အခန်း (၁၈၃)
Vol. 19 Ch. 183
🥝 Chapter 183
"ဘယ်သူမှ တတိယအဆင့်ထက်မြင့်တဲ့ မန္တန်လက်နက်တွေကို ယူဆောင်ခွင့်မရှိပါဘူး"
"ရွှေအမြုတေအဆင့် ရုပ်သေးတွေကို ပုံတူပွားထားတာတွေလည်း အပါအဝင်ပေါ့"
ရှန့်ဝူချင်း စုကျိုကို သေချာကြည့်လိုက်သည်။
စုကျိုအမူအရာကတော့ တည်ငြိမ်နေဆဲပါပဲ။
စိန်ခေါ်မှုအဖွဲ့က ခေါင်းဆောင်အချို့ဟာ ချက်ချင်းသက်ပြင်းချနိုင်သွားကြသည်။
ဒါပေမဲ့ အချို့လူတွေကတော့ စုကျိုအတွက် မကျေမနပ်ဖြစ်နေကြသည်!
"ဒါ ဘာလိုမရတဲ့ စည်းကမ်းလဲ? သူ ဘာလို့ရုပ်သေးယူလာလို့ မရတာလဲ! စုကျိုက သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ ရှုယိဝမ်ကို ပုံတူပွားခဲ့တာပဲလေ၊ ဒါကြောင့် သူ ရှုယိဝမ်ငါးယောက်ကို ကွင်းထဲယူလာသင့်တာပေါ့!"
ကျင်းယွီထန် ထောင်ထဲတွင်
လျောင်ချွမ်း၊ ကျင်းချန်၊ ချန်ကျိုးနှင့် ရွှယ်ရွေ့ကျင်းတို့ တစ်တန်းတည်းထိုင်နေခဲ့ကြသည်။
သူတို့တွေ ပြစ်ဒဏ်အနေနဲ့ သူတို့လက်မောင်းကနေ သွေးဖောက်ထုတ်ရင်း စိန်ခေါ်ပွဲရဲ့ထုတ်လွှင့်မှုအားကြည့်ရှုနေကြသည်။ ထို့နောက် ကျယ်လောင်စွာ ဆဲဆိုနေကြသည်။
"ရှုယိဝမ်ရဲ့ပုံတူက သူ့တိုက်ပွဲရလဒ်ပဲလေ! သူ အဲ့ဒါကို သုံးသင့်တာပေါ့!"
"ရှုယိဝမ်ရဲ့ပုံတူကို စင်ပေါ်တက်တာနဲ့ အကုန်လုံးကို ပေါက်ကွဲပစ်ခိုင်းလိုက်ရမှာ!"
"ဟုတ်တယ်၊ ရှုယိဝမ်က စုကျိုရဲ့ခွေးပဲ! တတိယအဆင့် ဝိညာဉ်လက်နက်မဟုတ်ဘူး!"
သူတို့ လေးယောက်လုံး စိတ်အားထက်သန်စွာပြောဆိုနေကြသည်။
သူတို့ဘေးမှာတော့ ကျင်းယွီထန်မှာလေ့ကျင့်နေပြီး ထောင်ဝတ်စုံတွေကိုဖာထေးတဲ့ အလုပ်ကနေ စလုပ်နေရတဲ့ ရှုယိဝမ်ခမျာ
ဆွံ့အနေလေသည်။
"တောက်~ "
"မင်းတို့က ဘာလို့ သူ့ကို ကျင်းချန်ကိုးယောက် စင်ပေါ်ယူလာခိုင်းပါလို့ မပြောကြတာလဲ?"
ကျင်းချန် : "..."
ချန်ကျိုး ရယ်မောလိုက်သည်။
"စီနီယာအစ်ကို ကျင်း ကတော့ စုကျိုအတွက် အတိတ်ကအရာတစ်ခုဖြစ်သွားပြီ၊ သူ အစ်ကို့ကိုသုံးရတာ ငြီးငွေ့သွားပြီလေ"
ကျင်းချန် : "? မင်းက အသုံးမကျတဲ့ ဝိညာဉ်စွမ်းအား သန့်စင်သူပါ၊ မင်းကိုပဲ စုကျိုက သုံးရတာငြီးငွေ့နေတာ!"
ချန်ကျိုး : "...ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးကို သူ သုံးရတာ ငြီးငွေ့နေပါပြီ"
ကျင်းချန် : "..."
