အခန်း (၁၈၈)
Vol. 19 Ch. 188
🥝 Chapter 188
ရွှေအမြုတေတွေ အများကြီးဆိုတော့ရှုပ်ထွေးသွားပြီး သူတို့နဲ့ဆက်သွယ်ဖို့ ခက်ခဲသွားနိုင်သည်လေ! သူမ နာမည်ပေးရပါမည်။ ဒါပေမဲ့ စုကျိုက နာမည်ပေးတဲ့နေရာမှာ အရမ်းညံ့ပါတယ်၊ သူမက ပုံတူတွေကို အမြဲတမ်း "ရွှေရောင် ပထမမျိုးဆက်"၊ "ငါး နံပါတ် ၁၊ နံပါတ် ၂" လို့ပဲ ခေါ်လေ့ရှိတာကြောင့် အချိန်ကြာလာရင် ရှုပ်ထွေးသွားနိုင်သည်လေ။ ဒါ့အပြင် အဲ့ဒါက ကြည့်လို့လည်း မလှပါဘူး။ သူမကတော့ ကန်ထဲက ငါးတွေအကြောင်းကို စဉ်းစားဖို့ အရင်ကတော့ ပျင်းနေခဲ့တာပါ။
ဒါပေမဲ့ အခုတော့ ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ရွှေအမြုတေတွေ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေပြီဆိုတော့ စုကျိုဟာ သူတို့ကို နာမည်ကောင်းလေးတွေ ပေးဖို့ ပြင်ဆင်နေပါပြီ။ သူတို့ကို ရွှေကြီး၊ ရွှေလေး၊ ရွှေလတ် လို့ပဲ လျှောက်ခေါ်လို့ မရဘူးလေ။
စုကျို သူမ နားထင်ကိုဖိလိုက်သည်။
"ချန်ယွမ်"
ချန်ယွမ် ခေါင်းညိတ်လိုက်ပြီး၊ ရွှမ်းယွဲ့ဂိုဏ်းက ထုတ်ဝေတဲ့ "မီးနှစ်တွင် မွေးဖွားသော သားငယ်သမီးငယ်များအတွက် နာမည်ပေးလမ်းညွှန်" စာအုပ်ကို သူ့ရဲ့ အိတ်ထဲကနေ ထုတ်လိုက်သည်။ သူ ခေါက်ထားတဲ့ စာမျက်နှာအချို့ကို ညွှန်ပြပြီး သူ ဝိုင်းထားတဲ့ နာမည်တွေကို သူမကိုပြလိုက်သည်။ ဒါက ချန်ယွမ်ဟာပိုးဖြူလေးကို နာမည်ပေးဖို့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့ အိမ်စာတွေပါပဲ။ ဒါပေမဲ့ အခုတော့ ချန်ယွမ်ရဲ့စိတ်ထဲမှာ ပိုးဖြူလေးက စုကျိုရဲ့ရွှေအမြုတေ ဆယ်ခုလောက်အရေးမကြီးဘူးဆိုတာ သိသာလှသည်။ နာမည်ကောင်းလေးတွေကိုတော့ စုကျိုရဲ့ရွှေအမြုတေတွေအတွက်ပဲ ချန်ထားတာပေါ့။
"ရှင်းယီ၊ လဲ့ယောင်း၊ ရှီဟန်၊ ဟွေးရွှမ်..."
စုကျို ရတနာစာအုပ်ကို ယူပြီးရွေးချယ်လိုက်သည်။ ဘေးနားက လူတိုင်းအံ့ဩလွန်းလို့ ပါးစပ်ဟောင်းလောင်းဖြစ်ကုန်ကြသည်။ ဒါက ဘယ်လိုမျိုးကြီးကျယ်လှတဲ့ ရွှေအမြုတေ အစီအရင်ကြီးလဲ? မသိတဲ့သူဆိုရင် ကလေးဆယ်ယောက် မွေးထားတယ်လို့တောင် ထင်ကုန်မှာပဲ! စုကျို ခေတ္တစဉ်းစားပြီးနောက် ချန်ယွမ်နဲ့တိုးတိုးလေး ဆွေးနွေးလိုက်ကာ၊ နောက်ဆုံးမှာတော့ ရွှမ်းယွဲ့ဂိုဏ်းရဲ့ "မိန်းကလေး နာမည်ပေးလမ်းညွှန်" ရဲ့အကူအညီနဲ့ သဘောကျစရာကောင်းတဲ့ နာမည်ကိုးခုကို ဝိုင်းလိုက်ကြသည်။
"ကောင်းပြီ၊ အခုလောလောဆယ်တော့ ဒီနာမည်တွေပဲ သုံးကြတာပေါ့"
"..."
