← Chapters

အခန်း (၁၇၉)

Vol. 18 Ch. 179

အခန်း (၁၇၉)

Vol. 18 Ch. 179

🥝 Chapter 179

ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံး နတ်လက်နက်လမ်းစဉ်က လူတွေပြောနေတာကို ကြားပြီး ဒေါသထွက်ကုန်ကြသည်။

သူတို့ ဆေးလုံးဂိုဏ်းက သူတို့ရဲ့ ညီလေး ညီမလေးတွေကို နတ်လက်နက်လမ်းစဉ်ကို တိုက်ခိုက်ဖို့ တစ်ခါမှမလှုံ့ဆော်ခဲ့ဖူးပါဘူး!

နတ်လက်နက်လမ်းစဉ်က တကယ်လွန်လွန်းလှသည်!

လုံးဝကို အရှက်မရှိတာပဲ!

အခု သူတို့ ဆေးလုံးဂိုဏ်းက ညီမလေးစုကျိုရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီဆိုတာတောင်မှ ဒီနတ်လက်နက်လမ်းစဉ်က အရှက်မရှိတဲ့လူက ဆေးလုံးဂိုဏ်းကိုပါ ဒီထဲဆွဲထည့်ပြီး သူတို့အပေါ် အပြစ်ပုံချဖို့ ကြိုးစားနေတာလား? သူ့ ညီလေးကို သူတို့ဆီ လွှတ်လိုက်ဦးမလို့လား?

ဒါ တကယ်စိတ်ပျက်စရာပဲ မဟုတ်လား နတ်လက်နက်လမ်းစဉ်ဂိုဏ်း ?!

"ဒီရန်ငြိုးကို လက်စားမချေဘဲနေတာက လူကြီးလူကောင်း မပီသဘူး!"

ဆေးလုံးဂိုဏ်း ရွှေအမြုတေအဆင့်ခေါင်းဆောင်ရှင်းယီသည် လွင့်ပျံနေသော ဆေးပေါင်းအိုးပေါ်ကနေ မတ်တပ်ရပ်လိုက်သည်၊ သူ့မျက်နှာမှာ ဖြူလျော်နေသည်။

"ခေါင်းဆောင်၊ ကျွန်တော်တို့ အစ်ကိုနဲ့အတူ ရှိနေပါတယ်! အဲ့ဒီ နတ်လက်နက်လမ်းစဉ်က လူတွေကို နောင်တရသွားအောင် လုပ်ပစ်မယ်!"

"သူတို့ကို ခြေမှုန်းပစ်မယ်! ငါတို့ ဆေးလုံးဂိုဏ်းပြီးရင် သူတို့ကို ပထမဆုံးပြုတ်သွားတဲ့သူတွေဖြစ်အောင် လုပ်မယ်!"

"အားလုံးပူးပေါင်းတိုက်ကြစို့!"

ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံး ချက်ချင်း လက်ဟန်တွေလုပ်ပြီး သူတို့ခြေထောက်အောက်က ဆေးပေါင်းအိုး အဖုံးကို ဖွင့်လိုက်ကြသည်!

ဒုန်းခနဲ အသံနှင့်အတူ သူတို့ဟာ ဆေးပေါင်းအိုးအဖုံးနဲ့ သူတို့ဆီကို အရှိန်နဲ့ လာနေကြတဲ့ နတ်လက်နက်လမ်းစဉ်က ရွှေအမြုတေ အဆင့် ငါးယောက်ကိုရိုက်ချလိုက်ကြသည်။ ၎င်းတို့ကြားက မီတာတစ်ရာ အကွာအဝေးဟာ တဖြည်းဖြည်းကျဉ်းမြောင်းလာသည်။

ကျွိကျွိမြည်သံ အချို့ထွက်ပေါ်လာပြီးနောက် ကျန်းမာသန်စွမ်းတဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ဟာ မောပန်းနေတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ ထိပ်တိုက်တွေ့သွားသည်။

အလစ်အငိုက် တိုက်ခိုက်မှုကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ ဝိုင်းရံခြင်းကို ခံထားရတဲ့ နတ်လက်နက် လမ်းစဉ်က ရွှေအမြုတေအဆင့်ငါးယောက်လုံး သတိလစ်သွားကြသည်!

