← Chapters

အခန်း (၁၉၈)

Vol. 20 Ch. 198

အခန်း (၁၉၈)

Vol. 20 Ch. 198

🥝 Chapter 198

စုကျို၏ ‘အကြံပြုချက်’အတိုင်း ဂိုဏ်းအသီးသီးမှအကြီးအကဲများနှင့် အင်အားကြီးပုဂ္ဂိုလ်များသည် အုပ်စုသုံးစုကွဲသွားကြသည်။

ပထမအုပ်စုသည် မိစ္ဆာသားရဲလှိုင်းကို နှိမ်နင်းရန် အရန်အင်အားအဖြစ် တပည့်များကိုဦးဆောင်ကာ မြို့အသီးသီးကို စောင့်ကြပ်ကြ သည်။ ဒုတိယအုပ်စုသည် လှူဒါန်းထားသော ခြေလက်အတုများကိုအသုံးပြု၍ ကျင့်ကြံသူများ၏ ရုပ်ခန္ဓာ၊ ရွှေအမြုတေ၊ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်နှင့် မွေးရာပါ ဝိညာဉ်စွမ်းအင်တို့၏အလားအလာများကို သုတေသန ပြုလုပ်ကြသည်။ တတိယအုပ်စုကမူ သာမန်တပည့်များ၏ ခြေလက်အတုများကို သုံး၍ ဂိုဏ်းတစ်ခုစီ၏အောက်ခြေအဆင့်များသို့ တိတ်တဆိတ် သွားရောက် စုံစမ်းစစ်ဆေးကြသည်။

“ဆေးလုံးဂိုဏ်းက သဘောတူပါတယ်”

စုကျို တျဲတန်းကွေ့ကဲ့သို့သော တပည့်များကိုကယ်တင်ပြီးနောက် ဆေးလုံးဂိုဏ်းချုပ်လော့ရွှယ်လျန်သည် စုကျို၏ ‘အကြံပြုချက်’ ကိုအမြဲတမ်း ပထမဆုံးထောက်ခံသူဖြစ်ခဲ့သည်။ ဆေးလုံးဂိုဏ်းမှ အင်အားကြီးပုဂ္ဂိုလ်များ၊ ၎င်းတို့၏ဘိုးဘေးကြီးပင်လျှင် ဂူအောင်းကျင့်ကြံရာမှ ထွက်လာခဲ့ကြပြီး၊ ကျိုးကျန့်ဟဲ ၎င်းတို့ဂိုဏ်းအတွင်း ပြဿနာရှာကာလမ်းမှားသို့ လိုက်သွားခဲ့ခြင်းအပေါ် များစွာ နောင်တရနေကြသည်။ သူတို့သည် တျဲတန်းကွေ့၏ခြေလက်အတုနှင့် အမြုတေအတုများဖြင့် ကျင့်ကြံမှု တိုးတက်မှုကို လည်း တိတ်တဆိတ် စစ်ဆေးခွင့်ရခဲ့ကြသည်။

ခြေလက်အတုကိုယ်ထည်ကိုအသုံးပြုခြင်းမှာ တကယ်အပြစ်အနာအဆာကင်းလှသည်။ သူမသာ မဟာကျင့်ကြံသူအဆင့် သို့ တက်လှမ်းနိုင်ပြီး လျှပ်စီးဒဏ်ကိုခံယူနိုင်ပါက သူမ၏ရုပ်ခန္ဓာသည် အသစ်တစ်ဖန်ပြန်လည်ရှင်သန်လာမည် မဟုတ်ပါလား။

“အင်း” နတ်လက်နက်လမ်းစဉ်မှ ကိုယ်စားလှယ် အကြီးအကဲက ခေါင်းညိတ်လိုက်သည်။

“ခြေလက်အတုသုံးစွဲတဲ့ ပထမအသုတ်တပည့်တွေဆီက တုံ့ပြန်မှုတွေကလည်း ကောင်းသလို၊ မိစ္ဆာသားရဲလှိုင်း ကာကွယ်ရေး နှစ်ကြိမ်စလုံးမှာလည်း သူတို့တွေ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ကြတယ်”

ရှီးရှန်ဆောင် ဂိုဏ်းချုပ်သည် ‘လုကျိကျောင်း ခြေလက်အတု ရုပ်သေး’ ကို အသုံးပြုလျက် သဘောတူလိုက်သည်။

“ကျွန်တော် အပါအဝင် ကျွန်တော်တို့ဂိုဏ်းက မဟာကျင့်ကြံသူကိုးယောက်စလုံးလည်း ခြေလက်အတုတွေကို စမ်းသုံးပြီးပါပြီ”

