အခန်း (၁၈၆)
Vol. 19 Ch. 186
🥝 Chapter 186
ဝေချန်ရှန်း မျက်နှာသည် နာကျင်မှုများဖြင့် ပြည့်နှက်နေပြီး ကျန်ရှိနေသည့် စိန်ခေါ်မှုအဖွဲ့ဝင် သုံးဦးကိုလှည့်ကြည့်လိုက်သည်။
“ငါတို့”
သူတို့အားလုံးသည် ဂုဏ်ယူတတ်သော ပါရမီရှင်များဖြစ်ကြသဖြင့် အရှုံးပေးစကားကိုပြောရန် အလွန်ခက်ခဲနေကြသည်။ သို့သော် သူတို့ စကားမဆုံးခင်မှာပင် စုကျိုနောက်ကွယ်မှ ယင်လီနှင့် အခြားသူများက ကြားဖြတ်ပြောလိုက်ကြသည်။
“သေချာတာပေါ့ ဆက်တိုက်ကြတာပေါ့၊ ငါတော့ အားမရသေးဘူး”
“ပြီးတော့မှာလား ? မဖြစ်နိုင်တာ”
စိန်ခေါ်မှုအဖွဲ့ ခေါင်းဆောင်များ : “...”
[...]
စုကျို နားထဲတွင် ဆူညံသံများ ပြည့်နှက်နေတော့သည်။
“အို ညီမလေးစုကျို၊ ဆက်တိုက်ပါဦး၊ ငါ့ရဲ့ ငါးမျှားဝိညာဉ်ပိုးထည်ကို ကြွားဖို့ မေ့သွားလို့ပါ”
“ငါ့ရဲ့ ပိုးထည်ကိုဝတ်ထားရင် မန္တန်တွေ ပစ်တဲ့နေရာမှာ တိကျမှုပိုကောင်းစေတယ်နော်”
“ငါ့ဟာကတော့ လျှပ်စီးတိုက်ကွက်တွေပါတယ်”
“ဩော် ငါလည်း မေ့နေလို့၊ ယင်လီရဲ့အရာအားလုံးသိမြင်နိုင်စွမ်းပါတဲ့ ဝိညာဉ်ပိုးချည်နဲ့ ရက်ထားတဲ့အထည်ကို ဝတ်ထားရင် စာမေးပွဲတွေ အလွယ်တကူဖြေနိုင်မှာနော်”
“လူသတ်ဓားကိုချပြီး ဒီနေရာမှာတင် ဘုရားဖြစ်လိုက်စမ်းပါ၊ အသွားမပါတဲ့ ပိုးထည်က စိတ်အေးချမ်းမှုကို ပေးပါလိမ့်မယ်”
“အချိန်ခရီးသွား ပိုးထည်၊ ဒါကို ဝတ်ထားရင် နေ့တိုင်း အမွှေးတိုင်တစ်တိုင်စာ ပိုအိပ်လို့ရတယ်နော်”
စုကျီကျီသည်လည်း သူမနှင့်အစ်ကိုဖြစ်သူ၏ ပိုးထည်ကို အမြန်ကြော်ငြာတော့သည်။
[???]
[ဒီအထည်က နည်းနည်းတော့... နေဦး၊ သူတို့ ဒီမှာ ဈေးရောင်းနေကြတာလား ? ကျွန်တော်တောင် တကယ် ဝယ်ချင်လာပြီ]
ဝေချန်ရှန်းသည် မူလက လဲကျသွားသည့်တိုင်အောင် တိုက်ရန်ပြင်ဆင်ထားသော်လည်း ယခုအခါတွင်မူ သူသည် သွားကြိတ်လျက် စုကျိုကို ပြောလိုက်သည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ညီမလေးစုကျိုနဲ့အားလုံးပဲ၊ နောက်ဆယ်နှစ်ကြာမယ့် ရွှေအမြုတေအဆင့်ပြိုင်ပွဲမှာ ပြန်ဆုံကြတာပေါ့”
စိန်ခေါ်မှုအဖွဲ့ခေါင်းဆောင် ဝေချန်ရှန်းသည် စင်ပေါ်မှ အမြန်ခုန်ချသွားတော့သည်။ ရှန့်ပုကျဲသည်လည်း သက်ပြင်းတစ်ချက်ချကာ ဆေးလုံးဂိုဏ်းနှင့် နတ်ဂီတဂိုဏ်းခေါင်းဆောင်များကို မကာနောက်မှကပ်လိုက်သွားပြီး စင်ပေါ်မှခုန်ချသွားသည်။
“ဂုဏ်ယူပါတယ် ညီမလေးစုကျို”
“နှုတ်ဆက်ခဲ့ပါတယ်”
“နှုတ်ဆက်ခဲ့ပါတယ်!”
“ကတိက ကတိပဲ! ငါတို့ လုံးဝအရှုံးပေးပါတယ်!”
စိန်ခေါ်မှုအဖွဲ့ခေါင်းဆောင်များသည် ရေနွေးအိုးထဲ ပစ်ထည့်လိုက်သည့် မုန့်လုံးများကဲ့သို့ စင်ပေါ်မှ အလုအယက် ထွက်ပြေးကြ တော့သည်။ သူတို့၏အရှိန်မှာ မိစ္ဆာသားရဲတစ်ကောင် လိုက်နေသည့်အလားမြန်ဆန်လှသည်။
စုကျို သက်ပြင်းတစ်ချက်ချကာ ပတ်ဝန်းကျင်ကိုဝေ့ကြည့်ရင်း နောင်တရဟန်ဖြင့်ဆိုသည်။
“ငါ့ရဲ့ရှောင်ပိုင်လေးအတွက် ကြော်ငြာစာသားတောင် မပြောရသေးဘူး”
စိန်ခေါ်မှုအဖွဲ့ခေါင်းဆောင်များသည် ပိုမိုမြန်မြန်ဆန်ဆန်ထွက်ပြေးကြတော့သည်။ ရှုံးရင်လည်း မတ်မတ်ရပ်ပြီးရှုံးချင်ကြသည် မဟုတ်လား။ ?သူများက ကြော်ငြာတွေလုပ်ပြီး အရောင်းမြှင့်တင်နေတုန်း အရိုက်ခံနေရသည်မှာ အလွန်အရှက်ရစရာ ကောင်းလှသည် မဟုတ်ပါလား ?
