ်မှာ တစ်ကြိမ်ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ သူတို့ ထိပ်သီးဆယ်သင်းစာရင်းထဲ မဝင်ဘဲ ပြုတ်သွားရပြီလား?

ဘယ်သူက သူတို့ကို ဒါမျိုးသင်ပေးခဲ့တာလဲ?

အရင်က ရှိနေတဲ့ စိတ်ပျက်မှု၊ ဝမ်းနည်းမှုနဲ့ အံ့ဩမှုတွေဟာ ချက်ချင်းပဲ အကြောင်းရင်းကို ရှာတွေ့သွားပြီး အဆုံးမရှိတဲ့ ဒေါသတွေအဖြစ် ပြောင်းလဲသွားတော့သည်!

"နတ်လက်နက်လမ်းစဉ်က အဲ့ဒီလူယုတ်မာ ကျွင်းပိုင်ရန်ပဲ!"

ဆေးလုံးဂိုဏ်းဒုတိယခေါင်းဆောင်မျက်နှာမှာ အလွန်တည်ကြည်သွားသည်။

"ငါ သိသားပဲ! သူက ဘာလို့ ဒီလောက်ကြင်နာပြနေတာလဲလို့ပေါ့ ငါတို့ နှစ်ဖွဲ့လုံးက ရွှေအမြုတေအဆင့်အဖွဲ့တွေလေ၊ အဆင့်အတွက် ပြိုင်နေကြတာ!"

"သူက ဘာလို့ ငါတို့ကိုအကြံပေးပြီး မြို့ကိုကာကွယ်တာက တိုက်တာထက် ပိုလွယ်တယ်လို့ပြောခဲ့တာလဲ!"

"အခြေခံတည်ဆောက်ခြင်းအဆင့် ၁၆ သင်းလုံးပူးပေါင်းရင်တောင် ငါတို့ရဲ့ကာကွယ်ရေးစကြဝဠာကို ဖောက်နိုင်မှာ မဟုတ်ဘူးတဲ့!"

ဘယ်သူက ငါတို့ကို ဒုက္ခပေးနေတာလဲ?!

နတ်လက်နက်လမ်းစဉ် ဖြစ်နေတာပဲ!

စုကျို နှာခေါင်းရှုံ့လိုက်သည်။

"မထူးဆန်းပါဘူး၊ နတ်လက်နက်လမ်းစဉ်နဲ့ ဆေးလုံးဂိုဏ်းဟာ နှစ်တိုင်း အဆင့် ၁ ကနေ ၃ ကြားမှာ အပြိုင်အဆိုင် ဖြစ်နေကြတာ လို့ ကျွန်မ ကြားဖူးတယ်"

[...]

[သူက ရှီးရှန်ဆောင်ကလား နတ်လက်နက်လမ်းစဉ်ကလား ကျွန်တော် မဝေခွဲနိုင်တော့ဘူး၊ ဘာလို့ ဒီလောက်တောင် လှည့်ကွက်တွေ များနေရတာလဲ]

[သူ ခုနတင် ပြောခဲ့သားပဲ၊ စစ်ပွဲမှာ ဘာမဆိုဖြစ်နိုင်တယ်တဲ့၊ တောက်… သေချာတာပေါ့ သူ ဒီနေ့ ငါတို့ကို လိမ်တော့မှာပဲ]

[စုကျို : ဒီနေ့ပြိုင်ပွဲရဲ့ဗျူဟာကို ကျွန်မ ကြိုပြီး အရိပ်အယောင်ပြခဲ့သားပဲ၊ ဒါပေမဲ့ ဘယ်သူမှမယုံကြဘူး၊ ဟူး]

[ဒိုင်လူကြီး ဘယ်မှာလဲ? ဘာလို့ ဘာမှမပြောတာလဲ?]

[ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့်တွေ တကယ် မပြုတ်သေးဘူးလား?]

[ဟုတ်သားပဲ... ကောင်းကင်မှာ အမှတ်ပေးတဲ့ ကြေညာချက်မတက်သေးဘူး...]

