အခန်း (၁၉၀)
Vol. 19 Ch. 190
🥝 Chapter 190
စုကျိုသည် သူ့မုန့်ညှင်းစေ့အိတ်အတွင်းရှိ တုန်ခါနေသော ဖူစန်းကျောက်တိုင်ကို ကြည့်ကာ လက်လှမ်း၍ဆွဲထုတ်လိုက်သည်။
သူမ ထိုကျောက်တိုင်ကို ထိုင်ခုံသဖွယ် အသုံးပြု၍ ထိုင်ချလိုက်သည်။
“ကျိုအာ...”
“အဆင်ပြေပါတယ်၊ တစ်ယောက်ယောက်က ဒါကိုလှမ်းပြီး ခေါ်နေတာဖြစ်နိုင်တယ်”
ယင်လီမှာ အံ့အားသင့်သွားရသည်။ သူမ စစ်ဆေးကြည့်ချင်သော်လည်း စုကျိုကမူ တားမြစ်လိုက်သည်။
“တစ်ဖက်လူရဲ့ ဝိညာဉ်အာရုံက အရမ်းပြင်းထန်နိုင်တယ်၊ သူတို့ကို သတိမပေးမိစေနဲ့”
စုကျိုသည် ဂိုဒေါင်မှတ်တမ်းဟောင်းများကိုလှန်ကြည့်လိုက်သည်။
[ဖူစန်း၏ကျောက်တိုင် - ဖူစန်း၏မွေးရာပါ ဝိညာဉ်လက်နက်ကျောက်သား ပါဝင်သည်။]
[ဖူစန်း၏မွေးရာပါ ဝိညာဉ်လက်နက် ကျောက်သားအား သူသည် နှစ်ပေါင်း ??? တိုင်တိုင် ပျိုးထောင်ခဲ့ပြီး ကျောက်တိုင်အတွင်း ဝှက်ထားခဲ့သည်။ ယခုအခါ ဝိညာဉ်အလင်းတန်း ၇၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးနေပြီဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများကို ကုသရာတွင် အလွန်ထူးကဲသော အာနိသင်ရှိသည်။]
[အာနိသင်မှာ ထူးကဲလှပြီး ထိရုံမျှဖြင့်ပင် လုံလောက်ပေသည်။]
သူမသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့တိုင်အောင် ‘နှစ်ပေါင်း ???’ ဆိုသည့် မေးခွန်းထုတ်ထား သော အကြောင်းအရာကိုမူ မမြင်နိုင်သေးပေ။
ဖူစန်းသည် ရှေးဟောင်းမိစ္ဆာအိုကြီးတစ်ဦးဖြစ်နိုင်ခြေမှာမူ အလွန်သေချာသလောက် ရှိနေပြီ ဖြစ်သည်။
စုကျိုသည် ဝိညာဉ်ပိုးကောင်ဂေဟာမှ မဟာယာနအဆင့်ကျင့်ကြံသူ လုကျိကျောင်းထံသို့ ကျောက်တိုင်၏ထူးဆန်းသော လှုပ်ရှားမှုနှင့် သူ့ ထင်မြင်ချက်ကို သတင်းပို့ကာ သတိထားရန်သတိပေးလိုက်သည်။
“ဒုန်း!”
သတင်းပို့ပြီးနောက် စုကျိုသည် သူ့အောက်၌ တုန်ခါနေဆဲဖြစ်သော ကျောက်တိုင်ကိုလက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။
“နင် ဆက်ပြီး ပြဿနာရှာနေဦးမယ်ဆိုရင်တော့၊ ပိုက်ဆံကိုလက်ခုပ်ထဲက ရေလိုရှာနေတဲ့ ဝိညာဉ်ကုန်သည်အသင်းဆီမှာ နင်ကို ရောင်းပစ်လိုက်မယ်!”
ကျောက်တိုင်မှာ ချက်ချင်းဆိုသလို ငြိမ်ကျသွားတော့သည်။
ရှန့်ဝူချင်း - “...”
စုကျိုသည် ရှန့်ဝူချင်းအား ပြောလိုက်သည်။
“အကြီးအကဲလိုင်လိုင်ကို ပြောလိုက်ပါ၊ အကယ်၍ အကြီးအကဲတွေထဲက တစ်ယောက်ယောက်က ဝိညာဉ်လက်နက်နိုးထဖို့အတွက် ဒီကျောက်သားတွေလိုအပ်မယ်ဆိုရင် စိတ်ကြိုက်လာဖြတ်ယူပြီး စမ်းသပ်ကြည့်လို့ရတယ်လို့”
“အားမနာပါနဲ့”
“အများကြီး ဖြတ်လို့ရတယ်”
ကျောက်တိုင်မှာမူ စုကျို စကားကို နားမလည်နိုင်သည့်အလား လုံးဝအသက်မရှိသကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
ထို့နောက် စုကျိုသည် ကျင့်ကြံခြင်းသို့ ပြန်လည်အာရုံစိုက်လိုက်သည်။
တစ်လအကြာတွင် သူမသည် နောက်ဆုံး၌ အဖွဲ့ဝင်အားလုံးကို ဦးဆောင်ကာ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့သည်။
ထိပ်သီးဆယ်သင်း အခြေခံတည်ဆောက်ခြင်းအဆင့် အဖွဲ့များအားလုံးမှာ လုံးဝပြောင်းလဲသွားကြပြီး အားလုံးမှာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်!
