အခန်း (၁၈၂)
Vol. 19 Ch. 182
🥝 Chapter 182
ချစ်ကြည်ရေးဖလှယ်ပွဲပြိုင်ပွဲဟာ နောက်ဆုံးမှာတော့ ဂိုဏ်းတစ်ခုစီက အသန်မာဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်စီကို ရွေးချယ်ပြီး လူတစ်ဆယ်ပါတဲ့ စိန်ခေါ်မှုအဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ပါတယ်၊ အဲ့ဒီအဖွဲ့က စုကျိုဦးဆောင်တဲ့ ရှီးရှန်ဆောင်အဖွဲ့နဲ့ စင်မြင့်တိုက်ပွဲ ဆင်နွှဲရမှာပါ။
ဒီတစ်ခါတော့ ထူးထူးဆန်းဆန်း မြေမျက်နှာသွင်ပြင်တွေ ဒါမှမဟုတ် စည်းကမ်းတွေမရှိတော့ပါဘူး။
ရိုးရှင်းတဲ့ လူတစ်ဆယ်ချင်းစီရဲ့ စင်မြင့်တိုက်ပွဲပဲဖြစ်ပါတယ်!
ရှန့်လိုင်လိုင်ကမူ ဂိုဏ်းတစ်ခုစီက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကို ကြည့်ပြီးပြောလိုက်သည်။
"မင်းတို့ရဲ့အဖွဲ့ဝင်စာရင်းကို အတည်ပြုဖို့ သုံးရက်အချိန်ပေးမယ်၊ ပြီးတော့ အနားယူဖို့နောက်ထပ် သုံးရက်ပေးမယ်"
"သုံးရက်အကြာမှာတော့ ဒီစိန်ခေါ်ပွဲကို တစ်ကမ္ဘာလုံးသိအောင် ထုတ်လွှင့်ပြသသွားမှာပါ"
အသန်မာဆုံး အဖွဲ့တစ်ဆယ်ဟာ စုကျိုရှိတဲ့ ရှီးရှန်ဆောင်အဖွဲ့ကို ချက်ချင်းဝိုင်းလိုက်ကြသည်။
"ညီမလေးစုကျို၊ ငါတို့ရဲ့ တိုက်ပွဲကို ငါ မျှော်လင့်နေပါတယ်"
နတ်လက်နက်လမ်းစဉ်မှ အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့ခေါင်းဆောင် ဝေချန်ရှန်းက သူမကို ခေါင်းညိတ်ပြပြီး သူ့အဖွဲ့ကို ဦးဆောင်ကာ မထွက်ခွာမီအော်ပြောလိုက်သည်။
"ကျန်တဲ့ ဂိုဏ်းကိုးခုက အဖွဲ့ခေါင်းဆောင်တွေ၊ ငါ့ရဲ့ နတ်လက်နက်လမ်းစဉ်ခြံဝင်းကို လာခဲ့ကြပါ"
"အဖွဲ့လိုက် လုပ်ဆောင်မှုကို လေ့ကျင့်ကြမယ်!"
"သုံးရက်အတွင်းမှာ ရှီးရှန်ဆောင်ကို အပြတ်ရှင်းကြမယ်!"
"ကောင်းပြီ!"
"ဂိုဏ်းကိုးခုက အဖွဲ့ခေါင်းဆောင်တွေရဲ့အစွမ်းတွေကို ပေါင်းစပ်လိုက်ရင်တောင် ရှီးရှန်ဆောင်ကို မနိုင်ဘူးဆိုတာ ငါတို့ မယုံဘူး!"
"ဟဲဟဲ၊ ငါတို့ ဂိုဏ်းကိုးခုပူးပေါင်းလိုက်ရင် ငါတို့ရဲ့ အရည်အချင်းတွေက စုံလင်နေမှာပဲ၊ ငါတို့အားလုံးလည်း ရွှေအမြုတေအဆင့် ရောက်ဖို့ လက်တစ်ကမ်းအလိုတွေချည်းပဲ၊ စိန်ခေါ်ပွဲမှာ ရှီးရှန်ဆောင်ကိုအမှုန့်ကြိတ်ပစ်မယ်!"
