အခန်း (၁၈၉)
Vol. 19 Ch. 189
🥝 Chapter 189
“တခြားသူရဲ့ ရွှေအမြုတေကို မျိုချလိုက်မယ်ဆိုရင် ကျင့်စဉ်နဲ့ ဓာတ်သဘာဝတွေ မတူညီတဲ့အတွက် မင်းရဲ့ ရုပ်ခန္ဓာက လက်ခံမှာမဟုတ်ဘူး၊ အဲ့ဒါက သွေးလေချောက်ချားတာမျိုး အလွယ်တကူ ဖြစ်စေနိုင်တယ်”
“ဒါပေမဲ့ ငါ့ရဲ့ အမျိုးအစားတူ ရွှေအမြုတေတွေကတော့ ဒီပြဿနာ လုံးဝမရှိဘူး”
“ငါ လိုချင်သလောက် အများကြီးထားလို့ရတယ်”
စုကျို ရှင်းပြချက်သည် ဝိညာဉ်ကုန်သည်အသင်း၏ဆုတော်ခန်းမအတွင်း ဆွဲဆောင်မှုရှိစွာပဲ့တင်ထပ်နေသည်။
ရက်အတော်ကြာအောင်ပင် ဝိညာဉ်စွမ်းအင်များပြည့်နှက်နေသည့် ဤဂူငယ်လေးအတွင်းမှ ‘အာ... ဝင်လာပြီ’၊ ‘နည်းနည်း ထူးဆန်းသလိုပဲ’၊ ‘အား... ဆက်လုပ်ပါဦး’၊ ‘များလွန်းလို့ မခံနိုင်တော့ဘူး...’ စသည့် ထူးဆန်းသော အသံများကို ကြားနေရသည်။
ဝိညာဉ်ကုန်သည်အသင်းမှ တပည့်များသည် ဆုတော်ခန်းမအနားမှ ဖြတ်သွားတိုင်း မမြင်သင့်သည်များကို မြင်ရမည်စိုးသဖြင့် အမြန်ပင် လမ်းလွှဲသွားကြတော့သည်။ ထိပ်သီးဆယ်သင်းအဖွဲ့များကို ဝိညာဉ်ကုန်သည်အသင်း၏ကျင့်ကြံခြင်း ပတ်ဝန်းကျင်နှင့် အသားကျအောင် တာဝန်ယူထားသည့် ရှန့်ဝူချင်းသည်လည်း တစ်ခါတစ်ရံတွင် ထူးဆန်းသောအမူအရာဖြင့် အပြင်သို့ ထွက်လာတတ်သည်။
“ဂျူနီယာညီလေးဝူချင်း၊ မင်းတို့တွေ တကယ်ပဲ ဘာတွေလုပ်နေကြတာလဲ”
ရှန့်ဝူချင်းကမူ လျှို့ဝှက်စွာ ပြန်ဖြေသည်။
“တစ်လနေရင် ခင်ဗျား သိရမှာပါ”
ဤကာလအတွင်း ထိပ်သီးဆယ်သင်း ပြိုင်ပွဲဝင် အခြေခံတည်ဆောက်ခြင်းအဆင့်အဖွဲ့များအားလုံးသည် တံခါးပိတ် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြသည်။
ရှန့်လိုင်လိုင်သည် စုကျို၏ အနာဂတ်ဝိညာဉ်ကျောက်တုံး ကံကြမ္မာနှင့် ပတ်သက်သည့် ပတ်သက်မှုကို လက်ရှိ ဝိညာဉ်ကုန်သည် အသင်း ဂိုဏ်းချုပ်ရှန့်ဖူကျားထံ အကြောင်းကြားလိုက်သည်။
ရှန့်ဖူကျားသည် ဝိညာဉ်လမ်းစဉ်ကြီးဆယ်ခုမှ အဆင့်မြင့်အရာရှိများကို အမြန်ခေါ်ယူကာ ဂိုဏ်းပေါင်းစုံ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။
“မိစ္ဆာသားရဲလှိုင်း လာတော့မယ်”
“ဝိညာဉ်ကုန်သည်အသင်းက ဒါကို ဘယ်လိုသိလဲဆိုတာ မမေးနဲ့”
“ဘာပဲဖြစ်ဖြစ်၊ အဆင့်မြင့်မိစ္ဆာသားရဲတွေ စုဝေးရာနေရာမှာ ကြီးမားတဲ့ ဝိညာဉ်ကျောက်တုံးအရောင်းအဝယ်တစ်ခု ဖြစ်ပျက်တော့ မယ်ဆိုတာ ငါတို့ ကြိုမြင်ထားတယ်”
“အားလုံးပဲ စစ်ပွဲအတွက် ပြင်ဆင်ထားကြပါ”