“‘အချိန်နောက်ပြန်ဆွဲခြင်း’ ပါရမီကို ကိုယ်တိုင်ခံစားကြည့်ပြီးတဲ့နောက်မှာတော့ ပါရမီသုတေသနအဖွဲ့ထဲမှာ ကျွန်တော်တို့ နာမည်ပေးနိုင်ပါပြီ၊ ဒီခဏတာ အတွေ့အကြုံအရ ကျွန်တော်တို့ မဟာကျင့်ကြံသူကိုးယောက်စလုံးဟာ အချိန်ပါရမီအပေါ် နားလည်မှု အတိုင်းအတာတစ်ခုအထိရရှိခဲ့ကြပါတယ်၊ အခုလောလောဆယ် ခန့်မှန်းချက်အရတော့ အချိန်ကုန်ဆုံးမှုကို အာရုံမခံနိုင်တဲ့ ကျင့်ကြံသူတွေအနေနဲ့ အချိန်ပါရမီရဲ့အစွမ်းကို အပြည့်အဝထုတ်သုံးဖို့ ခက်ခဲလိမ့်မယ်လို့ ယူဆရပါတယ်”

ရှီးရှန်ဆောင်ဂိုဏ်းချုပ်က စုကျိုကို ကြည့်လိုက်သည်။

“အချိန်ပါရမီကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်သုံးပြီးရင်တော့ ဒီကောက်ချက်အပေါ် သုတေသန အစီရင်ခံစာ တစ်စောင် ရေးပါ့မယ်၊တကယ်လို့ ဒီကောက်ချက်က အသုံးဝင်မယ်ဆိုရင် တပည့်တွေကို သူတို့ရဲ့ ပါရမီအလိုက် သင်ကြားပေးနိုင်ပြီး၊ သူတို့နဲ့ သင့်တော်မယ့် ပါရမီတွေကို ရွေးချယ်ကျင့်ကြံနိုင်အောင် လမ်းညွှန်ပေးနိုင်မှာပေါ့၊ ဒါ့အပြင် ကျွန်တော်တို့ရဲ့ မဟာကျင့်ကြံသူ အဆင့်ကိုသုံးပြီး သာမန်ပါရမီတွေ၊ ဒါမှမဟုတ် နိမ့်ကျတဲ့ ပါရမီတွေကို တိုးတက်အောင် ဒါမှမဟုတ် အဆင့်မြှင့်တင်လို့ရမလား ဆိုတာကိုလည်း စမ်းသပ်ကြည့်လို့ ရတာပေါ့”

စုကျို ခေါင်းညိတ်လိုက်သည်။ သူမသည် စုကျီကျီ၏နိမ့်ကျသော ပါရမီဖြစ်သည့် ‘အရွက်စိုက်ပျိုးခြင်း’ကို ပုံတူပွားပြီး အကြီးအကဲ များကိုစမ်းသပ်ခိုင်းခဲ့သည်။ အဆင့် ၁ ကို စောင့်ကြပ်ခဲ့သော တောက်ရန်ပြောခဲ့ဖူးသည်မှာ သူတော်စင်အဆင့်ရှိသော ပါရမီများသာ တိုးတက်ပြောင်းလဲနိုင်စွမ်း ရှိပြီး၊ အခြား နိမ့်ကျသော သို့မဟုတ် သာမန်ပါရမီရှိသူများသည် တစ်သက်လုံး ထိုအဆင့်မှာပင် ရှိနေလိမ့်မည်ဟူ၍ဖြစ်သည်။

သို့သော် ကျင့်ကြံခြင်းလောကတွင် သာမန်ပါရမီရှိသည့် ကျင့်ကြံသူများစွာရှိနေသည်လေ။ သာမန်ပါရမီရှင်များသည် ကျင့်ကြံခြင်း လောကတစ်ခုလုံး၏အကြီးမားဆုံးသော အချိုးအစားဖြစ်သည်။ ပိုးစာပင်များ၊ သာမန်အဆင့် ဝိညာဉ်ပိုးကောင်များနှင့် ပိုးထည်ဝတ်စုံ များသည် သာမန်ပါရမီရှိသည့် ကျင့်ကြံသူများ၏စိုက်ပျိုးခြင်း၊ မွေးမြူခြင်းနှင့် ရက်လုပ်ခြင်းတို့အပေါ်တွင်သာ အဓိက မှီခိုနေရသည် မဟုတ်ပါလား။