ရှီးရှန်ဆောင် အဖွဲ့ဝင်များ : "..."
သူတို့အားလုံးခေါင်းလှည့်ပြီး စုကျိုကို အံ့ဩစွာငေးကြည့်လိုက်ကြသည်။ စုကျိုကမူ ပုခုံးတွန့်ပြလိုက်သည်။
"ရပါတယ်၊ ငါတို့တွေ အခက်အခဲတွေကြားကနေ သေချာပေါက်ပြန်လည်ရှင်သန်လာမှာပါ"
သူ့မှာ ဘာဖိအားမှမရှိဘဲ သူမ အနားယူမယ့် ခြံဝင်းကိုပြန်သွားသည် သူမ ချန်ယွမ်ကို ရှောင်ပိုင့်အားစောင့်ကြည့်ခိုင်းပြီးနောက် အိစက်ညက်ညောတဲ့ အိပ်ရာထဲကိုပြေးဝင်လိုက်တော့သည်။ ထိပ်သီးဆယ်သင်းပြိုင်ပွဲအတွင်းမှာ ထပ်ခါတလဲလဲ ပုံတူပွားခဲ့ရသဖြင့် သူမရဲ့ခန္ဓာကိုယ်ခွန်အား၊ ဝိညာဉ်စွမ်းအင်နဲ့သွေးသားစွမ်းအင်တွေ ကုန်ခမ်းခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာပါနွမ်းနယ်နေခဲ့ရသည်။
"ချန်ယွမ်..."
ချန်ယွမ်က သူမကိုစောင်ခြုံပေးပြီး သူမရဲ့ပင်ပန်းနေတဲ့ ညာဘက်လက် ကြွက်သားတွေကို အသာအယာနှိပ်ပေးလိုက်သည်။ သူမရဲ့ ခပ်တိုးတိုးခေါ်သံကို ကြားတဲ့အခါ သူက မအိပ်ဘဲကြိုးစားနေတဲ့ သူမရဲ့မျက်နှာလေးကိုမော့ကြည့်လိုက်သည်။ သူက စောင်လေးကို ဆွဲတင်ပေးပြီး သူမရဲ့နီရဲနေတဲ့ နှုတ်ခမ်းလွှာလေးတွေကိုဖုံးအုပ်ပေးလိုက်သည်။ ထိုနှုတ်ခမ်းတွေကိုထိချင်တဲ့ စိတ်ကို သူ အောင့် အည်းထားလိုက်ရသည်။
"မင်း ပြောတာက ဟိုသင်္ချိုင်းမှာမရှိတဲ့ ခြောက်ယောက်မြောက် ငါး ဖူစန်းကိုပြောတာလား ? အင်း၊ သူ့ဒဏ်ရာတွေကို ကုဖို့ သူ့ရဲ့ ဂူဗိမာန်ကျောက်တိုင်ကို ငါ ဖယ်လိုက်တဲ့လူပေါ့"
"သူက ဆေးပညာပါရမီရှင်တစ်ယောက်ပဲ၊ ကုသတဲ့နေရာမှာ ပါရမီရှင်ပဲ၊ သူက ဘယ်လိုလုပ်ပြီး ရောဂါနဲ့သေသွားနိုင်မှာလဲ ? သူက လျောင်ချွမ်းလိုပဲ သေချင်ယောင်ဆောင်ပြီး အမှတ်အသားပြောင်းလိုက်တာများလား ?"