[ဆေးလုံးဂိုဏ်းကတော့ ကြောင်နေပြီ! သူတို့ ဒါကို ဒီလောက်အလွယ်တကူ ယုံသွားကြတာလား?]

[ဆေးလုံးဂိုဏ်းရဲ့ နယ်မြေကို ကြည့်လိုက်ပါဦး၊ ဒါက အရမ်းကျယ်လွန်းလို့ ကောင်းကင်ကိုတောင် ဖုံးထားတာ၊ ကြေညာချက် တက်လာရင်တောင် သူတို့ မမြင်နိုင်ဘူး။ ဆေးလုံးဂိုဏ်းဝင်တွေကတော့ ဒါကို ထုတ်လွှင့်နေတယ်လို့ ထင်နေမှာပဲ၊ ဒါပေမဲ့ သူတို့ ကောင်းကင်က ပိတ်နေတော့ မတွေ့ရဘူးလေ]

[...သူမ အစောကြီးကတည်းက သစ်ပင်တွေ စိုက်ပြီး ကောင်းကင်ကို ဖုံးထားတာက ဒီအချိန်အတွက်ပဲကိုး]

"ဆေးလုံးဂိုဏ်းက စီနီယာတို့၊ လက်စားချေချင်ကြလား"

စုကျို ဆေးလုံးဂိုဏ်းဝင်ငါးယောက်ကို အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့မော့ကြည့်လိုက်သည်

[...]

[စုကျို : ဆေးလုံးဂိုဏ်းရေ၊ ကျွန်မက ရှင်တို့ရဲ့ လက်ပါးစေပါ]

[ဖူး၊ ဟားဟားဟား]

ဆေးလုံးဂိုဏ်းခေါင်းဆောင်က သူ့ရဲ့အဖွဲ့ဝင်တွေကို ကြည့်လိုက်ရာ အားလုံးရဲ့မျက်လုံးထဲဒေါသတွေကိုမြင်နေရသည်။ နတ်လက်နက်လမ်းစဉ်အပေါ် လက်စားချေလိုတဲ့ စိတ်ဓာတ်တွေပေါ့

တကယ်လို့ ငါတို့ ဆေးလုံးဂိုဏ်း ပြုတ်သွားရင် နတ်လက်နက်လမ်းစဉ်ကိုလည်း အသက်ရှင်ခွင့်မပေးဘူး!

"ဒါက... စည်းကမ်းနဲ့ ညီရဲ့လား?"

ဆေးလုံးဂိုဏ်း ခေါင်းဆောင်ဟာ အပြိုင်အဆိုင် စိတ်ဓာတ် ရှိနေသေးသည်

စုကျိုက ရယ်မောလိုက်သည် "ရှင်တို့ ခုနက ရှိနေတဲ့ ဆေးလုံးဂိုဏ်းခြံဝင်းနေရာဟာ ကျွန်မတို့ ပြီးခဲ့တဲ့ အဆင့်မှာ ရှုယိဝမ်ကို ဖမ်းခဲ့တဲ့နေရာပဲ၊ ကျွန်မတို့ သူ့ရဲ့ ရွှေအမြုတေအဆင့် ၇ ကို တူးထုတ်ပြီး သူ့ကို ခေါ်သွားခဲ့တာ"

"...!"

ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံး ရှုယိဝမ်ကို ချက်ချင်း စိုက်ကြည့်လိုက်ကြသည်။

သစ္စာဖောက်!

ရွှေအမြုတေအဆင့် သစ္စာဖောက်!

ငါတို့ သူ့အပေါ် ဘာရန်ငြိုးမှ မရှိဘူးလေ!

ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ ရှုယိဝမ်ရဲ့ အဝတ်အစားမှာလည်း သူတို့နဲ့တူတဲ့ 'ပြုတ်သွားပြီ' ဆိုတဲ့ စာသားတွေ၊ ပြီးတော့ သူ့ကို ချည်ထားတဲ့ ကြိုးတွေ... သနားစရာကောင်းတဲ့ အကျဉ်းသားပုံစံကို တွေ့လိုက်ရသည်

ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံး ချက်ချင်းတိတ်ဆိတ်သွားကြသည် သူတို့အားလုံးက အမြစ်တစ်ခုတည်းကလာတာပဲလေ၊ ဘာလို့ အချင်းချင်း ပြန်တိုက်နေမှာလဲ?

