အခန်း (၁၉၉)
Vol. 20 Ch. 199
🥝 Chapter 199
“အသုံးဝင်တယ်ဆိုရင်တော့ ကောင်းတာပေါ့” စုကျို ခေါင်းညိတ်လိုက်သည်။
“ပြန်မသွားခင်မှာ ခြေလက်အတုတွေအတွက် ပိုထွက်သွားတဲ့ စရိတ်တွေနဲ့၊ ဂိုဏ်းပြုပြင်ပြောင်းလဲရေးအတွက် အကြံပေးခတွေကို အရင် ရှင်းသွားကြဦးနော်”
“...”
ဂိုဏ်းတစ်ခုစီရဲ့မသိမသာ လုပ်ဆောင်နေတဲ့ စည်းကမ်းတွေ၊ ဖုံးကွယ်ထားတဲ့ လာဘ်စားမှုတွေ၊ ရင်းမြစ် ရှားပါးမှုတွေနဲ့ တခြား ပြဿနာတွေကို စနစ်တကျအစီအစဉ်ဆွဲပြီး တစ်ခုချင်းစီ ဖြေရှင်းခဲ့ကြသည်။ အဲ့ဒီပြဿနာတွေက နှစ်ပေါင်းများစွာ စုပုံနေခဲ့တာဆို တော့ တစ်ညတည်းနဲ့တော့အကုန်မပျောက်နိုင်ပါဘူး။ သို့သော် စုကျိုထုတ်လုပ်ပေးတဲ့ ခြေလက်အတုတွေကိုသုံးကာ ထပ်ခါတလဲလဲ ရှာဖွေစုံစမ်းခဲ့မှုကြောင့် ဂိုဏ်းတွေတဖြည်းဖြည်းတိုးတက်လာခဲ့သည်။
“ရှောင်ကျို ရှိနေလို့၊ ဒီနှစ်မှာ နိမ့်ကျတဲ့ ပါရမီရှိတဲ့ ဝိညာဉ်စွမ်းအင်ကို ထူးချွန်တဲ့အဆင့်အထိမြှင့်တင်နိုင်မယ့် ကျင့်စဉ်တစ်ခုကို ငါတို့ ရှာတွေ့ခဲ့ပြီ”
“ဂိုဏ်းတွေ ပိုပြီးသင့်မြတ်လာကြသလို၊ တပည့်တွေလည်း စိတ်လက်ပေါ့ပါးပြီး ဂိုဏ်းအပေါ် သံယောဇဉ်ပိုရှိလာကြတယ်”
“အမှန်ပဲ၊ ခြေလက်အတုတွေရှိလာလို့ ကျင့်ကြံသူတွေရဲ့ဒန်ထျန်နဲ့ ရုပ်ခန္ဓာအပေါ် နားလည်မှုနဲ့အသုံးချနိုင်မှုဟာ အရင်က မရှိခဲ့ဖူးတဲ့ အဆင့်ကိုရောက်သွားခဲ့ပြီ”
ဂိုဏ်းတစ်ခုစီက အကြီးအကဲတွေဟာ စုကျိုကို လူအများရှေ့မှာချီးကျူးခဲ့ကြသည်။
“မနေ့ကပဲ ဝိညာဉ်အသွင်ပြောင်းအဆင့်ကနေ မဟာကျင့်ကြံသူအဆင့်ကို တက်လှမ်းနိုင်မယ့် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်း ၁၀ ခုကို ငါတို့ သုတေသန လုပ်နိုင်ခဲ့တယ်”
ရှီးရှန်ဆောင် ဂိုဏ်းချုပ်သည် လုကျိကျောင်း၏ခြေလက်အတုကို သုံး၍ နတ်လက်နက်လမ်းစဉ်မှ ဂိုဏ်းချုပ်ကို ဧည့်ခံနေခြင်း ဖြစ်သည်။
နတ်လက်နက်လမ်းစဉ် ဂိုဏ်းချုပ်မျက်လုံးများ လင်းလက်သွားသည်။
“တိုက်ဆိုင်လိုက်တာ! အထက်ဘုံတက်ခါစကျင့်ကြံသူတစ်ယောက်အနေနဲ့ အန္တရာယ်နဲ့ ကြုံတဲ့အခါ၊ အထက်ဘုံရဲ့ အထွတ်အထိပ် အဆင့်ကို အတင်းအကျပ်တက်လှမ်းနိုင်စေမယ့် လျှို့ဝှက်နည်းစနစ်တစ်ခုကို ငါတို့ ရှာတွေ့ထားတယ်”
နှစ်ယောက်လုံး လရောင်အောက်မှာ ခွက်ချင်းတိုက်လိုက်ကြသည်။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ရဲ့ ဆက်သွယ်ရေးကျောက်တုံးတွေ လင်းလာတော့သည်။
“ဒုက္ခပဲ! ဂိုဏ်းချုပ်!”