ဝိညာဉ်လမ်းစဉ်ကြီးဆယ်ခုမှ ဂိုဏ်းချုပ်များအားလုံး အလွန်တရာတုန်လှုပ်သွားကြသည်။ ဝိညာဉ်ကုန်သည်အသင်း ကြိုမြင်သည့် စီးပွားရေးအခွင့်အလမ်းများသည် အမြဲတမ်းလိုလိုတိကျလေ့ရှိသည် မဟုတ်ပါလား။
အစည်းအဝေးပြီးနောက် ဂိုဏ်းချုပ်များသည် ၎င်းတို့၏ဂိုဏ်းများသို့ ချက်ချင်းပြန်ကာ စစ်ပွဲအတွက်သတိရှိရန်နှင့် ပြင်ဆင်ရန် တာဝန်များအသီးသီးပေးအပ်ကြတော့သည်။
“စီနီယာဦးလေးကျိုး”
ဆေးလုံးဂိုဏ်းအတွင်း၌ ရွှေအမြုတေအဆင့်တပည့်တစ်ဦးသည် ဂူဂူအောင်းကျင့်ကြံရာကြံရာမှ ယခုလေးတင်ထွက်လာသည့် ကျိုးကျန့်ဟဲထံ ရိုသေစွာ ဦးညွှတ်လိုက်သည်။
“အင်း”
စုကျို ငယ်သူငယ်ချင်းနှင့် ပထမဦးဆုံးချစ်သူဖြစ်ခဲ့သည့် ကျိုးကျန့်ဟဲသည် ခန့်ညားထည်ဝါသော အငွေ့အသက်များဖြင့် ဂူထဲမှ ထွက်လာသည်။ သူ့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့်ပြင်းထန်သော အရှိန်အဝါကိုမဖုံးကွယ်နိုင်ပေ။ သူ လှုပ်ရှားလိုက်တိုင်း သူ့ အရိုးအဆစ်များမှာ တဖျတ်ဖျတ်မြည်ဟီးနေသည်။ မတ်တပ်ရပ်နေရုံမျှဖြင့်ပင် ရွှေအမြုတေအဆင့်တပည့်များအပေါ် လွှမ်းမိုးသည့် ခန့်ညားမှုမျိုးရှိနေသည်။
သို့သော် ကျိုးကျန့်ဟဲသည် ၎င်းအားတစ်ချက်မှ လှည့်မကြည့်ပေ။ သူ ကောင်းကင်မှ တိမ်တိုက်တစ်ခုကိုလှမ်းဖမ်းကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဖြူလွလွတိမ်တိုက်ပေါ်၌ လွင့်မျောသွားတော့သည်။
“ဂိုဏ်းချုပ်ကိုပြောလိုက်၊ ငါ ဂူဂူအောင်းကျင့်ကြံရာကြံတာပြီးပြီလို့”
“ငါ ဝိညာဉ်အသွင်ပြောင်းအဆင့်ရဲ့အထွတ်အထိပ်ကို ရောက်သွားပြီ”
“ဒါပေမဲ့ လူ့လောကမှာ ငါ ရှင်းရမယ့်ကိစ္စတွေ ကျန်သေးလို့၊ အဲ့ဒါကို အရင်သွားရှင်းလိုက်ဦးမယ်” ဟုပြောပြီး ကျိုးကျန့်ဟဲသည် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။
သူသည် တိမ်တိုက်ပေါ်ခရီးနှင်နေပြီး သူ့ ဝိညာဉ်အလင်းတန်းများသည် ရွှေအမြုတေအဆင့်တပည့်အပေါ်တွင် ကျန်ရစ်ခဲ့သည်။ ထိုတပည့်၏အားကျမှုနှင့် ကြောက်ရွံ့မှုကိုသတိပြုမိသည့်အခါ ကျိုးကျန့်ဟဲ ကျေနပ်စွာပြုံးလိုက်မိသည်။
“ကဲ... ငါ မင်းကို မလိမ်ပါဘူး၊ ဟုတ်တယ်မလား”
ကျိုးကျန့်ဟဲ ဝိညာဉ်စင်မြင့်အတွင်းမှ သိမ်မွေ့သော လူငယ်တစ်ဦး၏ဝိညာဉ်က စကားပြောလိုက်သည်။
“ငါ့ရဲ့ ကျင့်စဉ်အတိုင်းသာကျင့်မယ်ဆိုရင် မင်း ခြောက်လအတွင်းမှာ ဝိညာဉ်အသွင်ပြောင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်တယ်လို့ ပြောခဲ့သားပဲ”
“မင်း ဂူဂူအောင်းကျင့်ကြံရာကြံရာက ထွက်လာပြီဆိုတာနဲ့ မင်းက ရာစုနှစ်တစ်ခုမှာ တစ်ယောက်ပဲပေါ်တဲ့ ကျင့်ကြံခြင်းပါရမီရှင် ဖြစ်လာမှာပဲ!”