သူတို့အားလုံး အဖမ်းခံထားရတဲ့ အကျဉ်းသားတွေပဲဟာ..

ဟူး…

တကယ်တော့ သူတို့ အိမ်ထဲကထွက်လာတာနဲ့ ရှုယိဝမ်ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို မြင်ခဲ့ရတာပါ..

ဒါက သူတို့ကို နည်းနည်းတော့ ရွံရှာစေခဲ့ပြီး သူတို့ခြံဝင်းအပြင်ကိုတောင် မထွက်ရသေးဘူးလေ..

အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တစ်ယောက်ရဲ့ဖမ်းတာကို ခံရတာက တကယ့်ကို အရှက်ရစရာပါပဲ။

"ညီမလေးစုကျို၊ ငါတို့ကိုလည်း... ချည်ထားမှာလား?

" ဆေးလုံးဂိုဏ်းဝင် ငါးယောက်က ငြင်းဆန်ချင်နေသည်။

စုကျို လက်ယဉ်ကျေးစွာဝေ့ယမ်းလိုက်သည်။

"မလိုပါဘူး၊ စကားနားထောင်တဲ့သူတွေကို ချည်ထားဖို့ မလိုပါဘူး"

ဆေးလုံးဂိုဏ်းဝင် ငါးယောက် : "!"

နေဦး၊ ဒီပြိုင်ပွဲက အကျဉ်းသားဖြစ်ရတာကို ဒီလောက်တောင် အရှိအတိုင်းလုပ်ရမှာလား?

တကယ်လို့ ဖမ်းခံရရင်တော့ သူတို့ စကားနားထောင်မှာပေါ့..

သူတို့ကို ပိုပြီး စိတ်လှုပ်ရှားသွားစေတာက စုကျိုက တိုးတိုးလေး ပြောလိုက်ခြင်းပင်။

"ဆေးလုံးဂိုဏ်းဝင်ငါးယောက်က ပြိုင်ပွဲကနေထွက်သွားရပြီဆိုတော့ ထိပ်သီးဆယ်သင်းစာရင်းထဲ မပါတော့ဘူးလို့ ထင်ရပါတယ်"

"ဒါပေမဲ့ အဲ့ဒါ အမှန်မဟုတ်ပါဘူး"

"ကျန်ရှိနေတဲ့ ရွှေအမြုတေအဆင့်အဖွဲ့အားလုံးကိုအပြတ်ရှင်းဖို့ ငါတို့ ပူးပေါင်းကြမယ်ဆိုရင်ပေါ့"

"ကျွန်မတို့ ရှီးရှန်ဆောင်နဲ့မဟာမိတ်ဝိညာဉ်ကုန်သည်အသင်း အဖွဲ့တွေကလွဲရင်ပေါ့"

"တကယ်လို့ အဖွဲ့ ၁၄ သင်းလုံး ပြုတ်သွားရင် လူတိုင်းက တတိယနေရာမှာ သရေဖြစ်သွားမှာမဟုတ်ဘူးလား?"

စုကျို အသံက နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး ဆေးလုံးဂိုဏ်းဝင် ငါးယောက်၏မျက်လုံးမျာလင်းလက်သွားသည်!

ဒါ... ကျိုးကြောင်း ဆီလျော်သားပဲ

အခုဆိုရင် သူတို့အားလုံး ပြုတ်သွားပြီ၊ ထိပ်သီး တစ်ဆယ့်ခြောက်သင်းမှာတင် ရပ်သွားတာက ဆေးလုံးဂိုဏ်းအတွက်တော့ မကြုံစဖူး အရှက်ရစရာရလဒ်ပါပဲ။

ဒါပေမဲ့ တကယ်လို့ သူတို့ အဖွဲ့အားလုံးကို အပြတ်ရှင်းလိုက်ရင်!