မူလကတော့ စုကျိုဟာ ဒီလူ့အကြောင်းကို ဆက်မတွေးတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူမက သင်္ချိုင်းကိုလည်း တူးပြီးပြီ၊ ကျောက်တိုင် ကိုလည်းနင်းပြီးပြီလေ။ ဖူစန်းနဲ့ပတ်သက်ပြီး သူမ ဘာဆက်လုပ်နိုင်ဦးမှာလဲ? သူမကတော့ ပြန်မရနိုင်တော့တဲ့ အကြွေးအချို့အ တွက် ကြိုတင်ပြင်ဆင်ထားပြီးသားပါ။
ဒါပေမဲ့ ဟိုတစ်နေ့က မဟာကျင့်ကြံသူ ရှန့်လိုင်လိုင်ပြောတာကို သူမ ကြားလိုက်ရသည်။ လူတိုင်းမှာ ရေတွက်လို့မရတဲ့ကံကြမ္မာ တွေ ရှိတယ်တဲ့။ ဝိညာဉ်ကျောက်တုံး ပတ်သက်မှုတွေကလည်း အဲ့ဒီထဲကတစ်ခုပေါ့။ တကယ်လို့ ဝိညာဉ်ကျောက်တုံး အရောင်း အဝယ်တွေက မရှင်းလင်းဘူးဆိုရင်၊ အကြွေးတွေက အထက်ဘုံကို တက်တဲ့အခါမှာ ကံကြမ္မာရဲ့ အဆိုးဆုံး ပြဿနာဖြစ်လာလိမ့် မယ်တဲ့။ အထက်ဘုံတက်ဖို့ လျှပ်စီးဒဏ်ကို ခံရလေလေ၊ ဝိညာဉ်ကျောက်တုံး ပတ်သက်မှုတွေကြောင့် ပြန်လည်တုံ့ပြန်မှုကို ခံရဖို့ ပိုများလေလေပဲတဲ့။ ဒါက သူမကို ဖူစန်းအကြောင်း ပြန်သတိရစေသည်။
"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
မိစ္ဆာကြီးမျက်လုံးများ နက်မှောင်သွားသည်။
"မျိုးနွယ်စုအတော်များများမှာ အရေခွံလဲနိုင်တဲ့ အရည်အချင်းရှိကြတယ်"
မိစ္ဆာကျင့်ကြံသူ လျောင်ချွမ်း၊ အခု လျောင်ချွမ်းလို့ သိကြတဲ့သူမှာ မြွေလိုမျိုးပါရမီရှိပြီး အရေခွံလဲတိုင်း လူသားပုံစံအသစ်ကို ရွေးချယ်နိုင်တယ်။
"လူသားကျင့်ကြံသူတွေဆိုရင်လည်း ကိုးကိုးရှစ်ဆယ့်တစ် လျှပ်စီးဒဏ်ကိုခံယူပြီး မဟာကျင့်ကြံသူအဆင့်ကို ဝင်ရောက်တဲ့အခါ၊ လျှပ်စီးဒဏ်ခံယူနေတုန်းမှာ သူတို့ရဲ့ရုပ်ခန္ဓာကို ပြန်လည်သွန်းလုပ်ပြီးပုံစံအသစ်ဖော်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ပြောကြတယ်"
စုကျို ခေါင်းညိတ်လိုက်သည်။ သူမ ငိုက်နေတုန်းပါပဲ၊ ပြီးတော့ သမ်းဝေလိုက်သည်။
"ဒါဆို ငါ့အတွက် ဒါကို မှတ်ထားပေးပါ၊ နောက်တစ်ခါ ဝိညာဉ်ကုန်သည်အသင်းက အကြီးအကဲရှန့်လိုင်လိုင်နဲ့ တွေ့ရင် ဖူစန်း အကြောင်း ငါ မေးရမယ်"
"တကယ်လို့ အဲ့ဒီလူက တကယ်သေသွားပြီဆိုရင်တော့ ငါနဲ့ သူနဲ့ကြားက ဝိညာဉ်ကျောက်တုံးပတ်သက်မှုက ပြီးသွားပြီပေါ့"