“ကျွန်တော်တို့ရဲ့ ဝိညာဉ်အသွင်ပြောင်းအဆင့် သုတေသနက အရမ်းအောင်မြင်သွားတယ်!”
“တစ်သက်တစ်ကျွန်းကျနေတဲ့ အကျဉ်းသားကျိုးကျန့်ဟဲကို စမ်းသပ်ခိုင်းလိုက်တာ၊ အာ... သူ အထက်ဘုံရဲ့ အထွတ်အထိပ်အဆင့်ကိုပေါက်ထွက်သွားပြီးတော့ အခုပဲ ထွက်ပြေးသွားပါပြီ!”
“???”
“ဂိုဏ်းချုပ်၊ စုကျိုကို အမြန်အကြောင်းကြားလိုက်ပါ! ကျိုးကျန့်ဟဲ သူ့ကို သွားရှာမှာသေချာတယ်!”
“!!!”
အမှောင်ထုထဲတွင်၊ ကာကွယ်ရေးအားလုံးကို လျစ်လျူရှုနိုင်လောက်အောင် အင်အားကြီးမားသောပုံရိပ်တစ်ခုသည် အထက်ဘုံ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး၏အရှိန်ဖြင့် တယ်လီပို့လုပ်လာခဲ့ရာ၊ စုကျို ကုတင်ဘေးမှာ ချက်ချင်းပေါ်လာတော့သည်။
ကျိုးကျန့်ဟဲမျက်နှာမှာ အမှောင်ထဲမှာ တစ်ဝက်ဖုံးကွယ်နေသည်။
“မင်းကို ကျိုအာလို့ပဲခေါ်ရမလား၊ ဒါမှမဟုတ်... စုကျို လို့ပဲ ခေါ်ရမလား?”
ကျိုးကျန့်ဟဲ အသံမှာ အက်ကွဲနေပြီး၊ သူ့ မျက်လုံးများမှာ သွေးရောင်လွှမ်းနေသော လမင်းကြီးကဲ့သို့ပင်။
“ငါနဲ့အတူ အနားယူဖို့လိုက်ခဲ့မလား?”
“လောကမှာ အစွမ်းထက်ဆုံး စွမ်းအားတွေကို ပိုင်ဆိုင်ထားရင်တောင်မှ၊ ဘယ်လောက်အထိ အထီးကျန်ရလဲဆိုတာ ငါ အခုမှ သိလိုက်ရတယ်...”
“ဘယ်သူကမှ ငါ့ကို စကားမပြောကြတော့ဘူး၊ ငါ့ကို မယုံကြတော့ဘူး၊ ငါ့အပေါ် မကောင်းကြတော့ဘူး”
“ရှောင်ကျို၊ ငါ မင်းကို ခွင့်လွှတ်ပါတယ်၊ မင်း တခြားလူတွေနဲ့ ရှိခဲ့ရင်တောင်မှ ငါ ခွင့်လွှတ်တယ်...”