သူမ နာမည် ကိုးခုကို တစ်ဆက်တည်းရွတ်ဆိုလိုက်သည်။
"ရှင်းယီ၊ လဲ့ယောင်း၊ ရှီဟန်၊ ဟွေးရွှမ်... ထွက်လာခဲ့ကြ"
"..."
ခဏချင်းတွင် အတိအကျတူညီသော ရွှေအမြုတေကိုးခုသည် ရှန့်လိုင်လိုင်၏ ရှေ့သို့ ပျံသန်းသွားကြသည်။ လူတိုင်းမျက်လုံးပြူး ကြည့်နေကြပေမယ့် ဒီရွှေအမြုတေကိုးခုနဲ့ ရှေ့ကတစ်ခုကို ဘယ်လိုမှခွဲခြားလို့မရကြပါဘူး။ စုကျို ကိုယ်တိုင်တောင် ဘယ်ဟာက ရှီဟန်၊ ဘယ်ဟာက ဟွေးရွှမ်ဆိုတာခွဲတတ်ပါ့မလားလို့ သူတို့ သံသယဝင်စရာရှိနေသည်။
ကံကောင်းတာက ရှန့်လိုင်လိုင်ဟာ မဟာကျင့်ကြံသူဖြစ်လို့ သူမ အမူအရာကိုထိန်းချုပ်နိုင်ပြီး အားရပါးရ ရယ်မောတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ သူမ ရွှေအမြုတေ ဆယ်ခုလုံးကိုအမြန်စစ်ဆေးလိုက်သည်။ သူမ နိဂုံးချုပ်လိုက်သည်မှာ
"ရှောင်ကျို၊ မင်းရဲ့ပုံတူပွားတဲ့ နည်းပညာကပိုပြီးတော့ သန့်စင်လာပြီပဲ၊ ပုံတူတွေက မူရင်းနဲ့တဖြည်းဖြည်းနီးစပ်လာနေပြီ"
"ပြီးတော့ ဒီဝိညာဉ်ကျောက်တုံး တစ်သန်းကနေရတဲ့ ဝိညာဉ်စွမ်းအင်ဟာ ဝိညာဉ်ကြော တစ်ဝက်စာလောက် ရှိတာဆိုတော့၊ မင်းကို ရွှေအမြုတေ ကိုးခုလုံးကို တစ်ပြိုင်နက် ပုံတူပွားစေနိုင်တာပေါ့"
"နောက်ဆိုရင် နင် အရင်တုန်းကလို တခြားသူတွေကိုပုံတူပွားပြီးတာနဲ့ ဝိညာဉ်စွမ်းအင်တွေကုန်ခမ်းသွားတာမျိုး အလွယ်တကူ ဖြစ်တော့မှာ မဟုတ်ဘူး၊ အဲ့ဒီလူက ရွှေအမြုတေအဆင့်ရဲ့အထွတ်အထိပ်ကို ကျော်လွန်နေမှပဲ အဲ့လိုဖြစ်လိမ့်မယ်"
လူတိုင်းအံ့ဩသွားကြပြီး သူတို့မျက်လုံးထဲ မနာလိုမှုတွေပြည့်နှက်သွားတော့သည်။ ဒါပေမဲ့ စုကျိုရဲ့ နောက်မှာ "နာမည်ပေးလမ်း ညွှန်" ကိုင်ထားတဲ့ ချန်ယွမ်ကမူ ခေတ္တငြိမ်သက်သွားပြီး မြေပြင်ကိုစိုက်ကြည့်နေတော့သည်။
"ဒါ အရမ်းကောင်းတာပဲ ရှောင်ကျို နောင်ဆို နင့်ဆီမှာ ဝိညာဉ်စွမ်းအင်တွေအများကြီး ရှိနေတော့မှာဆိုတော့ နင့် ပါရမီ အားနည်းချက်တွေကြောင့် ခဏခဏအခက်တွေ့တော့မှာ မဟုတ်ဘူး"
"ဟုတ်တယ်၊ နင် ဝှီးချဲစီးစရာမလိုတော့သလို၊ ချန်ယွမ်လည်း နင့်ကို ပိုးပြီးသယ်နေစရာမလိုတော့ဘူး၊ တိုက်ပွဲပြီးရင်လည်း နင် အလွယ်တကူလဲကျတော့မှာ မဟုတ်ဘူး"
စုကျို ယင်လီ၊ ယို့လုတို့နှင့် လက်သီးချင်း တိုက်လိုက်သည်။ ထို့နောက် အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါ သူ ချန်ယွမ်ကို လှမ်းကြည့်လိုက်သည်။