သူ့ဝိညာဉ်စင်မြင့်အတွင်း၌ ဆေးတောင်းတစ်လုံးကိုလွယ်ထားပြီး အန္တရာယ်ကင်းစင်သောအပြုံးမျိုးဖြင့် ရှိနေသည့် လူငယ်ဝိညာဉ်ကို ကြည့်ရင်း ကျိုးကျန့်ဟဲ နောက်ဆုံး သတိလက်လွတ်ယုံကြည်သွားတော့သည်။
အကယ်၍ ရှီးရှန်ဆောင်မှ အဆင့်မြင့်တပည့်တစ်ဦး ဤနေရာတွင် ရှိနေပါက ၎င်းတို့အံ့ဩမှင်သက်သွားကြလိမ့်မည်။
ယခုအခါ ဝိညာဉ်တစ်ခုအဖြစ်သာရှိတော့ပြီး ဆေးတောင်းလွယ်ထားသည့် ဤနွေးထွေးသောလူငယ်လေးသည် အခြားသူမဟုတ်ဘဲ ရှီးရှန်ဆောင်ကိုစတင်တည်ထောင်စဉ်ကတည်းက ရှိခဲ့သည့် ကိုးယောက်မြောက်ဘိုးဘေး ဟွိုင်ဟယ်အန်းပင်။
ထိုစဉ်က သူသည် ပိုးမွေးမြူခြင်း သို့မဟုတ် ရက်ကန်းအတတ်ကို ဘာမှမသိခဲ့သော်လည်း ဆေးဆရာကြီးတစ်ဦးထံမှ သင်ယူထား သည့် သူ့ကုသရေးပါရမီကြောင့် ပထမဆုံးဂိုဏ်းချုပ်၏မျက်စိကျခြင်းကိုခံခဲ့ရကာ အကူအညီပေးသည့် အကြီးအကဲဖြစ်ရန် သုံးကြိမ်တိုင်တိုင် ဖိတ်ခေါ်ခြင်းခံခဲ့ရသူဖြစ်သည်။
ရှီးရှန်ဆောင်မှ တပည့်များ၊ ဝိညာဉ်ပိုးကောင်များ သို့မဟုတ် ဝိညာဉ်ပိုးစာပင်များ ဖျားနာသည့်အခါတိုင်း ဟွိုင်ဟယ်အန်းသည် သူ၏ ကုသရေးအစွမ်းဖြင့် ပျောက်ကင်းအောင်လုပ်ပေးနိုင်ခဲ့သည်။ ဤအချက်ကပင် သူ့အား ဂိုဏ်းအတွင်းကိုးယောက်မြောက်ဘိုးဘေး အဖြစ် ခိုင်မာစွာနေရာရစေခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ရှီးရှန်ဆောင်လျင်မြန်စွာတိုးတက်လာခြင်းသည်လည်း ဟွိုင်ဟယ်အန်း၏တည်ငြိမ်သော နောက်ကွယ်မှ ပံ့ပိုးမှုများကြောင့်ပင်။
“ကျန့်ဟဲ၊ မင်း ငါ့ကို သံသယရှိနေတုန်းပဲလား? ငါသာ တစ်ယောက်ယောက်ရဲ့ကိုယ်ထဲကို ဝင်ပူးချင်တယ်ဆိုရင် မင်းကို ဘာလို့ လိုအပ်မှာလဲ? ဒီလောကမှာ ဝိညာဉ်ခွန်အား ငါ့ထက်နိမ့်တဲ့၊ ကျင့်စဉ်နဲ့ပါရမီ ငါနဲ့တူတဲ့ လူငယ်ဆေးဆရာတွေ အများကြီးရှိတာပဲ၊ သူတို့ကိုယ်ထဲကို ဝင်ပူးဖို့က ငါ့အတွက်က ရေသောက်သလိုလွယ်လွယ်လေးပါ”
“မင်းကို ငါ ဘာလို့ လိုအပ်မှာလဲ?”
ကျိုးကျန့်ဟဲ ဝိညာဉ်စင်မြင့်ထဲမှ ဟွိုင်ဟယ်အန်းသည် ကြင်နာတတ်သော ဆေးဆရာတစ်ဦးအဖြစ်ပေါ်လာသည်။ သူ့ အသက်အစစ် အမှန်မှာ အနည်းဆုံးနှစ်ပေါင်းသုံးရာခန့် ရှိနေပြီ ဖြစ်သော်လည်း သူသည် လူငယ်တစ်ဦးကဲ့သို့ရှိနေဆဲဖြစ်ပြီး ကျိုးကျန့်ဟဲ အိမ်မက် တောင်အစ်မက်ရဲသည့် လူကြီးလူကောင်းဆန်သော အငွေ့အသက်မျိုးရှိနေသည်။
“ဆရာက ကျွန်တော့်ကို စိတ်ရင်းမှန်နဲ့ကူညီပြီး ဘာမကောင်းတဲ့ အတွေးမှမရှိဘူးဆိုရင်၊ ကျွန်တော် ကျိုးကျန့်ဟဲ အထက်ဘုံတက် တဲ့နေ့ကျရင် ဆရာ့ ကတိကိုတည်ပေးပြီး ဆရာ့ဆန္ဒတွေကို ကျွန်တော် ဖြည့်ဆည်းပေးပါ့မယ်” ဟု ကျိုးကျန့်ဟဲ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ကျနော် ဆရာရဲ့ နတ်ဘုရားခန္ဓာကိုယ်ကိုပြန်လည်သွန်းလုပ်ပေးပြီး ဆရာ့ဝိညာဉ်ကို ထာဝရရှင်သန်ခွင့်ပေးပါ့မယ်”
ဟွိုင်ဟယ်အန်းကမူ သိမ်မွေ့စွာပြုံးလျက်ဆိုလာသည်။
“ငါ မင်းကို ယုံပါတယ်၊ ရှေ့က ရှီးဟယ်မြို့လေးဟာ ငါ အရင်ဘဝက မြှုပ်နှံခဲ့တဲ့နေရာပဲ”
