← Chapters

အခန်း (၁၉၄)

Vol. 20 Ch. 194

အခန်း (၁၉၄)

Vol. 20 Ch. 194

🥝 Chapter 194

ကျိုးကျန့်ဟဲ၏ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်အမြူုတေ ငါးခုကို အသားကင်သဖွယ်တန်းစီပြီး ပုံတူပွားလိုက်ခြင်းသည် သူ့အတွက် လူအများရှေ့တွင် အရှင်လတ်လတ် အစီရင်ခံခံရသကဲ့သို့ နာကျင်မှုကိုခံစားရစေသည်။ ၎င်းသည် အသားကို တစ်စစီ လှီးဖြတ်သတ် ခြင်းထက်ပင် ပိုဆိုးရွားလှသည်။

လူသားကျင့်ကြံသူများထဲတွင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန်မှာပင် အလွန်တရာခဲယဉ်းလှသည်။ ဝိညာဉ်အသွင်ပြောင်း အဆင့်မှာမူ ရွှေအမြုတေအဆင့်ထက် နောက်ထပ် အဆင့်တစ်ဆင့်ပိုမြင့်မားသည် မဟုတ်ပါလား။ မည်သည့်ဂိုဏ်းသို့ ရောက်ရှိသည်ဖြစ်စေ လေးစားသမှုဖြင့် တန်ဖိုးထားဆက်ဆံခြင်းကို ခံရသူများဖြစ်ကြသည်။

ဤကဲ့သို့ လေးစားခံရသည့် ပုဂ္ဂိုလ်များသည် ယခုအခါတွင်မူ စုကျိုလက်ထဲ၌ ကလေးကစားစရာများသဖွယ် အသားကင်တုတ်တွင် အထိုးခံထားရကာ ကြမ်းတမ်းစွာကိုင်တွယ်ခြင်းကို ခံနေရတော့သည်။ ကျိုးကျန့်ဟဲ မျက်နှာမှာ နီမြန်းရာမှ ပြာနှမ်းသွားတော့သည်။

စုကျို ပတ်ဝန်းကျင်ရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် အသားကင်တုတ်ပေါ်မှ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်များကို အံ့ဩတကြီး ကြည့်လိုက်၊ ကျိုးကျန့်ဟဲကို ကြည့်လိုက်လုပ်နေကြသည်။ ဒါကို သူတို့က အလွန်ဆန်းသစ်သည်ဟု ထင်မြင်နေကြသည်။

“ဝါး... ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို အသားကင်လိုမျိုး ပထမဆုံးမြင်ဖူးတာပဲ... ဒါကို မီးနဲ့ ကင်လိုက်ရင် ပိုပြီး အစစ်နဲ့တူသွားမလားမသိဘူး...”

“မဟုတ်တာ... ဒါ သကြားလုံးတုတ်ထိုးနဲ့ ပိုတူတာပါ”

“ဒီဝါးတုတ်ကို ညီမလေးစုကျို အသုံးမလိုတော့ရင် ငါ စာဆိုတော်ခန်းမကို ယူသွားချင်တယ်၊ ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အနှစ်သာရကို ထိုးစိုက်ထားတဲ့ ရတနာပဲလေ! ဒါကိုကြည့်ပြီး ငါ့ရင်ထဲက ခန့်ညားထည်ဝါတဲ့ ခံစားချက်တွေကိုဖော်ပြဖို့ ဆောင်းပါးတစ်ပုဒ်လောက် ရေးသင့်တယ်...”

ကျိုးကျန့်ဟဲ : “?”

မင်းမှာ ဘာခန့်ညားတဲ့ ခံစားချက်တွေရှိနေလို့လဲ? အဲ့ဒါက အခု ငါ့ရင်ထဲမှာ ပေါက်ကွဲနေတဲ့ ခံစားချက်တွေကို ယှဉ်နိုင်လို့လား!?

စုကျိုသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အသားကင်တုတ်ကို ချန်ယွမ်ထံသို့ ကမ်းပေးလိုက်သည်။

“ဒါက အကြွေး ဘယ်လောက်လောက်ကျေနိုင်မလဲဆိုတာ တွက်ကြည့်လိုက်ဦး”

“တောက်! မင်းကို အခုလေးတင် ထွက်သွားလို့ ငါပြောခဲ့တယ်လေ! ဘာလို့ ထွက်မသွားတာလဲ!?”

ကျိုးကျန့်ဟဲ၏ စိတ်ထဲမှ ဟွိုင်ဟယ်အန်းဝိညာဉ်သည် အစွမ်းမရှိဘဲ ဒေါသတကြီး အော်ဟစ်နေတော့သည်။

“ကျင့်ကြံသူတိုင်းရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ဆိုတာ နှစ်ပေါင်းများစွာကျင့်ကြံထားတဲ့ အနှစ်သာရတွေနဲ့ တစ်ကိုယ်လုံးရဲ့ စွမ်းအားတွေကို စုစည်းပြီး ကိုယ့်မျက်နှာအတိုင်းပေါ်လာအောင်လုပ်ထားရတဲ့ အရာလေ”

“မင်းရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ဟာ မင်းဒီဘဝမှာ အခုထိ ကျင့်ကြံထားသမျှထဲမှာ အဖိုးတန်ဆုံးအရာပဲ!”

ဟွိုင်ဟယ်အန်း ဝိညာဉ်တွင်သာ ခြေထောက်ရှိပါက ဒေါသတကြီးဖြင့် မြေကြီးကို ဆောင့်နင်းနေလောက်ပြီဖြစ်သည်။ ကျိုးကျန့်ဟဲ ခေါင်းမာမှုနှင့် မိုက်မဲမှုတို့ကြောင့် ရှီးရှန်ဆောင်၏ဤဘိုးဘေးအိုကြီးမှာ ရူးမတတ်ဖြစ်နေရပြီဖြစ်သည်။

“ငါ... ငါ...”

ကျိုးကျန့်ဟဲသည် စကားမထွက်နိုင်ဘဲ မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။

“သူ ဒီလောက်အထိ ရက်စက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

“သူ ငါ့ကို တကယ်ပဲ ဒီလောက်အထိမုန်းနေတာလား...”