“ယခုနှစ် အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲမှာ ပထမရရှိတဲ့ ရှီးရှန်ဆောင်အဖွဲ့ကို ဂုဏ်ယူပါတယ်”
စင်မြင့်ပေါ်တွင် ယခုနှစ် ထိပ်သီးဆယ်သင်းဝိညာဉ်လမ်းစဉ်ပြိုင်ပွဲကို စီစဉ်ကျင်းပသူ ဝိညာဉ်ကုန်သည်အသင်းမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ အားလုံး လေထဲတွင် ဆင်းသက်ရပ်နားလိုက်ကြသည်။ ဝိညာဉ်ကုန်သည်အသင်းမှ အကြီးအကဲ တစ်ဦးချင်းစီသည် ကျောက်မျက်ရတနာများဖြင့် ထုဆစ်ထားသည့် တန်ဖိုးကြီးရုပ်တုများကဲ့သို့ တောက်ပနေပြီး ချမ်းသာကြွယ်ဝသည့် အငွေ့အသက် များထွက်ပေါ်နေကာ တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများဖြာထွက်နေသည်။
ဝိညာဉ်ကုန်သည်အသင်း ဂိုဏ်းချုပ်သည် နှုတ်ခမ်းနီနီ၊ သွားဖြူဖြူဖြင့် ကလေးတစ်ယောက်နှင့် တူလှသည်။ သို့သော် လုကျိကျောင်း ၏ပိုးနတ်သားလေးနှင့်မူ လုံးဝမတူပေ။ ဂိုဏ်းချုပ် ရှန့်ဖူကျား နဖူးပေါ်တွင် ‘ချမ်းသာသည်’ ဟူသော စကားလုံးကို ထွင်းထုထားသည့် အလားပင်။ သူ ပြုံးလိုက်သည့်အခါ သူhနောက်ကွယ်တွင် ရွှေတောင်၊ ငွေတောင်များ ရှိနေသည့်အလား ကောင်းကင်နှင့် မြေကြီး၏ ရတနာတိုက်ကြီးကို သယ်ဆောင်လာသည့်အငွေ့အသက်မျိုးရှိနေသည်။
“ငါက ရှန့်ဖူကျားပါ၊ ရှီးရှန်ဆောင်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတို့၊ မင်းတို့ တော်တော်လေး စွမ်းဆောင်နိုင်ခဲ့ ကြတယ်”
သူ စကားပြောနေစဉ်မှာပင် စုကျိုနှင့် အခြားသူများ တစ်ဦးလျှင် ဝိညာဉ်ကျောက်တုံး တစ်သန်းနှင့် ငွေစက္ကူများကို အသီးသီး လက်ခံရရှိလိုက်ကြသည်။
“တခြားဂိုဏ်းတွေလည်း တော်ကြပါတယ်”
အခြားအဖွဲ့များလည်း ဆုလာဘ်အဖြစ် ဝိညာဉ်ကျောက်တုံး ပမာဏအမျိုးမျိုးကို ရရှိကြသည်။
“ဒါတွေက ဒီပြိုင်ပွဲအတွက် ဆုလာဘ်တွေပါ!”
“မနက်ဖြန်မှာ ဖီးနစ်မြို့ရဲ့ ဝိညာဉ်ကုန်သည်အသင်း ခန်းမဆောင်ကြီးကို မင်းတို့အတွက် ဖွင့်ပေးထားမှာပါ၊မင်းတို့ ရရှိထားတဲ့ အမှတ်တွေနဲ့ ဆုလာဘ် ဝိညာဉ်ကျောက်တုံးတွေကို သုံးပြီး ငါတို့ရဲ့ဘဏ္ဍာတိုက်ထဲက လိုအပ်တာတွေကို လဲလှယ်နိုင်ပါတယ်”
“ဒါ့အပြင် ဒီပြိုင်ပွဲမှာ ထိပ်သီးသုံးသင်းစာရင်းဝင်တဲ့ အဖွဲ့တွေဟာ ကျွန်တော်တို့ ဝိညာဉ်ကုန်သည်အသင်းမှာ အတွင်းတပည့်တွေအဖြစ် သုံးနှစ်ကြာ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို အခမဲ့ သုံးစွဲခွင့်ရမှာဖြစ်ပါတယ်”
“ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်”
ရှန့်ဖူကျားစကားကြောင့် ဘေးမှ ရှန့်လိုင်လိုင်မှာ အလွန်ဝမ်းသာနေတော့သည်။ အခြားဂိုဏ်းမှ အကြီးအကဲများမှာမူ မျက်နှာများ ဖြူလျော်သွားကြသည်။ ဒါက ဗြောင်ကျကျ တပည့်လုနေခြင်းပင်။ သို့သော် တစ်ဖက်လူကား ချမ်းသာနေသည် မဟုတ်ပါလား။
“ဒါ့အပြင် ယခုနှစ် အခြေခံတည်ဆောက်ခြင်းအဆင့် ချန်ပီယံရှီးရှန်ဆောင်အဖွဲ့နဲ့ ဖီးနစ်မြို့ကို ရောက်နေတဲ့ ရှီးရှန်ဆောင် တပည့်အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့၊ ဒီပြိုင်ပွဲကာလအတွင်း ဖီးနစ်မြို့မှာ မင်းတို့ သုံးစွဲသမျှအကုန်လုံးကို အခမဲ့ခွင့်ပြုပေးပါ့မယ်!”
စုကျို မျက်လုံးများ လင်းလက်သွားသည်။ ရှိနေသည့် ရှီးရှန်ဆောင်တပည့်အားလုံးလည်း အားရပါးရကြွေးကြော်လိုက်ကြသည်။
[ဒီလောက် ကောင်းတဲ့အရာ!]
[တကယ် ရက်ရောတာပဲ!]
[အရင် ချန်ပီယံအဖွဲ့တွေ ဒီလိုမျိုးအခွင့်အရေး ရဖူးလို့လား]
[မရဖူးပါဘူး၊ ဒီနှစ်ပွဲစီစဉ်သူက ဝိညာဉ်ကုန်သည်အသင်းဖြစ်နေလို့ပါ]
“အားကျစရာကောင်းလိုက်တာ” ဝေဖန်သုံးသပ်သူ ဝူချင်းချန်းပင် သက်ပြင်းချမိသည်။
“ဒီလိုမျိုး ဆုလာဘ်ရှိမှန်း သိရင်... မနေ့က ကျွန်မ ဝယ်ထားတဲ့ ငါးဆင့်မြောက်နတ်သမီးဝတ်စုံအတွက် ဆရာမစုကို ပိုက်ဆံရှင်း ခိုင်းမှာပေါ့”
[...]
