အခန်း (၁၉၆)
Vol. 20 Ch. 196
🥝 Chapter 196
“ချန်ယွမ်၊ မင်း သွားပြီး အနားယူသင့်တယ်” စုကျို မိစ္ဆာကြီးရဲ့ အမူအရာကို ကြည့်ပြီး ပြောလိုက်သည်။
အရင်က ဆေးလုံးဂိုဏ်းက တျဲတန်းကွေ့က ရောဂါရှာဖွေရေး ဆေးလုံးကို သုံးပြီး ချန်ယွမ်ရဲ့ ခန္ဓာကိုယ်နဲ့ အခုမှဖော်ဆောင်ထားတဲ့ မိစ္ဆာအမြုတေ အခြေအနေကိုစစ်ဆေးပေးခဲ့ခြင်းပင်။ သတင်းကောင်းကတော့ ဘာမှမမှားပါဘူး၊ သူ သွေးလေ အားနည်းနေပုံ ရသည်။ သတင်းဆိုးကတော့၊ တကယ်လို့ ဘာမှမမှားဘူးဆိုရင် သူ ဘာလို့ သွေးလေ အားနည်းနေရတာလဲ?
တျဲတန်းကွေ့မှ စုကျိုအား ချန်ယွမ်ရဲ့ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာ ရှိ၊ မရှိ သူမဘာသာ စစ်ဆေးခိုင်းခဲ့တာပါ။ စစ်ဆေးရေး ဆေးလုံး တွေက ဘာမှမပြသလို၊ မိစ္ဆာကြီးကလည်း သူမကို သူ့အဝတ်အစားတွေ ချွတ်ခွင့်မပေးဘူးလေ။ စုကျို ကိုယ်တိုင်ပဲ လုပ်မှရမှာပေါ့။ ဒါပေမဲ့ မနေ့ညက စုကျိုဟာ ရွှေအမြုတေ ၆၀ ကို ညကြည့်ပုလဲတွေနဲ့ စစ်ဆေးရေး မီးအိမ်တွေအဖြစ်သုံးပြီး ချန်ယွမ်ကို အဝတ်အ စားချွတ်ခိုင်းခဲ့ပေမယ့်၊ ဘာမှ မမြင်ရပါဘူး၊ မိစ္ဆာကြီးရဲ့ချောမွေ့တဲ့ အသားအရေကိုပဲ မြင်ရတာပါ။
အစင်းရာ တစ်ခုတောင်မရှိပါဘူး။ အဲ့ဒီအစား သူ့ရဲ့ဖြူဖွေးတဲ့ ဗိုက်ကြွက်သားတွေပေါ်ကို သွေးစက်အချို့ကျနေတာကိုသာ တွေ့လိုက်ရသည်။ အင်း၊ အဲ့ဒါက သူမရဲ့နှာခေါင်းသွေးတွေပါပဲ။
“အဟွတ်” စုကျို မနေ့ညကအကြောင်းကို တွေးမိပြီး နှာခေါင်းကို တို့လိုက်သည်။
“မနက်ဖြန်ကျရင် ဆေးလုံးဂိုဏ်းချုပ်လော့ရွှယ်လျန် ကချေသည်ခန်းမကို အစည်းအဝေးလာလိမ့်မယ်၊ သူ့ကို တစ်ခါလောက် ထပ်ပြီး စစ်ဆေးခိုင်းလိုက်မယ်”
“နင် သွားပြီး အနားယူလိုက်တော့၊ ရှောင်ပိုင်ကို ငါ ကြည့်ထားပေးရမလား?”