သူမ ကျင့်ကြံမှုတိုးတက်လာသည်ကို သူ သိသော်လည်း၊ သူမ ပရိယာယ်တွေက ဒီလောက်အထိနက်နဲပြီး လှည့်ကွက်တွေ များလာလိမ့်မယ်လို့ သူ မသိခဲ့ပါဘူး... သူ ထောင်ချောက်ထဲကို တည့်တည့်ကြီးဝင်သွားခဲ့မိပါပြီ!

သူသည် ကျင့်ကြံသူတစ်ဦး၏ရွှေအမြုတေကိုတော့ သဘာဝအတိုင်းကာကွယ်နိုင်စွမ်းရှိပါသည်။ သို့သော်လည်း မည်သည့်ကျင့်ကြံ သူကများ မိမိကိုယ်ပိုင်ရွှေအမြုတေကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး၊ အရေးမပါတဲ့ အမှုန်အမွှားလေးတွေအဖြစ် ပြောင်းလဲပစ်ရဲမှာလဲ? လေတစ်ချက်ဝှေ့လိုက်ရုံနဲ့တင်... စုကျိုရဲ့ ရွှေအမြုတေတွေက သူ့ကို ထိတွေ့သွားခဲ့တာလေ!

ကျိုးကျန့်ဟဲသည် စုကျိုက ဒီလောက်အထိ ပြတ်သားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့ကို နှိမ်နင်းဖို့အတွက် သူမသည် သူမ၏ ကိုယ်ပိုင်ရွှေအမြုတေကိုတောင် စွန့်လွှတ်ခဲ့သည် မဟုတ်ပါလား! ကျင့်ကြံသူတိုင်းတွင် ရွှေအမြုတေ တစ်ခုတည်းသာရှိသည်လေ! ရွှေအမြုတေ ပျက်စီးသွားခြင်းသည် ဝိညာဉ်အသွင်ပြောင်းအဆင့်သို့တက်လှမ်းမည့် လမ်းစ ပြတ်တောက်သွားခြင်းဖြစ်ပြီး ဆက်လက်ကျင့်ကြံရန်မဖြစ်နိုင်တော့ပေ! သူမသည် သူ့ကို ကိုင်တွယ်ရန်အတွက် ရူးသွပ်သွားခဲ့ပြီ။

“အရူး၊ သူ့မှာ ရွှေအမြုတေ တစ်ခုတည်းရှိတယ်လို့ ဘယ်သူပြောလဲ! သူ့ရဲ့ ခန္ဓာကိုယ်ထဲက ရွှေအမြုတေ အရေအတွက်ဟာ မင်းအသားကင်တုတ်မှာ အထိုးခံထားရတဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ငါးခုထက် အများကြီးပိုများတယ်!”

ဟွိုင်ဟယ်အန်းသည် မဟာကျင့်ကြံသူအဆင့်ဝိညာဉ်ဖြစ်သဖြင့် သူ့ အာရုံခံစားမှုမှာ ပိုထက်မြက်လှသည်။ သူသည် ကျိုးကျန့်ဟဲကို ဆူပူကြိမ်းမောင်းလိုက်သည်။

“ရွှေအမြုတေ တစ်ခုတည်းတင် မကဘူး၊ သူက ရွှေအမြုတေဆယ်ခုလောက်ကို အမှုန့်ကြိတ်ပစ်ဖို့တောင် တတ်နိုင်တဲ့သူပဲ!”

ကျိုးကျန့်ဟဲ : “?”

စုကျိုသည် ချန်ယွမ့် ပြန်ကြားချက်ကို ချက်ချင်းကြားလိုက်ရသည်။

“ဈေးကွက်မှာ ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကိုရောင်းတာမရှိတဲ့အတွက် တန်ဖိုးကို ခန့်မှန်းလို့မရပါဘူး”

စုကျိုသည် ကျိုးကျန့်ဟဲကို ရှုပ်ထွေးသော အမူအရာနှင့် အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျိုးကျန့်ဟဲ : “?”

“ရှောင်ကျို၊ ဒါတွေကို ငါ့ကိုပြန်ပေးပါ၊ မင်းအတွက် ပိုက်ဆံကို ငါ ဘယ်လိုနည်းနဲ့မဆို ရှာပေးပါ့မယ်... ဘယ်လိုလဲ?”

စုကျိုသည် ဂိုဒေါင်သတင်းအချက်အလက်ကိုစစ်ဆေးကြည့်ရာ၊ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ပုံတူများ၏တန်ဖိုးမှာလည်း တိုင်းတာ၍ မရနိုင်ကြောင်းသိလိုက်ရသည်။ ဤလောကတွင် မရှိသည့် အရာမျိုးဖြစ်နေသောကြောင့်ဖြစ်သည်။ ကျင့်ကြံသူ တစ်ဦးအတွက် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်၏အရေးပါမှုမှာ ၎င်းတို့ ဝိညာဉ်နှင့်မခြားနားပေ။ ဖမ်းဆီးခံရလျှင်လည်း သူတို့သည် အလိုအလျောက်ပေါက်ကွဲပစ်ခြင်း သို့မဟုတ် လျှို့ဝှက်နည်းစနစ်များဖြင့် ထွက်ပြေးခြင်းတို့ကိုသာပြုလုပ်လေ့ရှိကြသည်။ မည်သည့် ကျင့်ကြံသူ၏ဝိညာဉ်ပြောင်းလဲခြင်းအဆင့်မှ အချုပ်ခံရခြင်း သို့မဟုတ် အရောင်းအဝယ်ပြုလုပ်ခြင်းမျိုးမရှိခဲ့ဖူးပေ။ ထို့ကြောင့် ကိုးကားရန်ဈေးနှုန်းမရှိခြင်းပင်။

စုကျိုသည် သူ့ မေးစေ့ကို ပွတ်သပ်ရင်း ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အသားကင်တုတ်ကိုစဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။

“ဒါဆိုရင်တော့ အဆင့်မြင့်ကျင့်ကြံသူတွေအတွက် လေလံပွဲတစ်ခုလုပ်ပေးဖို့ အကြီးအကဲရှန့်လိုင်လိုင်ကိုပဲ တောင်းဆိုရတော့မယ် ထင်တယ်”

ကျိုးကျန့်ဟဲ : “???”

