← Chapters

အခန်း (၁၈၁)

Vol. 19 Ch. 181

အခန်း (၁၈၁)

Vol. 19 Ch. 181

🥝 Chapter 181

ဒိုင်လူကြီးအဖွဲ့ ဆုံးဖြတ်ချက်ချပြီးနောက် လူတိုင်းမှာ ပြိုလဲတော့မည့်အလားဖြစ်နေကြပြီး အလုပ်ကနေ အမြန်ဆုံး ဆင်းချင်နေကြသည်။

ထို့နောက် အခြေခံတည်ဆောက်ခြင်းအဆင့် ထိပ်သီးဆယ်သင်းစာရင်းမှာ လေထဲသို့ လျင်မြန်စွာ ထွက်လာတော့သည်!

[အခြေခံတည်ဆောက်ခြင်းအဆင့် ထိပ်သီးဆယ်သင်းပြိုင်ပွဲ ပြီးဆုံးပါပြီ။

[ဂုဏ်ယူပါတယ်၊ အောက်ပါဂိုဏ်းများသည် ဤအခြေခံတည်ဆောက်ခြင်းအဆင့်ပြိုင်ပွဲတွင် ထိပ်သီးဆယ်သင်းစာရင်း၌ နေရာရရှိကြပါသည်!]

[၁။ ရှီးရှန်ဆောင် ၄၃၀၀ မှတ်]

[၂။ ဝိညာဉ်ကုန်သည်အသင်း ၂၂၀၀ မှတ်]

[၃။ နတ်လက်နက်လမ်းစဉ် ၄၀၀ မှတ်]

[၄။ စကားလုံးဝိညာဉ်ဂိုဏ်း ၂၀၀ မှတ်]

[၅။ ဖျော်ဖြေရေးဂိုဏ်း ၂၀၀ မှတ်]

[၆။ ဆေးလုံးဂိုဏ်း ၂၀၀ မှတ်]

[၇။ နတ်ဂီတဂိုဏ်း ၂၀၀ မှတ်]

[၈။ ဝမ်ချူဂိုဏ်း ၁၀၀ မှတ်]

[၉။ စာဆိုတော်ခန်းမ ၁၀၀ မှတ်]

[၁၀။ ရှန်းနုံဂိုဏ်း ၁၀၀ မှတ်]

အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူအားလုံးမှာ ယခုမူ လုံးဝမောပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ်မှာ လှဲနေကြပြီဖြစ်သည်။

သူတို့မှာ သူတို့ရဲ့ အမှတ်တွေကို မော့ကြည့်ရန်သာ အင်အားရှိတော့သည်။

အံ့ဩစရာကောင်းသည်မှာ တစ်ဦးတစ်ယောက်မျှ ရလဒ်အပေါ် မကျေမနပ်မဖြစ်ကြခြင်းပင်။

အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့အတွင်းတွင် လူတိုင်းက စုကျိုစွမ်းဆောင်ရည်အပေါ် လုံးဝအသိအမှတ်ပြုကြပြီး သူမ၏ အပြတ်အသတ်ဦးဆောင်မှုကို ကန့်ကွက်သူမရှိကြပေ။

ဒုတိယရရှိသော ဝိညာဉ်ကုန်သည်အသင်းမှာ ပွဲစီစဉ်သူဖြစ်ပြီး သူတို့၏ချမ်းသာကြွယ်ဝမှုဖြင့် စုကျိုနှင့် ငွေကြေးအရ မဟာမိတ်ဖွဲ့ခြင်းဟူသော မှန်ကန်သည့် ဗျူဟာကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကျန်ရှိသော အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့များမှာ ရွှေအမြုတေအဆင့် သားကောင်များကိုဖမ်းဆီးရန် သူတို့၏တစ်ဦးချင်း စွမ်းရည်ပေါ်တွင်သာ လုံးဝအခြေခံခဲ့ကြခြင်းဖြစ်သည်။ အဆင့်သတ်မှတ်ချက်နှင့် ပတ်သက်၍ သူတို့အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ဖြစ်သည်။

ထို့ကြောင့် မည်သူမျှ နောက်ထပ် နောင်တရစရာရှိပုံမရတော့ပေ။

“ဂုဏ်ယူပါတယ် ညီမလေးစုကျို၊ လဲ့ကျယ်!”