လူတိုင်းက တတိယနေရာမှာ သရေဖြစ်သွားမှာပေါ့!

ဆေးလုံးဂိုဏ်းဟာ အရှက်ရစရာ ထိပ်သီး တစ်ဆယ့်ခြောက်သင်းကနေ ထိပ်သီး သုံးသင်းစာရင်းထဲကို ချက်ချင်းရောက်သွား လိမ့်မယ်!

ဂိုဏ်းကိုပြန်ရောက်ရင်တောင် သူတို့ ရွှေအမြုတေအဆင့် ငါးယောက်အနေနဲ့ ဂိုဏ်းကိုရှင်းပြလို့ရမှာပေါ့

ဒီတစ်ခါတော့ ဆေးလုံးဂိုဏ်းဝင်ငါးယောက်ဟာ တစ်ဦးကိုတစ်ဦး ကြည့်ဖို့တောင်မလိုတော့ပါဘူး၊ သူတို့ စုကျိုကို အလွန်အမင်း စိတ်လှုပ်ရှားစွာနဲ့ ကြည့်လိုက်ကြသည်။

"ညီမလေးစုကျို၊ ငါတို့ ဘာကို စောင့်နေကြဦးမှာလဲ!"

[...]

"ဘယ်အဖွဲ့ကို အရင်စမလဲ?"

"မင်းပြောသလိုပဲ၊ မင်းဆီမှာ အဖမ်းခံထားရတဲ့အတွက် ငါတို့က မင်းရဲ့ကျွန်တွေပဲ"

"စကားက ကတိပဲ၊ မင်း ဘယ်သူ့ကို တိုက်ခိုင်းတိုက်ခိုင်း ငါတို့ တိုက်မယ်! ငါတို့ ဆေးလုံးဂိုဏ်းက ဘယ်သူ့ကိုမှမကြောက်ဘူး၊ ဒီနေ့ ငါတို့ရဲ့ ဝိညာဉ်အမြုတေတွေ ပေါက်ကွဲသွားရင်တောင် မင်းအတွက် ရွှေအမြုတေအဆင့်အဖွဲ့အားလုံးကို ငါတို့ ငါးယောက်က ခြေမှုန်းပေးမယ်!"

[...]

ဝူချင်းချန်း သူမရဲ့အနီရောင် နှုတ်ခမ်းလွှာလေးတွေကို အသာအယာပွင့်ဟလျက် စုကျိုကို အဆုံးမရှိအားကျတဲ့မျက်လုံးတွေနဲ့ ကြည့်နေမိသည်။

"အံ့ဩစရာပဲ၊ တကယ်ကို အံ့ဩစရာပဲ"

"ဆရာမစု ဆီကနေ မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဩော် ပြိုင်ပွဲဝင် စုကျိုလို့ ပြောတာပါ!"

"ကျွန်မတို့ အကခန်းမရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့မှာသာ စုကျိုလိုမျိုး ဦးနှောက်တစ်လုံးရှိရင် ငါတို့တွေ ထိပ်သီး ၃၂ သင်းမှာတင်ရပ်သွားမှာ မဟုတ်ဘူး!"

[...]

[ဆေးလုံးဂိုဏ်းဝင်တွေ အမှန်တရားကိုသိသွားတဲ့အခါ ဒေါသထွက်ပြီး သွေးအန်ကြမလား?]

[ရပါတယ်၊ သူတို့ သွေးအားဖြည့်ဖို့အတွက် ဆေးလုံးတွေ သောက်လို့ရတာပဲ]

ရှုယိဝမ်၏သိမ်မွေ့သော အကြည့်အောက်တွင် ဆေးလုံးဂိုဏ်းဝင်ငါးယောက်သည် သူတို့အင်္ကျီလက်များကို လိပ်တင်လိုက်ကြပြီး တံခါးဝက ခရမ်းရောင်မီးခိုး အစီအရင်ကို သိမ်းလိုက်ကြသည်

၎င်းတို့ အခန်းထဲမှ အဖိုးတန် ဆေးပေါင်းအိုးအားလုံးကို သယ်ထုတ်လာကြသည်။

"သွားကြစို့!"

