← Chapters

အခန်း (၁၈၅)

Vol. 19 Ch. 185

အခန်း (၁၈၅)

Vol. 19 Ch. 185

🥝 Chapter 185

"ဓားတွေ၊ မီးကွင်းတွေ၊ ကျောက်တုံးကြီးတွေ၊ နောက်ထပ် ဘာကျန်သေးလဲ"

ယင်လီသည် ဓားတစ်လက်အသွားပေါ်တွင် ရပ်လိုက်ပြီး မျက်စိမှိတ်လျက် လေထဲသို့ မော့ကြည့်လိုက်သည်။

"အလကားပဲ စီနီယာအစ်ကို၊ ကျွန်မ မျက်စိမဖွင့်ရင်တောင် ရှင့်ရဲ့ တိုက်ကွက် ဘယ်ကလာမလဲဆိုတာ ကျွန်မ သိတယ်၊ ကျွန်မ ယင်လီမှာ အစွမ်းထက်ဆုံး အာရုံခံစားမှုနဲ့ သစ်သားအပေါ်မှာ မွေးရာပါ ထူးခြားတဲ့ ဆက်နွှယ်မှုရှိတယ်"

"သစ်သားဝိညာဉ်ရှိတဲ့ နေရာတိုင်းမှာ ကျွန်မ အရာအားလုံးကို သိတယ်"

ရှီရွှန့်ထုံ : "!"

[!]

[သူက တကယ်ပဲ အသည်းအသန်တိုက်နေရတာလား]

[စီနီယာအစ်ကိုရွှန့်ထုံက ပြိုင်ဘက်မှားရွေးမိသွားပြီ၊ သူ့ရဲ့ ဓားဝါးတာတွေ၊ မီးမှုတ်တဲ့ တိုက်ကွက်တွေက ယင်လီလို ရှောင်တိမ်းတဲ့ နေရာမှာ ဆရာကျတဲ့သူအတွက်တော့ အသုံးမဝင်ဘူးလေ]

"ငါ့မှာ သစ်သားဓာတ်ပါတဲ့ ဝိညာဉ်လက်နက် တစ်ခုမှမရှိတော့ဘူး၊ ငါ့ရဲ့ ပျံလွှားဓားမှာတောင် သစ်သားလက်ကိုင် မပါတော့ဘူး"

ယင်လီက သစ်သားကို ဘယ်လိုများဖတ်နေနိုင်သေးတာလဲဆိုသည်ကို ရှီရွှန့်ထုံ နားမလည်နိုင်တော့ပေ။ သူသည် ယင်လီနှင့် မတိုက်ခင်မှာ သူ့ထံတွင်ရှိသော သစ်သားပါသည့် အရာမှန်သမျှကိုလွှင့်ပစ်ခဲ့ခြင်းဖြစ်သည်။

"မှားနေပြီ စီနီယာအစ်ကို၊ ရှင့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေမှာလည်း ငါးပါးဓာတ်တွေ ရှိတာပဲလေ၊ အသည်းနဲ့ သည်းခြေက သစ်သား ဓာတ်ပဲ၊ ဒါဆိုရင် ရှင်က ကျွန်မကို တိုက်ဖို့ သစ်သားဓာတ်ပါတဲ့ အရာတွေကို ဘာလို့ ယူမလာဘူးလို့ပြောတာလဲ"

ရှီရွှန့်ထုံ : "!"

သူ့အကြည့်များက ချက်ချင်း တည်ကြည်သွားသည်။ ပြီးနောက် ဓားကို တင်းတင်းဆုပ်ကာ ထိုနေရာမှာပင် မျက်လှည့်အတတ်ကို သရုပ်ပြလိုက်သည်။ သူ့အသည်းနှင့် သည်းခြေကို သူကိုယ်တိုင်ဖြတ်ထုတ်ပစ်လိုက်ပြီး ဆက်တိုက်နေဆဲပင်။

"အဟွတ်... အခုတော့ ငါ့မှာ အသည်းနဲ့ သည်းခြေမရှိတော့ဘူး၊ မင်း တုံ့ပြန်နိုင်မယ့် အားနည်းချက်လည်း ငါ့မှာ မရှိတော့ဘူး"