“တောက်ဟယ်လည်း မဆိုးဘူးပဲ၊ ငါတို့ ရွှေအမြုတေအဆင့်ကို ဖမ်းသွားတာ...”

“ဖျော်ဖြေရေးဂိုဏ်း၊ မင်းတို့ ပြီးခဲ့တဲ့နှစ်ကထက် အများကြီးတိုးတက်လာတာပဲ”

“နတ်လက်နက်လမ်းစဉ်ကတော့ သန်မာနေတုန်းပဲ၊ ခေါင်းဆောင်ကြီး ခင်ဗျား တကယ်တော်ပါတယ်”

“စာဆိုတော်ခန်းမ၊ အုပ်ချုပ်ရေးလောကက ပြိုင်ပွဲမှာတောင် ငါတို့ရဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာတွေထက် ဘာမှ မနိမ့်ကျဘူးပဲ၊ လေးစားပါတယ်”

အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့များအကြားရှိလေထုမှာ အလွန်သင့်မြတ်လှသည်။

၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်မှာ အနားရှိ ရွှေအမြုတေအဆင့် ၁၆ သင်းအကြား လေထုမှာ ပိုပျော်ရွှင်နေကြသည်။

သူတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။

တောက်၊ အားလုံး ပထမနေရာမှာ သရေကျတာပဲ။

ကျေနပ်စရာပဲ!

ချီးကျူးစကားများမှာ အလကားရသကဲ့သို့ စီးဆင်းနေသည်။

“ပထမရတဲ့အတွက် ဂုဏ်ယူပါတယ်”

“မပြောပါနဲ့ဦး”

“အပြန်အလှန်ပေါ့”

“အစွမ်းချင်း တူညီကြတာပါ”

“နောက်တစ်ခါ ထပ်ပြီး ယှဉ်ပြိုင်ကြတာပေါ့”

[...]

[တောက်]

[ငါတို့ပဲ နစ်နာတာပါ...]

[ရွှေအမြုတေအဆင့် အဆင့်သတ်မှတ်ချက်အပေါ် ငါလောင်းထားတဲ့ အလောင်းအစားတွေ အကုန်မှားကုန်ပြီ!]

[ဒါက ဒီပြိုင်ပွဲရဲ့အဆုံးသတ်လား ဘုရားရေ၊ ငါ ရွှေအမြုတေအဆင့် ထိပ်သီးသုံးသင်းပေါ်မှာ ဝိညာဉ်ကျောက်တုံး သုံးသောင်း လောင်းထားတာ!]

[ကယ်ကြပါဦး၊ ထိပ်သီးသုံးသင်းအပေါ် ငါ လောင်းထားတာတွေ အကုန်မှားကုန်ပြီ!]

[ပထမနေရာပဲ ရှိပြီး ဒုတိယနဲ့ တတိယ မရှိဘူးလား ဒိုင်ကတော့ အကြီးအကျယ်နိုင်သွားပြီ!]

[အာ!]

[ဒီလိုတော့ မဖြစ်သင့်ဘူး မဟုတ်လား နောက်ထပ် ထိပ်သီးဆယ်သင်းဆိုတာရှိသေးတယ် မဟုတ်လား ထိပ်သီးဆယ်သင်းပြီးရင် ထိပ်သီးငါးသင်း၊ နောက်ဆုံး ထိပ်သီးသုံးသင်းဆိုတာကို ငါ လိုချင်တာ!]

[ဟုတ်တယ်!]

ရွှေအမြုတေအဆင့် အဆင့်သတ်မှတ်ချက်အပေါ် အလောင်းအစားလုပ်ထားသူ အားလုံးမှာ စိတ်ပျက်အားငယ်နေကြသည်။

ဤပြိုင်ပွဲ၏ ဒိုင်သာလျှင် အကြီးမားဆုံးအနိုင်ရရှိသူ ဖြစ်ခဲ့သည်။

အဖွဲ့အသီးသီးမှ တစ်ဦးကိုတစ်ဦးထူပေးနေကြစဉ် ဝိညာဉ်ကုန်သည်အသင်း၏မဟာကျင့်ကြံသူအဆင့်ရှိ အကြီးအကဲ ရှန့်လိုင်လိုင် သည် စိန်များနှင့်ရွှေခြည်ထိုးထားသော ရွှေနီရောင်ဝတ်စုံကို ဝတ်ဆင်လျက် မထိန်းနိုင်သော တောက်ပသည့် အပြုံးဖြင့် လေထဲတွင် ပေါ်လာတော့သည်။

