← Chapters

အခန်း (၁၇၅)

Vol. 18 Ch. 175

အခန်း (၁၇၅)

Vol. 18 Ch. 175

🥝 Chapter 175

“ဟူး”

“ဒီအတိုင်းဆိုရင် သူက ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကိုတောင်ရှုံးနေရင်၊ မင်းတို့ နတ်လက်နက်လမ်းစဉ်က အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ယောက်နဲ့ တွေ့ရင် သေချာပေါက်ရှုံးမှာပဲ”

“အမှတ်လျော့မှာကတော့ သေချာနေတာပဲ”

“အဲ့ဒီလိုဖြစ်မယ့်အတူတူ ကိုယ့်လူတွေလက်ထဲမှာပဲ ရှုံးတာက ပိုကောင်းတာပေါ့”

စုကျိုက ချန်ယွမ်ကျောပေါ်တွင် မှီလျက် ဝေချန်ရှန်း၏ချပ်ဝတ်တန်ဆာကို အသာအယာ ပုတ်လိုက်သည်

“ဒီအမှတ်တွေကို ငါတို့ဘာသာယူမယ်၊ တခြားဂိုဏ်းက လူတွေကိုတော့ ပေးလို့မရဘူးလေ နင်လည်း သဘောတူတယ် မဟုတ်လား”

“ငါတို့ ကိုယ့်ဂိုဏ်းက ရွှေအမြုတေအဆင့်တွေကိုပဲ တိုက်ရိုက်မတိုက်သင့်ဘူးလား”

ဒါအဓိပ္ပာယ်ရှိသားပဲ!

ဝေချန်ရှန်း စုကျိုရဲ့အကျိုးအကြောင်းပြချက်က နည်းနည်းတော့လွဲနေသလို ထင်ခဲ့ပေမယ့် အခု သူမပြောတာကိုကြားရတော့ လုံးဝ မှန်ကန်နေပြန်သည်။

သူ မငြင်းနိုင်တော့ပေ။

ကိုယ့်စီနီယာအစ်ကိုက တခြားအဖွဲ့ရဲ့ဖမ်းတာခံရပြီး တခြားသူအတွက် အမှတ်ဖြစ်သွားမယ့်အတူတူ၊ ကိုယ့်ဘာသာပဲ အနစ်နာခံခိုင်း လိုက်တာက ပိုပြီး အကျိုးရှိတာပေါ့!

ဒါက တကယ့်ကို အကျိုးအကြောင်း ဆီလျော်တဲ့ နည်းလမ်းပဲ!

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေးစုကျို!"

"ကျွန်တော် အခု သဘောပေါက်သွားပါပြီ"

ဝေချန်ရှန်းက စုကျိုဟာ အရမ်းကိုပါးနပ်တယ်လို့ထင်မြင်သွားသည်။ သူက စုကျိုကို အမြဲတမ်း စစ်ဗျူဟာလေ့လာနေတဲ့ သူ့ထက်တောင် ပိုပြီးလေးစားသွားသည်။

"ရပါတယ်၊ ရပါတယ်~"

စုကျိုက ချန်ယွမ်ရဲ့ပုခုံးပေါ်မှီလျက် သူ့ကို ယဉ်ကျေးစွာလက်ပြလိုက်သည်။

"ဒါ ဘာမှ မဟုတ်ပါဘူး"

"အခြေခံတည်ဆောက်ခြင်းအဆင့် အချင်းချင်းကူညီကြတာပေါ့~"

ဝေချန်ရှန်း ချက်ချင်းပင် စိတ်ဓာတ်တွေတက်ကြွသွားသည်!

သူ လှည့်ကြည့်လိုက်ပြီး သူ့နောက်က အဖွဲ့ဝင်လေးယောက်ကို ပြောလိုက်သည်။

"သွားကြစို့၊ ငါတို့ရဲ့ စီနီယာအစ်ကိုကို သွားပြီး နှိမ်နင်းကြရအောင်!"

ခုနတင် ရောက်လာတဲ့ ဆေးလုံးဂိုဏ်းနဲ့ စကားလုံးဝိညာဉ်ဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့တွေဟာ ဆွံ့အသွားကြသည်။

ဘာတွေ ဖြစ်နေတာလဲ ?

ဟင်?

အခု ကိုယ့်ဂိုဏ်းကို ပြန်တိုက်တာက ပုံမှန်ကိစ္စဖြစ်သွားပြီလား?

