← Chapters

အခန်း (၁၀၁)

Vol. 11 Ch. 101

အခန်း (၁၀၁)

Vol. 11 Ch. 101

101

​"ညီမထောင်ဟွား ဒီမှာခုံလေးရှိတယ် တက်လိုက်လေ"

ရှန်းမင် ပြောလိုက်သည်။

​ကျိုးထောင်ဟွား ပြုံးလိုက်မိ၏။ရှန်းမင်သည် တစ်ကယ့်ကိုစဉ်းစားပေးတတ်သူပေ။

​ကျိုးထောင်ဟွားသည် ပျော်ရွှင်စွာဖြင့် ခုံပေါ်တက်လိုက်သည်။သူမအရပ်မှာ တစ်မီတာခွဲခန့်သာရှိသော်လည်း ခုံလေးကြောင့် မြင်ကွင်းမှာရှင်းလင်းပြတ်သားသွားလေ၏။

​သူမခေါင်းလှည့်ကြည့်လိုက်ရာ ရှန်းမင်မှာ သူမဘေးတွင်ရပ်နေသည်ကိုတွေ့လိုက်ရသဖြင့် ကြိတ်ပြီးပြုံးလိုက်မိသည်။ပိတ်ဂါဝန်အနီရောင်ကိုဝတ်ဆင်ကာ ခေါင်းထက်အနီရောင်ပုဝါအုပ်ထားသော ကျန်းချွေ့အာကို နွားလှည်းပေါ်မှဆင်းနိုင်ရန် ကျိုးဖုန်းတွဲပေးလိုက်၏။

​လူအုပ်ကြီးဝန်းရံလျက် မင်္ဂလာမောင်နှံသည် ခြံဝင်းထဲသို့ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်လာကြရာ ရွာသားများမှာ သူတို့အတွက်လမ်းဖယ်ပေးလိုက်ကြသည်။

​ကျိုးထောင်ဟွားရှေ့တွင် ရပ်နေသော ရွာသားတစ်ဦးသည် သူမခုံပေါ်တက်ရပ်နေသည်ကို သတိမထားမိဘဲနောက်သို့ ဆုတ်လိုက်ရာ သူမအားတိုက်မိ၍ပြုတ်ကျသွားစေ၏။

​"!!!"

​ကျိုးထောင်ဟွား ထိတ်လန့်သွားကာတစ်စုံတစ်ခုကိုလှမ်းဆွဲရန် လက်မြှောက်လိုက်သော်လည်း သူမခန္ဓာကိုယ်အားမထိန်းချုပ်နိုင်တော့ဘဲ နောက်သို့လဲကျသွားလေသည်။

​ဗုံသံများ၊ရွာသားများ၏ပျော်ရွှင်စွာ ရယ်မောသံများနှင့် ဆုတောင်းပေးသံများသည် ကျိုးထောင်ဟွား၏အော်သံကို လွှမ်းမိုးသွားလေ၏။​ကျိုးထောင်ဟွားမှာ သူမတင်ပါးဖြင့် မြေကြီးမိတ်ဆက်တော့မည်ဟုထင်လိုက်ချိန်မှာပင် တစ်စုံတစ်ယောက်မှသူမအား မြဲမြံစွာဖမ်းလိုက်နိုင်သည်။

​ကျိုးထောင်ဟွား အစတွင်လန့်သွားသော်လည်း ထိုလူ့ထံကြောက်ရွံ့စိတ်မပြေသေးသောမျက်လုံးများဖြင့် ကြည့်လိုက်မိ၏။​သူမနှုတ်ခမ်းများသည် ရှန်းမင်ပါးပြင်ကိုပွတ်သပ်မိသွားပြီး ထိုခဏချင်းမှာပင် ဝိညာဉ်စွမ်းအင်အများအပြား သူမခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာလေသည်။သူတို့နှစ်ဦးကြား လျှပ်စီးကြောင်းတစ်ခုဖြတ်သွားသလို ကျိုးထောင်ဟွားခံစားလိုက်ရ၏။