"နတ်လက်နက်လမ်းစဉ်၊ ငါတို့ ဆေးလုံးဂိုဏ်းမှာ ဆယ်နှစ်တိုင်တိုင်လေ့ကျင့်ခဲ့တဲ့ အစွမ်းထက်ဆုံးတိုက်ကွက်ကို မင်းတို့ကို ပြလိုက်မယ်!"

"လောကမှာရှိတဲ့ အရာအားလုံးဟာ ဆေးဖက်ဝင်အပင်တွေပဲ!"

"မြေပြင်နဲ့ ကောင်းကင်ဟာ ဆေးဖော်စပ်တဲ့ မီးတောက်တွေပဲ!"

"ဆေးပေါင်းအိုးထဲ ဝင်လိုက်စမ်း!"

ဝူးခနဲ အသံနှင့်အတူ…

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားရဲ့တိုက်ခိုက်မှုကြောင့် အားနည်းနေတဲ့ နတ်လက်နက်လမ်းစဉ်က ရွှေအမြုတေအဆင့် ငါးယောက်လုံးကို ဆေးလုံးဂိုဏ်းအဖွဲ့က ဆေးဖက်ဝင်အပင်တွေလို ဆေးပေါင်းအိုးထဲသိမ်းကျုံး ထည့်လိုက်ကြ သည်!

ဆေးပေါင်းအိုးအဖုံးအား ချက်ချင်း ပြန်ပိတ်လိုက်သည်။

ဆေးလုံးဂိုဏ်းဝင်ငါးယောက်နှင့် စုကျိုတို့အဖွဲ့ဟာ နတ်လက်နက်လမ်းစဉ်က ရွှေအမြုတေအဆင့်ငါးယောက်လုံးကို ချက်ချင်း ဖမ်းဆီးချုပ်နှောင်လိုက်ကြသည်!

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ဟာ ရွှေအမြုတေအဆင့် အရှိန်ကိုသုံးပြီး အခြေခံတည်ဆောက်ခြင်းအဆင့်အုပ်စုကို နောက်မှာ ထားခဲ့လိုက်ကြသည်။

"ဖမ်းမိပြီ! ဆုတ်ကြမယ်!"

"???"

ဝေချန်ရှန်း မော့ကြည့်လိုက်ပြီး ဆွံ့အသွားသည်

ဘာတွေ ဖြစ်နေတာလဲ?

သူတို့ရဲ့ ရွှေအမြုတေအဆင့် သားကောင်တွေကို တခြား ရွှေအမြုတေအဆင့်သားကောင်တွေက လုသွားတာလား!?

"ဘာတွေ ဖြစ်နေတာလဲ? ငါတို့ သတ်လုနီးပါးဖြစ်နေတဲ့ နတ်လက်နက်လမ်းစဉ်က ရွှေအမြုတေအဆင့်တွေကို ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့်တွေက ဘာလို့လုသွားရတာလဲ"

"နေဦး၊ သူတို့ ဘာလို့ ငါတို့ရဲ့ အပင်ပန်းခံရထားတဲ့ ရလဒ်တွေကိုလုသွားတာလဲ"

"ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့်တွေ ဘာလုပ်နေကြတာလဲ"

"တောက်၊ သူတို့ စုကျိုနဲ့ပူးပေါင်းသွားကြတာလား?"

တစ်ယောက်ယောက်က အဲ့ဒီလိုအော်ပြောလိုက်တဲ့အချိန်ထိ လူတိုင်း တွေဝေနေကြဆဲဖြစ်သည်။

"အခြေခံတည်ဆောက်ခြင်းအဆင့်က... ရွှေအမြုတေအဆင့်တွေနဲ့ ပူးပေါင်းလို့ ရတာလား?"