"ဒါမှမဟုတ် အကြီးအကဲရှန့်လိုင်လိုင်က သူ့မှာ တခြားဘာအမွေအနှစ်တွေ ရှိသေးလဲဆိုတာ တွက်ချက်ပေးနိုင်မလား ? ငါတို့ သွားတူးလို့ရအောင်လေ"
ချန်ယွမ် အမြန်ခေါင်းညိတ်လိုက်ပြီး သူမကို စောင်သေသေချာချာခြုံပေးကာ ငှက်ပျောရွက်ယပ်တောင်နဲ့ အသာအယာ ခတ်ပေး လိုက်သည် စုကျို ချက်ချင်းအိပ်ပျော်သွားတော့သည်။ သူမရဲ့အိပ်မက်ထဲမှာတော့ လေညင်းလေးတွေ ဝေ့နေသလိုပဲ၊ အရမ်းနေလို့ ကောင်းပါတယ် လမ်းတစ်လျှောက်မှာ လူအချို့ သူမကိုလာတွေ့ကြပေမယ့် ခြင်္သေ့ဖြူကြီးကိုပွေ့ထားတဲ့ ချန်ယွမ်က အကုန်တား ထားသည် မဟာကျင့်ကြံသူလုကျိကျောင်းတောင်မှ အတားခံရပြီး ခြံဝင်းတံခါးမှာ အားကိုးရာမဲ့စွာရပ်နေခဲ့ရသည်
"ချန်ယွမ်၊ ဒါကို စုကျိုကို ပြောပြပေးပါ"
"ရှုယိဝမ်ရဲ့ဝိညာဉ်ကျောက်တုံး အကြွေးဆပ်တာ ၂၅၀,၀၀၀ ဒီမှာ ရှိတယ်"
"တကယ်လို့ သူမမှာ သူ့ဆီက အကူအညီတောင်းစရာရန်ငြိုးတွေ ကျန်နေသေးရင်တော့ စိန်ခေါ်ပွဲပြီးရင် ကျင်းယွီထန်ဆီကို စာပို့ရလိမ့်မယ်"
ချန်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး လုကျိကျောင်းကို မကျေမနပ်ကြည့်လိုက်သည်။
"ဘာလို့လဲ"
လုကျိကျောင်း : "..."
ဒီမိစ္ဆာက မဟာကျင့်ကြံသူဖြစ်တဲ့ သူ့ကို လုံးဝမကြောက်ဘူးပဲ၊ တကယ် သတ္တိရှိတာပဲ၊ သူက သူ့သခင်ကို တကယ်ကာကွယ် တတ်တာပဲ လုကျိကျောင်းခေါင်းယမ်းလိုက်သည်။
"ဂိုဏ်းအားလုံးရဲ့ရွှေအမြုတေအဆင့်အဖွဲ့တွေ အပြတ်ရှင်းခံလိုက်ရတော့၊ ဂိုဏ်းတစ်ခုစီက အကြီးအကဲတွေက ဒီနှစ်ရွှေအမြုတေ အဆင့် ကျင့်ကြံသူတွေဟာကျင့်ကြံမှုတော့ရှိပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းတယ်လို့ ယူဆကြတယ် "
ဂိုဏ်းတစ်ခုစီက သူတို့ရဲ့ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကို တစ်နှစ်ကြာလေ့ကျင့်ဖို့အတွက် အပြင်ကိုလွှတ်လိုက်ကြပြီ
"ငါလည်း ရှုယိဝမ်ကို ကျင်းယွီထန်ဆီ ပို့လိုက်တယ်၊ အဲ့ဒီမှာ သူက အောက်ခြေကနေစပြီး ပြန်ကျင့်ကြံရမယ် "
"စုကျိုကို ပြောလိုက်ပါ၊ ငါ ကျင်းယွီထန်ကို ရှုယိဝမ်အပေါ်မညှာဖို့ မှာထားတယ်လို့"