[မင်း ပိုပြီး အသည်းအသန် တိုက်ချင်နေလိမ့်မယ်လို့ ငါ ထင်နေတာ!]
ဝူချင်းချန်းသည် ဝေဖန်သုံးသပ်သည့် ကိရိယာကို ချက်ချင်းပစ်ချကာ စင်ပေါ်သို့ပြေးတက်သွားပြီး စုကျိုကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
“ဆရာမ စု၊ ရှောင်ယင်၊ ယို့လု၊ ဒီညတော့ ရှင်တို့ကျွေးရမှာနော်!”
စုကျို ရယ်မောလျက် စကားပြောမည်အပြုမှာပင် ရှီးရှန်ဆောင်မှတပည့်များစွာသည် စင်ပေါ်သို့ ပြေးတက်လာကြပြီး သူမကို ဝိုင်းလိုက်ကြသည်။
“ညီမလေးစုကျို၊ ဒီည ညစာ ကျွေးရမှာနော်!”
“စီနီယာအစ်ကို လဲ့ကျယ်၊ သောက်ကြရအောင်!”
“ဝအောင် စားပြီး ဝအောင် သောက်ကြမယ်! ဒီည ကျင့်ကြံတာတွေ မလုပ်ဘူး၊ အောင်ပွဲခံရုံပဲ!”
ရှန့်ပုကျဲ၏ဝိညာဉ်ကုန်သည်အသင်းအဖွဲ့၊ မော့ယွီ၏ရွှမ်းယွဲ့ဂိုဏ်း အဖွဲ့၊ နတ်ဂီတဂိုဏ်း၊ စာဆိုတော်ခန်းမ... အားလုံး စင်ပေါ်သို့ ပြေးတက်လာကြသည်။ လက်စားချေသည့်ပုံစံမျိုးရော၊ အောင်ပွဲခံသည့်ပုံစံမျိုးပါရောထွေးနေပြီး သူတို့အားလုံး စုကျိုတို့ ရှီးရှန်ဆောင်အဖွဲ့အပေါ်သို့ ခဏချင်းမှာပင် ပစ်လှဲလိုက်ကြသည်။ အထပ်ထပ် အခါခါဖိထားကြတော့သည်!
“ညီမလေးစုကျို၊ ကျွေးတော့လေ”
“စုကျို... ငါတို့ကို ပိုးထည်တွေ ပေးဦးမှာလား?!”
စုကျို ခန္ဓာကိုယ်မှာ လုံးဝပြားကပ်သွားပြီး သူ့ ရင်ဘတ်ကို ဖိထားသည့် ယင်လီခြေထောက်ကို ဖယ်ရှားရန်နှင့် သူမ မျက်နှာပေါ် ကျလုနီးပါးဖြစ်နေသည့် ဟောင်ယို့လုကျောပြင်ကို တွန်းထုတ်ရန်အတွက်သာ အောက်ခြေမှနေ၍လက်တစ်ဖက်ကို ခက်ခက်ခဲခဲ ဆန့်ထုတ်နိုင်တော့သည်။
ဒီလူတွေကတော့…
သူမသည် သူမကို ဖိထားသည့် လူသုံးလေးယောက်ကို တွန်းဖယ်ကာ ခက်ခက်ခဲခဲထရပ်လိုက်ပြီး စင်အောက်ရှိ ဝတ်စုံနီနှင့် ပုံရိပ်ကို ကြည့်ကာ ပြုံးလျက်ဆိုသည်။
“ချန်ယွမ်”
“အိမ်ပြန်ရအောင်”
ဝတ်စုံနီနှင့် မိစ္ဆာကြီး၏တွေဝေမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူသည် စင်ပေါ်သို့ ပြေးတက်ကာ သူမ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်တော့သည်။ သူတို့နှစ်ယောက်လုံးလည်း လူအုပ်အောက်မှာထပ်ပြီး ဖိခံလိုက်ရပြန်သည်။
“ဒါက ချန်ယွမ်ပဲ! ကောင်းတယ်၊ သူ အရင်က စုကျိုရဲ့ နောက်ကွယ်မှာ ငါ့ကို ရိုက်ခဲ့တာ!”
“သူ့ကိုလည်း ဖိထားကြစမ်း!”
“စုကျို၊ မင်း လွတ်မယ် မထင်နဲ့!”
စုကျို : “...”
ချန်ယွမ် : “...”
သူ့အဓိပ္ပာယ်မဲ့နေသည့် မြစိမ်းရောင် မျက်လုံးများထဲတွင် ချက်ချင်းအပြုံးများ ပြည့်နှက်သွားသည်။ သူမ ရှိနေခြင်းက တကယ်ကို ကောင်းလှသည်။
သူတို့တွေ သူ့ နာမည်ကို စတင်ခေါ်လာကြသည်။
‘မင်း နာမည်က ချန်ယွမ်လား? အပြင်လောကကို မြင်ချင်လား?’
“ငါနဲ့ လိုက်ခဲ့ပါ၊ ငါ့နာမည်က စုကျို ပါ”
“အပြင်မှာ သူငယ်ချင်းအသစ်တွေ ရလာလိမ့်မယ်”
သူသည် သူ့နှုတ်ခမ်းထောင့်များကို ဖြည်းဖြည်းချင်း မြှင့်လိုက်ကာ သူမဘေးတွင်ရပ်လျက် ဆေးလုံးဂိုဏ်း ခေါင်းဆောင်ကို ရိုက်ထုတ်လိုက်ပြီး လူအုပ်ထဲသို့ ရောနှောဝင်ရောက်သွားတော့သည်။
ညဘက်တွင် အိမ်မပြန်ရသေးသည့် ဝိညာဉ်လမ်းစဉ်ကြီးဆယ်ခုမှ အဖွဲ့အားလုံးသည် တုန်းလိုင်တည်းခိုဆောင်ရှိ ရှီးရှန်ဆောင်၏ ခြံဝင်းထဲတွင် ပြည့်နှက်နေကြသည်။ ဝမ်ချူဂိုဏ်းမှ တပည့်များက အကင်ကင်သည့် တာဝန်ကိုယူကြပြီး၊ ဆေးလုံးဂိုဏ်း တပည့်များက ‘ယစ်မူးဆေးလုံး’ များကို ဖော်စပ်နေကြကာ စာဆိုတော်ခန်းမကမူ ကဗျာရေး၊ ပန်းချီဆွဲနေကြသည်။
ကချေသည် ညီမလေးများသည်လည်း ခြံဝင်းထဲတွင် ပျော်ရွှင်စွာကပြနေကြသည်။ လူတိုင်းသည် လေထဲတွင် လွင့်ပျံလျက်၊ မီးမှုတ်လျက်၊ ကျောက်တုံးကြီးများကိုရိုက်ခွဲလျက် စိတ်ကြိုက် ပျော်ပါးနေကြသည်။ ညနက်လာသည့်အခါ အများစုမှာ မူးယစ်ပြီး ခြံဝင်းထဲမှာတင် အိပ်ပျော်ကုန်ကြသည်။ စုကျိုသည်လည်း ငိုက်မြည်းနေသဖြင့် အိပ်ရာထဲသို့ အသာအယာ မ,သယ်ဆောင်ခြင်း ခံလိုက်ရသည်။
သူမ ညာဘက်လက်ချောင်းများကြားရှိ ပတ်တီးမှာ ညဘက် ဆော့ကစားရင်း အနည်းငယ်လျော့ရဲနေခဲ့သည်။
“ချန်ယွမ်၊ စုကျိုကို မင်းပဲ ကြည့်ထားလိုက်တော့၊ ငါတို့ ပြန်ပြီ!”