ရှန့်ဝူချင်းသည် ပြင်ပမှ သတင်းများကိုလည်း ယူဆောင်လာခဲ့သည်။ “စီနီယာနဲ့ ဂျူနီယာတို့၊ ဆေးလုံးဂိုဏ်းရဲ့ လက်အောက်ခံမြို့ တွေထဲ အစွန်ဆုံးနေရာဖြစ်တဲ့ အနောက်တောင်ဘက် တောကန္တရမှာ ရွှေအမြုတေအဆင့် မိစ္ဆာသားရဲခြေရာတွေတွေ့ရှိထား ကြောင်း ဂိုဏ်းပေါင်းစုံက သတင်းရထားတယ်”
“ဆေးလုံးဂိုဏ်းကအကြီးအကဲတွေနဲ့ တပည့်တွေကို အရေးပေါ်စေလွှတ်ထားပြီးတဲ့အပြင် လွန်ခဲ့တဲ့ ၃ ရက်အတွင်း တိုက်ပွဲတချို့ဖြစ်ခဲ့ပြီးပြီ”
"မိစ္ဆာသားရဲရော တပည့်တွေပါ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်"
"ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေရဲ့ အကူအညီကိုတောင်းခံထားပြီး၊ ဂိုဏ်းအားလုံးရဲ့ လက်အောက်ခံမြို့တွေ မှာလည်း ကာကွယ်ရေးကို အပြည့်အဝမြှင့်တင်ထားတယ်"
"ဒါကြောင့် အကြီးအကဲတွေ တိုင်ပင်ပြီးနောက်၊ ဒီတစ်ခါ ဂူဂူအောင်းကျင့်ကြံရာကြံရာက ထွက်လာတဲ့ ထိပ်သီးဆယ်သင်း အဖွဲ့ဝင်တွေထဲက ရွှေအမြုတေ အလယ်အလတ်အဆင့်ကို ရောက်တဲ့သူတွေကို အထူးစစ်ဆင်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းလိုက်တယ်"
"အဲ့လူတွေက အနောက်တောင်ဘက်ကနေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာတဲ့ မိစ္ဆာသားရဲတွေကို တားဆီးဖို့ ဆေးလုံးဂိုဏ်း တပည့်တွေကို သွားရောက်ကူညီကြရမှာပါ"
"စုကျို၊ မင်းက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ရမယ်"
စုကျို မျက်ခုံးပင့်လိုက်သည်။ ရှန့်ဝူချင်းသည်လည်း သူမ အဖွဲ့ထဲသို့ ဝင်ရောက်လာသည်။
"ဒီနေ့ကစပြီး မိစ္ဆာသားရဲလှိုင်းပြီးဆုံးတဲ့အထိ ကျွန်တော်က ညီမလေးစုကျိုရဲ့အမိန့်ကို နားထောင်ပါ့မယ်"
စုကျို ဘာမှမပြောခဲ့ပေ။ သူမ၏ ဆန်းသစ်သော ဗျူဟာများနှင့် အရှက်မရှိတတ်သော စရိုက်အား ထိပ်သီးဆယ်သင်းပြိုင်ပွဲက တည်းက လူတိုင်း အသိအမှတ်ပြုထားကြပြီးဖြစ်သည်။ အခု ဂူအောင်းကျင့်ကြံပြီးထွက်လာတဲ့ အချိန်မှာတော့ ဒီမှာရှိနေတဲ့ ထိပ်သီးအဖွဲ့ဝင်တွေထဲက ဘယ်သူမှ သူ့ကို မကန့်ကွက်ရဲကြတော့ပါဘူး။
"စုကျိုက အဖွဲ့ကို ဦးဆောင်မယ်၊ကျန်တဲ့သူတွေ ဝိညာဉ်စမ်းသပ်မှန် ရှေ့ကို လာခဲ့ကြ"
"ရွှေအမြုတေ အလယ်အလတ်အဆင့်အောက်မှာ ရှိတဲ့သူတွေအတွက် မိစ္ဆာသားရဲ စစ်မြေပြင်က အရမ်းအန္တရာယ်များတယ်၊ အဲ့ဒီလူတွေ ဂိုဏ်းကို ချက်ချင်းပြန်ကြ၊ အလယ်အလတ်အဆင့်နဲ့ အထက်မှာ ရှိတဲ့သူတွေပဲ စုကျိုရဲ့ အထူးစစ်ဆင်ရေးအဖွဲ့ထဲ ဝင်ရမယ်"
မဟာကျင့်ကြံသူရှန့်လိုင်လိုင်နှင့် ဝိညာဉ်ကုန်သည်အသင်း ဂိုဏ်းချုပ်ရှန့်ဖူကျားတို့က အခြေအနေအရပ်ရပ်ကို ကြီးကြပ်နေကြသည်။ တစ်ချိန်တည်းမှာပင် သူမသည် ဆေးလုံးဂိုဏ်းချုပ်နှင့် ဗီဒီယိုစကားပြောဆိုကာ အထူးစစ်ဆင်ရေးအဖွဲ့ ရွေးချယ်မှုရလဒ်ကို ပြသနေသည်။
"လဲ့ကျယ်၊ ရွှေအမြုတေ အလယ်အလတ်အဆင့်၊ အောင်မြင်တယ်"
"ယင်လီ၊ ရွှေအမြုတေ အစောပိုင်းအဆင့် အထွတ်အထိပ်၊ တော်တော်နောင်တရစရာပဲ" ရှန့်ဖူကျားက ခေါင်းယမ်းလိုက်သည်။
"ခဏလေး! ရှောင်ကျို ပေးထားတဲ့ တခြား ရွှေအမြုတေသုံးခုကို ယူလာဖို့မေ့သွားလို့ပါ၊ ပြန်စမ်းကြည့်ရအောင်!"
ဆေးလုံးဂိုဏ်းချုပ် : "?"
နောက်တစ်ခဏတွင် သေချာပါသည်၊ ယင်လီသည် "[စုကျို ပုံတူပွားပေးထားသော ယင်လီ ရွှေအမြုတေ]" ဟု ရေးထိုးထားသော ရွှေအမြုတေသုံးခုကို ထုတ်ယူကာဝါးစားလိုက်သည်။ ချက်ချင်းဆိုသလိုပင် ရွှေအမြုတေအစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားတော့သည်။
ဆေးလုံးဂိုဏ်းချုပ် : "!"
ရှန့်ဖူကျား : "!"
ရှန့်လိုင်လိုင်ကမူ အခြေအနေကို သိရှိသဖြင့် ခေါင်းညိတ်လိုက်ပြီး ရွှေအမြုတေသုံးခုကို တပ်ဆင်လိုက်သည့် ယင်လီအား စမ်းသပ်မှု အောင်မြင်ကြောင်း သတ်မှတ်ပေးလိုက်သည်။
"အောင်မြင်တယ်"
"စုကျို တံဆိပ်ပါတဲ့ ရွှေအမြုတေသုံးခုကို နိုးထစေတာနဲ့တင် လုံလောက်ပြီလား?"
"မဟုတ်ဘူး၊ မင်းက ရွှေအမြုတေအဆင့်ပဲ ရှိသေးတာ၊ ဆယ်ခုလုံးကိုနိုးထဖို့ လိုအပ်တယ်!"
ဆေးလုံးဂိုဏ်းချုပ်သည် ထုတ်လွှင့်မှုဖန်သားပြင်ကို ဆွံ့အစွာ ငေးကြည့်နေမိသည်။ ဒါ ဘာကြီးလဲ? ဝိညာဉ်စမ်းသပ်မှန်မှာ ပေါ်လာတဲ့ ဂိုဏ်းအသီးသီးကတပည့်တွေမှာ ရွှေအမြုတေတစ်ခုထက်မက ရှိနေကြတာလား!