“အားလုံးပဲ အပင်ပန်းခံကြိုးစားခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သူမ စိတ်ဓာတ်တက်ကြွနေသည်မှာ သိသာလှသည်။ သူမ စကားပြောသည့်အခါ အနီရောင်နှုတ်ခမ်းလွှာများမှာ အထက်သို့ ကွေးတက်နေတော့သည်။

[ရှန့်လိုင်လိုင် : ငါတော့ ထီပေါက်ပြီ!]

[သူက မြို့ကြီး တစ်ဆယ့်နှစ်မြို့မှာရှိတဲ့ ဝိညာဉ်ကုန်သည်အသင်းရဲ့လောင်းကစားရုံတွေကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်]

[ဟဲဟဲ၊ သူ့ အပြုံးကို မဖုံးဖိနိုင်တော့ဘူး]

မဟာကျင့်ကြံသူအဆင့်ရှိ အကြီးအကဲ ရှန့်လိုင်လိုင်သည် မြေပြင်ပေါ်ရှိ လူအုပ်ကြီးထံသို့ ဝိညာဉ်စွမ်းအင် ပုတီးစေ့အချို့ကို ရက်ရက်ရောရော ပေးကမ်းလိုက်သည်။

ပုတီးစေ့များမှာ ၎င်းတို့ခန္ဓာကိုယ်ထဲသို့ ဝင်သွားကြသည်။

ချက်ချင်းမြေပြင်ပေါ်ရှိ လူတိုင်းမှာ သူတို့၏အမြင့်ဆုံး ဝိညာဉ်စွမ်းအင် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။

“လူကြီးမင်းတို့ ကျွန်မ အခု ဤနှစ်ရဲ့ထိပ်သီးဆယ်သင်း ဝိညာဉ်လမ်းစဉ်ပြိုင်ပွဲကို ကြီးကြပ်သူကိုယ်စား ကြေညာပါ့မယ်”

“ယခုနှစ်၏ ရွှေအမြုတေအဆင့်ပြိုင်ပွဲ အောင်မြင်စွာပြီးဆုံးသွားပါပြီ”

[!]

[တောက်! မျှော်လင့်ထားတဲ့အတိုင်းပဲ! ဒိုင်တွေကတော့ ချမ်းသာသွားပြီ!]

[လိမ်တာ လား!? ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေကော?]

ရှန့်လိုင်လိုင် ကောင်းကင်ယံရှိ ထုတ်လွှင့်မှု ဖန်သားပြင်၏အဆုံးကို ငေးကြည့်လျက် ပြုံးလိုက်သည်၊ ကြည့်ရှုသူပေါင်းများစွာကို ကြည့်နေသည့်အလားပင်။

“လူတိုင်း သိကြတဲ့အတိုင်းပဲ၊ ဆယ်နှစ်တစ်ကြိမ်ဂိုဏ်းတစ်ခုစီက အလှည့်ကျကျင်းပရတဲ့ ဝိညာဉ်လမ်းစဉ်ပြိုင်ပွဲဟာ ကုန်ကျစရိတ် တော်တော်လေးများပါတယ်”

“ဒါပေမဲ့ ကျွန်မတို့တွေ ဇွဲမလျှော့ဘဲ ရပ်တန့်မသွားခဲ့ပါဘူး”

“ကျွန်မတို့ ဂိုဏ်းတွေက ဒီကြီးကျယ်တဲ့ ပွဲတော်ကြီးကိုတာဝန်ယူ ကျင်းပပေးရတာဟာ ရည်မှန်းချက်တစ်ခုတည်းအတွက်ပါ - အဲ့ဒါကတော့ မတူညီတဲ့ ကျင့်ကြံခြင်းလမ်းစဉ်က တပည့်တွေကို ထူးချွန်ထက်မြက်အောင်နဲ့ ယှဉ်ပြိုင်လိုစိတ် ရှိအောင် လှုံ့ဆော်ပေးဖို့ပါပဲ!”