“မင်း အရင်လိုပဲ ပြန်ဖြစ်ပေးရင်၊ ငါ့အပေါ် အရင်လိုပဲ ဆက်ဆံပေးမယ်ဆိုရင်ရပါပြီ၊ ဟုတ်ပြီလား?”
ကျိုးကျန့်ဟဲသည် စောင်အပြင်ဘက်ရှိ စုကျို၏အေးစက်ပြီး ဖြူဖွေးသော လက်ချောင်းလေးတွေကိုလှမ်းကိုင်ဖို့ လက်ကို ဆန့်လိုက် သည်။ သို့သော်လည်း စူးရှသောဓားချက်တစ်ခုသည် သူ့ထံသို့ တစ်ခဏချင်းမှာပျံဝဲလာတော့သည်!
ကျိုးကျန့်ဟဲ ပါးပြင်မှာ သွေးစက်များစီးကျလာသည်။ သူ ထိတ်လန့်တကြားလှည့်ကြည့်လိုက်ရာ၊ လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး အေးစက်သော အမူအရာရှိသည့် မိစ္ဆာကြီးချန်ယွမ် အခန်းထဲသို့ဝင်လာသည်ကို တွေ့လိုက်ရသည်။
“သူ့ကို မထိနဲ့”
မိစ္ဆာကြီး၏စကားလုံးများမှာ ရေခဲတမျှအေးစက်လှသည်။
ကျိုးကျန့်ဟဲကို ရိုက်ခဲ့သည့် သစ်သား လက်ဖက်ရည်ခွက်လင်ဗန်းမှာ မြေပြင်ပေါ်ကျပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့သည်။ ကျိုးကျန့်ဟဲ ဒေါသထွက်သွားသော်လည်း အံ့ဩသွားမိသည်။
သာမန် လက်ဖက်ရည်ခွက်လင်ဗန်းတစ်ခုက ဘယ်လိုဖြစ်ပြီး ဒီမိစ္ဆာကြီးရဲ့လက်ထဲမှာ ဓားတစ်လက်လိုဖြစ်နေရတာလဲ၊ သူ့ အသားကိုတောင် လှီးဖြတ်သွားနိုင်တယ်လား? သူက အခု မဟာကျင့်ကြံသူ အထွတ်အထိပ်အဆင့်ရှိနေတာလေ!
သူ ဟိုအရူးတွေ သုတေသနလုပ်ထားတဲ့ မဟာကျင့်ကြံသူ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ပုံတူကို အတင်းအကျပ် ဝါးမြိုလိုက်တာ လေ! အခု သူက အစွမ်းထက်ဆုံးပဲ! သူ့ရဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ပုံတူကို သုတေသနလုပ်နေကြတဲ့ ဟို မဟာကျင့်ကြံသူ အဘိုးကြီးတွေထက်တောင် သူက ပိုပြီးအစွမ်းထက်သေးတယ်!
“ကောင်းတယ်၊ မင်း ရောက်လာတာ ကောင်းတယ်!”
“မင်း မလာရင်တောင်မှ၊ ငါ မင်းဆီကို လာမလို့ပဲ! ရှောင်ကျိုနားမှာ ကပ်တွယ်နေတဲ့ အရှက်မရှိတဲ့ အညစ်အပတ်မိစ္ဆာ!”
ကျိုးကျန့်ဟဲသည် သူ့ပါးပြင်ပေါ်က သွေးစထွက်နေတဲ့ ဓားရာလေးကိုထိလိုက်ပြီး မောက်မာစွာထရပ်လိုက်သည်။ လက်နှင့် တစ်ချက်ထိလိုက်ရုံနဲ့တင် ပါးပေါ်က ဒဏ်ရာက လုံးဝပြန်ကောင်းသွားတော့သည်။ ချန်ယွမ် သူ့ကို အမူအရာမရှိဘဲ ကြည့်လိုက်ပြီး၊ သူ ကာကွယ်ထားတဲ့ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်အမြန်တင်လိုက်သည်။
“နောက်ဆုံးတော့၊ ငါ မင်းကို စောင့်နေခဲ့တာ”
ကျိုးကျန့်ဟဲ : “?”