မကြာခင်မှာပဲ စုကျို၏အထူးစစ်ဆင်ရေးအဖွဲ့ဝင်များကို အတည်ပြုနိုင်ခဲ့သည်။ ထိပ်သီးဆယ်သင်း အဖွဲ့ဝင်အားလုံးပါဝင်ကြသည်! တစ်ဦးတစ်ယောက်မျှ ရွှေအမြုတေအလယ်အလတ်အဆင့်အောက် မရှိကြပေ။
ဆေးလုံးဂိုဏ်းချုပ်နှင့် ရှန့်ဖူကျားတို့ကို ပိုတုန်လှုပ်သွားစေသည်မှာ စုကျိုသည် ကြီးမားလှသော အထူးစစ်ဆင်ရေးအဖွဲ့ကို ဦးဆောင်ကာ လေသင်္ဘောပေါ်သို့ တက်လိုက်သည့် အချိန်တွင်ဖြစ်သည်။ စုကျိုပုံရိပ်သည် ဝိညာဉ်စမ်းသပ်မှန်ကို ဖြတ်သန်းသွား သည့်အခါ သူမ ကိုယ်တွင်းအင်္ဂါများအတွင်း၌ ထူထပ်စွာစီတန်းနေသော ရေတွက်၍မရနိုင်သည့် ရွှေအမြုတေများကို မြင်တွေ့လိုက်ရခြင်းပင်။
ဆေးလုံးဂိုဏ်းချုပ် : "?"
ရှန့်ဖူကျား : "?"
နေပါဦး။ ဒါတွေက ကျင့်ကြံသူတွေရဲ့ရွှေအမြုတေတွေလား၊ ဒါမှမဟုတ် သည်းခြေကျောက်တွေလား? ဘာလို့ ဒီလောက်တောင် များနေရတာလဲ!?
"ရှောင်ကျို၊ ပုံရိပ်မှတ်တမ်းတင်တဲ့ ကျောက်တုံးတွေကိုယူသွားဦး!"
ရှန့်လိုင်လိုင် စုကျိုထံသို့ မှတ်တမ်းတင်ကျောက်တုံး အချို့ကို ပစ်ပေးလိုက်သည်။
"အဆက်အသွယ် ပြတ်တောက်သွားရင်၊ နောက်ဆုံး အဆက်အသွယ်ရခဲ့တဲ့ နေရာကိုအခြေခံပြီး ငါတို့ လိုက်ရှာမယ်၊ လမ်းတစ်လျှောက်လုံး သင်္ဘောက ထုတ်လွှင့်မှုကို ဖွင့်ထားပါ"
"ကောင်းပါပြီ" စုကျိုသည် လူတိုင်းကို လေသင်္ဘောပေါ်သို့တက်ရန် ခေါ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
"ဂိုဏ်းချုပ်ဖူကျား၊ ဂိုဏ်းချုပ်လော့၊ အကြီးအကဲရှန့်လိုင်လိုင်၊ ကျွန်မတို့ဆီက သတင်းကောင်းကိုစောင့်နေကြပါ"
"သွားစို့!"
လေသင်္ဘောကြီးသည် ချက်ချင်းအမိန့်ကို နားထောင်ကာ ကောင်းကင်ယံသို့ပျံတက်သွားတော့သည်။
"တကယ်ပဲ အရှေ့လူကို အနောက်လူက ကျော်တက်သွားတာပဲ" ဆေးလုံးဂိုဏ်းချုပ်သည် စုကျို အစွမ်းကြောင့် အံ့ဩနေမိသည်။
"ဒီမိစ္ဆာသားရဲလှိုင်း ပြီးသွားရင် ငါတို့လို လူအိုကြီးတွေလည်း အနားယူပြီး လူငယ်တွေကိုပဲ နေရာပေးဖို့စဉ်းစားရတော့မယ်"
သူ့ သည်းခြေကျောက်တွေတောင် စုကျို ခန္ဓာကိုယ်ထဲက ရွှေအမြုတေတွေလောက်မများပါဘူး!
"ရှောင်လော့"
ရှန့်လိုင်လိုင်က သူ့အတွေးများကို ဖြတ်ပြောလိုက်သည်။
"ရှင် ဟွိုင်ဟယ်အန်းအကြောင်း ကြားဖူးလား?"
ဆေးလုံးဂိုဏ်းချုပ် ကြောင်သွားသည်။
"ဟင်?"
လေသင်္ဘောပေါ်တွင် စုကျိုသည် ရွှေအမြုတေ အလယ်အလတ်အဆင့် စမ်းသပ်မှုကို အောင်မြင်ထားသော်လည်း မျက်နှာဖြူလျော်နေသည့် ချန်ယွမ်ကို တစ်ချက်တစ်ချက်ကြည့်မိသည်။
“သခင်မ ကျင့်ကြံမှုအဆင့်တက်လာတဲ့အခါ၊ မိစ္ဆာဝိညာဉ်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုအပေါ် တားမြစ်ချက်တချို့ လျော့ပါးသွားတာပါ” ဟု ချန်ယွမ်ကမူ သူမ အကြည့်ကို သတိပြုမိဟန်ဖြင့် တိုးတိုးလေးပြောလိုက်သည်။
စုကျို ခေါင်းညိတ်လိုက်ပြီး ပတ်တီးစည်းထားသော သူ့ ညာဘက်လက်ညှိုးဖြင့် ၎င်း၏သွေးမရှိသလို ဖြူလျော်နေသော မျက်လုံးထောင့်လေးကို ထိတွေ့လိုက်သည်။ အထိအတွေ့မှာ အေးစက်လှသည်။ အရင်ကထက် ပိုအေးစက်နေသည်။
"ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်တွန်းအားမပေးနဲ့"
သူမသည် အထူးစစ်ဆင်ရေးအဖွဲ့ထဲရှိ ဆေးလုံးဂိုဏ်းတပည့် ချန်ပိုင်ချောင်ထံမှ အားဖြည့်ဆေးအမျိုးမျိုးကိုတောင်းယူကာ မိစ္ဆာကြီးထံသို့ ဖူစန်း၏မူလကျောက်တိုင်နှင့်အတူ ပေးလိုက်သည်။
"ဟင်? နင် အပြင်ထွက်ခဲ့သေးတာလား?"
စုကျိုသည် အနီးနားတွင် ရှိနေသဖြင့် မိစ္ဆာကြီးဆီမှ သွေးနံ့ကိုရလိုက်သည်။ အနံ့မှာ ခပ်သင်းသင်းလေးဖြစ်သဖြင့် သွေးအများကြီး ထွက်ထားခြင်း မဟုတ်ကြောင်း သိသာသည်၊ လွန်ခဲ့သော တစ်ရက် သို့မဟုတ် နှစ်ရက်က ဖြစ်ဟန်တူသည်။ သူ တိတ်တဆိတ် အပြင်ထွက်ပြီး မိစ္ဆာသားရဲတွေကို သွားရှာခဲ့တာလား?