လူတိုင်း ကြောင်နေရာကနေ သတိဝင်လာကြသည်

ဆေးလုံးဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့တစ်ခုတည်းသာ လုံးဝဆွံ့အလျက်ကျန်ခဲ့သည်။

နေဦး၊ ဘာပူးပေါင်းတာလဲ?!

သူတို့ ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့်စီနီယာတွေဟာ သူတို့ ကိုယ်ပိုင်အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ဝင်တွေနဲ့ မပူးပေါင်းဘဲ စုကျိုဆီကို သွားကြတာလား?

နောက်နေတာလား?!

ဆေးလုံးဂိုဏ်းက ကိုယ်ပိုင်လူတွေက ဒီမှာရှိနေသေးတာလေ!

ဘာတွေ ဖြစ်နေတာလဲ?!

"ငါတို့ နတ်လက်နက်လမ်းစဉ်ကစီနီယာကို နောက်ဆုံးမှာနှိမ်နင်းနိုင်တော့မလို့၊ အမှတ် ၁၀၀ ရတော့မလို့ပါ"

တောက်၊ ကိုယ့်ဂိုဏ်းက စီနီယာတွေက လာလုသွားတာလား?

ဆေးလုံးဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့မှာ ထိတ်လန့်သွားကြသည်။

"ဒါဆိုရင် ငါတို့လည်း ကိုယ့်ဂိုဏ်းက ရွှေအမြုတေအဆင့် တစ်ယောက်ယောက်ကိုရှာပြီး ပူးပေါင်းကြမယ်!"

တခြား အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့တွေ အားလုံးလျှို့ဝှက်ချက်ကို ရှာတွေ့သွားကြသည်!

သူတို့ ချက်ချင်း ထွက်သွားကြသည်။

ဆေးလုံးဂိုဏ်းနဲ့ နတ်လက်နက်လမ်းစဉ်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေသာ တစ်ဦးကိုတစ်ဦး ကြည့်ပြီး စိတ်ပျက်လက်ပျက် ကျန်ရစ်ခဲ့ကြသည်

ဘယ်သူနဲ့ သွားပြီး ပူးပေါင်းရမှာလဲ?!

ကယ်ကြပါဦး!

ဒါပေမဲ့ မကြာခင်မှာပဲ ဒိုင်လူကြီးချုပ်ကြီးပေါ်လာပြီး အေးစက်စက် ပြောလိုက်သည်။

“အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေဟာ ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းခွင့် မရှိပါဘူး"

"???"

"?"

[ဒါဆို စုကျိုကော? သူက ဘာလို့ ရတာလဲ?]

[ဘာလို့လဲဆိုတော့ ဒါ မဟာမိတ်ဖွဲ့တာမဟုတ်ဘူး၊ လိမ်ညာခံရတာလေ]

[ဟားဟားဟား]

စုကျိုကတော့ ဆေးလုံးဂိုဏ်းက ငါးယောက်ရဲ့သယ်ဆောင်ခြင်းကိုခံရပြီး တည်းခိုဆောင် အပြင်ဘက်ကိုရောက်နေပါပြီ

"စီနီယာတို့၊ ကျန်တာကို ကျွန်မတို့ဘာသာ လုပ်ပါရစေ"

စုကျို ပြုံးပြီး မြေပြင်ပေါ်က ဆေးပေါင်းအိုးငါးလုံးကို ကြည့်လိုက်သည်

"နတ်လက်နက်လမ်းစဉ်က ရှင်တို့ကိုလိမ်ခဲ့တာပါ၊ တကယ်လို့ ရှင်တို့ ကိုယ်တိုင် လုပ်မယ်ဆိုရင် ရှင်တို့အတွက် အဆင်မပြေဖြစ် မှာပေါ့"