ဒါက ပုံတူတစ်ခုသာဖြစ်သော်လည်း၊ အဲ့ဒီအချိန်ကစလို့ သူ့ ကျောပြင်နှင့် လက်မောင်းတွင်ဝါးတုတ်ဖြင့် အထိုးခံထားရသကဲ့သို့ စူးရှသောနာကျင်မှုကို သူ ခံစားနေရသည်။ ဒါက တကယ့်ကိုထူးဆန်းလှသည်။ သူ ဂူအောင်းကျင့်ကြံရာမှထွက်လာပြီး နောက် စုကျိုသည် အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲတွင်အနိုင်ရခဲ့ပြီး သူမ ပုံတူပွားနိုင်သည်ကို သူ သိခဲ့ပါသည်။ သို့သော် သူမသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကိုပင် ပုံတူပွားနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ! ပြီးတော့ ဒီဝိညာဉ်ပြောင်းလဲခြင်းအဆင့်က သူ့ကို ဘယ်လိုများပြန်ပြီး ဆက်သွယ်နေနိုင်ရတာလဲ?

“ငါ မင်းကို ပြောသားပဲ ကျိုးကျန့်ဟဲ၊ ပြိုင်ပွဲရဲ့ အသေးစိတ် အချက်အလက်တွေကို သေသေချာချာကြည့်ပါဦးလို့ ပြောတာကို မင်းမှ နားမထောင်တာ!” ဟွိုင်ဟယ်အန်း ဝိညာဉ်သည် ထိုအရူးကို ဆဲဆိုနေတော့သည်။

ကျိုးကျန့်ဟဲ : “...ပါးစပ်ပိတ်ထားစမ်း!”

ဒါတွေအားလုံးကို သိခဲ့ရင် သူ ဘာလို့ စုကျိုကိုလာရှာမှာလဲ? မဟုတ်ဘူး၊ သူက သူမကို လာရှာတာတောင် မဟုတ်ပါဘူး။ တောက်… သူက ဒီကို ကယ်တင်ရှင်လုပ်ဖို့ လာတာဆိုတာကို သူ မေ့လုနီးပါး ဖြစ်နေပြီ၊ ဒါပေမဲ့ သူက တစ်ယောက်ကိုတောင် မကယ်နိုင်ခဲ့ပါ ဘူး! အဲ့ဒီအစား သူကသာ အကြီးမားဆုံးသောနစ်နာသူဖြစ်သွားရတာလား?

“စုကျို၊ တစ်ခုကို ဝိညာဉ်ကျောက်တုံးတစ်သိန်းစီနဲ့ ငါ ဝယ်မယ်”

ကျိုးကျန့်ဟဲနှင့် ဟွိုင်ဟယ်အန်းတို့ ဝိညာဉ်ချင်းဆဲဆိုနေကြစဉ်၊ စုကျို ခါးမှအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာရာ ကျိုးကျန့်ဟဲကို ချက်ချင်းတိတ်ဆိတ်သွားစေပြီး လုံးဝစိတ်ပျက်အားငယ်သွားစေသည်။ စုကျိုသည်သတိရသွားပြီး သူh ခါးကို ပုတ်လိုက်ရာ၊ တောက် လျှောက်အလုပ်လုပ်နေသည့် မှတ်တမ်းတင်ဆက်သွယ်ရေးကျောက်တုံးမှာ လေထဲသို့ပျံတက်သွားတော့သည်။

မကြာခင်မှာပင် နှစ်ဖက်မြင် ဗီဒီယိုဆက်သွယ်ရေးကျောက်တုံးပေါ်တွင် ဆေးလုံးဂိုဏ်းချုပ်လော့ရွှယ်လျန်နှင့် မဟာကျင့်ကြံသူ၊ ဝိညာဉ်အသွင်ပြောင်းအဆင့်ရှိသော ဆေးလုံးဂိုဏ်းအကြီးအကဲများ၏ပုံရိပ်များပေါ်လာတော့သည်။

“စုကျို၊ ငါ့ရဲ့ ဆေးလုံးဂိုဏ်းထဲဝင်ဖို့ စိတ်ဝင်စားလား?”

လော့ရွှယ်လျန်သည် စုကျိုအားမေတ္တာပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျိုးကျန့်ဟဲမှာ ကျောချမ်းသွားတော့သည်။ သူ့လေထဲမှ တိုက်ခိုက်မှုနှင့် အကြွေးကိစ္စများမှာ ဆေးလုံးဂိုဏ်းချုပ်နှင့် အကြီးအကဲ များရှေ့တွင် တိုက်ရိုက် ထုတ်လွှင့်ပြသခြင်းခံလိုက်ရတာပေါ့… သူတို့ အကုန်မြင်သွားကြပြီလား? သူ့ကို ပိုပြီး အသက်ရှူ ကျပ်စေတာကတော့ လော့ရွှယ်လျန်နှင့် အကြီးအကဲများသည် စုကျိုလက်ထဲရှိ [ကျိုးကျန့်ဟဲ၏ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ပုံတူ] ငါးခုအပေါ် အလွန်စိတ်ဝင်စားနေခြင်းပင်။

“ကျိုးကျန့်ဟဲ ရွှေအမြုတေအဆင့်ကိုရောက်ပြီးတဲ့နောက်မှာ ငါတို့ ဆေးလုံးဂိုဏ်းရဲ့ကျင့်စဉ်တွေကို ကျင့်ခဲ့တာလေ”

“သူ့ရဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ထဲမှာ ဆေးလုံးဂိုဏ်းကျင့်စဉ်တွေနဲ့ ဝိညာဉ်ဆေးဖက်ဝင်အပင် အနှစ်သာရတွေအများကြီး ပါဝင်နေတယ်”

“မူလအမြစ်ဆီ ပြန်သွားတဲ့အနေနဲ့၊ ငါတို့ ဆေးလုံးဂိုဏ်းက တစ်ခုကို ဝိညာဉ်ကျောက်တုံးတစ်သိန်းပေးပြီး ဝယ်ချင်တယ်၊ ငါးခုဆိုတော့ ငါးသိန်းပေါ့၊ ငါ အခုပဲ ဆေးလုံးဂိုဏ်းရဲ့စာရင်းကိုင်ကို မင်းဆီ လွှဲခိုင်းလိုက်မယ်” ဟု လော့ရွှယ်လျန်က ပြုံးလျက် ဆိုသည်။