“ဟုတ်တယ်၊ သာမန်နဲ့ နိမ့်ကျတဲ့ ပါရမီတွေကို ပိုပြီး ထိရောက်အောင် လုပ်ဆောင်နိုင်ဖို့၊ ပြီးတော့ အဆင့်တက်နိုင်မယ့် လမ်းစကို ရှာဖွေဖို့က မိစ္ဆာသားရဲလှိုင်းပြီးသွားတဲ့အခါ ကျွန်တော်တို့ရဲ့ သုတေသန အဓိကအချက်ဖြစ်လာမှာပါ” ဟု ရှီးရှန်ဆောင် ဂိုဏ်းချုပ်က နိဂုံးချုပ်လိုက်သည်။

“စုကျိုကိုရော၊ ပါရမီတွေလှူဒါန်းခဲ့ကြတဲ့ တပည့်တစ်ဆယ့်ရှစ်ယောက်လုံးကိုပါ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ရဲ့ နောက်ဆက်တွဲ ပါရမီ သုတေသနတွေကိုတော့ နှစ်ဝက်ပိုင်းမှာကျင်းပမယ့် ဂိုဏ်းပေါင်းစုံအစည်းအဝေးမှာ လူတိုင်းကို တင်ပြသွားပါ့မယ်”

ရှီးရှန်ဆောင်ဂိုဏ်းချုပ်သည် လုကျိကျောင်း၏ခြေလက်အတုကိုယ်ထည်ကိုသုံး၍ ကင်မရာကိုကြည့်ကာ ပြတ်သားသော အမူအရာဖြင့် ပြောကြားလိုက်သည်။ ထို့နောက် ကင်မရာရှေ့မှာတင် စုကျို လက်အား ကျေးဇူးတင်စွာဖြင့် လှုပ်ခါနှုတ်ဆက် လိုက်သည်။ ဂိုဏ်းအသီးသီးနှင့် မြို့အသီးသီးရှိ လက်ဖက်ရည်ဆိုင်များမှ ထုတ်လွှင့်ရေးကျောက်တုံးများပေါ်တွင် ဤအထိမ်းအမှတ် အစည်းအဝေး ထုတ်လွှင့်ချက်ပေါ်လာတော့သည်။

[ဘုရားရေ! စုကျိုရဲ့ ‘မိမိသဘောဆန္ဒအလျောက်ခြေလက်ကိုယ်ထည်နဲ့ ပါရမီများ လှူဒါန်းခြင်း’ က ဒီလောက်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်လာလိမ့်မယ်လို့ တစ်ခါမှမထင်ထားဘူး!]

[အရင်ကဆိုရင် ဘယ်ပါရမီရှင်ကမှ ‘အရွက်စိုက်ပျိုးခြင်း’ လိုမျိုး အရေးမပါတဲ့ အစွမ်းတွေကို နိုးထလာအောင် လုပ်မှာမဟုတ်ဘူး၊ အခုတော့ အင်အားကြီးသူတွေက ဒါကို သုတေသနအတွက် သုံးနေကြပြီဆိုတော့ သာမန်ပါရမီတွေ တကယ်ပဲ တိုးတက်လာနိုင်တာပေါ့!]

[နိမ့်ကျတဲ့ ပါရမီရှိတဲ့ ငါတို့လိုကျင့်ကြံသူတွေအတွက်တော့ မျှော်လင့်ချက် ရပြီပေါ့?]

[ကောင်းလိုက်တာ! မဟာကျင့်ကြံသူအကြီးအကဲတွေက ငါတို့ရဲ့ နိမ့်ကျတဲ့ ပါရမီတွေနဲ့ ကျင့်ကြံရတဲ့လမ်းကြောင်းကို ကိုယ်တိုင် ခံစားကြည့်ကြတော့မှာပေါ့!]

[မပြောနဲ့တော့၊ ငါလည်း လှူမယ်၊ ငါလည်း လှူမယ်၊ ဟုတ်ပြီလား?!]