"ကျွန်မတို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက သူတို့ကို ရှင်တို့အစား သင်ခန်းစာပေးလိုက်ပါ့မယ်"

ဒါ အဓိပ္ပာယ်ရှိသားပဲ…

ဆေးလုံးဂိုဏ်းဝင် ငါးယောက်ဟာ မူလက နတ်လက်နက်လမ်းစဉ်က လူတွေကိုဆွဲထုတ်ပြီး အပြင်းအထန် ရိုက်နှက်ဖို့ စီစဉ်ထားတာပါ။

ဒါပေမဲ့ စုကျိုပြောတာ မှန်ပါတယ်။

သူတို့ကိုယ်တိုင် နတ်လက်နက်လမ်းစဉ်က လူတွေရဲ့ အဆင့်အထိ ဆင်းပြီး လုပ်ရတာက နာမည်ပျက်စေမှာပေါ့။ လူတွေက

ဆေးလုံးဂိုဏ်းဟာ နတ်လက်နက်လမ်းစဉ်ရဲ့ လှည့်စားတာကို ခံလိုက်ရတယ်လို့ ပြောကြလိမ့်မယ်…

ဒါက ဆေးလုံးဂိုဏ်းကို အရူးဖြစ်စေမှာပေါ့။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကိုပဲ သင်ခန်းစာ ပေးခိုင်းလိုက်တာက ပိုပြီးတော့ သိက္ခာရှိစေမှာပေါ့!

"ကောင်းပြီ!"

ဒီရှီးရှန်ဆောင်ကဂျူနီယာညီမလေးက တကယ်အမြော်အမြင်ရှိတာပဲ…

ဆေးလုံးဂိုဏ်းဝင် ငါးယောက်လုံး လမ်းဖယ်ပေးလိုက်ကြသည်။

စုကျိုတို့အဖွဲ့ ဆေးပေါင်းအိုးကို ဖွင့်လိုက်ပြီး အားနည်းနေတဲ့ နတ်လက်နက်လမ်းစဉ်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ် ယောက်ကို အလဲထိုးလိုက်သည်။

ငါးကြိမ်ဆက်တိုက်ပေါ့

မကြာခင်မှာပဲ ကောင်းကင်ယံမှာ ဖီးနစ်ပုံစံ ကြေညာချက်တစ်ခုတက်လာသည်။

[ဂုဏ်ယူပါသည်၊ ရှီးရှန်ဆောင် အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့က ငါးယောက်ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့ပါပြီ!]

[ကံမကောင်းစွာဖြင့် နတ်လက်နက်လမ်းစဉ်၏ရွှေအမြုတေအဆင့် အဖွဲ့သည် ပြုတ်သွားပါပြီ!]

[ရှီးရှန်ဆောင် အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ +၅၀၀ မှတ်!]

[နတ်လက်နက်လမ်းစဉ် ရွှေအမြုတေအဆင့် အဖွဲ့ -၅၀၀ မှတ်!]

လန်ထွက်သွားပြီ!

ဆေးလုံးဂိုဏ်းဝင်ငါးယောက်လုံး တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး သူတို့ လက်စားချေနိုင်ခဲ့ပြီလို့ ခံစားလိုက်ရကာ တကယ်ကို ကျေနပ်စရာကောင်းတဲ့ အချိန်ပါပဲ။

နတ်လက်နက်လမ်းစဉ်က ငါးယောက်ဖြည်းဖြည်းချင်း နိုးလာတဲ့အခါ ဆေးလုံးဂိုဏ်းခေါင်းဆောင်က ဒိုင်လူကြီးအား တိုက်တွန်းနေ တာကို ကြားလိုက်ရသည်။

"အဲ့ဒီ အရှက်ရစရာကောင်းတဲ့ ပြုတ်သွားပြီဆိုတဲ့တံဆိပ်က ဘယ်မှာလဲ? သူတို့အပေါ်မှာလည်း အမြန်လိုက်ကပ်ပေးလိုက်စမ်း!"