သို့သော် စုကျိုမှာ ဈေးနှုန်းနည်းလွန်းနေသည်ဟု ခံစားနေရသဖြင့် ဆုံးဖြတ်ရခက်နေစဉ်မှာပဲ ဆက်သွယ်ရေးကျောက်တုံးထဲမှ ရှန့်လိုင်လိုင်၏အေးစက်စက် ရယ်မောသံကို ကြားလိုက်ရသည်။

“လော့ရွှယ်လျန်၊ စုကျိုက ငါတို့ ဝိညာဉ်ကုန်သည်အသင်းရဲ့ ဧည့်သည်တပည့်ဖြစ်သလို၊ ငါ ရှန့်လိုင်လိုင်ရဲ့ ချစ်လှစွာသော တပည့်ရင်းလည်းဖြစ်တယ်၊ ငါတို့ ဝိညာဉ်ကုန်သည်အသင်းသားရဲ့ ပစ္စည်းကို ဈေးနှိမ်ချင်တာလား?”

“တစ်ခုကို တစ်သိန်းဟုတ်လား၊ ကောင်းပြီ၊ ငါ အခုပဲ ဆေးလုံးဂိုဏ်းကို ငါးသိန်းပေးလိုက်မယ်၊ မင်းက ငါ့တပည့် စုကျိုအတွက် နောက်ထပ် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ငါးခုလောက် စုပေးလိုက်စမ်း!”

ရှန့်လိုင်လိုင်က နှာခေါင်းရှုံ့လိုက်ပြီး၊ သူမဘေးတွင် ရိုးသားသော စီးပွားရေးသမားပုံစံရှိသည့် အသင်းဂိုဏ်းချုပ်ရှန့်ဖူကျား ပေါ်လာသည်။

“ငါတို့ ဝိညာဉ်ကုန်သည်အသင်းကတော့ သုတေသန လုပ်ဖို့အတွက် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် တစ်ခုကို ဝိညာဉ်ကျောက်တုံး နှစ်သိန်းပေးမယ်”

ကျိုးကျန့်ဟဲ၏ မျက်ခောင်များ လှုပ်ခတ်သွားသည်။

“စစ်ပွဲကြီးက နီးနေပြီ၊ ပထမအသုတ် စေလွှတ်လိုက်တဲ့ ရွှေအမြုတေအဆင့် တပည့်တွေက မိစ္ဆာသားရဲတွေကို မယှဉ်နိုင်ခဲ့ကြဘူး။ ငါတို့ တပည့်တွေရဲ့ အင်အားကို အမြန်ဆုံးမြှင့်တင်ရမယ်”

“ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူအရေအတွက် များလာအောင် ကြိုးစားရမယ်”

“ရွှေအမြုတေအထွတ်အထိပ်အဆင့်မှာ ပိတ်မိနေတဲ့ တပည့်တွေ အများကြီးဟာ စုကျိုယူဆောင်လာတဲ့ ဒီဝိညာဉ်ပြောင်း လဲခြင်းအဆင့် ပုံတူ ငါးခုကိုကြည့်ပြီး သူတို့ရဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို လျင်မြန်စွာဖော်ဆောင်နိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်မှာပေါ့”

“ဒါ့အပြင် ငါတို့မဟာကျင့်ကြံသူတွေလည်း ဝိညာဉ်အသွင်ပြောင်းအဆင့်တုန်းက ကျင့်ကြံခဲ့တဲ့ အမှတ်တရတွေကို ပြန်ပြီး သုံးသပ်နိုင်တဲ့ အခွင့်အရေးရတာပေါ့”

“ဝိညာဉ်ပြောင်းလဲခြင်းအဆင့် စမ်းသပ်ချက်တွေ လုပ်နေတုန်းမှာ၊ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာအပါအဝင် တိုက်ခိုက်ရေး နည်းလမ်းသစ်တွေကိုလည်း တီထွင်နိုင်တာပေါ့”

ရှန့်ဖူကျားသည် မျှော်လင့်ထားသည့်အတိုင်း စီးပွားရေးလုပ်တတ်လှသည်။ စကားအနည်းငယ်ဖြင့်ပင် ကျိုးကျန့်ဟဲ၏ ဝိညာဉ် ပြောင်းလဲခြင်းအဆင့် ပုံတူငါးခု၏တန်ဖိုးကို မြှင့်တင်လိုက်သည်။ တစ်ခဏအတွင်းမှာပင် တိတ်ဆိတ်နေသော အခြားဂိုဏ်းအကြီး အကဲ တစ်ဆယ်ကျော်တို့လည်း ဝင်ရောက်ပြောဆိုလာကြတော့သည်။

လုကျိကျောင်းလည်း ထုတ်လွှင့်မှုတွင်ပေါ်လာသည်။

“ရှောင်ကျို၊ ရှီးရှန်ဆောင်အတွက်လည်း တစ်ခု ချန်ထားဦး၊ ငါ ကိုယ်တိုင် ဒီဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို လေ့လာချင်လို့ပါ”

“ရှီးရှန်ဆောင်က နှစ်သိန်းတစ်သောင်း ပေးမယ်”

“ကချေသည်ခန်းမကလည်း တစ်ခုလိုချင်တယ်၊ နှစ်သိန်းနှစ်သောင်း!”

“ငါတို့ အစားအသောက်ဂိုဏ်းကလည်း လိုချင်တယ်”

“ဖျော်ဖြေရေးဂိုဏ်းကလည်း လိုချင်တယ်”

စုကျို လက်ဝှေ့ယမ်းပြီး တားလိုက်သည်။

“မလောကြပါနဲ့၊ တစ်ယောက်ချင်းစီ လေလံဆွဲကြပါ”

ကျိုးကျန့်ဟဲ : “?”

သူတို့တွေ သူ့ကို အရှင်လတ်လတ်ဖမ်းပြီး စမ်းသပ်ချက်တွေ လုပ်နေကြတာနဲ့ ဘာမှမခြားပါဘူး!