လုကျိကျောင်းပြောနေရင်း သူ့အမူအရာကရှုပ်ထွေးသွားသည်။ စုကျို ပြိုင်ပွဲတုန်းက သူ့ရဲ့ဆရာအဖြစ် ဟန်ဆောင်ခဲ့တာကို သူ ထုတ် လွှင့်မှုမှာ မြင်ခဲ့သည်။ သူ့တပည့်စုကျို ဒီလောက်အထိသတ္တိရှိပြီးရဲတင်းလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး ပိုပြီးမထင်ထားတာက ရှုယိဝမ်က သူမကိုတကယ်ယုံသွားတာပဲ၊ စည်းကမ်းတွေက ရှင်းနေတာပဲလေ၊ ပြိုင်ပွဲစတာနဲ့ပါဝင်တဲ့ အဖွဲ့တွေကို ပြင်ပနဲ့ဆက်သွယ် ခွင့်မပြုဘူး၊ ဆက်သွယ်ရေးကျောက်တုံးတွေကိုတောင် သိမ်းထားတာလေ ရှုယိဝမ် ဘယ်လိုလုပ်ပြီး မဟာကျင့်ကြံသူဖြစ်တဲ့ ဂိုဏ်းချုပ်ကစည်းကမ်းဖောက်ပြီး သူတို့ကိုလာသင်ပြမယ်လို့ယုံရတာလဲ ? ဒါ ကျင့်ကြံမှုနိမ့်လို့ မဟုတ်ဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းလို့ပဲ! တကယ်လို့ သူ ရိုးသားဖြောင့်မတ်တဲ့သူဆိုရင် ရှုယိဝမ် တံခါးဖွင့်ပြီး စုကျိုကိုအထဲပေးဝင်မှာ မဟုတ်ဘူး။
"ငါ သူ့ကို ဒီလို အပြစ်ပေးတာက စုကျိုနဲ့ ပတ်သက်ခဲ့တဲ့ အတိတ်ကြောင့်တင်မဟုတ်ဘဲ၊ သူ့ရဲ့ လမ်းဖြတ်ရှာတတ်တဲ့ တာအိုနှလုံး သားကြောင့်လည်းပါတယ်၊ သူ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့လိုအပ်တယ်"
"တစ်နှစ်အကြာမှာ သူ ဂိုဏ်းကိုပြန်လာနိုင်မလားဆိုတာ ပြန်ပြီးအကဲဖြတ်သွားမယ်"
လုကျိကျောင်းက ဒီစကားတွေကို ချန်ထားခဲ့ပြီး စုကျိုရဲ့ ခြံဝင်းကနေ ထွက်သွားသည် စုကျို နိုးလာတဲ့အခါ ချန်ယွမ်ရဲ့ပြောပြချက် အရ ဒါကိုသိလိုက်ရပေမယ့် သူမကတော့ အတိတ်ကို အတိတ်မှာသာ ထားလိုက်သည်။ အကြွေး ကျေသွားပြီ၊ အခုဆိုရင် သူတို့က သူစိမ်းတွေပဲ ရှုယိဝမ် ဘာပဲဖြစ်ဖြစ် သူမနဲ့ မဆိုင်တော့ပါဘူး။ သူမ သုံးရက်တိတိအိပ်စက်ခဲ့သည် တတိယမြောက်နေ့မှာ သူ နိုးလာတဲ့အခါ သူ့အိပ်ရာနဲ့အတူ သူမကို စိန်ခေါ်ပွဲစင်မြင့်ပေါ်ကို လဲ့ကျယ်နှင့် ယင်လီတို့ သယ်လာတာကိုတွေ့လိုက်ရသည်!
"လွန်လွန်းတယ်! စုကျိုက ငါတို့ကို အထင်သေးနေတာလား?"
"ရှီးရှန်ဆောင်ကတော့ တကယ် ဟာသပဲ! ကုတင်ကြီးတောင် သယ်လာတယ်လား?"
"ဒါက ဘာဖြစ်လို့လဲ? ဟောင်ယို့လုဂိုဏ်းနဲ့ တိုက်တုန်းကတောင် သူတို့ ခေါင်းတလားထဲမှာလှဲနေခဲ့တာပဲလေ! အခု စင်ပေါ်မှာ ကုတင်နဲ့ရှိနေတာ ပုံမှန်ပါပဲ!"