“ငါ နှစ်ပေါင်း သုံးရာတိုင်တိုင်ကျင့်ကြံပြီး ငါ့ရဲ့ မွေးရာပါဝိညာဉ်လက်နက်ဖြစ်တဲ့ ‘နတ်ဆေးဆရာရဲ့ ငွေအပ်’ ကို ပျိုးထောင်ခဲ့တယ်၊ အဲ့ဒီအပ်က အရိုးပေါ်အသားပြန်တက်စေပြီး သေနေတဲ့သူကိုပြန်ရှင်စေနိုင်တဲ့ စွမ်းအားရှိတယ်၊ အဲ့ဒါကို ငါ့ရဲ့ အရင်ဘဝက ဂူဗိမာန်ကျောက်တိုင်ထဲမှာ ဝှက်ထားခဲ့တယ်”
“အခု မင်းက ဝိညာဉ်အသွင်ပြောင်းအဆင့်ရဲ့အထွတ်အထိပ်ကို ရောက်နေပြီဆိုတော့ သွားပြီးယူလိုက်ပါ၊ အဲ့ဒီအပ်က မင်းကို သခင်အဖြစ် အသိအမှတ်ပြုပြီး သူ့အင်အားအပြည့်ထုတ်သုံးနိုင်အောင် ငါ လုပ်ပေးပါ့မယ်”
ကျိုးကျန့်ဟဲ မျက်လုံးများမှာ စိတ်အားထက်သန်မှုကြောင့် တောက်ပလာရသည်။
လွန်ခဲ့သော တစ်နှစ်ခန့်က သူသည် အလစ်အငိုက်အဖမ်းခံရကာ သူ့ကိုယ်ထဲသို့ ဟွိုင်ဟယ်အန်း ဝိညာဉ်ဝင်ပူးခြင်းခံခဲ့ရသည်။ ထိုစဉ်က သူ စိတ်လိုက်မာန်ပါဖြင့် ဟွိုင်ဟယ်အန်း သူ့ကို ဝင်ပူးဖို့ကြိုးစားနေသည်ဟုထင်ကာ ဟွိုင်ဟယ်အန်း၏ စကားတစ်ဝက်ကို သာကြားပြီး ဝိညာဉ်ကိုဖြိုခွင်းပစ်ခဲ့မိသည်။
သို့သော် ကြီးမားသော အမှားမှာ ဟွိုင်ဟယ်အန်း၏ကျန်ရှိနေသည့် စကားတစ်ဝက်သည် ဆဋ္ဌမအဆင့် ဝိညာဉ်လက်နက် ‘နတ်ဆေးဆရာရဲ့ ငွေအပ်’ ကို မြှုပ်နှံထားသည့် နေရာအကြောင်းဖြစ်နေခြင်းပင်! ကျိုးကျန့်ဟဲ အလျင်စလို လုပ်မိသွားသည့် အတွက် ရတနာရှိသည့်နေရာကို တစ်ဝက်သာ သိလိုက်ရသဖြင့် ချက်ချင်းနောင်တရသွားခဲ့သည်။
သူ ဖြိုခွဲပစ်လိုက်သည့် ဟွိုင်ဟယ်အန်း၏ဝိညာဉ်အစအနများကို ပြန်မဆက်နိုင်တော့ဘဲ နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်... နောက်ပိုင်းတွင် သူသည် ထိုရတနာကို သုံးလတိုင်တိုင်ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။
သူသည် သူ့ စုဆောင်းထားသမျှကို သုံးခဲ့ရသည်။ ထို့နောက် ငယ်သူငယ်ချင်းကျိုအာပေးခဲ့သည့် စုမိသားစု၏သုံးဆက်တိုင်တိုင် စုဆောင်းထားသမျှ ပိုင်ဆိုင်မှုများကိုသုံးကာ ဈေးကြီးလှသည့် ဝိညာဉ်အားဖြည့်ရည်များဖြင့် ဟွိုင်ဟယ်အန်းဝိညာဉ်ကိုခြောက်လ တိုင်တိုင်ပြုစုပျိုးထောင်ပေးခဲ့ရပြီးမှ ထိုဝိညာဉ်ကိုပြန်လည်နိုးထလာအောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဒါတွေအားလုံးဟာ ဒီနေ့မှာဟွိုင်ဟယ်အန်းပြောလိုက်တဲ့ ကျန်တဲ့ စကားတစ်ဝက်ဖြစ်တဲ့ “နတ်ဆေးဆရာရဲ့ ငွေအပ် ရှိတဲ့နေရာ!” အတွက်သာ။
“ဒါဆို ရှီးဟယ်မြို့လေးပေါ့”
ဘယ်နေရာမှာမှ ရှာမတွေ့တာ မထူးဆန်းပါဘူး၊ ဆဋ္ဌမအဆင့်ရတနာတစ်ခုက ဒီလောက်အထိပျက်စီးနေတဲ့နေရာမှာ ဝှက်ထား တာကိုး..ကျိုးကျန့်ဟဲသည် ဆွဲဆောင်မှုကိုမအောင့်နိုင်ဘဲ အရှိန်မြှင့်လိုက်သည်။ မဟာကျင့်ကြံသူတစ်ဦး၏မွေးရာပါ ဝိညာဉ်လက်နက်သည် အထက်ဘုံတက်စဉ်ကမပျက်စီးခဲ့ဘဲ ကောင်းကင်ဘုံ၏စွမ်းအားကိုသာ ခံယူခဲ့ခြင်းဖြစ်သည်။
ဤနတ်ဆေးဆရာ ငွေအပ်၏စွမ်းအားသည် လောကရှိမည်သည့် ဆဋ္ဌမအဆင့် ဝိညာဉ်လက်နက်ထက်မဆို သာလွန်ပေလိမ့်မည်။ မကြာခင်မှာပဲ ဒါက ငါ ကျိုးကျန့်ဟဲရဲ့အပိုင် ဖြစ်လာတော့မှာ! သူသည် လောကီရေးရာများကိုလျစ်လျူရှုကာ ဤရတနာကို အမြန်ဆုံးရရှိရန်အတွက် ခြောက်လတိုင်တိုင် ဂူဂူအောင်းကျင့်ကြံရာကြံခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် ဆေးဖော်စပ်ခြင်း၊ ကုသခြင်းနှင့် ပိုးမွေးမြူခြင်းတို့တွင် ထူးချွန်သူဖြစ်လာတော့မည်!