သူတို့က "ကိုယ့်မိသားစုထက် တရားမျှတမှုကို ဦးစားပေးမယ်" လို့တောင် အော်ပြောရဲကြတယ်ပေါ့?

ဆေးလုံးဂိုဏ်းခေါင်းဆောင်က ချက်ချင်းတိုးတိုးလေးမှာလိုက်သည်။

သွားကြစို့၊ ဒီရှုပ်ထွေးနေတာကို အခွင့်ကောင်းယူပြီး နတ်လက်နက်လမ်းစဉ်က ရွှေအမြုတေအဆင့်တွေကိုတိုက်ကြမယ်!"

စကားလုံးဝိညာဉ်ဂိုဏ်းက အဖွဲ့ကလည်း သူတို့နောက်က အမြန်လိုက်သွားသည်။

ချန်ယွမ်ကျောပေါ်တွင် လှဲနေသော စုကျိုသည် သူတို့ ထွက်သွားပြီးမှ သူမ ညာဘက်လက်ကိုထုတ်ရဲတော့သည်။

သူမ၏ ညာဘက်လက်မှာ အနည်းငယ် တုန်ယင်နေသည်။

ရှုဝမ်ယီကို ပုံတူပွားလိုက်ရသဖြင့် သူ့ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းနေပြီဖြစ်သည်။

"ဟူး ရွှေအမြုတေအဆင့် တစ်ယောက်ကိုနှိမ်နင်းဖို့က အစွမ်းကုန်ကြိုးစားရတာပဲ တကယ်ကို မလွယ်ကူပါဘူး”

စုကျို တွေးတောနေစဉ် သုံးမီတာအကွာကနေရာလွတ်ကို မြင်လိုက်ရသဖြင့် သူမ နှုတ်ခမ်းများလှုပ်ခတ်သွားသည်။

"နေဦး၊ စီနီယာအစ်ကို လဲ့ကျယ်၊ စီနီယာအစ်ကို တောက်၊ ရှင်တို့ ဘာလို့ ကျွန်မနဲ့ ဒီလောက်တောင် ဝေးဝေးကလျှောက်နေကြ တာလဲ"

လဲ့ကျယ်နှင့် အခြားသုံးယောက်သည် ခေါင်းတလားကို သယ်လျက် ဘေးတစောင်းလျှောက်နေကြသည်။

"ဘာဖြစ်ရမှာလဲ ကြောက်စရာကောင်းလိုက်တာ ညီမလေးစုကျိုရယ်၊ မင်းက မျက်တောင်တစ်ချက် မခတ်ဘဲ လိမ်ပြောနိုင်တာပဲ"

တောက်ဟယ်က ခေါင်းယမ်းလိုက်သည်။

"နတ်လက်နက်လမ်းစဉ်က သနားစရာပဲ"

စုကျို မျက်ခုံးပင့်လိုက်ပြီး ချန်ယွမ်၏ဖြူလွလွ လည်ပင်းသားလေးကိုမကြည့်ဘဲ မနေနိုင်တော့ပေ။

"ချန်ယွမ်၊ ငါအကျိုးအကြောင်း ဆီလျော်အောင်ပြောတာ မဟုတ်လား? နင် ဘယ်လိုထင်လဲ"

"ဟုတ်တယ်" မိစ္ဆာကြီးက ခိုင်မာစွာခေါင်းညိတ်သည်။

"ဒါက အချိန်ကိုက်ပဲ၊ ရွှေအမြုတေအဆင့် တစ်ဖွဲ့လုံးခြေမှုန်းခံရမှာကတော့ မလွဲမသွေပဲ"

"မှန်တယ်"

စုကျို ခေါင်းညိတ်လိုက်သည်။

"သွားကြစို့၊ နောက်ထပ် ပစ်မှတ်ကတော့ - ဆေးလုံးဂိုဏ်းတစ်ဖွဲ့လုံးကို ခြေမှုန်းဖို့ပဲ"

လဲ့ကျယ်နှင့် အခြားသုံးယောက် : "?"

သူတို့က မဟာကျင့်ကြံသူအဆင့်တွေလား ??

သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ပါးစပ်လေးနဲ့တင် ရွှေအမြုတေအဆင့်အဖွဲ့တစ်ဖွဲ့လုံးကို ခြေမှုန်းမယ်ဆိုတဲ့ ရက်စက်တဲ့ စကားမျိုးကို ဘယ်လိုပြောထွက်ရတာလဲ ?