ဒါကို ကြားလိုက်ရတဲ့အခါ သူ ဘာလို့ နည်းနည်းစိတ်ပျက်သွားရတာလဲ?
ရွှယ်ရွေ့ကျင်း ရယ်မောလိုက်သည်။
"ဒေါသမထွက်ပါနဲ့၊ ငါတို့ရဲ့ ပုံတူတွေ အကုန်လုံးကို စုကျို သုံးခဲ့တာပဲ မဟုတ်လား"
"ငါတို့တွေက တစ်ဖက်တည်းသားတွေပဲဟာ၊ ဘာလို့ အချင်းချင်း ဒီလောက်အသည်းအသန်တိုက်နေကြတာလဲ!"
လျောင်ချွမ်း ရယ်တော့မလို့ပင်၊ သို့သော် သူ ဆက်မရယ်နိုင်တော့ချေ။
ကျင်းချန်၊ ချန်ကျိုး၊ ရွှယ်ရွေ့ကျင်းနဲ့ ရှုယိဝမ် တို့အားလုံးက လျောင်ချွမ်း ဘက်ကိုလှည့်ကြည့်လိုက်ကြသည်။ သူကား စုကျို ပုံတူမပွားခဲ့သည့် တစ်ဦးတည်းသော အကြွေးသမားပင်!
"ငါ့အထင်တော့ စီနီယာအစ်ကိုလျောင် မှာ ထူးခြားတဲ့ အရည်အချင်းမရှိလို့ စုကျို သူ့ကို သဘောမကျတာ ထင်တယ်"
"ဟက်၊ သူ ငါ့လောက် ရုပ်မချောလို့ပါ"
"အသုံးမကျတဲ့ ယောက်ျားတွေကို စုကျိုက ပုံတူမပွားဘူးလေ"
လျောင်ချွမ်း : "???"
မင်းတို့တွေ ရူးနေကြတာလား?!
ဒါပေမဲ့ ခဏလေး၊ စုကျိုက သူကလွဲရင် အကုန်လုံးကို ပုံတူပွားခဲ့တာပဲ
သူက တကယ်ကြီး ရှုံးသွားတာလားလို့ သူ ဘာလို့ ခံစားနေရတာလဲ? ကျင်းချန်နဲ့ ချန်ကျိုးတို့ လိုလူတွေကို သူ ရှုံးသွားတာလား ?
ဘာလို့လဲ?
စုကျိုက ဘာလို့ သူ့ကို ပုံတူမပွားတာလဲ?!
လူတိုင်း သူ့ကို ပိုက်ဆံအကြွေးတင်နေကြတာ မဟုတ်လား?
သူ့ရဲ့ပုံစံပြောင်းနိုင်စွမ်းက အလုပ်မလုပ်လို့လား?!
မဟုတ်ဘူး… သူ ဘာလို့ ပိုပိုပြီးစိတ်မသက်မသာ ဖြစ်လာရတာလဲ?
လျောင်ချွမ်းဟာ ထောင်ထဲက လူငါးယောက်ထဲမှာ သူ့ကိုယ် သူ နိမ့်ကျနေတယ်လို့ ခံစားနေရသည်။
ဘာလို့လဲမသိ သူ နိမ့်ကျနေသလို ခံစားနေရတယ်…
"ကြည့်စမ်း၊ စုကျို သူ့ ညာဘက်လက်ကိုလှုပ်လိုက်ပြီ! စိန်ခေါ်မှုအဖွဲ့ဝင်တွေက အကုန်လုံးခေါင်းဆောင်အဆင့်တွေပဲ၊ သူ ဘယ်သူ့ကို အရင်ပုံတူပွားမလဲ?!" ကျင်းချန် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
လျောင်ချွမ်း ထုတ်လွှင့်မှုကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ဓာတ်ကျနေပုံရသည်။
"တောက်.. ဘာပဲဖြစ်ဖြစ် သူမ သူ့ကို ပုံတူပွားမှာမဟုတ်ပါဘူး၊ အဲ့ဒါ အဓိပ္ပာယ်မရှိဘူး"
"ငါ ဒီထောင်ကနေ ခွင့်တောင်းပြီး စုကျိုကို သွားတွေ့ရင် သူမ ငါ့ကို ပုံတူပွားပြီး သုံးမလား မင်းတို့ကော ဘယ်လိုထင်လဲ ?"