"စကားမစပ် ရှောင်ကျို ငါ့ရဲ့ အာရုံခံစားမှုသာမှန်မယ်ဆိုရင်၊ နင့်ရဲ့ ရွှေအမြုတေ ခန္ဓာကိုယ်ထဲကထွက်လာတာက နင်ကိုယ်တိုင်နဲ့ အတူတူပဲ"
"တကယ်လို့ ငါသာ နင် ရွှေအမြုတေနဲ့ထိမိမယ်ဆိုရင် ငါလည်း နင့်ဆီမှာ ပုံတူပွားခံရနိုင်တယ်" ဟု ရှန့်လိုင်လိုင်က ဆိုလိုက်သည်။
စုကျို မျက်လုံးများ လင်းလက်သွားသည်။ ခဏအတွင်းမှာပင် ရွှေအမြုတေဆယ်ခုလုံးသည် ရှန့်လိုင်လိုင်ဆီသို့ ပျံသန်းသွားကြသည်။ သို့သော် သူမ ရှောင်တိမ်းလိုက်သဖြင့် သူမ၏ ကျောက်မျက်စီထားသော ဝတ်စုံအနားကိုသာထိမိသွားကြသည်။
"ငါက မဟာကျင့်ကြံသူအဆင့်ရဲ့အထွတ်အထိပ်မှာ ရှိနေတာ၊ တကယ်လို့ နင်သာ ငါ့တစ်ကိုယ်လုံးကိုပုံတူပွားမယ်ဆိုရင် နင် ကုတင်ပေါ်မှာ သုံးနှစ်လောက်လှဲနေရလိမ့်မယ်၊ သတိထားနော်"
စုကျို ရွှေအမြုတေ ဆယ်ခုလုံးရုတ်တရက်ရပ်တန့်သွားသည်။ ၎င်းတို့သည် ရှန့်လိုင်လိုင်၏ကျောက်မျက်စီထားသော ဝတ်စုံကိုသာ ပုံတူပွားလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အနုစိတ်ဖန်တီးထားသော နတ်သမီးဝတ်စုံ ကိုးစုံသည် စုကျိုလက်ထဲ အောင်မြင်စွာပေါ်လာတော့သည်။ ရှန့်လိုင်လိုင်ကမူ သူ့အား ကျေနပ်စွာခေါင်းညိတ်ပြလိုက်သည်။
"နင့် ပိုးဖြူလေးက နင်နဲ့ စိတ်ချင်းဆက်နွှယ်နေပြီ သူလည်းအစွမ်းထက်သားပဲ"
"ဒါပေမဲ့ အဲ့ဒါက အရမ်းကြီးလွန်းပြီးသိသာလွန်းတယ်၊ အလစ်ဖမ်း တိုက်ခိုက်ဖို့ကျမကောင်းဘူး"
"တကယ်လို့ နင် ရန်သူကို တိတ်တဆိတ် ပုံတူပွားချင်တယ်ဆိုရင်တော့၊ နင့်ရဲ့ ရွှေအမြုတေလေးတွေက သေးငယ်ပြီး ဆယ်ခုတောင် ရှိတာဆိုတော့ အသင့်တော်ဆုံးပဲပေါ့"
တစ်ခုကအထင်အရှား၊ တစ်ခုက မသိမသာ Scanner …နှစ်ခုပေါ့ စုကျို ခေါင်းညိတ်လိုက်သည်။ သူ့ ရွှေအမြုတေ ဆယ်ခုမှာ စကင်နာအသစ်တွေတပ်ဆင်လိုက်ရသလိုဖြစ်သွားသဖြင့် အလွန်ကျေနပ်သွားသည်။
"ဟင် ဒါ ထူးဆန်းလိုက်တာ" ရှန့်လိုင်လိုင်က အံ့ဩတကြီး အော်လိုက်မိသည်။
"အရင်က မင်းဆီမှာ ဝိညာဉ်ကျောက်တုံး ကံကြမ္မာကြိုးတစ်မျှင်ပဲ မြင်ရတာ၊ အဲ့ဒါကလည်း တော်တော်ထူတယ်လေ၊ ဒီနေ့တော့ ဒုတိယတစ်မျှင် ထပ်ပေါ်လာပြန်ပြီ"
စုကျို အံ့ဩသွားပြီး သူ့ ရွှေအမြုတေ ဆယ်ခုလုံးကို ခန္ဓာကိုယ်ထဲသို့ အမြန်ပြန်သိမ်းလိုက်သည်။
"ဖူစန်းက တကယ်ကြီး အသက်ရှင်နေသေးတာလား?"
"ဖူစန်း ?"