ဂိုဏ်းပေါင်းစုံ အစည်းအဝေး မပြီးခင်မှာပင် ရေတွက်လို့မရသော တပည့်များနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများသည် သုတေသန စီမံကိန်းအတွက် စေတနာ့ဝန်ထမ်းအဖြစ် လျှောက်လွှာများပေးပို့လာကြတော့သည်။

“ဒီသုတေသနကို ရှီးရှန်ဆောင်က ဦးဆောင်ပြီး၊ ဝိညာဉ်ကုန်သည်အသင်းကပံ့ပိုးပေးကာ၊ ကျန်တဲ့ ဝိညာဉ်လမ်းစဉ် ကိုးခုက ဂိုဏ်းတွေက ကူညီပေးတဲ့ သုတေသနအဖွဲ့အဖြစ်ဖွဲ့စည်းထားတာပါ” ဟု စုကျို ကင်မရာကို ကြည့်ကာပြုံးလျက် အမြန် ပြောလိုက်သည်။

“ကဲ အများပြည်သူနဲ့ဆိုင်တဲ့ အစည်းအဝေး ပြီးပါပြီ”

ရှန့်လိုင်လိုင် ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။ နောက်ပိုင်းတွင် အကြီးအကဲများ၏တိတ်တဆိတ် စုံစမ်းစစ်ဆေးမှု အကြောင်းကို စတင် ဆွေးနွေးကြတော့သည်။

ဆယ်ရက်အကြာတွင် ကျန်ရှိနေသော မိစ္ဆာသားရဲလှိုင်းသုံးခုကို ဂိုဏ်းအသီးသီး၏ ကြိုတင် ကာကွယ်မှုများကြောင့် အချိန်မီ နှိမ်နင်းနိုင်ခဲ့သည်။ ထို့နောက်တွင် ဂိုဏ်းတစ်ခုစီမှ အကြီးအကဲ အချို့သည် ‘ပျောက်ကွယ်’ သွားကြပြီး ဂူအောင်းကျင့်ကြံရ တော့မည်ဟု ကြေညာခဲ့ကြသည်။ ဂိုဏ်းတစ်ခုစီတွင် ပါရမီသာမန်သာရှိသည့် တပည့်အသစ်လေး အချို့ပေါ်ထွက်လာကြပြီး အပြင်ဂိုဏ်း သို့မဟုတ် အောက်ခြေအဆင့်များတွင် ကျင့်ကြံရင်း ရယ်စရာကောင်းသော အဖြစ်အပျက်လေးများဖြစ်ပေါ်ခဲ့ရသည်။ အောက်ခြေမှ တက်လှမ်းလာသူများ၏ပုံပြင်အချို့လည်း နှစ်အနည်းငယ်အတွင်းမှာပေါ်ထွက်လာခဲ့သည်။

“ရှောင်ကျို၊ ငါ တစ်ခါမှ မထင်ထားဘူး၊ ဝိညာဉ်စွမ်းအား သန့်စင်သူအဆင့်ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခြေလက်အတုကို ဝတ်ထားပြီး၊ ပါရမီကလည်း အဆိုးဆုံးမဟုတ်ပါဘဲနဲ့ ဝိညာဉ်ကုန်သည်အသင်းရဲ့အပြင်ဂိုဏ်းမှာ ငါ ငတ်သေတော့မလို့ပဲ!”

ငါးနှစ်အကြာတွင် မဟာကျင့်ကြံသူ ရှန့်လိုင်လိုင်သည် မောပန်းနွမ်းနယ်စွာဖြင့်ပြိုလဲသွားပြီး၊ သူမ ဝိညာဉ်သည် ခြေလက်အတု ကိုယ်ထည်မှထွက်ကာ သူမ၏ မဟာကျင့်ကြံသူ ရုပ်ခန္ဓာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။

ဝိညာဉ်ကုန်သည်အသင်းအတွင်း ငါးနှစ်ကြာ တိတ်တဆိတ်စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ပြီးနောက် ရှန့်လိုင်လိုင်သည် ခြေလက်အတုကို ချက်ချင်းပြန်ပေးလိုက်ပြီး သူမ၏ ချစ်လှစွာသောတပည့် စုကျိုထံ လာရောက်ညည်းတွားတော့သည်။

“ဟူး... ငါ့နာမည်ကိုတောင် ထုတ်ပြောမိတော့မလို့ပဲ၊ အသက်ရှင်ဖို့အတွက် ဘယ်လောက်တောင် ကြိုးစားလိုက်ရလဲ သိလား?”

“အို... ဒီအကြီးအကဲ ဗိုက်ဆာနေပြီ၊ ရှောင်ကျို စားစရာတစ်ခုခု ရှိလား?”

“...”