“ဒါက သူ ညတိုင်းအိပ်ခါနီး သောက်နေကျ လက်ဖက်ရည်လေ၊ ငါ ကိုးရက်တိုင်တိုင်စုဆောင်းထားတဲ့ နှင်းရည်နဲ့ဖျော်ထားတာ”
“မင်း အဲ့ဒါကို ပေကျံအောင်မလုပ်တာ အကောင်းဆုံးပဲ” ချန်ယွမ် သူ့ကျောပေါ် ခြင်္သေ့ပေါက်လေးရှောင်ပိုင်ကို တင်လျက် အေးစက်စွာ ပြောလိုက်သည်။
“ဟားဟားဟား၊ မင်း ငါ့ကို ခြိမ်းခြောက်နေတာလား၊ ငါ့ကို စောင့်နေတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ? အခု ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲဆိုတာ မင်း သိရဲ့လား ?”
ကျိုးကျန့်ဟဲက ရယ်မောလိုက်ရာ၊ သူ့ အရှိန်အဝါမှာ ချက်ချင်း မဟာကျင့်ကြံသူအထွတ်အထိပ်အဆင့်အထိ တက်လှမ်းသွားတော့ သည်။
ထွက်ပေါ်လာတဲ့ ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးကြောင့် အခန်းထဲရှိ လက်ဖက်ရည် စားပွဲမှာ မှောက်ခုံဖြစ်သွားတော့သည်။ ချန်ယွမ် သူ့ကို အေးစက်စွာစိုက်ကြည့်လျက်၊ လက်တစ်ဖက်နဲ့ လက်ဖက်ရည်ခွက်ကိုကာကွယ်လိုက်သည်။ ထို့နောက် ကျန်တဲ့ လက်တစ်ဖက်နှင့် သူ့ ရင်ဘတ်ကို ချက်ချင်းထိုးဖောက်လိုက်သည်။
ကျိုးကျန့်ဟဲ၏အံ့ဩနေသော အကြည့်အောက်တွင်၊ ချန်ယွမ့် နံရိုးများ ပေါ်လာပြီး၊ ထိုးဖောက်ခံရသော ရင်ဘတ်ထဲကနေ တောက်ပလှသော သက်တံရောင်ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာသည်။ ကျိုးကျန့်ဟဲသည် အံ့ဩလွန်းသဖြင့် ဆွံ့အသွားစဉ်မှာပဲ၊ မိစ္ဆာကြီး ခန္ဓာကိုယ်ထဲကနေ တောက်လျှောက်စီးထွက်လာသည့် ကြောက်စရာကောင်းလှသော အရှိန်အဝါကို သူ ခံစားလိုက်ရသည်၊ သူ့ ဝိညာဉ်တောင်မှ အလိုအလျောက်ကြောက်ရွံ့လာရသည်။
“ဒါ... ဒါ ဘာကြီးလဲ...”
