အခန်း (၁၈၄)
Vol. 19 Ch. 184
🥝 Chapter 184
"ငါ နင့်ကို ဘယ်နေရာနဲ့ထိထိ၊ နင် ပုံတူပွားခံရမှာပဲ"
စုကျိုသည် ပြုံးလိုက်ပြီး ဝေချန်ရှန်းအာရုံလွတ်သွားသည့် ခဏကို အခွင့်ကောင်းယူကာ သူ့ နဖူးဖြင့် ၎င်းမေးရိုးကို ထပ်မံတိုက်လိုက် ပြန်သည်။ မီးခိုးငွေ့များထဲမှ နောက်ထပ်ပုံတူတစ်ရုပ် ထပ်မံထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို ဝေချန်ရှန်းနှင့် အတိအကျတူ သော ပုံရိပ်ခုနစ်ခုသည် သူ့ကို ဝန်းရံထားကြပြီဖြစ်သည်။
【!】
【...အရေအတွက်က... ကျော်တက်သွားပြီ...】
【ခုနက ဘယ်သူပြောတာလဲ ? ရှီးရှန်ဆောင်က ဒီပွဲမှာ စိန်ခေါ်မှုအဖွဲ့ကို သူတို့ရဲ့နဖူးကိုသုံးပြီး တကယ် နှိမ်နင်းနေတာပဲလို့】
[...]
စုကျို အမိန့်ပေးမှုအောက်တွင် ဝေချန်ရှန်း ပုံတူခုနစ်ခုသည် စုကျို လက်များနှင့် ခြေထောက်များတွင် ရှိနေသော အုပ်ချုပ်ရေး လမ်းစဉ်၏တားမြစ်တံဆိပ်များကို ဝိုင်း၍ရိုက်ချလိုက်ကြသည်။ သူမအပေါ်မှ အုပ်ချုပ်ရေးလမ်းစဉ်အချုပ်အနှောင်များသည် ချက်ချင်း အာနိသင်ပျက်ပြယ်သွားတော့သည်။
"အဟွတ်"
စာဆိုတော်ခန်းမမှ အဖွဲ့ခေါင်းဆောင်သည် သွေးအန်သွားသည်။ စုကျို အချုပ်အနှောင်မှ ရုန်းထွက်လိုက်သောကြောင့် သူသည် ဥပဒေ၏ပြန်လည်တုံ့ပြန်မှုကို ခံလိုက်ရခြင်းဖြစ်သည်။ သူ့မျက်နှာသည် ချက်ချင်းဖြူလျော်သွားပြီး နောက်သို့ ဆုတ်သွားတော့သည်။
"အို အုပ်ချုပ်ရေးမှုးကြီးရယ်၊ အကျိုးအကြောင်းမဆီလျော်တဲ့ ဥပဒေတွေကို စိတ်ထင်တိုင်းလျှောက်မသတ်မှတ်ပါနဲ့"
"ကြည့်ပါဦး၊ ကျွန်မ တိုက်တောင် မတိုက်ရသေးဘူး၊ ရှင်ကဖြင့် သွေးတွေအန်နေပြီ"
စုကျို သက်ပြင်းချလိုက်သည်။
"သွားစမ်း၊ ဝေချန်ရှန်း ပထမမျိုးဆက်တို့၊ ဝေချန်ရှန်းကို ဝိုင်းတိုက်ကြစမ်း"
ဝေချန်ရှန်း : "!"
စုကျိုသည် မသုံးသည်မှာကြာပြီဖြစ်သော ဖူစန်း ကုသရေး ဂူဗိမာန်ကျောက်တိုင်ကို ပေါ့ပေါ့ပါးပါးထုတ်ယူလိုက်ပြီး ထိုအပေါ်တွင် ထိုင်လျက် သူ့ နဖူးမှ ဒဏ်ရာကိုစတင်ကုသတော့သည်။
[ဒါက ဘာကြီးလဲ ? ကုသရေး ဝိညာဉ်လက်နက်လား]
[ဖူစန်းရဲ့ သင်္ချိုင်းဂူ ? ???]