“ဟေး၊ အစ်မရဲ့ညာဘက်လက် ပတ်တီးက လျော့နေတာပဲ၊ ကံကောင်းလို့ ဘာမှမထိမိတာ...”
ဝတ်စုံနီနှင့် မိစ္ဆာကြီးသည် တံခါးကို ပိတ်လိုက်ပြီး ခေါင်းငုံ့ကာ ပိုးစောင်ပေါ်ရှိ သူမ၏သွယ်လျသည့် လက်ညှိုးလေးကို စူးစိုက်ကြည့်နေမိသည်။ တကယ်လို့ သူသာ စုကျိုလက်ကို မတော်တဆ ထိမိခဲ့ရင်...
ချန်ယွမ့် နက်မှောင်သည့် အပြာရောင် မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူ့ မျက်တောင်လေးများမှာ စိုးရိမ်တကြီး မျှော်လင့်ချက်များဖြင့်တုန်လှုပ်နေသော်လည်း သူမ စိတ်ဆိုးသွားမှာကိုလည်း ကြောက်နေမိသည်။ သို့သော် နောက်ဆုံးတွင် ညသန်းခေါင်အချိန်၌ သူ့ ငွေရောင်မျက်နှာဖုံးကိုဖယ်ရှားလိုက်ပြီး ကိုယ်ပေါ်မှ ဝတ်စုံနီကိုချွတ်လိုက်ကာ အတွင်းဝတ် အင်္ကျီပါးလေးသာ ကျန်တော့သည်။
သူသည် ပန်းရောင်ပိုးစောင်အပြင်ဘက်ရှိ သူမ ညာဘက်လက်ကို အသာအယာထိတွေ့လိုက်သည်။ သေချာပါသည်၊ အဖြူရောင် ပတ်တီးကြားကနေ သူမ၏နုနယ်သည့် လက်ချောင်းထိပ်လေးပေါ်နေသည်။ သူ အသာလေး ထိကြည့်လိုက်သည်။
ဒါက နွေးထွေးသည့် ကျောက်စိမ်းတစ်ခုကို ထိလိုက်ရသလိုပင်။ သူမ အသားအရေမှာ နွေးထွေးပြီးနုညံ့လှသည်။ သို့သော် ၎င်းတွင် ထူးခြားသည့် ခွန်အားတစ်ခုရှိနေသည်။ သူမ သူ့ဒဏ်ရာကိုကုသပေးဖို့ ဆွဲခေါ်တုန်းက ခံစားခဲ့ရတဲ့ နွေးထွေးမှုမျိုးပါပဲ...
ဒါပေမဲ့ ဘာလှုပ်ရှားမှုမှ မရှိဘူးလား?
သူသည် သူမ၏လက်ညှိုးထိပ်လေးကို အဖိုးတန်ရတနာတစ်ခုလို ဂရုတစိုက်ဆုပ်ကိုင်ထားမိသည်။ ဒါပေမဲ့... ဘာမှ ဖြစ်မလာဘူး လား? သူ ပုံတူပွား မခံရဘူးလား?
ချန်ယွမ့် မျက်လုံးများမှာ အံ့ဩလွန်းသဖြင့် ပြူးကျယ်သွားသည်။ သူ့မျှော်လင့်ချက်များမှာ ချက်ချင်းငြိမ်းသတ်ခြင်း ခံလိုက်ရသ လိုပင်။ ဘာလို့ ဘာမှမဖြစ်တာလဲ!? သူမ သူ့ကိုထိထားတာပဲလေ၊ ဘာလို့ သူ ပုံတူပွားမခံရတာလဲ? ဘာလို့ သူ့ရဲ့ ရုပ်သေးရုပ် ပေါ်မလာတာလဲ? သူမ အိပ်ပျော်နေလို့လား?
မိစ္ဆာကြီး၏ သူငယ်အိမ်မှာ ရုတ်တရက်နက်မှောင်သွားပြီး သူ ကြောင်အမ်းအမ်းဖြစ်နေမိသည်။ သူမ အိပ်ပျော်နေရင်တောင် သူ့ကို ပုံတူမပွားဘူးလား? သူ အသက်ရှူမြန်လာရသည်။ အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်အလား။
သူသည် သူမ ကုတင်ဘေးတွင် ဒူးထောက်လိုက်ပြီး သူ့နဖူးဖြင့် စုကျို နဖူးကိုအသာအယာထိလိုက်သည်။ သူမ အိပ်ပျော်နေတာကို မနှောင့်ယှက်မိအောင် အင်အားအနည်းငယ်လေးတောင် မသုံးရဲပါဘူး။ ဒါပေမဲ့ အခန်းထဲမှာတော့ တိတ်ဆိတ်နေဆဲပါပဲ။ သူ၏ အသက်ရှူသံကလွဲရင်ပေါ့။ ဘာမှ... ဘာမှ ဖြစ်မလာဘူး...