“ဝိညာဉ်လမ်းစဉ်ကြီး ဆယ်ခုမှာ ကိုယ်ပိုင်ကျင့်ကြံခြင်း လမ်းကြောင်းတွေ ရှိကြပါတယ်”

“မင်းတို့မှာ သတ္တိ၊ ပါရမီနဲ့ဇွဲလုံ့လ ရှိနေသရွေ့ပေါ့!”

“ဘယ်လမ်းစဉ်ပဲဖြစ်ဖြစ်၊ အကြွင်းမဲ့ အရှုံးအနိုင်ဆိုတာ မရှိပါဘူး”

အဲ့ဒီလိုပြောပြီးနောက် ရှန့်လိုင်လိုင်သည် ရှီးရှန်ဆောင်အဖွဲ့တွင် ရပ်နေသော စုကျိုကို တစ်ချက် ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည် “သေချာတာပေါ့၊ ကျွန်မရဲ့ ဝိညာဉ်ကုန်သည်အသင်းကတော့ကျန်တဲ့ လမ်းစဉ်ကိုးခုထက် သာလွန်ပါတယ်”

စုကျိုမှာ ငေးငိုင်နေရာမှ မော့ကြည့်မိသွားသည်။

အခြားဂိုဏ်းများမှ တပည့်များမှာပါးစပ်ဟလိုက်ပြီး ကန့်ကွက်ချင်ကြသော်လည်း အခုတင်ရရှိထားသော ဝိညာဉ်စွမ်းအင် ပုတီးစေ့များကြောင့် စကားပင်မပြောနိုင်ဖြစ်သွားကြရသည်။

"..."

ရှန့်လိုင်လိုင်မှာ ကျေနပ်သွားပြီး ဆက်ပြောသည်။

“ပိုက်ဆံကလောကကြီးကို လည်ပတ်စေတာလေမယုံရင် ဝိညာဉ်ကုန်သည်အသင်းထဲ ဝင်ကြည့်လိုက်ပါ”

“ဝင်ကြည့်ပြီးမှပဲ ဘယ်သူက အစွမ်းထက်ဆုံးတာအိုကျင့်စဉ်ကို ပိုင်ဆိုင်ထားလဲဆိုတာ သိရမှာပါ”

[...]

[ဘေးထွက်စကား : ကိုယ်ကျိုးစီးပွားကြော်ငြာနေတာပဲ...]

“ဟူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မတို့တွေ အရမ်းဝမ်းနည်းမိပါတယ်”

ရှန့်လိုင်လိုင်မှာ မရယ်မိအောင်ထိန်းထားရသော်လည်း သူ့ကိုယ် သူ့ ထိန်းချုပ်ကာနာကျင်ခံစားနေရသည့် အမူအရာ လုပ်လိုက်သည်။

“ရွှေအမြုတေအဆင့် ၁၆ သင်းဟာ အထဲမှာပဲ အောင်းနေခဲ့ကြပြီး အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေရဲ့ဝိုင်းရံမှုကို အငြိမ်ခံ တုံ့ပြန်ခဲ့ကြပါတယ်”

“ရွှေအမြုတေအဆင့် ထိပ်သီးဆယ်သင်းပြိုင်ပွဲမှာ သူတို့အားလုံးဟာ အမှတ်တွေ ကုန်ခမ်းသွားပြီး သုညနဲ့အဆုံးသတ်သွား ခဲ့ရပါတယ်!”

“ဒီနှစ်မှာ မင်းတို့ ၁၆ ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့်တွေဟာ ပထမရော နောက်ဆုံးရောဖြစ်နေကြတာပဲ!”

ရှန့်လိုင်လိုင် စကားလုံးများမှာ ဆူပူကြိမ်းမောင်းသကဲ့သို့ထက်မြက်လှသည်။

“ဒီနှစ်ရဲ့ထိပ်သီးဆယ်သင်းဟာ ရာစုနှစ်တစ်ခုအတွင်း ရွှေအမြုတေအဆင့် နယ်ပယ်အတွက် အရှက်ရစရာပါပဲ!”