[တကယ်ကို ကြမ်းတမ်းတဲ့ ပုံစံရှိတဲ့ ဝိညာဉ်လက်နက်ပဲ]
ထုတ်လွှင့်မှုထဲတွင် စုကျိုကျောက်တိုင်ပေါ်တွင် ဤအတိုင်းထိုင်နေသည်ကို မြင်သောအခါ ပရိသတ်များတင်မကဘဲ လုကျိကျောင်း နှင့် သူ့အင်္ကျီလက်ဝထဲမှ အကြီးအကဲများပါအံ့ဩကုန်ကြသည်။
"ဖူစန်းဆိုတဲ့ နာမည်က... ဘာလို့ ရင်းနှီးနေတာလဲ"
"ဟင် သူက ငါတို့ ရှီးရှန်ဆောင်က သူ့ကို ပိုက်ဆံကြွေးတင်နေတဲ့ တပည့်များလား"
"ဒီနာမည်ကို တစ်နေရာရာမှာမြင်ဖူးသလိုပဲ"
လုကျိကျောင်း အင်္ကျီလက်ဝပ်ထဲမှ ပုံတူကားချပ်များ ဆွေးနွေးနေကြသည်။ လုကျိကျောင်းသည် ဂိုဏ်းဆီသို့ သတင်းပို့လိုက်ပြီး ကောင်းမှုဆိုးမှုခန်းမကို ဖူစန်းသတင်းအချက်အလက်များ ချက်ချင်းစုံစမ်းရန်အမိန့်ပေးလိုက်သည်။
စင်မြင့်အောက်တွင် ရပ်နေသော မိစ္ဆာကြီးချန်ယွမ်၏မျက်လုံးများသည် မှောင်မှောင်မှိုင်းမှိုင်းဖြစ်နေသည်။ စုကျို နဖူးပေါ်မှ အနီရောင် အမှတ်အသားကိုကြည့်ရင်း သူသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မတ်မတ်ရပ်နေသည်။ သူ့မိစ္ဆာဝတ်ရုံအောက်မှ ကျောပြင်ကြွက်သားများသည် တင်းမာပြီးနာကျင်နေသည်။ သူသည် အသက်ရှူရန်အတွက် ပိုးစာပင်ကို အသာအယာ မှီထားရသည်။ သူ့ရင်ဘတ်တွင် မိစ္ဆာချုပ်နှောင်သည့် သံကြိုးများမရှိတော့သော်လည်း အရင်ကထက် ပိုထုံထိုင်းသော နာကျင်မှုကို ခံစားနေရသည်။ သူ့ရင်ဘတ်ထဲမှ အရိုးများကျိုးပဲ့သွားသည့် အသံကိုပင် ကြားနေရသလိုနှယ်။
စင်ပေါ်မှ တိုက်ပွဲသည် ဆက်ဖြစ်နေသော်လည်း သူ့ အကြည့်များထဲတွင်မူ သူမ နဖူးမှာ တခြားအမျိုးသားတစ်ယောက်နဖူးနှင့် ထိကပ်သွားသည့် မြင်ကွင်းများသာပြည့်နှက်နေသည်။ ထိုအရာက သူ့နှလုံးသားကို ဓားဖြင့် အချက်ပေါင်းများစွာထိုးလိုက်သလို ခံစားရစေသည်။ ဘာကြောင့်လဲ... အချိန်တိုင်းမှာ... သူမ ပုံတူပွားတဲ့လူက သူ မဖြစ်ရတာလဲ ? သူမ အကူအညီ လိုအပ်သည့် အချိန်တွင် သူ စင်အောက်မှာသာရပ်နေရသည်။ သူတို့သည် အနီးအနားတွင်ရှိနေသော်လည်း သူသာဆိုလျှင် စင်ပေါ်သို့ ခြေတစ်လှမ်းတည်းနှင့် တက်သွား၍ရသော်လည်း၊ ယခုအချိန်တွင် သူသည် သူမနှင့်အရမ်းဝေးကွာနေသလို ခံစားနေရသည်။ သူ ဘယ်လောက်ကြိုးစားသော်ငြား သူမဆီသို့ မရောက်ရှိနိုင်တော့သလိုမျိုးပင်။