စုကျိုသည် မကြာသေးခင်ကမှ ဆေးလုံးဂိုဏ်းပေးပို့ထားသော၊ ဆေးမီးတောက် ၁၂ မျိုးကို ပန်းထိုးထားသည့် အတွင်းတပည့် ဝတ်စုံဖြူကို ဝတ်ဆင်ထားသည်။ သူမ ပတ်ဝန်းကျင်မှ ရွှေရောင်အလင်းတန်းများကြားတွင် သူမသည် ခြေလက်အတု စီးပွားရေး စီမံကိန်း၏အမြတ်အစွန်း အစီရင်ခံစာကို ဖတ်နေခြင်းဖြစ်သည်။ သူမသည် ချန်ယွမ်ကမ်းပေးသော လက်ဖက်ရည်ကို ယူလိုက်ပြီး စားပွဲပေါ်ရှိ မုန့်များကို ရှန့်လိုင်လိုင် ရှေ့သို့ တိုးပေးလိုက်သည်။

“အကြီးအကဲရှန့်လိုင်လိုင်၊ ရှင် လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ ဝိညာဉ်စွမ်းအား သန့်စင်သူအဆင့် ခြေလက်အတု ၁၂ ခုကို ပျက်စီးအောင် လုပ်ခဲ့တယ်၊ ဒါ လျော်ကြေးစာရင်းပါ”

စုကျို စကားပြောနေစဉ်မှာပင် ချန်ယွမ်သည် စာရွက်စာတမ်း အပုံလိုက်ထဲမှ ရှန့်လိုင်လိုင် ပျက်စီးအောင်လုပ်ခဲ့သည့် ခြေလက်အတု စာရင်းကို အမြန်ရှာတွေ့သွားသည်။ စုကျို ရှန့်လိုင်လိုင်ကိုညွှန်ပြလိုက်သည်။ ချန်ယွမ်မှ, အမူအရာမရှိဘဲ ရှန့်လိုင်လိုင်ထံသို့ ထိုစာရင်းကိုကမ်းပေးလိုက်သည်။

ရှန့်လိုင်လိုင် မျက်နှာနီမြန်းသွားရသည်။

“...”

“ဟေး ရှောင်ကျို၊ ဝါးဟားဟား၊ ငါ နောက်ဆုံးတော့ အောင်မြင်သွားပြီ! ဒီတစ်ခါတော့ ဝိညာဉ်စွမ်းအား သန့်စင်သူ အထွတ်အထိပ် အဆင့်ရှိတဲ့ ခြေလက်အတုနဲ့ ထူးချွန်တဲ့ ပါရမီကိုသုံးပြီး၊ စာမေးပွဲ သုံးခါဖြေပြီးတဲ့နောက်မှာ ဆေးလုံးဂိုဏ်းရဲ့အတွင်းဂိုဏ်းထဲကို ဝင်ခွင့်ရသွားပြီဟေ့၊ ဝါးဟားဟား—”

ဆေးလုံးဂိုဏ်းချုပ်လော့ရွှယ်လျန်သည် ကျယ်လောင်စွာ ရယ်မောလျက် အာကာသကိုဆွဲဖြဲပြီး စုကျို အခန်းထဲသို့ ရောက်လာသည်။ သူအပြင်ထွက်လာသည်နှင့် ရှန့်လိုင်လိုင်လည်းရှိနေသည်ကို တွေ့လိုက်ရသဖြင့် စကားပြောတာကို ချက်ချင်းရပ်လိုက်သည်။

“ဖူး~ ဟားဟားဟား”

ရှန့်လိုင်လိုင်သည် သူပြောတာကို ကြားလိုက်ရတဲ့အခါ အားပါးတရ ရယ်မောပြီး စားပွဲဘေးမှာတင် လဲကျသွားတော့သည်။

“ဘာ ? ဆေးလုံးဂိုဏ်းချုပ်ဖြစ်တဲ့ နင်က ဒီလောက်တောင် အသုံးမကျတာလား?”

“ထူးချွန်တဲ့ ပါရမီလည်းရှိတယ်၊ ဝိညာဉ်စွမ်းအား သန့်စင်သူအထွတ်အထိပ်အဆင့် ကိုယ်ထည်လည်းရှိတာကို၊ အတွင်းဂိုဏ်း ဝင်ခွင့်ရဖို့ သုံးနှစ်တောင်ကျင့်ခဲ့ရတယ်လား? ပြီးတော့ နှစ်ခါတောင် ကျရှုံးခဲ့သေးတယ်၊ ဟားဟားဟား”

“လော့ရွှယ်လျန်၊ နင်က တပည့်တစ်ယောက်ထက်တောင် ညံ့နေပါရော့လား”

“...”

