← Chapters

အခန်း (၁၀၃)

Vol. 11 Ch. 103

အခန်း (၁၀၃)

Vol. 11 Ch. 103

103

"ကျေးဇူးတင်ပါတယ် အဘွားယို သူတို့နာမည်နဲ့မွေးနေ့တွေကို သမီးဆီပေးထားခဲ့ပါ၊သမီးစစ်ကြည့်ပြီးရင် အဘွားဆီအကြောင်းပြန်ပေးပါ့မယ်"

​ကျိုးထောင်ဟွား အင်္ကျီရင်ဘတ်ထဲမှနေ ပြားနှစ်ဆယ်ထုတ်ပြီး အောင်သွယ်တော်ယိုထံပေးလိုက်သည်။

​အောင်သွယ်တော်ယိုမှာ တန်းလက်မခံသလို ငြင်းလည်းမငြင်းလိုက်ပေ။

​အောင်သွယ်တော်ယိုသည် ကောင်လေးဘက်မှ နာမည်နှင့်မွေးနေ့ပေးရုံလောက်ဖြင့် စာအိတ်နီထဲပြားနှစ်ဆယ်ထည့်ပေးသည်မျိုးကို တစ်ခါမှမကြုံဖူးခဲ့ပေ။​ထောင်ဟွားက ရက်ရောပြီးပွင့်လင်းတာပဲ။​အောင်သွယ်တော်ယို့မျက်လုံးများမှာ အပြုံးကြောင့်မှေးကျဥ်းသွားပြီး ကျိုးထောင်ဟွားလိုချင်သည်ကိုပေးလိုက်၏။

​"ဒါဆို အဘွားယို သမီးအကြောင်းပြန်မှာကို စောင့်နေမယ်နော်၊တစ်ကယ်လို့ သမီးသာသူတို့ထဲက တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုရင် အဘွားယိုကို ပြောရုံပါပဲ"

​အောင်သွယ်တော်ယိုသည် လက်ဖက်ရည်သောက်ပြီးနောက် နှုတ်ဆက်ထွက်ခွာသွားလေသည်။​ရှန်းမင်မှာ အစောပိုင်း၌ အောင်သွယ်တော်ယိုတစ်ယောက် ကျိုးထောင်ဟွားအိမ်ဘက် ထွက်သွားသည်ကို ဆေးပင်စိုက်ခင်းထဲမှနေ လှမ်းမြင်လိုက်ချိန်တွင်ပင် ကျိုးထောင်ဟွားအတွက် မင်္ဂလာကိစ္စစီစဉ်ပေးဖို့သွားသည်ဖြစ်ကြောင်း ချက်ချင်းတွေးလိုက်မိ၏။

​ထောင်ဟွားလိုချင်တဲ့ပုံစံမျိုးကို သူရှာတွေ့သွားတာများလား။

​သူနောက်မှလိုက်သွားသောအခါ အောင်သွယ်တော်ယိုမှ ကျိုးထောင်ဟွားထံ အမျိုးသားလေးယောက်အကြောင်း တစ်ဆက်တည်းပြောပြနေသည်ကို ကြားလိုက်ရသည်။​ရုတ်ချည်းဆိုသလို ရှန်းမင်ရင်ထဲတွင် တစ်ဆို့သွားတော့၏။ကျိုးထောင်ဟွားမှာ သူတို့လေးယောက်ထဲမှ တစ်ယောက်ယောက်ကိုရွေးလိုက်မည်လား။

​သူအခုပဲ ကျိုးထောင်ဟွားကိုဖွင့်ပြောလိုက်သင့်သလား။

​ရှန်းမင်သည် ကျိုးမိသားစုခြံစည်းရိုးနံရံကို မှီရပ်နေရင်း မျက်နှာထားမှာအလွန်တရာမှုန်မှိုင်းနေလေသည်။​ရုတ်ချည်းဆိုသလို သူ့ခေါင်းထက်မှနေ အသံချိုချိုလေးတစ်သံ ထွက်ပေါ်လာ၏။

"ရှင် ကျွန်မတို့ခြံစည်းရိုးအပြင်ဘက်မှာ ဘာလို့ဒီလောက်အကြာကြီးရပ်နေတာလဲ"

​ရှန်းမင်မော့ကြည့်လိုက်ရာ မိခင်မှိုနတ်ဆိုး၏မျက်လုံးများနှင့် ဆုံမိသွားသည်။​မိခင်မှိုနတ်ဆိုးသည် ကျိုးမိသားစုအိမ်သို့ရောက်နေသည်မှာ နှစ်ရက်သာရှိသေးရာ ကျိုးထောင်ဟွားမှသူ့အပေါ်အကောင်းမြင်စေရန် မိသားစုလုံခြုံရေးအား အလွန်ဂရုစိုက်နေလေ၏။​မိခင်မှိုနတ်ဆိုးဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ရှန်းမင်သည် ဘာမှပြန်မပြောဘဲထွက်ခွာသွားရာ နံရံထက်တွင်အူကြောင်ကြောင်ဖြင့်ကျန်ရစ်ခဲ့သော မိခင်မှိုနတ်ဆိုး တစ်ယောက်တည်းသာကျန်ခဲ့လေသည်။