​ရှန်းမင်သည်လည်း သူ့ပါးပြင်မှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ လျှပ်စီးကြောင်းတစ်ခုစီးဆင်းသွားသလို ခံစားလိုက်ရသည်။​ရှန်းမင်သည် ကျိုးထောင်ဟွားကိုမြေကြီးပေါ်သို့ ချက်ချင်းပြန်ချပေးလိုက်ပြီး သူမအားလွှတ်ပေးလိုက်ချိန်ထိ ထိုအထိအတွေ့ကို တမ်းတနေမိသေး၏။​ကျိုးထောင်ဟွားနှုတ်ခမ်းများ ထုံထိုင်းသွားရပြီး မျက်နှာတစ်ခုလုံးလည်းနီမြန်းလာတော့သည်။

​သူမ သူ့ကိုခုနကနမ်းလိုက်မိတာလား။အရင်တစ်ခေါက်တုန်းက သူမမူးနေလို့ဆိုပေမယ့် ဒီတစ်ခါကျတော့......

​သူမ တမင်လုပ်တာမဟုတ်ရပါဘူး။

​ကျိုးထောင်ဟွား ရှန်းမင်အကြည့်ကိုပြန်မကြည့်ရဲတော့ဘဲ လူအုပ်ကြီးနောက်သာလိုက်၍ ခြံဝင်းထဲသို့အမြန်ဝင်သွားလိုက်သည်။​ပွဲအခမ်းအနားအားကြည့်ရန် ရွာသားတိုင်းရောက်နေကြပြီဖြစ်ရာ သူမလည်း သတို့သမီး၏ကံကောင်းခြင်းများကို မျှဝေခံစားချင်ပါ၏။

​ရှန်းမင်အကြည့်များသည် ထွက်သွားသော ကျိုးထောင်ဟွားကျောပြင်နောက်သို့ လိုက်ပါသွားသည်။သူမမှသူ့အပေါ် ရုတ်ချည်းရိုကျိုးသွား‌လေရာ ကသိကအောက်ဖြစ်သွားရ၏။

​ကျန်းကျူးအာသည် လူအုပ်နောက်ဆုံးမှ လိုက်ပါလာပြီး ဟိုဟိုဒီဒီကြည့်ရှုနေစဉ် လူအုပ်အလယ်တွင်ရပ်နေသော ရှန်းမင်အား ရုတ်တရက်တွေ့လိုက်ရသည်။ထို​သူ၏ငွေရောင်ဆံနွယ်များမှာ လူအုပ်ကြားတွင် ထင်ရှားပေါ်လွင်နေလေ၏။ထိုလူသည် မိုးထိမတတ်မြင့်မားသောထင်းရှူးပင်ကြီးတစ်ပင်အလား အရပ်ရှည်ရှည်ဖြင့် ခံ့ညားထည်ဝါကာယောင်္ကျားပီသသောအငွေ့အသက်များကို သဘာဝကျကျထုတ်လွှတ်နေတော့သည်။

ယနေ့တွင် ထိုလူသည်အရောင်ရင့်ရင့်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသဖြင့် သွယ်လျသော သူ့ခန္ဓာကိုယ်နှင့် ချောမောသော မျက်နှာကို ပိုမိုပေါ်လွင်စေ၏။​ကျန်းကျူးအာသည် မသိစိတ်၏စေခိုင်းမှုအရ သူ့နားသို့တိုးကပ်သွားမိသည်။

ယခင်တစ်ခေါက်၌ မတော်တဆသူမထံနတ်ဆိုးပူးကပ်ခံခဲ့ရ၍ ရှန်းမင်ထံကလူ၏သို့မြှူ၏သို့အကြည့်ဖြင့်ကြည့်ကာ သူ့လက်အားလှမ်းဆွဲမိခဲ့ပါသော်လည်း ​ရှန်းမင်မှာတစ်ကယ်ကို ချောမောကြောင်း သူမဝန်ခံရပေမည်။သူမအနေဖြင့် ဤအနီးတစ်ဝိုက်မိုင်ပေါင်းများစွာအတွင်း သူ့ထက်ပိုချောသည့်အမျိုးသားတစ်ဦးကိုမှ မတွေ့ဖူးသေးပေ။