“မလိုပါဘူး၊ သူ ဒီနေ့ ရေချိုးဖို့လိုတယ်”
ချန်ယွမ်က သူမရဲ့ လက်ညှိုးလေးနောက်ကိုလိုက်ကြည့်ပြီး၊ သူမရဲ့ နှာခေါင်းလေးကိုတစ်ချက်ကြည့်ကာ အကြည့်ကို အမြန် ပြန်လွှဲလိုက်သည်။
စုကျိုက “ဩော်” လို့ပဲ ပြန်ထူးလိုက်ပြီး၊ သူ့ကို ပန်းပွင့်ရနံ့ရေချိုးအဆောင် လေးခုပေးလိုက်သည်။ သူမ ထပ်ပြောဖို့ ပြင်နေတုန်းမှာပဲ ရှန့်လိုင်လိုင်နဲ့ ကချေသည်ခန်းမ အကြီးအကဲတွေဝင်လာတာကြောင့် စကားစပြတ်သွားတော့သည်။
“ရှောင်ကျို၊ လုကျိကျောင်း ဒီည သန်းခေါင်မှာရောက်လိမ့်မယ်၊ သူနဲ့ ရှီးရှန်ဆောင်က တခြား မဟာကျင့်ကြံသူတွေဟာ ကာကွယ်ရေး အင်းကွက် တစ်ခုကိုတည်ဆောက်နေကြတာ၊ နောက်ထပ် နှစ်နာရီလောက်ဆိုပြီးလိမ့်မယ်၊ အဲ့ဒီကျရင် အဲ့ဒီအဘိုးကြီးက ဟွိုင်ဟယ်အန်း ဟုတ်၊ မဟုတ် လာပြီး အတည်ပြုပေးဦး”
“တကယ်လို့ သူသာ ဖြစ်နေရင်တော့ ဒုက္ခပဲ၊ ငါ မှတ်တမ်းတွေကို စစ်ကြည့်တော့ ဟွိုင်ဟယ်အန်းက သူ ကွယ်လွန်တုန်းက မဟာကျင့်ကြံသူအဆင့်ရဲ့အထွတ်အထိပ်မှာ ရှိနေတာတဲ့!”
ရှန့်လိုင်လိုင် မျက်နှာမှာတည်ကြည်နေသည်။
“သူက နာမည်ကြီးခဲ့သင့်တာ၊ ဒါပေမဲ့ ငါ့မှာ သူ့အကြောင်း ဘာမှတ်ဉာဏ်မှမရှိဘူး၊ သူက သမိုင်းတလျှောက် အရမ်းကို ပုန်းလျှိုးကွယ်လျှိုးနေနေခဲ့တာပဲ”
“သူ့မှာ တခြား နည်းလမ်းတွေရှိနေဦးမလားလို့ ငါ သံသယဖြစ်မိတယ်၊ အခု ဝိညာဉ်လမ်းစဉ်ကြီး ဆယ်ခုထဲမှာ နတ်လက်နက်လမ်း စဉ်က ဘိုးဘေးကြီးတစ်ယောက်ပဲ အသက်ရှင်သေးတာ၊ သူလည်း ဟွိုင်ဟယ်အန်းလိုပဲ မဟာကျင့်ကြံသူ အထွတ်အထိပ်အဆင့်မှာ ရှိနေတာလေ”
“သူ ရှင်ပြန်ထမြောက်နိုင်မယ့် အခွင့်အရေးကို ငါတို့ လုံးဝပေးလို့ မရဘူး၊ မဟုတ်ရင် ငါတို့ သူ့ကို နိုင်မှာမဟုတ်ဘူး”
ချန်ယွမ်သည် ရှောင်ပိုင်ကို ပွေ့လျက် ခဏလောက်နားထောင်ပြီးမှ ထွက်သွားသည်။ သူကမူ သူ့အခန်းကို တန်းပြန်သွားပြီး ကုတင်ပေါ်လှဲလိုက်သည်။ သူက သူ့အဝတ်အစားတွေကို ဖြည်လိုက်ပြီး၊ ခြင်္သေ့ပေါက်လေးနှင့်တူသည့် ရှောင်ပိုင်ကို သူ့ကိုယ်ပေါ်မှာ တင်လိုက်သည်။
သူ့ရဲ့ လက်ချောင်းတွေကို ဓားတစ်လက်လို သုံးပြီး အသားကိုလှီးဖြတ်လိုက်သည်။ ဖြူဖွေးတဲ့ အရိုးတွေနဲ့ တောက်ပနေတဲ့ ဝိညာဉ်လက်နက်အလုံးလေးတစ်ခုဟာ ခွဲလို့မရအောင်ဆက်နွှယ်နေကြသည်။ သိ့သော် ဝိညာဉ်ပိုးကောင် ထိုလက်နက်ကို ဝါးမြိုလိုက်ပြီး၊ မကြာခင်မှာပဲ ခြင်္သေ့ပုံစံအမွှေးလုံးလေးက ထိုအပေါ်မှာကပ်ငြိသွားကာ တဖြည်းဖြည်းတိုက်စားသွားတော့သည်။
“...ရှင်တို့ အကုန်လုံးက ဟွိုင်ဟယ်အန်းက ကျွန်မကို ဝင်ပူးဖို့ ကြိုးစားလိမ့်မယ်လို့ထင်နေကြတာလား?”