ဒုန်းခနဲ အသံနှင့်အတူ ကျိုးကျန့်ဟဲသည် ဝိညာဉ်အလင်းတန်းတိမ်တိုက်ပေါ်မှ ဆင်းကာ ရှီဟယ်မြို့၏ ပစ်ထားခြင်းခံရသော တံခါးဝရှေ့သို့ လျင်မြန်စွာဆင်းသက်လိုက်သည်!
“ကျောက်တိုင်က ဘယ်မှာလဲ?”
“အင်း ငါ့ရဲ့ အရင်ဘဝက နာမည်က ဖူစန်းလို့ ခေါ်တယ်၊ မြို့တံခါးဝမှာ ဖူစန်းရဲ့သင်္ချိုင်းဂူရှိမလား ရှာကြည့်ပါ၊ ငါ ရှာမတွေ့မှာစိုးလို့ တခြားဂူတွေနဲ့မမှားနိုင်တဲ့ အထင်ရှားဆုံးနေရာမှာမြှုပ်ထားခဲ့တာ”
ကျိုးကျန့်ဟဲ ခေါင်းညိတ်လိုက်ပြီး သူ့ ဝိညာဉ်အသွင်ပြောင်းအဆင့် ဝိညာဉ်အာရုံကိုသုံး၍ ပတ်ဝန်းကျင်ကို ရှာဖွေလိုက်သည်။ သို့သော် သူ့ ဝိညာဉ်အာရုံ ရောက်ရှိသမျှ နေရာတိုင်းတွင် ဘာဝိညာဉ်စွမ်းအင်တုံ့ပြန်မှုမှမရှိပေ။ ဘယ်က ကျောက်တိုင်လဲ? သူသည် ကိုယ်တိုင် လိုက်လံတိုင်းတာကြည့်သော်လည်း ကျင်းကြီးတစ်ခုကိုသာ တွေ့ရတော့သည်!
“ကျန့်ဟဲ၊ မင်း မှတ်မိလား? ငါ မင်းကို ပြောခဲ့သားပဲ”
“ငါ ဟွိုင်ဟယ်အန်းက အထက်ဘုံတက်ဖို့ ကြိုးစားရင်းကွယ်လွန်ခဲ့ရပေမဲ့၊ မသေခင်မှာ နတ်ဘုရားဖြစ်မယ့်သူတိုင်းမှာ အချိန်ကောင်း၊ နေရာကောင်းနဲ့ လူကောင်းဆိုတဲ့ ဒီသုံးခုစလုံး ရှိရမယ်ဆိုတာ ငါ သိလိုက်ရတယ်၊ ဒီသုံးခုက မရှိမဖြစ်ပဲ”
“မိစ္ဆာသားရဲလှိုင်းတွေ လာတော့မယ်၊ လူသားကျင့်ကြံသူတွေ အမြောက်အမြားသေကြေပျက်စီးကြလိမ့်မယ်၊ မင်းသာ ငါ့ရဲ့ နတ်ဆေးဆရာ ငွေအပ်ကိုရမယ်ဆိုရင် သေနေတဲ့သူတွေကို ပြန်ရှင်အောင်လုပ်ပေးနိုင်လိမ့်မယ်၊ မင်းက ဒီလောကမှာ လူသားကျင့်ကြံသူတွေကြားမှာ အကြီးမားဆုံးသောနာမည်ဂုဏ်သတင်းကိုရမှာ သေချာတယ်!”
“ကောင်းကင်၊ မြေကြီးနဲ့ လူဆိုတဲ့ အခြင်းအရာသုံးခုထဲက ‘လူကောင်း’ ဆိုတဲ့ အချက်ကို မင်းက ဒီလောက်ငယ်ငယ်ရွှယ်ရွယ်နဲ့ ရနေပြီလေ!”