“ကျိုးကျန့်ဟဲ၊ ဂိုဏ်းအားလုံးက ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေ သက်သေရှိတယ်နော်”

စုကျိုက သူ့ကို ကြည့်ပြီး လက်ဟန်တစ်ခုလုပ်ကာ ဝိညာဉ်ကျောက်တုံး ကံကြမ္မာ ကြိုးကို တစ်ခဏချင်းမှာတင် လက်ထဲ ရောက်အောင် လုပ်လိုက်သည်။

“မင်းရဲ့ ဒီပိုနေတဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်တွေကို ရောင်းပြီးမှပဲ ကျန်တဲ့ အကြွေးကို မင်းနဲ့ ငါ ရှင်းကြတာပေါ့”

ထူထဲပြီး ခိုင်မာလှသော ဝိညာဉ်ကျောက်တုံး ကံကြမ္မာကြိုးသည် ကျိုးကျန့်ဟဲ နှလုံးသားနှင့် ဝိညာဉ်စင်မြင့်ကို နှလုံးဖောက်သော သော့ခလောက်ကြီးသဖွယ် ထိုးဖောက်သွားတော့သည်။

“အင်း၊ ဒါက ငါတို့ ဝိညာဉ်ကုန်သည်အသင်းရဲ့ ထိပ်တန်း အကြွေးတောင်းနည်းစနစ်ပဲ”

ရှန့်လိုင်လိုင် ပုံရိပ်သည်လည်း ထိုနေရာရှိ လေထဲဝေဝါးစွာပေါ်လာသည်။

“ရိုးသားပြီး တရားမျှတတယ်”

“ဂိုဏ်းအားလုံးကလည်း ဒါကို သိကြပါတယ်”

“မင်း ဒီအကြွေးကို အမြန်ဆပ်တာအကောင်းဆုံးပဲ၊ မဟုတ်ရင် ငါတို့ ဝိညာဉ်ကုန်သည်အသင်း အကြီးအကဲတွေ ကိုယ်တိုင် ပေါ်လာတဲ့အခါ၊ ဆေးလုံးဂိုဏ်းရဲ့ဘဏ္ဍာတိုက်ထဲက ပစ္စည်းတွေကို အကြွေးဆပ်ဖို့အတွက် ယူသွားလိမ့်မယ်”

လော့ရွှယ်လျန်နှင့် ဆေးလုံးဂိုဏ်း အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။

“ကျိုးကျန့်ဟဲ၊ ဒါတွေက မင်းရဲ့ ကိုယ်ပိုင်အကြွေးတွေပဲ၊ ဂိုဏ်းကိုမထိခိုက်အောင် မင်း အမြန်ဆုံး ရှင်းသင့်တယ်၊ မဟုတ်ရင် ငါတို့ ဘိုးဘေးကြီး ဂူအောင်းကျင့်ကြံရာက ထွက်လာရင်တောင် မင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး၊ ငါတို့ အကြီးအကဲတွေ အကုန်လုံးစုပေါင်းပြီး မင်းအပေါ်တိုင်ချက်ဖွင့်ကြလိမ့်မယ်”

ကျိုးကျန့်ဟဲ နှင့် ဟွိုင်ဟယ်အန်းတို့ဝိညာဉ်များသည် ဤသို့ ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ကြပေ။ သူတို့ ဂူဂူအောင်း ကျင့်ကြံရာကြံရာမှ ထွက်လာပြီးနောက် ပထမဆုံး ရပ်နားရာဖြစ်သည့်၊ သူတို့ အထွတ်အမြတ်ထားသည့် ဆေးလုံးဂိုဏ်းသည် လူတိုင်း ရွံရှာသော နေရာတစ်ခုဖြစ်သွားခဲ့ရပြီ။

ဟွိုင်ဟယ်အန်း ဝိညာဉ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။

“သူတို့နဲ့ အငြင်းမပွားဖို့ မင်း သဘောတူလိုက်၊ မကြာခင်မှာ နောက်ထပ်မိစ္ဆာသားရဲလှိုင်း တစ်ခုပေါ်လာဦးမှာ၊ အဲ့ဒီနေရာက ဝိညာဉ်ကုန်သည်အသင်းနဲ့ ကချေသည်ခန်းမတို့ရဲ့မြို့ကြီးတွေ အပြင်ဘက်မှာပဲ၊ ဒီတစ်ခါ မင်းသာမြန်မြန်လုပ်နိုင်ရင် ကယ်တင်ရှင် ဖြစ်ဦးမှာပဲ၊ စုကျိုကို ခဏမေ့ထားလိုက်ပါ”

ကျိုးကျန့်ဟဲသည် မလိုလားဘဲခေါင်းညိတ်လိုက်သည်၊ ဤအခြေအနေတွင် သူ ဘာမှမတတ်နိုင်တော့ပေ။ သူသည် စုကျိုကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီးနောက်၊ ကောင်းကင်ယံကို တစ်ခဏချင်းမှာဆွဲဖြဲကာ ဝိညာဉ်စွမ်းအင် လမ်းကြောင်းထဲသို့လှမ်းဝင်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

သို့သော် ကောင်းကင်မှအက်ကွဲကြောင်း ပြန်မပိတ်ခင်မှာပင် သူသည် အလောတကြီးပြန်လည်ဆွဲဖြဲလိုက်ရာ၊ မာကျောသော်လည်း အနည်းငယ်အသက်ရှူကျပ်နေသည့် အမူအရာရှိသောမျက်နှာပေါ်လာသည်။

“စုကျို၊ ငါ မင်းကို ပိုက်ဆံပြန်ဆပ်မယ်”

“အမြန်ဆုံးပေါ့၊ ဘာမှမလုပ်နဲ့ဦး၊ ငါတို့ သေသေချာချာစကားပြောကြရအောင်”

“စကားမစပ် ဖူစန်းက ငါ့သူငယ်ချင်းပဲ၊ သူ့ကျောက်တိုင်ကို ငါ ယူချင်တယ်၊ မင်း လိုချင်တဲ့ဈေးကို ပြောပါ၊ နောက်တစ်ခါ ဆုံတဲ့အခါ ငါ မင်းကို ပေးမယ်”