မိစ္ဆာတွေနဲ့ လူသားတွေ ကျင့်ကြံပုံချင်း မတူတာကို သူမ သိသည်။ သူမသည် လွတ်လပ်ခွင့်မပေးတတ်သည့် သခင်မျိုးမဟုတ်ပေ။
"ကိုယ့်ခန္ဓာကိုယ်ကို အရင်ဆုံးဂရုစိုက်ပါ"
စုကျိုသည် သွေးအားဖြည့်ဆေးနှင့် ဝိညာဉ်အားဖြည့်ဆေး အချို့ကိုပါ ယူလိုက်ပြီး ချန်ပိုင်ချောင် ညွှန်ကြားထားသည့် ကုထုံးအတိုင်း သုံးရက်ကြာ သောက်ကြည့်ရန် မိစ္ဆာကြီးကိုမှာလိုက်သည်။
“ညီမလေးစုကျို၊ စိတ်မပူပါနဲ့”
ချန်ပိုင်ချောင်က သူ့ ဆေးပေါင်းအိုးကို သိမ်းလိုက်ရင်း ပြုံးလိုက်သည်။
“စစ်မြေပြင်ကို ရောက်တဲ့အခါ ငါ့ရဲ့ စီနီယာအစ်မတန်းကွေ့ကို ရှာလိုက်ပါ၊ သူ့ဆီကနေ ‘စုံစမ်းစစ်ဆေးရေးဆေးလုံး’ တစ်လုံး တောင်းပေးပါ့မယ်၊ ချန်ယွမ် အဲ့ဒီဆေးသောက်ပြီးတာနဲ့ သူ့ရဲ့ ကျင့်ကြံမှု ပြဿနာက မိစ္ဆာဝိညာဉ်ကြောင့်လား ဒါမှမဟုတ် မိစ္ဆာအမြုတေကြောင့်လားဆိုတာ သိရမှာပါ”
ချန်ပိုင်ချောင်က သူ့ ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်သည် “ပြဿနာကို ရှာတွေ့ပြီဆိုတာနဲ့၊ စီနီယာအစ်မတန်းကွေ့ရဲ့ ဘိုးဘေးတွေက ဆေးဆရာတွေဆိုတော့ ချန်ယွမ်တစ်ခဏအတွင်းမှာ ပြန်ပြီးကျန်းမာလန်းဆန်းလာစေရမယ်လို့ ငါ အာမခံတယ်”
စုကျို သူ့ကို ကျေးဇူးတင်လိုက်သည်။ လေသင်္ဘောသည် တိမ်တိုက်များကို ဖြတ်ကျော်လာခဲ့ရာ ဆေးလုံးဂိုဏ်း တပည့်များကို ကူညီရမည့် ပစ်မှတ်တောရိုင်းမြေမှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာပြီဖြစ်သည်။ စုကျိုသည် ဝိညာဉ်ကုန်သည်အသင်းက ပေးထားသည့် ‘နောက်ဆုံးထုတ် စုံစမ်းရေးမြေပုံ’ ကို ဖြန့်လိုက်ပြီး ဟိုဟိုဒီဒီလှုပ်ခါလိုက်သည်။
မကြာခင်မှာပဲ မြေပုံပေါ်က ကျောက်ခဲလေးတွေက တဖြည်းဖြည်း လိမ့်လာကြပြီး နောက်ဆုံးမှာတော့ သူမရဲ့ ခြေထောက်အောက် ဘက်ကို ညွှန်ပြနေတဲ့မြားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“အကူအညီ တောင်းနေတဲ့နေရာက အောက်မှာပဲ”
စုကျို ခေါင်းညိတ်လိုက်သည်။ လူတိုင်း လေသင်္ဘောအပြင်ဘက်ကို အမြန်ငုံ့ကြည့်လိုက်ကြသော်လည်း အောက်ဘက်တွင် မီးခိုးရောင်မြူထုကြီးဖုံးလွှမ်းနေသဖြင့် ၎င်းတို့ ဝိညာဉ်အာရုံရော မျက်စိနှင့်ပါ ဘာမှ မမြင်ရတော့ပေ။
"ယင်လီ၊ နင့်ရဲ့ ပါရမီကို သုံးပြီး အောက်က အခြေအနေကို စုံစမ်းလိုက်ပါ၊ လဲ့ကျယ်နဲ့ လဲ့အော်၊ လူတိုင်းကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လျှပ်စီးစွမ်းအားလုံး တစ်လုံးစီ ပေးလိုက်ကြ"
"ဆေးလုံးဂိုဏ်း၊ မြူခိုးကာကွယ်ဆေးနဲ့ အဆိပ်ဖြေဆေးတွေကို အမြန်ဖော်စပ်ကြ"
"ဝိညာဉ်တွက်ချက်ခြင်းဂိုဏ်းက စီနီယာတို့၊ ဒီစစ်ဆင်ရေးရဲ့ဖြစ်စဉ်ကို တွက်ချက်ပေးကြပါဦး"
"စာဆိုတော်ခန်းမက စီနီယာတို့၊ ဒေသန္တရ အမိန့်တစ်ခုထုတ်ပြန်ပေးပါ၊ သုံးမိုင်ပတ်လည်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ မဝင်ရဘူးလို့ပေါ့၊ တိုက်ပွဲဖြစ်တဲ့အခါ လမ်းသွားလမ်းလာတွေကို မတော်တဆထိခိုက်မှာ စိုးလို့ပါ"
စုကျိုသည် [စုကျို၏ ဦးနှောက်ပုံတူ ၁ မှ ၉] ကိုထုတ်ယူလိုက်ပြီး၊ တစ်ခုစီကို သူ့ ခေါင်းပေါ်တွင် ဦးထုပ်ဆောင်းသလို ဆောင်းလိုက် ကာ ဗျူဟာတစ်ခုကို အမြန်ဆွဲလိုက်သည်။ ထို့နောက် သူသည် [စုကျို၏ အသံပုံတူ ၁ မှ ၉] ကို ထုတ်ယူကာ အဖွဲ့ဝင် တစ်ဦးချင်းစီထံသို့ မတူညီသော အမိန့်ကိုးခုကို တစ်ပြိုင်နက်တည်းထုတ်ပြန်လိုက်တော့သည်!
အမိန့်အားလုံးကို မျက်စိတစ်မှိတ်အတွင်းမှာ ပေးလိုက်ခြင်းဖြစ်သည်။ လူတိုင်း ကြေညာချက်ကိုကြားလိုက်ရပြီး အမြန် ပြင်ဆင်ကြတော့သည်။
"ဆေးလုံးဂိုဏ်း အဆင်သင့်ပါပဲ"
"လျှပ်စီးတွေ ထုတ်လွှတ်လိုက်ပါပြီ"
"တွက်ချက်မှုအရ အောက်မှာ သွေးထွက်သံယို ဘေးဒုက္ခရှိနေတယ်၊ သေမင်းတံခါးကပွင့်နေတယ်၊ ခရီးသွားဖို့ မကောင်းဘူး"
အသံပေါင်းစုံက အလျင်အမြန်ပြန်ထူးလိုက်ကြသည်။ စုကျိုသည် သူ့ ဦးနှောက်ပုံတူ ကိုးခုကိုသုံးပြီး ထူးကဲလှသော စိတ်စွမ်းအားဖြင့် ခဏမျှ စဉ်းစားလိုက်ကာ ခေါင်းညိတ်လိုက်သည်။
"ဒီက ဆေးလုံးဂိုဏ်းကင်းစခန်းကလူတွေ အသတ်ခံလိုက်ရပြီထင်တယ်၊ အမြန် ဆင်းကြစို့!"