​"သူက ငါတို့ခြံစည်းရိုးကို ဒီလောက်အကြာကြီးမှီပြီး ဘာလုပ်နေတာလဲ"

​မိခင်မှိုနတ်ဆိုး မကျေမနပ်ဖြင့်ငြီးငြူလိုက်မိသည်။​ရှန်းမင်သည် ကျိုးမိသားစုခြံစည်းရိုးနားမှထွက်လာရင်း မျက်မှောင်ကြုံ့ကာ စဉ်းစားနေမိသည်။တစ်ကယ်လို့ သူသာအခု ကျိုးထောင်ဟွားကိုဖွင့်ပြောလိုက်ပြီထားပါတော့ သူမနားသူ့ကိုအကပ်မခံတော့ရင် ဘယ်လိုလုပ်မလဲ။

​သူ ဗျာများနေမိသည်။သူသည်ဘက်စုံပြည့်စုံသူဖြစ်‌သည်ဟု သူမပြောခဲ့ဖူး၏။သူမရော သူ့ကိုသဘောကျပေးနိုင်ပါ့မလား။​သူ ကျိုးမိသားစုခြံစည်းရိုးထောင့်မှ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် ရှေ့ဘက်ဆီမှ အဒေါ်ကျိန့်အသံကို ရုတ်တရက်ကြားလိုက်ရသည်။

"အောင်သွယ်တော်ယို ရှင်ကတစ်ကယ့်ကိုအချိန်ကိုက်ရောက်လာတာပဲ၊ကျွန်မရှင့်ကို အကူအညီတောင်းစရာရှိနေလို့ပါ"

​အောင်သွယ်တော်ယို ပြုံးလိုက်ပြီး

"ရှင့်သားရှန့်အန်းရဲ့ မင်္ဂလာကိစ္စအတွက်လား၊ဒါပေမယ့် ကျွန်မအရင်ကရှင့်သား ရှန့်အန်းအတွက် အများကြီးစီစဉ်ပေးဖူးတာတောင် သူကမလိုချင်ဘူးလေ မလောပါဘူးလို့ပဲပြောနေတာမလား"

​အဒေါ်ကျိန့် သူမကိုဘေးသို့အမြန်ဆွဲခေါ်လိုက်ပြီး ရှင်းပြလေသည်။

"အဲဒါ မနှစ်ကသူသဘောကျတဲ့ကောင်မလေး အရွယ်မရောက်သေးလို့တဲ့လေ၊ဒီနှစ်မှ အရွယ်ရောက်လာမှာမလို့တဲ့၊​ဒီကောင်လေးက ကျွန်မအပေါ်တော်တော် လျှို့ဝှက်ထားနိုင်တာနော် ကျွန်မဖြင့်မနှစ်ကမှ သိလိုက်ရတာ၊ပြီးတော့ရှင်ကလဲ ထောင်ဟွားအိမ်ကို ခဏခဏသွားနေတာ ကျွန်မမြင်နေရတယ်လေ၊တစ်ကယ်လို့သာ ကျွန်မသားရှန့်အန်းအတွက်မပြောခိုင်းလိုက်ရင် ထောင်ဟွားလေးအခြားသူနောက် ပါသွားမှာစိုးလို့ပါ"

​အောင်သွယ်တော်ယို ထိုစကားအားကြားလိုက်ရသည့်အခါ မျက်လုံးပြူးသွားရသည်။

"ရှင့်သားရှန့်အန်းက ထောင်ဟွားကိုသဘောကျနေတာလား၊ရှန့်အန်းက မြင်တတ်သားပဲ၊ထောင်ဟွားက လုံးလုံးအရွယ်မရောက်သေးပေမယ့် နောက်ဆိုရင်အလှပဂေးလေးဖြစ်လာမှာ ကျိန်းသေတယ်၊​ပြီးတော့ သူကအရမ်းလဲတော်တယ်၊လှတယ်၊ပိုက်ဆံအရှာလဲကောင်းတယ်၊စိတ်ထားလဲကောင်းတယ်၊ကူညီတတ်တယ်၊ကဲ မီးအိမ်ထွန်းရှာရင်တောင် အဲ့လိုမိန်းကလေးမျိုးရှာတွေ့မှာ မဟုတ်ဘူးနော်၊​ကောင်းပြီလေ ရှင်ကဒီလိုပြောမှတော့ ကျွန်မလဲပြန်လှည့်ပြီး ထောင်ဟွားကိုပြောပေးပါ့မယ်၊​ရှန့်အန်းရဲ့မွေးနေ့နဲ့အချိန်လဲ ကျွန်မဆီမှာရှိပြီးသားပဲဟာ ထောင်ဟွားဆီ ချက်ချင်းပို့ပေးလိုက်မယ်၊​ရှင်တို့နှစ်အိမ်က အိမ်နီးချင်းတွေဆိုပေမယ့် ထောင်ဟွားက ထူးချွန်ပြတ်သားတဲ့ ကောင်မလေးလေ၊​နောက်ဆုံးကျ ထောင်ဟွားက ရှင့်သားရှန့်အန်းကို ရွေးပါ့မလားဆိုတာတော့ ကျွန်မအာမ,မခံနိုင်ဘူးနော်"