ရှန့်လိုင်လိုင်က မျက်မှောင်ကြုတ်လိုက်ရာ၊ သူ့ လှပသော မျက်လုံးထဲတွင် စုကျိုပုံရိပ်နှင့် သူမ လက်မောင်းပေါ်က ဝေးကွာတဲ့ နေရာအထိဆန့်တန်းနေသည့် ဝိညာဉ်ကျောက်တုံး ကြိုးနှစ်မျှင်ကို မြင်နေရသည်။
"သူတို့ နာမည်တွေကိုတော့ ငါ မမြင်ရဘူး" မဟာကျင့်ကြံသူ ရှန့်လိုင်လိုင် အမူအရာမှာ ရှုပ်ထွေးသွားသည်။
"သူတို့က တစ်ခုခုနဲ့ဖုံးကွယ်ထားပုံရတယ်၊ ဝိညာဉ်ကျောက်တုံးအပေါ် ငါ့ရဲ့ထက်မြက်တဲ့ အာရုံခံစားမှုကိုပိတ်ဆို့ထားတယ်"
စုကျိုနှင့် ယင်လီတို့ နှစ်ယောက်လုံး အမူအရာများမှာ ထူးဆန်းပြီးတည်ကြည်သွားကြသည်။ ယင်လီသည် သစ်သားဓာတ် အာရုံခံစားမှုမှာ အတော်ဆုံးဖြစ်သည်။ အတိတ်မှာ သူ အာရုံခံစားမှု အလုပ်မလုပ်တော့ဘဲ သတင်းအချက်အလက်တွေ မရတော့ဘူးဆိုရင် ဖြစ်နိုင်ခြေ နှစ်ခုပဲရှိသည်။ တစ်ခုက သစ်သားဓာတ် မရှိတာ၊ ဒါမှမဟုတ် တစ်ဖက်လူက အရမ်း အစွမ်းထက် နေတာ၊ ဒါမှမဟုတ် သူတို့ကအစွမ်းထက်တဲ့ ဖုံးကွယ်တဲ့ နည်းလမ်းတွေ သုံးပြီး သူမရဲ့ရှာဖွေမှုကို ပိတ်ဆို့ထားတာပေါ့။
ဒါပေမဲ့ ရှန့်လိုင်လိုင်က မဟာကျင့်ကြံသူအဆင့်ရဲ့ အထွတ်အထိပ်မှာရှိနေတာလေ။ မဟာကျင့်ကြံသူတစ်ဦးရဲ့ အာရုံခံစားမှုကို ပိတ်ဆို့ထားနိုင်ဖို့ဆိုတာ... ဘယ်လောက်အထိမြင့်မားတဲ့ ကျင့်ကြံမှုအဆင့်မျိုးလိုအပ်မှာလဲ? ယင်လီသည် ခဏချင်းမှာပင် ခေါင်းလှည့်ကြည့်လိုက်ရာ စုကျိုကို စိုးရိမ်တကြီးကြည့်နေမိတော့သည်။
စုကျို အမူအရာမှာလည်း ထူးဆန်းနေသည်။
"ဒါဆိုရင် အကြီးအကဲရှန့်လိုင်လိုင်၊ သူတို့ ဘယ်နေရာမှာရှိလဲဆိုတာ မြင်နိုင်လား?"
"မြင်နိုင်တယ်" ရှန့်လိုင်လိုင် ခေါင်းညိတ်လိုက်သည်။
"သူတို့ရှိတဲ့ အကြမ်းဖျင်းအရပ်မျက်နှာကိုတော့ မြင်နိုင်တယ်..."
သူ့လှပသော မျက်လုံးများထဲ ကြေးပြားအစီအရင်များ တဖျတ်ဖျတ်ပေါ်လာပြီးနောက်၊ မကြာခင်မှာပဲ သူ့မျက်လုံးများ စပ်ဖျဉ်းဖျဉ်း ဖြစ်လာကာ မဟာကျင့်ကြံသူတစ်ဦး၏ မျက်ရည်များ စီးကျလာတော့သည်။ ရှန့်လိုင်လိုင် အမူအရာပြောင်းလဲသွားသည်။
"သူတို့တွေ လမ်းကြောင်းတစ်ခုတည်းကို သွားနေကြတာပဲ၊ အရှေ့မြောက်ဘက်ကို ဦးတည်နေကြတယ်"
"လမ်းကြောင်းတစ်ခုတည်းလား? ဆေးလုံးဂိုဏ်းဆီမှာလား ?" စုကျိုက မေးလိုက်သည်။
"သူတို့ထဲကတစ်ယောက်က ဆေးလုံးဂိုဏ်းမှာရှိနေတာပါ၊ သူ့နာမည်က ကျိုးကျန့်ဟဲလို့ ထင်တာပဲ၊ လွန်ခဲ့တဲ့ တစ်နှစ်က သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပါ၊ သူ ကျွန်မကို ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်နေတာ"
မူလ စုကျိုရဲ့အကြီးမားဆုံးသော ကံကြမ္မာပတ်သက်မှုကတော့ သူမကို ပိုက်ဆံအများဆုံးကြွေးတင်နေတဲ့ ဒီငယ်သူငယ်ချင်း ကျိုးကျန့်ဟဲပင်။ သူက ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်မင်းသားလေ။ အရင် သူ ရှီးရှန်ဆောင်မှာရှိစဉ် သူ့ထူးခြားတဲ့ ပါရမီအားသုံးပြီး ကျင့်ကြံဖို့အတွက် သခင်တစ်ရာမျှော်စင်ထဲကိုဝင်ခဲ့လေသည်။ မကြာခင်မှာ သူ ‘ဆေးဘုရင်ပိုးကောင်’ကို မွေးမြူနိုင်ခဲ့ပြီး၊ ဆေးလုံးဂိုဏ်းမှ သူ့အား အဓိကတပည့်အဖြစ် လေ့ကျင့်ပေးဖို့ခေါ်သွားခဲ့ခြင်းသာ။
ဒီတစ်ခါ ပြိုင်ပွဲမှာတော့ ကျိုးကျန့်ဟဲဟာ ဆေးလုံးဂိုဏ်းရဲ့ကိုယ်စားလှယ်အဖြစ်ပါမလာခဲ့ချေ။ စုကျို နည်းနည်းစိတ်ပျက်သွားသည်။
"ဟင်? ကျိုးကျန့်ဟဲက စုကျိုကို ပိုက်ဆံကြွေးတင်နေတာလား?"