ကျိုးကျန့်ဟဲ ထိုသည်ကိုကြားလိုက်ရသည်နှင့် မျက်လုံးများ တောက်ပလာသော်လည်း ပိုစိတ်ပူလာမိသည်။
“ကျွန်တော် ဖူစန်းရဲ့ဂူကို မတွေ့ဘူး”
“? မဖြစ်နိုင်တာ! သေသေချာချာ ရှာစမ်းပါ”
သူ့ ဝိညာဉ်စင်မြင့်အတွင်းမှ လူငယ်လေးဟွိုင်ဟယ်အန်း၏မျက်ခုံးများမှာ တွန့်ချိုးသွားတော့သည်။
“မင်း သေသေချာချာ ရှာစမ်းပါ၊ ဒါမှမဟုတ်ရင် မင်းရဲ့ ဝိညာဉ်အာရုံကို ခေတ္တအိပ်ပျော်ခိုင်းလိုက်၊ ငါ့ဘာသာ ရှာလိုက်မယ်!” အသက်သုံးရာကျော်နေပြီဖြစ်သည့် ဟွိုင်ဟယ်အန်းသည် သိသိသာသာစိတ်ပူနေသည်။
ကျိုးကျန့်ဟဲကမူ ပိုလို့တောင် စိတ်ပူနေပါသေးသည်! သူသည် ဝိညာဉ်အသွင်ပြောင်းအဆင့် အထွတ်အထိပ်သို့ ခုနတင် တက်လှမ်းနိုင်ခဲ့သူဖြစ်ပြီး ဆေးလုံးဂိုဏ်းမှာ တပည့်တွေရဲ့ အားကျမှုကို ခံယူနေရမယ့်သူ၊ ဂိုဏ်းချုပ်ဖြစ်တဲ့ သူ့ တူကတောင်လာပြီး ဂုဏ်ပြုရမယ့်သူ ဖြစ်သင့်တာလေ။ အဲ့ဒီအစား သူ ဒီလိုမျိုးလူသူကင်းမဲ့တဲ့ တောကန္တရထဲကို အပင်ပန်းခံပြေးလာခဲ့ရတာ။ တကယ်လို့ ဆဋ္ဌမအဆင့်ဝိညာဉ်ရတနာကိုသာ ပြန်မယူနိုင်ဘူးဆိုရင် ဒါ တကယ်ကို ရယ်စရာကြီးဖြစ်သွားမှာပေါ့။
“တကယ် မရှိဘူးဗျ”
“? မဖြစ်နိုင်တာ!” ဟွိုင်ဟယ်အန်း ဝိညာဉ်မှာ သူ့ ကိုယ်ထဲတုန်လှုပ်သွားရသည်။
“...ဩော်၊ တွေ့ပြီ”
ကျိုးကျန့်ဟဲသည် မြေပြင်ပေါ်ရှိသေးငယ်ပြီး လုံးဝန်းသော ကျင်းလေးတစ်ခုထဲမှ စာသားကို နောက်ဆုံးမြင်လိုက်ရသည်။ သူသည် အမူအရာမရှိဘဲ ထိုစာကိုဖတ်လိုက်သည်၊ သူ့ အသံမှာ သံမဏိကဲ့သို့ အေးစက်မာကျောနေသည်။
“ငါ ကျန်းယန်ဆိုတဲ့ ကျင့်ကြံသူ ဒီကိုရောက်ခဲ့တယ်... ငါ ယင်ယန် အစုံအလင် မိစ္ဆာညီနောင် ရောက်ရှိခဲ့သည်!”
“ရှီးရှန်ဆောင်ကတော့ လူဆင်းရဲတွေပဲ၊ ဂူထဲမှာ ဘာအသုံးအဆောင်မှမရှိဘူး...”
“ငါ့အချိန်တွေကို ဖြုန်းတီးလိုက်တာပဲ၊ မင်းကတော့ လူယုတ်မာပဲ!”
ကျိုးကျန့်ဟဲမျက်နှာမှာ ဖတ်ရင်းဖြင့် ပိုမိုတည်ကြည်လာသည်။
“...ဘိုးဘေး ဟွိုင်ဟယ်အန်း၊ ဆရာ့ရဲ့မွေးရာပါ ဝိညာဉ်လက်နက်ကို ဂူဗိမာန်ကျောက်တိုင်ထဲမှာ မြှုပ်ထားခဲ့တာ သေချာရဲ့လား? ဆရာ့ဂူက ဖောက်ထွင်းခံလိုက်ရပြီဗျ”
“!!!”
သူ့ ဝိညာဉ်မျက်စိထဲတွင် ဟွိုင်ဟယ်အန်း၏နုပျိုသော ပုံရိပ်မှာ ချက်ချင်းတွန့်လိမ်သွားပြီး မျက်ကွင်းညိုကြီးများပေါ်လာသည်။ ခဏချင်းမှာပင် သူသည် အသက်သုံးရာကျော်အရွယ်ရှိသည့် လူအိုကြီးတစ်ဦး၏သေခြင်းတရား အငွေ့အသက်များ ဖုံးလွှမ်းသွား တော့သည်။
“မဖြစ်နိုင်တာ! သင်္ချိုင်းသူခိုးတွေလက်က လွတ်အောင် ငါ့ရဲ့ မွေးရာပါဝိညာဉ်လက်နက်ကို ကျောက်တိုင်ထဲမှာ ငါ ဝှက်ထားခဲ့တာ လေ၊ ကျောက်တိုင်နဲ့နတ်ဆေးဆရာငွေအပ်ကို တစ်သားတည်းဖြစ်အောင် ငါ လုပ်ထားတာ၊ ဒါကို သိနိုင်တဲ့ လျှို့ဝှက်နည်းလမ်းကို ငါတစ်ယောက်တည်းပဲ သိတာလေ!”
“ဒီကျောက်တိုင်က ရတနာတစ်ခုဆိုတာကို ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူး!”
ကျိုးကျန့်ဟဲသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်စိမှိတ်လိုက်သည်။ သူသည် မြေပြင်ပေါ်ရှိ စတုရန်းပုံအမြောင်းလေးခုကို ညွှန်ပြလိုက်သည်။
“ဆရာ့ကျောက်တိုင်က တူးထုတ်ခံလိုက်ရတာဗျ”
“...!”
ဘယ်သူလုပ်တာလဲ?
ဘယ်သူက ဒီလောက်အထိ ကိုယ်ကျင့်တရားကင်းမဲ့နေရတာလဲ?
ဟွိုင်ဟယ်အန်း ဝိညာဉ်မှာဆွံ့အသွားရသည်။ သူသည် အသက်သုံးရာတိုင်တိုင် ရှင်သန်ခဲ့သော်လည်း လူတစ်ယောက်၏ သင်္ချိုင်းဂူ ကျောက်တိုင်ကိုတောင် ချန်မထားတဲ့ ဒီလောက်ယုတ်မာတဲ့သူမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။ အဲ့ဒီကျောက်တိုင်ကို တူးပြီး သွားရောင်းမလို့လား? အဲ့လူ ရူးနေတာလား?