သူ အခုထိ သူမ ဆီမှာ ပုံတူပွားမခံရသေးဘူးလား? ဘာလို့ တခြားလူတွေကျတော့ ပုံတူပွားလို့ရပြီး သူကျတော့ မရတာလဲ? ညက အေးစက်နေပြီး နှင်းတွေလည်းထူထပ်နေသည်။ တိတ်ဆိတ်နေသည့် အမှောင်ထုသည် မိစ္ဆာကြီးပုခုံးပေါ်ကို တောင်ကြီးတစ်လုံးလို ဖိထားသည့်အလား သူ ချက်ချင်းပြိုလဲသွားတော့သည်။
“ဟမ်း... ဒါဆို ချန်ယွမ်က... ငါ့ဆီမှာ ပုံတူပွားခံချင်နေတာပေါ့”
စုကျိုသည် တကယ်တမ်းတွင် မျက်လုံးပွင့်နေခဲ့ခြင်းဖြစ်သည်၊ သူမ အမြင်အာရုံမှာ မူးယစ်မှုကြောင့် ဝေဝါးနေပြီး ပါးပြင်လေးများမှာ လည်းနီမြန်းနေသည်။ သူမ ကုတင်ဘေးမှာ ဒူးထောက်နေတဲ့ မိစ္ဆာကြီးကိုကြည့်လိုက်သည်။ မိစ္ဆာကြီး၏ခန္ဓာကိုယ်မှာ ချက်ချင်း ပူလောင်လာတော့သည်။
“အရူးလေး၊ နင်က အထူးခြားဆုံး လူတစ်ယောက်မဖြစ်ချင်ဘူးလား?” စုကျို တိုးတိုးလေးရေရွတ်လိုက်သည်။
မိစ္ဆာကြီး ခေတ္တကြောင်သွားပြီးမှ သူမကို အမြန်မော့ကြည့်လိုက်သည်။ သူ့ မှိန်ဖျော့နေသည့် မျက်လုံးထဲ အလင်းတန်းတစ်ခု ပြန်တောက်လာသည်၊ အထူးခြားဆုံး... သူ ဖြစ်နိုင်ပါ့မလား?
စုကျို မျက်လုံးဖွင့်လိုက်ပေမယ့်လည်း မူးယစ်နေတုန်းပါပဲ။ သူမ အိမ်မက်မက်နေတယ်လို့ပဲ ထင်နေမိသည်။ သူမ ကုတင်ဘေးမှာ ဒူးထောက်နေတဲ့ ချောမောတဲ့မိစ္ဆာလေးကို အနားသို့ဆွဲခေါ်ကာ သူ့ အေးစက်မာကျောသည့် နှာခေါင်းလေးကို ထိလိုက်သည်။ သူမ လက်ချောင်းထိပ်လေးများက သူ့ နုညံ့သည့် နှုတ်ခမ်းလွှာတွေကို လိုက်လံထိတွေ့နေမိသည်။
သူ အနည်းငယ်တုန်ယင်သွားပြီး နောက်ဆုတ်ချင်နေပေမယ့် ဒီတစ်ခါတော့ သူ အောင့်အည်းထားလိုက်သည်။ နောက်ဆုတ်မသွားရုံ တင်မကဘဲ မျက်စိကိုတင်းတင်းမှိတ်ကာ သူမ လက်ဆီသို့ရှေ့တိုးလိုက်မိသည်။
“ကျွန်တော်... စုစုဆီမှာ ပုံတူပွားခံဖို့ အဆင်သင့်ပါပဲ”
သူမ သူ့ကိုလိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ၊ သူကမူ သူမဘေးမှာရှိနေချင်သည်၊ သူမအတွက် အသုံးအဝင်ဆုံးလူ ဖြစ်ချင်သည်။ တခြား ဘယ်သူမှ မဟုတ်ဘဲပေါ့။ သူမ တခြားလူတွေကိုထိတွေ့ပြီး ပုံတူပွားပေးနေတာကိုကြည့်ရင်း သူ နေမထိထိုင်မသာ ဖြစ်လာခဲ့ရသလို၊ နှလုံးသားထဲမှာလည်း ပူလောင်နေခဲ့ရတာသည်။
“ဒါ မကောင်းဘူးလား?”
စုကျိုမှာ သတိအပြည့်အဝမရှိသေးတာ သိသာသည်။ သူ့ ညာဘက် လက်ချောင်းထိပ်လေးများသည် ၎င်းလည်စေ့မှတစ်ဆင့်၊ သူ၏ လည်ပင်းရှည်လျားလျား တစ်လျှောက်၊ သူ့ ဝတ်စုံဖြူကော်လံကြားထဲသို့ ဖြည်းဖြည်းချင်းလျှောဝင်သွားသည်။ သူမ သူ့ ညှပ်ရိုးကို ထိတွေ့လိုက်သည်… သူ့ ရင်ဘတ်ကို... အထဲအထိပေါ့။
ထိတွေ့မှုမှာ ပိုးသားလိုနုညံ့ချောမွေ့လှသည်။ အသောက်လွန်ပြီး ပူလောင်နေသည့် အပူရှိန်သည် အေးစက်ပြီးကျောက်စိမ်းလို ချောမွေ့သည့် ထိတွေ့မှုကိုခံစားလိုက်ရသည့်အခါ သူမ မျက်လုံးကို သာယာစွာမှိတ်လိုက်မိသည်။ သူမ လက်မလွှတ်နိုင်တော့ပါဘူး။
“တကယ်လို့ နင်သာ ငါ့ဆီမှာ အချိန်မရွေး၊ နေရာမရွေး ပုံတူပွားခံလို့ရမယ်ဆိုရင်၊ ငါ အခု နင့်ကို ဒီလို လုပ်လို့ရမှာ မဟုတ်ဘူးလေ…”
မိစ္ဆာကြီးနားရွက်များမှာ ချက်ချင်းနီရဲသွားတော့သည်။ သူမဆီမှာ ပုံတူပွားခံရခြင်းမှာ သူမ သူ့ကိုထိလို့မရတော့ဘူး၊ ဖက်လို့မရ တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ မဟုတ်ရင် သူမရဲ့ပုံတူပွားနိုင်စွမ်းနဲ့ ဝိညာဉ်စွမ်းအင်တွေကို သူက အမြဲတမ်းစုပ်ယူနေသလို ဖြစ်နေမှာပေါ့။ ဒါပေမဲ့ အခုတော့ သူမက သူ့ကို အချိန်မရွေးထိတွေ့နိုင်နေပြီလေ။ တခြား ဘယ်သူမှမရတဲ့ အခွင့်အရေးပေါ့!
မိစ္ဆာကြီးမျက်လုံးထဲတွင် အလင်းတန်းတစ်ခု တောက်လာသည်၊ တောမီးလို ပြန့်နှံ့သွားသည့် အလင်းတန်းပေါ့။
“အားယွမ်၊ နင် ငါ့ကို ပုံတူပွားစေချင်သေးလား?”