"ဒုတိယစစ်အစီအရင်!"
လူတိုင်း အံ့ဩသွားကြသည်။ ပထမအသုတ် ဆေးလုံးဂိုဏ်းတပည့်တွေ အသတ်ခံလိုက်ရပြီ ဟုတ်လား? သူတို့သည် စုကျို၏ ညွှန်ကြားချက်အတိုင်း ဂိုဏ်းဆယ်ခု ပူးပေါင်းထားသည့် ဒုတိယစစ်အစီအရင်ကို အမြန် ဖွဲ့စည်းလိုက်ကြသည်။ ဤအစီအရင်သည် တိုက်စစ်၊ ခံစစ်နှင့် ပံ့ပိုးမှုတို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး၊ အချင်းချင်းကူညီပေးနိုင်သည့် ပွင့်ဖတ်သုံးခုနှင့် တူလှသည်။
စစ်အစီအရင် တစ်ခုလုံးကို အသက်ရှူ သုံးကြိမ်စာလောက်နဲ့တင် တိတ်တဆိတ်နဲ့ လျင်မြန်စွာအဆုံးသတ်လိုက်နိုင်သည်။ ထိုဖြစ်စဉ်အတွင်း စုကျို ဘာကြောင့် ဒီလို ကောက်ချက်ချရတာလဲ သို့မဟုတ် ဘာကြောင့် ဒီအစီအရင်ကိုရွေးရတာလဲလို့ ဘယ်သူမှ မမေးခဲ့ကြပါဘူး။ မေးဖို့လည်း မလိုပါဘူး။ ဘာလို့လဲဆိုတော့ စုကျိုမှာ အခု ဦးနှောက်ဆယ်လုံး ရှိနေလို့ပါ!
ဘယ်သူက သူ့ကို သံသယဝင်ရဲမှာလဲ? သူ့ရဲ့ အမိန့်တွေက ဦးနှောက်ဆယ်လုံးရဲ့ တွက်ချက်မှု ရလဒ်တွေလေ!
သေချာပါသည်။ယင်လီသည် မျက်စိမှိတ်ပြီး ခဏအကြာမှာ ပြန်ဖွင့်လိုက်ရာ သူမ ကောက်ချက်မှာလည်း စုကျိုနှင့်ထပ်တူညီနေသည်။
"အောက်မှာ သက်ရှိတွေရဲ့ အသက်ရှူသံတွေက ရှုပ်ထွေးနေတယ်၊ အားနည်းနေပြီး တစ်ယောက်နဲ့တစ်ယောက် လူစုကွဲနေကြ တယ်၊ ခြေလှမ်းအနည်းငယ်တိုင်းမှာ တစ်ယောက်လောက်ကို တွေ့နိုင်မယ့်ပုံပဲ..."
လေသင်္ဘောသည် အရှိန်ဖြင့် ဆင်းသက်လာသည်။ စုကျိုက ချန်ယွမ်ကို သူမရဲ့ ဦးနှောက်ပုံတူတွေကို ဖိထားခိုင်းလိုက်ပြီး၊ သူမရဲ့ သိုလှောင်အိတ်ကို စတင် ရှင်းလင်းတော့သည်။
"အောက်မှာ ဒဏ်ရာရတဲ့သူတွေ ရှိတယ်၊ ခြေလက်ပြတ်နေတဲ့သူတွေ၊ အူတွေ ထွက်နေတဲ့သူတွေ..."
"အားလုံးပဲ၊ ဒဏ်ရာရတဲ့သူတွေကို ချက်ချင်းကုသပေးကြပါ၊ ငါးမီတာ စက်ဝိုင်းအတွင်းကို မိစ္ဆာသားရဲ ဝင်လာတာနဲ့ ချက်ချင်း သတင်းပို့ကြ!"
လူတိုင်း ထပ်ပြီးထိတ်လန့်သွားကြသော်လည်း ချက်ချင်းအလုပ်စကြတော့သည်။ စုကျိုသည် ဦးနှောက်ဆယ်လုံး၏ တွက်ချက်မှု စွမ်းအားဖြင့် အရာအားလုံးကိုထိန်းချုပ်ထားသည်။ လေသင်္ဘောသည် မြေပြင်ပေါ်သို့ ရုတ်တရက် ဆင်းသက်လိုက်သည်။
"ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားရတာလဲ!"
ဆေးလုံးဂိုဏ်းချုပ်လော့ရွှယ်လျန်သည် စုကျို လှုပ်ရှားမှုများကို အဝေးမှစောင့်ကြည့်နေရင်း သူ့မျက်လုံးများထဲမှ ဒေါသနှင့် ကြေကွဲမှုကိုမဖုံးကွယ်နိုင်တော့ပေ။
"လွန်ခဲ့တဲ့ နာရီဝက်ကမှ ဂိုဏ်းကိုဆက်သွယ်ခဲ့တာလေ! သူတို့တွေ ရွှေအမြုတေအဆင့် မိစ္ဆာသားရဲအကောင် နှစ်ဆယ်၊ သုံးဆယ်လောက်နဲ့ တွေ့နေတယ်လို့ ပြောခဲ့တာ!"
ဒါကြောင့်မို့လို့ ဘယ်ဂိုဏ်းကမှ ရွှေအမြုတေအဆင့်ထက်မြင့်တဲ့ အကြီးအကဲတွေကို အပြင်ကိုမလွှတ်ခဲ့ခြင်းပင်။ မဟုတ်ပါက မဟာကျင့်ကြံသူတွေကိုလွှတ်လိုက်ခြင်းသည် ကျင့်ကြံမှုပိုမြင့်သည့် မိစ္ဆာသားရဲများအား ဆွဲဆောင်သလိုဖြစ်သွားပြီး ကင်းစခန်းရှိ တပည့်များ အန္တရာယ်ပြုခံရမည်စိုးသောကြောင့်သာ။ သို့တိုင် မမျှော်လင့်ဘဲ နာရီဝက်အတွင်းမှာပင် ဆေးလုံးဂိုဏ်းတပည့်တွေ အကုန်လုံးခြေမှုန်းခံလိုက်ရတာလား?!
"မိစ္ဆာသားရဲ အရေအတွက်က မှားနေပြီ၊ အကောင် သုံးဆယ်မကဘူး!"