"ဟင်"
စုကျိုသည် ကျောက်တိုင်ပေါ်တွင် ထိုင်ရင်း မောပန်းစွာအသက်ရှူနေသည်။ တောက်ပသော နေရောင်အောက်တွင် သူမ၏ မျက်တောင်လေးများသည် ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသလိုရှိနေသည်။ စင်အောက်မှနေ၍ သူ့နောက်သို့ လိုက်နေသော ပူလောင်သည့် အကြည့်တစ်ခုကို သူ သိလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်မိသည်။
စင်ပေါ်မှ ရှုပ်ထွေးနေသော စစ်တုရင်ကြိုးများကိုဖြတ်ကျော်ပြီး၊ လူတစ်ဆယ်ကျော်၏ရှုပ်ထွေးနေသော ပုံရိပ်များကို ကျော်လွန်ကာ သူ့အကြည့်သည် စင်အောက်မှ မိစ္ဆာကြီး၏နက်ရှိုင်းပြီး လှုပ်ခတ်နေသော မျက်လုံးများနှင့် ဆုံသွားသည်။ စုကျိုရယ်မောလိုက်ပြီး တတိယအဆင့် ဝိညာဉ်အားဖြည့်ဆေးတစ်လုံးကို ပါးစပ်ထဲပစ်ထည့်ကာ သူ့ကိုလက်ပြလိုက်သည်။
"စောင့်နေနော်၊ မကြာခင် ပြီးတော့မှာ"
ချန်ယွမ်သည် ခေတ္တငေးငိုင်သွားရသည်။
[...စုကျိုက သူ့မိစ္ဆာဝိညာဉ်ကို နှုတ်ဆက်ဖို့တောင် အချိန်ရှိသေးတယ်]
[ဒါကို မသိတဲ့သူဆိုရင် နားချိန်လို့ထင်ကုန်တော့မှာပဲ]
[စုကျိုကတော့ အနားယူနေတာအမှန်ပဲ၊ သူ့ကို တိုက်ဖို့ ရွေးချယ်ခဲ့တဲ့ဝေချန်ရှန်းကတော့ အသည်းအသန်တိုက်နေရပြီ]
[...]
စစ်တုရင်ခုံ၏အကွက်လေးများထဲတွင် စုကျိုသည် သူ့ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခေါင်းကိုလက်ဖြင့်ထောက်ကာ ဝေချန်ရှန်း ပုံတူ ခုနစ်ခုက ဝေချန်ရှန်း အစစ်အားဝိုင်းတိုက်နေသည်ကို ကြည့်နေသည်။
"လောင်ဝေရယ်၊ ရှင် ဘာလို့ ကျွန်မကို အရင်ပစ်မှတ်ထားရတာလဲ၊ တကယ် မိုက်မဲတာပဲ"
[...]
"ဟူး... ရှင်နဲ့ပတ်သက်ရင် ကျွန်မ ဒီလောက်အထိ ရက်စက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ အဆင့်မှာ ရှင့်ကို ကျွန်မ လိမ်ခဲ့တာဆိုတော့ အားနာတဲ့စိတ်လေးတော့ ရှိပါသေးတယ်"
"ဒါပေမဲ့ လောင်ဝေရယ်၊ ရှင် ဘာလို့ ဒီလောက်တောင် အရူးဖြစ်နေရတာလဲ ? ကျွန်မ ရှင့်အပေါ် ခုလိုလုပ်အောင် ရှင်ကိုယ်တိုင် တွန်းအားပေးခဲ့တာပဲ"
ဝေချန်ရှန်း : "..."