ပိုးကောင်ကြီးရှောင်ပိုင်သည် မြိန်ရှက်စရာတစ်ခုခုရဲ့အနံ့ကို ရလိုက်သလိုမျိုး၊ စိတ်လှုပ်ရှားစွာ သူ့နောက်ကနေခုန်ထွက်လာပြီး ချန်ယွမ်ရင်ဘတ်မှာ ချက်ချင်းကပ်လိုက်တော့သည်။ တစ်ချက်တည်းနဲ့တင်၊ သက်တံရောင်အလင်းတန်းတွေနှင့် သူ့ရင်ဘတ်ထဲမှ အရိုးအပိုင်းအစတစ်ဝက်ကို ရှောင်ပိုင် ဝါးမြိုပစ်လိုက်သည်။
အဲ့ဒီအချိန်မှာတင် ချန်ယွမ့်အရှိန်အဝါဟာ ရုတ်တရက် ရူးသွပ်စွာထိုးတက်သွားတော့သည်! သူ့အသားနဲ့ အရိုးတွေထဲ စွမ်းအင် ဝဲဂယက်ကြီးတစ်ခုပေါက်ကွဲသွားသလိုပါပဲ။
ရွှေအမြုတေအထွတ်အထိပ်... ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အစောပိုင်း... ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အထွတ်အထိပ်... မဟာကျင့်ကြံသူ... မဟာကျင့်ကြံသူအထွတ်အထိပ်... တစ်ခဏအတွင်းမှာပဲ ကျိုးကျန့်ဟဲသည် တောင်ကြီးတစ်လုံးလိုဖိနှိပ်ထားတဲ့ ဖိအားကြီးကို ခံစားလိုက်ရသည်! သူ့ရှေ့မှာ ရှိနေတာက စုကျိုဘေးက မိစ္ဆာကြီးမဟုတ်တော့ပါဘူး။ ရှေးဟောင်းမိစ္ဆာသားရဲကြီး တစ်ကောင်ပင်!
မဟာကျင့်ကြံသူ အထွတ်အထိပ်အဆင့်ထက်တောင် ကျော်လွန်သွားတာလား? ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!
ကျိုးကျန့်ဟဲ ဝိညာဉ်တုန်လှုပ်သွားသည်။
“မင်းက ဘယ်သူလဲ... မင်းက သာမန် မိစ္ဆာတစ်ကောင် မဟုတ်ဘူးလား?”
“ဟင်?”
ရေချိုးပြီးခါစ စုကျိုသည် တံခါးကိုတွန်းဖွင့်ပြီး ဝင်လာခဲ့ရာ၊ သူ့ ရုပ်သေးကုတင်ရှေ့မှာရပ်နေတဲ့ မဟာကျင့်ကြံသူ အထွတ်အထိပ် အဆင့် ကျိုးကျန့်ဟဲကို အံ့ဩတကြီးကြည့်လိုက်သည်။
“?”
သူမ ခေါင်းကို ပြန်လှည့်လိုက်ရာ၊ သူမ အကြည့်မှာ အခန်းထဲရှိ လှပလွန်းသောမိစ္ဆာကြီးဆီသို့ ရောက်ရှိသွားသည်။ သူ့ ငွေရောင် ဆံနွယ်ရှည်များမှာ ခြေကျင်းဝတ်အထိကျနေပြီး၊ သူ့ဝတ်ရုံပြင်ပမှာလည်း သွေးစက်များပေကျံနေသည်။ သူ့ဖြူဖွေးသော ခြေထောက်များမှာလည်း သွေးအိုင်ထဲရပ်နေသည့်အလားပင်။
ဤလှပသော မိစ္ဆာကြီး၏အသားအရေမှာ နှင်းပွင့်လို ဖြူဖွေးနေသော်ငြား သူ့မျက်လုံးများမှာ ကင်းမြီးကောက်အမြီးကဲ့သို့ အလှဆင်ထားပြီး၊ သူ့ ရေခဲပြာရောင်အကြေးခွံများမှာ ငွေရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည်။
သူသည် ခြေဗလာဖြင့်၊ သွေးပေနေသော သူ့ခြေလှမ်းများဖြင့် သူမထံသို့လျှောက်လာသည်။ သူမရှေ့မှာ သူ ဒူးထောက်လိုက်ပြီး ခေါင်းညွှတ်လိုက်သည်။
“စုစု ကျိုးကျန့်ဟဲက တိုက်ခိုက်နေတယ်”
“အခု ကျွန်တော့်ကို ပုံတူပွားတော့မလား”
ခြေကျင်းဝတ်အထိ ကျနေသည့် ငွေရောင်ဆံနွယ်များနှင့် မိစ္ဆာကြီးသည် ဒူးထောက်ကာ ခေါင်းညွှတ်လိုက်သည်။ စုကျို တစ်ချက်လေးမျှ မလှုပ်ရှားမီမှာပင် ကုတင်ဘေးရှိကျိုးကျန့်ဟဲမှာ ရူးသွပ်လုနီးပါး ဖြစ်နေချေပြီ။
သူသည် ကျိုးကျန့်ဟဲကို တိုက်ရိုက်ပင်သတ်နိုင်ပါသည်> သို့သော်လည်း ထိုသို့မလုပ်ဘဲ စုကျိုကို သူ့အား ပုံတူပွားစေကာ ကိုးယောက်အထိပြုလုပ်ပြီးမှ သူ့ကို သတ်စေချင်နေခြင်းလော ? ဒါက စော်ကားခြင်းလား? သို့မဟုတ် သူတို့ တစ်ခုခု ကစားနေကြခြင်းလော!