လော့ရွှယ်လျန် အပြုံးမှာ ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

“ပြီးတော့ နင်ရောဘာထူးလို့လဲ ရှန့်လိုင်လိုင်! နင် ဝိညာဉ်ကုန်သည်အသင်းရဲ့ ပြင်ဂိုဏ်းက အဓိကတပည့် အသိုင်းအဝိုင်းထဲကို ဝင်ဖို့အတွက် ဝိညာဉ်စွမ်းအားသန့်စင်သူအထွတ်အထိပ် ကိုယ်ထည် ၁၂ ခုလုံးကိုဖျက်ဆီးခဲ့တာ ငါ မသိဘူးလို့ ထင်နေတာလား?”

“ငါးနှစ်တောင်ကြာတာတောင် နင် အပြင်ဂိုဏ်းမှာပဲ လည်ပတ်နေတုန်း မဟုတ်ဖူးလား”

“...”

“ငါ ကြားတာတော့ နင့်ကိုယ်ထည် နှစ်ခုလုံးက အပြင်ဂိုဏ်းက အဆင့်နိမ့်တပည့်တစ်ယောက်နဲ့ တိုက်ပွဲမှာ ရှုံးနိမ့်ပြီး၊ အဲ့ဒီတပည့်ရဲ့ ဆဲဆိုတာကိုခံရလို့ ဖျားပြီး သေသွားတာဆို? တစ်ခါကတော့ နင်က ကိုယ့်ကိုယ်ကိုယ်ကြွားချင်လို့ မိစ္ဆာကျင့်ကြံသူနောက်ကို လိုက်ဖမ်းရင်း သေသွားတယ်ဆို? နှစ်ခါကတော့ ကျင့်ကြံနေတုန်း စိတ်မရှည်လို့ ကောင်းကင်ကနေ ရွှေတောင် ငွေတောင်တွေ ပြုတ်ကျလာပြီး ဖိမိလို့သေသွားတယ်ဆို?”

“ပြီးတော့ တစ်ခါကတော့ နင်တို့ဂိုဏ်းက လာဘ်စားနေတဲ့ အပြင်ဂိုဏ်းကဆရာကိုဒေါသထွက်ပြီး သွားရိုက်လို့ ဝိညာဉ်ကုန် သည်အသင်းကနေ အထုတ်ခံရတယ်ဆို?... ကျွတ် ကျွတ် ကျွတ်~ နင် ဝိညာဉ်ကုန်သည်အသင်းရဲ့ အပြင်ဂိုဏ်း တပည့်ဘဝကို အောင်မြင်အောင် ဖြတ်သန်းဖို့အတွက် အမည်မသိခြေလက်အတု ၁၂ ခုတောင်ဖြုန်းတီးခဲ့တာပေါ့၊ ဟားဟား၊ နင်ကများ ငါ့ကို ရယ်ရဲသေးတယ်လား?”

လော့ရွှယ်လျန် အားရပါးရ ရယ်မောလျက် ရှန့်လိုင်လိုင်၏လက်ဖက်ရည်ခွက်ကို လုယူကာ တစ်ကျိုက်တည်း သောက်လိုက်သည်။

“ပါးစပ်ပိတ်စမ်း! ငါ့ရဲ့ ကိုယ်ထည် ၁၂ ခုစလုံးက ဝိညာဉ်စွမ်းအားသန့်စင်သူ အဆင့်နိမ့်တွေလေ၊ နင်လိုမျိုး အရှက်မရှိဘဲ ပါရမီရှင် ကိုယ်ထည်ကိုသုံးပြီး ဆေးလုံးဂိုဏ်းရဲ့အတွင်းဂိုဏ်းထဲကို ဝင်တာနဲ့ ဘာဆိုင်လို့လဲ၊ အဲ့ဒါ ဘာဂုဏ်ယူစရာရှိလို့လဲ?”

“နင်သာ ပါးစပ်ပိတ်သင့်တာ၊ အနည်းဆုံးတော့ ငါက ကိုယ်ထည်သုံးခုပဲ သုံးခဲ့တာ၊ နင်ကတော့ ၁၂ ခုတောင်ဖြုန်းခဲ့တာလေ!”

မဟာကျင့်ကြံသူ နှစ်ဦးသည် စုကျိုအခန်းထဲတွင် တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ အချေအတင်ဖြစ်နေကြတော့သည်။

“…အကြီးအကဲတို့ ကျေးဇူးပြုပြီး မရန်ဖြစ်ကြပါနဲ့တော့”

“ဒါ ဝိညာဉ်ကုန်သည်အသင်းရော၊ ဆေးလုံးဂိုဏ်းရဲ့ တပည့်လေ့ကျင့်ရေး လမ်းကြောင်းတွေမှာပါ ပြဿနာတွေ အများကြီး ရှိနေတယ်ဆိုတာကို သက်သေပြနေတာမဟုတ်ဘူးလား?”