သူမ ပုံတူပွားထားသော ပုံတူခုနစ်ခုစလုံးသည် သူ့ တိုက်ခိုက်ရေးပုံစံနှင့် အတိအကျတူညီနေသည်ကို သူ တွေ့လိုက်ရသည်။ သူတို့တွင် 'တိုက်လေလေ ပိုသန်မာလေလေ' ဆိုသည့် နတ်လက်နက်လမ်းစဉ်၏ပါရမီအစွမ်းများပင် ရှိနေကြသည်။ ကိုယ့်ကိုယ် ကိုယ် ခုနစ်ယောက်နှင့်ပြန်တိုက်နေရသလိုဖြစ်နေသည်။ တိုက်ချက်တိုင်းသည် တကယ်နာကျင်လှသည်။
"ဒါပေါ့၊ မဟုတ်ရင် 'တစ်ဘဝဟာ ကိုးခုနဲ့ ညီမျှတယ်' လို့ ဘာလို့ ခေါ်မှာလဲ"
စုကျိုသည် သူ့နဖူးကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ ခုနကတိုက်မိသဖြင့် ထုံနေသော နေရာလေးဖြစ်သည်။
“လောင်ဝေ ကြည့်လိုက်၊ ရှင့်နဲ့အတူ ကျွန်မကို ဝိုင်းတိုက်ဖို့ လုပ်ခဲ့တဲ့ ရှန့်ပုကျဲနဲ့ ကျွင်းမော့တို့က ကျွန်မရဲ့ လက်တွေ ခြေထောက် တွေကို ပိတ်ဆို့ပြီးတာနဲ့ ရှင့်ကိုထားခဲ့ပြီး အဝေးကိုပြေးထွက်သွားကြပြီလေ”
စုကျို ခေါင်းယမ်းလိုက်သည်။
“ရှင်က အနီးကပ်တိုက်ဖို့ ရွေးချယ်ခဲ့တဲ့ အမိုက်မဲဆုံးလူပဲ”
“ဟူး”
“ကျွန်မ စုကျိုကအသားချင်းထိပြီး တိုက်ရတဲ့ စစ်သည်တော်အစစ်အမှန်ပဲ”
“ဘယ်လိုလဲ၊ ကျွန်မရဲ့ အစွမ်းထက်ဆုံးတိုက်ကွက်ဖြစ်တဲ့ 'ဝိုင်းရိုက်ခြင်း' က နေလို့ကောင်းရဲ့လား”
ဝေချန်ရှန်း : “…”
ဘာတွေလဲ၊ အသားချင်းထိတိုက်သည့် စစ်သည်တော် ဟုတ်လား။ သူမသည် ရုပ်သေးများကို သုံး၍ သူ့ကို အနီးကပ် တိုက်နေခြင်းဖြစ်သည်။ ဒါက တကယ်ကို... အရမ်း နီးကပ်လွန်းသည်။
“အဟွတ်”
ဝေချန်ရှန်းသည် ရုပ်သေးရိုက်ချက်ကြောင့် ရင်ဘတ်ကိုထိသွားပြီး သွေးများက ဦးခေါင်းအထိတက်လာသည်။ သူ့ နံရိုးများသည် ကျိုးသွားသလိုမျိုး ပူလောင်နေသည်။
“ညီမလေးစုကျို၊ ငါ ရုပ်သေးကိုရိုက်တာကို ဘာလို့ ငါကိုယ်တိုင် ပြန်နာနေရတာလဲ?!”