"ငါ့ရဲ့မြွေဝိညာဉ်မျိုးနွယ်ပါရမီက မဆိုးပါဘူး"
ကျင်းချန်နှင့်ကျန်တဲ့ သုံးယောက် ခေါင်းလှည့်ကြည့်လိုက်ကြသည်။
"..."
ဒီကောင် ရူးနေတာလား!
ဒါပေမဲ့ ဒီစကားက သူတို့ကို သာလွန်တယ်လို့ ခံစားရစေသည်။
သူတို့ နိုင်ပြီ! သူတို့ လေးယောက်လုံး!
အနည်းဆုံးတော့ သူတို့အားလုံး စုကျိုရဲ့တိုက်ခိုက်ရေးအင်အားစုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နာမည်ရခဲ့ကြတာပဲ!
မရှုံးပါဘူး!
"ငါ့အထင်တော့ စုကျို နတ်လက်နက်လမ်းစဉ်က ဝေချန်ရှန်းကို အရင်ပုံတူပွားလိမ့်မယ်"
ရှုယိဝမ် ခန့်မှန်းလိုက်သည်။ ထိုလူငါးယောက်ကို ပုံတူပွားခြင်း ပြိုင်ဆိုင်မှုထဲကနေ ပြန်ခေါ်လိုက်သည်။
[ကြည့်၊ စုကျိုကို ရှီးရှန်ဆောင်က လူတွေက ကာကွယ်ပေးထားကြတယ်!]
[ဘုရားရေ၊ ဝမ်ချီဂိုဏ်းက သူတို့ကို တစ်ခါတည်းနဲ့ လူစုကွဲသွားအောင်လုပ်လိုက်ပြီ!]
စိန်ခေါ်ပွဲထုတ်လွှင့်မှုမှာတော့ မှတ်ချက်တွေက ဆွေးနွေးမှုများနှင့်ပြည့်နေသည်။
ဤအချိန်တွင် စင်ပေါ်မှာတော့ စုကျိုရဲ့လူဆယ်ယောက်အဖွဲ့ဟာ ဝမ်ချီဂိုဏ်းရဲ့ 'သက်ရှိအားလုံးဟာ စစ်တုရင်နယ်ရုပ်' ဆိုတဲ့ တိုက်ကွက်ကြောင့် ချက်ချင်းအစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ရသည်။ တစ်ယောက်စီဟာ စစ်တုရင်ခုံက အကွက်လေးတွေထဲမှာ သီးခြားစီ ဖြစ်သွားကြပြီး အချင်းချင်းကူညီလို့ မရတော့ပေ။
"ညီမလေးစုကျို၊ ငါတို့ လာပြီ!"
နတ်လက်နက်လမ်းစဉ်မှ ဝေချန်ရှန်းနှင့် ဝိညာဉ်ကုန်သည်အသင်းမှရှန့်ပုကျဲတို့ဟာ ထူးဆန်းစွာပူးပေါင်းပြီး ရှေ့ဆုံးမှာ တစ်ယောက်တည်းရှိနေတဲ့ စုကျိုထံ တိုက်ခိုက်လိုက်ကြသည်။
"စုကျိုရဲ့ ညာဘက်လက်ကို ချိတ်ပိတ်ထားဖို့အတွက် ငါ ကောင်းကင်ဘုံကို ရွှေတစ်သောင်းပေးအပ်ပါတယ်!"
ရှန့်ပုကျဲ သူ့လက်ညှိုးနဲ့ ကောင်းကင်ကိုထိလိုက်သည်။
သူ့လည်ပင်းထက် ရွှေနီရောင်ဆွဲကြိုးတစ်ပင် ပြာဖြစ်သွားသည်။
ချက်ချင်းဆိုသလိုပဲ စုကျို၏ညာဘက်လက်တစ်ပြင်လုံးမှာ ကြေးသော့ခလောက်ကြီး တစ်ခုပေါ်လာသည်!