ကချေသည်ခန်းမရဲ့ တိတ်ဆိတ်တဲ့ အခန်းထဲမှာ စုကျိုက ရှန့်လိုင်လိုင်ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လိုက်သည်။ သူမကတော့ ရှီးရှန်ဆောင်ရဲ့ ဒီဘိုးဘေးကြီးဟာ ဦးနှောက်များမှားနေတာလားလို့ ဘယ်လိုမှနားမလည်နိုင်ဖြစ်နေရသည်။
“သူက ကျွန်မကို လာရှာရဲပါဦးမလား?”
ရှန့်လိုင်လိုင် အသာအယာ ချောင်းဟန့်လိုက်သည်။
“ဒါပေါ့၊ ဒီတစ်ခါ သူတို့ကို ဖမ်းတဲ့နေရာမှာ နင် အဓိကနေရာက ပါခဲ့တာလေ ရှောင်ကျို”
“ဒါပေမဲ့ ဟွိုင်ဟယ်အန်းက သူ ရှင်ပြန်ထမြောက်ဖို့အတွက် နှစ်ပေါင်းတစ်ရာတိုင်တိုင် စီစဉ်လာခဲ့တာလေ၊ သူဟာ ကျိုးကျန့်ဟဲ တစ်ယောက်တည်းကိုပဲ ခန္ဓာကိုယ်အဖြစ်ပြင်ဆင်ထားမှာ မဟုတ်ဘူး”
“အရင် နင့်ကို ပိုက်ဆံကြွေးတင်ခဲ့တဲ့ ဖူစန်းက ဟွိုင်ဟယ်အန်းရဲ့ဝင်စားသူ မဟုတ်ဘူးလို့ ငါတို့ ယူဆတယ်၊ သူ ဖူစန်းကို ဝင်ပူးခဲ့တာဖြစ်ရမယ်”
“ကျိုးကျန့်ဟဲကတော့ ဖူစန်းပြီး သူ့ရဲ့ နောက်ထပ်ပစ်မှတ်ပေါ့၊ ဒါပေမဲ့ ကျိုးကျန့်ဟဲ သူ့ကို သိသွားတော့ သူ ကပ်ပါးရပ်ပါး နေခဲ့ရတာ၊ ဒါမှမဟုတ် ကပ်ပါးရပ်ပါး နေချင်ယောင်ဆောင်ခဲ့တာပေါ့”
“အခု ကျိုးကျန့်ဟဲက အသုံးမဝင်တော့ဘူးဆိုတော့၊ သူ တခြားတစ်ယောက်ကို ဝင်ပူးမှာပဲ”
အခုအချိန်မှာ စုကျိုထက် ငယ်ရွယ်ပြီးပိုအလားအလာရှိတဲ့သူ၊ ပြီးတော့ ဂိုဏ်းကြီးတွေရဲ့ ယုံကြည်မှုကို ရထားတဲ့သူ ဘယ်သူရှိဦးမှာ လဲ? ရှန့်လိုင်လိုင်ကတော့ သူသာ ဟွိုင်ဟယ်အန်း ဆိုရင် စုကျိုကိုသေချာပေါက်ဝင်ပူးမှာပဲဟု ခံစားနေရသည်။ စုကျိုကို ဝင်ပူးတာ ဟာ ဝိညာဉ်စွမ်းရည်တွေ အကုန်လုံးကိုပိုင်ဆိုင်လိုက်တာနဲ့ အတူတူပဲလေ။