သူ့နှုတ်ခမ်းတွေ လှုပ်ခတ်သွားပေမယ့် သူ မသိတော့ပါဘူး။ သူ ဝေခွဲမရဖြစ်နေရပါပြီ။ စုကျိုမှာတော့ မူးယစ်မှုနှင့်အိပ်ငိုက်မှုကြောင့် တစ်ဖက်သို့ လှည့်သွားကာ တိုးတိုးလေးပြောလိုက်ပြန်သည်။
“နင့်မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်... အဲ့ဒါကို နင်ကိုယ်တိုင် သိသင့်တယ် မဟုတ်လား?”
ချန်ယွမ်သည် သူ့မြစိမ်းရောင်မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ခေတ္တတုန်လှုပ်သွားသည်။ သူမ အကုန်သိနေတာပဲ! သူသည် အညစ်ပတ်ဆုံးသော မိစ္ဆာဝိညာဉ်မျိုးနွယ်ဖြစ်သည့် ခွေးမြွေစပ်လေ။ မြွေသွေးက မွေးရာပါရမ္မက်ကြီးတတ်ပြီး၊ မြွေတွေမှာ သက်ရှိတွေကို သူတို့ရဲ့လိုအင်ဆန္ဒတွေကြား နစ်မွန်းသွားအောင်လုပ်နိုင်တဲ့ အညစ်အပတ်စွမ်းအားရှိလေသည်။
ဒဏ္ဍာရီအရရှေးဟောင်းမြွေဘုရင်သည် နတ်သမီးတစ်ပါးကိုဖျားယောင်းခဲ့ပြီး သူမကို ရမ္မက်တွေကြားမှာ ကျဆုံးသွားအောင် လုပ်ခဲ့သတဲ့.. နတ်ဘုရားတွေ ဒေါသထွက်ပြီး မြွေဘုရင်ကိုအပြစ်ပေးခဲ့ကြသည်။ ၎င်းတို့က သူ့ခန္ဓာကိုယ်ထဲ နတ်ဘုရားတွေ ကိုတောင်ဖျက်ဆီးနိုင်တဲ့ တားမြစ်ထားတဲ့ဝိညာဉ်လက်နက်ဖြစ်တဲ့ ‘နတ်ချုပ်နှောင်စူး’ ကိုထည့်သွင်းခဲ့ကြသည်။ တကယ်လို့ သူက နတ်ဘုရားတွေကို ထပ်ပြီးဖျားယောင်းဖို့ကြိုးစားမယ်ဆိုရင် အဲ့ဒီစူးက သူ့ကိုအချိန်တိုင်းအပြစ်ပေးနေမှာဖြစ်ပြီး၊ သူ့ကျောရိုးမှာ နေ့တိုင်း သံမှိုရှစ်ဆယ့်တစ်ချောင်းနဲ့အထုခံရတဲ့ နာကျင်မှုကိုခံစားရမှာဖြစ်သတဲ့။
ဒီရှေးဟောင်းဒဏ္ဍာရီဟာ မိစ္ဆာမျိုးနွယ်တွေကြားမှာ ယနေ့အထိလက်ဆင့်ကမ်းလာခဲ့ခြင်းပင်။ မြွေမျိုးနွယ်တွေကမူ ဒါကိုမေ့လုနီးပါး ဖြစ်နေကြပါပြီ။ ဒါပေမဲ့ သူ မွေးလာတဲ့အချိန်မှာ သူ့ဖခင်ဘက်က အမျိုးတွေက သူ့ကျောရိုးတစ်ခုလုံးမှာကပ်ငြိနေတဲ့ ထူးဆန်းတဲ့ အချုပ်အနှောင်တစ်ခုကိုရှာတွေ့ခဲ့ကြသည်။ သူ့ဖခင်အပါအဝင် မျိုးနွယ်စုထဲက မိစ္ဆာအားလုံးက သူ့ကိုနတ်ဘုရားတွေရဲ့ အပြစ်ပေး ခြင်းခံရတဲ့ ရှေးဟောင်းမြွေဘုရင်ရဲ့ဝင်စားမှုဟုယုံကြည်ခဲ့ကြသည်။ ၎င်းတို့သည် သူ့အား နိမိတ်မကောင်းသည့်သတ္တဝါအဖြစ် သတ်မှတ်ခဲ့ကြသည်။
သူ့မွေးဖွားမှုဟာ သူ့ဖခင်ဘက်ကရော၊ မိခင်ဘက်ကရော၊ မိစ္ဆာမျိုးနွယ်တစ်ခုလုံးရဲ့ကြောက်ရွံ့မှုနဲ့ ရွံရှာမှုကို ခံခဲ့ရတာပါ။ သူ ကြီးပြင်း လာတာနဲ့အမျှ သူ့ထဲမှာပါလာတဲ့ ‘နတ်ချုပ်နှောင်စူး’ လို့ သံသယရှိရတဲ့ အချုပ်အနှောင်ဟာလည်းကြီးထွားလာခဲ့ပြီး၊ အခုဆိုရင် သူ့ကျောရိုးတစ်ခုလုံးနဲ့ တစ်သားတည်းဖြစ်နေပါပြီ။
“ငါ... အခုလောလောဆယ် နင့်ကို ပုံတူမပွားနိုင်သေးဘူး အားယွမ်”
စုကျိုက သူ့ နဖူးကို အသာအယာ ပုတ်လိုက်ပြီး နောက်ဆုံးမှာတော့ အိပ်ပျော်သွားတော့သည်။ ကုတင်ဘေးမှာ ဒူးထောက်နေတဲ့ ချန်ယွမ့်မျက်လုံးတွေကမူ ဟိုဟိုဒီဒီ လှုပ်ခတ်နေတော့သည်။ သူ့ထဲမှာရှိတဲ့အရာက တကယ်ပဲ နတ်ချုပ်နှောင်ကျောရိုးလား? သူက တကယ်ပဲ အဲ့ဒီရှေးဟောင်းမြွေဘုရင်နဲ့ ပတ်သက်နေတာလား? ရှေးဟောင်းမြွေဘုရင်က နတ်သမီးတစ်ပါးကို ချစ်မိခဲ့တာလေ။ ပြီးတော့ သူကရော...
ချန်ယွမ်သည် သူ့ ဝတ်စုံနီကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိပြီး၊ သူ့ မျက်နှာမှာလည်း တုန်လှုပ်မှုကြောင့် အမူအရာ ကင်းမဲ့နေသည်။ တကယ်လို့ သူ အဲ့ဒါကိုဖယ်ရှားပေးရင်၊ သူမ သူ့ကို ပုံတူပွားနိုင်မလား? ဒါပေမဲ့ သူလည်း သူ့သခင်မကို ချစ်မိသွားတဲ့အတွက် ခွင့်မလွှတ်နိုင်တဲ့အပြစ်ကို ကျူးလွန်မိသွားပြီလား?