ဝေချန်ရှန်း ရယ်မောလိုက်ပြီး စုကျိုမျက်နှာကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။
"စုကျို၊ မင်းရဲ့ ပုံတူပွားနိုင်စွမ်း ပျောက်သွားပြီ၊ ငါတို့ကို ရက်စက်တယ်လို့ မပြောနဲ့ဦး၊ ဒါ နည်းဗျူဟာပဲ"
"ဩော်? ဝိညာဉ်ကုန်သည်အသင်းရဲ့ချေးငှားတဲ့ နည်းစနစ်က ငါ့ရဲ့ ပါရမီကို တိုက်ရိုက်ချိတ်ပိတ်လို့ မရဘူး ထင်တယ်၊ ငါ့ရဲ့ ညာဘက်လက်ကိုပဲ ပိတ်နိုင်တာပဲ..."
စုကျို ပြုံးလိုက်သည်။
ရှန့်ပုကျဲ အမူအရာ ပြောင်းသွားသည်။
"ဒါက ဘာကို…"
စုကျို ပြုံးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာ ပတ်တီးတွေဖြည်ထားပြီးသားဖြစ်တဲ့ သူ့ဘယ်ဘက်လက်နှင့် ဝေချန်ရှန်း၏ လက်ဝါးရိုက်ချက်ကို ဖမ်းလိုက်သည်!
ဝေချန်ရှန်းဟာ ရွှေအမြုတေအဆင့်ရောက်ခါနီးကျင့်ကြံသူဖြစ်သဖြင့် အင်အားအရမ်းကြီးမားသည်။ သူမကို နောက်ကို သုံးတောင်လောက်အထိ လွင့်သွားစေပြီး မြေပြင်မှာ ခြေရာတစ်ခု ထင်ကျန်ခဲ့သည်!
ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ဒုန်းခနဲ အသံ သုံးကြိမ်ထွက်လာသည်!
ရုတ်တရက်ဆိုသလို သူမဘေးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်အမြင့်ဆုံး ကျင့်ကြံသူနှင့် တူတဲ့ ပုံတူ သုံးခု ပေါ်လာသည်!
ဝေချန်ရှန်း : "!"
ရှန့်ဝူချင်း : "!"
လူတိုင်း ဆွံ့အသွားကြသည်!
လူတိုင်း သိကြတဲ့အတိုင်းပဲ စုကျိုရဲ့သတင်းအချက်အလက်တွေကို ဝိညာဉ်ကုန်သည်အသင်းရဲ့ လက်ဖက်ရည်ဆိုင်မှာ ဝိညာဉ်ကျောက်တုံး တစ်ထောင်အထိပေးပြီး ဝယ်လို့ရတယ်လေ!
ပထမဆုံးရောင်းတဲ့ သတင်းကတော့ 'စုကျိုဟာ မကြာသေးခင်က သူမရဲ့ ညာဘက်လက်ကို အများကြီးသုံးနေတယ်' ဆိုတာပဲ!
သူမရဲ့ တိုက်ပွဲတွေကို လေ့လာကြည့်ရင်လည်း ဒီသတင်းက သူမရဲ့ အရည်အချင်းနဲ့ကိုက်ညီနေတာကို တွေ့ရလိမ့်မယ် — စုကျိုက ပုံတူပွားဖို့အတွက် ညာဘက်လက်ကို သုံးတယ်ဆိုတာပေါ့!
ဒါပေမဲ့…
"မင်းရဲ့ ဘယ်ဘက်လက်ကလည်း...?"
စုကျို ပြုံးလိုက်သည်။
"ငါက ငါ့ရဲ့ ညာဘက်လက်ကို ခဏခဏ သုံးတယ်လို့ပဲ ပြောခဲ့တာလေ၊ ငါ့ရဲ့ ဘယ်ဘက်လက်ကို လုံးဝ မသုံးဘူးလို့ မပြောခဲ့ပါဘူး"
"...?"
"ဝိညာဉ်ကုန်သည်အသင်းရဲ့ ချေးငှားတဲ့ နည်းစနစ်က တစ်ခါသုံးပြီးတိုင်း ပြန်သုံးနိုင်ဖို့အတွက် အမွှေးတိုင် တစ်တိုင်စာ အချိန်စောင့်ရတယ်လေ၊ စီနီယာအစ်ကိုပုကျဲ၊ ရှင် အခုလောလောဆယ် ပိုက်ဆံထပ်ချေးလို့မရတော့ဘူးနော်"
"..."