​ရှန်းမင်ဘေးသို့ ရောက်ရုံသာရှိသေးပေသိ သူမမျက်နှာမှာ နီမြန်းလာလေတော့သည်။​သူမ တစ်ခုခုပြောရန်ကြိုးစားလေလေ မျက်နှာမှာပို၍နီမြန်းလာလေလေပင်။​နောက်ဆုံးတော့ သူမသတ္တိမွေးလိုက်ပြီး ရှန်းမင်ထံပြောလိုက်၏။

"အလုပ်ရှင်ရှန်း အရင်တစ်ခေါက်က ကိစ္စအတွက်တောင်းပန်ပါတယ်၊အဲ့တုန်းက ကျွန်မဆီနတ်ဆိုးဝင်ပူးတာခံလိုက်ရလို့ ရှင့်ကိုအဲ့လိုဆက်ဆံမိတာပါ"

​ကံကောင်းစွာပင် ရှန်းမင်၌ကောင်းမွန်သောအကြားအာရုံရှိနေခဲ့၏။ထိုသို့မဟုတ်လျှင် မကြားရလောက်အောင်တိုးသဲ့သော သူမအသံကိုကြားရမည်မဟုတ်ပေ။​ရှန်းမင်မှာ တည်တည်ငြိမ်ငြိမ်ဟန်ဖြင့်ပင် ပြန်ဖြေလိုက်၏။

"ရပါတယ် ကျွန်တော်စိတ်ထဲမထားပါဘူး"

​ရှန်းမင်အသံသည် သူစိမ်းဆန်ပြီးချဉ်းကပ်ရခက်သောလေသံပေါက်နေသော်လည်း ထိုအေးစက်မှုအတွင်း၌ ဆန်းကြယ်သောဆွဲဆောင်မှုတစ်ခု ကိန်းအောင်းနေရာ ကျန်းကျူးအာကိုသူ့အနားပိုနီးကပ်အောင်တိုးသွားချင်စိတ်နှင့် သူ့အသံအား ထပ်နားထောင်ချင်စိတ်ဖြစ်ပေါ်လာစေသည်။​သူမသည် သူ့မျက်နှာဘေးဘက်ခြမ်းအား မော့ကြည့်ကာမေးလိုက်၏။

"အလုပ်ရှင်ရှန်း ရှင်အိမ်ထောင်ပြုပြီးပြီလား"

​"မပြုရသေးပါဘူး"

​ကျန်းကျူးအာနှလုံးသားသည် ပျော်ရွှင်မှုကြောင့် ခုန်ပေါက်သွားရသည်။​

အိမ်ထောင်မပြုရသေးဘူးတဲ့လား။ဒါဆို သူမမှာ အခွင့်အရေးရှိသေးတယ်လို့ ဆိုလိုတာမလား။

​သူမအစ်မမှာ ကျိုးကျားရွာ၌ယခုပင် လက်ထပ်လိုက်ပြီဖြစ်၏။အကယ်၍ သူမလည်း ကျိုးကျားရွာ၌လက်ထပ်လိုက်လျှင် သူမအစ်မနှင့် မကြာမကြာတွေ့နိုင်မည်ဖြစ်သလို ညီအစ်မနှစ်ဦးသားအပြန်အလှန် စောင့်ရှောက်နိုင်မည်ပင်။

​အိမ်မကြီးအဆောင်ထဲတွင် ကျိုးတချမ်းနှင့်ကျိုးရှီတို့မှာ မတ်မတ်ထိုင်နေကြပြီး သူတို့မျက်နှာများသည်လည်း ကျေနပ်ပီတိများဖြင့်ပြုံးရွှင်နေကြ၏။