စုကျို မျက်ခုံးပင့်လိုက်သည်။ ထိုသို့ပြောပြီးနောက် ကျိုးကျန့်ဟဲသည် စုကျို၏ရွှေအမြုတေအမှုန့်တွေ ထပ်ပြီး ပေကျံမှာကို ကြောက်နေသည့်အလား လုံးဝပျောက်ကွယ်သွားတော့သည်။

“အိမ်ပြန်ကြစို့”

စုကျို လက်ဖျစ်တီးလိုက်ရာ၊ အထူးစစ်ဆင်ရေးအဖွဲ့သားများ ကြွေးကြော်လျက်လေသင်္ဘောပေါ်သို့တက်လိုက်ကြသည်။ လေသင်္ဘောပေါ် ရောက်သောအခါ စုကျိုသည် သူ့ ညာဘက်အင်္ကျီလက်ဝပ်ထဲမှ ထူးဆန်းသောစာရွက်တစ်ရွက်ကိုထုတ်ယူ လိုက်သည်။

【ကျိုးကျန့်ဟဲ ကိုယ်တိုင်ဆွဲထားသော မြေပုံ၏ပုံတူ】

ဒါဟာ သူမ ခုနတင်ပုံတူပွားလိုက်တဲ့ အမျိုးမျိုးသောပစ္စည်းတွေထဲက သိပ်ပြီး သတိမထားမိတဲ့ အရာတစ်ခုပါ။ ဝိညာဉ်ပြောင်း လဲခြင်းအဆင့်ရဲ့ ပစ္စည်းတွေကြားမှာရောနေပြီး၊ အရမ်းကိုသာမန်ကာလျှံကာ ဖြစ်လွန်းလို့တောင်ထင်ရှားနေတာပါ။ ဂိုဒေါင်သတင်း အချက်အလက်အရ ဒါဟာ လက်ဖြင့်ဆွဲထားတဲ့ မြေပုံဖြစ်ပေမယ့်၊ စာရွက်တစ်ခုလုံးကိုကြည့်လိုက်တဲ့အခါ ဇစ်ဇက်ပုံစံမျဉ်းကြောင်း အနည်းငယ် မဟာဝက်ဝံကြယ်စုနှင့်ဆင်တူတဲ့ ကြယ်ပွင့်လေးတွေကိုသာတွေ့ရသည်။ ထို့အပြင် စာရွက်ပေါ်မှာ ဘာစာသားမှ မပါသလို၊ တောင်တွေ၊ မြစ်တွေ ဒါမှမဟုတ် မြေမျက်နှာသွင်ပြင် အမှတ်အသားတွေလည်းမရှိပါဘူး။ ဒါက ဘယ်လိုမျိုးမြေပုံလဲ? ပထမဆုံးမြင်လိုက်ရတုန်းကတော့ ဒါဟာ နက္ခတ်ဗေဒမြေပုံတစ်ခုလို့တောင် သူမ ထင်ခဲ့ခြင်းပင်။

“အားယွမ်၊ ငါ့ကို နောက်ဆုံးထုတ်မြေပုံ ပေးစမ်းပါဦး”

အရင်က သူမအတွက် နောက်ဆုံးထုတ်မြေပုံလိပ်ကို သိမ်းထားပေးတဲ့ ချန်ယွမ်က ဒါကိုကြားတဲ့အခါ သူမထံသို့ ကမ်းပေးလိုက် သည်။ စုကျိုက အဲ့ဒါကိုယူလိုက်ပြီး သူ့ကို တျဲတန်းကွေ့နှင့် မိတ်ဆက်ပေးလိုက်သည်။

“စီနီယာအစ်မတန်းကွေ့၊ အစ်မ အားရင် ချန်ယွမ်မှာ ဘာများမှားနေလဲဆိုတာကိုသိနိုင်ဖို့ ‘လက္ခဏာစစ်ဆေးရေးဆေးလုံး’ လေး တစ်လုံးလောက်ဖော်စပ်ပေးပါဦး၊ သူ့ရဲ့ကျင့်ကြံမှုမှာ တစ်ခုခုချို့ယွင်းသွားလို့လား သိချင်လို့ပါ”

စုကျိုသည် မြေပုံနှစ်ခုကိုကိုင်ထားရင်း ချန်ယွမ်ကိုတစ်ချက်ကြည့်လိုက်ရာ၊ သူတို့ စတင်ထွက်ခွာတုန်းကထက် သူ့ မျက်နှာမှာပိုပြီး သွေးရောင်လွှမ်းနေသည်ကို သတိထားမိလိုက်သည်။ သူ့မှာ ပြဿနာအများကြီးရှိပုံမရချေ။ ဒါပေမဲ့လည်း စိတ်ချရအောင် စစ်ဆေးတာက အကောင်းဆုံးပါပဲ။

“ရပါတယ် ညီမလေးစုကျို၊ ငါ့တာဝန် ထားလိုက်ပါ!”

တျဲတန်းကွေ့သည် ချန်ယွမ့်ထူးကဲလှပမှုကို တစ်ချက်ကြည့်လိုက်ပြီး စုကျိုကို အားကျသည့်အကြည့်ဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

“မလိုပါဘူး” ချန်ယွမ်ကမူ ငြင်းဆန်လိုက်သည်။

စုကျို သူ့ လက်မောင်းကို ပုတ်လိုက်သည်။

“စစ်ဆေးကြည့်လိုက်တာက ငါတို့အားလုံးကို စိတ်အေးသွားစေတာပေါ့”

ချန်ယွမ် လှည့်ကြည့်လိုက်တဲ့အခါ စုကျီကျီနှင့် စုရှင်းချန် တို့ကလည်း သူ့ဘေးမှာရပ်ပြီး စိုးရိမ်တကြီးခေါင်းညိတ်နေကြတာကို တွေ့လိုက်ရသည်။

“အစ်မကွေ့၊ ချန်ယွမ်က မိစ္ဆာဆိုတော့ ဆေးပမာဏကကွဲပြားနိုင်တယ်နော်”

“‘လက္ခဏာစစ်ဆေးရေးဆေးလုံး’ ပဲဟာ၊ စမ်းကြည့်တာ ဘာမှမဖြစ်ပါဘူး”