စုကျို လက်ဖြန့်ပြလိုက်သည်။
“ကျွန်မ အပြစ်မဟုတ်ပါဘူး၊ ကျွန်မကတော့ တစ်ချက်မှ မလှုပ်ရသေးဘူးနော်”
ဝေချန်ရှန်းသည် စိတ်ဓာတ်ကျသွားသည်။ ရုပ်သေးသည် သူနှင့် အာရုံခံစားမှုချင်းဆက်နွှယ်နေခြင်းကြောင့်ဖြစ်သည်။ သူက ရုပ်သေးကို ရိုက်မိသည့်အခါ သူ နာသည်။ ရုပ်သေးက သူ့ကို ရိုက်သည့်အခါလည်း သူ နာသည်။ ဒီတိုက်ပွဲသည် ဘာကြောင့် ဒီလောက်တောင် စိတ်ပျက်ဖို့ကောင်းနေရတာလဲ။ ဒါပေမဲ့ သူ ဇွဲလျှော့လို့မရဘူး၊ သူ ရှုံး၍မဖြစ်ပေ။
ဒုန်း..
ဝေချန်ရှန်းသည် ရုပ်သေးတစ်ရုပ်ကို ဖျက်ဆီးပစ်လိုက်သည်။ နာကျင်မှုကြောင့် သူ့မျက်စိရှေ့မှာ အမှောင်အတိကျသွားသည်။
"မဆိုးဘူး လောင်ဝေ၊ တစ်ရုပ်တော့ ဖြုတ်နိုင်သွားပြီ၊ နောက်ထပ် ခြောက်ရုပ်ကျန်သေးတယ်နော်~"
"…!"
စုကျိုသည် လက် နောက်ပစ်၍မတ်တပ်ရပ်လိုက်ကာ ဖူစန်းကျောက်တိုင်ပေါ်နင်းလိုက်သည်။ ပြီးနောက် သူမ ပတ်ဝန်းကျင်ကို သေသေချာချာစမ်းကြည့်လိုက်သည်။ ခဏအတွင်းမှာပင် သူ ဖောက်ထွင်းမြင်ရသော်လည်း သံမဏိလို မာကျောသောအကာ အကွယ်တစ်ခုကို ခံစားလိုက်ရသည်။ သူမသည် စစ်တုရင်ခုံ၏ 'အလယ်ဗဟို' နေရာမှာ ရပ်နေပြီး လုံးဝလှုပ်ရှား၍မရတော့ပေ။
ဒါက ဝမ်ချီဂိုဏ်း၏နည်းစနစ်ဖြစ်ပြီး အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်း စစ်တုရင်ခုံ၏ဘယ်နေရာမှာမဆို ပိတ်ထားနိုင်ခြင်း ဖြစ်သည်။ ဝမ်ချီဂိုဏ်းမှ ကစားသမားက သူမကို 'မရွှေ့' ပေးသရွေ့၊ သို့မဟုတ် သူမက ထိုကစားသမားထက် ကျင့်ကြံမှုအဆင့် ပိုမြင့်ပြီး စစ်တုရင်ခုံကိုဖောက်မထွက်နိုင်သရွေ့ သူ့ အသင်းဖော်များထံ သူမ သွားလို့မရပေ။
"ဟဲဟဲ ညီမလေးစုကျို၊ မင်း ငါ့ကို တားထားနိုင်ပေမယ့်၊ ငါကလည်း မင်းကို ပြန်တားထားနိုင်တယ် မဟုတ်လား"
ဝေချန်ရှန်းသည် သူ့ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။
"စိန်ခေါ်မှုအဖွဲ့ဝင် ဆယ်ယောက်လုံးက ရွှေအမြုတေအဆင့်ရောက်ဖို့ လက်တစ်ကမ်းအလိုတွေချည်းပဲ"
"မင်း ငါ့ကို အနိုင်ယူပြီး ဒီစစ်တုရင်ခုံကိုဖောက်ထွက်နိုင်တဲ့ အချိန်ကျရင် မင်းရဲ့ ရှီးရှန်ဆောင် အဖွဲ့ဝင်ကိုးယောက်စလုံး ပြုတ်သွားလောက်ပြီ"
"အဲ့ဒီအချိန်ကျရင် ငါတို့ ဆယ်ယောက်က မင်းတစ်ယောက်တည်းကို ဝိုင်းတိုက်မှာပေါ့"
"အောင်ပွဲကတော့ ငါတို့ စိန်ခေါ်မှုအဖွဲ့ဘက်မှာပဲ ရှိနေတုန်းပဲ"
စုကျို : "ဩော်၊ အဲ့ဒီလိုလား"
ဝေချန်ရှန်း : "?"