​"ပထမအကြိမ်ကောင်းကင်နှင့် မြေကြီးကို ဂါရဝပြုပါ"

​ကျယ်လောင်သောအော်ဟစ်သံနှင့်အတူ မင်္ဂလာမောင်နှံသည် ကိုယ်ကိုလှည့်လိုက်ပြီး ခန်းမဆောင်အပြင်ဘက်သို့ ဦးတည်ကာ လေးလေးနက်နက်ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

​ဗြောက်အိုးဖောက်သံများမှာ နားကွဲလုမတတ်ဆူညံနေပြီး လေထုထဲတွင် ပွဲလမ်းသဘင်အငွေ့အသက်ဖြစ်သော ယမ်းနံ့များဖြင့် ပြည့်နှက်နေ၏။ကျိုးထောင်ဟွားသည် ရှေ့ဆုံးသို့တိုးဝှေ့သွားပြီး လူအုပ်ကြီးနှင့်အတူ ရယ်မောကာ ပြုံးရွှင်နေလေသည်။

​"ဒုတိယအကြိမ် မိဘနှစ်ပါးထံဂါရဝပြုပါ"

​ကျိုးဖုန်းနှင့်ကျန်းချွေ့အာသည် ကျိုးတချမ်းနှင့်ကျိုးရှီတို့ထံ ရိုရိုသေသေဖြင့်ဒူးထောက်ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

​အဘွားစွင်းသည် ဘေးတွင်ရပ်ကာပြုံးနေပြီး ဒင်္ဂါးပြားများအပြည့်ပါသော စာအိတ်နီကိုကမ်းပေးလိုက်၏။ချမ်ရှီနှင့်ဝမ့်ရှီတို့လည်း ပြင်ဆင်ထားသောစာအိတ်နီကို ကမ်း‌ပေးလိုက်ကြပြီး မင်္ဂလာစကားများပြောကြားလိုက်သည်။

​"တတိယအကြိမ် ဇနီးမောင်နှံအချင်းချင်း ဂါရဝပြုပါ"

​မောင်နှံနှစ်ဦးအချင်းချင်း ဦးညွှတ်လိုက်ကြရာ ခန်းမဆောင်အတွင်းနှင့်အပြင်ရှိ ရွာသားများမှာ လက်ခုပ်တီး၍အားပေးလိုက်ကြသဖြင့် သူတို့ရယ်မောသံများသည် အခန်းတစ်ခုလုံး၌ပဲ့တင်ထပ်သွားတော့၏။​သတို့သမီးအား မင်္ဂလာဦးခန်းထဲသို့ပို့ဆောင်လိုက်ပြီးနောက် ရွာသားများသည် နေရာယူရန်စားသောက်ပွဲခန်းမထဲသို့ အလုအယက်ဝင်သွားကြပြီး စားသောက်ပွဲစတင်မည့်အချိန်ကို စောင့်မျှော်နေကြသည်။

​ကျိုးထောင်ဟွားအား ချမ်ရှီမှဆွဲခေါ်လာပြီး ထိုင်ခုံတစ်နေရာတွင်ထိုင်စေလိုက်၏။ယနေ့တွင် လေးစားမှုအားပြသသည့်အနေဖြင့် အဓိကစားပွဲဝိုင်းကို သတို့သမီးဘက်မှမိသားစုအတွက် ထားရှိပေးသည်။​ထို့နောက်တွင် ကျိုးအိမ်ဟောင်းမှ ဆွေမျိုးသားချင်းများဖြစ်ကြပြီး သတို့သား၏ဒုတိယဦးလေးမိသားစုဖြစ်သောကြောင့် ကျိုးမိသားစုဝင်များသည်လည်း ရှေ့နားတွင်နေရာရ၏။