ရှီရွှန့်ထုံ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေပေမယ့် သူသည် ပြင်းထန်သော ဒဏ်ရာများကြားမှပြုံးလိုက်သည်။

"ပွဲပြီးရင် ငါ့ဒဏ်ရာတွေကို ကုမယ်၊ အခုတော့ ငါ နိုင်မှ ဖြစ်မယ်"

ယင်လီ ကြောင်သွားသည်။ သူ့လှပသော မျက်နှာပေါ်တွင် လေးစားသည့် အရိပ်အယောင်များ နောက်ဆုံးပေါ်လာတော့သည်။

"စီနီယာအစ်ကိုက တကယ် သတ္တိရှိတာပဲ၊ ဒါပေမဲ့ ကျွန်မ ခုနက လျှောက်ပြောလိုက်တာပါ"

"???"

"ကျွန်မ ရှင့်ရဲ့တိုက်ကွက်တွေကို ရှင့်ရဲ့အသည်းနဲ့ သည်းခြေကနေတစ်ဆင့် သိခဲ့တာ မဟုတ်ပါဘူး"

"ဖူး~" ရှီရွှန့်ထုံ မျက်စိရှေ့မှာ အမှောင်အတိကျသွားပြီး ဒေါသကြောင့် သွေးများ အားရပါးရအန်လိုက်ရတော့သည်။

"ဒါဆိုရင် ဘာနဲ့ သိတာလဲ"

"ကျွန်မက အရူးလား ? အခုအချိန်မှာ ရှင်ကို ပြောပြလိမ့်မယ်လို့ ထင်နေတာလား"

ရှီရွှန့်ထုံ နောက်ထပ် သွေးတစ်ငုံ ထပ်အန်လိုက်ရပြန်သည်။

【! 】

[...]

【ရှီးရှန်ဆောင်ကလူတွေ အကုန်လုံး စုကျိုနဲ့တူတူပါပဲလား...】

"...ရှီးရှန်ဆောင်က နောက်တစ်ယောက်ကို ကြည့်ကြရအောင်"

ဝူချင်းချန်းသည် သူမ၏သနားစရာကောင်းသော အကြည့်များကို ပြန်ရုပ်သိမ်းလိုက်သည်။

"စကားမစပ်၊ ပွဲစီစဉ်သူတွေက ကျွန်မကို ခုနကပြောတယ်၊ စီနီယာအစ်ကိုရွှန့်ထုံရဲ့ အသည်းနဲ့သည်းခြေကို ပြန်ကုပေးနိုင်တဲ့ ထိပ်တန်း ကုသရေးဆရာကို အဆင်သင့်ပြင်ထားတယ်တဲ့၊ ဒါကြောင့် လူတိုင်းစိတ်မပူကြပါနဲ့၊ ပွဲပြီးရင် သူ့အသည်းက ပြန်ကောင်း သွားမှာပါ"

[...]

"ကောင်းပါပြီ၊ နောက်တစ်ယောက်ကို သွားကြစို့၊ ရှီးရှန်ဆောင်ရဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ပြောကြတဲ့ လဲ့ကျယ် ပါပဲ"

ဝူချင်းချန်းသည် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။ လဲ့ကျယ်သည် ရွှမ်းယွဲ့ဂိုဏ်းမှ အဖွဲ့ခေါင်းဆောင်မော့ယွီနှင့် ရင်ဆိုင်နေရ သည်။ ထိုအမျိုးသမီး ခေါင်းဆောင်သည် လဲ့ကျယ်နှင့် ကျင့်ကြံမှုအဆင့် တူတူပင်။ နှစ်ယောက်လုံးသည် ရွှေအမြုတေအဆင့် ရောက်ရန် လက်တစ်ကမ်းအလိုများဖြစ်သည်။ ဒါပေမဲ့ မော့ယွီသည် လဲ့ကျယ်ကို လုံးဝလျှော့မတွက်ရဲဘဲ သူတို့ကြားမှ အကွာအဝေးကို အဝေးဆုံးတွင်သာ ထားထားသည်။

"ရွှမ်းယွဲ့ဂိုဏ်းက မော့ယွီပါ၊ လမ်းညွှန်ပေးပါဦး"