"နေဦး" လယ်သမားအိုကြီးအဖြစ် ရုပ်ဖျက်ထားသော မူချင်းချူးကလှည့်ကြည့်လိုက်သည်။

"ညီမလေးစုကျို၊ မင်းက နတ်လက်နက်လမ်းစဉ်ကို မဟုတ်ဘဲ ဆေးလုံးဂိုဏ်းကိုဖျက်ဆီးမလို့လား"

သူမက ခုနတင် ဝေခန်ရှန်းကို နတ်လက်နက်လမ်းစဉ်က ရွှေအမြုတေအဆင့်တွေကိုတိုက်ဖို့ လိမ်ပြောခဲ့တာလေ..

ဒါက တခြားဂိုဏ်းနှစ်ခုကိုလည်း ပျော်ပွဲရွှင်ပွဲထဲဆွဲခေါ်လိုက်သလို ဖြစ်သွားသည်။

သူမရဲ့ နောက်ထပ် ပစ်မှတ်က နတ်လက်နက်လမ်းစဉ်က ရွှေအမြုတေအဆင့်အားလုံးကို ခြေမှုန်းဖို့လို့ သူ ထင်ခဲ့တာ…

"စစ်ပွဲမှာ ဘာမဆို ဖြစ်နိုင်တာပဲ၊ ကျွန်မ ခုနက အဲ့ဒီ သုံးဖွဲ့ကို သတိပေးခဲ့ပေမယ့် သူတို့က မကြားကြဘူးလေ" ဟု စုကျိုက ဝမ်းနည်းဟန်ဖြင့် ဆိုသည်။

လဲ့ကျယ်နှင့် အခြားသုံးယောက် : "..."

"ဆေးလုံးဂိုဏ်းရဲ့အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့ကို အခွင့်ကောင်းယူပြီး နတ်လက်နက်လမ်းစဉ်က လက်ကျန်တွေကို ကျွန်မတို့ ယူမယ်"

"ကျွန်မကတော့ သူတို့ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့်တွေကိုခြေမှုန်းမှာ"

[...]

[...]

[မင်းပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို ငါ ယုံပါတယ်...]

[မင်း သူတို့ကို ဘယ်လိုခြေမှုန်းမှာလဲ? ရှုဝမ်ယီက ရွှေအမြုတေအဆင့်တစ်ယောက်တည်းလေ၊ ဆေးလုံးဂိုဏ်းမှာ ငါးယောက်ရှိတာ၊ ပြီးတော့ ဆေးလုံးဂိုဏ်း ခြံဝင်းအဝင်က ဆေးပေါင်းအိုးနှစ်လုံးက တတိယအဆင့်ကာကွယ်ရေးအစီအရင်လေ]

[နေရောင်က အမွှေးတိုင်အိုးပေါ် ကျရောက်တဲ့အခါ ခရမ်းရောင်မီးခိုးတွေ ထွက်လာလိမ့်မယ်၊ ဒါက ဆေးလုံးဂိုဏ်းရဲ့ ရွှေအမြုတေအဆင့်တွေအတွက် အမြင့်ဆုံးကာကွယ်ရေးအစီအရင်ပဲ]

[ဆေးပေါင်းအိုးက ရက်ပေါင်း ၄၉ ရက်တိုင်တိုင် လောင်ကျွမ်းနိုင်စွမ်းရှိတယ်၊ ခြံဝင်းရဲ့ မီတာ တစ်ရာ ပတ်လည်မှာ ခရမ်းရောင် မီးခိုးတွေ ပြည့်နေလိမ့်မယ်၊ တခြားလူ ဝင်လာရင် အဲ့ဒီမီးခိုးက ပြင်းထန်တဲ့ အဆိပ် ဖြစ်သွားလိမ့်မယ်]

[ဝိညာဉ်ပိုးဖလံဂေဟာက စုကျို၊ မင်းမှာ ပုံတူပွားနိုင်စွမ်းရှိပေမယ့် အဆိပ်ကိုကာကွယ်နိုင်စွမ်းကောရှိလို့လား]

[မာနကြီးလိုက်တာ! သူ့ ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းနေပြီဆိုတာ သိသာပါတယ်၊ သူ့မိစ္ဆာကျွန် ကျောပေါ်ကနေတောင် မဆင်းနိုင်ဘူးလေ]

[သူက ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့် ငါးယောက်ကို ဘယ်လိုများတိုက်နိုင်မှာလဲ? ကြည့်ကြသေးတာပေါ့!]