ဆေးလုံးဂိုဏ်းချုပ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မြန်မြန်၊ စုကျိုတို့အဖွဲ့ကို လေသင်္ဘောပေါ်ပြန်တက်ဖို့ ပြောလိုက်ကြစမ်း!"
ရှန့်လိုင်လိုင်အမူအရာမှာ တည်ကြည်နေသည်၊ သူ့ လက်များက စားပွဲပေါ်မှာ ရှိနေသော်လည်း အမိန့်မပေးခဲ့ပေ။ ထုတ်လွှင့်မှုထဲက မီးခိုးရောင် မြူတွေက တဖြည်းဖြည်းကွာကျသွားရာ၊ အကူအညီ တောင်းခံထားသည့် တောရိုင်းမြေတစ်ခုလုံးကို မြင်တွေ့လိုက်ရ သည်။ မြေပြင်ပေါ်မှာတော့ ဆေးလုံးဂိုဏ်းတပည့်တွေရဲ့ အလောင်းတွေပြန့်ကျဲလို့နေသည်။
စုကျိုတို့အဖွဲ့ကိုတော့ ပိုပြီး ထူထပ်တဲ့ မီးခိုးရောင် မြူထုကြီးကဝန်းရံထားသည်။ မြူတွေ နည်းနည်းကွာသွားတဲ့ အခါမှပဲ ဒီမြူတွေက အဆိပ်ငွေ့တွေမဟုတ်ဘဲ မိစ္ဆာသားရဲတွေရဲ့အသက်ရှူသံကနေထွက်လာတဲ့ အနံ့အသက်တွေဆိုတာ သိလိုက်ရသည်။
"သူတို့ကို အကြောင်းကြားဖို့အချိန်မရှိတော့ဘူး၊ သူတို့တွေ ဝိုင်းရံခံလိုက်ရပြီ" ဟု ရှန့်လိုင်လိုင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ဆေးလုံးဂိုဏ်းချုပ် လော့ရွှယ်လျန်က "ငါ အာကာသကို ဖောက်ပြီး သူတို့ကိုသွားကယ်မယ်" ဟု ဆိုသော်လည်း ရှန့်လိုင်လိုင်က "မလောပါနဲ့ဦး၊ စုကျိုတို့အဖွဲ့က အခုပဲ စစ်အစီအရင် ဖွဲ့တော့မှာပါ" ဟု တားလိုက်သည်။
စုကျိုက မိစ္ဆာသားရဲတွေရဲ့ ဝိုင်းရံမှုကို ကြိုမြင်ထားတာလား? ဂိုဏ်းချုပ်လော့ သက်ပြင်းချနိုင်သွားသော်လည်း လုံးဝတော့ စိတ်မအေးနိုင်သေးပေ။ သို့သော် သူ စုကျိုခေါင်းပေါ်တွင် ထပ်နေသည့် ခေါင်းဆယ်လုံးကို မြင်လိုက်ရသည်။ ဒါ... ဒါ ဘာကြီးလဲ? ရှန့်လိုင်လိုင်ပင်လျှင် ဒါကို မြင်လိုက်ရသည့်အခါ ဆွံ့အသွားတော့သည်။
"လူ ကယ်ကြစမ်း! ဘယ်ဘက်က တစ်ယောက်၊ ညာဘက်က သုံးယောက်..." စုကျို အမိန့်ပေးလိုက်သည်။
တောက်ဟယ်သည် သူ့ ငါးမျှားတံကို အားပါပါလွှဲယမ်းလိုက်ပြီး စုကျို၊ ဆေးလုံးဂိုဏ်းတပည့်များ၊ ဆေးပညာပါရမီရှိတဲ့ စုကျီကျီ၊ အချိန်ခရီးသွား ပါရမီရှိတဲ့ စုရှင်းချန်နှင့် တခြားသူများထံ အသက်ရှင်ကျန်သေးသည့် ဒဏ်ရာရသူတွေဆီကိုပစ်ပို့ပေးလိုက်သည်။
"ဒီစီနီယာအစ်မက တန်းကွေ့လား?"
စုကျိုသည် မြေပြင်ပေါ်မှာ သွေးတွေ ပေကျံလျက် လဲနေတဲ့ ဆေးလုံးဂိုဏ်းက ရွှေအမြုတေအဆင့် အမျိုးသမီးတပည့်ကို တွေ့လိုက်ရသည်။ သူမရဲ့ ခါးမှာ ချိတ်ထားတဲ့ တံဆိပ်ကတော့ ချန်ပိုင်ချောင်ပြောခဲ့တဲ့ စီနီယာအစ်မတန်းကွေ့ပင်။ သူမက ဒီကင်းစခန်းရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ရွှေအမြုတေအထွတ်အထိပ်အဆင့်ရှိသူ တျဲတန်းကွေ့ဖြစ်သည်။
"သတိထားပါဦး စီနီယာအစ်မတန်းကွေ့၊ ကျွန်မ အစ်မကို အခုပဲ ကုပေးမယ်"
စုကျို ဖူစန်းကျောက်တိုင်ပုံတူကို အမြန်ထုတ်ပြီး သူမကို အဲ့ဒီပေါ်မှာ လှဲခိုင်းကာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုအမြန် ကုသပေးလိုက်သည်။
"အင်း..." တန်းကွေ့ ဖြည်းဖြည်းချင်း နိုးလာပြီး စုကျိုစကားကို ဝေဝါးစွာ ကြားလိုက်ရသည်။
"နင်က... အကူအညီပေးဖို့ ရောက်လာတဲ့ ဂျူနီယာညီမလေးလား?"
သူမသည် သုံးလကြာ ဂူအောင်းကျင့်ကြံရာပြီးမှ ထွက်လာခဲ့ခြင်းဖြစ်ပြီး၊ ထွက်လာသည်နှင့် မိစ္ဆာသားရဲလှိုင်းနှင့် ကြုံတွေ့ရကာ အဖွဲ့ကို ဦးဆောင်ပြီး ဒီကိုလာခဲ့ခြင်းဖြစ်သည်။ စုကျိုကို သူမ ပထမဆုံးမြင်ဖူးခြင်းပင်။ သို့သော် တန်းကွေ့မျက်နှာပေါ်တွင် မျှော်လင့်ချက်နှင့် ထိတ်လန့်မှုများရောထွေးနေသည်။
"ငါ့ကို ကယ်ဖို့အတွက် နင့်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို မဖြုန်းပါနဲ့တော့၊ ငါပြောတာကို နားထောင်... ငါတို့ ပို့လိုက်တဲ့ သတင်းက မှားနေတယ်၊ ဒီမှာရှိတဲ့ ရွှေအမြုတေအဆင့် မိစ္ဆာသားရဲတွေက အကောင်သုံးဆယ် မကဘူး... အကောင်တစ်ရာလောက်အထိ ရှိတယ်၊ ပြီးတော့ မိစ္ဆာသားရဲ အုပ်စုအသစ်တွေလည်း ဆက်တိုက်ရောက်လာနေကြတုန်းပဲ..."