“ချန်ယွမ်...”
ချန်ယွမ်သည် ယခုအခါငွေရောင်ပြောင်းသွားပြီဖြစ်သော သူh မျက်တောင်များကို နှိမ့်ချလိုက်ပြီး မျက်စိကို အသာအယာ မှိတ်လိုက်သည်။
“အရူး၊ မင်း ငါ့ကို အခုပဲ သတ်လိုက်လို့ရတယ်...”
ကျိုးကျန့်ဟဲသည် ရူးသွပ်စွာအော်ဟစ်လိုက်သော်လည်း ရုတ်တရက် သူ့လည်ပင်းမှာ အစ်သွားသကဲ့သို့ ဖြစ်ကာ စကားပင် ဆက်မပြောနိုင်တော့ပေ။ ချန်ယွမ့်ဆံနွယ်ရှည်များ လွင့်ပျံသွားပြီး သူသည် နောက်သို့လှည့်ကာ သူ့ကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ခြိမ်းခြောက်မှုများ ပြည့်နှက်နေသော အကြည့်ပင်။
“စုစု၊ ချန်ယွမ် ပုံတူပွားပါရစေ... ဒါမှ ချန်ယွမ်ကိုးယောက်က စုစုကိုကာကွယ်ပေးပြီး စုစုကိုစောင့်ရှောက်ပေးနိုင်မှာပေါ့”
ကျိုးကျန့်ဟဲသည် ယခုအခါတွင် သူဤမိစ္ဆာကြီးနှင့် စုကျိုတို့၏ကစားပွဲထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီဆိုသည်ကို အသေအချာ သိလိုက်ရသည်။ စုကျို မျက်လုံးများသည် ခိုင်မာသော်လည်း နွေးထွေးနေသည်။ သူမသည် သူမ လက်ဝါးဖြင့် ထိတွေ့နေသော မိစ္ဆာကြီး၏ဖြူလျော်သော နဖူးပေါ်သို့ သူ့လက်ကိုတင်လိုက်သည်။
“အင်း၊ ဒါဆို ဒါက နင့်ရဲ့ အစွမ်းအထက်ဆုံးပုံစံပေါ့လေ ချန်ယွမ်”
စုကျို ပြုံးလိုက်ရာ သူမ နဖူးပေါ်တွင် နေနာရီပုံစံအင်းကွက်တစ်ခု လင်းလက်လာသည်။
“ဒါဆိုရင် ငါလည်း ငါ့ရဲ့ ဒီဘဝမှာအစွမ်းအထက်ဆုံးဖြစ်လာမယ့် အခြေအနေနဲ့ ချန်ယွမ်ရဲ့အစွမ်းအထက်ဆုံးပုံစံကို တွေ့ဆုံရမှာပေါ့”
ကျိုးကျန့်ဟဲ : “!”