ဂိုဏ်း ၁၆ ဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ချက်ချင်းမျက်နှာနီသွားကြသည်။

အထူးသဖြင့် ‘အထဲမှာပဲ အောင်းနေကြစို့’ ဆိုတဲ့ အကြံဆိုးကြီးကိုပေးခဲ့တဲ့ နတ်လက်နက်လမ်းစဉ်က ကျွင်းပိုင်ရန်မှာ အရှက်လွန်း လို့မော့တောင် မကြည့်ရဲတော့ပေ။

“ညီမလေးစုကျိုသာ မရှိရင်... ဒီလိုဖြစ်လာမှာ မဟုတ်ဘူး”

စုကျိုကမူ အပြစ်ကင်းစင်စွာဖြင့် လက်ဖြန့်ပြလိုက်သည်။

“လူတွေကို လျှောက်ပြီး အပြစ်မပုံပါနဲ့”

“ဒီလောကရဲ့ကျင့်ကြံခြင်းလမ်းစဉ်တွေဟာ ဒီနေ့ ငါတို့မြင်တွေ့နေရတာထက် အဆပေါင်းများစွာ ပိုပြီးရက်စက်ပါတယ်” ရှန့်လိုင်လိုင် သက်ပြင်းချလိုက်သည်။

“ဒီနှစ်ရဲ့ရွှေအမြုတေအဆင့်ပြိုင်ပွဲမှာ မူလက ထိပ်သီးဆယ်သင်းပြီးရင် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ နောက်ဆုံး သုံးသင်းယှဉ်ပြိုင်ပွဲဆိုတာရှိပါတယ်”

“ဒါပေမဲ့ အခုတော့ အဲ့ဒါတွေကို အကုန်ဖျက်သိမ်းဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါပြီ!”

ရှန့်လိုင်လိုင်သည် ကောင်းကင်ယံရှိထုတ်လွှင့်မှုကိုကြည့်လိုက်ရာ သူမ၏အပြုံးများ နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး ပြတ်သားစွာ ကြေညာလိုက်တော့သည်။

“ဒါက ဒီနှစ်ရဲ့ဂိုဏ်းအသီးသီးက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေအတွက် ကျွန်မရဲ့အပြစ်ပေးမှုပါပဲ”

“နောက်နောင်မှာ မင်းတို့အားလုံးဟာ မောက်မာမှုနဲ့ရောင့်ရဲမှုတွေကို သတိထားကြပါ၊ ပြီးတော့ ဒီနေ့ အမှတ်သုညရခဲ့တဲ့ အရှက်ကို မှတ်ထားကြပါ”

“ဒီနှစ်မှာ ထိပ်သီးဆယ်သင်းဆိုတာမရှိဘူး၊ နောက်ဆုံးနေရာမှာ သရေကျတဲ့သူတွေပဲ ရှိတယ်!”

ဂိုဏ်းအသီးသီးမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ ပါးစပ်ဟလိုက်ကြပြီးမှပြန်ပိတ်လိုက်ကြသည်။

တကယ်လို့ သူတို့တွေ ချက်ချင်းပူးပေါင်းခဲ့ကြပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူ တစ်ရာနီးပါးပါတဲ့ အစီအရင်တစ်ခုကို ဖွဲ့စည်းခဲ့မယ်ဆိုရင် သူတို့ထဲက တစ်ယောက်မှအဖမ်းခံရမှာ မဟုတ်ပါဘူး။

မောက်မာမှု၊ အထင်ကြီးမှု၊ အထင်သေးမှု၊ ကြောက်ရွံ့မှုနဲ့ တစ်ဦးတည်း ကင်းကွာနေမှုတွေက စုကျိုရဲ့အဖွဲ့ကို သူတို့ကို တစ်ဆင့်ချင်းစီ ခြေမှုန်းခွင့် ပေးလိုက်သလိုဖြစ်ခဲ့တာပါ။

သူတို့ရဲ့ကြီးမားလှတဲ့ အားသာချက်တွေဟာ လုံးဝကုန်ဆုံးသွားခဲ့ရပါပြီ။

ဂိုဏ်း ၁၆ ဂိုဏ်းမှ ရွှေအမြုတေအဆင့် အဖွဲ့ခေါင်းဆောင်များ ချက်ချင်းမတ်တပ်ရပ်လိုက်ကြပြီး မဟာကျင့်ကြံသူအဆင့်ရှိ အကြီးအကဲရှန့်လိုင်လိုင်ကို ရိုသေစွာဦးညွှတ်လိုက်ကြသည်။