စုကျို ဖျောင်းဖျရင်း စားပွဲပေါ်က ကျောက်စိမ်းဖြူ လက်ဖက်ရည်ခွက်ကိုပြန်ယူလိုက်သည်။ အဲ့ဒီခွက်က တစ်ခွက်ကို ဝိညာဉ်ကျောက်တုံး သုံးရာ ပေးရတာလေ။ ရန်ဖြစ်ရင်းနဲ့ ခွက်တွေကွဲကုန်ရင် သူမ အကြွေးလိုက်တောင်းနေရဦးမှာပေါ့။ စုကျိုက ပျင်းတတ်သူဆိုတော့၊ သူ့ ရွှေအမြုတေတွေကိုသုံးပြီး အခန်းထဲက တန်ဖိုးကြီးတဲ့ပစ္စည်းတွေနဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကိုသိမ်းလိုက်တော့သည်။

ချန်ယွမ်သည်လည်း တိတ်တဆိတ်နောက်လှည့်ကာ ထောင့်မှာရှိနေတဲ့ ‘စုကျို ရုပ်သေးကိုယ်ထည်’အား အိပ်ခန်းထဲ ပြန်ရွှေ့လိုက်သည်။

“ဟုတ်တယ် ရှောင်ကျို၊ နင်ပြောတာ မှန်တယ်၊ လော့ရွှယ်လျန် က ဆေးလုံးဂိုဏ်းချုပ် ဖြစ်နေပေမဲ့၊ သူသာ ပြန်ကျင့်ရင် ဆေးလုံးဂိုဏ်းရဲ့ အတွင်းဂိုဏ်းထဲကိုဝင်ဖို့ ခက်ခဲနေဦးမှာပဲ၊ ဒါက ဆေးလုံးဂိုဏ်းရဲ့ အကဲဖြတ်စနစ်က ကျားထက်တောင် ကြမ်းတမ်းနေတယ်ဆိုတာကို သက်သေပြနေတာပဲ! ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်စမ်းပါ လော့ရွှယ်လျန်!”

“သွားစမ်းပါ မင်းဆိုတဲ့ဘရှန့်လိုင်လိုင်တောင်မှ မဟာကျင့်ကြံသူအကြီးအကဲ ဖြစ်နေပြီးတော့ ဝိညာဉ်ကုန်သည်အသင်းရဲ့ အပြင်ဂိုဏ်းဆရာနဲ့ ရန်ဖြစ်သေးတာပဲ မဟုတ်လား ? ဒါက ဝိညာဉ်ကုန်သည်အသင်းကြီး တစ်ခုလုံး ရှုပ်ပွနေတယ်ဆိုတာကို ပြနေတာပဲ!”

“နင့်ဂိုဏ်းက ပိုရှုပ်တာပါ!”

“နင့်ဟာက ပိုရှုပ်တာ!”

စုကျို သက်ပြင်းချလိုက်ပြီး သူမ၏ စီးပွားရေး အစီရင်ခံစာကိုဆက်ဖတ်နေလိုက်သည်။ သူတို့တွေ ခဏလောက်တော့ ထပ်ပြီး ရန်ဖြစ်နေဦးမယ့်ပုံပဲ။

မကြာခင်မှာပဲ ငါးနှစ်ကြာတိတ်တဆိတ် စုံစမ်းစစ်ဆေးရေးကာလ ပြီးဆုံးသွားပြီး၊ ဂိုဏ်းအသီးသီးက အကြီးအကဲတွေဟာ ခြေလက်အတုများအား စုကျို အခန်းထဲပြန်လာပေးကြသည်။

“ဟူး... ငါ တစ်ခါမှ မထင်ထားဘူး၊ နှစ်ပေါင်းများစွာကြာပြီးမှ ငါ့တပည့်ရဲ့ ကိုယ်ထည်ကို သုံးပြီး ကျင့်ကြံမှုကို အသစ်ပြန်စတာ တောင်၊ နတ်လက်နက်လမ်းစဉ်ရဲ့အတွင်းဂိုဏ်း စာမေးပွဲကိုတောင် မအောင်နိုင်ဘူး၊ ဟူး... ငါ အရင်ကထုတ်ခဲ့တဲ့ စာမေးပွဲ မေးခွန်းတွေက အရမ်းခက်ခဲ့တာပဲ”

“...”