လဲ့ကျယ်သည်လည်း ပြန်နှုတ်ဆက်လိုက်သည်။

"လမ်းညွှန်ပေးပါဦး"

နှစ်ယောက်လုံးသည် ခေါင်းဆောင်အဆင့်များဖြစ်သဖြင့် သူတို့ကြားတွင် စစ်တုရင်ခုံရှိနေလျှင်ပင် ၎င်းတို့အသင်းဖော်များထံမှ အကူအညီကို လက်ခံမည်မဟုတ်ပေ။ တစ်ယောက်ချင်းစီဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်၏သိက္ခာကို ရင်းရမှာဖြစ်သည်။

"လဲ့ကျယ်၊ တောင်းပန်ပါတယ်"

မော့ယွီသည် ပြောပြီးနောက် လက်ဟန်များ စလုပ်တော့သည်။ ရွှမ်းယွဲ့ဂိုဏ်းသည် စကားလုံးများကို သူတို့၏ကျင့်စဉ်လမ်းစဉ်အဖြစ် အသုံးချကြခြင်းဖြစ်သည်။ သူတို့သည် စာရေးသားခြင်းများကို အသေအလဲလေ့ကျင့်ကြပြီး ပြောလိုက်သော စကားလုံးတိုင်းတွင် လျစ်လျူရှု၍မရသော စွမ်းအားများ ရှိသည်ဟု ယုံကြည်ကြသည်။ ဒါသည် ကျင့်ကြံသူများ ပြောဆိုလိုက်သော ကျိန်ဆိုမှု သို့မဟုတ် ကျိန်ဆဲမှုများ၏ စွမ်းအားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဒါကြောင့်မို့လို့ ရွှမ်းယွဲ့ဂိုဏ်း၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှု နည်းလမ်းမှာ ရှေးဟောင်း မန္တန်များ ရွတ်ဖတ်ခြင်းပင်ဖြစ်သည်။

"မင်းရဲ့ မျက်လုံးတွေကို မယုံနဲ့။ အခုအချိန်ကစလို့ လဲ့ကျယ်၊ မင်းမြင်ရသမျှ အရာအားလုံးက အတုတွေပဲ"

"ငါ မင်းရဲ့ အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားမယ်"

"မင်းရဲ့ တိုက်ခိုက်လိုစိတ်တွေ ပျောက်ဆုံးသွားမယ်၊ မင်းရဲ့ အာရုံငါးပါးစလုံး ပျောက်ဆုံးသွားမယ်..."

[...]

[ဥပဒေမဲ့တဲ့ ရွှမ်းယွဲ့ဂိုဏ်း]

[တစ်ယောက်ယောက်ရဲ့ ဝိညာဉ်စွမ်းအားသာ အလုံအလောက် သန်မာမယ်ဆိုရင် သူ့ရဲ့ ပြိုင်ဘက်ကို ဘာမဆိုလုပ်ဖို့ အမိန့်ပေးလို့ ရတယ်လေ]

[လဲ့ကျယ်ကတော့ ကိုယ်ခန္ဓာ ခွန်အားကိုပဲ သုံးပြီးတိုက်တာ၊ သူ့ရဲ့ ဝိညာဉ်စွမ်းအားကတော့ လုံးဝကို အသုံးမကျဘူးလို့ ပြောကြတယ်]

"ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပါ၊ လဲ့ကျယ်..."

"မင်း အရှုံးပေးပါတယ်လို့ ပြောလိုက်စမ်း"

မော့ယွီသည် လက်ဟန်များလုပ်လိုက်ရာ သူမ၏အနီရောင် နှုတ်ခမ်းလွှာလေးများမှ ထွက်ပေါ်လာသော အသံသည် ကြီးမားသော ခေါင်းလောင်းသံကြီးကဲ့သို့ပင် လေထဲတွင် သုံးရက်တိုင်တိုင်ပဲ့တင်ထပ်နေတော့သည်။

လဲ့ကျယ် မျက်လုံးထဲတွင် ဝေဝါးသောအရိပ်အယောင်များ ခဏမျှဖြတ်ပြေးသွားပေမယ့် သူက ချက်ချင်းပင် "ဩော်" ဟု ပြန်ထူးလိုက်သည်။

"ဒါက ရွှမ်းယွဲ့ဂိုဏ်းရဲ့ကျိန်ဆဲတဲ့ စွမ်းအားပေါ့ ဟုတ်လား"

သူသည် ခေါင်းနောက်စေ့ကိုကုတ်လိုက်ရင်း "အဲ၊ အဲ့ဒါက ကျွန်တော့်အပေါ်တော့ အလုပ်မလုပ်ဘူး ထင်တယ်"

[?]