"ညီမလေးစုကျို၊ အကျဉ်းသားတွေကိုချည်တဲ့ ကြိုးတွေ ဘယ်မှာလဲ? သူတို့ကိုလည်း အမြန်ချည်လိုက်ဦး!"

နတ်လက်နက်လမ်းစဉ်ကမူ ဆွံ့အသွားသည်။ ဆေးလုံးဂိုဏ်းကလူတွေ ရူးနေတာလား?

စုကျို နတ်လက်နက်လမ်းစဉ်က ငါးယောက်ကို ပြုံးပြလိုက်သည်။

"စီနီယာတို့ရေ၊ ကျွန်မတို့ စကားနည်းနည်းလောက် ပြောကြရအောင်နော်"

"ဟုတ်တယ် ညီမလေးစုကျို၊ မင်း သူတို့ကို အကျဉ်းသားဖြစ်ရတဲ့ အသိတရားရှိအောင် အမြန်သင်ပေးလိုက်ပါဦး!"

"ဘာကြည့်နေတာလဲ! အခုထိ မကျေနပ်သေးဘူးလား?"

ဆေးလုံးဂိုဏ်းဝင်ငါးယောက်လုံးက နတ်လက်နက်လမ်းစဉ်က ငါးယောက်ကို စိုက်ကြည့်လိုက်ကြသည်။

"သွား၊ သွားပြီး ညီမလေးစုကျိုရဲ့ သင်ခန်းစာကို နားထောင်ကြ စကားနားထောင်တဲ့သူက အသက်ချမ်းသာရာ ရမယ်ဆိုတာ မှတ်ထားကြ!" ဆေးလုံးဂိုဏ်းခေါင်းဆောင်ရှင်းယီ က နှာခေါင်းရှုံ့လိုက်သည်။

နတ်လက်နက်လမ်းစဉ်ခေါင်းဆောင်ကျွင်းပိုင်ရန် အံ့ဩသွားသည်။

သူ ရူးနေတာလား?

သူ့ဦးနှောက်ထဲရေဝင်သွားတာလား?

ဆေးလုံးဂိုဏ်းက လူတွေကော!

စုကျို နတ်လက်နက်လမ်းစဉ်က ရွှေအမြုတေအဆင့် ငါးယောက်ကိုနေရာလွတ်တစ်ခုဆီ အမြန်ခေါ်သွားသည်

သူ့ မျက်လုံးလေးတွေ ပင့်ကြည့်လိုက်ပြီး လူတိုင်းကို အံ့ဩသွားစေမယ့် စကားတစ်ခွန်းကိုဖြည်းဖြည်းချင်းပြောလိုက်သည်။

"နတ်လက်နက်လမ်းစဉ်က စီနီယာတို့ မြင်တဲ့အတိုင်းပါပဲ"

"ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့် အဖွဲ့က တကယ်တော့ မပြုတ်သေးပါဘူး၊ ဒါပေမဲ့ သူတို့က ကျွန်မတို့လက်ထဲမှာ ပြုတ်သွားပြီလို့ ထင်နေကြတာ"

"သူတို့က ကျွန်မတို့အတွက် အလုပ်လုပ်ပေးနေကြတာ"

ဘာ?

ကျွင်းပိုင်ရန်နဲ့ကျန်တဲ့ လေးယောက် မျက်လုံးပြူးသွားကြသည်။

သူတို့ မြင်တဲ့အတိုင်း ဟုတ်လား?