"နင်တို့ အကုန်လုံး အမြန်ဆုတ်ကြတော့၊ ဒီသတင်းကို ဂိုဏ်းတွေကိုပြန်ပြောပြလိုက်ပါ၊ ဒီမိစ္ဆာသားရဲလှိုင်းဟာ လူသားကျင့်ကြံ သူတွေထက် မနိမ့်တဲ့ အသိဉာဏ်ရှိတဲ့ မိစ္ဆာသားရဲတွေကြောင့်ဖြစ်ရတာပဲ၊ အစပိုင်းမှာ သူတို့က ငါတို့ကို အထဲရောက်အောင် မျှားခေါ်ဖို့ အားနည်းချင်ယောင် ဆောင်နေခဲ့ကြတာ..."
"သူတို့တွေက တစ်ဦးနဲ့တစ်ဦးဆက်သွယ်နိုင်ပြီး အဖော်တွေကိုခေါ်နိုင်ပုံရတယ်၊ ငါတို့ရဲ့ ဆက်သွယ်ရေးကျောက်တုံးတွေလည်း သူတို့ ထုတ်လွှတ်လိုက်တဲ့ မီးခိုးရောင်မြူတွေကြားမှာ အလုပ်မလုပ်တော့ဘူး၊ နင်တို့ အမြန်ထွက်သွားကြတော့၊ ငါ့အတွက် စိတ်မပူနဲ့၊ ငါကတော့ မလွယ်တော့ပါဘူး..."
တန်းကွေ့သည် သူ့ နောက်ဆုံး ခွန်အားကို သုံးပြီး စုကျိုကိုတွန်းထုတ်လိုက်သည်။ ကင်းစခန်းရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူမဟာ မိစ္ဆာသားရဲအကောင် တစ်ဆယ်ကျော်ရဲ့ ဝိုင်းရံမှုကိုခံခဲ့ရတာပါ။ အကောင်ဝက်လောက်ကို သတ်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ တော့ မောပန်းလာပြီးမယှဉ်နိုင်တော့ခြင်းပင်။
အခုဆိုရင် သူမရဲ့ ညာဘက်ပုခုံး၊ ညာဘက်လက်တစ်ဝက်၊ ညာဘက်ခြေထောက်... ခန္ဓာကိုယ်ရဲ့တစ်ဝက်နီးပါးကို မိစ္ဆာသားရဲက ကိုက်ဖြတ်ဝါးမြိုသွားခဲ့ပါပြီ! သူမရဲ့ ကျင့်ကြံမှုအခြေခံဖြစ်တဲ့ ရွှေအမြုတေတောင်မှ တစ်ဝက်လောက်ပျက်စီးသွားခဲ့ပါပြီ! သူမ အသက်ရှင်နေတာက ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးရဲ့အသားနဲ့ သွေးက သာမန်လူထက်သန်မာခြင်းကြောင့်ဖြစ်ပြီး၊ ခဏလေးပဲ တောင့်ခံနိုင်တော့မည်ပင်။
“သွားတော့! ဒါကို ဆေးလုံးဂိုဏ်းချုပ်ကိုပေးလိုက်ပါ၊ သူ နင့်ကို ယုံလိမ့်မယ်…”
တန်းကွေ့က သူ့ တပည့်တံဆိပ်ကို ဖြုတ်ပြီး စုကျိုဆီကို ပစ်ပေးလိုက်သည်။ သူမ မျက်စိကို အားနည်းစွာမှိတ်လိုက်သည်။ သူမ သေခါနီးမှာ မိစ္ဆာသားရဲတွေရဲ့ အသိဉာဏ်အကြောင်း သတင်းမပို့နိုင်တော့ဘူးလို့ ထင်ခဲ့တာလေ။
ဒါပေမဲ့ စုကျို ရောက်လာခဲ့ပြီ... သူမအနေနဲ့ အရေးကြီးဆုံး သတင်းကို ဂိုဏ်းတွေကို ပြန်ပို့ပေးနိုင်ပြီပေါ့။
“ငါ့ရဲ့ ကျန်ရစ်တဲ့ ခန္ဓာကိုယ်အတွက် စိတ်မပူပါနဲ့၊ ငါ့မှာ ဒီလိုမျိုး အင်္ဂါမစုံတော့တဲ့ အလောင်းပဲရှိတော့တာလေ၊ ငါ့အတွက် အချိန်တွေ၊ ဝိညာဉ်စွမ်းအင်တွေ မဖြုန်းပါနဲ့တော့…”
စုကျိုက သူမရဲ့ တပည့်တံဆိပ်ကိုကောက်မယူဘဲ၊ သူမ ညာဘက်လက်က ပတ်တီးအားဖြည်လိုက်တာကို တန်းကွေ့ သတိထားမိ လိုက်သည်။ ဒါ့အပြင် သူမ အောက် ကျောက်တုံးကြီးဆီကနေ သူမရဲ့ သွေးသားတွေ လျင်မြန်စွာပြန်လည်နိုးထလာသလို ခံစားရပြီး စကားပြောဖို့ ခွန်အားတောင်ရှိလာသည်။ ပြတ်နေတဲ့နေရာတွေမှာလည်း အသားအသစ်တွေပေါက်လာသလိုမျိုး ယားယံလာသည်။
"စီနီယာအစ်မ တန်းကွေ့၊ ကျွန်မပြောတာကို အမြန်နားထောင်ပါ! ကျွန်မတို့ မိစ္ဆာသားရဲတွေရဲ့ ဝိုင်းရံမှုကို ခံထားရတာ၊ ကျွန်မ အတွက် တိုက်ခိုက်နိုင်တဲ့ အင်အားအရမ်းလိုအပ်နေတာ၊ အစ်မအတွက် ဝိညာဉ်စွမ်းအင်တွေ အများကြီးမဖြုန်းနိုင်ဘူး"
"အစ်မက ဒဏ်ရာနည်းနည်းငယ်ပဲ ရထားတာပါ၊ ကျွန်မမှာ အချိန်နောက်ပြန်ဆွဲတဲ့ ပါရမီရှိပေမယ့် အစ်မအပေါ်မှာ မသုံးဘူး၊ အဲ့ဒါက ကျွန်မအတွက် အရမ်းပင်ပန်းစေလို့ပါ၊ တိုက်ပွဲပြီးမှ အဲ့ဒါကို ဆွေးနွေးကြတာပေါ့"
"အခု ကျွန်မလုပ်မှာက အစ်မရဲ့ ကျန်နေတဲ့ ဘယ်ဘက်ခြမ်းခန္ဓာကိုယ်နဲ့ ရွှေအမြုတေ တစ်ဝက်ကိုပုံတူပွားပြီး၊ မရှိတော့တဲ့ ညာဘက်ခြမ်းမှာ သွားကပ်ပေးမှာ၊ အဲ့ဒီနည်းနဲ့ အစ်မရဲ့ခန္ဓာကိုယ်က ယာယီအားဖြင့် ပြန်ပြီးပြည့်စုံသွားလိမ့်မယ်၊ ဒါက အစ်မရဲ့ တိုက်ခိုက်ရေး စွမ်းအားကိုပြန်ရစေမယ့် အမြန်ဆုံးနည်းပဲ၊ အဲ့ဒီကျရင် ကျွန်မတို့နဲ့အတူ မိစ္ဆာသားရဲတွေကိုပြန်တိုက်လို့ ရပြီပေါ့၊ ဟုတ်ပြီလား?"