စုကျီကျီနှင့် စုရှင်းချန်တို့က မိစ္ဆာကြီးကိုတွန်းထုတ်သွားကြသည်။ ချန်ယွမ်လည်း ဘာမှမတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရ တော့သည်။

သူ မငြင်းတော့တာကိုမြင်မှ စုကျိုသည် လက်ထဲကကြယ်ခုနစ်ပွင့်မြေပုံနဲ့ ဝိညာဉ်ကုန်သည်အသင်းကထုတ်ဝေတဲ့ နောက်ဆုံးထုတ် မြေပုံအပြည့်အစုံကိုနှိုင်းယှဉ်ကြည့်လိုက်သည်။ သူမသည် စာရွက်ကိုလှုပ်ခါလိုက်ပြီး နောက်ဆုံးထုတ်မြေပုံပေါ်မှာ ဖြည်းဖြည်းချင်း ထပ်လိုက်သည်။

“အားယွမ်၊ ဒါကို ကြည့်ဦး၊ တကယ်လို့ ဒီစာရွက်ကိုမြေပုံနဲ့ ထပ်တူကျအောင်ချဲ့လိုက်မယ်ဆိုရင်၊ ကြယ်ခုနစ်ပွင့် မျဉ်းကြောင်းရဲ့ ပထမဆုံးအမှတ်ဟာ ခုနတင် မိစ္ဆာသားရဲလှိုင်းတွေ ပေါက်ကွဲခဲ့တဲ့ တောရိုင်းမြေဖြစ်မနေဘူးလား?”

တိုက်ဆိုင်မှုတစ်ခုပေါ့ “ဒီကြယ်ခုနစ်ပွင့်က မိစ္ဆာသားရဲလှိုင်းတွေ ပေါ်ပေါက်မယ့် နေရာခုနစ်ခုကို ကိုယ်စားပြုနေတာများလား?”

စုကျို စကားပြောရင်း လှည့်ကြည့်လိုက်တဲ့အခါမှ ချန်ယွမ်ကို မောင်နှမနှစ်ယောက်က စစ်ဆေးဖို့အတွက် ခေါ်သွားပြီဆိုတာကို သတိရသွားသည်။ သူမ ကိုယ့်နှာခေါင်းကိုယ် အမှတ်တမဲ့ပြန်ကိုင်လိုက်မိသည်။

“ဘာဖြစ်လို့လဲ ရှောင်ကျို?”

“ဘာမှမဟုတ်ပါဘူး”

စုကျိုသည် [စုကျို၏ ဦးနှောက်ပုံတူ] ကိုးခုကို ချက်ချင်းယူလိုက်ပြီး အသည်းအသန်စဉ်းစားတော့သည်။ လေသင်္ဘောသည် ဝိညာဉ်ကုန်သည်အသင်း၏ ဆုတော်ခန်းမသို့ပြန်ရောက်လာခဲ့သည်။ အထူးစစ်ဆင်ရေးအဖွဲ့ ယာယီနေရပ်သည် ဝိညာဉ်ကုန်သည် အသင်းတွင်ဖြစ်သည်။ ဝိညာဉ်ကုန်သည်အသင်းထက် ပိုပြီးချမ်းသာတဲ့ဂိုဏ်းမရှိသလို၊ ဒီပါရမီရှင်အုပ်စုကို ကျင့်ကြံခြင်း အရင်းအမြစ် တွေပိုပေးနိုင်တဲ့သူလည်း မရှိပါဘူး။ စုကျိုကတော့ ဝိညာဉ်ကုန်သည်အသင်းမှာပဲ ခေတ္တနေပြီးပြဿနာတွေဆက်ရှာဖို့ ဆုံးဖြတ် လိုက်သည်။

သူမ လေသင်္ဘောပေါ်ကဆင်းလိုက်တဲ့အခါ သူမရဲ့ခေါင်းပေါ်မှာ ‘ပညာရှိ ဦးနှောက်’ ကိုးလုံးရှိနေဆဲပါပဲ ဝိညာဉ်ကုန်သည်အသင်း ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေ သူမကို နွေးထွေးသည့်အပြုံးတွေနဲ့ ဆီးကြိုကြပေမယ့်၊ ချက်ချင်းရပ်တန့်သွားကြသည်။

“ရှောင်ကျို၊ ငါတို့ သေသေချာချာစကားပြောကြရအောင်၊ မင်းရဲ့ ဦးနှောက်တွေကို အရင် ပြန်သိမ်းလိုက်ပါဦး၊မဟုတ်ဘူး၊ အဟွတ်၊ ဒါက နည်းနည်းကြောက်စရာကောင်းနေလို့ပါ”

ဂိုဏ်းချုပ်ရှန့်ဖူကျားကမူ ညင်သာစွာ အကြံပေးလိုက်သည်။

စုကျို သဘောတူသည့်အနေဖြင့် အသံပြုလိုက်ပြီး သူ့ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်အချို့ကို သူတို့ထံ ပစ်ပေးလိုက်သည်။

“နောက်ထပ်မိစ္ဆာသားရဲလှိုင်းပေါ်လာမယ့် နေရာကို ကျွန်မ သိပြီထင်တယ်”

“!”

“နောက်တစ်နေရာက ဝိညာဉ်ကုန်သည်အသင်း၊ ပြီးတော့ ကချေသည်ခန်းမ အပြင်ဘက်ကမြို့ပဲ”

“!!”

ရှန့်ဖူကျား ချက်ချင်းခေါင်းလှည့်လိုက်သည်။

“ငါ အခုချက်ချင်း အကြီးအကဲတွေကို သတင်းပို့လိုက်မယ်၊ ပြီးတော့ ကချေသည်ခန်းမကိုလည်း အကြောင်းကြားလိုက်မယ်၊ လူတိုင်းကို အစည်းအဝေးအတွက် စုခိုင်းလိုက်စမ်း!”