ဝိညာဉ်လမ်းစဉ်ကြီး ဆယ်ခုပြိုင်ပွဲရလဒ်တွေက နေရာအနှံ့ပျံ့နှံ့သွားခဲ့ပါပြီ။ နောက်တစ်နေ့မှာတော့ အဖွဲ့အားလုံးဟာ ဝိညာဉ်ကုန်သည်အသင်း ရုံးချုပ်ကိုသွားပြီး သူတို့ရဲ့ ဆုလာဘ်တွေကို လဲလှယ်ကြရမှာပါ။ စုကျိုနဲ့ ယင်လီတို့ဟာ မူးတာတွေ ပျောက်သွားတဲ့အခါ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်လိုက်ကြသည်။ သူမက ချန်ယွမ်ဆီကနေ ပုလဲတွေ စီခြယ်ထားတဲ့ နတ်သမီးဝတ်စုံကို ယူဝတ်လိုက်ပြီး၊ အခန်းထဲမှာ ချိတ်ထားတဲ့ ရှီးရှန်ဆောင် အကြီးအကဲ ၁၀ ယောက်ရဲ့ ‘ပုံတူကားချပ်’ တွေဆီကိုသွားပြီး အရိုအသေပေးလိုက်သည်။
“အကြီးအကဲတို့၊ ဂိုဏ်းချုပ်ကြီး၊ ကောင်းကောင်း အနားယူကြပါတော့”
“စုကျိုက ကျွန်မတို့ကိုအခြေခံတည်ဆောက်ခြင်းအဆင့်ပြိုင်ပွဲမှာ ပထမရအောင်ဦးဆောင်ပေးနိုင်ခဲ့ပါပြီ၊ ဒါဟာ ရှီးရှန်ဆောင်မှာ ရာစုနှစ်တစ်ခုအတွင်း မရှိခဲ့ဖူးတဲ့ အောင်မြင်မှုပါပဲ”
“ရှင်တို့တွေ တမလွန်မှာ အေးအေးဆေးဆေးနေနိုင်ပါပြီ~”
လုကျိကျောင်း ဘေးမှာရပ်နေပြီး ယင်လီစကားတွေကို ကြားတဲ့အခါ နှုတ်ခမ်းတွေလှုပ်ခတ်သွားသည်။ သူ့အင်္ကျီလက်ဝပ်ထဲမှာ ဝှက်ထားတဲ့ အကြီးအကဲ ပုံတူ ၁၀ ချပ်လုံးတိတ်ဆိတ်သွားကြသည်။ အခုချိန်မှာ သူတို့တွေ အနားမယူလို့မရတော့ဘူးလေ။
“ကျိကျောင်း၊ ပြောစမ်းပါဦး၊ ငါတို့ အသက်ရှင်နေတုန်းကထက် အခုလို ‘သေ’ နေတာက ပိုကောင်းမနေဘူးလား?”
“တပည့်တွေက ငါတို့ သင်ပေးတာထက် သူတို့ဘာသာလုပ်တာက ပိုတော်နေကြတာပဲ”
“သေပြီးမှ တပည့်တွေက ပိုပြီးတိုးတက်လာကြတာပဲ”
လုကျိကျောင်း : “...”
ပုံတူကားချပ် ၁၀ ချပ်လုံး သက်ပြင်းချလိုက်ကြသည်။ စုကျိုလည်း သူတို့အတွက် အမွှေးတိုင်ထွန်းပေးပြီးသွားပါပြီ။
“ရှောင်ကျို၊ ဖူစန်းကလည်း မင်းကို အရင်က ပိုက်ဆံကြွေးတင်နေတာလား?”
လုကျိကျောင်း သူမကို လှမ်းခေါ်လိုက်သည်။
“သူ့ကျောက်တိုင်က ရင်းနှီးနေသလိုပဲ၊ ငါ တစ်ချက်ကြည့်လို့ ရမလား?”
ချန်ပီယံဆု ရပြီးကတည်းက လုကျိကျောင်းရဲ့စကားပြောပုံက ပိုပြီး ချောမွေ့လာသည်။ သူသာ စကားမပြောရင် သူ့တပည့်ကို ဝိညာဉ်ကုန်သည်အသင်းက လုသွားတော့မှာလေ။
“ရတာပေါ့” စုကျိုက ဖူစန်းရဲ့ ကျောက်တိုင်အစစ်ကို လုကျိကျောင်းကို ပေးလိုက်သည်။ လုကျိကျောင်း အဲ့ဒါကို ခဏလောက် စစ်ဆေးကြည့်လိုက်တဲ့အခါ သူ့အင်္ကျီလက်ဝပ်ထဲက ပုံတူကားချပ်ကလည်း အံ့ဩတကြီးအော်လိုက်မိသည်။
“ဒါက တကယ်ပဲ အဲ့ဒီလူရဲ့ကျန်ရစ်ခဲ့တဲ့ လက်နက်နဲ့တူနေတာလား?”
“ဆေးပညာလောကရဲ့ကုသသူ! အမှန်ပဲ၊ ဖူစန်းဆိုတဲ့ နာမည်က ငါ့အတွက် ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲဆိုတော့ သူ့ရဲ့ ပါရမီက ငါ့ရဲ့ဆရာသခင်နဲ့ တူနေလို့ပဲ!”
လုကျိကျောင်း စုကျိုကို ခေါင်းညိတ်ပြလိုက်သည်။
“ဆေးပညာလောကရဲ့ ကုသသူဟာ ငါတို့ ရှီးရှန်ဆောင်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာအတွင်း နှစ်ခါပဲ ပေါ်ဖူးတယ်”
“တစ်ခါက ဒီဖူစန်းပါ၊ နောက်တစ်ခါကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာက ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးကြီးပေါ့”
“အဲ့ဒီတုန်းက သူက မဟာကျင့်ကြံသူအဆင့်မှာရှိနေတာ၊ ဒါပေမဲ့ အထက်ဘုံတက်ဖို့ လျှပ်စီးဒဏ်ကိုခံယူရင်း ရှုံးနိမ့်ပြီး ကွယ်လွန်သွားခဲ့ရတာလေ၊ နှစ်ပေါင်း သုံးရာအကြာမှာ ဖူစန်းပေါ်လာတော့ ငါတို့ဂိုဏ်းက အဲ့ဒီတပည့်ကို တော်တော်လေး အာရုံစိုက်ခဲ့တာပေါ့”
“ကံမကောင်းစွာနဲ့ပဲ သူ ပထမအဆင့်မှာတင်သေသွားခဲ့တယ်၊ အဲ့ဒါ မနှစ်ကလို့ ငါ မှတ်မိနေတယ်?”