ဝိညာဉ်ကုန်သည်အသင်းက ရှန့်ပုကျဲ အမြန်နောက်ဆုတ်သွားသည်။
ထို့နောက် စာဆိုတော်ခန်းမက အဖွဲ့ခေါင်းဆောင်က "ဒေသန္တရတရားသူကြီးရဲ့နာမည်နဲ့၊ ငါ အခု ဒီနေရာရဲ့ဥပဒေကို သတ်မှတ်လိုက် တယ်"
"စုကျို၊ မင်း တိုက်ပွဲမှာ မင်းရဲ့ လက်နှစ်ဖက်လုံးကို သုံးခွင့်မရှိဘူး!"
စုကျိုရဲ့ဘယ်နှင့် ညာလက်မောင်းတွေပေါ်မှာ ရုံးတံဆိပ်နှစ်ခုပေါ်လာပြီး လှုပ်ရှားလို့မရအောင် တားဆီးလိုက်သည်!
သူမ နှုတ်ခမ်းကိုလျက်လိုက်ပြီး စာဆိုတော်ခန်းမက အဖွဲ့ခေါင်းဆောင်ကို ပြုံးပြလိုက်သည်။
"အုပ်ချုပ်ရေး လမ်းစဉ်က သက်ရှိတွေ ဒါမှမဟုတ် လူတွေအပေါ်မှာပဲ အလုပ်လုပ်တာ ထင်တယ်နော်?"
စာဆိုတော်ခန်းမ အဖွဲ့ခေါင်းဆောင် ကြောင်သွားသည်။
မှန်ပါတယ်၊ သူက သူမ ပုံတူပွားထားတဲ့ 'ဝေချန်ရှန်း ပုံတူ' ကို တိုက်ရိုက် အမိန့်ပေးလို့ မရပါဘူး။
သူက စုကျိုရဲ့ စွမ်းအားကိုပဲ ကန့်သတ်လို့ ရတာပါ။
မွေးရာပါ ဝိညာဉ်ပါရမီအားလုံးမှာ ကိုယ်ပိုင်အားသာချက်နဲ့ အားနည်းချက်တွေရှိကြပါတယ်။
ယင်လီက လှပတဲ့သူကို တိုက်ရိုက်မကြည့်နိုင်သလိုမျိုးပေါ့
အုပ်ချုပ်ရေးလမ်းစဉ်ရဲ့ ပါရမီတွေမှာလည်း ကြီးမားတဲ့ ကန့်သတ်ချက်တွေ ရှိတယ်။
ဥပမာ 'စုကျိုကို တိုက်ပွဲမှာ သူမရဲ့ စွမ်းအား အပြည့်အဝ မသုံးဖို့ အမိန့်ပေးတာ' ဒါမှမဟုတ် 'စုကျိုကို သူမရဲ့ မွေးရာပါ ဝိညာဉ်ပါရမီ မသုံးဖို့ အမိန့်ပေးတာ' ဒါတွေက လူတစ်ယောက်ကို သေတွင်းထဲပို့တာနဲ့ တူတဲ့ ရက်စက်တဲ့စည်းကမ်းတွေဖြစ်လို့ အသုံးပြုလို့ မရပါဘူး။ ရက်စက်တဲ့ အုပ်ချုပ်ရေးက ကျားထက်တောင် ကြောက်ဖို့ကောင်းပါသေးတယ်။
အုပ်ချုပ်ရေးလမ်းစဉ်က ကျင့်ကြံသူတစ်ယောက်ဟာ သူ့ပါရမီကို 'လူထုကို နှိပ်စက်ဖို့' အသုံးချလိုက်တာနဲ့ သူဟာ သေစေနိုင်တဲ့ ပြန်လည်တုံ့ပြန်မှုကို ခံရလိမ့်မယ်။
အမိန့်ပေးတဲ့သူဟာ ကြည်လင်ပြီး ဖြောင့်မတ်တဲ့တရားမျှတမှု ရှိရမယ်။
ဒါကြောင့် အုပ်ချုပ်ရေးလမ်းစဉ်ကျင့်ကြံသူတစ်ယောက်က ပေါ့ပေါ့ပါးပါးသတ်မှတ်လိုက်တဲ့ ကန့်သတ်ချက်တိုင်းဟာ အကျိုးအ ကြောင်းဆီလျော်ပြီး တရားမျှတရမယ်။
အရမ်း ရက်စက်လို့ မရဘူး!