ဒါကို ကြားလိုက်ရတဲ့အခါ တခြားဂိုဏ်းကအဖွဲ့ဝင်တွေအကုန်လုံး ဆေးလုံးဂိုဏ်းဘက်ကို လှည့်ကြည့်လိုက်ကြသည်။ ဆေးလုံးဂိုဏ်း ခေါင်းဆောင်မှာတော့ စိတ်ပျက်အားငယ်သွားတော့သည်။ သူတို့ ဆေးလုံးဂိုဏ်းကတော့ ဒုက္ခကြီးကြီးတွေ့နေပြီလား? စုကျိုကိုများ စိတ်ဆိုးအောင် လုပ်မိသွားပြီလား?
"ကျိုးကျန့်ဟဲကို မနှစ်ကမှ ငါတို့ဂိုဏ်းကိုခေါ်လာခဲ့တာပါ၊ သူ ရောက်ရောက်ချင်းမှာပဲ ငါတို့ဘိုးဘေးကြီးက သူ့ကိုအနီးကပ်တပည့် အဖြစ် လက်ခံခဲ့တာဆိုတော့၊ သူက ငါတို့ရဲ့ စီနီယာဦးလေးဖြစ်နေတာပေါ့"
"သူကိုယ်တိုင်လည်း ခဏခဏတံခါးပိတ်ကျင့်ကြံနေတာဆိုတော့ ငါလည်း သူ့ကို ကောင်းကောင်းမသိဘူး!"
ဆေးလုံးဂိုဏ်းခေါင်းဆောင်မှာ စုကျိုအကြည့်တွေနှင့် ဆုံချိန် လုံးဝထိတ်လန့်သွားပြီး၊ သူနှင့်မပတ်သက်သလိုမျိုး အမြန် ငြင်းဆိုတော့သည်။
"မထူးဆန်းပါဘူး၊ စုကျိုက ထိပ်သီးဆယ်သင်းပြိုင်ပွဲမှာ ပထမဆုံးပစ်မှတ်ထားခဲ့တာက ဆေးလုံးဂိုဏ်းက လူတစ်ယောက် ဖြစ်နေတာကိုး"
"ဟုတ်တယ်၊ သူမ ဆေးလုံးဂိုဏ်းကို အရင်ဆုံးခြေမှုန်းချင်နေတာလေ"
"ဒါဆို သူ ဆေးလုံးဂိုဏ်းကို သဘောမကျဘူးပေါ့!"
"ဆေးလုံးဂိုဏ်းရေ၊ မင်းတို့တော့ သွားပြီ"
"မင်းတို့က ညီမလေးစုကျိုကို ပိုက်ဆံကြွေးတင်ရဲတယ်ပေါ့?"