“အချိန်တွေ ရှေ့ဆက်သွားစမ်း” စုကျို၏နီရဲသော နှုတ်ခမ်းလွှာများ အသာအယာ ပွင့်ဟသွားသည်။ သူမ နဖူးပေါ်မှ နေနာရီသည် သူမအား ဝန်းရံလိုက်သည်။ သူမ၏နက်မှောင်သော ဆံနွယ်များသည် ရေတံခွန်ကဲ့သို့ ရှည်ထွက်လာပြီး ခါးမှသည် ခြေကျင်းဝတ် အထိကျဆင်းသွားတော့သည်။ သူမ၏ကြည်လင်သော ဖီးနစ်မျက်လုံးများသည် ပိုပြင်းထန်ပြီး တောက်ပသော အလင်းတန်းများဖြင့် လင်းလက်လာကာ ရင့်ကျက်သည့်ပုံစံသို့ ရောက်ရှိသွားသည်။
ချန်ယွမ်၏ဖျော့တော့သော သူငယ်အိမ်များထဲတွင် ပိုလှပပြီး နက်နဲသောအမျိုးသမီးမျက်နှာတစ်ခု ချက်ချင်းရောင်ပြန်ဟပ်လာ သည်။ သူမ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် အချိန်မြစ်ကြောင်းအတွင်း လျင်မြန်စွာခရီးနှင်သွားပြီး တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်... အနှစ်နှစ်ဆယ်အကြာသို့ ရောက်ရှိသွားတော့သည်။ ကျင့်ကြံခြင်းလောကတွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ နှစ်ပေါင်းသုံးရာအထိရှိနိုင်သည် မဟုတ်ပါလား။ အနှစ်နှစ်ဆယ်ဆိုသည်မှာ ခဏတာမျှသာ။
မျက်စိတစ်မှိတ်အတွင်းမှာပင် စုကျိုသည် အနှစ်နှစ်ဆယ်အကြာသို့ရောက်ရှိသွားခဲ့ပြီး၊ သူမ ရွှေအမြုတေကို နေ့ညမပြတ် ကျင့်ကြံခဲ့သဖြင့် ဝိညာဉ်အသွင်ပြောင်းအဆင့်အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
“အားယွမ်၊ အခု ငါ နင့်ကို ပုံတူပွားပေးတော့မယ်”
စုကျို ညာဘက်လက်ချောင်းထိပ်များမှ ပတ်တီးမှာ အလိုအလျောက်ပျော်ဝင်သွားပြီး သူမ လက်ချောင်းများမှ နွေးထွေးသော ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူမ၏နွေးထွေးသော လက်ချောင်းထိပ်များသည် မိစ္ဆာကြီး၏ ငွေရောင်ဆံနွယ်များအတွင်းသို့တိုးဝင်သွားပြီး သူမ နွေးထွေးသောလက်ဝါးမှာ ချန်ယွမ့်၏ အေးစက်ပြီးကျောက်စိမ်းလို ချောမွေ့သော အသားအရေကိုထိတွေ့လိုက်သည်။ သူမ အားပါပါ ဖိချလိုက်သည်။
ချန်ယွမ်သည် မျက်လုံးဖွင့်လိုက်ပြီးမှပြန်မှိတ်လိုက်သည်။
“အင်း”
“!”
ကျိုးကျန့်ဟဲသည် သူ ပြန်လည်ဆုံတွေ့ခဲ့ရသော အမျိုးသမီးမှာ သူ မှတ်မိနေသည့် ကျိုအာမဟုတ်တော့ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။ ယနေ့တွင် သူမသည်သာ အရာအားလုံးကိုထိန်းချုပ်သူဖြစ်ပြီး၊ တခြားသူ၏ထိန်းချုပ်ခြင်းကို ခံရသည့် အမျိုးသမီးမဟုတ်တော့ပေ။ ကျိုးကျန့်ဟဲ ဆုံးရှုံးမှုကြီးစွာခံစားလိုက်ရပြီး သူ အစွမ်းကုန်အော်ဟစ်လိုက်သည်။