သူမရဲ့ စကားသုံးခွန်းထဲမှာ သူတို့ ဘာမှ မမြင်ရသေးဘူးလေ…

ဒါပေမဲ့ နတ်လက်နက်လမ်းစဉ်က လူတွေဟာ ကိုယ်ခန္ဓာသန်မာရုံတင်မကဘဲ စစ်ဗျူဟာတွေကိုလည်း လေ့လာထားကြသူတွေပါ၊ ဒါကို သူတို့ရဲ့ကျင့်ကြံခြင်းလမ်းစဉ်အဖြစ် အသုံးချထားကြတာပါ။

ခဏအတွင်းမှာပဲ ဆေးလုံးဂိုဏ်းဟာ စုကျိုရဲ့ လှည့်ကွက်တွေနဲ့ လိမ်ညာခြင်းကို ခံလိုက်ရပြီဆိုတာ သူတို့ သဘောပေါက်သွားကြသည်။

"ဟားဟားဟား၊ ဆေးလုံးဂိုဏ်းကအရူးတသိုက်!"

"အဲ့ဒီ အရူးဆေးဖော်တဲ့လူတွေက မဆန်းပါဘူး၊ သူတို့ဦးနှောက်တွေက ဆေးတွေနဲ့အဆိပ်မိနေတာကိုး"

နတ်လက်နက်လမ်းစဉ်က ငါးယောက်လုံး အားရပါးရ ရယ်မောလိုက်ကြသည်။

ဒါပေမဲ့ ဒါက ခဏတာ ကျေနပ်မှုသာ ရှိပါသေးသည်။

တောက်၊ သူတို့တွေ ဒီအရူးအုပ်စုလက်မှာ ပြုတ်သွားရတာလား ?

အရူးတွေ! ဆေးလုံးဂိုဏ်း !

"ညီမလေးစုကျို၊ ငါတို့ အဲ့ဒီဆေးလုံးဂိုဏ်းက ငါးယောက်ကို မင်းအတွက် ခြေမှုန်းပေးရမလား ?"

ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ သန်မာတဲ့ နတ်လက်နက်လမ်းစဉ်က စီနီယာအစ်မတစ်ယောက်ဟာ သူမရဲ့ ဒေါသကို မထိန်းနိုင်တော့ပေ။

သူတို့တွေ ဆေးလုံးဂိုဏ်းရဲ့အောက်တန်းကျတဲ့ လုပ်ရပ်ကြောင့် ပါသွားရတာလေ။

မဟုတ်ရင် သူတို့တွေ အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ကို ကောင်းကောင်းရင်ဆိုင်နိုင်တာပေါ့!

ဘယ်လိုလုပ်ပြီး သူတို့ ငါးယောက်စလုံးပြုတ်သွားရတာလဲ!

"ငါတို့ ဆေးလုံးဂိုဏ်းကို မင်းအတွက် နှိမ်နင်းပေးမယ်!"

"ကျွန်မလည်း အဲ့ဒီအတိုင်းပဲ တွေးနေတာပါ" စုကျိုက ပြုံးလိုက်သည်။

"အားလုံးကို အပင်ပန်းခံခိုင်းရမှာ စိတ်မကောင်းပါဘူး၊ နတ်လက်နက်လမ်းစဉ်က စီနီယာတို့ဆီမှာ ဒဏ်ရာကုတဲ့ ဆေးလုံးတွေ ရှိလား?" "

..."

ကျွင်းပိုင်ရန် သူ့ရဲ့ အဖွဲ့ဝင်တွေကို ကြည့်လိုက်သည်။

ဒီလက်စားချေတဲ့ သံသရာက ဘယ်တော့မှပြီးမှာလဲ?

တကယ်လို့ သူတို့ ဆေးလုံးဂိုဏ်းကိုဖျက်ဆီးဖို့ သွားမယ်ဆိုရင် သူတို့လည်း ဆေးလုံးဂိုဏ်းရဲ့အသိဉာဏ်အဆင့်လောက် ဖြစ်သွားမှာပေါ့..