ဆေးလုံးဂိုဏ်းခေါင်းဆောင်မှာမူ ငိုချင်စိတ်ပင်ပေါက်သွားရသည်၊ တောက်~
"ကျွန်တော် ပြိုင်ပွဲအတွက် အပြင်မထွက်ခင်မှာ စီနီယာဦးလေးကျိုးကျန့်ဟဲက ကျင့်ကြံဖို့သွားနှင့်ပါပြီ၊ သူက ဝိညာဉ်အသွင်ပြောင်း အဆင့်ကို တက်လှမ်းဖို့ ကြိုးစားတော့မှာတဲ့"
"ဘိုးဘေးကြီးက သူ့ကို အရမ်းတန်ဖိုးထားပြီး ကျိုးကျန့်ဟဲရဲ့ ကျင့်ကြံမှုအတွက် အစွမ်းကုန်ထောက်ပံ့ပေးမယ်လို့ ဆရာ့ဆီက ကြားခဲ့ရတယ်၊ ကျွန်တော်တို့ ပြိုင်ပွဲကနေပြန်သွားတဲ့အချိန်လောက်ဆို သူ ဝိညာဉ်အသွင်ပြောင်းအဆင့်ကို ရောက်နေရုံတင်မကဘဲ၊ အဲ့ဒီအဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်နေနိုင်တယ်"
ဒီသတင်းက စုကျိုကို လုံးဝအံ့ဩမသွားစေပါဘူး။ ကျိုးကျန့်ဟဲက ဒီစာအုပ်ရဲ့ ဇာတ်လိုက်မင်းသားဆိုတော့၊ သူ ကံကောင်းတာတွေ ကြုံရမှာက သဘာဝပါပဲ။ ဒါပေမဲ့ သူ နားမလည်တာက "အကြီးအကဲ ရှန့်လိုင်လိုင်၊ ကျွန်မရဲ့ ဝိညာဉ်ကျောက်တုံး ကံကြမ္မာနှစ်ခုက လမ်းကြောင်းတစ်ခုတည်းမှာပဲ ရှိနေတယ်ဆိုတော့၊ ကျိုးကျန့်ဟဲနဲ့ ကျွန်မရဲ့ နောက်ထပ်အကြွေးသမား ဖူစန်း တို့က ရောထွေးနေ ကြတာလား?"
"သူတို့ထဲက တစ်ယောက်က ဝိညာဉ်အသွင်ပြောင်းအဆင့်ရဲ့အထွတ်အထိပ်မှာ ရှိနေရင်တောင်၊ နောက်တစ်ယောက်က မသေခင်က ဝိညာဉ်စွမ်းအားသန့်စင်သူ တစ်ယောက်ပဲလေ၊ သူတို့က ဘယ်လိုများ ရှင့်ရဲ့ မဟာကျင့်ကြံသူအဆင့် အာရုံခံစားမှုကနေ ဖုံးကွယ်ထား နိုင်ကြတာလဲ?"
ဒါဟာ ခုနတင် သူမ 'ချမ်းသာခြင်းမှန်' ထဲမှာ မြင်ခဲ့ရတဲ့ ဟောကိန်းနဲ့ ပတ်သက်နေတယ်လို့ စုကျို သံသယဝင်မိသည်။ သူက ဘိုးဘေးတွေကို သတ်လိမ့်မယ်ဆိုတာပေါ့! ဖူစန်းနဲ့ ကျိုးကျန့်ဟဲတို့က သူ့ရဲ့ ဘိုးဘေးသတ်လမ်းစဉ်နဲ့ဆက်နွှယ်နေကြသည်။ သူတို့ရဲ့ နောက်ခံက ဘာတွေလဲ?
ကျိုးကျန့်ဟဲကတော့ ဝတ္ထုရဲ့ဇာတ်လိုက်ဖြစ်ပြီး၊ သူ့ရဲ့သုံးဆက်တိုင်တိုင် ကြေကွဲစရာကောင်းတဲ့ မိသားစုသမိုင်းကြောင်းကို ဝတ္ထုထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားပြီးသားပင်။ စုကျို ဖတ်ခဲ့တဲ့ "၅ မိနစ်အတွင်း ဒီစာအုပ်ကို ဖတ်ပါ" ထဲမှာတော့ သူဟာ ဘယ်မဟာကျင့်ကြံသူဆီကမှ ဆင်းသက်လာတဲ့ လျှို့ဝှက်ဆန်းကြယ်သူ မဟုတ်သလို၊ ဘယ်ဘိုးဘေးနဲ့မှလည်း မပတ်သက်ပါဘူး။ သူ့ကိုတပည့်အဖြစ်လက်ခံခဲ့တဲ့ ဆေးလုံးဂိုဏ်းကဆရာကြီးရဲ့အဆုံးသတ်လည်း ဝတ္ထုထဲမှာ ရှင်းလင်းနေတာပဲလေ။ သီအိုရီအရဆို ရင် သူလည်း သူ သတ်ရမယ့် ဘိုးဘေးတော့မဖြစ်နိုင်ပါဘူး။
ဒါဆိုရင် ပြဿနာကဖူစန်းပဲ ဖြစ်ရမယ်... ဆေးပညာဆရာသခင်ဆိုတာ ရှီးရှန်ဆောင်မှာ နှစ်ပေါင်းသုံးရာအတွင်းမှာ နှစ်ယောက်ပဲ ပေါ်ဖူးတာလေ။ ပထမတစ်ယောက်က သေသွားခဲ့ပြီး၊ ဒီဖူစန်းကလည်း "သေ" သွားခဲ့ပြီ။ ၎င်းက တကယ်သံသယဖြစ်စရာ ကောင်းလှသည်။ ဒါပေမဲ့ ဖူစန်းနဲ့ ကျိုးကျန့်ဟဲတို့ရဲ့ ဝိညာဉ်ကျောက်တုံး ကံကြမ္မာကြိုးနှစ်မျှင်က ဘာလို့ လမ်းကြောင်းတစ်ခု တည်းမှာ ဖြစ်နေရတာလဲ? သူတို့တွေ အတူတူရှိနေကြတာများလား?