မော့ယွီ : "??? အဓိပ္ပာယ်မရှိတာ! မင်း ခုနကပဲ ထိသွားတာလေ၊ ပြိုင်ပွဲကနေ နုတ်ထွက်လိုက်စမ်း၊ လဲ့ကျယ်"

လဲ့ကျယ်သည် ပြုံးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ 'လဲ့ကျယ် အသွင်အပြင်' ကို ခေါင်းမှခြေအထိ ဇစ်ဆွဲဖွင့်လိုက်ရာ လဲ့အော် မျက်နှာပေါ်လာသည်။ ထို့နောက် သူသည် ချက်ချင်းမော့ယွီနှင့် အကွာအဝေးကိုကျဉ်းမြောင်းလိုက်သည်။ သူ သူမအား လက်သီးဖြင့် ထိုးလိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော်က လဲ့ကျယ်မဟုတ်ဘူး၊ လဲ့ကျယ် နုတ်ထွက်တာက ကျွန်တော် လဲ့အော်နဲ့ ဘာဆိုင်လို့လဲ"

ဘာလဲ ? ဒါက လဲ့ကျယ် မဟုတ်ဘဲ လဲ့အော်လား ? သူ ကျိန်ဆဲတဲ့လူနာမည်ကို မှားခေါ်မိတာလား ?

မော့ယွီ : "...!"

[...]

မော့ယွီသည် သူ့ ရိုက်ချက်ကြောင့် ချက်ချင်းနောက်သို့လွင့်သွားပြီး အမြန်ပြောလိုက်သည်။

"လဲ့အော်၊ 'နုတ်ထွက်ပါတယ်' လို့ ပြောစမ်း"

"ခွပ်.."

နောက်ထပ် လက်သီးတစ်ချက်ကသာ သူမကို ပြန်ဖြေလိုက်သည်။

'လဲ့အော်' ပြုံးလိုက်သည်။

"မှန်တယ် စီနီယာအစ်မ၊ ကျွန်တော်က လဲ့အော်လည်း မဟုတ်ပြန်ဘူး၊ ကျွန်တော် ဘယ်သူလဲဆိုတာ မှန်းကြည့်လိုက်ဦး"

"?"

"ခင်ဗျား ကျွန်တော့်နာမည်ကို ခဏခဏမှားခေါ်နေမယ်ဆိုရင်၊ ခင်များ ကျွန်တော့်ကို ကျိန်ဆဲလို့ မရဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား ရွှမ်းယွဲ့ဂိုဏ်းက စီနီယာအစ်မမော့"

"ကျွန်တော့်ရဲ့ ရှီးရှန်ဆောင်အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့တစ်ခုလုံးမှာ အဖွဲ့ဝင် ၂၇ ယောက် ရှိတယ်၊ တစ်ယောက်ချင်းစီ လိုက်မှန်းကြည့်လိုက်ဦး"

"ခင်ဗျား ကျွန်တော့်နာမည်ကို မှန်အောင် မမှန်းနိုင်ခင်မှာ ကျွန်တော် ခင်ဗျားကို အနိုင်ယူလိုက်မယ်"

မော့ယွီ၏လှပသော မျက်လုံးများသည် အံ့ဩလွန်းသဖြင့် ပြူးသွားတော့သည်။

【!!!】

"ဟူး ဖျော်ဖြေရေးဂိုဏ်းက စီနီယာအစ်ကိုကတော့ သူ့သတ္တိတွေပျောက်ဆုံးသွားပြီ၊ ရွှမ်းယွဲ့ဂိုဏ်းက စီနီယာအစ်မမော့လည်း သူ့ရဲ့ ကျိန်ဆဲခြင်း စွမ်းအားတွေပျောက်ဆုံးသွားပြီ" ဝူချင်းချန်းသည် သက်ပြင်းချလိုက်သည်။