စုကျို အသေးစိတ်အချက်အလက်တွေ တစ်ခုနဲ့တစ်ခု ဆက်စပ်နေသလိုခံစားလိုက်ရသည်။ သို့သော်လည်း ရှန့်ဝူချင်းကမူ ၎င်းတို့ထံ ဆုလာဘ်တွေ သွားယူဖို့အတွက် လေသင်္ဘောနှင့်ရောက်လာပြီဖြစ်လို့ စကားပြောတာကို ခေတ္တရပ်လိုက်ရသည်။
“မင်းတို့ အရင်သွားနှင့်လိုက်ပါ၊ ပြန်လာမှ အသေးစိတ်ပြောကြတာပေါ့” လုကျိကျောင်း ခေါင်းညိတ်လိုက်သည်။
စုကျိုလည်း သဘောတူလိုက်သည်၊ ဝိညာဉ်ကုန်သည်အသင်းထဲရောက်ရင် အကြီးအကဲ ရှန့်လိုင်လိုင်ကို စုံစမ်းခိုင်းလို့ ရတာပဲလေ။ အခု စိုးရိမ်နေတာက အဓိပ္ပာယ်မရှိပါဘူး။ အဖွဲ့သားအားလုံး လေသင်္ဘောပေါ်တက်လိုက်ကြပြီး၊ တိမ်တိုက်တွေကို ဖြတ်ကျော်ကာ တိမ်တိုက်တွေကြားထဲမှာရှိတဲ့ ဝိညာဉ်ကျောက်တုံး တောင်တန်းကြီးဆီကို ခဏချင်းမှာရောက်သွားကြသည်။
တောင်တန်းတစ်ခုလုံးမှာ ပုလဲတွေ၊ ပတ္တမြားတွေ၊ ရွှေ၊ ငွေနဲ့ တခြား တန်ဖိုးကြီးပစ္စည်းတွေ ပြန့်ကျဲနေသည်။ ဒီရတနာတွေကို အမှိုက်တွေလိုမျိုး ဝိညာဉ်ကုန်သည်အသင်းရဲ့အဝင်ဝမှာ ပစ်ထားကြတာပါ။ ခမ်းနားထည်ဝါလှတဲ့ ရွှေနီရောင် တံခါးကြီးမှာတော့ စာလုံးကြီးကြီးတွေနဲ့ ရေးထားပါတယ် -
【ချမ်းသာခြင်းသို့ ရှေ့ရှုသော လမ်းစဉ်】
စုကျိုတို့ လေသင်္ဘောပေါ်ကဆင်းလိုက်ကြပြီး ရှန့်ဝူချင်းနောက်ကို လိုက်ကာ ခမ်းနားတဲ့ တံခါးကြီးထဲဝင်လိုက်ကြသည်။ ရှန့်ဝူချင်း မြေပြင်ပေါ်ကကျောက်မျက်တွေကို ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်ရင်း “မင်းတို့ မျက်စိကျတာရှိရင် ယူသွားလို့ ရပါတယ်၊ သဘောကျရင်ပေါ့”
“မင်းတို့ အိတ်တွေထဲ ဆံ့သရွေ့အိမ်ကိုယူသွားကြပေါ့”
“ဟူး... ငါတို့ ဝိညာဉ်ကုန်သည်အသင်းက အကြီးအကဲတွေရဲ့ကျင့်စဉ်တွေက ဒီလိုအမှိုက်တွေကို နေ့တိုင်းထုတ်ပေးနေတော့ အပြင်မှာပဲ ဒီအတိုင်းပစ်ထားရတာလေ”
“ငါတို့တွေ အချိန်မီတောင် မလှည်းနိုင်ကြတော့ဘူး!”
စုကျိုနဲ့ အခြားသူတွေ အားလုံးနောက်ကို လန်သွားကြသည်။
တောက်~
ဒီလူယုတ်မာ ချမ်းသာတဲ့သူတွေ… ဒါက တကယ်ကို လွန်လွန်းလှသည်>
ငါတို့တွေ အရင်က ဘယ်လိုလူတွေနဲ့ တိုက်နေခဲ့တာလဲ?!
“စကားမစပ်၊ ဒီ ‘ချမ်းသာခြင်း မှန်’ နဲ့ ဆော့ကြည့်ချင်လား?”
ရှန့်ဝူချင်း သူတို့ကို တောင်တံခါးဆီ ခေါ်သွားသည်။ ခန်းမဆောင်ကြီးရဲ့ အနီရောင်ကော်ဇောအစမှာတော့ နံရံမှာ သာမန် ကြေးမှန်တစ်ချပ် ချိတ်ထားသည်။
“တစ်ချက် ကြည့်လိုက်ရုံနဲ့ အပြင်လောကမှာ မင်းကို ဘယ်အရာက အချမ်းသာဆုံးဖြစ်စေမလဲဆိုတာ သိနိုင်တယ်လေ”
စုကျို ချက်ချင်းစိတ်ဝင်စားသွားသည်။ ဘာမှမစဉ်းစားဘဲ ရှေ့တက်လိုက်မိသည်။ ခဏအတွင်းမှာပဲ ကြေးမှန်ပေါ်က မြူခိုးတွေ ပျောက်ကွယ်သွားသည်။ မှန်ထဲမှာ သူမကိုယ် သူမ မြင်လိုက်ရသည်။ ပြီးတော့ သူမရဲ့ နဖူးပေါ်မှာ အံ့ဩစရာကောင်းလောက်အောင် မြင့်မားတဲ့ ရွှေတောင်ကြီးနှစ်လုံးက တဖြည်းဖြည်းနဲ့ တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနေတာကိုလည်းမြင်လိုက်ရသည်။
အဲ့ဒီထဲက တစ်ခုရဲ့နာမည်ကတော့ …
【ဘိုးဘေးတွေကို ခြေမှုန်းပြီး အထက်ဘုံသို့တက်လှမ်းခြင်း】!
ရှန့်ဝူချင်း : “အရမ်းတိကျတာပဲ... ဟမ်???”
သူ့မျက်လုံးတွေ ပြူးထွက်မတတ် ဖြစ်သွားရတော့သည်။