"ဒါက ငါတို့ကိုလျှော့တွက်အောင် လုပ်နေတဲ့ မီးခိုးဗုံးပဲ!"
စုကျို ကုတင်ပေါ်မှာထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ဆွံ့အစွာကြည့်လိုက်သည် သူ့ ရှေ့မှာတော့ ဂိုဏ်းကြီးကိုးခုက အဖွဲ့ခေါင်း ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စိန်ခေါ်မှုအဖွဲ့ရှိနေသည်။ ပြီးတော့ သူမ ရှိနေတဲ့ကုတင်က အခုတိုက်ခိုက်ရေးစင်မြင့်ဖြစ်နေသည်! လွန်လွန်းတယ်! သူမ ခေါင်းကိုဖြည်းဖြည်းချင်းလှည့်လိုက်ပြီး ရှုခင်းတွေကိုမော့ကြည့်ချင်ယောင်ဆောင်နေတဲ့ ယင်လီ၊ ကျူးပိုင်ယွီ၊ စုရှင်းချန်နဲ့ စုကျီကျီတို့ကို ကြည့်လိုက်သည်။
"ငါ့ကို နှိုးဖို့က အဲ့ဒီလောက်တောင် ခက်နေလို့လား... ဟမ်?"
သူမအတွက်တော့ တကယ့်အံ့ဩစရာကြီးပါပဲ။
နိုးနိုးချင်းမှာပဲ စိန်ခေါ်ပွဲက စတော့မှာလား?
စုကျီကျီ မျက်နှာလေး အနည်းငယ်နီသွားရသည်။
"ကျဲ ဒါက ညီမတို့ အပြစ်မဟုတ်ပါဘူး၊ ချန်ယွမ်က ကျဲကိုနှိုးခွင့်မပေးလို့ပါ"
"စီနီယာအစ်ကို တောက်ဟယ်က ကျဲကိုငါးမျှားတံနဲ့ ဆွဲထုတ်ဖို့လုပ်ပေမယ့် ချန်ယွမ်က ကျဲကိုဘေးက နတ်လက်နက်လမ်းစဉ် ခြံဝင်းထဲကိုပဲ ပစ်ထည့်လိုက်တာ"
"..."
စုကျို နှုတ်ခမ်းတွေ လှုပ်ခတ်သွားပြီး ချန်ယွမ်ကိုကြည့်လိုက်သည်။
"အင်း၊ ကောင်းပြီ"
"...တော်တယ်"
သူ ခဏလောက်အိပ်ချင်သေးတယ်၊ ချန်ယွမ်ကို တံခါးစောင့်ခိုင်းထားခဲ့တာလေ။
သူ တကယ်လုပ်ခဲ့တာပဲ!
ဒါကို မတော်ဘူးလို့ ဘယ်လိုပြောမလဲ?
"ညီမလေးစုကျို! လဲ့ကျယ်!"
မျက်နှာချင်းဆိုင်က စိန်ခေါ်မှုအဖွဲ့ဝင် ဆယ်ယောက်လုံးစင်ပေါ်ကို ခုန်တက်လာကြသည်။ နတ်လက်နက်လမ်းစဉ်က အခြေခံတည် ဆောက်ခြင်းအဆင့် ခေါင်းဆောင်ဝေချန်ရှန်းက ဦးဆောင်လာသည်။
သူ့ဘေးမှာတော့ ဝမ်ချီဂိုဏ်း၊ ရွှမ်းယွဲ့ဂိုဏ်း၊ ဖျော်ဖြေရေးဂိုဏ်း... စတဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင်တွေရှိနေကြသည်။
ဒီလူ ဆယ်ယောက်ဟာ ဝိညာဉ်လမ်းစဉ်ကြီးဆယ်ခုရဲ့ ပါရမီရှင်တွေ အားလုံးကိုစုစည်းထားတာပဲ!