စုကျိုကမူ ဆွံ့အလျက် “ကောင်းပါပြီ၊ ကြိုဆိုပါတယ်—”
သူ စကားမဆုံးခင်မှာပဲ၊ သူနှင့် ချန်ယွမ်တို့ရဲ့ “အမြဲတမ်း အဆက်အသွယ်ရှိခြင်း” အဆောင်က အလုပ်လုပ်လာသည်။ တစ်ခဏအတွင်းမှာပဲ သူမ လက်ကောက်ဝတ်မှာ အနီရောင် ကြိုးတစ်မျှင်ပေါ်လာသည်။ လေထဲမှာ တယ်လီပို့လမ်းကြောင်းတစ်ခု အမြန်ပွင့်လာပြီး ယပ်တောင်ပုံစံဖြစ်သွားသည်။
စုကျိုနှင့် ရှန့်လိုင်လိုင်တို့ဟာ အဲ့ဒီလမ်းကြောင်းကနေတစ်ဆင့် ချန်ယွမ်အခန်းထဲက အခြေအနေကိုမြင်လိုက်ရသည်။ သေချာပါ သည်၊ ကျိုးကျန့်ဟဲ အားရပါးရ ရယ်မောနေတာကိုတွေ့လိုက်ရသော်ငြား ဒီတစ်ခါ ထွက်လာတဲ့ အသံကမူ ကျိုးကျန့်ဟဲအသံ မဟုတ်ဘဲ အိုမင်းပြီး ရက်စက်တဲ့အသံကြီး ဖြစ်နေသည်။
“စုကျို၊ ဒါမျိုး ဖြစ်လာမယ်လို့ မထင်ထားဘူး မဟုတ်လား? ဒီအဘိုးကြီးဟာ ဝိညာဉ်အစအန အခြေအနေမှာပဲ ရှိနေခဲ့တာ မဟုတ်ဘူး၊ အဲ့ဒီအရူး ကျိုးကျန့်ဟဲကို လိမ်နေခဲ့တာပဲ!”
လူသားပုံစံ မီးခိုးရောင်မြူထုတစ်ခုဟာ ကျိုးကျန့်ဟဲ ခန္ဓာကိုယ်ထဲကနေ ကွာထွက်လာသည်။
“မင်းတို့ ဂျူနီယာလေးတွေရဲ့ မဟာကျင့်ကြံသူအဆင့် ည်းစနစ်လေးတွေနဲ့ ငါ့ကို ပိတ်လှောင်ထားနိုင်မယ်လို့ ထင်နေတာလား? ဟား!”
“အရင်က ငါ ဘာမှမလုပ်ခဲ့ဖူးဆိုတာ စုကျို မင်း သတိလက်လွတ်ဖြစ်မယ့် အချိန်ကို စောင့်နေတာလေ!”