စုကျိုသည် ကျောက်တိုင်ပေါ်မှာ ပျင်းကြောဆန့်လိုက်သည်။
"ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့၊ အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်တဲ့အခါ ဘယ်သူ့ဘက်က လူပိုကျန်မလဲဆိုတာကိုပေါ့"
[!]
[ပရိယာယ်တစ်ခုခု ရှိနေပြီ]
[စုကျို ပြုံးလိုက်ပြီ၊ လောင်ဝေကတော့ အခြေအနေတွေက မရိုးရှင်းဘူးဆိုတာ သိလိုက်ပြီ]
ဝေဖန်သုံးသပ်ချက်ပေးနေသည့် ဝူချင်းချန်းသည်လည်း ရှီးရှန်ဆောင်၏ကျန်သည့် အဖွဲ့ဝင်များဘက်သို့ သိချင်စိတ်ဖြင့် အကြည့်ရွှေ့ လိုက်သည်။
"ဆရာမစုကျိုက အရမ်းယုံကြည်မှုရှိနေတာပဲ၊ ဒါဆိုရင် သူ ရှီးရှန်ဆောင်အဖွဲ့သားတွေအတွက် နောက်ထပ် လှည့်ကွက်တွေ ချန်ထားခဲ့တာများလား"
"သူမ သုံးရက်တိတိသတိလစ်နေပြီး ဒီနေ့မှ နိုးလာတယ်ဆိုတာက လိမ်တာ မဟုတ်ဘူးလား"
သူမ ပြောနေစဉ်မှာပင် ထုတ်လွှင့်မှုဖန်သားပြင်သည် အနောက်ဘက်မှ စစ်တုရင်ခုံ — ယင်လီနှင့် ဖျော်ဖြေရေးဂိုဏ်း ခေါင်းဆောင်တို့ ၏ တိုက်ပွဲဆီပြောင်းသွားသည်။ ဖျော်ဖြေရေးဂိုဏ်း၏တည်ထောင်သူများသည် လမ်းဘေး မျက်လှည့်ပြပွဲများကို ကြည့်၍ သူတို့၏ ကျင့်စဉ်များကို နားလည်ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် ဓားဝါးခြင်း၊ မီးမှုတ်ခြင်း၊ မျက်လှည့်အတတ်များနှင့် ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီးများ တင်ထုခြင်းမျိုးကဲ့သို့ အလွန်သန်မာသော ကာကွယ်ရေးများကြောင့် တစ်ကမ္ဘာလုံးတွင် နာမည်ကြီးသည်။
ယခု အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းတွင်ရှိသော ယင်လီသည် ရွှေအမြုတေအဆင့် ရောက်ခါနီးဖြစ်သော ဖျော်ဖြေရေးဂိုဏ်း ခေါင်းဆောင်ရှီရွှန့်ထုံနှင့် ရင်ဆိုင်နေရသည်။
ရှီရွှန့်ထုံသည် သတိပေးသည့်အနေဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"ယင်လီညီမလေး၊ သတိထားနော်၊ မင်းကို စိန်ခေါ်ရမယ်ဆိုတာသိရကတည်းက လွန်ခဲ့တဲ့ သုံးရက်အတွင်းမှာ ငါ ဓား အလက်ငါးရာ ဝါးထားတာ"
ယင်လီ : "..."