[အခြေခံတည်ဆောက်ခြင်းအဆင့် ထိပ်သီးဆယ်သင်းပြိုင်ပွဲက အဖွဲ့ခေါင်းဆောင်တွေအကုန်လုံး၊ စုကျိုနဲ့လဲ့ကျယ်ကလွဲရင် ကျန်တဲ့ သူတွေက မျက်နှာချင်းဆိုင်စိန်ခေါ်မှုအဖွဲ့ထဲမှာ ရှိနေကြတာပဲ!]
[စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ! ဒီလိုမျိုးကြီးကျယ်တဲ့ပွဲမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး!]
[ဝိညာဉ်လမ်းစဉ်ကြီး ဆယ်ခုဟာ၊ အမြဲတမ်း အသေအလဲတိုက်ခိုက်ပြီး ဘယ်သူနိုင်မလဲဆိုတာ ဆုံးဖြတ်ခဲ့ကြတာ၊ အခုလို ခေါင်းဆောင်တွေ ပူးပေါင်းပြီးအဖွဲ့ဖွဲ့လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ!]
[မျက်နှာချင်းဆိုင် ရှီးရှန်ဆောင်အဖွဲ့မှာတော့ လူဆယ်ယောက်ရှိပေမယ့် ကျင့်ကြံမှုသက်သက်နဲ့ကြည့်မယ်ဆိုရင် ခေါင်းဆောင် အဆင့်ရှိတဲ့ ရွှေအမြုတေအဆင့်ရောက်ခါနီး လူ ဆယ်ယောက်တောင်မရှိပါဘူး]
[ဒီပွဲကတော့ စိန်ခေါ်မှုအဖွဲ့က သေချာပေါက်နိုင်မှာပဲ!]
[အတိအကျပဲ! ဝိညာဉ်လမ်းစဉ်ကြီး ကိုးခုရဲ့စွမ်းအားတွေ အကုန်လုံးကဟိုဘက်မှာလေ! ရှီးရှန်ဆောင်က ဘယ်လိုလုပ်ပြီး ပြန်တိုက်နိုင်မှာလဲ?]
[ငါ အလောင်းအစားလုပ်ပြီးပြီ! ဝိညာဉ်ကျောက်တုံးငါးထောင်စိန်ခေါ်မှု အဖွဲ့ဘက်ကနေလောင်းတယ်!]
[ဟဲဟဲ၊ စိန်ခေါ်မှုအဖွဲ့နိုင်ခြေကတော့ ၁၀၀ ရာခိုင်နှုန်းပဲ!]
[တကယ်လား? ဝိညာဉ်ကုန်သည်အသင်းက အကြီးအကဲရှန့်လိုင်လိုင် လောင်းကစားဒိုင်လုပ်နေတာလား?]
[ယုံကြည်မှုရှိစမ်းပါ၊ ဒီတစ်ခါတော့ ငါတို့အလှည့်ပဲ! စိန်ခေါ်မှုအဖွဲ့မှာ ခေါင်းဆောင်တွေချည်းပဲရှိတာ၊ သူတို့သာရှုံးရင် ငါ့ခေါင်းကို ဖြတ်ပြီး မင်းတို့ကစားဖို့ပေးလိုက်မယ်]
[မင်းကို မှတ်ထားမယ်နော်!]
[မှတ်ထားပါ၊ ကျိန်ဆိုမှုကိုဖျက်ရင် တာအိုနှလုံးသား ကို ထိခိုက်လိမ့်မယ်]
[ကောင်းပြီ၊ နောက်မှ ကြည့်ကြတာပေါ့!]
လေထုက တကယ် သက်ဝင်လှုပ်ရှားနေသည်။
ဒီနေ့မှာတော့ ထုတ်လွှင့်ရေးကျောက်တုံးတစ်ရာက မျက်နှာချင်းဆိုင်နေတဲ့ အဖွဲ့နှစ်ဖွဲ့ကိုအရှေ့ကော၊ ဘေးကော၊ အဝိုင်းလိုက်ပါ ထုတ်လွှင့်ပြသနေသည်။
စင်မြင့်ပေါ်မှာတော့ ဘာအဟန့်အတားမှမရှိပါဘူး။ ပုန်းကွယ်ဖို့ သစ်ပင်တွေ ဘာတွေလည်းမရှိဘူး။
အဖွဲ့တစ်ဖွဲ့စီမှာ လူဆယ်ယောက်ရှိပြီး တစ်ဖက်နဲ့တစ်ဖက် ရင်ဆိုင်နေကြသည်။ သူတို့ရဲ့ တည်နေရာတွေက ရှင်းလင်းနေသည်။
"ငါတို့အဖွဲ့က..."