“...ငါသာ သူ့ကို မိရင်တော့ သူ့အရိုးတွေကိုပြာဖြစ်အောင် ငါ လုပ်ပစ်မယ်!”
ဟွိုင်ဟယ်အန်းသည် အထက်ဘုံတက်ဖို့ကြိုးစားရင်း ရှုံးနိမ့်ပြီး ကွယ်လွန်ခဲ့သည့်တိုင်အောင် နှစ်ပေါင်းသုံးရာတိုင်တိုင် ရှင်သန်ခဲ့သူ ဖြစ်သည်။ သူသည် သူ့ဘဝ အချိန်အတော်များများကို ရှီးရှန်ဆောင်အတွင်း၌သာ ကုန်ဆုံးခဲ့သဖြင့် အပြင်လောက၏ ကောက်ကျစ်စဉ်းလဲမှုများကို လုံးဝမသိခဲ့ချေ!
တောက်~
သူ ဆင်းရဲချင်ယောင်ဆောင်ပြီး သင်္ချိုင်းလုပ်ခဲ့တာတောင်မှ အခိုးခံလိုက်ရတယ်ပေါ့!?
ကျိုးကျန့်ဟဲလည်း ဒေါသထွက်နေသည်> သူ အချိန်တွေ အများကြီး ဖြုန်းတီးလိုက်ရပြီ မဟုတ်YGလား ? ဒီလိုဖြစ်မယ်မှန်း သိရင် ဟွိုင်ဟယ်အန်းဝိညာဉ်ကိုပြုစုဖို့ ဝိညာဉ်ကျောက်တုံးတစ်သန်းနီးပါးကို သူ ဘာလို့ သုံးခဲ့မှာလဲ?
သူသည် မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် နောက်သို့ဆုတ်လိုက်စဉ်၊ သူ နင်းထားသည့် ကျောက်တိုင်ကျင်းထဲ၌ ဝိညာဉ်စွမ်းအင် ဖြင့်ရေးသားထားသော စာလုံးအသေးလေးများကိုသတိပြုမိသွားသည်။ ထိုစာကို မြင်လိုက်ရသည့်အခါ သူH မျက်မှောင်များမှာ တွန့်ချိုးသွားတော့သည်။
【ငါ စုကျို အကြွေးလာတောင်းတယ်】
【ဖူစန်း၊ အကြွေးဆပ်တာက သဘာဝပဲ၊ သေသွားတာက နင့်ကို အပြစ်ကနေ လွတ်ငြိမ်းခွင့်မပေးနိုင်ဘူး】
【နင့်ရဲ့ ကျောက်တိုင်ကို ငါ စုကျို ယူသွားပြီ】
“???”
ကျိုးကျန့်ဟဲသည် သူ မြင်နေရသည်ကို မယုံနိုင်ဖြစ်နေသည်။ နာမည်တူနေတာလား? အမြဲတမ်း သူ့ကို ဝိညာဉ်ကျောက်တုံးတွေ တိတ်တဆိတ်ပေးခဲ့ပြီး သူနဲ့အတူကြီးပြင်းလာခဲ့တဲ့ စုမိသားစုက ကျိုအာလား? သူမ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား? သူမက ရှီးရှန်ဆောင် ထဲမှာပဲ ကျင့်ကြံနေရမှာလေ…
သူ ဆေးလုံးဂိုဏ်းကိုထွက်လာတဲ့နေ့က သူမဟာ ခြေဗလာနဲ့ သူ့နောက်ကို လိုက်ပြေးရင်း၊ သူ့ကိုပါ ခေါ်သွားဖို့ ငိုယိုတောင်းပန်ခဲ့တာ လေ။ သူ မခေါ်နိုင်ဘူးလို့ပြောတော့ သူမက ထပ်ပြီးငိုယိုကာ သူ့ကိုသတိရပေးဖို့ တောင်းပန်ခဲ့သည်။ သို့သော် မကြာခင်မှာပင် သူမရဲ့အားနည်းတဲ့ ခန္ဓာကိုယ်လေးဟာ ဝိညာဉ်လေသင်္ဘော၏အဝေးမှာ ကျန်ရစ်ခဲ့ရသည်။ ထိုနေ့က ကျိုးကျန့်ဟဲ ကိုယ်တိုင်လည်း နည်းနည်းစိတ်လှုပ်ရှားခဲ့ရတာကို ဝန်ခံပါတယ်။
ဒါပေမဲ့ သူ ထွက်သွားမှဖြစ်မယ်လေ၊ သူမကို ရက်ရက်စက်စက် စွန့်ပစ်ခဲ့ရတာပေါ့။ ‘သဟဇာတဖြစ်ခြင်း’ က အထက်ဘုံတက်ဖို့ အတွက် အဓိကသော့ချက်ပဲ၊ သူက ဒီလောကမှာရှိတဲ့ လူသားကျင့်ကြံသူတွေကြားမှာ အကြီးမားဆုံးသော နာမည်ဂုဏ်သတင်းကို ရဖို့လိုအပ်နေသည်။ သူ့အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ အားနည်းတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကူညီမှု ရှိခဲ့တယ်ဆိုတာကို ဘယ်သူ့ကိုမှ အသိမခံနိုင်ပါဘူး။ သူ ကျိုးကျန့်ဟဲဟာ ကိုယ့်အစွမ်းနဲ့ကိုယ်တက်လာတဲ့ ပါရမီရှင်တစ်ယောက်ပဲဖြစ်ရမယ်! စုကျို… ကျိုးကျန့်ဟဲ ဒီနာမည်ကိုမတွေ့ရတာ တော်တော်ကြာခဲ့ပါပြီ။ အခု ပြန်မြင်ရတော့ သူ အိမ်မက်မက်နေသလိုခံစားရသည်။
သူ့ ခံစားချက်တွေက ရှုပ်ထွေးနေသည်။ သူသည် ဝိညာဉ်စွမ်းအင်ဖြင့်ရေးထားသော စာလုံးများကို စိုက်ကြည့်နေပြီး သူ့ အမူအရာမှာ ပိုမိုထူးဆန်းလာသည်။
“ဟွိုင်ဟယ်အန်း... ဆရာလည်း စုကျိုဆီက ပိုက်ဆံယူခဲ့တာလား?”