"???" တန်းကွေ့ အော်ဟစ်လိုက်မိသည်။ ဒဏ်ရာ နည်းနည်းပဲရတာ ဟုတ်လား? ဘာကို သွားကပ်မှာလဲ? ဟင်?
ထို့နောက် စုကျို မျက်စိမှိတ်လိုက်ပြီး အသက်ရှူ သုံးကြိမ်စာလောက်မှာပဲ သူမရဲ့အင်္ကျီလက်ဝထဲမှ ခန္ဓာကိုယ်တစ်ဝက်အား အေးအေးဆေးဆေးဆွဲထုတ်လိုက်သည်ကို သူမ မြင်လိုက်ရသည်။
"အတွင်းကကိုယ်တွင်းအင်္ဂါတွေကတော့ လုံးဝပုံစံတူ မဟုတ်ဘူး" စုကျို သက်ပြင်းချလိုက်သည်။
"တခြားလူတွေဆီက နှလုံးနဲ့ကျောက်ကပ်တွေကို အရင်ပေးလိုက်မယ်၊ အခုလောလောဆယ်တော့ ဒါ သုံးထားလိုက်ဦး"
စုကျို အမြန် အဆုံးသတ်လိုက်ပြီးပုံတူပွားထားတဲ့ [တန်းကွေ့ရဲ့ ဘယ်ဘက်ခြမ်း ခန္ဓာကိုယ်] နဲ့ [ရွှေအမြုတေ တစ်ဝက်] ကို စီနီယာအစ်မတန်းကွေ့ရဲ့ကျန်နေတဲ့ အသားတွေပေါ်မှာ သွားပြီးကပ်လိုက်သည်။
"ရှီးရှန်ဆောင်ရွှေအမြုတေအဆင့် ကျင့်စဉ်… အပြစ်အနာအဆာကင်းတဲ့ အဝတ်အစား!"
ဒါကတော့ အဆင့်မြင့်ချုပ်လုပ်တဲ့ အတတ်ပညာပါပဲ! ရှီးရှန်ဆောင်က ရွှေအမြုတေအဆင့်တပည့်တွေပဲ သင်ယူနိုင်တာပါ။ စုကျို ဝိညာဉ်ကုန်သည်အသင်းရဲ့ဆုတော်ခန်းမမှာ အဲ့ဒါကိုတွေ့ပြီး ဝိညာဉ်ကျောက်တုံးတွေနဲ့လဲလှယ်ခဲ့တာပါ။ ဒါကို ဒီလောက်မြန်မြန် သုံးရလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။
"စိတ်မပူပါနဲ့၊ ဒီအတတ်ပညာက အစ်မရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ ချုပ်ရိုးတွေကို လုံးဝဖုံးကွယ်ပေးလိမ့်မယ်၊ နတ်သမီးတစ်ပါးတောင်မှ ချုပ်ရိုးကို မြင်နိုင်မှာ မဟုတ်ဘူး"
တန်းကွေ့ ပါးစပ်ဟောင်းလောင်း ဖြစ်သွားစဉ်၊ စုကျို သူ့ဝိညာဉ်စွမ်းအင်နဲ့ သွေးသားတွေကို ပြန်လည်အားဖြည့်ပေးမယ့် ဆေးလုံး နှစ်လုံး၊ သုံးလုံးလောက်ကို သူမ ပါးစပ်ထဲ အတင်းထည့်ပေးလိုက်သည်။
"ကဲ ရပြီ။ စီနီယာအစ်မတန်းကွေ့၊ အစ်မရဲ့ ဒဏ်ရာပျောက်သွားပြီ။ ထပြီး ရှေ့တန်းမှာ သွားပူးပေါင်းလိုက်ပါတော့"
တန်းကွေ့ အံ့ဩမှင်သက်လျက် စုကျိုလက်မောင်းကို မှီပြီး တုန်တုန်ယင်ယင်ထရပ်လိုက်သည်။ ငုံ့ကြည့်လိုက်တဲ့အခါမှာ …ဘုရားရေ! မိစ္ဆာသားရဲ ကိုက်ဖြတ်သွားတဲ့ သူ့ရဲ့ ညာဘက်ခြမ်းက တကယ်ကြီးပြန်ရောက်နေပြီ!
ကိုက်မဖြတ်ခံရခင်ကထက်တောင် ပိုပြီးကြည့်ကောင်းနေသလိုပဲ? သူ ရွှေအမြုတေအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ အမြင်အာရုံက အရမ်းကောင်းလာလို့ သူ့ရဲ့ ညာဘက်ခြေထောက်က ဘယ်ဘက်ထက် အနည်းငယ်တိုနေတာကို သူမ သတိထားမိခဲ့တာလေ... ပြီးတော့ သူ့ ရင်သားတွေကလည်း အရွယ်အစားနဲ့ အကွေးအဆန့် အနည်းငယ်ကွာခြားနေတာ... ဒါတွေက သူမရဲ့အလှအပကို ထိခိုက်စေခဲ့သည်။
သို့သော် ယခုမူ ဒါတွေ အကုန်ပျောက်ကွယ်သွားပြီ! တန်းကွေ့ သူ့ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်တဲ့အခါ သူ့ရွှေအမြုတေဟာ လုံးဝကို ပြည့်စုံပြီး လှပနေတာကိုတွေ့လိုက်ရသည်!
"တိုက်လို့ ရပြီလား?"
စုကျို ကြောင်ကြည့်နေတဲ့ သူမကို ကြည့်ပြီး မျက်ခုံးပင့်ကာမေးလိုက်သည်။
တန်းကွေ့ : "ရပြီ ထင်တယ်... ရတယ်၊ ရတယ်၊ ရတယ်!"
စုကျို ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ သွားတော့၊ ကျွန်မ အစ်မရဲ့ တခြားအသင်းဖော်တွေကို ဆက်ကယ်ရဦးမယ်"
ဘာ ? တခြားလူတွေကိုလည်း ကယ်လို့ ရသေးတယ် ဟုတ်လား?