​အဒေါ်ကျိန့် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။​အိမ်ထောင်ပြုခြင့်ဆိုသည်မှာ နှစ်ဦးသဘောတူမှသာဖြစ်နိုင်လေ၏။အကယ်၍ ထောင်ဟွားသာရှန့်အန်းကို သဘောမကျပါဟုဆိုလာလျှင်လည်း ဘာတတ်နိုင်ပါမည်နည်း။

​ရှန်းမင် မလှမ်းမကမ်းတွင်ရပ်နေမိသည်။အရင်သူခန့်မှန်းခဲ့တာ တစ်ကယ်မှန်နေတာပဲ။ကျိုးရှန့်အန်း ထောင်ဟွားကိုကြည့်တဲ့အကြည့်တွေက လေးစားအားကျမှုတွေနဲ့ပြည့်နေခဲ့တာ။​အခု အောင်သွယ်တော်ယိုကလည်း ကျိုးရှန့်အန်းနဲ့ထောင်ဟွားအတွက် ထပ်စီစဉ်ပေးတော့မယ်။ရှန်းမင် မျက်မှောင်ကြုံ့လိုက်မိပြီး သူ့စိတ်အခြေအနေမှာ ယခင်ကထက်ပိုလေးလံသွားတော့သည်။

​မှိုနတ်ဆိုးသည် သူမခြံစည်းရိုးအပြင်ဘက်နံရံကို လူတစ်ယောက်လာမှီနေပြန်သည်ကို အာရုံခံမိသဖြင့် နံရံထက်ခုန်တက်ကြည့်လိုက်ရာ အောင်သွယ်တော်ယိုပြန်ရောက်လာသည်ကို တွေ့လိုက်ရ၏။​ကျိုးထောင်ဟွားမှာ အောင်သွယ်တော်ယို ဤမျှမြန်မြန်ပြန်ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

​သူမထံတွင် လက်ရှိ၌ဝိညာဉ်စွမ်းအင်နည်းပါးနေသဖြင့် ထိုလေးယောက်၏မွေးနေ့များမှာ သူမနှင့်ကိုက်ညီမှုရှိမရှိတန်းပြီးတွက်ချက်၍ မရနိုင်သေးပေ။သို့သော် နောက်မှမြို့ထဲရှိ သို့၊ကျန်းနှင့်ယွင်မိသားစုတို့၏ဆိုင်များဆီသို့ သွားကာ သူတို့၏ရုပ်ဆင်းသွင်ပြင်များကို သွားကြည့်လို့ရလေသည်။

​"ထောင်ဟွား အဘွားယိုသမီးကို ဇာတာတစ်ခုပေးဖို့ မေ့ကျန်ခဲ့လို့၊​ဒါကအိမ်နီးချင်းကောင်လေးရှန့်အန်းရဲ့မွေးနေ့ပါ"

​ကျိုးထောင်ဟွား အံ့သြသွားရသည်။နောက်တစ်ယောက်က ကျိုးရှန့်အန်းတဲ့လား။

​ရွေးချယ်စရာငါးခုတောင်ရှိနေပြီပဲ။ဒါတောင် သူကတစ်ကယ်ကြီးငြိမ်နေနိုင်သေးတယ်ပေါ့လေ။​အောင်သွယ်တော်ယိုမှ

"သမီးတို့နှစ်အိမ်က နီးလဲနီးတယ် ငယ်ငယ်တည်းက အတူတူကြီးပြင်းလာကြတဲ့ သူတွေပဲမလား၊သမီးအိမ်ထောင်ပြုပြီးရင်တောင် သမီးတို့မိသားစုနဲ့တစ်ခြံပဲခြားမှာဆိုတော့ မိဘတွေကိုလာတွေ့ချင်ရင်လဲ အချိန်မရွေးပြန်လာလို့ရတာပေါ့"

​"ကျေးဇူးတင်ပါတယ် အဘွားယို သမီးနားလည်ပါပြီ"