လူသားပုံစံ မီးခိုးရောင်မြူထုဟာ ကြင်နာတတ်တဲ့ အမူအရာရှိပြီး ဆေးအိတ်တစ်လုံးကိုလွယ်ထားသည်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့ အမူအရာဟာ အလွန်ရက်စက်ပြီး ကောက်ကျစ်နေတော့သည်။
လမ်းကြောင်းရဲ့တစ်ဖက်မှာတော့ ရှန့်လိုင်လိုင်နှင့်စုကျိုတို့ဟာ၊ ရှောင်ပိုင်ကို ပွေ့ထားတဲ့ ချန်ယွမ် နဲ့ ‘စုကျို’ တို့က သူ့ရဲ့ သွယ်လျတဲ့ လက်ချောင်းလေးတွေကို တစ်ချောင်းချင်း သေသေချာချာသုတ်ပေးနေတာကို မြင်နေရသည်။
ရှန့်လိုင်လိုင် : “?”
သူ ဒီဘက်က ‘စုကျို’ ကိုကြည့်လိုက်၊ ဘေးနားက စုကျိုကိုကြည့်လိုက် လုပ်နေမိသည်။ နှစ်ယောက်ဖြစ်နေတာလား ? ဟိုဘက်က တစ်ယောက်က ပုံတူလား? ရှန့်လိုင်လိုင် အံ့ဩသွားသည်။
ဒါပေမဲ့ လမ်းကြောင်းရဲ့ဟိုဘက်မှာတော့၊ ချန်ယွမ်က သတိကြီးစွာနဲ့ ထိုမီးခိုးရောင်မြူထုကို အမြန်ပိတ်ဆို့လိုက်သည်၊ သူက အဲ့ဒီ ‘စုကျို’ ထိခိုက်မှာ ကြောက်နေတဲ့ပုံစံမျိုးပေါ့။
“အထက်ဘုံတက်ဖို့အတွက် သော့ချက်ကတော့ လောကမှာ အကြီးမားဆုံးသော ဂုဏ်သတင်းကိုရဖို့ပဲ၊ အဲ့ဒါကြောင့် တစ်ကြိမ်မှာ တစ်ယောက်ပဲ အထက်ဘုံတက်နိုင်တာ!”
“စုကျို၊ ငါ မင်းကို အထင်သေးခဲ့မိတယ်၊ မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာအတွင်းမှာ အကျော်ကြားဆုံး လူငယ်ပါရမီရှင်ပဲ၊ မင်းနဲ့ ယှဉ်ရင် ကျိုးကျန့်ဟဲကတော့ ကြယ်တစ်ပွင့်နဲ့ ကျောက်ခဲတစ်လုံးလိုပဲ၊ ငါ မင်းရဲ့ ခန္ဓာကိုယ်ကိုလိုချင်တယ်၊ နောင်လာနောက်သား ကျင့်ကြံသူတွေရဲ့ ကြည်ညိုခြင်းကိုခံရမယ့် ခန္ဓာကိုယ်ပေါ့!”
သူ ဟိန်းဟောက်လိုက်ပြီး၊ ချန်ယွမ် လက်ချောင်းတွေကို သုတ်ပေးနေတဲ့ ‘စုကျို’ ခန္ဓာကိုယ်ထဲကို ဝင်ပူးဖို့ ပြေးဝင်လိုက်တော့ သည်။ ချန်ယွမ်ကမူ သူ့အား လက်တစ်ဖက်နှင့်လှမ်းဖမ်းလိုက်သော်လည်း ဘာမှ ဖမ်းမမိလိုက်ပေ!
“အရူး၊ ငါက ဝိညာဉ်လေ!”
“ရုပ်ခန္ဓာက ငါ့ကို ဘယ်လိုလုပ်ထိလို့ရမှာလဲ?”
မီးခိုးရောင် မြူထုက ‘စုကျို’ ကို ထပ်ပြီး တိုက်ခိုက်လိုက်ပြန်သည်!
ဒါပေမဲ့ မကြာခင်မှာပဲ အခန်းရဲ့တခြားတစ်နေရာကနေ စုကျို၏ ထူးဆန်းတဲ့ အသံထွက်လာသည်။
“ချန်ယွမ်၊ သူ့ကို လွှတ်ထားလိုက်”
ဟွိုင်ဟယ်အန်း ဝိညာဉ် ချက်ချင်းဘရိတ်အုပ်လိုက်သည်။
“?”