"သူတို့ နှစ်ယောက်လုံးဟာ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ အစွမ်းအထက်ဆုံး လက်နက်တွေကိုဆုံးရှုံးလိုက်ရပြီ"

[ဖျော်ဖြေရေးဂိုဏ်းရဲ့အစွမ်းထက်ဆုံးလက်နက်က သတ္တိဖြစ်ရမယ်လို့ ဘယ်သူပြောလဲ]

[...ကြောက်စရာကောင်းလိုက်တာ၊ ရှီးရှန်ဆောင်ကလူတွေက တစ်ယောက်မှ ကိုင်တွယ်ရ လွယ်မနေဘူး]

[အမှတ်အသားတွေ အထပ်ထပ်ပြောင်းလဲတာက ရွှမ်းယွဲ့ဂိုဏ်းရဲ့ ကျိန်ဆဲခြင်းစွမ်းအားကို တကယ်ကြီး ချေဖျက်နိုင်ခဲ့တာပဲ]

"တခြားလူတွေကို ဆက်ကြည့်ရအောင်"

ဝူချင်းချန်းသည် စိတ်လှုပ်ရှားသွားပြီး ဘေးမှ စစ်တုရင်ခုံပေါ်မှ တိုက်ပွဲကို စိတ်ဝင်တစားကြည့်လိုက်သည်။ ထိုအခါကျမှသာ လျန်ဟော့ကျီ၏အသွင်အပြင်အောက်တွင် ရှိနေသည်မှာ တကယ့်လဲ့ကျယ်ဆိုသည်ကို သူ သိလိုက်ရသည်။ သူသည် သူ့ ပါးစပ်ကို ပိတ်ထားပြီး ဆေးလုံးဂိုဏ်း ခေါင်းဆောင်နှင့်တိုက်နေသည်။

"ဩော် ဒါဆို စီနီယာအစ်မမော့ရဲ့ ကျိန်ဆဲမှုက အလုပ်လုပ်ခဲ့တာပဲ၊ ဘေးမှ အကွက်ထဲမှ လဲ့ကျယ်က ကျိန်ဆဲခြင်းစွမ်းအားကို သက်ရောက်ခံလိုက်ရတာကိုး၊ သူ ပြိုင်ပွဲကနေ နုတ်ထွက်ပါတယ်လို့ ပြောမိမှာကို ကြောက်နေတာ"

"သူ ပါးစပ်ကို ပိတ်ထားပြီး ဆေးလုံးဂိုဏ်းခေါင်းဆောင်နဲ့ တိုက်နေတာပဲ"

[...]

လဲ့ကျယ်သည် တိုက်စစ်အားကောင်းသောသူဖြစ်သည်။ လက်တစ်ဖက်တည်းနှင့်တောင်မှ ဆေးဖော်စပ်ခြင်းကိုသာ အာရုံစိုက်နေသော ဆေးလုံးဂိုဏ်းကျင့်ကြံသူကို ခဏလောက် ရင်ဆိုင်ရန်လုံလောက်သည်။

"တောက် ငါတို့ ဆေးလုံးဂိုဏ်းက လူတွေက မတိုက်တတ်ဘူးလို့ ဘယ်သူပြောလဲ ? ငါတို့ရဲ့ ဆေးပေါင်းအိုးတွေက ငါတို့ရဲ့ လက်နက်ပဲ၊ ငါတို့က ဒီနေရာမှာတင် ဆေးဖော်စပ်တာဆိုတော့ ငါတို့ဆီမှာ လက်နက်တွေ အမြဲရှိနေမှာပဲ"