ရှန့်လိုင်လိုင် ရွှေရောင်လက်ကိုင်ပဝါကို ထုတ်လိုက်ပြီး ဝိညာဉ်ကျောက်တုံးကံကြမ္မာကို စုံစမ်းစစ်ဆေးရာကနေ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်သည်။
"ရှောင်ကျို၊ ငါ မြင်လိုက်ရပြီ၊ မကြာခင်မှာ နင့်ရဲ့ ဝိညာဉ်ကျောက်တုံး ကံကြမ္မာနှစ်ခုက မိစ္ဆာသားရဲတွေပြည့်နေတဲ့ ချောက်နက်ကြီး တစ်ခုမှာ နင်နဲ့ ဆုံကြလိမ့်မယ်"
စုကျို ကြောင်အသွားသည်။
"အဲ့ဒီအချိန်ကျရင် နင်က ရွှေအမြုတေအဆင့်ရဲ့ အလယ်အလတ်အဆင့်ကို ရောက်နေလိမ့်မယ်"
ရှန့်လိုင်လိုင် အမူအရာ တည်ကြည်သွားသည်။
"လူသားကျင့်ကြံသူတွေနဲ့ မိစ္ဆာသားရဲတွေကြားက မဟာစစ်ပွဲကြီးစတော့မှာ ဖြစ်နိုင်တယ်၊ နင် နောင်ကျရင် ရောက်မယ့် ချောက်နက်ကြီးက လူသားကျင့်ကြံသူတွေအတွက် တားမြစ်နယ်မြေဖြစ်တဲ့၊ မိစ္ဆာသားရဲတွေရဲ့အခြေစိုက်စခန်းဖြစ်တဲ့ ပင်လယ်ရေအောက်ချောက်ကြီးပဲ ဖြစ်ရမယ်"
"ရှောင်ကျို၊ နင့်ရဲ့ ဝိညာဉ်ကျောက်တုံး ကံကြမ္မာက နောက်ဆုံး သတ်ဖြတ်ခြင်းဆီကို ဦးတည်သွားလိမ့်မယ်လို့ ငါ မြင်နေရတယ်၊ နောင်ကျရင် နင် သူတို့ကို လူသားနဲ့မိစ္ဆာသားရဲတွေရဲ့စစ်မြေပြင်မှာ တွေဆုံကြရလိမ့်မယ်"
"နင့် ရွှေအမြုတေအဆင့် အလယ်အလတ်အဆင့်ကိုရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ?"
ရှန့်လိုင်လိုင် အမူအရာမှာ အလွန်အလေးအနက် ရှိနေသည်။
စုကျိုကမ နှုတ်ခမ်းကို စေ့ထားလိုက်သည်။ "အင်း" သူမ ခေါင်းလေးကို စောင်းပြီး အာရုံခံကြည့်လိုက်သည်။
"တကယ်လို့ ကျွန်မသာ ဆုတော်ခန်းမမှာ ဝိညာဉ်စွမ်းအင်တွေ ဆက်ပြီးရယူနေမယ်ဆိုရင်တော့၊ သုံးလတောင် မကြာလောက်တော့ပါဘူး"
ရှန့်လိုင်လိုင်နှင့် တခြားသူများလည်း မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ အမူအရာတွေဖြစ်သွားကြလေသည်။ သုံးလတဲ့…
“ဆက်ပြီး ကျင့်ကြံလိုက်ပါဦး၊ ပြီးတော့ ငါတို့ ဝိညာဉ်ကုန်သည်အသင်းရဲ့ကျင့်စဉ်တွေကိုပါ လဲလှယ်ပြီးကျင့်ကြံ၊ အဲ့ဒါမှ နောင်ကျရင် သူတို့နဲ့ ဆုံတဲ့အခါ သူတို့ရဲ့ရုပ်ဖျက်ထားတာတွေကို နင် ထိုးဖောက်မြင်နိုင်မှာပေါ့”
“ပြီးတော့ ဂိုဏ်းအသီးသီးကလူတွေလည်း အမြန်သွားပြီး ကျင့်ကြံကြစမ်း!”