“စီနီယာအစ်မ”

စုကျိုသည် ချန်ယွမ်ကျောပေါ်တွင် မှီလျက် တုန်းလိုင်တည်းခိုဆောင် အဝင်ဝရှိ ရွှေအမြုတေအဆင့် ဖမ်းဆီးမှု ရလဒ်များကို စစ်ဆေးနေသော ဒိုင်လူကြီး စီနီယာအစ်မကိုလှမ်းခေါ်လိုက်သည်

“ဝိညာဉ်ပိုးဖလံဂေဟာက ရွှေအမြုတေအဆင့် ရှုဝမ်ယီကို ကျွန်မတို့ဖမ်းဆီးလိုက်ပါပြီ၊ ဒါကြောင့် သူက ပြိုင်ပွဲကနေ ထွက်သွားရပြီပေါ့”

စုကျိုက ရိုးရိုးသားသားဆိုသည်။

“ဒါပေမဲ့ သူက အခု သတိလစ်နေပြီး အခုထိ နိုးမလာသေးဘူး၊ သူ နိုးလာတဲ့အခါ အခြေအနေကိုနားမလည်မှာစိုးလို့၊ ဒိုင်လူကြီး စီနီယာအစ်မက သူ့ကို ရှင်းပြပေးပါဦး”

“ဒါကြောင့် စီနီယာအစ်မ၊ သူ့ကို ပြိုင်ပွဲကနေထွက်သွားပြီဆိုတဲ့ အသိအမှတ်ပြုလက်မှတ်လေးတစ်ခုခုလုပ်ပြီး သူ့အပေါ်မှာ ကပ်ပေးထားလို့ရမလား?”

[???]

[သူမက ပြိုင်ပွဲရဲ့အသေးအဖွဲ ကိစ္စတွေကိုတောင် ဒီလောက်ဂရုစိုက်တာလား?]

[ဒီလောက်တောင် စာနာတတ်တာလား?]

ဒိုင်လူကြီး စီနီယာအစ်မသည် စုကျိုက သူမ၏အလုပ်ပမာဏကို ထည့်စဉ်းစားပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အင်း၊ စဉ်းစားကြည့်ပါဦးမယ်”

သူမက စုကျိုကို ကျေးဇူးတင်စွာ ပြုံးပြလိုက်ပြီး ခေါင်းတလားထဲမှာ လဲနေတဲ့ ရှုဝမ်ယီအပေါ်ကို အနီရောင်မင်ရည်တွေ ပက်ဖျန်းလိုက်သည်။

'ရှုဝမ်ယီ ပြုတ်သွားပြီ!'

'ရွှေအမြုတေအဆင့် ထိပ်သီးဆယ်သင်း ပြိုင်ပွဲမှ ထွက်ခွာရပြီ!'

“စုကျို စိတ်မပူပါနဲ့၊ သူ နိုးလာရင်တောင် ရွှေအမြုတေအဆင့်အဖွဲ့ထဲကို ပြန်ဝင်လို့မရတော့ပါဘူး”

ဒိုင်လူကြီး စီနီယာအစ်မက တည်ငြိမ်စွာဆိုသည်။

သူမ သူ့ကို စစ်ဆေးပြီးပါပြီ၊ ရှုဝမ်ယီမှာ ပြင်ပဒဏ်ရာမရှိသော်လည်း သတိလစ်နေသည်။ သူ့ စိတ်ဓာတ်မှာ ပိတ်ဆို့နေပြီးဝိညာဉ် အာရုံမှာလည်း ကယောင်ကတမ်းဖြစ်နေသည်။ ဒါပြင်းထန်တဲ့လှုံ့ဆော်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ တုံ့ပြန်မှု ဖြစ်ပုံရသည်။ သူ ဒီနေ့ နိုးလာထလာမည် မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ ဒိုင်လူကြီး"

စုကျိုသည် ချန်ယွမ်ကျောပေါ်က ဆင်းလိုက်ပြီး 'ရွှေအမြုတေအဆင့် သားကောင်' တွေကို စစ်ဆေးတဲ့ စားပွဲစွန်းကိုမှီလျက် တုန်တုန်ယင်ယင် ရပ်လိုက်သည်။

"ချန်ယွမ်၊ သူ့ကို နှိုးလိုက်"

"သူ့ဆရာက အခု ဘယ်သူလဲဆိုတာ သူ့ကိုပြောပြလိုက်ပါဦး"

ဒိုင်လူကြီးစီနီယာအစ်မ မျက်မှောင်ကြုတ်သွားသည်။

[?!]

All Chapters