ဒါ မတန်ပါဘူး။

ဒါက သူတို့ရဲ့ စစ်ဗျူဟာနဲ့ စစ်သည်အင်အား အသုံးချနိုင်စွမ်းဆိုတဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်စေမှာပေါ့

သူတို့တွေ အခြေခံတည်ဆောက်ခြင်းအဆင့် စုကျိုရဲ့ အသုံးချတာကို ဘယ်လိုများ ခံရမှာလဲ?

တိုက်ခိုက်ပြီးသမျှ အဆင့်တွေက အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့အတွက်ပဲ ဖြစ်သွားမှာလေ၊ အဲ့ဒါကလည်း ရှီးရှန်ဆောင်က အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ပဲ!

"ကျွန်တော် ငြင်းတယ်"

ဒါပေမဲ့ စုကျိုက သက်ပြင်းချပြီး သူ့စကားကို ဖြတ်ပြောလိုက်သည်။

"စီနီယာအစ်ကိုကျွင်း ပြောတာ မှန်တယ် တကယ်လို့ စီနီယာတို့ကဆေးလုံးဂိုဏ်းကို မတိုက်ချင်ဘူးဆိုရင်တော့ ရွှေအမြုတေအဆင့် အဖွဲ့အားလုံးကိုတိုက်လိုက်ကြပေါ့"

"?"

စုကျို နှာခေါင်းရှုံ့လိုက်သည်။

"စစ်ဗျူဟာအရပြောရရင် ထိပ်သီး တစ်ဆယ့်ခြောက်သင်းဟာ နံပါတ်တစ်ကို မယှဉ်နိုင်ပါဘူး"

"တကယ်လို့ ကျွန်မတို့ ရွှေအမြုတေအဆင့် အဖွဲ့အားလုံးကိုခြေမှုန်းလိုက်ရင် ရွှေအမြုတေအဆင့်တွေ အားလုံးက ပထမနေရာမှာ သရေဖြစ်သွားမှာ မဟုတ်ဘူးလား?"

"နတ်လက်နက်လမ်းစဉ်၊ ရှင်တို့ နံပါတ်တစ် မဖြစ်ချင်ကြဘူးလား?"

[...]

ကျွင်းပိုင်ရန်နဲ့အဖွဲ့ဝင် ငါးယောက်ဟာ ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ မျက်လုံးတွေရှိကြသည်။

ခဏအတွင်းမှာပဲ ကျွင်းပိုင်ရန် တိုးတိုးလေးပြောလိုက်သည်။

"ဆေးလုံးဂိုဏ်းကို အကူအညီအနေနဲ့ထားပြီး နတ်လက်နက်လမ်းစဉ်က ရှေ့တန်းကနေ ဦးဆောင်မယ်"

"နောက်ကျရင် ဝမ်ချီဂိုဏ်းကို ဖျက်ဆီးကြရအောင်"

"ညီမလေးစုကျို၊ ကျွန်တော်တို့ဝမ်ချီဂိုဏ်းကိုသာ နှိမ်နင်းနိုင်ရင် ဘယ်ရွှေအမြုတေအဆင့်မှ ဒီတည်းခိုဆောင်ကနေ မတ်တပ်ရပ်ပြီး ထွက်သွားနိုင်မှာမဟုတ်ဘူး"

စုကျိုက ပြုံးလိုက်သည်။

"ကောင်းပြီ! ဒီနေ့ရဲ့အောင်ပွဲက နောက်ဆုံးမှာ ကျွန်မတို့အတွက်ပဲ ဖြစ်ရမယ်"

[...]

ကျွန်တော် ဇဝေဇဝါဖြစ်နေတာက သူက 'ကျွန်မတို့' လို့ ပြောတဲ့ဟာက ဘာကိုဆိုလိုတာလဲ...?

စုကျို : ဒီနေ့ရဲ့ အောင်ပွဲက နောက်ဆုံးမှာ ကျွန်မတို့ (ရှီးရှန်ဆောင်) အတွက်ပဲ ဖြစ်ရမယ်။

All Chapters