ဒီတစ်ခါတော့ အစစ်အမှန်လေးစားမှုပါပဲ။

“ဝိညာဉ်ကုန်သည်အသင်းအကြီးအကဲ ရှန့်လိုင်လိုင်ရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”

“ကျွန်တော်တို့ ဒီသင်ခန်းစာကိုမှတ်ထားပါ့မယ်၊ ပြီးတော့ နောက်နောင်ကျင့်ကြံမှုတွေမှာလည်း အသုံးချပါ့မယ်”

“နောက်ဆိုရင် ကျွန်တော်တို့ ညီလေး ညီမလေးတွေကိုမြင်တာနဲ့ အရင်ဆုံးပြေးပြီး ရိုက်နှက်ကြရမယ်!”

အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများမှာ ဆွံ့အသွားကြသည်။ သူတို့ အားလုံးစုကျိုကို အပြစ်တင်သည့်အလား ကြည့်လိုက်ကြသည်။

စုကျိုက ဆိုသည်။

“ဒါ ကျွန်မနဲ့ဘာမှမဆိုင်ပါဘူး ရှင်တို့လည်း ရှင်တို့ရဲ့ကိုယ်ပိုင် စီနီယာအစ်ကို အစ်မတွေကို ရိုက်ခဲ့တာပဲလေ၊ ရှင်တို့က ကျွန်မထက် တောင်ပိုပြီး အားရပါးရရိုက်ခဲ့ကြတာပဲဟာ”

"..."

ရှန့်လိုင်လိုင် ချောင်းဟန့်လိုက်ပြီး သူတို့ကိုထခိုင်းရန် လက်မြှောက်ပြလိုက်သည်။

သူ့ အင်္ကျီလက်ဝပေါ်က ရွှေခြည်ထိုးထားမှုများမှာ တောက်ပလင်းလက်နေသည်။ ထို့နောက် သူမ စုကျိုဘက်သို့လှည့်လိုက်သည်။

“ဒီရွှေအမြုတေအဆင့်ပြိုင်ပွဲကတော့ အခု ပြီးဆုံးပါပြီ”

“အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲကတော့...”

ရှန့်လိုင်လိုင် မျက်စိမှိတ်လိုက်သည်။

“ရှီးရှန်ဆောင်တပည့် စုကျို၊ ဝိညာဉ်ကုန်သည်အသင်းတပည့် ရှန့်ပုကျဲ၊ နတ်လက်နက်လမ်းစဉ်တပည့် ဝေချန်ရှန်း”

“အခြေခံတည်ဆောက်ခြင်းအဆင့် ထိပ်သီးဆယ်သင်းပြိုင်ပွဲမှာ မင်းတို့ သုံးဂိုဏ်းဟာ ထိပ်သီးသုံးသင်းစာရင်းမှာနေရာရခဲ့ကြတယ်”

“ဒါပေမဲ့ မင်းတို့ရဲ့ အစွမ်းကုန်ကြိုးစားမှုကိုတော့ ကျွန်မ မမြင်ခဲ့ရဘူး”

“ဒီတိုက်ပွဲက စစ်သုံ့ပန်းတွေရဲ့အင်အားပေါ်မှာပဲ အများကြီးအခြေခံခဲ့ကြတာလေ”

“စုကျို၊ ရှန့်ပုကျဲ၊ ဝေချန်ရှန်း၊ မင်းတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်၊ ဒီနေ့ရဲ့အဆင့်သတ်မှတ်ချက်ကို နောက်ဆုံးရလဒ်အဖြစ် လက်ခံမလား၊ ဒါမှမဟုတ် နောက်ထပ်ထိပ်သီးသုံးသင်း စိန်ခေါ်ပွဲကို ဆင်နွှဲဖို့ဆန္ဒရှိကြလား”

“အခြေခံတည်ဆောက်ခြင်းအဆင့်မှာ တကယ့်ကိုအသိအမှတ်ပြုခံရမယ့် နံပါတ်တစ်ဘွဲ့ထူးကို ရယူလိုက်ကြစမ်း!”