“ငါးနှစ်တောင် ပြီးသွားပြီလား? ရှောင်ကျို၊ ဒီကိုယ်ထည်ကို နောက်ထပ် သုံးနှစ်လောက်ထပ်ငှားလို့ ရမလား? ငါတို့ စာဆိုတော်ခန်းမရဲ့ အပြင်ဂိုဏ်းထဲကိုတောင် ငါ မဝင်ရသေးဘူး”

“...” စုကျို တိတ်ဆိတ်သွားသည်။

အိပ်ခန်းအတွင်းမှာတော့ ချန်ယွမ် အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ ထို့နောက် ‘စုကျို ရုပ်သေး’ ရဲ့ လက်တွေ ခြေထောက်တွေကို သေသေချာချာပြန်သုတ်ပေးနေသည်။ သူ လက်ချောင်း ခြေချောင်းလေးတွေကို တောက်ပြောင် အောင်တိုက်ပေးပြီး ဖုန်မှုန့်လေး တစ်စမှမရှိအောင် လုပ်ပေးနေခြင်းဖြစ်သည်။ ထို့နောက်တွင် မနက်ဖြန်ကျရင် ရုပ်သေး ၁၈ ရုပ်ကို ဘယ်လို ဝတ်စုံတွေဝတ်ပေးရမလဲဆိုတာ သူ စတင်စဉ်းစားနေတော့သည်။

အားလုံး အဆင်သင့်ဖြစ်သွားတဲ့ အခါမှာတော့ အပြင်ကရန်ဖြစ်သံတွေက အခုထိ မပြီးဆုံးသေးပါဘူး။ အဲ့ဒီအခါမှ ချန်ယွမ် မျက်မှောင်ကြုတ်ပြီး အပြင်ထွက်လာကာ၊ စုကျို ဘေးစားပွဲမှာထိုင်လျက် တစ်ခုခုကိုစရေးတော့သည်။

“အချုပ်အားဖြင့် ပြောရရင်တော့၊ ဒီငါးနှစ်ကြာ တိတ်တဆိတ် စုံစမ်းစစ်ဆေးမှုက ပြီးဆုံးသွားပါပြီ၊ ပြဿနာတွေ အများကြီးကို လည်း ရှာတွေ့ခဲ့ကြပါတယ်၊ အကြီးအကဲတို့ အပင်ပန်းခံခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” စုကျိုက ချန်ယွမ် ရေးပြီးတာနဲ့ နိဂုံးချုပ် စကားပြောလိုက်သည်။

သူမက အကြီးအကဲတွေကို စကားဖြတ်ဖို့ အချက်ပြလိုက်သည်။ သူမသည် ချန်ယွမ်ရေးထားတဲ့ စာမူကို ယူလိုက်ပြီး သူတို့ကြားထဲမှာ လှည့်ပတ်ဖတ်ခိုင်းလိုက်သည်။

“ဒါကတော့ ဂိုဏ်းတစ်ခုစီရဲ့ပြဿနာတွေနဲ့ အဲ့ဒါတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ ချန်ယွမ်ရဲ့အကြံပြုချက်တွေပါ၊ အရင်ဆုံး ပြန်ယူသွားပြီး ဖတ်ကြည့်ကြပါဦး”

“ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးသွားရင်တော့၊ ဒုတိယအသုတ် တိတ်တဆိတ် စုံစမ်းစစ်ဆေးမှုတွေကို ထပ်လုပ်လို့ရတာပေါ့” ဟု စုကျို သူ့ နားထင်ကိုဖိရင်း ပြောလိုက်သည်။

ရှန့်လိုင်လိုင်နှင့် အခြားသူများ ရယ်မောလိုက်ကြသည်။

“ကောင်းပြီ၊ ငါတို့တွေ ပြန်သွားပြီး ပြုပြင်ပြောင်းလဲမှုတွေကို ကြီးကြပ်လိုက်မယ်၊ ပြီးတော့ စုံစမ်းစစ်ဆေးရေး အစီအစဉ်အသစ်ကို လည်း ချက်ချင်းစတင်နိုင်အောင် ကြိုးစားပါ့မယ်”

ဒီအကြီးအကဲတွေကတော့ လူသစ်တွေအဖြစ် ဟန်ဆောင်ပြီး သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကို ပြန်လျှောက်ရတာကို တော်တော်လေး စွဲလမ်းနေကြပုံပါပဲ။ ဂိုဏ်းအတွင်းက ပြဿနာတွေကိုရှာတွေ့ရုံတင်မကဘဲ၊ သူတို့ရဲ့ ကိုယ်ပိုင်ကျင့်စဉ်လမ်း ကြောင်းက အားနည်းချက်တွေကိုပါ ရှာတွေ့ခဲ့ကြတာကိုး။

All Chapters