"သူတို့ကို နှိမ်နင်းကြစို့!"

စုကျိုနှင့် ပူးပေါင်းဆောင်ရွက်နေသော ရှန့်ပုကျဲ တို့ ငါးယောက်နှင့် တောက်ဟယ်တို့လေးယောက်စလုံး ခေါင်းငုံ့ထားကြပြီး မြေပြင်ကိုသာ အာရုံစိုက်နေကြသည်

သူတို့ မော့မကြည့်ရဲကြပါဘူး..

တကယ်လို့ မော့ကြည့်မိရင် ဆေးလုံးဂိုဏ်းဝင်တွေကိုမြင်ပြီး ရယ်မိသွားမှာစိုးလို့ပါ

စုကျိုက သူ့ရဲ့ရယ်ချင်စိတ်ကို ဘယ်လိုများထိန်းထားနိုင်ပြီး ဒီလောက်အထိ အတည်ပေါက်လိမ်နိုင်ရတာလဲ?

သူတို့ တကယ်ကို လေးစားသွားကြသည်။

ဘေးမှာ ရပ်နေတဲ့ ဒိုင်လူကြီး စီနီယာအစ်မနဲ့ ရှန့်ဝူချင်းတို့ကတော့ ရုပ်တုတွေလိုပဲ တိတ်ဆိတ်နေကြသည်။

အရည်အချင်းစစ်ပွဲကတည်းက၊ ရှန့်ဝူချင်းကစလို့ ပွဲစီစဉ်သူတွေရဲ့ ဒိုင်လူကြီးအဖွဲ့ဟာ စုကျိုရဲ့လှည့်ကွက်တွေကြားမှာ တစ်ဆင့်ပြီးတစ်ဆင့် ပါလာခဲ့ကြတာပင်။

သူမ သူတို့ကို စမ်းသပ်ပြီးသားပါ၊ စည်းကမ်းဖောက်ဖျက်တာမရှိသရွေ့ သူတို့က ပြိုင်ပွဲကိုရပ်တန့်မှာ ဒါမှမဟုတ် ဝင်နှောင့်ယှက်မှာ မဟုတ်ဘူးဆိုတာကိုပေါ့…

စုကျိုတို့အဖွဲ့ဟာ တတိယအဆင့် ဒါမှမဟုတ် အဲ့ဒီထက်မြင့်တဲ့ ဝိညာဉ်လက်နက်တွေ၊ ဆေးလုံးတွေကို မသုံးခဲ့ဘူး၊ ဘယ်လို မိစ္ဆာအတတ်ကိုမှမသုံးခဲ့ဘူး၊ ပြီးတော့ ဘယ်သူ့ကိုမှ တမင်တကာအန္တရာယ်မပြုခဲ့ဘူး။

သူတို့က ရန်သူကို လိမ်ညာနေတာပဲလေ၊ ဘာဖြစ်လဲ?

ဒါက စကားနဲ့ တိုက်ခိုက်တာပဲဟာ!

ရှန့်ဝူချင်း သက်ပြင်းချလိုက်သည်။

"စီနီယာအစ်မ၊ ကျွန်တော် စုကျိုတို့နောက်ကို လိုက်သွားဦးမယ်၊ အစ်မကကော..."