ရှီရွှန့်ထုံ စကားပြောပြီးသည်နှင့် သူ့ ခန္ဓာကိုယ်သည် ပူဖောင်းတစ်ခုကဲ့သို့ ဖောင်းကားလာပြီး လေထဲသို့ ဖြည်းဖြည်းချင်း လွင့်တက်သွားသည်။ သူသည် သူ့ပါးစပ်ကြီးကို ဖွင့်လိုက်ပြီး စစ်တုရင်ခုံ၏ 'မျက်စိငယ်' နေရာတွင်ပိတ်မိနေသော ယင်လီကို တိုက်ခိုက်လိုက်တော့သည်။
"ဖွတ် ဖွတ် ဖွတ်—"
ယင်လီ့ထံသို့ ဓားများ၊ လက်နက်များ မိုးရွာသလို ကျလာသည်။ ယင်လီ့မျက်နှာ အနည်းငယ် ဖြူလျော်သွားပေမယ့် ခဏသာ။ သူမသည် သူ့ လက်များနှင့် မျက်နှာကိုအမြန်ဖုံးလိုက်ပြီး လျင်မြန်စွာရှောင်တိမ်းလိုက်သည်။
"ကျွန်မကို လျှောက်မထွေးပါနဲ့ စီနီယာအစ်ကို၊ သစ်သားကို ကျွန်မရဲ့မျက်စိအနေနဲ့ သုံးတယ်၊ သစ်သားကို ကျွန်မရဲ့ နားအနေနဲ့ သုံးတယ်၊ ကျွန်မ ယင်လီက အရာအားလုံးကို သိတယ်"
ခဏအတွင်းမှာပင် သူမ ခြေထောက်အောက်တွင် ရှောင်တိမ်းရမည့်နေရာများကို ပြသသော မြားလေးများပေါ်လာသည်။
"ဩော် ဘယ်ဘက်ကို ရိုက်ဖို့လုပ်နေတာလား... ပြီးတော့ ညာဘက်..."
"နောက်ဘက်... အရှေ့ဘက်..."
ယင်လီသည် မြေပြင်မှ အမှတ်အသားများအတိုင်း လှပပြီးလျင်မြန်သော လှုပ်ရှားမှုများဖြင့် ဓားများကို ရှောင်တိမ်းနေသည်။ သူမ သည် လက်နက်များကျလာမည့် နေရာများကို ကြိုသိနေခြင်းဖြစ်သည်။ ဓားများ ကျလာသော်လည်း မထိပေ။ ဓားမြှောင်များ ကျလာပေမယ့်လည်း ထပ်မံမထိပြန်ပေ။
ရှီရွှန့်ထုံ အသက်ပြင်းပြင်း ရှူလိုက်သည်။
"ညီမလေး၊ မင်း တော်တော် တတ်တာပဲ၊ ကဲ ဒီအစွမ်းထက်တဲ့ တိုက်ကွက်ကို ခံစားကြည့်စမ်း၊ အရှေ့တည့်တည့်ကပဲ"
ယင်လီသည် ချက်ချင်း ခုန်တက်လိုက်ပြီး မြေပြင်တွင် ရုတ်တရက် ပေါ်လာသော ဓားအစီအရင်ကိုရှောင်လိုက်သည်။ ပြီးတော့ ညာဘက်တွင် ပေါ်လာသော မီးကွင်းကိုလည်းရှောင်လိုက်ပြန်သည်။ ထို့နောက် သူမသည် နောက်သို့တစ်ပတ်လှည့်လိုက်ပြီး သူမ ရင်ဘတ်ဆီသို့ လွင့်လာသော ကျောက်တုံးကြီးကိုလည်း ရှောင်တိမ်းလိုက်ပြန်သည်။
"ဖျော်ဖြေရေးဂိုဏ်းရေ၊ ရှင်တို့က ဘယ်လိုဖြစ်ပြီး ကတိဖျက်တာလဲ ? ခုနကပြောထားတဲ့ စကားတွေက ဘယ်ရောက်ကုန်ပြီလဲ"
"..."