အကြီးအကဲက သူမကို ညွှန်ပြနေခြင်းဖြစ်သည်။

စုကျို မော့ကြည့်လိုက်သော်လည်း ပြန်မဖြေခဲ့ပေ။

သူမနောက်က အသင်းဖော်များကို ချက်ချင်းလှည့်ကြည့်လိုက်သည်။

လဲ့ကျယ်၊ တောက်ဟယ်၊ မူချင်းချိုး နှင့်လိုကျား၊ ထိုပြိုင်ပွဲဝင် လေးဦး..

ပြီးတော့ သူတို့ဆီကို ပူးပေါင်းဖို့ရောက်လာကြပြီဖြစ်တဲ့ ယင်လီနဲ့ ဟောင်ယို့လုတို့ပေါ့…

ဒါက သူမ တစ်ယောက်တည်း တိုက်နေတဲ့ တိုက်ပွဲမဟုတ်ပါဘူး။

ဒါကို သူမတစ်ယောက်တည်း မဆုံးဖြတ်သင့်ဘူး။

စုကျို : “ရှင်တို့ ဘယ်လို ထင်ကြလဲ”

ယင်လီ တွေဝေသွားသော်လည်း သူ့ မျက်လုံးများမှာ တောက်ပနေသည်။

သူမ နာမည်ကြီးချင်သည်၊ သူမ စံပြတစ်ယောက်ဖြစ်ချင်သည်။

ဤအချိန်တွင် သူမ တိုက်ခိုက်ချင်သည်!

သူမ ပိုပြီးတောက်ပခွင့်ရမယ့် အခွင့်အရေးတွေကိုလိုချင်သည်!

လဲ့အော်၊ လဲ့ကျယ်နှင့် လျန်ဟော့ကျီတို့လည်း အသက်ရှူသံပြင်းနေကြသည်။ သူတို့အားလုံးက တိုက်ခိုက်ချင်နေကြသူတွေပါ!

တောက်ဟယ်နှင့် မူချင်းချိုးတို့ကတော့ လယ်သမားနှင့် တံငါသည်များ ဖြစ်ကြသည့်အတိုင်း အေးအေးဆေးဆေးစရိုက်ရှိကြသည်။

“ဒီလိုမျိုး ပထမရတာနဲ့တင် အဆင်ပြေပါတယ် တခြားလူတွေ ဘာတွေးတွေးဂရုမစိုက်ပါဘူး!”

“အတိအကျပဲ၊ ငါတို့က နံပါတ်တစ်လေ!”

ကျူးပိုင်ယွီလည်း အဲ့ဒါကို သဘောကျသည်။

“ဘယ်သူကမှ မကျေနပ်ဘူးဆိုရင် ငါတို့ရဲ့မဟာကျင့်ကြံသူလု ကို သွားပြောခိုင်းလိုက်ပေါ့!”

စုကျို သဘောပေါက်သွားရသည်။

သူမ ခေါင်းညိတ်လိုက်သည်။ သူတို့အဖွဲ့ဟာ တစ်ခါမှ တသားတည်းမဖြစ်ခဲ့ကြပါဘူး။

“တကယ်လို့ ငါတို့ ထပ်တိုက်ရင် ငါတို့တွေ လူစုကွဲသွားနိုင်တယ်”

"..."

စုကျိုသည် ရှန့်လိုင်လိုင်ဘက်သို့လှည့်ကာ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“ကျွန်မတို့ ပထမနေရာကိုပဲ ဆက်ယူထားပါ့မယ်၊ အရှက်ရမှာကို ဂရုမစိုက်ပါဘူး”

“!”

[!!]

မဟာကျင့်ကြံသူအဆင့်ရှိ ရှန့်လိုင်လိုင်ပင်လျှင် စုကျို အဖြေကြောင့် မှင်သက်သွားရသည် သူ စီးပွားရေးလောကမှာ အကြာကြီး ကျင့်ကြံခဲ့သော်လည်း၊ ပြီးတော့ အပြင်လူတွေက သူမကို “လူလိမ်နတ်သမီး” လို့ အမည်ပြောင် ပေးထားကြသော်ငြား …