ဒိုင်လူကြီးက မျက်စိမှိတ်လိုက်သည်။

"ကောင်းပြီ၊ ငါ တည်းခိုဆောင် အဝင်ဝကို သွားမယ်"

မကြာခင်မှာ ရွှေအမြုတေအဆင့် သားကောင်တွေ အစုလိုက်အပြုံလိုက် ရောက်လာတော့မှာဆိုတော့ သူတို့ ပြုတ်သွားပြီလား ဆိုတာကို သူမ စစ်ဆေးဖို့လိုအပ်သည်။

"ဆေးလုံးဂိုဏ်းက စီနီယာတို့"

တုန်းလိုင်တည်းခိုဆောင်ကို တယ်လီပို့နဲ့ ပြန်ရောက်လာပြီးနောက် စုကျိုသည် ဆေးလုံးဂိုဏ်းဝင်ငါးယောက်၏ လွင့်ပျံနေသော ဆေးပေါင်းအိုးပေါ်တွင် ထိုင်လိုက်ပြီး သူတို့ လေထဲမှာ အရှိန်ပြင်းပြင်းသွားနေစဉ် စာနာဟန်ဖြင့် ပြောလိုက်သည်

"မနေ့ညက နတ်လက်နက်လမ်းစဉ်က ရှင်တို့ကို ဒီလိုအကြံဆိုးတွေ ပေးခဲ့တာဆိုတော့"

"ဒါဆိုရင် သူတို့ကို အရင်ဆုံးသွားပြီး နှိမ်နင်းကြရအောင်"

ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံး စုကျိုကို အရမ်းကျေးဇူးတင်သွားကြသည်။

"ညီမလေးစုကျို၊ ကျေးဇူးတင်ပါတယ်!"

အရာအားလုံးကို သိနေတဲ့ ရွှေအမြုတေအဆင့် ရှုယိဝမ်ကတော့ နှုတ်ခမ်းလှုပ်ရုံသာ တတ်နိုင်တော့သည်။

တုန်းလိုင်တည်းခိုဆောင်သည် အလွန်ကျယ်ဝန်းလှသည်။

ခြံဝင်းတစ်ခုစီဟာ တစ်ခုနဲ့တစ်ခု အကွာအဝေး တစ်ခုမှာ ရှိနေကြလို့ အချင်းချင်း မနှောင့်ယှက်နိုင်ကြပါဘူး၊ ပြီးတော့ အဝင်ဝတိုင်းမှာ တယ်လီပို့ စနစ်တွေ ရှိကြသည်

ဒါပေမဲ့ အခုအချိန်မှာတော့ တည်းခိုဆောင်ကြီးဟာ ငြိမ်းချမ်းမနေတော့ပါဘူး

"ဆေးလုံးဂိုဏ်းရဲ့ ခြံဝင်းပျောက်သွားပြီလား?"

"စီနီယာအစ်ကို၊ ဆေးလုံးဂိုဏ်းကို စိတ်မပူနဲ့ ဆက်တိုက်ကြ!"

နတ်လက်နက်လမ်းစဉ်မှ အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ခေါင်းဆောင်ဝေချန်ရှန်းသည် သူ့အဖွဲ့ကို ဦးဆောင်ပြီး ဂိုဏ်းတူ ရွှေအမြုတေအဆင့် စီနီယာအစ်ကိုကို တိုက်ခိုက်ဖို့ကြိုးစားနေဆဲဖြစ်သည်။

"အရူး၊ စုကျိုရဲ့လှည့်ကွက်ထဲ မဝင်နဲ့! မင်း ဘာလို့ ကိုယ့်လူအချင်းချင်းပြန်တိုက်နေတာလဲ!"

"ဆေးလုံးဂိုဏ်းကို သွားတိုက်တာက ကိုယ့်လူအချင်းချင်းတိုက်တာထက် ပိုကောင်းသေးတယ်!"

"စီနီယာအစ်ကို၊ အပိုတွေပြောမနေနဲ့ ဆေးလုံးဂိုဏ်းကို ညီမလေးစုကျိုက သိမ်းသွားပြီလေ၊ ပြီးတော့ ခင်ဗျား ကျွန်တော့်ကို လှည့်စားပြီး ထွက်သွားခိုင်းဦးမလို့လား?"

စုကျိုသည် ဆေးလုံးဂိုဏ်းဝင် ငါးယောက်၏ပိတ်ထားသော ဆေးပေါင်းအိုးပေါ်မှာထိုင်နေရင်း အောက်က ဆေးပေါင်းအိုး တုန်ခါနေသည်ကို ခံစားလိုက်ရသည်။

All Chapters