စုကျို သူမရဲ့ကိုယ်ပိုင်အဖွဲ့ဘက်ကို လှည့်ကြည့်လိုက်သည်။
ယင်လီ၊ လိုကျား၊ ဟောင်ယို့လု၊ စုကျီကျီ၊ စုရှင်းချန်
လဲ့ကျယ်၊ တောက်ဟယ်၊ လျန်ဟော့ကျီ၊ မူချင်းချိုး
"ဩော်၊ ဒါက ငါတို့ရဲ့ ဒီနေ့လူစာရင်းပေါ့"
[!]
[စုကျို : ဆောရီးနော်၊ ငါ အခုမှ နိုးတာ၊ ငါတို့အဖွဲ့ထဲမှာ ဘယ်သူတွေ ပါလဲဆိုတာ အရင်စစ်ကြည့်ပါရစေဦး]
[စုကျို : မလောနဲ့ဦး၊ ငါ နည်းဗျူဟာကို အရင်စဉ်းစားပါရစေဦး]
[စုကျိုကတော့ တကယ်အေးဆေးပဲ...]
[ဒီနေ့တော့ စုကျိုကိုမနှိမ်နင်းနိုင်ဘူးလို့ ငါ မယုံဘူး!]
[ရှီးရှန်ဆောင်အဖွဲ့က ရှုံးမှာဆိုပေမယ့် စုကျိုကတော့ ဒီပွဲမှာအသန်မာဆုံး တိုက်ခိုက်ရေးသမားဖြစ်မှာ သေချာတယ်၊ ငါ လောင်းရဲ တယ်]
[စုကျိုနောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်သူဖြစ်နိုင်တယ်!]
ပြိုင်ပွဲ အတော်များများပြီးတဲ့နောက်မှာတော့ စုကျိုကို ထောက်ခံတဲ့သူတွေဟာ ရှီးရှန်ဆောင်ကို အနိုင်ယူချင်တဲ့ ပရိသတ်တွေ လောက်ကိုများပြားလာပါပြီ!
သူမရဲ့နာမည်ကြီးမှုက အထွတ်အထိပ်ကိုရောက်နေပါပြီ…
ဘယ်သူမဆို သူမ ရှုံးတော့မယ်လို့ပြောလိုက်တာနဲ့ အငြင်းပွားမှုတွေ၊ ဆဲဆိုမှုတွေက ချက်ချင်းလိုက်လာတတ်သည်။
ဒိုင်လူကြီးက ဝင်မတားမချင်း စကားပြောခန်းထဲမှာ ဆူညံနေတုန်းပါပဲ…
"လူကြီးမင်းတို့ ခင်ဗျား၊ ယနေ့ ကျင်းပမယ့် အခြေခံတည်ဆောက်ခြင်းအဆင့် ချန်ပီယံစိန်ခေါ်ပွဲကိုကြိုဆိုပါတယ်"
ဒီနေ့ပွဲရဲ့ ဒိုင်လူကြီးကတော့ ရှန့်ဝူချင်းပါပဲ။
သူ့ ဘက်လိုက်မှုမရှိသလို၊ အဂတိလည်းကင်းသူပါ၊ သူ့ရဲ့အရည်အချင်း ရက်စက်ပြီး နှလုံးသားမရှိတာလေ၊ ဘယ်သူ့ကိုမှမချစ်ဘူး…
သူက ဒီလိုမျိုးတရားမျှတရမယ့် အလုပ်အတွက် အသင့်တော်ဆုံးပါပဲ။