​ကျိုးထောင်ဟွား ထိုင်ခုံတွင်ထိုင်တော့မည့်ဆဲဆဲမှာပင် ခြံဝင်းတံခါးအပြင်ဘက်၌ ရှန်းမင်နှင့်ကျန်းကျူးအာတို့ စကားပြောနေကြသည်ကိုမြင်လိုက်ရသည်။

​"အလုပ်ရှင်ရှန်း တစ်ကယ်တော့ ကျွန်မ ရှင့်ကို သဘောကျနေတာပါ၊ရှင်ကရော ကျွန်မကို သင့်တော်တယ်လို့ထင်လား၊တစ်ကယ်လို့ ရှင်လဲကျွန်မကိုသဘောကျတယ်ဆိုရင် ကျွန်မတို့အတူတူလက်ထပ်ကြရင် မကောင်းဘူးလား၊ဒီနှစ်ဆို ကျွန်မ အသက်ဆယ့်ငါးနှစ်ရှိပါပြီ၊သိပ်မကြာခင် မွေးနေ့ရောက်တော့မှာဆိုတော့ ကျွန်မတို့လက်ထပ်လို့ရပြီလေ"

​ကျန်းကျူးအာသည် စိတ်လှုပ်ရှားစွာဖြင့် ရှန်းမင်ထံဖွင့်ပြောလိုက်သည်။​ရှန်းမင်သည် လေသံမာမာဖြင့်ပြန်ပြောလိုက်၏။

"ကျွန်တော် ခင်ဗျားကိုမကြိုက်ဘူး၊အဲ့ဒါကြောင့် ကျွန်တော်နဲ့ဝေးဝေးနေပေးပါ"

​ရှန်းမင်အသံသည် ဆောင်းရာသီ၏နှင်းခဲများအလားစူးရှနေပြီး စကားလုံးတိုင်းတွင် အေးစက်သောဓားသွားများ ပါဝင်နေသလိုပင်။

​"!!!"

​ကျန်းကျူအာမျက်နှာမှာ ချက်ချင်းတောင့်တင်းသွားရသည်။ရှန်းမင်၏ငြင်းပယ်မှုမှာ အလွန်တရာတဲ့တိုးဆန်လှ၏။

​သူမက အဲ့လောက်တောင်ဆိုးဝါးနေလို့လား။

မျက်နှာ​ပူစရာအရှက်ရမှုသည် သူမခန္ဓာကိုယ်အနှံ့ လျင်မြန်စွာပျံ့နှံ့သွား၏။သူမပတ်ဝန်းကျင်မှအကြည့်များသည်လည်း ထက်မြိသောအပ်များအလား သူမထံ နာကျင်အောင်ထိုးစိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။

​သူမသည် အောက်နှုတ်ခမ်းကိုတင်းတင်းကိုက်ပြီး မျက်လုံးများထဲတွင်မျက်ရည်စများဖြင့်ပြည့်နှက်လာလေ၏။​ရှန်းမင်သည် သူမထံဂရုမစိုက်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ခြံဝင်းထဲသို့ လှည့်ဝင်သွားကာ ထိုင်ခုံရှာ၍ စားသောက်ပွဲစမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

​ခြံဝင်းထဲသို့ဝင်လိုက်သည်နှင့် စူးရှရှအကြည့်တစ်ချက် သူ့အပေါ်ကျရောက်နေသည်ကို ခံစားလိုက်ရ၏။သူမော့ကြည့်လိုက်ရာ ကျိုးထောင်ဟွားမျက်လုံးများနှင့် ဆုံမိသွားလေသည်။​သူမသည် ရှန်းမင်ထံ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အနောက်မလှမ်းမကမ်းရှိ ကျန်းကျူးအာထံလှမ်းကြည့်လိုက်၏။သူမပါးလေးများအား ဖောင်းလိုက်မိပြီးမျက်မှောင်ကြုံ့‌နေလေ၏။

သူ့လူကို တစ်ယောက်ယောက်က လာလုဖို့လုပ်နေတာလား။

All Chapters