ကျိုးထောင်ဟွား အဖြစ်သာပြန်ဖြေလိုက်သည်။​ဤတစ်ကြိမ်တွင်တော့ အောင်သွယ်တော်ယို တစ်ကယ်ပြန်သွားခဲ့လေပြီ။

​ခြံစည်းရိုးအပြင်ဘက်တွင် ရှန်းမင်မှာသူတို့စကားဝိုင်းကိုကြားလိုက်ရပြီး ဂနာမငြိမ်ဖြစ်သွားရသည်။ထောင်ဟွားက ကျိုးရှန့်အန်းနဲ့လက်ထပ်ဖို့ သဘောတူလိုက်တာလား။

​သူ နံရံနောက်မှနေထွက်လာပြီး အောင်သွယ်တော်ယို ထွက်ခွာသွားသည်ကိုကြည့်ကာ သူမအားသူ့ကိုယ်စား ကျိုးထောင်ဟွားကိုကမ်းလှမ်းပေးမည့်အချိန်ကိုပင် မစောင့်နိုင်တော့ပေ။​မိခင်မှိုနတ်ဆိုးမှ ခြံတံခါးပိတ်တော့မည့်ဆဲဆဲမှာပင် ရှန်းမင်လက်လှမ်း၍ တွန်းဖွင့်လိုက်သည်။

"ငါ ထောင်ဟွားကိုလာရှာတာ"

​"???"

​မိခင်မှိုနတ်ဆိုး ခဏတာမျှကြောင်သွားခဲ့သော်လည်း သူ့ကိုအိမ်ထဲအဝင်ခံလိုက်သည်။​ကျိုးထောင်ဟွားသည် လူငါးယောက်၏မွေးနေ့များကို စားပွဲပေါ်တွင်အသာတင်ပြီးအပြင်ထွက်ရန် အိမ်မကြီး၏လိုက်ကာကို,မ,လိုက်ရာ ရှန်းမင်နှင့်ပက်ပင်းတိုးတော့၏။

​"အစ်ကိုရှန်းမင် ဘာဖြစ်လို့လဲ"

​ရှန်းမင်မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့်အလျင်လိုမှုများအား မြင်လိုက်ရပြီး သူသည်ကျိုးထောင်ဟွားလက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာလေသည်။

​ကျိုးထောင်ဟွား အလွန်ဝမ်းသာသွားရ၏။ငါးစာတော့ ဟပ်လာပြီပဲ။

​သူမခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များ စီးဝင်လာသည်ကို ခံစားလိုက်ရပြီး ရှန်းမင်၏ထိတွေ့မှုကို သူမ,မငြင်းဆန်ခဲ့ပေ။​တစ်ကယ့်ကို သူတို့ကလိုက်ဖက်ညီချက်ပဲ။

​"ညီမထောင်ဟွား အစ်ကို အစ်ကို ညီမကို ပြောစရာရှိလို့၊ညီမ ညီမကကျိုးရှန့်အန်းနဲ့ လက်ထပ်ဖို့သဘောမတူလိုက်ပါနဲ့ဦးနော်"

​ရှန်းမင်သည် ကျိုးထောင်ဟွားမျက်လုံးများထံ ငုံ့ကြည့်လိုက်ပြီး သူ့အကြည့်များထဲတွင် စိုးရိမ်ပူပန်မှုများနှင့်ပူပင်သောကများ ပြည့်နှက်နေလေ၏။​သူ့အသံသည် အလျင်လိုမှုကြောင့် အနည်းငယ် တုန်ယင်နေလေသည်။​ကျိုးထောင်ဟွား မျက်လုံးပြူးသွားရပြီး

"ညီမက အစ်ကိုရှန့်အန်းနဲ့လက်ထပ်ဖို့ သဘောမတူရသေးပါဘူး၊​အစ်ကိုရှန့်အန်းနဲ့ ညီမကအတူတူ ကြီးပြင်းလာခဲ့ကြပေမယ့် သူ့အကြောင်းကို ကောင်းကောင်းမသိသေးဘူးလေ၊​ညီမမှာ သူ့ကိုလေ့လာစရာတွေအများကြီး ရှိပါသေးတယ်၊အဲဒါတွေကိုအကုန်သိရမှ ဆုံးဖြတ်ချက်ချနိုင်မှာပေါ့"

​"ဒါဆိုရင် အစ်ကို့အကြောင်းကိုပဲလေ့လာလေ"

​ကျိုးထောင်ဟွားစကားမဆုံးခင်မှာပင် ရှန်းမင်ဖြတ်ပြောလိုက်ပြီး ကျိုးထောင်ဟွားလက်ကို သူ့ရင်ဘတ်ပေါ်တင်ပေးလိုက်သည်။

All Chapters