“မိစ္ဆာသားရဲလှိုင်းကြီး အကြီးအကျယ်မပေါက်ကွဲတာ တော်တော်ကြာနေပြီလေ၊ အခု ပြန်ပြီးပေါ်လာတော့မှာ ဖြစ်နိုင်တယ်” ဟု ရှန့်လိုင်လိုင်က ဆိုလိုက်ပြီးနောက်၊ ရှန့်ဝူချင်းကို ဝိညာဉ်ကုန်သည်အသင်းရဲ့ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာ လူတိုင်း အသားကျ အောင်ဆက်ပြီး ကူညီပေးဖို့မှာလိုက်သည်။
“ငါ ဂိုဏ်းချုပ်တွေနဲ့ကာကွယ်ရေးကိစ္စတွေ သွားပြီး တိုင်ပင်လိုက်ဦးမယ်” ဟု ပြောပြီး သူမ ပျောက်ကွယ်သွားတော့သည်။
စုကျို မျက်နှာမှာ ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
“စုကျိုလို့ကို မပြောရဘူး၊ အကြီးအကဲရှန့်လိုင်လိုင်တောင် နင့်အကြွေးကံကြမ္မာလေး ကြည့်ပေးတာကို၊ နင့်ကြောင့်နဲ့ နှစ်ပေါင်း တစ်ရာအတွင်းမရှိခဲ့ဖူးတဲ့ မိစ္ဆာသားရဲလှိုင်းဖြစ်လာနိုင်ခြေကိုတောင် ရှာတွေ့သွားရတယ်ပေါ့?”
“...”
ယင်လီ သူမအနားသို့ တိတ်တဆိတ်တိုးကပ်လာသည်။
"ရှောင်ကျို၊ ချမ်းသာခြင်းမှန်က အမှန်တရားကိုပြနေတာများလား?"
"ဟေး၊ ဒါက ငါ အခုပဲ ငါ့ရဲ့ အရာအားလုံးသိမြင်နိုင်စွမ်း ပါရမီနဲ့ ရှာထားတဲ့ ဂိုဏ်းအသီးသီးနဲ့ မိသားစုအသီးသီးက ဘိုးဘေးတွေရဲ့ စာရင်းပဲ၊ တစ်ချက်လောက် ကြည့်ကြည့်ပါဦး၊ မင်း ဘယ်သူ့ကို သဘောမကျဘူးလဲဆိုတာလေ"
"..."
စုကျို စာရင်းကို အမြန် ကြည့်လိုက်ရာ၊ သူ့ အကြည့်တွေက ရှီးရှန်ဆောင်ရဲ့ကွယ်လွန်သွားတဲ့ အကြီးအကဲတွေရဲ့ စာရင်းမှာ ရပ်တန့်သွားသည်။ ဖူစန်းက ဘဝကူးလာတဲ့သူလား... ဒါမှမဟုတ် ပူးကပ်ခံထားရတဲ့သူလား? ထို့နောက် သူမမှာ ကျင့်ကြံခြင်းဆိုင်ရာ အကြံတစ်ခု ရုတ်တရက်ပေါ်လာတော့သည်။
"ငါ ဆက်ပြီး ကျင့်ကြံမယ်၊ ရွှေအမြုတေအဆင့်ရဲ့ အလယ်အလတ်အဆင့်အထိ ရောက်အောင် ကျင့်မယ်"
တကယ်လို့ မိစ္ဆာသားရဲ စစ်ပွဲကြီး တကယ်ပေါက်ကွဲလာမယ်ဆိုရင် လူသားကျင့်ကြံသူတွေအတွက် အင်အားလိုအပ်လိမ့်မည်သာ။ သူ့မှာလည်း အဲ့ဒီဘိုးဘေးဆိုးကြီးကိုသတ်ဖို့အတွက် ကူညီမယ့်သူတွေလိုအပ်သည်မဟုတ်ပါလား!
"နေဦး၊ ငါ့ရဲ့ ကိုယ်ပိုင် ရွှေအမြုတေကိုတောင် ငါ ပုံတူပွားနိုင်တာဆိုတော့၊ အခု လူတိုင်းရဲ့ရွှေအမြုတေကို ငါ ပုံတူပွားပေးလို့ ရတာပေါ့?"
"ငါ ပြောမယ် အားလုံးပဲ"
"ရှင်တို့ ရွှေအမြုတေ အများကြီးပိုင်ဆိုင်တဲ့ ကျင့်ကြံသူတွေ ဖြစ်ချင်ကြလား?"
ယင်လီနှင့် အခြားသူများ : "?"
အခုမှ ရွှေအမြုတေအဆင့်ကို တက်လှမ်းသွားကြတဲ့ ဂိုဏ်းအသီးသီးကလူများ : "???"