ဝိညာဉ်ကုန်သည်အသင်း အကြီးအကဲအားလုံးသည် စုကျိုပြောသမျှကိုယုံကြည်ကြသည်။ တခြားလူတွေက အပိုပြောချင်ပြောမယ်၊ စုကျိုကတော့ အပိုပြောမှာမဟုတ်ဘူးလေ။ သူမက ဦးနှောက်ကိုးလုံးပိုင်ရှင်လေ! သူမ ဘယ်လိုသိလဲဆိုတာတောင် သူတို့မေးဖို့ မလိုပါဘူး။ ဒီလောက်အထိအစွမ်းထက်တဲ့ ဦးနှောက်ကိုပိုင်ဆိုင်ထားတဲ့သူက သူတို့ သိသင့်တယ်လို့ ယူဆလို့ပြောပြတာပဲ ဖြစ်ရမယ်လေ။

“ဟုတ်ပါတယ်၊ ကျိုးကျန့်ဟဲဆွဲထားတဲ့ လမ်းညွှန်မြေပုံကို ကျွန်မ ရခဲ့တာပါ”

အစည်းအဝေးမှာပါဝင်နေတဲ့ ဂိုဏ်းချုပ်တွေထဲက ပထမဆုံးထရပ်တာကတော့ နတ်လက်နက်လမ်းစဉ်ပင်။

“ကျိုးကျန့်ဟဲကို ဖမ်းဖို့အတွက် လျှို့ဝှက်ဝရမ်းထုတ်လိုက်ကြစမ်း!”

“ကျိုးကျန့်ဟဲရဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် စမ်းသပ်ချက်တွေကို ပိုပြီးမြှင့်တင်လိုက်ကြ” ဟု စာဆိုတော်ခန်းမ ဂိုဏ်းချုပ်က ဆိုသည်။

“အခုဆိုရင် ငါတို့ ဘယ်လိုပဲ စမ်းသပ်စမ်းသပ်အပြစ်ရှိသလို ခံစားနေဖို့မလိုတော့ဘူး”

သုံးရက်အကြာတွင်

ကျိုးကျန့်ဟဲသည် ဝိညာဉ်ကုန်သည်အသင်းမြို့ကြီးအပြင်ဘက်က တောရိုင်းချောက်နက်ကြီးကိုရောက်လာခဲ့သည်။ မိစ္ဆာသားရဲ လှိုင်းတွေ ဆင်းသက်လာတာနဲ့ သူ ချက်ချင်းပေါ်လာပြီး ကယ်တင်ရှင်လုပ်ဖို့ပြင်ဆင်ထားတာပေါ့။ ဒါပေမဲ့ သူ စုကျိုနဲ့ အထူးစစ် ဆင်ရေးအဖွဲ့ကို ထပ်ပြီးတွေ့လိုက်ရပြန်သည်။ ဒီတစ်ခါတော့ မဟာကျင့်ကြံသူ ရှန့်လိုင်လိုင်သာမကဘဲ ဝိညာဉ်ကုန်သည် အသင်းက နောက်ထပ် အကြီးအကဲတစ်ယောက်ပါလိုက်ပါလာခဲ့သည်!

“မိစ္ဆာသားရဲလှိုင်းကို တွေ့ရှိရသည်” ဟု အကြီးအကဲက အော်လိုက်သည်။

ချက်ချင်းဆိုသလို ကောင်းကင်ယံကနေ ရွှေတောင်ငွေတောင်ကြီးတွေ မိုးရွာသလို ကျလာပြီး မိစ္ဆာသားရဲ ခေါင်းဆောင်ကို ဖိပစ်လိုက် တော့သည်။ ကျိုးကျန့်ဟဲ မျက်လုံးတွေလှုပ်ခတ်သွားသည်။ သူ ပြေးထွက်ဖို့တောင် အချိန်မရလိုက်ဘဲ၊ မိစ္ဆာသားရဲလှိုင်းက... ပြီးသွားပြီလား?

“ကချေသည်ခန်းမကို မြန်မြန်သွား!” ဟု ဟွိုင်ဟယ်အန်းဝိညာဉ်က တိုက်တွန်းလိုက်သည်။

ဒါပေမဲ့ ကျိုးကျန့်ဟဲဟာ လူကယ်ဖို့အတွက် ကချေသည်ခန်းမရဲ့ အစွန်အဖျား မြို့လေးကို ရောက်တဲ့အခါမှာလည်း၊ ရှန့်လိုင်လိုင် နဲ့ စုကျို တို့အဖွဲ့ဟာ အဲ့ဒီတောရိုင်းမြေမှာ ရောက်နှင့်နေတာကို တွေ့လိုက်ရပြန်သည်! ခုနတင်ပြေးထွက်လာတဲ့ ပထမဆုံး မိစ္ဆာသားရဲကို စုကျိုက ပုံတူ ၉ ကောင်နဲ့ပြန်တိုက်ခိုင်းလိုက်သည်။ အဲ့ဒီ ၉ ကောင်ကပဲ အဲ့ဒီသားရဲကို ဝိုင်းပြီး ခြေမှုန်းပစ်လိုက် ကြသည်။

ကျိုးကျန့်ဟဲ : “?”

ပြန်ပြီး... ပြီးသွားပြန်ပြီလား ?

သူ စကားမပြောနိုင်ဖြစ်နေစဉ်မှာပဲ ဟွိုင်ဟယ်အန်းဝိညာဉ်၏အော်သံကို ကြားလိုက်ရသည်။

“ပြေးတော့! သူတို့ မင်းကို ရှာတွေ့သွားပြီ!”

“?”

ခဏအတွင်းမှာပဲ သူ့ပတ်ဝန်းကျင်မှာ ရွှေတောင်ကြီးတွေဝန်းရံသွားတော့သည်။ စုကျိုနဲ့ရှန့်လိုင်လိုင်တို့က သူ့လမ်းကိုအရှေ့ရော အနောက်ပါ ပိတ်ထားကြသည်။

“ကျိုးကျန့်ဟဲ၊ မင်းဟာ မိစ္ဆာသားရဲလှိုင်းတွေကို စီစဉ်ပြီးလောကရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ သံသယရှိရတယ်” စုကျိုကမူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ထို့နောက် သူမသည် သက်သေအဖြစ်ကြယ်ခုနစ်ပွင့် မိစ္ဆာသားရဲလှိုင်းတည်နေရာမြေပုံ ပုံတူကိုပစ်ချလိုက်သည်။

“ထောင်ထဲသွားပြီး နင့်အကြွေးတွေကို ဆပ်လိုက်တော့”

“??”

All Chapters