“ဒီအရူး ငါ့ရဲ့ စုကျို လူသားပုံစံ ရုပ်သေးရုပ်ကို ဘာလုပ်မလဲဆိုတာ ငါ ကြည့်ချင်သေးလို့”
စုကျိုက လက်ကိုနောက်ပစ်ပြီး၊ အမြဲတမ်း အဆက်အသွယ်ရှိခြင်း အဆောင်ကတစ်ဆင့် ချန်ယွမ်ရဲ့ အခန်းထဲကို လှမ်းဝင်လိုက် သည်။
ဟွိုင်ဟယ်အန်းက ‘စုကျို’ ရဲ့ ဝိညာဉ်စင်မြင့်ထဲကိုပြေးဝင်လိုက်တဲ့ ခဏမှာတင် သူ အေးခဲသွားတော့သည်။ ဘယ်လိုဖြစ်ပြီး စုကျို နှစ်ယောက်ဖြစ်နေတာလဲ? သူ့ရှေ့က တစ်ယောက်က ရုပ်သေးရုပ် ဟုတ်လား???
ဟိုမိစ္ဆာကြီးကရော ဘာတွေ လုပ်နေတာလဲ၊ ဘာလို့ ရုပ်သေးရုပ်နဲ့ တိတ်တဆိတ် လက်ချင်းချိတ်နေရတာလဲ? သူ ရူးနေတာလား?! ဟွိုင်ဟယ်အန်း ဆွံ့အသွားသည်။ စုကျို နောက်ကနေ ရှန့်လိုင်လိုင်လည်း အမြန်လိုက်ဝင်လာသည်။
စုကျို လက်ဖျောက်တီးလိုက်ရာ၊ အခန်းထဲမှာ ဖယောင်းတိုင်မီးတွေ ချက်ချင်းလင်းထိန်သွားသည်။ အဲ့ဒီအလင်းက ချန်ယွမ် ရှိနေတဲ့ နေရာကိုလင်းသွားစေသည်၊ အဲ့ဒီမှာတော့ သူ သေသေချာချာသန့်ရှင်းပေးထားပြီး ပန်းပွင့်နံ့တွေမွှေးနေတဲ့ ‘စုကျို’ ရုပ်သေးရုပ် ၁၈ ရုပ် မတ်တပ်ရပ်နေကြသည်ပင်။
“ကျမမှာ ပုံတူတွေ အများကြီးရှိတယ်၊ ရှင် ဘယ်တစ်ခုကို ဝင်ပူးချင်လဲ?” စုကျို သူ့ရဲ့ မေးစေ့ကို ပွတ်သပ်ရင်း ဖြည်းဖြည်းချင်း မေးလိုက်သည်။
“တကယ်တော့ ကျွန်မလည်း အရမ်းစိတ်ညစ်နေတာ၊ ကျွန်မရဲ့ ဝိညာဉ်အစအနလေး တစ်ခုကိုခွဲထုတ်ပြီး၊ ကျွန်မအတွက် အလုပ်လုပ်ပေးမယ့် အသိဉာဏ်ရှိတဲ့ အရာလေးတစ်ခုဖြစ်စေချင်နေတာလေ”
“ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်ကိုခွဲထုတ်ရတာက အရမ်းနာကျင်ရတယ်၊ ပြီးတော့ စိတ်ဖောက်ပြန်ပြီး အလုပ်လုပ်တဲ့ စက်ရုပ်လိုပဲ ဖြစ်သွားတတ်တယ်လို့ကြားဖူးတယ်လေ”
“အာ... ရှင် ရောက်လာတာ အချိန်ကိုက်ပဲ”
ရှန့်လိုင်လိုင် : “!”
ကယ်ဖို့ ရောက်လာကြတဲ့ အကြီးအကဲများ : “!”
ဟွိုင်ဟယ်အန်း၏ဝိညာဉ် : “???”