ဆေးလုံးဂိုဏ်း ခေါင်းဆောင်သည် သူ့ဆေးပေါင်းအိုးကို ချက်ချင်းပစ်ထုတ်လိုက်ပြီး လဲ့ကျယ်တိုက်ခိုက်မှုကို ခုခံရန်သုံးလိုက်သည်။ သူသည် အနောက်တွင် ပုန်းနေပြီး အစောပိုင်းဖော်စပ်ထားသော ဆေးလုံးများကို ဆက်တိုက်စားနေသည်။ သို့သော် မကြာခင်မှာပင် သူ စားလက်စ ဆေးလုံးများပျောက်သွားသည်ကို သူ တွေ့လိုက်ရသည်။ ပြီးနောက် ရုတ်တရက်ဆိုသလို သူ့ရှေ့မှ နေရာသည် လင်းထိန်သွားပြီး ဘာမှမရှိတော့ပေ။ ဆေးလုံးဂိုဏ်းခေါင်းဆောင်သည် မျက်လုံးပြူးသွားပြီး ခဏအတွင်းမှာပင် သူ မော့ကြည့်လိုက် သောအခါ မိုးကုတ်စက်ဝိုင်းပေါ်တွင် ငါးမျှားချိတ်နှစ်ခုက သူ့ဆေးပေါင်းအိုးနှင့် ဆေးလုံးများကို ချိတ်ယူသွားသည်ကို မြင်လိုက်ရ သည်။

နေဦး… တောက်ဟယ်ရဲ့ ငါးမျှားတံက ဘယ်လိုဖြစ်ပြီး ဘေးအကွက်ထဲအထိ ရောက်လာတာလဲ ?

ဆေးပေါင်းအိုးရော ဆေးလုံးရောမရှိတော့သော ဆေးလုံးဂိုဏ်းခေါင်းဆောင် : "..." သူသည် သူ့ရှေ့တွင် ပါးစပ်ပိတ်၍ရပ်နေသော လဲ့ကျယ်ကို ဖြည်းဖြည်းချင်းမော့ကြည့်လိုက်သည်။

"!"

လဲ့ကျယ်သည် ပြုံးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကို တိုက်ခိုက်လိုက်တော့သည်။

[...]! [...]

အရင်ကပြောခဲ့သော စကားကို ပြန်ရုပ်သိမ်းတယ်။ ရှီးရှန်ဆောင်က တခြားသူတွေလည်း တော်တော်လေးသန်မာတယ်...

[...]

ဒီအဖွဲ့ထဲမှာ ပုံမှန်လူ တစ်ယောက်မှမပါဘူး။ တစ်ယောက်မှ

[...]

စုကျို တွေချည်းပဲ ဖြစ်နေသလိုပင်။

"စီနီယာအစ်ကိုလဲ့ကျယ်ရဲ့ အမြင်အာရုံကို ကျိန်ဆဲခြင်းမခံရခင် အမွှေးတိုင် တစ်ဝက်စာအချိန်ဆီသို့ ပြန်သွားစေ"

"ကျွန်မရဲ့ခန္ဓာကိုယ်ကိုလည်း ဒဏ်ရာမရခင် အမွှေးတိုင်တစ်ဝက်စာ အချိန်ဆီသို့ပြန်သွားစေ"

စုကျီကျီသည် ရွတ်ဆိုလိုက်သည်။ ထို့နောက် သူမသည် သူမ၏ [အချိန်နောက်ပြန်ဆွဲနိုင်သော ပါရမီ] ကို [ဆေးဆရာ ပါရမီ] အဖြစ် ပြောင်းလဲလိုက်ပြီး ရှီးရှန်ဆောင်အသင်းဖော်များ အကုန်လုံးကိုကုသပေးလိုက်သည်။ ဟောင်ယို့လုသည်လည်း အမျိုးမျိုးသော ကံကောင်းခြင်း စာတိုလေးများကို အလကားရသလိုလျှောက်ဖြန့်နေသည်။ ဝိညာဉ်တွက်ချက်ခြင်းဂိုဏ်းသည် အန္တရာယ်ကို ကြိုသိ ရန်တွက်ချက်ကြည့်ကြပေမယ့်၊ ဘယ်ကိုပဲ သွားသွားကံဆိုးလိမ့်မည်ဟုပင် အဖြေထွက်နေသည်။ ရှေ့ဆက်ရန် တကယ်ကိုခက်ခဲနေ သည် မဟုတ်ပါလား ?