ယခုအချိန်တွင်တော့ ရှန့်လိုင်လိုင်သည် သူမထက် သာသူရှိနေသေးသည်ဟု ခံစားလိုက်ရသည်။

သူမသည် သူ့ တပည့်စုကျိုလောက်တော့ အရှက်မရှိရဲပါဘူး။

“ကောင်းပြီ” ရှန့်လိုင်လိုင် အားကိုးရာမဲ့စွာ ခေါင်းညိတ်လိုက်ပြီးမှ အနည်းငယ်ရယ်ချင်သွားမိသည်။

“မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ လေးစားပါတယ်”

“အစကတော့ ကျွန်မ နောက်ထပ်စိန်ခေါ်ပွဲတစ်ခုလုပ်ဖို့ စဉ်းစားထားတာပါ၊ အဆင့် ၄ ကနေ ၁၀ အထိ ရထားတဲ့ အဖွဲ့တွေက ထိပ်သီးသုံးသင်းကို စိန်ခေါ်နိုင်မယ့်ပွဲပေါ့”

“ပွဲတိုင်းမှာ မင်းတို့ သုံးဂိုဏ်းရဲ့နည်းပညာတွေရဲ့ အားသာချက်တွေကို ပြသနိုင်မှာပေါ့”

“ဥပမာ၊ ရှီးရှန်ဆောင်တပည့်တွေဆိုရင် စင်ပေါ်မှာ ရှင်တို့ရဲ့အနိုင်ရခဲ့တဲ့ ရှီးရှန်ပိုးချည်တွေကို ကြော်ငြာနိုင်တာပေါ့”

စုကျို ခေါင်းမော့လိုက်သည်။

“မင်းတို့ ဆန္ဒမရှိဘူးဆိုရင်လည်း ထားလိုက်ပါတော့၊ ယခုနှစ် အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ထိပ်သီးသုံးသင်းကတော့ ရှီးရှန်ဆောင်၊ ဝိညာဉ်ကုန်သည်အသင်းနဲ့ နတ်လက်နက်လမ်းစဉ်တို့ဖြစ်ကြောင်း ကျွန်မ ကြေညာလိုက်ပါတယ်၊ ဂုဏ်ယူပါတယ်”

စုကျို သဘောတူသည့်အနေဖြင့် အသံပြုလိုက်ပြီး သူ့ လက်များကို နောက်ကျောမှာထားလိုက်သည်။

“ကျွန်မရဲ့ ရှီးရှန်ဆောင်အဖွဲ့နဲ့ ကျွန်မကတော့ ယခုနှစ်ပြိုင်ပွဲရဲ့အနိုင်ရသူတွေအနေနဲ့ အကြီးအကဲရှန့်လိုင်လိုင် ပြောသလိုမျိုး ချစ်ကြည်ရေးဖလှယ်ပွဲ အနည်းငယ်လုပ်ဖို့တော့ ကိစ္စမရှိပါဘူး”

“ဒါ အဆင့်သတ်မှတ်ချက်ကိုမထိခိုက်စေဘဲ ဂိုဏ်းတစ်ခုစီရဲ့ သင်ယူမှုရလဒ်တွေကို ပြသရုံသက်သက်ပါပဲ”

ရှန့်လိုင်လိုင် : "..."

စုကျို ပြုံးလျက် အခြေခံတည်ဆောက်ခြင်းအဆင့် ထိပ်သီးဆယ်သင်း အဖွဲ့များဘက်သို့လှည့်လိုက်သည်။

“ကျွန်မတို့ရဲ့ ပိုးကောင်တွေအတွက်ကြော်ငြာပေးဖို့ လူတိုင်းကို ဖိတ်ခေါ်ပါတယ်၊ မဟုတ်ဘူး၊ ကျွန်မတို့နဲ့ ချစ်ကြည်ရေးပွဲတွေ ဆင်နွှဲဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်နော်~”

“ရလဒ်ကိုတော့ နောက်နှစ်ပါဝင်မယ့် ဂျူနီယာညီလေး ညီမလေးတွေက ဆုံးဖြတ်ပေးနိုင်မှာပေါ့”

“!!!”

“ချစ်ကြည်ရေးပွဲတွေ ဘယ်တော့စမှာလဲ မနက်ဖြန်လား”

စုကျိုကမူ ခေါင်းလှည့်ကာ အကြီးအကဲရှန့်လိုင်လိုင်ကို ရိုသေစွာမေးလိုက်သည်။

All Chapters