"ဒီဒေသန္တရအရာရှိရဲ့ နာမည်နဲ့၊ ငါ အခု ဒီဥပဒေကို သတ်မှတ်တယ် — စုကျိုကို တိုက်ပွဲမှာ လက်နှစ်ဖက်လုံးသုံးခွင့် တားမြစ်တယ်!"
"စုကျိုကို တိုက်ပွဲမှာ ခြေထောက်နှစ်ဖက်လုံး သုံးခွင့်တားမြစ်တယ်!"
စုကျိုရဲ့လက်တွေနဲ့ ခြေထောက်တွေဟာ ဒီဥပဒေကြောင့် ချက်ချင်းအချုပ်ခံလိုက်ရသည်!
"ညီမလေးစုကျို"
စာဆိုတော်ခန်းမက စီနီယာအစ်ကို ချက်ချင်းမျက်နှာဖြူလျော်သွားသည်၊ ဒီစည်းကမ်းတွေရဲ့ပြင်းထန်မှုကြောင့် သူ့အပေါ် ပြန်လည်တုံ့ပြန်မှုဖြစ်နေတာ သိသာပါတယ်။
"တောင်းပန်ပါတယ်"
"ငါတို့ နိုင်မှ ဖြစ်မှာမို့လို့ပါ"
ဒါ ဂိုဏ်းကိုးခုက အဖွဲ့ခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထားတဲ့ စိန်ခေါ်မှု အဖွဲ့ရဲ့ဂုဏ်သိက္ခာလေ..
ဒါပေမဲ့ စုကျိုကတော့ ပြုံးရုံသာ ပြုံးလိုက်သည်။
[?]
ဝေချန်ရှန်း သူမနှင့် အနီးဆုံးမှာ ရှိနေသည်။ ခုနက သူမကို တိုက်ခိုက်ခဲ့တဲ့လက်ကို သူ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတုန်းပဲ။
ဥပဒေရဲ့ တားမြစ်ချက်ကြောင့် သူ့လက်တွေ အချုပ်ခံလိုက်ရတဲ့အခါ၊ သူ့ရဲ့ လက်တစ်ဝက်ကလည်း အတူတူအချုပ်ခံလိုက်ရသလို ဖြစ်သွားသည်။
"ကျွင်းမော့! အမြန်အမိန့်ပေးပြီး ငါ့လက်ကို ပြန်လွှတ်ပေးဦး!" ဝေချန်ရှန်း ချက်ချင်း ချွေးပြန်လာရသည်။
ဒါပေမဲ့ နောက်ကျသွားပါပြီ…
စုကျိုက သူ့ လက်တွေ ခြေထောက်တွေလှုပ်လို့ မရပေမယ့်၊ သူ့ခေါင်းကို နောက်ကိုလှန်လိုက်သည်!
ဒုန်းခနဲ အသံနှင့်အတူ…
သူမ နဖူးနဲ့ ဝေချန်ရှန်းရဲ့မေးရိုးကို တိုက်လိုက်သည်! ဝေချန်ရှန်းခေါင်းဟာ အရှိန်ကြောင့် ဘေးကိုလွင့်သွားသည်!
ဒုန်း ဒုန်း ဒုန်း!
သူမ သူ့ကို သုံးကြိမ်ဆက်တိုက် တိုက်လိုက်သည်!
စုကျို ရယ်မောလိုက်သည်။ သူမရဲ့ နဖူးကနေ တောက်ပတဲ့ အနီရောင်သွေးတွေ စီးကျလာသည်!
"ဘယ်သူက ပြောလဲ"
"ငါက လက်နဲ့ပဲ ပုံတူပွားနိုင်တယ်လို့"
[???]
[!]
ဒိုင်လူကြီးရှန့်ဝူချင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဝိညာဉ်မီးခိုးတွေကြားမှာ စုကျိုဘေးမှာ နောက်ထပ် အရပ်ရှည်ရှည် ပုံရိပ်သုံးခု ပေါ်လာပြန်သည်။
ခြောက်ယောက်လုံးက တစ်ယောက်တည်းဖြစ်တဲ့ ဝေချန်ရှန်း အစစ်ကိုဝိုင်းထားကြသည်!
"ငါ နင့်ကို ဘယ်နေရာနဲ့ထိထိ၊ နင် ပုံတူပွားခံရမှာပဲ"
"...!"