တစ်ချိန်တည်းမှာပင် တောက်ဟယ်သည် ဆေးလုံးဂိုဏ်းထံမှ ဆေးလုံး ၁၂ ပုလင်းကိုငါးမျှားယူလိုက်ပြီး ဟင်းချက်နေသော ဝမ်ချူဂိုဏ်းကို ဆက်တိုက်နေသည်။

"လက်နက်ဖြုတ်"

လိုကျားသည် နတ်ဂီတဂိုဏ်းခေါင်းဆောင်၏တူရိယာကို လက်နက်ဖြုတ်သိမ်းလိုက်သည်။ စောင်းကြိုးများ ပြတ်တောက်ကုန်ပြီး ပုလွေရှည်ကြီးသည်လည်း အလယ်မှထက်ပိုင်းကျိုးသွားတော့သည်။ တိုက်ခိုက်ရေးတူရိယာများ အကုန်ပျက်စီးသွားသောကြောင့် နတ်ဂီတဂိုဏ်းမှ ဘာအသံမှမထွက်လာတော့ပေ။

"လက်နက်ဖြုတ်.. စစ်တုရင်ခုံ အချုပ်အနှောင်"

လိုကျားသည် နောက်ဆုံးတွင် သူ့ကြည်လင်သော မျက်လုံးလေးများကို ဖွင့်ကြည့်လိုက်သည်။ သူ့ကျင့်ကြံမှုသည် ချက်ချင်းပင် ရွှေအမြုတေအဆင့် ရောက်ရန် လက်တစ်ကမ်းအလိုအထိတက်သွားတော့သည်။ စင်ပေါ်မှ စစ်တုရင်ခုံ အကွက်များ အားလုံးသည် အသံနှင့်အတူပွင့်ထွက်သွားသည်။ အချုပ်အနှောင်များ ပျောက်ကွယ်သွားပြီဖြစ်သည်။

စုကျိုသည် စစ်တုရင်ခုံ၏အလယ်ဗဟို 'ထျန်းယွမ်' နေရာတွင်ရှိသော ကုသရေး ကျောက်တိုင်ပေါ်တွင် ထိုင်လျက်၊ ခက်ခက်ခဲခဲ တောင့်ခံနေရသော ဝေချန်ရှန်းကိုပြုံးပြလိုက်သည်။ ထို့နောက် သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူမသည် လက်မြှောက်၍ ယမ်းပြလိုက်သည်။

"ဟေး အကုန်လုံး၊ အသက်ရှင်နေကြတုန်းပဲ"

ယင်လီ၊ ဟောင်ယို့လု၊ စုကျီကျီ၊ လဲ့ကျယ်၊ လိုကျား၊ လျန်ဟော့ကျီ၊ တောက်ဟယ်၊ ပြီးနောက် လဲ့ကျယ်၏အသွင်အပြင်ရော၊ လဲ့အော်၏အသွင်အပြင်ရော ဖြည်ချလိုက်သော ၁၈ ထပ် အရုပ်လေးလိုဖြစ်နေသည့် အရံကစားသမား မူချင်းချိုးတို့အားလုံးသည် မတ်တပ်ရပ်နေကြဆဲပင်။ ၎င်းတို့အားလုံး၏မျက်နှာပေါ်တွင် ဒဏ်ရာများရှိနေပေမယ့် စင်အလယ်မှ စုကျိုကိုကြည့်၍ ပြုံးလျက် လက်လှမ်းပြနေကြသည်။

"ဟဲဟဲ အသက်ရှင်နေတုန်းပဲ"

"မဆိုးဘူး"

"တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်"

သူတို့သည် စင်အလယ်သို့လျှောက်လာကြပြီး စုကျိုနှင့်အတူ စင်ပေါ်တွင် တိုက်ခိုက်နိုင်စွမ်းကျန်ရှိနေသေးသော စိန်ခေါ်မှုအဖွဲ့ဝင် သုံးလေးယောက်ကိုကြည့်လိုက်ကြသည်။ စုကျို ပြုံးလိုက်ပြီး "ဆက်တိုက်ကြဦးမလား" ဟု မေးလိုက်သည်။

All Chapters