ဟွိုင်ဟယ်အန်း ကြောင်သွားသည်။ ဟွိုင်ဟယ်အန်း တိတ်ဆိတ်နေခြင်းကြောင့် ကျိုးကျန့်ဟဲသည် ရင်ဘတ်ထဲတစ်ဆို့သွားသလို ခံစားရပြီး ဖော်ပြလို့မရတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာသည်။
မဟုတ်ဘူး… နေဦး..
သူနဲ့အတူ ကြီးပြင်းလာတဲ့ စုကျိုလေးက သူက သူမအတွက် အရာအားလုံးပဲလို့ အမြဲပြောခဲ့တာလေ။ သူမရဲ့ ဝိညာဉ်ကျောက်တုံး တွေနဲ့ ဝိညာဉ်စွမ်းအင်တွေအကုန်လုံးကို သူ့ကို ပျိုးထောင်ဖို့အတွက်ပုံအောခဲ့တာလေ။ သူက သူမရဲ့ တစ်ဦးတည်းသောသူလို့ သူမ ပြောခဲ့တာလေ။ အခုကျမှ ဘာလို့ နှစ်ပေါင်းသုံးရာက ဟွိုင်ဟယ်အန်းရဲ့ဝင်စားသူ ဖူစန်းကလည်း သူမ ဆီက ပိုက်ဆံယူခဲ့ရတာလဲ?
ဘယ်တုန်းကလဲ? ဟင်?
ကျိုးကျန့်ဟဲသည် သူ့ ခန္ဓာကိုယ်အတွင်းရှိ ဟွိုင်ဟယ်အန်း ဝိညာဉ်ကိုကြည့်လိုက်ရာ သူ့ နဖူးပေါ်တွင် စိမ်းဖန့်ဖန့် အရောင်တွေ သန်းလာသလို ခံစားလိုက်ရသည်!
“ရှင်းပြစမ်းပါဦး ဟွိုင်ဟယ်အန်း”
“?”
“ဆရာနဲ့ စုကျို ဘာပတ်သက်မှုရှိလဲဆိုတာကိုလေ!”
“မတ်တပ်ရပ်ပြီး လမ်းလျှောက်ကြည့်စမ်းပါဦး၊ ငါ ကြည့်ရအောင်၊ နင်က ရွှေအမြုတေ ခုနစ်ခုပဲ ဆံ့တာလား ? အဲ့ဒါနဲ့တင် မောနေပြီလား?”
စုကျိုသည် ဖရဲသီးစားရင်း၊ လက်ထဲမှ ပတ္တမြားလက်ကောက်ကို လှည့်ကာကစားလျက် ဝိညာဉ်ကုန်သည်အသင်း၏ပိုက်ဆံအခြေပြု ကျင့်စဉ်ကိုလေ့ကျင့်နေလေသည်။ ထို့နောက် သူ့ရှေ့ရှိ ယင်လီကိုကြည့်ကာ တိုက်တွန်းလိုက်သည်။
“ရှောင်ယင်၊ အရင်ဆုံး ပြေးကြည့်ပါဦး၊ အဲ့ဒီ ရွှေအမြုတေခုနစ်ခုကို အောက်နည်းနည်းရောက်သွားအောင်လို့လေ”
“နေရာနည်းနည်း ဖယ်ဦး၊ နောက်ထပ် သုံးခုကျန်သေးတယ်”
ယင်လီ : "...ကောင်းပြီ"
သူမသည် ဖောင်းကားနေသော သူ့ဝမ်းဗိုက်ကို ဆုပ်ကိုင်ကာ နံရံကိုမှီ၍ ခက်ခက်ခဲခဲ ထရပ်လိုက်သည်။ ရွှေအမြုတေတွေ ပြည့်နေတဲ့ ဒီဗိုက်ကြီးက တကယ်လေးလံလှကာ လမ်းလျှောက်ဖို့ပင် ခက်ခဲနေသည်။
“ဟင်?”
စုကျိုသည် ဖရဲသီးစားနေရင်းမှ သူ့ ခါးရှိ သိုလှောင်အိတ်တုန်ခါနေသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ သူ ချက်ချင်း ငုံ့ကြည့်လိုက်ရာ အိတ်ထဲရှိ ဖူစန်းကျောက်တိုင်သည် တိတ်တဆိတ်လှုပ်ရှားနေပြီး အိတ်အဝကိုရိုက်ခတ်နေသည်အား တွေ့လိုက်ရသည်။